မေးခွန်း (၆) သမ္မာကျမ်းမှာ ဖော်ပြတာက သခင်ယေရှုဟာ ဗတ္တိဇံခံပြီးနောက်မှာ ကောင်းကင် ဖွင့်လှစ်သွားတယ် သန့်ရှင်းသောဝိညာဉ်တော်က သခင်ယေရှုအပေါ်ကို ချိုးငှက်တစ်ကောင်လို ဆင်းသက်တယ်။ အဲဒီမှာမှ အသံတော် ဖြစ်ပေါ်တယ် “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။(ရှင်မဿဲခရစ်ဝင် ၃:၁၇) ကျွန်တော်တို့ကလည်း သခင်ယေရှုကို ဘုရားသခင်ရဲ့သားတော်၊ ခရစ်တော်ဖြစ်တယ်လို့ လက်ခံထားတယ် ဒါပေမဲ့ လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ရဲ့ပေါ်ထွန်းခြင်း၊ ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်လို့ ခင်ဗျားတို့က သက်သေခံထားတယ် သခင်ယေရှုဆိုတာ ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်၊ အနန္တတန်ခိုးရှင်ဘုရားသခင်ကလည်း ဘုရားသခင်ကိုယ်တိုင် ဖြစ်တယ်ပေါ့လေ ကျွန်တော်တို့နားလည်ထားတာနဲ့ မတူဘူး ဒါကြောင့် လူ့ဇာတိခံ ခရစ်တော်ဟာ ဘုရားသခင်ကိုယ်တိုင်လား၊ ဘုရားသခင်ရဲ့သားတော်လား နှစ်မျိုးစလုံးကတော့ ကျွန်တော်တို့အတွက် ယုတ္တိရှိသလိုပါပဲ။ နှစ်ခုလုံးက သမ္မာကျမ်းနဲ့ ညီတယ် ဒီတော့ ဘယ်နားလည်မှုက မှန်တာလဲ

