Christian Dance (ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ချီးမွမ်းလော့)
12.09.2024
၁
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြရန် ကျွန်ုပ်တို့အတူ စုဝေးကြပေ၊
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အမှန်တကယ် မွေ့လျော်ကြပေ။
ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးဖြင့် ဆုတောင်းရင်းဖြင့် ဖတ်ရှုသည်၊ မိတ်သဟာယပြုကြသည်။
ပြီးလျှင် ကျွန်ုပ်တို့သည် စဉ်းစားဆင်ခြင်ကြသည်၊ တွေးဆပြီး ဘုရားသခင်ထံမှ ရှာဖွေကြသည်။
ကျွန်ုပ်တို့သည် ဘုရားသခင်၏နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံသည်၊
သမ္မာတရားကို သိနားလည်ခြင်းသည် အလွန်ပင် ချိုမြိန်သည်ဟု ခံစားရသည်။
ကျွန်ုပ်တို့၏ အသက်စိတ်သဘောထား ပြောင်းလဲမှုကို ကြုံတွေ့ရပြီး
ကျွန်ုပ်တို့က ဘုရားသခင်၏စစ်မှန်သော ချစ်ခြင်းမေတ္တာကို မြည်းစမ်းရပေ။
အသင်းတော် အသက်တာသည် ရောင်စုံတောက်ပပြီး ချီးမွမ်းခြင်းသည် ပုံစံများစွာရှိနိုင်သည်။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို ချီးမွမ်းရာတွင် သီဆိုကခုန်ခြင်း မပြုဘဲ မနေနိုင်ကြပေ၊
ဘုရားသခင်ကို ချီးမွမ်းရာတွင် ကခုန်ကြပေ။
စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် ဘောင်ခတ်ခြင်းများမရှိဘဲ
ရိုးသားစစ်မှန်သော ချီးမွမ်းခြင်းက ကျွန်ုပ်တို့အား ဝမ်းမြောက်စေသည်။
ဘုရားမျက်မှောက်တော်တွင် အသက်ရှင်သန်ခြင်းသည် စစ်မှန်သော ပျော်ရွှင်မှုကို ဆောင်ကြဉ်းပေး၊
ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။
၂
ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ကြရန် ကျွန်ုပ်တို့အတူ စုဝေးကြပေ၊
သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုတော်ကို ကျွန်ုပ်တို့ အမှန်တကယ် မွေ့လျော်ကြပေ။
သက်သေခံချက်များကို ဝေမျှ၍ သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းဖြင့်
ကျွန်ုပ်တို့အသက်ဟာ နေ့စဉ်တိုးတက်လာ။
ကျွန်ုပ်တို့ တစ်ဦးပေါ်တစ်ဦး ချစ်ခင်ကြပြီး သဟဇာတရှိရှိ ပူးပေါင်းလုပ်ဆောင်ကြပေ၊
တစ်စိတ်တစ်ဝမ်းတည်းဖြင့် ကျွန်ုပ်တို့တာဝန်ကို ထမ်းဆောင်ကြပေ။
သမ္မာတရားကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ပြီး ရိုးသားသောသူများဖြစ်ရန် ကြိုးစားကြပေ။
ဘုရားသခင်၏ကောင်းချီးမင်္ဂလာနှင့် ဦးဆောင်မှုတို့ကို ကျွန်ုပ်တို့ မြင်တွေ့ရပေ။
ဘုရားသခင်၏ တရားစီရင်မှုမှတစ်ဆင့် ကျွန်ုပ်တို့ သန့်ရှင်းခံရပြီး
ဘုရားသခင်၏ စိတ်သဘောထားသည် အလွန်ဖြောင့်မတ်ကြောင်း ကျွန်ုပ်တို့ တွေ့မြင်ရပေ။
ကျွန်ုပ်တို့၏ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားပြီး၊ အသစ်ပြုပေ။
ကျွန်ုပ်တို့သည် ရိုးသားသော လူများ၏ပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ကြသည်။
ဘုရားသခင်ကို စိတ်နှလုံးနှင့် ရိုးသားမှုဖြင့် ကျွန်ုပ်တို့ ကိုးကွယ်ကြပေ၊
နိုင်ငံတော်၏အသက်တာသည် အလွန်သုခချမ်းသာနှင့် ပြည့်လေသည်။
ဘုရားသခင်၏ ကယ်တင်ခြင်းသည် အလွန်ကြီးမြတ်သည်ကို မြင်တွေ့လျက်
ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။
၃
ကျွန်ုပ်တို့သည် ဘုရားသခင်နောက်ကို တစ်လျှောက်လုံး လိုက်ပြီးဖြစ်ပေ၊
ကျွန်ုပ်သည် ဆင်းရဲဒုက္ခများစွာ ကြုံတွေ့ရပြီးဖြစ်သည်။
စီစီပီသည် ကျွန်ုပ်တို့ကို သွေးရူးသွေးတန်း ဖိနှိပ်၍ ညှဉ်းပန်းနှိပ်စက်၏
အဆင်းနီသော နဂါးကြီးကို ဆုံးခန်းတိုင် ကျွန်ုပ်မုန်းတီးလေသည်။
ခရစ်တော်သည် အရှက်ခွဲခံရမှုနှင့် ဒုက္ခခံရမှု မျိုးစုံကို ကြံ့ကြံ့ခံပြီး
ဆင်းရဲဒုက္ခတစ်လျှောက် ကျွန်ုပ်တို့နှင့်အတူ လိုက်ပါလာပေး၏။
ဘုရားသခင်ကို ချစ်သော ကျွန်ုပ်တို့၏ စိတ်နှလုံးများသည် ယိမ်းယိုင်မည်မဟုတ်၊
ဤသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၏ လမ်းပြမှုကြောင့် လုံး၀ဖြစ်သည်။
ကျွန်ုပ်တို့၏ကယ်တင်ခြင်းအတွက် ဘုရားသခင်ပေးပြီးဖြစ်သော
ပင်ပန်းကြီးစွာ ကြိုးစားအားထုတ်ထားသော အဖိုးအခကို တိုင်းတာ၍မရပေ။
ဘုရားသခင်က ကျွန်ုပ်တို့ကြား ရှင်သန်နေထိုင်၊
သူဟာ ယနေ့အထိ ကျွန်ုပ်တို့ကို လမ်းပြပေး၊ ယနေ့အထိ လမ်းပြပေး။
ဤလှပသော အချိန်ခါ၊ ဤလှပသော ဘ၀၊ ဤသည်တို့ကို ဘယ်လိုမှ မေ့ဖျောက်၍မရနိုင်ပေ။
ကျွန်ုပ်တို့သည် ဘုရားသခင်ကို အစဉ်ထာဝရ ချစ်ပြီး ကျိုးနွံနာခံမည်။
ဘုရားသခင်ကို ချစ်သော စိတ်နှလုံးဖြင့် ဘုရားသခင်ကို ကျွန်ုပ်တို့ ချီးမွမ်း။
သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။
အခြား ဗီဒီယိုအမျိုးအစားများ