ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)
ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံယူခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေ စွဲယူခြင်းမှ တစ်ဆင့်ဖြစ်ပြီး ဤသည်မှာ သူလုပ်ရန် ရည်ရွယ်ထားသော အလုပ်နှင့် သက်ဆိုင်သည်။ ကျေးဇူးတော်ခေတ်သည် ယေရှု၏ နာမဖြင့် စတင်ခဲ့သည်။ ယေရှုသည် သူ၏အမှုတော်ကို စတင် ဆောင်ရွက်သောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏နာမကို စတင်၍ သက်သေခံခဲ့ပြီး၊ ယေဟောဝါ၏ နာမကို ထပ်မံပြောဆိုခြင်း မရှိတော့ပေ။ ယင်းအစား သန့်ရှင်းသော ဝိညာဉ်တော်သည် အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် အလုပ်သစ်ကို လက်ခံ ဆောင်ရွက်ခဲ့သည်။ သူ့ကို ယုံကြည်သူများ၏ သက်သေခံချက်သည် ယေရှုခရစ်တော်အတွက် သက်သေခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့လုပ်ခဲ့သော အလုပ်သည်လည်း ယေရှုခရစ်တော်အတွက် ဖြစ်သည်။ ဓမ္မဟောင်း ပညတ်တော်ခေတ် အဆုံးသတ်ခြင်း ဆိုသည်မှာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုခဲ့သော အလုပ် အဆုံးသတ်သို့ ရောက်ခဲ့ပြီးဖြစ်သည်ကို ဆိုလိုသည်။ ဤအချိန်မှစ၍ နောင်တွင်၊ ဘုရားသခင်၏ နာမသည် ယေဟောဝါ မဟုတ်တော့ချေ။ ယင်းအစား သူ့ကို ယေရှုဟုခေါ်ပြီး ဤနေရာမှစတင်၍ သန့်ရှင်းသော ဝိညာဉ်တော်သည် ယေရှု၏ နာမအောက်တွင် အဓိကအားဖြင့် အလုပ်စတင်ခဲ့သည်။ ထို့ကြောင့် ယနေ့တွင် ယေဟောဝါ၏ နှုတ်ကပတ်တော်များကို စားသောက်ကြဆဲဖြစ်ပြီး၊ ပညတ်တော်ခေတ်၏ အမှုအတိုင်း အရာရာကို လုပ်ဆောင်ဆဲဖြစ်သည့်လူများ— သင်တို့သည် စည်းမျဉ်းများကို ကျိုးကြောင်းမမြင်ဘဲ လိုက်နာနေသည် မဟုတ်လော။ သင်သည် အတိတ်တွင် တွယ်ငြိကြသည် မဟုတ်သလော။ သင်တို့သည် ယခုအခါတွင် နောက်ဆုံးသောကာလ ရောက်ရှိပြီးဖြစ်သည်ကို သိကြသည်။ ယေရှုလာသောအခါ သူ့ကို ယေရှုဟု ခေါ်လိမ့်ဦးမည်မှာ ဖြစ်နိုင်သလော။ ယေဟောဝါသည် ဣသရေလလူမျိုးတို့ကို မေရှိယကြွလာလိမ့်မည်ဖြစ်သော်လည်း၊ သူ ကြွလာသည့်အခါ သူ့ကို မေရှိယဟုမခေါ်ဘဲ ယေရှုဟုခေါ်လိမ့်မည်ဟု ပြောခဲ့သည်။ ယေရှုက သူ တစ်ဖန် ကြွလာမည်ဖြစ်ပြီး၊ သူသည် ထွက်ခွာခဲ့သည့်အတိုင်း ရောက်ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။ ဤအရာများမှာ ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်ခဲ့သည်၊ သို့သော် သင်သည် ယေရှုထွက်ခွာသွားသည့် လမ်းကို မြင်ခဲ့ပါသလော။ ယေရှုသည် ဖြူသောမိုးတိမ်ကို စီးလျက် ထွက်ခွာခဲ့သော်လည်း၊ သူသည် လူအများကြား ကိုယ်တိုင်ကိုယ်ကျ မိုးတိမ်ဖြူစီးကာ ပြန်လာလိမ့်မည်မှာ ဖြစ်နိုင်သလော။ ထိုသို့ဖြစ်ခဲ့မည်ဆိုပါက သူ့ကို ယေရှုဟုခေါ်ဆဲ ဖြစ်မည် မဟုတ်လော။ ယေရှု တဖန် ကြွလာသောအခါ ခေတ်သည် ပြောင်းနှင့်ပြီး ဖြစ်လိမ့်မည်၊ ထို့ကြောင့် သူ့ကို ယေရှုဟု ခေါ်နိုင်ဦးမည်လော။ ဘုရားသခင်ကို ယေရှုနာမဖြင့်သာ သိ၍ရနိုင်သည်မှာ ဟုတ်ပါသလော။ ခေတ်သစ်တွင် သူသည် နာမသစ်ဖြင့် အခေါ်ခံရနိုင်သည် မဟုတ်လော။ လူပုဂ္ဂိုလ် တစ်ဦး၏ ရုပ်လွှာနှင့် သီးသန့် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုနိုင်ပါသလော။ ခေတ်တစ်ခုစီတွင်၊ ဘုရားသခင်သည် အမှုသစ်ကို လုပ်ဆောင်ပြီး နာမသစ်ဖြင့် ခေါ်ဆိုခံရသည်။ မတူသောခေတ်များတွင် သူသည် တူညီသော အမှုကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ သူသည် မည်သို့ အဟောင်းကို ဖက်တွယ်ထားနိုင်မည်နည်း။ ယေရှုနာမကို ရွေးနုတ်ခြင်းအမှုအတွက် ခံယူထားခြင်းဖြစ်သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူပြန်ကြွလာသောအခါ ထိုနာမဖြင့်ပင် သူ အခေါ်ခံရဆဲဖြစ်မည်လော။ သူသည် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ဦးမည်လော။ ယေဟောဝါနှင့် ယေရှုသည် တစ်လုံးတစ်ဝတည်းဖြစ်သော်လည်း၊ မတူညီသော ခေတ်များတွင် မတူညီသော နာမများဖြင့် ခေါ်ဆိုခံရသည်မှာ အဘယ်ကြောင့်နည်း။ ယင်းသို့ ခေါ်ဆိုခံရခြင်းမှာ ၎င်းတို့၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များက မတူညီသောကြောင့် ဖြစ်သည် မဟုတ်လော။ နာမတစ်ခုတည်းက ဘုရားသခင်ကို သူ၏ အလုံးစုံတွင် ကိုယ်စားပြုနိုင်မည်လော။ ထိုသို့ဖြစ်သောကြောင့် ဘုရားသခင်ကို မတူညီသော ခေတ်တစ်ခေတ်တွင် မတူသော နာမတစ်ခုဖြင့် ခေါ်ဆိုရမည်ဖြစ်ပြီး၊ သူသည် ခေတ်ကို ပြောင်းလဲရန်နှင့် ကိုယ်စားပြုရန် နာမကို အသုံးပြုရပေမည်။ အကြောင်းမှာ မည်သည့်နာမ တစ်ခုကမျှ ဘုရားသခင်ကိုယ်တိုင်ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သောကြောင့် ဖြစ်ပြီး နာမတစ်ခုချင်းသည် သက်ဆိုင်ရာခေတ်တွင် ဘုရားသခင် စိတ်သဘောထား၏ ယာယီရှုထောင့်ကိုသာ ကိုယ်စားပြုနိုင်သောကြောင့် ဖြစ်သည်။ ယင်းနာမ လုပ်ရန် လိုအပ်သည့်အလုပ်ဟူသမျှအားလုံးမှာ သူ၏အမှုကို ကိုယ်စားပြုရန် ဖြစ်သည်။ သို့ဖြစ်ရာ၊ ဘုရားသခင်သည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုရန် သူ၏စိတ်သဘောထားနှင့် သင့်လျော်သည့် မည်သည့် နာမကိုမဆို ရွေးချယ်နိုင်သည်။ ယေဟောဝါ၏ခေတ် ဖြစ်သည်ဖြစ်စေ၊ သို့မဟုတ် ယေရှု၏ခေတ် ဖြစ်သည်ဖြစ်စေ၊ ခေတ်အသီးသီးသည် နာမတစ်ခုဖြင့် ကိုယ်စားပြုခြင်းခံရသည်။ ကျေးဇူးတော်ခေတ် အဆုံးတွင်၊ နောက်ဆုံးသောခေတ် ရောက်ရှိပြီးဖြစ်ကာ ယေရှုသည် ကြွလာနှင့်ပြီးဖြစ်သည်။ သူ့ကို အဘယ်သို့ ယေရှုဟု ခေါ်နိုင်ဦးမည်နည်း။ သူ့အနေဖြင့် လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ကို မည်သို့ ခံယူနိုင်ဦးမည်နည်း။ ယေရှုသည် နာဇရက်လူတစ်ဦး၏ ပုံရိပ်ထက် မပိုသည်ကို သင်မေ့သွားပြီလော။ ယေရှုသည် လူသားမျိုးနွယ်၏ ရွေးနုတ်သူသာ ဖြစ်သည်ကို သင်မေ့သွားပြီလော။ သူသည် နောက်ဆုံးသော ကာလတွင် သိမ်းပိုက်ခြင်းနှင့် လူကို စုံလင်စေခြင်းအမှုကို မည်သို့ ဆောင်ရွက်နိုင် မည်နည်း။ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် ထွက်ခွာသွားသည်— ဤသည်မှာ အမှန်တရား ဖြစ်သည်- သို့သော်လည်း သူသည် မည်သို့ လူများအလယ်တွင် ဖြူသော မိုးတိမ်ကိုစီးလျက် ပြန်လာပြီး ယေရှုဟု အခေါ်ခံရဆဲ ဖြစ်နိုင်မည်နည်း။ သူသည် ဖြူသော မိုးတိမ်စီးကာ အမှန်တကယ် ရောက်ရှိခဲ့ပါက၊ လူသားသည် သူ့ကို အဘယ်သို့ မမှတ်မိနိုင် ရမည်နည်း။ ကမ္ဘာတစ်ဝန်းရှိ လူများအားလုံးက သူ့ကို မှတ်မိမည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ယေရှုတစ်ပါးတည်းသာ ဘုရားသခင် ဖြစ်မည် မဟုတ်လော။ ထိုသို့ဖြစ်ပါက ဘုရားသခင်၏ ပုံသဏ္ဌာန်သည် ယုဒတစ်ယောက်၏ သွင်ပြင်မျိုး ဖြစ်မည်ဖြစ်သည့်အပြင်၊ ထာဝရ တစ်ပုံစံတည်း ဖြစ်ပေမည်။ ယေရှုက သူထွက်ခွာသွားသကဲ့သို့ ပြန်ကြွလာမည်ဟု ပြောခဲ့သော်လည်း၊ သူ၏နှုတ်ကပတ်တော်များ၏ မှန်ကန်သော အဓိပ္ပာယ်ကို သင်သိပါသလော။ ဤသင်တို့အုပ်စုကို သူပြောပြသည်မှာ ဖြစ်နိုင်သလော။ သင်သိသမျှအားလုံးမှာ သူထွက်ခွာခဲ့သည့်အတိုင်း မိုးတိမ်ကိုတစ်ခု စီးလျက် သူ ရောက်ရှိလိမ့်မည် ဖြစ်သော်လည်း၊ ဘုရားသခင် ကိုယ်တော်တိုင်က သူ၏အမှုကို မည်သို့ လုပ်ဆောင်သည်ကို သင်အတိအကျ သိပါသလော။ သင်သည် အမှန်တကယ် မြင်နိုင်သည်ဆိုပါက၊ ယေရှုပြောခဲ့သော နှုတ်ကပတ်တော်များကို အဘယ်သို့ ရှင်းပြ ရမည်နည်း။ သူပြောခဲ့သည်မှာ- နောက်ဆုံးသောကာလတွင် လူသား ကြွလာသောအခါ၊ သူကိုယ်တိုင် သိလိမ့်မည်မဟုတ်၊ ကောင်းကင်တမန်များ သိလိမ့်မည်မဟုတ်၊ ကောင်းကင်ဘုံရှိ စေတမန်များ သိလိမ့်မည်မဟုတ်သကဲ့သို့၊ လူသားမျိုးနွယ် အားလုံးက သိလိမ့်မည်မဟုတ်။ ခမည်းတော်သည်သာလျှင် သိလိမ့်မည်၊ ဆိုလိုသည်မှာ ဝိညာဉ်တော်သာလျှင် သိလိမ့်မည် ဟူ၍ ဖြစ်သည်။ လူသားကိုယ်တိုင်ပင် မသိသော်လည်း၊ သင်သည် မြင်နိုင် သိနိုင်သလော။ အကယ်၍ သင်သည် သင်၏ ကိုယ်ပိုင်မျက်စိများဖြင့် သိရှိကာ မြင်နိုင်စွမ်းရှိခဲ့မည်ဆိုပါက၊ ဤစကားလုံးများကို အချည်းနှီး ပြောမိပြီးဖြစ်လိမ့်မည် မဟုတ်လော။ ထိုအချိန်က ယေရှု အဘယ်အရာ ပြောခဲ့သနည်း။ “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန် မသိ။ ငါ့ခမည်းတော်တပါးတည်းသာ သိတော်မူ၏။ လူသားသည် ကြွလာသောအခါ နောဧလက်ထက်၌ ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။…ထိုကြောင့် သင်တို့သည် ပြင်ဆင်လျက်နေကြလော့။ အကြောင်းမူကား၊ သင်တို့ မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ထိုနေ့ရက် ရောက်လာသည့်အခါ၊ လူသား ကိုယ်တိုင်က သိလိမ့်မည် မဟုတ်ပေ။ လူသားဆိုသည်မှာ လူ့ဇာတိခံ ယူသော ဘုရားသခင်၊ ပုံမှန်နှင့် သာမန်လူတစ်ဦးကို ဆိုလိုသည်။ လူသား ကိုယ်တိုင်ပင် မသိသောကြောင့် သင်သည် မည်သို့ သိနိုင်မည်နည်း။ ယေရှုက သူသည် ထွက်ခွာသွားခဲ့ပြီးသည့်အတိုင်း သူ ရောက်ရှိလိမ့်မည်ဟု ပြောခဲ့သည်။ သူရောက်ရှိမည့် အချိန်ကို၊ သူကိုယ်တိုင်ပင်လျှင် မသိ၊ သို့ဖြစ်ရာ သူသည် သင့်ကို ကြိုတင်အသိပေးနိုင်သလော။ သင်သည် သူ၏ ရောက်ရှိခြင်းကို မြင်နိုင်သလော။ ယင်းသည် ရယ်စရာ ပြက်လုံးတစ်ခု မဟုတ်လော။ ကမ္ဘာမြေသို့ ဘုရားသခင် ကြွလာသည့်အကြိမ်တိုင်းတွင် သူ၏ နာမ၊ သူ၏ လိင်၊ သူ၏ပုံသဏ္ဌာန်နှင့် သူ၏ အမှုတို့ကို ပြောင်းလဲသည်။ သူသည် သူ၏ အမှုကို ထပ်မလုပ်ပေ။ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသော ဘုရားသခင် ဖြစ်သည်။ ယခင်က သူကြွလာခဲ့ချိန်တွင်၊ သူ့ကို ယေရှုဟု ခေါ်ခဲ့သည်။ ဤအကြိမ် သူ တစ်ဖန်ကြွလာသည့်အခါတွင် သူ့ကို ယေရှုဟု ခေါ်နိုင်သေးသလော။ ယခင်က သူကြွလာသောအခါ၊ သူသည် ယောက်ျားဖြစ်သည်။ ဤအကြိမ်တွင်လည်း သူသည် ယောက်ျား တစ်ဖန် ဖြစ်နိုင်ပါသလော။ ကျေးဇူးတော်ခေတ်အတွင်း သူ ကြွလာချိန်တွင် သူ၏ အမှုမှာ လက်ဝါးကားတိုင်တွင် သံမှိုရိုက်နှက်ခံရဖို့ ဖြစ်သည်။ သူ တစ်ဖန်ကြွလာသည့်အခါတွင်၊ လူသားမျိုးနွယ်ကို အပြစ်မှ ရွေးနုတ်ဆဲ ဖြစ်နိုင်သလော။ သူသည် လက်ဝါးကားတိုင်တွင် တစ်ဖန် သံမှိုရိုက်နှက်ခံရနိုင်သလော။ ယင်းသည် သူ၏ အမှုကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ ဘုရားသခင်သည် အစဉ်အမြဲ သစ်လွင်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်မသိသလော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ဟု ပြောသူများရှိသည်။ ယင်းမှာ မှန်ပေ၏၊ သို့သော် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားနှင့် သူ၏ အနှစ်သာရ မပြောင်းလဲနိုင်ခြင်းကို ရည်ညွှန်းပေသည်။ သူ၏ နာမနှင့် အမှုတွင် ပြောင်းလဲခြင်းသည် သူ၏ အနှစ်သာရ ပြောင်းလဲသွားပြီဟု သက်သေမပြပေ။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် အစဉ်အမြဲ ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ ဤသည်မှာ မည်သည့်အခါမှ ပြောင်းလဲလိမ့်မည်မဟုတ်။ အကယ်၍ သင်က ဘုရားသခင်၏ အမှုသည် ပြောင်းလဲခြင်းမရှိဟု ဆိုပါက၊ သူသည် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်ကို အပြီးသတ်နိုင်မည်လော။ ဘုရားသခင်သည် ထာဝရ ပြောင်းလဲခြင်းမရှိကြောင်းကိုသာ သင်သိသော်လည်း၊ ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ မအိုဟောင်းသည်ကို သင်သိပါသလော။ ဘုရားသခင်၏ အမှုသည် မပြောင်းလဲပါက၊ သူသည် လူသားမျိုးနွယ်ကို မျက်မှောက်ခေတ်ထိ တစ်လျှောက်လုံး ဦးဆောင်လျှင် ဦးဆောင်နိုင်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် မပြောင်းလဲနိုင်ပါက၊ သူ ခေတ်နှစ်ခေတ်၏ အမှုကို လုပ်ဆောင်နှင့်ပြီး ဖြစ်သည်မှာ အဘယ်ကြောင့် ဖြစ်သနည်း။ သူ၏ အမှုသည် ရှေ့ဆက်တိုးတက်ရန် မည်သည့်အခါမျှ ရပ်တန့်ခြင်းမရှိ၊ ယင်းမှာ သူ၏ စိတ်သဘောထားကို လူသားထံ တဖြည်းဖြည်း ထုတ်ဖော်ပြပြီး ထုတ်ဖော်ပြသည့်အရာမှာ သူ၏ ပင်ကို စိတ်သဘောထား ဖြစ်သည်ဟု ဆိုရပေမည်။ အစဦးတွင် ဘုရားသခင်၏ စိတ်သဘောထားကို လူသားထံမှ ကွယ်ဝှက်ထားခဲ့သည်၊ သူသည် လူသားထံ သူ၏ စိတ်သဘောထားကို မည်သည့်အခါမျှ ပွင့်လင်းစွာ ထုတ်ဖော်မပြခဲ့သကဲ့သို့၊ လူသည် သူနှင့်သက်ဆိုင်သည့် အသိပညာ တကယ်ကို မရှိခဲ့ပေ။ ဤအရာကြောင့် သူသည် သူ၏ စိတ်သဘောထားကို လူသားကို တဖြည်းဖြည်း ထုတ်ဖော်ပြရန် သူ၏ အမှုကို အသုံးပြုသည်၊ သို့သော် ဤနည်းဖြင့် အမှုပြုခြင်းသည် ဘုရားသခင်၏ စိတ်သဘောထားက ခေတ်တိုင်းတွင် ပြောင်းလဲသည်ဟု မဆိုလိုပေ။ ယင်းမှာ သူ၏ အလိုသည် အမြဲ ပြောင်းလဲနေသောကြောင့်၊ ဘုရားသခင်၏ စိတ်သဘောထားသည် စဉ်ဆက်မပြတ် ပြောင်းလဲနေသည်ဟု မဆိုလိုပေ။ ယင်းထက်၊ သူ၏ အမှုနှင့်သက်ဆိုင်သည့် ခေတ်များ မတူကွဲပြားသောကြောင့်၊ လူသားက သူ့ကို သိနိုင်ဖို့အလို့ငှာ ဘုရားသခင်သည် သူ၏ပင်ကို စိတ်သဘောထားကို အလုံးစုံ ယူဆောင်ပြီး၊ တစ်ဆင့်ပြီးတဆင့် လူသားထံ ဖော်ထုတ်ပြပေသည်။ သို့သော်လည်း ဤသည်မှာ ဘုရားသခင်သည် မူလက မည်သည့် သီးသန့် စိတ်သဘောထားမျှ မရှိ သို့မဟုတ် ကုန်လွန်သည့် ခေတ်များနှင့်အတူ သူ၏ စိတ်သဘောထား တဖြည်းဖြည်း ပြောင်းလဲသည့် သက်သေ လုံးဝ မဟုတ်ပေ- ထိုသို့သော သိနားလည်မှုတစ်ခုသည် မှားယွင်းပေမည်။ ဘုရားသခင်သည် သူ၏ ပင်ကိုဖြစ်ပြီး သီးသန့်ဖြစ်သော စိတ်သဘောထားကို- သူ၏ ဖြစ်ခြင်းကို— ခေတ်များ ကုန်လွန်သွားသည်နှင့်အညီ လူသားထံ ထုတ်ဖော်ပြသသည်။ ခေတ်တစ်ခေတ်၏ အမှုသည် ဘုရားသခင်၏ စိတ်သဘောထား တစ်ခုလုံးကို မဖော်ပြနိုင်ပေ။ သို့ဖြစ်ရာ “ဘုရားသခင်သည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိ။” ဆိုသည့် စကားများမှာ သူ၏ အမှုကို ရည်ညွှန်းပြီး “ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိ” ဆိုသည့် စကားများမှာ ဘုရားသခင်၏ ပင်ကိုအားဖြင့် အရာအားလုံးနှင့် ဖြစ်ခြင်းကို ရည်ညွှန်းပေသည်။ မည်သို့ပင်ဖြစ်စေ၊ သင်သည် နှစ်ခြောက်ထောင်အမှုကို အချက်တစ်ခုပေါ် မတည်နိုင်ပေ သို့မဟုတ် အသက်မဲ့သော စကားလုံးများဖြင့် ယင်းကို ဘောင်မခတ်နိုင်ပေ။ ယင်းမှာ လူ၏ တုံးအမှုဖြစ်သည်။ ဘုရားသခင်သည် လူ စိတ်ကူးသလောက် ရိုးရှင်းခြင်း မရှိသကဲ့သို့၊ သူ၏ အမှုသည် မည်သည့် ခေတ်တစ်ခုတွင်မျှ စွဲကျန်မနေနိုင်ပေ။ ဥပမာအားဖြင့် ယေဟောဝါသည် ဘုရားသခင်၏ နာမအဖြစ် အမြဲ ရပ်တည်မနေနိုင်ပေ။ ဘုရားသခင်သည် ယေရှု နာမအောက်တွင်လည်း သူ၏ အမှုကို လုပ်ဆောင်နိုင်သေး၏။ ဤသည်မှာ ဘုရားသခင်၏ အမှုသည် ရှေ့သို့ ဦးတည်ချက်ဖြင့် အမြဲ တိုးတက်နေသည့် လက္ခဏာတစ်ခု ဖြစ်သည်။
ဘုရားသခင်သည် အမြဲ ဘုရားသခင်ဖြစ်ပြီး၊ မည်သည့်အခါမျှ စာတန် ဖြစ်လာလိမ့်မည်မဟုတ်ပေ။ စာတန်သည် အစဉ်အမြဲ စာတန်ဖြစ်ပြီး မည်သည့်အခါမျှ ဘုရားသခင် ဖြစ်လာလိမ့်မည်မဟုတ်။ ဘုရားသခင်၏ ဉာဏ်ပညာ၊ ဘုရားသခင်၏ အံ့ဖွယ်ဖြစ်ခြင်း၊ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းနှင့် ဘုရားသခင်၏ ဘုန်းအာနုဘော်သည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သူ၏ အနှစ်သာရ၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းသည် မည်သည့်အခါမျှ ပြောင်းလဲမည်မဟုတ်ပေ။ သို့သော်လည်း သူ၏ အမှုအတွက်မူ၊ သူသည် အစဉ်အမြဲ အသစ်ဖြစ်ပြီး မည်သည့်အခါမျှ အိုဟောင်းခြင်း မရှိသည့်အတွက်၊ ယင်းသည် ရှေ့သို့ ဦးတည်ချက်တစ်ခုဖြင့် အစဉ်အမြဲ တိုးတက်နေသည်၊ အစဉ်အမြဲ ပိုမို နက်ရှိုင်းနေပေသည်။ ခေတ်တိုင်းတွင် ဘုရားသခင်သည် နာမ အသစ်ကို ခံယူသည်၊ ခေတ်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ပြီး၊ ခေတ်တိုင်းတွင် သူသည် သူ၏ ဖန်ဆင်းခြင်းများကို သူ၏ အသစ်သော အလိုနှင့် အသစ်သော စိတ်သဘောထားကို မြင်ခွင့်ပေးလေသည်။ အကယ်၍ ခေတ်သစ်တွင် လူများသည် ဘုရားသခင်၏ စိတ်သဘောထားသစ် ဖော်ပြချက်ကို မမြင်နိုင်ကြပါက၊ ၎င်းတို့သည် သူ့ကို ကားတိုင်တွင် သံမှိုဖြင့် ထာဝရ ရိုက်နှက်မိကြမည် မဟုတ်လော။ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ ၎င်းတို့သည် ဘုရားသခင်ကို အဓိပ္ပာယ် သတ်မှတ်လိုက်မည် မဟုတ်လော။ ဘုရားသခင်သည် ယောက်ျားတစ်ဦး အဖြစ်သာ လူ့ဇာတိ ခံယူလာခဲ့ပါက၊ လူများသည် သူ့ကို ယောက်ျားအဖြစ်၊ လူယောက်ျားများ၏ ဘုရားသခင်အဖြစ်၊ သတ်မှတ်လိုက်ကြမည် ဖြစ်ပြီး၊ သူ့ကို မိန်းမများ၏ ဘုရားသခင်အဖြစ် မည်သည့်အခါမျှ ယုံကြည်မည် မဟုတ်ပေ။ ထိုအခါ ယောက်ျားများက ဘုရားသခင်ကို ယောက်ျားများကဲ့သို့ တူညီသော လိင်ရှိသည်၊ ဘုရားသခင်သည် ယောက်ျားများ၏ ခေါင်းဆောင်ဖြစ်သည်ဟု ယူဆကြပေမည်- သို့သော် မိန်းမများနှင့်သက်ဆိုင်၍ မည်သည့်အရာ ဖြစ်သနည်း။ ယင်းသည် မမျှတပေ။ ယင်းသည် ဦးစားပေးဆက်ဆံမှု ဖြစ်သည် မဟုတ်လော။ ဤကိစ္စရပ်သည် မှန်ကန်ပါက၊ ဘုရားသခင် ကယ်တင်သော သူအားလုံးတို့သည် သူကဲ့သို့ ယောက်ျားများသာ ဖြစ်မည်ဖြစ်ပြီး၊ မိန်းမတစ်ဦးတစ်ယောက်မျှ ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်က လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အာဒံကို ဖန်ဆင်းခဲ့ပြီး ဧဝကို ဖန်ဆင်းခဲ့သည်။ သူသည် အာဒံ တစ်ဦးတည်းကိုသာ မဖန်ဆင်းခဲ့ဘဲ၊ ယောက်ျားနှင့် မိန်းမနှစ်ဦးလုံးကို သူ၏ သဏ္ဌာန်အတိုင်း ပြုလုပ်ခဲ့သည်။ ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်သာ မဟုတ်— မိန်းမများ၏ ဘုရားသခင်လည်း ဖြစ်သည်။ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် အမှု၏ အသစ်သော အဆင့်တစ်ခုသို့ ဝင်ရောက်သည်။ သူသည် သူ၏စိတ်သဘောထားကို ပို၍ပင် ဖော်ပြလိမ့်မည်ဖြစ်ပြီး၊ ယင်းသည် ယေရှု၏ အချိန်ကာလနှင့် သက်ဆိုင်သည့် ကရုဏာတရားနှင့် ချစ်ခြင်းမေတ္တာတို့ ဖြစ်လိမ့်မည်မဟုတ်ပေ။ အမှုသစ်ကို လက်ရှိ လုပ်ဆောင်နှင့်ပြီ ဖြစ်သည့်အတွက်၊ ဤအမှုသစ်သည် စိတ်သဘောထားအသစ်နှင့်အတူ ပါရှိလိမ့်မည်။ ထို့ကြောင့်၊ ဤအမှုကို ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက- ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ဘဲ၊ ယင်းအစား လူသည် သူနှင့်ဆက်သွယ်ဖို့ နည်းလမ်း မရှိခဲ့စေဖို့အလို့ငှာ ဝိညာဉ်တော်က မိုးကြိုးမှတစ်ဆင့် တိုက်ရိုက် စကားပြောခဲ့ပါက၊ လူသည် သူ၏စိတ်သဘောထားကို သိနိုင်ပါမည်လော။ အမှုကို လုပ်ဆောင်ခဲ့သည်မှာ ဝိညာဉ်တော် တစ်ပါးတည်းဖြစ်ပါက၊ လူသည် ဘုရားသခင်၏ စိတ်သဘောထားကို သိရှိလာဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူလာချိန်တွင်၊ နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာပြီး သူက သူ၏စိတ်သဘောထား အလုံးစုံကို လူ့ဇာတိမှတစ်ဆင့် ဖော်ပြသည့်အခါတွင်သာ၊ လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားကို မိမိတို့၏ ကိုယ်ပိုင်မျက်စိများဖြင့် ရှုမြင်နိုင်ကြလိမ့်မည်ဖြစ်သည်။ ဘုရားသခင်သည် လူများအလယ်တွင် အမှန်တကယ်နှင့် စစ်မှန်စွာ အသက်ရှင်သည်။ သူသည် အမှန်တကယ်ရှိ၏။ လူသည် သူ၏စိတ်သဘောထားကို အမှန်တကယ် ထိတွေ့နိုင်သည်၊ သူ၏အရာအားလုံးနှင့် ဖြစ်ခြင်းကို ထိတွေ့နိုင်သည်။ ဤနည်းဖြင့်သာ လူသည် သူ့ကို အမှန်တကယ် သိရှိလာနိုင်သည်။ တစ်ချိန်တည်းတွင် “ဘုရားသခင်သည် ယောက်ျားများ၏ ဘုရားသခင်ဖြစ်သလို မိန်းမများ၏ ဘုရားသခင်လည်းဖြစ်သည်။” ဆိုသည့် အမှုကိုလည်း