လူတို့သည် ဘုရားသခင်ကို အလွန်မြောက်မြားစွာ တောင်းဆိုကြသည်

လူသားမျိုးနွယ်သည် အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးပြီးဖြစ်သောကြောင့် ဘုရားသခင်က သူ့အား ဘုရားကဲ့သို့ သဘောထားရန် လူတို့ကို တောင်းဆိုသော်လည်း လူတို့က သူ့ကို ဘုရားကဲ့သို့ သဘောမထားဘဲ လူတစ်ဦးကဲ့သို့ သဘောထားကြ၏။ ဘုရားသခင်အပေါ် လူတို့ တောင်းဆိုမှုများ အမြဲပြုကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားသခင်အကြောင်း အယူအဆများ အမြဲ ရှိကြခြင်းနှင့်ပတ်သက်သည့် ပြဿနာမှာ အဘယ်နည်း။ လူ၏ သဘာဝအတွင်းတွင် မည်သည့်အရာ ပါရှိသနည်း။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်ဖြေရှင်းနေရသည်ဖြစ်စေ၊ လူတို့သည် မိမိတို့ကိုယ်ပိုင် အကျိုးစီးပွားများကို အမြဲ ကာကွယ်ကြပြီး မိမိတို့ကိုယ်ပိုင် ဇာတိပကတိအတွက် စိုးရိမ်ကြကာ ၎င်းတို့အတွက် အသုံးဝင်သည့် အကြောင်းပြချက်များ၊ သို့မဟုတ် ဆင်ခြေများ အမြဲ ရှာဖွေကြသည်ကို ငါသိရှိပြီးဖြစ်သည်။ သမ္မာတရားကို အနည်းငယ်မျှ ရှာဖွေခြင်း၊ သို့မဟုတ် လက်ခံခြင်းမရှိကြသကဲ့သို့ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် မိမိတို့ကိုယ်ပိုင် ဇာတိပကတိကို ခုခံပြောဆိုရန်အလို့ငှာဖြစ်ပြီး မိမိတို့ကိုယ်ပိုင် ရှေ့ရေးများအတွက် ကြံဖန်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အကျိုးအမြတ်ရရှိနိုင်သည့် မည်သည့်အရာကိုမဆို ရရှိလိုလျက် ဘုရားသခင်ထံမှ ကျေးဇူးတော်ကို တောင်းခံကြသည်။ လူတို့သည် အဘယ်ကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများစွာ ပြုကြသနည်း။ ဤအရာက လူတို့သည့် သဘာဝအားဖြင့် လောဘကြီးကြောင်းနှင့် ဘုရားသခင်၏ ရှေ့မှောက်တွင် ၎င်းတို့သည် မည်သည့်အသိစိတ်မျှ လုံးဝ ပိုင်ဆိုင်ခြင်းမရှိကြောင်း သက်သေပြပေသည်။ လူတို့ လုပ်ဆောင်သမျှတိုင်းတွင် ၎င်းတို့အနေဖြင့် ဆုတောင်းနေသည်ဖြစ်စေ၊ မိတ်သဟာယပြုနေသည်ဖြစ်စေ၊ တရားဟောနေသည်ဖြစ်စေ ၎င်းတို့၏ လိုက်စားမှုများ၊ အတွေးများနှင့် ပြင်းပြသောဆန္ဒများ၊ ဤအရာများအားလုံးသည် ဘုရားသခင်အပေါ် တောင်းဆိုချက်များဖြစ်ပြီး သူ့ထံမှ အမှုအရာများကို တောင်းခံရန် ကြိုးပမ်းမှုများဖြစ်သည်။ ထိုအရာများအားလုံးကို ဘုရားသခင်ထံမှ တစ်စုံတစ်ရာ ရရှိရမည့် မျှော်လင့်ချက်ဖြင့် လူတို့က လုပ်ဆောင်ကြခြင်း ဖြစ်သည်။ လူအချို့က “ဤသည်မှာ လူသားသဘာဝဖြစ်သည်”ဟု ဆိုကြသည်၊ ယင်းမှာ မှန်ပေ၏။ ထို့အပြင် လူတို့က ဘုရားသခင်အပေါ် အလွန်များလွန်းသည့် တောင်းဆိုချက်များ ပြုလုပ်ခြင်းနှင့် အလွန်များလွန်းသည့် လွန်ကဲသော စိတ်ဆန္ဒများရှိခြင်းတို့က လူတို့သည် အသိတရားနှင့် အသိစိတ် အမှန်တကယ် ကင်းမဲ့ကြကြောင်း သက်သေပြပေသည်။ ၎င်းတို့အားလုံးသည် မိမိတို့ကိုယ်ကျိုးအတွက် အမှုအရာများကို တောင်းဆိုကာ တောင်းခံနေကြသည်၊ သို့မဟုတ် မိမိတို့အတွက် ငြင်းခုံပြီး ဆင်ခြေများရှာဖွေရန် ကြိုးစားနေကြသည်။ ၎င်းတို့သည် ဤအရာအားလုံးကို မိမိတို့အတွက် လုပ်ဆောင်ကြသည်။ အမှုအရာများစွာတွင် လူတို့ လုပ်ဆောင်သည့်အရာမှာ လုံးဝ အသိစိတ်မဲ့သည်ကို မြင်နိုင်သည်။ ယင်းမှာ “ကိုယ့်အတွက်ပဲ ကိုယ်ကြည့်။ ဘယ်သူသေသေ ငတေမာပြီးရော” ဟူသည့် ဆိုးယုတ်သော ဆင်ခြင်တွေးခေါ်မှုစနစ်သည် လူ၏ သဘာဝ ဖြစ်လာနှင့်ပြီးဖြစ်ကြောင်း ပြည့်စုံသော သက်သေဖြစ်သည်။ လူတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုချက်များ ပြုခြင်းက မည်သည့် ပြဿနာကို ဖော်ပြပါသနည်း။ လူတို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းကို အတိုင်းအတာတစ်ခုထိ ခံရပြီးဖြစ်ကြောင်းနှင့် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုတွင် သူ့ကို ဘုရားအဖြစ် လုံးဝ သဘောမထားကြကြောင်းကို ဖော်ပြပေသည်။ လူအချို့က “ဘုရားသခင်ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် သူ့ကို အဘယ်ကြောင့် ယုံကြည်ကြဦးမည်နည်း။ သူ့ကို ဘုရားသခင်အဖြစ် ကျွန်ုပ်တို့ သဘောမထားခဲ့လျှင် ယခုအချိန်ထိ သူ့နောက်သို့ ကျွန်ုပ်တို့ လိုက်မြဲလိုက်နေနိုင်ကြမည်လော။ ဤဆင်းရဲဒုက္ခအားလုံးကို ငါတို့ သည်းညည်းခံနိုင်မည်လော”ဟု ပြောကြသည်။ အပေါ်ယံတွင် သင်သည် ဘုရားသခင်ကို ယုံကြည်ပြီး သူ့နောက်ကို လိုက်လျှောက်နိုင်သည့်တိုင် သူ့အပေါ် သင်၏ သဘောထားနှင့် အမှုအရာများစွာအပေါ် သင်၏ အမြင်များတွင် သင်သည် ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် လုံးဝ သဘောမထားပေ။ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားလျှင်၊ ဘုရားသခင်ကို ဖန်ဆင်းရှင်အဖြစ် သဘောထားလျှင် သင်သည် အဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ နေရာတွင် ရပ်တည်သင့်ပြီး ဘုရားသခင်အပေါ် နောက်ထပ် တောင်းဆိုချက်များတစ်ခုတလေ ပြုလုပ်ရန်၊ သို့မဟုတ် လွန်ကဲသော စိတ်ဆန္ဒတစ်ခုတလေရှိရန် သင့်အတွက် ဖြစ်နိုင်မည်မဟုတ်ပေ။ ထိုအစား သင်၏ စိတ်နှလုံးတွင် သင်သည် စစ်မှန်သော ကျိုးနွံနာခံနိုင်စွမ်း ရှိမည်ဖြစ်ပြီး ဘုရားသခင်ကို သူ၏ သတ်မှတ်ချက်များနှင့်အညီ အပြည့်အဝ ယုံကြည်နိုင်စွမ်းရှိကာ သူ၏ အမှုတော်အားလုံးကို နာခံနိုင်စွမ်း ရှိပေမည်။

လူ့ဇာတိခံယူခြင်းကို စတင်သက်သေခံသည့်အခါ လူအားလုံးက စောဒကတက်ကြသည်။ “ဘုရားသခင်၊ ကိုယ်တော် လူ့ဇာတိမခံယူမီတွင် ကျွန်ုပ်တို့အနေဖြင့် မိမိစိတ်ကိုမိမိ ပြင်ဆင်နိုင်ရန်အလို့ငှာ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ဉာဏ်အလင်းမပေးခဲ့ပါ။ ကျွန်ုပ်တို့က စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ပြီးဖြစ်လျှင် ကိုယ်တော့်ကို ပုန်ကန်ကာ အတိုက်အခံ လုပ်မည့်အစား လက်ခံနိုင်မည်ဖြစ်သည်။ ကိုယ်တော်သည် အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည် မဟုတ်လော။ ကျွန်ုပ်တို့သည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရပြီးဖြစ်ကာ ထိုသို့မလုပ်ဆောင်ဘဲ မနေနိုင်ကြသောကြောင့် ကိုယ်တော့်ကို ပုန်ကန်ပြီး အတိုက်အခံလုပ်ကြသည်။ ကျွန်ုပ်တို့ အတိုက်အခံ လုပ်ခြင်းကို တားဆီးပြီး အဆင်ပြေချောမွေ့သော လမ်းကြောင်းကို ပေးရန် တစ်စုံတစ်ရာကို ကိုယ်တော် မလုပ်ဆောင်နိုင်ပါသလော”ဟူ၍ ဖြစ်သည်။ ဤသည်မှာ လူတို့ တွေးသည့်အရာဖြစ်သည် မဟုတ်လော။ လူများစွာတို့သည် “ကျွန်ုပ်တို့၏ ပုန်ကန်မှုနှင့် အတိုက်အခံလုပ်ခြင်းနှင့်ပတ်သက်၍ ကျွန်ုပ်တို့ ဘာမျှ မလုပ်နိုင်ပါ။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် ကျွန်ုပ်တို့၏ အယူအဆများနှင့် အလွန်ပင် သဟဇာတမဖြစ်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် အနည်းငယ် သာ၍ အဆင့်မြင့်ပါက၊ သို့မဟုတ် ထင်ပေါ်သည့် အသွင်အပြင်တစ်ခုရှိပါက၊ သို့မဟုတ် အသိပညာ ကြွယ်ဝပြီး လက်ခံချင်စဖွယ် ပြောဆိုထားပါက၊ သို့မဟုတ် အလိုရှိသည့်အတိုင်း ကိုယ်ထင်ပြနိုင်ပြီး နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်ရာများကို ပြုနိုင်ပါက၊ သို့မဟုတ် ဘုရားသခင်သည် သာ၍များသော လူတို့၏ စိတ်ကူးများနှင့်အညီ လူ့ဇာတိခံလျက် ပေါ်ထွန်းကာ အမှုပြုပါက ဘုရားသခင်ကို ကျွန်ုပ်တို့ အတိုက်အခံ လုပ်ကြမည်မဟုတ်ပါ”ဟု ဆိုလျက် သတ်မှတ်ချက်များကိုလည်း ချမှတ်ကြသည်။ လူများစွာတို့သည် ထိုအချိန်တွင် ဤတောင်းဆိုချက်များကို ပြုခဲ့ကြသော်လည်း ဘုရားသခင်သည် လူ၏ စိတ်ကူးများ၊ သို့မဟုတ် အယူအဆများနှင့်အညီ ပြုမူဆောင်ရွက်ခြင်း မရှိခဲ့ပေ။ ဆန့်ကျင်ဖက်အနေဖြင့် လူ၏ အယူအဆများကို ပြန်လှန်ထိုးနှက်ကာ လုံးဝ ဆန့်ကျင်စွာ ပြုမူဆောင်ရွက်လေသည်။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ လူသား အယူအဆများနှင့် တောင်းဆိုချက်များသည် မတန်တဆ ဒုက္ခပေးတတ်သည်ကို သက်သေပြပေသည်။ လူအချို့သည် အသင်းတော် ခေါင်းဆောင်များဖြစ်လာခဲ့ကြသော်လည်း တကယ့်အလုပ်တစ်ခုမျှ မလုပ်ခဲ့ကြသကဲ့သို့ အပြင်ပန်းအရေးကိစ္စအချို့ဖြင့်သာ မိမိတို့ကိုယ်ကို အလုပ်များစေကြသည်။ ငါသည် အပြစ်တင်သည့်စကား အနည်းငယ်သာ ပြောဆိုလျက် ဤလူများကို ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်သည့်အခါ ၎င်းတို့သည် စိတ်ထဲတွင် ဝမ်းနည်းကြသည်။ ခါးသီးစွာ ငိုကြွေးကာ အပျက်သဘောဆောင်လာကြသည်။ ၎င်းတို့က “ဘုရားသခင်သည် သနားကရုဏာနှင့်ပြည့်ကာ ချစ်ခင်မှုရှိသည် မဟုတ်ပါလော။ ကျွန်ုပ် အလွန်တရာ ဆင်းရဲဒုက္ခခံစားရသည်၊ ကျွန်ုပ်ကို နှစ်သိမ့်ရန် သူသည် စကားအနည်းငယ် အဘယ်ကြောင့် မပြောဆိုသနည်း။ ကျွန်ုပ်အပေါ် ကောင်းချီးပေးသည့် စကားတစ်ခွန်းမျှပင် အဘယ်ကြောင့် သူ နှင်းအပ်ခြင်း မရှိပါသနည်း”ဟု မိမိတို့ကိုယ်ကို ပြောဆိုကြသည်။ လူတို့သည် ဤနည်းဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များပြုကာ မိမိတို့ကိုယ်ပိုင် ကျိုးကြောင်းပြချက်များဖြင့် ပြည့်ခဲ့ကြသည်။ လူအချို့သည် အခြားလူများစွာထံသို့ ဧဝံဂေလိတရားကို အောင်မြင်စွာ ဖြန့်ဝေခဲ့ပြီးဖြစ်သောကြောင့် ၎င်းတို့တွင် အရင်းအနှီးရှိခဲ့သည်ဟု ခံစားခဲ့ကြရသည်။ ထို့ကြောင့် အမှားတစ်စုံတစ်ရာ လုပ်မိကာ ကိုင်တွယ်ဖြေရှင်းခံရသည့်နောက်တွင် ၎င်းတို့က “ကျွန်ုပ်သည် မည်သည့် ဆုလာဘ်မျှမရှိဘဲ လူများစွာထံ ဧဝံဂေလိတရားကို အောင်မြင်စွာ ဖြန့်ဝေခဲ့လင့်ကစား ယခုတွင်မူ ဤကဲ့သို့ ကိုင်တွယ်ဖြေရှင်းကာ ပြုပြင်ခံလိုက်ရသည်။ ကျွန်ုပ်သည် အလွန်များစွာ ဆင်းရဲဒုက္ခခံခဲ့ရလင့်ကစား အဆုံးတွင် ကျွန်ုပ် ကိုင်တွယ်ဖြေရှင်းခံရဆဲဖြစ်သည်။ ဘုရားသခင်သည် အဘယ်ကြောင့် ကျွန်ုပ်၏ ခံစားချက်များနှင့်ပတ်သက်၍ အရေးမစိုက်ပါသနည်း”ဟု စောဒကတက်ကြသည်။ ဤကဲ့သို့ စဉ်းစားသောလူတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် သမ္မာတရား ရှိသလော။ ဤတောင်းဆိုချက်များသည် ယုတ္တိတန်သလော။ ငါသည် တစ်စုံတစ်ဦးကို ကိုင်တွယ်ဖြေရှင်းပြီးနောက် နှစ်သိမ့်ခဲ့ပါက ၎င်းက “ဘုရားသခင် အလွန်ကောင်းမြတ်သည်။ သူ ငါ့ကို နှစ်သိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ပါ”ဟု တွေးပေမည်။ သို့သော်ငြားလည်း အခြားတစ်စုံတစ်ဦးကို ငါကိုင်တွယ်ဖြေရှင်းကာ ထိုလူသည် အထူးသဖြင့် စိတ်မချမ်းမသာဖြစ်ပြီး သူ့ကို မနှစ်သိမ့်ပါက သူက “အဘယ်ကြောင့် ဘုရားသခင်သည် အခြားသူတို့ကို ကိုင်တွယ်ဖြေရှင်းပြီးနောက်တွင် နှစ်သိမ့်သော်လည်း ငါ့ကို မနှစ်သိမ့်ပါသနည်း။ ဘုရားသခင်သည် ငါ့အပေါ် တရားမျှတခြင်းမရှိပါ”ဟု တွေးကာ ၎င်း၏ စိတ်နှလုံးထဲတွင် အယူအဆများ ရှိလာမည်ဖြစ်သည်။ လူတို့သည် အချိန်ကာလတစ်ခုခုနှင့် သင့်တော်သည့် ပတ်ဝန်းကျင်တွင် ပွင့်ထွက်လာမည့် များစွာသော ကျိုးကြောင်းမသင့်သည့် တောင်းဆိုချက်များ၊ စိတ်ကူးများနှင့် စိတ်ဆန္ဒများကို မိမိတို့ စိတ်နှလုံးများတွင် ထားရှိကြသည်။ လူက ထုတ်ဖော်ပြသည့် အတွေးများ၊ စိတ်ကူးများ၊ သို့မဟုတ် တောင်းဆိုချက်များထဲမှ တစ်ခုမျှသည် ဘုရားသခင်နှင့် သဟဇာတမဖြစ်သကဲ့သို့ လူ၏ သဘာဝသည် ဆိုးယုတ်သော အရာများဖြင့် ပြည့်နေသည်။ သူ လုပ်ဆောင်သမျှတိုင်းသည် မိမိအတွက်သာဖြစ်သည်။ သူသည် တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသည်။ သူ့ထံတွင် အလွန်များသည့် လွန်ကဲသော စိတ်ဆန္ဒများရှိကြပြီး သူသည် အလွန်ညစ်ညူးကာ အလွန်နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်။

လူတို့သည် မည်သည့်အခြေအနေတွင်ဖြစ်စေ ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲပြုကြသည်။ ဤအရာနှင့် ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ လူအချို့သည် ကိုယ်စိတ်ချမ်းသာမှုကို မွေ့လျော်ခံစားနေချိန်တွင် “အို ဘုရားသခင် ကျွန်ုကို ကွယ်ကာပါ။ ဤအခြေအနေတွင် တစ်ချိန်လုံး ကျွန်ုပ် အသက်ရှင်ပါရစေ”ဟုဆိုလျက် ဘုရားသခင်ထံ ဆုတောင်းကြလိမ့်မည်။ လူတို့သည် ဝမ်းနည်းသည့်အခါ၊ စိတ်ဓာတ်ကျသည့်အခါတွင်လည်း တောင်းဆိုချက်များ ရှိကြသည်။ “ဘုရားသခင်၊ ကိုယ်တော် ကျွန်ုပ်အပေါ် အဘယ်ကြောင့် ကြင်နာမှု မပြပါသနည်း။ ကျွန်ုပ်ကို အဘယ်ကြောင့် ဉာဏ်အလင်းမပေးပါသနည်း။ အဘယ်ကြောင့် အမှုအရာများသည် အခြားသူများအတွက် အလွန်ကောင်းပြီး ကျွန်ုပ်အတွက် အလွန်ဆိုးပါသနည်း”ဟူ၍ ဖြစ်သည်။ အခက်အခဲနှင့် ကြုံဆုံရသည့်အခါ ဘုရားသခင်က ၎င်းတို့၏ ပတ်ဝန်းကျင်ကို ပြောင်းလဲပေးဖို့ လူတို့က အပြင်းအထန် တောင်းဆိုကြသည်။ အမှုအရာများ အဆင်ပြေနေချိန်တွင် လူတို့၏ တောင်းဆိုချက်များသည် သာ၍ပင် လွန်ကဲလာသည်။ တစ်စုံတစ်ရာကို လူတို့ ရရှိသည့်အခါ သာ၍ အငမ်းမရဖြစ်ကြပြီး မရကြသည့်အခါ ထိုအရာကို အသည်းအသန် ရရှိလိုကြသည်။ မည်သည့်အရာကို လူတို့ ရရှိလိုကြသနည်း။ မိမိတို့ နှစ်သက်သည့် အရာများနှင့် ၎င်းတို့၏ ဇာတိအကျိုးစီးပွားများက တောင်းဆိုသည့်အရာကို ရရှိလိုကြသည်။ ထို့ကြောင့် လူ၏ တောင်းဆိုချက်တစ်ခုမျှသည် တရားခြင်းမရှိ၊ သို့မဟုတ် ထိုက်တန်ခြင်း မရှိပေ။ ဆင်းရဲနွမ်းပါးသည့် မိသားစုအနည်းငယ်ထံ အဝတ်အစားအချို့၊ သို့မဟုတ် အသုံးပြုဖို့ ပစ္စည်းများ ငါပေးသည့်အခါ လူအချို့သည် ဤအရာကို မမြင်ချင်ကြပေ။ ၎င်းတို့က “ဘုရားသခင်သည် အဘယ်ကြောင့် ငါ့ကို မစောင့်ရှောက်ဘဲ သူတို့ကို အမြဲ စောင့်ရှောက်ပါသနည်း။ ဘုရားသခင်သည် တရားမျှတခြင်းမရှိပါ”ဟု တွေးကြသည်။ အခြားသူတို့မှာ ထိုအချိန်တွင် ထိုအရာကို နှလုံးမသွင်းခဲ့ကြဘဲ “ငါသည် ဘုရားသခင်ကို ယုံကြည်ခြင်း လမ်းကြောင်းပေါ် လျှောက်နိုင်ပြီး ယခုထိတိုင် လိုက်လျှောက်နိုင်ခြင်းကိုက ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်နှင့်ပြီးသားဖြစ်ပေသည်။ ဤရုပ်ဝတ္ထုပစ္စည်းများကို ကျွန်ုပ် မလိုက်စားသင့်ပါ”ဟု တွေးကြသည်။ သို့ရာတွင် ထိုအရာကို နောက်ပိုင်းတွင် တွေးဆပြီးနောက် ၎င်းတို့ စိတ်မကောင်းဖြစ်ကြသည်။ ထိုခံစားချက်ကို အောင်မြင်ကျော်လွှားနိုင်ခြင်း မရှိကြောင်း ခံစားရသည့်အခါ ၎င်းတို့ ဆုတောင်းပြီးရင်း ဆုတောင်းကာ ထပ်တလဲလဲ ပြန်ပြောင်းတွေးဆခြင်းကို ခဏတဖြုတ် ရပ်လိုက်ကြသော်လည်း ထိုအရာများသည် ၎င်းတို့ စိတ်နှလုံးတွင် ရှိနေဆဲဖြစ်သည်။ သို့ရာတွင် ထိုအရာများကို ၎င်းတို့ ချိန်ဆကြသည်၊ ၎င်းတို့၏ စိတ်နှလုံးများ မကြည်မသာ ဖြစ်နေဆဲဖြစ်ပြီး မိမိတို့ကိုယ်ကို တွေးမိကြသည်မှာ “ဘုရားသခင်၏ ဖြောင့်မတ်ခြင်းမှာ အဘယ်နည်း။ အဘယ်ကြောင့် ငါမမြင်ရသနည်း။ ဘုရားသခင်က ဤအပြင်ပန်း အရေးကိစ္စတစ်ခုကိုမျှ မျှတစွာနှင့် ကျိုးကြောင့်သင့်လျော်စွာ ကိုင်တွယ်ခြင်းမရှိ၊ ထို့ကြောင့် သူ၏ ဖြောင့်မတ်ခြင်းတရားသည် မည်သည့်နေရာတွင် ထင်ရှားပါသနည်း”ဟူ၍ ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် ၎င်းတို့၏ စိတ်များကို ပြောင်းလဲကာ “ဖြောင့်မတ်ခြင်းတရားသည် မျှတခြင်း၊ သို့မဟုတ် ကျိုးကြောင်းသင့်ခြင်းတို့နှင့် မတူ။ ထိုအရာများကို တစ်ခုတည်း ဖြစ်အောင် မပေါင်းစည်းသင့်”ဟု တွေးကြသော်လည်း ၎င်းတို့သည် စိတ်မချမ်းသာဆဲဖြစ်ပြီး ထိုကိစ္စကို လက်မလွှတ်နိုင်ကြချေ။ လူတို့သည် ရုပ်ဝတ္ထုအကျိုးစီးပွား အနည်းငယ်နှင့်ပတ်သက်၍ အလွန် ပူပန်ကြသည်။ ၎င်းတို့သည် သမ္မာတရားနှင့်ပတ်သက်၍ အလားတူ ပူပန်နိုင်မည်ဆိုလျှင် အလွန်ကောင်းမည် ဖြစ်သည်။ မည်သို့ဆိုစေ မိမိ၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် တောင်းဆိုမှုများ အမြဲပြုခြင်းသည် ၎င်းတို့ သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သမ္မာတရားကို မချစ်ကြသည့်သူများ အားလုံးသည် ရုပ်ဝတ္ထု အကျိုးအမြတ်များကို နှစ်သက်ကြသည်။ အချုပ်ဆိုရလျှင် လူတို့၏ တောင်းဆိုချက်များနှင့် အကြံများအားလုံး၊ ဘုရားသခင်ထံမှ ဤအရာ၊ ထိုအရာကို တောင်းဆိုခြင်း၊ ဤအရာ၊ ထိုအရာ ကြံစည်ခြင်းတို့သည် သမ္မာတရားနှင့် သဟဇာတမဖြစ်သကဲ့သို့ ဘုရားသခင်၏ သတ်မှတ်ချက်များ၊ အလိုတော်တို့နှင့် ဆန့်ကျင်ပေသည်။ ဘုရားသခင်သည် ထိုအရာတစ်ခုမျှ မနှစ်သက်ပေ။ ထိုအရာများအားလုံးကို သူက ရွံရှာပြီး စက်ဆုပ်သည်။ ဘုရားသခင်အပေါ် လူတို့ပြုသည့် တောင်းဆိုချက်များ၊ ၎င်းတို့ လိုက်စားသမျှအားလုံးနှင့် ၎င်းတို့ လျှောက်သည့် လမ်းကြောင်းများအားလုံးသည် သမ္မာတရားနှင့် ပတ်သက်ခြင်း မရှိပေ။ လူအချို့က “ငါသည် အသင်းတော်အတွက် နှစ်များစွာ အလုပ်လုပ်နေခဲ့ပြီးဖြစ်သည်။ ငါ နာမကျန်းဖြစ်လျှင် ဘုရားသခင်က ငါ့ကို ကုသပျောက်ကင်းစေကာ ကောင်းချီးပေးသင့်သည်”ဟု တွေးထင်ကြသည်။ အထူးသဖြင့် ဘုရားသခင်ကို အချိန်ကြာမြင့်စွာ ယုံကြည်ကြပြီးသူများသည် သူ့ထံမှ သာ၍ပင် တောင်းဆိုကြသည်။ အချိန်အနည်းငယ်သာ ယုံကြည်ကြသေးသည့်သူများသည် မထိုက်တန်ကြောင်း ခံစားရသော်လည်း အတန်ငယ်ကြာပြီးနောက်တွင် ၎င်းတို့က အခွင့်ရှိသည်ဟု စတင်ခံစားကြရလိမ့်မည်။ ဤသည်မှာ လူတို့ ဖြစ်ပုံသာဖြစ်သည်။ ဤသည်မှာ လူ၏ သဘာဝဖြစ်ပြီး ဤအရာနှင့်ပတ်သက်၍ မည်သူမျှ ခြွင်းချက်မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်သည် အဖန်ဆင်းခံတစ်ဦးဖြစ်သည့်အပြင် သူ့ထံ တစ်ခုခု တောင်းဆိုရန် မထိုက်တန်သောကြောင့် ကျွန်ုပ်သည် ဘုရားသခင်အပေါ် လွန်ကဲသည့် တောင်းဆိုချက်များ လုံးဝ မပြုဖူးပါ”ဟု ဆိုကြသည်။ အပြော မစောလေနှင့်။ အချိန်က အရာရာကို ထုတ်ဖော်ပြသွားလိမ့်မည်။ လူတို့၏ သဘာဝနှင့် ရည်ရွယ်ချက်တို့သည် နောက်ဆုံးတွင် ဖော်ထုတ်ခံရလိမ့်မည် ဖြစ်ပြီး တစ်နေ့တွင် ပွင့်အံထွက်လာလိမ့်မည်။ လူတို့သည် လိုအပ်သည်ဟု၊ သို့မဟုတ် သင့်တော်သည့်အချိန်ဖြစ်သည်ဟု မထင်သောကြောင့်ဖြစ်စေ၊ ၎င်းတို့က ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများ ပြုလုပ်နှင့်ပြီးသည့်တိုင် ယင်းတို့ကို တောင်းဆိုမှုတစ်ခုဟု