အသင်းတော် အသက်တာဆိုင်ရာ တိုက်ရိုက်သတင်းပေးပို့ချက်၊ အပိုင်း ၃၁ : မိုဇမ်ဘစ်နိုင်ငံ၊ မာပူတိုမြို့ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်မှ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ- မိမိ၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများကို ရှင်းရှင်းလင်းလင်း မြင်တွေ့ပြီး မိမိကိုယ်ကို အမှန်တကယ် သိကျွမ်းခြင်း
16.09.2026
မိုဇမ်ဘစ်နိုင်ငံ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်က ညီအစ်ကိုမောင်နှမတွေဟာ ဘုရားနှုတ်ကပတ်တော်ရဲ့ ရေလောင်းခြင်းနဲ့ ထောက်ပံ့မှုကြောင့် သမ္မာတရားတချို့ကို နားလည်လာခဲ့ကြပါတယ်။ သခင့်ကို ယုံကြည်သူတွေဟာ အပြစ်တွေ ခွင့်လွှတ်ခံရပြီးနောက်မှာတောင် သူတို့ရဲ့ အပြစ်ရှိတဲ့ သဘာဝ ချည်နှောင်မှုကို ဘာကြောင့် ဆက်ခံနေရဆဲလဲဆိုတဲ့ အရင်းအမြစ်ကို သူတို့ သဘောပေါက်လာရုံသာမကဘဲ နောက်ဆုံးသောကာလ ခရစ်တော်ရဲ့ တရားပလ္လင်ရှေ့က တရားစီရင်မှုကို လက်ခံမှသာ သူတို့ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေ သန့်စင်ခံရပြီး ကောင်းကင်နိုင်ငံတော်ထဲ ခေါ်ဆောင်ခံရဖို့ အခွင့်ရနိုင်မယ်ဆိုတာကိုပါ နားလည်လာခဲ့ကြပါတယ်။ ဘုရားနှုတ်ကပတ်တော်ရဲ့ လမ်းပြမှုအောက်မှာ လူတိုင်းဟာ ကိုယ့်ရဲ့ ဖောက်ပြန်ပျက်စီးတဲ့ စိတ်သဘောထားတွေကို နားလည်မှုတချို့ ရှိလာပြီး ဘုရားသခင်ရဲ့ မျက်မှောက်တော်နဲ့ သန့်ရှင်းသော ဝိညာဉ်တော် ပေးသနားတဲ့ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ကို ပျော်မွေ့ခံစားခဲ့ကြပါတယ်။ သူတို့ရဲ့ တောက်ပတဲ့ အပြုံးတွေ၊ စင်ကြယ်ပြီး ရိုးသားတဲ့ စိတ်နှလုံးတွေနဲ့ သူတို့ရဲ့ တက်ကြွတဲ့ အသင်းတော် အသက်တာက အင်မတန် နက်နက်ရှိုင်းရှိုင်း စွဲမှတ်သွားစေခဲ့ပါတယ်။
00:31 အသားပေးပြသချက်များ
01:04 အစီအစဉ်မှူး၏ မိတ်ဆက်ခြင်း
04:30 အက- “ဘုရားသခင်နောက် ကျွန်ုပ်တို့လိုက်လျှောက်သောအခါ လမ်းခရီးသည် အမြဲပို၍တောက်ပလာ”
07:05 ဆုတောင်းခြင်း
07:27 အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုပြီး နားလည်သဘောပေါက်မှုကို မျှဝေခြင်း
18:27 ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေး သီဆိုခြင်း- “ဘုရားသခင်ကို ချစ်သောသူတို့သည် မင်္ဂလာရှိ၏”
24:42 ညီအစ်ကို ပက်ထရီစီယိုက သူ့အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေခြင်း- ရိုးသားသည့် သူတစ်ဦးဖြစ်ဖို့ ကျွန်ုပ် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း
46:50 ညီအစ်မ လော်ရာက သူ့အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မျှဝေခြင်း- ကျွန်ုပ် အရမ်း မာနထောင်လွှားနေကြောင်း သဘောပေါက်ခဲ့သည်
01:08:29 ဘုရားသခင်၏ နှုတ်ကပတ်တော် ဓမ္မတေး သီဆိုခြင်း- “လူသားမျိုးနွယ် သမ္မာတရား လိုက်စားပြီး အသက်ရှင်ကျန်ရစ်ရန် ဘုရားသခင် မျှော်လင့်”
01:10:53 ဆုတောင်းခြင်း
01:11:44 အစီအစဉ်မှူး၏ နိဂုံးချုပ်မှတ်ချက်များ
အခြား ဗီဒီယိုအမျိုးအစားများ