ဘုရားနောက် ဧကန်လိုက်သူတို့သည် စမ်းသပ်မှုများအတွင်း မြဲမြံစွာ ရပ်တည်နိုင်၏ကျူး
၁ သိမ်းပိုက်ခြင်း အမှုအဆုံးသတ်နောက်တွင် လူသားကို ကယ်တင်ခြင်း အမှုကို နောက်ဆက်တွဲ ရရှိမည် မဟုတ်ပါ။ သိမ်းပိုက်ခြင်း အမှုက အဆုံးသတ်သို့ ရောက်လာပါသော်လည်း၊ လူသားကို သန့်စင်စေသည့် အမှုက အဆုံးမသတ်သေးပေ။ လူသားသည် အပြည့်အဝ သန့်စင်လာသည့်အခါ၊ ဘုရားသခင်ကို အမှန်တကယ် ဆက်ကပ်သူများ စုံလင်ခြင်းသို့ ရောက်ရှိပြီး၊ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိသည့် အယောင်ဆောင်များ ထုတ်ပယ်ခြင်းခံသည့်အခါမှသာ၊ လူသားကို သန့်စင်စေသည့် အမှုက ပြီးမြောက်ခြင်းသို့ ရောက်ရှိလာလိမ့်မည်။ ဘုရားသခင်အလုပ်၏ နောက်ဆုံးအဆင့်တွင် သူ့အားကျေနပ်မှု မပေးနိုင်သူများသည် လုံးဝ သုတ်သင်ခြင်း ခံရမည်ဖြစ်ပြီး၊ ထိုသို့ သုတ်သင်ခြင်း ခံရသည့် ထိုသူများသည် နတ်ဆိုး၏ လူများဖြစ်ကြသည်။ ဘုရားသခင်နောက်သို့ အမှန်တကယ် လိုက်လျှောက်သူများသည် သူတို့အလုပ်၏ စမ်းသပ်မှုကို ခံနိုင်ရည် ရှိကြသည်၊ သို့ရာတွင် ဘုရားသခင်နောက်သို့ အမှန်တကယ် မလိုက်လျှောက်သူများမှာမူ ဘုရားသခင်၏ မည်သည့်စစ်ဆေးမှုကိုမျှ ခံနိုင်စွမ်းရည် မရှိကြပေ။ အနှေးနှင့်အမြန်ပင် သူတို့သည် ထုတ်ပယ်ခြင်း ခံရကြလိမ့်မည်။ ထိုအချိန်တွင် အောင်နိုင်သူများက နိုင်ငံတော်တွင် တည်ရှိနေလိမ့်မည်။
၂ လူသားက ဘုရားသခင်ကို အမှန်တကယ် ရှာဖွေသည်၊ သို့မဟုတ် မရှာဖွေသည်ကို သူ့အလုပ်၏ စစ်ဆေးမှုအားဖြင့်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ စစ်ဆေးမှုများဖြင့် ဆုံးဖြတ်ပေးပြီး လူက မိမိကိုယ်တိုင် ချမှတ်သည့် ဆုံးဖြတ်ချက်နှင့် လားလားမျှ မသက်ဆိုင်ပေ။ ဘုရားသခင်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ စိတ်ကူးပေါက်ရာ မငြင်းပယ်ပေ။ သူလုပ်ဆောင်သမျှသည့် လူသားကို အကြွင်းမဲ့ လက်ခံယုံကြည်လာအောင် ပြုနိုင်စွမ်းရှိသည်။ သူသည် လူသားက မမြင်နိုင်သည့် မည်သည့်အရာကိုမျှ၊ သို့မဟုတ် လူသားက မယုံကြည်နိုင်သည့် မည်သည့်အလုပ်ကိုမျှ မလုပ်ဆောင်ပါ။ လူသား၏ ယုံကြည်ခြင်းက မှန်သည်၊ သို့မဟုတ် မမှန်သည်ကို အချက်အလက်များအားဖြင့် သက်သေပြသည်၊ ယင်းကို လူသားအနေဖြင့် မဆုံးဖြတ်နိုင်ပါ။ “ဂျုံစပါးပင်ကို ပေါင်းပင်ဖြစ်အောင် မပြုလုပ်နိုင်သကဲ့သို့၊ ပေါင်းပင်များကိုလည်း ဂျုံစပါးပင်ဖြစ်အောင် မပြုလုပ်နိုင်ပါ” ဆိုသည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ဘုရားသခင်ကို အမှန်တကယ် ချစ်မြတ်နိုးသူများအားလုံးသည် နောက်ဆုံးတွင် နိုင်ငံတော်အတွင်း တည်ရှိနေလိမ့်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် သူ့ကို အမှန်တကယ် ချစ်မြတ်နိုးသည့် မည်သူကိုမဆို နှိပ်စက်မည် မဟုတ်ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်၏ အလုပ်နှင့် လူ၏လက်တွေ့လုပ်ဆောင်မှု” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။