အဖြေ- လူ့ဇာတိခံ ခရစ်တော် က ဘုရားသခင် ကိုယ်တော်တိုင်လား သို့မဟုတ် ဘုရားသခင်၏ သားတော် ဖြစ်ပါသလား။ ဤသည်မှာ သခင့်ကို ယုံကြည်သည့် ယုံကြည်သူ အများစု နားမလည်သည့် ပြဿနာတစ်ခု အမှန်ပင် ဖြစ်လေသည်။ လူ့ဇာတိခံ သခင်ယေရှုက ရွေးနှုတ်ခြင်းအမှုအတွက် ရောက်လာခဲ့ချိန်မှာ ဘုရားသခင်က လူသားဖြစ်လာခဲ့သည်။ လူများကြားမှာ ပေါ်ထွန်းပြီး အမှုတော်ပြုခဲ့သည်။ သူက ကျေးဇူးတော်ခေတ်ကို ဖွင့်လှစ်ပေးခဲ့ရုံမကဘဲ၊ လူများနှင့်အတူ နေထိုင်ဖို့ ဘုရားသခင်ကိုယ်တိုင် ကြွလာခဲ့သည့် ခေတ်သစ်တစ်ခုကိုလည်း အစပျိုးပေးခဲ့ပါသည်။ လူများကလည်း မြတ်နိုးမှုများနှင့်အတူ၊ သခင်ယေရှုကို ဘုရားသခင်၏သားတော်၊ ခရစ်တော်ဟု ခေါ်ခဲ့ကြသည်။ ထိုအချိန်မှာ သန့်ရှင်းသောဝိညာဉ်တော်ကလည်း သခင်ယေရှုက ဘုရားသခင်၏ချစ်သား ဖြစ်ကြောင်း၊ သခင်ယေရှုက ဘုရားသခင်ကို ကောင်းကင်ဘုံမှ အဘဟု ခေါ်ကြောင်း သက်သေခံခဲ့ပြန်သည်။ ထို့ကြောင့်လည်း လူများက သခင်ယေရှုကို ဘုရားသခင်၏သားတော်ဟု ယုံကြည်ခဲ့ကြသည်။ ဤသို့နှင့် ခမည်းတော်- သားတော်ဆက်ဆံရေး အယူအဆ ပေါ်လာခဲ့ပါသည်။ တစ်ခဏမျှ စဉ်းစားကြည့်ရအောင်။ သူ့မှာ သားတော် ရှိသည်ဟု ဘုရားသခင်က ကမ္ဘာဦးကျမ်းမှာ ပြောထားပါသလား၊ မပြောပါ။ ပညတ်တော်ခေတ်မှာလည်း ယေဟောဝါဘုရားသခင်က သူ့မှာ သားတော် ရှိသည်ဟု ပြောခဲ့ဖူးပါသလား၊ မပြောခဲ့ပါ။ တစ်ပါးတည်းသော ဘုရားသခင်သာရှိကြောင်း ဤအရာက သက်သေပြသည်။ ခမည်းတော်- သားတော်ဆက်ဆံရေးဆိုသည်မှာ မရှိပါ။ ဤအချိန်တွင် လူတချို့က မေးနိုင်သည်။ ကျေးဇူးတော်ခေတ်မှာ သခင်ယေရှုက သူသည် ဘုရားသခင်၏သားတော်ပါဟု အဘယ့်ကြောင့် ပြောခဲ့သနည်း။ သခင်ယေရှုက ဘုရားသခင်၏ သားတော်ဖြစ်သည့် ခရစ်တော်လား၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်လား။ ဤသည်မှာ ခေတ်ကာလများ တစ်လျှောက်လုံးမှာ ယုံကြည်သူများ အခြေအတင်ဖြစ်ခဲ့ကြသည့် မေးခွန်းတစ်ခုဟု ဆိုနိုင်ပါသည်။ ဤကိစ္စ၏ ရှိရင်းစွဲ ဝိရောဓိကို လူများက သတိပြုမိပါသည်။ သို့သော်လည်း မရှင်းပြတတ်ကြပါ။ သခင်ယေရှုက ဘုရားသခင်ဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏သားတော်လည်း ဖြစ်သည်။ သို့ပါက ခမည်းတော်ဖြစ်သည့် ဘုရားသခင်တစ်ပါး ရှိသေးသည်။ လူများအနေနှင့် ဤအချက်ကို ရှင်းပြဖို့ဆိုသည်မှာ ပို၍မဖြစ်နိုင် တော့ပါ။ သခင်ယေရှုခရစ်တော်က ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်ကြောင်း ဘုရားသခင်၏ပေါ်ထွန်းခြင်းဖြစ်ကြောင်း အသိအမှတ်ပြုခဲ့သူဆိုသည်မှာ၊ ပြီးခဲ့သည့်ထောင်စုနှစ် နှစ်ခုအတွင်းမှာ လုံး၀ မရှိသလောက်ပင် ဖြစ်ပါသည်။ အမှန်မှာမူ သမ္မာကျမ်းမှာ ဤအရာနှင့်ပတ်သက်ပြီး သိသာသည့်မှတ်တမ်း ရှိပါသည်။ ရှင်ယောဟန် ၁၄:၈ မှာ၊ ဖိလိပ္ပုက သခင်ယေရှုကို မေးခဲ့သည်- “သခင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါ။ ထိုသို့ပြတော်မူလျှင် အကျွန်ုပ်တို့ အလိုပြည့်စုံပါမည်။” ထိုအချိန်မှာ သခင်ယေရှုက ဖိလိပ္ပုကို မည်သို့အဖြေပေးသနည်း။ သခင်ယေရှုက ဖိလိပ္ပုကို ဖြေသည်- “ဖိလိပ္ပု၊ ဤမျှကာလပတ်လုံး ငါသည်သင်တို့နှင့်အတူရှိပြီးမှ သင်သည် ငါ့ကို မသိသေးသလော။ ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏။ သို့ဖြစ်လျှင်၊ ခမည်းတော်ကို အကျွန်ုပ်တို့အား ပြတော်မူပါဟု သင်သည် အဘယ်သို့ဆိုသနည်း။ ငါသည် ခမည်းတော်၌ ရှိသည်ကို လည်းကောင်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်ကို လည်းကောင်း မယုံသလော။ ငါဟောပြောသောစကားကို ကိုယ် အလိုအလျောက် ငါဟောပြောသည်မဟုတ်။ ငါပြုသောအမှုတို့ကား၊ ငါ၌ တည်နေတော်မူသော ခမည်းတော်သည် ပြုတော်မူ၏။ ငါသည် ခမည်းတော်၌ ရှိသည်ကို၎င်း၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည် ကို၎င်း ယုံကြလော့။ ငါ့ စကားကို မယုံလျှင်၊ ငါ့အမှုတို့ကိုထောက်၍ ယုံကြလော့။(ရှင်ယောဟန်ခရစ်ဝင် ၁၄:၉-၁၁) ဒီနေရာမှာ သခင်ယေရှုက- “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကို မြင်၏။” ဟု အရှင်းဆုံးပြောခဲ့သည်။ ထို့ကြောင့် သခင်ယေရှုက ဘုရားသခင်ကိုယ်တော်တိုင် ပေါ်ထွန်းခြင်း ဖြစ်ပါသည်။ သခင်ယေရှုက သူနှင့် ဘုရားသခင်က ခမည်းတော်- သားတော် ဆက်ဆံရေး ရှိသည်ဟု ဤနေရာတွင် မပြောခဲ့ပါ။ “ငါသည် ခမည်းတော်၌ ရှိသည်၊ ခမည်းတော်သည် ငါ၌ရှိတော်မူသည်” ပြီးလျှင် သူက “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝတည်း ဖြစ်သည်။(ရှင်ယောဟန်ခရစ်ဝင် ၁ဝ:၃၀) ဟု လည်း ပြောခဲ့သည်။ သို့ပါက သခင်ယေရှု၏စကားများအရ၊ သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင် ဖြစ်သည်။ တစ်ပါးတည်းသော ဘုရားသခင်သာရှိသည်၊ ခမည်းတော်- သားတော်ဆက်ဆံရေး ဆိုသည်မှာ မရှိဟု ဆိုသည့်အရာများကို ကျွန်တော်တို့ အတည်မပြုနိုင်ကြပါ လား။

