၃၇၂ ဘုရား၏စိတ်နှလုံးကို မည်သူက နားလည်ဖူးသနည်းကျူး

၁ သူသည် မည်သည့်အရာကိုမျှ ထိမ်ချန်ထားခြင်းမရှိဘဲ၊ လောကီဘုန်းအသရေ၊ လူသားအလယ် နွေးထွေးမှု၊ လူသားအလယ် ချစ်ခြင်းမေတ္တာ သို့မဟုတ် လူသားအလယ် ကောင်းချီးမင်္ဂလာအားလုံးကို တစ်ကြိမ်တစ်ခါမျှ မွေ့လျော်ခြင်းမရှိဘဲ၊ သူ၏အရာအားလုံးကို သင်တို့အားပေးပြီးဖြစ်သည်။ လူတို့သည် သူ့အပေါ် အလွန် ခက်ထန်ကြသည်၊ သူသည် ကမ္ဘာပေါ်ရှိ ကြွယ်ဝချမ်းသာမှုအားလုံးကို လုံး‌ဝ မမွေ့လျော်ဖူးပေ၊ သူသည် သူ၏ စစ်မှန်ကာ၊ ပြင်းပြသော နှလုံးသားတစ်ခုလုံးကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားသည်၊ သူ၏အလုံးစုံကို လူသားအဖို့ ဆက်ကပ်မြှုပ်နှံထားပြီးဖြစ်သည်- ပြီးလျှင် မည်သူသည် သူ့အား နွေးထွေးမှုပေးဖူးသနည်း။ မည်သူသည် သူ့အား နှစ်သိမ့်မှုပေးဖူးသနည်း။ လူသားသည် သူ့အပေါ် ဖိအားအားလုံး ပုံချပြီးဖြစ်သည်၊ သူ၏ကံမကောင်း အကြောင်းမလှသည့်ဖြစ်ရပ်အားလုံးကို သူ့အား ပေးပြီးဖြစ်သည်၊ လူသားအလယ် အကြောင်းမလှဆုံးသော အတွေ့အကြုံများကို သူ့အပေါ် အတင်းအကျပ်ပေးပြီးဖြစ်သည်၊ လူသားသည် မတရားမှု အားလုံးအတွက် သူ့ကို အပြစ်တင်ပြီး ယင်းကို သူက ဘာမျှမပြောဘဲ လက်ခံပြီးဖြစ်သည်။ သူသည် တစ်ဦးတစ်ယောက်အား ကန့်ကွက်ဖူးသလော။ သူသည် တစ်ဦးတစ်ယောက်ထံမှ နစ်နာကြေး အနည်းငယ် တောင်းခံဖူးသလော။ မည်သူသည် သူ့အပေါ် စာနာမှု တစ်ခုတစ်လေ ပြဖူးသနည်း။

၂ ပုံမှန်လူတို့အနေဖြင့်၊ သင်တို့အနက် အဘယ်သူသည် ကြည်နူးဖွယ်ရာ ကလေးဘဝ မရှိဖူးသနည်း။ အဘယ်သူသည် စိတ်ဝင်စားဖွယ်ကောင်းသော လူငယ်ဘဝ မရှိဖူးသနည်း။ ချစ်မြတ်နိုးသူတို့၏ နွေးထွေးမှုကို မည်သူ မရှိလေသနည်း။ ဆွေမျိုးများနှင့် မိတ်ဆွေများ၏ ချစ်ခြင်းမေတ္တာ အဘယ်သူ မရှိသနည်း။ မည်သူသည် အခြားသူများ၏ လေးစားမှု မရှိသနည်း။ နွေးထွေးသည့်မိသားစုတစ်ခု အဘယ်သူမရှိသနည်း။ ၎င်းတို့ ယုံကြည်စိတ်ချရသူများ၏ နှစ်သိမ့်မှု အဘယ်သူ မရှိသနည်း။ ပြီးလျှင် သူသည် ဤအရာထဲမှ တစ်ခုတစ်လေကို မွေ့လျော်ဖူးသလော။ အဘယ်သူသည် သူ့ကို နွေးထွေးမှု အနည်းငယ် ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား နှစ်သိမ့်မှု အနည်းငယ်မျှ ပေးဖူးသနည်း။ အဘယ်သူသည် သူ့အား လူသား ကိုယ်ကျင့်တရား အနည်းငယ် ပြသဖူးသနည်း။ အဘယ်သူသည် သူ့အပေါ် သည်းခံဖူးသနည်း။ ခဲယဉ်းသည့်ကာလများအတွင်းတွင် အဘယ်သူသည် သူနှင့်အတူ ရှိဖူးသနည်း။ အဘယ်သူသည် ခက်ခဲသောဘဝကို သူနှင့်အတူ ဖြတ်သန်းဖူးသနည်း။ လူသားသည် သူ့အပေါ် တောင်းဆိုချက်များကို မည်သည့်အခါကမျှ လျှော့ပေါ့ခြင်း မရှိဖူးပေ။ လူသားသည် မည်သည့် သိက္ခာစောင့်စည်းမှုမျှ မရှိဘဲ သူ့အပေါ် တောင်းဆိုမှုများ ပြုလုပ်ရုံမျှ ပြုလုပ်လေသည်။ ဇာတိပကတိ၌ အသက်ရှင်သော လူသားသည် ဝိညာဉ်မှလာသော လူ့ဇာတိခံဘုရားသခင်ကို ဘုရားသခင်အဖြစ် မည်သို့ ဆက်ဆံနိုင်မည်နည်း။ လူသားထဲမှ မည်သူသည် သူ့ကိုသိနိုင်မည်နည်း။