ဘုရားသခင် ပြီးပြည့်စုံစေပြီးဖြစ်ကာ လူ့ဇာတိ၌ သူ၏ အမှုအလုံးစုံကို ပြီးမြောက်စေပြီးဖြစ်သည်။ သူသည် ခေတ်တစ်ခုတစ်လေရှိ အမှုကို ထပ်မလုပ်ပေ။ နောက်ဆုံးသောကာလ ရောက်ရှိပြီး ဖြစ်သည့်အတွက်၊ သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်ဆောင်သော အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် သူ၏ စိတ်သဘောထားဖြစ်သည့် အလုံးစုံသော စိတ်သဘောထားကို ထုတ်ဖော်ပြလိမ့်မည်။ နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။ အကယ်၍ လူများ ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်း ဖြစ်သည်၊ သူသည် လူသားကို ကိုယ်နှင့်အမျှ ချစ်ပြီး၊ လူတိုင်းကို ကယ်တင်ခြင်း ပေးကာ လူကို မည်သည့်အခါမျှ မမုန်းဟု ဆိုပါက၊ သူ၏အမှုသည် အဆုံးသို့ အစဉ် ရောက်နိုင်မည်လော။ ယေရှု ကြွလာခဲ့ပြီး အပြစ်သားအားလုံးအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်ရင်းနှင့် ယဇ်ပလ္လင်ထက်တွင် မိမိကိုယ်ကိုယ် ပူဇော်ရင်း၊ ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရချိန်တွင်၊ သူသည် ရွေးနုတ်ခြင်း အမှုကို ပြည့်စုံစေနှင့်ခဲ့ပြီးဖြစ်ကာ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုခေတ်၏ အမှုကို နောက်ဆုံးသောကာလတွင် ထပ်လုပ်ခြင်း၏ ဆိုလိုချက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တူညီသောအရာကို လုပ်ဆောင်ခြင်းသည် ယေရှု၏ အမှုကို ငြင်းပယ်ခြင်း ဖြစ်မည် မဟုတ်လော။ ဤအဆင့်တွင် သူ ကြွလာခဲ့ချိန်တွင် ဘုရားသခင်သည် ကားစင်တင်ခံရခြင်းအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ ချစ်ခင်ကာ သနားကြင်နာနေမြဲဖြစ်ပါက၊ သူသည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်ပြီး သနားကြင်နာတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကပါဝင်သော၊ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။
သူ၏ စီမံခန့်ခွဲမှု အလုံးစုံတစ်လျှောက် ဘုရားသခင်၏ အမှုသည် လုံးဝ ရှင်းလင်းပေသည်။ ကျေးဇူးတော်ခေတ်သည် ကျေးဇူးတော်ခေတ်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလသည် နောက်ဆုံးသော ကာလ ဖြစ်သည်။ ခေတ်အသီးသီးတွင် ဘုရားသခင်သည် ထိုခေတ်ကို ကိုယ်စားပြုသည့် အမှုကို လုပ်ဆောင်သည့်အတွက် ခေတ်အသီးသီး ကြားတွင် သိသာသော ခြားနားမှုများ ရှိသည်။ နောက်ဆုံးသော ကာလ၏ အမှုကို လုပ်ဆောင်ပြီးရန်အတွက်၊ ခေတ်ကို အဆုံးသတ်သို့ ရောက်စေမည့် လောင်ကျွမ်းမှု၊ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှု၊ ဒေါသအမျက်နှင့် ဖျက်ဆီးမှုများ ရှိရမည် ဖြစ်သည်။ နောက်ဆုံးသောကာလသည် နောက်ဆုံးခေတ်ကို ရည်ညွှန်း၏။ နောက်ဆုံးခေတ် အတွင်းတွင်၊ ဘုရားသခင်သည် ခေတ်ကို အဆုံး မသတ်လိမ့်မည်လော။ ခေတ်ကို အဆုံးသတ်ရန်၊ ဘုရားသခင်သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းကို သူနှင့်အတူ ယူဆောင်ရမည်။ ထိုနည်းဖြင့်သာ သူသည် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းနိုင်သည်။ ယေရှု၏ ရည်ရွယ်ချက်မှာ လူသားအနေဖြင့် ဆက်လက်ရှင်သန်နိုင်ရန်၊ ဆက်လက် အသက်ရှင်ရန်နှင့် ပိုမိုကောင်းမွန်သော နည်းလမ်းတစ်ခုဖြင့် ဆက်လက်တည်ရှိစေနိုင်ရန် အလို့ငှာ ဖြစ်ခဲ့သည်။ လူသားသည် ဆိုးယုတ်ခြင်းထဲသို့ သူ၏ ကျဆင်းခြင်းအား ရပ်တန့်ရန်နှင့် မရဏနိုင်ငံနှင့် ငရဲတွင် ဆက်လက်အသက်မရှင်ဖို့အလို့ငှာ သူသည် လူကို အပြစ်မှ ကယ်တင်ခဲ့ပြီး၊ လူအား မရဏာနိုင်ငံနှင့် ငရဲတို့မှ ကယ်တင်ခြင်းအားဖြင့် ယေရှုသည် လူကို ဆက်လက် ရှင်သန်နေထိုင်ရန် အခွင့်ပေးခဲ့သည်။ ယခုတွင် နောက်ဆုံးသော ကာလသည် ဆိုက်ရောက်ပြီဖြစ်သည်။ ဘုရားသခင်သည် လူကို အမြစ်ဖြတ်သုတ်သင်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးလိမ့်မည်၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို အသွင်ပြောင်းလဲလိမ့်မည်ဖြစ်သည်။ ဤအကြောင်းရင်း အတွက်၊ အတိတ်က ကြင်နာသနားတတ်ပြီး ချစ်ခင်သော စိတ်သဘောထားဖြင့် ဘုရားသခင်သည် ခေတ်ကို အဆုံးသတ်ရန် သို့မဟုတ် သူ၏ နှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်အား အကျိုးဖြစ်ထွန်းခြင်းသို့ ဆောင်ကြဉ်းရန် ဖြစ်နိုင်မည် မဟုတ်ပေ။ ခေတ်တိုင်းသည် ဘုရားသခင်၏ စိတ်သဘောထားနှင့်သက်ဆိုင်သည့် အထူးကိုယ်စားပြုခြင်းတစ်ခုကို အသားပေးပြီး၊ ခေတ်တိုင်းသည် ဘုရားသခင် လုပ်ဆောင်သင့်သည့် အမှု ပါဝင်လေသည်။ ထို့ကြောင့် ခေတ်အသီးသီးတွင် ဘုရားသခင် ကိုယ်တိုင် လုပ်ဆောင်သော အမှုတွင် သူ၏ စစ်မှန်သော စိတ်သဘောထား ဖော်ပြချက်ပါဝင်ပြီး၊ သူ၏ နာမနှင့် သူလုပ်ဆောင်သော အမှုနှစ်ခုလုံးသည် ခေတ်နှင့်အတူ ပြောင်းလဲလေသည်- ယင်းတို့သည် အားလုံး အသစ်ဖြစ်ကြ၏။ ပညတ်တော်ခေတ်အတွင်းတွင် လူသားမျိုးနွယ်အား လမ်းပြခြင်းအမှုကို ယေဟောဝါ၏ နာမအောက်တွင် လုပ်ဆောင်ခဲ့ပြီး၊ အမှု၏ပထမအဆင့်ကို ကမ္ဘာမြေပေါ်တွင် အစပျိုးခဲ့သည်။ ဤအဆင့်တွင် အမှုသည် ဗိမာန်တော်နှင့် ယဇ်ပလ္လင်ကို တည်ဆောက်ခြင်း၊ ဣသရေလလူမျိုးတို့ကို လမ်းပြရန်နှင့် ၎င်းတို့အလယ်တွင် အလုပ်လုပ်ရန် ပညတ်တရားကို အသုံးပြုခြင်းတို့ ပါဝင်သည်။ ဣသရေလလူမျိုးတို့ကို လမ်းပြခြင်းအားဖြင့်၊ သူသည် ကမ္ဘာမြေပေါ်ရှိ သူ၏အမှုအတွက် အခြေစိုက်ရာတစ်ခုကို စတင်ဆောင်ရွက်ခဲ့သည်။ ထိုအခြေစိုက်ရာ မှနေ၍ သူသည် သူ၏အမှုကို ဣသရေလကို ကျော်လွန်၍ တိုးချဲ့ခဲ့သည်၊ ယင်းမှာ နောင်မျိုးဆက်များက ယေဟောဝါသည် ဘုရားသခင်ဖြစ်ပြီး၊ ကောင်းကင်၊ မြေကြီးနှင့် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သကဲ့သို့၊ သတ္တဝါအားလုံး၏ ဖန်ဆင်းရှင်မှာ ယေဟောဝါဖြစ်သည်ကို တဖြည်းဖြည်း သိရှိလာကြဖို့အလို့ငှာ၊ ဣသရေလမှစတင်လျက် သူသည် သူ၏အမှုကို အပြင်ဖက်သို့ ချဲ့ထွင်ခဲ့သည်ဟု ဆိုရပေမည်။ သူသည် သူ၏အမှုကို ဣသရေလလူတို့မှတစ်ဆင့် ၎င်းတို့ကို ကျော်လွန်၍ ပြင်ပသို့ ဖြန့်ကြက်သည်။ ဣသရေလနယ်မြေသည် ကမ္ဘာမြေပေါ်တွင် ယေဟောဝါအမှု၏ ပထမဆုံး သန့်ရှင်းသောနေရာ ဖြစ်ခဲ့ပြီး၊ ကမ္ဘာမြေပေါ်တွင် အမှုပြုဖို့ ဘုရားသခင် ပထမဆုံး သွားရောက်ခဲ့သောနေရာမှာ ဣသရေလနယ်မြေတွင် ဖြစ်သည်။ ယင်းမှာ ပညတ်တော်ခေတ်၏ အမှု ဖြစ်သည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ယေရှုသည် လူကို ကယ်တင်သော ဘုရားသခင် ဖြစ်ခဲ့သည်။ သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ ကျေးဇူးတော်၊ ချစ်ခြင်း မေတ္တာ၊ သနားကရုဏာ၊ စိတ်ရှည်ခြင်း၊ သည်းခံခြင်း၊ နှိမ့်ချခြင်း၊ စောင့်ရှောက်ခြင်းနှင့် သဘောထားကြီးခြင်းတို့ ဖြစ်ပြီး သူလုပ်ခဲ့သော အမှုအများအပြားမှာ လူသားကို ရွေးနုတ်ခြင်းအလို့ငှာ ဖြစ်ခဲ့သည်။ သူ၏ စိတ်သဘောထားသည် သနားကြင်နာခြင်းနှင့် ချစ်ခြင်းမေတ္တာအနက်မှ တစ်ခုဖြစ်ပြီး၊ သူသည် သနားကြင်နာတတ်ပြီး ချစ်မြတ်နိုးတတ်သောကြောင့်၊ ဘုရားသခင်သည် လူကို ကိုယ်နှင့်အမျှ ချစ်မြတ်နိုးလွန်းလှသည်မှာ သူသည် မိမိ၏ အလုံးစုံဖြင့် မိမိကိုယ်ကိုယ် ပူဇော်ခဲ့သည်အထိဖြစ်ခဲ့သည်ကို ပြသရန်အလို့ငှာ လူသားအတွက် ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရသည်။ ကျေးဇူးတော်ခေတ် အတွင်းတွင်၊ ဘုရားသခင်၏ နာမမှာ ယေရှုဖြစ်သည်၊ ယင်းမှာ ဘုရားသခင်သည် လူကို ကယ်တင်ခဲ့သော ဘုရားသခင်ဖြစ်ခဲ့ပြီး၊ သူသည် သနားကရုဏာနှင့်ပြည့်စုံသော ချစ်မြတ်နိုးတတ်သော ဘုရားသခင် ဖြစ်ခဲ့သည်ဟု ပြောရပေမည်။ ဘုရားသခင်သည် လူနှင့်အတူရှိခဲ့သည်။ သူ၏ချစ်ခြင်းမေတ္တာ၊ သူ၏သနားကရုဏာနှင့် သူ၏ကယ်တင်ခြင်းသည် လူတစ်ဦးချင်းစီနှင့်အတူ ပါရှိသည်။ ယေရှု၏ နာမနှင့် သူ၏ မျက်မှောက်ကို လက်ခံခြင်းအားဖြင့်သာ၊ လူသည် ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းကို ရရှိနိုင်သည်၊ သူ၏ကောင်းချီးမင်္ဂလာ၊ သူ၏ကြီးမားကာ များပြားလှသော ကျေးဇူးတော်များနှင့် သူ၏ ကယ်တင်ခြင်းတို့ကို ရရှိနိုင်သည်။ ယေရှု၏ ကားစင်တင်ခံရခြင်းမှတစ်ဆင့်၊ သူ့နောက်လိုက်သော သူအားလုံးသည် ကယ်တင်ခြင်းကို ရရှိခဲ့ကြပြီး၊ မိမိတို့၏ အပြစ်များမှာ ခွင့်လွှတ်ခြင်းခံခဲ့ကြရသည်။ ကျေးဇူးတော် ခေတ်အတွင်းတွင် ယေရှုသည် ဘုရားသခင်၏ နာမ ဖြစ်ခဲ့သည်။ တစ်နည်းအားဖြင့် ကျေးဇူးတော်ခေတ်၏ အမှုကို အဓိကအားဖြင့် ယေရှု၏ နာမအောက်တွင် လုပ်ဆောင်ခဲ့သည်။ ကျေးဇူးတော်ခေတ်အတွင်းတွင် ဘုရားသခင်ကို ယေရှုဟု ခေါ်ခဲ့သည်။ သူသည် ဓမ္မဟောင်းကျမ်းကို ကျော်လွန်သည့် အသစ်သော အမှု၏ အဆင့်ကို လက်ခံဆောင်ရွက်ခဲ့ပြီး၊ သူ၏ အမှုသည် ကားစင်တင်ခံရခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ ဤသည်မှာ သူ၏ အမှု အလုံးစုံ ဖြစ်သည်။ သို့ဖြစ်ရာ ပညတ်တော်ခေတ်အတွင်းတွင် ယေဟောဝါသည် ဘုရားသခင်၏ နာမဖြစ်ခဲ့ပြီး၊ ကျေးဇူးတော်ခေတ်တွင် ယေရှု၏ နာမသည် ဘုရားသခင်ကို ကိုယ်စားပြုခဲ့သည်။ နောက်ဆုံးသော ကာလအတွင်းတွင် သူ၏ နာမမှာ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်သည်— လူကို လမ်းပြရန်၊ လူကို သိမ်းပိုက်ရန်နှင့် လူကို ရရှိရန်နှင့် နောက်ဆုံးတွင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် သူ၏တန်ခိုးကို အသုံးပြုသော အနန္တတန်ခိုးရှင် ဖြစ်သည်။ ခေတ်တိုင်းတွင် သူ၏ အမှု အဆင့်တိုင်းတွင် ဘုရားသခင်၏ စိတ်သဘောထားသည် ထင်ရှားမြင်သာပေသည်။
