၂၃၃ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ဖြစ်ပါက၊ သင် လက်ခံသင့်သည်

၁ ယုဒလူအားလုံးသည် ဓမ္မဟောင်းကျမ်းကို ဖတ်ရှုပြီး သားယောက်ျားတစ်ဦး နွားစားခွက်ထဲတွင် မွေးဖွားလိမ့်မည်ဟူသော ဟေရှာယ၏ ပရောဖက်ပြုချက်ကို သိခဲ့ကြသည်။ သို့ဆိုလျှင်၊ ဤပရောဖက်ပြုချက်ကို အပြည့်အဝ သိရှိသော်လည်း၊ ၎င်းတို့သည် အဘယ်ကြောင့် ယေရှုကို ညှဉ်းပန်းနှိပ်စက်ခဲ့ကြသေးသနည်း။ ယင်းမှာ ၎င်းတို့၏ ပုန်ကန်တတ်သော သဘာဝနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုကို မသိနားမလည်မှုကြောင့် ဖြစ်ခဲ့သည် မဟုတ်လော။ ထိုအချိန်က၊ ဖာရိရှဲများသည် ယေရှု၏အမှုမှာ ပရောဖက်ပြုထားသော သားယောက်ျားတစ်ဦးနှင့် ပတ်သက်၍ ၎င်းတို့ သိခဲ့သည့်အရာနှင့် ကွဲပြားသည်ဟု ယုံကြည်ခဲ့ကြပြီး၊ ယနေ့ လူတို့သည် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုက သမ္မာကျမ်းစာနှင့် မကိုက်ညီသောကြောင့် ဘုရားသခင်ကို ငြင်းပယ်ကြလေသည်။ ၎င်းတို့၏ ဘုရားသခင်အပေါ် ပုန်ကန်ခြင်း၏ အနှစ်သာရသည် တူညီသည် မဟုတ်လော။ သင်သည် သံသယမရှိဘဲ သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုအားလုံးကို လက်ခံနိုင်သလော။ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက၊ မှန်ကန်သော ရေစီးကြောင်းဖြစ်ကြီး၊ မည်သည့် ဒွိဟမျှမရှိဘဲ သင် လက်ခံသင့်၏။ မည်သည့်အရာ လက်ခံရမည်ကို သင် မရွေးသင့်ပေ။

၂ ဘုရားသခင်ထံမှ ထိုးထွင်းသိမြင်မှု သင် သာ၍ရရှိပြီး၊ သူ့အပေါ် သာ၍ သတိထားပါက၊ ယင်းသည် မဆီမဆိုင် ဖြစ်သည် မဟုတ်လော။ သင်သည် သမ္မာကျမ်းစာမှ နောက်ထပ်သက်သေပြမှုကို ရှာဖွေဖို့ မလိုအပ်ပေ။ သင်သည် ဘုရားသခင်နောက်လိုက်ဖို့ ဘုရားသခင်ကို ယုံကြည်သည့်အတွက်၊ ယင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်ပါက သင် လက်ခံရမည်ဖြစ်ပြီး၊ သူ့ကို မစုံစမ်းမစစ်ဆေးသင့်ပေ။ ငါသည် သင်၏ဘုရားသခင်ဖြစ်သည်ကို သက်သေပြရန် ငါနှင့်သက်ဆိုင်သည့် နောက်ထပ် သက်သေ အထောက်အထားကို သင် မရှာဖွေသင့်ဘဲ၊ ထိုအစား ငါသည် သင့်အဖို့ အကျိုးဖြစ်သည်၊ မဖြစ်သည်ကို သင်သိမြင်သင့်သည်- ဤသည်မှာ အရေးအပါဆုံးသော အရာဖြစ်သည်။ သင်သည် သမ္မာကျမ်းစာ အတွင်း၌ များစွာ ငြင်းမရနိုင်သော သက်သေကို တွေ့ရှိခဲ့လျှင်ပင်၊ ယင်းက သင့်ကို ငါ့ရှေ့သို့ အပြည့်အဝ မဆောင်ကြဉ်းနိုင်ပေ။ သင်သည် သမ္မာကျမ်းစာ၏ ဘောင်ခတ်မှုများအတွင်းတွင် အသက်ရှင်ရုံမျှရှင်ပြီး ငါ၏ ရှေ့မှောက်တွင် အသက်မရှင်ပေ။ သမ္မာကျမ်းစာသည် ငါ့ကိုသိဖို့ရန် သင့်ကို မကူညီနိုင်သကဲ့သို့၊ ငါ့အတွက် သင်၏ချစ်ခြင်းမေတ္တာကို နက်သည်ထက်နက်မလာစေနိုင်ပေ။

