၂၇ အရှေ့အရပ်မှ လျှပ်ပြက်သောအခါကျူး

၁ လူအားလုံးက အလေးဂရုပြုသည့်အချိန်၊ အရာခပ်သိမ်း အသစ်ပြုပြင်ခံရပြီး အားသစ်လောင်းခံရသည့်အချိန်၊ လူတိုင်း စိတ်စနိုးစနောင့်မဖြစ်ဘဲ ဘုရားသခင်အား ကျိုးနွံနာခံသည့်အချိန်နှင့် ဘုရားသခင်၏ ဝန်ထုပ်နှင့်ဆိုင်သည့် လေးလံသော တာဝန်ကို ထမ်းရန် လိုလားနေသည့်အချိန်- ဤသည်မှာ အရှေ့အရပ်မှစ၍ အနောက်အရပ်ထိ အားလုံးကို အလင်းပေးရင်း၊ ဤအလင်း၏ ရောက်ရှိခြင်းဖြင့် ကမ္ဘာမြေတစ်ခုလုံးကို တုန်လှုပ်စေလျက်၊ အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်လာသည့် အချိန်ဖြစ်သည်။ ပြီးလျှင် ဤအဆင့်တွင် ဘုရားသခင်သည် အသက်သစ်တစ်ခုကို တစ်ဖန် စတင်လေသည်။ ယင်းမှာ ဤအခိုက်အတန့်တွင် ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးမှ လူတို့အား “ငါ၏ နှုတ်ကပတ်တော်များကို ငါ စတင်မိန့်မြွက်သည့် အခိုက်အတန့် အတိအကျလည်းဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ပေါ်ထွက်ချိန်- လျှပ်ပြက်ခြင်း ပေါ်ထွက်သည့်အခါတွင်၊ အမြင့်ဆုံး ကောင်းကင်ဘုံ တစ်ခုလုံး ထွန်းလင်းသွားပြီး ခပ်သိမ်းသော ကြယ်များတွင် အသွင်ပြောင်းလဲမှု တစ်ခုဖြစ်ပေါ်လေသည်။” ဟု ကြေညာလျက်၊ ကမ္ဘာမြေပေါ်တွင် အမှုသစ်ကို စတင်သည်ဟု ဆိုရပေမည်။

၂ ကမ္ဘာလောက၏ အရှေ့အရပ်၌ ဘုရားသခင်ကိုယ်တော်တိုင်အဖို့ သက်သေခံချက် စတင်သည့်အချိန်မှသည် သူ အမှုပြုဖို့ စတင်သည့်အချိန်အထိ၊ ဘုရားသဘောသဘာဝသည် ကမ္ဘာမြေကြီးအနှံ့ အချုပ်အခြာအာဏာကို စွဲကိုင်သောအချိန်အထိ- ဤသည်မှာ စကြဝဠာ တစ်ခုလုံးအပေါ် အမြဲ အလင်းရောင်ပေးပြီးဖြစ်သည့် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း၏ တောက်ပသော ရောင်ခြည်မျှင်တန်း ဖြစ်သည်ဟု ဆိုလိုပေသည်။ ကမ္ဘာမြေ၏ နိုင်ငံများသည် ခရစ်တော်၏ နိုင်ငံတော် ဖြစ်လာသော အချိန်သည် စကြဝဠာတစ်ခုလုံး အလင်းပေးခြင်းခံရသော အချိန်ဖြစ်သည်။ ယခုအချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်ခြင်း အချိန်ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် စတင် အမှုပြုသည့်အပြင်၊ ဘုရားသဘောသဘာဝဖြင့် တိုက်ရိုက် စကားပြောလေသည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ စတင်စကားပြောသည့် အချိန်သည် အရှေ့အရပ်မှ လျှပ်ပြက်ခြင်း ထွက်ပေါ်သော အချိန်ဖြစ်သည်ဟု ဆို၍ ရကောင်းရနိုင်ပေသည်။ ပို၍ အတိအကျဆိုသော်၊ ပလ္လင်မှ အသက်ရေ စီးဆင်းသည့်အခါသည်- ပလ္လင်တော်မှ မိန့်မြွက်ချက်များ စတင်သည့်အခါသည်- ဝိညာဉ်ခုနှစ်ပါး၏ မိန့်မြွက်ချက်များ တရားဝင် စတင်သောအချိန် အတိအကျဖြစ်သည်။

