၃၇၆ ဘုရားကို မနာခံသူတို့သည် သူ့ကို သစ္စာဖောက်ကြ၏ကျူး

၁ ငါ့ကို အကြွင်းမဲ့ မနာခံနိုင်သော အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ့အပေါ် သစ္စာမစောင့်သိနိုင်သည့် အပြုအမူသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ ငါ့ကို လိမ်လည်ခြင်းနှင့် ငါ့ကို လှည့်စားရန် မုသားများကို သုံးခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ အယူအဆများစွာကို သိုထားခြင်းနှင့် ထိုအယူအဆများကို နေရာအနှံ့တွင် ဖြန့်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ငါ၏ သက်သေခံချက်များနှင့် အကျိုးစီးပွားများကို မထိန်းသိမ်းနိုင်ခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်သည်။ စိတ်နှလုံးထဲ၌ ငါနှင့် ဝေးကွာချိန်တွင် ဟန်ဆောင်အပြုံးများ ပြုံးပြခြင်းသည် သစ္စာဖောက်ခြင်း ဖြစ်၏။ ဤအရာများအားလုံးသည် သင်တို့ အမြဲလုပ်နိုင်စွမ်းရှိခဲ့သည့် သစ္စာဖောက်ခြင်း လုပ်ရပ်များဖြစ်ပြီး၊ ၎င်းတို့သည် သင်တို့ကြားတွင် မဆန်းတော့ပေ။ သင်တို့ထဲမှ မည်သူမျှက ဤအရာကို ပြဿနာတစ်ခုအဖြစ် ထင်ကြမည် မဟုတ်နိုင်သော်လည်း၊ ငါ တွေးထင်သည်မှာ ဤသို့မဟုတ်ပေ။ ငါသည် ငါ့အပေါ် လူတစ်ဦး၏ သစ္စာဖောက်ခြင်းအား အရေးမကြီးသော ကိစ္စတစ်ခုအဖြစ် သဘောမထားနိုင်သကဲ့သို့၊ ထိုအရာကို ဧကန်မုချ ငါ လျစ်လျူမရှုနိုင်။ ယခုတွင် ငါသည် သင်တို့အလယ် အလုပ်လုပ်သည့်အချိန်တွင်၊ သင်တို့သည် ဤနည်းဖြင့် ပြုမူကြ၏- သင်တို့ကို စောင့်ရှောက်မည့်သူ တစ်ဦးမျှမရှိသည့် နေ့ရောက်လာပါက၊ သင်တို့သည် မိမိတို့ကိုယ်ကိုယ် ရှင်ဘုရင်များအဖြစ် ကြွေးကြော်ခဲ့ကြသည့် ဓားပြများကဲ့သို့ ဖြစ်ကြလိမ့်မည် မဟုတ်လော။ ထိုသို့ ဖြစ်ပျက်ပြီး ကပ်ဘေးတစ်ခုကို သင်တို့ ဖြစ်စေသည့်အခါ၊ သင့်နောက်တွင် ရှင်းလင်းဖို့ မည်သူ ရှိလိမ့်မည်နည်း။

၂ အချို့သော သစ္စာဖောက်သည့် လုပ်ရပ်များသည် သင်တို့၏ ထပ်တလဲလဲ ဖြစ်သော အပြုအမူမဟုတ်ဘဲ၊ ရံဖန်ရံခါဖြစ်တတ်သော ဖြစ်ရပ်များမျှသာ ဖြစ်ပြီး၊ သင်တို့၏ မာနကို ထိခိုက်သည့်နည်းလမ်းဖြင့် ထိုသို့ ပြင်းပြင်းထန်ထန် ဆွေးနွေးဖို့ မထိုက်တန်ဟု သင်တို့ ထင်ကြသည်။ သင်တို့သည် ထိုသို့အမှန်တကယ် တွေးထင်ပါက၊ သင်တို့သည် အသိစိတ်မဲ့ကြပေသည်။ ထိုသို့တွေးခြင်းသည် ပုန်ကန်မှု၏ နမူနာနှင့် ပုံစံတစ်ခု ဖြစ်သည်။ လူသား၏ သဘာဝသည် သူ၏အသက် ဖြစ်သည်။ ယင်းသည် သူ ရှင်သန်ဖို့ အားထားသည့် စည်းမျဉ်းတစ်ခု ဖြစ်ပြီး၊ ယင်းကို သူ မပြောင်းလဲနိုင်ပေ။ သစ္စာဖောက်ခြင်း၏ သဘောသဘာဝသည်လည်း ထိုနည်းတူဖြစ်၏- သင်သည် ဆွေမျိုး သို့မဟုတ် မိတ်ဆွေတစ်ဦးကို သစ္စာဖောက်ဖို့ တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်ပါက၊ ယင်းသည် သင့်ဘဝ၏ အစိတ်အပိုင်းဖြစ်ပြီး မွေးရာပါ သဘာဝ ဖြစ်သည်ကို သက်သေပြပေသည်။ ဤသည်မှာ မည်သူမျှ မငြင်းနိုင်သည့် အရာတစ်ခု ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၅ ဘုရား၏လူများထဲမှ တစ်ဦးဖြစ်ရန် သင်သည် ဧကန်ပင် ထိုက်တန်သလောကျူး

နောက်တစ်ခုသို့- ၃၇၇ ဘုရားသခင်ကို အစေခံသော်လည်း အာခံကြသူများ၏ အဆုံးသတ်ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉ မြေကြီးတစ်ခုလုံး ဝမ်းမြောက်ရွှင်လန်း၍ ဘုရားသခင်ကို ချီးမွမ်းကြစေ

၁ အရာအားလုံးကိုစီမံအုပ်ချုပ်သူ တစ်ဆူတည်း စစ်မှန်သည့်ဘုရား -အနန္တတန်ခိုးရှင် ဘုရားသခင်၊ နောက်ဆုံးသောကာလ၏ခရစ်တော်ထိုအရာသည် သန့်ရှင်းသော...

၉၀၅ ဘုရားသခင်၏သြဇာအာဏာကို နားလည်နိုင်သောနည်းလမ်း

၁ဘုရားသခင်၏သြဇာအာဏာနဲ့ တန်ခိုး၊ ထင်ရှားသောလက္ခဏာ နှင့် သဘောသဘာဝတို့ကို သင်၏ စိတ်ကူးဖြင့်သိနားလည်မည်မဟုတ်စိတ်ကူးစိတ်သန်းမသုံးရဟုဆိုရာ၌...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။