ဘုရားသခင်ကို အစေခံသော်လည်း အာခံကြသူများ၏ အဆုံးသတ်ကျူး
ဖန်ဆင်းခြင်း၏ အချိန်မှစ၍ ယနေ့ထိတိုင် များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို နာမခံခဲ့ကြသောကြောင့် ငါ၏ နာလန်ထူခြင်း ရေစီးကြောင်းထဲမှ သုတ်သင်ပယ်ရှင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်၊ အဆုံးတွင် ထိုလူတို့၏ ခန္ဓာကိုယ်များသည် ပျက်ယွင်းသွားကာ ၎င်းတို့၏ ဝိညာဉ်များမှာလည်း မရဏာနိုင်ငံထဲသို့ ပစ်ချခြင်းခံရပြီး ယနေ့တွင်ပင် ၎င်းတို့သည် ကြီးလေးသော အပြစ်ဒဏ်ကို ခံစားနေရဆဲ ဖြစ်သည်။ များစွာသော လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို လိုက်နာခဲ့ကြသော်လည်း ၎င်းတို့သည် ငါ၏ ဉာဏ်ပွင့်စေခြင်းနှင့် အလင်းပေးခြင်းတို့အား လွန်ဆန်ခဲ့ကြပြီ၊ ထို့ကြောင့် ငါ၏ ဘေးသို့ကန်ထုတ်ခြင်းကိုခံခဲ့ကြပြီး စာတန်၏ အုပ်စိုးမှုအောက်သို့ ကျဆင်းကာ ငါ့ကို ဆန့်ကျင်သူများ ဖြစ်လာကြသည်။ (ယနေ့တွင် ငါ့ကို တိုက်ရိုက် ဆန့်ကျင်သော သူများသည် ငါ့နှုတ်ကပတ်တော်များ၏ အပေါ်ယံသဘောတရားများကိုသာ နာခံကြပြီး ငါ့နှုတ်ကပတ်တော်များ၏ အနှစ်သာရကို မနာခံကြပေ။) ယမန်နေ့က ငါပြောခဲ့သော နှုတ်ကပတ်တော်များကိုသာ နားထောင်ရုံမျှ ရှိသောလူများ၊ အတိတ်၏ ""အသုံးမဝင်သော အရာများ""ကို ကိုင်စွဲထားပြီး မျက်မှောက်နေ့ရက်၏ ""အသီးအနှံ""ကို တန်ဖိုးမထားသော လူများ များစွာရှိသည်။ ဤလူများသည် စာတန်၏ ဖမ်းမိခြင်းကို ခံရရုံသာမကဘဲ ထာဝရအပြစ်သားများ ဖြစ်လာကြပြီး ငါ၏ ရန်သူများ ဖြစ်လာကြကာ ၎င်းတို့သည် ငါ့ကို တိုက်ရိုက် ဆန့်ကျင်လေသည်။ ထိုကဲ့သို့သော လူများသည် ငါ့အမျက်ဒေါသ၏ အထွတ်အထိပ်၌ ငါ့တရားစီရင်ခြင်း၏ အပြုခံအရာများ ဖြစ်ကြပြီး ယနေ့တွင် ၎င်းတို့သည် မျက်စိကန်းလျက် ရှိကြသေးကာ မိုက်မှောင်သော အကျဉ်းတိုက်များထဲတွင် ရှိကြသေးသည် (တစ်နည်းဆိုရလျှင် ထိုကဲ့သို့သော လူများသည် စာတန်၏ ထိန်းချုပ်ခြင်း ခံရသည့် ပုပ်ပျက်လျက်၊ တွေဝေထိုင်းမှိုင်းလျက် ရှိသော အလောင်းကောင်များ ဖြစ်ကြသည်၊ ၎င်းတို့၏ မျက်လုံးများသည် ငါ၏ ဖုံးကာထားခြင်းကို ခံထားရသောကြောင့် ၎င်းတို့မှာ မျက်စိကန်းသောသူများ ဖြစ်ကြသည်ဟု ငါပြောသည်)။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၄” စကြဝဠာ တစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။