သမ္မာကျမ်းစာကို မှန်မှန်ကန်ကန် သင်မှတ်ယူရမည်ကျူး
၁ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် သမ္မာကျမ်းစာသည် လူသားတို့၏ သမိုင်း နောက်သို့ နှစ်ထောင်သောင်း လိုက်ပါခဲ့ပြီး နောက်ဆုံးသောကာလတွင် လူတို့သည် ဘုရားသခင်အား သမ္မာကျမ်းစာဖြင့် အစားထိုးသည်အထိပင် ၎င်းအား ဘုရားသခင်သဖွယ် မှတ်ယူခြင်းကြောင့် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် အမှန်တကယ် မုန်းသောအရာ ဖြစ်သည်။ ထို့ကြောင့် သူ၏ အချိန်ပိုတွင် သူသည် သမ္မာကျမ်းစာ၏ မူလဇာစ်မြစ်နှင့် အတွင်းကျသော အဖြစ်အပျက်တို့ကို ရှင်းလင်းခဲ့ရသည်။ ထိုသို့မဟုတ်ပါက သမ္မာကျမ်းစာသည် လူတို့၏ စိတ်နှလုံးများထဲရှိ ဘုရားသခင်၏ နေရာကို ဆက်လက် အစားထိုးနိုင်ဦးမည် ဖြစ်ပြီး ၎င်းတို့သည် သမ္မာကျမ်းစာထဲမှ နှုတ်ကပတ်တော်များကို အခြေခံကာ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ရှုတ်ချခြင်းနှင့် တိုင်းထွာခြင်းတို့ကို ပြုကြမည် ဖြစ်သည်။ ဤနေရာတွင် လူတို့အား ဘုရားသခင် ပြောလိုသော သမ္မာတရားမှာ ဘုရားသခင်၏ လက်ရှိအမှု သို့မဟုတ် နှုတ်ကပတ်တော်တို့ကို မည်သည့် အယူအဆ သို့မဟုတ် အမှန်တရားဖြင့် အစားထိုးနိုင်ခြင်း မရှိကြောင်းနှင့် ဘုရားသခင်၏ အရိုက်အရာအား အစားထိုးနိုင်သောအရာ တစ်စုံတစ်ခုမျှ မရှိကြောင်း ဖြစ်သည်။
၂ အကယ်၍ လူတို့သည် သမ္မာကျမ်းစာ၏ ပိုက်ကွန်ကို ဘေးသို့ မဖယ်နိုင်ပါက ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ မည်သည့်အခါတွင်မျှ လာရောက်နိုင်မည် မဟုတ်ပေ။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်၏ ရှေ့သို့ လာရောက်လိုပါက သူ့အား အစားထိုးနိုင်သော အရာမှန်သမျှကို ၎င်းတို့၏ စိတ်နှလုံးထဲမှ ၎င်းတို့ ဦးစွာ ရှင်းထုတ်ပစ်ရမည် ဖြစ်သည်၊ ဤနည်းဖြင့် ဘုရားသခင်သည် ကျေနပ်အားရမည် ဖြစ်သည်။ ဘုရားသခင်သည် ဤနေရာတွင် သမ္မာကျမ်းစာ တစ်ခုတည်းကိုသာ ရှင်းပြထားသော်လည်း သမ္မာကျမ်းစာအပြင် လူတို့ အမှန်တကယ် ကိုးကွယ်သော မှားယွင်းသည့် အခြားအရာများစွာ ရှိကြောင်းကို မမေ့ပါနှင့်၊ လူတို့ မကိုးကွယ်သည့် တစ်ခုတည်းသော အရာများမှာ ဘုရားသခင်ထံမှ စစ်မှန်စွာ ရောက်လာသော အရာများပင် ဖြစ်သည်။ ဘုရားသခင်သည် သမ္မာကျမ်းစာကို ဥပမာအဖြစ်သာ အသုံးပြု၍ မမှန်သော လမ်းကြောင်းနောက် မလိုက်လျှောက်ရန်နှင့် ထပ်မံ၍ တစ်ဖက်စွန်း မရောက်စေရန် သာမက ဘုရားသခင်အား ယုံကြည်ပြီး သူ၏ နှုတ်ကပတ်တော်များကို လက်ခံသည့်အခါ ရှုပ်ထွေးခြင်းထဲသို့ မကျရောက်စေရန် အယောက်တိုင်းစီအား သတိပေးခြင်း ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ကျမ်းထဲရှိ နိဒါန်းအခန်းကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။သည် အသင်းတော်များတွင် ခရစ်တော်လျှောက်သွားစဉ် သူ၏နှုတ်ကပတ်တော်များအခန်းအထိ