ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်သည်

တစ်ဖက်တွင် ခရစ်တော်၏ အနှစ်သာရကို သိခြင်းသည် လူ့ဇာတိခံ ခရစ်တော်ကို ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်မှ သင့်ကို ခွဲခြားခွင့်ပေးသည်၊ လူ့ဇာတိခံ ဘုရားသခင်ကို လက်တွေ့ကျသော ဘုရားသခင်အဖြစ် သဘောထားပြီး နာခံခွင့်ပေးသည်။ အခြားတစ်ဖက်တွင် လူ့ဇာတိခံ ဘုရားသခင်၏ စစ်မှန်သော အမှုတော်၊ သမ္မာတရားပေါ် သူ၏ စစ်မှန်သော ဖော်ပြချက်နှင့် လူသားမျိုးနွယ်အကြား သူ၏ တကယ့် အသက်ရှင်ခြင်းတို့ကိုလည်း သင် မြင်ရမည်။ လူသားမျိုးနွယ်ကို သူ သန့်စင်စေကာ ကယ်တင်ပုံ၊ သူသည် ပရောဖက်၊ တမန်တော်၊ သို့မဟုတ် ပရောဖက်ပြုချက်များ ပေးသူ သို့မဟုတ် ဘုရားသခင်၏ စေလွှတ်ခြင်းခံရသည့် မထင်ရှားသော လူတစ်ဦး မဟုတ်ဘဲ လူ့ဇာတိခံ ဘုရားသခင်၊ ခရစ်တော်နှင့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပုံတို့ကို သင်မြင်ရမည်။ ဤလူ့ဇာတိသည် လူသားမျိုးနွယ်ဝင်တစ်ဦး ဖြစ်သော်လည်း သူသည် ဘုရား၏ သဘောသဘာဝ အနှစ်သာရရှိသော သာမန်လူတစ်ဦး ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိခြင်းသည် အရေးအကြီးဆုံးဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သက်သေပြဖို့ သင်သတိပြုမိနိုင်သော အချက်အလက်များကို အသုံးပြုခြင်းသည် အနည်းဆုံးအနေဖြင့် သင်လုပ်ဆောင်နိုင်သည့် အရာဖြစ်ရမည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝ အနှစ်သာရကို သိရှိရန် ဘုရားနှုတ်ကပတ်တော်များကို သင် စားသောက်ရမည်၊ သူ၏ အမှုတော်ကို တွေ့ကြုံပြီး သူ၏ စိတ်သဘောထားကို သိရှိရမည်။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရကို သိရှိခြင်းသည် ဘုရားသခင်က ဧကန်အမှန် လူ့ဇာတိခံလာပြီးဖြစ်ကြောင်းနှင့် ဤလူ့ဇာတိသည် အမှန်ပင် ဘုရားသခင်ဖြစ်ကြောင်း လူတို့အား သေချာအောင် လေ့လာစိစစ်စေနိုင်သည့် အကျိုးတရား ရှိလေသည်။ ဤသည်မှာ လူတို့က ဘုရားသခင်အပေါ် စစ်မှန်သည့် ယုံကြည်ခြင်းကို တည်ဆောက်နိုင်ပြီး စစ်မှန်သည့် နာခံမှုနှင့် ချစ်ခြင်းမေတ္တာကို ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကာ ဤအကျိုးတရားကို ရရှိသည့်အခါမှသာ သင်သည် ဘုရားသခင်၏ အနှစ်သာရအပေါ် သိနားလည်မှုရှိကြောင်း သက်သေပြနိုင်ပေသည်။

ယနေ့တွင် လူတို့သည် ခရစ်တော်နှင့်ဆိုင်သည့် စစ်မှန်သော အသိပညာမရှိကြချေ။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုပြီး ယင်းတို့သည် သမ္မာတရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက် ဖြစ်ကြောင်း ဝန်ခံကြသော်လည်း လူ့ဇာတိကို လုံးဝ အလေးထားခြင်းမရှိကြချေ။ လူ့ဇာတိ၏ ဇာစ်မြစ်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လူ့ဇာတိနှင့် ဝိညာဉ်တော်တို့သည် အချင်းချင်း မည်သို့ ဆက်နွှယ်သည်တို့ကို ၎င်းတို့ မသိကြ။ လူများစွာတို့က လူ့ဇာတိသည် နှုတ်ကပတ်တော်များကို ဖော်ပြရန် တည်ရှိကြောင်း၊ သူသည် စကားပြောပြီး အမှုပြုရန် အသုံးပြုခံရကြောင်းနှင့် ယင်းမှာ သူ၏ အမှုတော်ဖြစ်ကြောင်း ယုံကြည်ကြသည်။ လူ့ဇာတိသည် သူ တို့ထိခံရသည့်အချိန်တိုင်းတွင် စကားပြောပြီး သူသည် စေတမန်တစ်ဦး ဖြစ်ခဲ့သည့်အလား သူ၏ အမှုတော်သည် သူအပြီးသတ်သည်နှင့်တစ်ပြိုင်နက် ပြီးစီးသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် ဤအရာကို ယုံကြည်ပါက ၎င်းတို့ အသိအမှတ်ပြုပြီး ယုံကြည်သည်မှာ လူ့ဇာတိခံ ဘုရားသခင်၊ သို့မဟုတ် ခရစ်တော် မဟုတ်ဘဲ ပရောဖက်တစ်ပါးနှင့် ဆင်တူသည့် တစ်စုံတစ်ဦးမျှသာ ဖြစ်သည်။ လူအချို့ကလည်း “ခရစ်တော်သည် လူပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သူ၏ လူ့ဇာတိခံခြင်း အနှစ်သာရက မည်သည့်အရာဖြစ်လင့်ကစား၊ သို့မဟုတ် ဘုရားသခင်၏ မည်သည့် စိတ်သဘောထားကို သူ ဖော်ပြလင့်ကစား ကောင်းကင်ဘုံရှိ ဘုရားသခင်၊ သို့မဟုတ် စကြဝဠာနှင့် အရာခပ်သိမ်းကို အုပ်စိုးသော ဖန်ဆင်းရှင်ကို သူ အပြည့်အဝ ကိုယ်စားမပြုနိုင်ပါ။ သူသည် လူ့ဇာတိခံ ဘုရားသခင် ဖြစ်သကဲ့သို့ မြေကြီးသို့ ကြွလာသည့် ကောင်းကင်ဘုံရှိ ဘုရားသခင်လည်း ဖြစ်သည့်အတွက် အဘယ်ကြောင့် သဘာဝလွန် နိမိတ်လက္ခဏာတစ်ခုတလေ မရှိရသနည်း။ သူ့ထံတွင် ဩဇာအာဏာရှိပါက အဘယ်ကြောင့် အဆင်းနီသော နဂါးကြီးကို သူ မဖျက်ဆီးပါသနည်း”ဟု တွေးကြသည်။ ဤစကားများကို ပြောသောသူတို့သည် ဝိညာဉ်ရေးအရ မသိနားမလည်သောသူများသာ ဖြစ်ကြသည်။ ၎င်းတို့သည် လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်နှင့်ဆိုင်သော စီမံခန့်ခွဲခြင်း နယ်ပယ်၊ သူ၏ ကယ်တင်ခြင်း ရည်ရွယ်ချက်များက မည်သူများဖြစ်သည်၊ မည်သည့်အရာကို သူ ဖော်ပြသည်၊ သို့မဟုတ် မည်သည့်အရာကို လူတို့ သိသင့်ကြသည်ဆိုသည်တိုကို မဆိုထားနှင့်၊ ဘုရားသခင် လူ့ဇာတိခံခြင်းက မည်သည့်အရာဖြစ်သည်ကိုပင် နားမလည်ကြချေ။ လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရသည် ဘုရားသခင်၏ အနှစ်သာရဖြစ်ပြီး သူသည် ဘုရားသခင်ကိုယ်စား အရာရာကို လုပ်ဆောင်နိုင်၏။ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး သူ လုပ်ဆောင်ရန် ဆန္ဒရှိသည့်အရာတိုင်းကို လုပ်ဆောင်နိုင်သည်။ သို့ရာတွင် ဤအကြိမ် ဘုရားသခင် လူ့ဇာတိခံခြင်းသည် သူ၏ စီမံခန့်ခွဲမှု နယ်ပယ်ရှိ အမှုတော်၏ နောက်ဆုံးအဆင့်ဖြစ်ပြီး ယင်းသည် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်း၊ သို့မဟုတ် တိုင်းနိုင်ငံများအပေါ် အုပ်စိုးခြင်းနှင့် မည်သို့မျှ ပတ်သက်ခြင်းမရှိချေ။ ယင်းသည် ထိုအရာများနှင့် လုံးဝ ပတ်သက်ခြင်း မရှိချေ။ ထို့ကြောင့် သင် သိရှိရန် လိုအပ်သည့်အရာမှာ အမှုတော်၏ ဤအဆင့်အတောအတွင်းတွင် လူတို့ ကြုံမည့်အရာနှင့် နားလည်နိုင်သည့်အရာ၊ အမှုတော်၏ ဤအဆင့်နှင့်ဆိုင်သော အနှစ်သာရ၊ ခရစ်တော်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ ပြီးလျှင် သူ၏ စိတ်သဘောထား ဖော်ပြချက်တို့ ဖြစ်သည်။ ခရစ်တော် ဖော်ပြသည့်အရာသည် ဘုရားသခင်၏ အနှစ်သာရ ဖြစ်သလော။ ဘုရားသခင်၏ စိတ်သဘောထားလော။ ဟုတ်ပေ၏။ သို့ရာတွင် ဤသည်မှာ ရှိသမျှအရာ ဖြစ်သလော။ ယခု သင်တို့ကို ငါအမှန်ပြောနေခြင်းဖြစ်သည်။ ဤသည်မှာ ရှိသမျှအရာ မဟုတ်။ ယင်းမှာ သေးငယ်ပြီး ကန့်သတ်ထားသည့် အစိတ်အပိုင်းတစ်ခု၊ လူတို့က ပကတိမျက်စိဖြင့် မြင်နိုင်သည့်အရာ၊ ထိတွေ့နိုင်သည့်အရာနှင့် ဘုရားသခင် လူ့ဇာတိခံယူစဉ်တွင် ၎င်းတို့က မိမိတို့ ဉာဏ်များဖြင့် သဘောပေါက်နားလည်နိုင်သည့်အရာသာ ဖြစ်သည်။ ဤသည်မှာ အရာရာ မဟုတ်သကဲ့သို့ ဘုရားသခင်၏ အစီအစဉ်အတွင်းတွင် လုပ်ဆောင်ရမည့် အမှုတော်မျှသာ ဖြစ်သည်။