၃ လူသားအလယ်တွင် သမ္မာတရားသည် အဘယ်မှာနည်း။ စစ်မှန်သော ဖြောင့်မတ်ခြင်းသည် အဘယ်မှာနည်း။ ဘုရားသခင်၏ စိတ်သဘောထားကို အဘယ်သူ သိနိုင်သနည်း။ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် အဘယ်သူ ယှဉ်ပြိုင်နိုင်သနည်း။ သူသည် လူသားအလယ် ကြွလာပြီးချိန်တွင် ဘုရားသခင်ကို မည်သူမျှ မသိကြသေးသကဲ့သို့၊ သူသည် ငြင်းပယ်ခြင်းခံရပြီးဖြစ်သည်မှာ အံ့သြဖွယ်ရာ မဟုတ်ပေ။ လူသားသည် ဘုရားသခင်တည်ရှိခြင်းကို အဘယ်သို့ သည်းခံနိုင်မည်နည်း။ လောက၏အမှောင်ကို နှင်ထုတ်ရန် အလင်းကို သူအဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ဤအရာအားလုံးသည် လူသား၏ ဂုဏ်ပြုအပ်သော ကိုးကွယ်ဆည်းကပ်မှု မဟုတ်သလော။ ဤသည်မှာ လူသား၏ဖြောင့်မတ်သော ဝင်ရောက်မှု မဟုတ်သလော။ ပြီးလျှင် ဘုရားသခင်၏ အမှုသည် လူသား ဝင်ရောက်မှုကို ဗဟိုပြုထားသည် မဟုတ်လော။ ငါသည် သင့်အား ဘုရားသခင်၏အမှုကို လူသားဝင်ရောက်မှုနှင့် ပေါင်းစည်းစေလိုပြီး၊ လူသားနှင့် ဘုရားသခင်အကြား ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် ထူထောင်စေလိုကာ လူသားက ထမ်းဆောင်သင့်သည့်တာဝန်ကို သင်၏ အကောင်းဆုံး အစွမ်းအစများဖြင့် ဆောင်ရွက်စေလိုသည်။ ဤနည်းဖြင့် ဘုရားသခင်၏ အမှုသည် နောက်ပိုင်းတွင် သူ၏ ဘုန်းထင်ရှားခြင်းဖြင့် ပြီးဆုံးရင်း၊ အဆုံးသတ်လိမ့်မည်ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမှုတော်နှင့် ဝင်ရောက်ခြင်း (၁၀)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၇၁ ဘုရားအလိုတော်ကို ဘယ်သူအရေးပေးနိုင်မလဲ

နောက်တစ်ခုသို့- ၃၇၃ လူတို့သည် အဘယ်ကြောင့် ဘုရားကို စိတ်ရင်းအမှန်နှင့် မချစ်ကြသနည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၉၉ ဘုရားသခင်ရဲ့လူသားကို ကယ်တင်လိုသော ရည်ရွယ်ချက်က ပြောင်းလဲမည် မဟုတ်

၁ လူတို့သည် ဘုရားသခင်၏ အမျိုးမျိုးသော စိတ်သဘောထားများ၊ ဘုရားသခင်၏အရာအားလုံးနှင့်ဖြစ်ခြင်း သွင်ပြင် လက္ခဏာရပ်များနှင့် ဘုရားသခင်ပြုသော...

၃၈၄ ဘုရားကိုယုံကြည်ခြင်းရဲ့ စင်စစ်အဓိပ္ပာယ်

၁ များစွာသော လူတို့သည် ဘုရားသခင်ကို ယုံကြည်ကြသော်လည်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ အဘယ်အရာကို ဆိုလိုကြောင်းနှင့် ဘုရားသခင်၏ အလိုနှင့်...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။