ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- ဘုရားသခင်ကို သိမြင်ခြင်း | ကောက်နုတ်ချက် ၇၈

07.03.2021

ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်အကဲဖြတ်ခြင်း

ရှင်မာကု ၃:၂၁-၂၂ ကိုယ်တော်၏ အဆွေအမျိုးတို့သည်ကြားလျှင်၊ သူသည် အရူးဖြစ်၏ဟုဆို၍ ကိုယ်တော်ကို ဖမ်းဆီးခြင်းငှါ ထွက်သွားကြ၏။ ယေရုရှလင်မြို့မှလာသော ကျမ်းပြုဆရာတို့ကလည်း၊ သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။

ဖာရိရှဲများကို ယေရှုပြင်းထန်စွာ ပြစ်တင်ဝေဖန်ခြင်း

ရှင်မဿဲ ၁၂:၃၁-၃၂ ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့်လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။ လူသားကို နှုတ်ဖြင့်ပြစ်မှားသောသူ၏အပြစ်ကိုလည်း လွှတ်နိုင်၏။ သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။

ရှင်မဿဲ ၂၃:၁၃-၁၅ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကို လူတို့ရှေ့မှာပိတ်ထား၍ မိမိတို့လည်းမဝင်၊ ဝင်လိုသောသူတို့ကိုလည်း ဆီးတားကြ၏။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ မုဆိုးမအိမ်ကို လုယူသိမ်းစား၍၊ အပြစ်မပေါ်စေခြင်းငှါ ရှည်စွာသော ပဌနာစကားကို ရွတ်တတ်ကြ၏။ ထို့ကြောင့် သာ၍ ကြီးစွာသော ဒဏ်ကိုခံရကြလတံ့။ လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ လူတယောက်ကိုပင် ဘာသာသွင်းခြင်းငှါ ကုန်းကြောင်းရေကြောင်းပတ်ပတ်လှည့်လည်၍ ဘာသာသွင်းပြီးသောသူကိုလည်း၊ မိမိတို့ထက် နှစ်ဆသောငရဲသားဖြစ်စေကြ၏။

အပေါ်မှာ ခွဲထားသော စာပိုဒ်နှစ်ပိုဒ်ရှိသည်။ ပထမတစ်ခုကို အရင်ကြည့်ကြစို့။ ယေရှုအပေါ် ဖာရိရှဲတို့၏ ဝေဖန်အကဲဖြတ်ခြင်း။

သမ္မာကျမ်းစာမှာ ယေရှုကိုယ်တိုင်အပေါ် ဖာရိရှဲတို့၏ သုံးသပ်ချက်နှင့် သူလုပ်ဆောင်ခဲ့သော အရာတို့က- “သူသည် အရူးဖြစ်၏ဟုဆို၍...သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏။ နတ်ဆိုးမင်းကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်သည်ဟု ဆိုကြ၏။” (ရှင်မာကု ၃:၂၁-၂၂) ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ သခင်ယေရှုအပေါ် ဝေဖန်အကဲဖြတ်ခြင်းက သံယောင်လိုက်နေခြင်း၊ သို့မဟုတ် လျှောက်စဉ်းစားခြင်းမဟုတ်ပေ။ သူ့အပြုအမူတို့အပေါ်မှာ သူတို့ မြင်ရ ကြားရခြင်းတို့မှလာသော သခင်ယေရှုအပေါ် သူတို့၏ ကောက်ချက်ချခြင်းဖြစ်သည်။ သူတို့၏ ကောက်ချက်က အပေါ်ယံအားဖြင့် တရားမျှတမှုနှင့် ပြုလုပ်ထားပြီး ခိုင်မာသည်ဟု လူတို့ထင်ရသော်လည်း သခင်ယေရှုကို သူတို့ အကဲဖြတ်ဝေဖန်သော မာနကြီးခြင်းက သူတို့အတွက်ပင် ခံယူရန် ခက်ခဲသည်။ သခင်ယေရှုအပေါ် သူတို့၏ ထိန်းမနိုင်သိမ်းမရသော အမုန်းစွမ်းအားတို့မှာ သူတို့၏ ကိုယ်ပိုင် ကြမ်းတမ်းသောရည်ရွယ်ချက်တို့၊ သူတို့၏ ဆိုးယုတ်သော စာတန်သဘောပါဝင်သော မျက်နှာရိပ်မျက်နှာကဲတို့နှင့် ဘုရားသခင်ကို ဆန့်ကျင်သော သူတို့၏ မလိုမုန်းထားသော အကျင့်စရိုက်တို့ကို ထုတ်ဖော်ပြသနေသည်။ သခင်ယေရှုအပေါ် သူတို့၏ အကဲဖြတ်ဝေဖန်ခြင်းမှာ သူတို့ပြောသောအရာတို့သည် သူတို့၏ ကြမ်းတမ်းသော ရည်ရွယ်ချက်တို့၊ မနာလိုမှု၊ ဘုရားသခင်နှင့် သမ္မာတရားအပေါ် သူတို့၏ ရန်လိုမှု၏ ဆိုးသွမ်းပြီး မလိုမုန်းထားသော အကျင့်စရိုက်တို့အားဖြင့် တွန်းအားပေးခြင်းခံရသည်။ သခင်ယေရှု၏ အပြုအမူတို့၏ အရင်းအမြစ်ကို သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်သကဲ့သို့ သူပြောခဲ့၊ လုပ်ခဲ့သမျှတို့၏ အနှစ်သာရကိုလည်း သူတို့ စုံစမ်းစစ်ဆေးခြင်း မပြုလုပ်ခဲ့ပေ။ သို့သော်လည်း သူတို့သည် သူလုပ်ဆောင်ခဲ့သောအရာတို့ကို မစဉ်းမစားဘဲနှင့်၊ စိတ်မရှည်စွာနှင့်၊ ရူးသွပ်စွာနှင့်၊ တမင် အန္တရာယ်ပြုသော တိုက်ခိုက်ခြင်းတို့နှင့် နှိမ်ချခြင်းတို့ပြုလုပ်ခဲ့သည်။ ၎င်းသည် သူ၏ဝိညာဉ်တော်ဖြစ်သော သန့်ရှင်းသော ဝိညာဉ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို လက်လွတ်စပယ်နှင့် နှိမ်ချခြင်းအဆင့်ထိရောက်နေသည်။ “သူသည် အရူးဖြစ်၏”၊ “သူသည် ဗေလဇေဗုလ စွဲသောသူဖြစ်၏” နှင့် “နတ်ဆိုးမင်း” ဟု သူတို့ပြောသည်မှာ ဤသည်ကို သူတို့ဆိုလိုခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဗေလဇေဗုလဖြစ်ပြီး နတ်ဆိုးမင်းဖြစ်သည်ဟု သူတို့ပြောခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်က လွှမ်းခြုံထားသော ဇာတိခန္ဓာ၏ လုပ်ဆောင်မှုကို ရူးသွပ်ခြင်းဟု သူတို့က ဖော်ဆောင်ခဲ့သည်။ ဘုရားသခင်၏ ဝိညာဉ်တော်ကို ဗေလဇေဗုလအဖြစ်၊ နတ်ဆိုးမင်းအဖြစ် စော်ကားခဲ့ရုံမက ဘုရားသခင်၏ အလုပ်ကို သူတို့ ရှုတ်ချခဲ့သည်။ သခင်ယေရှုကို၊ ခရစ်တော်ကို သူတို့ ရှုတ်ချပြီး