၃ ဤအချိန်တွင် အရှေ့အရပ်မှ လျှပ်ပြက်ခြင်းသည် စတင်ထွက်ပေါ်လာပြီး ကြာမြင့်သည့်ကာလကြောင့်၊ အလင်းပေးခြင်း ပမာဏလည်း ကွဲပြားပြီး ယင်း၏ ထွန်းလင်းမှု နယ်ပယ်သည်လည်း အကန့်အသတ်တစ်ခု ရှိလေသည်။ သို့သော် ဘုရားသခင်၏အမှုတော် လှုပ်ရှားမှုဖြင့်၊ သူ၏ အစီအစဉ်ထဲက အပြောင်းအလဲများဖြင့်- ဘုရားသခင်၏ သားများနှင့် လူများအပေါ်ရှိ အမှုတော်ထဲက ကွဲပြားမှုများဖြင့်- လျှပ်ပြက်ခြင်းသည် ယင်း၏ရှိရင်းစွဲ လုပ်ငန်းဆောင်တာကို တိုး၍ ဆောင်ရွက်သည်မှာ စကြဝဠာ တစ်လျှောက်လုံး အလင်းပေးခံရကာ အသုံးမကျသော အရာများ သို့မဟုတ် အဖျင်းများ ကျန်ရှိမနေပေ။ ဤသည်မှာ ဘုရားသခင်၏ အနှစ် ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် ပုံပေါ်လာခြင်း ဖြစ်ပြီး၊ ဘုရားသခင် မွေ့လျော်သည့် တကယ့် အသီးအပွင့်ပင် ဖြစ်သည်။ ဘုရားသခင်ထံမှ အလင်းရောင်ခြည်မျှင်တန်းသည် မြေတစ်ပြင်လုံးအား အလင်း ပေးသည့်အခါ၊ ကောင်းကင်နှင့် မြေကြီးပေါ်ရှိ ခပ်သိမ်းသောအရာတို့သည် အတိုင်းအတာများ အမျိုးမျိုးအထိ ပြောင်းလဲကြလိမ့်မည် ဖြစ်ပြီး ကောင်းကင်ရှိ ကြယ်တို့သည်လည်း ပြောင်းလဲကြလိမ့်မည်၊ နေနှင့် လတို့သည် အသစ်တဖန် ပြုပြင်ခံရလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ လူတို့သည် နောက်ပိုင်းတွင် အသစ်တဖန် ပြုပြင်ခြင်း ခံကြရလိမ့်မည်- ယင်းမှာ ကောင်းကင်နှင့် မြေကြီးအကြား ဘုရားသခင်၏ အမှုဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ‘စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ’ နှင့်သက်ဆိုင်သော နက်နဲမှုများကို အနက်ဖွင့်ဆိုချက်၊ အခန်း (၁၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၆ ဘုရားသခင်၏တံပိုးခုနစ်လုံး တစ်ဖန်အသံမြည်လေ၏ကျူး

နောက်တစ်ခုသို့- ၂၈ ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားကြ၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

၃၃၀ သင့်အပေါ် ဘုရားရဲ့မျှော်လင့်ချက် သိပြီလား

၁ အဆုံးမဲ့ဒီကမ္ဘာကြီးထဲ ဘယ်သူ့ကို ဘုရားဆန်းစစ်ခဲ့လဲဝိညာဉ်တော်ဘုရားရဲ့စကားများ ကိုယ်တိုင်ဘယ်သူကြားဖူးလဲများစွာသောလူတို့ အမှောင်ထုထဲကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။