အစအဦးတွင် ဓမ္မဟောင်း ပညတ်တော်ခေတ်အတွင်း၌ လူသားအား လမ်းပြခြင်းသည် ကလေးသူငယ်၏ ဘဝနေထိုင်မှု ပုံစံကို လမ်းပြခြင်းနှင့် တူသည်။ အစောဆုံး လူသားမျိုးနွယ်သည် ယေဟောဝါ၏ မွေးကင်းစကလေး ဖြစ်၏။ ၎င်းတို့သည် ဣသရေလ လူမျိုးများ ဖြစ်ခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေပေါ်တွင် မည်သို့ အသက်ရှင်ရမည်ကို နားလည်ခြင်း မရှိကြပေ။ ယင်းမှာ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ဆိုလိုသည်မှာ သူသည် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သည်၊ သို့သော် ယေဟောဝါကို မည်သို့ ရိုသေလေးမြတ်ရမည် သို့မဟုတ် ကမ္ဘာမြေပေါ်တွင် ယေဟောဝါ၏ ပညတ်တရားများကို မည်သို့ လိုက်နာရမည်ကို နားလည်နိုင်ရန် စွမ်းရည်များကို ၎င်းတို့အား သူ မပေးခဲ့ဟု ဆိုရပေမည်။ အစဦးတွင် လူသည် ထိုသို့သော စွမ်းရည်များ မပိုင်ဆိုင်ခဲ့သည့်အတွက်၊ ယေဟောဝါ၏ တိုက်ရိုက် လမ်းပြမှုမရှိဘဲနှင့် မည်သူမျှ ဤအရာကို တိုက်ရိုက်မသိနိုင်ပေ။ လူက ယေဟောဝါသည် ဘုရားသခင် ဖြစ်သည်ကိုသာ သိခဲ့သော်လည်း၊ သူ့ကို မည်သို့ ရိုသေလေးမြတ်ရမည်၊ မည်သည့် အပြုအမူမျိုးကို သူ့ကို ရိုသေလေးမြတ်ခြင်းဟု ခေါ်သည်၊ မည်သည့် စိတ်မျိုးဖြင့် သူ့ကို ရိုသေလေးမြတ်ရမည်၊ သို့မဟုတ် သူ့ကို ရိုသေလေးမြတ်ရာတွင် မည်သည့်အရာကို ပူဇော်ဆက်ကပ်ရမည် ဆိုသည်တို့အတွက်မူ၊ လူသည် လုံးဝ မသိခဲ့ပေ။ လူသည် ယေဟောဝါ ဖန်ဆင်းသော အရာများအားလုံး အလယ်တွင် မွေ့လျော်၍ရသည့် အရာကို မည်သို့ မွေ့လျော်ရမည်ကိုသာ သိသော်လည်း၊ ကမ္ဘာမြေပေါ်တွင် မည်သည့် ဘဝနေထိုင်မှုပုံစံမျိုးက ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးနှင့် ထိုက်တန်သည် ဆိုသည်အတွက်မူ၊ သူသည် အရိပ်အမြွက် ဘာဆိုဘာမျှ မသိခဲ့ချေ။ ၎င်းတို့ကို ညွှန်ကြားဖို့ တစ်စုံတစ်ယောက် မရှိဘဲနှင့်၊ ၎င်းတို့ကို ကိုယ်တိုင်ကိုယ်ကျ လမ်းပြဖို့ တစ်စုံတစ်ဦး မရှိဘဲနှင့်၊ ဤလူသားမျိုးနွယ်သည် လူ့သဘာဝနှင့် သင့်လျော်သော ဘဝနေထိုင်မှုပုံစံကို မည်သည့်အခါမျှ မှန်ကန်စွာ နေထိုင်ခဲ့မည် မဟုတ်ဘဲ၊ စာတန်၏ တိတ်တဆိတ် ဖမ်းဆီးခြင်းကိုသာ ခံခဲ့ရပေလိမ့်မည်။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သည်၊ ယင်းမှာ သူသည် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များဖြစ်သည့် အာဒံနှင့် ဧဝကို ဖန်ဆင်းခဲ့သော်လည်း၊ သူသည် ၎င်းတို့အပေါ် နောက်ထပ်မည်သည့် အသိဉာဏ် သို့မဟုတ် ဉာဏ်ပညာကိုမျှ မပေးခဲ့ဟု ဆိုရပေမည်။ ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် အသက်ရှင်နေနှင့်ခဲ့ကြသော်လည်း၊ ၎င်းတို့သည် အရာရာတိုင်းနီးပါးကို နားမလည်ခဲ့ပေ။ သို့ဖြစ်ရာ၊ ယေဟောဝါ၏ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်း အမှုသည် တစ်ဝက်တစ်ပျက်သာ ပြီးစီးခဲ့ပြီး ပြည့်စုံရန် ဝေးသေးသည်။ သူသည် ရွှံ့စေးမှ လူ၏ပုံစံကိုသာ ပုံသွင်းခဲ့ကာ သူ၏ ဇီဝအသက်ကို မှုတ်သွင်းပေးခဲ့ပြီးဖြစ်သော်လည်း၊ သူ့ကို ရိုသေလေးမြတ်ရန် လုံလောက်သော အလိုဆန္ဒကို လူသားအပေါ် အပ်နှင်းခြင်း မရှိခဲ့ပေ။ အစဦးတွင် လူသည် သူ့ကို ရိုသေလေးမြတ်လိုစိတ်၊ သို့မဟုတ် သူ့ကို ကြောက်ရွံ့စိတ် မရှိခဲ့ပေ။ လူသည် သူ၏နှုတ်ကပတ်တော်များကို မည်သို့နားထောင်ရမည်ကိုသာ သိခဲ့သော်လည်း၊ ကမ္ဘာမြေပေါ်က ဘဝနေထိုင်မှုပုံစံ အတွက် အခြေခံ အသိပညာနှင့် လူသား ဘဝနေထိုင်မှုပုံစံ၏ ပုံမှန်စည်းမျဉ်းများကို မသိခဲ့ပေ။ သို့ဖြစ်ရာ ယေဟောဝါသည် လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့ပြီး၊ ခုနှစ်ရက်စီမံကိန်းကို ပြီးစီးခဲ့သော်လည်း၊ လူသားသည် အခွံတစ်ခုသာ ဖြစ်ခဲ့ပြီး၊ လူသားဖြစ်ခြင်း၏ လက်တွေ့အရှိတရား ကင်းမဲ့ခဲ့သည့်အတွက်၊ သူသည် လူသားအား ဖန်ဆင်းခြင်းကို မည်သည့်နည်းနှင့်မျှ မပြီးဆုံးခဲ့ပေ။ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သူမှာ ယေဟောဝါဖြစ်သည်ကိုသာ လူသည် သိခဲ့သော်လည်း၊ ယေဟောဝါ၏ နှုတ်ကပတ်တော်များ သို့မဟုတ် ပညတ်တရားများအား မည်သို့လိုက်နာရမည်ကို အရိပ်အခြေမျှ သူမသိခဲ့ပေ။ သို့ဖြစ်ရာ လူသားမျိုးနွယ် တည်ရှိလာခဲ့သည့်နောက်တွင် ယေဟောဝါ၏အမှုမှာ ပြီးဆုံးရန် ဝေးသေးပေသည်။ လူသားမျိုးနွယ်အနေဖြင့် ကမ္ဘာမြေပေါ်တွင် အတူတကွ နေထိုင်နိုင်ပြီး သူ့ကို ရိုသေလေးမြတ်နိုင်ကြဖို့အလို့ငှာ၊ သူ၏လမ်းညွှန်မှုဖြင့် ၎င်းတို့သည် ကမ္ဘာမြေပေါ်တွင် ပုံမှန်လူသားဘဝနေထိုင်မှုပုံစံ၏ လမ်းကြောင်းအမှန်ပေါ်သို့ ဝင်ရောက်နိုင်ဖို့အလို့ငှာ၊ ၎င်းတို့ကို သူ၏ရှေ့မှောက် လာစေရန် သူ့အနေဖြင့် အပြည့်အဝ လမ်းပြဖို့ လိုအပ်နေဆဲဖြစ်ခဲ့သည်။ ဤနည်းဖြင့်သာ ယေဟောဝါ၏ နာမအောက်တွင် အဓိကအားဖြင့် ဦးစီးဦးရွက်ပြုသော အမှုသည် အပြည့်အဝ ပြီးဆုံးခဲ့ပေသည်၊ ဆိုလိုသည်မှာ ဤနည်းဖြင့်သာ ယေဟောဝါ၏ ကမ္ဘာလောကကို ဖန်ဆင်းခြင်း အမှုသည် အပြည့်အဝ အပြီးသတ်ခဲ့ပေသည်။ သို့ဖြစ်ရာ လူသားမျိုးနွယ်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမိန့်များနှင့် ပညတ်တရားများကို လိုက်နာနိုင်ပြီး၊ ပုံမှန်လူသား ဘဝနေထိုင်မှုပုံစံ၏ လှုပ်ရှားမှုများအားလုံးတွင် ပါဝင်နိုင်ဖို့အလို့ငှာ၊ လူသားမျိုးနွယ်ကို ဖန်ဆင်းပြီးလျက်ဖြင့်၊ သူသည် ကမ္ဘာမြေပေါ်တွင် လူသားမျိုးနွယ်၏ ဘဝနေထိုင်မှုပုံစံကို နှစ်ထောင်ပေါင်းအချို့ကြာ လမ်းပြခဲ့ရပေသည်။ ထိုအခါမှသာ ယေဟောဝါ၏ အမှုသည် အပြည့်အဝ ပြီးစီးခဲ့ပေသည်။ သူသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းနောက်တွင် ဤအမှုကို ဆောင်ရွက်ခဲ့ပြီး ယာကုပ်၏ ခေတ်အထိ ယင်းကို ဆက်လက်လုပ်ဆောင်ခဲ့သည်၊ ထိုအချိန်တွင် သူသည် ယာကုပ်၏သား တစ်ဆယ့်နှစ်ယောက်ကို ဣသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်ခုအဖြစ် ဖန်တီးခဲ့သည်။ ထိုအချိန်မှစ၍ ဣသရေလလူမျိုးအားလုံးတို့သည် ကမ္ဘာမြေပေါ်တွင် သူ တရားဝင်ဦးဆောင်လမ်းပြခဲ့သည့် လူသားမျိုးနွယ်စု ဖြစ်လာပြီး၊ ဣသရေလသည် သူ၏အမှုများကို သူလုပ်ဆောင်ခဲ့သည့် ကမ္ဘာမြေပေါ်က အထူးနေရာ ဖြစ်လာခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် သူမှ မွေးဖွားလာသော လူအားလုံးက သူကို မည်သို့ရိုသေလေးမြတ်ရမည်ဆိုသည်နှင့် ကမ္ဘာမြေကြီးပေါ်တွင် မည်သို့နေထိုင်ရမည်ကို သိရှိကြဖို့အလို့ငှာ၊ ယေဟောဝါသည် ဤလူများကို ကမ္ဘာပေါ်က သူ၏အမှုအား တရားဝင် လုပ်ဆောင်ခဲ့သည့် ပထမဆုံး လူစုဖြစ်စေခဲ့ပြီး၊ ၎င်းတို့ကို သာ၍ပင် ကြီးမားသော အမှု၏ အစအဖြစ် အသုံးပြုရင်း၊ ဣသရေလနယ်မြေ တစ်ခုလုံးကို သူ့အမှု၏ အစပြုရာအမှတ် ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဣသရေလလူတို့၏ လုပ်ဆောင်ချက်များသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက လိုက်လျှောက်ရသော ပုံသက်သေဖြစ်လာခဲ့ပြီး၊ ဣသရေလလူများအကြား ပြောဆိုခဲ့သည့်အရာသည် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများက နားထောင်ရသော စကားများ ဖြစ်လာခဲ့သည်။ ၎င်းတို့သည် ယေဟောဝါ၏ ပညတ်တရားများနှင့် ပညတ်ချက်များကို ပထမဆုံး ရရှိသူများဖြစ်သည့်အတွက်၊ ၎င်းတို့သည် ယေဟောဝါ၏ လမ်းခရီးများကို မည်သို့ရိုသေလေးမြတ်ရမည်ကို ပထမဆုံး သိရှိကြသူများလည်း ဖြစ်ခဲ့သည်။ ၎င်းတို့သည် ယေဟောဝါ၏ လမ်းခရီးများကို သိခဲ့ကြသည့် လူသားမျိုးနွယ်၏ ဘိုးဘေးဘီဘင်များ ဖြစ်ခဲ့ရုံသာမက၊ ယေဟောဝါက ရွေးချယ်ခဲ့သော လူသားမျိုးနွယ်၏ ကိုယ်စားပြုသူများလည်း ဖြစ်သည်။ ကျေးဇူးတော်ခေတ် ရောက်ရှိခဲ့ချိန်တွင်၊ ယေဟောဝါသည် လူကို ဤနည်းဖြင့် လမ်းမပြတော့ပေ။ လူသည် အပြစ်ပြုခဲ့ကြပြီးဖြစ်ကာ မိမိကိုယ်ကိုယ် အပြစ်သို့ စွန့်ပစ်ထားခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် လူကို အပြစ်မှ ကယ်ဆယ်ရန် စတင်ခဲ့သည်။ ဤနည်းဖြင့် လူသည် အပြစ်မှ လုံးလုံးလျားလျား ကယ်တင်ခံရပြီးသည်အထိ သူသည် လူကို အပြစ်တင်ခဲ့သည်။ နောက်ဆုံးသောကာလတွင်၊ လူသည် ထိုသို့သော ဆိုးယုတ်ခြင်း အတိုင်းအတာတစ်ခုအထိ နစ်မြုပ်ပြီးဖြစ်သည်မှာ ဤအဆင့်၏ အမှုကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း မှတစ်ဆင့်သာ ဆောင်ရွက်နိုင်လေသည်။ ဤနည်းဖြင့်သာ အမှုကို ပြီးမြောက်နိုင်သည်။ ဤသည်မှာ ခေတ်အချို့၏ အမှုဖြစ်ပြီး ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ခေတ်တစ်ခေတ်မှ တစ်ခေတ်ကို ခွဲခြားရန်နှင့် ယင်းတို့အကြား အပြောင်းအလဲ ပြုလုပ်ရန် သူ၏ နာမ၊ သူ၏အမှုနှင့် ဘုရားသခင်၏ ပုံသဏ္ဌာန် အမျိုးမျိုးတို့ကို အသုံးပြုသည်။ ဘုရားသခင်၏ နာမနှင့် သူ၏ အမှုသည် သူ၏ ခေတ်ကို ကိုယ်စားပြုပြီး၊ ခေတ်တိုင်းတွင် သူ၏ အမှုကို ကိုယ်စားပြုသည်။ ခေတ်တိုင်းတွင် ဘုရားသခင်၏ အမှုသည် အမြဲတူညီပြီး၊ သူ့ကို နာမတစ်ခုအားဖြင့် အမြဲ ခေါ်သည်ဆိုပါစို့၊ လူသည် သူ့ကို မည်သို့ သိရှိမည်နည်း။ ဘုရားသခင်ကို ယေဟောဝါဟု ခေါ်ရမည်ဖြစ်ပြီး၊ ယေဟောဝါဟုခေါ်သော ဘုရားမှလွဲ၍ အခြားနာမဖြင့်ခေါ်ဆိုသော မည်သူမဆိုသည် ဘုရား မဟုတ်ပေ။ သို့မဟုတ်ပါက ဘုရားသခင်သည် ယေရှုသာ ဖြစ်နိုင်ပြီး၊ ယေရှု နာမမှလွဲ၍ သူ့ကို အခြားမည်သည့် နာမနှင့်မျှ ခေါ်၍ရနိုင်မည် မဟုတ်ပေ။ ယေရှုမှလွဲ၍ ယေဟောဝါသည် ဘုရားမဟုတ်သကဲ့သို့၊ အနန္တတန်ခိုးရှင် ဘုရားသခင်သည်လည်း ဘုရားမဟုတ်ပေ။ လူက ဘုရားသခင်သည် အနန္တတန်ခိုးရှိသည်မှာ မှန်သော်လည်း၊ ဘုရားသခင်သည် လူနှင့်အတူရှိသော ဘုရားသခင်ဖြစ်ပြီး၊ ဘုရားသခင်သည် လူနှင့်အတူ ရှိသည့်အတွက် သူ့ကို ယေရှုဟု ခေါ်ရမည်ဟု