၄၁၄ ဘုရားကို လူတို့ယုံကြည်ခြင်း၌ ကျရှုံးကြရသည့် အကြောင်းရင်းများကျူး
၁ ဘုရားသခင်၌ လူ၏ ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အခြေခံအကျဆုံးသော သတ်မှတ်ချက်မှာ သူသည် ရိုးသားသော နှလုံးသားရှိပြီး၊ မိမိကိုယ်ကိုယ် အပြည့်အဝ ဆက်ကပ်အပ်နှံကာ အမှန်တကယ် နာခံသည်ဆိုသည့်အရာ ဖြစ်သည်။ လူသားအတွက် အခက်ခဲဆုံးသောအရာမှာ စစ်မှန်သော ယုံကြည်မှုအတွက် အလဲအလှယ်ပြုရာတွင် သူ၏အသက်တာ တစ်ခုလုံးကို ပေးရန် ဖြစ်သည်၊ ယင်းမှတစ်ဆင့် သူသည် အလုံးစုံသော သမ္မာတရားကို ရရှိနိုင်ပြီး၊ ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦးအနေနှင့် သူ၏တာဝန်ကို ဖြည့်ဆည်းနိုင်ပေသည်။ ဤသည်မှာ ရှုံးနိမ့်သောသူတို့ ကြိုးပမ်းမရရှိနိုင်သည့် အရာ ဖြစ်ပြီး၊ ခရစ်တော်အား ရှာမတွေ့သော သူများက သာ၍ပင် ကြိုးပမ်းမရရှိနိုင်ပေ။
၂ လူသည် မိမိကိုယ်မိမိ ဘုရားသခင်ထံ လုံးလုံးလျားလျား ဆည်းကပ်ခြင်းတွင် အရည်အချင်း မရှိသောကြောင့်၊ လူသည် ဖန်ဆင်းရှင်အဖို့ သူ၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားခြင်း မရှိသောကြောင့်၊ လူသည် သမ္မာတရားကို မြင်တွေ့ပြီးဖြစ်သော်လည်း၊ ယင်းကို ရှောင်ဖယ်ကာ မိမိ၏ ကိုယ်ပိုင် လမ်းကြောင်းကို လျှောက်လှမ်းသောကြောင့်၊ လူသည် ရှုံးနိမ့်ပြီး ဖြစ်သော သူတို့၏ လမ်းကြောင်းနောက်လိုက်ခြင်းဖြင့် အမြဲ ဖွေရှာသောကြောင့်၊ လူသည် ကောင်းကင်ဘုံကို အမြဲ ဖီဆန်သောကြောင့်၊ ဤအကြောင်းကြောင့် လူသည် အမြဲ ကျရှုံး၏၊ စာတန်၏ လှည့်ကွက်အားဖြင့် အမြဲ အယုံသွင်းခံရကာ မိမိ၏ ကိုယ်ပိုင် ကွန်တွင် အမိခံရပေသည်။
၃ လူသည် ခရစ်တော်ကို မသိသောကြောင့်၊ လူသည် သမ္မာတရားကို နားလည်ခြင်းနှင့် တွေ့ကြုံခြင်း၌ မကျွမ်းကျင်သောကြောင့်၊ လူသည် ပေါလုအား အလွန် ကြည်ညိုလေးစားပြီး ကောင်းကင်ဘုံအား အလွန် တပ်မက်သောကြောင့်၊ လူသည် သူ့အား နာခံရန် ခရစ်တော်ကို အမြဲတောင်းဆိုပြီး ဘုရားသခင်ကို ဩဇာပေးနေသောကြောင့်၊ ဤအကြောင်းကြောင့် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်များနှင့် လောက၏ သုခ၊ ဒုက္ခသံသရာကို ကြုံတွေ့ပြီးဖြစ်သည့် သူများသည် သေမျိုးဖြစ်နေဆဲဖြစ်ပြီး ဘုရားသခင်၏ ပြစ်တင်ဆုံးမမှု အလယ်တွင် သေဆုံးကြဆဲ ဖြစ်ပေသည်။
“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်