ဘုရားကို အာခံသော ကောက်ကျစ်သူများမှာ မည်သူတို့နည်းကျူး
သင်တို့ ဘုရားသခင်ကို ယုံကြည်သည်မှာ သင်တို့၏ ရည်ရွယ်ချက်များ ပြည့်စုံစေရန် ဖြစ်၏။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောကို သင်တို့က စော်ကားခြင်း အကြောင်း နောက်ထပ်အချက်အလက် မဟုတ်လော။ သင်တို့သည် ကောင်းကင်ဘုံ၌ ဘုရားသခင် ရှိသည်ဟု ယုံသော်လည်း မြေကြီးပေါ်၌ ဘုရားသခင်ရှိသည် ဟူသည့် အချက်ကိုတော့ လက်မခံကြ။ သို့ရာတွင် သင်တို့၏ အမြင်များကို ငါလက်မခံ။ လက်တွေ့ကျကာ မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို အစေခံသော သူများကိုသာ ငါလက်ခံသည်။ မြေကြီးပေါ်၌ရှိသော ခရစ်တော်ကို တစ်ကြိမ်တစ်ခါမျှ အသိအမှတ် မပြုသူများကို ငါတစ်ခါမျှ လက်မခံဖူးပေ။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ထိုသို့သော သူများ မည်မျှ သစ္စာရှိသည်ဖြစ်စေ အဆုံး၌ သူတို့သည် ကောက်ကျစ်သော သူများကို အပြစ်ပေးသည့် ငါ့လက်မှ လွတ်မြောက်မည် မဟုတ်။ ထိုသူတို့သည် ကောက်ကျစ်သူများ ဖြစ်သည်။ ဘုရားသခင်ကို ဆန့်ကျင်ပြီး ခရစ်တော်ကို တကြိမ်တခါမျှဝမ်းမြောက်ဝမ်းသာမနာခံဖူးသော ကောက်ကျစ်သူများဖြစ်သည်။ မှန်ပါသည်၊ ထိုသူတို့အထဲတွင် ခရစ်တော်ကိုမသိသူများ၊ ခရစ်တော်ကိုအသိအမှတ် မပြုသူများ ပါဝင်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ကမ္ဘာမြေကြီးရှိဘုရားသခင်ကို သိရှိနိုင်ပုံ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။