နောက်ဆုံးသောကာလတွင် ဘုရားသည် သာ၍ကြီးပြီး ပို၍သစ်သောအမှုကို တစ်ပါးအမျိုးသားတို့ကြား ပြုလေပြီကျူး
၁ သင်တို့က ပညတ်တော်ခေတ်၏ လုပ်ဆောင်ချက်ကို ကြည့်လိုသည်၊ ဣသရေလလူမျိုးများ ယေဟောဝါ၏ လမ်းစဉ်ကို မည်သို့ လိုက်နာခဲ့ကြကြောင်းကို ကြည့်လိုသည်ဆိုလျှင် သင်တို့သည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုကြရန်လိုမည်၊ အကယ်၍များ သင်တို့က ကျေးဇူးတော်ခေတ်၏ လုပ်ဆောင်ချက်ကို သိနားလည်ချင်လျှင်မူ သင်တို့သည် ဓမ္မသစ်ကျမ်းကို ဖတ်ရှုကြရန် လိုမည်။ သို့သော်လည်း နောက်ဆုံးသော ကာလ၏ အလုပ်ကို သင်တို့ မည်သို့များ မြင်ကြသနည်း။ သင်တို့သည် ယနေ့ ဘုရားသခင်၏ ရှေ့ဆောင်မှုကို လက်ခံလျက် ယနေ့၏ အမှုထဲကို ဝင်ရောက်ကြရန် လိုအပ်သည်။ ၎င်းမှာ အလုပ်သစ် ဖြစ်သောကြောင့် တစ်ခုကိုမှ သမ္မာကျမ်းစာထဲတွင် ယခင်တုန်းက မှတ်တမ်းမတင်ထားခဲ့ပါ။ ယနေ့တွင် ဘုရားသခင်သည် လူ့ဇာတိအဖြစ်ကိုခံယူပြီး တရုတ်နိုင်ငံထဲက အခြားရွေးကောက်ခံသူများကို ရွေးထားပြီ။ ဘုရားသခင်သည် ထိုလူများထဲတွင် လုပ်ကိုင်နေသည်၊ သူသည် ကမ္ဘာကြီးပေါ်က သူ၏အမှုကို ဆက်လက် ဆောင်ရွက်နေသည်။ ကျေးဇူးတော်ခေတ်မှ အမှုကို ဆက်ပြီး လုပ်ကိုင်နေခြင်း ဖြစ်သည်။
၂ ယနေ့၏ အမှုသည် လူသားတို့ မည်သည့်အခါကမှ မလျှောက်ရသေးသည့် လမ်းခရီးဖြစ်ပြီး မည်သူကမှ မမြင်ဖူးသည့် လမ်းခရီးဖြစ်သည်။ ထိုအရာသည် ယခင် မည်သည့်အခါမျှ မလုပ်ခဲ့ဖူးသည့် အမှုဖြစ်သည်၊ ထိုအရာသည် ကမ္ဘာကြီးပေါ်က ဘုရားသခင်၏ နောက်ဆုံးအမှုပင် ဖြစ်သည်။ ဘုရားသခင်သည် ပိုကြီးမားသည့်၊ ပိုသစ်သည့်အမှုကို ကမ္ဘာကြီးပေါ်မှာ ပြုလုပ်ခဲ့ခြင်းကို လူများမသိကြပါ။ ထိုအလုပ်သည် ဣသရေလ၏ ပြင်ပ၊ ဣသရေလ၏ နယ်မြေအပြင်ထိ ပရောဖက်များ၏ ကြိုတင်ဟောကြားချက်များကို ကျော်လွန်လျက် ရောက်ရှိနှင့်ပြီးဖြစ်သည်။ ပရောဖက်ပြုချက်များမှာ မပါ၀င်သည့် အသစ်ဖြစ်သော အံ့သြဖွယ်အလုပ်၊ ဣသရေလအပြင်ရှိ ပိုမိုသစ်လွင်သည့် အလုပ်၊ လူသားများ မည်သည့်အခါမှာမှ သိနားလည်နိုင်မည် မဟုတ်သကဲ့သို့ စိတ်ကူးနိုင်ကြမည် မဟုတ်သည့် အလုပ်ကို ပြုလုပ်ထားသည်။
၃ သမ္မာကျမ်းစာထဲ၌ ယင်းကဲ့သို့သော အမှု၏ ပြည့်စုံစွာ ရှင်းလင်းဖော်ပြထားသော မှတ်တမ်းများသည် မည်သို့များ ပါဝင်နိုင်ခဲ့သနည်း။ မည်သူတို့ကများ ယနေ့အမှု၏ တစ်ချက်ချင်းစီကို မည်သည့် အရာကိုမှ ထိန်ချန်မထားဘဲ၊ ကြိုတင်ပြီး မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ မည်သူကများ ဟောင်းနွမ်းလှသည့် စာအုပ်ထဲမှာ ယခုလို ပိုမို ကြီးမြတ်ပြီး အမြော်အမြင်ကြီးမားသည့် အစဉ်အလာကို မှတ်တမ်းတင်ပေး နိုင်ခဲ့ကြမည်နည်း။ ယနေ့အလုပ်သည် သမိုင်းမဟုတ်သေးပါ၊ သို့ဖြစ်၍ သင်က ယနေ့ ခရီးလမ်း အသစ်အတိုင်း လျှောက်သွားချင်ပါက၊ သင်သည် သမ္မာကျမ်းစာကို စွန့်ပစ်ရန် လိုပါမည်၊ သင်သည် သမ္မာကျမ်းစာထဲက အနာဂတ္တိကျမ်း စာအုပ်များ သို့မဟုတ် သမိုင်းများကို ကျော်လွန်ပြီး သွားရန် လိုအပ်ပါမည်။ သို့ဖြစ်မှသာ သင်သည် လမ်းကြောင်းအသစ်ကို စနစ်တကျ လျှောက်နိုင်ပါမည်၊ ထို့အပြင် ထိုအခါကျမှသာ သင်သည် အရှိတရားအသစ်နှင့် အလုပ်သစ်ထဲကို ခြေချဝင်နိုင်မှာ ဖြစ်ပါသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သမ္မာကျမ်းစာနှင့် ပတ်သက်ပြီး တင်ပြချက် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။