Christian Song - သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည်

05.07.2026

ယုဒ ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်ရှုတ်ချရန် မောရှေ၏ပညတ်ကို အသုံးပြုခဲ့ကြ၏။ ၎င်းတို့သည် ထိုကာလမှ ယေရှုနှင့် သဟဇာတဖြစ်ရန် မရှာဖွေခဲ့ကြဘဲ အပြစ်မဲ့သောယေရှုကို ဓမ္မဟောင်းကျမ်း၏ ပညတ်တော်ကို မလိုက်နာခြင်း၊ မေရှိယ မဟုတ်ခြင်းတို့ဖြင့် တရားစွဲဆိုပြီးနောက် အဆုံးတွင် ကားစင်၌ သံမှိုစွဲသည်အထိ ပညတ်တော်၏ အချက်တစ်ခုချင်းစီကို ထိုမျှ လေးနက်မှုဖြင့် သဘောထားပြုမူခဲ့၏။ ၎င်းတို့သည် ဘုရားကို ယုံကြည်ခဲ့ကြသူများ မဟုတ်ဘဲ သမ္မာကျမ်းစာကို ယုံကြည်ခဲ့ကြသူများ ဖြစ်၏။ အတိအကျဆိုရလျှင် ၎င်းတို့သည် ကျမ်းစာကို ကောက်ရိုးပုံစောင့်သကဲ့သို့သော စောင့်သောခွေးများတည်း။

ယနေ့လူတို့ရော မည်သို့ရှိသနည်း။ သူတို့သည် ကောင်းကင်ဘုံသို့ ဝင်ရောက်နိုင်ရန်နှင့် ကျေးဇူးတော် လက်ခံရရှိရန်အတွက် သမ္မာတရားကို ထုတ်ပြန်ရန် ကြွလာပြီးသော ခရစ်တော်ကို ဤလောကမှ နှင်ထုတ်ရန် သာ၍လိုလားခဲ့ကြ၏။ သမ္မာကျမ်းစာ၏ အကျိုးစီးပွားတို့ကို ကာကွယ်ရန် ၎င်းတို့သည် သမ္မာတရား ရောက်လာခြင်းကို လုံးဝငြင်းဆိုဖို့ကို သာ၍လိုလားခဲ့ကြကာ သမ္မာကျမ်းစာ ထာဝရတည်ရှိအောင် ပြုလုပ်ရန်အတွက် လူ့ဇာတိခံ၍ တစ်ဖန်ပြန်ကြွလာသော ခရစ်တော်ကို တစ်ဖန်ကားစင်တင်ရန်ကို သာ၍လိုလားခဲ့ကြ၏။ လူသား၏စိတ်နှလုံးတွင် မလိုမုန်းထားမှုများ မြောက်မြားလွန်းပြီး သူ၏သဘာဝသည် ငါ့ကို ဆန့်ကျင်လွန်းသောအခါ သူသည် ငါ၏ကယ်တင်ခြင်းကို မည်သို့လက်ခံရရှိနိုင်လိမ့်မည်နည်း။

ငါသည် လူတို့ထဲတွင်နေသည့်တိုင် လူသည် ငါ၏ တည်ရှိမှုကို မသိပေ။ ငါသည် ငါ၏အလင်းကို လူသားအပေါ် ထွန်းလင်းသောအခါ လူသည် ငါ၏ တည်ရှိမှုကို မသိဘဲရှိနေသေး၏။ ငါ၏အမျက်ဒေါသကို လူသားအပေါ် လွှတ်လိုက်သည့်အခါ လူသည် ငါ၏ တည်ရှိမှုကို ပို၍ပင် ငြင်းဆို၏။ လူသည် စကားလုံးများနှင့်လည်းကောင်း၊ သမ္မာကျမ်းစာနှင့်လည်းကောင်း သဟဇာတဖြစ်ရန် ရှာဖွေ၏။ သို့တိုင်အောင် သမ္မာတရားနှင့် သဟဇာတဖြစ်ရေးအတွက် လမ်းခရီးကို ရှာဖွေရန် ငါ၏ ရှေ့မှောက်လာရောက်သူ တစ်ယောက်မျှ မရှိ။ လူသည် ကောင်းကင်၌ရှိသော ငါ့ကို မျှော်ကြည့်၍ ကောင်းကင်၌ ငါ၏တည်ရှိခြင်းကို အထူးအလေးထားသည့်တိုင် လူ့ဇာတိခန္ဓာ၌ရှိနေသော ငါ့အကြောင်းကို မည်သူကမျှ အရေးမပေးခြင်းသည် လူသားအကြားတွင်နေလျက်ရှိသော ငါသည် အရေးမပါလွန်းသောကြောင့်သာ ဖြစ်သည်။

သမ္မာကျမ်းစာ၏ စကားလုံးများနှင့် သဟဇာတဖြစ်ရန်သာ ကြိုးစားသူများနှင့် မရေရာသော ဘုရားနှင့် သဟဇာတဖြစ်ရန်သာ ရှာဖွေသူများသည် ငါ၏အမြင်တွင် နိမ့်ကျသောသူများသာ ဖြစ်၏။ ၎င်းတို့ ကိုးကွယ်သည့်အရာမှာ သက်မဲ့စကားလုံးများနှင့် ၎င်းတို့အား မရေမတွက်နိုင်သော စည်းစိမ်ဥစ္စာကို ပေးနိုင်စွမ်းရှိသော ဘုရားတစ်ပါးဖြစ်သောကြောင့်တည်း။ ၎င်းတို့ ကိုးကွယ်သည့်အရာမှာ လူသား၏ပြုသမျှကို ခံမည့်ဘုရား၊ မတည်ရှိသောဘုရား ဖြစ်၏။ ထိုအခါ ထိုသို့သောလူတို့သည် ငါ့ထံမှ မည်သည့်အရာကို ရရှိနိုင်မည်နည်း။ လူသားသည် နိမ့်ကျလွန်းသဖြင့် စကားလုံးဖြင့် ဖော်ပြ၍ပင် မရချေ။ ငါ့ကို ဆန့်ကျင်သူများ၊ ငါ့ထံမှ အကန့်အသတ်မရှိ တောင်းဆိုသူများ၊ သမ္မာတရားကို မမြတ်နိုးသူများ၊ ငါ့ကို ပုန်ကန်သူများဖြစ်သည့် ထိုသူတို့သည် ငါ့နှင့် မည်သို့ သဟဇာတ ဖြစ်နိုင်ကြမည်နည်း။

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သည် ခရစ်တော်နှင့် သဟဇာတဖြစ်ရာလမ်းကို ရှာဖွေသင့်သည် မှ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် မှ ဖတ်ရွတ်ခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောဆွေးနွေးချက်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၄)၊ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၅)၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ မှ ဖတ်ရွတ်ခြင်းများ နှုတ်ကပတ်တော်၊ အတွဲ (၆)၊ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- ယုံကြည်ခြင်း၌ သမ္မာတရားရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ သံစုံတေးအက ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။