ထိခိုက်စော်ကားခဲ့ကြသည်။ သူတို့၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်း၏ အနှစ်သာရက စာတန်၏ အနှစ်သာရနှင့် ဘုရားသခင်ပေါ် နတ်ဆိုး၏ ဆန့်ကျင်ခြင်းနှင့် ထိပါးစော်ကားခြင်းတို့နှင့် လုံးဝ အတူတူပင်ဖြစ်သည်။ သူတို့သည် ဖောက်ပြန်ပျက်စီးသော လူသားတို့ကို ကိုယ်စားပြုရုံတင်မကဘဲ စာတန်၏ အသွင်ဆောင်သူတို့ဖြစ်ကြသည်။ သူတို့သည် လူသားမျိုးနွယ်ကြားထဲ၌ စာတန်အတွက် လမ်းကြောင်းတစ်ခုဖြစ်သည်။ သူတို့သည် စာတန်၏ ကြံရာပါများ၊ လက်ပါးစေများ ဖြစ်ကြသည်။ သခင်ယေရှုခရစ်တော်အပေါ် သူတို့၏ ထိပါးစော်ကားခြင်းနှင့် ရှုတ်ချမှု၏ အနှစ်သာရသည် အဆင့်အတန်းအတွက် ဘုရားသခင်အပေါ် သူတို့၏ ရုန်းကန်ကြိုးစားခြင်း၊ ဘုရားသခင်နှင့် ယှဉ်ပြိုင်ခြင်း၊ ဘုရားသခင်ကို အဆက်မပြတ် စမ်းသပ်ခြင်းတို့ဖြစ်ကြသည်။ ဘုရားသခင်အပေါ် သူတို့ဆန့်ကျင်ခြင်း၏ အနှစ်သာရနှင့် သူ့အပေါ် ရန်လိုသော သူတို့၏ သဘောထားနှင့် သူတို့၏စကားလုံးများ၊ သူတို့၏ အတွေးများသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို တိုက်ရိုက် ထိပါးစော်ကားပြီး အမျက်ထွက်စေသည်။ ထို့ကြောင့် ဘုရားသခင်သည် သူတို့ပြောခဲ့ခြင်း၊ လုပ်ခဲ့ခြင်းအပေါ်မှာ ကျိုးကြောင်းသင့်မြတ်သော တရားစီရင်မှုကို သတ်မှတ်ခဲ့သည်။ သူတို့၏လုပ်ဆောင်ချက်တို့ကို သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်စော်ကားသော အပြစ်တရားအဖြစ် သတ်မှတ်ခဲ့သည်။ ဤအပြစ်သည် ဤဘ၀နှင့် တမလွန်ဘဝ နှစ်ခုလုံး၌ ခွင့်လွှတ်၍မရပေ၊ အောက်ပါကျမ်းပိုဒ်၌ ပြောထားသကဲ့သို့ပင်ဖြစ်သည်၊ “...ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ” နှင့် “...သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” ယနေ့ ဘုရားသခင်ထံမှလာသော ဤနှုတ်ကပတ်တော် “ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်” တို့၏ တကယ့်အဓိပ္ပာယ်အကြောင်းကို ပြောကြစို့။ တစ်နည်းအားဖြင့်ဆိုသော် “ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်” ဟူသော နှုတ်ကပတ်တော်တို့ကို ဘုရားသခင်က မည်ကဲ့သို့ပြည့်စုံစေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ကြစို့။

