ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ- လူ့ဇာတိခံယူခြင်း | ကောက်နုတ်ချက် ၁၃၃

01.01.2022

ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။ သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးသည် ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်နိုင်သည့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း ကာလများဖြစ်ခဲ့ပြီး နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်က အလွန်ဖောက်ပြန်ပျက်စီးပြီး ဘုရားသခင်သည် သူတို့၏သခင်ဖြစ်သည်ကို ငြင်းဆိုခဲ့သော်လည်း၊ ဘုရားသခင်သည် နောဧခေတ်တုန်းက လူတို့ကိုသာ ဖျက်ဆီးခဲ့လေသည်။ ခေတ်နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကြီးစွာသော ထိခိုက်နာကျင်မှု ပေးခဲ့စေကာမူ ဘုရားသခင်သည် ယခုထိ နောက်ဆုံးသောကာလ၌ရှိသော လူများကို ဆက်လက်၍ သည်းခံခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သည် အဘယ်ကြောင့်နည်းဟူသည်ကို မည်သည့်အခါမျှ မစဉ်းစားဖူးသလော။ သင်တို့ အမှန်တကယ် မသိပါက၊ သင်တို့ကို ငါပြောရမည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် လူတို့ကို ကျေးဇူးတော် ပေးအပ်နိုင်သည့် အကြောင်းရင်းက သူတို့သည် နောဧခေတ်ကလူတို့ထက် လျော့၍ ဖောက်ပြန်ပျက်စီးသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ၌ စက်မှုနည်းပညာသည် လွန်စွာတိုးတက်နေသဖြင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးရန် ကိုယ့်ကိုကိုယ် မစေခိုင်းနိုင်ခြင်းမျိုး ဖြစ်ဖို့ဝေးစွ၊ သူတို့သည် ဘုရားသခင်အား နောင်တရခြင်းကို ပြခဲ့ကြပြီးသောကြောင့်လည်း မဟုတ်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူအုပ်စုတစ်စုထဲ၌ အမှုပြုရန် ရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ဤအမှုကို သူ၏ လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်မည်ဖြစ်သောကြောင့် ဖြစ်သည်။ ထိုမျှမက ဘုရားသခင်သည် ဤအုပ်စုထဲက တစ်ချို့ကို သူ့ကယ်တင်ခြင်းအတွက် ရည်စူးထားသူများနှင့် သူ့စီမံခန့်ခွဲမှု အစီအစဉ်၏ အသီးအပွင့်ဖြစ်လာရန် ရွေးချယ်လိမ့်မ။ ည်ပြီးလျှင် ဤလူတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားလိုသည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ပေးဆပ်ခဲ့သည့် ဤတန်ဖိုးသည် နောက်ဆုံးသောကာလ၌ သူ၏ လူ့ဇာတိခံယူထားသောဇာတိခန္ဓာက ပြုလုပ်မည့်အမှုအား ပြင်ဆင်ရန်အတွက်ချည်းသာ ဖြစ်နေခဲ့သည်။ ယနေ့ သင်တို့ရောက်ရှိလာခဲ့သည့် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ထိုသို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူဆောင်ကြဉ်းသွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ

ဆက်ကြည့်မည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

အခြား ဗီဒီယိုအမျိုးအစားများ

အနန္တတန်ခိုးရှင်ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရွတ်ပြခြင်းများ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များမှ ဖတ်ရွတ်ခြင်းများ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ မှ ဖတ်ရွတ်ခြင်းများ ဧဝံဂေလိ ရုပ်ရှင်များ တရားဒေဿနာအတွဲများ- စစ်မှန်သော ယုံကြည်ခြင်းကို ရှာဖွေခြင်း အသင်းတော် အသက်တာ သက်သေခံချက်များ အသက်တာ အတွေ့အကြုံဆိုင်ရာ သက်သေခံချက် ရုပ်ရှင်များ ဘာသာရေး ညှဥ်းပန်းနှိပ်စက်မှု ရုပ်ရှင်များ ဓမ္မတေးသံကျူး ဗီဒီယို အတွဲများ အသင်းတော် အသက်တာ- ရှိုးပွဲပဒေသာအခန်းဆက် သီချင်း ဗီဒီယို ဓမ္မသီချင်း ဗီဒီယိုများ အမှန်တရားကို ထုတ်ဖော်ပြခြင်း အသားပေးထားသော ကောက်နုတ်ထားသည့် ဗီဒီယိုများ

Leave a Reply

မျှဝေရန်

ပယ်ဖျက်ရန်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။