သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ (၄)
ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ငါတို့မိတ်သဟာယပြုခဲ့ကြသည့် အရာကို ပြန်လည်သုံးသပ်ကြည့်ခြင်းဖြင့် စတင်ကြစို့။ (ပြီးခဲ့သော စုဝေးပွဲတွင် ကျွန်ုပ်တို့သည် “သမ္မာတရား လိုက်စားခြင်းဆိုသည်မှာ” ဟူသည့် အကြောင်းအရာကို မိတ်သဟာယပြုခဲ့ကြပါသည်။ ကျွန်ုပ်တို့ ပထမဆုံး အာရုံစိုက်ခဲ့သည့် မေးခွန်းမှာ “ကောင်းမွန်ပြီး မှန်ကန်သည်ဟု လူတို့မှတ်ယူထားသော အရာများက သမ္မာတရားမဟုတ်သည်ကို ထောက်ဆလျှင် လူတို့သည် အဘယ်ကြောင့် ထိုအရာများကို သမ္မာတရားအလား ဖက်တွယ်ထားဆဲ ဖြစ်ပြီး ထိုသို့လုပ်ခြင်းအားဖြင့် သမ္မာတရားကို လိုက်စားနေခြင်းဖြစ်သည်ဟု ထင်နေကြသနည်း” ပင် ဖြစ်ပါသည်။ ဤအတွက် အကြောင်းရင်းသုံးချက်ကို ကိုယ်တော် ချပြခဲ့ပါသည်။ ထိုအထဲမှ ပထမအချက်ကို ကိုယ်တော် အဓိကထား၍ ပြောခဲ့ပါသည်။ ထိုအချက်မှာ လူတို့၏ အယူအဆများထဲတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ၎င်းတို့မှတ်ယူထားသော အရာများက အတိအကျဆိုရလျှင် အဘယ်အရာများဖြစ်သည်ဆိုသည့် အချက်ပင် ဖြစ်ပါသည်။) ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ပထမအချက်ကို အဓိကထားပြီး ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ လူတို့၏ အယူအဆများထဲတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ၎င်းတို့မှတ်ယူထားသည့် အရာများအကြောင်းကို ငါတို့ပြောဆိုခဲ့ကြသည်။ ထိုအရာများကို ကျယ်ပြန့်သည့် အမျိုးအစားနှစ်ခုအဖြစ် ငါတို့ခွဲခဲ့ကြ၏။ ပထမတစ်ခုက “ကောင်းသော အပြုအမူများ” ဖြစ်ပြီး ဒုတိယတစ်ခုမှာ “ကောင်းသော အကျင့်စာရိတ္တများ” ဖြစ်သည်။ “ကောင်းသော အပြုအမူများ” ဟူသည့် ပထမအမျိုးအစားအတွက် ငါသင်တို့ကို စုစုပေါင်း ဥပမာခြောက်ခု ပေးခဲ့သည်။ ယင်းတို့မှာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ ဖြစ်သည်။ “ကောင်းသော အကျင့်စာရိတ္တများ” ဟူသည့် ဒုတိယအမျိုးအစားကိုမူ ငါတို့မိတ်သဟာယမပြုရသေး။ ကိစ္စရပ်အချို့သည် ၎င်းတို့ကို ငါတို့မိတ်သဟာယပြုပြီးသည့်နောက် အချိန်အနည်းငယ်အကြာတွင် ပြန်လည်ဆန်းစစ်ရန် လိုအပ်သည်။ အဆိုပါ မိတ်သဟာယနှင့်ဆိုင်သည့် သမ္မာတရားများ၊ စည်းမျဉ်းများကို အချောသတ်ပြောပြီး ရှင်းလင်းအောင် လုပ်ရမည်။ အရာရာတိုင်းကို ပြတ်သားထင်ရှားပြီး ရှင်းလင်းအောင် လုပ်ရမည်။ ဤသို့လုပ်ခြင်းဖြင့် သမ္မာတရားကို နားလည်ဖို့ ပိုလွယ်ကူသွားလိမ့်မည်။ ပြီးခဲ့သော အခေါက်က ငါတို့၏ မိတ်သဟာယတွင် ကျယ်ပြန့်သော အပိုင်းအချို့ ပါဝင်သကဲ့သို့ အသေးစိတ်ကျသည့် ဥပမာအချို့လည်း ပါဝင်သည်။ များသည်ဟု ထင်ရသော်လည်း တကယ်တမ်းတွင် ထိုကျယ်ပြန့်သော အပိုင်းများအတွင်း အသေးစိတ် အကြောင်းအရာအချို့ကိုသာ ငါတို့ မိတ်သဟာယပြုခဲ့ခြင်းဖြစ်ပြီး ထိုအသေးစိတ်အချက်များကို ဆက်လက် ခွဲခြမ်းစိတ်ဖြာခဲ့ခြင်း ဖြစ်သည်။ ထိုသို့အားဖြင့် မိတ်သဟာယပြုချက်က အနည်းငယ် ပို၍ ရှင်းလင်းပြီး ပြတ်သားနေစေရန် ဖြစ်သည်။ ကောင်းသော အပြုအမူများ၏ ဥပမာခြောက်ခုကို ငါတို့ပေးခဲ့သည်။ သို့သော် ထိုဥပမာအသီးသီးအကြောင်းကို တစ်ခုချင်းစီ အသေးစိတ် မိတ်သဟာယမပြုခဲ့ချေ။ ထိုဥပမာများထဲတွင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းမှာ လူတို့၏ အယူအဆများထဲတွင် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ၎င်းတို့မှတ်ယူထားကြသော အရာများ၏ စံပြ ကိုယ်စားပြုချက်ပင် ဖြစ်သည်။ ဤဥပမာကို ငါတို့အနည်းငယ် ပို၍ မိတ်သဟာယပြုခဲ့သည်။ ကျန်ဥပမာများကလည်း ယင်းနှင့် ဆင်တူ၏။ အလားတူ နည်းလမ်းကို အသုံးပြု၍ ထိုဥပမာများကို သင်တို့ စိတ်ဖြာဆန်းစစ်ကာ ပိုင်းခြားသိမြင်နိုင်သည်။
ယနေ့ ငါတို့မိတ်သဟာယပြုကြမည့် တကယ့်အကြောင်းအရာကို မသွားခင် ဇာတ်လမ်းတိုနှစ်ပုဒ်ကို ငါပြောပြမည်။ ဇာတ်လမ်းများ နားထောင်ရသည်ကို သင်တို့နှစ်ခြိုက်ကြသလော။ (နှစ်ခြိုက်ပါသည်။) ဇာတ်လမ်းတစ်ပုဒ် နားထောင်ရသည်က သိပ်မပင်ပန်းလှ။ အင်မတန် အာရုံစူးစိုက်ဖို့လည်း မလိုအပ်။ အားလည်း သိပ်မစိုက်ရပေ။ နှိုင်းယှဉ်၍ ပြောရလျှင် အတော်အတန်ပင် စိတ်ဝင်စားစရာ ကောင်းနိုင်သည်။ ထို့ကြောင့် အာရုံစိုက်၍ နားထောင်လော့။ ဤဇာတ်လမ်းများ၏ အကြောင်းအရာကို နားထောင်နေစဉ် ယင်းတို့အား ငါအဘယ်ကြောင့် ပြောနေသည်ကိုလည်း ဆင်ခြင်ကြလော့။ ထိုဇာတ်လမ်းများတွင် မည်သည့်အသေးစိတ်ကျသော ပင်မသဘောတရားများ ပါဝင်နေသည်၊ သို့မဟုတ် တစ်နည်းဆိုရလျှင် ထိုဇာတ်လမ်းများကို နားထောင်ခြင်းဖြင့် မည်သည့်လက်တွေ့ကျသော အရာများအား လူတို့ရရှိနိုင်သည်တို့ကို ဆင်ခြင်ကြလော့။ ကောင်းပြီ။ ဇာတ်လမ်းများကို စပြောကြစို့။ ဤသည်မှာ ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ ဖြစ်သည်။
ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ
အချိန်အတန်ကြာအောင် ရှောင်ရှောင်း၏ မျက်လုံးများက နာကျင်နေသည်။ နာကျင်မှုနှင့်အတူ အမြင်အာရုံက မှုန်ဝါးနေကာ အလင်းရောင်ကို သူမခံနိုင်ဘဲ လေတိုက်ခံရလျှင် မျက်ရည်များထွက်လာ၏။ မျက်လုံးထဲ တစ်ခုခု ဝင်နေသည်ဟူသည့် ခံစားချက်နှင့် အခြားသော အလားတူ ရောဂါလက္ခဏာများလည်း ရှိနေသည်။ မျက်လုံးများကို သူပွတ်ပါသော်လည်း သက်သာသွားသည်ဟူ၍ မရှိပေ။ သူ့ထံ မည်သည့်အရာ လာဖြစ်နေကြောင်းကို ရှောင်ရှောင်း မသိခဲ့ချေ။ “ငါ့မျက်လုံးများသည် ယခင်က တစ်ခါမျှ ပြဿနာမဖြစ်စဖူး။ ငါ၏ အမြင်အာရုံကလည်း ကောင်းနေခဲ့သည်ပင်။ မည်သည့်အရာများ ဖြစ်ပျက်နေပါသနည်း” ဟူ၍ သူတွေးမိသည်။ မှန်ထဲသို့ သူကြည့်သောအခါ သူ့မျက်လုံးများက ယခင်ကနှင့် အတူတူပင် ဖြစ်နေသည့်ပုံ ရသည်။ အနည်းငယ် ပိုနီရဲနေပြီး တစ်ခါတစ်ရံတွင် အနည်းငယ် သွေးရောင် စွန်းနေရုံသာ ရှိ၏။ ဤကိစ္စက ရှောင်ရှောင်းအတွက် ပဟေဠိဆန်နေပြီး သူ့ကို အနည်းငယ် နေမထိထိုင်မထိ ဖြစ်စေသည်။ ဤပြဿနာ စဖြစ်တုန်းက သူသိပ်ဂရုမစိုက်ခဲ့ချေ။ သို့သော် သူ့ရောဂါလက္ခဏာများ ထလာသည့် ကြိမ်နှုန်းက တိုး၍ တိုး၍ ခပ်စိပ်စိပ် ဖြစ်လာသည့်အခါ နောက်ဆုံးတွင် သူမခံနိုင်တော့။ “ဆရာဝန်ကို ငါသွားပြသင့်သလော။ သို့မဟုတ် ငါကိုယ်တိုင် လိုက်စုံစမ်းကြည့်သင့်သလော။ ဤကိစ္စနှင့်ပတ်သက်သည့် အချက်အလက်များကို လိုက်ရှာရလျှင် ကရိကထများမည်ပင်။ တကယ့် ပြဿနာကို ငါမှားယွင်းပြီး ကောက်ချက်ချမိနိုင်သည်။ ဆရာဝန်ဆီ တန်းသွားလိုက်လျှင် ပိုကောင်းမည်။ ဆရာဝန်က မှန်ကန်တိကျသည့် ရောဂါစစ်တမ်းကို သေချာပြောပြနိုင်လိမ့်မည်” ဟူ၍ သူတစ်ချက် တွေးလိုက်သည်။ ထို့ကြောင့် ရှောင်ရှောင်းသည် ဆရာဝန်ဆီ သွား၏။ ဆရာဝန်က သူ့ကို စစ်ဆေးကြည့်သည့်အခါ မည်သည့်ပြဿနာ ကြီးကြီးမားမားမျှ မတွေ့ချေ။ ရိုးရိုး မျက်စဉ်းဆေးတချို့ကိုသာ ဆေးညွှန်းပေးပြီး မျက်လုံးကို ဂရုစိုက်ပေးရန်နှင့် အလွန်အကျွံ မသုံးရန် အကြံပေးလိုက်သည်။ သူ့မျက်လုံးများတွင် ပြဿနာကြီးကြီးမားမား မရှိကြောင်း သိရသောအခါ ရှောင်ရှောင်း အင်မတန် စိတ်အေးသွား၏။ အိမ်ပြန်ရောက်သောအခါ ရှောင်ရှောင်းသည် မျက်စဉ်းဆေးကို ဆရာဝန် မှာထားသည့် အချိန်တွင် ညွှန်ကြားထားသည့် ဆေးပမာဏအတိုင်း နေ့တိုင်း ခပ်သည်။ ဤသို့ဖြင့် သုံးလေးရက်အတွင်း သူ၏ ရောဂါ လက္ခဏာများက သက်သာလာသည်။ ရှောင်ရှောင်း၏ စိတ်ထဲမှ အလေးအပင်ကြီးကလည်း ကျသွားသည်။ ဆေးဝါးဖြင့် ကုသ၍ ရသည်ဆိုလျှင် ပြဿနာက မဆိုးဝါးနိုင်ဟု သူထင်မိသည်။ သို့သော် ထိုခံစားချက်က ကြာရှည်မခံ။ အတန်ကြာသောအခါ သူ၏ ရောဂါလက္ခဏာများက ပြန်ထလာသည်။ ရှောင်ရှောင်းသည် မျက်စဉ်းဆေးပမာဏကို တိုးပြီး သုံးကြည့်သည့်အခါ သူ့မျက်လုံးများက အနည်းငယ် ပိုကောင်းလာသကဲ့သို့ ခံစားရကာ သူ၏ ရောဂါ လက္ခဏာများကလည်း အတော်အတန် သက်သာလာ၏။ သို့သော် သုံးလေးရက် အကြာတွင် သူ့မျက်လုံးများက ယခင်ကအတိုင်း ပြန်ဖြစ်သွားပြန်သည်။ ရောဂါလက္ခဏာများကလည်း ပိုဆိုးရွားလာကာ ပိုအဖြစ်များလာသည်။ ရှောင်ရှောင်းဖြင့် နားကို မလည်နိုင်ဘဲ မသက်မသာ ဖြစ်သည့်စိတ်က နောက်တစ်ဖန် သူ့အပေါ် တစ်ရှိန်ထိုး စိုးမိုးလာ၏။ “မည်သည့်အရာကို ငါလုပ်သင့်သနည်း။ ငါ့ကို ဆရာဝန်ပေးထားသည့် ဆေးဝါးကလည်း အလုပ်မဖြစ်။ ငါ့မျက်လုံးများက တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေသည့် သဘောများလော။ ဤကိစ္စကို ငါလျစ်လျူရှုထား၍ မဖြစ်” ဟု သူတွေးလေသည်။ ဆရာဝန်ကို နောက်ထပ် သွားမတွေ့ဖို့၊ ဤတစ်ခေါက် သူ့မျက်လုံး ပြဿနာများနှင့် ပတ်သက်၍ ထိုဆရာဝန်နှင့် မတိုင်ပင်ဖို့ သူဆုံးဖြတ်လိုက်၏။ ထိုအစား ဤပြဿနာကို သူ့ဘာသာ ဖြေရှင်းဖို့ ရွေးချယ်လိုက်လေသည်။ အွန်လိုင်းတွင် ရှာကြည့်သည့်အခါ သူ့ရောဂါလက္ခဏာများနှင့် ပတ်သက်သည့် ဗီဒီယိုမျိုးစုံနှင့် သတင်းအချက်အလက်မျိုးစုံကို သူတွေ့ရသည်။ ထိုအရာအများစုက ပြောသည်မှာ ဤပြဿနာများက မျက်လုံးကို မလျော်မကန် အသုံးပြုခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ သူ့မျက်လုံးများကို ဂရုစိုက်ပေးဖို့ လိုအပ်ကြောင်း၊ မျက်လုံးများကို လျော်လျော်ကန်ကန် အသုံးပြုဖို့က ပို၍ပင် အရေးကြီးသေးကြောင်းတို့ ဖြစ်သည်။ ဤအကြံဉာဏ်က အကူအညီမဖြစ်၊ သူ့ပြဿနာကို မဖြေရှင်းပေးနိုင်ဟု ရှောင်ရှောင်းက ခံစားရသည်။ ထို့ကြောင့် သတင်းအချက်အလက်များကို သူဆက်ရှာ၏။ တစ်နေ့တွင် သူ့ရောဂါလက္ခဏာများက မျက်ကြောလွှာ သွေးယိုခြင်းကြောင့် ဖြစ်ပွားလာခြင်း ဖြစ်နိုင်ပြီး ရေတိမ်ရောဂါ၏ ရှေ့ပြေးလက္ခဏာ ဖြစ်နိုင်ကြောင်း ပြောထားသည့် စာတစ်ပုဒ်ကို သူအမှတ်မထင် တွေ့လိုက်ရသည်။ သူ့ရောဂါလက္ခဏာများက ဆိုးလာသည်နှင့်အမျှ အတွင်းတိမ်ရောဂါသို့ ပြောင်းသွားနိုင်ခြေလည်း ရှိသည်ဟူ၏။ “ရေတိမ်ရောဂါ” နှင့် “အတွင်းတိမ်ရောဂါ” ဟူသည့် စကားလုံးတို့ကို ရှောင်ရှောင်း ဖတ်မိသည့်အခါ ခေါင်းနားပန်းများ ကြီးသွားတော့သည်။ အရာရာက မှောင်ကျသွားပြီး လူကလည်း သတိမေ့မတတ် ဖြစ်သွား၏။ ရင်ဘတ်ထဲမှ နှလုံးကလည်း တဒုတ်ဒုတ် ခုန်နေသည်။ “အို ဘုရားသခင်၊ အဘယ်အရာများ ဖြစ်နေပါသနည်း။ ငါ အမှန်တကယ်ပင် ရေတိမ်ရောဂါနှင့် အတွင်းတိမ်ရောဂါ ဖြစ်တော့မည်လော။ အတွင်းတိမ်ရောဂါက ခွဲစိတ်ဖို့ လိုအပ်ကြောင်း၊ ရေတိမ်ရောဂါဖြစ်လျှင် မျက်စိကန်းသွားနိုင်ခြေ များကြောင်းကို ငါ ကြားဖူးသည်။ ဤသို့ဆိုလျှင် ငါဘဝတုံးရလိမ့်မည် မဟုတ်ပါလော။ ငါသည် အသက်ငယ်သေးသည်။ မျက်စိတကယ်ကန်းသွားပါက မျက်ကန်းတစ်ဦးအနေနှင့် ကျန်သည့် ငါ့ဘဝတစ်လျှောက်လုံးကို မည်သို့ဖြတ်ကျော်သွားရမည်နည်း။ ထို့နောက်ပိုင်းတွင် ငါ့ထံ၌ အဘယ်မျှော်ကိုးစရာ ရှိပါမည်နည်း။ ငါ့ဘဝကို အမှောင်ထုထဲတွင် ကုန်ဆုံးသွားရမည် မဟုတ်ပါလော” ဟူ၍ သူရေရွတ်မိလေသည်။ စာမျက်နှာပေါ်က “ရေတိမ်ရောဂါ” နှင့် “အတွင်းတိမ်ရောဂါ” ဟူသည့် စကားလုံးများကို ရှောင်ရှောင်းကြည့်ရင်း ငြိမ်ငြိမ် မထိုင်နိုင်တော့ချေ။ စိတ်ကယောက်ကယက် ဖြစ်နေပြီး ပို၍ ပို၍လည်း စိတ်ဓာတ်ကျကာ စိတ်ပျက်အားလျော့လာသည်။ မည်သည့်အရာ လုပ်ရမည်၊ လာမည့် နေ့ရက်များအား မည်သို့ရင်ဆိုင်ရမည်တို့ကို သူမသိ။ ဝမ်းနည်းစိတ်တို့ ပြည့်နှက်နေပြီး သူ့ရှေ့တွင် ရှိနေသည့် အရာရာက မှုန်ဝါးဝါးဖြစ်ကုန်၏။ ဤပြဿနာကို ရင်ဆိုင်ရသည့်အခါ ရှောင်ရှောင်းသည် လုံးဝဥဿုံပင် မျှော်လင့်ချက်ကင်းမဲ့သွားသည်။ ရှင်သန်ဖို့ စိတ်ဆန္ဒတို့ မရှိတော့ချေ။ သူ၏ တာဝန်ကို ထမ်းဆောင်ဖို့အရေး အားမခဲနိုင်ဘဲ ဖြစ်နေသည်။ ဆရာဝန်ထံလည်း ပြန်မသွားချင်၊ သူ့မျက်လုံးပြဿနာများအကြောင်း အခြားလူများကိုလည်း မပြောပြချင်ဘဲ ဖြစ်နေသည်။ ရေတိမ်ရောဂါ သို့မဟုတ် အတွင်းတိမ်ရောဂါတို့ သူ၌ ဖြစ်လာတော့မည်ကို လူအများ သိသွားကြမည့် အဖြစ်အား သူကြောက်နေသည်ကိုမူ ပြောစရာပင် မလိုချေ။ ဤနည်းအတိုင်း ရှောင်ရှောင်းသည် စိတ်ဓာတ်များကျကာ အပျက်သဘောဆောင်ပြီး စိတ်ရှုပ်ထွေးနေလျက် တစ်ရက်ပြီးတစ်ရက် ဖြတ်သန်းလာသည်။ သူ့အနာဂတ်အတွက် ခန့်မှန်းချက်များ မထုတ်ရဲ၊ သို့မဟုတ် အစီအစဉ်များကို မချမှတ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွက် အနာဂတ်ဆိုသည်မှာ ဆိုးရွားပြီး ကြေကွဲဖွယ်ကောင်းသော အရာတစ်ခု ဖြစ်နေသောကြောင့်ပင်။ စိတ်ဓာတ်ကျပြီး မျှော်လင့်ချက် ကင်းမဲ့ကာ စိုးထိတ်နေသည့် စိတ်အခြေအနေနှင့် သူ၏ နေ့ရက်များကို ရှင်သန်နေခဲ့သည်။ သူ့မှာ ဆုမတောင်းချင်၊ သို့မဟုတ် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ချင်ဘဲ ဖြစ်နေပြီး အခြားလူများနှင့် လုံးဝကို စကားမပြောချင်ဘဲ ဖြစ်နေသည်။ သူသည် လားလားမျှ မတူသော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သွားသည့်အတိုင်းပင်။ ဤသို့ သုံးလေးရက် ဖြစ်နေပြီးနောက် ရှောင်ရှောင်း ရုတ်တရက်တွေးမိသည်မှာ “ငါ့အဖြစ်က ဝမ်းနည်းစရာကောင်းသည့် အခြေအနေဖြစ်သည်။ ငါ၏ အနာဂတ်က မျှော်လင့်အားရဖွယ် မရှိသည့်အပြင် ဘုရားသခင်ကလည်း ငါ့ကို ကွယ်ကာပေးရမည့်အစား ငါ့ထံ၌ ဤရောဂါဖြစ်လာခွင့် ပေးခဲ့သည်။ ငါအဘယ်ကြောင့် ငါ့တာဝန်ကို ကောင်းကောင်းမွန်မွန် ဆက်လက် ထမ်းဆောင်နေရမည်နည်း။ ဘဝက တိုတောင်း၏။ ငါ့အမြင်အာရုံ ကောင်းနေသေးချိန်တွင် ငါသဘောကျသည့် အရာအချို့ကို လုပ်ကာ ငါ့ကိုယ်ငါ အလိုလိုက်ဖို့ အခွင့်ကောင်းယူလိုက်လျှင် မကောင်းပေလော။ အဘယ်ကြောင့် ငါ့ဘဝက ခြေကုန်လက်ပန်းကျစရာ ဖြစ်နေရမည်နည်း။ အဘယ်ကြောင့် ငါ့ကိုယ်ငါ စိတ်ဆင်းရဲအောင် လုပ်ပြီး ဆိုးဝါးလှစွာ ဆက်ဆံနေရမည်နည်း” ဟူ၍ပင်။ ဤသို့ဖြင့် ရှောင်ရှောင်းသည် အိပ်ချိန်၊ စားချိန်၊ သို့မဟုတ် အလုပ်လုပ်ချိန်တို့မှ လွဲ၍ ကျန်သည့်အချိန် အများစုကို အင်တာနက်ပေါ်တွင် ဂိမ်းကစားရင်း၊ ဗီဒီယိုကြည့်ရင်း၊ တီဗီရှိုးများ မနားတမ်း ဆက်တိုက်ကြည့်ရင်း ကုန်ဆုံးလေတော့သည်။ အပြင်ထွက်သည့်အခါတွင်လည်း သူ့ဖုန်းကိုပင် ယူသွားကာ ထိုဖုန်းနှင့် ဂိမ်းများကို မနားတမ်း ဆော့လေသည်။ အင်တာနက်ကမ္ဘာတွင် စိတ်ကို နှစ်မြှုပ်ထားပြီး သူ့နေ့ရက်များကို ဖြတ်သန်းနေတော့၏။ ပြောစရာ မလိုသည်မှာ ဤသို့ သူလုပ်ရင်း သူ့မျက်လုံး နာကျင်မှုက ဆိုးသည်ထက် ပိုဆိုးလာခြင်းပင်။ သူ့ရောဂါလက္ခဏာများလည်း ပို၍ ပြင်းထန်လာ၏။ သူမခံနိုင်တော့သည့်အခါ သူ့ရောဂါလက္ခဏာများ သက်သာအောင် မျက်စဉ်းဆေးတချို့ ခပ်သည်။ ရောဂါလက္ခဏာများ အနည်းငယ် သက်သာလာလျှင် အင်တာနက်တွင် သူ့ကိုယ်သူ နောက်တစ်ဖန် စိတ်နှစ်မြှုပ်ထားကာ သူကြိုက်သော အရာများကို ကြည့်ရှုပြန်သည်။ ဤသည်မှာ သူ့စိတ်နှလုံးထဲက ကြောက်ရွံ့စိတ်နှင့် ထိတ်လန့်စိတ်ကို သူဖြေလျှော့သော နည်းလမ်းပင်။ အချိန်ကုန်သွားဖို့၊ သူ့နေရက်များကို ဖြတ်သန်းဖို့ သူလုပ်သော နည်းလမ်းပင်။ သူ့မျက်လုံးများ နာလာပြီး သူ့ရောဂါလက္ခဏာများ ဆိုးဝါးလာတိုင်း ရှောင်ရှောင်းသည် ကိုယ်တိုင် သတိမထားမိဘဲ သူ့အနားရှိ လူတို့ကို ကြည့်ကာ “အခြားလူများလည်း သူတို့၏ မျက်လုံးများကို ငါ့နည်းတူ အသုံးပြုကြသည်ပင်။ သူတို့၏ မျက်လုံးများက အဘယ်ကြောင့် မနီရဲနေရသနည်း။ တစ်ချိန်လုံး မျက်ရည်ဝဲနေခြင်း မရှိရသနည်း။ မျက်လုံးထဲ တစ်ခုခု ဝင်နေသည့် ခံစားချက်မျိုး မရှိရသနည်း။ အဘယ်ကြောင့်များ ငါ့ကျမှ ဤရောဂါ လာဖြစ်နေရသနည်း။ ဤသည်မှာ ဘုရားက ဘက်လိုက်နေခြင်းပင် ဖြစ်သည် မဟုတ်ပါလော။ ဘုရားသခင်အတွက် ငါ့ကိုယ်ငါ များစွာ အသုံးခံခဲ့သည်။ ငါ့ကို သူအဘယ်ကြောင့် မကွယ်ကာပေးသနည်း။ ဘုရားသခင်သည် အင်မတန်မှပင် မတရားလှ။ အခြားလူတိုင်းက ဘုရား၏ ကွယ်ကာပေးမှုကို ရနိုင်သည်အထိ ကံကောင်းကြသော်လည်း ငါမူကား အဘယ်ကြောင့် ကံမကောင်းရသနည်း။ အဘယ်ကြောင့် ကံဆိုးမှုအပေါင်းက ငါ့အပေါ် အမြဲတမ်း ကျရောက်လာရသနည်း” ဟူ၍ တွေးတတ်သည်။ ရှောင်ရှောင်းသည် ဤသို့တွေးလေလေ ပို၍ စိတ်တိုကာ စိတ်ရှုပ်လာလေလေ ဖြစ်သည်။ သူပို၍ စိတ်တိုလာလေလေ သူ၏ နာကြည်းချက်နှင့် ဒေါသစိတ်တို့ လွင့်ပြယ်သွားအောင် အွန်လိုင်း ဖျော်ဖြေရေးနှင့် အပျင်းပြေစရာတို့ကို ပိုလုပ်ချင်လေလေ ဖြစ်သည်။ သူ့မျက်လုံးရောဂါကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပျောက်ကင်းသွားအောင် သူလုပ်ချင်၏။ သို့သော်လည်း အင်တာနက်တွင် သူမည်ကဲ့သို့ပင် စိတ်နှစ်မြှုပ်ထားသည် ဖြစ်စေ သူ့နာကြည်းချက်နှင့် ဒေါသစိတ်တို့ ပပျောက်သွားအောင် သူလုပ်ချင်လေလေ သူ့တွင် ဝမ်းမြောက်မှုနှင့် ငြိမ်းချမ်းမှုတို့ ပိုနည်းလာလေလေ ဖြစ်ပြီး သူ့ခမျာ ကံမကောင်းရှာဟု ပို၍ ခံစားရလေလေ ဖြစ်သည်။ ထို့ပြင် သူ့စိတ်နှလုံးထဲတွင်လည်း ဘုရားသခင်ကို မတရားဟု ညည်းညူသည်။ နေ့ရက်များက ဤကဲ့သို့ တစ်ရက်ပြီးတစ်ရက်သာ ကုန်လွန်သွားသည်။ ရှောင်ရှောင်း၏ မျက်လုံး ပြဿနာကမူ မည်သို့မျှ သက်သာလာခြင်း မရှိဘဲ သူ့စိတ်အခြေအနေက ဆိုးသည်ထက် ဆိုးလာသည်။ ဤနောက်ခံအခြေအနေတွင် ရှောင်ရှောင်းသည် သူအင်အားမဲ့ပြီး ကံမကောင်းဟု သာ၍ပင် ခံစားလာရသည်။ ရှောင်ရှောင်း၏ ဘဝက ဤအတိုင်း ရှေ့ဆက်နေခဲ့၏။ သူ့ကို မည်သူမျှ မကူညီပေးနိုင်။ သူကလည်း အကူအညီ လိုက်မရှာ။ မှုန်ရီဝိုးတဝါးနှင့် စိတ်ဓာတ်ကျပြီး အားအင်မဲ့၍သာ နေ့ရက်တိုင်းကို သူဖြတ်သန်းနေခဲ့သည်။
ယင်းက ရှောင်ရှောင်း၏ ဇာတ်လမ်းဖြစ်သည်။ ဤဇာတ်လမ်းကို ဤနေရာတွင် ရပ်လိုက်မည်။ နောက်တစ်ပုဒ်မှာ ရှောင်ဂျီ၏ ဇာတ်လမ်းဖြစ်သည်။
ရှောင်ဂျီသည် သူ့တာဝန်ကို ထမ်းဆောင်နေစဉ် ရှောင်ရှောင်းကဲ့သို့ အလားတူ ပြဿနာကို ကြုံရသည်။ သူ့အမြင်အာရုံက မှုန်ဝါးနေပြီး သူ့မျက်လုံးများကလည်း မကြာခဏ ရောင်ကိုင်းကာ ကိုက်ခဲနေသည်။ ဤအရာနှင့်အတူ မကြာမကြာ တွဲပါလာတတ်သည်မှာ သူ့မျက်လုံးထဲ တစ်ခုခု ဝင်နေသည်ဟူသည့် ခံစားချက်ပင်။ သူ့မျက်လုံးများကို သူပွတ်ကြည့်ပြီးသည့် နောက်တွင်လည်း မည်သို့မျှ မသက်သာလာချေ။ သူတွေးမိသည်မှာ “မည်သည့်အရာများ ဖြစ်ပျက်နေသနည်း။ ငါ့မျက်လုံးများက ကောင်းနေခဲ့သည်ပင်။ မျက်စိဆရာဝန်ထံသို့လည်း ငါတစ်ခါမျှ သွားပြဖူးခြင်း မရှိ။ ယခုတလော ငါ့မျက်လုံးများက အဘယ်အရာများ ဖြစ်နေသနည်း။ ငါ့မျက်လုံးများတွင် ပြဿနာတစ်ခုခု ရှိနေနိုင်သလော” ဟူ၍ပင် ဖြစ်သည်။ မှန်ထဲတွင် သူကြည့်သည့်အခါ သူ့မျက်လုံးများက ယခင်ကနှင့် ဘာမျှ ကွာခြားခြင်း မရှိ။ မျက်လုံးထဲ၌ ပူစပ်နေသည့် ခံစားချက်ကိုသာ သူခံစားရသည်။ ခပ်ပြင်းပြင်း မျက်တောင်ခတ်လိုက်ပါက မျက်လုံးများသည် ပို၍ပင် ကိုက်ခဲပြီး ရောင်ကိုင်းလာကာ မျက်ရည်များ စဝဲလာသည်။ သူ့မျက်လုံးများ တစ်ခုခုဖြစ်နေကြောင်း ရှောင်ဂျီခံစားရပြီး “မျက်လုံးပြဿနာများက အရေးကြီးလှသည်။ ဤအရာကို ငါလျစ်လျူရှုထားဖို့ မကောင်း။ သို့သော်ငြားလည်း အင်မတန် ဆိုးဆိုးဝါးဝါး ခံစားနေရသည်ကား မဟုတ်။ ငါ့ဘဝ၊ သို့မဟုတ် ငါ့တာဝန်ကို လာထိခိုက်နေခြင်းလည်း မရှိ။ ယခုတလော အသင်းတော်အလုပ်နှင့် အင်မတန် မအားမလပ်နိုင်အောင် ဖြစ်နေသည်။ ဆရာဝန်ထံ သွားပြပါက ငါ့တာဝန်တွင် ဂယက်ရိုက်မှုများ ရှိလာမည်ပင်။ ငါအားလပ်သည့် အချိန်ကျမှသာ ဤကိစ္စအကြောင်း သတင်းအချက်အလက်များကို ရှာကြည့်လိုက်မည်” ဟူ၍ တွေးသည်။ ဤဆုံးဖြတ်ချက်ကို ချပြီးသည့်နောက်တွင် ရှောင်ဂျီသည် သူ့တာဝန်မှ အားလပ်ချိန်အနည်းငယ် ရသည့်အခါ ဆက်စပ်သည့် သတင်းအချက်အလက်များကို လိုက်ရှာဖွေသည်။ ထိုအခါ သူ့မျက်လုံးများတွင် မည်သည့်ပြဿနာ ကြီးကြီးမားမားမျှ မရှိကြောင်း သူသိသွားလေသည်။ သူမသက်မသာ ဖြစ်နေရခြင်းမှာ သူ့မျက်လုံးများကို အချိန်အကြာကြီး အလွန်အကျွံ အသုံးပြုနေ၍ ဖြစ်သည်။ မျက်လုံးကို လျော်ကန်စွာ အသုံးပြုကာ သင့်လျော်စွာ ဂရုစိုက်ပေးပြီး သင့်တင့်သည့် လေ့ကျင့်ခန်း အချို့ကို လုပ်ပေးလိုက်လျှင် သူမျက်လုံးများက ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဟူ၏။ ဤအရာကို ဖတ်လိုက်ရသည့်အခါ ရှောင်ဂျီမှာ “ဤကိစ္စက ကြီးကြီးမားမား ပြဿနာမဟုတ်သဖြင့် အလွန်အမင်း စိုးရိမ်နေစရာ မလိုအပ်။ ငါ့မျက်လုံးများကို လျော်ကန်စွာ အသုံးပြုပြီး မှန်မှန်ကန်ကန် လေ့ကျင့်ခန်း လုပ်ပေးရမည်ဟု ဤသတင်းရင်းမြစ်က ပြောသည်။ သို့ဖြစ်၍ ငါ့မျက်လုံးများကို မည်သို့လျော်ကန်စွာ အသုံးပြုသင့်သည်၊ မျက်လုံးများ ပုံမှန်ပြန်ဖြစ်အောင် မည်သည့် လေ့ကျင့်ခန်းများ လုပ်သင့်သည်တို့ကို စုံစမ်းကြည့်လိုက်မည်” ဟူ၍ အင်မတန်မှ ဝမ်းသာသွားသည်။ ထို့နောက် ဆက်စပ်သည့် နောက်ထပ် သတင်းအချက်အလက်များကို သူလိုက်ရှာ၏။ ထိုသို့ လိုက်ရှာရာမှ သူ့အခြေအနေနှင့် ကိုက်ညီသော နည်းလမ်းနှင့် ချဉ်းကပ်ဖြေရှင်းနည်း အနည်းငယ်ကို သိလိုက်ရလေသည်။ ထိုအချိန်မှစ၍ ရှောင်ဂျီတွင် သူ၏ ပုံမှန်ဘဝနှင့် သူ့တာဝန်ကို ထမ်းဆောင်ခြင်းအပြင် အလုပ်အသစ်တစ်ခု ပိုလာတော့သည်။ သူ့မျက်လုံးများကို ဂရုစိုက်ပေးရသည့် အလုပ်ပင်။ သူသင်ယူထားသည့် မျက်စိစောင့်ရှောက်မှု နည်းစနစ်များကို နေ့တိုင်း သူလက်တွေ့လုပ်သည်။ ထိုနည်းစနစ်များကို စမ်းလုပ်ကြည့်နေရင်းနှင့် သူ့မျက်လုံးများ၌ ပြနေသည့် ရောဂါလက္ခဏာများက ယင်းတို့ကြောင့် သက်သာလာခြင်း ရှိမရှိ စူးစမ်းကြည့်သည်။ ထိုနည်းစနစ်များကို အချိန်တစ်ခုကြာ စမ်းသပ်၍ လုပ်ကြည့်ပြီးသည့်နောက် ယင်းတို့ထဲမှ အချို့မှာ အလုပ်ဖြစ်ကြောင်း၊ အချို့ကမူ သဘောတရားပိုင်းတွင်သာ ကောင်းမွန်ပြီး လက်တွေ့တွင် မကောင်းဘဲ အနည်းဆုံး သူ့ပြဿနာကို မဖြေရှင်းပေးနိုင်ကြောင်း ရှောင်ဂျီခံစားမိ၏။ ထို့ကြောင့် ရှောင်ဂျီသည် ထိုကနဦး ကာလမှ သူ့တွေ့ရှိချက်များကို အခြေခံ၍ သူ့အတွက် အလုပ်ဖြစ်ခဲ့သော မျက်စိကျန်းမာရေး ထိန်းသိမ်းမှု နည်းလမ်းများနှင့် နည်းစနစ်အချို့ကို ရွေးလိုက်သည်။ မျက်လုံးကို သင့်လျော်စွာ အသုံးပြုရေးနှင့် မျက်စိစောင့်ရှောက်ရေးကို သူ့တာဝန်အတွက် နှောင့်နှေးမှု မဖြစ်စေမည့် အချိန်တိုင်းတွင် နေ့တိုင်း လက်တွေ့လုပ်၏။ အတန်ကြာပြီးနောက် ရှောင်ဂျီ၏ မျက်လုံးများက တကယ်ပင် ပို၍ ပို၍ သက်သာလာသည်။ နီရဲခြင်း၊ ကိုက်ခဲခြင်း၊ ပူစပ် ပူစပ် ခံစားရခြင်း အစရှိသည့် ယခင်က သူ့ရောဂါလက္ခဏာများလည်း တဖြည်းဖြည်းနှင့် စတင်လျော့ပါးလာသည်။ ရောဂါလက္ခဏာဖြစ်သည့် ကြိမ်နှုန်းလည်း ပို၍ ပို၍ ကျဲလာ၏။ သူအလွန်ကံကောင်းလှသည်ဟု ရှောင်ဂျီ ခံစားရလေသည်။ “ဘုရားသခင်၏ ဦးဆောင်ပေးမှုအတွက် ဘုရားကို ကျေးဇူးတင်ပါ၏။ ဤသည်မှာ ကိုယ်တော့် ကျေးဇူးတော်နှင့် လမ်းပြပေးမှုပင် ဖြစ်ပါသည်” ဟူ၍ သူဆိုသည်။ သူ့မျက်လုံးများက ပြဿနာများ သိပ်မပြတော့ဘဲ သူ့ရောဂါလက္ခဏာများ၏ ပြင်းထန်မှုက လျော့ပါးလာသော်လည်း ရှောင်ဂျီသည် အဆိုပါ မျက်စိစောင့်ရှောက်မှု နည်းလမ်းများကို အရှိန်လျှော့ခြင်း မရှိဘဲ ဆက်၍ လက်တွေ့လုပ်ပြီး သူ့မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုသည်။ ဤသို့ဖြင့် အတန်ကြာလာသောအခါ သူ့မျက်လုံးများက ပုံမှန်အတိုင်း လုံးလုံး ပြန်ဖြစ်သွားလေတော့သည်။ ဤအတွေ့အကြုံမှ ရှောင်ဂျီသည် သူ၏ မျက်လုံးများ ကျန်းမာနေအောင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်း အချို့ကို သင်ယူလိုက်ရသည်။ သူ့မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုပုံနှင့် မှန်မှန်ကန်ကန် အသက်ရှင်နည်းကိုလည်း သူသင်ယူခဲ့ရ၏။ ဘဝထဲက သူ၏ အတတ်ပညာအစုစုတွင် အပြုသဘောဆောင်သော ဘဝပေးအသိ ဖြစ်သည့် အသိပညာတို့ ထပ်တိုးသွားသည်။ ရှောင်ဂျီသည် အလွန်ပျော်ရွှင်ခဲ့သည်။ အတက်အကျအချို့ကို သူကြုံတွေ့ခဲ့ရပြီး ထူးထူးခြားခြား အတွေ့အကြုံအချို့ ရှိခဲ့သော်လည်း ထိုအရာမှ အဖိုးတန်သည့် ဘဝအတွေ့အကြုံအချို့ကို နောက်ဆုံး၌ ရရှိလိုက်သည်ဟု သူခံစားရလေသည်။ သူ့အနားရှိ လူတစ်ဦးဦးက မျက်လုံးများ နာနေသည်၊ ဖူးရောင်နေပြီး ကိုက်ခဲနေသည်ဟု ပြောလာသည့်အခါတိုင်း ရှောင်ဂျီသည် သူ့အတွေ့အကြုံအကြောင်းနှင့် သူအသုံးပြုခဲ့သည့် ချဉ်းကပ်ဖြေရှင်းနည်းများ၊ နည်းစနစ်များအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြသည်။ မျက်စိပြဿနာများ၏ ရောဂါလက္ခဏာများကို ခံစားနေရသည့် အဆိုပါ လူများသည်လည်း ရှောင်ဂျီ၏ ကူညီပေးမှုကြောင့် သူတို့၏ မျက်လုံးများကို မှန်မှန်ကန်ကန် အသုံးပြုပုံ အသုံးပြုနည်းများနှင့် မျက်လုံးများ ကျန်းမာနေအောင် ထိန်းသိမ်းပုံ ထိန်းသိမ်းနည်းများကို တတ်သွားကြသည်။ ရှောင်ဂျီလည်း ပျော်ရွှင်နေပြီး သူ့အနားရှိ လူများအတွက် သူသည် ကြီးမားသော အကူအညီ ဖြစ်ခဲ့လေသည်။ ဤသို့ဖြင့် ထိုကာလတစ်လျှောက်တွင် ရှောင်ဂျီနှင့် အခြားလူများသည် လူသားများအဖြစ် မိမိတို့၏ ဘဝတွင် လူတို့ရှိထားထိုက်သော ဘဝပေးအသိဖြစ်သည့် အသိပညာအချို့ကို ရရှိခဲ့ကြသည်။ လူတိုင်းက ပျော်ပျော်ရွှင်ရွှင် ဝမ်းမြောက်စွာ အတူတကွ အလုပ်လုပ်ကာ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ရှောင်ဂျီသည် သူ၏ မျက်လုံးပြဿနာကြောင့် အပျက်သဘောထဲ၊ သို့မဟုတ် အားအင်မဲ့သည့် အဖြစ်ထဲ မကျဆုံးသွားသကဲ့သို့ သူ၏ ကံဆိုးမှုအတွက်လည်း ဘယ်တော့မျှ မညည်းညူခဲ့ချေ။ ရှောင်ရှောင်း တွေ့ခဲ့သည့် စိုးရိမ်ဖွယ်ရာ ပြောဆိုချက်များကို အချက်အလက်များ ရှာနေစဉ် သူတွေ့ခဲ့ရသော်လည်း အလွန်အကျွံ အာရုံမစိုက်ခဲ့ချေ။ ထိုအစား သူ့ပြဿနာကို တက်ကြွစွာနှင့် သင့်လျော်စွာ ဖြေရှင်းခဲ့သည်။ ဤတူညီသော အခြင်းအရာက ရှောင်ရှောင်းတွင် ဖြစ်ပျက်ခဲ့သောအခါ၌ သူသည် စိတ်ဓာတ်ကျမှု၊ အားအင်မဲ့မှု၊ စိတ်ရှုပ်ထွေးမှုတို့ထဲ ထပ်တလဲလဲ ထိုးဆင်းသွား၏။ တစ်ဖက်တွင် ရှောင်ဂျီကမူ စိတ်ဓာတ်ကျမှုနှင့် စိတ်ရှုပ်ထွေးမှုထဲ ထိုးမဆင်းသွားအောင် ရှောင်နိုင်ရုံသာမက ဘုရားသခင်ကို မကျေမချမ်း ဖြစ်သည့်စိတ်က သူ့အာရုံတွင် လာစွဲကပ်နေခြင်းလည်း မရှိပေ။ ဘဝအပေါ် သာ၍ အကျိုးပြုသော၊ တက်ကြွသော၊ အပြုသဘောဆောင်သော သဘောထားကိုပင် ဤဖြစ်ရပ်များမှ သူရရှိခဲ့သည်။ သူသည် သူ့ကိုယ်သူ ကူညီခဲ့ပြီး အခြားသူများကိုလည်း ကူညီပေးခဲ့လေ၏။