လူ့ဇာတိခံ ဘုရားသခင်ကို အရှင်းလင်းဆုံး မည်သို့ ရှင်းပြ၍ ရနိုင်သနည်း။ ရိုးရှင်းစွာ ပြောရလျှင် ယင်းမှာ ဘုရားသခင်က ကမ္ဘာမြေပေါ်တွင် အသွင်သဏ္ဌာန် ယူခြင်းဖြစ်သည်။ ယင်းမှာ ပုံမှန်လူတစ်ဦးအဖြစ် လူ့ဇာတိကို ယူတင်ဝတ်ဆင်သည့် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိဖြင့်ရှိပါက အခြားနေရာတွင် သူ တည်ရှိသေးပါ၏လော။ တည်ရှိပါသည်။ ဘုရားသခင်သည် စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး စကြဝဠာတစ်ခုလုံးတွင် ထိုစကြဝဠာကို အုပ်စိုးနေသည့် ဘုရားတစ်ပါးတည်းသာ ရှိသည်။ သူသည် အနန္တတန်ခိုးရှင်ဖြစ်ပြီး ယခုတွင် လူ့ဇာတိခံယူကာ ကမ္ဘာမြေသို့ ကြွဆင်းလာပြီ ဖြစ်သည်။ သူသည် ကမ္ဘာမြေပေါ်တွင်သာ လူ့ဇာတိခံယူကာ အမှုတော်ကို လုပ်ဆောင်ပြီး အခြားမည်သည့်နေရာတွင်မျှ ထိုအရာနှင့်ပတ်သက်၍ ဒုက္ခခံခြင်းမရှိဟူ၍ လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ ယခင်က ညီအစ်မတစ်ဦးကို “ယခုတွင် ဘုရားသခင်သည် လူ့ဇာတိဖြင့် ကမ္ဘာမြေပေါ်တွင် ရှိသဖြင့် ကောင်းကင်ဘုံတွင် ဘုရားတစ်ပါးတလေ ရှိပါသေးသလော”ဟု ငါ မေးခဲ့သည်။ သူသည် တစ်မိနစ်ကြာ စဉ်းစားပြီး “ဘုရားသခင် တစ်ပါးတည်သာရှိပြီး သူသည် ယခုတွင် ကမ္ဘာမြေပေါ်တွင် ရှိသောကြောင့် ကောင်းကင်ဘုံတွင် ယခု ဘုရားသခင် မရှိပါ” ဟု ပြောလေသည်။ ဤသည်မှာ တစ်ဖန် မှားယွင်း၏။ ဘုရားသခင်သည် စကြဝဠာနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်၏။ သူသည် ဤနေရာ ကမ္ဘာမြေပေါ်တွင် ရှိသော်လည်း ကောင်းကင်ဘုံရှိ အရာခပ်သိမ်းတို့အပေါ် အုပ်စိုးဆဲဖြစ်ကာ ကမ္ဘာမြေပေါ်တွင် သူ၏ အမှုကို ပြု၏။ ငါက “ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် တစ်ခါတစ်ရံ ထွက်ခွာသွားသည်ဟုလည်း ဆိုလိုပါသလော”ဟု တစ်ဖန် မေးသည်။ သူသည် တစ်ခဏကြာ စဉ်းစားပြီး “သူသည် ထွက်ခွာရကောင်း ထွက်ခွာရနိုင်ပြီး တစ်ခါတစ်ရံ လူ့ဇာတိက မည်သည့်အရာကိုမျှ မသိပါ။ လူ့ဇာတိက ပုံမှန် အသက်ရှင်သည့်အခါ ဝိညာဉ်တော် ထွက်ခွာသွာပြီး သူ စကားပြောရမည့်အချိန်တွင် ပြန်လာသည်။ အိပ်ပျော်သည့်အတောအတွင်း ဝိညာဉ်တော်သည် အခြားအရာများကို သွားလုပ်ကောင်းလုပ်နိုင်သော်လည်း လူ့ဇာတိက နိုးသည့်အခါ ပြန်လာကာ လူ့ဇာတိမှတစ်ဆင့် စကားပြောကာ အမှုပြုပါသည်။ လုပ်စရာ အလုပ်မရှိလျှင် လူ့ဇာတိသည် ပုံမှန်လူသား အပြုအမူနှင့် လုပ်ရပ်များတွင် ပါဝင်ဆောင်ရွက်နေရုံသာ ဖြစ်မည်”ဟု ပြောလေသည်။ ဤသည်မှာ လူများစွာ တွေးထင်သည့်အရာ ဖြစ်သည်။ “ဘုရားသခင်၏ ငွေကို မည်သို့ ခွဲဝေသတ်မှတ်သည်ကို ကျွန်ုပ် မသိပါ။ အခြားတစ်စုံတစ်ဦးကို ပေးထားခြင်းများ ဖြစ်နိုင်မည်လား”ဟု စိုးရိမ်သည့် အခြားသူများရှိ၏။ လူသား စိတ်များသည် အမှန်တကယ် ရှုပ်ထွေး၏။ မကောင်းသည့် ရည်ရွယ်ချက်ရှိသော စိတ်များရှိသည့် လူတို့သည် သမ္မာတရားကို လိုက်စားရန် အဘယ်သို့ မျှော်လင့်နိုင်ရသနည်း။ အတိုချုပ်ပြောရလျှင် ဘုရားသခင် လူ့ဇာတိခံခြင်း အနှစ်သာရကို သိရှိခြင်းဖြစ်စေ၊ သူ၏ စိတ်သဘောထားကို သိရှိခြင်းဖြစ်စေ ဘုရားသခင်ကို သိကျွမ်းခြင်းတွင် သိပ်လွယ်ကူသော အလုပ်များ မဟုတ်ချေ။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော် အတောအတွင်းတွင် သင်တွေ့ကြုံခံစားကာ ကြုံနိုင်သည့် မည်သည့်အရာမဆိုသည် သင်သိသင့်သောအရာဖြစ်ပြီး သင် ထိတွေ့၍ မရနိုင်သည့်အရာများနှင့်ပတ်သက်၍ ဖြစ်ကတတ်ဆန်း ယူဆချက်များကို မပြုလုပ်သင့်ပေ။ ဥပမာအားဖြင့် “ဘုရားသခင်၏ လူ့ဇာတိ ထွက်ခွာသည့်နောက်တွင် မည်သည့် ပုံသဏ္ဌာန်ဖြင့် ဘုရားသခင် ပေါ်ထွန်းပြီး သူ၏ အမှုတော်ကို တစ်ဖန် လုပ်ဆောင်လိမ့်မည်နည်း။ ကျွန်ုပ်တို့အား ကမ္ဘာမြေပေါ်တွင် လာတွေ့ဦးမည်လော”ဟူ၍ ဖြစ်သည်။ ယနေ့ခေတ် လူအများစုသည် ဤပြင်ပအရာများကို အာရုံစိုက်ကြပြီး ယင်းတို့သည် ခရစ်တော်၏ အနှစ်သာရ လုံးဝ မပါဝင်ပေ။ ယင်းတို့ကို နားလည်ရန်မှာ အမှန်တကယ် အသုံးမဝင်ပေ။ သင် နားလည်ရန် မလိုအပ်သည့်အရာအချို့ ရှိပြီး လိုအပ်သည့်အချိန်ရောက်သည့်အခါ သင်နားလည်လိမ့်မည်။ ဤအရာများကို သင် နားလည်ခြင်း ရှိမရှိဆိုသည်မှာ ဆက်စပ်မှုမရှိသကဲ့သို့ ယင်းတို့သည် လူ့ဇာတိခံ ဘုရားသခင်၌ လူတို့၏ ယုံကြည်ခြင်း၊ ခရစ်တော်၌ ယုံကြည်ခြင်း၊ သို့မဟုတ် ခရစ်တော်နောက်လိုက်ခြင်းတို့အပေါ် အနည်းငယ်မျှ သက်ရောက်မှုမရှိပေ။ ယင်းတို့သည် သမ္မာတရားကို လူတို့၏ လိုက်စားခြင်း၊ သို့မဟုတ် မိမိတို့တာဝန်ကို ကောင်းစွာ ဖြည့်ဆည်းခြင်းတို့ကိုလည်း အနည်းငယ်မျှ သက်ရောက်မှုမရှိသကဲ့သို့ ယင်းတို့ကို သင်သိပါကလည်း သင်၏ ယုံကြည်ခြင်းတစ်ခုတလေကိုမျှ တိုးပွားစေမည် မဟုတ်ပေ။ အတိတ်ကာလတွင် ပရောဖက်တို့သည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာတို့ကို ပြကြပြီး လူတို့ မည်သည့်အရာကို ရရှိခဲ့ကြသနည်း။ ဤအရာများမှ စွမ်းဆောင်ရရှိသမျှသည် လူတို့အား ဘုရားသခင်၏ တည်ရှိခြင်းကို အသိအမှတ်ပြုစေခြင်းသာ ဖြစ်၏။ ထိုပရောဖက်များသည် ဘုရားသခင်၏ အနှစ်သာရ မရှိခဲ့ကြသောကြောင့် နိမိတ်လက္ခဏာများ မည်မျှ ၎င်းတို့ ပြနိုင်ကြသည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင် မဟုတ်ကြပေ။ လူ့ဇာတိခံ ဘုရားသခင်တွင် ဘုရားသခင်၏ အနှစ်သာရ ရှိသောကြောင့် နိမိတ်လက္ခဏာများ မပြုသော်လည်း သူသည် ဘုရားသခင် ဖြစ်နေဆဲ ဖြစ်သည်။ သူသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို မပြခြင်းမှာ ထိုနိမိတ်လက္ခဏာများကို သူမပြနိုင်ဟု မဆိုလိုပေ။ သူ၏ နှုတ်ကပတ်တော် ပြီးမြောက်သမျှတိုင်းသည် နိမိတ်လက္ခဏာနှင့် အံ့ဖွယ်ရာများကို ပြခြင်းထက် သာ၍ပင် တန်ခိုးကြီးမားပေသည်။ ယင်းသည် သာ၍ပင် ကြီးမားသော နိမိတ်လက္ခဏာတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားကို သိကျွမ်းခြင်းအား လိုက်စားခြင်းသည် အလွန် အရေးပါ၏။ ယင်းသည် သင်၏ အသက်ဝင်ရောက်မှုအဖို့ အလွန် အကျိုးရှိပြီး ဤသည်မှာ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့်ဆိုင်သည့် မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။

