ယုံကြည်သူများသည် ဘုရား၏ခြေလှမ်းများကိုထပ်ကြပ်မကွာ လိုက်လျှောက်သင့်၏ကျူး

28.04.2020

လူသားသည် ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊

သူသည် ဘုရားသခင်၏ ခြေလှမ်းများကို အနီးကပ်၊တစ်လှမ်းပြီး တစ်လှမ်း၊ လိုက်လျှောက်သင့်သည်။

သူသည် “သိုးသငယ်သွားလေရာရာ အရပ်သို့နောက်တော်၌ လိုက်သောသူ” ဖြစ်သင့်သည်။

ဤကဲ့သို့သော လူများသာလျှင် မှန်သောလမ်းကြောင်းကို ရှာဖွေသူ၊

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသိသောသူများသာ ဖြစ်ကြသည်။

စကားလုံးများနှင့် အယူဝါဒများကို စုံမှိတ်ပြီးလိုက်လျှောက်သော လူတို့သည် သန့်ရှင်းသော

ဝိညာဉ်တော် အလုပ်၏ ပယ်ရှားခြင်းကိုခံရသည့် သူများဖြစ်ကြသည်။

အချိန်ကာလ တစ်ခုစီအတွင်းတွင်၊

ဘုရားသခင်သည် အလုပ်သစ်ကို စတင်လိမ့်မည်။

ထို့နောက် အချိန်ကာလတစ်ခုစီ အတွင်းတွင်၊

လူသားများအကြား အသစ်သော စတင်မှု တစ်ခုရှိလိမ့်မည်။

ခေတ်တစ်ခုအတွက်သာ အကျိုးသက်ရောက်မှုရှိသည့်

“ယေဟောဝါသည် ဘုရားသခင်ဖြစ်သည်”နှင့် “ယေရှုသည် ခရစ်တော်ဖြစ်သည်”

ဟူသည့် အမှန်တရားများကိုသာ လူသားက လိုက်နာနေပါက၊

လူသားသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုဘယ်သောအခါမျှ အမီလိုက်နိုင်မည် မဟုတ်ဘဲ၊

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုထာဝရ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

သိုးသငယ်၏ ခြေလှမ်းများကို အဆုံးတိုင် လိုက်လျှောက်သည့်

ထိုသူများသာလျှင် နောက်ဆုံး ကောင်းချီးကို ရရှိနိုင်သည်။

အဆုံးထိတိုင် လိုက်မလျှောက်သော သူတို့၊

သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုအမီမလိုက်သောသူတို့နှင့်၊

ဟောင်းသောအလုပ်ကို ဖက်တွယ်သူတို့သည်ဘုရားသခင်အား သစ္စာရှိခြင်း မရှိသည့်အပြင်၊

ဆန့်ကျက်ဘက်ဖြစ်သည့်၊ဘုရားသခင်ကို ဆန့်ကျင်သူများဖြစ်လာကာ၊

သူတို့သည် အပြစ်ဒဏ်ပေးခြင်းခံရမည့်သူ၊

ခေတ်သစ်က ငြင်းပယ်ခြင်းကိုခံရသည့်သူများ ဖြစ်လာကြသည်။

သူတို့ထက်ပိုပြီး သနားဂရုဏာသက်စရာတစ်စုံတစ်ရာ ရှိသေးသလော။

ပညတ်တော်ကို စုံမှိတ်ပြီး လိုက်နာသည့်ထိုသူများ အားလုံးသည်

ပညတ်တော်အပေါ် အဆုံးစွန် သစ္စာရှိပြကြသည်။

သူတို့သည် ပညတ်တော်အပေါ် ထိုသို့ပိုပြီး သစ္စာရှိပြလေ၊

သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်သည့်ပုန်ကန်သူများ ပိုဖြစ်လေပင် ဖြစ်သည်။

အကြောင်းမှာ ယခုသည် နိုင်ငံတော်ခေတ်ဖြစ်ပြီးပညတ်တော်ခေတ်မဟုတ်ပေ၊

ယနေ့အလုပ်ကို ယခင်ကအလုပ်နှင့် ယှဉ်၍ မရပေ၊

ထို့အတူ ယခင်က အလုပ်ကိုလည်းယနေ့အလုပ်နှင့် နှိုင်းယှဉ်၍ မရပေ။

ဘုရားသခင်၏ အလုပ်သည် ပြောင်းလဲခဲ့ပြီး၊

လူသား၏ လက်တွေ့ လုပ်ဆောင်မှုသည်လည်းပြောင်းလဲခဲ့ပြီ ဖြစ်သည်။

ပညတ်တော်ကို ကိုင်စွဲထားရန် သို့မဟုတ်လက်ဝါးကပ်တိုင်ကို ထမ်းထားရန် မဟုတ်တော့ပါ။

ထို့ကြောင့် ပညတ်တော်နှင့် လက်ဝါးကပ်တိုင်ကိုလူတို့၏ သစ္စာရှိမှုသည်

ဘုရားသခင်၏ ထောက်ခံမှုကို ရရှိမည် မဟုတ်ပေ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။