အခန်း ၂၄

ငါ၏ပြစ်တင်ဆုံးမမှုသည် လူအားလုံးအပေါ်သို့ ကျရောက်သော်လည်း ယင်းသည် လူအားလုံးမှ ဝေးကွာလျက်လည်း ရှိနေပေသည်။ လူတိုင်း၏ဘဝတစ်ခုလုံးသည် ငါ့အပေါ် ချစ်ခြင်းမေတ္တာနှင့် မုန်းတီးမှုတို့ဖြင့် ပြည့်နေပြီး၊ မည်သူမျှ ငါ့အား မသိရှိဖူးပေ— ထို့ကြောင့် ငါ့အပေါ် လူသား၏သဘောထားသည် ပြောင်းလဲနေပြီး၊ ပုံမှန်ဖြစ်နိုင်စွမ်းမရှိပေ။ သို့ရာတွင် ငါသည် လူသားကို အစဉ် စောင့်ရှောက်ကာ ကွယ်ကာပြီးဖြစ်သကဲ့သို့၊ သူသည် ငါ၏လုပ်ဆောင်ချက်အားလုံးကို မြင်နိုင်စွမ်းမရှိသကဲ့သို့၊ ငါ၏ စိတ်အားထက်သန်သော ရည်ရွယ်ချက်များကို နားလည်နိုင်စွမ်းမရှိသည်မှာ သူ၏ နုံအမှုကြောင့်သာ ဖြစ်သည်။ တိုင်းနိုင်ငံအားလုံးအလယ်တွင် ငါသည် ဦးဆောင်လမ်းပြနေသူဖြစ်ပြီး၊ လူမျိုးအပေါင်းတို့အလယ်တွင် အမြင့်ဆုံးသောသူ ဖြစ်သည်။ ယင်းမှာ လူသားသည် ငါ့ကို မသိခြင်း သက်သက် ဖြစ်၏။ ငါသည် နှစ်ပေါင်းများစွာကြာ လူသားအလယ်တွင် အသက်ရှင်ပြီးဖြစ်ကာ လူ့လောကတွင် ဘဝကို တွေ့ကြုံခံစားပြီးဖြစ်သည်၊ သို့ရာတွင် သူသည် ငါ့ကို အစဉ် မသိကျိုးကျွန်ပြုပြီးဖြစ်ကာ ငါ့အား ကမ္ဘာ့အပြင်ဘက် အာကာသမှ သတ္တဝါတစ်ဦးကဲ့သို့ ဆက်ဆံလေပြီ။ အကျိုးဆက်အနေဖြင့်၊ စိတ်သဘောထားနှင့် ဘာသာစကားတို့၌ ကွာခြားမှုများကြောင့်၊ လူတို့သည် ငါ့ကို လမ်းထဲက သူစိမ်းတစ်ဦးကဲ့သို့ ဆက်ဆံကြ၏။ ငါ၏အဝတ်အစားသည်လည်း ထူးခြားလွန်းနေပုံရ၏။ ယင်း၏ အကျိုးဆက်အနေဖြင့် လူသားသည် ငါ့ထံ ချဉ်းကပ်ရန် မိမိကိုယ်ကိုယ် ယုံကြည်မှုကင်းမဲ့လေသည်။ ထိုအခါမှသာ လူသားအလယ် ဘဝ၏ ခြောက်သွေ့ခြင်းကို ငါခံစားရပြီး၊ ထိုအခါမှသာ လူ့လောက၏ မတရားမှုကို ခံစားရ၏။ ငါသည် ဖြတ်သန်းသွားလာသူများအကြား ၎င်းတို့၏ မျက်နှာများအားလုံးကို စောင့်ကြည့်လေ့လာရင်း လျှောက်လှမ်းသည်။ ယင်းမှာ ၎င်းတို့သည် ၎င်းတို့၏မျက်နှာများကို ညှိုးငယ်ခြင်းဖြင့်ပြည့်စေသော နာမကျန်းမှုတစ်ခုအလယ်တွင် အသက်ရှင်နေကြသည့်အလားဖြစ်ပြီး၊ ၎င်းတို့၏ လွတ်ငြိမ်းမှုကို တားဆီးသည့် ပြစ်တင်ဆုံးမမှုအလယ်တွင်လည်း အသက်ရှင်နေကြသည့်အလား ဖြစ်သည်။ လူသားသည် မိမိကိုယ်ကိုယ် ချုပ်နှောင်ကာ ဣန္ဒြေရှိပြလေသည်။ လူအများစုသည် ၎င်းတို့အား ငါ ချီးကျူးစေရန်အလို့ငှာ ငါ့ရှေ့မှောက်တွင် ယုံမှားစေသော အသွင်တစ်ခုကို ဖန်တီးကြပြီး၊ လူအများစုသည် ငါ၏အကူအညီကို ၎င်းတို့ ရရှိဖို့အလို့ငှာ ငါ့ရှေ့မှောက်တွင် မိမိတို့ကိုယ်ကိုယ် တမင်သက်သက် သနားကရုဏာသက်ဖွယ်ဖြစ်ပုံ ပေါ်စေကြလေသည်။ ငါ့ကွယ်ရာတွင် လူအားလုံးသည် ငါ့ကို မြှောက်ထိုးပင့်ကော် လုပ်ကြပြီး၊ မနာခံကြပေ။ ငါမမှန်ပေဘူးလော။ ဤသည်မှာ လူသား၏ ရှင်သန်ရေး ဗျူဟာ မဟုတ်လော။ မည်သူသည် ၎င်းတို့၏အသက်တာများ၌ ငါ့ကို အသက်ရှင်နေထိုင်ကြဖူးသနည်း။ မည်သူသည် ငါ့အား အခြားသူများအလယ်တွင် ချီးမြှောက်ဖူးသနည်း။ မည်သူသည် ဝိညာဉ်တော်ရှေ့၌ ချည်နှောင်ခံရဖူးသနည်း။ မည်သူသည် စာတန်၏ရှေ့မှောက်တွင် ငါ့အဖို့ ၎င်းတို့၏ သက်သေခံခြင်း၌ မြဲမြံစွာရပ်တည်ဖူးသနည်း။ မည်သူသည် ငါ့အပေါ် ၎င်းတို့ရှိသည့် “သစ္စာရှိခြင်း” တွင် မှန်ကန်မှု ဖြည့်စွက်ဖူးသနည်း။ မည်သူသည် ငါ့ကြောင့် အဆင်းနီသောနဂါးကြီး၏ မောင်းထုတ်ခြင်း ခံရဖူးသနည်း။ လူတို့သည် စာတန်နှင့် ပူးပေါင်းကြပြီးဖြစ်ကာ ယခု နွံထဲတွင် ၎င်းနှင့်အတူ သာယာနေကြလေသည်။ ၎င်းတို့သည် ငါ့ကိုအာခံရာတွင် ကျွမ်းကျင်သူများဖြစ်ကြ၏၊ ၎င်းတို့သည် ငါ့ကိုဆန့်ကျင်ခြင်းအား တီထွင်ဖန်တီးသူများဖြစ်ကြကာ၊ ၎င်းတို့သည် ငါနှင့် ဆက်ဆံခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ ဝတ်ကျေတမ်းကျေ နည်းလမ်းများတွင် အဆင့်မြင့် ကျောင်းသားများ ဖြစ်ကြ၏။ သူကိုယ်တိုင်၏ကံကြမ္မာအတွက် လူသားသည် ကမ္ဘာမြေပေါ်တွင် ဟိုဟို သည်သည် ရှာဖွေပြီး၊ ငါသည် သူ့ကို လက်ယပ်ခေါ်သည့်အခါ သူသည် ငါ၏အဖိုးတန်မှုကို မသိနိုင်ဘဲရှိနေပြီး၊ အခြားသူများအပေါ် “ဝန်ထုပ်ဝန်ပိုး”တစ်ခု ဖြစ်ရန် လိုလားခြင်းမရှိဘဲလျက်၊ မိမိအပေါ် မိမိ၏အားထားမှုတွင် ဆက်လက် “ယုံကြည်ခြင်း” ရှိလေ၏။ လူသား၏ “ပြင်းပြသောဆန္ဒများ”သည် အဖိုးတန်သော်လည်း မည်သူမျှ၏ ပြင်းပြသော ဆန္ဒများကမျှ မည်သည့်အခါမျှ အမှတ်ပြည့်မရရှိဖူးပေ - ၎င်းတို့အားလုံးသည် ငါ့ရှေ့မှောက်တွင် အသံမထွက်ဘဲ ပြိုလဲရင်း၊ တစ်စစီ ပဲ့ကြွေကြလေသည်။