သတိမပြုမိသောကြောင့်ဖြစ်စေ ဘုရားသခင်အပါ် တောင်းဆိုမှုများ မပြုကြပေ။ တိုတိုပြောရလျှင် လူတို့တွင် ဤသဘာဝမျိုးရှိကြသောကြောင့် ထိုအရာကို ထုတ်ဖော်ပြရန် ၎င်းတို့အတွက် မဖြစ်နိုင်ပေ။ အခါအခွင့်သင့်လာပါက ထိုအရာသည် အလိုအလျောက် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအရာနှင့်ပတ်သက်၍ အဘယ်ကြောင့် ယနေ့တွင် မိတ်သဟာယပြုသနည်း။ လူတို့အား ၎င်းတို့၏ ကိုယ်ပိုင် သဘာဝတွင် မည်သည့်အရာရှိသည်ကို နားလည်စေရန် ဖြစ်သည်။ နှစ်အနည်းငယ်ကြာ ဘုရားသခင်ကို ယုံကြည်ခြင်း၊ သို့မဟုတ် အသင်းတော်အတွက် ရက်အနည်းငယ် အလုပ်လုပ်ခြင်းသည် သင့်အနေဖြင့် သူ့အတွက် အသုံးခံပြီးဖြစ်ကြောင်း၊ ဆက်ကပ်ပြီးဖြစ်ကြောင်း၊ သို့မဟုတ် များစွာ ဆင်းရဲဒုက္ခခံပြီးဖြစ်ကာ ဥစ္စာပစ္စည်းများ မွေ့လျော်ခံစားခြင်း၊ ခန္ဓာအားဖြည့်ပေးခြင်း ကဲ့သို့သော အမှုအရာအနည်းငယ်ကို ရရှိရန် ထိုက်တန်ကြောင်း၊ သို့မဟုတ် အခြားသူများ၏ ပိုမို လေးစားခံရကာ တန်ဖိုးထားခံရဖို့ကိုဖြစ်စေ၊ ဘုရားသခင် သင့်ကို နူးညံ့စွာ စကားပြောစေဖို့ဖြစ်စေ၊ သင့်ကို ပိုဂရုစိုက်စေဖို့ဖြစ်စေ၊ သင် ကောင်းစွာ စားရခြင်း၊ ဝတ်ရခြင်း ရှိမရှိ၊ ကျန်းမာရေး ကောင်းမကောင်း စသည်တို့ကို မကြာခဏ မေးမြန်းခံရဖို့ဖြစ်စေ ထိုက်တန်ကြောင်း ဆိုလိုသည်ဟု မတွေးထင်လေနှင့်။ လူတို့သည် ဘုရားသခင်အတွက် အချိန်ကြာမြင့်စွာ အသုံးခံပြီးနောက်တွင် ၎င်းတို့၏ စိတ်နှလုံးထဲ၌ ဤအရာများ မရည်ရွယ်ဘဲ ဖြစ်ပေါ်ကာ ၎င်းတို့အနေဖြင့် သူ့ထံမှ တစ်ခုခု တောင်းဆိုရန် ထိုက်တန်သည်ဟု ထင်မှတ်လာကြလေသည်။ ၎င်းတို့သည် ဘုရားသခင်အတွက် တိုတောင်းသည့် အချိန်ပမာဏတစ်ခုကြာသာ အသုံးခံနေပြီး ဖြစ်သည့်အချိန်တွင် ၎င်းတို့တွင် ရပိုင်ခွင့်မရှိကြောင်း တွေးမိကြကာ ဘုရားသခင်အပေါ် တောင်းဆိုချက်များ မလုပ်ဝံ့ကြချေ။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့တွင် အရင်းအနှီး ရှိသည်ဟု ၎င်းတို့ တွေးထင်ကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့၏ တောင်းဆိုချက်များ စတင်ထွက်လာလိမ့်မည်ဖြစ်ကာ ၎င်းတို့ သဘာဝ၏ ဤသွင်ပြင်လက္ခဏာများ ဖော်ထုတ်ခံရလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤကဲ့သို့ ဖြစ်ကြသည် မဟုတ်လော။ ဘုရားသခင်အပေါ် ဤကဲ့သို့ တောင်းဆိုမှုများပြရန်မှာ သင့်တော်ခြင်း ရှိမရှိဆိုသည့်အပေါ် လူတို့က အဘယ်ကြောင့် ချင့်ချိန်စဉ်းစားခြင်း မရှိကြပါသနည်း။ သင်သည် ဤအရာများနှင့် ထိုက်တန်သလော။ ဘုရားသခင်သည် ထိုအရာများကို သင့်အား ကတိပေးခဲ့သလော။ တစ်စုံတစ်ရာသည် သင်နှင့် ပတ်သက်ခြင်း မရှိသည့်တိုင် သင်က ထိုအရာကို ခေါင်းမာမာဖြင့် တောင်းဆိုပါက ဤသည်မှာ သမ္မာတရားနှင့် ကွဲလွဲဆန့်ကျင်ပြီး သင်၏ ဆိုးယုတ်သော သဘာဝမှ လုံးလုံးလျားလျား ပေါက်ဖွားလာခြင်း ဖြစ်သည်။ ကောင်းကင်တမန်မင်းသည် အစအဦးတွင် မည်သို့ ပြုမူခဲ့သနည်း။ သူသည် အလွန်မြင့်မားသည့် ရာထူးတစ်ခု ပေးခြင်းခံခဲ့ရကာ အလွန်များစွာ ပေးထားခြင်းခံခဲ့ရသောကြောင့် ၎င်းက မိမိ ဆန္ဒရှိသည့် မည်သည့်အရာမဆိုနှင့်ဖြစ်စေ၊ မိမိ ရရှိသည့် မည်သည့်အရာမဆိုနှင့်ဖြစ်စေ ထိုက်တန်သည်ဟု တွေးထင်ခဲ့ပြီး နောက်ဆုံးတွင် “ကျွန်ုပ်သည် ဘုရားသခင်နှင့် အဆင့်အတန်း တူညီချင်သည်”ဟု ဆိုသည့်အဆင့်ထိ ရောက်သွားခဲ့သည်။ ထို့ကြောင့် လူတို့သည် အလွန်များသည့် တောင်းဆိုချက်များ၊ အလွန် ကြီးကျယ်ခမ်းနားသည့် စိတ်ဆန္ဒများဖြင့် ဘုရားသခင်ကို ယုံကြည်ကြခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆန်းစစ်ခြင်း မရှိသကဲ့သို့ ပြဿနာ၏ ဆိုးရွားမှုကို သဘောမပေါက်နိုင်ပါက တစ်နေ့တွင် ၎င်းတို့က “ဘုရားသခင်၊ ဆင်းလော့။ ကျွန်ုပ်ကိုယ်တိုင် အနည်းနှင့်အများဆိုသလို ဘုရားသခင် ဖြစ်နိုင်သည်” သို့မဟုတ် “ဘုရားသခင်၊ ကိုယ်တော် ဝတ်ဆင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ဝတ်ဆင်မည်၊ ကိုယ်တော်စားသည့် မည်သည့်အရာကိုမဆို ကျွန်ုပ် စားမည်”ဟု ဆိုကြလိမ့်မည်။ ဤအဆင့်ထိ ရောက်ရှိပြီးသော လူတို့သည် ဘုရားသခင်ကို လူသားတစ်ဦးအဖြစ် ဆက်ဆံနေနှင့်ကြပြီး ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် ကိုယ်တိုင်ဖြစ်ကြောင်း လူတို့က စကားဖြင့် အသိအမှတ်ပြုသော်လည်း၊ ဤအရာများအားလုံးက အပေါ်ယံစကားများသာ ဖြစ်သည်။ လက်တွေ့အရှိတရားတွင် ၎င်းတို့၏ စိတ်နှလုံးများသည် ဘုရားသခင်အပေါ် ကျိုးနွံနာခံခြင်း၊ သို့မဟုတ် ကြောက်ရွံ့ခြင်း အနည်းငယ်မျှ မရှိကြ။ လူအချို့သည် ဘုရားသခင်ပင် ဖြစ်လိုကြပြီး ၎င်းတို့၏ ရည်မှန်းချက်များနှင့် စိတ်ဆန္ဒများက ဤအဆင့်ထိ တိုးလာပါက ပြဿနာဖြစ်လိမ့်မည်။ ၎င်းတို့အပေါ် ကပ်ဘေးတစ်ခု ကျရောက်ဖို့များပြီး အသင်းတော်မှ နှင်ထုတ်ခံရကြလျှင်ပင် ဘုရားသခင်၏ အပြစ်ပေးခြင်း ခံရလိမ့်ဦးမည် ဖြစ်သည်။

