အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အကြောင်းအရာ

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

နှစ်ဆယ့်နှစ်ခုမြောက် မိန့်မြွက်ချက်

လူသည် အလင်းအလယ်တွင် နေထိုင်သော်ငြားလည်း၊ သူသည် အလင်း၏ အဖိုးတန်မှုကို မသိချေ။ သူသည် အလင်း၏ အနှစ်သာရနှင့် အလင်း၏ အရင်းအမြစ်၊ ထို့အပြင် ၎င်းသည် မည်သူနှင့် သက်ဆိုင်သည် စသည်တို့ကို အသိခေါက်ခက်လျက်ရှိသည်။ ငါသည် လူအကြားတွင် အလင်းကို အပ်နှင်းခဲ့သောအခါ၊ ငါသည် လူအကြားရှိ အခြေအနေများကို ရုတ်ခြည်းပင် စစ်ဆေးသည်။ အလင်းကြောင့် လူများ အားလုံးသည် ပြောင်းလဲနေကြပြီး၊ ကြီးထွားကြကာ၊ အမှောင်ထုကို စွန့်ခွာခဲ့ကြသည်။ စကြဝဠာ၏ နေရာအနှံ့ကို ငါသည် မျှော်ကြည့် သဖြင့်၊ တောင်များသည် မြူထူနှင့် လွှမ်းခြုံထားခြင်း၊ ရေများသည် အအေးဓာတ်အလယ်တွင် အေးခဲခြင်း၊ အလင်း၏ ကြွဆင်းလာခြင်းကြောင့် လူများသည် သာ၍ အဖိုးတန်သောအရာ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိ နိုင်ရန် အလို့ငှာ အရှေ့အရပ်ကို ကြည့်ကြသည်ကို ငါမြင်၏၊—သို့သော်ငြားလည်း လူသည် မြူခိုးများ အလယ် တွင် ရှင်းလင်းသော ဦးတည်ချက်ကို ကောင်းစွာသိမြင်ခြင်းငှာ မတတ်စွမ်းနိုင်ဘဲ ရှိရစ်သည်။ လောကကြီး တစ်ခုလုံးသည် မြူထူ၏ ခြုံလွှမ်းခြင်းကို ခံထားရခြင်းကြောင့်၊ တိမ်စိုင်များ အကြားမှ ငါကြည့်လေသောအခါ လူသားသည် ငါ၏ တည်ရှိမှုကို မည်သည့်အခါမျှ ရှာဖွေတွေ့ရှိခြင်း မရှိပေ။ ကမ္ဘာမြေကြီးပေါ်တွင် လူသားသည် တစ်စုံ တစ်ရာကို ရှာဖွေလျက် ရှိသည်၊ သူသည် အစာကို ရှာဖွေနေဟန် ရှိသည်၊ သူသည် ငါ၏ ရောက်လာမှုကို စောင့်မျှော်ရန် အလို့ငှာ ရည်ရွယ်နေဟန် ရှိသည်၊ သို့သော်ငြားလည်း သူသည် ငါ၏ နေ့ရက်ကို မသိဘဲ၊ အရှေ့ အရပ်ရှိ ခပ်မှိန်မှိန် အလင်းကိုသာ မကြာခဏ ကြည့်ရုံမျှသာ တတ်နိုင်သည်။ လူတို့ အားလုံးအကြားတွင်၊ ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီသောသူများကို ငါသည် ဖွေရှာ၏။ လူများအားလုံး အကြားတွင် ငါသည် လှမ်းသွားပြီး၊ လူများအားလုံး အကြားတွင် နေထိုင်၏၊ သို့သော် လူသားသည် ကမ္ဘာမြေကြီးပေါ်တွင် ဘေးကင်း လုံခြုံလျက် ရှိသည်၊ ထို့ကြောင့် ငါကိုယ်တိုင်၏ နှလုံးသားနှင့် ဧကန်အမှန် ညီသောသူများ တစ်ယောက်မျှ မရှိပေ။ လူများသည် ငါ၏ အလိုကို မည်ကဲ့သို့ အလေးထားရမည်ကို မသိချေ၊ သူတို့သည် ငါ၏ လှုပ်ရှားမှုများကို မမြင်နိုင်ကြ၊ သူတို့သည် အလင်း၏အကြားတွင် ရွေ့လျားနိုင်ခြင်း မရှိဘဲဲ သူတို့အပေါ် တွင် အလင်း၏ ထွန်းတောက်ခြင်းကိုလည်း မခံနိုင်ကြ။ လူသားသည် ငါ၏ နှုတ်ကပတ်များကို အစဥ် တန်ဖိုးထား သော်ငြားလည်း၊ သူသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များကို ဖောက်ထွင်း၍ မြင်ရန် မတတ်စွမ်း နိုင်ပေ။ လူသား၏ ဝိညာဉ် အသက်တာသည် အလွန်ပင် သေးနုပ်သည့်အတွက်၊ သူသည် သူ၏ နှလုံးသားမှ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခြင်းငှာ မတတ်စွမ်းနိုင်ချေ။ လူသားသည် ငါ့အား စိတ်ရင်းအမှန်နှင့် မည်သည့် အခါမျှ မချစ်ခဲ့ဖူးပေ။ ငါသည် သူ့အား ချီးမြှောက်သောအခါ၊ သူသည် မိမိကိုယ်ကိုမိမိ မထိုက်တန်ဟု ခံစားရသည်၊ သို့သော် ဤအရာသည် သူ့အား ငါ့ကို ကျေနပ်စေရန် ကြိုးစားခြင်းငှာ မပြုပေ။ ငါသည် သူ့အား ပေးထားသော ရာထူးနေရာကိုသာ သူ၏ လက်ထဲတွင် ကိုင်ထားရုံမျှသာရှိပြီး ယင်းအရာကို ကြည့်ရှု စစ်ဆေးရုံမျှသာ ရှိသည်။ ငါ၏ ချစ်ခင်နှစ်လိုဖွယ် ကောင်းခြင်းကို ခံစားနိုင်ခြင်းမရှိဘဲ၊ သူသည် မိမိကိုယ်ကိုမိမိ သူ့ရာထူးနေရာ၏ ကောင်းချီးများကို ဝါးမျိုခြင်း၌သာ မဆုတ်မနစ်ပြုလျက် ရှိသည်။ ဤသည်မှာ လူသား၏ ချို့တဲ့ခြင်း မဟုတ်ပေလော။ တောင်များသည် ရွေ့လျားသောအခါ၊ ၎င်းတို့သည် သင်၏ ရာထူးနေရာ အလို့ငှာ ကွေ့ရှောင် သွားခြင်းကို ပြုနိုင်သလော။ ရေများသည် စီးဆင်းသောအခါ၊ ၎င်းတို့သည် သင်၏ ရာထူးနေရာ ရှေ့တွင် ရပ်တန့် နိုင်သလော။ သင်၏ ရာထူးနေရာအားဖြင့် ကောင်းကင်နှင့် မြေကြီးကို နောက်ပြန်ခြင်းငှာ ပြုနိုင် သလော။ ငါသည် တစ်ကြိမ်က လူသားအား အထပ်ထပ် ကရုဏာပြခဲ့ဖူး၏၊—သို့သော်ငြားလည်း