ငါသည် နေ့ရက်စဉ်တိုင်း စကားပြောပြီး၊ နေ့စဉ် အသစ်သောအရာများကို ငါပြု၏။ လူသားသည် ၎င်း၏ အလုံးစုံသောခွန်အားကို အသုံးမပြုပါက သူသည် ငါ၏အသံကိုကြားရန် အခက်အခဲရှိလိမ့်မည်ဖြစ်ကာ ငါ၏မျက်နှာကို မြင်ရန် အခက်တွေ့လိမ့်မည်။ ချစ်မြတ်နိုးသူသည် အလွန့်အလွန် အဆင်ပြေကောင်းပြေနိုင်ပြီး၊ သူ၏စကားသည် အဆုံးစွန် နူးညံ့သိမ်မွေ့မှု ရှိနိုင်သော်လည်း၊ လူသားသည် သူ၏ ကျက်သရေရှိသော မျက်နှာကို အလွယ်တကူ ရှုမြင်နိုင်စွမ်းမရှိသကဲ့သို့၊ သူ၏အသံကို ကြားနိုင်စွမ်းမရှိပေ။ ခေတ်ကာလများ တစ်လျှောက်လုံးတွင်၊ မည်သူမျှ ငါ၏မျက်နှာကို အလွယ်တကူ ရှုမြင်ဖူးခြင်း မရှိပေ။ ငါသည် တစ်ချိန်က ပေတရုအား စကားပြောခဲ့ပြီး၊ ပေါလုထံ “ပေါ်ထွန်း”ခဲ့သော်လည်း- ဣသရေလအမျိုးတို့မှလွဲ၍- အခြားမည်သူမျှ ငါ၏မျက်နှာကို အမှန်တကယ် မမြင်ဖူးပေ။ ယနေ့တွင်၊ လူသားနှင့်အတူအသက်ရှင်ရန် ငါသည် ကိုယ်တိုင်ကိုယ်ကျ လူသားအလယ် ကြွလာပြီး ဖြစ်သည်။ ဤသည်မှာ သင့်အဖို့ ရှားပါးကာ အဖိုးတန်ပုံမရသည်များ ဖြစ်နိုင်မည်လော။ သင်၏အချိန်ကို အကောင်းဆုံးအသုံးချလိုသောဆန္ဒ သင် မရှိသလော။ ယင်းကို သင့်အား ဤနည်းဖြင့် လွန်သွားစေခွင့်ပြုလိုသလော။ လူတို့၏စိတ်များတွင် အချိန်၏ နာရီလက်တံများသည် ရုတ်တရက် ရပ်တန့် သွားနိုင်မည်လော။ သို့မဟုတ် အချိန်သည် နောက်ပြန်သွားနိုင်သလော။ သို့မဟုတ် လူသားသည် တဖန် ပြန်၍ ငယ်ရွယ်သွားနိုင်မည်လော။ ယနေ့၏ ကောင်းချီးခံစားရသော အသက်သာသည် အစဉ် တဖန်လာနိုင်မည်လော။ ငါသည် လူသားအား သူ၏ “ဖြုန်းတီးမှု” အတွက် သင့်တော်သည့် “ဆုလာဘ်” မပေးပေ။ ငါသည် အခြားအရာအားလုံးမှ ခွဲထွက်လျက်၊ ငါ၏အမှုကို လက်မလျှော့တမ်း လုပ်ဆောင်ပြီး၊ လူသားသည် အလုပ်များနေသောကြောင့်ဖြစ်စေ၊ သူ၏ငိုသံများကြောင့်ဖြစ်စေ၊ အချိန်၏စီးဆင်းမှုကို ငါ မရပ်တန့်ပေ။ နှစ်ထောင်ပေါင်းအချို့ကြာ၊ မည်သူမျှ ငါ၏ခွန်အားကို မခွဲဝေနိုင်သေးသကဲ့သို့၊ ငါ၏ မူလအစီအစဉ်ကို ကမောက်ကမ မဖြစ်စေနိုင်သေးချေ။ ငါသည် အာကာသကို ကျော်လွန်ပြီး ခေတ်များကို ဖြတ်သန်းကာ၊ အရာခပ်သိမ်း၏ အထက်နှင့် အရာခပ်သိမ်းအလယ်တွင်ပါ ငါ့အစီအစဉ်တစ်ရပ်လုံး၏ ဗဟိုချက်ကို စတင်မည်။ ၎င်းတို့သည် မိမိတို့၏နှုတ်များကိုဖွင့်ကာ ဤအရာများအတွက် ဆုတောင်းခဲ့ကြသော်လည်း၊ ပြီးလျှင် ၎င်းတို့သည် မိမိတို့၏ လက်များကို ဆန့်ထုတ်ကာ အခြားအရာအားလုံးကို မေ့လျော့လျက် ဤအရာများကို ငါ့ထံမှ တောင်းဆိုကြသော်လည်း၊ လူတစ်ဦးတစ်ယောက်မျှ ငါ့ထံမှ အထူးဆက်ဆံမှု သို့မဟုတ် ငါ၏ လက်များမှ “ဆုလာဘ်များ”ကို မရရှိနိုင်သေးပေ။ ဤလူများထဲမှ တစ်ဦးတစ်ယောက်မျှသည် ငါ့ကို တစ်ကြိမ်တစ်ခါမျှ တို့ထိမခံရစေဖူးသကဲ့သို့၊ ၎င်းတို့အားလုံးသည် ငါ၏ “အသနားအကြင်နာကင်းမဲ့သော” အသံ၏ ပြန်လည်တွန်းခြင်းကို ခံကြရပြီးဖြစ်သည်။ လူအများစုက ၎င်းတို့သည် “ငယ်ရွယ်လွန်းသည်” ဟု ယုံကြည်ကြဆဲဖြစ်သည်၊ ထို့ကြောင့် ကြီးမားသော သနားကရုဏာပြရန်၊ ၎င်းတို့အပေါ် ဒုတိယအကြိမ် မေတ္တာကရုဏာတရားကြီးမားရန် ငါ့ကို စောင့်ဆိုင်းကြပြီး၊ ငါသည် ၎င်းတို့အား အနောက်တံခါးမှ ဖြတ်သန်းဝင်လာခွင့်ပေးရန် တောင်းဆိုကြ၏။ သို့ရာတွင် ငါသည် ငါ၏အစီအစဉ်နှင့်ပတ်သက်၍ မည်သို့ သာမန်ကာလျှံကာ စွက်ဖက်နိုင်မည်နည်း။ လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် နောက်ထပ်နှစ်အနည်းငယ် ပို၍ အသက်ရှင်နိုင်ဖို့အလို့ငှာ၊ သူ၏ပျိုရွယ်မှုအတွက် ငါသည် ကမ္ဘာမြေ လည်ပတ်မှုကို ရပ်တန့်နိုင်မည်လော။ လူသား၏ဦးနှောက်သည် အလွန်ရှုပ်ထွေးသော်လည်း၊ ၎င်းတွင် ကင်းမဲ့နေသည့် အရာများလည်း ရှိပုံရ၏။ အကျိုးဆက်အနေဖြင့်၊ လူ၏ စိတ်တွင် ငါ၏အမှုကို တမင်တကာ နှောင့်ယှက်ရန် “အံ့ဖွယ် နည်းလမ်းများ” မကြာခဏ ထွက်ပေါ်လေသည်။

ငါသည် လူသား၏အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်ကာ သူ၏အားနည်းချက်ကြောင့် သူ့ကို အထူးမျက်နှာသာပေးပြီးသည်မှာ အကြိမ်များစွာ ရှိသော်လည်း၊ သူ၏ မသိနားမလည်မှုကြောင့် သူ့အား သင့်တော်သော ဆက်ဆံမှု ငါ ပေးပြီးသည်မှာလည်း အကြိမ်များစွာ ရှိပေသည်။ ယင်းမှာ လူသားသည်- ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းလျက်၊ သူ၏အဝတ်အစားများ စုတ်ပြဲလျက်၊ ပေါင်းပင်များ ပေါက်ရောက်မှုကဲ့သို့ သူ၏ဆံပင်သည် သူ၏ဦးခေါင်းအား ဖုံးအုပ်ထားရင်း၊ သူ့မျက်နှာသည် အညစ်အကြေးဖြင့် ခဲနေလျက်၊ သူ၏ခြေများသည် အကြမ်းထည်၊ ကိုယ်တိုင်လုပ်ဖိနပ်များ စီးထားလျက်၊ သူ၏လက်များသည် လင်းယုန်ငှက်အသေ၏ လက်သည်းများကဲ့သို့ သူ၏နံဘေးများတွင် ချိနဲ့စွာ တွဲလွဲကျလျက်- သူ၏ လက်ရှိအခြေအနေသို့ နစ်မြုပ်ပြီးသည်အထိ၊ ငါ၏ကြင်နာမှုကို မည်သို့အသိအမှတ်ပြုရမှန်း သူ မသိခြင်းသာဖြစ်၏။ ငါသည် ငါ၏မျက်လုံးများကို ဖွင့်ကာ ကြည့်သည့်အခါ၊ ယင်းမှာ လူသားသည် အနက်ဆုံးသောတွင်းထဲမှ ယခုပင်တက်ပြီးလေသည့်အလား ဖြစ်သည်။ ငါသည် ဒေါသမထွက်ဘဲ မနေနိုင်ပေ- ငါသည် လူသားအပေါ် အစဉ် သည်းခံလေပြီ၊ သို့ရာတွင် ငါသည် နတ်ဆိုးအား ငါ၏ သန့်ရှင်းသော နိုင်ငံမှ သဘောရှိ သွားလာရန် မည်သို့ခွင့်ပြုနိုင်မည်နည်း။ သူတောင်းစားတစ်ဦးအား ငါ၏အိမ်ထောင်စုတွင် အခမဲ့စားရန် ငါမည်သို့ ခွင့်ပြုနိုင်မည်နည်း။ မသန့်ရှင်းသော မကောင်းဆိုးဝါးတစ်ကောင်အား ငါ့အိမ်ထောင်စု၏ ဧည့်သည်အဖြစ် ရှိနေခြင်းကို ငါမည်သို့ သည်းခံနိုင်မည်နည်း။ လူသားသည် အစဉ် “မိမိကိုယ်ကိုယ်နှင့်ပတ်သက်၍ စည်းကမ်းကြီး” ပြီးဖြစ်ကာ “အခြားသူများအပေါ် သက်ညှာ”ပြီးဖြစ်သော်လည်း၊ သူသည် ငါ့အပေါ် အနည်းငယ်မျှ လုံးဝ မယဉ်ကျေးဖူးပေ။ အဘယ်ကြောင့်ဆိုသော် ငါသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ဖြစ်သောကြောင့်၊ သူသည် ငါ့ကို ကွဲပြားစွာ ဆက်ဆံကာ ငါ့အတွက် ချစ်ခြင်းမေတ္တာအနည်းငယ်မျှ လုံးဝ မရှိဖူးသောကြောင့်ဖြစ်သည်။ ယင်းမှာ လူသား၏မျက်လုံးများသည် အထူးသဖြင့် လျင်သည့်အလား ဖြစ်၏- သူသည် ငါ့ကို ပက်ပင်းကြုံသည်နှင့်တစ်ပြိုင်နက်၊ သူ၏မျက်နှာပေါ်ရှိ အသွင်သည် ချက်ချင်း ပြောင်းလဲသွားကာ သူ၏ စိမ်းကားသည့်၊ မထုံတက်သေးမျက်နှာတွင် နောက်ထပ် အမူအရာအနည်းငယ် ဖြည့်လိုက်၏။ ငါသည် ငါ့အပေါ် လူသား၏ သဘောထားကြောင့် သူ့အပေါ် သင့်တော်သည့် အရေးယူမှုများ ချမှတ်ခြင်းမရှိသော်လည်း စကြဝဠာများ၏ အထက်မှ မိုးကောင်းကင်များကို မော့ကြည့်ရုံမျှမော့ကြည့်ပြီး၊ ထိုမှ ကမ္ဘာမြေကြီးပေါ်တွင် ငါ၏အမှုကို ဆောင်ရွက်၏။ လူသား၏မှတ်ဉာဏ်များတွင်၊ ငါသည် မည်သည့်လူကိုမျှ မည်သည့်အခါမျှ ကြင်နာမှု မပြခဲ့သော်လည်း၊ မည်သူ့ကိုမျှ တစ်ကြိမ်တစ်ခါမျှ နှိပ်စက်ဖူးခြင်းလည်းမရှိပေ။ လူသားသည် သူ၏နှလုံးသားတွင် ငါ့အတွက် “ထိုင်ခုံလွတ်” မချန်ထားသောကြောင့်၊ ငါသည် သတိမထားတော့ဘဲ သူ၏အတွင်း၌ နေထိုင်သည့်အခါ၊ သူသည် ငါ့အား မပြောမဆို အတင်းနှင်ထုတ်ပြီး၊ ထို့နောက် သူသည် ချို့တဲ့လွန်းပြီး၊ ငါ၏ပျော်ရွှင်မှုအတွက် သူ့ကိုယ်သူ ထောက်ပံ့ပေးနိုင်စွမ်းမရှိဟု ပြောလျက်၊ ဆင်ခြေများ ဖန်တီးရန် ချိုသာသောစကားနှင့် မြှောက်ပင့်ခြင်းတို့ကို အသုံးပြု၏။ သူစကားပြောသည်နှင့်အမျှ၊ လူသားအလယ် အချိန်မရွေး ဘေးဒုက္ခကျရောက်မည့်အလား သူ၏မျက်နှာသည် မကြာခဏ “တိမ်မည်းများ”ဖြင့် ဖုံးလာ၏။ သို့ရာတွင် သူသည် ပါဝင်သည့် အန္တရာယ်များကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ငါ့ကို ထွက်ခွာရန် တောင်းဆိုဆဲဖြစ်သည်။ ငါသည် ငါ၏နှုတ်ကပတ်တော်များနှင့် ငါ၏ထွေးပိုက်ခြင်း၏ နွေးထွေးမှုတို့ကို လူသားအား ပေးသော်လည်း၊ သူသည်အကြားအင်္ဂါရှိပုံမရပေ။ ထို့ကြောင့် သူသည် ငါ၏အသံကို စိုးစဉ်းမျှ အာရုံမစိုက်ပေ၊ ယင်းအစား သူသည် အလျင်အမြန် ထွက်ခွာသည်နှင့်အမျှ သူ၏ဦးခေါင်းကို ဆုပ်ကိုင်နေ၏။ ငါသည် အနည်းငယ်စိတ်ပျက်သော်လည်း ဒေါသလည်း အနည်းငယ်ထွက်လျက်၊ လူသားထံမှ ထွက်ခွာ၏။ ထိုအတောအတွင်းတွင်၊ လူသားသည် လေပြင်းမုန်တိုင်းကြီးများနှင့် ကြီးမားသော ရေလှိုင်းများ၏ အပြင်းအထန် တိုက်ခိုက်ခြင်းအလယ်တွင် ချက်ချင်းပျောက်ကွယ်သွား၏။ များမကြာမီတွင်၊ သူသည် ငါ့အား အော်ခေါ်သည်၊ သို့သော် လေနှင့်လှိုင်းတို့၏ ရွေ့လျားမှုကို သူသည် မည်သို့ သက်ရောက်မှုရှိနိုင်မည်နည်း။ တဖြည်းဖြည်းနှင့်၊ သူ့ကို မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည်အထိ လူသား၏အရိပ်အယောင်အားလုံး ပျောက်ဆုံးသွား၏။