ငါတို့ပြောသောအကြောင်းအရာတိုင်းက ဘုရားသခင်၏ စိတ်သဘောထား၊ လူတို့အပေါ်၊ အကြောင်းကိစ္စများနှင့် အမှုအရာများအပေါ် သူ၏သဘောထားနှင့် သက်ဆိုင်သည်။ သဘောတရားအားဖြင့် အပေါ်မှာရှိသော စာပိုဒ်နှစ်ပိုဒ်က ခြွင်းချက်တို့ မဟုတ်ပေ။ ကျမ်းစာ၏ ဤစာပိုဒ်နှစ်ပိုဒ်ထဲ၌ သင်တို့ တစ်ခုခု သတိပြုမိကြသလော။ တချို့လူတို့က သူတို့ ဘုရားသခင်၏ အမျက်ဒေါသကို မြင်သည်ဟု ပြောသည်။ တချို့လူတို့က လူသားမျိုးနွယ်၏ ထိပါးစော်ကားမှုကို သည်းမခံသော၊ လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသော အရာတစ်ခုခုလုပ်လျှင် သူ၏ ခွင့်လွှတ်ခြင်းကို မရနိုင်သော၊ ဘုရားသခင်၏ စိတ်သဘောထားကိုမြင်သည်ဟု ပြောသည်။ လူတို့က ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ အမျက်ဒေါသနှင့် လူသားမျိုးနွယ်၏ စော်ကားခြင်းကို သည်းမခံခြင်းကိုမြင်ပြီး သိမြင်သော်လည်း သူ့သဘောထားကို သူတို့ အမှန်တကယ်နားမလည်သေးချေ။ ဤစာပိုဒ်နှစ်ခုမှာ ဘုရားသခင်၏ စစ်မှန်သောသဘောနှင့် ပတ်သက်ခြင်းရှိနေပြီး သူ့ကို ထိပါးစော်ကားပြီး အမျက်ထွက်စေသော သူတို့ဆီသို့ ချဉ်းကပ်ထားသည်။ ကျမ်းစာမှာရှိသော ဤစာပိုဒ်က သူ့သဘောထားနှင့် ချဉ်းကပ်ပုံ၏ စစ်မှန်သော အဓိပ္ပာယ်ပါဝင်နေသည်။ “သန့်ရှင်းသောဝိညာဉ်တော်ကို နှုတ်ဖြင့် ပြစ်မှားသောသူ၏အပြစ်ကို ယခုဘဝနောင်ဘဝ၌ မလွှတ်နိုင်။” လူတို့က ဘုရားသခင်ကို ထိပါးစော်ကားသောအခါ၌၊ သူ့ကို အမျက်ထွက်စေသောအခါ၌၊ သူသည် ဆုံးဖြတ်ချက်တစ်ခုကို ထုတ်ပြန်သည်။ ဤဆုံးဖြတ်ချက်က သူထုတ်ပြန်သော ရလဒ်တစ်ခုဖြစ်၏။ ဤသည်ကို သမ္မာကျမ်းစာထဲ၌ ဤကဲ့သို့ဖော်ပြထားသည်။ “ထို့ကြောင့် ငါဆိုသည်ကား၊ ပြစ်မှားသောအပြစ်၊ ဘုရားကိုကဲ့ရဲ့သောအပြစ်အမျိုးမျိုးတို့နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် ရနိုင်ကြ၏။ ဝိညာဉ်တော်ကို ကဲ့ရဲ့သောအပြစ်နှင့် လွတ်စေခြင်းအခွင့်ကို လူတို့သည် မရနိုင်ကြ။” (ရှင်မဿဲ ၁၂:၃၁) နှင့် “လျှို့ဝှက်သောကျမ်းပြုဆရာ၊ ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။” (ရှင်မဿဲ ၂၃:၁၃) သို့သော်လည်း ဤကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့၏ ရလဒ်နှင့် သခင်ယေရှုက ဤအရာတို့ကို ပြောပြီးနောက်မှာ သူသည် အရူးဖြစ်သည်ဟု ပြောသောလူတို့၏ ရလဒ်က ဘာဆိုသည်ကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားသလော။ သူတို့ ပြစ်ဒဏ်တစ်ခုခု ခံကြရသည်ဟု မှတ်တမ်းတင်ထားသလော။ မှတ်တမ်းတင်ထားခြင်းမရှိဘူးဆိုသည်မှာ သေချာ၏။ မှတ်တမ်းတင်မထားပေ၊ မရှိပေဟု ပြောသော်လည်း အမှန်တကယ်တွင်မူ လူမျက်လုံးနှင့် မြင်နိုင်သော ရလဒ်မရှိချေ။ ဤ “မရှိချေ” ဆိုသည်မှာ ကိစ္စတစ်ရပ်ကို ရှင်းလင်းပေးသည်။ ဘုရားသခင်၏ သဘောထားနှင့် တချို့အရာတို့ကို ကိုင်တွယ်ရာမှာ အခြေခံသဘောတရားတို့ကို ရှင်းလင်းပေးသည်။ သူ့ကို ထိပါးစော်ကားသောသူ၊ သို့မဟုတ် ဆန့်ကျင်သောသူ၊ သို့မဟုတ် သူ့ကိုမကောင်းပြောသောသူ၊ သူ့ကို တမင်သက်သက် တိုက်ခိုက်၊ မကောင်းပြော၊ ကျိန်ဆဲသောသူအပေါ် ဘုရားသခင်၏ ဆက်ဆံပုံက၊ သူသည် မမြင်ချင်ယောင်၊ မသိချင်ယောင်မဆောင်ပေ။ သူတို့အပေါ်မှာ ရှင်းလင်းသောသဘောထားတစ်ခု သူ့မှာရှိသည်။ ဤလူတို့ကို သူ စက်ဆုပ်ရွံရှာသည်။ သူ့နှလုံးသားမှာ သူတို့ကို ရှုတ်ချသည်။ သူ့ကို ထိခိုက်စော်ကားသောသူတို့အပေါ်မှာ ရှင်းလင်းပြတ်သားသော သဘောထားရှိသည်ဆိုသည်ကို လူတို့သိရန်၊ သူတို့၏ရလဒ်တို့ကို သူမည်ကဲ့သို့သတ်မှတ်မည်ဆိုသည်ကို သူတို့သိရန်အတွက် သူတို့အတွက် ရလဒ်ကိုပင်လျှင် ပွင့်ပွင့်လင်းလင်းကြေညာသည်။ သို့သော်လည်း ဘုရားသခင်က ၎င်းတို့ကို ပြောပြီးနောက်မှာ လူတို့သည် ဘုရားသခင်က ဤလူတို့ကို မည်ကဲ့သို့ကိုင်တွယ်မည်ဆိုသည်နှင့်ပတ်သက်ပြီး အမှန်တရားကို မမြင်နိုင်ကြသေးပေ။ ဘုရားသခင်၏ အကျိုးဆက်နောက်က အခြေခံသဘောတရားတို့နှင့်၊ သူတို့အတွက် သူ၏ ဆုံးဖြတ်ချက်ကို သူတို့ နားမလည်နိုင်ပေ။ ဆိုလိုသည်မှာ လူသားမျိုးနွယ်သည် ဘုရားသခင်က သူတို့ကိုင်တွယ်ရန်အတွက် နည်းလမ်းတို့နှင့် သီးသန့်သဘောထားတို့ကို မမြင်နိုင်ကြပေ။ ၎င်းသည် အမှုအရာတို့ကို လုပ်ဆောင်သည်နှင့် ပတ်သက်သော ဘုရားသခင်၏ နိယာမတို့နှင့် သက်ဆိုင်သည်။ တချို့လူတို့၏ ဆိုးယုတ်သော အပြုအမူကို ကိုင်တွယ်ရန် အမှန်တရား၏ ထွန်းကားလာမှုကို ဘုရားသခင် အသုံးပြုသည်။ ဆိုလိုသည်မှာ သူတို့၏အပြစ်တရားကို သူမကြေညာပေ။ သူတို့၏ အကျိုးရလဒ်ကို မသတ်မှတ်ပေ။ သို့သော်လည်း သူတို့ကို အပြစ်ဒဏ်ခတ်ရန်အတွက်၊ သူတို့၏ ပြစ်ဒဏ်ခံရရန်အတွက် အမှန်တရား၏ ထွန်းကားလာမှုကို သူ တိုက်ရိုက်အသုံးပြုသည်။ ဤအမှန်တရားတို့ ဖြစ်ပျက်သောအခါ အပြစ်ဒဏ်ကို ခံစားရခြင်းက လူတို့၏ ဇာတိဖြစ်သည်။ လူ့မျက်စိနှင့် မြင်နိုင်သော အရာတို့ပင်ဖြစ်သည်။ တချို့လူတို့၏ ဆိုးယုတ်သော အပြုအမူတို့ကို ကိုင်တွယ်သောအခါ ဘုရားသခင်က သူတို့ကို စကားလုံးတို့နှင့် ကျိန်ဆဲသည်။ သို့သော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ အမျက်ဒေါသက သူတို့အပေါ်ကို ကျရောက်လာပြီး သူတို့ရရှိသောအပြစ်ဒဏ်က လူတို့မမြင်နိုင်သော အရာဖြစ်နိုင်သည်။ သို့သော်လည်း ဤကဲ့သို့ရလဒ်မျိုးက လူတို့မြင်နိုင်သော အပြစ်ဒဏ်ခတ်ခြင်း၊ သို့မဟုတ် အဆုံးစီရင်ခံရခြင်း ရလဒ်ထက် ပို၍ပင် ပြင်းထန်နိုင်သည်။ ၎င်းသည် ဘုရားသခင်က ဤကဲ့သို့လူမျိုးကို မကယ်တင်ရန်၊ သနားကြင်နာမှု မပြသတော့ရန်၊ သို့မဟုတ် သူတို့အတွက် သည်းမခံတော့ရန်၊ သူတို့ကို အခွင့်အရေးထပ် မပေးတော့ရန် သတ်မှတ်ထားသော အခြေအနေအောက်၌ သူတို့အပေါ်မှာ သူထားရှိသော သဘောထားက သူတို့ကို ဘေးဖယ်ထားရန်အတွက်ဖြစ်သောကြောင့်ဖြစ်၏။ “ဘေးဖယ်” ဆိုသော အဓိပ္ပာယ်က အဘယ်နည်း။ ဤဝေါဟာရ၏ အဓိပ္ပာယ်ကိုယ်၌က တစ်ခုခုကို တစ်ဖက်ဖက်မှာ ထားရန်၊ အာရုံမစိုက်တော့ရန် ဖြစ်သည်။ ဤနေရာမှာ ဘုရားသခင်က “တစ်စုံတစ်ယောက်ကို ဘေးဖယ်” လိုက်သောအခါ သူ၏ မတူညီသော အဓိပ္ပာယ်နှစ်မျိုးရှိသည်။ ပထမရှင်းပြချက်က သူသည် ထိုလူ၏ အသက်၊ ထိုလူ၏ အရာရာတိုင်းကို စာတန်ကို ကိုင်တွယ်ရန် ပေးအပ်လိုက်သည်ဆိုခြင်းဖြစ်သည်။ ဘုရားသခင်က တာဝန်ရှိမည်မဟုတ်တော့ဘဲ စီမံခန့်ခွဲမည် မဟုတ်တော့ချေ။ ဤလူက ရူးသွားပါစေ၊ သို့မဟုတ် မိုက်မဲပါစေ၊ အသက်ရှင်ချိန်၊ သို့မဟုတ် သေသောအချိန်မှာဖြစ်ပါစေ၊ သို့မဟုတ် သူတို့၏ အပြစ်ဒဏ်အတွက် ငရဲကို သက်ဆင်းသွားပါစေ၊ ဘုရားသခင်နှင့် ဘာမျှ မသက်ဆိုင်တော့ပေ။ ဤဖန်ဆင်းခံသည် ဖန်ဆင်းရှင်နှင့် ဆက်စပ်မှုမရှိတော့ဘူးဟု ဆိုလိုသည်။ ဒုတိယ ရှင်းပြချက်က ဘုရားသခင်သည် သူကိုယ်တိုင် သူ၏လက်နှင့် ဤလူကို တစ်ခုခုပြုလုပ်ရန် ဆုံးဖြတ်ထားသည်။ ဤကဲ့သို့လူမျိုး၏ အစေခံခြင်းကို သူအသုံးချရန် ဖြစ်နိုင်သည်။ သို့မဟုတ် ဤလူမျိုးကို အဖြည့်ခံတစ်ခုအနေနှင့် အသုံးချရန်ဖြစ်နိုင်သည်။ ဤကဲ့သို့လူမျိုးကို ကိုင်တွယ်ရန် သူ့၌ အထူးနည်းလမ်းတစ်ခု၊ သူတို့ကို ဆက်ဆံရန် အထူးနည်းလမ်းတစ်ခုရှိရန် ဖြစ်နိုင်သည်။ ရှင်ပေါလုကဲ့သို့ဖြစ်သည်။ ၎င်းသည် ဤကဲ့သို့လူမျိုးကို ကိုင်တွယ်ရန် သူမည်ကဲ့သို့ သတ်မှတ်ထားသည်ဆိုသော ဘုရားသခင်၏ နှလုံးသားမှာရှိသော သဘောထားနှင့် အခြေခံစည်းမျဉ်းဖြစ်သည်။ ထို့ကြောင့် လူတို့က ဘုရားသခင်ကို ဆန့်ကျင်သောအခါ၊ မကောင်းပြောသောအခါ၊ သူ့ကို ထိပါးစော်ကားသောအခါ၊ သူ၏ စိတ်သဘောထားကို နှောင့်ယှက်လျှင်၊ သို့မဟုတ် ဘုရားသခင်၏ နောက်ဆုံးသည်းခံနိုင်စွမ်းအထိရောက်သွားလျှင်၊ အကျိုးဆက်က မတွေးဝံ့စရာဖြစ်သည်။ အပြင်းထန်ဆုံး အကျိုးဆက်က ဘုရားသခင်သည် သူတို့၏ဘဝနှင့် သူတို့၏ အရာရာတိုင်းကို စာတန်ဆီသို့ ထာဝရ လွှဲပြောင်းပေးလိုက်ခြင်းပင်ဖြစ်သည်။ သူတို့ကို ထာဝရ ခွင့်လွှတ်တော့မှာ မဟုတ်တော့ပေ။ ၎င်းက ဤလူသည် စာတန်၏ ပါးစပ်က အစာ၊ သူ့လက်ထဲ၌ ရှိသော ကစားစရာအရုပ် ဖြစ်သွားသည်ဟု ဆိုလိုပြီး ထိုအချိန်မှစပြီး ဘုရားသခင်က သူတို့နှင့် ဘာမျှ မသက်ဆိုင်တော့ပေ။ စာတန်က ယောဘကို ဖြားယောင်းသွေးဆောင်သောအခါ မည်ကဲ့သို့စိတ်ဆင်းရဲမှုမျိုးဖြစ်ခဲ့သနည်းဆိုသည်ကို သင်တို့ စိတ်ကူးကြည့်နိုင်ပါ၏လော။ ယောဘ၏အသက်ကို ထိခိုက်ရန် စာတန်ကို ခွင့်မပြုသော သတ်မှတ်ချက်အောက်မှာ ယောဘသည် ဒုက္ခကို ကြီးစွာ ခံစားရဆဲပင်ဖြစ်သည်။ စာတန်ဆီသို့လုံးဝ လွှဲအပ်ခြင်းခံရသော၊ စာတန်၏ လက်ထဲ၌ လုံးဝကျရောက်နေသော၊ ဘုရားသခင်၏ ဂရုစိုက်မှုနှင့် သနားကြင်နာမှုကို လုံးဝ ဆုံးရှုံးသွားသော၊ ဖန်ဆင်းရှင်၏ အုပ်ချုပ်မှုအောက်မှာ မရှိတော့သော၊ သူ့ကို ကိုးကွယ်ရန် အခွင့်၊ ဘုရားသခင်၏အုပ်ချုပ်မှုအောက်မှာ ရှိသော ဖန်ဆင်းခံဖြစ်ရန်အခွင့်ကို ဖယ်ရှားခံလိုက်ရသော၊ ဖန်ဆင်းခြင်း၏ အရှင်သခင်နှင့် ဆက်ဆံရေးကို လုံးဝ ဖြတ်တောက်ခံလိုက်ရသောသူအပေါ်မှာ ကျရောက်မည့် စာတန်၏ ဖျက်ဆီးခြင်းကို စဉ်းစားကြည့်ရန် ပို၍ပင် မခက်ခဲသလော။ ယောဘကို စာတန်၏ နှိပ်စက်ညှင်းပန်းခြင်းက လူ့မျက်စိနှင့်မြင်နိုင်သော အရာတစ်ခုဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က လူတစ်ယောက်၏ အသက်ကို စာတန်ဆီကို လွှဲပြောင်းပေးလိုက်ပါက အကျိုးဆက်က မည်သူကမျှ စဉ်းစား၍မရနိုင်သော အရာဖြစ်လိမ့်မည်။ နွား၊ သို့မဟုတ် မြည်းအနေနှင့် ပြန်လည်မွေးဖွားလာသောလူတချို့ကဲ့သို့၊ သို့မဟုတ် မသန့်ရှင်းသော ဆိုးယုတ်သော နတ်ဆိုးတို့ဝင်ပူးခြင်းခံရသော လူတို့ကဲ့သို့ စသဖြင့် ဖြစ်လိမ့်မည်။ ၎င်းက ဘုရားသခင်အားဖြင့် စာတန်ဆီသို့ လွှဲပြောင်းပေးခြင်းခံရသော တချို့လူတို့၏ အကျိုးရလဒ်ဖြစ်သည်။ အဆုံးသတ်ဖြစ်သည်။ အပြင်ပန်းမှကြည့်လျှင် သခင်ယေရှုကို လှောင်ပြောင်သော၊ မကောင်းပြောသော၊ ရှုတ်ချသော၊ ထိပါးစော်ကားသော