ယုံကြည်လေသည်။ ဤသို့ ယုံကြည်ခြင်းသည် အယူဝါဒများကို လိုက်လျှောက်ခြင်းဖြစ်ပြီး ဘုရားသခင်ကို နယ်ပယ်တစ်ခုခုသို့ ဘောင်ခတ်ထားခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ခေတ်တိုင်းတွင် ဘုရားသခင်လုပ်ဆောင်သော အမှု၊ သူ့ကို ခေါ်သော နာမနှင့် သူ ခံယူသော အဆင်းသဏ္ဌာန်- ယနေ့အထိ တစ်လျှောက်လုံး အဆင့်တိုင်းတွင် သူလုပ်ဆောင်သောအမှု- ဤအရာများသည် တစ်ခုတည်းသော စည်းမျဉ်းကို မလိုက်နာသကဲ့သို့၊ မည်သည့်ကန့်သတ်ချက်များနှင့်မျှ ကန့်သတ်မခံရပေ။ သူသည် ယေဟောဝါဖြစ်သည်၊ သို့သော် သူသည် ယေရှုလည်း ဖြစ်သည့်အပြင်၊ မေရှိယနှင့် အနန္တတန်ခိုးရှင် ဘုရားသခင်လည်း ဖြစ်သည်။ သူ၏အမှုသည် သူ၏ နာမ၌ လိုက်လျောညီထွေသော အပြောင်းအလဲများ နှင့်အတူ ဖြည်းညင်းသော အသွင်ပြောင်းလဲမှုကို ကြုံရနိုင်သည်။ မည်သည့်နာမ တစ်ခုတည်းကမျှ သူ့ကို အပြည့်အဝ ကိုယ်စားမပြုနိုင်သော်လည်း၊ သူ့ကိုခေါ်ဆိုသော ဤနာမ အားလုံးသည် သူ့ကိုကိုယ်စားပြုနိုင်ပြီး ခေတ်တိုင်းတွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြုသည်။ နောက်ဆုံးသော ကာလ ရောက်ရှိချိန်တွင်၊ သင် ရှုမြင်သော ဘုရားသခင်သည် ယေရှုဖြစ်နေဆဲဖြစ်သည့်အပြင် သူသည် ဖြူသော မိုးတိမ်တစ်ခုကို စီးလာပြီး ယေရှု၏ သွင်ပြင် ရှိနေဆဲဖြစ်ကာ၊ သူပြောသော စကားများသည် ယေရှု၏ နှုတ်ကပတ်တော်များ ဖြစ်သည့်၊ “သင်တို့သည် ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှ ချစ်သင့်သည်၊ သင်တို့သည် အစာရှောင်ပြီး ဆုတောင်းသင့်သည်၊ ကိုယ်၏ အသက်ကို ချစ်ခင်မြတ်နိုးသကဲ့သို့ သင်တို့၏ရန်သူများကို ချစ်လော့၊ အခြားသူများကို သည်းခံလော့၊ ပြီးလျှင် စိတ်ရှည်ကာ နှိမ့်ချခြင်းရှိကြလော့။ သင်တို့သည် ငါ၏တပည့်တော်များ ဖြစ်မလာနိုင်မီ ဤအရာအားလုံးကို လုပ်ဆောင်ရမည်။ ဤအရာ အားလုံးကို လုပ်ဆောင်ခြင်းအားဖြင့်၊ သင်သည် ငါ၏နိုင်ငံတော်ထဲသို့ ဝင်ရောက်နိုင်မည်။” ဟူသည့် နှုတ်ကပတ်တော်များ ဖြစ်နေဆဲ ဆိုကြပါစို့။ ဤသည်မှာ ကျေးဇူးတော်ခေတ်၏ အမှုနှင့် သက်ဆိုင်မည် မဟုတ်လော။ သူပြောသောအရာသည် ကျေးဇူးတော်ခေတ်၏ လမ်းခရီး ဖြစ်မည် မဟုတ်လော။ သင်တို့သည် ဤနှုတ်ကပတ်တော်များကို ကြားခဲ့ရမည်ဆိုပါက၊ အဘယ်သို့ ခံစားရမည်နည်း။ ဤသည်မှာ ယေရှု၏ အမှုဖြစ်နေဆဲဟု ခံစားရမည် မဟုတ်လော။ ဤသည်မှာ ယင်းကို ထပ်လုပ်ခြင်း ဖြစ်မည် မဟုတ်လော။ လူသည် ဤအရာ၌ မွေ့လျော်မှု ရှာတွေ့နိုင်မည်လော။ ဘုရားသခင်၏ အမှုသည် ယခုကဲ့သို့သာ ဆက်လက်ရှိနေပြီး နောက်ထပ် မတိုးတက်တော့ဟု သင်တို့ ခံစားရပေမည်။ သူသည် တန်ခိုးများစွာသာ ရှိပြီး၊ လုပ်ဆောင်ဖို့ အသစ်သောအမှု နောက်ထပ်မရှိသကဲ့သို့၊ သူသည် သူ၏ တန်ခိုးကို အတတ်နိုင်ဆုံး အစွမ်းကုန် လုပ်ဆောင်ပြီးဖြစ်သည်။ ယခုမတိုင်မီ နှစ်ပေါင်း နှစ်ထောင်သည် ကျေးဇူးတော်ခေတ်ဖြစ်ခဲ့ပြီး၊ နှစ်ပေါင်း နှစ်ထောင်ကြာပြီးနောက်တွင် သူသည် ကျေးဇူးတော်ခေတ်၏ လမ်းခရီးကို ဟောကြားနေဆဲဖြစ်ပြီး လူများကို နောင်တရစေနေဆဲ ဖြစ်သည်။ လူများက၊ “ဘုရားသခင်၊ ကိုယ်တော့်သည် များလှစွာသော တန်ခိုးသာ ရှိပါ၏။ ကိုယ်တော်သည် အလွန် အမြော်အမြင်ရှိမည်ကို ကျွန်ုပ်ယုံကြည်ခဲ့သော်လည်း၊ ကိုယ်တော်သည် သည်းခံခြင်းကိုသာ သိပြီး စိတ်ရှည်ခြင်းကိုသာ စိတ်ဝင်စားသည်၊ ပြီးလျှင် ကိုယ်တော်သည် မိမိ၏ ရန်သူကို မည်သို့ ချစ်ရမည်ကိုသာ သိသည်၊ ထို့ထက် ဘာမျှမပို။” ဟု ပြောကြပေမည်။ လူ၏ စိတ်ထဲတွင်၊ ဘုရားသခင်သည် အစဉ်အမြဲ ကျေးဇူးတော်ခေတ်ထဲက သူ ဖြစ်ခဲ့သည့်အတိုင်း ဖြစ်ပေမည်၊ ပြီးလျှင် ဘုရားသခင်သည် ချစ်ခင်တတ်ပြီး သနားကရုဏာနှင့် ပြည့်စုံသည်ဟု လူက အစဉ်အမြဲ ယုံကြည်ပေမည်။ ဘုရားသခင်၏ အမှုသည် အစဉ်အမြဲ ဓာတ်ပြားဟောင်းကြီးသာ ပြန်ဖွင့်မည်ဟု သင်ထင်ပါသလော။ သို့ဖြစ်လျှင် သူ၏ အမှု ဤအဆင့်တွင် သူသည် ကားစင်တင်ခံရမည်မဟုတ်သကဲ့သို့၊ သင်တို့ မြင်သမျှနှင့် ထိတွေ့သမျှ အရာရာတိုင်းသည် သင်တို့ စိတ်ကူးပြီးသည့် သို့မဟုတ် ကြားဖူးသည့် မည်သည့်အရာနှင့်မျှ တူမည် မဟုတ်ပေ။ ယနေ့တွင် ဘုရားသခင်သည် ဖာရိရှဲများနှင့် ပတ်သက်ခြင်းမရှိသကဲ့သို့၊ ကမ္ဘာလောကကိုလည်း သိခွင့်မပေးပေ၊ ပြီးလျှင် သူသည် တစ်ဖန် ကားစင်တင်ခံရလိမ့်မည် မဟုတ်သည့်အတွက် သူ့ကိုသိသောသူများမှာ သူ့နောက်သို့ လိုက်သော သင်တို့သာဖြစ်သည်။ ကျေးဇူးတော် ခေတ်အတွင်းတွင်၊ ယေရှုသည် သူ၏ ဧဝံဂေလိ အလုပ်အတွက် တိုင်းပြည်တစ်လျှောက်လုံး ပွင့်လင်းစွာ တရားဟောကြားခဲ့သည်။ ကိုယ်တော်သည် ကားစင်တင်ခံရခြင်း အမှုအတွက် ဖာရိရှဲများနှင့် ပတ်သက်ခဲ့သည်။ အကယ်၍ သူသည် ဖာရိရှဲများနှင့် မပတ်သက်ခဲ့ဘဲ၊ အာဏာရှိသော သူများက သူ့ကို မည်သည့်အခါကမျှ မသိရှိခဲ့ပါက၊ သူသည် မည်သို့ စီရင်ခံရပြီးနောက် သစ္စာဖောက်ခံရကာ ကားတိုင်တွင် သံမှိုရိုက်နှက်ခံရနိုင်မည်နည်း။ သို့ဖြစ်ရာ သူသည် ကားစင်တင်ခံရခြင်း အမှုအတွက် ဖာရိရှဲများနှင့် ပတ်သက်ခဲ့သည်။ ယနေ့တွင် ဖြားယောင်း သွေးဆောင်ခြင်းကို ရှောင်ရှားရန်အလို့ငှာ သူသည် သူ၏ အမှုကို တိတ်တဆိတ် လုပ်ဆောင်လေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်တွင်၊ အမှုနှင့် အရေးပါမှုမှာ ကွာခြားပြီး အပြင်အဆင်သည်လည်း ခြားနားသည်၊ ထို့ကြောင့် သူလုပ်ဆောင်သည့် အမှုသည် မည်သို့ လုံးဝ တူညီနိုင်မည်နည်း။
“ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်” ဟူသည့် ယေရှု၏နာမသည် ဘုရားသခင်၏ စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားပြုနိုင်မည်လော။ ယင်းသည် ဘုရားသခင်ကို ရှင်းလင်းစွာ ထုတ်ဖော်ပြနိုင်သလော။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို ပြောင်းလဲနိုင်ခြင်း မရှိသောကြောင့်၊ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်ဆိုနိုင်ပြီး၊ အခြားနာမ မရှိနိုင်ဟု လူကဆိုပါက၊ ဤစကားလုံးများသည် ဧကန်အမှန် ပြစ်မှားစော်ကားခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့နှင့် အတူရှိသော ဘုရားသခင်ဟူသည့် ယေရှု နာမတစ်ခုတည်းသာ သူ၏အလုံးစုံဖြင့် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်ဟု သင်ယုံကြည်ပါသလော။ ဘုရားသခင်ကို နာမ အများအပြားဖြင့် ခေါ်ဆို၍ ရကောင်းရနိုင်သော်လည်း၊ ဤနာမများအကြားတွင် ဘုရားသခင်၏ အရာအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြပေးနိုင်သော နာမတစ်ခုမျှမရှိ၊ ဘုရားသခင်ကို အပြည့်အဝ ကိုယ်စားပြုနိုင်သောနာမ တစ်ခုမျှ မရှိပေ။ ထို့ကြောင့် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်၏ စိတ်သဘောထားက ကြွယ်ဝလွန်းသည်မှာ လူသား၏ သူ့ကို သိရှိနိုင်စွမ်းအား တကယ်ကို ကျော်လွန်သည့်အတွက် ဤနာမ အများအပြားသည် ဘုရားသခင်၏ စိတ်သဘောထားကို အပြည့်အဝ ရှင်းလင်းစွာ မဖော်ပြနိုင်ပေ။ လူသားသည် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုလျက်၊ ဘုရားသခင်ကို အပြည့်အဝ အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် မဖြစ်နိုင်ပေ။ လူသားမျိုးနွယ်ထံတွင် ဘုရားသခင်၏ စိတ်သဘောထား နှင့်ပတ်သက်၍ ၎င်းတို့သိသမျှအားလုံးကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန် အကန့်အသတ်ရှိသော ဝေါဟာရသာ ရှိသည်- ကြီးမြတ်သော၊ ဂုဏ်ရှိသော၊ အံ့သြဖွယ်ဖြစ်သော၊ ဉာဏ်မမီနိုင်သော၊ အထွတ်အထိပ်ဖြစ်သော၊ သန့်ရှင်းသော၊ ဖြောင့်မတ်သော၊ ဉာဏ်ပညာရှိသော စသဖြင့် ဖြစ်သည်။ စကားလုံးများ များလှပေစွ။ ဤအကန့်အသတ်ရှိသော ဝေါဟာရသည် လူက မျက်မြင်တွေ့ပြီး ဖြစ်သော ဘုရားသခင်၏ စိတ်သဘောထား အနည်းငယ်ကို ဖော်ပြနိုင်စွမ်း မရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ အခြားသူများစွာက ၎င်းတို့၏ စိတ်နှလုံးများထဲက စိတ်အားထက်သန်မှုကို သာ၍ ကောင်းစွာ ဖော်ပြနိုင်သည်ဟု တွေးထင်ခဲ့ကြသည့် စကားလုံးများကို ဖြည့်စွက်ခဲ့ကြသည်။ ဘုရားသခင် ကြီးမြတ်လွန်းလှပေစွ။ ဘုရားသခင် သန့်ရှင်းလွန်းလှပေစွ။ ဘုရားသခင်သည် အလွန် ချစ်မြတ်နိုးဖွယ်ဖြစ်ပေစွတကား။ ယနေ့တွင် ဤသို့သော လူသား ပြောဆိုမှုများသည် ၎င်းတို့၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး ဖြစ်သော်လည်း၊ လူသည် မိမိတို့ကိုယ်ကိုယ် ဖော်ပြနိုင်စွမ်း မရှိသေးပေ။ သို့ဖြစ်ရာ လူအတွက် ဘုရားသခင်သည် နာမ အများအပြား ရှိသော်လည်း၊ ဘုရားသခင်သည် အမည်တစ်ခုမျှ မရှိပေ၊ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၏ ဖြစ်တည်မှုသည် အလွန် အလျှံပယ်ဖြစ်ပြီး၊ လူသား၏ ဘာသာစကားသည် ခြွတ်ခြုံကျလွန်းသောကြောင့် ဖြစ်သည်။ သီးခြား စကားတစ်လုံး၊ သို့မဟုတ် နာမတစ်ခုသည် ဘုရားသခင်ကို သူ၏ အလုံးစုံဖြင့် ကိုယ်စားပြုဖို့ စွမ်းရည် မရှိပေ၊ ထို့ကြောင့် သူ၏နာမကို ပုံသေထား၍ ရနိုင်မည်ဟု သင်ထင်ပါသလော။ ဘုရားသခင်သည် အလွန်ကြီးမြတ်ပြီး အလွန် သန့်ရှင်းလွန်းသော်လည်း၊ သင်သည် ခေတ်သစ်အသီးသီးတွင် သူ၏နာမကို ပြောင်းလဲရန် ခွင့်မပြုဘဲနေမည်လော။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်သော ခေတ်တိုင်းတွင် သူသည် သူလုပ်ဆောင်ရန် ရည်ရွယ်သော အမှုကို အတိုဆုံးနှင့် အရှင်းဆုံး ဖော်ပြရန်အလို့ငှာ ထိုခေတ်နှင့် သင့်တော်သော နာမကို အသုံးပြုပေသည်။ ထိုခေတ်ထဲက သူ၏ စိတ်သဘောထားကို ကိုယ်စားပြုရန် သူသည် ယာယီ အရေးပါမှုကို ပိုင်ဆိုင်သော နာမတစ်ခုဖြစ်သည့် သီးသန့် နာမကို အသုံးပြုသည်။ ဤသည်မှာ ဘုရားသခင်က