ဘုရားသခင်သည် လူ့ဇာတိဖြင့် အမှုပြုသည့်အခါ ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၊ သူ၏ အနှစ်သာရနှင့် သူ၏ စိတ်သဘောထားတို့ကို လူတို့ ကြုံရပြီး အတွေ့မြင်ရဆုံးသော အချိန်ဖြစ်သည်ကို သင်တို့ သိသင့်၏။ ယင်းသည် ဘုရားသခင်ကို သိရှိရန်အတွက် အကောင်းဆုံးသော အခွင့်အရေး ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ထံ တိုးဝင်ချဉ်းကပ်ခွင့် မရှိခဲ့ကြသောကြောင့် အတိတ်ကာလတွင် လူတို့ ပြောဆိုသည့် ဘုရားသခင်၏ လုပ်ရပ်များနှင့် သူ၏ စိတ်သဘောထားကို သိရှိခြင်းကို စွမ်းဆောင်ရရှိရန် ခက်ခဲခဲ့သည်။ မောရှေသည် ထိုအချိန်က ယေဟောဝါက သူ့ထံသို့ ပေါ်ထွန်းသည်ကို မြင်သည့်အခါတွင် ယေဟောဝါ လုပ်ဆောင်ခဲ့သည့်အရာအချို့ကိုသာ မြင်ခဲ့သည်။ ဘုရားသခင်နှင့်သက်ဆိုင်၍ လက်တွေ့ကျသည့် အသိပညာမည်မျှ သူ ရှိခဲ့ပါသနည်း။ ယနေ့ခေတ် လူတို့ သိရှိကြသည့်အရာထက် ကြီးမြတ်သလော။ ယနေ့ခေတ် လူတို့ သိရှိကြသည့်အရာထက် သာ၍ လက်တွေ့ကျသလော။ မဟုတ်ပေ။ ဣသရေလ၌ သူ၏ အမှုတော်အတောအတွင်းတွင် ဘုရားသခင်သည် သူ၏ အမှုများစွာကို ထုတ်ဖော်ပြခဲ့သည်။ ယေဟောဝါက နိမိတ်လက္ခဏာများ ပြုသည်ကို လူများစွာတို့က မြင်ခဲ့ကြပြီး အချို့မှာ ယေဟောဝါ၏နောက်ကျောမှ သူ၏ပုံရိပ်မည်းကိုပင် တွေ့မြင်ခဲ့ကြသည်။ ကောင်းကင်တမန်များကိုလည်း လူများစွာက မြင်ခဲ့ကြသည်။ သို့တိုင် လူမည်မျှသည် နောက်ဆုံးတွင် ဘုရားသခင်ကို သိရှိလာကြသနည်း။ အလွန်နည်းပါခဲ့၏။ ဘုရားသခင်ကို အမှန်တကယ် သိရှိခဲ့သူ မည်သူမျှမရှိသလောက် ဖြစ်ခဲ့သည်။ သူမည်သည့်အမှုကို ပြုနေသည်၊ သူ့အမှု၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သူ၏ အလိုတော်က မည်သည့်အရာဖြစ်သည်၊ လူသားမျိုးနွယ်အပေါ် သူ၏ သဘောထားက မည်သည့်အရာဖြစ်သည်၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသည့် လူသားမျိုးနွယ်၏ အခြေအနေများနှင့် အနှစ်သာရတို့က မည်သည့်အရာများ ဖြစ်သည် စသည်တို့ကို ဘုရားသခင်က လူတို့ကို တေ့တေ့ဆိုင်ဆိုင် ပြောပြသောကြောင့် နောက်ဆုံးသောကာလ၏ လူတို့သည်သာ ဘုရားသခင် လူ့ဇာတိ၌ရှိစဉ်တွင် သူ၏အမှုကို ၎င်းတို့ တွေ့ကြုံရသည့်အခါ ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာများစွာ ရှိနိုင်ကြလေသည်။ ဘုရားသခင်သည် ဧကန်အမှန် ဤမျှလက်တွေ့ကျပြီး ဤမျှစစ်မှန်ကြောင်း၊ သူသည် ဧကန်အမှန် လူသားမျိုးနွယ်အတွက် ဤအလိုတော် ရှိကြောင်းနှင့် သူသည် ဧကန်အမှန် ဤစိတ်သဘောထား ရှိကြောင်းတို့ကို ထုတ်ဖော်ပြသည့် ဤနှုတ်ကပတ်တော်များမှတစ်ဆင့်သာ လူတို့ မြင်နိုင်ပေသည်။ သူ၏ နှုတ်ကပတ်တော်များသည် ဧကန်အမှန် အလွန် အံ့ဖွယ်ကောင်း၏၊ သူ၏ ဉာဏ်ပညာသည် ဧကန်အမှန် ဤမျှ နက်နဲပြီး လူသားမျိုးနွယ်အတွက် သူ၏ ကရုဏာသည် ဧကန်အမှန် ဤမျှ စစ်မှန်ပေသည်။ ဘုရားသခင် ပြောဆိုပြီးဖြစ်သည့် ဤနှုတ်ကပတ်တော်များအားလုံးသည် သူ၏ အမှုတော်၊ သူ၏ မေတ္တာ၊ စိတ်သဘောထားနှင့် သူ၏ လုပ်ဆောင်ချက်များကို သက်သေခံလေသည်။ ငါတို့သည် ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းအားဖြင့် ဤအရာများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံကြသည်။ ဘုရားသခင် ပြောဆိုသည့် နှုတ်ကပတ်တော်များသည် အလွန် လက်တွေ့ကျပြီး အလွန် စစ်မှန်၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် လူသားမျိုးနွယ်အတွက် သည်းခံခြင်းတို့သည် ဧကန်အမှန် အဆုံးမဲ့ဖြစ်ကြောင်း လူတို့ တွေ့ကြုံကြသည်။ လူတို့ကို ကယ်တင်ရန် ဘုရားသခင်၏ စိတ်ဆန္ဒကို သူ၏ အမှုတော်နှင့် သူပြောသည့် နှုတ်ကပတ်တော်များတွင် ဆောင်ရွက်ထားပြီး ဤအရာအားလုံးက လူတို့အား မိမိတို့၏ တကယ့် အတွေ့အကြုံတွင် ထိုအရာကို မြည်းစမ်းခွင့်ပေးလေသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်၏ အနှစ်သာရအား သိရှိခြင်းကို လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော် အချိန်ကာလအတောအတွင်းတွင်သာ စွမ်းဆောင်ရရှိနိုင်ပြီး ဤအချိန်ကာလ၏ ပြင်ပတွင် သင်နားလည်သည့် မည်သည့်အရာမဆိုသည် လက်တွေ့မကျပေ။ ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏အမှုတော်ကို ပြီးမြောက်ကာ ထွက်ခွာသည့်နောက်တွင် သူ၏ အမှုတော်သည် သင်တွေ့ကြုံရန် ကြိုးစားသည့် ယခုအချိန်လောက် စစ်မှန်လိမ့်မည် မဟုတ်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယနေ့တွင် သင်သည် ဘုရားသခင်၏ အမှုတော်ကို မြင်နိုင်ပြီး ထိတွေ့နိုင်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူ၏ အမှုတော်ကို လူတို့နှင့် စဉ်ဆက်မပြတ် တေ့တေ့ဆိုင်ဆိုင် လုပ်ဆောင်နေပြီး သူစကားပြောပုံနှင့် အမှုပြုပုံတို့ကို ၎င်းတို့ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံကြပြီး ဖြစ်သည်။ ထိုအချိန်က ပေတရု၏ အတွေ့အကြုံသည် ယနေ့ သင်တို့၏ အတွေ့အကြုံလောက် မစစ်မှန်ခဲ့ပေ။ ယုဒပြည်တွင် သခင်ယေရှု၏ အမှုတော်အတောအတွင်း ပေတရုသည် သခင်ယေရှုနောက် လိုက်ခဲ့ပြီး ဘုရားသခင်၏ မည်သည့်အရာက လက်တွေ့ကျကာ နှစ်သက်ဖွယ်ဖြစ်ခဲ့သည်ကို တွေ့ကြုံခဲ့သော်လည်း ထိုအချိန်က သူ၏ ဝိညာဉ်ရင့်ကျက်မှု နည်းပါခဲ့ပြီး သူ တွေ့ကြုံခဲ့သည့်အရာမှာ အပေါ်ယံ ဖြစ်ခဲ့သည်။ ယေရှု ထွက်သွားသည့်နောက်တွင် ပေတရုသည် ယေရှု၏ နှုတ်ကပတ်တော်များကို သေချာပြန်စဉ်းစားကာ တစိမ့်စိမ့်တွေးပြီး သူ၏ သိနားလည်မှုကို နက်ရှိုင်းစေခဲ့ကာ သာ၍ ရရှိခဲ့သည်။ သူ၏ အမှုတော်အတောအတွင်း ယေရှုသည်လည်း ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်းအချို့၊ သူ၏ မေတ္တာကျေးဇူးတော်၊ သူ၏ သနားကရုဏာ၊ လူသားမျိုးနွယ်အတွက် သူ၏ ကယ်တင်ခြင်းနှင့် ၎င်းတို့အတွက် သူ၏ အဆုံးမရှိ သည်းခံခြင်းနှင့် ကျေးဇူးတော်တို့ကို ဖော်ပြခဲ့သည်။ ထိုအချိန်က သူ့နောက်လိုက်ခဲ့သော လူတို့သည် ဤအရာအချို့ကို တွေ့ကြုံနိုင်ခဲ့ကြပြီး နောက်ပိုင်းတွင် ရောက်လာသည့်လူများသည် ယင်းတို့ကို ထိုအချိန်က လူများလောက် နက်ရှိုင်းစွာ လုံးဝ မတွေ့ကြုံနိုင်ခဲ့ကြချေ။ ထို့အပြင် လူတို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တို့ထိခြင်းခံရပြီး ဘုရားသခင်၏ အလိုတော်ကို သဘောပေါက်လျက် ဘုရားသခင်ထံ ဆုတောင်းသည့်အခါ ထိုနေ့ရက်ကာလများတွင် ၎င်းတို့ တွေ့ကြုံခဲ့သည်မှာ မသဲကွဲသကဲ့သို့ ရေးရေးမျှသာရှိခဲ့သည်။ ယင်းမှာ တိကျစွာ သဘောပေါက်ရန် ခက်ခဲသော အချိန်ကာလများ ဖြစ်ခဲ့ပြီး မိမိတို့၏ သိနားလည်မှုက မှန်ကန်တိကျကြောင်းကို မည်သူမျှ မသေချာနိုင်ခဲ့ကြချေ။ ထို့ကြောင့် ပေတရုသည် နောက်ဆုံးတွင် ဖမ်းဆီးခြင်းခံရကာ ထောင်ချခံရသည့်အခါ သူ့ကို မည်သို့ထုတ်ရမည်ဆိုသည်ကို လူအချို့က ကြိုးစား၍ပင် အဖြေရှာခဲ့ကြသည်။ အမှန်တွင် ထိုအချိန်က ယေရှု၏ ရည်ရွယ်ချက်မှာ ပေတရုသည် သူ၏ နောက်ဆုံး သက်သေခံချက်အဖြစ် ကားစင်တင်သတ်ခံရရန် ဖြစ်ခဲ့သည်။ သူ၏ ခရီးက အဆုံးသတ်တစ်ခုသို့ ရောက်လာပြီးဖြစ်ကာ သူ့အနေဖြင့် ကောင်းမွန်သော ခရီးပန်းတိုင်ရှိရန်အလို့ငှာ ဤသို့ဖြင့် သက်သေခံချက်ပေးရန် ဘုရားသခင်က သူ့အတွက် စီစဉ်ခဲ့ပေသည်။ ဤသည်မှာ ပေတရု လျှောက်ခဲ့သည့် လမ်းကြောင်း ဖြစ်သည်။ ပေတရုသည် မိမိလမ်းကြောင်း၏ အဆုံးသတ်သို့ ရောက်လာချိန်တွင် ယေရှု၏ စစ်မှန်သော ကြံရွယ်ချက်ကို သူ နားမလည်ခဲ့သေးချေ။ ယေရှု သူ့ကို ပြောသည့်အချိန်တွင် ဆိုလိုသည့်အရာကိုသာ သူနားလည်ခဲ့သည်။ သို့ဆိုလျှင် ဘုရားသခင်၏ အနှစ်သာရကို သင် နားလည်လိုပါက ဘုရားသခင် လူ့ဇာတိဖြင့် ရှိနေစဉ် နားလည်အောင် လုပ်ဆောင်သည်မှာ အကျိုးအရှိဆုံး ဖြစ်သည်။ သင်သည် မြင်နိုင်၏၊ ထိတွေ့၊ ကြားသိကာ နက်ရှိုင်းစွာ ခံစားနိုင်၏။ လူ့ဇာတိဖြင့် ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်နောက်မှ သန့်ရှင်းသော ဝိညာဉ်တော် အမှုပြုပုံကို သင် တွေ့ကြုံရန် ကြိုးစားပါက သင်ပြန်ကြည့်သည့်အခါ ယင်းသည် ထိုမျှ နက်နဲလိမ့်မည် မဟုတ်သကဲ့သို့ ရလာမည့် သင်၏ သိနားလည်မှုသည် အပေါ်ယံဖြစ်လိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်သည် လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို စစ်ဆေးရုံသာ စစ်ဆေးနိုင်လိမ့်မည်။ စစ်ဆေးခံရပြီးသည်နှင့် လူတို့သည် သမ္မာတရားကို အနည်းငယ်မျှ သာ၍ နားလည်နိုင်ပြီး မိမိတို့အတွင်းရှိ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲလျက် မိမိတို့ ရရှိပြီးသည့် သမ္မာတရားကို မိမိတို့ ဘဝများအတွက် အခြေခံအုတ်မြစ်အဖြစ် အသုံးပြုနိုင်ကြသည်။ သို့သော် ဘုရားသခင်ကို ချစ်ပြီး သိကျွမ်းရန် သင်မည်မျှကြိုးစားသည်ဖြစ်စေ သင်သည် ထိုမျှ တိုးတက်မှုကို အမှန်တကယ် ဖြစ်စေလိမ့်မည် မဟုတ်။ လူသား တိုးတက်မှုတွင် အကန့်အသတ်ရှိပြီး လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံခြင်းနှင့် ဘုရားသခင်ကို သိရှိလာခြင်း၏ အကျိုးကျေးဇူးများကို ရရှိဖို့အထိ စံမီရန် ဝေးသေးသည်။ ဘုရားသခင်သည် လူ့ဇာတိဖြင့် ရှိနေစဉ် သမ္မာတရားများစွာ ဖော်ပြပြီးဖြစ်ကာ လူများစွာတို့သည် မြင်သော်လည်း နားမလည်ကြသကဲ့သို့ ကြားသော်လည်း မသိကြချေ။ ဤသည်တို့မှာ ဝိညာဉ်ရေးအရ မသိနားမလည်ကြသူများဖြစ်ပြီး နှလုံးသားမဲ့သောလူများ ဖြစ်သည်။ လူတို့သည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရား ကင်းမဲ့ကြပြီး လူတို့ကို ဘုရားသခင် မည်မျှချစ်ကာ သည်းခံသည်ကို မခံစားနိုင်ကြချေ။ လူတို့သည် အလွန် ထုံအကြသည်မှာ ဘုရားသခင်၏ အမှုတော် အပြီးသတ်သည့်အချိန်မှသာ ၎င်းတို့သည် သိနားလည်မှုအချို့ ရရှိပြီး မှန်ကန်သောလမ်းကြောင်းကို စတင်လျှောက်လှမ်းကြလေသည်။

ခရစ်တော်၏ အနှစ်သာရမှာ အဘယ်နည်း။ လူသားများအတွက် ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာ ဖြစ်၏။ သူ့နောက်လိုက်သောသူတို့အတွက် အကန့်အသတ်မဲ့သည်မှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သူသည် ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားကရုဏာ မရှိပါက လူတို့သည် ယခုအချိန်ထိ သူ့နောက်လိုက်နိုင်မည် မဟုတ်ချေ။ လူအချို့က “သို့သော် ဘုရားသခင်သည် ဖြောင့်လည်း ဖြောင့်မတ်သည်”ဟု ဆိုကြသည်။ ဘုရားသခင် ဖြောင့်မတ်သည်မှာ မှန်ကန်သော်လည်း သူ၏ စိတ်သဘောထားအရ သူ၏ ဖြောင့်မတ်ခြင်းကို အဓိကအားဖြင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအပေါ် သူ၏ မုန်းတီးမှု၊ စာတန်နတ်ဆိုးအပေါ် သူ၏ ကျိန်ဆဲခြင်းနှင့် မည်သူ့ကိုမျှ သူ၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားခွင့် မပေးခြင်းတို့မှတစ်ဆင့် ဖော်ပြထားပေသည်။ သို့ဆိုလျှင် သူ၏ ဖြောင့်မတ်ခြင်းတွင် ချစ်ခြင်းမေတ္တာ ပါရှိသလော။ ကောင်းပေပြီ၊ လူတို့၏ ဖောက်ပြန်ပျက်စီးခြင်းကို သူ၏ တရားစီရင်ခြင်းနှင့် သန့်စင်စေခြင်းတို့သည် ချစ်ခြင်းမေတ္တာ မဟုတ်ပေသလော။ လူသားမျိုးနွယ်ကို ကယ်တင်ရန်၊ ဘုရားသခင်သည် အဆုံးစွန်သော သည်းခံခြင်းဖြင့် အလွန့်အလွန် ကြီးမားသော အရှက်ရခြင်းကို သည်းညည်းခံပြီးဖြစ်သည်။ ဤသည်မှာ ချစ်ခြင်းမေတ္တာ မဟုတ်လော။ ထို့ကြောင့် ငါသည် သင်တို့ကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်။ လူ့ဇာတိ၌ရှိစဉ် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြုသည့်အမှုတွင် သူ၏ အနှစ်သာရ၌ အသိသာဆုံးနှင့် အထင်ရှားဆုံးသောအရာမှာ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ယင်းသည် အဆုံးမဲ့ သည်းခံခြင်း ဖြစ်၏။ ထိုအရာက ချစ်ခြင်းမေတ္တာ မဟုတ်သလို သင်တို့ စိတ်ကူးသကဲ့သို့ သူသတ်ဖြတ်လိုသည့်အခါတိုင်း လူတို့ကို သတ်ဖြတ်ခြင်း၊ သို့မဟုတ် သူ မုန်းသည့်သူ မည်သူမဆိုကို အပြစ်ပေး၊ ကျိန်ဆဲ၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမခြင်း ဖြစ်ပါက ယင်းမှာ အလွန်ပြင်းထန်ပေမည်။ တစ်စုံတစ်ဦးကို