၇၀၁ ပြောင်းလဲပြီးသည့် စိတ်သဘောထားတစ်ခုဖြင့်သာ ဘုရားသခင်ကို အမှန်တကယ် သင်နာခံနိုင်သည်

၁ လူ၏သဘာဝကို သိရှိခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အရေးကြီးဆုံးသော အရာမှာ ယင်းကို လူသား၏ လောကအမြင်၊ ဘဝအမြင်နှင့် တန်ဖိုးများ၏ ရှုထောင့်မှ ကြည့်ရန် ဖြစ်သည်။ သူတို့၏ အသက်ရှင်သန်ခြင်း အတွက် သဘောတရားခံယူချက်များ၊ သူတို့၏ အမှုအရာများကို ဆောင်ရွက်သည့် နည်းလမ်းများနှင့် သူတို့၏နီတိများ၊ အားလုံးတို့သည် အဆင်းနီသော နဂါးကြီး၏ အဆိပ်များနှင့် ပြည့်နှက်နေပြီး၊ ၎င်းတို့အားလုံးသည် စာတန်ထံမှ လာကြသည်။ ထို့ကြောင့် လူတို့၏ အရိုးများနှင့် အသွေးတို့၌ စီးဆင်းကြသော အရာအားလုံးသည် စာတန်၏ အရာများ အားလုံး ဖြစ်ပေသည်။ လူသားသည် စာတန်၏ နက်ရှိုင်းစွာ ဖျက်ဆီးခြင်း ခံခဲ့ရသည်။ စာတန်၏ အဆိပ်သည် ခပ်သိမ်းသော လူပုဂ္ဂိုလ်တိုင်း၏ အသွေးထဲ၌ စီးဆင်းနေပြီး လူသား၏ သဘာဝဗီဇသည် ဖောက်ပြန်ကာ ဆိုးယုတ်၍ ခေတ်နောက်ပြန်ဆွဲတတ်ပြီး စာတန်၏ ဒဿနများနှင့် ပြည့်နှက်နေ၍ ထိုဒဿနများထဲ၌ နစ်မြုပ်နေ၏၊ ၎င်းတစ်ရပ်လုံးသည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်သော သဘာဝဗီဇတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့်ပင် လူတို့သည် ဘုရားသခင်ကို ခုခံကြပြီး ဆန့်ကျင်ကြခြင်း ဖြစ်သည်။ သင်၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု ရှာဖွေလိုလျှင်၊ ပထမဦးစွာ သင်၏ သဘာဝဗီဇကို သိရှိရမည်။

၂ စိတ်သဘောထားပြောင်းလဲခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် သမ္မာတရားကို ချစ်မြတ်နိုးသူတစ်ဦးက ဘုရားသခင်၏အမှုကို ကြုံတွေ့နေစဉ် သူ၏နှုတ်ကပတ်တော်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှုကို လက်ခံပြီး အမျိုးမျိုးသော ဒုက္ခဆင်းရဲနှင့် စစ်ဆေးမှုများကို ကြုံရသောအခါ၌ ဖြစ်ပေါ်လာသည်။ ဘုရားသခင်ကို နောက်ထပ် မည်သည့်အခါမျှ ပုန်ကန်ခြင်း သို့မဟုတ် ခုခံခြင်း မပြုတော့ဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စီစဉ်ညွှန်ကြားမှုများနှင့် စီမံမှုအားလုံးကို နာခံနိုင်ဖို့အလို့ငှာ ထိုသို့သောလူတစ်ဦးသည် မိမိအတွင်းရှိ စာတန်ဆန်သော အဆိပ်အတောက်များ သန့်စင်ခံရပြီး သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများမှ လုံးလုံးလျားလျား လွတ်ကင်းလေသည်။ ဤသည်မှာ စိတ်သဘောထား ပြောင်းလဲခြင်းပင် ဖြစ်သည်။ စိတ်သဘောထား ပြောင်းလဲခြင်းဆိုသည်မှာ လူတစ်ယောက်သည် သမ္မာတရားကို ချစ်မြတ်နိုး၍ လက်ခံနိုင်သဖြင့် နောက်ဆုံးတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် သူ၏မနာခံသော သဘာဝဗီဇအား သိရှိလာခြင်းကို ဆိုလိုသည်။ လူသားသည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို သူနားလည်ပြီး လူသား၏ အဓိပ္ပာယ်မဲ့ခြင်းနှင့် လိမ်လည်လှည့်ဖြားမှုတို့ကို သူသတိပြုမိသည်၊ သူသည် လူသား၏ညံ့ဖျင်းမှုနှင့် သနားစရာကောင်းမှုကို သတိပြုမိပြီး၊ နောက်ဆုံးတွင် လူသား၏သဘာဝ အနှစ်သာရကို နားလည်လာသည်။ ဤအရာအားလုံးကို သိခြင်းဖြင့်၊ သူသည် မိမိကိုယ်ကိုယ် လုံးဝငြင်းပယ်ပြီး ပစ်ပယ်လာနိုင်ကာ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့်အညီ နေထိုင်ပြီး၊ အရာခပ်သိမ်းတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်လာနိုင်ပေသည်။ ဤသည်မှာ ဘုရားသခင်ကို သိကျွမ်းသောသူတစ်ဦး ဖြစ်ပြီး ဤသည်မှာ စိတ်သဘောထား ပြောင်းလဲပြီးသောသူတစ်ဦး ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၀၀ စိတ်သဘောထားပြောင်းလဲခြင်းဆိုသည်မှာ အဓိကအားဖြင့်သဘာဝပြောင်းလဲခြင်းဖြစ်သည်

နောက်တစ်ခုသို့- ၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။