မည်သူ တစ်ဦး တစ်ယောက်မှ ဤအရာကို မြတ်နိုးခြင်း သို့မဟုတ် တန်ဖိုးထားခြင်း မရှိ၊ သူတို့သည် ယင်းကို ပုံပြင်တစ်ပုဒ် ကဲ့သို့သာ နားထောင်သည် သို့မဟုတ် ဝတ္ထုတစ်ပုဒ်ကဲ့သို့သာ ဖတ်ရှုသည်။ ငါ၏ နှုတ်ကပတ်တော်များသည် လူသား၏ နှလုံးသားအား အမှန်တကယ် ထိတွေ့ခြင်း မရှိလေသလော။ ငါ၏ ဖွင့်ဆိုချက်များသည် မည်သည့် အကျိုး သက်ရောက်မှုမျှ မရှိလေသလော။ မည်သူကမျှ ငါ၏ တည်ရှိမှုအား မယုံကြည်ခြင်းလည်း ဖြစ်နိုင်သလော။ လူသားသည် မိမိကိုယ်ကိုမိမိ မချစ်ပေ။ ထိုအစား သူသည် ငါ့ကို တိုက်ခိုက်ရန် စာတန်နှင့် ပူးပေါင်းပြီး၊ စာတန်အား “အဖိုးတန်အရာ” အဖြစ် အသုံးပြုကာ ထိုသို့အားဖြင့် ငါ့အား အစေခံရန် ပြုလေပြီ။ ငါသည် စာတန်၏ လှည့်ဖြားသော အကြံအစည်များ အားလုံးကို ထွင်းဖောက်မည်၊ ပြီးလျှင် ကမ္ဘာမြေကြီးပေါ်မှ လူများအား စာတန်၏ လှည့်ဖြားခြင်းများကို လက်ခံနေခြင်းမှ ရပ်တန့်မည်၊ ထိုသို့အားဖြင့် သူတို့သည် ငါ့အား စာတန်၏ တည်ရှိမှုကြောင့် ဆန့်ကျင်ခြင်း မပြုရန်ဖြစ်သည်။

နိုင်ငံတော်တွင် ငါသည် ရှင်ဘုရင် ဖြစ်၏၊—သို့သော် ငါ့ကို ၎င်း၏ ရှင်ဘုရင်အဖြစ် ဆက်ဆံရမည့် အစား၊ လူသားသည် ငါ့ကို ကောင်းကင်ဘုံမှ သက်ဆင်းလာသော ကယ်တင်ရှင်အနေနှင့် ဆက်ဆံ၏။ ရလဒ်အနေ နှင့်၊ သူအား စွန့်ကြဲပေးကမ်းရန် ငါ့ကို သူတောင့်တပြီး၊ ငါနှင့် ပတ်သက်သည့် အသိပညာကို မီအောင်မလိုက် ပေ။ များစွာသော လူတို့သည် ငါ၏ရှေ့တွင် သူတောင်းစား တစ်ဦးကဲ့သို့ အော်ဟစ်ကြသည်။ များစွာတို့သည် သူတို့၏ “အိတ်များ”ကို ငါ့ထံဖွင့်ကြလျက် ရှင်သန်ဖို့ရန်အလို့ငှာ သူတို့အား အစာကိုပေးပါရန် ငါ့အား တိုးလျှိုး တောင်းပန်ကြသည်။ များစွာတို့သည် သူတို့၏ လောဘခိုးဝေနေသော မျက်လုံးများဖြင့် ငါ့အား မျက်စိ ဒေါက် ထောက် ကြည့်ကြသည်၊ ဆာလောင်နေသော ဝံပုလွေများ အလား၊ သူတို့သည် ငါ့ကို လောဘတကြီး စားပြီး သူတို့၏ ဗိုက်များကို ဖြည့်နိုင်ရန် ဆန္ဒရှိနေကြသည်။ များစွာတို့သည် သူတို့၏ လွန်ကျူးခြင်းအပြစ်များ ကြောင့် သူတို့၏ ဦးခေါင်းများကို တိတ်ဆိတ်စွာ ငုံ့ထားကြပြီး ရှက်ရွံ့ကြကာ၊ ငါ၏ သက်ညှာခြင်းအတွက် ဆုတောင်းနေကြသည်၊ သို့မဟုတ် ငါ၏ ပြစ်တင်ဆုံးမမှုကို လိုလားစွာပင် လက်ခံနေကြသည်။ ငါပြောကြား သောအခါတွင်၊ လူသား၏ အမျိုးမျိုးသော မှိုက်မဲမှုများသည် အဓိပ္ပာယ်မရှိ ပေါ်လာပြီး၊ အလင်းအလယ်တွင် သူ၏ စစ်မှန်သော ပုံသဏ္ဍာန်သည် ထုတ်ဖော်ခြင်း ခံရကာ၊ ထွန်းတောက်သော အလင်းထဲတွင် လူသားသည် မိမိကိုယ်ကို မိမိ ခွင့်လွှတ်ရန် မတတ်စွမ်းနိုင်။ ထို့ကြောင့် သူသည် ငါ၏ရှေ့တွင် ပျပ်ဝပ်ဦးချရန်နှင့် သူ၏ အပြစ်များကို ဝန်ခံရန် လျင်မြန်စွာလာသည်။ လူ၏ “ရိုးသားဖြောင့်မတ်ခြင်း” ကြောင့်၊ ငါသည် သူ့အား နောက်တစ်ဖန် ကယ်တင်ခြင်း၏ မြင်းရထားပေါ်သို့ ဆွဲခေါ်သည်၊ သို့အတွက် လူသားသည် ငါ့အား ကျေးဇူးတင်လျက် ငါ့ကို ချစ်ခင်သော အကြည့်နှင့် ကြည့်လေသည်။ သို့သော်ငြားလည်း သူသည် ငါ၌ခိုလှုံရန် ဆန္ဒမရှိလျက်ပင် ရှိသေး ပြီး၊ သူ၏ နှလုံးသားကိုလည်း ငါ့အား အပြည့်အဝ မပေးပေ။ သူသည် ငါ့အကြောင်း ဝါကြွားသော်လည်း သူသည် ငါ့အား ဧကန်အမှန် မချစ်ပေ၊ အကြောင်းမှာ သူသည် သူ၏ စိတ်ကို ငါ့ထံ မလှည့်သောကြောင့် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်သည် ငါ၏ရှေ့တွင် ရှိနေသော်ငြားလည်း၊ သူ၏ နှလုံးသားမှာမူ ငါ၏ နောက်တွင် ရှိသည်။ စည်းမျဥ်းများနှင့် ပတ်သက်၍ လူသား၏ သိနားလည်ခြင်းမှာ အလွန်ပင် ချို့တဲ့လှပြီး ငါ၏ ရှေ့မှောက်သို့ လာခြင်း၌ သူသည် မည်သည့် စိတ်ဝင်စားမှုမျှ မရှိသည့်အတွက်၊ ငါသည် သူ့အား လျော်ကန်သော ထောက်မ ကူညီမှုနှင့် ထောက်ပံ့ပေးသည်၊ ထိုသို့အားဖြင့် သူသည် သူ၏ ခေါင်းမာသော လျစ်လျူရှုခြင်း အလယ်မှ ငါ့ထံသို့ လှည့်လာမည် ဖြစ်သည်။ ဤသည်မှာ လူသားအပေါ်သို့ ငါပေးသော ကရုဏာ အတိအကျပင် ဖြစ်ပြီး၊ လူသားအား ကယ်တင်ရန် အလို့ငှာ ငါကြိုးပမ်းသော နည်းလမ်းလည်း ဖြစ်သည်။