သူတို့သည် မည်သည့်အကျိုးဆက်မျှ မခံစားရဘူးဟု ထင်ရသည်။ သို့သော်လည်း အမှန်တကယ်တွင် ဘုရားသခင်သည် အရာရာတိုင်းကို ကိုင်တွယ်ရန် သဘောထားတစ်ခု ရှိသည်။ လူအမျိုးအစားတိုင်းကို သူမည်ကဲ့သို့ကိုင်တွယ်သည်ဆိုသော အကျိုးဆက်ကို လူတို့ကို ပြောပြရန် ရှင်းလင်းသော ဘာသာစကားကို သူအသုံးပြုချင်မှ ပြုလိမ့်မည်။ တစ်ခါတရံ၌ သူ တိုက်ရိုက် စကားမပြောပေ။ သို့သော်လည်း အကြောင်းကိစ္စတို့ကို တိုက်ရိုက်လုပ်ဆောင်သည်။ သူက ကိစ္စတစ်ခုကို မပြောခြင်းက ရလဒ်မရှိဘူးဟု မဆိုလိုပေ။ ရလဒ်က ပို၍ပင် လေးနက်ရန် ဖြစ်နိုင်သည်။ အပြင်ပန်း အသွင်အပြင်မှကြည့်လျှင် သူ၏သဘောထားကို ဖွင့်ပြရန် လူတချို့ကို ဘုရားသခင်က စကားမပြောဘူးဟု ထင်ရသည်။ အမှန်တကယ်တွင်မူ ဘုရားသခင်က သူတို့ကို အာရုံမစိုက်လိုခဲ့သည်မှာ အတော်ကြာပါပြီ။ သူတို့ကို ဘုရားသခင် ထပ်မတွေ့လိုတော့ပေ။ သူတို့လုပ်ခဲ့သော အရာတို့ကြောင့်၊ သူတို့၏အပြုအမူတို့ကြောင့်၊ သူတို့၏ အကျင့်စရိုက်နှင့် သူတို့၏ အနှစ်သာရတို့ကြောင့်၊ ဘုရားသခင်သည် သူတို့ကို သူ့မြင်ကွင်းမှ ပျောက်သွားရန်ပင် အလိုရှိသည်။ စာတန်လုပ်လိုသမျှလုပ်ရန်အတွက် သူတို့၏ စိတ်ဓာတ်၊ ဝိညာဉ်နှင့် ခန္ဓာကို စာတန်ကိုပေးရန်၊ သူတို့ကို စာတန်ဆီ တိုက်ရိုက်လွှဲပေးလိုက်ချင်သည်။ ဘယ်အတိုင်းအတာထိ ဘုရားသခင်က သူတို့ကို မုန်းသနည်း၊ ဘယ်အတိုင်းအတာအထိ သူတို့ကို ရွံမုန်းသနည်းဆိုသည်မှာ ရှင်းသည်။ ဘုရားသခင်က သူတို့ကို ကြည့်ပင် မကြည့်ချင်လောက်သောအထိ လူတစ်ယောက်က သူ့ကို အမျက်ထွက်စေလျှင်၊ ဘုရားသခင်က သူတို့ကို သူကိုယ်တိုင်ပင် မကိုင်တွယ်ချင်လောက်သောအထိ သူတို့ကို လုံးဝစွန့်လွှတ်လိုက်မည်ဆိုလျှင်၊ စာတန်ကို သူလုပ်လိုသမျှလုပ်ရန်၊ စာတန်ကို ထိန်းချုပ်ခွင့်ပေးရန်၊ ဝါးမျိုခွင့်ပေးရန်၊ အလိုရှိသလို ဆက်ဆံစေရန် ဘုရားသခင်က လွှဲပြောင်းပေးလိုက်သော အဆင့်အထိရောက်လျှင် ဤလူသည် လုံးဝပြီးဆုံးသွားပါပြီ။ သူတို့၏ လူသားဖြစ်ရန် အခွင့်အရေးကို ထာဝရ ရုတ်သိမ်းခံလိုက်ရပါပြီ။ ဖန်ဆင်းခံတစ်ယောက်အနေနှင့် သူတို့၏ အခွင့်အရေးသည် အဆုံးသတ်ကို ရောက်သွားပါပြီ။ ၎င်းသည် အပြင်းထန်ဆုံး အပြစ်ဒဏ် မဟုတ်သလော။

—နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၃)

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။