အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

Myanmar Gospel Song (နိုင်ငံတော်) Christ Has Reigned as King

သံစုံကျူးဧခြင်း   10525  

မိတ်ဆက်ခြင်း

Myanmar Gospel Song (နိုင်ငံတော်) Christ Has Reigned as King


နိုင်ငံတော်

နိုင်ငံတော် သန့်ရှင်းသူများ၏ မြို့တော် ခရစ်တော်၏ နိုင်ငံတော်

နိုင်ငံတော်အတွင်းတွင်

ဘုရားသခင်၏ ကြွယ်၀မှုနှင့် ဘုန်းတော်သည် ပေါ်ထွန်းတောက်ပနေ

လျှပ်စစ်သည် အရှေ့အရပ်မှ ထွက်ပေါ်ကာ

အနောက်အရပ်သို့ ထွန်းတောက်

စစ်မှန်သောအလင်းသည် ဤနေရာတွင် ရှိသည်

ဘုရား၏စကားတော်သည် လူ့ဇာတိ၌ပေါ်ထွန်းနေ

ကယ်တင်ရှင်သည် မိုးတိမ်ဖြူစီးလျှက် ပြန်ကြွလာသည်မှာ ကြာချေပြီ။

ဘုရားသခင်အား ၀တ်ပြုရန် သန့်ရှင်းသူများသည်

ပလ္လင်တော်ရှေ့မှောက် ယနေ့ချီဆောင်ခံရ

အတိတ်ရှိ သန့်ရှင်းသူ များသည် နောက်ဆုံးသောကာလတွင်

ခိုင်မာစွာ ရပ်တည်ရန် ထမြောက်လာကြပြီ။

သူတော်စင်များသည် နတ်ဆိုးများ၏နယ်မြေ တရုတ်နိုင်ငံအတွင်းတွင်

ရက်စက်ကြမ်းကြုတ်စွာ ညှဉ်းပန်း နှိပ်စက် ခံကြရသည်။

နှစ်ပေါင်း ခြောက်ထောင်ကျော် သမိုင်းအတွင်း

သူတော်စင်များသည် သွေးသွန်းကာ မျက်ရည်ကျခဲ့ရသည်

အိမ်ပြန်ခွင့်မရ၊ တစ်နေရာမှ တစ်နေရာ

လွင့်မျော ခံရပြီး ခေါင်းချစရာ နေရာမရှိပါ

စိတ်ဆင်းရဲခြင်း၏ ချောက်နက်တွင်းတွင် နေရောင်မထွန်းတောက်သော

အမှောင်နေရာတွင် စာတန်၏ စစ်သည်ရဲမက်များ က

နှစ်ခြောက်ထောင်တိုက်ပွဲ နိုင်ငံတော်ရောက်ရှိလာရန်

သွေးနှင့် မျက်ရည်များဖြင့် ကြိုဆိုခဲ့ရ


ကျွန်ုပ်တို့သည် ဘုရားသခင်၏ အသံတော်အား

ကြားကာ သူ၏ ပလ္လင်တော် ရှေ့သို့ ချီဆောင်ခံရ

ခရစ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ်တို့

တွေ့ကြုံရပြီး သိုးသငယ် မင်္ဂလာဆောင်ပွဲကို တက်ရောက်

ကျွန်ုပ်တို့သည် ဘုရားသခင်၏ စကားတော်များတွင်

ဆေးကြောသန့်စင်ပေးခြင်းကို

ရရှိကာ သူ၏ ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းကို မြင်တွေ့ရ

ဘုရားသခင်၏ စကားတော်များအားဖြင့် သိမ်းပိုက်ခံ၊ ပြည့်စုံစေခဲ့ပြီး

သူ၏ နောက်ဆုံးသောကာလ ကယ်တင်ခြင်းကို ကျွန်ုပ်တို့ ရရှိသည်

ဘုရားသခင်၏ ကြီးမားအံ့သြဖွယ်ရာ လုပ်ဆောင်ချက်များကို

ကျွန်ုပ် ကျယ်လောင်စွာ ချီးမွမ်းကာ သီဆို

အနန္တ တန်ခိုးရှင် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ကို

ကျွန်ုပ် အဆုံးမရှိသည့် ချီးမွမ်းခြင်းဖြင့် ထပ်ခါ ချီးမွမ်းနေ

အနန္တ ဘုန်းတန်ခိုးရှင် ဘုရားသခင်၏ အတိုင်းအဆမဲ့ တန်ခိုးနှင့်

ဉာဏ်ပညာတော်တို့အတွက် ကျွန်ုပ် ကခုန်ကာ ကောင်းကြီးသြဘာပေး

အနန္တ ဘုန်းတန်ခိုးရှင် ဘုရားသခင်၏ နှိမ့်ချသော

စိတ်ထားနှင့် ဖုံးကွယ်ထားနိုင်ခြင်းအား ကျွန်ုပ် ချစ်၍ မ၀နိုင်ပါ

ဘုရားသခင်၏ ချစ်ခြင်း မေတ္တာ အား

ပြန်လည်ပေးဆပ်၍ မရနိုင်သည့်အတွက်

ကျွန်ုပ် နှလုံးသားသည် နာကျင်ကာ အပြစ်ရှိစိတ် ခံစားရသည်

ကျွန်ုပ်သည် နှလုံးသား နှင့် ၀ိညာဉ်ရှိသော သူဖြစ်၍

အဘယ်ကြောင့် ဘုရားသခင်ကို မချစ်နိုင် ရမည်နည်း