စကြဝဠာ တစ်လျှောက်လုံးမှ လူများသည် ငါ၏နေ့ရက် ရောက်လာခြင်းအပေါ် ပွဲလမ်းသဘင် ကျင်းပကြပြီး၊ ကောင်းကင်တမန်များသည် လူထုအလယ်တွင် လျှောက်သွားကြသည်။ စာတန်သည် ဒုက္ခပေးသောအခါ၊ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံရှိ ၎င်းတို့၏ အစေခံမှုကြောင့် ငါ၏ လူများကို အမြဲတစေပင် ကူညီကြသည်။ သူတို့သည် လူသား၏ အားနည်းချက်ကြောင့် မာရ်နတ်၏ လှည့်ဖြားခြင်းကို မခံရဘဲ၊ အမှောင် စွမ်းအားများ၏ အပြင်းအထန် တိုက်ခိုက်မှု၏ ရလဒ်အနေနှင့် မြူထူကို ဖောက်ထွင်း၍ လူသား၏အသက်တာကို သာ၍ရင်ဆိုင်ရန် ကြိုးစား၏။ လူများအားလုံးသည် ငါ၏နာမအောက်တွင် ဆက်ကပ်အပ်နှံကြပြီး၊ မည်သည့်အခါမျှပင် မည်သူတစ်ဦး တစ်ယောက်ကမျှ ငါ့အား ပွင့်လင်းစွာ ဆန့်ကျင်ရန် ထကြွခြင်း မရှိကြ။ ကောင်းကင်တမန်များ၏ ကြိုးစားလုပ်ဆောင်မှုကြောင့်၊ လူသားသည် ငါ၏ နာမကို လက်ခံပြီး အားလုံးတို့မှာ ငါ့အလုပ်၏ ရေစီးကြောင်းထဲတွင် ရှိကြသည်။ ကမ္ဘာကြီးသည် ဆုတ်ယုတ်လာလေပြီ တကား။ ဗာဗုလုန်သည် မလှုပ်မယှက်နိုင် ဖြစ်နေပြီတကား။ ဘာသာရေး လောက—အဘယ်သို့လျှင် ယင်းသည် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏ သြဇာအာဏာအားဖြင့် ဖျက်ဆီးခြင်းကို မခံရဘဲနေနိုင်သနည်း။ မည်သူသည် ငါ့ကို မနာခံ၍ ဆန့်ကျင်ရန် ဝံ့ရဲသေးသနည်း။ ကျမ်းတတ် ပုဂ္ဂိုလ်များလော။ ဘာသာရေး အာဏာပိုင်များလော။ ကမ္ဘာ မြေကြီးပေါ်ရှိ အုပ်ချုပ်သူများနှင့် အခွင့်အာဏာ ရှိသူများလော။ ကောင်းကင်တမန်များလော။ မည်သူသည် ငါ့ခန္ဓာကိုယ်၏ ပြည့်ဝခြင်းနှင့် ပြီးပြည့်စုံခြင်းခြင်းကို ချီးကျူးဂုဏ်ပြုခြင်း မပြုသနည်း။ လူများအားလုံး အကြားတွင်၊ မည်သူသည် မရပ်မနား ငါ့အား ချီးမွမ်းထောမနာသီချင်း မဆိုသနည်း၊ မည်သူသည် အစဉ်မပျော်ရွှင်သနည်း။ ငါသည် အဆင်းနီသော နဂါးကြီး၏ သားရဲတွင်းဖြစ်သည့် နိုင်ငံတွင် နေထိုင်သည်၊ သို့သော် ငြားလည်း ဤအရာသည် ငါ့အား ကြောက်ရွံ့ခြင်းနှင့် ဖိမ့်ဖိမ့်တုန်ခြင်း မဖြစ်စေ၊ သို့မဟုတ် အဝေးသို့ ထွက် ပြေးသွားခြင်းလည်း မဖြစ်စေပါ။ အဘယ်ကြောင့်ဆိုသော် ၎င်း၏လူတို့အားလုံးသည် ၎င်းကို စတင်၍ မုန်းတီးကြပြီဖြစ်သောကြောင့် ဖြစ်သည်။ မည်သည့်အခါမျှပင် တစ်စုံတစ်ရာ၏ “တာဝန်”ကို နဂါး၏ ရှေ့တွင် မထမ်း ဆောင်ခဲ့ဖူးပေ။ ထိုအစား၊ အရာခပ်သိမ်းသည် သူတို့၏ ကိုယ်ပိုင်ကိစ္စရပ်ကို လုပ်ဆောင်ကြပြီး၊ သူတို့နှင့် အလိုက် ဖက်ဆုံး ဖြစ်မည့် လမ်းကြောင်းကို ရွေးချယ်ကြသည်။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မပျက်စီးနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ နိုင်ငံများသည် အဘယ်သို့လျှင် မကျဆင်းနိုင်မည်နည်း။ အဘယ် သို့လျှင် ငါ၏ လူများသည် အားမတက်ဘဲ နေနိုင်ကြသနည်း။ အဘယ်သို့လျှင် သူတို့သည် ရွှင်လန်းခြင်းနှင့် မကျူးဧ နိုင်ရသနည်း။ ဤသည်မှာ လူသား၏အလုပ်လော။ ဤသည်မှာ လူသား၏လက်များ၏ လုပ်ဆောင်ချက်ပင်လော။ ငါသည် လူသားအား သူ၏တည်ရှိမှု၏ ရင်းမြစ်ကို ပေးခဲ့ပြီး၊ သူ့အား ရုပ်ဝတ္ထု ပစ္စည်းများနှင့် ထောက်ပံ့ပေးခဲ့သည်၊ သို့သော် ငြားလည်း လူသားသည် သူ၏လက်ရှိ အခြေအနေများနှင့် ပတ်သက်၍ မကျေမနပ်ဖြစ်လျက် ငါ၏ နိုင်ငံတော်သို့ သူဝင်ရောက်ခြင်းငှာ တောင်းဆို၏။ သို့သော်လည်း အဖိုးအခ ပေးဆပ်ခြင်း မရှိဘဲဲနှင့်၊ သူ၏ ကိုယ်ကျိုးမငဲ့ သော ဆည်းကပ်ခြင်းကို ဆက်သရန် ဆန္ဒမရှိဘဲဲနှင့် အဘယ်သို့လျှင် သူသည် ငါ၏ နိုင်ငံတော်ထဲသို့ အလွန် လယ်ကူစွာ ဝင်ရောက်နိုင်မည်နည်း။ လူသားထံမှ တစ်စုံတစ်ရာကို ကြီးစွာ တောင်းဆိုမည့်အစား၊ ငါသည် သူ့အပေါ် သတ်မှတ်ချက်များကို ပြုလုပ်သည်၊ ထိုသို့အားဖြင့် ကမ္ဘာမြေကြီးပေါ်ရှိ ငါ၏ နိုင်ငံတော်သည် ဘုန်းကျက်သရေနှင့် ပြည့်ဝမည်ဖြစ်သည်။ လူသားသည် လက်ရှိခေတ်ထဲသို့ ငါ့အားဖြင့် လမ်းပြခြင်းကို ခံခဲ့ရသည်၊ သူသည် ဤအခြေနေ၌ တည်ရှိနေပြီး၊ သူသည် ငါ့အလင်း၏ လမ်းပြမှုအလယ်တွင် နေထိုင်၏။ အကယ်၍ ယင်းသည် ထိုကဲ့သို့မဖြစ်ခဲ့ပါက၊ ကမ္ဘာမြေကြီးပေါ်ရှိ လူသားများထဲမှ မည်သူသည် ၎င်းတို့၏ အလားအလာ များကို သိလိမ့်မည်နည်း။ မည်သူသည် ငါ၏ အလိုကို နားလည်လိမ့်မည်နည်း။ လူသားအပေါ် သတ်မှတ်ချက်များသို့ ငါ၏ ထောက်ပံ့မှုများကို ငါပေါင်းထည့်သည်၊ ဤသည်မှာ သဘာဝနိယာမများနှင့် ကိုက်ညီ သည် မဟုတ်လော။