သူ ဒေါသထွက်လာပါက ကြောက်စိတ်ဖြင့် ၎င်းတို့ တုန်လှုပ်ကြမည်ဖြစ်ပြီး သူ့ရှေ့တွင် ရပ်တည်နိုင်ကြမည် မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား ဖော်ပြသည့် နည်းလမ်းတစ်ခုသာ ဖြစ်သည်။ အဆုံးတွင် သူ၏ ရည်မှန်းချက်မှာ ကယ်တင်ခြင်း ဖြစ်ဆဲဖြစ်ကာ သူ၏ ချစ်ခြင်းမေတ္တာသည် သူ ထုတ်ဖော်ပြသည့် စိတ်သဘောထားအားလုံးကို စိမ့်ဝင်ပျံ့နှံ့နေ၏။ ယခု ပြန်တွေးကြည့်လော့၊ လူ့ဇာတိဖြင့် သူ၏ အမှုတော်အတောအတွင်းတွင် ဘုရားသခင် အထုတ်ဖော်ဆုံးသော အရာမှာ မည်သည့်အရာနည်း။ ချစ်ခြင်းမေတ္တာဖြစ်၏၊ စိတ်ရှည်သည်းခံခြင်း ဖြစ်၏။ စိတ်ရှည်သည်းခံခြင်းဆိုသည်မှာ အဘယ်နည်း။ စိတ်ရှည်သည်းခံခြင်းထဲတွင် ချစ်ခြင်းမေတ္တာ ရှိသောကြောင့် ယင်းသည် သနားကရုဏာရှိခြင်း ဖြစ်သည်။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ရှိသောကြောင့် လူတို့အပေါ် သနားကရုဏာ ထားရှိနိုင်ပြီး ယင်းမှာ လူတို့ကို ကယ်တင်ရန်အတွက်သာ ဖြစ်သည်။ ယင်းမှာ အချင်းချင်းချစ်ကြသည့် အိမ်ထောင်သည်စုံတွဲတစ်တွဲက အချင်းချင်း၏ အားနည်းချက်များနှင့် အပြစ်များကို လျစ်လျူရှုကြခြင်းနှင့်တူသည်။ ၎င်းတို့က သင့်ကို ဒေါသထွက်စေသည့်အခါ သင် သည်းညည်းခံနိုင်ပြီး ဤအရာအားလုံးသည် ချစ်ခြင်းမေတ္တာ အခြေခံအုတ်မြစ်ပေါ် တည်ဆောက်ထားပေသည်။ ယင်းမှာ အမုန်းတရားဖြစ်ပါက ၎င်းတို့သည် ဤသဘောထားရှိကြမည် မဟုတ်၊ သို့မဟုတ် ဤအရာများကို ထုတ်ဖော်ပြကြမည်မဟုတ်သကဲ့သို့ ဤအကျိုးတရားမျိုး ရှိမည် မဟုတ်ပေ။ ဘုရားသခင်သည် အမုန်းတရားနှင့် ဒေါသသာ ရှိခဲ့ပါက၊ သို့မဟုတ် ချစ်ခြင်းမေတ္တာမရှိဘဲ တရားစီရင်ကာ ပြစ်တင်ဆုံးမခြင်းသာ ပြုပါက ယင်းမှာ သင်တို့ ယခုမြင်သည့် အခြေအနေ ဖြစ်မည်မဟုတ်သကဲ့သို့ သင်တို့ တစ်ပြုံလုံး ဒုက္ခရောက်ကြမည် ဖြစ်သည်။ ဘုရားသခင်သည် သင်တို့ကို သမ္မာတရား ပေးနိုင်ဦးမည်လော။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှု ပြီးစီးသည်နှင့် သမ္မာတရားကို စိုးစဉ်းမျှ လက်မခံခဲ့သော လူတို့သည် ကျိန်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့ ချက်ချင်း မသေဆုံးလျှင်ပင် နာမကျန်းဖြစ်လာကြမည်၊ အားနည်းယုတ်လျော့လာမည်၊ ရူးသွပ်လာမည်၊ မျက်ကန်းဖြစ်ပြီး၊ နတ်ဆိုးများနှင့် ညစ်ညူးသော မကောင်းဆိုးဝါးများ၏ အကြိမ်ကြိမ် နင်းချေခြင်းခံရရန် ပေးအပ်ခြင်းခံရမည်ဖြစ်သည်။ ၎င်းတို့သည် ယခုကဲ့သို့ ဖြစ်ကြမည်မဟုတ်။ သို့ဆိုလျှင် သင်တို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာများစွာ၊ သူ၏ သည်းခံခြင်း၊ သနားကရုဏာနှင့် ချစ်ခင်ကြင်နာခြင်းများစွာတို့ကို မွေ့လျော်ခံစားကြရပြီး ဖြစ်သည်။ သို့ရာတွင် လူတို့သည် “ဤသည်မှာ လူတို့အတွက် ဘုရားသခင် ဖြစ်သင့်သည့် ပုံစံဖြစ်သည်။ ဘုရားသခင်တွင် ဖြောင့်မတ်ခြင်းနှင့် အမျက်ဒေါသလည်းရှိပြီး ဤအရာများထဲမှ မည်သည့်အရာကိုမျှ ကျွန်ုပ်တို့ လျှော့၍ မတွေ့ကြုံရလေပြီ”ဟု ယုံကြည်လျက် ဤအရာကို မည်သို့မျှ မစဉ်းစားကြချေ။ ယင်းတို့ကို သင် အမှန်တကယ် တွေ့ကြုံပြီးဖြစ်သလော။ တွေ့ကြုံခဲ့ပြီးဖြစ်ပါက သင်သေပြီးသားဖြစ်ပေမည်။ ယနေ့တွင် လူသားမျိုးနွယ်သည် မည်သည့်နေရာတွင် ရှိမည်နည်း။ ဤလူများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းလိုသည့် အခြေခံအုတ်မြစ်တစ်ခုမှ ဘုရားသခင်၏ အမုန်းတရား၊ အမျက်ဒေါသနှင့် ဖြောင့်မတ်ခြင်း အားလုံးကို ဖော်ပြထားပေသည်။ ဤစိတ်သဘောထားသည်လည်း ဘုရားသခင်၏ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာအပြင် သူ၏ ကြီးမားသော စိတ်ရှည်သည်းခံခြင်း ပါဝင်၏။ ဤအမုန်းတရားက အခြားရွေးချယ်စရာမရှိသည့် အဓိပ္ပာယ်တစ်ခုကို သယ်ဆောင်ပြီး လူသားမျိုးနွယ်အတွက် အကန့်အသတ်မဲ့ ပူပန်မှုနှင့် မျှော်လင့်ခြင်းတို့ ပါဝင်သည်။ ဘုရားသခင်၏ အမုန်းတရားသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း၊ လူတို့၏ ပုန်ကန်မှုနှင့် အပြစ်တို့ကို ရည်ရွယ်သည်။ ယင်းသည် တစ်ဖက်သတ်ဖြစ်ပြီး ချစ်ခြင်းမေတ္တာ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထား၏။ ချစ်ခြင်းမေတ္တာရှိသောကြောင့်သာ အမုန်းတရားရှိပေသည်။ ဘုရားသခင်သည် လူတို့ကို ကယ်တင်သော်လည်း စာတန်ကို မကယ်တင်သောကြောင့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ အမုန်းတရားသည် စာတန်အတွက်ဖြစ်သော သူ၏ အမုန်းတရားနှင့် ကွာခြား၏။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အမြဲရှိနေခဲ့၏။ အမျက်ဒေါသ၊ ဖြောင့်မတ်ခြင်းနှင့် တရားစီရင်ခြင်းတို့သည် အမြဲ ရှိနေခဲ့၏။ သူသည် လူသားမျိုးနွယ်အား ရည်ရွယ်သည့်အခါတွင်သာ ထိုအရာများမရှိပေ။ ဤသည်မှာ လူသားများက မြင်ပင်မမြင်မီ ရှိခဲ့သော ဘုရားသခင်၏ စိတ်သဘောထားဖြစ်ပြီး ၎င်းတို့သည် ထိုစိတ်သဘောထားအကြောင်းကို သိရှိပြီးသည့်နောက်တွင်သာ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းက ဤသို့ဖြစ်ကြောင်း သိခဲ့ကြပေသည်။ အမှန်တွင် ဘုရားသခင်အတွက် ဖြောင့်မတ်ရမည့် အချိန်ဖြစ်သည်ဖြစ်စေ၊ ဘုန်းအာနုဘော်တော်ရှိရမည့် အချိန်ဖြစ်သည်ဖြစ်စေ၊ အမျက်ဒေါသနှင့် ပြည့်ရမည့် အချိန်ဖြစ်သည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် အမှုမျိုးစုံကို သူလုပ်ဆောင်ရမည့် အချိန်ဖြစ်သည်ဖြစ်စေ အားလုံးမှာ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်သည်။ လူအချို့က “သို့ဆိုလျှင် ယင်း၏ မည်မျှသည် ချစ်ခြင်းမေတ္တာ ဖြစ်ပါသနည်း”ဟု ဆိုတတ်သည်။ ယင်းမှာ မည်မျှဆိုသည်နှင့် မဆိုင်ပေ။ အမှန်တွင် ထိုအရာ၏ တစ်ရာရာခိုင်နှုန်းသည် ချစ်ခြင်းမေတ္တာဖြစ်၏။ တစ်ခုတလေ လျော့နည်းပါက လူသားမျိုးနွယ် ကယ်တင်ခံရမည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ချစ်ခြင်းမေတ္တာ ရှိသမျှကို လူသားမျိုးနွယ်အဖို့ ရည်စူးထားပြီး ဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူ့ဇာတိခံယူသနည်း။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကယ်တင်ရန် အစွမ်းကုန် အားထုတ်ကြိုးစားသကဲ့သို့ သူ၏ လူ့ဇာတိခံခြင်းတွင် သူ၏ ချစ်ခြင်းမေတ္တာအားလုံး ပါဝင်ကြောင်း ယခင်က ပြောထားပြီး ဖြစ်သည်။ ဤအရာက ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ မနာခံမှုသည် တစ်ဖက်စွန်းရောက်ကြောင်းကိုသာ သင့်အား ပြပေသည်။ ယင်းမှာ အဘယ့်ကြောင့်ဆိုသော် အမှုအရာများမှာ အဖတ်ဆယ်၍ မရနိုင်အောင် ဖြစ်ပြီးသား ဖြစ်သဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ထံ မိမိကိုယ်ကို ပေးအပ်ရန်အလို့ငှာ လူ့ဇာတိခံယူရန်မှလွဲ၍ ရွေးချယ်စရာမရှိခဲ့သောကြောင့် ဖြစ်သည်။ သူသည် သူ၏ ချစ်ခြင်းမေတ္တာအားလုံးကို ပေးလိုက်ပြီး ဖြစ်သည်။ လူသားမျိုးနွယ်ကို သူ မချစ်ပါက လူ့ဇာတိခံယူခဲ့မည် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ ဘုန်းအာနုဘော်တော်နှင့် အမျက်ဒေါသကို တိုက်ရိုက် ထုတ်လွှတ်လျက် ကောင်းကင်မှ မိုးကြိုးပစ်လိုက်နိုင်ပြီး လူသားများသည် မြေပေါ်လဲကျသွားကြပေမည်။ ဘုရားသခင်အတွက် ဒုက္ခခံရန်၊ အဖိုးအခပေးရန်၊ သို့မဟုတ် လူ့ဇာတိဖြင့် ထိုသို့သော အရှက်ရခြင်းကို ခံစားရန် လိုအပ်ခဲ့မည်မဟုတ်ပေ။ ဤသည်မှာ သိသာသည့် ဥပမာတစ်ခု ဖြစ်သည်။ သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် နာကျင်ခြင်း၊ အရှက်ရခြင်း၊ စွန့်ပစ်ခံရခြင်းနှင့် နှိပ်စက်ညှဉ်းပန်းခြင်းတို့ကိုသာ ခံစားချင်ခဲ့သည်။ ထိုသို့သော ရန်လိုသည့် ပတ်ဝန်းကျင်တွင်ပင် သူသည် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကြွလာဆဲဖြစ်သည်။ ဤသည်မှာ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာ မဟုတ်လော။ ဘုရားသခင်သည် ဖြောင့်မတ်ရုံသာ ဖြောင့်မတ်ပြီး လူသားမျိုးနွယ်အတွက် အကန့်အသတ်မဲ့ အမုန်းတရားဖြင့် ပြည့်ခဲ့မည်ဆိုပါက သူ၏ အမှုတော်ကို လုပ်ဆောင်ရန် သူသည် လူ့ဇာတိခံလာပြီး ဖြစ်မည်မဟုတ်။ လူသားမျိုးနွယ်အနေဖြင့် အဆုံးစွန်ထိ ဖောက်ပြန်ပျက်စီးလာပြီး ဖြစ်သည်အထိ သူစောင့်ဆိုင်းနိုင်ခဲ့မည်ဖြစ်ပြီး ထို့နောက်တွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ်ချေမှုန်းကာ အပြီးသတ်ခဲ့ပေမည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးသည့် ဤလူသားများကို ကယ်တင်ရန် သူ လူ့ဇာတိခံယူခဲ့သည်မှာ လူသားမျိုးနွယ်ကို သူ ချစ်သောကြောင့် ဖြစ်ပြီး လူသားမျိုးနွယ်အတွက် အဆုံးစွန်သော ချစ်ခြင်းမေတ္တာ ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကြုံတွေ့ဖြတ်သန်းကာ မိမိတို့၏ သဘောသဘာဝများကို သင်ယူပြီးနောက်တွင် လူများစွာတို့က “ကျွန်ုပ်အတွက် ဇာတ်သိမ်းသွားလေပြီ။ ကျွန်ုပ် မည်သည့်အခါတွင်မျှ ကယ်တင်မခံရနိုင်ပါ”ဟု ပြောကြသည်။ သင် ကယ်တင်မခံရနိုင်သည်ကို သင်ယုံကြည်သည့်အခါတွင်သာ ဘုရားသခင်သည် လူတို့အတွက် အမှန်တကယ်ကို အဆုံးစွန်သော စိတ်ရှည်သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာရှိသည်ကို သိလာပေသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမရှိဘဲနှင့် လူတို့သည် မည်သည့်အရာကို လုပ်ဆောင်နိုင်မည်နည်း။ လူသား သဘောသဘာဝသည် အလွန် ဖောက်ပြန်ပျက်စီးလာပြီး ဖြစ်သော်လည်း ဘုရားသခင်သည် သင်တို့ကို စကားပြောနေဆဲ ဖြစ်သည်။ သင်တို့ မေးခွန်းတစ်ခု မေးသည့်အခါတိုင်းတွင် လူတို့ နားမလည်နိုင်မည်၊ သို့မဟုတ် လမ်းလွဲသွားမည်၊ သို့မဟုတ် အစွမ်းရောက်သွားမည်ကို စိုးရွံ့လျက် သူသည် အပူတပြင်း ဖြေကြား၏။ ဤအရာအားလုံးဖြင့် သင်တို့သည် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ မေတ္တာ မည်မျှ ကြီးမားသည်ကို သင်တို့ နားမလည်ကြသေးသလော။

ယနေ့တွင် လူများစွာတို့က “ယခုအခါတွင် လူ့ဇာတိခံ ဘုရားသခင်၏ အမှုတော် ပြီးစီးပြီဖြစ်သည့်အတွက် သူသည် အဘယ်ကြောင့် ကမ္ဘာမြေပေါ်၌ တစ်ရစ်ဝဲဝဲရှိနေသေးသနည်း။ အမှုတော်၏ အခြားအဆင့် ရှိနေနိုင်ဦးမည်လော။ အဘယ်ကြောင့် အမှုတော်၏ နောက်တစ်ဆင့်ကို အမြန် မလုပ်ဆောင်ရသနည်း”ဟု ထင်မြင်ချက်ပေးနေကြသည်။ ဤတွင် အဓိပ္ပာယ်ရှိသည်မှာ အမှန်ဖြစ်၏။ လူ့ဇာတိခံ ဘုရားသခင်က နှုတ်ကပတ်တော်များစွာ ပြောဆိုပြီးနောက်တွင် လူတို့၌ မည်သည့်အကျိုးတရားကို ရရှိပြီးပြီနည်း။ လူတို့သည် များစွာမသိမှတ်ဘဲ ကြားရုံကြားကာ သတိရကြသကဲ့သို့ ၎င်းတို့တွင် သိသာသည့် အပြောင်းအလဲ မရှိချေ။ ယခု သင်တို့ရှိကြသည့် အခြေအနေတွင် သမ္မာတရားများစွာက မှေးမှိန်နေဆဲဖြစ်ပြီး ထိုသမ္မာတရား၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခြင်းမှာ တကယ်ကို စဉ်းစားစရာမလိုပေ။ ဘုရားသခင် လူ့ဇာတိခံယူကာ နှုတ်ကပတ်တော်များစွာ ပြောဆိုရာတွင် သူ၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်ဟု သင်တို့ ထင်သနည်း။ နောက်ဆုံး အကျိုးတရားမှာ အဘယ်နည်း။ သူသည် ယခုအခါတွင် အမှုတော်၏ နောက်တစ်ဆင့်အား စတင်ပြီး ဤလူများကို လမ်းပြကြီးကြပ်မှု မရှိဘဲ လွှတ်ပေးထားမည်ဆိုပါက၊ အမှုတော်သည် တစ်ဝက်တစ်ပျက် စွန့်ပစ်ခံရမည် ဖြစ်သည်။ လူတို့ကို အပြည့်အဝ ကယ်တင်ရန် လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်သည် အဆင့်နှစ်ဆင့်လုံးတွင် ပြီးစီးရမည်ဖြစ်သည်။ ကျေးဇူးတော်ခေတ်တွင် သခင်ယေရှု ကြွလာခဲ့ချိန် သူ၏ မွေးဖွားခြင်းမှသည် ကားတိုင်တွင် သံမှိုရိုက်နှက်ခံရပြီး ကောင်းကင်သို့ တက်ကြွသွားသည်အထိ သုံးဆယ့်သုံးနှစ်ခွဲ ကြာခဲ့သကဲ့သို့သာ ဖြစ်သည်။ ပုံမှန် လူသား သက်တမ်းအရ ဤသည်မှာ ရှည်ကြာသော အချိန်ကာလတစ်ခု မဟုတ်ဘဲ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏ အချိန်ကာလအတွက် တိုတောင်းသော အချိန်တစ်ခုလည်း မဟုတ်ပေ။ သုံးဆယ့်သုံးနှစ်ခွဲသည် အတော်ကို ဒုက္ခကြီးပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားရှိခဲ့ပြီး ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ သုံးဆယ့်သုံးနှစ်ခွဲကြာ နေထိုင်အသက်ရှင်ခဲ့ကာ ယင်းမှာ စိတ်မချမ်းမြေ့စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ လူတို့က သူ့ကို ကောင်းစွာ ဆက်ဆံခဲ့သည်ဖြစ်စေ၊ မဆက်ဆံခဲ့သည်ဖြစ်စေ၊ သူ၏ ခေါင်းချစရာနေရာ ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ၊ ဤအရာအားလုံးကို ထည့်မတွက်ဘဲ ချန်ထားလျက် သူ၏ ခန္ဓာသည် ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲဒုက္ခကို များစွာ သည်းညည်းမခံခဲ့ရလျှင်ပင် ၎င်းတို့သည် မျိုးမတူသောကြောင့် လူသားများနှင့်အတူ နေထိုင်အသက်ရှင်ခြင်းသည် ဘုရားသခင်အတွက် စိတ်မချမ်းမြေ့စရာ ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ဥပမာအားဖြင့် လူတို့သည် ဝက်များနှင့် တစ်နေ့လုံး အတူနေရပါက လူနှင့်ဝက်တို့သည် မျိုးမတူသောကြောင့် အတန်ငယ်ကြာနေပြီးနောက်တွင် အလွန် သည်းခံရခက်စရာ ဖြစ်လာပေမည်။ လူသားများသည် ဝက်များနှင့် မည်သည့် ဘုံဘာသာစကား ရှိနိုင်မည်နည်း။ ဆင်းရဲဒုက္ခမရှိဘဲနှင့် ၎င်းတို့ အတူတကွ မည်သို့ အသက်ရှင်နိုင်ကြမည်နည်း။ လင်နှင့် မယားပင်လျှင် တစ်ဦးနှင့်တစ်ဦး လုံးဝ စိတ်သဘောညီညွတ်ခြင်း မရှိပါက အတူတကွ နေထိုင်ရန်မှာ စက်ဆုပ်စရာဖြစ်သည်ကို တွေ့ရကြ၏။ ကမ္ဘာမြေပေါ်တွင် လူ့ဇာတိဖြင့် ဘုရားသခင်၏ သုံးဆယ့်သုံးနှစ်ခွဲကာလသည် ယင်းကိုယ်၌က အလွန့်အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်ခဲ့ပြီး သူ့ကို မည်သူကမျှ နားမလည်နိုင်ခဲ့ပေ။ လူတို့က “လူ့ဇာတိခံ ဘုရားသခင်သည် သူအလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်ကာ ပြောဆိုနိုင်ခဲ့ပြီး သူ့နောက်လိုက်သောလူများစွာ ရှိခဲ့သည်။ သူ့ထံတွင် မည်သည့် ဆင်းရဲဒုက္ခရှိခဲ့ပါသနည်း။ သူသည် မိမိ၏ ခေါင်းချစရာနေရာမရှိရုံသာ ဖြစ်ခဲ့ပြီး သူ၏ ဇာတိခန္ဓာက နာကျင်မှုနှင့် ဆင်းရဲဒုက္ခ အနည်းငယ်ကို သည်းညည်းခံခဲ့ရရုံသာ ရှိခဲ့သည်။ ယင်းမှာ အလွန် စိတ်မချမ်းမြေ့စရာ ဖြစ်ပုံမရပါ”ဟုပင် တွေးထင်ကြသည်။ ဤဝေဒနာများမှာ လူသားများ ခံနိုင်ပြီး သည်းညည်းခံနိုင်သည့်အရာတစ်ခုဖြစ်သည်မှာ အမှန်ဖြစ်ကာ လူ့ဇာတိခံ ဘုရားသခင်မှာလည်း ခြွင်းချက်မဟုတ်ပေ။ သူသည်လည်း ထိုအရာကို သည်းညည်းခံနိုင်ခဲ့ပြီး ထိုအရာမှာ သူ့အတွက် ကြီးမားသည့် ဆင်းရဲဒုက္ခမဟုတ်ခဲ့ပေ။ သူသည်းညည်းခံခဲ့သည့် ဆင်းရဲဒုက္ခအများစုမှာ အဆုံးစွန်ထိ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်နှင့်အတူ အသက်ရှင်ခြင်း၊ လူမျိုးစုံထံမှ လှောင်ပြောင်မှု၊ စော်ကားမှု၊ ဝေဖန်မှုနှင့် ရှုတ်ချမှုတို့ကို သည်းညည်းခံရခြင်းအပြင် မကောင်းဆိုးဝါးများ၏ လိုက်လံဖမ်းဆီးခြင်းနှင့် စိတ်ဝိညာဉ်တွင် မည်သူမျှ ပြင်မရနိုင်သည့် ဒဏ်ရာများ ဖြစ်စေသည့် ဘာသာရေးလောက၏ ငြင်းပယ်မှုနှင့် ရန်လိုမှုတို့ ဖြစ်ခဲ့သည်။ ယင်းမှာ နာကျင်စရာကိစ္စတစ်ခု ဖြစ်ခဲ့သည်။ သူသည် အလွန်ကြီးမားသော စိတ်ရှည်သည်းခံခြင်းဖြင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သည်။ သူ၏ ဒဏ်ရာများ ရှိလင့်ကစား လူတို့ကို ချစ်ခဲ့ပြီး ဤသည်မှာ အလွန်အမင်း နာကျင်ဖွယ်ရာ အမှုဖြစ်သည်။ လူသားမျိုးနွယ်၏ ရက်စက်သော အတိုက်အခံလုပ်ခြင်း၊ ရှုတ်ချခြင်းနှင့် အသရေဖျက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲခြင်းများ၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ၎င်းတို့၏ လိုက်လံဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းတို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိသည် ဤအမှုကို မိမိအတွက် အန္တရာယ်များစွာ စွန့်စားရခြင်းဖြင့် လုပ်ဆောင်ခဲ့ရသည်။ ဤဝေဒနာများကို သူခံစားရသည်နှင့်အမျှ အဘယ်သူသည် သူ့ကို နားလည်နိုင်ခဲ့ပြီး အဘယ်သူသည် သူ့ကို နှစ်သိမ့်ပေးနိုင်ခဲ့ပါသနည်း။ လူသားများသည် စိတ်အားထက်သန်မှု အနည်းငယ်သာ ရှိကြပြီး ၎င်းတို့သည် သူ့အား စောဒကတက်ဆဲ၊ သို့မဟုတ် မလှုပ်မယက်နှင့် ဂရုမစိုက်ဟန်ဖြင့် ဆက်ဆံကြဆဲ ဖြစ်ကောင်းဖြစ်ပေမည်။ ဤအရာကြောင့် သူသည် အဘယ်သို့ ဒုက္ခမခံစားရဘဲ နေနိုင်မည်နည်း။ သူ၏ စိတ်နှလုံးတွင် အင်မတန် ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရသည်။ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ စည်းစိမ် အနည်းငယ်သည် ဘုရားသခင်အား လူသားမျိုးနွယ် ဖြစ်စေခဲ့သည့် ထိခိုက်နစ်နာမှုကို အလျော်ပေးနိုင်မည်လော။ ကောင်းစွာ ဝတ်စားဆင်ယင်ခြင်းသည် ပျော်ရွှင်မှုဖြစ်သည်ဟု သင်တို့ ထင်သလော။ ဤအမြင်သည် ရယ်ဖွယ်ရာဖြစ်၏။ သခင်ယေရှုသည် ကမ္ဘာမြေပေါ်တွင် သုံးဆယ့်သုံးနှစ်ခွဲကြာ သူ၏ အမှုကို ပြုကာ အသက်ရှင်ပြီး ကားစင်တင်သတ်ခံရကာ သေရာမှ ရှင်ပြန်ထမြောက်၍ ထို့နောက်တွင် ရက်လေးဆယ်ကြာ လူသားများအလယ် ပေါ်ထွန်းကာ လူသားမျိုးနွယ်ကြား အသက်ရှင်သည့် သူ၏ နာကျင်ဖွယ်ရာ နှစ်ကာလများကို အဆုံးသတ်ပြီးနောက်တွင်မှသာ လွတ်မြောက်သွားခဲ့သည်။ သို့ရာတွင် ဘုရားသခင်၏ စိတ်နှလုံးသည် လူတို့၏ ခရီးပန်းတိုင်အတွက် ပူပန်မှုကြောင့် အလားတူ နာကျင်မှုတွင် အမြဲ ရှိနေဆဲ ဖြစ်ခဲ့သည်။ ဤနာကျင်မှုကို မည်သူကမျှ နားမလည်နိုင်၊ သို့မဟုတ် သည်းညည်းခံနိုင်မည် မဟုတ်။ လူသားမျိုးနွယ်သည် ကယ်တင်ခြင်းအတွက် အခြေခံအုတ်မြစ် ရှိရန်အလို့ငှာ သခင်ယေရှုသည် လူအားလုံး၏ အပြစ်များကို သယ်ဆောင်ဖို့ ကားစင်တင်သတ်ခံခဲ့ရသည်။ သူ၏ ကားစင်တင်အသတ်ခံရခြင်းအားဖြင့် လူသားမျိုးနွယ်အား စာတန်၏ လက်မှ သူ ရွေးနုတ်ခဲ့ပြီး သူ၏ ရွေးနုတ်ခြင်းအမှုတစ်ခုလုံးကို အပြီးသတ်ပြီးသည့်နောက်တွင်သာ ဤလောကထဲရှိ သူ၏ နာကျင်ဖွယ်ရာ တည်ရှိခြင်းကို သူ အဆုံးသတ်ခဲ့သည်။ သူ၏ အမှုအားလုံး အပြီးသတ်သည်နှင့်တစ်ပြိုင်နက် တစ်ရက်ပင် သူအချိန်မဆွဲခဲ့ပေ။ ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ရွေးနုတ်ခြင်းအမှုကို ဧကန်အမှန် ပြီးမြောက်ပြီး လူ့ဇာတိ၌ သူ၏ အစီအစဉ် ပြည့်စုံစေခဲ့ပြီးဖြစ်သည်ကို လူတိုင်း သိကြရန်အလို့ငှာသာ လူတို့ထံ သူ ပေါ်ထွန်းခဲ့သည်။ အမှုတော်၏ တစ်ခုတလေ မပြီးစီးခဲ့ပါက သူစွန့်ခွာခဲ့မည်မဟုတ်။ ကျေးဇူးတော်ခေတ်တွင် ယေရှုက “ငါ၏ အချိန်သည် မရောက်သေး”ဟု မကြာခဏ ပြောခဲ့သည်။ သူ၏ အချိန် မရောက်ရှိသေးသည်မှာ သူ၏ အမှုတော်သည် ပြီးစီးရန် သတ်မှတ်ထားသော နောက်ဆုံးအချိန် မရောက်သည်ကို ဆိုလိုပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်သည် လူတို့ စိတ်ကူးသကဲ့သို့ တစ်နေရာမှ တစ်နေရာသို့ သွားကာ လျှောက်လမ်းခြင်း၊ စကားပြောခြင်း၊ အသင်းတော်အသက်တာကို ဆန်းစစ်ခြင်းနှင့် ပြောရန်လိုအပ်သမျှကို ပြောဆိုခြင်းမျှသာ မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ၏ အမှုတော်ကို အပြီးသတ်ကာ ဤအရာအားလုံးကို ပြောဆိုပြီးနောက်တွင် နောက်ဆုံးရလဒ်များနှင့် သူ ပြောခဲ့သည့်အရာက မည်သည့်အကျိုးတရားများ စွမ်းဆောင်ရရှိလိမ့်မည်ဆိုသည်ကို သူ စောင့်ဆိုင်းရဦးမည်ဖြစ်ပြီး လူသားမျိုးနွယ်၏ ကယ်တင်ခြင်းက မည်သည့်အရာနှင့် တူမည်ဆိုသည်ကို ကြည့်ရဦးမည် ဖြစ်သည်။ ဤသည်မှာ သဘာဝကျသည် မဟုတ်လော။ သူ၏ အပင်ပန်းခံသော အဖိုးအခအားလုံးကို ပေးပြီးနောက်တွင် ဤအမှုတော်ကို သူသည် စွန့်ပစ်ရုံ စွန့်ပစ်မည်လော။ သူသည် အဆုံးထိတိုင် မဆုတ်မနစ် ကြိုးပမ်းရမည်ဖြစ်ပြီး ရလဒ်များရှိသည့်အခါတွင်သာ အမှုတော်၏ နောက်တစ်ဆင့်သို့ ရှေ့ဆက်ရန် သူစိတ်အေးလက်အေးဖြစ်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်နှင့် သူ၏ စီမံခန့်ခွဲမှု အစီအစဉ်တို့သည် အထူးသဖြင့် သူကိုယ်တိုင်သာ လုပ်ဆောင်နိုင်သည့် အရာများ ဖြစ်သည်။ လူသားမျိုးနွယ်နှင့် သူ့နောက်လိုက်သောသူများ နောက်ဆုံးတွင် ဖြစ်လာသည့်အရာ၊ ကယ်တင်ခံရသည့်သူများ နောက်ဆုံးတွင် ဖြစ်လာသည့်အရာ၊ လူမည်မျှက သူ၏ အလိုတော်နှင့် ကိုက်ညီသည်၊ လူမည်မျှက သူ့ကို စစ်မှန်စွာ ချစ်သည်၊ လူမည်မျှက သူ့ကို အမှန်တကယ် သိရှိသည်၊ လူမည်မျှက မိမိတို့ကိုယ်ကို သူ့ထံ ဆက်ကပ်အပ်နှံသည်ဆိုသည်နှင့် လူမည်မျှက သူ့ကို အမှန်တကယ် ကိုးကွယ်ကြသည်ဟူသည့်...ဤမေးခွန်းအားလုံးသည် ရလဒ်တစ်ခု ရှိရပေမည်။ ယင်းမှာ လူတို့ စိတ်ကူးသကဲ့သို့ “ကမ္ဘာမြေပေါ်ရှိ ဘုရားသခင်၏ အမှုတော် ပြီးစီးသည်နှင့် တစ်ပြိုင်နက် သူသည် စိတ်ချမ်းသာလောက်သည်။ သူသည် များစွာ ပျော်နိုင်မည် ဖြစ်သည်”ဟူ၍ မဟုတ်ပေ။ ဤအရာကို သိလော့။ လုံးဝ ပျော်စရာမဟုတ်၊ ဒုက္ခကြီးလှပေသည်။ လူအချို့သည် နားမလည်ကြသကဲ့သို့ “ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏ အမှုတော်ကို လုပ်ဆောင်ပြီးဖြစ်ကာ နောက်ထပ် စကားမပြောတော့ပါက ယင်းမှာ သူ၏ ဝိညာဉ်တော် မရှိတော့ဟု ဆိုလိုသလော”ဟု တွေးတတ်ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို စတင်၍ သံသယဝင်လာကြသည်။ “ဘုရားသခင်သည် လူ့ဇာတိ၌ သူ၏ အမှုတော်ကို ပြီးစီးကာ စကားပြောဆိုခြင်း ပြီးသည့်နောက်တွင် သူသည် သေချာပေါက် စောင့်ဆိုင်းဖို့ လိုအပ်ပါသလား” ဟုလည်း ပြောသောသူအချို့ ရှိသည်။ လိုအပ်၏။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်သည် အတိုင်းအတာတစ်ခု ရှိ၏။ အမှုတော် အပြီးသတ်သည်နှင့် ထိုအတိုင်းအတာက ပြီးသွားကာ သန့်ရှင်းသော ဝိညာဉ်တော်က ယင်းကို ယတိပြတ် လုပ်နိုင်သည်ဟူ၍ လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ ယင်းမှာ ထိုသို့မဟုတ်ပေ။ လူ့ဇာတိက ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်လမ်းပြကာ ကိုင်တွယ်ရန် လိုအပ်သည့် အရာအချို့ရှိ၏။ ဤအရာများကို မည်သူမျှ လွှဲယူ၍ မရသကဲ့သို့ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော် အရေးပါရသည့် အကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ ဤသည်ကို သင် နားလည်ပါ၏လော။ ယခင်က လူအချို့ကို ငါက “သင်တို့နှင့်အတူ နေရခြင်းသည် စိတ်ဆင်းရဲစရာဖြစ်သည်”ဟု ဒေါသတကြီး ပြောဖူးသည်။ လူအချို့က “သင်သည် ကျွန်ုပ်တို့နှင့်အတူ မရှိချင်ပါက အဘယ်ကြောင့် ဤနေရာတွင် စောင့်ဆိုင်းနေသနည်း”ဟူ၍ ဖြေကြမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ချစ်ခြင်းမေတ္တာ မရှိဘဲနှင့် သူသည် ယခုအချိန်ထိတိုင် သည်းညည်းခံနိုင်မည်လော။ တစ်ခါတစ်ရံ သူသည် ဒေါသထွက်ကာ ကြမ်းတမ်းစွာ စကားပြောသော်လည်း သူ၏ အမှုတွင် သူသည် တစ်စက်မျှ လျှော့မလုပ်ပေ။ အဆင့်တစ်ခုကိုပင် သူမလွဲချော်ခဲ့ပေ။ လုပ်ဆောင်သင့်သည့် အမှုကို သူ မပြုဘဲနေလိမ့်မည် မဟုတ်သကဲ့သို့ ပြောသင့်သည့် စကားများကို မပြောဘဲ နေလိမ့်မည်မဟုတ်။ လုပ်ဆောင်သင့်ပြီး ပြောဆိုသင့်သည့်အရာအားလုံးကို သူ လုပ်ဆောင်ကာ ပြောဆို၏။ လူအချို့က “ယခင်ကထက် ဘုရားသခင်သည် ယခုအချိန်တွင် အဘယ်ကြောင့် စကားလျှော့ပြောရသနည်း”ဟု ပြောကြသည်။ အဘယ်ကြောင့်ဆိုသော် အမှုတော်၏ ထိုအဆင့်များသည် ပြီးစီးပြီးဖြစ်ကာ နောက်ဆုံးအဆင့်က စောင့်ဆိုင်းရန်သာ ဖြစ်သောကြောင့်တည်း။ ငါသည် ဦးဆောင်လမ်းပြသည့် အမှုကိုသာ လုပ်ဆောင်နေပြီး တတ်နိုင်မျှ ဒုက္ခခံရမည်။ ဤနောက်ဆုံးအဆင့်တွင် ငါသည် အဘယ်ကြောင့် ကျန်းမာရေး အမြဲ ဆိုးရွားနေခဲ့ရသနည်း။ ဤသည်မှာလည်း အဓိပ္ပာယ်ရှိသောအရာတစ်ခု ဖြစ်ကြောင်းကို သင်သိ၏။ လူသားမျိုးနွယ်၏ နာမကျန်းဖြစ်ခြင်းနှင့် ဝေဒနာအချို့ကို ငါ ခံရန် ဆန္ဒရှိသောကြောင့် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် နာမကျန်မှုနှင့် ဝေဒနာအချို့ကို တွေ့ကြုံနိုင်သော်လည်း ဤအရာအားလုံးသည် အဆင့်များဖြင့် လာ၏။ လုပ်ဆောင်ရန် မလိုအပ်သည့် အမှုသည် လူ့ဇာတိ၏ အပယိကဖျားနာမှုများအားဖြင့် ကန့်သတ်ခံရပြီး ထိုအမှုကို လုပ်ဆောင်၍မရနိုင်ပေ။ ထို့နောက်တွင် လူ့ဇာတိသည် အချိန်ကျလာသည့်အခါ ဆင်းရဲဒုက္ခအနည်းငယ် ခံစားရမည်ဖြစ်သည်။ ကန့်သတ်ချက်များစွာ မရှိပါက သူသည် ကယ်တင်ခြင်းအမှုကို ပြုနေသောကြောင့် လူသားမျိုးနွယ်နှင့် ထပ်စကားပြောကာ ၎င်းတို့ကို နောက်ထပ် အကူအညီ အမြဲ ပေးချင်မည် ဖြစ်သည်။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုတော်က အစမှ အပြီးသတ်သည်အထိ ထုတ်ဖော်ပြပြီးသည့်အရာမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသာ ဖြစ်သည်။ သူ့အမှုတော်၏ အနစ်သာရမှာ ချစ်ခြင်းမေတ္တာဖြစ်ပြီး သူသည် လူသားမျိုးနွယ်အတွက် သူ၏ ရှိသမျှနှင့် အရာအားလုံးကို ဆက်ကပ်လေသည်။

၁၉၉၉ ခုနှစ်၊ ဆောင်းရာသီ

အရှေ့သို့- လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

နောက်တစ်ခုသို့- ဘုရားသခင်အား ယုံကြည်ခြင်းသည် လောက၏ မကောင်းသောခေတ်ရေစီးကြောင်းများကို ထိုးဖောက်မြင်ခြင်းမှ စတင်ရမည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။