၆၆၄ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ဘုရားစမ်းသပ်သောအခါကျူး
၁ လူသားမျိုးနွယ်၏ ယုံကြည်ခြင်းကို ငါသည် စစ်ကြောသောအခါ၊ မည်သူတစ်ဦးကမျှ စစ်မှန်သောသက်သေကို မခံကြ၊ မည်သူတစ်ဦးတစ်ယောက်ကမျှ တတ်နိုင်သမျှ ဆက်ကပ်ရန် မစွမ်းနိုင်ကြပေ၊ ယင်းအစား သူ၏နှလုံးသားကို ငါသည် အဓမ္မလုယူသွားလေမည့်အလားပင်၊ လူသားသည် ဆက်လက် ပုန်း၍နေပြီး၊ ငါကို ရင်ဖွင့်ရန် ငြင်းဆန်လျက်ရှိသည်။ ယောဘပင် စမ်းသပ်မှုအောက်တွင် မည်သည့်အခါမျှ အမှန်တကယ် မြဲမြံစွာ မရပ်တည်ခဲ့သကဲ့သို့၊ ဒုက္ခဝေဒနာ ခံစားရချိန်၌လည်း သူသည် ချိုမြိန်ခြင်းရနံ့ မသင်းနိုင်ခဲ့ပေ။ လူတို့အားလုံးသည် နွေဦးရာသီ၏ နွေးထွေးမှုအောက်တွင် စိမ်းလန်းစိုပြည်မှု အရိပ်အရောင် အနည်းငယ်ကို ထုတ်ဖော်ပြကြသည်၊ ၎င်းတို့သည် ဆောင်းရာသီ၏ အေးသော လေပြင်းများအောက်တွင် ဘယ်သောအခါမှ စိမ်းစို၍ မနေခဲ့ပေ။ လူသားသည် သူ၏ အရိုးပေါ်အရေတင်ကာ ကြုံလှီနေသော ဝိညာဉ်ရင့်ကျက်မှုဖြင့် ငါ၏ရည်ရွယ်ချက်ကို မဖြည့်ဆည်းနိုင်။
၂ လူသားမျိုးနွယ် အားလုံးထဲတွင် အခြားသူများအတွက် စံနမူနာအနေနှင့် အစေခံနိုင်သောသူ တစ်ဉီးတစ်ယောက်မျှ မရှိ၊ အဘယ်ကြောင့်ဆိုသော် လူများအားလုံးမှ တစ်ယောက်နှင့်တစ်ယောက်ကို ခွဲခြားသိမြင်ရန် မဆိုစလောက်မျှသာ ရှိသောကြောင့်၊ အခြေခံအားဖြင့် အတူတူပင် ဖြစ်ကြ၍ တစ်ယောက်နှင့်တစ်ယောက် ကွဲပြားခြားနားခြင်း မရှိသောကြောင့် ဖြစ်သည်။ ဤအကြောင်းရင်းကြောင့်၊ လူသားတို့သည် ယနေ့တွင်ပင် ငါ၏အမှုများကို အပြည့်အဝ သိနိုင်စွမ်း မရှိကြသေးပေ။ ငါ၏ပြစ်တင်ဆုံးမခြင်းသည် လူသားမျိုးနွယ်အားလုံးအပေါ်သို့ ကျရောက် လာသောအခါမှသာလျှင်၊ မိမိတို့ကိုယ်မိမိ မသိလိုက်ဘဲနှင့် ငါ၏အမှုများကို သတိပြုမိလာကြကာ၊ ငါ၏ လုပ်ဆောင်ချက်များမပါဘဲ သို့မဟုတ် မည်သူ့ကိုမျှ အတင်းအကျပ် မစေခိုင်းရဘဲနှင့်၊ လူသားသည် ငါ့ကို သိကျွမ်းလာကြလိမ့်မည် ဖြစ်ပြီး၊ ထိုသို့အားဖြင့် ငါ၏အမှုများကို မျက်မြင်တွေ့ လာကြမည်ဖြစ်သည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်၏၊ ယင်းမှာ ငါထင်ရှားစေသော ငါ့အမှုများ၏ လက္ခဏာရပ်တစ်ခု ဖြစ်ကာ၊ ယင်းသည် လူသားသိသင့်သောအရာ ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၆” စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်