၁၉၁ ဘုရား၏ နှစ်ကြိမ်လူ့ဇာတိခံယူခြင်း ရင်းမြစ်တစ်ခုတည်းမှ လာ၏ကျူး
၁ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်သည်။ လူ့မျက်စိသည် ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော သမ္မာတရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သော၊ လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာကို မြင်သည်။
၂ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။
၃ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ထိုဇာတိပကတိများ၏ အနှစ်သာရနှင့် သူတို့ အလုပ်၏ အရင်းအမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ခံယူသော ဇာတိပကတိများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်