သူ၏ ကိုယ်ပိုင်စိတ်သဘောထားကို ဖော်ပြရန် လူသားမျိုးနွယ်၏ ဘာသာစကားကို အသုံးပြုခြင်းဖြစ်သည်။ သို့သော်ငြားလည်း ဝိညာဉ်ရေးရာ အတွေ့အကြုံများရှိပြီး ဘုရားသခင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးသော လူများစွာသည် ဤသီးသန့်နာမတစ်ခုသည် ဘုရားသခင်ကို သူ၏အလုံးစုံဖြင့် ကိုယ်စားပြုနိုင်စွမ်းရှိသည်ဟု ခံစားကြရသည်- အလိုလေး၊ ဤသည်မှာ ကူကယ်ရာမဲ့ပါသည်တကား- ထို့ကြောင့် လူသည် ဘုရားသခင်ကို မည်သည့် နာမဖြင့်မျှ ခေါ်ဆိုခြင်းမပြုတော့ဘဲ၊ သူ့ကို “ဘုရားသခင်” ဟုသာ ခေါ်ကြလေသည်။ ယင်းမှာ လူသည် ဘုရားသခင်ကို မည်သို့ရှင်းပြရမည်ကို မသိသည့်အတွက်၊ လူ၏ စိတ်နှလုံးသည် ချစ်ခြင်းမေတ္တာဖြင့် ပြည့်နေသည့်တိုင် ကွဲလွဲခြားနားခြင်းများနှင့်လည်း ဝန်းရံခံနေရသည့်အလား ဖြစ်သည်။ ဘုရားသခင်၏ဖြစ်ခြင်းသည် အလွန်အလျှံပယ်ဖြစ်သည်မှာ ယင်းကို ဖော်ပြနိုင်သည့်နည်းလမ်း အကယ်ကို မရှိပေ။ ဘုရားသခင်၏ စိတ်သဘောထားကို အကျဉ်းချုပ်နိုင်သည့် တစ်ခုတည်းသော နာမ မရှိသကဲ့သို့၊ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းကို ဖော်ပြနိုင်သည့် တစ်ခုတည်းသော နာမ မရှိပေ။ အကယ်၍ တစ်စုံတစ်ယောက်က၊ “အတိအကျအားဖြင့် ကိုယ်တော်သည် မည်သည့်နာမတော်ကို သုံးသနည်း။” ဟု ငါ့ကို မေးပါက၊ “ဘုရားသခင်သည် ဘုရားသခင်ပင် ဖြစ်သည်။” ဟု ၎င်းတို့ကို ငါပြောမည်။ ယင်းသည် ဘုရားသခင်အတွက် အကောင်းဆုံး နာမ ဖြစ်သည် မဟုတ်လော။ ယင်းသည် ဘုရားသခင်၏ စိတ်သဘောထားကို အကောင်းဆုံး အချုပ်အားဖြင့် ဖော်ပြနိုင်ခြင်း မဟုတ်လော။ ဤသို့ဖြစ်၍ သင်တို့သည် အဘယ်ကြောင့် ဘုရားသခင်၏ နာမကို ရှာဖွေရန် လုံ့လများစွာ စိုက်ထုတ်နေကြသနည်း။ နာမတစ်ခုအတွက်၊ အစာမစား အိပ်လည်းမအိပ်ဘဲ၊ အဘယ်ကြောင့် ဦးနှောက်ခြောက်အောင် စဉ်းစားသင့်သနည်း။ ဘုရားသခင်ကို ယေဟောဝါ၊ ယေရှု၊ သို့မဟုတ် မေရှိယဟု မခေါ်သည့်နေ့ရက်သည် ရောက်လာလိမ့်မည်- သူသည် ဖန်ဆင်းရှင်သက်သက် ဖြစ်လိမ့်မည်။ ထိုအချိန်တွင်၊ ကမ္ဘာမြေကြီးပေါ်ရှိ သူ၏အမှုသည် အဆုံးသတ်သို့ ရောက်ရှိလာပြီး ဖြစ်ကာ၊ ယင်းနောက်တွင် သူ၏နာမများလည်း ရှိတော့မည် မဟုတ်သည့်အတွက်၊ ကမ္ဘာမြေကြီးပေါ်တွင် သူရယူခဲ့သည့် နာမများ အားလုံးသည် အဆုံးသတ်သို့ ရောက်ပေလိမ့်မည်။ ဖန်ဆင်းရှင်၏ အုပ်စိုးမှုအောက်သို့ အရာခပ်သိမ်း ရောက်လာချိန်တွင်၊ အလွန်သင့်လျော်သော်လည်း မပြည့်စုံသည့် နာမတစ်ခုကို သူသည် အဘယ်သို့ လိုအပ်သေးသနည်း။ သင်သည် ယခု ဘုရားသခင်၏ နာမကို ရှာဖွေနေဆဲလော။ ဘုရားသခင်ကို ယေဟောဝါဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲဖြစ်သလော။ ဘုရားသခင်ကို ယေရှုဟုသာ ခေါ်နိုင်သည်ဟု သင်ပြောဝံ့ဆဲလော။ ဘုရားသခင်ကို ပြစ်မှားစော်ကားခြင်း အပြစ်ကို သင်ခံနိုင်သလော။ ဘုရားသခင်သည် မူလအစက နာမ မရှိခဲ့သည်ကို သင်သိသင့်သည်။ သူသည် လုပ်ဆောင်ရမည့် အမှုရှိခဲ့ပြီး လူသားမျိုးနွယ်ကို စီမံခန့်ခွဲရမည်ဖြစ်သောကြောင့်၊ သူသည် နာမ တစ်ခု၊ သို့မဟုတ် နှစ်ခု၊ သို့မဟုတ် နာမများစွာကို ယူခဲ့ရခြင်းသာ ဖြစ်သည်။ သူ့ကို မည်သည့်နာမဖြင့် ခေါ်သည်ဖြစ်စေ- ယင်းကို သူကိုယ်တိုင် လွတ်လပ်စွာ ရွေးချယ်ခဲ့ခြင်း မဟုတ်လော။ ယင်းကို ဆုံးဖြတ်ပေးရန် သူသည်- သူ၏ဖန်ဆင်းခြင်းထဲမှ တစ်ဦးဖြစ်သည့်- သင့်ကို လိုအပ်သလော။ ဘုရားသခင် အခေါ်ခံရသည့် နာမသည် လူသားမျိုးနွယ်၏ ဘာသာစကားဖြင့် လူက နားလည်နိုင်စွမ်း ရှိသည့်အရာနှင့် ကိုက်ညီသည့် နာမဖြစ်သော်လည်း၊ ဤနာမသည် လူက ခြုံငုံမိနိုင်သည့် အရာတစ်ခု မဟုတ်ပေ။ ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးရှိသည်၊ သူ့ကို ဘုရားသခင်ဟုခေါ်သည်၊ သူသည် အလွန်အမြော်အမြင်ရှိသည့်၊ အလွန်ချီးမြှောက်ခြင်းခံရသည့်၊ အလွန်အံ့သြဖွယ်ကောင်းသည့်၊ အလွန်နက်နဲပြီး အနန္တတန်ခိုးနှင့် အလွန်ပြည့်စုံသည့် ကြီးမြတ်သော တန်းခိုးရှိသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ဟုသာ သင်ပြောနိုင်ပြီးနောက်၊ နောက်ထပ်ပို၍ သင်ဘာမျှမပြောနိုင်ပေ။ ဤနည်းနည်းလေးမှာ သင်သိနိုင်သမျှအကုန် ဖြစ်သည်။ ဤသို့ဖြစ်သဖြင့် ယေရှုဟူသည့် နာမမျှက ဘုရားသခင်ကိုယ်တိုင်ကို ကိုယ်စားပြုနိုင်ပါသလော။ နောက်ဆုံးသောကာလ ရောက်ရှိလာချိန်တွင်၊ အမှုပြုသူမှာ ဘုရားသခင် ဖြစ်နေဆဲဖြစ်သော်လည်း၊ ယင်းသည် မတူညီသည့် ခေတ်တစ်ခု ဖြစ်သည့်အတွက်၊ သူ၏နာမ ပြောင်းလဲရပေသည်။
ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးနှင့် အထက်လောကတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူသည် သူ၏ လူ့ဇာတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး မိမိကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လော။ ဘုရားသခင်သည် သူ၏ အမှု အဆင့်တစ်ခုကို လုပ်ဆောင်ရန် ဤလူ့ဇာတိဖြင့် မိမိကိုယ်ကိုယ် ယူတင်ဝတ်ဆင်လေသည်။ ဤလူ့ဇာတိ ပုံသဏ္ဌာန်တွင် အထူး အရေးပါမှုမရှိပေ၊ ခေတ်များ ကုန်လွန်ခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေဖို့ အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် နောက်မျိုးဆက်များထံ လက်ဆင့်ကမ်းနိုင်ဖို့အလို့ငှာ လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ခြယ်မှုန်းခွင့် မပေးခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်သည်ကို လူတို့ အသိအမှတ်ပြုရန် အဘယ်ကြောင့် သူ ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ သွင်ပြင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါမည်လော။ ဘုရားသခင် လူ့ဇာတိခံလာချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့် လူ့ဇာတိတစ်ခုထဲသို့ ကြွဆင်းရုံ မျှသာဖြစ်သည်။ လူ့ဇာတိထဲသို့ ကြွဆင်းသည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ လူ့ဇာတိတွင် ဖော်ပြသည်မှာ ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြင့် သူ၏အမှုကို လုပ်ဆောင်သည်မှာ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ လူ့ဇာတိသည် အမှုအတွက်ဖြစ်သော်လည်း၊ လူ့ဇာတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်အတွက် အစားထိုးတစ်ခု ဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံလာသည့် ရည်ရွယ်ချက် သို့မဟုတ် အရေးပါမှု မဟုတ်ပေ။ လူတို့အနေဖြင့် သူ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့၊ သူ၏ စိတ်သဘောထားကို နားလည်နိုင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ကြားရဖို့နှင့် သူ့အမှု၏ အံ့ဖွယ်ဖြစ်ခြင်းကို သိရှိနိုင်ဖို့အလို့ငှာ၊ လူ့ဇာတိ၌ သူ၏ အမှုကို သာ၍ ကောင်းစွာ စွမ်းဆောင်ရရှိဖို့၊ ဝိညာဉ်တော်က သူ၏ အမှုပြုခြင်းနှင့် သင့်တော်သည့် တည်မှီဖို့ နေရာတစ်ခုကို ရှာတွေ့နိုင်ဖို့အလို့ငှာ သူသည် လူ့ဇာတိခံလာခြင်း ဖြစ်ပေသည်။ သူ၏ နာမသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြု၏၊ သူ့အမှုသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်းက သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပေ။ ယင်းသည် လူသား၏ အယူအဆတစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ၏နာမ၊ သူ၏အမှု၊ သူ၏စိတ်သဘောထားနှင့် သူ၏လိင်ဖြစ်မှုတို့ ဖြစ်သည်။ ဤအရာများကို ဤခေတ် သူ၏စီမံခန့်ခွဲမှုအား ကိုယ်စားပြုရန် အသုံးပြုလေသည်။ လူ့ဇာတိ၌ သူ၏ ပေါ်ထွန်းခြင်းသည် ထိုအချိန်က သူ၏ အမှုအတွက်မျှသာ ဖြစ်လျက်၊ သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်မှုမရှိပေ။ သို့သော် လူ့ဇာတိခံယူသည့် ဘုရားသခင်အတွက် သီးခြား သွင်ပြင်မရှိရန်မှာ မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏သွင်ပြင်ကို သတ်မှတ်ရန် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင်၏ သွင်ပြင်သည် အရေးပါမှုကို ကိုယ်စားပြုမှုများ ရှိခဲ့မည်ဆိုပါက၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုကြပေမည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မည်မဟုတ်လော။ ယေရှု၏ ပုံတူပန်းချီသည် လူက သူ့ကို ကိုးကွယ်ရန်အလို့ငှာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ထို့ကြောင့် လူသည် ထိုပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်တွင်၊ ဘုရားသခင်၏ မူလ ရည်ရွယ်ချက်အရ၊ လူသားသည် ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် ကျန်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး၊ သူ၏ ပုံသဏ္ဌာန်က နောက်ဆုံးစိစစ်ချက်တွင် မည်သည့်အရာ ဖြစ်သည်ကို လူသားသည် ဘယ်သောအခါမျှ ခြုံငုံမိနိုင်စွမ်းရှိမည် မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကသာ ကိုယ်စားပြုနိုင်သည်။ သူ၏နှာခေါင်း၊ သူ၏ပါးစပ်၊ သူ၏မျက်လုံးများ နှင့် သူ၏ဆံပင်တို့နှင့်သက်ဆိုင်သည့် သွင်ပြင်အတွက်မူ၊ ဤအရာများသည် သင်၏ ခြုံငုံမိနိုင်စွမ်းကို ကျော်လွန်ပေသည်။ ယောဟန်ထံသို့ ဗျာဒိတ် ရောက်ရှိလာချိန်တွင်၊ လူသား၏ ပုံသဏ္ဌာန်ကို သူရှုမြင်ခဲ့ရသည်— ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူပြီး၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားများသည် အလွန့်အလွန် ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန် မဟုတ်ပေ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ ရုပ်ဝတ္ထု လောကမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံတစ်ခု မြင်တွေ့ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်ကို မျက်မြင်မတွေ့ခဲ့ရသေးပေ။ အဖန်ဆင်းခံတစ်ဦး ပုံသဏ္ဌာန်တစ်ခုဖြစ်လျက်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဘုရားသခင် စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားမပြုနိုင်စွမ်း မရှိပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လုပ်ဆောင်ခဲ့ပြီး၊ လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က၊ သူသည် လူယောက်ျားနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု ပြောခဲ့သည်။ လူယောက်ျား၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူယောက်ျား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည်ဟု ဆိုသည့်အဓိပ္ပာယ်အဖြစ် ဖန်တီး၍မရပေ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နားလည်၍မရနိုင်သည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို အပြည့်အဝ စံနမူနာပြုဖို့ လူသားမျိုးနွယ်၏ ဘာသာစကားကို သင် အသုံးမပြုနိုင်ပေ။
ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာခဲ့ချိန်တွင်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ ညွှန်ကြားမှုအောက်တွင် ဖြစ်ခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလိုရှိသည့်အတိုင်း သူ လုပ်ဆောင်ခဲ့ပြီး၊ ဓမ္မဟောင်း ပညတ်တော်ခေတ်အရ သို့မဟုတ် ယေဟောဝါ၏ အမှုအရ မဟုတ်ခဲ့ပေ။ ယေရှုလာရောက် လုပ်ဆောင်သည့် အမှုသည် ယေဟောဝါ၏ ပညတ်တရားများ သို့မဟုတ် ယေဟောဝါ၏ ပညတ်ချက်များကို လိုက်နာရန် မဟုတ်ခဲ့သော်လည်း၊ ယင်းတို့၏ ရင်းမြစ်မှာ တစ်ခုတည်းဖြစ်ပြီး တူညီပေသည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေရှု၏နာမကို ကိုယ်စားပြုခဲ့ပြီး၊ ယင်းသည် ကျေးဇူးတော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုအတွက်မူ၊ ယင်းသည် ယေဟောဝါကို ကိုယ်စားပြုခဲ့ပြီး၊ ပညတ်တော်ခေတ်ကို ကိုယ်စားပြုခဲ့သည်။ ၎င်းတို့၏အမှုမှာ မတူကွဲပြားသည့် ခေတ်များထဲက ဝိညာဉ်တော်တစ်ဦးတည်း၏ အမှု ဖြစ်ခဲ့သည်။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ကျေးဇူးတော် ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့ပြီး၊ ယေဟောဝါ လုပ်ဆောင်ခဲ့သည့် အမှုသည် ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သည်။ ယေဟောဝါသည် ဣသရေလနှင့် အဲဂုတ္တုမှလူများနှင့် ဣသရေလတိုင်းပြည် အလွန် တိုင်းနိုင်ငံများအားလုံး၏ လူများကိုသာ လမ်းပြခဲ့သည်။ ဓမ္မသစ် ကျေးဇူးတော်ခေတ်ထဲက ယေရှု၏ အမှုသည် သူက ခေတ်ကို လမ်းပြခဲ့သည်နှင့်အမျှ ယေရှု နာမအောက်တွင်ရှိသည့် ဘုရားသခင်၏ အမှုဖြစ်သည်။ ယေရှု၏အမှုက ယေဟောဝါ၏ အမှုကိုအခြေခံခဲ့သည်၊ သူသည် မည်သည့် အမှုသစ်ကိုမျှ စတင်ခဲ့ခြင်းမရှိသကဲ့သို့၊ သူလုပ်ဆောင်ခဲ့သမျှ အားလုံးသည် ယေဟောဝါ၏ စကားများအတိုင်း၊ ယေဟောဝါ၏ အမှုနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များ အတိုင်းဖြစ်သည်ဟု သင်ပြောပါက၊ ယေရှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင် ဖြစ်မည် မဟုတ်ပေ။ ဤနည်းဖြင့် သူ၏အလုပ်ကို သူလုပ်ဆောင်ခဲ့ပါက၊ သူသည် တမန်တော်တစ်ဦး သို့မဟုတ် ပညတ်တော်ခေတ်၏ အမှုတော်ဆောင်တစ်ဦး ဖြစ်ခဲ့ပြီးပေမည်။ ယင်းသည် သင်ပြောသည့်အတိုင်း ဖြစ်ပါက၊ ယေရှုသည် ခေတ်တစ်ခေတ်ကို စတင်ဆောင်ရွက်နိုင်ခဲ့မည် မဟုတ်သကဲ့သို့၊ အခြားမည်သည့် အမှုကိုမျှလည်း လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ထိုနည်းတူစွာ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ၏အလုပ်ကို ယေဟောဝါမှတစ်ဆင့် အဓိကအားဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ယေဟောဝါမှတစ်ဆင့် ကလွဲ၍ သန့်ရှင်းသော ဝိညာဉ်တော်သည် မည်သည့် အမှုသစ်ကိုမျှ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပေ။ ယေရှု၏ အမှုကို ဤနည်းဖြင့် နားလည်ဖို့ဆိုသည်မှာ လူသားအတွက် မှားယွင်း၏။ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ယေဟောဝါ၏ နှုတ်ကပတ်တော်များနှင့် ဟေရှာယ၏ ပရောဖက်ပြုချက်များအရ လုပ်ဆောင်ခဲ့သည်ဟု လူက ယုံကြည်ပါက၊ ယေရှုသည် လူ့ဇာတိခံ ဘုရားသခင်လော သို့မဟုတ် ပရောဖက်များထဲမှ တစ်ဦး ဖြစ်ခဲ့ပါသလော။ ဤအမြင်အရ၊ ကျေးဇူးတော်ခေတ် ရှိမည် မဟုတ်သကဲ့သို့၊ ယေရှု လုပ်ဆောင်ခဲ့သည့် အမှုသည် ကျေးဇူးတော် ခေတ်ကို ကိုယ်စားမပြုနိုင်ဘဲ၊ ဓမ္မဟောင်း ပညတ်တော်ခေတ်ကိုသာ ကိုယ်စားပြုနိုင်ခဲ့သည့်အတွက် ယေရှုသည်လည်း ဘုရားသခင်၏ လူ့ဇာတိခံခြင်း ဖြစ်မည် မဟုတ်ပေ။ ယေရှုသည် အမှုသစ် လုပ်ဆောင်ရန်၊ ခေတ်သစ်တစ်ခုကို စတင်ရန်၊ ဣသရေလ တိုင်းပြည်တွင် ယခင်က လုပ်ခဲ့သည့်အမှုကို ကျော်လွှားရန်နှင့် ဣသရေလတိုင်းပြည်တွင် ယေဟောဝါ လုပ်ခဲ့သည့် အမှုနှင့်အညီ မဟုတ်ဘဲ သို့မဟုတ် သူ၏ စည်းမျဉ်းဟောင်းများနှင့် အညီမဟုတ်ဘဲ သို့မဟုတ် မည်သည့် စည်းမျဉ်းစည်းကမ်းနှင့်မျှ ကိုက်ညီခြင်းမရှိဘဲ၊ ယင်းထက် သူလုပ်သင့်သည့် အမှုသစ်ကို လုပ်ဆောင်ရန် သူ၏ အမှုကို ဆောင်ရွက်ဖို့ ကြွလာခဲ့ချိန်တွင်သာ ခေတ်သစ်တစ်ခေတ် ရှိနိုင်ပေသည်။ ဘုရားသခင် ကိုယ်တိုင် ခေတ်တစ်ခုကို စတင်ရန် ကြွလာပြီး၊ ဘုရားသခင် ကိုယ်တိုင်ပင် ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းရန် ကြွလာပေသည်။ လူသည် ခေတ်ကို အစပြုခြင်းနှင့် ခေတ်ကို အဆုံးသတ်ခြင်း အမှုကို လုပ်ဆောင်နိုင်စွမ်းမရှိချေ။ ယေရှုသည် သူကြွလာပြီးနောက် ယေဟောဝါ၏အမှုကို အဆုံးသတ်သို့ မဆောင်ကြဉ်းခဲ့ပါက၊ ယင်းမှာ သူသည် လူသားတစ်ဦးမျှသာဖြစ်ခဲ့ပြီး၊ ဘုရားသခင်ကို ကိုယ်စားပြုနိုင်စွမ်းမရှိသည့် သက်သေ ဖြစ်ခဲ့ပေမည်။ အတိအကျအားဖြင့် ယေရှုကြွလာခဲ့ပြီး ယေဟောဝါ၏အမှုကို အဆုံးသတ်ခဲ့သောကြောင့်၊ ယေဟောဝါ၏ အမှုကို ဆက်လက်လုပ်ဆောင်ခဲ့သည့်အပြင်၊ သူကိုယ်တိုင်၏ အမှုကို ဆောင်ရွက်ခဲ့ကြောင့်၊ ယင်းက ဤသည်မှာ ခေတ်သစ်တစ်ခုဖြစ်ပြီး ယေရှုသည် ဘုရားသခင် ကိုယ်တိုင်ပင် ဖြစ်သည်ကို သက်သေပြပေသည်။ ၎င်းတို့သည် အမှု၏ ကွဲပြားစွာ မတူသော အဆင့်နှစ်ဆင့်ကို လုပ်ဆောင်ခဲ့ကြပေသည်။ အဆင့်တစ်ဆင့်ကို ဗိမာန်တော်ထဲတွင် ဆောင်ရွက်ခဲ့ပြီး၊ အခြားတစ်ခုကို ဗိမာန်တော်ပြင်ပတွင် ဆောင်ရွက်ခဲ့သည်။ အဆင့်တစ်ခုက လူသား၏ အသက်တာကို ပညတ်တော်အတိုင်း ဦးဆောင်ရန်ဖြစ်ခဲ့ပြီး၊ အခြားတစ်ခုမှာ အပြစ်ဖြေရာယဇ်တစ်ခုကို ပူဇော်ရန်ဖြစ်ခဲ့သည်။ အမှု၏ ဤအဆင့် နှစ်ဆင့်သည် ထင်ထင်ရှားရှား ကွဲပြားကြသည်။ ဤအရာက ခေတ်သစ်ကို ခေတ်ဟောင်းမှ ခွဲခြားလိုက်ပြီး၊ ယင်းတို့သည် မတူညီသည့် ခေတ်နှစ်ခေတ်ဖြစ်သည်ဟု ပြောရန် လုံးဝမှန်ပေသည်။ ၎င်းတို့ အမှု၏ တည်နေရာသည် ကွဲပြားခဲ့ပြီး၊ ၎င်းတို့ အမှု၏ အကြောင်းအရာလည်း ကွဲပြားခဲ့သကဲ့သို့၊ ၎င်းတို့ အမှု၏ ရည်မှန်းချက်သည်လည်း ခြားနားကြသည်။ ထိုသို့ဖြင့် ယင်းတို့ကို ခေတ်နှစ်ခေတ်အဖြစ် ခွဲခြား၍ရနိုင်ပေသည်- ဓမ္မဟောင်းနှင့် ဓမ္မသစ်ဟူ၍ ဖြစ်သည်၊ ယင်းမှာ ခေတ်သစ်နှင့် ခေတ်ဟောင်းများဟု ပြော၍ရပေသည်။ ယေရှု ကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မသွားခဲ့ပေ၊ ယင်းက ယေဟောဝါ၏ခေတ် အဆုံးသတ်ခဲ့ပြီးဖြစ်သည်ကို သက်သေပြပေသည်။ ဗိမာန်တော်ထဲက ယေဟောဝါ၏ အမှုသည် ပြီးစီးပြီးဖြစ်ကာ တစ်ဖန်လုပ်ဆောင်ရန် မလိုအပ်တော့သကဲ့သို့၊ ယင်းကို တစ်ဖန် လုပ်ဆောင်ခြင်းသည် ထပ်ကျော့ခြင်း ဖြစ်မည်ဖြစ်သောကြောင့်၊ သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ဗိမာန်တော် ပြင်ပတွင် အမှုသစ်တစ်ခုကို စတင်ရင်းနှင့် လမ်းကြောင်းသစ်ကို စတင်ရင်း၊ ဗိမာန်တော်ကို စွန့်ခွာခြင်းအားဖြင့်သာ၊ သူသည် ဘုရားသခင်၏ အမှုကို အထွတ်အထိပ်သို့ ဆောင်ကြဉ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ အမှုကို လုပ်ဆောင်ရန် သူသည် ဗိမာန်တော်မှ ထွက်မသွားခဲ့ပါက၊ ဘုရားသခင်၏ အမှုသည် ဗိမာန်တော်၏ အခြေခံအုတ်မြစ်များပေါ်တွင် တန့်သွားပေမည်ဖြစ်ပြီး၊ အသစ်သော ပြောင်းလဲမှု တစ်ခုတစ်လေမျှ လုံးဝ ရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ယေရှုကြွလာခဲ့ချိန်တွင် သူသည် ဗိမာန်တော်ထဲသို့ မဝင်ရောက်သကဲ့သို့၊ သူ၏အမှုကို ဗိမာန်တော်ထဲတွင် မလုပ်ဆောင်ခဲ့ပေ။ သူသည် သူ၏ အမှုကို ဗိမာန်တော်ပြင်ပတွင် လုပ်ဆောင်ခဲ့ပြီး၊ တပည့်တော်များကို ဦးဆောင်ရင်း၊ သူ၏အမှုကို လွတ်လွတ်လပ်လပ် လုပ်ဆောင်ခဲ့သည်။ သူ၏အမှုကို လုပ်ဆောင်ရန် ဗိမာန်တော်မှ ဘုရားသခင်၏ ထွက်ခွာခြင်းက ဘုရားသခင်တွင် အသစ်သော အစီအစဉ်တစ်ခု ရှိခဲ့သည်ကို ရည်ရွယ်ခဲ့ပေသည်။ သူ၏ အမှုမှာ ဗိမာန်တော်ပြင်ပတွင် ဦးစီးဦးရွက်ပြုရန်နှင့် ယင်း၏ အကောင်အထည်ဖော်ခြင်း ပုံစံတွင် ဘောင်ခတ်မခံရသည့် အမှုသစ်ဖြစ်ဖို့ ဖြစ်ခဲ့ပေသည်။ ယေရှု ရောက်ရှိလျှင်ရောက်ရှိချင်း၊ ဓမ္မဟောင်းခေတ်အတွင်းရှိ ယေဟောဝါ၏ အမှုကို အဆုံးသတ်သို့ သူဆောင်ကြဉ်းခဲ့သည်။ ၎င်းတို့ကို မတူညီသည့် နာမနှစ်မျိုးဖြင့် ခေါ်ဆိုခဲ့သော်လည်း၊ အမှု၏ အဆင့်နှစ်ဆင့်လုံးကို ပြီးမြောက်စေသည်မှာ ဝိညာဉ်တော် တစ်ပါးတည်း ဖြစ်ပြီး၊ လုပ်ဆောင်ခဲ့သည့် အမှုသည်လည်း အလျဉ်မပြတ်သည့်အမှု ဖြစ်သည်။ နာမက မတူညီသကဲ့သို့၊ အမှု၏ အကြောင်းအရာ ကွဲပြားသည်နှင့်အမျှ၊ ခေတ်သည် မတူညီခဲ့ပေ။ ယေဟောဝါ ကြွလာခဲ့ချိန်တွင်၊ ယင်းမှာ ယေဟောဝါ၏ ခေတ်ဖြစ်ခဲ့ပြီး၊ ယေရှု ကြွလာခဲ့သည့်ချိန်တွင် ယေရှု၏ခေတ် ဖြစ်ခဲ့သည်။ ထို့ကြောင့် ကြွလာခြင်းအသီးသီးနှင့်အတူ၊ ဘုရားသခင်သည် နာမတစ်ခုဖြင့် အခေါ်ခံရသည်၊ သူသည် ခေတ်တစ်ခုကို ကိုယ်စားပြုပြီး၊ လမ်းကြောင်းသစ်တစ်ခုကို စတင်လေသည်။ ပြီးလျှင် လမ်းသစ်အသီးသီးပေါ်တွင် သူသည် နာမသစ်တစ်ခုကို ခံယူသည်၊ ယင်းက ဘုရားသခင်သည် အမြဲအသစ်ဖြစ်ပြီး မည်သည့်အခါတွင်မျှ အိုဟောင်းမသွားသကဲ့သို့၊ သူ၏ အမှုသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် မည်သည့်အခါမျှ တိုးတက်မှု မရပ်စဲသည်ကို ပြပေသည်။ သမိုင်းသည် အမြဲ ရှေ့သို့ရွေ့လျားနေပြီး၊ ဘုရားသခင်၏ အမှုသည် အမြဲ ရှေ့သို့ရွေ့လျားနေသည်။ သူ၏အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်က အဆုံးသတ်သို့ ရောက်ရန်အတွက်၊ ယင်းသည် ရှေ့သို့ဦးတည်ချက်တစ်ခုဖြင့် တိုးတက်မြဲတိုးတက်နေရမည်ဖြစ်သည်။ နေ့ရက်တိုင်းတွင် သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်၊ နှစ်တိုင်း သူသည် အမှုသစ်ကို လုပ်ဆောင်ရမည်။ သူသည် လမ်းကြောင်းသစ်များကို စတင်ရမည်၊ ခေတ်သစ်များကို အစပျိုးရမည်၊ ပိုမိုကြီးမားသည့် အမှုသစ်ကို စတင်ရမည်ဖြစ်ပြီး၊ ဤအရာများနှင့်အတူ နာမအသစ်များနှင့် အမှုသစ်ကို ယူဆောင်လာရမည်။ အခိုက်အတန့် တစ်ခုမှ တစ်ခုသို့၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် နည်းလမ်းဟောင်းများနှင့် စည်းမျဉ်းဟောင်းများကို မည်သည့်အခါတွင်မျှ မဖက်တွယ်ထားဘဲ၊ အမှုသစ်ကို လုပ်ဆောင်နေသည်။ သူ၏အမှုသည် မည်သည့်အခါတွင်မျှ မရပ်တန့်ခဲ့ဘဲ၊ ကုန်လွန်သည့် အခိုက်အတန့်တစ်ခုစီနှင့်အတူ ဖြစ်ပျက်လာနေလေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်သည် ပြောင်းလဲခြင်း မရှိဟု သင်ပြောလျှင်၊ ယေဟောဝါက ယဇ်ပရောဟိတ်များကို ဗိမာန်တော်ထဲတွင် သူ့အား အစေခံရန် စေခိုင်းခဲ့သော်လည်း၊ ယေရှုက သူကြွလာခဲ့ချိန်တွင် လူတို့ကို သူ့ကို ယဇ်ပရောဟိတ် အကြီးအကဲ ဖြစ်သည်၊ ပြီးလျှင် သူသည် ဒါဝိဒ်၏ အိမ်တော်မှဖြစ်ပြီး ယဇ်ပရောဟိတ် အကြီးအကဲနှင့် ကြီးမြတ်သည့် ရှင်ဘုရင်လည်း ဖြစ်သည်ကို လူများက ပြောဆိုခဲ့ကြသည့် အချက်ရှိသော်လည်း၊ သူသည် ဗိမာန်တော်ထဲသို့ အဘယ်ကြောင့် မဝင်ရောက်ခဲ့ပါသနည်း။ ပြီးလျှင် သူသည် အဘယ်ကြောင့် ယဇ်များကို မပူဇော်ခဲ့ပါသနည်း။ ဗိမာန်တော်ကို ဝင်ရောက်ခြင်း သို့မဟုတ် ဗိမာန်တော်ကို မဝင်ရောက်ခြင်း— ဤအရာ အားလုံးသည် ဘုရားသခင် ကိုယ်တိုင်၏ အလုပ်များ ဖြစ်သည် မဟုတ်လော။ လူတွေးထင်သကဲ့သို့ ယေရှုသည် တစ်ဖန်ကြွလာမည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် ယေရှုဟုပင် အခေါ်ခံရဆဲဖြစ်ကာ လူများအလယ်တွင် ယေရှု၏ ပုံသဏ္ဌာန်ဖြင့် ဆင်းသက်ကြွရင်း၊ ဖြူသော မိုးတိမ်ကိုစီးပြီး ကြွလာဆဲဖြစ်ပါက- ယင်းသည် သူ၏အမှုကို ပြန်ကျော့ခြင်း ဖြစ်သည် မဟုတ်လော။ သန့်ရှင်းသော ဝိညာဉ်တော်သည် အဟောင်းကို တွယ်ဖက်နိုင်စွမ်း ရှိပါသလော။ လူ ယုံကြည်သည့်အရာအားလုံးမှာ အယူအဆများဖြစ်ပြီး၊ လူ နားလည်သည့် အရာအားလုံးသည် တိုက်ရိုက်အဓိပ္ပာယ်အရနှင့် သူ၏ စိတ်ကူးစိတ်သန်းအရလည်း ဖြစ်ပေသည်။ ယင်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အခြေခံသဘောတရားများနှင့် သဘောကွဲလွဲသကဲ့သို့၊ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့်လည်း မကိုက်ညီပေ။ ဘုရားသခင်သည် ထိုနည်းလမ်းဖြင့် အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင်သည် အလွန် မမိုက်မဲသကဲ့သို့ မတုံးအပေ၊ ပြီးလျှင် သူ၏အမှုသည် သင်တွေးထင်သကဲ့သို့ သိပ်မရိုးစင်းလှပေ။ လူ စိတ်ကူးသည့် အရာတိုင်းပေါ် အခြေခံပါက၊ ယေရှုသည် ဖြူသော မိုးတိမ်ကို စီးလျက် သင်တို့အလယ် ဆင်းကြွလာပေလိမ့်မည်။ သင်တို့သည် မိုးတိမ်ကိုစီးလျက် သူသည် ယေရှုဖြစ်သည်ဟု ပြောသောသူကို ရှုမြင်ရကြလိမ့်မည်။ သင်တို့သည် သူ၏လက်များမှ သံမှိုစွဲရာများကိုလည်း ရှုမြင်ရမည်ဖြစ်ပြီး၊ သူသည် ယေရှု ဖြစ်ကြောင်းကို သိကြရပေမည်။ ပြီးလျှင် သူက သင်တို့ကို တစ်ဖန် ကယ်တင်လိမ့်မည်ဖြစ်ပြီး၊ သင်တို့၏ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ပေမည်။ သူသည် သင်တို့ကို ကယ်တင်မည်၊ သင်တို့အပေါ် နာမအသစ် အပ်နှင်းမည်ဖြစ်ပြီး၊ သင်တို့တစ်ဦးစီကို ကျောက်ဖြူတစ်ခု ပေးမည်၊ ထို့နောက်တွင် သင်တို့သည် ကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရောက်ခွင့်ရကြလိမ့်မည်ဖြစ်ပြီး၊ ပရဒိသုဘုံသို့ ကြိုဆိုခံရလိမ့်မည်။ ထိုသို့သော ယုံကြည်မှုများသည် လူသား၏ အယူအဆများ ဖြစ်သည် မဟုတ်သလော။ ဘုရားသခင်သည် လူသား၏ အယူအဆများအတိုင်း အမှုပြုသလော သို့မဟုတ် လူသား၏ အယူအဆများကို ဆန့်ကျင်လျက် အမှုပြုသလော။ လူသား၏ အယူအဆများအားလုံးသည် စာတန်ထံမှ ဆင်းသက်လာသည် မဟုတ်သလော။ လူသားအားလုံးသည် စာတန်အားဖြင့် ဖောက်ပြန်ပျက်စီးပြီးဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် သူ၏ အမှုကို လူသား၏ အယူအဆများအတိုင်း လုပ်ဆောင်ခဲ့ပါက၊ သူသည် စာတန်ဖြစ်လာမည် မဟုတ်လော။ သူသည် သူ၏ ဖန်ဆင်းခြင်းများနှင့် တစ်မျိုးတစ်စားတည်း ဖြစ်လာမည် မဟုတ်လော။ သူ၏ဖန်ဆင်းခံများသည် ယခုတွင် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို အလွန်ခံရပြီးဖြစ်သည်မှာ လူသားသည် စာတန်၏ ပြယုဂ်ဖြစ်လာပြီးဖြစ်သည့်အတွက်၊ ဘုရားသခင်သည် စာတန်၏ အမှုအရာများအတိုင်း အမှုပြုခဲ့မည်ဆိုပါက၊ သူသည် စာတန်နှင့် တစ်ဖွဲ့တည်း ဖြစ်ပေမည် မဟုတ်လော။ လူသည် ဘုရားသခင်၏ အမှုကို မည်သို့ နားလည်သဘောပေါက်နိုင်မည်နည်း။ ထို့ကြောင့် ဘုရားသခင်သည် လူ၏ အယူအဆများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည်မဟုတ်သကဲ့သို့၊ သင်စိတ်ကူးသည့် နည်းလမ်းများအတိုင်း မည်သည့်အခါတွင်မျှ အမှုပြုမည် မဟုတ်ပေ။ ဘုရားသခင် ကိုယ်တိုင်က သူသည် မိုးတိမ်စီးပြီး ကြွလာမည်ဟု ပြောခဲ့ကြောင်း ပြောသည့်သူများရှိသည်။ ဘုရားသခင်က မိမိကိုယ်ကိုယ် ထိုသို့ ပြောခဲ့သည်မှာ မှန်ပေသည်၊ သို့သော် ဘုရားသခင်၏ နက်နဲမှုများကို မည်သည့်လူသားကမျှ နားမလည်နိုင်သည်ကို သင်မသိသလော။ မည်သည့်လူသားကမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မရှင်းပြနိုင်သည်ကို သင်မသိသလော။ သင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အသိဉာဏ်ပွင့်လင်းစေခြင်းခံရပြီး အလင်းပေးခံရသည်ဟု သံသယစိုးစဉ်းမျှမရှိဘဲ သေချာပါသလော။ ထိုကဲ့သို့သော တိုက်ရိုက်ပုံစံဖြင့် ပြခြင်းက သန့်ရှင်းသောဝိညာဉ်တော် မဟုတ်ကြောင်း သေချာသလော။ သင့်ကို ညွှန်ကြားခဲ့သူမှာ သန့်ရှင်းသော ဝိညာဉ်တော်လော သို့မဟုတ် သင်၏ကိုယ်ပိုင် အယူအဆများက သင့်ကို ထိုသို့ တွေးတောဖို့ ဆိုက်ရောက်စေသလော။ သင်က၊ “ဤအရာကို ဘုရားသခင် ကိုယ်တိုင် ပြောခဲ့သည်။” ဟု ဆိုခဲ့သည်။ သို့ရာတွင် ငါတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တိုင်းတာရန် ငါတို့၏ ကိုယ်ပိုင် အယူအဆများနှင့် ဉာဏ်များကို အသုံးပြု၍မရပေ။ ဟေရှာယ ပြောခဲ့သည့် နှုတ်ကပတ်တော်များမှာမူ၊ သူ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သေချာမှုဖြင့် သင်ရှင်းပြနိုင်သလော။ သူ၏ နှုတ်ကပတ်တော်များကို သင် ရှင်းပြဝံ့သလော။ ဟေရှာယ၏ နှုတ်ကပတ်တော်များကို သင့်အနေဖြင့် မရှင်းပြဝံ့သည့်နောက်တွင်၊ ယေရှု၏ စကားများကို အဘယ်ကြောင့် သင်ရှင်းပြဝံ့သနည်း။ မည်သူသည် သာ၍ ချီးမြှောက်ခြင်း ခံရသနည်း၊ ယေရှုလော သို့မဟုတ် ဟေရှာယလော။ အဖြေမှာ ယေရှုဖြစ်သည့်အတွက်၊ အဘယ်ကြောင့် ယေရှုက ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်သည် အဘယ်ကြောင့် ရှင်းပြရသနည်း။ ဘုရားသခင်သည် သူ၏အမှုကို သင့်အား ကြိုတင်၍ ပြောပြမည်လော။ ဖန်ဆင်းခံ သတ္တဝါ တစ်ဦးမျှ မသိနိုင်၊ ကောင်းကင်မှ စေတမန်များပင် မသိနိုင်သကဲ့သို့၊ လူသားလည်း မသိနိုင်ပေ၊ သို့ဆိုလျှင် သင်သည် အဘယ်သို့ သိနိုင်မည်နည်း။ လူသည် ချို့တဲ့လွန်းလှသည်။ ယခု သင်တို့အတွက် အရေးကြီးသည်မှာ အမှု၏ အဆင့် သုံးဆင့်ကို သိရန်ဖြစ်သည်။ ယေဟောဝါ၏ အမှုမှသည် ယေရှု၏အမှုထိတိုင်၊ ပြီးလျှင် ယေရှု၏အမှုမှသည် ဤလတ်တလော အဆင့်ထိ၊ ဤအဆင့်သုံးဆင့်သည် ဘုရားသခင် စီမံခန့်ခွဲမှု အစမှအဆုံး တစ်ခုလုံးကို အလျဉ်မပြတ် အကျုံးဝင်ပြီး၊ ယင်းတို့အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်မှု ဖြစ်သည်။ ကမ္ဘာကြီး၏ ဖန်ဆင်းခြင်းကတည်းက၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲလျက် အမြဲ အမှုပြုနေသည်။ သူသည် အစနှင့် အဆုံးဖြစ်သည်၊ သူသည် အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ ဖြစ်ပြီး၊ သူသည် ခေတ်တစ်ခုကို အစပြုသူဖြစ်ပြီး၊ ခေတ်ကို အဆုံးသတ်သူ ဖြစ်သည်။ မတူညီသည့် ခေတ်များနှင့် မတူညီသည့် နေရာများတွင် အမှု၏ အဆင့်သုံးဆင့်သည် သိသိသာသာ ဝိညာဉ်တော်တစ်ပါးတည်း၏ လုပ်ဆောင်ချက်ဖြစ်ပေသည်။ ဤအဆင့်သုံးဆင့်ကို ခွဲခြားသူ အပေါင်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်ရာတွင် ရပ်တည်သူများ ဖြစ်သည်။ ယခုတွင် ပထမအဆင့်မှ ယနေ့တိုင် အမှုများ အားလုံးသည် တစ်ပါးတည်းသော ဘုရားသခင်၏အမှု၊ တစ်ပါးတည်းသော ဝိညာဉ်တော်၏ လုပ်ဆောင်ချက်ဖြစ်သည်ကို သင် နားလည်အပ်ပေသည်။ ဤအရာနှင့် သက်ဆိုင်၍ သံသယ မရှိနိုင်ပေ။