ဤသည်တို့မှာ ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့၏ ဇာတ်လမ်းများ ဖြစ်သည်။ သူတို့၏ ဇာတ်လမ်းနှစ်ပုဒ်လုံးကို သင်တို့သည် ယခု နားထောင်ပြီးကြပြီ။ ယင်းတို့ကို သင်တို့နားလည်ကြသလော။ မည်သည့်ဇာတ်လမ်းကို သင်တို့နှစ်သက်သနည်း။ ရှောင်ရှောင်းလော၊ ရှောင်ဂျီလော။ (ရှောင်ဂျီဖြစ်ပါသည်။) ဤသို့ဆိုလျှင် ရှောင်ရှောင်းနှင့် ပတ်သက်၍ မည်သည့်အရာက မကောင်းသနည်း။ (သူ့အပေါ် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ သူသည် ယင်းတို့ကို မှန်ကန်စွာ ရင်ဆိုင်နိုင်စွမ်း မရှိပါ။ အပျက်သဘောဆောင်ပြီး ခုခံတတ်ပါ၏။) အပျက်သဘောဆောင်ပြီး ခုခံတတ်ခြင်းက လူတစ်ဦး၏ ပျက်စီးရာ ပျက်စီးကြောင်းကို ဖြစ်စေသည်။ အခြားလူများအပေါ် အမှုအရာများ ဖြစ်ပျက်လာသည့်အခါ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေပြီး ထိုအရာများကို ဖြေရှင်းနိုင်ကြ၏။ သို့သော် ရှောင်ရှောင်းကမူ သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါတွင် သမ္မာတရားကို ရှာဖွေနိုင်စွမ်း မရှိဘဲ အပျက်သဘောဆောင်ဖို့နှင့် ခုခံဖို့ ရွေးချယ်သည်။ သူကိုယ်တိုင်၏ ပျက်စီးရာ ပျက်စီးကြောင်းကို သူဖိတ်ခေါ်နေခြင်းပင်။ ယနေ့ခေတ်တွင် သတင်းအချက်အလက်များက ခေတ်ရှေ့ပြေးကောင်း ပြေးနေနိုင်၏။ သို့သော် ဆိုးယုတ်သော ဤလောကထဲ၌ လှည့်စားမှုနှင့် မုသားများက လှိုင်လှိုင်ပေါများလှသည်။ လောကကြီးသည် လှည့်စားမှုနှင့် မုသားများဖြင့် အတိပြည့်နေ၏။ ဗြောင်းဆန်နေသော ဤလောကတွင် မည်သည့်ကိစ္စ၊ သို့မဟုတ် မည်သည့်သတင်းအချက်အလက်မျိုးကိုမဆို ရင်ဆိုင်ရသည့်အခါ လူတို့သည် ဉာဏ်ပညာရှိရမည်။ ဉာဏ်ထက်ပြီး အကင်းပါးရမည်။ ပိုင်းခြားသိမြင်နိုင်ရမည်။ မတူညီသော သတင်းအချက်အလက်အမျိုးမျိုးကို လျော်ကန်သည့် ရှုထောင့်မှ တင်းကျပ်စွာ စစ်ထုတ်ယူရမည်။ လူတို့အနေနှင့် မည်သည့်ပြောဆိုချက်ကိုမျှ အလွယ်တကူ မယုံကြည်ရ။ မည်သို့သော သတင်းအချက်အလက် အမျိုးအစားကိုမျှ အလွယ်တကူ ကျိန်းသေပေါက် လက်မခံရ။ စာတန်၏ လောကတွင် လူအားလုံး လိမ်ကြသည်။ အားလုံးက လူလိမ်များဖြစ်ကာ လုံးဝ တာဝန်မခံကြပေ။ သူတို့၏ မုသားများကို ပြောပြီးသည်နှင့် ကိစ္စဆုံးပြီ ဖြစ်သည်။ ဤလောကထဲမှ မည်သူကမျှ မုသားများကို မရှုတ်ချကြ။ မည်သူကမျှ လှည့်စားမှုကို မရှုတ်ချကြ။ လူ့စိတ်နှလုံးသည် နားလည်ဖို့ ခက်ခဲ၏။ လူလိမ်လူညာတိုင်း၏ နောက်ကွယ်တွင် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခု ရှိနေသည်။ ဥပမာအားဖြင့် ဆရာဝန်ထံ သင်သွားပြလျှင် သူက “သင့်ရောဂါကို အမြန် ကုသဖို့ လိုအပ်သည်။ အမြန် မကုသလျှင် ကင်ဆာရောဂါ ဖြစ်သွားနိုင်ခြေ ရှိသည်” ဟု ပြောသည်။ သင်က ကြောက်တတ်သူ ဖြစ်လျှင် စိုးရိမ်သွားမည် ဖြစ်ပြီး “မဖြစ်သေး။ ကင်ဆာအထိ ဖြစ်သွားနိုင်ခြေ ရှိသည်။ ယခုချက်ချင်း ကုသကြစို့” ဟူ၍ ဆိုလိမ့်မည်။ ရလဒ်အနေဖြင့် ကုသဖို့ ကြိုးစားလေလေ ထိုရောဂါက ပိုကြီးလာလေလေ ဖြစ်ပြီး နောက်ဆုံးတွင် သင်သည် ဆေးရုံသို့ ရောက်သွားလေတော့သည်။ ဆရာဝန် တကယ်တမ်း ပြောခဲ့သည့် စကားမှာ သင့်ရောဂါက ကင်ဆာဖြစ်သွားနိုင်ခြေ ရှိသည် ဟူ၍ပင်။ ယင်းက ကင်ဆာရောဂါ မဖြစ်သေးဟု ဆိုလို၏။ သို့သော် ထိုရောဂါကို ကင်ဆာသဖွယ် အဆောတလျင် ကုသမှ ရမည်ဟု ဆရာဝန်၏ စကားက ဆိုလိုကြောင်း သင်နားလည်မှုလွဲသွားသည်။ ဤသို့ လုပ်ခြင်းအားဖြင့် သေမင်းကို ဖိတ်ခေါ်နေခြင်း ဖြစ်သည် မဟုတ်လော။ ထိုရောဂါကို ကင်ဆာသဖွယ် ကုသနေလျှင် ပျောက်အောင် ကြိုးစားကုသလေလေ အသေစောလေလေ ဖြစ်မည်။ ထိုသို့ဆိုလျှင် သင်သည် ပို၍ ကြာကြာ ရှင်သန်နိုင်လိမ့်မည်လော။ (မရှင်သန်နိုင်ပါ။) သင်ဖျားနာနေသည်မှာ အမှန်တကယ်တွင် ကင်ဆာရောဂါကြောင့် မဟုတ်ပေ။ ဤသို့ဖြစ်လျှင် ထိုရောဂါကို မကုသပါက ကင်ဆာဖြစ်သွားလိမ့်မည်ဟု ဆရာဝန်က အဘယ်ကြောင့် ပြောသနည်း။ သင့်ထံမှ ငွေကို လိမ်လည်ရယူဖို့၊ သင်၏ ရောဂါကို ပြင်းထန်သည့် ရောဂါတစ်ခုအလား သင်ကုသအောင် လုပ်ဖို့ သူထိုသို့ ပြောခြင်း ဖြစ်သည်။ အသေးစား ဖျားနာမှုသာ ဖြစ်သည်ကို သင်သိလျှင် အပျောက်ကုဖို့ ကြိုးစားမည် မဟုတ်၍ သူသည်လည်း သင့်ငွေကို ရနိုင်မည် မဟုတ်ချေ။ ဆရာဝန်များစွာသည် သူတို့၏ လူနာများကို ကြည့်သည့်အခါ မကောင်းဆိုးဝါးက လူတစ်ဦးကို အမိအရ ချုပ်ကိုင်ထားသကဲ့သို့ ထိုလူနာများကို အမိအရ ချုပ်ကိုင်ထားကြ၏။ ၎င်းတို့သည် တင်းကျပ်စွာ ချုပ်ကိုင်ထားကြကာ မလွှတ်ပေးကြချေ။ ဤသည်မှာ ဆရာဝန်အများစုက ၎င်းတို့၏ လူနာများအပေါ် သုံးသည့် အတွေ့ရများသော ချဉ်းကပ်နည်းပင်။ ၎င်းတို့သည် သင့်ကို ၎င်းတို့ မည်မျှကျော်ကြားကြောင်း၊ ဆေးပညာပိုင်းတွင် မည်မျှတော်ကြောင်း၊ လူဘယ်နှဦးကို ရောဂါပျောက်အောင် ကုသပေးပြီး ဖြစ်ကြောင်း၊ မည်သည့်ရောဂါများကို ပျောက်အောင် ကုသပေးပြီး ဖြစ်ကြောင်း၊ ဆေးပညာကို ၎င်းတို့လက်တွေ့လုပ်လာသည်မှာ မည်မျှကြာပြီ ဖြစ်ကြောင်းတို့ ပြောလျက် အစချီကြသည်။ သင့်အနေနှင့် ၎င်းတို့ကို ယုံကြည်လာအောင်၊ ချက်ချင်းထိုင်ချပြီး ၎င်းတို့၏ ကုသမှုကို ခံယူအောင် ၎င်းတို့လုပ်၏။ ထို့နောက် သင်သည် အကြီးစားရောဂါ ရတော့မည်၊ ကုသမှု မခံယူပါက သေသွားနိုင်သည်ဟု သင့်ကို ပြောကြတော့သည်။ လူတိုင်း သေရမည်ပင်။ သို့သော် သင့်အသက်ကို နုတ်ယူမည့်အရာက အမှန်တကယ်ပင် ဤရောဂါဖြစ်နေပါ့မည်လော။ ထိုသို့လည်း ဧကန်မုချ မဟုတ်ပေ။ လူတိုင်း၏ သေခြင်းနှင့် ရှင်ခြင်းသည် ဘုရားသခင်၏ လက်တော်ထဲ၌ ရှိသည်။ ထိုအရာများကို ဆုံးဖြတ်သည်မှာ ဘုရားသာ ဖြစ်သည်။ ဆရာဝန်များ မဟုတ်။ ဆရာဝန်များက လူတို့ကို လှည့်စားဖို့ ဤပရိယာယ်ကို မကြာခဏ သုံးကြ၏။ ကြောက်တတ်ပြီး သေရမည်ကို စိုးထိတ်ကြသော လူတို့သည် ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ကို နေရာအနှံ့ လိုက်ရှာကာ သူတို့ကျန်းမာရေးနှင့်ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ချက်များကို ဆရာဝန်များအား ထုတ်ခိုင်းကြလေသည်။ သူတို့တွင် ကင်ဆာဖြစ်လာနိုင်ခြေ ရှိသည်ဟု သူတို့၏ ဆရာဝန်က ပြောလျှင် သူတို့သည် ယုံလိုက်ကြပြီး ထိုဆရာဝန်ကို ရောဂါကုသခိုင်းဖို့၊ ကင်ဆာရောဂါကြောင့် သူတို့သေနိုင်သည့် အန္တရာယ် ပပျောက်သွားဖို့ ကမန်းကတန်း လုပ်ကြသည်။ သူတို့သည် ကိုယ့်ကိုယ်ကိုယ် လန့်အောင် ခြောက်နေကြခြင်းသာ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဆရာဝန်များအကြောင်း ပြောခြင်းကို ယခု ရပ်ပြီး ရှောင်ရှောင်းနှင့် ရှောင်ဂျီတို့အကြောင်း ဆက်ပြောကြမည်။ သူတို့ပတ်ပတ်လည်တွင် ဖြစ်ပျက်သော အရာခပ်သိမ်းနှင့် စပ်လျဉ်း၍ သူတို့၏ ရှုထောင့်များ၊ အမြင်များ၊ ရပ်တည်ချက်များမှာ အင်မတန်မှ ကွာခြားလွန်းလှသည်။ ရှောင်ရှောင်းသည် အပျက်သဘောဆောင်သည့် လူတစ်ဦးသာ လုံးလုံး ဖြစ်နေသော်လည်း ရှောင်ဂျီကမူ သူ့ထံ ဖြစ်ပျက်လာသည့် အရာများကို လျော်လျော်ကန်ကန် ချဉ်းကပ်နိုင်စွမ်း ရှိသည်။ သူ့တွင် သာမန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိပြီး အမှုအရာများကို တက်ကြွသည့် နည်းလမ်းဖြင့် သူရင်ဆိုင်၏။ သူ့တာဝန်ကိုလည်း ဆက်လက် ထမ်းဆောင်သည်။ သူတို့နှစ်ဦးမှာ ကွာခြားသည်ထက် ကွာခြားလွန်းလှသည်။ ရှောင်ရှောင်းသည် သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ အခြေအနေက မျှော်လင့်ချက် မရှိဟု သဘောထားပစ်ပြီး အဆင်အခြင်မဲ့စွာ ပြုမူလေသည်။ ထိုကိစ္စကို ဖြေရှင်းဖို့ လျော်ကန်သည့် နည်းလမ်း၊ နည်းစနစ်များကို သူမရှာ။ ထို့ပြင် သူသည် မပိုင်းခြားမသိမြင်တတ်ဘဲ မရေမရာနှင့် မိုက်မဲ၊ ခေါင်းမာသည့်အပြင် မလိုက်လျောတတ်ဘဲ အတော်အတန်လည်း မလိုမုန်းထားတတ်သေး၏။ သူဖျားသည့်အခါ၊ သို့မဟုတ် အခက်အခဲတစ်ခုခု ကြုံရသောအခါ၊ သို့မဟုတ် ဆိုးဝါးသော အရာတစ်ခုခု သူ့အပေါ် ဖြစ်လာသောအခါ အခြားသူများ အားလုံးလည်း ထိုသို့ဖြစ်သွားရန် သူမျှော်လင့်သည်။ သူ့ကို မကွယ်ကာပေး၍ ဘုရားအား မုန်းတီးကာ သူ့ဒေါသကို ပေါက်ကွဲပစ်လိုက်ချင်နေသည်။ သို့သော် အခြားသူများအပေါ်လည်း သူ့ဒေါသကို မပေါက်ကွဲရဲ၊ မပုံချရဲချေ။ ထို့ကြောင့် သူသည် သူ့ဒေါသကို သူ့ကိုယ်သူအပေါ်သာ ပေါက်ကွဲပစ်ပြီး ပုံချလေတော့သည်။ ဤသည်မှာ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထားပင် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ကိစ္စသေးသေးကလေး တစ်ခုခုက မိမိသဘောအတိုင်း မဖြစ်သည့်အခါ မကျေမချမ်းဖြစ်ခြင်း၊ မုန်းတီးခြင်း၊ မနာလိုခြင်းတို့သည် ရက်စက်ကြမ်းကြုတ်ခြင်းပင်။ ရှောင်ဂျီမူကား သူ့အပေါ် တစ်စုံတစ်ခု ဖြစ်ပျက်လာသည့်အခါ သာမန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ရှိလေသည်။ သူ့တွင် ဉာဏ်ပညာရှိပြီး သာမန် လူ့သဘာဝ ရှိသည့်လူတစ်ဦး လုပ်ထိုက်သည့် ရွေးချယ်မှုများကို သူလုပ်သည်။ ရှောင်ဂျီတွင် ရှောင်ရှောင်းနှင့် တူညီသော အနာရောဂါ ရှိနေခဲ့သော်လည်း နောက်ဆုံးတွင် သူ့ပြဿနာက ပြေလည်သွားသည်။ သို့သော် ရှောင်ရှောင်းကမူ သူ့ပြဿနာကို လုံးဝ မဖြေရှင်းနိုင်ခဲ့ချေ။ သူ့ပြဿနာက မရပ်မနား ဆိုးရွားလာကာ ပြင်းထန်သည်ထက် ပို၍ ပြင်းထန်လာသည်။ ရှောင်ရှောင်း၏ ပြဿနာသည် စိုးရိမ်ရသော ပြဿနာတစ်ခု ဖြစ်သည်။ ဇာတိအသွေးအသား နာမကျန်းဖြစ်သည့် ပြဿနာတစ်ခုမျှသာ မဟုတ်ချေ။ သူသည် သူ့အတွင်းစိတ်နှလုံးထဲတွင် အောင်းနေသည့် စိတ်သဘောထားကို ဖွင့်ပြခဲ့ခြင်းပင်။ သူကိုယ်တိုင်၏ ခေါင်းမာမှု၊ မလိုက်လျောတတ်မှု၊ မိုက်မဲမှု၊ မလိုမုန်းထားမှုတို့ကို သူဖွင့်ပြခဲ့ခြင်းပင်။ ယင်းက သူတို့နှစ်ဦးကြားမှ ခြားနားချက် ဖြစ်၏။ ဤလူနှစ်ဦး ရှင်သန်ပုံအပြင် အမှုအရာများကို ကိုင်တွယ်ရေးအတွက် သူတို့၏ သဘောထားများ၊ နည်းလမ်းများနှင့် ပတ်သက်ပြီး ပို၍ အသေးစိတ်ကျသော အသိပညာနှင့် နားလည်မှုတို့ သင်တို့တွင် ရှိလျှင် ထိုအကြောင်းကို နောက်ပိုင်း၌ သင်တို့ဆက်လက် မိတ်သဟာယပြုနိုင်သည်။ သင်တို့ကိုယ်သင်တို့ ထိုအရာနှင့် ဆက်လက် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုအရာမှ သင်ခန်းစာ ယူနိုင်သည်။ အမှုအရာများကို ရှောင်ဂျီကဲ့သို့ တက်ကြွသည့် နည်းလမ်းဖြင့် ဝင်ရောက်သင့်သည်ကိုကား ပြောရန်ပင် မလိုချေ။ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိကာ သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်လာသည်အထိ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဘဝကို လျော်ကန်စွာ ချဉ်းကပ်ပြီး လူများ၊ အမှုအရာများကို ရှုမြင်ဖို့၊ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ဖို့ ကြိုးပမ်းသင့်သည်။ ရှောင်ရှောင်းကဲ့သို့ ဖြစ်၍ မရပေ။ ဟုတ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ လိုက်စားပြီး လက်တွေ့လုပ်ဆောင်သင့်ပုံပင် ဖြစ်တော့၏။
ငါတို့၏ ပြီးခဲ့သော စုဝေးပွဲတွင် ငါတို့မိတ်သဟာယပြုခဲ့ကြသည့် အရာကို ယခု ပြန်လည်ဆန်းစစ်ကြည့်ကြမည်။ လူတို့၏ အယူအဆများထဲတွင် မှန်ကန်ပြီး ကောင်းမွန်သည်ဟု ၎င်းတို့မှတ်ယူထားကြသည့် အရာများ၏ ပထမကဏ္ဍဖြစ်သည့် ကောင်းသော အပြုအမူများအကြောင်း ငါတို့ပြောဆိုခဲ့ကြသည့်အပြင် ကောင်းသော အပြုအမူများ၏ ဥပမာခြောက်ခုကိုလည်း ဖော်ပြခဲ့ကြသည်။ ထိုဥပမာအားလုံးသည် ရိုးရာယဉ်ကျေးမှုက မြှင့်တင်အားပေးသော အရာများဖြစ်ပြီး လူတို့အနေနှင့် ၎င်းတို့၏ လက်တွေ့ဘဝတွင် ကြိုက်နှစ်သက်ကြသော အပြုအမူကောင်းများလည်း ဖြစ်သည်။ ထိုဥပမာများက မည်သည့်အရာများ ဖြစ်ကြောင်း သင်တို့ ငါ့ကို ပြောပြနိုင်သလော။ (အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေတတ်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ ဖြစ်ပါသည်။) နောက်ထပ် မည်သည့် ဥပမာများကိုမျှ ငါတို့မပေးခဲ့။ တရုတ်ရိုးရာ ယဉ်ကျေးမှုက အဆိုပြုထားသည့် အပြုအမူကောင်းများကို ကိုယ်စားပြုသောအရာ ခြောက်ခုနှင့် ကွဲပြားခြားနားသည့် အရာအချို့ အခြားသော တိုင်းနိုင်ငံများ၏ ရိုးရာယဉ်ကျေးမှုတွင် ရှိနေနိုင်သည်။ သို့သော် ထိုအရာများကို ငါတို့ဖော်ပြသွားမည် မဟုတ်။ ပြီးခဲ့သည့် အခေါက်က ငါတို့သည် ဤအပြုအမူကောင်း ခြောက်ခုတွင် ပါဝင်နေသည့် တိကျသော အကြောင်းအရာများထဲမှ အချို့ကို မိတ်သဟာယပြုပြီး ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ ခြုံငုံကြည့်လျှင် ဤအပြင်ပန်း အပြုအမူကောင်းများက လူ့သဘာဝအတွင်းရှိ အပြုသဘောဆောင်သော အရာများကို ကိုယ်စားမပြုချေ။ လူတစ်ဦး၏ စိတ်သဘောထား ပြောင်းလဲသွားသည့် အဖြစ်ကို ကိုယ်စားပြုရန်မှာမူ သာ၍ပင် ဝေးသေး၏။ လူတစ်ဦးသည် သမ္မာတရားကို နားလည်ပြီး သမ္မာတရား၏ စစ်မှန်မှုကို အသက်ရှင်နေထိုင်ကြောင်း ထိုအရာများက ဧကန်မုချ ကိုယ်စားမပြု။ ထိုအရာများသည် လူက မြင်နိုင်သည့် အပြင်ပန်း အပြုအမူများသာ ဖြစ်သည်။ ရိုးရှင်းစွာ ပြောရလျှင် ထိုအရာများက လူ၏ အပြင်ပန်း သရုပ်သကန်များ ဖြစ်သည်။ ဤအပြင်ပန်း သရုပ်သကန်များနှင့် ပွင့်အံထုတ်ပြခြင်းများသည် လူတို့ ဆက်ဆံကြသည့်အခါ၊ အချင်းချင်း ပေါင်းသင်းကြသည့်အခါ၊ အချင်းချင်း အတူယှဉ်တွဲ၍ နေထိုင်ကြသည့်အခါ ဖြစ်ပေါ်လာသော လုပ်ရိုးလုပ်စဉ်များသာ ဖြစ်၏။ “လုပ်ရိုးလုပ်စဉ်များ” ဆိုသည်မှာ အဘယ်အရာကို ရည်ညွှန်းသနည်း။ လူတို့ မြင်သည့်အခါ စိတ်အေးသွားအောင် လုပ်ပေးသည့် အပေါ်ယံအဆန်ဆုံးသော အရာများကို ရည်ညွှန်းသည်။ ထိုအရာများသည် လူတို့၏ အနှစ်သာရကို လည်းကောင်း၊ လူတို့၏ အတွေးများနှင့် အမြင်များကိုလည်းကောင်း၊ အပြုသဘောဆောင်သော အရာများအပေါ် လူတို့ထားသည့် သဘောထားကို လည်းကောင်း လုံးဝ ကိုယ်စားမပြုသည့်အပြင် သမ္မာတရားအပေါ် လူတို့ထားသည့် သဘောထားကို သာ၍ပင် ကိုယ်စားမပြု။ အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ လူသားမျိုးနွယ်၌ ရှိသည့် သတ်မှတ်ချက်များနှင့် အကဲဖြတ်မှုစံနှုန်းများသည် လူတို့ နားလည်နိုင်ပြီး စွမ်းဆောင်ရရှိနိုင်သော လုပ်ရိုးလုပ်စဉ်များသာ ဖြစ်သည်။ လူ့အနှစ်သာရနှင့် ဘာဆိုဘာမျှ ပတ်သက်မှု မရှိချေ။ လူတို့သည် အပေါ်ယံ၌ မည်မျှပင် ဖော်ရွေပုံ သို့မဟုတ် ပေါင်းသင်းရ လွယ်ကူပုံ ပေါ်နေပါစေ၊ အခြားလူများက ထိုသူတို့ အသက်ရှင်နေထိုင်သည့် အပြင်ပန်း အပြုအမူများကို မည်မျှပင် နှစ်သက်၊ လေးစား၊ ရိုကျိုးပြီး ကိုးကွယ်ပါစေ ထိုသူတို့တွင် လူ့သဘာဝ ရှိသည်ဟု မဆိုလိုသကဲ့သို့ ထိုသူတို့၏ သဘာဝနှင့် အနှစ်သာရက ကောင်းမွန်သည်၊ သို့မဟုတ် အပြုသဘောဆောင်သော အရာများကို ချစ်သည်၊ သို့မဟုတ် ဖြောင့်မတ်ခြင်းသဘောကို ပိုင်ဆိုင်သည်ဟုလည်း မဆိုလိုချေ။ ထိုသူတို့က သမ္မာတရားကို လိုက်စားနိုင်သော လူများ ဖြစ်သည်ဟု သာ၍ မဆိုလိုသည်ကိုကား ပြောနေရန်ပင် မလို။ လူသားမျိုးနွယ်က အကျဉ်းချုပ်ထားသည့် အပြုအမူကောင်း အားလုံးသည် မိမိတို့ကိုယ်ကို အခြား သက်ရှိပုံစံများနှင့် ကွဲပြားခြားနားနေအောင် လူသားမျိုးနွယ်က မြှင့်တင်အားပေးသည့် အပြင်ပန်း သရုပ်သကန်အချို့နှင့် အသက်ရှင်နေထိုင်သည့် အရာအချို့ထက် မပိုချေ။ ဥပမာအားဖြင့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း ဟူသည့် ကောင်းသော အပြုအမူများသည် လူတစ်ဦးက စည်းမျဉ်းစည်းကမ်းများကို မလိုက်နာသော တိရစ္ဆာန်များနှင့် မတူဘဲ အပြင်ပန်းတွင် အတော်အတန် ဣန္ဒြေရ၊ ယဉ်ကျေးကာ အသိပညာ ကြွယ်ဝပြီး ယဉ်ကျေးမှု ရှိကြောင်းသာ ပြသည်။ လူတို့သည် စားသောက်ပြီးသည့်အခါ သူတို့၏ ပါးစပ်ကို လက်နှင့်သော်လည်းကောင်း၊ လက်ကိုင်ပဝါနှင့်သော်လည်းကောင်း သုတ်ကြပြီး သူတို့ကိုယ်သူတို့ အနည်းငယ် သန့်ရှင်းအောင် လုပ်ကြသည်။ ခွေးတစ်ကောင် စားသောက်ပြီးချိန်၌ သူ့ပါးစပ်ကို သုတ်ပေးဖို့ သင်ကြိုးစားပါက သူပျော်မည် မဟုတ်ပေ။ တိရစ္ဆာန်များက ဤသို့သော အရာများကို နားမလည်ကြ။ ဤသို့ဖြစ်လျှင် လူတို့က အဘယ်ကြောင့် နားလည်ကြသနည်း။ လူတို့သည် “ပိုအဆင့်မြင့်သော တိရစ္ဆာန်များ” ဖြစ်နေ၍ပင်။ ထို့ကြောင့် ၎င်းတို့သည် ဤအရာများကို နားလည်ထိုက်၏။ သို့ဖြစ်၍ ကောင်းသော ဤအပြုအမူများသည် လူသားမျိုးနွယ်ဟူသော သက်ရှိဇီဝအုပ်စု၏ အပြုအမူကို ထိန်းညှိရန် လူက အသုံးပြုသည့်အရာ ဖြစ်သည်။ ယင်းတို့က လူသားမျိုးနွယ်ကို သာ၍ နိမ့်ကျသော သက်ရှိပုံစံများမှ ခွဲခြားပေးခြင်းမျှသာ လုပ်ပေးသည်။ ကျင့်ကြံပြုမူမှု၊ သို့မဟုတ် သမ္မာတရားကို လိုက်စားမှု၊ သို့မဟုတ် ဘုရားသခင်အား ကိုးကွယ်မှုတို့နှင့် လားလားမျှ မသက်ဆိုင်။ အဓိပ္ပာယ်မှာ သင်သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း စသည်တို့၏ စံနှုန်းများ၊ သတ်မှတ်ချက်များနှင့် အပြင်ပန်းအားဖြင့် လျော်ညီအောင် နေကောင်း နေနိုင်မည် ဖြစ်သော်လည်း၊ သင့်တွင် ဤအပြုအမူကောင်းများ ရှိကောင်း ရှိနေနိုင်မည် ဖြစ်သော်လည်း ယင်းတို့က သင်သည် လူ့သဘာဝရှိသော လူတစ်ဦး ဖြစ်သည်၊ သို့မဟုတ် သမ္မာတရားကို ပိုင်ဆိုင်သည့် လူတစ်ဦးဖြစ်သည်၊ သို့မဟုတ် ဘုရားသခင်ကို ကြောက်ရွံ့ရိုသေပြီး မကောင်းသောအကျင့်ကို ရှောင်သည့် လူတစ်ဦးဖြစ်သည်ဟု မဆိုလိုချေ။ ထိုအရာများ တစ်ခုကိုမျှ လုံးဝ မဆိုလိုချေ။ ထိုသို့ဖြစ်မည့်အစား အပြုအမူပိုင်း သင်ကြားလေ့ကျင့်ပေးသည့် စနစ်နှင့် ကျင့်ဝတ် စံနှုန်းများ၏ စနစ်ကို ဖြတ်သန်းပြီးသွားသည့်နောက် သင်၏ အပြောအဆိုများ၊ မျက်နှာထားများ၊ အပြုအမူများ စသည်တို့က အနည်းငယ် ပို၍ စည်းကမ်းကျနမှု ရှိလာသည်ဟုသာ ဆိုလိုသည်။ သင်သည် တိရစ္ဆာန်များထက် ပိုသာပြီး လူသား ပုံသဏ္ဌာန် အနည်းငယ်ရှိသည်ဟု ထိုအရာက ပြသသည်။ သို့သော် သင်သည် သမ္မာတရားအား လိုက်စားသူတစ်ဦး ဖြစ်ကြောင်းကိုကား မပြသပေ။ ထိုအရာက သမ္မာတရားကို လိုက်စားခြင်းနှင့် ဘာဆိုဘာမျှ မသက်ဆိုင် ဟူ၍ပင် ဆိုနိုင်သည်။ ဤအပြုအမူကောင်းများကို သင်ပိုင်ဆိုင်ထားသည့် အဖြစ်က သမ္မာတရားအား လိုက်စားခြင်းအတွက် မှန်ကန်သော အခြေအနေများကို သင်ပိုင်ဆိုင်သည်ဟု မဆိုလိုသည့်အပြင် သမ္မာတရား၏ စစ်မှန်မှုကို သင်ဝင်ရာက်ထားပြီး ဖြစ်သည်၊ သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု သာ၍ပင် မဆိုလိုချေ။ ထိုအရာများကို ထင်ဟပ်ဖော်ပြခြင်း အလျှင်းမရှိပေ။
ကြောင်တစ်ကောင်၊ သို့မဟုတ် ခွေးတစ်ကောင်ကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားသောသူ မည်သူမဆိုသည် ထိုတိရစ္ဆာန်များနှင့် ပတ်သက်၍ ချစ်ခင်စဖွယ် ကောင်းသည့်အရာ တစ်ခုခု ရှိနေကြောင်း ခံစားကြရလိမ့်မည်ပင်။ အချို့သော ကြောင်များ၊ ခွေးများ၌ စင်စစ်အားဖြင့် အမူအကျင့်ကောင်းများ ရှိနေကြသည်။ အချို့သော ကြောင်များက သူတို့သခင်၏ အခန်းထဲသို့ ဝင်ချင်သည့်အခါ မဝင်မီ တံခါးဝ၌ သုံးလေးကြိမ်ခန့် တညောင်ညောင် အသံပေးတတ်ကြ၏။ သူတို့သခင်က ဘာမျှမပြောလျှင် အခန်းထဲ မဝင်ကြ။ “ဝင်လာခဲ့” ဟု သူတို့သခင်က ပြောသည်နှင့် အခန်းထဲ ဝင်ကြသည်။ ဤကျင့်ဝတ်မျိုးကို ကြောင်များပင် လက်တွေ့လုပ်နိုင်၏။ သူတို့သခင်၏ အခန်းထဲ မဝင်မီ ခွင့်တောင်းရမည်ကို သူတို့သိသည်။ ယင်းက အပြုအမူကောင်းတစ်မျိုး ဖြစ်သည် မဟုတ်လော။ ဤအပြုအမူကောင်းမျိုးကို တိရစ္ဆာန်များကပင် ပိုင်ဆိုင်နိုင်သည်ဆိုလျှင် လူတို့ပိုင်ဆိုင်သည့် ကောင်းသော အပြုအမူများက ၎င်းတို့ကို တိရစ္ဆာန်များထက် မည်မျှလောက် ပိုအဆင့်မြင့်အောင် လုပ်ပေးနိုင်မည်နည်း။ ဤသည်မှာ လူတို့ပိုင်ဆိုင်အပ်သည့် သာမန်အသိစိတ်၏ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ ဤအရာကို သင်ကြားပေးဖို့ မလို။ ယင်းက အင်မတန် သာမန်ကျသော အရာတစ်ခု ဖြစ်သည်။ ဤသို့သော အပြုအမူကောင်းမျိုးက အတော်အတန် သင့်လျော်ကြောင်း လူတို့ခံစားရနိုင်ပြီး ထိုအချက်က ၎င်းတို့ကို အနည်းငယ် ပို၍ စိတ်လက်ချမ်းသာအောင် လုပ်ပေးကောင်း လုပ်ပေးနိုင်သည်။ သို့သော် ဤကောင်းသော အပြုအမူများကို အသက်ရှင်နေထိုင်ခြင်းသည် ၎င်းတို့ လူ့သဘာဝ၏ အရည်အသွေး သို့မဟုတ် အနှစ်သာရကို ကိုယ်စားပြုသလော။ (ကိုယ်စားမပြုပါ။) ကိုယ်စားမပြုချေ။ ထိုအရာများက လူတစ်ဦး၏ လုပ်ရပ်များတွင် ရှိနေသင့်သည့် စည်းကမ်းများနှင့် နည်းစနစ်များမျှသာ ဖြစ်သည်။ လူတစ်ဦး၏ လူ့သဘာဝဆိုင်ရာ အရည်အသွေး၊ အနှစ်သာရတို့နှင့် လားလားမျှ မပတ်သက်။ ကြောင်များ၊ ခွေးများကို ဥပမာအဖြစ် ယူကြည့်လော့။ ၎င်းတို့တွင် တူညီနေသည့် အရာက အဘယ်နည်း။ လူတို့က ၎င်းတို့ကို စားစရာတစ်ခုခု ပေးသောအခါတွင် ၎င်းတို့သည် ရင်းနှီးကျွမ်းဝင်စိတ်နှင့် ကျေးဇူးတင်စိတ်ကို ပြသကြသည်။ ၎င်းတို့က ဤအမူအကျင့်မျိုး ပိုင်ဆိုင်ကြသည်။ ဤအပြုအမူမျိုးကို ပြသနိုင်ကြသည်။ ၎င်းတို့နှင့် ပတ်သက်၍ မတူညီသည့်အရာမှာ တစ်ကောင်က ကြွက်များ ဖမ်းခြင်းကို အထူးပြု လုပ်ဆောင်ပြီး နောက်တစ်ကောင်က နေအိမ် စောင့်ကြပ်ခြင်းကို အထူးပြု လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြောင်သည် သူ့သခင်ကို အချိန်မရွေး၊ နေရာမရွေး စွန့်ခွာသွားနိုင်သည်။ ပျော်စရာ တစ်ခုခုရှိသည့်အခါ ကြောင်တစ်ကောင်သည် သူ့သခင်ကို မေ့သွားလိမ့်မည် ဖြစ်ပြီး ဂရုစိုက်တော့မည် မဟုတ်ချေ။ ခွေးကမူ သူ့သခင်ကို ဘယ်သောအခါမျှ စွန့်ခွာသွားလိမ့်မည် မဟုတ်။ ခွေးတစ်ကောင်က သင့်ကို သူ၏ သခင်အဖြစ် သတ်မှတ်လိုက်ပြီဆိုပါက ပိုင်ရှင်ပြောင်းသွားလျှင်ပင် သင့်ကို မှတ်မိနေဦးမည် ဖြစ်ပြီး သူ့သခင်အဖြစ် သင့်ကို ဆက်ဆံဦးမည် ဖြစ်သည်။ ဤသည်မှာ ကြောင်များ၊ ခွေးများ၏ အပြုအမူဆိုင်ရာ စာရိတ္တအရည်အသွေးအပြင် ၎င်းတို့၏ အနှစ်သာရနှင့် စပ်လျဉ်း၍ ၎င်းတို့အကြားရှိ ကွဲပြားခြားနားမှုပင် ဖြစ်သည်။ ယခု လူတို့အကြောင်း ပြောကြစို့။ ကောင်းမွန်သည်ဟု လူက ယူဆသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ ရည်မွန်ခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်း အစရှိသည့် အပြုအမူများထဲတွင် အခြားသော မျိုးစိတ်များ၏ အပြုအမူထက် သာလွန်သည့်အရာ တချို့တလေ ရှိသော်လည်း၊ ဆိုလိုသည်မှာ လူက လုပ်ဆောင်နိုင်သည့် အရာသည် အခြားသော မျိုးစိတ်များ၏ လုပ်ဆောင်နိုင်စွမ်းများထက် ပိုလွန်သော်လည်း ဤအရာများက အပြင်ပန်း အပြုအမူများ၊ စည်းကမ်းများထက် မပိုချေ။ လူတို့၏ အပြုအမူကို ထိန်းညှိပေးရန်နှင့် လူတို့ကို အခြားသက်ရှိပုံစံများမှ ခွဲခြားပေးရန် ရည်ရွယ်သည့် လုပ်နည်းကိုင်နည်းများသက်သက်သာ ဖြစ်သည်။ ဤအပြုအမူကောင်းများကို ပိုင်ဆိုင်ခြင်းသည် လူတို့ကို အခြားသော သက်ရှိပုံစံများနှင့် ၎င်းတို့မတူညီ၊ သို့မဟုတ် အခြားသော သက်ရှိပုံစံများထက် ၎င်းတို့ပိုသာသည်ဟု ခံစားရစေနိုင်၏။ သို့သော် အဖြစ်မှန်မှာ အချို့ကဏ္ဍများတွင် လူတို့သည် တိရစ္ဆာန်များထက် ပို၍ ဆိုးဝါးစွာ ပြုမူကြသည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း ဟူသည့်အရာကို ဥပမာ ယူကြည့်လော့။ တိရစ္ဆာန်လောကတွင် ဝံပုလွေများက ထိုအရာကို လူတို့ထက် ပိုကောင်းအောင် လုပ်ဆောင်ကြသည်။ ဝံပုလွေတစ်အုပ်တွင် အရွယ်ရောက်ပြီးသား ဝံပုလွေများသည် ဝံပုလွေပေါက် တစ်ကောင်ကို မည်သူ၏ သားပေါက်ဖြစ်နေပါစေ ဂရုစိုက်ပေးကြမည် ဖြစ်သည်။ ထိုသားပေါက်ကို အနိုင်ကျင့်မည် မဟုတ်၊ သို့မဟုတ် အန္တရာယ်ပေးမည် မဟုတ်။ လူကမူ ဤအရာကို မလုပ်နိုင်။ ဤအပိုင်းတွင် လူသားမျိုးနွယ်သည် ဝံပုလွေတစ်အုပ်ထက် ပို၍ ညံ့နေ၏။ လူသားမျိုးနွယ်က လူကြီးသူမများကို အဘယ်ရိုသေလေးစားခြင်းမျိုး၊ ငယ်ရွယ်သူများကို အဘယ်ဂရုစိုက်တတ်ခြင်းမျိုး ပိုင်ဆိုင်သနည်း။ လူတို့သည် ဤအရာကို အမှန်တကယ် စွမ်းဆောင်နိုင်သလော။ လူအများစုသည် “ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း” ဟူသည့် အရာအား စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထိုအပြုအမူကောင်းမျိုးကို လူတို့က ပိုင်ဆိုင်ခြင်း မရှိ။ ဆိုလိုသည်မှာ ထိုလူ့သဘာဝမျိုးကို ၎င်းတို့ ပိုင်ဆိုင်ခြင်း မရှိ။ ဥပမာအားဖြင့် ကလေးတစ်ယောက်က သူ့မိဘများနှင့် ရှိနေချိန်တွင် လူတို့သည် ထိုကလေးအား စကားပြောသည့်အခါ အတော်အတန် ဖော်ရွေပြီး ပေါင်းသင်းရ လွယ်ကူကြမည် ဖြစ်သည်။ သို့သော် သူ့မိဘများမရှိနေသည့်အချိန်၌မူ လူတို့၏ နတ်ဆိုးဆန်သော အပိုင်းက ပွင့်အံထွက်လာတော့သည်။ ထိုကလေးက သူတို့ကို စကားပြောလျှင် သူတို့က လျစ်လျူရှုကြမည်။ သို့မဟုတ် ထိုကလေးကို နှစ်မြို့စရာမကောင်းဟုပင် မြင်ပြီး နှိပ်ပင် နှိပ်စက်ကြမည် ဖြစ်သည်။ ဆိုးယုတ်လိုက်ကြသည့် လူများပင်။ လောကထဲရှိ တိုင်းနိုင်ငံ အမြောက်အမြားတွင် ကလေးကို လူကုန်ကူးမှုသည် အဆန်းမဟုတ်ချေ။ ယင်းက ကမ္ဘာလုံးဆိုင်ရာ ပြဿနာဖြစ်နေသည်။ လူတို့သည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် အပြုအမူကောင်းကိုမျှ မပိုင်ဆိုင်လျှင်၊ ကလေးများကို ၎င်းတို့အနိုင်ကျင့်သည့်အခါ ဩတ္တပ္ပစိတ် နာကျင်မှု လုံးဝ မခံစားရလျှင် ယင်းက မည်သည့်လူ့သဘာဝမျိုးနည်း၊ ငါ့ကို ပြောလော့။ ၎င်းတို့သည် လူကြီးသူမများကို ရိုသေလေးစားသယောင်၊ ငယ်ရွယ်သူများကို ဂရုစိုက်တတ်သယောင် ဟန်ဆောင်နေကြဆဲ ဖြစ်သော်လည်း ဟန်ပြသက်သက်သာ ဖြစ်သည်။ ဤဥပမာကို ငါအဘယ်ကြောင့် ပေးသနည်း။ အဘယ်ကြောင့်ဆိုသော် လူသားမျိုးနွယ်သည် ဤကောင်းသော အပြုအမူများကို အဆိုပြုထားပြီး လူတို့၏ အပြုအမူအတွက် ဤသတ်မှတ်ချက်များနှင့် စံနှုန်းများကို တင်ပြထားသော်လည်း ထိုအရာများကို လူတို့က စွမ်းဆောင်နိုင်စွမ်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သို့မဟုတ် အပြုအမူကောင်းမည်မျှကို ၎င်းတို့ပိုင်ဆိုင်သည်ဖြစ်စေ ဖောက်ပြန်ပျက်စီးသော လူ့အနှစ်သာရက ဘယ်သောအခါမျှ ပြောင်းလဲနိုင်မည် မဟုတ်သောကြောင့်ပင်။ လူများ၊ အမှုအရာများအပေါ် လူ၏ ရှုမြင်ပုံများအပြင် လူ၏ ကျင့်ကြုံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်၏ အတွေးအခေါ်နှင့် ရှုမြင်ချက်များမှ လုံးလုံးလျားလျား ပေါ်ပေါက်လာသည်။ ပြီးလျှင် ထိုစံသတ်မှတ်ချက်များကို ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများက သတ်မှတ်ဆုံးဖြတ်ထားသည်။ လူသားမျိုးနွယ်က အဆိုပြုထားသော သတ်မှတ်ချက်များနှင့် စံနှုန်းများကို ကောင်းမွန်ပြီး အဆင့်အတန်း မြင့်မားသည်ဟု အသိအမှတ်ပြုထားကြသော်လည်း လူတို့က ထိုအရာများကို စွမ်းဆောင်နိုင်စွမ်း ရှိသလော။ (မရှိပါ။) ယင်းက ပြဿနာပင် ဖြစ်သည်။ လူတစ်ဦးက အပြင်ပန်းတွင် အနည်းငယ် ပိုကောင်းအောင် ပြုမူလျှင်ပင်၊ ထိုသို့ ပြုမူခြင်းအတွက် ဆုချခံရပြီး အသိအမှတ်ပြုခံရလျှင်ပင် ထိုအရာသည်လည်း ဟန်ဆောင်ခြင်း၊ လှည့်ဖြားခြင်းနှင့် ညစ်စွန်းရောနှောနေ၏။ အဘယ်ကြောင့်ဆိုသော် လူတိုင်းက လက်ခံထားကြသည့်အတိုင်းပင် ကောင်းမှု အနည်းငယ်ကို လုပ်ဆောင်ဖို့က လွယ်ကူသောကြောင့် ဖြစ်၏။ ကောင်းမှုကို တစ်သက်လုံး လုပ်ဆောင်သွားဖို့ကသာ ခက်ခဲနေခြင်း ဖြစ်သည်။ အကယ်၍ ထိုသူက လူကောင်းတစ်ယောက် အမှန်တကယ်ဖြစ်သည်ဆိုလျှင် ကောင်းသော အရာများကို လုပ်ဆောင်ရန် သူ့အတွက် အဘယ်ကြောင့် အလွန် ခက်ခဲနေရသနည်း။ ထို့ကြောင့် မည်သည့်လူပုဂ္ဂိုလ်ကမျှ လူသားမျိုးနွယ်၏ “ကောင်းမွန်သည်” ဟုဆိုသော အသိအမှတ်ပြုထားသည့် စံနှုန်းများနှင့် လျော်ညီအောင် အသက်မရှင်နိုင်ကြ။ အားလုံးက ကြွားဝါခြင်း၊ လိမ်လည်ခြင်း၊ ထိုးဇာတ်ခင်းခြင်းသာလျှင် ဖြစ်သည်။ လူတို့အနေနှင့် ဤစံနှုန်းအချို့ကို အပြင်ပန်းတွင် ဖြည့်ဆည်းနိုင်ကာ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းကဲ့သို့သော အပြုအမူကောင်း အနည်းငယ်ကို ပိုင်ဆိုင်ထားသည် ဆိုလျှင်ပင်၊ ထိုအရာများထဲမှ အချို့ကို လူတို့က လုပ်နိုင်ပြီး ပိုင်ဆိုင်ထားကြသော်လည်း ခဏတစ်ဖြုတ်၊ ယာယီမျှသာ ဖြစ်သည်။ သို့မဟုတ် တဒင်္ဂ အခြေအနေတစ်ခုခုတွင်သာ ဖြစ်သည်။ ၎င်းတို့သည် ဤသရုပ်သကန်များကို လိုအပ်သည့် အချိန်မှ ပိုင်ဆိုင်ကြသည်။ တစ်စုံတစ်ခုက ၎င်းတို့၏ အဆင့်အတန်း၊ မာန်မာန၊ ဓနဥစ္စာ၊ အကျိုးစီးပွားတို့ကို လာထိလျှင်ထိချင်း၊ သို့မဟုတ် ၎င်းတို့၏ ကံကြမ္မာနှင့် တက်လမ်းများကိုပင် လာထိလျှင်ထိချင်း ၎င်းတို့၏ သဘာဝနှင့် ကြမ်းကြုတ်ရက်စက်သော အတွင်းသဘောတို့က ပွင့်အံထွက်လာတော့သည်။ ၎င်းတို့သည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည့်ပုံ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိသည့်ပုံ၊ ရည်မွန်သည့်ပုံ၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ပုံ၊ ဖော်ရွေပုံ၊ သို့မဟုတ် ပေါင်းသင်းရ လွယ်ကူပုံ ပေါ်နေတော့မည် မဟုတ်။ ထိုအစား အချင်းချင်း တစ်ယောက်ကိုတစ်ယောက် တစ်ပတ်ရိုက်ဖို့ ကြိုးစားလျက်၊ အချင်းချင်း အမှုဆင်ပြီး သတ်ဖြတ်ဖို့ ကြိုးစားလျက် တစ်ဦးကိုတစ်ဦး တိုက်ခိုက်ပြီး မကောင်းကြံစည်ကြလိမ့်မည်။ ထိုသို့သော အရာများက မကြာခဏပင် ဖြစ်ပွားသည်။ မိမိတို့၏ အကျိုးစီးပွားများအတွက်၊ မိမိတို့၏ အဆင့်အတန်းအတွက်၊ သို့မဟုတ် မိမိတို့၏ ဩဇာအာဏာအတွက်၊ မိတ်ဆွေများ၊ ဆွေမျိုးများအတွက်ဆိုလျှင် အဖေများနှင့် သားများပင် နောက်ဆုံး တစ်ယောက်သာ ကျန်သည်အထိ တစ်ဦးကိုတစ်ဦး သိမ်းကျုံးသတ်ဖြတ်ဖို့ ကြိုးစားကြလိမ့်မည်။ လူတို့အကြားတွင် တည်ရှိသော စိတ်မချမ်းမြေ့စရာ အခြေအနေကို အထင်းသား မြင်နိုင်၏။ ထိုအကြောင်းကြောင့်ပင် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းတို့ကို တဒင်္ဂအခြေအနေများမှ ထွက်လာသော အရာများဟုသာ ခေါ်ဆိုနိုင်သည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိုအရာများကို အမှန်တကယ် အသက်ရှင်နေထိုင်နိုင်ခြင်း မရှိ။ တရုတ်လူမျိုးတို့ ကိုးကွယ်ကြသည့် ပညာရှိများနှင့် မဟာလူသားများပင်လျှင် ထိုအရာများကို စွမ်းဆောင်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် ဤသွန်သင်ချက်များနှင့် သဘောတရားများ အားလုံးမှာ အဓိပ္ပာယ်မရှိ။ အားလုံးက ပေါက်ကရသက်သက်သာ ဖြစ်သည်။ သမ္မာတရားကို လိုက်စားသော လူတို့သည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများနှင့် ပတ်သက်နေသည့် အမှုအရာများကို သမ္မာတရားအား ၎င်းတို့၏ စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ ဖြေရှင်းနိုင်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ပြီး ဘုရားသခင်ကို နာခံနိုင်ကြသည်။ ဤနည်းအားဖြင့် ၎င်းတို့ပိုင်ဆိုင်သော သမ္မာတရား၏ စစ်မှန်မှုသည် လူသားမျိုးနွယ်က အသိအမှတ်ပြုထားသည့် ကောင်းသော အပြုအမူများ၏ စံနှုန်းများကို သာလွန်သွားလေသည်။ သမ္မာတရားကို မလိုက်စားသော လူတို့ကမူ ၎င်းတို့ ကိုယ်ကျိုးစီးပွားများဟူသည့် အတားအဆီးကို ထိုးဖောက်ထွက်နိုင်ခြင်း မရှိကြချေ။ သို့ဖြစ်၍ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ကြခြင်း မရှိ။ ကောင်းသော အပြုအမူများကဲ့သို့သော စည်းကမ်းများကိုပင် စောင့်ထိန်းနိုင်ကြခြင်း မရှိပေ။ ထိုသို့ဆိုလျှင် လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံအတွက်၊ ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် အခြေပြုချက်နှင့် စံသတ်မှတ်ချက်က အဘယ်အရာများ ဖြစ်သနည်း။ သေချာသည်မှာ ယင်းတို့က စည်းကမ်းများနှင့် အယူဝါဒများသာ ဖြစ်သည်။ စာတန်၏ အတွေးအမြင်များနှင့် ဥပဒေသများ ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သော်လည်းကောင်း၊ သမ္မာတရားသော်လည်းကောင်း မဟုတ်ချေ။ အကြောင်းမှာ ထိုလူများက သမ္မာတရားကို လက်မခံကြသောကြောင့်၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများကိုသာ သတိပြုကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် အလိုလိုပင် ၎င်းတို့သည် သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ကြ။ ကောင်းသော အပြုအမူများကိုပင် စောင့်ထိန်းနိုင်ကြခြင်း မရှိ။ ဟန်ဆောင်ဖို့ ကြိုးစားကြသော်လည်း ၎င်းတို့၏ ဟန်ဆောင်ဖုံးကွယ်မှုများကို ထိန်းထားနိုင်ခြင်း မရှိပေ။ ဤသို့ဖြင့် ၎င်းတို့၏ သရုပ်မှန်များကို ဖွင့်ပြကြလေတော့သည်။ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားများအတွက် ၎င်းတို့သည် ရုန်းကန်ကြလိမ့်မည်။ လုယူကြလိမ့်မည်။ လုယက်ကြလိမ့်မည်။ အကွက်ချကာ မကောင်းကြံပြီး လိမ်လည်လှည့်ဖြားကြလိမ့်မည်။ အခြားသူများကို ဒဏ်ခတ်ပြီး တစ်ဦးဦးအား သတ်ပင် သတ်ဖြတ်ကြလိမ့်မည်။ ဤရက်စက်သော အရာများအားလုံးကို ၎င်းတို့ လုပ်နိုင်ကြ၏။ ထိုအချက်တွင် ၎င်းတို့၏ သဘာဝက ဖော်ထုတ်ခြင်း မခံရသလော။ ၎င်းတို့၏ သဘာဝက ဖော်ထုတ်ခြင်း ခံရသောအခါ အခြားလူများသည် ထိုသူတို့၏ စကားများ၊ လုပ်ရပ်များ၏ ရည်ရွယ်ချက်များနှင့် အခြေခံအချက်များကို အလွယ်တကူ မြင်နိုင်ကြသည်။ ထိုသူတို့သည် စာတန်၏ အတွေးအမြင်များသက်သက်ဖြင့်သာ အသက်ရှင်နေကြကြောင်း၊ လူများနှင့် အမှုအရာများအပေါ် ၎င်းတို့၏ ရှုမြင်ပုံအတွက်၊ ၎င်းတို့၏ ကျင့်ကြံပြုမူပုံနှင့် လုပ်ဆောင်ချက်များအတွက် အခြေပြုချက်သည် စာတန်၏ အတွေးအမြင်ပင် ဖြစ်ကြောင်းကို အခြားလူများက ပြောနိုင်ကြလိမ့်မည်။ ဥပမာအားဖြင့် “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူတေတေ ငတေမာပြီးရော”၊ “ငွေကြေးသည် ကမ္ဘာကို လည်ပတ်စေသည်”၊ “အသက်ရှင်သရွေ့ မျှော်လင့်ချက်ရှိသည်”၊ “သေးသိမ်သည့် စိတ်ဓာတ်ကြောင့် လူကြီးလူကောင်းတစ်ဦး မဖြစ်သကဲ့သို့ ယောကျာ်းအစစ်အမှန်ဟူသည် အဆိပ်မရှိဘဲ မနေပါ”၊ “သင်သည် မကြင်နာလျှင် ကျွန်ုပ်လည်း မျှတနေမည် မဟုတ်”၊ “ကိုယ့်အပေါ် မကောင်းလုပ်ခဲ့သည့်ပုံစံအတိုင်း ပြန်လုပ်ပါ” အစရှိသည့် ဆိုးယုတ်သော တွေးခေါ်ဆင်ခြင်ပုံ လမ်းစဉ်များနှင့် ဥပဒေသများက လူတို့အတွင်းတွင် ပဲ့ကိုင်ထား၏။ လူတို့က ထိုအရာများအတိုင်း အသက်ရှင်သည့်အခါ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း အစရှိသည့် အပြုအမူကောင်းများသည် မိမိတို့ကိုယ်ကို ရုပ်ဖျက်ရန် လူတို့အသုံးပြုကြသော မျက်နှာဖုံးများ ဖြစ်လာသည်။ ဟန်ပြများ ဖြစ်လာသည်။ အဘယ်ကြောင့် ထိုအပြုအမူကောင်းများက ဟန်ပြများ ဖြစ်လာသနည်း။ အဘယ်ကြောင့်ဆိုသော် လူတို့ အမှန်တကယ် လိုက်နာ အသက်ရှင်သည့် အခြေခံအုတ်မြစ်နှင့် ဥပဒေသများသည် စာတန်က လူကို စွဲမှတ်နေအောင် သွန်သင်ထားသည့် အရာများ ဖြစ်နေပြီး သမ္မာတရား မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် အခြေခံအကျဆုံး လူ့အသိစိတ်နှင့် လူ့အကျင့်စာရိတ္တသည် သမ္မာတရားကို မချစ်သော လူတစ်ဦးအပေါ် မည်သည့်သက်ရောက်မှုမျှ မရှိပေ။ ထိုသူ၏ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် တစ်စုံတစ်ရာ ဖြစ်ပျက်လာပါက သူ၏ သရုပ်မှန်သည် ပွင့်ထွက်လာလိမ့်မည် ဖြစ်သည်။ ထိုအချိန်၌ လူတို့က ထိုသူ၏ သဘောသဘာဝ အစစ်အမှန်ကို မြင်ကြရလိမ့်မည်။ လူတို့က စိတ်တုန်လှုပ်ပြီး ပြောကြမည်မှာ “ထိုသူက အများအားဖြင့် အင်မတန် နူးညံ့သိမ်မွေ့ပြီး ရည်မွန်ကာ လူကြီးလူကောင်း ပီသသည် မဟုတ်ပါလော။ သူ့အပေါ် တစ်စုံတစ်ခု ဖြစ်လာချိန်၌ အဘယ်ကြောင့် လားလားမျှ မတူညီသည့် လူတစ်ဦးအဖြစ် ပြောင်းလဲသွားသည့် လက္ခဏာရှိနေရသနည်း” ဟူ၍ပင် ဖြစ်သည်။ အမှန်တကယ်တွင် ထိုလူက ပြောင်းလဲသွားခြင်း မဟုတ်။ သူ၏ သရုပ်မှန်က ထိုအချိန်မှသာ ဖော်ထုတ်ခံရခြင်း၊ ဖွင့်ပြခံရခြင်းသာ ဖြစ်သည်။ အခြင်းအရာများက သူ၏ အကျိုးစီးပွားကို မထိသည့် အခါတွင်၊ ထို့ပြင် ရေကုန်ရေခန်း တိုက်ခိုက်ဖို့ ရန်မစောင်မီတွင် သူလုပ်သမျှက လိမ်လည်လှည့်စားမှုနှင့် ဟန်ဆောင်ဖုံးကွယ်မှုသာ ဖြစ်သည်။ သူ၏ အကျိုးစီးပွား ထိခိုက်သည့်အခါ၊ သို့မဟုတ် ခြိမ်းခြောက်ခံရသည့်အခါ၊ ထို့ပြင် သူ့ကိုယ်သူ ဟန်ဆောင်ဖုံးကွယ်ခြင်း မရှိတော့သည့်အခါ သူဖော်ထုတ်ပြသော သူ့ဖြစ်တည်မှု၏ အခြေပြုချက်နှင့် ဥပဒေသများသည် သူ၏ သဘာဝ၊ သူ၏ အနှစ်သာရနှင့် သူ၏ သရုပ်မှန်ပင် ဖြစ်တော့သည်။ ထို့ကြောင့် လူတစ်ဦးတွင် မည်သည့် ကောင်းသော အပြုအမူများ ရှိနေပါစေ၊ သူ၏ အပြင်ပန်း အပြုအမူက အခြားလူတို့အမြင်တွင် မည်မျှပင် အပြစ်ဆိုဖွယ် မရှိသည့်ပုံစံ ပေါက်နေပါစေ ထိုသူက သမ္မာတရားကို လိုက်စားပြီး အပြုသဘောဆောင်သော အရာများကို ချစ်သည့် လူတစ်ဦး ဖြစ်သည်ဟု မဆိုလို။ ယုတ်စွအဆုံး ထိုသူ၌ သာမန် လူ့သဘာဝ ရှိသည်ဟုပင် မဆိုလို။ ထိုသူက ယုံကြည်စိတ်ချရသည်၊ သို့မဟုတ် ဆက်ဆံထိုက်သည်ဟု သာ၍ပင် မဆိုလိုပေ။
ကောင်းသော အပြုအမူများထဲ၌ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်း၊ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်း၊ ဖော်ရွေခြင်း၊ ပေါင်းသင်းရ လွယ်ကူခြင်းဟူသည့် ဥပမာများကို ငါတို့တင်ပြခဲ့ကြသည်။ ယခုတွင်ကား လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းကို ဥပမာအဖြစ် ငါတို့ယူပြီး အသေးစိတ် မိတ်သဟာယပြုသွားမည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းသည် လူ့ဘဝ၌ အင်မတန် သာမန်ဆန်လှသည့် ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်သည်။ တိရစ္ဆာန်ထု အချို့ထဲ၌ပင် ထိုအရာက ပေါ်ပေါက်လာနိုင်၏။ သို့ဖြစ်၍ အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်ကြသည့် လူသားများအကြားတွင် ထိုအရာ ပေါ်ပေါက်လာသင့်သည်ကိုကား ပြောနေရန်ပင် မလို။ လူသားများသည် ဤအပြုအမူကို အပေါ်ယံမျှသာ ကျင့်သုံးနေမည့်အစား အခြားသော မျိုးစိတ်များထက် ပိုမို ကောင်းမွန်စွာ၊ ပိုမို ခိုင်မာစွာ၊ ပိုမို လက်တွေ့ကျစွာ စောင့်ထိန်းလိုက်နာသင့်သည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် ဤအပြုအမူကောင်းကို စောင့်ထိန်းရာတွင် လူသားများသည် အခြားသော မျိုးစိတ်များထက် ပို၍ သာနေသင့်၏။ အဘယ်ကြောင့်ဆိုသော် အသိတရားနှင့် အသိစိတ်ကို လူသားများက ပိုင်ဆိုင်ကြပြီး အခြားသော မျိုးစိတ်များက မပိုင်ဆိုင်ကြ၍ ဖြစ်သည်။ ဤကောင်းသော အပြုအမူကို စောင့်ထိန်းလိုက်နာရာတွင် လူသားများသည် ၎င်းတို့၏ လူ့သဘာဝမှာ အခြားသော မျိုးစိတ်များ၏ အနှစ်သာရထက် ပိုကြီးမြတ်ကြောင်း၊ ကွဲပြားခြားနားကြောင်းကို သရုပ်ပြနိုင်စွမ်း ရှိသင့်သည်။ သို့သော် လူသားများက ဤအရာကို အမှန်တကယ် လုပ်ကြသလော။ (မလုပ်ကြပါ။) အသိပညာ ကြွယ်ဝပြီး ဗဟုသုတနှံ့စပ်သည့် လူများကရော ဤအရာကို လုပ်ကြသလော။ (သူတို့လည်း မလုပ်ကြပါ။) သာမန်လူတန်းစားကို ဘေးဖယ်ထားပြီး အခွင့်ထူးခံ လူတန်းစား၏ အရေးကိစ္စများနှင့် မင်းမျိုးမင်းနွယ်တို့၏ အရေးကိစ္စများအကြောင်း ပြောကြစို့။ လက်ရှိတွင် တိုင်းနိုင်ငံအချို့သည် နန်းတွင်းဇာတ်ကားအချို့ ရိုက်ကူးထုတ်လုပ်ပြီး တော်ဝင်မိသားစုတို့၏ ဗရုတ်ဗရက်ဆန်လှသည့် ဇာတ်လမ်းများစွာကို ဖော်ထုတ်လျက်ရှိသည်။ နန်းတွင်းသူနန်းတွင်းသားများနှင့် သာမန်လူတန်းစားတို့သည် အသက်အရွယ် ဝါစဉ်စနစ်ကို အထူးအလေးထားကြရာ၌ တူညီကြ၏။ တော်ဝင်မိသားစုများအတွင်း၌ ရှိကြသော သူတို့သည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းဟူသည့် အပြုအမူကောင်းအကြောင်းကို သာမန်လူတန်းစားထက် ပိုလေးနက်စွာ၊ ပိုအသေးစိတ်ကျစွာ သင်ယူခဲ့ကြရသည်။ တော်ဝင်မိသားစုများအတွင်းရှိ လူငယ်မျိုးဆက်များသည် ၎င်းတို့၏ လူကြီးသူမများကို အလေးထားပြီး ရိုသေလေးစားရာတွင် သာမန်လူတန်းစားထက် ပိုတော်ကြ၏။ ဤကိစ္စ၌ ကျင့်ဝတ်ထုံးတမ်း အများအပြား ပါဝင်နေသည်။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးနှင့် ပတ်သက်လာလျှင် တော်ဝင်မိသားစုများအတွင်း ရှိကြသော သူတို့၌ အပြုအမူကောင်း၏ ဤကဏ္ဍအတွက် အထူးသဖြင့် မြင့်မားသော သတ်မှတ်ပြဋ္ဌာန်းချက်များ ရှိကြ၏။ ထိုသတ်မှတ်ပြဋ္ဌာန်းချက်များကို ၎င်းတို့က တစ်သဝေမတိမ်း လိုက်နာကြရလေသည်။ အပေါ်ယံတွင် ၎င်းတို့သည် ရိုးရာယဉ်ကျေးမှု၏ သတ်မှတ်ထားချက်ဖြစ်သည့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများအား ဂရုစိုက်ရေးကို သာမန်လူများကဲ့သို့ စောင့်ထိန်းနေသယောင် ရှိသည်။ သို့သော်လည်း ၎င်းတို့သည် မည်မျှကောင်းမွန်စွာ၊ သင့်တင့်လျောက်ပတ်စွာ စောင့်ထိန်းသည်ဖြစ်စေ၊ မည်မျှသိက္ခာရှိပြီး စင်းလုံးချောသည့်ပုံ ပေါ်နေပါစေ ဟန်ပြသာဖြစ်သည့် ဤစင်းလုံးချော အပြုအမူ၏ နောက်ကွယ်တွင်ကား အာဏာအလွှဲအပြောင်းမျိုးစုံနှင့် အမျိုးမျိုးသော အင်အားစုတို့အကြားက လျှပ်စားဖြတ်စားလုပ်မှုမျိုးစုံတို့ ကွယ်ဝှက်နေသည်။ အဖေနှင့် သား၊ မြေးနှင့် အဖိုး၊ ကျွန်နှင့် သခင်၊ မှူးမတ်နှင့် ဧကရာဇ်မင်းတို့အကြားတွင် အားလုံးသည် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် အပြုအမူ၏ အခြေခံအကျဆုံး စံသတ်မှတ်ချက်ကို အပေါ်ယံ၌ စောင့်ထိန်းလိုက်နာနေသယောင် ရှိ၏။ သို့သော် ဘုရင်၏ သြဇာအာဏာနှင့် အခြားသော အင်အားစုအမျိုးမျိုးတို့သည် အားလုံး ရောထွေးနေကြ၍ ဤအပြင်ပန်း အပြုအမူက အသုံးဝင်မှု လုံးဝ မရှိချေ။ ဘုရင့်အာဏာအလွှဲအပြောင်းနှင့် အင်အားစုအမျိုးမျိုးတို့၏ လျှပ်စားဖြတ်စားလုပ်မှုတို့မှ နောက်ဆုံး ထွက်ပေါ်လာသည့် အရာအပေါ် ထိုအပြုအမူက အကျိုးသက်ရောက်နိုင်စွမ်း လုံးဝဥဿုံ မရှိ။ ဤအပြုအမူကောင်းမျိုးသည် ရာဇပလ္လင်ကို တပ်မက်သည့်၊ သို့မဟုတ် အာဏာရဖို့ ရည်မှန်းချက်များ ရှိနေသည့် မည်သူ့ကိုမဆို ချုပ်ထိန်းထားနိုင်စွမ်း အခြေခံအားဖြင့် မရှိသည်ကိုကား ပြောနေရန်ပင် မလိုပေ။ သာမန်လူတန်းစားသည် ၎င်းတို့၏ ဘိုးဘေးဘီဘင်များက ၎င်းတို့အား လက်ဆင့်ကမ်းပေးခဲ့သည့် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသော စည်းမျဉ်းကို စောင့်ထိန်းကြ၏။ ၎င်းတို့လည်း ဤစည်းမျဉ်း၏ ဘောင်ခတ်သတ်မှတ်ချက်များအလယ် အသက်ရှင်ကြသည်။ အကျိုးစီးပွားမည်မျှက လာဆုံနေသည်ဖြစ်စေ၊ သို့မဟုတ် ထိုအကျိုးစီးပွားအချင်းချင်း ထိပ်တိုက်တွေ့ချိန်၌ မည်သည့်ရုန်းကန်ယှဉ်ပြိုင်မှုများ ပေါ်ပေါက်လာသည်ဖြစ်စေ သာမန် လူတန်းစားတို့သည် နောက်ပိုင်းတွင် အတူတကွ နေထိုင်နိုင်ကြဆဲပင် ဖြစ်သည်။ သို့သော် တော်ဝင်မိသားစုများအတွင်း၌ကား ဤသို့မဟုတ်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အကျိုးစီးပွားများနှင့် အာဏာအငြင်းပွားမှုများက ပိုအရေးပါနေ၍ ဖြစ်သည်။ ၎င်းတို့သည် မနားတမ်း တိုက်ခိုက်ကြပြီး အဆုံးသတ် ရလဒ်မှာ အနိုင်ရသူများက ရှင်ဘုရင်များ ဖြစ်သွား၍ ရှုံးနိမ့်သူများက ရာဇဝတ်သားများ ဖြစ်သွားကြခြင်းပင်။ တစ်ဖက်မဟုတ် တစ်ဖက်က သေမှ ကိစ္စပြီး၏။ အနိုင်ရသူများရော ရှုံးနိမ့်သူများကပါ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် ဤစည်းမျဉ်းကို ညီတူညီမျှ အားလုံးစောင့်ထိန်းကြသည်။ သို့သော် အသီးသီး၌ မတူညီသည့် အာဏာပမာဏကိုယ်စီ ရှိကြပြီး မတူညီသည့် ဆန္ဒများနှင့် ရည်မှန်းချက်များ ရှိကြသောကြောင့်၊ သို့မဟုတ် သက်ဆိုင်သူ အသီးသီးကြားရှိ အင်အားကွာဟမှုများကြောင့် အဆုံးတွင် အချို့က ရှင်ကျန်ရစ်သော်လည်း အချို့ကမူ ချေမှုန်းခံရလေသည်။ ဤသည်ကို မည်သည့်အရာက အဆုံးအဖြတ်ပေးသနည်း။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ရေးဟူသည့် စည်းမျဉ်းက အဆုံးအဖြတ်ပေးသလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် အဘယ်အရာက အဆုံးအဖြတ်ပေးသနည်း။ (လူ၏ ဆိုးယုတ်သော သဘာဝဖြစ်ပါသည်။) ဤအရာအားလုံးကို ပြောခြင်းအားဖြင့် မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤစည်းမျဉ်းများ၊ လူသားမျိုးနွယ်၏ ဆန်းသစ်ပြီး ကောင်းလှပါသည်ဟူသော ဤအပြုအမူများသည် မည်သည့်အရာကိုမျှ လုံးဝ အဆုံးအဖြတ် မပေးနိုင်ဟု ငါဆိုလိုသည်။ လူတစ်ဦး လျှောက်လှမ်းသော လမ်းကြောင်းကို ထိုသူ၏ အပြင်ပန်း အပြုအမူအရ သူသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ ဖော်ရွေခြင်း၊ သို့မဟုတ် လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်တတ်ခြင်းတို့ ရှိမရှိက အနည်းငယ်မျှပင် အဆုံးအဖြတ်မပေးပေ။ လူ၏ သဘာဝဗီဇကသာ အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။ အတိုချုံးပြောရလျှင် ဘုရားအိမ်တော်က လူသားမျိုးနွယ်ကြား ပေါ်ပေါက်လာသည့် ကောင်းသော အပြုအမူများနှင့် သက်ဆိုင်သော ဤဖော်ပြချက်များကို အားပေးထောက်ခံခြင်း မရှိ။ ကောင်းသည်ဟု လူက မြင်သော ဤအပြုအမူများသည် ကောင်းသော အပြုအမူနှင့် သရုပ်သကန်အမျိုးအစားတစ်ခုထက် မပို။ ယင်းတို့က သမ္မာတရားကို ကိုယ်စားပြုခြင်း မရှိ။ အကယ်၍ တစ်စုံတစ်ဦးက ဤကောင်းသော အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်ဆိုင်သည်ဆိုလျှင် ထိုသူသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုသကဲ့သို့ သမ္မာတရားကို လိုက်စားနေသည်ဟုလည်း သာ၍ မဆိုလိုပေ။
လူက ကောင်းသည်ဟု မှတ်ယူသော ဤအပြုအမူများသည် ဘုရားသခင်ထံမှ လာခြင်း မဟုတ်သကဲ့သို့ ဘုရားအိမ်တော်ကလည်း အားပေးထောက်ခံခြင်း မရှိသည်သာမက ဘုရားအလိုတော်နှင့်လည်း သာ၍ပင် ကိုက်ညီခြင်း မရှိသဖြင့်၊ ထို့ပြင် ဘုရားနှုတ်ကပတ်တော်များ၊ ဘုရားထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်လည်း ကွဲလွဲနေသဖြင့် ဘုရား၌လည်း လူသားမျိုးနွယ်၏ အပြုအမူအတွက် သတ်မှတ်ချက်အချို့ ရှိလေသလော။ (ရှိပါသည်။) ဘုရားသခင်သည်လည်း သူ့နောက်ကို လိုက်ကြကုန်သော ယုံကြည်သူများ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဖော်ပြချက်အချို့ကို ထုတ်ပြန်ထားသည်။ ယင်းတို့က သမ္မာတရားနှင့် စပ်လျဉ်း၍ လူအပေါ် ဘုရားချမှတ်ထားသော သတ်မှတ်ချက်များနှင့် ကွာခြားပြီး အတော်အတန်လည်း ပိုရိုးစင်း၏။ သို့သော် အသေးစိတ် အချက်အလက်အချို့ကား ပါဝင်နေသည်။ ဘုရားသခင်သည် သူ့နောက် လိုက်သူများအပေါ် မည်သည့်သတ်မှတ်ချက်များ ချမှတ်ထားသနည်း။ ဥပမာအားဖြင့် သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ခြင်း ဖြစ်သည်။ ယင်းသည် လူ့အပြုအမူအတွက် သတ်မှတ်ချက်တစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) ကာမဂုဏ်လွန်ကျူးမှု မရှိခြင်း၊ ချုပ်တည်းမှု ရှိခြင်း၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ခြင်း၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ခြင်း၊ အခြားသူများကို မရိုက်နှက်ခြင်း သို့မဟုတ် နှုတ်ဖြင့် မစော်ကားခြင်းတို့အပြင် ရုပ်တုဆင်းတုများကို မကိုးကွယ်ခြင်း၊ ကိုယ့်မိဘကို ရိုသေစွာ ပြုခြင်း စသည်တို့လည်း ရှိသည်။ ဤအရာအားလုံးသည် ဘုရားသခင်က သူ့နောက် လိုက်သူများအပေါ် ထုတ်ပြန်ထားသည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များပင် ဖြစ်သည်။ ယင်းတို့က အခြေခံအကျဆုံး သတ်မှတ်ချက်များ ဖြစ်ပြီး ယင်းတို့ကို လျစ်လျူရှု၍ မရပေ။ ဘုရားသခင်တွင် သူ့နောက် လိုက်သူများအတွက် အသေးစိတ်ကျသည့် သတ်မှတ်ချက်များ ရှိ၏။ ဤသတ်မှတ်ချက်များက မယုံကြည်သူများ တင်ပြသည့် ကောင်းသော အပြုအမူများနှင့် ကွဲပြားခြားနားသည်။ မယုံကြည်သူများ အဆိုပြုသည့် ကောင်းသော အပြုအမူများသည် လူတို့ကို ပိုအဆင့်မြင့်သည့် တိရစ္ဆာန်များ ဖြစ်အောင်သာ လုပ်ပေးပြီး နိမ့်ကျသည့် အခြားသော တိရစ္ဆာန်များနှင့် ကွဲပြားခြားနားအောင်သာ လုပ်ပေးသည်။ ဘုရားသခင်က သူ့နောက်လိုက်များအပေါ် ချမှတ်ထားသော သတ်မှတ်ချက်များကမူ ၎င်းတို့ကို မယုံကြည်သူများမှ၊ ဘုရားသခင်အား မယုံကြည်ကြသော လူများမှ ခွဲခြားပေးလေသည်။ တိရစ္ဆာန်များနှင့် ကွဲပြားခြားနားအောင် လုပ်ပေးသည့်ကိစ္စ မဟုတ်ပေ။ အတိတ်တွင် “သန့်ရှင်းမြင့်မြတ်စေခြင်း” အကြောင်းလည်း ပြောဆိုခဲ့ကြသည်။ ဤသည်မှာ အတော်အတန် ချဲ့ကားထားပြီး မှန်ကန်တိကျမှု မရှိသည့် ပြောဆိုမှု ဖြစ်သည်။ သို့သော် ဘုရားသခင်က သူ့နောက်လိုက်များအပေါ် ၎င်းတို့၏ အပြုအမူနှင့် စပ်လျဉ်းသည့် သတ်မှတ်ချက်အချို့ကိုကား ထုတ်ပြန်ထားပေသည်။ ငါ့ကို ပြောလော့။ ထိုသတ်မှတ်ချက်များက မည်သည့်အရာများနည်း။ (သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန်၊ ကာမဂုဏ်လွန်ကျူးမှု မရှိရန်၊ ချုပ်တည်းမှု ရှိရန်၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် နှုတ်ဖြင့် မစော်ကားရန်၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်တို့ ဖြစ်ပါသည်။) ယင်းတို့အပြင် အခြားအဘယ်အရာများ ရှိသေးသနည်း။ (အခြားသူတို့၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစား မလုပ်ရန်၊ မခိုးယူရန်၊ မမှန်သော သက်သေကို မခံရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန်တို့ ဖြစ်ပါသည်။) ထိုအရာများလည်း ရှိ၏။ ယင်းတို့သည် ပညတ်တရား၏ အစိတ်အပိုင်းများ ဖြစ်သည်။ လူသားမျိုးနွယ်၏ အပြုအမူနှင့် စပ်လျဉ်း၍ အစအဦးတွင် ဘုရားသခင်က ထုတ်ပြန်ထားသော သတ်မှတ်ချက်အချို့ ဖြစ်သည်။ ယင်းတို့သည် ယနေ့ထိတိုင် စစ်မှန်ပြီး လက်တွေ့ကျနေဆဲ ဖြစ်သည်။ ဘုရားသခင်သည် သူ့နောက်လိုက်များ၏ အပြုအမူကို ထိန်းညှိရန် ဤသတ်မှတ်ချက်များကို အသုံးပြု၏။ ဆိုလိုသည်မှာ ဤအပြင်ပန်း အပြုအမူများသည် ဘုရားနောက်ကို လိုက်သောသူများ၏ လက္ခဏာပင် ဖြစ်သည်။ အခြားသူများက သင့်ကို ကြည့်သည့်အခါ သင်သည် ဘုရားကို ယုံကြည်သူတစ်ဦး ဖြစ်ကြောင်း သိကြသည်အထိ ဤအပြုအမူများနှင့် သရုပ်သကန်များကို သင်ပိုင်ဆိုင်ထားသည်ဆိုလျှင် ၎င်းတို့သည် အနည်းဆုံး သင့်ကို နှစ်သက်လက်ခံပြီး လေးစားကြမည် ဖြစ်သည်။ သင်သည် သန့်ရှင်းသူကဲ့သို့ အမူအကျင့်ကို ပိုင်ဆိုင်သည်၊ ဘုရားသခင်ကို ယုံကြည်သူနှင့် တူသည်၊ မယုံကြည်သူနှင့် မတူဟု ၎င်းတို့က ပြောဆိုကြမည် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်လာသော လူအချို့ကမူ မကြာခဏ ဆေးလိပ်သောက်လိုက်၊ အရက်သောက်လိုက်၊ ရန်ဖြစ်လိုက်၊ သတ်ပုတ်လိုက်နှင့် မယုံကြည်သူများကဲ့သို့ပင် ဆက်၍ နေနေကြသည်။ အိမ်ထောင်ရေးဖောက်ပြန်ပြီး ခိုးမှုကို ကျူးလွန်ကြသော လူအချို့ပင် ရှိ၏။ ၎င်းတို့၏ အပြုအမူကပင် ချုပ်တည်းမှု မရှိ၊ ဘုရား၏ နှုတ်ကပတ်တော်များကိုလည်း မလိုက်နာ။ ၎င်းတို့ကို မယုံကြည်သူများ မြင်သည့်အခါ “ဤလူမှာ ဘုရားကို ယုံကြည်သူတစ်ဦး အမှန်တကယ် ဟုတ်ပါ၏လော။ ဟုတ်သည်ဆိုလျှင် အဘယ်ကြောင့် ဘုရားကို မယုံကြည်သူများနှင့် အတူတူပင် ဖြစ်နေရသနည်း” ဟု ပြောကြသည်။ အခြားသူများက ထိုလူကို မလေးစားကြ၊ သို့မဟုတ် မယုံကြည်ကြ။ ထို့ကြောင့် ထိုလူက ဧဝံဂေလိ ဖြန့်ဝေရန် ကြိုးစားသောအခါ လူတို့သည် လက်မခံကြချေ။ လူအပေါ် ဘုရားသခင်သတ်မှတ်ထားသည့် အရာကို တစ်ဦးဦးက လုပ်နိုင်သည်ဆိုလျှင် ထိုသူသည် အပြုသဘောဆောင်သော အရာများကို ချစ်မြတ်နိုးသူ ဖြစ်ပြီး ကြင်နာစိတ်ရှိသူ ဖြစ်ကာ သာမန် လူ့သဘာဝကိုလည်း ပိုင်ဆိုင်ပေသည်။ ထိုသို့သော လူတစ်ဦးသည် ဘုရားနှုတ်ကပတ်တော်များကို ကြားနာပြီးလျှင်ပြီးချင်း လက်တွေ့လုပ်ဆောင်နိုင်၏။ ထို့အပြင် သူလက်တွေ့လုပ်ဆောင်သည့် အရာတွင် ဟန်ဆောင်မှုလည်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံးအနေဖြင့် သူသည် မိမိ၏ အသိတရားနှင့် အသိစိတ်တို့ကို အခြေခံကာ ထိုနည်းအတိုင်း ပြုမူနေခဲ့ပြီးပြီ ဖြစ်သောကြောင့်ပင်။ လူအပေါ် ဘုရားသခင်၏ အသေးစိတ်ကျသော သတ်မှတ်ချက်များသည် လူသားမျိုးနွယ်က အားပေးထောက်ခံသော အပြုအမူကောင်းများနှင့် မည်သို့မည်ပုံ ခြားနားသနည်း။ (လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် ထင်ရှားကွဲပြားစွာပင် လက်တွေ့ကျပါသည်။ ၎င်းတို့က သာမန်လူ့သဘာဝကို လူတို့ အသက်ရှင်နေထိုင်အောင် ထောက်ကူပေးနိုင်စွမ်း ရှိပါ၏။ ရိုးရာယဉ်ကျေးမှုကမူ ဟန်ပြသက်သက် ဖြစ်ပြီး လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အသုံးဝင်မှု လုံးဝ မရှိသော အပြုအမူအချို့ကိုသာ တောင်းဆိုပါသည်။) မှန်ပေသည်။ ရိုးရာယဉ်ကျေးမှုက လူအပေါ် သတ်မှတ်ပြဋ္ဌာန်းထားသည့် ကောင်းသော အပြုအမူများ အားလုံးသည် အတုအပဖြစ်ပြီး အယောင်ဆောင်မှုများသာ ဖြစ်သည်။ ဟန်ပြသာ ဖြစ်သည်။ ထိုအပြုအမူများကို လိုက်နာကြသော လူတို့သည် သာယာနာပျော်ဖွယ် စကားများကို ပြောကောင်းပြောမည် ဖြစ်သော်လည်း အတွင်း၌မူ အမှုအရာများက လုံးဝပင် ကွဲပြားနေသည်။ ဤကောင်းသော အပြုအမူများသည် မျက်နှာဖုံးတစ်ခု၊ လှည့်စားမှုတစ်ခု ဖြစ်သည်။ လူ့သဘာဝ၏ အနှစ်သာရမှ ပွင့်အံထွက်လာသော အရာများ မဟုတ်။ မိမိသိက္ခာအတွက်၊ မိမိဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် လူက ဆင်မြန်းသော အယောင်ဆောင်မှုများ ဖြစ်သည်။ အခြားသူများ မြင်ရန်အလို့ငှာ လူတစ်ဦးက တမင်တကာ ဟန်ဆောင်ပြုမူသည့် ဟန်ပြတစ်ခုဖြစ်ပြီး ကြောင်သူတော်ဆန်သည့် လုပ်နည်းကိုင်နည်းတစ်ခု ဖြစ်သည်။ တစ်ခါတစ်ရံတွင် လူတို့သည် လူတစ်ဦး၏ အပြုအမူက အစစ်အမှန်လော၊ အတုအပလော ဆိုသည်ကို ပိုင်းခြားသိမြင်နိုင်စွမ်း မရှိချေ။ သို့သော် အချိန်တန်လာလျှင် ထိုသူ၏ သရုပ်မှန်ကို အားလုံးက မြင်ကြရလိမ့်မည်။ ကောင်းသော အပြင်ပန်း အပြုအမူ အများအပြား ရှိပြီး မိမိတို့၏ ဘုရားတရား ကိုင်းရှိုင်းမှုဟု ဆိုလေသည့် သရုပ်သကန် အများအပြား ရှိကြသော်လည်း သမ္မာတရား ဖော်ပြရန်နှင့် ရွေးနုတ်ခြင်းအမှုကို လုပ်ဆောင်ရန် သခင်ယေရှု ကြွလာသည့်အခါတွင်မူ သမ္မာတရားကို စိတ်ကုန်၍ မုန်းတီးကြသောကြောင့် သူ့ကို ရှုတ်ချကာ ကားစင်တင်သတ်ခဲ့ကြလေသော ကြောင်သူတော် ဖာရိရှဲများကဲ့သို့ပင် ဖြစ်သည်။ ဤအရာက လူတို့၏ အပြုအမူကောင်းများနှင့် အပြင်ပန်း လုပ်နည်းကိုင်နည်းများသည် ၎င်းတို့၏ သဘာဝနှင့် အနှစ်သာရကို ကိုယ်စားမပြုကြောင်း ပြပေသည်။ ထိုအပြုအမူကောင်းများက လူတို့၏ သဘာဝ၊ အနှစ်သာရတို့နှင့် ဆက်စပ်မှု မရှိ။ လူတစ်ဦးက ဘုရားသခင်ကို အမှန်တကယ် ယုံကြည်ပြီး အသိတရားနှင့် အသိစိတ်ကို ပိုင်ဆိုင်သရွေ့ ဘုရားက လူကို ဖြည့်ဆည်းဖို့ တောင်းဆိုထားသော စည်းမျဉ်းများကိုမူ လက်တွေ့လုပ်ဆောင်၍ ရပြီး အမှန်တကယ် အသက်ရှင်နေထိုင်၍ ရသည်။ အခြားသူများ၏ ရှေ့တွင် ဖြစ်စေ၊ နောက်ကွယ်တွင် ဖြစ်စေ ဤအရာများကို သင့်အနေနှင့် လုပ်ဆောင်သင့်သည်။ သင့်လူ့သဘာဝ၏ အနှစ်သာရက မည်သို့ရှိသည်ဖြစ်စေ ဘုရားသခင်က ထုတ်ပြန်ထားသော ဤသတ်မှတ်ချက်များကို သင်ဖြည့်ဆည်းရမည်။ ဘုရားသခင်နောက်ကို သင်လိုက်သည်ဖြစ်၍ ဖောက်ပြန်ပျက်စီးသော သင့်စိတ်သဘောထားက မည်မျှပင် ပြင်းထန်နေသည်ဖြစ်စေ သင့်ကိုယ်သင် ချုပ်တည်းကာ ဘုရား၏ နှုတ်ကပတ်တော်များနှင့်အညီ လက်တွေ့လုပ်ဆောင်ရမည်။ အချိန်တစ်ခုကြာ ထိုသို့ တွေ့ကြုံပြီးနောက်တွင် သင့်ထံ၌ စစ်မှန်သော ဝင်ရောက်မှု ရှိမည် ဖြစ်ပြီး သင်သည် အမှန်တကယ် ပြောင်းလဲသွားပြီး ဖြစ်လိမ့်မည်။ ထိုအမှန်တကယ် ပြောင်းလဲခြင်းက စစ်မှန်ပေသည်။