ခေတ်ကာလများမတိုင်မီတွင်၊ ငါသည် စကြဝဠာတို့အထက်မှ မြေတစ်ပြင်လုံးကို ကြည့်ရှုကြသည်။ ငါသည် ကြီးစွာသောလုပ်ငန်းတာဝန်တစ်ခုကို ကမ္ဘာမြေပေါ်တွင် ငါစီစဉ်ခဲ့၏ - ငါ၏စိတ်နှလုံးနှင့်ညီညွတ်သော လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနှင့်၊ ငါ၏တန်ခိုးကို ကောင်းကင်၌ ပြည့်စေလျက် ငါ၏ ဉာဏ်အမြော်အမြင်ကို စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့ခွင့်ပေးရင်း၊ ကောင်းကင်ဘုံ၌ရှိသည့် နိုင်ငံကဲ့သို့ မြေကြီးပေါ်တွင် နိုင်ငံတစ်ခုကို တည်ထောင်ခြင်းဖြစ်သည်။ ထို့ကြောင့် ယနေ့တွင်၊ နှစ်ထောင်ပေါင်းများစွာကြာပြီးနောက်၊ ငါသည် ငါ၏အစီအစဉ်ကို ဆက်လက်လုပ်ဆောင်၏။ သို့ရာတွင် ကမ္ဘာမြေကြီးပေါ်တွင် ငါ၏အစီအစဉ် သို့မဟုတ် စီမံခန့်ခွဲမှုကို မည်သူမျှ မသိသကဲ့သို့၊ ၎င်းတို့သည် မြေကြီးပေါ်ရှိ ငါ၏နိုင်ငံကို သာ၍ပင် မမြင်ကြချေ။ ထို့ကြောင့် လူသားသည် အရိပ်များနောက်သို့လိုက်ပြီး၊ ကောင်းကင်ရှိ ငါ၏ကောင်းချီးမင်္ဂလာများအတွက် “မဖွင့်ဟသော အဖိုးအခ”တစ်ခုကို ပေးလိုလျက်၊ ငါ့အားလှည့်စားရန် ငါ့ရှေ့မှောက်သို့ လာ၏။ အကျိုးဆက်အနေနှင့် သူသည် ငါ၏အမျက်ဒေါသကို ဆွပြီး ငါသည် သူ့အပေါ် တရားစီရင်ခြင်း ဆောင်ကြဉ်းသော်လည်း၊ သူသည် မနိုးထသေးချေ။ ယင်းမှာ သူသည် သူ၏ကိုယ်ပိုင် တက်လမ်းများမှလွဲ၍ အခြား မည်သည့်အရာမျှ၏နောက်သို့ မလိုက်စားသည်နှင့်အမျှ၊ သူသည် မြေပေါ်၌ရှိသည့်အရာကို လုံးဝ မသိနားမလည်ဘဲ၊ မြေအောက်တွင် အလုပ်လုပ်နေသည့်အလားဖြစ်၏။ လူအပေါင်းတို့အလယ်တွင်၊ ငါ၏ ထွန်းလင်းနေသည့် အလင်းအောက်၌ အသက်ရှင်သူ တစ်ဦးတစ်လေကိုမျှ ငါ လုံးဝ မတွေ့ဖူးပေ။ ၎င်းတို့သည် အမှောင်လောကတွင် အသက်ရှင်ကြပြီး၊ မှုန်မှိုင်းမှုအလယ် အသက်ရှင်ခြင်းကို ကျင့်သားရလာကြပုံရ၏။ အလင်း ရောက်လာသည့်အခါ ၎င်းတို့သည် အဝေးတွင် နေကြပြီး၊ ယင်းမှာ အလင်းသည် ၎င်းတို့၏အလုပ်ကို နှောင့်ယှက်ပြီးသည့်အလား ဖြစ်၏။ ရလဒ်နေဖြင့်၊ အလင်းသည် ၎င်းတို့၏ငြိမ်သက်ခြင်းအား အစိတ်စိတ်အမြွှာမြွှာခွဲကာ ၎င်းတို့အား နှစ်ခြိုက်စွာ အိပ်မရစေပြီးလေသည့်အလား ၎င်းတို့သည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်ပုံရကြ၏။ အကျိုးဆက်အနေဖြင့်၊ လူသားသည် အလင်းကို မောင်းနှင်ထုတ်ရန် သူ၏ခွန်အားရှိသမျှကို လှုံ့ဆော်၏။ အလင်းသည်လည်း အသိမဲ့နေပုံရပြီး၊ ထို့ကြောင့် လူသားအား ၎င်း၏အိပ်စက်ခြင်းမှ နှိုးကာ၊ လူသား နိုးထသည့်အခါ သူသည် ဒေါသဖြင့် မွှန်ထူလျက်၊ သူ၏မျက်လုံးများကို ပိတ်လေ၏။ သူသည် ငါ့ကို အနည်းငယ် သဘောမတွေ့သော်လည်း၊ ငါ၏နှလုံးသားတွင် ငါသည် အခြေအနေ၏ အဓိကအချက်များကို သိ၏။ လူတို့အားလုံးကို ငါ၏အလင်းအလယ်တွင် အသက်ရှင်စေလျက်၊ ငါသည် အလင်းအား တဖြည်းဖြည်း သာ၍ပြင်းစေသည်မှာ၊ များမကြာမီ ၎င်းတို့သည် အလင်းနှင့် တွေ့ဆုံရာတွင် ကျွမ်းကျင်လာကြသည့်အပြင်၊ အားလုံးသည် အလင်းအား တန်ဖိုးထားကြ၏။ ဤအချိန်တွင်၊ ငါ၏နိုင်ငံသည် လူသားအလယ် ကြွလာပြီးဖြစ်သည်၊ လူအားလုံးသည် ဝမ်းမြောက်ခြင်းဖြင့် ကခုန်ကာ ချီးကျူးဂုဏ်ပြုကြသည်၊ ကမ္ဘာမြေကြီးသည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် ရုတ်တရက်ပြည့်သွားပြီး၊ အလင်းရောက်လာခြင်း အားဖြင့် နှစ်ထောင်ပေါင်းအချို့ကြာ တိတ်ဆိတ်မှုသည် ပြိုကွဲသွား၏။...