မှန်ကန်သော ကိုးကွယ်ခြင်း၏ နက်နဲသောအရာ - နောက်ဆက်တွဲဇာတ်လမ်း ၏ ရုပ်ရှင် ဇာတ်ညွှန်း မှ

အရှေ့သို့- မေးခွန်း (၅) ကျေးဇူးတော်ခေတ်မှာ၊ အပြစ်ပေးဆပ်ဖို့နဲ့ လူတွေရဲ့အပြစ်ဝန်ကို ထမ်းဖို့အတွက် ဘုရားသခင်က လူ့ဇာတိခံခဲ့တယ်။ ဒါက ကြောင်းကျိုးကျပါတယ် သခင်ယေရှုက သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သန္ဓေတည်ပြီး၊ လူတွေကို ရွေးနုတ်ဖို့အတွက် လူသား ဖြစ်လာခဲ့တယ် အဲဒီလောက်လေး လုပ်ခဲ့ရုံနဲ့ စာတန်က အရှက်ရခဲ့တယ် နောက်ဆုံးသောကာလမှာ ဘုရားသခင်က တရားစီရင်ခြင်းအမှုကိုပြုဖို့အတွက် လူသားအဖြစ် ထပ်ပြီး လူ့ဇာတိခံယူပြီးပြီပေါ့ ဒါက အမှန်တကယ်ပဲဆိုတာလည်း ကျွန်တော်တို့ မြင်ပါပြီ ကျွန်တော် မေးချင်တာက ဒီလိုပါ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ကြိမ်က နည်းနည်းကွဲပြားနေတယ်။ ပထမအခေါက်က ယုဒပြည်မှာ၊ ဒုတိယအခေါက်က တရုတ်ပြည်မှာပေါ့လေ ဒီတော့ ဘုရားသခင်က လူတွေကို ကယ်တင်ခြင်းအမှုအတွက် ဘာကြောင့် နှစ်ကြိမ်တိတိ လူ့ဇာတိခံရတာလဲ ဘုရားသခင်ရဲ့လူ့ဇာတိခံခြင်းနှစ်ခုမှာ စစ်မှန်တဲ့ အရေးပါမှုက ဘာလဲ