ခပ်မြန်မြန် ပြန်အကျဉ်းချုပ်ကြည့်ကြစို့။ လူတို့၏ အပြုအမူအတွက် ဘုရားသခင်တွင် မည်သည့်သတ်မှတ်ချက် အမျိုးအစားများ ရှိသနည်း။ လူတို့သည် အမြဲမပြတ် ကိုယ်ကျင့်တရားကောင်းပြီး ချုပ်တည်းရမည်။ အခြားသူများက လေးစားရသည်အထိ ဟန်ဆောင်မှုတစ်စုံတစ်ရာ မရှိဘဲ သိက္ခာရှိရှိ နေထိုင်ရမည်။ ဤသည်တို့မှာ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ သတ်မှတ်ထားချက်များပင် ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် အခြားသူများ၏ ရှေ့မှောက်တွင် ရောက်နေသည်ဖြစ်စေ၊ နောက်ကွယ်တွင် ရောက်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သည့်ပတ်ဝန်းကျင်တွင် ရောက်နေသည်ဖြစ်စေ၊ သို့တည်းမဟုတ် မည်သူ့ကို ရင်ဆိုင်နေရသည်ဖြစ်စေ ဤနည်းအတိုင်း လက်တွေ့လုပ်ဆောင်ပြီး ဤလက်တွေ့အရှိတရားမျိုးကို ပိုင်ဆိုင်ထားရမည်။ သာမန် လူသားများသည် ဤလက်တွေ့အရှိတရားများကို ပိုင်ဆိုင်ထားသင့်၏။ ဤသည်မှာ အနည်းဆုံးအနေဖြင့် ကျင့်ကြံပြုမူပုံအပိုင်းတွင် လူတစ်ဦးက လုပ်သင့်သည့် အရာဖြစ်သည်။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက စကားကို အလွန်အမင်း ကျယ်လောင်စွာ ပြောဆိုသည်ဟု ဆိုကြပါစို့။ သို့သော် သူသည် အခြားသူများကို နှုတ်ဖြင့် စော်ကားပြောဆိုခြင်း သို့မဟုတ် မကြားဝံ့မနာသာ စကားများ သုံးနှုန်းခြင်း မရှိဘဲ သူပြောသည့် အရာကလည်း မှန်ကန်ပြီး တိကျကာ အခြားသော လူများကို တိုက်ခိုက်ခြင်း မရှိဟု ဆိုကြပါစို့။ ထိုလူက တစ်စုံတစ်ယောက်ကို ဆိုးသည်ဟု ပြောလျှင်ပင်၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို မကောင်းဟု ဆိုလျှင်ပင် ဤသည်မှာ အဖြစ်မှန်ဖြစ်၏။ သူ၏ အပြင်ပန်း စကားလုံးများနှင့် လုပ်ရပ်များက မယုံကြည်သူများ တင်ပြထားသော ဖော်ရွေခြင်း သို့မဟုတ် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းဟူသည့် သတ်မှတ်ချက်များနှင့် မကိုက်ညီသော်လည်း သူပြောသည့် စကားတွင် ပါဝင်နေသည့်အရာ၊ သူ့ပြောစကား၏ အခြေပြုချက်နှင့် အခြေခံမူများကြောင့် ထိုသူသည် သိက္ခာရှိရှိ၊ သမာဓိရှိရှိ နေထိုင်နိုင်လေသည်။ ကိုယ်ကျင့်တရားကောင်းခြင်း ဟူသည်မှာ ဤအရာကို ဆိုလို၏။ သူသည် ကိုယ်မသိသော ကိစ္စများ အကြောင်းကို ပေါ့တီးပေါ့ဆ မပြောဆိုသကဲ့သို့ ကိုယ်တိုင် ရှင်းလင်းစွာ မသိမြင်နိုင်သည့် လူများကိုလည်း ထင်ရာမြင်ရာ အကဲမဖြတ်ချေ။ သူသည် အပေါ်ယံ၌ နူးညံ့သိမ်မွေ့ခြင်း သိပ်မရှိသည့်ပုံစံ ပေါက်နေသော်လည်း၊ ထို့ပြင် မယုံကြည်သူများ ပြောတတ်ကြသော ယဉ်ကျေးမှုရှိပြီး စည်းကမ်းလိုက်နာခြင်းဟူသည့် အပြုအမူဆိုင်ရာ စံနှုန်းကို လိုက်မမီသော်လည်း စိတ်နှလုံးတွင် ဘုရားသခင်ကို ကြောက်သဖြင့်၊ ပြောဆိုလုပ်ကိုင်ရာတွင် ချုပ်တည်းမှု ရှိသဖြင့် သူအသက်ရှင် နေထိုင်သော အရာသည် လူသားမျိုးနွယ်က ပြောသော အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်း၊ ရည်မွန်ခြင်းဟူသည့် အပြုအမူများထက် အပြတ်အသတ် သာလွန်လေသည်။ ဤသည်မှာ ချုပ်တည်းမှုရှိပြီး ကိုယ်ကျင့်တရား ကောင်းခြင်း၏ သရုပ်သကန်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မည်သို့ပင်ဖြစ်စေ ဘုရားသခင်က သူ့အား ယုံကြည်သူများအတွက် ချမှတ်ထားသော အပြုအမူကောင်းဆိုင်ရာ သတ်မှတ်ချက်များကို သင်တို့ စေ့စေ့စပ်စပ် ကြည့်ရှုပါက မည်သည့်သတ်မှတ်ချက်သည် လူတို့ လက်တွေ့ကျကျ အသက်ရှင်နေထိုင်သင့်သည့် အရာနှင့်ပတ်သက်၍ ခိုင်လုံသော စည်းမျဉ်း မဟုတ်သနည်း။ မည်သည့်သတ်မှတ်ချက်က လူတို့ကို ဟန်ဆောင်ဖုံးကွယ်ခိုင်းသနည်း။ တစ်ခုမျှ မရှိ မဟုတ်လော။ သင်တို့တွင် သံသယတစ်စုံတစ်ရာ ရှိနေလျှင် ထုတ်ပြောနိုင်သည်။ ဥပမာ အချို့က “အခြားသော လူများကို မရိုက်နှက်ရန် သို့မဟုတ် နှုတ်ဖြင့် မစော်ကားရန် ဘုရားသခင်က ပြောသောအခါ အနည်းငယ် မှားသည်ဟု ခံစားရပါသည်။ အဘယ်ကြောင့်ဆိုသော် အခြားသူများကို တစ်ခါတစ်ရံ နှုတ်ဖြင့် စော်ကားသောသူများ ယခုတွင်ပင် ရှိနေကြသော်လည်း ဘုရားသခင်က ထိုသူများကို မရှုတ်ချ၍ ဖြစ်ပါသည်” ဟု ပြောကောင်း ပြောလာနိုင်သည်။ အခြားသော လူများကို နှုတ်ဖြင့် မစော်ကားရန် ဘုရားပြောသောအခါ “နှုတ်ဖြင့် စော်ကားခြင်း” က အဘယ်အရာကို ရည်ညွှန်းသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့် မိမိ၏ စိတ်ခံစားချက်များကို လူတစ်ဦး ပေါက်ကွဲပြသည့် အချိန်အား ရည်ညွှန်းပါသည်။) မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ အယုတ္တအနတ္တများကို ပြောဆိုခြင်းတို့မှာ နှုတ်ဖြင့် စော်ကားခြင်းပင် ဖြစ်သည်။ လူတစ်ဦးအကြောင်း ပြောဆိုချက်သည် သာယာနာပျော်ဖွယ် မရှိသော်လည်း ထိုသူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် ကိုက်ညီနေပါက ထိုပြောဆိုချက်မှာ နှုတ်ဖြင့် စော်ကားခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် တစ်စုံတစ်ဦးက အသင်းတော်၏ အလုပ်ကို ဖြိုဖျက်ကာ နှောင့်ယှက်ထားပြီး မကောင်းမှု အများအပြားလည်း လုပ်ထားကောင်း လုပ်ထားနိုင်သည်။ ထိုသူကို သင်က “သင်သည် မကောင်းမှု များစွာကို လုပ်ထား၏။ သင်သည် လူယုတ်မာပင် ဖြစ်သည်။ လူသားမဟုတ်” ဟု ပြောသည် ဆိုပါစို့။ ထိုပြောဆိုချက်က နှုတ်ဖြင့် စော်ကားခြင်း မည်သလော။ သို့မဟုတ် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပွင့်ထွက်လာခြင်း မည်သလော။ သို့မဟုတ် မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း မည်သလော။ သို့မဟုတ် သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို မပိုင်ဆိုင်ခြင်း မည်သလော။ (ထိုပြောဆိုချက်က အချက်အလက်များနှင့် ကိုက်ညီနေ၍ နှုတ်ဖြင့် စော်ကားခြင်း မမည်ပါ။) မှန်ပေသည်။ ထိုသို့မမည်ပေ။ ထိုပြောဆိုချက်က အချက်အလက်များနှင့် ကိုက်ညီနေသည်။ ဤအရာများသည် အမှန်အတိုင်း ပြောထားသည့် မှန်သော စကားများဖြစ်၏။ မည်သည့်အရာကိုမျှ ကွယ်ဝှက်ထားခြင်း၊ သို့မဟုတ် ဖုံးကွယ်ထားခြင်း မရှိ။ အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်းနှင့်ဖြစ်စေ၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးမှုရှိခြင်းနှင့်ဖြစ်စေ ကိုက်ညီချင်မှ ကိုက်ညီမည် ဖြစ်သော်လည်း အချက်အလက်များနှင့်ကား ကိုက်ညီနေသည်။ ကြိမ်းမောင်းခံလိုက်ရသော လူသည် သူ့ကိုယ်သူ ထိုစကားများနှင့် နှိုင်းယှဉ်ပြီး စစ်ဆေးကြည့်မည် ဖြစ်သည်။ ထိုအခါ သူကြိမ်းမောင်းခံရသည်မှာ အမှားတစ်ခုခုကို သူလုပ်ထားပြီး မကောင်းမှု များစွာကို ကျူးလွန်ထား၍ ဖြစ်ကြောင်း မြင်သွားလိမ့်မည် ဖြစ်သည်။ သူ့ကိုယ်သူ မုန်းတီးမည် ဖြစ်ပြီး “ငါသည် တကယ်ပင် အသုံးမကျသူ ဖြစ်နေပါတကား။ ငါလုပ်ခဲ့သည့်အရာကို အယုတ်တမာကောင်ကသာ လုပ်လိမ့်မည်။ ငါသည် လူသားတစ်ဦး မဟုတ်။ ငါ့ကို ထိုသူ ဤကဲ့သို့ ကြိမ်းမောင်းခြင်းက မှန်ကန်ပြီး ကောင်းမွန်၏” ဟု တွေးမည် ဖြစ်သည်။ ထိုအရာကို လက်ခံပြီးနောက် ထိုသူသည် သူ၏ သဘာဝ၊ အနှစ်သာရနှင့် ပတ်သက်၍ အနည်းငယ်သော အသိပညာကို ရရှိသွားမည် ဖြစ်သည်။ အချိန်တစ်ခုကြာ တွေ့ကြုံခံစားကာ ထိတွေ့ပြီးနောက်တွင် ထိုသူသည် အမှန်တကယ် နောင်တရလာပေလိမ့်မည်။ ထိုအခါ နောင်အနာဂတ်၌ သူ့တာဝန်ကို ထမ်းဆောင်စဉ်တွင် စည်းမျဉ်းများအား ရှာဖွေရမည်ကို သိသွားလိမ့်မည်။ ကြိမ်းမောင်းခံရခြင်းက သူ့ကို လှုပ်နှိုးပေးလိုက်သည် မဟုတ်လော။ သို့ဖြစ်လျှင် လူတို့အနေနှင့် အခြားသူများကို နှုတ်ဖြင့် မစော်ကားရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်တွင် ပါသည့် “နှုတ်ဖြင့် စော်ကားခြင်း” ဟူသည့်အရာနှင့် အဆိုပါ ကြိမ်းမောင်းခြင်းတို့ အကြား၌ ကွဲပြားခြားနားချက် မရှိလေသလော။ (ရှိပါသည်။) ကွဲပြားခြားနားချက်က အဘယ်အရာနည်း။ လူတို့သည် အခြားသူများကို နှုတ်ဖြင့် မစော်ကားရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်၌ ပါသည့် “နှုတ်ဖြင့် စော်ကားခြင်း” က မည်သည့်အရာကို ရည်ညွှန်းသနည်း။ ဤအရာ၏ ပထမအပိုင်းကို ဆိုရလျှင် ပြောဆိုသည့် အကြောင်းအရာနှင့် စကားလုံးများသည် မဖွယ်မရာ ဖြစ်နေပါက မကောင်းပေ။ ဘုရားသခင်သည် သူ့နောက်လိုက်များ၏ နှုတ်ထံမှ မကြားဝံ့မနာသာ စကားတစ်ခုတလေကိုမျှ ကြားလိုခြင်း မရှိ။ ထိုစကားများကို ဘုရားက မကြားလိုချေ။ သို့သော် အဖြစ်မှန်များကို ဖော်ထုတ်ပြစဉ် သာယာနာပျော်ဖွယ် မရှိသော စကားအချို့ကို သုံးပါက ထိုသို့သော အခြေအနေများအတွက် ခြွင်းချက်များ သတ်မှတ်ပေးထား၏။ ယင်းက နှုတ်ဖြင့် စော်ကားခြင်း မဟုတ်ပေ။ နောက်တစ်ပိုင်းအနေနှင့် နှုတ်ဖြင့် စော်ကားသည့် အပြုအမူ၏ အနှစ်သာရမှာ အဘယ်အရာနည်း။ ကမူးရှူးထိုးနိုင်မှု ပွင့်အံထွက်လာခြင်းပင် ဖြစ်သည်မဟုတ်လော။ ပြဿနာတစ်ခုကို ရိုးရိုးတန်းတန်း မိတ်သဟာယပြုခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်း၊ ပြောဆိုဆွေးနွေးခြင်းတို့မှတစ်ဆင့် ရှင်းလင်းစွာနှင့် ပွင့်လင်းမြင်သာစွာ ရှင်းပြ၍ ရပါက အဘယ်ကြောင့် ထိုလူကို နှုတ်ဖြင့် စော်ကားစရာ လိုသနည်း။ ထိုသို့စော်ကားခြင်းက မကောင်းပေ။ မသင့်တော်ပေ။ အဆိုပါ အပြုသဘောဆောင်သော ချဉ်းကပ်နည်းများနှင့် ယှဉ်ကြည့်လျှင် နှုတ်ဖြင့် စော်ကားခြင်းသည် လိုက်သင့်သော သာမန်လမ်းစဉ် မဟုတ်။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းနှင့် မိမိ၏ ကမူးရှူးထိုးနိုင်မှုကို လှစ်ဟပြခြင်းသာ ဖြစ်သည်။ မည်သည့်ကိစ္စကိုမဆို ကိုင်တွယ်သည့် နည်းလမ်းအနေဖြင့် မိမိ၏ စိတ်ခံစားချက်များအား ပေါက်ကွဲပြခြင်း သို့မဟုတ် ကမူးရှူးထိုးနိုင်မှုအား ပွင့်အံထုတ်ပြခြင်းကို လူတို့ အသုံးပြုရန် ဘုရားသခင် မလိုလားပေ။ လူသားများအနေနှင့် ကမူးရှူးထိုးနိုင်မှုကို ပွင့်အံထုတ်ပြပြီး မိမိတို့၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြသောအချိန်တွင် ၎င်းတို့ မကြာမကြာ ပြသတတ်သော အပြုအမူမှာ နှုတ်ဖြင့် စော်ကားပြီး တိုက်ခိုက်ရန် ဘာသာစကားကို အသုံးပြုခြင်းပင် ဖြစ်သည်။ သာယာနာပျော်ဖွယ် မကောင်းဆုံးဖြစ်သည့် မည်သည့်အရာကိုမဆို ၎င်းတို့ပြောကြမည် ဖြစ်သည်။ တစ်ဖက်လူကို နာကျင်စေပြီး ၎င်းတို့၏ ဒေါသကို ပြေစေမည့် မည်သည့်အရာကိုမဆို ပြောကြမည် ဖြစ်သည်။ ပြောပြီးသွားသောအခါ ၎င်းတို့ကြောင့် တစ်ဖက်သားက ညစ်ညူးပြီး နာကျင်သွားမည်သာမက ၎င်းတို့ကိုယ်တိုင်သည်လည်း ညစ်ညူးပြီး နာကျင်သွားပေလိမ့်မည်။ ဤသည်မှာ ဘုရားသခင်နောက် လိုက်သူများက အမှုကိစ္စများကို ကိုင်တွယ်ရာတွင် ခံယူထားရမည့် သဘောထားသော်လည်းကောင်း၊ နည်းလမ်းသော်လည်းကောင်း မဟုတ်။ ထို့ပြင် ဖောက်ပြန်ပျက်စီးသော လူသားများတွင် ကလဲ့စားချေတတ်သော၊ မိမိတို့၏ စိတ်ခံစားချက်များနှင့် မကျေနပ်ချက်ကို ပေါက်ကွဲပြတတ်သော၊ မိမိတို့၏ ကမူးရှူးထိုးနိုင်မှုကို ပွင့်အံထုတ်ပြတတ်သော စိတ်နေစိတ်ထား အမြဲပင် ရှိနေ၏။ ၎င်းတို့သည် အခြားသူများကို တစ်ချိန်လုံးလိုလို နှုတ်ဖြင့် စော်ကားချင်နေကြသည်။ အမှုကိစ္စ ကြီးငယ်မရွေး ဖြစ်လာသည့်အခါ ၎င်းတို့ချက်ချင်း ထုတ်ပြသော အပြုအမူမှာ နှုတ်ဖြင့် စော်ကားခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော အပြုအမူက ပြဿနာအား ဖြေရှင်းပေးမည် မဟုတ်ကြောင်းကို ၎င်းတို့ သိနေသည့်အခါ၌ပင်လျှင် မည်သို့ဖြစ်ဖြစ် လုပ်ကြလေသည်။ ဤသည်မှာ ဆိုးယုတ်သော အပြုအမူဖြစ်သည် မဟုတ်လော။ ၎င်းတို့၏ အိမ်တွင် ၎င်းတို့တစ်ယောက်တည်း ရှိနေသောအချိန်၊ ၎င်းတို့ကို မည်သူမျှ မကြားနိုင်သောအချိန်၌ပင်လျှင် စော်ကားပြောဆိုကြမည် ဖြစ်သည်။ ဤသည်မှာ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း ဖြစ်သည် မဟုတ်လော။ မိမိ၏ ကမူးရှူးထိုးနိုင်မှုကို ဖော်ထုတ်ပြခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) မိမိ၏ ကမူးရှူးထိုးနိုင်မှုကို ဖော်ထုတ်ပြပြီး မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းဟူသည်မှာ ယေဘုယျအားဖြင့် ပြောရလျှင် တစ်စုံတစ်ခုကို ချဉ်းကပ်ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုအနေနှင့် မိမိ၏ ကမူးရှူးထိုးနိုင်မှုအား အသုံးပြုခြင်းကို ဆိုလိုသည်။ အမှုကိစ္စအားလုံးကို ကမူးရှူးထိုးနိုင်သည့် သဘောထားနှင့် ရင်ဆိုင်သည်ဟု ဆိုလိုသည်။ ထိုအရာ၏ အပြုအမူနှင့် သရုပ်သကန် တစ်ခုမှာ နှုတ်ဖြင့် စော်ကားခြင်း ဖြစ်သည်။ နှုတ်ဖြင့် စော်ကားခြင်း၏ အနှစ်သာရမှာ ထိုသို့ဖြစ်နေသဖြင့် စော်ကားပြောဆိုခြင်း မပြုရန် လူအပေါ် ဘုရားသခင် သတ်မှတ်ထားခြင်းက ကောင်းသည့်အရာတစ်ခု ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတို့သည် အခြားသူများကို နှုတ်ဖြင့် စော်ကားခြင်း မပြုရဟူသော ဘုရားသခင်၏ သတ်မှတ်ချက်က မသင့်တော်သလော။ လူကို အကျိုးမပြုသလော။ (အကျိုးပြုပါသည်။) နောက်ဆုံးတွင် လူတို့အနေနှင့် အခြားသူများကို မရိုက်နှက်ရ သို့မဟုတ် နှုတ်ဖြင့် မစော်ကားရဟူသော ဘုရားသခင် သတ်မှတ်ထားချက်၏ ပန်းတိုင်သည် ချုပ်တည်းမှုကို လူတို့ကျင့်သုံးကြစေရန်၊ မိမိတို့၏ စိတ်ခံစားချက်များနှင့် ကမူးရှူးထိုးနိုင်မှုတို့အလယ် လူတို့ အစဉ်အမြဲ အသက်ရှင်နေခြင်း မရှိကြစေရန် ဖြစ်သည်။ မိမိစိတ်ခံစားချက်များနှင့် ကမူးရှူးထိုးနိုင်မှုတို့အလယ် အသက်ရှင်ကြသော လူတို့သည် တစ်စုံတစ်ဦးကို နှုတ်ဖြင့် စော်ကားချိန်တွင် မည်သည့်အရာကိုပင် ပြောဆိုသည်ဖြစ်စေ ၎င်းတို့ထံမှ ပွင့်အံထွက်လာသော အရာသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ဖြစ်၏။ ယင်းက မည်သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနည်း။ အနည်းဆုံးအနေနှင့် ရက်စက်ကြမ်းကြုတ်ပြီး မာနထောင်လွှားသော စိတ်သဘောထား ဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား ပွင့်အံထုတ်ပြခြင်းဖြင့် ပြဿနာတစ်ခုခုကို ဖြေရှင်းခြင်းသည် ဘုရားသခင်၏ အလိုတော် ဟုတ်သလော။ (မဟုတ်ပါ။) မိမိတို့၏ ပတ်ပတ်လည်တွင် ဖြစ်ပျက်လာသည့် မည်သည့်အမှုအရာများကိုမဆို ချဉ်းကပ်ရန် ထိုသို့သော နည်းလမ်းများအား ဘုရားနောက်လိုက်များ အသုံးပြုဖို့ ဘုရားသခင် မလိုလားပေ။ ဆိုလိုသည့် အဓိပ္ပာယ်မှာ မိမိတို့၏ ပတ်ပတ်လည်၌ ဖြစ်ပျက်လာသည့် အရာရာတိုင်းကို အခြားသူများအား ရိုက်နှက်သည့်နည်း၊ နှုတ်ဖြင့် စော်ကားသည့်နည်းနှင့် လူတို့ ချဉ်းကပ်ကြသည့်အခါ ဘုရားသခင် မနှစ်သက်ကြောင်းပင်။ လူတို့ကို နှုတ်ဖြင့် စော်ကားပြီး မည်သည့်ပြဿနာကိုမျှ ဖြေရှင်း၍ မရနိုင်ပေ။ ထိုသို့ပြုခြင်းက စည်းမျဉ်းများနှင့်အညီ သင်၏ လုပ်ဆောင်နိုင်စွမ်းကို လာထိခိုက်၏။ အနည်းဆုံးအနေဖြင့် ယင်းက အပြုသဘောဆောင်သော အပြုအမူတစ်ခု မဟုတ်သကဲ့သို့ သာမန်လူ့သဘာဝ ရှိထားသူတို့ ပိုင်ဆိုင်ထိုက်သည့် အပြုအမူတစ်ခုလည်း မဟုတ်။ ထို့ကြောင့် ဘုရားသခင်က သူ့နောက်သို့ လိုက်သူများအပေါ် အခြားသူများအား ရိုက်နှက်ခြင်းဖြစ်စေ၊ နှုတ်ဖြင့် စော်ကားခြင်းဖြစ်စေ မပြုရဟူသည့် သတ်မှတ်ချက်ကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ “နှုတ်ဖြင့် စော်ကားခြင်း” ထဲတွင် စိတ်ခံစားချက်များနှင့် ကမူးရှူးထိုးနိုင်မှုတို့ ရှိနေ၏။ “စိတ်ခံစားချက်များ” ဟူသည်မှာ အထူးသဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ထိုအရာထဲတွင် မုန်းတီးမှုနှင့် ကျိန်ဆဲမှုများအပြင် အခြားသူများကို ဒုက္ခရောက်စေလိုခြင်း၊ မိမိ၏ လိုအင်ဆန္ဒများအတိုင်း တန်ရာတန်ရာ အပြစ်ဒဏ်ကို အခြားသူများ ခံရပါစေဟု မျှော်လင့်ခြင်း၊ အခြားသူများ ဇာတ်သိမ်းမလှဘဲ အကျိုးနည်းပါစေဟု မျှော်လင့်ခြင်းတို့ ပါဝင်နေသည်။ အထူးသဖြင့် ဤသို့သော အပျက်သဘောဆောင်သည့်အရာများ ပါဝင်သော စိတ်ခံစားချက်များဖြစ်သည်။ ထိုသို့ဆိုလျှင် “ကမူးရှူးထိုးနိုင်ခြင်း” ဟူသည်ကရော အဘယ်အရာကို ဆိုလိုသနည်း။ အစွန်းရောက်သည့်၊ မတက်ကြွသည့်၊ အနုတ်သဘောဆောင်သည့်၊ ဆိုးယုတ်သည့် နည်းလမ်းများကို သုံးပြီး မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ မိမိမနှစ်သက်သော အမှုအရာများနှင့် လူများက မိမိ၏ ဆန္ဒအတိုင်း ကြမ္မာငင်ကုန်သည့်အခါ မိမိဝမ်းသာနိုင်ရန် ၎င်းတို့ပျောက်ကွယ်သွားဖို့၊ ဘေးဒုက္ခနှင့် ရင်ဆိုင်ရစေဖို့ ဆန္ဒရှိခြင်းတို့ကို ဆိုလိုသည်။ ဤသည်မှာ ကမူးရှူးထိုးနိုင်ခြင်း ဖြစ်၏။ ကမူးရှူးထိုးနိုင်ခြင်းတွင် မည်သည့်အရာများက အကျုံးဝင်နေသနည်း။ မုန်းတီးမှု၊ ရန်လိုမှုနှင့် ကျိန်ဆဲမှုများအပြင် မလိုတမာ စိတ်သဘောအချို့ ဟူသည့်အရာများ အားလုံးက ကမူးရှူးထိုးနိုင်ခြင်းတွင် အကျုံးဝင်နေ၏။ ထိုအရာများထဲမှ တစ်ခုတလေက အပြုသဘောဆောင်ခြင်း ရှိသလော။ (မရှိပါ။) တစ်စုံတစ်ယောက်သည် ဤစိတ်ခံစားချက်များနှင့် ကမူးရှူးထိုးနိုင်မှုတို့အလယ်တွင် အသက်ရှင်သည့်အခါ မည်သည့်အခြေအနေ၌ ရောက်နေသနည်း။ ထိုသူသည် ရူးသွပ်နေသည့် မကောင်းဆိုးဝါးအဖြစ်သို့ ပြောင်းလဲသွားတော့မည် မဟုတ်လော။ သင်သည် လူတို့ကို နှုတ်ဖြင့် သာ၍ စော်ကားလေလေ သာ၍ စိတ်ဆိုးလာလေလေပင် ဖြစ်ပြီး သင်ပိုကြမ်းကြုတ်လာလေလေ အခြားသူများကို နှုတ်ဖြင့် ပိုစော်ကားလိုလေလေ ဖြစ်သည်။ ဤသို့ဖြင့် အဆုံးတွင် သင်သည် လက်ဆန့်တန်းကာ တစ်စုံတစ်ဦးကို ရိုက်နှက်ချင်လာလိမ့်မည်။ တစ်စုံတစ်ဦးကို သင်ရိုက်နှက်သည့်အခါ ထိုသူကို သေလုမြောပါး ဒဏ်ရာရသွားအောင် လုပ်ချင်မည်ဖြစ်ပြီး သူ့အသက်ကို နုတ်ယူချင်ပေလိမ့်မည်။ ဆိုလိုသည်မှာ “ငါသင့်ကို ဖျက်ဆီးပစ်မည်။ ငါသင့်ကို သတ်ပစ်မည်” ဟူသည့် သဘောပင်။ အနုတ်သဘောဆောင်သော စိတ်ခံစားချက်ဟူသည့် သေးငယ်သော စိတ်ခံစားချက်ကလေးတစ်ခုသည် လူတစ်ဦး၏ ကမူးရှူးထိုးနိုင်မှုကို ဖောင်းကားလာစေပြီး ပွင့်ထွက်သွားစေသည်။ အဆုံးတွင် လူတို့ကို အသက်တစ်ချောင်း ဆုံးရှုံးသွားဖို့နှင့် ချေမှုန်းခံရဖို့ အလိုရှိစေသည်။ ဤသည်မှာ သာမန်လူ့သဘာဝ ရှိသောသူတို့က ပိုင်ဆိုင်ထားသင့်ပြီး ရှိထားသင့်သည့် အရာတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ဤသည်မှာ မည်သည့်ရုပ်အသွင် ဖြစ်သနည်း။ (မာရ်နတ်၏ ရုပ်အသွင် ဖြစ်ပါသည်။) မာရ်နတ်က သူ၏ အသွင်သဏ္ဌာန်အမှန်ကို လှစ်ဟပြနေခြင်း ဖြစ်သည်။ မကောင်းဆိုးဝါးတစ်ကောင်က လူတစ်ဦးကို ဝါးမျိုတော့မည့်အချိန်တွင် ပေါ်လာသည့် ရုပ်အသွင်နှင့် အတူတူ ဖြစ်သည်။ ၎င်း၏ မကောင်းဆိုးဝါး သဘာဝက အပြင်သို့ ထွက်လာပြီး ထိုသဘာဝကို ထိန်းချုပ်၍ မရချေ။ ရူးသွပ်နေသည့် မကောင်းဆိုးဝါးဟူသည်မှာ ဤအရာကို ဆိုလိုသည်။ ဤလူများက မည်မျှအထိ ရူးသွပ်လာကြသနည်း။ ၎င်းတို့သည် လူ့အသားနှင့် လူ့စိတ်ဝိညာဉ်ကို ဝါးမျိုလိုသော မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားကြသည်။ နှုတ်ဖြင့် စော်ကားခြင်း၏ အပြင်းထန်ဆုံး အကျိုးဆက်မှာ ရိုးရှင်းသော ကိစ္စတစ်ခုက လုံးဝ ပြောင်းပြန်လှန်သွားပြီး တစ်စုံတစ်ဦး အသက်ဆုံးရှုံးရသည့် အဖြစ်သို့ ရောက်သွားနိုင်ခြင်းပင် ဖြစ်သည်။ ကိစ္စရပ်များစွာသည် လူနှစ်ဦးကြား အနည်းငယ် သဘောထားကွဲလွဲမှုမှ စတင်လာ၏။ ထိုအရာမှတစ်ဆင့် အချင်းချင်း တစ်ဦးကိုတစ်ဦး အော်ဟစ်ကာ နှုတ်ဖြင့် စော်ကားခြင်း၊ ထို့နောက် တစ်ဦးကိုတစ်ဦး ရိုက်နှက်ခြင်းသို့ ဦးတည်လာသည်။ ထို့နောက်တွင်ကား သတ်ဖြတ်လိုသည့် ပြင်းပြသော ဆန္ဒတို့ ပေါ်လာပြီးလျှင် ထိုမှတစ်ဖန် ဤပြင်းပြသော ဆန္ဒက အဖြစ်မှန် ဖြစ်လာလေတော့၏။ သူထို့ထဲမှ တစ်ဦးက သတ်ဖြတ်ခံရပြီး ကျန်တစ်ဦးကမူ လူသတ်မှုနှင့် စီရင်ချက် ချခံရကာ သေဒဏ်ပေးခံရလေသည်။ အဆုံးတွင် နှစ်ဦးနှစ်ဖက်စလုံး ရှုံးနိမ့်ကြရ၏။ ဤသည်မှာ အဆုံးသတ် ရလဒ်ပင် ဖြစ်တော့သည်။ သူတို့သည် နှုတ်ဖြင့် စော်ကားပြီးကြပြီ။ မိမိတို့၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြပြီးကြပြီ။ မိမိတို့၏ ကမူးရှူးထိုးနိုင်မှုကို မကြွင်းမကျန် ဖော်ပြပြီးကြပြီ။ ငရဲသို့လည်း နှစ်ဦးစလုံး ကျသွားကြလေပြီ။ ရလဒ်က ထိုအရာပင် ဖြစ်၏။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်းနှင့် မိမိ၏ ကမူးရှူးထိုးနိုင်မှု ဖောင်းကားလာပြီး ပွင့်ထွက်လာခြင်း၏ အကျိုးဆက်များမှာ ထိုအရာများ ဖြစ်သည်။ ဤသည်မှာ ကောင်းသော ရလဒ်မဟုတ်။ ဆိုးယုတ်သော ရလဒ်သာ ဖြစ်သည်။ သင်တွေ့သလော၊ ဤသည်မှာ ရိုးရှင်းသည့်၊ အပျက်သဘောဆောင်သည့် စိတ်ခံစားချက်မှ အကြောင်းခံလာသော အပြုအမူ၏ ရလဒ်အဖြစ် လူက ရင်ဆိုင်ရသည့် အဆုံးသတ်မျိုး ဖြစ်သည်။ ထိုသို့သော အဆုံးသတ်မျိုးကို လူတို့သည် မမြင်လိုကြသကဲ့သို့ ကိုယ်တိုင်လည်း မရင်ဆိုင်လိုကြပေ။ သို့သော် လူတို့သည် မကောင်းသော စိတ်ခံစားချက်မျိုးစုံအလယ်တွင် အသက်ရှင်ကြသောကြောင့်၊ ထို့ပြင် မကြာခဏ ပြန့်ကားပြီး ပေါက်ကွဲထွက်လာတတ်သော ကမူးရှူးထိုးနိုင်သည့် သဘောတွင် ငြိတွယ်နေကာ ထိုသဘော၏ ထိန်းချုပ်ခြင်းကို ခံနေရသောကြောင့် အဆိုပါ အကျိုးဆက်များက နောက်ဆုံးတွင် ပေါ်လာသည့် အရာများပင် ဖြစ်သည်။ ငါ့ကို ပြောလော့။ နှုတ်ဖြင့် စော်ကားခြင်းသည် ရိုးရှင်းသော အပြုအမူတစ်ခု ဖြစ်သလော။ နေ့စဉ်အသက်တာတစ်လျှောက် လူတို့ ကျူးလွန်ကြသည့် နှုတ်ဖြင့် စော်ကားခြင်းမှ ထိုသို့သော ဆိုးယုတ်သည့် ရလဒ်မျိုး ထွက်ပေါ်လာခြင်း မရှိဘဲ ဖြစ်နေနိုင်သည်။ တစ်နည်းဆိုရလျှင် နှုတ်ဖြင့် စော်ကားသည့် ဖြစ်ရပ်အားလုံးမှ ထိုသို့သော ဆိုးယုတ်သည့် ရလဒ်မျိုး မလွဲမသွေ ပေါ်ထွက်လာမည်ကား မဟုတ်။ သို့တိုင်အောင် ဤသည်မှာ နှုတ်ဖြင့် စော်ကားခြင်း၏ အနှစ်သာရ ဖြစ်သည်။ မိမိ၏ စိတ်ခံစားချက်များကို ပေါက်ကွဲပြခြင်း၊ မိမိ၏ ကမူးရှူးထိုးနိုင်မှု ဖောင်းကားလာပြီး ပွင့်ထွက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် အခြားသူများကို နှုတ်ဖြင့် စော်ကားခြင်းမပြုရန် လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ သတ်မှတ်ထားချက်သည် အသေအချာပင် လူကို အကျိုးပြုသည်။ နည်းအသွယ်သွယ်ဖြင့် လူကို အကျိုးပြုပြီး မည်သည့်နည်းနှင့်မျှ ထိခိုက်နစ်နာစေခြင်း မရှိ။ တစ်ချိန်တည်းတွင် ဤသည်မှာ လူသားမျိုးနွယ်အတွက် ဤသတ်မှတ်ချက်ကို ဘုရားသခင် ထုတ်ပြန်ထားခြင်း၏ အဓိပ္ပာယ် တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ အခြားသူများကို နှုတ်ဖြင့် မစော်ကားရဟူသည့် သတ်မှတ်ချက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၊ သို့မဟုတ် လိုက်စားခြင်း အဆင့်ကို မီချင်မှ မီမည် ဖြစ်သော်လည်း ဤသတ်မှတ်ချက်မျိုးကို လူက စောင့်ထိန်းလိုက်နာသင့်ဆဲပင် ဖြစ်လေသည်။
လူတို့သည် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်းတစ်ခုတည်းကို အားကိုးပြီး အချင်းချင်း စကားဖြင့် ဆဲရေးတိုင်းထွာခြင်းမပြုရဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကို ဖြည့်ဆည်းနိုင်ကြသလော။ လူတို့ ဒေါသထွက်သည့်အခါ အကြိမ်များစွာ မိမိတို့ကိုယ်ကိုယ် ချုပ်တည်းမရနိုင်ကြချေ။ ထို့ကြောင့် လူတို့သည် အချင်းချင်း စကားဖြင့် ဆဲရေးတိုင်းထွာခြင်းမပြုရသည့် ဤသတ်မှတ်ချက်ကို မည်သို့ ဖြည့်ဆည်းနိုင်သနည်း။ သင်သည် တစ်စုံတစ်ဦးကို စကားဖြင့် ဆဲရေးတိုင်းထွာတော့မည့်အချိန်တွင်၊ အထူးသဖြင့် သင့်ကိုယ်သင် မချုပ်တည်းနိုင်သည့်အချိန်တွင်၊ အလျင်အမြန် ဆုတောင်းသင့်၏။ သင် အတန်ငယ် ဆုတောင်းပြီး၊ ဘုရားသခင်ထံ လေးနက်စွာ အသနားခံပါက၊ သင်၏ ဒေါသ ယုတ်လျော့ဖို့ အလားအလာရှိလိမ့်မည်။ ထိုအချိန်တွင် သင်သည် မိမိကိုယ်ကိုယ် ထိရောက်စွာ ချုပ်တည်းနိုင်လိမ့်မည်ဖြစ်ပြီး၊ သင်၏ စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းကို ထိန်းချုပ်နိုင်လိမ့်မည်။ ဥပမာအားဖြင့်၊ တစ်ခါတစ်ရံ လူတို့သည် သင့်ကို စော်ကားသည်ဟု ခံစားရစေသည့် တစ်စုံတစ်ရာကို ပြောကောင်းပြောနိုင်သည်၊ သို့မဟုတ် သင့်ကွယ်ရာတွင် သင့်ကို ဝေဖန်ကောင်းဝေဖန်နိုင်သည် သို့မဟုတ် သင့်ကို တမင်တကာဖြစ်စေ၊ အမှုမဲ့အမှတ်မဲ့ဖြစ်စေ နာကျင်စေနိုင်သည်၊ သို့မဟုတ် သင့်ကို အနည်းငယ် အခွင့်အရေးယူကောင်းယူနိုင်သည်၊ သင့်ထံမှ တစ်စုံတစ်ရာကို ခိုးယူကောင်း ခိုးယူနိုင်သည်၊ သို့မဟုတ် သင်၏ အဓိက အကျိုးစီးပွားများကိုပင် ထိခိုက်နိုင်သည်။ ဤအရာများ သင့်ထံ ကျရောက်သည့်အခါ၊ သင်က၊ “သူ ငါ့ကို နာကျင်စေသောကြောင့် သူ့ကို ငါ မုန်းသည်။ သူ့ကို ငါ အော်ဟစ် ဆဲရေးတိုင်းထွာချင်သည်၊ သူ့အပေါ် လက်စားချေချင်သည်၊ သူ့ကို ငါ ရိုက်ပင်ရိုက်နှက်လိုက်ချင်သည်။ သူ့ကို သင်ခန်းစာတစ်ခုပေးဖို့ သူ့နောက်ကွယ်တွင် ဂုဏ်အသရေ ထိခိုက်ပျက်ပြားအောင် အကောက်ကြံမှုတစ်ခု လုပ်လိုက်ချင်သည်”ဟု တွေးလိမ့်မည်။ ဤအရာအားလုံးကို မကောင်းသည့် စိတ်ခံစားမှုများက ဖြစ်စေသည် မဟုတ်လော။ မကောင်းသည့် စိတ်ခံစားမှုများက ဖြစ်စေသည့် အကျိုးဆက်များမှာ သင်သည် ဤအရာများကို လုပ်ဆောင်ရန် ဆန္ဒရှိလိမ့်မည်ဖြစ်သည်။ ထိုအကြောင်းကို သင် တွေးလေ၊ သင် သာ၍ ဒေါသထွက်လာလေလေ ဖြစ်လိမ့်မည်ဖြစ်ပြီး ဤလူက သင့်ကို အနိုင်ကျင့်နေကြောင်းနှင့် သင်၏ ဂုဏ်သိက္ခာနှင့် အကျင့်စရိုက်တို့ စော်ကားခံရပြီးဖြစ်ကြောင်း တွေးမိလေ ဖြစ်လိမ့်မည်။ စိတ်ထဲတွင် သင်သည် ကသိကအောက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လက်စားချေလိုစိတ် ရှိလိမ့်မည်။ ဤသည်မှာ သင့်အထဲတွင် ဤအပျက်သဘောဆောင်သည့် စိတ်ခံစားမှုမျာကြောင့်ဖြစ်သည့် တဇောက်ကန်း စိတ်လိုက်မာန်ပါ ပြုလုပ်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သင်၏ လက်စားချေလိုသည့် ဤစိတ်ဆန္ဒသည် မည်သည့် အပြုအမူမျိုး ဖြစ်ပါသနည်း။ တဇောက်ကန်းဖြစ်ခြင်းကို သင် ပွင့်အံထွက်တော့မည် မဟုတ်လော။ ဤကဲ့သို့သော အချိန်များတွင်၊ သင်သည် မိမိကိုယ်ကိုယ် တည်ငြိမ်စေရမည်။ ပထမဦးစွာ၊ ဘုရားသခင်ထံ ဆုတောင်းရမည်၊ မိမိကိုယ်ကိုယ် ချုပ်တည်းရမည်၊ ပြီးလျှင် သမ္မာတရားကို တွေးဆကာ ရှာဖွေပြီး၊ အမြော်အမြင်ရှိစွာ ပြုမူဆောင်ရွက်ရမည်။ ဤသည်မှာ သင် စိတ်လှုပ်ရှားလာပြီး၊ အမုန်းတရား၊ စိတ်ခံစားချက်များနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ သင့်အတွင်းတွင် ဖြစ်ပေါ်သည့် အခြေအနေတစ်ခုကို ရှောင်ရှားရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အချို့က၊ “လူနှစ်ဦးသည် တစ်နေ့လုံး အတူတကွ အလုပ်လုပ်လျှင်၊ ဤအခြေအနေမျိုးကို ရှောင်ရှားရန် နည်းလမ်းမရှိပါ”ဟု ဆိုကောင်းဆိုနိုင်သည်။ သင်သည် ဤအခြေအနေမျိုးကို မရှောင်ရှားနိုင်လျှင်ပင်၊ သင် လက်တုံ့မပြန်ရ၊ ချုပ်တည်းရမည်ဖြစ်သည်။ သင်သည် မိမိကိုယ်ကိုယ် မည်သို့ ချုပ်တည်းနိုင်သနည်း။ ဦးစွာပထမ၊ သင်က၊ “ငါ လက်တုံ့ပြန်ရမည်ဆိုလျှင်၊ ဘုရားသခင်ကို မုချ ကျေနပ်စေမည်မဟုတ်သောကြောင့် ငါ လုပ်၍ မဖြစ်ပါ။ အမုန်းတရား၊ လက်စားချေခြင်းနှင့် စက်ဆုပ်မှုတို့သည် ဘုရားသခင် မနှစ်သက်သည့် အရာများသာ ဖြစ်သည်”ဟု မိမိကိုယ်ကိုယ် စဉ်းစားရမည်။ ဘုရားသခင်သည် ဤအရာများကို မနှစ်သက်သော်လည်း သင်က လုပ်ဆောင်ရန် အလိုရှိဆဲဖြစ်ကာ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်ပေ။ ဤအရာကို သင် မည်သို့ ဖြေရှင်းသင့်သနည်း။ ပင်ကိုအားဖြင့်၊ ဘုရားသခင်အပေါ် သင် မှီခိုရမည်။ ဘုရားသခင်ထံ သင် ဆုမတောင်းပါက၊ ဤအရာကို သင် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်။ ထို့အပြင်၊ သင်၏ ဝိညာဉ်ရင့်ကျက်မှုက အလွန် နည်းပါးပြီး၊ သင်သည် အလွန် တဇောက်ကန်းဖြစ်တတ်ကာ သင်၏ စိတ်ခံစားမှုများနှင့် တဇောက်ကန်းဖြစ်ခြင်းတို့ကို သင် အမှန်တကယ် မချုပ်တည်းနိုင်သကဲ့သို့ လက်စားချေလိုစိတ်ရှိပါက၊ ထိုလူကို စကားဖြင့် ဆဲရေးတိုင်းထွာခြင်းပြုရန် သင်၏ နှုတ်ကို လုံးဝ မဖွင့်ဘဲ ရှိနေရဦးမည်။ သင် မည်သည့်နေရာတွင် ရှိသည်ဖြစ်စေ၊ ထွက်သွားနိုင်ပြီး အခြားတစ်စုံတစ်ဦးကို ကြားဝင်ခွင့်ပေးကာ အခြေအနေကို ဖြေရှင်းခွင့်ပေးနိုင်သည်။ ဘုရားသခင်ကို သင် တိတ်ဆိတ်စွာ ဆုတောင်းပြီး ဆီလျော်သည့် ဘုရားနှုတ်ကပတ်တော် စကားရပ်အနည်းငယ်ကို ရွတ်ဆိုသင့်သည်။ ဘုရားသခင်ထံ ဤနည်းဖြင့် ဆုတောင်းလော့၊ ပြီးလျှင် သင်၏ တဇောက်ကန်းဖြစ်ခြင်းက တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မည်။ လူများကို စကားဖြင့် ဆဲရေးတိုင်းထွာခြင်းသည် ပြဿနာများကို မဖြေရှင်းနိုင်ကြောင်းနှင့် ထိုအရာမှာ ဖောက်ပြန်ပျက်စီးခြင်း၏ ထုတ်ဖော်ပြချက်တစ်ခု ဖြစ်မည်ဖြစ်ကြောင်း၊ ပြီးလျှင် ထိုအရာက ဘုရားသခင်ကို အရှက်သာရစေနိုင်ကြောင်းတို့ကို သင် သဘောပေါက်လိမ့်မည်။ ဤသို့ဆုတောင်းခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးလိမ့်မည် မဟုတ်လော။ ဤဖြေရှင်းချက်ကို သင်တို့ မည်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) “အခြားသူများကို မရိုက်နှင့် သို့မဟုတ် စကားဖြင့် ဆဲရေးတိုင်းထွာခြင်း မပြုနှင့်”ဟူသော ဘုရားသခင် အဆိုပြုသည့် အပြုအမူဆိုင်ရာ စည်းကမ်းနှင့်ပတ်သက်သည့် ငါ၏ မိတ်သဟာယအတွက် ဤမျှသာ ဖြစ်သည်။
