Myanmar Christian Dance (ဘုရားသခင်၏ ကြီးမြတ်သည့် အမှုတော် ပြီးစီးခြင်းကို ချီးမွမ်းလော့)

31.03.2024

နောက်ဆုံးသောကာလတွင် ခရစ်တော်က လူသားမျိုးနွယ်ကို တရားစီရင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုပြီး

နိုင်ငံတော်ခေတ်ဖြစ်သည့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်။

ဘုရားနှုတ်ကပတ်တော်များဖြင့် အရာခပ်သိမ်း အသစ်ပြုပြင်ခြင်းခံရ၊

အရာရာ လှပကာ သစ်လွင်သည်။

အမှုအရာတစ်ခုစီတိုင်း ရှင်သန်သည်၊ အားလုံး အသစ်ပြုပြင်ခြင်းခံရ၊ အားလုံး ပြောင်းလဲသည်။

ကျွန်ုပ်တို့ ဝမ်းမြောက်လျက် ဘုရားသခင်ကို ချီးမွမ်းသီဆို။

ကျွန်ုပ်တို့၏ချီးမွမ်းခြင်းအသံ ကောင်းကင်သို့ တစ်ဟုန်ထိုး တက်သည်။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

တရားစီရင်ခြင်းက ဘုရားအိမ်တော်ဖြင့် အစပြပြီး

သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ထုတ်ဖော်သည်။

ဘုရားသခင်၏ လူတို့သည် သူ၏ တရားစီရင်ခြင်းကို လက်ခံကာ

သန့်စင်ခြင်းခံရန် သူ့ရှေ့မှောက်တွင် ဦးညွှတ်ကြသည်။

ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို စမ်းသပ်မှုများနှင့် အခက်အခဲများတစ်လျှောက် လမ်းပြသည်။

ကျွန်ုပ်တို့ သက်သေခံပြီး သူ၏ လက်ခံမှုကို ရရှိကြသည်။

သူ၏ လုပ်ဆောင်ချက်များကို ကြွေးကြော်ကာ သက်သေခံရန်

ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ကျွန်ုပ်တို့ ဂုဏ်ယူသည်။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

ဘုရားနှုတ်ကပတ်တော်များက အမြော်အမြင်ရှိပြီး အနန္တတန်ခိုးရှိသည်။

လူတို့အတွက် နားလည်ရန်ခက်၊ ကျွန်ုပ်တို့ အပြည့်အဝ လက်ခံယုံကြည်ကြသည်။

ဘုရားနှုတ်ကပတ်တော်များက အရာရာကို ပြီးမြောက်သည်။

ထိုနှုတ်ကပတ်တော်များက လူအားလုံးကို အမျိုးအစားအလိုက် ခွဲခြားသည်။

ဘုရားကိုချစ်သောသူတို့က ဘုရားကို အမြဲ နာခံကြသည်၊

သို့သော် သူ့ကို အတိုက်အခံလုပ်သူများအားလုံး ပျက်စီးသွားကြလိမ့်မည်။

ဘုရားသခင်၏ အနန္တတန်ခိုးနှင့် ဉာဏ်ပညာကို ကျွန်ုပ်တို့ ချီးမွမ်းပြီး၊

သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ချီးမွမ်းကြသည်။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ဘုရားသခင်၏ လူတို့သည် ဘုရားသခင်အတွက် ချီးမွမ်းခြင်းများဖြင့် ပြည့်လျှံနေ။

ဘုရားသခင်၏ ကြီးမြတ်သော အမှုတော် ပြီးစီးခြင်းကို ချီးမွမ်းကြလော့။

အောင်မြင်သူတစ်စုကို ဘုရားသခင် ပြုလုပ်ပြီးလေပြီ။

ဘုရားသခင် ရွေးချယ်ထားသည့်လူများက သူ၏ စိစစ်မှုကို လက်ခံကြပြီး

မိမိတို့နေရာတွင် မိမိတို့တာဝန်ကို ထမ်းဆောင်ကြသည်။

၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့ ဉာဏ်အစွမ်းရှိသမျှဖြင့် ဘုရားသခင်ကို ကျေနပ်စေရန် ကြိုးစားကြသည်။

ဘုရားကို ချစ်သောသူတို့သည် သူ၏ စုံလင်စေခြင်းခံရသည်။

ကမ္ဘာလောကတစ်ခုလုံးက ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်းဖြင့် ပြည့်လျှံနေ၊

နိုင်ငံတော်သည် လှပပြီး ယခင်ထက် သစ်လွင်သည်။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းသီချင်းများ မည်သည့်အခါတွင်မျှ အဆုံးသတ်လိမ့်မည် မဟုတ်ပါ။

အို သူ့ကို ချီးမွမ်းကြလော့။ အို ဟစ်ကြွေးကြ။ အို သီဆိုကြ။

ကျွန်ုပ်တို့၏ ချီးမွမ်းခြင်းသီချင်းများ မည်သည့်အခါတွင်မျှ အဆုံးသတ်လိမ့်မည် မဟုတ်ပါ။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။