နောက်တစ်ခုသို့- မေးခွန်း (၇) သခင်ယေရှုက ဘုရားသခင်ကိုယ်တိုင်ဖြစ်တယ်ဆိုရင် သခင်ယေရှုဆုတောင်းတဲ့အခါ၊ ဘာဖြစ်လို့ အဖဘုရားသခင်ဆီကို ဆုတောင်းနေရသေးတာလဲ ဒီနေရာမှာ နက်နဲမှုတစ်ခုတော့ ရှိရမယ် ကျေးဇူးပြုပြီး ဆွေးနွေးပေးပါ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုတော်ကို ကျွန်ုပ်တို့ လက်ခံပါက၊ ထာဝရအသက်လမ်းခရီးကို ကျွန်ုပ်တို့ ရရှိဖို့အလို့ငှာ မည်သည့်အရာကိုသာ ကျွန်ုပ်တို့ လိုက်စားသင့်သနည်း။

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏...

၁။ သင်က သခင်ယေရှု ပြန်ကြွလာပြီးဖြစ်ကာ သူသည် သူ၏ အမှုတော်ကို ဆောင်ရွက်ဖို့ လူ့ဇာတိခံလာပြီးဖြစ်သည်ဟု သက်သေခံသည်။ ဤသည်မှာ အဘယ်သို့ ဖြစ်နိုင်သနည်း။ သမ္မာကျမ်းစာက၊ “အိုဂါလိလဲလူတို့၊ အဘယ်ကြောင့်ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွါ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသောထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွသွား တော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” (တမန်တော်ဝတ္ထု ၁:၁၁) ဟု ဆိုပါသည်။ သခင်ယေရှုက ကားစင်တင်ခံရခြင်းအမှု ပြီးစီးပြီးနောက်တွင်၊ သူသည် သေရာမှ ထမြောက်ခဲ့ပြီး သူ၏ တပည့်တော်များထံ ကိုယ်ထင်ပြခဲ့သည်။ သူသည် ဘုန်းကြီးသည့် ဝိညာဉ်ခန္ဓာတစ်ခု ဖြစ်လာခဲ့ပြီး ကောင်းကင်သို့ တက်ကြွသွားခဲ့သည်။ သခင်ယေရှု ပြန်ကြွလာသည့်အခါလည်း၊ သူသည် သေရာမှထမြောက်ခဲ့သည့် ဝိညာဉ်ခန္ဓာတစ်ခုအဖြစ် ကျွန်ုပ်တို့ထံ ပေါ်ထွန်းသင့်သည်။ သင်က ဘုရားသခင်သည် နောက်ဆုံးသော ကာလတွင် လူသားအဖြစ် လူ့ဇာတိခံလာကာ ပေါ်ထွန်းပြီး အမှုပြုရမည်ဟု အဘယ်ကြောင့် ပြောပါသနည်း။

ကိုးကားရန် သမ္မာကျမ်းပိုဒ်များ-“ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မှတ်သောအချိန် ၌ လူသားသည်...

၄။ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ကယ်တင်မှုကို ပို၍လိုအပ်သည်

ဆက်စပ်သော ဘုရားသခင်၏ နှုတ်ကပတ်တော်များ-ဘုရားသခင်၏ဝိညာဉ်တော်ကို လူသားက ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။