ဘုရားသခင်က လူတို့ကို စောင့်ထိန်းရန် စေခိုင်းသည့် အပြုအမူကောင်းများနှင့် ပတ်သက်၍ ငါ ယခုတင် မိတ်သဟာယပြုခဲ့သည်၊ ထိုအရာများမှာ အဘယ်နည်း။ (သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန်၊ ကာမဂုဏ်လွန်ကျူးမှု မရှိရန်၊ ချုပ်တည်းမှု ရှိရန်၊ ထူးခြားဆန်းပြားသော အဝတ်အစားများကို မဝတ်ဆင်ရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် နှုတ်ဖြင့် မစော်ကားရန်၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်၊ မခိုးယူရန်၊ အခြားသူတို့၏ ပိုင်ဆိုင်မှုများကို အလွဲသုံးစား မလုပ်ရန်၊ မမှန်သော သက်သေကို မခံရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန်တို့ ဖြစ်ပါသည်။) မှန်ပေသည်၊ ဤအရာအားလုံး မှန်ကန်၏။ ငါ့ကို ပြောလော့၊ မခိုးရခြင်းနှင့် အခြားသူများအပေါ် အခွင့်အရေးမယူရခြင်းကဲ့သို့သော ပညတ်တရားတွင် အဆိုပြုထားသည့် သတ်မှတ်ချက်များသည် ယခုတွင် ယုတ္တိရှိသေးသလော။ ထိရောက်မှုရှိသေးသလော။ (ယုတ္တိရှိပြီး ထိရောက်မှုရှိပါသေးသည်။) သို့ဆိုလျှင် ကျေးဇူးတော်ခေတ်မှ ပညတ်ချက်များကကော အဘယ်သို့နည်း။ (ထိုအရာများသည်လည်း ယုတ္တိရှိဆဲဖြစ်ပါသည်။) သို့ဆိုလျှင်၊ ဘုရားသခင်သည် ဤတိကျသည့် သတ်မှတ်ချက်များကို အဘယ်ကြောင့် အဆိုပြုခဲ့ပါသနည်း။ ဤတိကျသည့် သတ်မှတ်ချက်များက လူ၏လက်တွေ့လုပ်ဆောင်မှု၏ မည်သည့် သွင်ပြင်လက္ခဏာများအကြောင်း အကျဉ်းချုံးပြောဆိုထားပါသနည်း။ ဘုရားသခင်သည် ဤသတ်မှတ်ချက်များကို အဆိုပြုခြင်း မရှိခဲ့ပါက၊ ဤအရာများကို လူတို့ နားလည်မည်လော။ (နားလည်မည် မဟုတ်ပါ။) လူတို့ နားလည်ကြမည် မဟုတ်ပေ။ လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် အဆိုပြုသည့် ဤတိကျသော သတ်မှတ်ချက်များအားလုံးသည် အမှန်တွင် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်းနှင့် ဆက်နွှယ်သည်။ ဤတိကျသည့် သတ်မှတ်ချက်များကို အဆိုပြုရသည့် အကြောင်းရင်းမှာ လူတို့အား အပြုသဘောဆောင်သည့် အရာများနှင့် အပျက်သဘောဆောင်သည့် အရာများအပြင်၊ မှန်ကန်သည့်အရာနှင့် မှားယွင်းသည့်အရာတို့ကို မှန်ကန်စွာ ရိပ်စားမိပြီး ခွဲခြားနိုင်စေရန်ဖြစ်သည်။ သူ့မယားနှင့် ပြစ်မှားခြင်းသည် အပျက်သဘောဆောင်သည့် အရာတစ်ခု ဖြစ်ကြောင်း၊ ရှက်ဖွယ်ဖြစ်ကြောင်း၊ ဘုရားသခင်က စက်ဆုပ်ကြောင်း၊ လူက အထင်သေးကြောင်းနှင့် ဤကိစ္စရပ်တွင် လူတို့က မိမိကိုယ်ကိုယ် ချုပ်တည်းသင့်ကြောင်း၊ ဤလုပ်ရပ်ကို ၎င်းတို့ မကျူးလွန်သင့်ကြောင်း၊ သို့မဟုတ် ဤကိစ္စနှင့် စပ်လျဉ်း၍ အမှားများ မပြုလုပ်သင့်ကြောင်း လူတို့ကို သွန်သင်ရန် ဖြစ်သည်။ အခြားသူများကို အခွင့်အရေးယူခြင်း၊ ခိုးခြင်း စသည်ကဲ့သို့သော အပြုအမူများသည် အပျက်သဘောဆောင်သည့် အရာများသာဖြစ်ကြောင်းနှင့် ထိုအရာများကို လူတို့ မလုပ်ဆောင်သင့်ကြောင်းကိုလည်း လူတို့ကို သွန်သင်ပေးရန် ဖြစ်သည်။ ဤအရာများကို လုပ်ဆောင်ရန် သင် နှစ်သက်ပြီး၊ လုပ်ဆောငိပြီးဖြစ်ပါက၊ သင်သည် လူကောင်းတစ်ဦး မဟုတ်ပေ။ အကြင်သူသည် ကောင်းမွန်သည့် လူ့သဘာဝရှိသည့် လူတစ်ဦးနှင့် မကောင်းသည့် လူ့သဘာဝရှိသော လူတစ်ဦးတို့ကြား သို့မဟုတ် အပြုသဘောဆောင်သော ပုဂ္ဂိုလ်တစ်ဦးနှင့် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်တစ်ဦးကြား မည်သို့ ခွဲခြားနိုင်သနည်း။ ဦးစွာပထမ၊ ဤအရာကို သင် အတည်ပြုရမည်။ ဘုရားနှုတ်ကပတ်တော်များကို အခြေခံ၍သာ လူတို့ကို မှန်ကန်တိကျစွာ ပိုင်းခြားသိမြင်နိုင်ပြီး အပြုသဘောဆောင်သည့် ပုဂ္ဂိုလ်နှင့် အပျက်သဘောဆောင်သည့် ပုဂ္ဂိုလ်တို့ကို ခွဲခြားနိုင်ပေသည်။ လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် အဆိုပြုသည့် သတ်မှတ်ချက်များနှင့် စံနှုန်းများအပေါ် အခြေခံ၍သာ လူတို့ကို ရှင်းလင်းစွာ ပိုင်းခြားသိမြင်ပြီး၊ သတိမူမိနိုင်ပေသည်။ ဥပမာတစ်ခု ငါပေးမည်- လူတစ်ဦးသည် ခိုးဝှက်တတ်ပြီး အခြားလူများထံမှ ခိုးယူရန် နှစ်သက်ပါက၊ ၎င်းတို့၏ လူ့သဘာဝသည် မည်သို့ဖြစ်သနည်း။ (မကောင်းပါ။) ခိုးခြင်းသည် ဆိုးရွားသည့် မကောင်းသော လုပ်ဆောင်ချက်တစ်ခုဖြစ်သောကြောင့် ခိုးသောလူတို့သည် မကောင်းသည့်လူများဖြစ်သည်။ အခြားလူများအားလုံးက ထိုသူများကို သတိထားကြပြီး၊ ကင်းအောင်နေကြကာ ထိုသူများကို သူခိုးများအဖြစ် မှတ်ယူကြသည်။ လူတို့၏ စိတ်များထဲတွင်၊ သူခိုးများသည် အပျက်သဘောဆောင်သည့် တစ်မျိုးတစ်ဘာသာဖြစ်သောသူများဖြစ်သည်၊ ခိုးခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခု ဖြစ်ပြီး အပြစ်နှင့်ပြည့်သည့် အပြုအမူတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤသည်မှာ အတည်ပြုပြီး မဖြစ်သလော။ နောက်ထပ် ဥပမာမှာ ဤသို့ဖြစ်၏။ သူများမယားနှင့် ပြစ်မှားသောသူတစ်ဦး ရှိသည်ဆိုပါစို့၊ ပြီးလျှင် လူအချို့က ယင်းမှာ အပြုသဘောဆောင်သည့် အရာလော သို့မဟုတ် အပျက်သဘောဆောင်သည့်အရာလောဆိုသည်ကို မသိကြချေ။ ဘုရားနှုတ်ကပတ်တော်များသည်သာ သမ္မာတရားဖြစ်သည်နှင့်အမျှ ၎င်းတို့အတွက် ဤအရာကို မှန်ကန်တိကျစွာ အကဲဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဘုရားနှုတ်ကပတ်တော်များအတိုင်း ဖြစ်သည်။ အိမ်ထောင်ရေးဖောက်ပြန်ခြင်း လုပ်ရပ်နှင့်ပတ်သက်၍ မည်သည့် အသစ်သော အဆိုများကို တရားဥပဒေ စနစ်များနှင့် ကိုယ်ကျင့်တရားတို့က ယခု ပြုလုပ်သည်ဖြစ်စေ၊ ထိုအရာများသည် သမ္မာတရား မဟုတ်ပေ။ “အိမ်ထောင်ရေး မဖောက်ပြန်နှင့်” ဟူသည့် ဘုရားသခင် ပြောဆိုထားသော စကားများသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားက မည်သည့်အခါတွင်မျှ ပျောက်ပျက်သွားလိမ့်မည် မဟုတ်။ “အိမ်ထောင်ရေး မဖောက်ပြန်နှင့်”ဟူသည့် သတ်မှတ်ချက်ကို ဘုရားသခင် ချမှတ်သည့်အချိန်မှစ၍၊ လူတိုင်းသည် သူများမယား ပြစ်မှားသူများကို စတင် ပစ်ပယ်ပြီး ကင်းအောင်နေသင့်သည်။ ထိုသို့သောလူများသည် လူ့သဘာဝ မရှိကြသကဲ့သို့၊ အနည်းဆုံးအနေဖြင့်၊ လူ့သဘာဝ ရှုထောင့်အမြင်မှ ၎င်းတို့ကို သင် အကဲဖြတ်ပါက၊ ၎င်းတို့သည် လူကောင်းများ မဟုတ်ကြပေ။ ဤအပြုအမူမျိုးတွင် ပါဝင်ပတ်သက်ပြီး ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်သော မည်သည့်လူမဆိုသည် ရှက်ဖွယ်ရာဖြစ်သည်။ ၎င်းတို့သည် လူ၏ စက်ဆုပ်မှုခံရသည်။ အဖွဲ့များအတွင်း၌ အထင်သေးခံရပြီး ပစ်ပယ်ခံရကာ လူထု၏ ငြင်းပယ်ခြင်းခံရကြသည်။ သူများမယား ပြစ်မှားခြင်းကို ကျူးလွန်ခြင်းသည် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်သော လူများသည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များဖြစ်ကြောင်းကို ဘုရားနှုတ်ကပတ်တော်များကို အခြေခံပြီး ငါတို့ အတည်ပြုနိုင်သည်။ လူမှုအဖွဲ့အစည်း၏ ခေတ်ရေစီးကြောင်းများက မည်မျှ ဆိုးယုတ်လာသည်ဖြစ်စေ၊ သူများမယား ပြစ်မှားခြင်းနှင့် မှောက်မှားခြင်းတို့သည် အပျက်သဘောဆောင်သော အရာများဖြစ်ပြီး၊ ထိုသို့သောအရာများ၌ ပါဝင်ပတ်သက်သော လူတို့သည် အပျက်သဘောဆောင်သော ပုဂ္ဂိုလ်များ ဖြစ်သည်။ ဤသည်မှာ လုံးဝ သေချာပြီး၊ ဤအရာကို သင် ရိပ်စားမိနိုင်ရမည်။ သင်သည် လူမှုအဖွဲ့အစည်း၏ ဆိုးယုတ်သော ခေတ်ရေစီးကြောင်းများ၏ လှည့်စားခြင်း သို့မဟုတ် သွေးဆောင်ဖြားယောင်းခြင်းကို သင် မခံရပေ။ ဤအရာများအပြင်၊ နောက်ထပ် တိကျသည့် သတ်မှတ်ချက်အချို့ရှိသည်။ ဘုရားသခင်က လူတို့ကို ရုပ်တုဆင်းတုများကို မကိုးကွယ်ရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်၊ အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် နှုတ်ဖြင့် မစော်ကားရန်၊ သန့်ရှင်းသူကဲ့သို့သော အမူအကျင့်ကို ပိုင်ဆိုင်ရန် စသည်တို့ကို ပြောဆိုသည်။ ဤတိကျသည့် သတ်မှတ်ချက်များမှာ လူ၏ အပြုအမူကို ဘုရားသခင် ထိန်းညှိရာတွင် အသုံးပြုသည့် စံနှုန်းများသာ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် လူတို့ကို သမ္မာတရားဖြင့် မပံ့ပိုးမီတွင်၊ မည်သည့် လုပ်ရပ်များက မှန်ကန်ပြီး အပြုသဘောဆောင်သည်ဆိုသည်နှင့် မည်သည့်လုပ်ရပ်များက မှားယွင်းကာ အပျက်သဘောဆောင်သည်ဆိုသည်တို့ကို ၎င်းတို့အား သူ သွန်သင်သည်။ လူကောင်းတစ်ဦး မည်သို့ ဖြစ်ရမည်ဆိုသည်နှင့် ပုံမှန် လူ့သဘာဝရှိသည့် လူတစ်ဦးဖြစ်ရန်အလို့ငှာ မည်သည့် ကောင်းမွန်သည့် အပြုအမူများ ပိုင်ဆိုင်ရမည်ဆိုသည့်အပြင်၊ မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်နိုင်ရန်အလို့ငှာ ပုံမှန်လူ့သဘာဝရှိသည့် လူတစ်ဦးအနေဖြင့် လုပ်ဆောင်ရမည့်အရာနှင့် မလုပ်ဆောင်ရမည့်အရာများကို ၎င်းတို့အား သူ ပြောပြလေသည်။ လူ၏ အပြုအမူကို ထိန်းညှိသည့် ဤတောင်းဆိုချက်များအားလုံးသည် ပုံမှန်လူတိုင်း အမှန်တကယ် အသက်ရှင်နေထိုင်သင့်သည့် အရာများနှင့် လူတိုင်းက မိမိတို့ ကြုံရသည့် အရာတိုင်းကို အမှန်တကယ် ရင်ဆိုင်ပြီး ကိုင်တွယ်သည့် အခြေခံအကြောင်းရင်း ဖြစ်သည်။ ဥပမာအားဖြင့်၊ အခြားလူတစ်ဦးတွင် ကောင်းသည့် တစ်စုံတစ်ရာရှိသည်ကို သင် မြင်ပြီး၊ မိမိကိုယ်ကိုယ်အတွက် ထိုအရာကို သင် ယူချင်သည်ဆိုပါစို့။ သို့သော် ထို့နောက်တွင် သင်က၊ “အခြားလူများထံမှ ခိုးယူရန်မှာ မှားယွင်းသည်ဟု ဘုရားသခင် ပြောသည်။ ကျွန်ုပ်တို့ မခိုးရ၊ သို့မဟုတ် အခြားသူများအပေါ် အခွင့်အရေးမယူရဟု သူ ပြောခဲ့သောကြောင့် သူတို့ထံမှ ကျွန်ုပ် မခိုးချင်ပါ”ဟု တွေးလေသည်။ ထိုအခါ ခိုးယူသည့် အပြုအမူသည် ချုပ်ထိန်းခြင်းမခံရသလော။ ပြီးလျှင် ချုပ်ထိန်းခံရသည့် တစ်ချိန်တည်းတွင်၊ သင်၏ အပြုအမူသည် ထိန်းညှိခြင်း မခံရလေပြီလော။ ဤသတ်မှတ်ချက်များကို ဘုရားသခင် မချမှတ်မီတွင်၊ အခြားလူတစ်ဦး၏ ပိုင်ဆိုင်မှု၌ ကောင်းသည့် တစ်စုံတစ်ရာကို လူတို့ မြင်သည့်အခါ၊ မိမိတို့ကိုယ်တိုင်အတွက် ထိုအရာကို ယူချင်ခဲ့ကြလိမ့်မည်။ ထိုသို့လုပ်ဆောင်ခြင်းသည် မှားယွင်းသည်၊ သို့မဟုတ် ရှက်ဖွယ်ဖြစ်သည် သို့မဟုတ် ဘုရားသခင်က စက်ဆုပ်သည် သို့မဟုတ် အပျက်သဘောဆောင်သော အရာတစ်ခုဖြစ်သည်၊ သို့မဟုတ် ထိုအရာမှာ အပြစ်တစ်ခုပင် ဖြစ်သည်ဟု ၎င်းတို့ မတွေးခဲ့ကြပေ။ ဤအရာများကို ၎င်းတို့ မသိခဲ့ကြပေ။ ဤအယူအဆများကို ၎င်းတို့ မပိုင်ဆိုင်ခဲ့ကြပေ။ ဘုရားသခင်က “မခိုးနှင့်”ဟူသည့် သတ်မှတ်ချက်ကို ချမှတ်သည့်နောက်တွင်၊ လူတို့သည် ဤအရာများကို လုပ်ဆောင်ခြင်းနှင့် ပတ်သက်လာသည့်အခါ စိတ်ပိုင်းဆိုင်ရာ နယ်နိမိတ်တစ်ခု စိုက်ထူခြင်းခံခဲ့ရပြီး၊ ဤနယ်နိမိတ်မှတစ်ဆင့်၊ ခိုးခြင်းနှင့် မခိုးခြင်းကြား ကွာခြားချက်တစ်ခုရှိကြောင်း ၎င်းတို့ သိကြလေသည်။ ခိုးခြင်းသည် အပျက်သဘောဆောင်သည့် အရာတစ်ခု လုပ်ဆောင်ခြင်း၊ မကောင်းသည့်အရာ သို့မဟုတ် ဆိုးယုတ်သည့်အရာတစ်ခု လုပ်ဆောင်ခြင်းနှင့် ညီမျှပြီး၊ ရှက်ဖွယ်ရာ ဖြစ်သည်။ မခိုးခြင်းသည် လူ့သဘာဝ၏ ကိုယ်ကျင့်တရားကို စောင့်ထိန်းခြင်းဖြစ်ကာ ထိုအရာ၌ လူ့သဘာဝ ရှိလေသည်။ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ တောင်းဆိုချက်များသည် လူတို့၏ အပျက်သဘောဆောင်သော အပြုအမူများနှင့် ချဉ်းကပ်မှုများကို ဖြေရှင်းပေးရုံမက၊ တစ်ချိန်တည်းတွင် လူ၏ အပြုအမူကို ထိန်းညှိပေးကာ လူတို့အား ပုံမှန် လူ့သဘာဝနှင့် အသက်ရှင်နိုင်စေသည်၊ ပုံမှန် အပြုအမူများနှင့် သရုပ်သကန်များကို ပိုင်ဆိုင်နိုင်စေပြီး၊ အနည်းဆုံးအနေဖြင့်၊ လူများ၊ ပုံမှန်လူများနှင့် တူနိုင်စေလေသည်။ ငါ့ကို ပြောလော့၊ လူ၏ အပြုအမူများကို ထိန်းညှိရန် ဘုရားသခင် ချမှတ်သည့် ဤသတ်မှတ်ချက်များသည် အလွန် အဓိပ္ပာယ်ရှိသည် မဟုတ်လော။ (ရှိပါသည်။) ထိုအရာများသည် အဓိပ္ပာယ်ရှိကြ၏။ သို့ရာတွင်၊ လူ၏ အပြုအမူကို ထိန်းညှိသည့် ဤတိကျသော သတ်မှတ်ချက်များသည် ယခု ဘုရားသခင် ဖော်ပြနေသည့် သမ္မာတရားနှင့် အလွန် ကွာခြားနေဆဲဖြစ်ပြီး၊ ထိုအရာများကို သမ္မာတရားအဆင့်သို့ မြှင့်တင်၍ မရနိုင်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော်၊ ပညတ်တော်ခေတ်အတောအတွင်း လွန်ခဲ့သည့် အချိန်ကြာမြင့်စွာက ဤသတ်မှတ်ချက်များသည် လူ၏ အပြုအမူကို ထိန်းညှိပေးခဲ့သည့် ပညတ်ချက်များသာ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်က လူတို့အား မည်သည့်အရာများကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ဆိုသည်ကို ပြောပြရန် အရိုးရှင်းဆုံးနှင့် အလွယ်ကူအရှင်းလင်းဆုံး ဘာသာစကားကို အသုံးပြုခြင်းဖြစ်ပြီး၊ ၎င်းတို့အတွက် စည်းမျဉ်းအချို့ကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင်၊ ဤသတ်မှတ်ချက်များသည် ပညတ်ချက်များသာဖြစ်ပြီး၊ မျက်မှောက်ခေတ်တွင်၊ ထိုအရာများသည် အကြင်သူ၏ ကိုယ်ပိုင် အပြုအမူကို အကဲဖြတ်ခြင်းအတွက်၊ ပြီးလျှင် အမှုအရာများကို ဆန်းစစ်ခြင်းအတွက် စံများဖြစ်သည်ဟုသာ ဆိုနိုင်ပေသည်။ ဤစံများကို သမ္မာတရား အဆင့်သို့ မြှင့်တင်၍မရနိုင်သကဲ့သို့ ထိုအရာများနှင့် သမ္မာတရားကြားတွင် ကွာဟချက်တစ်ခုခုရှိသော်လည်း၊ ထိုအရာများသည် လူ၏ သမ္မာတရား လိုက်စားခြင်းနှင့် လက်တွေ့လုပ်ဆောင်ခြင်းအတွက် ပဓာနကျသော ကြိုတင်သတ်မှတ်ချက်တစ်ခုဖြစ်သည်။ လူတစ်ဦးသည် ဘုရားသခင်က လူ၏ အပြုအမူကို ထိန်းညှိရန် ထူထောင်ထားသည့် ဤစည်းမျဉ်းများ၊ ဤပညတ်ချက်များနှင့် ပညတ်တရားများ၊ ဤသတ်မှတ်ချက်များနှင့် အပြုအမူဆိုင်ရာ စံများကို ထိန်းသိမ်းသည့်အခါ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်းတို့အတွက် အခြေခံကျသော ကြိုတင်သတ်မှတ်ချက်များကို သူ ပိုင်ဆိုင်သည်ဟု ဆိုနိုင်ပေသည်။ လူတစ်ဦးသည် ဆေးလိပ်နှင့် အရက်သောက်ပါက၊ ၎င်းတို့၏ အပြုအမူသည် အပျော်အပါးမက်ခြင်းဖြစ်ပြီး၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို ကျူးလွန်ကာ အခြားလူများအပေါ် အခွင့်အရေးယူပြီး မကြာခဏ ခိုးဝှက်ကာ သင်က၊ “ဤလူသည် သမ္မာတရားကို ချစ်ပြီး၊ ထိုသမ္မာတရားကို သေချာပေါက် လက်တွေ့လုပ်ဆောင်ကာ ကယ်တင်ခြင်းကို ရရှိနိုင်သည်”ဟု ပြောမည်ဆိုပါက၊ ထိုအဆိုသည် ခိုင်လုံပါသလော။ (ခိုင်လုံမည်မဟုတ်ပါ။) အဘယ်ကြောင့် မခိုင်လုံမည်နည်း။ (ထိုလူသည် ဘုရားသခင်၏ သတ်မှတ်ချက်များထဲမှ အခြေခံအကျဆုံးသောအရာကိုပင် ဖြည့်ဆည်းနိုင်စွမ်းမရှိပါ။ သူသည် သမ္မာတရားကို အမှန်တကယ် လက်တွေ့လုပ်ဆောင်နိုင်မည်မဟုတ်သကဲ့သို့၊ သမ္မာတရားကို ၎င်းတို့ ချစ်သည်ဟု ပြောမည်ဆိုပါက၊ အလိမ်အညာတစ်ခု ဖြစ်မည်ဖြစ်သည်။) မှန်ပေ၏။ ဤလူသည် မိမိကိုယ်ကိုယ် ချုပ်တည်းခြင်း၏ အခြေခံအကျဆုံး အဆင့်ပင် မရှိပေ။ ဤအရာ၏ သွယ်ဝိုက်ညွှန်းဆိုချက်မှာ သူသည် လူတစ်ဦး ပိုင်ဆိုင်သင့်သည့် အသိစိတ်နှင့် ဆင်ခြင်တုံတရား၏ အခြေခံအကျဆုံး အတိုင်းအတာပင် မရှဟူ၍ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဤလူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်ပေ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား မပိုင်ဆိုင်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူသည် ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် စကားများနှင့် လူအတွက် ဘုရားသခင် ချမှတ်ပြီးဖြစ်သည့် သတ်မှတ်ချက်များ၊ ပြီးလျှင် ဘုရားသခင် ထူထောင်ပြီးသည့် စည်းမျဉ်းများကို ကြားပြီးဖြစ်ကာ ထိုအရာများကို ၎င်းတို့က လုံးဝ အလေးအနက်မထားကြောင်း ဆိုလိုပေသည်။ အခြားလူများထံမှ ခိုးခြင်းသည် မကောင်းကြောင်းနှင့် လူတို့အနေဖြင့် မခိုးသင့်ကြောင်း ဘုရားသခင်က ပြောပြီး၊ ဤလူက “လူတို့သည် အဘယ်ကြောင့် ခိုးခွင့်မရှိပါသနည်း။ ကျွန်ုပ် အလွန် ဆင်းရဲသည်။ မခိုးလျှင် အဘယ်သို့ အသက်ရှင်နေထိုင်နိုင်မည်နည်း။ ပစ္စည်းများကို ကျွန်ုပ် မခိုးလျှင် သို့မဟုတ် အခြားလူများအပေါ် အခွင့်အရေးမယူလျှင် ကျွန်ုပ် ချမ်းသာကြွယ်ဝနိုင်မည်လား”ဟု တွေးလေသည်။ သူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ ကင်းမဲ့သည် မဟုတ်လော။ (ကင်းမဲ့ပါသည်။) လူ၏ အပြုအမူကို ချုပ်ထိန်းရန် ဘုရားသခင် ဖန်တီးခဲ့သည့် တောင်းဆိုချက်များကို သူ မထိန်းသိမ်းနိုင်သောကြောင့်၊ သူသည် ပုံမှန် လူ့သဘာဝ ပိုင်ဆိုင်သည့် လူတစ်ဦး မဟုတ်ပေ။ ပုံမှန် လူ့သဘာဝ မပိုင်ဆိုင်သည့် လူတစ်ဦးက သမ္မာတရားကို ချစ်သည်ဟု အကြင်သူက ပြောမည်ဆိုလျှင်၊ ယင်းသည် ဖြစ်နိုင်မည်လော။ (ဖြစ်နိုင်မည်မဟုတ်ပါ။) ၎င်းတို့သည် အပြုသဘောဆောင်သော အရာများကို မချစ်သကဲ့သို့၊ ဘုရားသခင်က လူတို့အနေဖြင့် မခိုးရ သို့မဟုတ်အိမ်ထောင်ရေးမဖောက်ပြန်ရဟု ဆိုသော်လည်း၊ ဤသတ်မှတ်ချက်များကို ၎င်းတို့ မပြည့်မီနိုင်ကြသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို ငြီးငွေ့ကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် သမ္မာတရားကို ချစ်နိုင်စွမ်း ရှိကြသလော။ သမ္မာတရားသည် ဤအပြုအမူဆိုင်ရာ စံများထက် များစွာ သာ၍ မြင့်မားလေသည်။ ထိုအရာကို ၎င်းတို့ ရယူနိုင်သလော။ (မရယူနိုင်ပါ။) သမ္မာတရားသည် ရိုးရှင်းသည့် အပြုအမူဆိုင်ရာ စံတစ်ခု မဟုတ်။ ထိုအရာမှာ လူတို့က အပြစ်ပြုနေချိန် သို့မဟုတ် ထင်ရာမြင်ရာလုပ်ပြီး မဆင်မခြင်ဖြစ်နေချိန်တွင် သမ္မာတရားကို စဉ်းစားပြီးနောက် ချုပ်ထိန်းခြင်းခံရကာ အပြစ်မပြုတော့ သို့မဟုတ် ထင်ရာမြင်ရာ၊ မဆင်မခြင် ပြုမူခြင်းမရှိတော့သည့် ကိစ္စတစ်ခုမျှသာ မဟုတ်ပေ။ သမ္မာတရားသည် လူတို့၏ အပြုအမူကို ဤရိုးရှင်းသည့် နည်းလမ်းဖြင့် ချုပ်ထိန်းရုံမသာမဟုတ်ပေ။ သမ္မာတရားသည် လူတစ်ဦး၏ အသက်ဖြစ်လာနိုင်ပြီး၊ လူတစ်ဦးနှင့် ပတ်သက်သည့် အရာရာတိုင်းကို စိုးမိုးနိုင်သည်။ လူတို့သည် သမ္မာတရားကို မိမိတို့၏ အသက်အဖြစ် လက်ခံကြသည့်အခါ၊ ဤအရာကို ဘုရားသခင်၏ အမှုတော်ကို ၎င်းတို့ တွေ့ကြုံခြင်း၊ သမ္မာတရားကို သိရှိလာခြင်းနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအားဖြင့် စွမ်းဆောင်ရရှိခြင်း ဖြစ်သည်။ လူတို့သည် သမ္မာတရားကို လက်ခံရရှိသည့်အခါ၊ ၎င်းတို့အတွင်းတွင် ရုန်းကန်ခြင်းတစ်ခု ဖြစ်ပေါ်ပြီး၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ပွင့်အံထွက်မည့် အလားအလာရှိပေသည်။ လူတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးပြုနိုင်သည့်အခါ၊ သမ္မာတရားသည် ၎င်းတို့၏ အသက်နှင့် ၎င်းတို့ ကျင့်ကြံပြုမူကာ အသက်ရှင်နေထိုင်သည့် စည်းမျဉ်း ဖြစ်လာနိုင်ပေသည်။ ဤသည်မှာ သမ္မာတရားကို ချစ်ပြီး လူ့သဘာဝ ပိုင်ဆိုင်သည့် လူများသာ စွမ်းဆောင်ရရှိနိုင်သည့် တစ်စုံတစ်ရာ ဖြစ်သည်။ သမ္မာတရားကို မချစ်သကဲ့သို့၊ လူ့သဘာဝ ချို့တဲ့သည့်သူများသည် ဤအဆင့်ထိ တက်နိုင်သလော။ (မတက်နိုင်ပါ။) မှန်၏၊ ၎င်းတို့ ဆန္ဒရှိလျှင်ပင်၊ မတက်နိုင်ပေ။
လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် ဖန်တီးပြီးဖြစ်သည့် ဤသတ်မှတ်ချက်များကို ငါတို့ ကြည့်သည့်အခါ၊ ဘုရားသခင် ပြောဆိုပြီးသည့် စကားများအားလုံးထဲမှ၊ သူ ချမှတ်ထားသည့် တိကျသော ပြဋ္ဌာန်းချက်များအားလုံးထဲမှ၊ တစ်ခုတလေသည် အပိုဖြစ်သလော။ (မဖြစ်ပါ။) ထိုအရာများသည် အဓိပ္ပာယ်ရှိပါသလော။ ထိုအရာများတွင် တန်ဖိုး ရှိပါသလော။ (ရှိပါသည်။) ထိုအရာများကို လူတို့ လိုက်နာစောင့်ထိန်းသင့်သလော။ (စောင့်ထိန်းသင့်ပါသည်။) မှန်ပေ၏၊ လူတို့အနေဖြင့် ထိုအရာများကို စောင့်ထိန်းလိုက်နာသင့်ကြသည်။ ထိုအရာများကို စောင့်ထိန်းသည့် တစ်ချိန်တည်းတွင်၊ ရိုးရာယဉ်ကျေးမှုသည် ၎င်းတို့အား အယူဝါဒသွတ်သွင်းပြီးဖြစ်သည့် အသိပညာ ကြွယ်ဝပြီး အသိတရားရှိခြင်း၊ နူးညံ့သိမ်မွေ့ကာ ယဉ်ကျေးဖွယ်ရာ ဖြစ်ခြင်း၊ စသည်ကဲ့သို့သော အဆိုများကို ၎င်းတို့ စွန့်ပစ်သင့်သည်။ လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် ချမှတ်ပြီးဖြစ်သည့် သတ်မှတ်ချက် အသီးသီးကို ၎င်းတို့ လိုက်နာသင့်ပြီး၊ ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အတိအကျ ကျင့်ကြံပြုမူသင့်ကြပေသည်။ ဘုရားသခင် ချမှတ်ထားသည့် သတ်မှတ်ချက်များအားလုံးကို သေချာ လိုက်လျှောက်ခြင်းအားဖြင့် ပုံမှန်လူ့သဘာဝကို ၎င်းတို့ အသက်ရှင်နေထိုင်သင့်ပြီး၊ ပင်ကိုအားဖြင့်၊ လူများနှင့် အမှုအရာများကိုလည်း ဆန်းစစ်သင့်သည်၊ ဤသတ်မှတ်ချက်များနှင့်အညီ အတိအကျ ကျင့်ကြံပြုမူကာ လုပ်ဆောင်သင့်ကြပေသည်။ ဤသတ်မှတ်ချက်များသည် သမ္မာတရား၏ စံနှုန်းများကို မမီသော်လည်း၊ ဘုရားနှုတ်ကပတ်တော်များသာ ဖြစ်ပြီး၊ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များ ဖြစ်သောကြောင့်၊ လူတို့အပေါ် အပြုသဘောဆောင်ပြီး နိုးကြားထကြွသော ဦးဆောင်လမ်းပြခြင်း သက်ရောက်မှုတစ်ခု ရှိလေသည်။ သမ္မာတရား လိုက်စားခြင်းကို ငါ မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါသနည်း။ သမ္မာတရားကို စံသတ်မှတ်ချက်အဖြစ် ထားရှိပြီး ဘုရားနှုတ်ကပတ်တော်များနှင့်အညီ အပြည့်အဝ လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြံပြုမူပြီး လုပ်ဆောင်ခြင်း ဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များက အမှုအရာများစွာကို ခြုံငုံသည်။ တစ်ခါတစ်ရံ သူ့နှုတ်ကပတ်တော်များ၏ စကားရပ်တစ်ခုသည် သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ကိုယ်စားပြုသည်။ တစ်ခါတစ်ရံ သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ချပြရန် စကားရပ်အချို့ သို့မဟုတ် စာတစ်ပိုဒ် လိုအပ်ပေသည်။ တစ်ခါတစ်ရံတွင် သမ္မာတရား၏ လက္ခဏာရပ်တစ်ခုကို ဖော်ပြရန် အခန်းကြီးတစ်ခုလုံး လိုအပ်၏။ သမ္မာတရားသည် ရိုးရှင်းပုံရသော်လည်း၊ အမှန်တွင်၊ လုံးဝ မရိုးရှင်းပေ။ သာ၍ ကျယ်ပြန့်သည့် ဝေါဟာရဖြင့် သမ္မာတရားကို ဖော်ပြရလျှင်၊ ဘုရားသခင်သည် သမ္မာတရားဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များအားလုံးသည် သမ္မာတရားဖြစ်၏။ ဘုရားနှုတ်ကပတ်တော်များသည် မြားမြောင်ပြီး၊ အကြောင်းအရာများစွာကို ခြုံငုံမိကာ အားလုံးက သမ္မာတရား၏ ဖော်ပြချက်များ ဖြစ်သည်။ ဥပမာအားဖြင့်၊ ဘုရားသခင် ချခင်းထားပြီးဖြစ်သည့် ပညတ်တရားများနှင့် ပညတ်ချက်များအပြင်၊ ဤအသစ်သော ခေတ်တွင် ဘုရားသခင် ချမှတ်ထားပြီးဖြစ်သည့် အပြုအမူဆိုင်ရာ သတ်မှတ်ချက်များသည် အားလုံး ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။ ဤစကားများထဲမှအချို့သည် သမ္မာတရားအဆင့်သို့ မရောက်သော်လည်း၊ သမ္မာတရားအဖြစ် အရည်အချင်းမပြည့်မီသော်လည်း၊ ထိုစကားများသည် အပြုသဘောဆောင်သည့် အရာများဖြစ်သည်။ ထိုအရာများသည် လူ၏ အပြုအမူကို ချုပ်ထိန်းသည့် စကားများသာဖြစ်သော်လည်း၊ ထိုစကားများကို လူတို့ စောင့်ထိန်းရဦးမည်ဖြစ်သည်။ အနည်းဆုံးအနေဖြင့် လူတို့သည် ဤအပြုအမူမျိုးတို့ကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ ဤစံနှုန်းများကို မမီဘဲမနေရပေ။ ထို့ကြောင့်၊ လူများနှင့် အမှုအရာများအပေါ် လူတစ်ဦး၏ အမြင်များနှင့် ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ရပ်များသည် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များအပေါ် အခြေခံရမည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် လူတို့ လိုက်နာစောင့်ထိန်းသင့်ပေသည်။ ထိုအရာများသည် ဘုရားနှုတ်ကပတ်တော်များဖြစ်သောကြောင့် လူတိုင်းသည် ဘုရားနှုတ်ကပတ်တော်များအတိုင်း လူများနှင့် အမှုအရာများကို ရှုမြင်ကာ ကျင့်ကြုံပြုမူပြီး လုပ်ဆောင်သင့်ကြပေသည်။ ယင်းမှာ မှန်ကန်သည် မဟုတ်လော။ (မှန်ကန်ပါသည်။) ဤသို့သောအရာကို ယခင်က ငါ ပြောပြီးဖြစ်သည်။ ဘုရားသခင်သည် သူ ပြောပြီးသည့်အရာကို ရည်ရွယ်ပြီး၊ သူ၏ စကားများသည် ပြီးမြောက်လိမ့်မည်ဖြစ်ကာ သူ၏ စကားများ ပြီးမြောက်သည့်အရာသည် အစဉ်ထာဝရ တည်တံ့ပေသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ စကားများ မည်သည့်အခါမျှ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ထိုစကားများ အဘယ်ကြောင့် မပျောက်ကွယ်သနည်း။ အဘယ်ကြောင့်ဆိုသော် နှုတ်ကပတ်တော်မည်မျှကို ဘုရားသခင် ပြောဆိုသည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များကို ဘုရားသခင်က မည်သည့်အချိန်တွင် ပြောဆိုသည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်များအားလုံး သမ္မာတရားဖြစ်ပြီး လုံးဝ ပျောက်ကွယ်မသွားပေ။ ကမ္ဘာလောကသည် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်သည့်အချိန်တွင်ပင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ပြောင်းလဲလိမ့်မည်မဟုတ်သကဲ့သို့၊ ပျောက်ကွယ်သွားလိမ့်မည် မဟုတ်။ ဘုရားနှုတ်ကပတ်တော်များ ပျောက်ကွယ်မသွားဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်ပြီး သမ္မာတရားဖြစ်သည့် မည်သည့်အရာမဆိုသည် လုံးဝ ပြောင်းလဲလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ဘုရားသခင် ချမှတ်ပြီး ပြောဆိုသည့် ပညတ်တရားများနှင့် ပညတ်ချက်များအားလုံး၊ ပြီးလျှင် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်ထားသည့် တိကျသော သတ်မှတ်ချက်များအားလုံးသည် မည်သည့်အခါတွင်မျှ ပျောက်ပျက်သွားလိမ့်မည် မဟုတ်ပေ။ ဘုရားနှုတ်ကပတ်တော်များရှိ သတ်မှတ်ချက်တိုင်းသည် ဖန်ဆင်းခံလူသားမျိုးနွယ်အတွက် အကျိုးရှိ၏။ ထိုသတ်မှတ်ချက်များအားလုံးက လူ၏ အပြုအမူကို ထိန်းညှိပေးပြီး၊ ပုံမှန် လူ့သဘာဝကို အသက်ရှင်နေထိုင်ခြင်း၊ လူတို့ ကျင့်ကြံပြုမူသင့်ပုံနှင့် စပ်လျဉ်း၍ တည်ဆောက်စရာဖြစ်ကာ တန်ဖိုးရှိလေသည်။ ဤနှုတ်ကပတ်တော်များအားလုံးသည် လူတို့ကို ပြောင်းလဲပေးနိုင်ပြီး၊ စစ်မှန်သည့် လူသား ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်စေနိုင်သည်။ ဆန့်ကျင်ဖက်အနေဖြင့်၊ လူတို့သည် ဤဘုရားနှုတ်ကပတ်တော်များကို ငြင်းပယ်ပြီး၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင် ပြုလုပ်ပြီးဖြစ်သည့် သတ်မှတ်ချက်များကို ငြင်းပယ်ကာ၊ ထိုအစား၊ လူက ချမှတ်ထားသည့် အပြုအမူကောင်းနှင့်ပတ်သက်သော အဆိုများကို လိုက်နာစောင့်ထိန်းပါက၊ ၎င်းတို့သည် ကြီးမားသည့် အန္တရာယ်တွင် ရှိပေသည်။ ၎င်းတို့သည် လူ့သဘာဝနှင့် ဆင်ခြင်တုံတရားတို့ကို တိုး၍ ပိုင်ဆိုင်လာလိမ့်မည် မဟုတ်ရုံမက၊ ၎င်းတို့သည် တိုး၍ လှည့်ဖြားတတ်ကာ အယောင်ဆောင်ဖြစ်လာလိမ့်မည်ဖြစ်သည်။ ပြီးလျှင် ပိုပိုပြီး လိမ်လည်လှည့်စားနိုင်စွမ်း ရှိလာလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အသက်ရှင်နေထိုင်သည့် လူ့သဘာဝသည် ပိုပိုပြီး လိမ်လည်လှည့်စားမှု ပါရှိလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် အခြားလူများကို လှည့်စားလိမ့်မည်သာမက၊ ဘုရားသခင်ကိုလည်း လှည့်စားရန် ကြိုးစားကြလိမ့်မည်။
လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်သည့် တောင်းဆိုချက်များထဲတွင် “မိမိ၏မိဘများကို ရိုသေစွာပြုလော့”ဟူသည့် သတ်မှတ်ချက်ရှိ၏။ လူတို့သည် ပုံမှန်အားဖြင့် အခြားတောင်းဆိုချက်များနှင့် ပတ်သက်၍ မည်သည့် အတွေး၊ သို့မဟုတ် အယူအဆမျှ မရှိကြချေ။ သို့ဆိုလျှင် “မိမိ၏ မိဘများကို ရိုသေစွာပြုလော့”ဟူသည့် သတ်မှတ်ချက်နှင့်ပတ်သက်၍ သင်တို့၏ အတွေးများမှာ အဘယ်နည်း။ သင်တို့၏ အမြင်များနှင့် ဘုရားသခင် ပြောဆိုသည့် သမ္မာတရား စည်းမျဉ်းကြားတွင် ဆန့်ကျင်ကွဲလွဲမှုတစ်ခု ရှိသလော။ ဤအရာကို သင် ရှင်းလင်းစွာ မြင်နိုင်ပါက ကောင်းပေ၏။ သမ္မာတရားကို နားမလည်သူများ၊ စည်းမျဉ်းများကို မည်သို့ လိုက်လျှောက်ပြီး စကားများနှင့် အယူဝါဒများအား မည်သို့ လေပန်းရမည်ဆိုသည်ကိုသာ သိရှိသောသူတို့သည် ချင့်ချိန်နိုင်စွမ်း ကင်းမဲ့ကြသည်။ ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ ဖတ်ရှုသည့်အခါ လူ့အယူအဆများကို ၎င်းတို့ အမြဲ သိုဝှက်ထားကြသည်။ ဆန့်ကျင်ကွဲလွဲမှု အချို့ရှိသည်ဟု ၎င်းတို့ အမြဲ ခံစားကြပြီး သူ၏ နှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မမြင်နိုင်ကြပေ။ သမ္မာတရားကို သိနားလည်သောသူတို့မှာမူ ဘုရားနှုတ်ကပတ်တော်များ၌ မည်သည့် ဆန့်ကျင်ကွဲလွဲမှု တစ်ခုမျှ မတွေ့ကြ။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်ခြင်း ရှိပြီး သမ္မာတရားကို သဘောပေါက်နိုင်ကြသောကြောင့် သူ၏ နှုတ်ကပတ်တော်များသည် အလွန့်အလွန် ရှင်းလင်းသည်ဟု ၎င်းတို့ တွေးကြလေသည်။ တစ်ခါတစ်ရံ သင်တို့သည် ဘုရားနှုတ်ကပတ်တော်များကို ရှင်းလင်းစွာ မမြင်နိုင်သကဲ့သို့ မည်သည့် မေးခွန်းကိုမျှ သင်တို့ မမေးနိုင်ပေ။ သင်တို့သည် မည်သည့်မေးခွန်းမျှ မမေးပါက သင်တို့ထံတွင် မည်သည့် ပြဿနာမျှ မရှိသည့်အလား ထင်ရသော်လည်း စင်စစ်အားဖြင့် သင်တို့တွင် ပြဿနာများစွာနှင့် အခက်အခဲများစွာ ရှိသည်၊ ဤအရာကို သင်တို့ မသိခြင်းသာ ဖြစ်၏။ ဤအရာက သင်တို့၏ ဝိညာဉ်ရေး ရင့်ကျက်မှုသည် အလွန် သေးငယ်ကြောင်း ပြ၏။ ပထမဦးစွာ လူတို့သည် မိမိတို့၏ မိဘများကို ရိုသေစွာပြုရမည်ဟူသည့် ဘုရားသခင်၏ သတ်မှတ်ချက်ကို ကြည့်ကြစို့။ ဤသတ်မှတ်ချက်သည် မှန်သလော၊ မှားသလော။ လူတို့သည် ထိုအရာကို လိုက်နာစောင့်ထိန်းသင့်သလော၊ မစောင့်ထိန်းသင့်သလော။ (စောင့်ထိန်းသင့်ပါသည်။) ဤသည်မှာ သေချာ၏၊ ပြီးလျှင် ငြင်း၍ မရနိုင်ပေ။ ဤအရာနှင့်ပတ်သက်၍ ချီတုံချတုံဖြစ်ရန်၊ သို့မဟုတ် တွေးဆရန် မလိုပေ။ ဤသတ်မှတ်ချက်သည် မှန်ကန်၏။ ထိုအရာနှင့်ပတ်သက်၍ မည်သည့်အရာ မှန်ကန်သနည်း။ ဘုရားသခင်သည် အဘယ်ကြောင့် ဤသတ်မှတ်ချက်ကို ချမှတ်သနည်း။ ဘုရားသခင်ပြောသည့် “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သင်တို့ သိကြသလော။ သင်တို့ မသိကြချေ။ သင်တို့ အဘယ်ကြောင့် အမြဲ မသိကြသနည်း။ တစ်စုံတစ်ရာတွင် သမ္မာတရား ပါဝင်သရွေ့ ထိုအရာကို သင်တို့ မသိကြ။ သို့တိုင် သင်တို့သည် စကားများနှင့် အယူဝါဒများအကြောင်းကို မပြီးနိုင်မဆုံးနိုင် ပြောဆိုနိုင်ကြသည်။ ဤတွင် ပြဿနာမှာ အဘယ်နည်း။ သို့ဆိုလျှင် ဘုရားသခင်၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မည်သို့ လက်တွေ့လုပ်ဆောင်ကြသနည်း။ ဤအရာတွင် သမ္မာတရား မပါဝင်သလော။ (ပါဝင်ပါသည်။) “သင်၏ မိဘများကို သင် ရိုသေစွာပြုရမည်” ဟုဆိုသည့် ဘုရားနှုတ်ကပတ်တော် စကားရပ်တစ်ခုရှိသည်ကို သင်မြင်သည့်အခါ သင်က “ဘုရားသခင်သည် ငါ၏ မိဘများကို ရိုသေစွာပြုရန် ငါ့ကို စေခိုင်းနေသည်။ ထို့ကြောင့် သူတို့ကို ငါရိုသေစွာပြုရမည်”ဟု မိမိကိုယ်ကို သင် စဉ်းစားပြီး ဤအရာကို သင်စတင်လုပ်ဆောင်သည်။ သင်၏ မိဘများက သင့်ကို စေခိုင်းသည့် မည်သည့်အရာကိုမဆို သင် လုပ်ဆောင်သည်။ သင်၏ မိဘများ နာမကျန်းဖြစ်ကြသည့်အခါ ၎င်းတို့အတွက် သောက်စရာကို ငှဲ့ပေးရင်း၊ စားကောင်းမည့်အရာ တစ်ခုခုကို ချက်ပြုတ်ပေးရင်း ၎င်းတို့၏ အိပ်ရာဘေးတွင် ၎င်းတို့ကို သင် အလုပ်အကျွေးပြုပြီး အခါကြီးရက်ကြီးများတွင် သင်သည် သင်၏ မိဘများ နှစ်သက်သည့်အရာများကို လက်ဆောင်များအဖြစ် ဝယ်ပေးသည်။ ၎င်းတို့ မောပန်းနွမ်းနယ်သည်ကို မြင်သည့်အခါ ၎င်းတို့၏ ပခုံးကို ပွတ်ပေးပြီး၊ ၎င်းတို့၏ နောက်ကျေကို နှိပ်နယ်ပေးကာ ၎င်းတို့ ပြဿနာတစ်ခု ရှိသည့်အခါတိုင်းတွင် သင်သည် ထိုပြဿနာကို ဖြေရှင်းရန် ဖြေရှင်းချက်တစ်ခု စဉ်းစားပေးနိုင်သည်။ ဤအရာအားလုံးကြောင့် သင်၏ မိဘများသည် သင်နှင့်ပတ်သက်၍ အလွန် စိတ်ကျေနပ်ကြလေသည်။ သင်သည် ဘုရားနှုတ်ကပတ်တော်များအတိုင်း လက်တွေ့လုပ်ဆောင်ရင်းနှင့် ပုံမှန်လူ့သဘာဝကို အသက်ရှင်နေထိုင်ရင်း သင်၏ မိဘများကို ရိုသေစွာ ပြုနေခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်သည် စိတ်နှလုံးတွင် တည်ငြိမ်နေပြီး “ကြည့်ပါ၊ ငါ ဘုရားသခင်ကို စတင် ယုံကြည်ကတည်းက ပြောင်းလဲပြီးဖြစ်သည်ဟု ငါ့မိဘများက ပြောကြသည်။ ယခုတွင် သူတို့ကို ငါ ရိုသေစွာ ပြုနိုင်ပြီဖြစ်သလို ပိုပြီး ချင့်ချိန်စဉ်းစားနိုင်သည်ဟု သူတို့ ပြောကြသည်။ သူတို့ တကယ်ကို ကျေနပ်အားရကြပြီး ဘုရားသခင်ကို ယုံကြည်သော သားသမီးများသည် မိမိတို့၏ မိဘများကို ရိုသေစွာပြုရုံမက ဘဝတွင် မှန်ကန်သည့် လမ်းကြောင်းကိုလည်း လျှောက်ကာ လူသား ပုံသဏ္ဌာန်ဖြင့်လည်း အသက်ရှင်နေထိုင်ကြသောကြောင့်၊ သူတို့သည် ဘာသာတရားမရှိသူများထက် များစွာ ပိုကောင်းကြသောကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်းသည် ကောင်းမြတ်သည်ဟု ငါ့မိဘများက တွေးကြသည်။ ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် ငါသည် ဘုရားနှုတ်ကပတ်တော်များအတိုင်း စတင် လက်တွေ့လုပ်ဆောင်ပြီး သူ၏ သတ်မှတ်ချက်များအတိုင်း ပြုမူဆောင်ရွက်ပြီးဖြစ်ကာ ငါ့မိဘများသည် ငါ့၌ ဤပြောင်းလဲမှု မြင်ရသည်ကို တကယ် ဝမ်းသာကြသည်။ ငါသည် ကိုယ့်ကိုယ်ကိုယ် အလွန် ဂုဏ်ယူမိသည်။ ဘုရားသခင်ကို ငါ ဘုန်းအသရေ ယူဆောင်ပေးနေသည်။ ဘုရားသခင်သည် ငါနှင့်ပတ်သက်၍ ဧကန်မုချ စိတ်ကျေနပ်ခြင်းရှိလိမ့်မည်ဖြစ်ပြီး၊ ငါသည် မိမိ မိဘများကို ရိုသေစွာပြုပြီး သူတော်စင်ကျင့်ဝတ်ကို ပိုင်ဆိုင်သည်ဟု သူ ပြောလိမ့်မည်” ဟု တွေးလေသည်။ တစ်နေ့တွင် အခြားနေရာသို့သွား၍ ဧဝံဂေလိဖြန့်ဝေရန် သင့်အတွက် အသင်းတော်က စီစဉ်ပေးပြီး သင်သည် အချိန်အတော်ကြာ အိမ်မပြန်နိုင်မည့် အလားအလာရှိသည်။ သင်သည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဘေးဖယ်ထား၍မရဟု ခံစားရသဖြင့်၊ ပြီးလျှင် သင့်အနေဖြင့် အိမ်တွင် မိဘကို ရိုသေစွာ ပြုရမည်ဖြစ်ပြီး အိမ်ပြင်ပတွင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကိုလည်း ထိန်းသိမ်းရမည်ဟု သင် ယုံကြည်သဖြင့် သွားရန် သင် သဘောတူလေသည်။ သို့ရာတွင် ထိုကိစ္စကို သင်၏ မိဘများနှင့် သင် ဆွေးနွေးသည့်အခါ ၎င်းတို့သည် ဒေါသထွက်လာကြပြီး “မနာခံသည့် ကလေး။ သင့်ကို ကျွေးမွေးပြုစုရန် ငါတို့ အလွန် ကြိုးစားအားထုတ်ခဲ့ရပြီး ယခုတွင် သင်သည် ရုတ်တရက် ထွက်သွားတော့မည်။ သင် မရှိတော့သည့်အခါ အဘယ်သူသည် ငါတို့ကဲ့သို့ အိုမင်းသည့် လင်မယားနှစ်ဦးကို စောင့်ရှောက်မည်နည်း။ ငါတို့ မကျန်းမာလျှင်၊ သို့မဟုတ် ကပ်ဘေးတစ်မျိုးမျိုး ရှိလျှင် ငါတို့ကို ဆေးရုံသို့ အဘယ်သူ ခေါ်သွားမည်နည်း”ဟု ပြောလေသည်။ သင် ထွက်သွားမည်ကို သူတို့ သဘောမတူကြသကဲ့သို့ သင်က “ငါတို့ မိဘများကို ရိုသေစွာပြုရန် ဘုရားသခင် ပြောသော်လည်း ငါ့မိဘများကို ငါ့ကို ထွက်သွားခွင့် မပေးသလို ငါ၏ တာဝန်ကို လုပ်ဆောင်ခွင့်ကိုလည်း ပေးမည် မဟုတ်ပါ။ သူတို့ကို ငါနာခံမည်ဆိုလျှင် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ငါဘေးဖယ်ရမည်ဖြစ်ပြီး ဘုရားသခင်က ထိုအရာကို နှစ်သက်မည်မဟုတ်ပါ။ သို့ရာတွင် ဘုရားသခင်ကို နာခံပြီး ငါ၏ တာဝန်ကို ငါသွားလုပ်ဆောင်မည်ဆိုလျှင် ငါ၏ မိဘများက ဝမ်းနည်းကြလိမ့်မည်။ မည်သည့်အရာကို ငါ လုပ်ဆောင်သင့်သနည်း”ဟု စိုးရိမ်မိလေသည်။ သင်က “လူတို့အနေဖြင့် ဦးစွာပထမ မိမိတို့၏ မိဘများကို ရိုသေစွာပြုရမည်ဟူသည့် သတ်မှတ်ချက်ကို ဘုရားသခင် ချမှတ်သည့်အတွက် ထိုတောင်းဆိုချက်ကို ငါ ထိန်းသိမ်းမည်။ ငါ ထွက်သွားပြီး ငါ၏ တာဝန်ကို လုပ်ဆောင်ရန် မလိုပါ”ဟု တွေးဆပြီးရင်း တွေးဆလေသည်။ သင်၏ တာဝန်ကို သင် ဘေးဖယ်လိုက်ပြီး အိမ်တွင်သာ သင်၏ မိဘများကို ရိုသေစွာပြုရန် သင် ရွေးချယ်လိုက်သော်လည်း စိတ်နှလုံးတွင် တည်ငြိမ်မှု မခံစားရပါ။ သင်၏ မိဘများကို သင် ရိုသေစွာပြုပြီးဖြစ်သော်လည်း သင်၏ တာဝန်ကို သင်ဖြည့်ဆည်းခြင်း မရှိသေးဟု သင် ခံစားရပြီး ဘုရားသခင်ကို စိတ်ပျက်စေမိပြီဟု သင် တွေးမိသည်။ ဤပြဿနာကို မည်သို့ ဖြေရှင်းနိုင်သနည်း။ တစ်နေ့တွင် သမ္မာတရားကို သင် နားလည်ပြီး သင်၏ တာဝန်ကို လုပ်ဆောင်ခြင်းသည် အရေးကြီးဆုံးသော အရာဖြစ်ကြောင်း သဘောပေါက်သည်အထိ ဘုရားသခင်ထံ သင် ဆုတောင်းပြီး သမ္မာတရားကို ရှာဖွေသင့်ပေသည်။ ထို့နောက်တွင် သင်သည် အိမ်ကို အလိုအလျောက် စွန့်ခွာနိုင်လိမ့်မည်ဖြစ်ပြီး သင်၏ တာဝန်ကို လုပ်ဆောင်နိုင်လိမ့်မည်။ လူအချို့က “ဘုရားသခင်က ကျွန်ုပ်၏ တာဝန်ကို လုပ်ဆောင်စေချင်ပြီး ကျွန်ုပ်၏ မိဘများကိုလည်း ရိုသေစွာပြုစေချင်သည်။ ဤတွင် ဆန့်ကျင်ကွဲလွဲမှုနှင့် ကွဲပြားမှုတစ်ခု ရှိသည် မဟုတ်လော။ ကျွန်ုပ် အဘယ်သို့များ လက်တွေ့လုပ်ဆောင်သင့်သနည်း”ဟု ဆိုကြသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်တစ်ခု ဖြစ်သော်လည်း ဘုရားသခင်နောက်လိုက်ရန် အရာရာကို စွန့်လွှတ်ခြင်းနှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးပြည့်စုံစေခြင်းတို့သည် ဘုရားသခင်၏ သတ်မှတ်ချက် မဟုတ်သလော။ ဤသည်မှာ ဘုရားသခင် တောင်းဆိုသည့်အရာ သာ၍ပင် မဟုတ်လော။ သာ၍ပင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသတ်မှတ်ချက်နှစ်ခု တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေပါက သင်မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ လူအချို့က “ဤသို့ဆိုလျှင် ကျွန်ုပ်၏ မိဘများကို ကျွန်ုပ် ရိုသေစွာပြုပြီး ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ပြီးပြည့်စုံစေရမည်ဖြစ်ကာ ဘုရားနှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရမည်ဖြစ်သည်။ ကောင်းပြီ၊ ယင်းမှာ လွယ်ကူပါသည်။ အိမ်တွင် အရာရာကို ကျွန်ုပ် ပြီးပြတ်စေမည်၊ ကျွန်ုပ် မိဘများ၏ နေထိုင်ရေး လိုအပ်ချက်များအားလုံးကို ပြင်ဆင်ပေးမည်၊ သူနာပြုတစ်ဦးကို ငှားပြီးနောက် ကျွန်ုပ်၏ တာဝန်ကို သွားထမ်းဆောင်ပါမည်။ တစ်ပတ်လျှင် တစ်ကြိမ် ကျွန်ုပ် ပြန်ဖြစ်အောင် ပြန်လာမည်။ ကျွန်ုပ်၏ မိဘများ အဆင်ပြေမပြေကို ကျွန်ုပ် စစ်ဆေးမည်ဖြစ်ပြီး ထို့နောက်တွင် ပြန်မည်ဖြစ်သည်။ တစ်စုံတစ်ရာ လွဲချော်လျှင် နှစ်ရက်ကြာ ကျွန်ုပ် နေလိုက်မည်။ သူတို့နှင့် ကျွန်ုပ် အမြဲ ဝေးနေပြီး လုံးဝ ပြန်မလာဘဲ နေ၍မရသကဲ့သို့ အိမ်တွင် အစဉ်အမြဲ နေကာ ကျွန်ုပ်တာဝန်ကို လုံးဝ သွားမလုပ်ဘဲ နေ၍မရပါ။ ဤသည်မှာ နယ်ပယ်နှစ်ခုလုံးအတွက် အကောင်းဆုံးသောအရာ ဖြစ်သည် မဟုတ်ပါလား”ဟု ဆိုကြသည်။ ဤဖြေရှင်းချက်ကို သင် အဘယ်သို့ ထင်သနည်း။ (အလုပ်ဖြစ်မည်မဟုတ်ပါ။) ယင်းသည် စိတ်ကူးတစ်ခု ဖြစ်သည်။ လက်တွေ့ကျခြင်း မရှိပေ။ ထို့ကြောင့် ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ သမ္မာတရားနှင့်အညီ သင် မည်သို့ အတိအကျ ပြုမူဆောင်ရွက်သင့်သနည်း။ (သစ္စာစောင့်သိခြင်း၊ သားသမီးဝတ်တို့နှင့် ပတ်သက်လာသည့်အခါ နယ်ပယ်နှစ်ခုလုံးတွင် တာဝန်ကျေပွန်ရန် အစွမ်းကုန် ကြိုးစားဖို့ဟူသည်မှာ မဖြစ်နိုင်ပါ။ ကျွန်ုပ်၏ တာဝန်ကို ဦးစားပေးရမည်ဖြစ်သည်။) ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် ပြောဆိုခဲ့ပြီး ထို့နောက်တွင် သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းတို့နှင့် စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို လူတို့အတွက် ဘုရားသခင် ချမှတ်လေသည်။ ဤအရာများထဲမှ မည်သည့်အရာကို သင် လိုက်နာစောင့်ထိန်းသင့်သနည်း။ (သာ၍ မြင့်မားသော သတ်မှတ်ချက်များ ဖြစ်သည်။) သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်ခြင်းသည် သင့်တင့်လျောက်ပတ်သလော။ သမ္မာတရားကို သာ၍ မြင့်မားပြီး သာ၍ နိမ့်ကျသော သမ္မာတရားများအဖြစ်၊ သို့မဟုတ် သာ၍ သစ်လွင်ပြီး သာ၍ အိုဟောင်းသော သမ္မာတရားများအဖြစ် ခွဲခြား၍ရနိုင်သလော။ (မရနိုင်ပါ။) ထို့ကြောင့် သမ္မာတရားကို သင် လက်တွေ့လုပ်ဆောင်သည့်အခါ မည်သည့်အရာအတိုင်း သင် လက်တွေ့လုပ်ဆောင်သင့်သနည်း။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ (စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းဖြစ်သည်။) စည်းမျဉ်းများအတိုင်း အမှုကိစ္စများကို ကိုင်တွယ်ခြင်းသည် အရေးအကြီးဆုံးသော အရာဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် မတူကွဲပြားသည့် အချိန်များ၊ နေရာများ၊ ပတ်ဝန်းကျင်များနှင့် ဆက်စပ်အကြောင်းအရာများ၌ ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အမှုအရာများအတွက် စည်းမျဉ်းများကို ခေါင်းမာမာဖြင့် ကျင့်သုံးခြင်းအကြောင်း မဟုတ်ပေ။ သမ္မာတရား စည်းမျဉ်းများကို ထိန်းသိမ်းခြင်းအကြောင်း ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဟု ဆိုလိုသည့်အရာ ဖြစ်သည်။ ထို့ကြောင့် ဘုရားနှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် ဘုရားသခင် ချမှတ်သည့် သတ်မှတ်ချက်များကို လိုက်နာစောင့်ထိန်းခြင်းတို့ကြား တကယ်ကို ကွဲလွဲဆန့်ကျင်မှု မရှိပေ။ သာ၍ ခိုင်မာစွာပြောရလျှင် သင်၏ မိဘများကို ရိုသေစွာပြုခြင်းနှင့် သင့်ကို ဘုရားသခင် ပေးထားသည့် စေခိုင်းချက်နှင့် တာဝန်ကို ပြီးပြည့်စုံစေခြင်းတို့ကြားတွင် ကွဲလွဲဆန့်ကျင်မှု လုံးဝ မရှိပေ။ ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ လတ်တလော နှုတ်ကပတ်တော်များနှင့် သတ်မှတ်ချက်များ ဖြစ်သနည်း။ ဤမေးခွန်းကို သင် ဦးစွာပထမ စဉ်းစားသင့်သည်။ ဘုရားသခင်သည် မတူကွဲပြားသော လူတို့ထံမှ မတူကွဲပြားသောအရာများကို တောင်းဆို၏။ ၎င်းတို့အတွက် ကွဲပြားသော သတ်မှတ်ချက်များ သူ့ထံတွင် ရှိသည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များအဖြစ် အစေခံသောသူတို့သည် ဘုရားသခင်၏ ခေါ်ခြင်းခံရပြီးဖြစ်သောကြောင့် ၎င်းတို့ စွန့်လွှတ်ရမည်ဖြစ်ပြီး မိမိတို့၏ မိဘများကို ရိုသေစွာပြုလျက် အတူ နေ၍မရပေ။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံပြီး သူ့နောက်လိုက်ရန် အရာရာကို စွန့်လွှတ်သင့်သည်။ ဤသည်မှာ အခြေအနေတစ်မျိုး ဖြစ်သည်။ ပုံမှန်နောက်လိုက်များသည် ဘုရားသခင်၏ ခေါ်ခြင်းမခံရသေးသောကြောင့် မိမိတို့၏ မိဘများနှင့်အတူ နေပြီး ၎င်းတို့ကို ရိုသေစွာပြုနိုင်သည်။ ဤအရာကို လုပ်ဆောင်ခြင်းအတွက် ဆုလာဘ်များမရှိသကဲ့သို့ ရလဒ်တစ်ခုအနေဖြင့် မည်သည့် ကောင်းချီးမျှ ရရှိကြလိမ့်မည် မဟုတ်။ သို့သော် ၎င်းတို့သည် သားသမီးဝတ်ကို မပြပါက လူ့သဘာဝ ကင်းမဲ့ကြပေသည်။ အမှန်တွင် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် တာဝန်ဝတ္တရားတစ်မျိုးသာ ဖြစ်ပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ စံကို မမီပေ။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းဖြစ်သည်။ ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခုမှာ ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို လက်ခံခြင်းဖြစ်ပြီး ဘုရားသခင်၏ နောက်လိုက်များ ဖြစ်သောသူတို့မှာ မိမိတို့တာဝန်များကို လုပ်ဆောင်ရန် အရာရာကို စွန့်လွှတ်သောသူများ ဖြစ်သည်။ အနှစ်ချုပ်လျှင် သင့်ရှေ့တွင် ရှိနေသည့် အရေးအကြီးဆုံးသော အလုပ်မှာ သင်၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ ယင်းမှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းဖြစ်ပြီး ဘုရားသခင်ကို ကျိုးနွံနာခံခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် ယခု လူတို့ အဓိကအားဖြင့် လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရားမှာ အဘယ်နည်း။ (မိမိတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်ပါသည်။) မှန်ပေ၏၊ မိမိတာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း ဖြစ်သည်။ လူတစ်ဦးသည် မိမိတာဝန်ကို ရိုးသားစစ်မှန်စွာ ထမ်းဆောင်ခြင်းမရှိပါက ၎င်းတို့သည် အလုပ်လုပ်ပေးနေခြင်းသာ ဖြစ်သည်။
မည်သည့်မေးခွန်းကို ယခ ငါတို့ ဆွေးနွေးနေခဲ့ကြသနည်း။ (ဘုရားသခင်သည် လူတို့အား မိမိတို့၏ မိဘများကို ဦးစွာပထမ ရိုသေစွာပြုရန် တောင်းဆိုပြီးနောက် သမ္မာတရားကို သူတို့ လက်တွေ့လုပ်ဆောင်ခြင်း၊ မိမိတို့တာဝန်များကို ထမ်းဆောင်ခြင်းနှင့် ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်ခြင်းနှင့်စပ်လျဉ်း၍ သာ၍ မြင့်မားသော သတ်မှတ်ချက်များကို သူ ချမှတ်သည်။ ထို့ကြောင့် မည်သည့်အရာတစ်ခုကို လူတို့က ဦးစွာပထမ လိုက်နာစောင့်ထိန်းသင့်သနည်းဟူ၍ ဖြစ်ပါသည်။) လူတို့သည် သာ၍ မြင့်မားသော သတ်မှတ်ချက်များအတိုင်း လက်တွေ့လုပ်ဆောင်သင့်သည်ဟုသာ သင်တို့ ဆိုခဲ့ကြသည်။ အယူအဆဆိုင်ရာ အဆင့်တစ်ခုအနေဖြင့်၊ ဤအဆိုသည် မှန်ကန်၏။ အယူအဆဆိုင်ရာ အဆင့်တစ်ခုအနေဖြင့် မှန်ကန်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ ဤသည်မှာ သင်သည် ဤကိစ္စရပ်အတွက် စည်းမျဉ်းများနှင့် ပုံသေနည်းများကို အသုံးပြုမည်ဆိုပါက၊ ဤမေးခွန်းသည် မှန်ကန်ပေမည်။ သို့ရာတွင် လူတို့သည် တကယ့် ဘဝနှင့် ရင်ဆိုင်ရသည့်အခါ၊ ဤအဆိုသည် မကြာခဏ အလုပ်မဖြစ်နိုင်သကဲ့သို့ ဆောင်ရွက်ရန် ခက်ခဲလေသည်။ ထို့ကြောင့်၊ ဤမေးခွန်းကို မည်သို့ တုံ့ပြန်သင့်သနည်း။ ပထမဦးစွာ၊ သင် ရင်ဆိုင်ရသည့် အခြေအနေနှင့်ရှင်သန်နေထိုင်သည့် ပတ်ဝန်းကျင်၊ ပြီးလျှင် သင် ရှိသည့် ဆက်စပ်အခြေအနေတို့ကို ကြည့်သင့်သည်။ သင်၏ အသက်ရှင်မှု ပတ်ဝန်းကျင်နှင့် သင့်ကိုယ်သင် တွေ့ရှိရသည့် ဆက်စပ်အခြေအနေပေါ် အခြေခံ၍၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို သင် ပြီးပြည့်စုံစေခြင်းအပြင် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းတို့နှင့် ဆန့်ကျင်ကွဲလွဲမှုမရှိပါက၊ သို့မဟုတ် တစ်နည်းအားဖြင့်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းသည် သင်၏တာဝန်အပေါ် သင်၏ သစ္စာစောင့်သိသော ဆောင်ရွက်ချက်တို့ကို သက်ရောက်မှုမရှိပါက၊ နှစ်ခုလုံးကို တစ်ချိန်တည်း သင် လက်တွေ့လုပ်ဆောင်နိုင်သည်။ သင့်အနေဖြင့် သင်၏ မိဘများနှင့် သတ်သတ်မှတ်မှတ် ကွဲကွာနေရန် မလိုအပ်သကဲ့သို့၊ ၎င်းတို့ကို တရားဝင် စွန့်လွှတ် သို့မဟုတ် ငြင်းပယ်ရန် မလိုအပ်ပေ။ မည်သည့်အခြေအနေတွင် ဤအရာကို ကျင့်သုံးရသနည်း။ (မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတာဝန်ကို ထမ်းဆောင်ခြင်းနှင့် ဆန့်ကျင်ကွဲလွဲမှု မရှိသည့်အချိန်တွင် ဖြစ်ပါသည်။) မှန်ပေ၏။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများသည် ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားရန် မကြိုးစားသကဲ့သို့၊ ၎င်းတို့သည်လည်း ယုံကြည်သူများဖြစ်ပြီး၊ သင်၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန်နှင့် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းရန် သင့်အား အမှန်တကယ် ထောက်ပံ့ပြီး အားပေးပါက၊ သင်၏ မိဘများနှင့် သင်၏ ဆက်ဆံရေးသည် ပုံမှန် စကားသဘောအရ ဆွေမျိုးများကြား ဇာတ ပကတိဆက်ဆံရေးတစ်ခုမဟုတ်သကဲ့သို့၊ အသင်းတော်၏ ညီအစ်ကို မောင်နှမများကြား ဆက်ဆံရေးတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အသင်းတော်၏ ညီအစ်ကို မောင်နှမများအဖြစ် ဆက်ဆံခြင်းအပြင်၊ ၎င်းတို့အတွက် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်အနည်းငယ်ကိုလည်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သင်သည် ၎င်းတို့ကို အပိုထပ်ဆောင်း အလေးထားမှုပြရမည်။ သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ဆိုလိုသည်မှာ၊ သင်၏ စိတ်နှလုံးသည် ၎င်းတို့၏ ဘောင်ခတ်ခြင်းမခံရသရွေ့၊ ၎င်းတို့ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးရန်နှင့် ၎င်းတို့အတွက် အလေးထားမှု အနည်းငယ် ပြရန် သင်၏ မိဘများကို သင် ဖုန်းခေါ်ဆိုနိုင်သည်။ ၎င်းတို့ကို အနည်းငယ်သော အခက်အခဲများအား သင် ကူညီဖြေရှင်းပေးနိုင်ပြီး၊ ၎င်းတို့၏ ဘဝ ပြဿနာအချို့ကို ကူညီကိုင်တွယ်ပေးနိုင်ကာ ၎င်းတို့၏ အသက်ဝင်ရောက်မှုအရ ၎င်းတို့တွင်ရှိသည့် အခက်အခဲအချို့ကိုပင် သင် ကူညီဖြေရှင်းပေးနိုင်သည်။ ဤအရာအားလုံးကို သင် လုပ်ဆောင်နိုင်သည်။ တစ်နည်းအားဖြင့်၊ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ပိတ်ဆို့ခြင်းမရှိပါက၊ ၎င်းတို့နှင့် ဤဆက်ဆံရေးကို သင် ထိန်းသိမ်းသင့်ပြီး၊ ၎င်းတို့အတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းသင့်သည်။ သင်သည် ၎င်းတို့အတွက် အဘယ်ကြောင့် အလေးထားမှု ပြသင့်သနည်း၊ ၎င်းတို့ကို စောင့်ရှောက်ကာ နေကောင်းကျန်းမာခြင်းရှိသလားဆိုသည်ကို မေးမြန်းသင့်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်သည် ၎င်းတို့၏ ကလေးဖြစ်ပြီး ၎င်းတို့နှင့် ဤဆက်နွှယ်မှုရှိသောကြောင့်ဖြစ်သည်။ သင့်ထံတွင် အခြားသော တာဝန်အမျိုးအစား ရှိပြီး၊ ဤတာဝန်ကြောင့်၊ ၎င်းတို့ကို အနည်းငယ် သာ၍ သာကြောင်းမာကြောင်း သတင်းမေးရမည်ဖြစ်ပြီး၊ သာ၍ ထိရောက်သော အကူအညီကို ၎င်းတို့အား ပေးရမည်ဖြစ်သည်။ ထိုအရာက သင်၏ တာဝန်ထမ်းဆောင်မှုကို မထိခိုက်သရွေ့၊ ပြီးလျှင် သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုနှင့် သင်၏ တာဝန် ထမ်းဆောင်မှုတို့ကို မတားဆီး၊ မနှောင့်ယှက်သကဲ့သို့ သင့်ကို ဆွဲလည်းဆွဲမထားသရွေ့၊ ၎င်းတို့အတွက် သင်၏ တာဝန်ကို ဖြည့်ဆည်းခြင်းသည် သဘာဝကျပြီး သင့်တော်ကာ၊ ဤအရာကို သင်၏ အသိစိတ်က သင့်ကို အပြစ်မတင်သည့် အတိုင်းအတာထိ သင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဤသည်မှာ သင် ပြည့်မီရမည့် အနိမ့်ဆုံး စံနှုန်း ဖြစ်သည်။ သင့်အခြေအနေများ၏ သက်ရောက်မှုနှင့် အဟန့်အတားများကြောင့် အိမ်တွင်ရှိသော သင်၏ မိဘများကို သင် ရိုသေစွာမပြုနိုင်ပါက၊ ဤစည်းမျဉ်းကို သင် ထိန်းသိမ်းရန် မလိုအပ်ပေ။ သင်သည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ဝန်ခံပြီး၊ သူ၏ အစီအစဉ်များကို ကျိုးနွံနာခံသင့်ကာ သင်၏ မိဘများကို ရိုသေစွာပြုခြင်းအား မရမကလုပ်ဆောင်ရန် မလိုအပ်ပေ။ ဘုရားသခင်က ဤအရာကို ရှုတ်ချပါသလော။ ဘုရားသခင်က ဤအရာကို မရှုတ်ချပေ။ သူသည် လူတို့အား ဤအရာကို အတင်အဓမ္မ မလုပ်ဆောင်စေပေ။ ယခု မည်သည့်အရာကို ငါတို့ မိတ်သဟာယပြုနေကြပါသနည်း။ လူတို့အနေဖြင့် မိမိတို့၏ မိဘများကို ရိုသေစွာပြုခြင်းသည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းနှင့် ကွဲလွဲဆန့်ကျင်သည့်အခါ မည်သို့ လက်တွေ့လုပ်ဆောင်သင့်သည်ဆိုသည်နှင့်ပတ်သက်၍ ငါတို့ မိတ်သဟာယ ပြုနေကြခြင်း ဖြစ်သည်။ ငါတို့သည် လက်တွေ့လုပ်ဆောင်မှုနှင့် သမ္မာတရား၏ စည်းမျဉ်းများကို မိတ်သဟာယပြုနေကြခြင်း ဖြစ်သည်။ သင့်အနေဖြင့် မိမိ၏ မိဘများကို ရိုသေစွာပြုရန် တာဝန်တစ်ခု ရှိပြီး၊ အခြေအနေများက အခွင့်ပေးပါက၊ ဤတာဝန်ကို ဖြည့်ဆည်းနိုင်သော်လည်း၊ သင်၏ စိတ်ခံစားမှုများဖြင့် သင် ဘောင်ခတ်မခံသင့်ပေ။ ဥပမာအားဖြင့်၊ သင်၏ မိဘများထဲမှ တစ်ဦးသည် နာမကျန်းဖြစ်ပြီး၊ ဆေးရုံသွားရမည်ဖြစ်ကာ သူတို့ကို စောင့်ရှောက်ရန် မည်သူမျှမရှိသကဲ့သို့ သင်သည် အိမ်ပြန်ဖို့ရန်မှာ မိမိတာဝန်နှင့် အလုပ်အလွန်များပါက၊ မည်သည့်အရာကို သင် လုပ်ဆောင်သင့်သနည်း။ ဤကဲ့သို့သော အချိန်များတွင်၊ သင်၏ စိတ်ခံစားချက်များဖြင့် သင် ဘောင်ခတ်ခံ၍ မရနိုင်ပေ။ ထိုကိစ္စနှင့်ပတ်သက်၍ သင် ဆုတောင်းသင့်သည်၊ ဘုရားသခင်ထံ အပ်နှံပြီး ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများအတိုင်း ဖြစ်စေသင့်သည်။ ဤသည်မှာ သင် ရှိသင့်သည့် သဘောထားမျိုး ဖြစ်သည်။ ဘုရားသခင်က သင့်မိဘများ၏ အသက်ကို ယူဆောင်လိုပြီး၊ သင့်ထံမှ ၎င်းတို့ကို သိမ်းယူသွားလိုပါက၊ သင် ကျိုးနွံနာခံသင့်ဆဲ ဖြစ်သည်။ လူအချို့က၊ “ကျွန်ုပ် ကျိုးနွံနာခံပြီးဖြစ်သော်လည်း၊ စိတ်မချမ်းမြေ့ဖြစ်နေဆဲဖြစ်ပြီး၊ ထိုအကြောင်းကို ရက်ချီပြီး ကျွန်ုပ် ငိုကြွေးနေမိခဲ့သည်။ ဤသည်မှာ စိတ်ခံစားမှုတစ်ခု မဟုတ်လော”ဟု ဆိုကြသည်။ ဤသည်မှာ စိတ်ခံစားမှုတစ်ခု မဟုတ်၊ လူသား၏ ကြင်နာသနားခြင်း ဖြစ်သည်။ လူ့သဘာဝကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး ဘုရားသခင်က ထိုအရာကို မရှုတ်ချပေ။ သင် ငိုကြွေးနိုင်သည်၊ သို့သော် ရက်အတော်ကြာ သင် ငိုကြွေးပြီး၊ မအိပ်နိုင် မစားနိုင်ဖြစ်ကာ သင်၏ တာဝန်ကို လုပ်ဆောင်လိုစိတ်မရှိသကဲ့သို့၊ အိမ်ကို သွားပြီး သင့်မိဘများထံ သွားကြည့်လိုစိတ်ပင်ရှိပါက၊ သင်၏ တာဝန်ကို သင် ကောင်းစွာ မလုပ်ဆောင်နိုင်သကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောငခြင်း မရှိပေ။ ယင်းမှာ သင်သည် မိမိ၏ မိဘများကို ရိုသေစွာပြုခြင်းအားဖြင့် မိမိတာဝန်များကို ဖြည့်ဆည်းနေခြင်း မရှိ၊ မိမိ၏ စိတ်ခံစားမှုများအလယ် အသက်ရှင်နေခြင်းဖြစ်သည်ဟု ဆိုလိုပေသည်။ သင်သည် မိမိ၏ စိတ်ခံစားမှုများအလယ် အသက်ရှင်နေစဉ် မိမိ၏ မိဘများကို ရိုသေစွာပြုပါက၊ သင်သည် ဘုရားသခင်၏ စေခိုင်းချက်တာဝန်ကို စွန့်ပစ်ပြီးဖြစ်ကာ ဘုရားသခင်၏ လမ်းခရီးကို လိုက်လျှောက်သည့်သူတစ်ဦး မဟုတ်သောကြောင့်၊ သင်သည် သင်၏ တာဝန်များကို ဖြည့်ဆည်းနေခြင်း မဟုတ်သကဲ့သို့ ဘုရားနှုတ်ကပတ်တော်များကို လိုက်နာစောင့်ထိန်းနေခြင်း မဟုတ်ပေ။ ဤအခြေအနေမျိုးကို သင် ကြုံရသည့်အခါ၊ သင်၏ တာဝန်ကို နှောင့်နှေးမှု မဖြစ်စေပါက၊ သို့မဟုတ် သင့်တာဝန်ိုအပေါ် သစ္စာရှိစွာ ထမ်းဆောင်ခြင်းအား သက်ရောက်မှုမရှိပါက၊ သင်၏ မိဘများကို သားသမီးဝတကို ပြရန်အလို့ငှာ သင် လုပ်ဆောင်နိုင်သည့် အရာအချို့ကို လုပ်ဆောင်နိုင်ပြီး၊ ဖြည့်ဆည်းနိုင်စွမ်းရှိသည့် တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပေသည်။ အနှစ်ချုပ်လျှင် ဤသည်မှာ လူ့သဘာဝ အတိုင်းအတာအတွင်းတွင် လူတို့ လုပ်ဆောင်သင့်သည့်အရာဖြစ်ပြီး၊ လုပ်ဆောင်နိုင်စွမ်းရှိသည့် အရာဖြစ်သည်။ သင့်စိတ်ခံစားမှုများဖြင့် သင် ပိတ်မိနေပြီး၊ ဤအရာက သင့်တာဝန် ထမ်းဆောင်မှုကို ကြန့်ကြာစေပါက၊ ယင်းမှာ ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် လုံးဝ ဆန့်ကျင်ပေသည်။ သင် ထိုသို့လုပ်ဆောင်ဖို့ ဘုရားသခင်က မည်သည့်အခါတွင်မျှ မလိုအပ်ခဲ့ပေ။ သင့်မိဘများအတွက် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ ဘုရားသခင် တောင်းဆိုသည်၊ ထိုမျှသာ ဖြစ်သည်။ ယင်းမှာ သားသမီးဝတှု ရှိခြင်းကို ဆိုလိုသောအရာ ဖြစ်သည်။ ဘုရားသခင်က “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”အပေါ် ပြောဆိုသည့်အခါ၊ ထိုအတွက် ဆက်စပ်အခြေအနေတစ်ခု ရှိ၏။ သင်သည် အခြေအနေမျိုးစုံအောက်တွင် စွမ်းဆောင်ရရှိနိုင်သည့် တာဝန်အနည်းငယ်ကိုသာ ဖြည့်ဆည်းရန် လိုအပ်၏၊ ထိုမျှသာ ဖြစ်သည်။ သင်၏ မိဘများ စိုးရိမ်ဖွယ် နာမကျန်းဖြစ်ခြင်း သို့မဟုတ် သေဆုံးခြင်း ရှိမရှိဆိုသည်အတွက်မူ၊ ဤအရာများကို ဆုံးဖြတ်ရန်မှာ သင့်သဘောအတိုင်း ဖြစ်ပါသလော။ ၎င်းတို့၏ ဘဝများ မည်သို့ဖြစ်သည်၊ မည်သည့်အချိန်တွင် ၎င်းတို့ သေသည်၊ မည်သည့် ရောဂါကြောင့် ၎င်းတိသေသည်၊ သို့မဟုတ် မည်သို့ သေကြသည်ဆိုသည့် ဤအရာများသည် သင်နှင့် ပတ်သက်မှု တစ်ခုတလေ ရှိပါသလော။ (မရှိပါ။) ထိုအရာများသည် သင်နှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိပေ။ လူအချို့က၊ “ကျွန်ုပ်၏ မိဘများကို ကျွန်ုပ် ရိုသေစွာ ပြုနိုင်ရန်အလို့ငှာ ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဖြည့်ဆည်းရမည်။ အထူးသဖြင့် ကင်ဆာ သို့မဟုတ် သေနိုင်လောက်သည့် ရောဂါတစ်မျိုးမျိုးဖြင့် သူတို့ နာမကျန်းမဖြစစေရန် ကျွန်ုပ် သေချလုပ်ရမည်။ သူတို့ အသက် ၁၀၀ အထိ အသက်ရှင်ိုရဖို့ သေချာအောင် ကျွန်ုပ်လုပ်ဆောင်ရမည်။ ထို့နောက်တွင်မှ သူတို့အတွက် ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် အမှန်တကယ် ဖြည့်ဆည်းပြီး ဖြစ်လိမ့်မည်”ဟု ဆိုကြသည်။ ဤလူများသည် အဓိပ္ပာယ်မရှိသည့် လူစားမျိုးများ ဖြစ်ကြသည် မဟုတ်လော။ ဤသည်မှာ ရှင်းလင်းစွာပင် လူ၏ စိတ်ကူးသာဖြစ်ပြီး၊ ဘုရားသခင်၏ တောင်းဆိုချက် လုံးဝ မဟုတ်ပေ။ သင့်အနေဖြင့် အသက် ၁၀၀ အထိ အသက်ရှင်နိုင်ခြင်း ရှိမရှိဆိုသည်ကိုပင် သင် မသိသကဲ့သို့၊ သို့တိုင် သင်၏ မိဘများကို ထိုအသက်အရွယ်ထိ အသက်ရှင်ရန် သင် တောင်းဆိုနေသည်။ ယင်းမှာ အရူးတစယောက်၏ အိမ်မက်ဖြစ်သည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”ကို ဘုရားသခင် ပြောဆိုသည့်အခါ၊ ပုံမှန် လူ့သဘာဝ နယ်ပယ်အတွင်းတွင် ကျရောက်သည့် သင်၏ တာဝန်များကို ဖြည့်ဆည်းရန်သာ သူ သင့်ကို တောင်းဆိုနေခြင်း ဖြစ်သည်။ သင်၏ မိဘများကို သင် မနှိပ်စက်သရွေ့၊ သို့မဟုတ် သင်၏ အသိစိတ်နှင့် ကိုယ်ကျင့်တရားတို့ကို ဆန့်ကျင်သည့် အရာတစ်ခုတလေကို သင် မလုပ်ဆောင်သရွေ့၊ ယင်းမှာ လုံလောက်ပေသည်။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီသည် မဟုတ်လော။ (ကိုက်ညီပါသည်။) ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို သင်၏ မိဘများက ဟန့်တားသည့် ကိစ္စ၊ ၎င်းတို့၏ သဘာဝ အနှစ်သာရသည် ယုံကြည်ခြင်းမရှိသောသူများနှင့် မယုံကြည်သူများ သို့မဟုတ် ဆိုးယုတ်သော လူများနှင့် နတ်ဆိုးများ၏ သဘာဝ အနှစ်သာရဖြစ်ပြီး၊ ၎င်းတို့သည် သင်ကဲ့သို့ တစ်လမ်းကြောင်းတည်းတွင် မရှိသည့် ကိစ္စကိုလည်း ယခုလေးတင် ငါတို့ ဖော်ပြခဲ့ကြသည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် သင်ကဲ့သို့ လူတစ်မျိုးတစ်စားတည်း လုံးဝ မဟုတ်သကဲ့သို၊ သင်သည် နှစ်များစွာကြာ ၎င်းတို့ကဲ့သို့ တစ်အိမ်ထောင်တည်းတွင် အသက်ရှင်နေထိုင်သော်လည်း၊ ၎င်းတို့သည် သင်ကဲ့သို့ အလားတူ လိုက်စားမှုများ သို့မဟုတ် အကျင့်စရိုက်များ တကယ်ကို မရှိကြချေ၊ ပြီးလျှင် ၎င်းတို့သည် သင်ကဲ့သို့ အလားတူ နှစ်သက်မှုများ သို့မဟုတ် ပြင်းပြသောဆန္ဒများ ဧကန်မုချ မရှိကြပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့က ဘုရားသခင်ကို လုံးဝ မယုံကြည်သကဲ့သို့ ဘုရားသခင်ကို အတိုက်အခံပင် လုပ်ကြသည်။ ဤအခြေအနေများတွင် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ (သူတို့ကို ငြင်းပယ်သင့်သည်။) ဤအခြေအနေများတွင် ၎င်းတို့ကို ငြင်းပယ်ရန် သို့မဟုတ် ကျိန်ဆဲရန် ဘုရားသခင်ကို သင့်ကို ပြောထားခြင်းမရှိပေ။ ထိုသို့ ဘုရားသခင် မပြောခဲ့ပေ။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”ဖြစ်သည့် ဘုရားသခင်၏ သတ်မှတ်ချက်သည် တည်နေဆဲ ဖြစ်သည်။ ဤသည်မှာ သင်၏ မိဘများနှင့် သင် အသက်ရှင်နေထိုင်နေစဉ်တွင်၊ သင်၏ မိဘများကို ရိုသေစွာပြုခြင်းဖြစ်သည့် ဤသတ်မှတ်ချက်ကို သင် ထိန်းသိမ်းသင့်နေဆဲဖြစ်သည်။ ဤကိစ္စရပ်တွင် ဆန့်ကျင်ကွဲလွမှုမရှိပေ၊ ရှိပါသလော။ (မရှိပါ။) ဤတွင် ဆန့်ကျင်ကွဲလွဲမှု လုံးဝ မရှိပေ။ တစ်နည်းအားဖြင့်၊ သင်သည် အလည်အပတ်တစ်ခုအတွက် အိမ်ပြန်လာဖို့ အမှန်တကယ် စီမံနိုင်သည့်အချိန်တွင်၊ ၎င်းတို့ကို အစားအစာ ချက်ပြုတ်ပေးနိုင်သည် သို့မဟုတ် မုန့်ဖက်ထုပ်အချို့ ပြုလုပ်ပေးနိုင်သည်။ ဖြစ်နိုင်လျှင်၊ ကျန်းမာရေး ထုတ်ကုန်အချို့ကို ၎င်းတို့အား သင် ဝယ်ပေးနိုင်ပြီး၊ သင့်ကို ၎င်းတို့ အလွန် စိတ်ကျေနပ်ကြလိမ့်မည်။ သင်၏ ယုံကြည်ခြင်းအကြောင်း သင် ပြောဆိုပြီး၊ ထိုအရာကို ၎င်းတို့က လက်ခံခြင်း သို့မဟုတ် ယုံကြည်ခြင်း မရှိသကဲ့သို့၊ သင့်ကို စကားဖြင့်ပင် ဆဲရေးတိုင်းထွာပါက၊ ၎င်းတို့ထံ သင် ဧဝံဂေလိ ဟောရန် မလိုအပ်ပေ။ ၎င်းတို့ကို သင် တွေ့မြင်နိုင်ဖွယ်ရှိပါက၊ ဤသို့ လက်တွေ့လုပ်ဆောင်လော့။ မဟုတ်ပါက၊ ယင်းမှာ ဖြစ်သင့်သည့်အတိုင်းသာ ဖြစ်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုဖြစ်ကာ ၎င်းတို့နှင့် သင် ကင်းအောင် အမြန်နေရမည်ဖြစ်ပြီး ၎င်းတို့ကို ရှောင်ရှားရမည်။ ဤအတွက် စည်းမျဉ်းမှာ အဘယ်နည်း။ သင်၏ မိဘများသည် ဘုရားသခင်ကို မယုံကြည်သကဲ့သို့ သင်နှင တူညီသောဘာသာစကား သို့မဟုတ်တူညီသောလိုက်စားမှုနှင့် ရည်မှန်းချက်မျာ မရှိလျှင်၊ သင်ကဲ့သို့ အလားတူ လမ်းကြောင်းကို လျှောက်လှမ်းခြင်းမရှိသကဲ့သို့၊ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဟန့်တားခြင်းပင်ပြုကာ ဖိနှိပ်လျှင်၊ ၎င်းတို့ကို သင် ပိုင်းခြားသိမြင်နိုင်သည်၊ ၎င်းတို့၏ အနှစ်သာရကို ရိပ်စားမိပြီး၊ ၎င်းတို့ကို ငြင်းပယ်နိုင်သည်။ ၎င်းတို့က ဘုရားသခင်ကို စကားဖြင့် ဆဲရေးတိုင်းထွာလျှင် သို့မဟုတ် သင့်အား ကျိန်ဆလျှင်၊ သင့်စိတ်နှလုံးထဲတွင် ၎င်းတို့ကို သင် ကျိန်ဆဲနိုင်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဘုရားသခင် ပြောသည့် “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”သည် မည်သည့်အရာကို ရည်ညွှန်းပါသနည်း။ ထိုအရာကို သင် မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ ဆိုလိုသည်မှာ၊ သင်၏ တာဝန်များကို သင် ဖြည့်ဆည်းနိုင်ပါက၊ အနည်းငယ် ဖြည့်ဆည်းလော့။ ပြီးလျှင် သင်၌ ထိုအခွင့်အရေးမရှိပါက၊ သို့မဟုတ် ၎င်းတို့နှင့် သင်၏ ဆက်ဆံမှုများရှိ ပဋိပက္ခသည် အလွန် ကြီးမားလာနှင့်ပြီးဖြစ်ကာ သင်တို့ကြားတွင် သဘောထားကွဲလွဲမှု ရှိကာ သင်တို့ အချင်းချင်း မမြင်နိုင်သည့်အဆင့်ထိ သင်တို့ ရောက်ရှိနှင့်ပြီးဖြစ်ပါက၊ သင့်ကိုယ်သင် ၎င်းတို့နှင့် အမြန် ခွဲနေသင့်သည်။ ဤမိဘမျိုးကို ရိုသေစွာပြုခြင်းအကြောင်း ဘုရားသခင် ပြောဆိုသည့်အခါ၊ ၎င်းတို့၏ ကလေးအဖြစ် သင်၏ အနေအထားနှင့်ဆိုင်သော ရှုထောင့်အမြင်မှ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းသင့်ပြီး ကလေးတစ်ဦး လုပ်ဆောင်သင့်သည့်အရာများကို လုပ်ဆောင်သင့်ကြောင်း သူ ဆိုလိုပေသည်။ သင်၏ မိဘများကို သင် မနှိပ်စက်သင့် သို့မဟုတ် ၎င်းတို့နှင့် အငြင်းမပွားသင့်ပေ။ ၎င်းတို့ကို သင် မရိုက်သင့်၊ မအော်သင့်ပေ။ ၎င်းတို့ကို သင် မစော်ကားသင့်သကဲ့သို့ ၎င်းတို့အတွက် သင်၏ တာဝန်များကို အတတ်နိုင်ဆုံး သင် ဖြည့်ဆည်းသင့်သည်။ ဤသည်တို့မှာ လူ့သဘာဝ နယ်ပယ်အတွင်း ဆောင်ရွက်သင့်သည့် အရာများ ဖြစ်သည်။ ဤသည်တို့မှာ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”နှင့် စပ်လျဉ်း၍ အကြင်သူ လက်တွေ့လုပ်ဆောင်သင့်သည့် အရာများ ဖြစ်သည်။ ထိုအရာများကို ဆောင်ရွက်ရန် လွယ်ကူသည် မဟုတ်လော။ သင်က၊ “အသင် နတ်ဆိုးများနှင့် မယုံကြည်သူများတို့၊ ဘုရားသခင်သည် သင်တို့ကို ကန့်နှင့်ရောသော မီးအိုင်နှင့် အနက်ဆုံးသော တွင်းထဲသို့ကျဖို့ ကျိန်ဆဲသည်။ သူသည် သင်တို့ကို ငရဲ၏ ဆယ့်ရှစ်ထပ်သို့ ပို့လိမ့်မည်”ဟု ဆိုလျက်၊ သင်၏ မိဘများကို တဇောက်ကန်းဆန်စွာ သင် ကိုင်တွယ်ဖြေရှင်းရန် မလိုအပ်ပေ။ ယင်းမှာ မလိုအပ်၊ ဤတစ်ဖက်စွန်းအထိ သင် လုပ်ဆောင်ရန် မလိုအပ်ပေ။ အခြေအနေများက အခွင့်ပေးပါက၊ ပြီးလျှင် အခြေအနေများက တောင်းဆိုပါက၊ သင်၏ မိဘများထံ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် ဖြည့်ဆည်းနိုင်သည်။ ဤအရာ မလိုအပ်ပါက၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးသကဲ့သို့ မဖြစ်နိုင်ပါက၊ ဤဝတ္တရားကို သင် ဘေးချိတ်ထားနိုင်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ သင်၏ မိဘများနှင့် သင် ဆုံတွေ့ပြီး၊ ၎င်းတို့နှင့် ဆက်ဆံရသည့်အခါတွင် သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို ဖြည့်ဆည်းရန် ဖြစ်သည်။ ထိုသို့ သင် လုပ်ဆောင်ပြီးသည့်အခါ၊ သင်၏ အလုပ်ကို သင် ပြီးစီးပြီး ဖြစ်သည်။ ဤစည်းမျဉ်းကို သင် အဘယ်သို့ တွေးထင်ပါသနည်း။ (ကောင်းပါသည်။) သင်၏ မိဘများအပါအဝင် လူအားလုံးကို သင် ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်ဖြစ်သည်။ သင်သည် စိတ်မြန်လက်မြန် ပြုမူ၍မရသကဲ့သို့ သင်၏ မိဘများက ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ဖိနှိပ်သောကြောင့်သက်သက် ၎င်းတို့ကို စကားဖြင့် သင် ဆဲရေးတိုင်းထွာခြင်း ပြု၍မရပေ။ ကမ္ဘာလောကတွင် ဘုရားသခင်ကို မယုံကြည်သည့် လူများစွာရှိ၏။ မယုံကြည်သူ အလွန်များပြားပြီး၊ ဘုရားသခင်ကို စော်ကားသည့် လူများစွာ ရှိသည်။ ၎င်းတို့အားလုံးကို သင် သွားကျိန်ဆဲပြီး အော်ဟစ်မည်လော။ မဟုတ်လျှင်၊ သင်၏ မိဘများကိုလည်း သင် မအော်ဟစ်သင့်ပေ။ သင်၏ မိဘများကို သင် အော်ဟစ်ပြီး အခြားလူများကို မအော်ဟစ်ပါက၊ သင်သည် တဇောက်ကန်းဖြစ်ခြင််ထဲတွင် အသက်ရှင်နေထိုင်နေခြင်းဖြစ်ကာ ဘုရားသခင်သည် ဤအရာကို မနှစ်သက်ပေ။ သင်က သင်၏ မိဘများအား ၎င်းတို့သည် နတ်ဆိုးများ၊ အသက်ရှင်သည့် စာတန်နှင့် စာတန်၏ လက်ပါးစေများဖြစ်ကြောင်း ပြောဆိုလျက်နှင့် ၎င်းတို့ကို ငရဲကျစေရန် ကျိန်ဆဲလျက်၊ စကားဖြင့် သင်၏ မိဘများကို သင် ဆဲရေးတိုင်းထွာပါက၊ ဘုရားသခင်က သင့်ကို စိတ်ကျေနပ်လိမ့်မည်ဟု မထင်လေနှင့်။ ယင်းမှာ ထိုသို့မဟုတ်ပေ။ သင် လက်ခံနိုင်ဖွယ်ရှိသည်ဟု ဘုရားသခင် မြင်လိမ့်မည် မဟုတ် သို့မဟုတ် ဤမှားယွင်းသည့် အခြေအနေဖန်တီးယူခြင်းကို ပြသမှုကြောင့် သင့်ထံတွင် လူ့သဘာဝရှိသည်ဟု ပြောလိမ့်မည် မဟုတ်ပေ။ ထိုအစား၊ ဘုရားသခင်က သင်၏ လုပ်ရပ်များသည် စိတ်ခံစားမှုများနှင့် တဇောက်ကန်းမှုတို့ ပါဝင်နေသည်ဟု ပြောလိမ့်မည်။ သင် ဤသို့ ပြုမူဆောင်ရွက်သည်ကို ဘုရားသခင် နှစ်သက်လိမ့်မည် မဟုတ်။ ထိုအရာမှာ အလွန် အစွန်းရောက်ပြီး၊ သူ၏ အလိုတော်နှင့် မကိုက်ညီပေ။ သင်၏ မိဘများအပါအဝင် လူအားလုံးကို ဆက်ဆံပုံအတွက် စည်းမျဉ်းများ ရှိရမည်။ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ ၎င်းတို့က ဆိုးယုတ်သည့် လူများ ဖြစ်ကြသည်ဖြစ်စေ၊ မဖြစ်ကြသည်ဖြစ်စေ၊ ၎င်းတို့ကို စည်းမျဉ်းများဖြင့် သင် ဆက်ဆံရမည်။ ဘုရားသခင်က လူအား ဤစည်းမျဉ်းကို ပြောပြပြီးဖြစ်သည်။ ထိုအရာမှာ အခြာသူများကို မျှတစွာ ဆက်ဆံခြင်းအကြောင်းဖြစ်၏။ လူတို့သည် မိမိတို့၏ မိဘများအပေါ် အပိုဆောင်း တာဝန်အတိုင်းအတာတစ်ခု ရှိကြခြင်းအကြောင်းဖြစ်သည်။ သင် လုပ်ဆောင်ရန် လိုအပ်သမျှမှာ ဤတာဝန်ကို ဖြည့်ဆည်းရန် ဖြစ်သည်။ သင်၏ မိဘများသည် ယုံကြည်သူများ ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့၏ ယုံကြည်မှုကို ၎င်းတို့ လိုက်စားသည်ဖြစ်စေ၊ မလိုက်စားသည်ဖြစ်စေ၊ ဘဝအပေါ် ၎င်းတို့၏ အမြင်နှင့် ၎င်းတို့၏ လူ့သဘာဝတို့သည် သင်နှင့် ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ၎င်းတို့အပေါ် သင်၏ တာဝန်ကို သင် ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ၎င်းတို့ကို သင် ရှောင်ရှားရန် မလိုအပ်။ အရာရာကို ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များအတိုင်း သူ့ဘာသာသူ ဖြစ်ခွင့်သာပေးလိုက်လော့။ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ၎င်းတို့ ဟန့်တားပါက၊ အနည်းဆုံးအနေဖြင့် သင်၏ အသိစိတ်သည် ၎င်းတို့အပေါ် အကြွေးတင်ရှိခြင်း မခံစားရရန်အလို့ငှာ၊ သင်၏ သားသမီးဝတ်ဆိုင်ရာ တာဝန်များကို သင် အစွမ်းရှိသမျှဖြင့် အကောင်းဆုံး ဖြည့်ဆည်းသင့်နေဆဲဖြစ်သည်။ ၎င်းတို့က သင့်ကို မဟန့်တားသကဲ့သို့ ဘုရားသခင်၌ သင်၏ ယုံကြည်မှုကို ထောက်ပံ့ပေးပါက၊ လုပ်ဆောင်ရန် သင့်တော်နေချိန်တွင် ၎င်းတို့ကို ကောင်းမွန်စွာ ဆက်ဆံလျက်၊ စည်းမျဉ်းများအတိုင်းလည်း သင် လက်တွေလုပ်ဆောင်သင့်ပေသည်။ အနှစ်ချုပ်လျှင် မည်သည့်အရာဖြစ်ပါစေ၊ လူ့အပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များသည် မပြောင်းလဲသကဲ့သို့၊ လူတို့ လက်တွေ့လုပ်ဆောင်သင့်သည့် သမ္မာတရား စည်းမျဉ်းများ မပြောင်းလဲနိုင်ပေ။ ဤကိစ္စရပ်များတွင်၊ သင်သည် စည်းမျဉ်းများကို ထိန်းသိမ်းပြီး၊ သင် လုပ်ဆောင်နိုင်သည့် တာဝန်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။
ယခုတွင် ဘုရားသခင်သည် လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ “မိမိ၏ မိဘကို ရိုသေစွာပြုလော့”ဟူသကဲ့သို့သော သတ်မှတ်ချက်တစ်ခုကို အဘယ်ကြောင့် ချမှတ်သည်ဆိုသည်နှင့်ပတ်သက်၍ ငါ ပြောဆိုဆွေးနွေးမည်ဖြစ်သည်။ ဘုရားသခင်၏ အခြားသော သတ်မှတ်ချက်များသည် လူတစ်ဦးစီ၏ ကျင့်ကြံပြုမူခြင်း တစ်ခုချင်းစီနှင့် ပတ်သက်သည့် အပြုအမူဆိုင်ရာ စည်းကမ်းများသာ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် သားသမီးဝတ်နှင့်ဆိုင်သော ကိစ္စနှင့်စပ်လျဉ်း၍ မတူကွဲပြားသော တောင်းဆိုချက်တစ်မျိုးကို အဘယ်ကြောင့် ချမှတ်ခဲ့သနည်း။ ငါ့ကို ပြောလော့။ လူတစ်ဦးသည် မိမိ၏ မိဘအရင်းများကိုပင် မရိုသေနိုင်ပါက ၎င်း၏ သဘာဝ အနှစ်သာရသည် မည်သည့်အရာနှင့် တူသနည်း။ (မကောင်းပါ။) ၎င်း၏ မိဘများသည် ၎င်းကို မွေးဖွားသန့်စင်ပြီး ကျွေးမွေးပြုစုရန် ဆင်းရဲဒုက္ခများစွာ ခံခဲ့ရကာ ၎င်းကို ပြုစုပျိုးထောင်ပေးခြင်းသည် သေချာပေါက် လွယ်ကူခဲ့မည် မဟုတ်ပေ။ အမှန်တွင် ၎င်းတို့သည် မိမိတို့၏ ကလေးက ကြီးမားသည့် ပျော်ရွှင်မှု၊ သို့မဟုတ် ရောင့်ရဲမှု ဆောင်ကြဉ်းပေးလိမ့်မည်ဟု မမျှော်လင့်ကြပေ။ မိမိတို့၏ ကလေးကြီးပြင်းလာပြီးနောက်တွင် ၎င်းအနေဖြင့် ပျော်ရွှင်ချမ်းမြေ့သည့် ဘဝတစ်ခု အသက်ရှင်နေထိုင်ရလိမ့်မည် ဖြစ်ကြောင်းနှင့် ၎င်းနှင့်ပတ်သက်၍ များစွာ စိုးရိမ်ပူပန်ရလိမ့်မည် မဟုတ်ဟုသာ ၎င်းတို့ မျှော်လင့်ကြသည်။ သို့ရာတွင် ၎င်းတို့၏ ကလေးသည် ကြိုးပမ်းခြင်းမရှိ၊ သို့မဟုတ် အလုပ်ကြိုးစားခြင်း မရှိသကဲ့သို့ ကောင်းကောင်းမွန်မွန် နေထိုင်ခြင်း မရှိချေ။ ၎င်းသည် မိမိကို စောင့်ရှောက်ပေးရန် မိမိ၏ မိဘများအပေါ် မှီခိုနေဆဲဖြစ်ပြီး မျှော့တစ်ကောင် ဖြစ်လာပြီးဖြစ်၍ မိမိ၏ မိဘများကို မရိုသေရုံမက မိမိ၏ မိဘများကို အနိုင်ကျင့်ပြီး မိဘများ၏ ပစ္စည်းဥစ္စာအတွက် ၎င်းတို့ကို ခြိမ်းခြောက်ငွေညှစ်ရန်လည်း ဆန္ဒရှိလေသည်။ ၎င်းသည် ဤဆိုးယုတ်သော အပြုအမူမျိုးကို ဆောင်ရွက်နိုင်စွမ်းရှိပါက မည်သည့် လူစားမျိုး ဖြစ်သနည်း။ (ညံ့ဖျင်းသည့် လူ့သဘာဝရှိသော လူတစ်ဦး ဖြစ်ပါသည်။) ၎င်းသည် မိမိကို မွေးဖွားသန့်စင်ပေးပြီး ကျွေးမွေးပြုစုခဲ့သည့် လူများအတွက် မိမိ၏ တာဝန်တစ်ခုကိုမျှ ဖြည့်ဆည်းခြင်း မရှိသကဲ့သို့ ထိုအရာနှင့်ပတ်သက်၍ အပြစ်ရှိသည့်စိတ် လုံးဝ မခံစားရပေ။ ဤရှုထောင့်အမြင်မှ ၎င်းကို ကြည့်ပါက ၎င်းတွင် အသိစိတ်တစ်ခု ရှိသလော။ (မရှိပါ။) ၎င်း၏ မိဘများအပါအဝင်၊ မည်သူကိုမဆို ရိုက်နှက်ကာ နှုတ်ဖြင့် ဆဲရေးတိုင်းထွာလိမ့်မည်။ ၎င်းသည် မိမိတို့၏ မိဘများကို စိတ်ရှိသည့်အတိုင်း ရိုက်နှက်ကာ နှုတ်ဖြင့် ဆဲရေးတိုင်းထွာလျက် အခြားမည်သူမဆိုကဲ့သို့ပင် ဆက်ဆံသည်။ ၎င်းစိတ်မချမ်းမြေ့သည့်အခါ အိုးခွက်ပန်းကန်များကို ရိုက်ခွဲကာ ၎င်းကို ထိတ်လန့်စေလျက် မိဘများအပေါ် မဲလေသည်။ ဤကဲ့သို့သော လူတစ်ဦးသည် ဆင်ခြင်တုံတရား ပိုင်ဆိုင်သလော။ (မပိုင်ဆိုင်ပါ။) တစ်စုံတစ်ဦးသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား မပိုင်ဆိုင်သကဲ့သို့ ၎င်း၏ မိဘအရင်းကို သာမန်ကာလျှံကာ ဆဲရေးတိုင်းထွာနိုင်စွမ်းရှိပါက လူတစ်ဦး ဖြစ်ပါ၏လော။ (မဟုတ်ပါ။) သို့ဆိုလျှင် ၎င်းသည် မည်သည့်အရာ ဖြစ်သနည်း။ (သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။) ၎င်းသည် သားရဲတိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ ဤအဆိုသည် မှန်ကန်တိကျပါသလော။ (မှန်ကန်တိကျပါသည်။) အမှန်တွင် လူတစ်ဦးသည် မိမိ၏မိဘများအတွက် မိမိ၏ တာဝန်အချို့ကို ဖြည့်ဆည်းပြီး ၎င်းတို့ကို ဂရုစိုက်ကာ အလွန်ချစ်ပါက ဤသည်မှာ ထုံးစံအတိုင်း သာမန်လူ့သဘာဝရှိသည့်လူများ ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ဦးသည် ၎င်း၏ မိဘများကို နှိပ်စက်ကာ ဆဲရေးတိုင်းထွာပါက ၎င်း၏ အသိစိတ်သည် ထိုအရာကို လက်ခံနိုင်မည်လော။ ပုံမှန်လူတစ်ဦးသည် ထိုကဲ့သို့သော တစ်စုံတစ်ရာကို လုပ်ဆောင်နိုင်မည်လော။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်သောလူတို့သည် ဤအရာကို မလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် မိမိတို့၏ မိဘများကို ဒေါသထွက်အောင် လုပ်မိပါက ရက်အတော်ကြာ စိတ်မကောင်းဖြစ်ကြမည်ဖြစ်သည်။ လူအချို့သည် ဒေါသကြီးသော စိတ်များရှိကြပြီး ကြံရာမရဖြစ်သည့်အခိုက်တွင် မိမိတို့၏ မိဘများကို ၎င်းတို့ ဒေါသထွက်ကြသည်။ သို့ရာတွင် ၎င်းတို့ ဒေါသထွက်ပြီးနောက်တွင် ၎င်းတို့သည် လိပ်ပြာမသန့်ဖြစ်ကာ မတောင်းပန်လျှင်ပင် ထိုအရာကို တစ်ဖန် လုပ်ဆောင်ကြလိမ့်မည် မဟုတ်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသည့် လူများ ပိုင်ဆိုင်သင့်သည့် တစ်စုံတစ်ရာဖြစ်ပြီး သာမန်လူ့သဘာဝ ပွင့်အံထွက်ခြင်းတစ်ခု ဖြစ်သည်။ လူ့သဘာဝ မပိုင်ဆိုင်သောသူတို့သည် မိမိတို့၏ မိဘများကို မည်သည့်အရာမျှ မခံစားရဘဲ မည်သည့်နည်းဖြင့်မဆို စော်ကားနိုင်ကြပြီး ယင်းမှာ ၎င်းတို့ လုပ်ဆောင်သည့်အရာ ဖြစ်သည်။ ၎င်းတို့ ကလေးဘဝအချိန်က ၎င်းတို့ကို ၎င်းတို့၏ မိဘများက ရိုက်နှက်ခဲ့လျှင် ကျန်သည့် ဘဝအချိန်တစ်လျှောက်လုံး ထိုအရာကို ၎င်းတို့ သတိရကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ အရွယ်ရောက်သည့်နောက်တွင် မိမိတို့၏ မိဘများကို တိုက်ခိုက်ကာ ပြန်ရိုက်ရန် ဆန္ဒရှိနေကြဆဲ ဖြစ်လိမ့်မည်။ ကလေးအရွယ်က ၎င်းတို့ကို ၎င်းတို့၏ မိဘများက ရိုက်နှက်သည့်အခါ လူအများစုက ပြန်လည် တိုက်ခိုက်ကြလိမ့်မည် မဟုတ်။ အသက် ၃၀ ဝန်းကျင်ရှိသည့် လူအချိူ့သည် ၎င်းတို့၏ မိဘများက ၎င်းတို့ကို ရိုက်သည့်အခါ ပြန်တိုက်ခိုက်ကြလိမ့်မည်မဟုတ်သကဲ့သို့ နာကျင်ရလျှင်ပင် ထိုအရာနှင့်ပတ်သက်၍ စကားတစ်ခွန်းမျှ ဟမည်မဟုတ်ပေ။ ဤသည်မှာ သာမန်လူ့သဘာဝ ရှိသည့်လူတို့ ပိုင်ဆိုင်သင့်သည့် အရာဖြစ်သည်။ ၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် စကားတစ်ခွန်းမျှ မဟကြသနည်း။ အခြားတစ်စုံတစ်ဦးက ၎င်းတို့ကို ရိုက်နှက်ပါက ထိုအရာကို ၎င်းတို့ ခွင့်ပြုပြီး ထိုလူအား ၎င်းတို့ကို ရိုက်ခွင့်ပေးမည်လော။ (ပေးမည်မဟုတ်ပါ။) တစ်စုံတစ်ဦး ဖြစ်ပါက မည်သူဖြစ်စေ ထိုလူအား ၎င်းတို့ကို ရိုက်နှက်ခွင့်ပေးမည်မဟုတ်ပေ။ ၎င်းတို့ကို ဆဲရေးတိုင်းထွာသည့် စကားတစ်ခွန်းပင် ၎င်းတို့ ပြောခွင့်ပေးမည် မဟုတ်ပေ။ သို့ဆိုလျှင် ၎င်းတို့၏ မိဘများက ၎င်းတို့ကို မည်သို့ ရိုက်နှက်သည်ဖြစ်စေ အဘယ်ကြောင့် ၎င်းတို့ ပြန်မတိုက်ခိုက်ကြသနည်း၊ သို့မဟုတ် ဒေါသမထွက်ကြသနည်း။ ထိုအရာကို ၎င်းတို့ အဘယ်ကြောင့် သည်းခံကြသနည်း။ ၎င်းတို့၏ လူ့သဘာဝအတွင်းတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောကြောင့် ဖြစ်သည် မဟုတ်လော။ ၎င်းတို့က “ငါ့မိဘများက ငါ့ကို ကျွေးမွေးပြုစုခဲ့သည်။ ၎င်းတို့အနေဖြင့် ငါ့ကို ရိုက်နှက်သည်မှာ မှန်ကန်ခြင်းမရှိသော်လည်း ငါ သည်းညည်းခံရမည်။ ထို့အပြင် သူတို့ကို ဒေါသထွက်စေသည်မှာ ငါ ဖြစ်သောကြောင့် အရိုက်ခံထိုက်သည်။ သူတို့ကို ငါ မနာခံသကဲ့သို့ ဒေါသထွက်စေခဲ့သောကြောင့်သာ သူတို့ ထိုအရာကို လုပ်ဆောင်ခြင်း ဖြစ်သည်။ ငါ အရိုက်ခံ ထိုက်သည်။ ဤအရာကို ငါ တစ်ကြိမ်တစ်ခါမျှ တစ်ဖန် လုပ်မည်မဟုတ်ပါ”ဟု မိမိတို့ကိုယ်ကို တွေးကြလိမ့်မည်။ ဤသည်မှာ သာမန်လူ့သဘာဝရှိသည့် လူများ ပိုင်ဆိုင်သင့်သည့် ဆင်ခြင်တုံတရားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ မိဘများက ၎င်းတို့ကို ဤသို့ဆက်ဆံခြင်းအား ၎င်းတို့ကို သည်းညည်းခံခွင့်ပေးသည်မှာ ဤသာမန်လူ့သဘာဝ၏ ဆင်ခြင်တုံတရား ဖြစ်သည်။ ဤသည်မှာ သာမန်လူ့သဘာဝ ဖြစ်သည်။ ထို့ကြောင့် ဤဆက်ဆံမှုမျိုးကို သည်းမခံနိုင်သည့်သူများ၊ မိမိတို့၏ မိဘများကို ပြန်တိုက်ခိုက်သည့်သူများသည် ဤလူ့သဘာဝကို ပိုင်ဆိုင်ကြသလော။ (မပိုင်ဆိုင်ကြပါ။) မှန်ပေ၏၊ မပိုင်ဆိုင်ကြပေ။ သာမန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့ကို ပိုင်ဆိုင်ခြင်းမရှိသည့် လူများသည် မိမိတို့ မိဘအရင်းများကို ရိုက်နှက်ကာ နှုတ်ဖြင့် ဆဲရေးတိုင်းထွာနိုင်စွမ်းပင် ရှိကြသဖြင့် ဘုရားသခင်နှင့် အသင်းတော်ထဲရှိ မိမိတို့၏ ညီအစ်ကို မောင်နှမများကို ၎င်းတို့သည် မည်သို့ ဆက်ဆံနိုင်စွမ်း ရှိကြလိမ့်မည်နည်း။ ၎င်းတို့သည် မိမိတို့ကို မွေးဖွားသန့်စင်ပေးပြီး ကျွေးမွေးပြုစုခဲ့ကြသည့် လူများကို ဤနည်းဖြင့် ဆက်ဆံနိုင်စွမ်းရှိကြသဖြင့် ၎င်းတို့နှင့် သွေးသား မတော်စပ်သည့် အခြားသူများကို သာ၍ပင် ဂရုစိုက်မှု လျော့နည်းကြလိမ့်မည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့ မမြင်နိုင်၊ သို့မဟုတ် မထိတွေ့နိုင်သည့် ဘုရားသခင်ကို မည်သို့ ဆက်ဆံကြလိမ့်မည်နည်း။ ၎င်းတို့သည် မမြင်နိုင်သည့် ဘုရားသခင်ကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် ဆက်ဆံနိုင်လိမ့်မည်လော။ ဘုရားသခင် စီစဉ်ညွှန်ကြားပြီးဖြစ်သည့် ပတ်ဝန်းကျင်အားလုံးကို ၎င်းတို့ ကျိုးနွံနာခံနိုင်လိမ့်မည်လော။ (နာခံနိုင်လိမ့်မည်မဟုတ်ပါ။) ဘုရားသခင်သည် ၎င်းတို့ကို ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်မည်ဆိုပါက၊ သို့မဟုတ် ၎င်းတို့ကို တရားစီရင်ကာ ပြစ်တင်ဆုံးမမည်ဆိုပါက သူ့ကို ၎င်းတို့ အတိုက်အခံ လုပ်ကြလိမ့်မည်လော။ (လုပ်ကြမည်ဖြစ်သည်။) ဤအရာကို စဉ်းစားလော့။ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် မည်သည့် လုပ်ငန်းတာဝန်ကို ထမ်းဆောင်ပါသနည်း။ အတိုင်းအတာတစ်ခုအထိ လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားသည် ၎င်းတို့၏ အပြုအမူကို ချုပ်ထိန်းကာ ထိန်းညှိပေးသည်။ မှန်ကန်သည့် သဘောထားရှိနိုင်စေပြီး အမှုအရာများ ၎င်းတို့ထံ ဖြစ်ပျက်သည့်အခါ မှန်ကန်သည့် ရွေးချယ်မှုများ ပြုလုပ်နိုင်စေကာ ၎င်းတို့အပေါ် ကျရောက်သည့်အရာတိုင်းကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့ဖြင့် ချဉ်းကပ်နိုင်စေသည်။ အချိန်အများစုတွင် အသိစိတ်နှင့် ဆင်ခြင်တုံတရားတို့အရ ပြုမူဆောင်ရွက်ခြင်းက လူတို့အား ကံအကြောင်းမလှမှုများစွာကို ရှောင်ရှားခွင့်ပေးလိမ့်မည်။ သမ္မာတရား လိုက်စားသောလူတို့သည် ဤအခြေခံအုတ်မြစ်အပေါ်တွင် သမ္မာတရား လိုက်စားခြင်း၊ သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းနှင့် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများနှင့် အစီအစဉ်များကို ကျိုးနွံနာခံခြင်း လမ်းကြောင်းကို လျှောက်လှမ်းရန် ရွေးချယ်နိုင်ကြသည်မှာ အမှန်ဖြစ်၏။ သမ္မာတရား မလိုက်စားသောသူများသည် လူ့သဘာဝ ကင်းမဲ့ကြပြီး ဤအသိစိတ်နှင့် ဆင်ခြင်တုံတရားမျိုး မပိုင်ဆိုင်ကြချေ။ ဤအရာ၏ အကျိုးဆက်များသည် ကြောက်မက်ဖွယ် ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို မည်သည့်အရာမဆို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ ဖာရိရှဲများက သခင်ယေရှုကို ဆက်ဆံခဲ့ပုံအတိုင်းပင် ၎င်းတို့သည် ဘုရားသခင်ကို စော်ကားနိုင်စွမ်းရှိကြသည်၊ ဘုရားသခင်အပေါ် လက်စားချေနိုင်စွမ်းရှိကြပြီး ဘုရားသခင်ကို ပြစ်မှားစော်ကားနိုင်စွမ်းရှိကြသည်။ သို့မဟုတ် ထိုထက်ပို၍ ဘုရားသခင်ကို စွပ်စွဲနိုင်စွမ်းနှင့် သစ္စာဖောက်နိုင်စွမ်းပင် ရှိကြသည်။ ဤပြဿနာသည် အလွန်ဆိုးရွား၏။ ဤသည်မှာ ပြဿနာကို လက်ယပ်ခေါ်နေခြင်း သဘောမဟုတ်လော။ လူ့သဘာဝ၏ ဆင်ခြင်တုံတရား ကင်းမဲ့သောလူများသည် အခြားသူများအပေါ် မိမိတို့၏ တဇောက်ကန်းလုပ်သော နည်းလမ်းဖြင့် လက်စားချေလေ့ရှိကြသည်။ ၎င်းတို့သည် လူ့သဘာဝ၏ ဆင်ခြင်တုံတရားဖြင့် ချုပ်ထိန်းခြင်း မခံရကြပေ။ ထို့ကြောင့် အစွန်းရောက် အတွေးနှင့် အမြင်အချို့ ဖြစ်ပေါ်ရန်နှင့် ထို့နောက်တွင် အစွန်းရောက် အပြုအမူအချို့တွင် ပါဝင်ပတ်သက်ရန်၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့သည့် နည်းလမ်းများစွာဖြင့် ပြုမူဆောင်ရွက်ရန် ၎င်းတို့အတွက် လွယ်ကူလေသည်။ နောက်ဆုံးတွင် ဤအရာ၏ အကျိုးဆက်များက လုံးလုံးလျားလျား ထိန်းမနိုင် သိမ်းမရ ဖြစ်သွားသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုခြင်း”၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းတို့နှင့် ပတ်သက်၍ ငါ အနည်းနှင့်အများ မိတ်သဟာယပြုပြီးဖြစ်သည်။ အဆုံးတွင် လူ့သဘာဝနှင့် ဆိုင်ပေသည်။ “မိမိ၏ မိဘများကို ရိုသေစွာပြုလော့”ဟူကဲ့သို့သော တောင်းဆိုချက်တစ်ခုကို ဘုရားသခင်က အဘယ်ကြောင့် ချမှတ်ခဲ့ပါသနည်း။ လူ၏ ကျင့်ကြံပြုမူခြင်းနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူ၏ အပြုအမူကို ထိန်းညှိရန် ဤတောင်းဆိုချက်ကို အသုံးပြုပြီး တစ်ချိန်တည်းတွင် ထိုအရာဖြင့် လူတို့၏ လူ့သဘာဝကို စစ်ဆေးကာ သတ်မှတ်လေသည်။ လူတစ်ဦးသည် မိမိ၏မိဘအရင်းကို အသိစိတ်၊ ဆင်ခြင်တုံတရားတို့နှင့် မဆက်ဆံပါက ၎င်းတို့တွင် ဧကန်မုချ လူ့သဘာဝ မရှိကြချေ။ လူအချို့က “သူတို့၏ မိဘများတွင် လူ့သဘာဝကောင်း မရှိကြသကဲ့သို့ မိမိတို့၏ ကလေးများအတွက် မိမိတို့၏ တာဝန်များကို လုံးဝ ဖြည့်ဆည်းခြင်းမရှိသေးလျှင်ကော အဘယ်သို့နည်း။ ထိုလူသည် ၎င်းတို့ကို သားသမီးဝတ်နှင့်ဆိုင်သည့် ကိုင်းရှိုင်းမှုကို ပြသင့်ဦးမည်လော”ဟု ပြောကြသည်။ ၎င်းတို့တွင် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ပါက သမီးတစ်ဦး၊ သို့မဟုတ် သားတစ်ဦးအနေဖြင့် ၎င်း၏ မိဘများကို စော်ကားလိမ့်မည် မဟုတ်။ မိမိတို့၏ မိဘများကို စော်ကားသည့်လူများသည် အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးဝ ပိုင်ဆိုင်ခြင်း မရှိကြချေ။ ထို့ကြောင့် ဘုရားသခင်က မည်သည့် သတ်မှတ်ချက် ချမှတ်သည်ဖြစ်စေ၊ ထိုသတ်မှတ်ချက်က မိမိတို့၏ မိဘများကို လူတို့ ဆက်ဆံသည့် သဘောထားနှင့် ဆက်နွှယ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ ပုံမှန်အားဖြင့် အသက်ရှင်နေထိုင်ကာ ထုတ်ဖော်ပြကြသည့် လူ့သဘာဝနှင့် ဆက်နွှယ်သည်ဖြစ်စေ၊ မည်သို့ဆိုစေ အပြင်ပန်း အပြုအမူများနှင့် စပ်လျဉ်း၍ ဤလုပ်နည်းကိုင်နည်းများကို ဘုရားသခင် ချခင်းထားပြီးဖြစ်သည့်အတွက် သူ့ထံတွင် ထိုသို့လုပ်ဆောင်ခြင်းအတွက် သူ၏ကိုယ်ပိုင် အကြောင်းရင်းများနှင့် ရည်ရွယ်ချက်များ ရှိရပေမည်။ ဘုရားသခင် ချမှတ်သည့် ဤအပြုအမူဆိုင်ရာ သတ်မှတ်ချက်များသည် သမ္မာတရားနှင့် အတော်အတန် ကွာခြားနေဆဲဖြစ်သော်လည်း မည်သို့ပင်ဆိုစေ ထိုသတ်မှတ်ချက်များသည် လူ၏ အပြုအမူကို ထိန်းညှိရန် ဘုရားသခင် စီစဉ်တင်ပြထားသည့် စံနှုန်းများ ဖြစ်သည်။ ထိုအရာများအားလုံးသည် အရေးပါပြီး ယနေ့တွင် ခိုင်လုံနေဆဲဖြစ်သည်။
လူအတွက် ဘုရားသခင် ချမှတ်ထားသည့် အပြုအမူဆိုင်ရာ စံများနှင့် သူ တောင်းဆိုသည့် သမ္မာတရားများကြား အမျိုးမျိုးသော ဆက်နွှယ်မှုများနှင့် ခြားနားမှုများအပေါ် ငါယခုတင် မိတ်သဟာယပြုပြီး ဖြစ်သည်။ ဤအချိန်တွင် လူတို့က မိမိတို့၏ အယူအဆများတွင် မှန်ကန်ပြီး ကောင်းမွန်မည်ဟု ယုံကြည်ကြသည့် အရာများတွင် ပါဝင်သော အပြုအမူကောင်းများနှင့် ပတ်သက်၍ အနည်းနှင့် အများ ငါတို့ မိတ်သဟာယပြုပြီးပြီမဟုတ်လော။ ဤအရာနှင့် ပတ်သက်၍ ငါတို့၏ မိတ်သဟာယကို အဆုံးသတ်ပြီးနောက်တွင် လူ၏ အပြုအမူနှင့် လူက အသက်ရှင်နေထိုင်သည့်အရာကို ထိန်းညှိရန် ဘုရားသခင် ချမှတ်ထားသည့် အချို့သော စံနှုန်းများနှင့် အဆိုများအပေါ် ငါတို့ မျှဝေခဲ့ကြပြီး ဥပမာအချို့ကို ငါတို့ စာရင်းပြုစုခဲ့ကြသည်။ ဥပမာအားဖြင့် အခြားသူများကို မရိုက်နှက်ရန် သို့မဟုတ် နှုတ်ဖြင့် မစော်ကားရန်၊ ကိုယ့်မိဘကို ရိုသေစွာ ပြုရန်၊ ဆေးလိပ် သို့မဟုတ် အရက် မသောက်ရန်၊ မခိုးယူရန်၊ သူတစ်ပါးတို့အား အခွင့်အရေးမယူရန်၊ မမှန်သော သက်သေကို မခံရန်၊ ရုပ်တုဆင်းတုများကို မကိုးကွယ်ရန် အစရှိသည်တို့ ဖြစ်သည်။ ဤသည်တို့မှာ အဓိကအချက်များသာဖြစ်ပြီး ငါတို့ နှိုက်နှိုက်ချွတ်ချွတ် ဆွေးနွေးသွားမည် မဟုတ်သည့် နောက်ထပ် အသေးစိတ်အချက်အလက်များစွာ ရှိသည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် ဤအရာများအကြောင်း မိတ်သဟာယပြုပြီးနောက်တွင် မည်သည့် သမ္မာတရားများကို သင် ရရှိပြီးဖြစ်သင့်သနည်း။ မည်သည့် စည်းမျဉ်းများကို သင်လက်တွေ့လုပ်ဆောင်သင့်သနည်း။ မည်သည့်အရာကို သင်လုပ်ဆောင်သင့်သနည်း။ သင်သည် အသက်ကြီးသူကို လေးစားပြီး ငယ်သူကို ဂရုစိုက်ရန် လိုအပ်သလော။ သင်သည် ရည်မွန်သော လူတစ်ဦးဖြစ်ရန် လိုအပ်သလော။ သင်သည် ဖော်ရွေတတ်ပြီး ပေါင်းသင်းရလွယ်ကူရန် လိုအပ်သလော။ အမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာဖြစ်ရန်၊ သို့မဟုတ် ပညာကောင်းကောင်းတတ်ပြီး စဉ်းစားချင့်ချိန်တတ်ရန် လိုအပ်ပါသလော။ အမျိုးသားများသည် ကြီးမြတ်ရန်၊ ရည်မှန်းချက်ကြီးပြီး ပြောင်မြောက်သောလူများ ဖြစ်ရန် လိုအပ်ပါသလော။ မလိုအပ်ပေ။ ငါတို့သည် မိတ်သဟာယများစွာ ပြောပြီး ဖြစ်သည်မှာ အမှန်ပင်။ ရိုးရာယဉ်ကျေးမှုက ထောက်ခံသည့် ဤအရာများကို စာတန်က လူတို့အား လှည့်စားရန် သိသာထင်ရှားစွာ အသုံးပြုပေသည်။ ထိုအရာများသည် အလွန် လမ်းလွဲစေသော အရာများဖြစ်ပြီး လူတို့ကို လှည့်စားသည့် အရာများ ဖြစ်သည်။ သင်တို့သည် မိမိကိုယ်ကို ဆန်းစစ်သင့်ပြီး ဤအတွေးများနှင့် အမြင်များ၊ သို့မဟုတ် အပြုအမူများနှင့် သရုပ်သကန်များကို သင် သိုးထားဆဲ ဟုတ်မဟုတ်ဆိုသည်ကို ကြည့်သင့်သည်။ သင် သိုထားပါက ထိုအရာများကို ဖြေရှင်းရန် သမ္မာတရားကို အမြန်ရှာဖွေသင့်ပြီး ထို့နောက်တွင် သမ္မာတရားကို လက်ခံကာ ဘုရားနှုတ်ကပတ်တော်များဖြင့် အသက်ရှင်သင့်ပေသည်။ ထိုသို့ဖြင့် သင်သည် ဘုရားသခင်၏ လက်ခံမှုကို ရရှိနိုင်လိမ့်မည်ဖြစ်သည်။ သင့်အနေဖြင့် ရိုးရာယဉ်ကျေးမှုဖြင့် အသက်ရှင်သည့်အခါ သင်၏ အတွင်းပိုင်း အခြေအနေက မည်သည့်အရာနှင့်တူသည်ကိုလည်းကောင်း၊ သင်၏ စိတ်နှလုံး အတွင်းနက်နက်နေရာများ၌ မည်သို့ ခံစားခဲ့ရသည်ကိုလည်းကောင်း၊ မည်သည့်အရာကို သင်ရရှိခဲ့သည်ကိုလည်းကောင်း၊ ရလဒ်က မည်သည့်အရာ ဖြစ်ခဲ့သည်ကိုလည်းကောင်း သင် သုံးသပ်ဆင်ခြင်သင့်ပြီး ထို့နောက်တွင် ချုပ်တည်းထားခြင်း၊ သူတော်စင်ကျင့်ဝတ် ပိုင်ဆိုင်ခြင်း၊ အခြားသူများကို မရိုက်နှက်ခြင်း၊ သို့မဟုတ် နှုတ်ဖြင့် ဆဲရေးတိုင်းထွာမှု မပြုခြင်း စသည်တို့ကဲ့သို့သော လူ့အပေါ် ဘုရားသခင် တောင်းဆိုထားသည့် စံနှုန်းများအတိုင်း ကျင့်ကြံပြုမူရန် မည်သို့ခံစားရသည်ဆိုသည်ကို ကြည့်သင့်သည်။ ဤဘဝနည်းလမ်းများထဲမှ မည်သည့်အရာက သင့်အား သာ၍ လွယ်ကူစွာ၊ လွတ်လပ်စွာ၊ တည်ငြိမ်စွာနှင့် အေးချမ်းစွာ အသက်ရှင်ခွင့်ပေးပြီး သာ၍ များသည့် လူ့သဘာဝဖြင့် အသက်ရှင်နိုင်ဖို့ ထောက်ကူပေးသည်၊ မည်သည့်အရာက အယောင်ဆောင် မျက်နှာဖုံးအောက်တွင် သင် အသက်ရှင်နေသည့်အလား ခံစားရစေပြီး သင့်ဘဝအား အလွန် မှားယွင်းစေကာ စိတ်မချမ်းမြေ့ဖြစ်စေသည်တို့ကို ကြည့်လော့။ ဤဘဝနည်းလမ်းများထဲမှ မည်သည့်အရာက သင့်အား ဘုရားသခင်၏ သတ်မှတ်ချက်များနှင့် ပိုနီးသည်ထက် နီးစွာ အသက်ရှင်ခွင့်ပေးပြီး ဘုရားသခင်နှင့် သင်၏ ဆက်ဆံရေးကို ပိုပိုပြီး ပုံမှန်ဖြစ်စေသည်ဆိုသည်တို့ကို ကြည့်လော့။ ဤအရာကို သင် အမှန်တကယ် တွေ့ကြုံသည့်အခါ သင် သိရှိလိမ့်မည်။ ဘုရားနှုတ်ကပတ်တော်များနှင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းသည်သာ သင့်ကို လွတ်မြောက်မှုနှင့် လွတ်လပ်မှု ဆောင်ကြဉ်းပေးနိုင်ပြီး ဘုရားသခင်၏ ထောက်ခံမှုကို ရရှိခွင့်ပေးနိုင်သည်။ ဥပမာအနေဖြင့် သင်သည် အသက်ကြီးသူများကို ရိုသေပြီး ငယ်သူများကို ဂရုစိုက်ကြောင်း၊ သင်သည် စည်းမျဉ်းများကို လိုက်နာကြောင်းနှင့် သင်သည် လူကောင်းတစ်ယောက်ဖြစ်ကြောင်း အခြားလူများအား ပြောစေရန်အလို့ငှာ သာ၍ အသက်ကြီးသည့် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးကို သင် တွေ့ဆုံသည့်အခါတိုင်းတွင် သင်က ၎င်းတို့ကို ၎င်းတို့၏ နာမည်ဖြင့် လုံးဝ မခေါ်ဝံ့ဘဲ ၎င်းတို့၏ နာမည်ဖြင့် ခေါ်ရန် အလွန် စိတ်အနှောင့်အယှက် ဖြစ်ရကာ ထိုသို့လုပ်ဆောင်ခြင်းသည် အလွန် မလေးစားရာ ကျမည်ဟု စဉ်းစားလျက် ၎င်းတို့ကို “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”ဟု သင် ခေါ်သည်ဆိုပါစို့။ လူကြီးသူမများကို ရိုသေလေးစားပြီး ငယ်ရွယ်သူများကို ဂရုစိုက်ခြင်းနှင့်ဆိုင်သည့် ဤရိုးရာ အယူအဆသည် သင့်စိတ်နှလုံးတွင် ကွယ်ဝှက်နေသောကြောင့် အသက်ကြီးသည့်လူတစ်ဦးကို သင် မြင်သည့်အခါ အလွန် နူးညံ့ပြီး ကြင်နာစွာ သင် ပြုမူသည်။ ပြီးလျှင် သင်သည် အလွန် စည်းမျဉ်းလိုက်နာပြီး ယဉ်ကျေးသည့်အလားဖြစ်ကာ ၁၅ ဒီဂရီထောင့်မှသည် ၉၀ ဒီဂရီထောင့်အထိ ခါးမကိုင်းပေးဘဲ မနေနိုင်ပေ။ သင်သည် သက်ကြီးရွယ်အိုများကို ရိုသေလေးစားစွာ ဆက်ဆံသည်၊ သင့်ရှေ့က လူသည် သာ၍ အသက်ကြီးလေ၊ လိမ္မာရေးခြားရှိသယောင် သင် ဟန်ဆောင်လေ ဖြစ်သည်။ ဤသို့ လိမ္မာရေးခြားရှိခြင်းသည် ကောင်းမွန်သည့် အရာတစ်ခု ဖြစ်သလော။ ဤသည်မှာ အားမာန်နှင့် ဂုဏ်သိက္ခာမရှိဘဲ အသက်ရှင်ခြင်းဖြစ်သည်။ ဤကဲ့သို့သော လူများသည် ငယ်ရွယ်သည့် ကလေးတစ်ဦးကို မြင်သည့်အခါ ကလေးတစ်ဦးကဲ့သို့ပင် ချစ်စဖွယ်ဖြစ်ပြီး ပျော်စေပျက်စေ သဘောမျိုး ပြုမူကြသည်။ မိမိတို့၏ သက်တူရွယ်တူများထဲမှ တစ်ဦးကို တွေ့သည့်အခါ အခြားသူများက ၎င်းတို့အား မလေးမစား မပြုဝံ့ရန်အလို့ငှာ ၎င်းတို့ အတော်ကို မတ်မတ်ရပ်ကြပြီး အရွယ်ရောက်သူ တစ်ဦးကဲ့သို့ ပြုမူကြသည်။ ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်ပါသနည်း။ မျက်နှာများစွာရှိသည့် လူတစ်ဦး ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့ အလွန် မြန်ဆန်စွာ ပြောင်းလဲကြသည်၊ ဟုတ်သည် မဟုတ်လော။ အသက်ကြီးသည့် လူတစ်ဦးကို မြင်သည့်အခါ “သက်ကြီးဖိုးဖိုး” သို့မဟုတ် “သက်ကြီးဖွားဖွား”ဟု ခေါ်ကြသည်။ ၎င်းတို့ထက် အနည်းငယ် သာ၍ အသက်ကြီးသည့် တစ်စုံတစ်ဦးကို မြင်သည့်အခါ ၎င်းတို့က “အန်ကယ်”၊ “အန်တီ”၊ “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”ဟု ခေါ်ကြသည်။ ၎င်းတို့ထက် ငယ်ရွယ်သည့် တစ်စုံတစ်ဦးကို ဆုံသည့်အခါ ၎င်းတို့ကို “ညီလေး” သို့မဟုတ် “ညီမလေး” ဟု ခေါ်ကြသည်။ ၎င်းတို့သည် လူများကို ၎င်းတို့၏ အသက်အရွယ်များအတိုင်း မတူကွဲပြားသည့် ဂုဏ်ပုဒ်များနှင့် ချစ်စနိုးအမည်များကို ပေးကြပြီး ဤခေါ်ညွှန်းသည့် ပုံစံများကို တိကျစွာနှင့် မှန်ကန်စွာ ၎င်းတို့ အသုံးပြုကြလေသည်။ ဤအရာများသည် ၎င်းတို့၏ အရိုးများထဲ၌ အမြစ်တွယ်နေပြီးဖြစ်ကာ အလွန် အေးဆေးစွာဖြင့် ထိုအရာများကို ၎င်းတို့ သုံးနိုင်ကြလေသည်။ အထူးသဖြင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်လာပြီးနောက်တွင် “ယခုတွင် ငါသည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးဖြစ်သည်။ ငါသည် စည်းမျဉ်းလိုက်နာပြီး ယဉ်ကျေးသူဖြစ်ရမည်။ ပညာကောင်းစွာ တတ်ပြီး စဉ်းစားချင့်ချိန်နိုင်ရမည်။ မယုံကြည်သည့်၊ ပြဿနာဖြစ်စေသော လူငယ်များကဲ့သို့ စည်းမျဉ်းများကို ငါချိုးဖောက်၍မရ၊ ပုန်ကန်၍မရပါ။ လူတို့သည် ထိုအရာကို နှစ်သက်ကြလိမ့်မည် မဟုတ်ပါ။ လူတိုင်း ငါ့ကို နှစ်သက်စေလိုလျှင် အသက်ကြီးသူကို ငါ ရိုသေပြီး ငယ်ရွယ်သူကို ဂရုစိုက်ရမည်”ဟု သာ၍ပင် ယုံကြည်လက်ခံကြလေသည်။ ထို့ကြောင့် ၎င်းတို့သည် မတူကွဲပြားသည့် အသက်အရွယ် အုပ်စုများနှင့်ဆိုင်သည့် လူများကို မတူကွဲပြားသည့် အဆင့်များထဲသို့ ခွဲခြားရင်း ၎င်းတို့ကို ဂုဏ်ပုဒ်များနှင့် ချစ်စနိုးနာမည်များအားလုံး ပေးရင်းနှင့် ထို့နောက်တွင် ဤအရာကို ၎င်းတို့၏ နေ့စဉ်အသက်တာများတွင် စဉ်ဆက်မပြတ် လက်တွေ့လုပ်ဆောင်ရင်း မိမိတို့၏ အပြုအမူကို သာ၍ တင်းကျပ်စွာ ထိန်းညှိကြပြီးနောက် ၎င်းတို့က “ငါ့ကို ကြည့်ပါ၊ ငါသည် ဘုရားသခင်ကို ယုံကြည်လာပြီးနောက်တွင် အမှန်တကယ် ပြောင်းလဲပြီးဖြစ်သည်။ ငါသည် အသိပညာ ကြွယ်ဝပြီး အသိတရားရှိသည်၊ရည်မွန်သည်၊ အသက်ကြီးသူကို ရိုသေပြီး ငယ်ရွယ်သူကို ဂရုစိုက်ကာ ငါသည် ဖော်ရွေတတ်သည်။ လူသား ပုံသဏ္ဌာန်ဖြင့် အမှန်တကယ် ငါအသက်ရှင်နေသည်။ ငါ တွေ့ဆုံသည့် လူတိုင်းကို ၎င်းတို့ မည်မျှ အိုမင်းသည်ဖြစ်စေ၊ ၎င်းတို့၏ သင့်တင့်လျောက်ပတ်သည့် ဂုဏ်ပုဒ်ဖြင့် မည်သို့ ခေါ်ရမည်ဆိုသည်ကို ငါ သိသည်။ ငါ့မိဘများက ငါ့ကို ဤအရာသွန်သင်ပေးရန် မလိုအပ်ခဲ့သကဲ့သို့ ငါ့အနီးဝန်းကျင်ရှိ လူများကလည်း ငါ့ကို ထိုသို့လုပ်ဆောင်ရန် ပြောဖို့ မလိုအပ်ခဲ့ပါ။ မည်သို့ လုပ်ဆောင်ရမည်ဆိုသည်ကို အလိုလို ငါသိရှိခြင်း ဖြစ်သည်”ဟု ပိုပိုပြီး တွေးထင်ကြလေသည်။ ဤအပြုအမူကောင်းများကို လက်တွေ့လုပ်ဆောင်ပြီးနောက်တွင် ၎င်းတို့တွင် အမှန်တကယ် လူ့သဘာဝရှိကြကြောင်း၊ ၎င်းတို့သည် အမှန်တကယ် စည်းမျဉ်းလိုက်နာကြကြောင်းနှင့် ဘုရားသခင်က ဤအရာကို ကြိုက်နှစ်သက်ရမည်ဖြစ်ကြောင်းတို့ကို ၎င်းတို့ တွေးထင်ကြလေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်ရော အခြားသူများကိုပါ ထင်ယောင်ထင်မှား ဖြစ်စေခြင်း မဟုတ်လော။ ယခုအချိန်မှစ၍ ဤအရာများကို သင် စွန့်ပစ်ရမည်။ ယခင်က ဒါမင်းနှင့် ရှောင်မင်း ဇာတ်လမ်းကို ငါ ပြောပြခဲ့သည်။ ထိုဇာတ်လမ်းသည် အသက်ကြီးသူကို ရိုသေပြီး ငယ်သူကို ဂရုစိုက်ခြင်းနှင့် ဆက်နွှယ်သည်၊ ဟုတ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့သည် အသက်ကြီးသည့် လူတစ်ဦးကို မြင်သည့်အခါ ၎င်းတို့ကို “အစ်ကိုကြီး” သို့မဟုတ် “အစ်မကြီး”အဖြစ် ခေါ်ခြင်းသည် ထိုမျှ ယဉ်ကျေးသိမ်မွေ့ခြင်း မရှိကြောင်းနှင့် ထိုအရာက လူများအား ၎င်းတို့သည် ထိုမျှ ယဉ်ကျေးသည်ဟု တွေးထင်စေလိမ့်မည် မဟုတ်ကြောင်း ၎င်းတို့ စဉ်းစားကြသည်။ ထို့ကြောင့် ထိုလူများကို ၎င်းတို့က “သက်ကြီး ဖိုးဖိုး” သို့မဟုတ် “သက်ကြီး အန်တီ”ဟု ခေါ်ကြလေသည်။ သင်သည် ၎င်းတို့ကို အတော်အတန် ရိုသေလေးစားမှု ပေးသည့်ပုံရကာ ၎င်းတို့အတွက် သင် ရိုသေလေးစားမှုသည် မည်သည့်နေရာမှ လာပါသနည်း။ သင်သည် အခြားသူများကို လေးစားသည့် လူတစ်ဦး၏ အသွင်အပြင်မရှိပေ။ သင်နှင့်ပတ်သက်လျှင် ထိတ်လန့်ဖွယ်ရာဖြစ်ပြီး ကြမ်းကြုတ်ရက်စက်ကာ မထီတရီဖြင့် မာနထောင်လွှားသည့် သွင်ပြင်တစ်ခု ရှိပြီး သင်သည် အခြားမည်သူမဆိုထက် သင်၏ လုပ်ရပ်များတွင် သာ၍ မာနထောင်လွှားလေသည်။ သင်သည် သမ္မာတရား စည်းမျဉ်းများကို မရှာဖွေရုံမက အခြားမည်သူကိုမျှ သင် မတိုင်ပင်ပေ။ သင်သည် ထင်ရာစိုင်းပြီး လူ့သဘာဝ စိုးစဉ်းမျှ မရှိပေ။ မည်သူ့တွင် အဆင့်အတန်းရှိသည်ကို သင်ကြည့်ပြီးနောက် ဤအတွက် လူတို့၏ ချီးမွမ်းခြင်းကို ရရှိရန်မျှော်လင့်လျက် ၎င်းတို့ကို “သက်ကြီး အန်ကယ်” သို့မဟုတ် “သက်ကြီး အန်တီ”ဟု ခေါ်လေသည်။ ဤကဲ့သို့ ဟန်ဆောင်ခြင်းသည် အသုံးဝင်သလော။ ဤကဲ့သို့ ဟန်ဆောင်ပါက လူ့သဘာဝနှင့် ကိုယ်ကျင့်တရား သင်ရှိလိမ့်မည်လော။ ဆန့်ကျင်ဖက်အနေဖြင့် သင် ဤအရာလုပ်ဆောင်သည်ကို အခြားသူများက မြင်သည့်အခါ သင့်ကို သာ၍ပင် စက်ဆုပ်ကြလိမ့်မည် ဖြစ်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားပါဝင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်သည့်အခါ ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို သင် သစ္စာဖောက်နိုင်ဖွယ် ရှိသည်။ သင်သည် မိမိ စိတ်ကျေနပ်ဖို့ကိုသာ အသက်ရှင်ပြီး ဤလူ့သဘာဝမျိုး ပိုင်ဆိုင်လင့်ကစား သင်သည် လူတို့ကို “သက်ကြီး အန်တီ”ဟု ခေါ်နေဆဲဖြစ်သည်။ ဤသည်မှာ ဟန်ဆောင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) သင်သည် ဟန်ဆောင်ရာတွင် အလွန်တော်၏။ ငါ့ကို ပြောလော့၊ ဤကဲ့သို့သော လူများသည် စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤကဲ့သို့သောလူများသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အမြဲ သစ္စာဖောက်နေကြသည်။ လုံးဝ ကာကွယ်ခြင်း မရှိကြချေ။ မိမိတို့အား ကျွေးသည့်လက်ကို ကိုက်ကြပြီး ဘုရားအိမ်တော်တွင် အသက်ရှင်ရန် မထိုက်တန်ကြပေ။ မိမိကိုယ်ကို ဆန်းစစ်ပြီး လူ့သဘာဝက ကောင်းမွန်သည့် အပြုအမူများအဖြစ် အများအားဖြင့် အသိအမှတ်ပြုသည့်တိုင် စင်စစ်အားဖြင့် ဘုရားသခင်က စက်ဆုပ်သည့် အရာများ အတိအကျဖြစ်သည့် လူတို့အပေါ် ဆက်ဆံခြင်းနှင့်ဆိုင်သော မည်သည့် အတွေးများ၊ အမြင်များ၊ သဘောထားများ၊ လုပ်နည်းကိုင်နည်းများနှင့် နည်းလမ်းများကို သင် သိုထားဆဲဖြစ်သည်ကို ကြည့်လော့။ ဤအသုံးမကျသည့် အရာများကို သင် အမြန် လက်လွှတ်သင့်ပြီး ထိုအရာများကို လုံးဝ မဖက်တွယ်ရပေ။ လူအချို့က “ထိုသို့ ပြုမူခြင်းနှင့်ပတ်သက်၍ မည်သည့်အရာ မှားယွင်းပါသနည်း”ဟု ဆိုကြသည်။ သင်သည် ထိုသို့ ပြုမူပါက သင့်ကို ငါ မနှစ်မြို့ဘဲနေမည်ဖြစ်ပြီး သင့်ကို စက်ဆုပ်လိမ့်မည်။ သင်သည် ထိုသို့ လုံးဝ မပြုမူရပေ။ လူအချို့က “ကိုယ်တော် ကျွန်ုပ်တို့ကို မနှစ်မြို့လျှင် ကိစ္စမရှိပါ။ အမှန်တွင်တော့ ကိုယ်တော်နှင့်အတူ ကျွန်ုပ်တို့ အသက်ရှင်နေထိုင်ခြင်း မရှိပါ”ဟု ဆိုကြသည်။ ငါတို့ အတူတကွ နေထိုင်ခြင်းမရှိသော်လည်း ထိုသို့ သင် မပြုမူဘဲ နေဆဲဖြစ်ရမည်။ သင်သည် သမ္မာတရားကို လက်မခံနိုင်သောကြောင့်၊ သို့မဟုတ် လက်တွေ့မလုပ်ဆောင်နိုင်သောကြောင့် သင့်ကို ငါစက်ဆုပ်မိလိမ့်မည်။ ဆိုလိုသည်မှာ သင်သည် ကယ်တင်မခံရနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤအရာများကို မြန်နိုင်သမျှ မြန်မြန် သင် စွန့်ပစ်ပါက ပိုကောင်းမည်။ ဟန်မဆောင်နှင့်၊ ပြီးလျှင် အယောင်ဆောင် မျက်နှာဖုံး နောက်ကွယ်တွင် အသက်မရှင်နှင့်။ အနောက်တိုင်းလူများသည် ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အလွန် ပုံမှန်ဖြစ်ကြသည်ဟု ငါထင်သည်။ ဥပမာအားဖြင့် အမေရိကတွင် သင်သည် လူတို့ကို ၎င်းတို့၏နာမည်များဖြင့်သာ ခေါ်ဖို့လိုအပ်သည်။ ဤလူကို “ဖိုးဖိုး”၊ ထိုလူကို “ဖွားဖွား”ဟု သင် ကသိကအောက်ဖြစ်စွာ ခေါ်ရန် မလိုအပ်သကဲ့သို့ လူတို့က သင့်ကို ဝေဖန်ခြင်းနှင့်ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်ပေ။ လူတို့ကို သိက္ခာရှိသည့်နည်းလမ်းဖြင့် ၎င်းတို့၏ အမည်များဖြင့်သာ သင် ခေါ်ဆိုနိုင်ပြီး ထိုသို့ သင် ခေါ်သည်ကို လူတို့ကြားသည့်အခါလည်း အရွယ်ရောက်သူများရော ကလေးသူငယ်များကပါ အလွန် ပျော်ရွှင်ကြလိမ့်မည်ဖြစ်ပြီး သင်သည် အလွန် ရိုသေလေးစားတတ်သည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်။ ဆန့်ကျင်ဖက်အနေဖြင့် ၎င်းတို့၏ အမည်နာမကို သင် သိပြီး ၎င်းတို့ကို “ဆရာ” သို့မဟုတ် “အန်တီ”ဟု သင် ခေါ်နေသေးပါက ၎င်းတို့ ဝမ်းသာကြလိမ့်မည်မဟုတ်သကဲ့သို့ သင့်ကို တမင်ကို အဖတ်မလုပ်ဘဲ နေကြလိမ့်မည်။ ပြီးလျှင် ဤအရာကို အလွန်ထူးဆန်းသည်ဟု သင်တွေ့မြင်ရလိမ့်မည်။ အနောက်တိုင်း ယဉ်ကျေးမှုသည် တရုတ်ရိုးရာ ယဉ်ကျေးမှုနှင့် မတူပေ။ တရုတ်လူမျိုးများသည် ရိုးရာယဉ်ကျေးမှု၏ အယူဝါဒသွတ်သွင်းခြင်းခံရကာ လွှမ်းမိုးခြင်းခံရပြီး ဖြစ်သကဲ့သို့ ၎င်းတို့ အမြဲ အဆင့်အတန်းမြင့်ချင်ကြသည်၊ အဖွဲ့တွင် အကြီးအကဲ ဖြစ်လိုကြပြီး အခြားသူများအား ၎င်းတို့ကို ရိုသေလေးစားစေလိုကြသည်။ “ဖိုးဖိုး” သို့မဟုတ် “ဖွားဖွား”ဟု အခေါ်ခံရရန်မှာ ၎င်းတို့အတွက် လုံလောက်ခြင်းမရှိ။ ၎င်းတို့က ထိုအရာရှေ့တွင် “သက်ကြီး”ဟူသည်ကို ဖြည့်စေလိုကြပြီး ၎င်းတို့ကို “သက်ကြီး ဖိုးဖိုး”၊ “သက်ကြီး ဖွားဖွား” သို့မဟုတ် “သက်ကြီး အန်ကယ်” ဟု ခေါ်စေလိုကြသည်။ ထို့နောက် “အန်တီကြီး” သို့မဟုတ် “အန်ကယ်ကြီး”လည်း ရှိသည်။ ၎င်းတို့အနေဖြင့် “သက်ကြီး”ဟု အခေါ်ခံရခြင်းမရှိပါက “ကြီး”ဟု အခေါ်ခံချင်ကြသည်။ ဤကဲ့သို့သော လူများသည် မနှစ်မြို့ဖွယ်ဖြစ်သည် မဟုတ်လော။ ဤသည်မှာ မည်သည့် စိတ်သဘောထားမျိုး ဖြစ်သနည်း။ စက်ဆုပ်ဖွယ်ဖြစ်သည် မဟုတ်လော။ အလွန် မနှစ်မြို့ဖွယ်ဖြစ်သည်။ ဤလူစားမျိုးများသည် အခြားသူများ၏ လေးစားမှုကို ရရှိနိုင်စွမ်းမရှိရုံမက အခြားလူများက ၎င်းတို့ကို စက်ဆုပ်ကာ အထင်သေးကြပြီး ၎င်းတို့နှင့် ကင်းအောင်နေကြကာ ၎င်းတို့ကို ငြင်းပယ်ကြလေသည်။ ထို့ကြောင့် ဘုရားသခင်က ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာများအား ဖော်ထုတ်ပြီး ဤအရာများကို မုန်းတီးရသည့် အကြောင်းရင်းတစ်ခုရှိသည်။ အဘယ်ကြောင့်ဆိုသော် ဤအရာများတွင် စာတန်၏ လှည့်ကွက်များနှင့် ၎င်း၏ စိတ်သဘောထား ပါရှိပြီး ထိုအရာများက လူတစ်ဦး၏ ကျင့်ကြံပြုမူခြင်း နည်းစနစ်များနှင့် ဦးတည်ချက်ကို သက်ရောက်မှုရှိနိုင်သောကြောင့်တည်း။ လူများနှင့် အမှုအရာများကို လူတစ်ဦးက ရှုမြင်သည့် ရှုထောင့်အမြင်ကိုလည်း ထိုအရာများက သက်ရောက်နိုင်သကဲ့သို့ တစ်ချိန်တည်းတွင် လူများကိုလည်း ကြောင်းကျိုးမမြင် ဖြစ်စေကာ မှန်ကန်သည့် လမ်းကြောင်း ရွေးချယ်ရန်ဖြစ်သည့် ၎င်းတို့၏ အစွမ်းအစကို ထိခိုက်သည်မှာ အမှန်ဖြစ်၏။ ထို့ကြောင့် လူများသည် ဤအရာများကို စွန့်ပစ်သင့်သည် မဟုတ်လော။ (စွန့်ပစ်သင့်ပါသည်။)
တရုတ်လူမျိုးများသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို အလွန် နက်ရှိုင်းစွာ ခံကြရပြီးဖြစ်သည်။ ကမ္ဘာလောကရှိ နိုင်ငံတိုင်းသည် မိမိကိုယ်ပိုင် ရိုးရာယဉ်ကျေးမှုရှိကြပြီး ဤရိုးရာယဉ်ကျေးမှုများသည် သေးငယ်သည့် အင်္ဂါရပ်များဖြင့်သာ ကွာခြားကြသည်မှာ အမှန်ဖြစ်၏။ ယင်းတို့၏ အဆိုများထဲမှ အချို့မှာ တရုတ်ရိုးရာ ယဉ်ကျေးမှု၏ အဆိုများနှင့် ကွာခြားသော်လည်း ထိုအရာများတွင် တူညီသည့် သဘောသဘာဝရှိ၏။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိကြပြီး သာမန်လူ့သဘာဝ ကင်းမဲ့ကြသောကြောင့် ဤအဆိုများအားလုံး တည်ရှိခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် အပေါ်ယံတွင် ကောင်းပုံပေါ်သည့်၊ လူ၏ အယူအဆများ၊ စိတ်ကူးများနှင့် ကိုက်ညီသည့်၊ လူတို့အနေဖြင့် အလွန် မွန်မွန်ရည်ရည် ရှိပုံပေါ်ရန်အလို့ငှာ၊ မြင့်မြတ်ပြီး လေးစားဖွယ်ရှိပုံ ပေါ်ရန်အလို့ငှာနှင့် ၎င်းတို့တွင် ဂုဏ်သိက္ခာနှင့် တည်ကြည်မှုတို့ ရှိသည်ဟု ထင်ရရန်အလို့ငှာ ဆောင်ရွက်ရန်၊ မိမိတို့ကိုယ်ကို ပြရုပ်တင်ရန် လူတို့အတွက် လွယ်ကူသည့် အလွန် လှည့်ဖြားတတ်သော အပြုအမူအချို့ကို ၎င်းတို့ အသုံးပြုကြလေသည်။ သို့ရာတွင် လူတို့၏ အမြင်များကို မကြည်မလင်ဖြစ်စေပြီး ၎င်းတို့ကို လှည့်စားသည်မှာ ရိုးရာယဉ်ကျေးမှု၏ ဤသွင်ပြင်လက္ခဏာရပ်များ အတိအကျဖြစ်ပြီး လူတို့အား စစ်မှန်သည့် လူသားပုံသဏ္ဌာန်ကို အသက်ရှင်နေထိုင်ခြင်းမှ တားဆီးသည်မှာ ဤအရာများ အတိအကျ ဖြစ်ပေသည်။ သာ၍ ဆိုးသေးသည်မှာ စာတန်သည် လူတို့၏ လူ့သဘာဝကို ဖောက်ပြန်ပျက်စီးစေရန်နှင့် ၎င်းတို့ကို မှန်ကန်သော လမ်းကြောင်းမှ ဝေးသွားစေရန် ဤအရာများကို အသုံးပြုလေသည်။ ထိုသို့ ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဘုရားသခင်က လူတို့ကို မခိုးရန်၊ အိမ်ထောင်ရေး မဖောက်ပြန်ရန် စသည်တို့ကို ပြောသည်။ စာတန်ကမူ လူတို့အား အသိပညာ ကြွယ်ဝပြီး အသိတရားရှိနိုင်ရမည်၊ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးဖွယ်ရာဖြစ်ရမည်၊ ရည်မွန်ရမည်၊ စသည်တို့ကို ပြောသည်။ ဤသည်တို့မှာ ဘုရားသခင် ချမှတ်သည့် တောင်းဆိုချက်များနှင့် အတိအကျ ဆန့်ကျင်သည် မဟုတ်လော။ ထိုအရာများသည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တမင်ရည်ရွယ်သည့် ဆန့်ကျင်ကွဲလွဲမှုများ ဖြစ်သည် မဟုတ်လော။ စာတန်သည် အခြားလူများအား လှည့်စားရန် အပြင်ပန်း နည်းစနစ်များ၊ အပြုအမူများနှင့် ၎င်းတို့ အသက်ရှင်နေထိုင်သည့်အရာများအား မည်သို့ အသုံးပြုရမည်ဆိုသည်ကို လူတို့အား သွန်သင်သည်။ ဘုရားသခင်က လူတို့ကို မည်သည့်အရာ သွန်သင်သနည်း။ အခြားလူများ၏ ယုံကြည်ကိုးစားမှုကို မှားယွင်းစွာ ရရှိရန် အပြင်ပန်း အပြုအမူများကို ၎င်းတို့ အသုံးမပြုသင့်ကြောင်းနှင့် ထိုအစား သူ၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရားပေါ် အခြေခံ၍ ကျင့်ကြံပြုမူသင့်ကြောင်းတို့ ဖြစ်သည်။ ထိုသို့ဖြင့် ၎င်းတို့သည် အခြားလူများ၏ ယုံကြည်ကိုးစားမှုနှင့် စိတ်ချမှုတို့နှင့် ထိုက်တန်လာကြလိမ့်မည်ဖြစ်သည်။ ဤကဲ့သို့သော လူများသာ လူ့သဘာဝရှိကြသည်။ ဤတွင် ခြားနားချက်တစ်ခု ရှိသည်မဟုတ်လော။ ဧရာမ ခြားနားချက်တစ်ခုရှိ၏။ ဘုရားသခင်က သင့်အား မည်သို့ ကျင့်ကြံပြုမူရမည်ကို ပြောသည်၊ စာတန်ကမူ သင့်အား မည်သို့ ဟန်ဆောင်ကာ အခြားလူများအား လှည့်စားရမည်ဆိုသည်ကို ပြော၏။ ယင်းမှာ ကြီးမားသည့် ခြားနားချက်တစ်ခု မဟုတ်လော။ သို့ဆိုလျှင် အဆုံးတွင် မည်သည့်အရာကို လူတို့ ရွေးချယ်သင့်သည်ဆိုသည်ကို သင်တို့ ယခု သိကြပြီလော။ ဤအရာများမှ မည်သည့်အရာသည် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သနည်း။ (ဘုရားနှုတ်ကပတ်တော်များ ဖြစ်သည်။) မှန်ပေ၏၊ ဘုရားနှုတ်ကပတ်တော်များသည် ဘဝတွင် မှန်ကန်သည့် လမ်းကြောင်း ဖြစ်သည်။ လူ၏ အပြုအမူနှင့် စပ်လျဉ်း၍ ဘုရားသခင်က မည်သည့် သတ်မှတ်ချက်မျိုးကို ချမှတ်သည်ဖြစ်စေ ထိုအရာမှာ လူသားကို ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် စည်းမျဉ်းတစ်ခု၊ ပညတ်ချက်တစ်ခု သို့မဟုတ် ပညတ်တရားတစ်ခု ဖြစ်လျှင်ပင် ထိုအရာများအားလုံးသည် မုချ မှန်ကန်ပြီး ထိုအရာများကို လူတို့ လိုက်နာစောင့်ထိန်းရမည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားနှုတ်ကပတ်တော်များသည် မှန်ကန်သည့် လမ်းကြောင်းနှင့် အပြုသဘောဆောင်သည့် အရာများ အမြဲ ဖြစ်လိမ့်မည်ဖြစ်ကာ၊ စာတန်၏ စကားများမှာမူ လူတို့ကို လှည့်စားကာ ဖောက်ပြန်ပျက်စီးစေသောကြောင့်ဖြစ်သည်၊ ထိုအရာများတွင် စာတန်၏ အကြံများပါရှိပြီး ထိုအရာများသည် လူတို့၏ အကြိုက်များ၊ သို့မဟုတ် အယူအဆများ၊ စိတ်ကူးများနှင့် မည်မျှကိုက်ညီသည်ဖြစ်စေ မှန်ကန်သည့် လမ်းကြောင်း မဟုတ်ပေ။ ဤအရာကို သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ယနေ့ မိတ်သဟာယ၏ ပါဝင်သည့် အကြောင်းအရာကို ကြားပြီးနောက်တွင် သင်တို့ မည်သို့ ခံစားရသနည်း။ ထိုအရာသည် သမ္မာတရားနှင့် ဆက်နွှယ်ပါသလော။ (ဆက်နွှယ်ပါသည်။) သမ္မာတရား၏ ဤသွင်ပြင်လက္ခဏာကို ယခင်က သင်တို့ နားလည်ကြသလော။ (ရှင်းလင်းစွာ နားမလည်ခဲ့ပါ။) ယခု ရှင်းလင်းစွာ နားလည်ပြီလော။ (ယခင်ထက် သာ၍ ရှင်းလင်းစွာနားလည်ပါသည်။) ပေါင်းရုံးဖော်ပြရလျှင် ဤသမ္မာတရားများကို သိနားလည်ခြင်းသည် လူတို့အဖို့ နောက်ပိုင်းတွင် အကျိုးရှိလိမ့်မည်။ ထိုအရာသည် ၎င်းတို့၏ အနာဂတ် သမ္မာတရား လိုက်စားမှု၊ ၎င်းတို့၏ လူ့သဘာဝ အသက်ရှင်နေထိုင်မှုနှင့် ဘဝတွင် ၎င်းတို့ လိုက်စားသည့်အရာ၏ ရည်မှန်းချက်နှင့် ဦးတည်ချက်တို့အတွက် အကျိုးကျေးဇူး ပြုလိမ့်မည်ဖြစ်သည်။
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်