၁၉၉၂ ခုနှစ်၊ မတ်လ ၂၆ ရက်

အရှေ့သို့- အခန်း ၂၃

နောက်တစ်ခုသို့- အခန်း ၂၅

အွန်လိုင်းဒေသနာများအား အချိန်မရွေးပါဝင်ပြီး အပြစ်မှ လွတ်ဖို့နှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ဖို့ လမ်းကြောင်းကိုရှာဖွေလိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အမှုတော်နှင့် ဝင်ရောက်ခြင်း (၅)

ယနေ့တွင် ဘုရားသခင်သည် လူတို့အား ဘဝ၏ မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးဆောင်နေကြောင်း၊ သူသည် လူသားကို နောက်တစ်ခေတ်ထဲသို့ နောက်ထပ်ခြေလှမ်းရန်...

လွန်ကျူးခြင်းအပြစ်များက လူသားကိုငရဲသို့ ဦးဆောင်လမ်းပြလိမ့်မည်

ငါသည် သင်တို့ကို များစွာသော သတိပေးချက်များ ပေးပြီးဖြစ်သကဲ့သို့၊ သင်တို့ကို သိမ်းပိုက်ဖို့ ရည်ရွယ်လျက် များစွာသော သမ္မာတရားများကို...

အခန်း ၃၇

ခေတ်ကာလတစ်လျှောက် ငါလုပ်ဆောင်ခဲ့သည့် အမှုအားလုံးတွင် ထိုအမှု၏ အဆင့်တိုင်း၌ ငါ၏သင့်လျော်သည့် လုပ်ဆောင်မှုနည်းလမ်းတို့ပါဝင်သည်။...

ဧဝံဂေလိတရားကို ဖြန့်ဝေသည့် အလုပ်သည် လူသားကို ကယ်တင်သည့် အလုပ်လည်းဖြစ်သည်

လောက၌ရှိသည့် ငါ့အလုပ်၏ရည်ရွယ်ချက်များကို လူအားလုံး သိဖို့လိုသည်၊ တစ်နည်းအားဖြင့်ဆိုလျှင် ငါ့အလုပ်ကို ပြီးဆုံးအောင် မလုပ်နိုင်သေးချိန်၌...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင် ကြွလာပြီဖြစ်သည်၊ သူသည် ဘုရင်ဖြစ်၏ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကိုကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်