ယမန်နေ့က သင်တို့သည် မိုးနှင့်လေ၏ အလယ်တွင် နေထိုင်ခဲ့ရသည်၊ ယနေ့တွင် သင်တို့သည် ငါ၏ နိုင်ငံတော်ထဲသို့ ဝင်ရောက်လာခဲ့ပြီး ၎င်း၏ လူများ ဖြစ်လာသည်၊ နံနက်ဖြန်တွင်မူ သင်တို့သည် ငါ၏ ကောင်းချီးများကို ခံစားရလိမ့်မည်။ မည်သူသည် ထိုကဲ့သို့သော အရာများကို စိတ်ကူးဖူးသနည်း။ သင်တို့၏ အသက်တာထဲတွင် မည်မျှသော ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို တွေ့ကြုံရမည်ကို သင်တို့ သိသလော။ မိုးနှင့်လေ အကြားတွင် ငါသည် ရှေ့သို့ချီလျက် လူသားအကြားတွင် တစ်နှစ်ပြီးတစ်နှစ် နေလာခဲ့ပြီး၊ ထိုသို့အားဖြင့် လက်ရှိခေတ် ရောက်လာခဲ့သည်။ ဤအရာများသည် ငါ့စီမံခန့်ခွဲမှု အစီအစဥ်၏ အဆင့်များပင် မဟုတ်ပေလော။ မည်သူသည် ငါ၏ အစီအစဥ်ထဲသို့ ထပ်၍ ဖြည့်ဖူးသနည်း။ မည်သူသည် ငါ့အစီအစဥ်၏ အဆင့်များမှ ချိုးဖောက် လွန်မြောက်နိုင်သနည်း။ ငါသည် သန်းပေါင်းရာနှင့်ချီသော လူများ၏ နှလုံးသားများ အထဲတွင် နေထိုင်သည်၊ ငါသည် သန်းပေါင်းရာနှင့်ချီသော လူများကြားတွင် ရှင်ဘုရင်ဖြစ်ပြီး၊ သန်းပေါင်း ရာနှင့်ချီသော လူများ၏ ငြင်းပယ်ခြင်းနှင့် ကဲ့ရဲ့ရှုတ်ချခြင်းကို ငါခံခဲ့ရ၏။ ငါ၏ ပုံရိပ်သည် လူ၏ နှလုံးသားအတွင်းတွင် စစ်မှန်စွာ မရှိ။ လူသားသည် ငါ၏ နှုတ်ကပတ်များထဲရှိ ငါ၏ ဘုန်းအသရေရှိသော မျက်နှာသွင်ပြင်ကို မသဲမကွဲသာ ရှုမြင်ရသည်၊ သို့သော် သူ့အတွေးများထဲရှိ တားဆီးနှောင့်ယှက်မှုကြောင့် သူသည် မိမိကိုယ်တိုင် ၏ ခံစားချက်များကို မယုံကြည်ပေ။ သူ၏နှလုံးသားထဲတွင် မရေမရာသော ငါသာ ရှိနေသည်၊ သို့သော် ယင်းအရာသည် ထိုနေရာတွင် ကြာရှည်စွာ ရှိရစ်မနေပါ။ ထို့ကြောင့် ငါ့အား သူ၏ ချစ်ခြင်းသည် ဤသို့ပင် ဖြစ်သည် - ပြင်းပြသည့်ဆန္ဒမှ သူ့အားခေါ်ယူသည့်အလျောက် သူသည် ငါ့အား ချစ်သည့်အလား၊ မှုန်ဝါးဝါး လရောင်အောက်တွင် သူ၏ ချစ်ခြင်းသည် မြင်ကွင်းမှ ပေါ်လာလိုက် ချုပ်ငြိမ်းသွားလိုက် ဖြစ်သည့်အလား ငါ၏ ရှေ့မှောက်တွင် သူ၏ ချစ်ခြင်းသည် မူမမှန်စွာ ပေါ်လာသည်။ ယနေ့တွင် ငါ၏ ချစ်ခြင်းကြောင့်သာလျှင် လူသားသည် ရှိရစ်နေပြီး အသက်ရှင်သန်ရန် ကံကောင်းမှု ရှိနေခဲ့ရခြင်း ဖြစ်သည်။ ဤကဲ့သို့သာ မဟုတ်ခဲ့ပါက၊ လူထဲမှ မည်သူသည် သူတို့၏ ကြုံလှီလှသော ခန္ဓာကိုယ်၏ ရလဒ်အနေဖြင့် လေဆာအလင်းအားဖြင့် ဖြတ်လှဲ ခြင်းကို မခံရမည်နည်း။ လူသားသည် မိမိကိုယ်ကိုမိမိ မသိကျွမ်းသေးပေ။ သူသည် ငါ၏ ရှေ့မှောက်တွင် ဟိတ်ဟန် ထုတ်ပြပြီး၊ ငါ၏ နောက်ကွယ်တွင်မူ မိမိကိုယ်ကို ဝါကြွားလေသည်၊ သို့သော်ငြားလည်း မည်သူ တစ်ဦး တစ်ယောက်ကမျှ ငါ့အား “ဆန့်ကျင်ခြင်း” ငှာ မဝံ့ရဲကြချေ။ သို့ရာတွင် လူသည် ငါပြောဆိုသော ဆန့်ကျင် ခြင်း၏ အဓိပ္ပာယ်ကို မသိပေ။ ထိုအစား သူသည် ငါ့အား လှည့်စားရန် ဆက်၍ ကြိုးစားနေပြီး၊ မိမိကိုယ်ကို ဆက်၍ ချီးမြှောက်နေသည်၊—ဤသို့အားဖြင့် သူသည် ငါ့အား ပွင့်လင်းစွာ ဆန့်ကျင်သည် မဟုတ်ပေလော။ လူသား၏ အားနည်းချက်ကို ငါသည် သည်းခံသည်၊ သို့သော် လူသားတို့ ကိုယ်တိုင်ပြုသော ဆန့်ကျင်ခြင်းများကို ငါသည် စိုးစဥ်းမျှပင် သက်ညှာပေးမည် မဟုတ်။ သူသည် ယင်း၏ အဓိပ္ပာယ်ကို သိသော်ငြားလည်း၊ သူသည် ယင်းအဓိပ္ပာယ်နှင့် လျော်ညီစွာ လုပ်ဆောင်ရန် ဆန္ဒမရှိဘဲ ဖြစ်နေပြီး သူသည် မိမိအကြိုက်နှင့် ညီထွေစွာပင် ငါ့အား လှည့်ဖြားခြင်းသာ ပြုသည်။ ငါ၏ နှုတ်ကပတ်များထဲတွင် တစ်ချိန်လုံး ငါသည် ငါ၏ စိတ်သဘောထားကို ရှင်းလင်းအောင် ပြုထားသည်၊ သို့သော်ငြားလည်း လူသားသည် ရှုံးနိမ့်ခြင်းအား လက်ခံနိုင်ခြင်းမရှိ—တစ်ချိန်တည်းတွင် သူသည် သူ၏ စိတ်သဘောထားကို လှစ်ဟပြသည်။ ငါ၏ တရားစီရင်မှု အလယ်တွင် လူသားသည် အကြွင်းမဲ့ လက်ခံယုံကြည် လာလိမ့်မည် ဖြစ်ပြီး၊ ငါ၏ ပြစ်တင်ဆုံးမမှု အလယ်တွင် နောက်ဆုံး၌ သူသည် ငါ၏ ပုံရိပ်နှင့်အညီ နေထိုင်သွား လိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေကြီး အပေါ်ရှိ ငါ၏ ပြယုဂ်တစ်ခု ဖြစ်လာပေလိမ့်မည်။

၁၉၉၂ ခုနှစ်၊ မတ်လ ၂၂ ရက်။

ယခင်က:နှစ်ဆယ့်တစ်ခုမြောက် မိန့်မြွက်ချက်

နောက်တစ်ခုသို့:နှစ်ဆယ့်လေးခုမြောက် မိန့်မြွက်ချက်

သင်နှစ်သက်နိုင်သည့် အရာများ