၃၅၆ ဘုရားသခင်၏ နှလုံးသားကို မည်သူနားလည်နိုင်သနည်း

၁ မြေကြီးပေါ်သို့ ဘုရားသခင် ကြွလာသည်မှာ အမြဲ တိတ်တဆိတ် ဖြစ်သည်။ လူသားသည် အဆိုးရွားဆုံး ရက်စက်မှု လွန်ကဲခြင်းတွင် နှစ်မြှုပ်သည်ဖြစ်စေ၊ ဘုရားသခင်သည် ယင်းနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ အလေးအနက်မထားဘဲ၊ ကောင်းကင်ဘုံရှိ ခမည်းတော်က သူ့ကို အပ်နှင်းခဲ့သည့် သာ၍ကြီးမားသော စေခိုင်းချက်တာဝန်ကို ဖြည့်ဆည်းဖို့အလို့ငှာ သူလုပ်ရန် လိုအပ်သည့် အရာကိုသာ လုပ်ဆောင်မြဲလုပ်ဆောင်နေခဲ့သည်။ သင်တို့ထဲမှ မည်သူသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ဖြစ်ခြင်းကို သတိပြုမိပြီး ဖြစ်ပါသနည်း။ ခမည်းတော်ဘုရားသခင်၏ ဝန်ထုပ်အတွက် သူ၏သားထက် မည်သူက သာ၍ စာနာထောက်ထားမှုကို ပြပါသနည်း။ ခမည်းတော် ဘုရားသခင်၏အလိုကို မည်သူနားလည်နိုင်သနည်း။

၂ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ ဝိညာဉ်တော်သည် မကြာခဏ စိတ်ဒုက္ခရောက်ကာ မြေကြီးပေါ်ရှိ သူ၏သားသည် သူ့နှလုံးသားများ အစိတ်စိတ်အမွှာမွှာကွဲသည်အထိ ပူပင်သောကရောက်လျက်၊ ခမည်းတော် ဘုရားသခင်၏ အလိုအတွက် စဉ်ဆက်မပြတ် ဆုတောင်းပေးလေသည်။ သူ၏သားအတွက် ခမည်းတော် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို သိသောသူ တစ်စုံတစ်လေ ရှိသလော။ ချစ်သားသည် ခမည်းတော် ဘုရားသခင်အား လွမ်းဆွတ်သည့် နှလုံးသားကို သိရှိသူ တစ်ဦးတစ်လေ ရှိပါသလော။ ကောင်းကင်နှင့်မြေကြီး နှစ်ခုအကြား ခွဲခွာနေရလျက်၊ နှစ်ဦးသားသည် ဝိညာဉ်တော်၌ တစ်ယောက်နောက်မှ တစ်ယောက် လိုက်လျက်၊ အဝေးမှနေ၍ တစ်ဦးကိုတစ်ဦး စဉ်ဆက်မပြတ် ငေးစိုက်ကြည့်နေကြသည်။ အို လူသားမျိုးနွယ်။ သင်သည် မည်သည့်အခါ ဘုရားသခင်၏ နှလုံးသားကို အရေးထားမည်နည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင် မည်သည့်အချိန်တွင် နားလည်မည်နည်း။

၃ ခမည်းတော် နှင့်သားတော်တို့သည် တစ်ဦးနှင့်တစ်ဦး အမြဲ မှီခိုကြပြီးဖြစ်သည်။ သို့ဖြစ်လျှင် ၎င်းတို့သည် အထက်ကောင်းကင်၌တစ်ဦး၊ အောက်အရပ်မြေကြီး၌တစ်ဦး အဘယ်ကြောင့် ခွဲခွာရသင့်သနည်း။ ခမည်းတော်သည် သူ့သားတော်ကို ချစ်သကဲ့သို့၊ သားတော်သည်လည်း ခမည်းတော်ကို ချစ်၏။ ထိုသို့ဖြစ်လျှင် ခမည်းတော်သည် ထိုသို့သော နက်ရှိုင်းကာ နာကျင်ရသည့် တောင့်တမှုဖြင့် သားတော်ကို အဘယ်ကြောင့် စောင့်ဆိုင်းရမည်နည်း။ ၎င်းတို့သည် အချိန်ကြာမြင့်စွာ ခွဲခွာကောင်းခွဲခွာရပြီး မဖြစ်နိုင်သော်လည်း၊ ခမည်းတော်သည် နေ့ပေါင်းညပေါင်း မည်မျှများစွာ နာကျင်သည့် တောင့်တမှုဖြင့် တမ်းတနေခဲ့ပြီး သူ၏ချစ်သား လျင်မြန်စွာ ပြန်ကြွလာခြင်းကို မည်မျှကြာမြင့်စွာ လွမ်းဆွတ်တောင့်တနေပြီးဖြစ်သည်ကို အဘယ်သူ သိသနည်း။ သူသည် စောင့်ကြည့်သည်၊ ငြိမ်ငြိမ်သက်သက် ထိုင်ကာ စောင့်ဆိုင်းသည်။ သူ၏ချစ်သား အလျင်အမြန် ပြန်လာခြင်းအတွက် မဟုတ်သည့်အရာ မည်သည့်အရာကိုမျှ သူ မလုပ်ဆောင်ပေ။ ကမ္ဘာမြေဆုံးတိုင် လှည့်လည် သွားလာပြီးဖြစ်သည့် သားတော် ဖြစ်သည်။ မည်သည့်အချိန်တွင် ၎င်းတို့ ပြန်ပေါင်းစည်းမည်နည်း။

၄ တစ်ချိန်က ပြန်ပေါင်းစည်းခဲ့လျက်၊ ၎င်းတို့သည် ထာဝရကာလ အတူရှိကြမည် ဖြစ်သော်လည်း၊ အထက် ကောင်းကင်ဘုံတွင် တစ်ဦးနှင့် အောက်အရပ်မြေကြီးပေါ်တွင် တစ်ဦးရှိလျက်၊ ထောင်ပေါင်းများစွာသော သီးခြားစီနေရသည့် နေ့ညများကို သူ အဘယ်သို့ ခံနိုင်မည်နည်း။ ကမ္ဘာမြေပေါ်သို့ ဘုရားသခင် ကြွလာချိန်တွင်၊ လူသားကဲ့သို့ပင် လူ့လောက၏ မရေမတွက်နိုင်သည့် လောကဓံတရားတို့ကို ကြုံတွေ့ခံစားရသည်။ ဘုရားသခင်သည် အပြစ်ကင်းစင်သည်၊ ထို့ကြောင့် သူသည် လူသားကဲ့သို့ အလားတူ ဆင်းရဲဒုက္ခကို အဘယ်ကြောင့် ခံစားသင့်သနည်း။ ဘုရားသခင်၏ နှလုံးသားကို အဘယ်သူ နားလည်နိုင်သနည်း။ ဘုရားသခင်သည် လူသားကို အလွန်များလှစွာ ပေး၏။ လူသားသည် ဘုရားသခင်၏နှလုံးသားကို အဘယ်သို့ အပြည့်အဝ ပြန်ဆပ်ပေးနိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၅၅ ဘုရားသခင်ကို သင်မည်သည့်အရာ ပြန်ပေးခဲ့ပြီလဲ

နောက်တစ်ခုသို့- ၃၅၇ ဘုရားရဲ့အလိုတော်ကို ဘယ်သူမှမသိ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။