၃ ခေတ်တစ်ခုစီထဲက ဘုရားသခင်၏ အမှုသည် ရှင်းလင်းပြတ်သားသော နယ်နိမိတ်များ ရှိ၏။ သူသည် လက်ရှိခေတ်၏ အမှုကိုသာ လုပ်ဆောင်ပြီး၊ အမှု၏ နောက်အဆင့်ကို မည်သည့်အခါမျှ ကြိုတင် မဆောင်ရွက်ပေ။ ထိုသို့ဖြင့်သာ ခေတ်အသီးသီးနှင့်ဆိုင်သည့် သူ၏ ကိုယ်စားပြုခြင်းအမှုသည် ရှေ့သို့ ရောက်ရှိနိုင်ပေသည်။ ယေရှုသည် နောက်ဆုံးသော ကာလ၏ နိမိတ်လက္ခဏာများ၊ မည်သို့ စိတ်ရှည်ရမည်၊ ပြီးလျှင် မည်သို့ ကယ်တင်ခြင်းခံရမည်၊ မည်သို့နောင်တရပြီး ဝန်ခံရမည်၊ ပြီးလျှင် ကားတိုင်ကို မည်သို့ ထမ်းရွက်ပြီး ဆင်းရဲဒုက္ခများကို မည်သို့ ကြံ့ကြံ့ခံရမည် ဆိုသည်တို့ကိုသာ ပြောဆိုခဲ့သည်။ နောက်ဆုံးသော ကာလထဲတွင်ရှိသည့် လူသားသည် ဝင်ရောက်မှုကို မည်သို့ ရရှိသင့်သည်ကို သူ လုံးဝ မပြောဆိုသကဲ့သို့၊ ဘုရားသခင်၏ အလိုကို ဖြည့်ဆည်းဖို့ မည်သို့ကြိုးစားသင့်သည် ဆိုသည်နှင့်သက်ဆိုင်၍ လုံးဝ သူ မပြောဆိုခဲ့ပေ။ ထိုသို့ဖြစ်သဖြင့်၊ ဘုရားသခင်၏ နောက်ဆုံးသော ကာလအမှုအတွက် သမ္မာကျမ်းစာကို ရှာဖွေဖို့ဆိုသည်မှာ ရယ်ဖွယ်ကောင်းသည် မဟုတ်လော။ သမ္မာကျမ်းစာကို ဖမ်းဆုပ်ထားခြင်းမျှဖြင့် မည်သည့်အရာကို သင် သိမြင်နိုင်သနည်း။ သမ္မာကျမ်းစာကို ရှင်းလင်းဖော်ပြသူဖြစ်စေ၊ တရားဟောဆရာဖြစ်စေ၊ အဘယ်သူသည် ယနေ့၏အမှုကို ကြိုတင် တွေ့မြင်နိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ မိမိ၏ အယူအဆများထဲ၌ ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားသည် ဘုရားသခင်၏ ဗျာဒိတ်တော်များကို မည်သို့ လက်ခံရရှိနိုင်မည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၃၂ နောက်ဆုံးသောကာလတွင် ဘုရားသည် သာ၍ကြီးပြီး ပို၍သစ်သောအမှုကို တစ်ပါးအမျိုးသားတို့ကြား ပြုလေပြီ

နောက်တစ်ခုသို့- ၂၃၄ ဘုရားသခင်ကို ယုံကြည်သူများ သူ၏မျက်မှောက်အလိုတော်ကို ရှာဖွေသင့်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၇၉၉ ဘုရားအမှုတော်၏ ရည်ရွယ်ချက်ပန်းတိုင်

၁ဘုရားရဲ့အမှုတော်များစွာထဲမှာစစ်မှန်သောကိုယ်တွေ့ ရှိသူတိုင်း ဘုရားကို ချစ်ကြောက်ကြသည်ဘုရားရဲ့စစ်ကြောခြင်းနှင့်ဆုံးမခြင်းက လူသားတို့ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။