စမ်းသပ်မှုများအတွင်း လူက ကိုင်စွဲထားသင့်သောအရာကျူး
၁ ဘုရားသခင်အမှုတော်၏အဆင့်တိုင်းအတွက် လူတို့ပူးပေါင်းလုပ်ဆောင်သင့်သည့် နည်းလမ်းရှိပါသည်။ ဘုရားသခင်သည်လူတို့ကို စစ်ဆေးသည်။ သို့မှသာ သူတို့သည် စစ်ဆေးမှုတို့အလယ်တွင် မိမိကိုယ်ကိုယုံကြည်မှုရှိမည်ဖြစ်သည်။ ဘုရားသခင်သည် လူတို့ကိုစုံလင်အောင်ပြုလုပ်သည်။ သို့မှသာ ဘုရားသခင်မှစုံလင်အောင်ပြုခြင်းကို ခံယူရန်သူတို့ကိုယ်ကိုယုံကြည်မှုရှိကာ၊ ဘုရားသခင်၏စစ်ဆေးမှု၊ ဆုံးမမှုနှင့် ပြုပြင်မှုတို့ကို လက်ခံရန်ဆန္ဒရှိမည်ဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်သည် ဉာဏ်အလင်းနှင့် အလင်းပေးမှုတို့ကို ယူဆောင်လာရန်၊ သူနှင့်အတူပူးပေါင်းဆောင်ရွက်ရန်နှင့် လက်တွေ့ ကျင့်သုံးရန် လူတို့ထဲတွင်အလုပ်လုပ်လျက်ရှိသည်။ ဘုရားသခင်သည် စစ်ဆေးခြင်းကာလ၌ စကားမပြောပေ။ သူသည်သူ၏အသံဖြင့်မြွက်ဆိုခြင်းမပြု။ သို့ရာတွင် လူတို့လုပ်သင့် သည့်အလုပ်ရှိသေးသည်။ သင့်၌ရှိထားပြီးသောအရာကိုသင်စွဲကိုင်သင့်သည်။ ဘုရား သခင်ထံသို့သင်ဆုတောင်းနိုင်သေးသင့်သည်။ ဘုရားသခင်နှင့် နီးစပ်ကာ ဘုရားသခင်ရှေ့မှောက်တွင် သက်သေ အဖြစ်ရပ်တည်နိုင်သင့်သည်။ - ဤနည်းဖြင့် သင်သည်သင့်ကိုယ်ပိုင်တာဝန်ကို ပြည့်စုံစေနိုင်လိမ့်မည်ဖြစ်သည်။
၂ သင်တို့အားလုံးသည် ဘုရားသခင်၏အမှုတော်မှတဆင့် ရှင်းလင်းစွာ တွေ့မြင်သင့်သည်မှာ လူတို့၏ယုံကြည်မှုနှင့် ချစ်ခြင်းမေတ္တာနှင့် ပတ်သတ်သောစုံစမ်းခြင်းများသည် ဘုရားသခင်ထံပို၍ဆုတောင်းရန်နှင့် ဘုရားသခင် ရှေ့မှောက်တွင် ဘုရားသခင်၏နှုတ်ကပတ်တော်များကို အရသာခံခြင်းကိုပို၍ လုပ်ဆောင်ခြင်းတို့ကိုလိုအပ်ပါသည်။ လူတို့ပြည့်စုံအောင်လုပ်ဆောင်ရမည့်တာဝန်တို့ကို သင်သည်ရှင်းလင်းစွာတွေ့မြင်သင့်ပါသည်။ ဘုရားသခင်၏အလိုတော်သည် မည်သည့် အရာဖြစ်သည်ကို သင်သိနိုင်မည်မဟုတ်ပေ။ သို့ရာတွင် သင့်တာဝန်ကိုသင် ထမ်းဆောင်နိုင်ကာ၊ သင်ဆုတောင်းသင့်သည့်အချိန်တွင်ဆုတောင်းနိုင်ပြီး၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးသင့်သည့်အချိန်တွင်လက်တွေ့ကျင့်သုံးနိုင်ကာ၊ လူတို့လုပ်သင့်သည့် အရာကို သင်လုပ်နိုင်ပါမည်။ သင့်မူလရူပါရုံကိုထိန်းသိမ်းထားနိုင်ပါသည်။ ဤနည်းဖြင့် ဘုရားသခင်၏လာမည့် အမှုတော်အဆင့်နောက်တစ်ဆင့်ကိုပို၍လက်ခံလာနိုင် ပါလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည်ဘုရားသခင်ကိုဝတ်ပြုဆည်းကပ်ခြင်းအစဉ်ပြုသင့်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။