၆၆၃ စမ်းသပ်မှုများ ကျရောက်လာသောအခါ ဘုရားသခင်ဖက်၌ သင်ရပ်တည်သင့်၏ကျူး

၁ သင်၏ ကျရှုံးခြင်း၊ အားနည်းခြင်းနှင့်ဆိုင်သော အတွေ့အကြုံများစွာနှင့် သင်၏ အပျက်သဘောဆောင်သော အချိန်များအားလုံးကို ဘုရားသခင်၏ စမ်းသပ်မှုများ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်မှ လာပြီး၊ ခပ်သိမ်းသော အမှုအရာများနှင့် အဖြစ်အပျက်များမှာ သူ၏လက်ထဲတွင်ရှိသောကြောင့် ဖြစ်သည်။ သင်ကျရှုံးသည်ဖြစ်စေ သို့မဟုတ် သင်အားနည်းပြီး ခလုတ်တိုက်သည်ဖြစ်စေ ထိုအရာအားလုံးမှာ ဘုရားသခင်အပေါ် တည်မှီပြီး သူ၏လက်ထဲ၌ ရှိနေသည်။ ဘုရားသခင်၏အမြင်၌ ဤသည်မှာ သင့်အား စမ်းသပ်မှုတစ်ခုဖြစ်ပြီး ထိုအရာကို သင်သတိမပြုမိပါက ယင်းသည် စုံစမ်းသွေးဆောင်ခြင်း ဖြစ်လာလိမ့်မည်။ လူတို့ သတိပြုသင့်သော အခြေအနေနှစ်မျိုးရှိသည်- တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်ထံမှ လာပြီး အခြားတစ်ခု၏ ဖြစ်နိုင်ခြေအရင်းအမြစ်က စာတန်ပင်ဖြစ်သည်။ တစ်ခုမှာ သန့်ရှင်းသော ဝိညာဉ်တော်က သင့်ကို အလင်းပေးပြီး သင့်ကိုယ်သင်သိရန်၊ သင့်ကိုယ်သင် ရွံမုန်းပြီး နောင်တရရန်နှင့် ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာ ရှိနိုင်ရန်၊ ဘုရားသခင်အား ကျေနပ်စေရာ၌ သင်၏စိတ်နှလုံးကို ပိုင်းဖြတ်ထားစေရန် အခွင့်ပေးသည့် အခြေအနေ တစ်ခုဖြစ်သည်။ အခြားတစ်ခုမှာ သင်သည် သင့်ကိုယ်သင်သိသော်လည်း၊ အပျက်သဘောဆောင်ကာ အားနည်းသည့် အခြေအနေတစ်ခု ဖြစ်သည်။ ဤအခြေအနေကို ဘုရားသခင်၏ စစ်ဆေးခြင်းဖြစ်သည်၊ ထို့ပြင် ယင်းကို စာတန်၏ စုံစမ်းနှောင့်ယှက်ခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပါသည်။

၂ အကယ်၍ ဤသည်မှာ သင့်အား ဘုရားသခင်၏ ကယ်တင်ခြင်းဖြစ်သည်ဟု သင်အသိအမှတ်ပြုပြီး သင်သည် ယခု သူ့အပေါ် အလွန်တရာ အကြွေးတင်နေကြောင်း ခံစားရပါက၊ သင်သည် ယခုမှစ၍ သူ့ကို အကြွေးပြန်ဆပ်ရန်နှင့် ထိုသို့သော ဆိုးယုတ်ခြင်းထဲသို့ နောက်ထပ်မကျဆင်းတော့ရန် ကြိုးစားပါက၊ သူ၏ နှုတ်ကပတ်တော်များအား စားသောက်ရာ၌ သင်ကြိုးပမ်းအားထုတ်ပါက၊ ထို့ပြင် သင်သည် သင့်ကိုယ်သင် ချို့တဲ့လိုအပ်သည်ဟု အမြဲတမ်းယူဆပြီး တောင့်တသောစိတ်နှလုံးရှိပါက၊ ဤသည်မှာ ဘုရားသခင်၏ စမ်းသပ်မှုပင်ဖြစ်သည်။ ဒုက္ခခံရခြင်း အဆုံးသတ်ပြီး သင် နောက်ထပ်တစ်ဖန် ရှေ့သို့ တက်လှမ်းနေသည့်နောက်တွင်၊ ဘုရားသခင်သည် သင့်ကို ဆက်လက်၍ ဦးဆောင်လမ်းပြမည်၊ အလင်းပေးမည်၊ ဉာဏ်အလင်းဖွင့်ပေးပြီး အားကောင်းစေမည်။ သို့သော် အကယ်၍ သင်သည် ယင်းကို အသိအမှတ်မပြုဘဲ အပျက်သဘောဆောင်လျက် မျှော်လင့်ချက် ပျက်သုဉ်းသည်အထိ သင့်ကိုယ်သင် တကယ်ကို ပစ်ပယ်ထားပါက၊ ဤနည်းအတိုင်း သင်တွေးထင်ပါက စာတန်၏ စုံစမ်းသွေးဆောင်ခြင်းမှာ သင့်အပေါ် ကျရောက်ပြီးဖြစ်လိမ့်မည်။ ယောဘသည် စမ်းသပ်မှုများကို ကြုံရသည့်အခါ ဘုရားသခင်နှင့် စာတန်တို့သည် တစ်ဦးနှင့်တစ်ဦး အလောင်းအစားလုပ်ခဲ့ကြပြီး ယောဘအား ဖိစီးနှိပ်စက်ရန် စာတန်ကို ဘုရားသခင် အခွင့်ပေးခဲ့သည်။ ယောဘကို စမ်းသပ်ခဲ့သည်မှာ ဘုရားသခင်ပင် ဖြစ်ခဲ့သော်လည်း၊ သူ့အပေါ်ကျရောက်လာသူမှာ အမှန်တွင် စာတန်ဖြစ်ခဲ့သည်။ စာတန်အတွက်မှာမူ ယင်းသည် ယောဘကို အစုံအစမ်းပြုခြင်း ဖြစ်ခဲ့သော်လည်း၊ ယောဘမှာ ဘုရားသခင်ဘက်တွင် ရှိခဲ့သည်။ အကယ်၍ ထိုသို့မဟုတ်ခဲ့ပါက ယောဘမှာ စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်ခဲ့ပြီး ဖြစ်မည်။ လူတို့သည် စုံစမ်းသွေးဆောင်ခြင်းထဲသို့ ကျရောက်သည်နှင့် တစ်ပြိုင်နက်၊ ၎င်းတို့သည် ဘေးအန္တရာယ်ထဲသို့ ကျရောက်သွားကြသည်။ စစ်ဆေးမှုခံရခြင်းကို ဘုရားသခင်ထံမှ စမ်းသပ်မှုဖြစ်သည်ဟု ဆိုနိုင်သော်လည်း၊ အကယ်၍ သင်သည် ကောင်းမွန်သောအခြေအနေ၌ ရှိမနေပါက၊ ယင်းကို စာတန်ထံမှ စုံစမ်းသွေးဆောင်ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၆၂ စမ်းသပ်မှုများအတွင်း လူက ကိုင်စွဲထားသင့်သောအရာကျူး

နောက်တစ်ခုသို့- ၆၆၄ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ဘုရားစမ်းသပ်သောအခါကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၆ ဘုရားသခင်၌သာ အသက်လမ်းရှိ

၁ အသက်လမ်းဟာ လူတိုင်းပိုင်သောအရာမဟုတ်ဘူးလူတိုင်း အလွယ်အကူ ရယူနိုင်သော အရာမဟုတ်ဘူးအသက်မှာ ဘုရားဆီကသာ လာသည်မို့ဘုရားသခင်၌သာ အသက်၏အခြေအမြစ်...

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၂၅၆ အရာခပ်သိမ်းကို ဘုရားဘယ်လိုအုပ်စိုးကြောင်း

၁ ဤလောကထဲသို့ ငိုကြွေးခြင်းနှင့် သင်ရောက်လာသင်လုပ်ငန်းတို့ကိုစတင်လုပ်ဆောင်ဘုရားရဲ့ဘိသိက်ပေးခြင်းနှင့် အကြံတော် ကိုယ့်တာဝန်ကိုယ်ယူသင့်ဘဝခရီး...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။