၃၇၀ အားလုံးအထဲမှ ဘုရားကို ဝမ်းအနည်းစေဆုံးသောအရာကျူး
၁ လူသားအဖို့ ငါဆက်ကပ်သော အားထုတ်မှုများသည် လူသားအတွက် ငါ၏ချစ်ခြင်းမေတ္တာ၏ အနှစ်သာရကို သက်သေပြပြီး၊ ငါ၏ရှေ့မှောက်က လူသား၏ လုပ်ရပ်တိုင်းသည် သမ္မာတရားအပေါ် ၎င်း၏ စက်ဆုပ်ရွံရှာမှုနှင့် ငါ့ကို ဆန့်ကျင်ခြင်းတို့၏ အနှစ်သာရကို သက်သေပြပေသည်။ အချိန်တိုင်း၊ ငါသည် ငါ့နောက်သို့ လိုက်သောသူ အားလုံးအတွက် စိတ်ပူပန်၏၊ သို့ရာတွင် ငါ့နောက်လိုက်သူများသည် ငါ၏နှုတ်ကပတ်တော်များကို မည်သည့်အခါတွင်မျှ လက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ငါ၏အကြံပေးချက်များကိုပင် လက်မခံနိုင်ကြ။ ဤသည်မှာ ငါ့ကို အားလုံးထဲမှ ဝမ်းအနည်းစေဆုံးသော အရာ ဖြစ်သည်။ ငါ၏သဘောထားသည် စစ်မှန်ပြီး ငါ၏နှုတ်ကပတ်တော်များသည် နူးညံ့သော်လည်း၊ မည်သူမျှ ငါ့ကို နားမလည်နိုင်ဖူးကြသည့်အပြင်၊ ငါ့အား မည်သူမျှ လက်မခံနိုင်ဖူးကြပေ။
၂ အယောက်တိုင်းသည် ၎င်းတို့အား ငါပေးအပ်သည့် အလုပ်ကို မိမိတို့၏ ကိုယ်ပိုင် စိတ်ကူးများအတိုင်း လုပ်ဆောင်ဖို့ ကြိုးစားကြသည်။ ၎င်းတို့အား ငါ တောင်းဆိုသည့်အရာကို မေးမြန်းဖို့ မဆိုထားနှင့်၊ ငါ၏ ရည်ရွယ်ချက်များကို ၎င်းတို့ မရှာဖွေကြပေ။ ၎င်းတို့သည် ငါ့ကို ဆန့်ကျင်ပုန်ကန်ကြစဉ်တွင်၊ ငါ့ကို သစ္စာစောင့်သိစွာ အစေခံကြောင်း အခိုင်အမာဆိုကြသေး၏။ များစွာသောသူတို့သည် ၎င်းတို့ လက်မခံနိုင်သည့် သမ္မာတရားများ သို့မဟုတ် ၎င်းတို့ လက်တွေ့မကျင့်သုံးနိုင်သည့် သမ္မာတရားများသည် သမ္မာတရားများ မဟုတ်ဟု ယုံကြည်ကြသည်။ ထိုသို့သော လူသားများတွင်၊ ငါ၏သမ္မာတရားများသည် ငြင်းပယ်ခံရကာ ဘေးဖယ်ထားခံရသည့် အရာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းတွင်၊ ငါ့ကို ဘုရားသခင်အဖြစ် လူတို့သည် စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ သမ္မာတရား၊ လမ်းခရီး သို့မဟုတ် အသက်မဟုတ်သည့် အပြင်လူတစ်ဦးအဖြစ်လည်း ငါ့ကို ယုံကြည်ကြလေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်တို့၏ လုပ်ဆောင်ချက်များကို သင်တို့ သုံးသပ်ဆင်ခြင်သင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်