ဘုရားသခင်သည် ကျွန်ုပ်ကို ထောက်မသူ၊

ကြောက်ရွံ့စရာ ဘယ်အရာရှိသနည်း။

အဆုံးထိတိုင် စာတန်နှင့် တိုက်ပွဲ၀င်ရန် ကျွန်ုပ်ဘ၀အား ကျိန်ဆိုသည်

ဘုရားသခင်သည် ကျွန်ုပ်တို့အား မြှောက်ပင့်ခဲ့သည်

ကျွန်ုပ်တို့ အရာအားလုံးအား နောက်တွင် ချန်ထားရစ်ခဲ့ကာ

ခရစ်တော်အတွက် သက်သေခံရန် တိုက်ခိုက်သင့်သည်။

ဘုရားသခင်သည် ကမ်ဘာ

မြေပေါ်တွင် သူ၏ အလိုတော်ကို ပြည့်စုံစေလိမ့်မည်။

ကျွန်ုပ်၏ အချစ်၊ သစ္စာ တရားအား ပြင်ဆင်ကာ ထိုအရာအားလုံးကို

ဘုရားသခင်အတွက် ပေးအပ်မြုပ်နှံပါမည်။

……

သိုးသူငယ်နောက်လိုက်ပြီးသီချင်းအသစ်များသီဆိုပါ မှ


အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၊ အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ရဲ့ ပေါ်ပေါက်လာခြင်း နှင့် လုပ်ဆောင်မှု၊ သခင်ယေရှုဘုရား၏ ဒုတိယအကြိမ်ကြွလာခြင်း၊ နောက်ဆုံးသောကာလရှိ ခရစ်တော်တို့ကြောင့် အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော်ဖြစ်သည့် အရှေ့အရပ်မှ လျှပ်စီးကို ဖန်တီးခဲ့ပါသည်။ နောက်ဆုံးသောကာလများတွင် အနန္တတန်ခိုးရှင် ဘုရားသခင်၏ လုပ်ဆောင်မှုများကိုလက်ခံသည့်သူများအားလုံး နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့် သိမ်းပိုက်စိုးမိုးပြီး ကယ်တင်ခြင်းခံရသောသူများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အနန္တတန်ခိုးရှင် ဘုရားသခင်ကိုယ်တော်ကိုယ်တိုင် အားလုံးကိုတည်ထောင်ခြင်းဖြစ်ပြီး သိုးထိန်းကဲ့သို့သူကိုယ်တိုင်ဦးဆောင်ခဲ့သည်။ လူသားတဦးအားဖြင့် ဖန်တီးခဲ့ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်။ ဘုရားသခင်၏ သိုးများသည် ဘုရားသခင်၏ အသံကိုကြားပါသည်။ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ဖတ်နေသရွေ့ ဘုရားသခင်သည် ပေါ်ထွန်းခဲ့ကြောင်း သင်သိရှိရလိမ့်မည်။


အထူးဖော်ပြချက်။ ဤဗီဒီယို ထုတ်လုပ်မှုသည် အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ အမြတ်အစွန်းအတွက် မရည်ရွယ်သည့် လုပ်ဆောင်ချက်အနေဖြင့် ထုတ်လုပ်ပါသည်။ ဤထုတ်လုပ်မှုတွင် ပါဝင်သည့် သရုပ်ဆောင်များသည် အမြတ်အစွန်းမယူသည့် လုပ်ဆောင်ချက်ဖြင့် တင်ဆက်ပြသပြီး မည်သည့်နည်းလမ်းနှင့်မျှ ငွေပေးချေခြင်း မခံရပါ။ ဤဗီဒီယိုကို အခြားမည်သည့်အဖွဲ့အစည်းကိုမှ အကျိုးအမြတ်အတွက် ဖြန့်ဝေခြင်း မပြုလုပ်နိုင်ပါ။ အားလုံးက ဤဗီဒီယိုကို ပွင့်လင်းစွာ ဝေမျှ ဖြန့်ဝေဖို့ မျှော်လင့်ပါသည်။ ဖြန့်ဝေသည့်အခါတွင် ရင်းမြစ်ကို သတိပြုပါ။ အနန္တတန်ခိုးရှင်ဘုရားသခင် အသင်းတော်မှ ခွင့်ပြုချက်မပါဘဲ မည်သည့်အဖွဲ့အစည်း၊ လူမှုရေးရာအဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်က ဤဗီဒီယို၏ အချက်အလက်များကို စွက်ဖက်ခြင်း သို့မဟုတ် မှားယွင်းစွာတင်ပြခြင်း မပြုလုပ်ရပါ။

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ်ဆွဲပါ

အမျိုးမျိုးသော ဗီဒီယိုများ စုစည်းမှု  ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ကြည့်ပါ

အခြားအခန်းဆက်များရှိ အသစ်ဆုံး ဗွီဒီယိုများ