Myanmar Christian Dance (ပလ္လင်တော်တစ်ဝိုက် လှည့်ပတ်ကခုန်ကြ)

04.03.2024

နောက်ဆုံးသောကာလ၏ ခရစ်တော် ယခု ပေါ်ထွန်းပြီ၊

ကောင်းကင်နိုင်ငံတော် ကမ္ဘာမြေပေါ် ရောက်လာပြီ။

လူ့ဇာတိခံဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး စာစောင်ကိုဖွင့်ခဲ့သည်။

ဤသည်မှာ လူ့ဇာတိ၌ ပေါ်လာသည့် နှုတ်ကပတ်တော်ပင်။

ဘုရားနှုတ်ကပတ်တော်မှန်သမျှသည် အင်မတန် သြဇာအာဏာရှိပေ၊

သူ၏ ဘုန်းအာနုဘော်ကိုထုတ်ဖော်လျက် နိုင်ငံအပေါင်းတို့နှင့် လူအပေါင်းတို့အား သိမ်းပိုက်သည်။

သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။

ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။

ဘုရား၏ အသံတော်ကို ကျွန်ုပ်တို့ ကြားခဲ့ပြီး သူ၏ ပလ္လင်တော်ရှေ့ ချီမခြင်းခံရပြီ၊

သိုးသငယ်၏ စားသောက်ပွဲကို တက်ရောက်ရန်ဖြစ်ပေ။

ထို့ပြင် သူ၏ နှုတ်ကပတ်တော်ကို နေ့စဉ် ကျွန်ုပ်တို့ မွေ့လျော်နိုင်ပေ၊

ဘုရား၏ မျက်မှောက်တော်တွင် နေထိုင်ခြင်းသည်ပင် ဝမ်းမြောက်ခြင်းဖြစ်ပေ။

အမှောင်မှ ကျွန်ုပ်တို့ လွတ်မြောက်ကာ လွတ်လပ်မှုကို ရရှိပြီ၊

ထို့ကြောင့် ကျွန်ုပ်တို့ ကခုန်လေလေ၊ ဝမ်းမြောက်လေလေဖြစ်ပေသည်။

ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊ ဘုရားသခင်ရှေ့ ကျွန်ုပ်တို့လာသည်၊

နိုင်ငံတော်၏ လေ့ကျင့်ပေးခြင်းကို လက်ခံကြသည်။

တရားစီရင်မှု၊ ဘုရားနှုတ်ကပတ်တော်၏ စစ်ဆေးခြင်းမှတစ်ဆင့်၊

ကျွန်ုပ်တို့စိတ်သဘောထားများ ပြောင်းလဲခြင်းခံရသည်။

ဘုရား၏ ကယ်တင်ခြင်းအလုံးစုံကို ကျွန်ုပ်တို့ ယခု ရရှိပြီးလျှင်၊

သူ၏ချစ်ခြင်းမေတ္တာတွင် ကျွန်ုပ်တို့ ပျော်ရွှင်မြူးထူးကြသည်၊

ဤသည်မှာ ဘုရားသခင်၏ ကျေးဇူးတော်ပင်။

သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။

ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။

ကောင်းကင်နှင့်မြေကြီး ဝမ်းမြောက်လော့။

ဝမ်းမြောက်လော့။ လသည် ပြုံးရွှင်၊ ကြယ်တို့ ကခုန်ပြီးလျှင် သစ်ပင်တို့ထက်က

ငှက်အပေါင်း မြည်တွန်လျက်သာ နေကြသည်။

မဆုံးနိုင်သော ကျေးဇူးချီးမွမ်းခြင်းနှင့်အတူ ယခု အသက်တာသစ်ကို ကျွန်ုပ်တို့နေထိုင်ကြ။

ကျွန်ုပ်တို့၏ တာဝန်ကို သစ္စာရှိစွာ ထမ်းဆောင်ကာ

သမ္မာတရားကို လိုက်စားပြီး ဘုရားသခင်ကို သက်သေခံ။

ဖြောင့်မတ်သောနိုင်ငံတော် တည်ပြီ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် ကမ္ဘာပေါ်တွင် အုပ်စိုးသည်။

ဖိနှိပ်မှု၊ ဆင်းရဲဒုက္ခများကို ကျွန်ုပ်တို့ ဖြတ်သန်းလာရပြီ၊

အဆင်းနီသောနဂါးကြီးကို ကျွန်ုပ်တို့ စိတ်နှလုံးအကြွင်းမဲ့ မုန်းတီးသည်။

ခရစ်တော်နောက် အစဉ်လိုက်လျှောက်ဖို့ ကျွန်ုပ်တို့ စွဲမြဲခိုင်မာစွာ စိတ်ပိုင်းဖြတ်သည်။

တစ်လောကလုံးအား ဘုရား၏ နှုတ်ကပတ်တော်များ သိမ်းပိုက်ခဲ့ပြီ။

လူမျိုးအပေါင်းတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ကြသည်။

သူ၏ ချီးမွမ်းခြင်းများကို ကျွန်ုပ်တို့ သီဆိုကြသည်။

သူ့ကို ချီးမွမ်းလော့၊ ချီးမွမ်းခြင်းအလုံးစုံ သူ့အတွက်ပေ၊ ဝမ်းမြောက်မှုဖြင့် အားလုံးကခုန်နေ။

ထို့ပြင် သူ၏ ပလ္လင်တော်တစ်ဝိုက် ကျွန်ုပ်တို့ ကခုန်ကြပေ။

အောင်မြင်သောသူများ အုပ်စုတစ်စုကို ဘုရားသခင် စုံလင်စေပြီ။

ဘုရားသခင်၏ ကြီးမြတ်သောအမှု အလျှင်းအောင်မြင်သည်။

စာတန်နတ်ဆိုးကို သူ လုံးလုံးအရှက်ရစေပြီ။

ဘုရားသခင်၏ အလိုတော်သည် ကောင်းကင်မှာကဲ့သို့ မြေကြီးပေါ်မှာ ပြည့်စုံပြီ။

ဘုရားသခင်၏ လူတို့အားလုံး သူ့ကို သက်သေခံကြသည်။

ယခု သူ၏ နိုင်ငံတော်သည် ကမ္ဘာမြေပေါ်တွင် အပြည့်အဝ ဖြစ်ပေါ်လာပြီ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။