ဘုရားသခင်ကို ယုံကြည်သူတို့သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် သဘောထားသင့်ပြီး ထိုသို့ သဘောထားခြင်းအားဖြင့်သာ ဘုရားသခင်ကို ၎င်းတို့ အမှန်တကယ် ယုံကြည်ခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်၏ အဆင့်အတန်းကို အသိအမှတ်ပြုရုံမျှ မပြုသင့်ပေ။ ဘုရားသခင်၏ အနှစ်သာရနှင့် စိတ်သဘောထားတို့အပေါ် စစ်မှန်သည့် သိနားလည်မှုနှင့် ကြောက်ရွံ့ခြင်းတို့ ရှိသင့်ကြကာ လုံးဝ နာခံသင့်ကြပေသည်။ ဤအရာကို လက်တွေ့လုပ်ဆောင်ရန် နည်းလမ်းနှစ်ခုမှာ ဤသို့ဖြစ်သည်။ ပထမဦးစွာ ဘုရားသခင်နှင့် ဆက်ဆံသည့်အခါ မည်သည့် အယူအဆ၊ သို့မဟုတ် စိတ်ကူးမျှမရှိဘဲ ကိုင်းရှိုင်းမှုနှင့် ရိုးသားသော သဘောထားကို စိတ်ထဲတွင် ထိန်းသိမ်းကာ နာခံသော စိတ်နှလုံးတစ်ခု ပိုင်ဆိုင်လော့။ ဒုတိယအနေဖြင့် သင် ပြောသည့်အရာတိုင်း၊ သင်မေးသည့်မေးခွန်းတိုင်းနှင့် သင် လုပ်ဆောင်သည့် အရာတိုင်း၏ နောက်ကွယ်ရှိ ရည်ရွယ်ချက်များကို ဆန်းစစ်ကာ ဆုတောင်းရန် ဘုရားသခင်ရှေ့မှောက်သို့ ဆောင်ကြဉ်းလော့။ သမ္မာတရား စည်းမျဉ်းများနှင့်အညီ၊ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်ရှိ အခြေခံအကြောင်းရင်းနှင့်အညီ မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိခြင်းအားဖြင့်သာ သမ္မာတရား စစ်မှန်မှုထဲသို့ သင် ဝင်ရောက်နိုင်ပေလိမ့်မည်။ သင်သည် သမ္မာတရားကို ရှာဖွေခြင်းမရှိပါက သမ္မာတရား စစ်မှန်မှုထဲသို့ ဝင်ရောက်နိုင်လိမ့်မည် မဟုတ်သည်သာမက အယူအဆများကို ပိုပိုပြီး စုဆောင်းမိလိမ့်မည်ဖြစ်ကာ ယင်းက ပြဿနာကို လက်ယပ်ခေါ်ခြင်းဖြစ်သည်။ သင်သည် ဘုရားသခင်ကို လူတစ်ဦးအဖြစ် မှတ်ယူသည့်အခါ သင် ယုံကြည်သည့် ဘုရားသခင်သည် ကောင်းကင်ဘုံရှိ မရေရာသည့် ဘုရားသခင်ဖြစ်သည်။ သင်သည် လူ့ဇာတိခံခြင်းကို လုံးဝ ငြင်းပယ်လိမ့်မည်ဖြစ်ပြီး သင်၏ စိတ်နှလုံးတွင် လက်တွေ့ကျသည့် ဘုရားသခင်ကို အသိအမှတ်ပြုလိမ့်မည် မဟုတ်တော့ပေ။ ဤအချိန်တွင် သင်သည် အန္တိခရစ်တစ်ဦး ဖြစ်လာလိမ့်မည်ဖြစ်ပြီး အမှောင်ထဲသို့ ကျဆင်းသွားလိမ့်မည်။ သင့်ထံတွင် ကျိုးကြောင်းပြချက်များ ပို၍ရှိလေ၊ ဘုရားသခင်အပေါ် တောင်းဆိုချက်များ သင် ပြုလေဖြစ်လိမ့်မည်ဖြစ်ကာ သူနှင့်ပတ်သက်၍ အယူအဆများ ပိုမိုရှိလိမ့်မည်ဖြစ်သည်။ ယင်းက သင့်ကို ကြီးထွားလာသည့် အန္တရာယ်တွင် ရောက်ရှိစေလိမ့်မည်။ ဘုရားသခင်အပေါ် တောင်းဆိုမှုများ သင် ပြုလေ၊ သင်သည် ဘုရားသခင်ကို ဘုရားသခင်အဖြစ် တကယ်ကို သဘောမထားကြောင်း သက်သေပြလေ ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်အပေါ် တောင်းဆိုချက်များ သင် အမြဲ ထားရှိပါက အချိန်ကြာလာသည်နှင့်အမျှ သင်သည် မိမိကိုယ်ကို ဘုရားသခင်အဖြစ် သဘောထားဖို့ အလားအလာများ လိမ့်မည်ဖြစ်ပြီး “ဘုရားသခင်သည် သူကိုယ်တော်တိုင်အတွက် သက်သေခံသည် မဟုတ်လော။ အဘယ်ကြောင့် ကျွန်ုပ် သက်သေမခံနိုင်သနည်း”ဟုပင် ဆိုလျက် အသင်းတော်တွင် အလုပ်လုပ်သောအခါ မိမိအတွက် သက်သေခံလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်ကို သင် နားမလည်သောကြောင့် သူနှင့်ပတ်သက်၍ အယူအဆများ သင့်ထံတွင် ရှိလိမ့်မည်ဖြစ်ပြီး သူ့ကို ကြောက်ရွံ့သည့် စိတ်နှလုံး ရှိလိမ့်မည် မဟုတ်။ သင်၏ လေသံပြောင်းသွားလိမ့်မည်၊ သင်၏ စိတ်သဘောထားက မာနထောင်လွှားလာလိမ့်မည်ဖြစ်ပြီး အဆုံးတွင် သင်သည် မိမိကိုယ်ကို တဖြည်းဖြည်း ချီးမြှောက်လာကာ သက်သေခံလိမ့်မည် ဖြစ်သည်။ ဤသည်မှာ လူ၏ ဆုတ်ယုတ်ခြင်း ဖြစ်စဉ်ဖြစ်ပြီး ယင်းမှာ သမ္မာတရား မလိုက်စားသဖြင့် လုံးလုံးလျားလျား ဖြစ်ပေါ်ရခြင်းဖြစ်ပေသည်။ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတိုင်းသည် မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံကြသည်၊ အချိန်ပြည့် မိမိတို့ကိုယ်ကို အားပေးအားမြှောက်ပြုကာ ကြွားဝါကြပြီး ဘုရားသခင်နှင့်ပတ်သက်၍ လုံးဝ ဂရုမစိုက်ကြချေ။ ငါ ပြောဆိုနေသည့် ဤအရာများကို သင်တို့ တွေ့ကြုံပြီးပြီလော။ လူများစွာတို့သည် ဤအရာ၊ ထိုအရာကို ၎င်းတို့ မည်မျှ ဒုက္ခခံရကြောင်း၊ ၎င်းတို့ မည်သို့ အလုပ်လုပ်ကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို မည်သို့ တန်ဖိုးထားကာ ထိုသို့သော အလုပ်အချို့ကို ပေးအပ်ကြောင်းနှင့် ၎င်းတို့ မည်သည့်အရာနှင့်တူသည်ဟူသည်တို့ကို ပြောဆိုရင်း နောက်ဆုံးတွင် လူအချို့က ၎င်းတို့မှာ ဘုရားသခင်ဖြစ်သည်ဟု စတင်တွေးထင်လာနိုင်မည့်အထိတိုင် စကားပြောစဉ်တွင် ထူးခြားသော အသံနေအသံထားများကို တမင် အသုံးပြုကာ ဟန်ပန်အမူအရာအချို့ကို ဟန်ဆောင်လုပ်ပြလျက် မိမိတို့ကိုယ်ကို တစိုက်မတ်မတ် သက်သေခံကြသည်။ ဤအဆင့်ထိ ရောက်ရှိသောသူတို့ကို သန့်ရှင်းသော ဝိညာဉ်တော်က အချိန်ကြာမြင့်စွာကတည်းက စွန့်ပစ်ပြီးဖြစ်ကာ ၎င်းတို့သည် ရှင်းလင်းခြင်း၊ သို့မဟုတ် နှင်ထုတ်ခြင်း ခံရမည့်အစား ယခုထိတိုင် အစေခံမှုပြုရန် ချန်ထားခြင်းခံရသော်ငြားလည်း ၎င်းတို့၏ ကံကြမ္မာသည် သတ်မှတ်ထားနှင့်ပြီးဖြစ်ကာ ၎င်းတို့၏ အပြစ်ဒဏ်အတွက် ၎င်းတို့ စောင့်ဆိုင်းနေကြခြင်းသာ ဖြစ်သည်။ ဤအရာသည် အချို့သော နေရာများတွင် ဖြစ်ပျက်နှင့်ပြီးဖြစ်သည်။ ညီအစ်မတစ်ဦးဦးက စကားပြောသော် အတော် သိက္ခာရှိပုံရသည်ကို ယုံကြည်သူအသစ်တစ်ဦးက မြင်ပြီး သူမကို ဘုရားသခင်အဖြစ် တလွဲမှတ်ယူခဲ့သည်။ ထွက်သွားဖို့ အချိန်ကျလာသည့်အခါ ဤယုံကြည်သူသစ်သည် သူမကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ကာ “အို ဘုရားသခင်၊ မသွားပါနှင့်။ အို ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် သတိရလိမ့်မည်”ဟု ငိုကြွေးလေသည်။ သူမသည် ဘုရားသခင် မဟုတ်ကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထားသော်လည်း ဤအရာကို မငြင်းခဲ့ပေ၊ သို့မဟုတ် ထိုအဖြစ်ကို အမှန်မပြင်ပေးခဲ့ပေ။ ထိုသို့သော လူတစ်ဦးတွင် ဆင်ခြင်တုံတရား ရှိသလော။ (မရှိပါ။) သူမသည် ဆင်ခြင်တုံတရား လုံးဝ မရှိသကဲ့သို့ မုချကောင်းမြတ်ခြင်း မရှိပေ။ လူအချို့သည် မရှင်းမလင်းဖြစ်ကာ မသိနားမလည်ဖြစ်ကြပြီး ထိုသို့သော သူတစ်ဦးကို ဘုရားသခင်ကဲ့သို့ သဘောထားကြသည်။ ဤသည်မှာ အမှန်တကယ် ဆိုးရွားသည့် အရာတစ်ခု ဖြစ်သည်။ ငိုကြွေးရင်း သူမ၏ပေါင်ကို တင်းတင်းကျပ်ကျပ် ဖက်တွယ်ထားရန်ဆိုသည်မှာ အဖတ်ဆယ်မရအောင် တကယ်ကို အလွန် မသိနားမလည်ခြင်း ဖြစ်သည်။ စာတန်နှင့်သက်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးကို ဘုရားသခင်အဖြစ် သင် သဘောထားနိုင်ပါက ဘုရားသခင်ကို မည်သည့် ပုံစံဖြင့် သင် ယုံကြည်နေခြင်း ဖြစ်သနည်း။ ယင်းမှာ စာတန်ကို ယုံကြည်ခြင်း မဟုတ်လော။ လူတစ်ဦးကို ဘုရားသခင်ကဲ့သို့ ဆက်ဆံရန်မှာ တစ်စုံတစ်ဦးသည် မည်မျှ မရှင်းမလင်းဖြစ်နေခြင်း ဖြစ်ရမည်နည်း။ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို သင် လက်မခံ သို့မဟုတ် မလိုက်စားနိုင်ပါက သင်သည် အခြားသူများ၏ လှည့်စားခြင်းခံရဖို့ ဖြစ်နိုင်ဖွယ်ရှိပြီး မိုက်မဲသည့် အရာများကို လုပ်ဆောင်ကာ လမ်းလွဲနိုင်ခြေ ရှိပေမည်။ မိုက်မဲပြီး မသိနားမလည်သော လူတို့သည် အမှန်တကယ် ဘေးဖြစ်နိုင်ခြေရှိသည်။ ၎င်းတို့သည် မိုက်မဲသည့် အရာမျိုးစုံကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။

လူတို့သည် မိမိတို့ကိုယ်ပိုင် အယူအဆများအတိုင်း ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရန် စေခိုင်းရင်း ဘုရားသခင်အပေါ် တောင်းဆိုမှုများ အမြဲ ပြုလုပ်ကြသည်။ သင်သည် သင်၏ စိတ်ကူးများအတိုင်းသာ ဘုရားသခင်ကို သင့်အား ကယ်တင်ရန်၊ သင့်ကို သနားရန်၊ ချစ်ရန်၊ သင့်ကို ကျေးဇူးပြုရန် တောင်းဆိုသည်။ ထိုသို့လုပ်ဆောင်ရာတွင် သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုရန်နှင့် ဘုရားသခင်အား သင့်ကို နာခံစေရန် သင်၏ ကိုယ်ပိုင် စိတ်ကူးများနှင့် နည်းစနစ်များကို အသုံးပြုနေသည်။ ဤအရာနှင့်ပတ်သက်၍ ပြဿနာမှာ အဘယ်နည်း။ ဤသည်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းလော။ သင် ယုံကြည်သည့်အရာမှာ သင်ကိုယ်တိုင်သာ ဖြစ်သည်။ သင်၏ စိတ်နှလုံးတွင် ဘုရားသခင် မရှိသကဲ့သို့ ပြောစရာ မည်သည့် သမ္မာတရားမျှ မရှိပေ။ တစ်စုံတစ်ဦးသည် ကြင်နာမှုဖြင့် ငါ့ကို ဖိနပ်တစ်ရံ ဝယ်ပေးခဲ့သော်လည်း ထိုဖိနပ်က မတော်သောကြောင့် ငါ ပြန်ပေးလိုက်ချင်ခဲ့သည်။ သို့ရာတွင် ထို့နောက်၌ ငါပြန်ပေးမည်ဆိုလျှင် သူ အထင်လွဲသွားနိုင်သည်ဟု တွေးမိသောကြောင့် အခြားညီအစ်မတစ်ဦး စီးဖို့ ငါပေးလိုက်သည်။ ဤအရာကို သူ သိသည့်အခါ သူ လက်မခံနိုင်ခဲ့ဘဲ “ကျွန်ုပ် ထိုဖိနပ်ကို ဝယ်ရန် မည်မျှ ငွေကုန်လူပန်းဖြစ်ပြီး မည်မျှဝေးဝေးလံလံ ခရီးနှင်ခဲ့ရသည်ကို ကိုယ်တော် သိပါသလော။ ကိုယ်တော်က ယင်းတို့ကို အလွယ်တကူ ပေးပစ်လိုက်သည်၊ ထိုငွေကို ရှာရန် ကျွန်ုပ်အတွက် ထိုမျှ လွယ်ကူသည်ဟု ကိုယ်တော် ထင်ပါသလော။ ကိုယ်တော် မစီးချင်လျှင် ပြန်ပေးပါလော့။ အခြားသူများကို အဘယ်ကြောင့် ပေးနိုင်ရက်ပါသနည်း”ဟု ပြောသည်။ ငါက “ငါ့ကို ဖိနပ် ဝယ်ပေးရန် သင့်အား ငါ တာဝန်ပေးစေခိုင်းခြင်း မရှိခဲ့ပါ။ သင် ဝယ်ပြီး ငါ့ကို ပေးခဲ့သော်လည်း ငါနှင့် မတော်သောကြောင့် အခြားသူ စီးဖို့ ငါ ပေးခဲ့သည်။ ယင်းမှာ ပြဿနာဖြစ်ပါသလော။ ယင်းတို့ကို သင့်အား ငါ ပြန်ပေးခဲ့ပါက သင်သည် အပျက်သဘောဆောင်ကာ အားနည်းလာပြီး ငါ့ကို အထင်လွဲမည် မဟုတ်လော။ ငါ့မှာ ထိုက်သင့်သော အစီအစဉ်များကိုပင် ပြုလုပ်၍မရနိုင်သလော”ဟု ပြောခဲ့သည်။ လူတို့အနေဖြင့် ငါ့ကို ဤသို့ဆက်ဆံရန်မှာ သင့်တင့်လျောက်ပတ်သလော။ လူတို့သည် ဘုရားသခင်ကို တစ်စုံတစ်ရာ ပေးသည့်အခါတွင်ပင် ရည်ရွယ်ချက်များနှင့် တောင်းဆိုမှုများ ရှိနေဆဲဖြစ်ပုံရသည်။ ဤသည်မှာ သမ္မာတရားကို သိနားလည်သော တစ်စုံတစ်ဦး ဖြစ်ပါသလော။ သင်သည် ဘုရားသခင်ထံ တစ်စုံတစ်ရာ ပူဇော်သည့်အခါ ထိုအရာသည် သင့်အပိုင် မဟုတ်တော့ပေ၊ သူနှင့် သက်ဆိုင်ပေသည်။ ဘုရားသခင်သည် ထိုအရာနှင့်ပတ်သက်၍ သူ့စိတ်တိုင်းကျ လုပ်ဆောင်နိုင်ပြီး သူ မည်သို့မည်ပုံ ကိုင်တွယ်သည်ဖြစ်စေ သူ့ကိစ္စ ဖြစ်သည်။ လူတို့အနေဖြင့် အသိစိတ်အနည်းငယ် ရှိသင့်ကြသည်၊ ကျိုးနွံနာခံရန် သင်ယူသင့်ပြီး ဘုရားသခင်၏ အရေးကိစ္စများကို အမြဲ ဝင်စွက်ဖက်ခြင်း မပြုသင့်ပေ။ ဘုရားသခင်နှင့် စဉ်ဆက်မပြတ် ငြင်းခုံခြင်းတွင် ကျိုးကြောင်းဆီလျော်မှု ရှိသလော။ လူတို့သည် ငါ့အတွက် ပစ္စည်းများဝယ်ပေးသည့်အခါ ၎င်းတို့အနေဖြင့် ဘုရားသခင်အတွက် ကြီးမားသည့် အကြင်နာတရားနှင့် ချစ်ခြင်းမေတ္တာ အပြည့်ရှိပုံရသော်လည်း နောက်ပိုင်းတွင် ၎င်းတို့ကို ငါ နှစ်သက်ရမည်ဟု တောင်းဆိုကြပြီး ငါ မနှစ်သက်ပါက စောဒကတက်ကြသည်။ ထို့အပြင် ၎င်းတို့ကို ငါ အသုံးမပြုလျှင် အဆင်မပြေပေ၊ လူတို့သည် မည်သူ့ကို ၎င်းတို့အား ပေးရမည်ဆိုသည်နှင့်ပတ်သက်၍ ကန့်သတ်ချက်များ ပြုလုပ်ကြပြီး ငါ့ကို ဤအရာ၊ ထိုအရာ လုပ်ဆောင်ခွင့် မပေးကြပေ။ လူတို့သည် “ဘုရားသခင်က အဘယ်ကြောင့် လူ၏ စိတ်ဆန္ဒများကို မဖြည့်ဆည်းနိုင်သနည်း”ဟု တွေးလျက် ဘုရားသခင်အပေါ် ဤသို့ တစ်နေ့လုံး စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ တွေးဆကြသည်။ လူတို့သည် အသိစိတ် လုံးဝ ကင်းမဲ့ကြသည်၊ အလွန် ယုတ္တိတန်ခြင်းမရှိကြချေ။ လူအားလုံးက “ဘုရားသခင်ကို ကျွန်ုပ် ကောင်းစွာ ချစ်ပြီး သူ၏ မေတ္တာကို ပြန်ပေးဆပ်ရမည်”ဟု ပြောကြသည်ကို ငါ တွေ့ရှိရပြီး ဖြစ်သော်လည်း ဘုရားသခင်ကို ချစ်ခြင်းသည် အဘယ်အရာ ဖြစ်သည်ကိုမူ ၎င်းတို့၏ စိတ်နှလုံးများတွင် သိနားလည်မှု အနည်းအကျဉ်းမျှမရှိကြပေ။ လူတို့၏ စိတ်နှလုံးများသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများဖြင့် ပြည့်ကြသောကြောင့် ချစ်ခြင်းမေတ္တာ အဘယ်သို့ ရှိနိုင်မည်နည်း။ လူတို့သည် အလွန်ဖောက်ပြန်သည်မှာ ပုံမှန်လူတစ်ဦး၏ အသိစိတ်ပင် မရှိကြလျှင် ဘုရားသခင်ကို ချစ်ခြင်းနှင့် နာခံခြင်းအကြောင်း ပြောခြင်းသည် အနှစ်မဲ့သော စကားများသာ ဖြစ်သည် မဟုတ်လော။ လူတို့အတွင်းရှိသည့် တစ်ခုတည်းသော အရာများမှာ အယူအဆများနှင့် စိတ်ကူးများ၊ မကျေမချမ်းမှုများ၊ လွန်ကဲသော စိတ်ဆန္ဒများနှင့် ၎င်းတို့၏ ကျိုးကြောင်းဆီလျော်မှု မရှိသော တောင်းဆိုချက်များဖြစ်သည်။ ၎င်းတို့အတွင်းတွင် ချစ်ခြင်းမေတ္တာ သို့မဟုတ် နာခံခြင်း တကယ်ကို မရှိပေ။ လူတို့အတွက် ချစ်ခြင်းမေတ္တာသည် လိုက်စားရန် ရည်မှန်းချက်တစ်ခုသာ ဖြစ်သည်၊ ဘုရားသခင်ထံမှ သတ်မှတ်ချက်တစ်ခုသာ ဖြစ်သည်။ ၎င်းတို့ထဲမှ မည်မျှသည် ထိုအရာကို စွမ်းဆောင်ရရှိပါသနည်း။ မည်မျှသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ရှိပါသနည်း။

ယခုတွင် သင်တို့အားလုံးသည် သမ္မာတရားကို လိုက်စားရန်နှင့် သင်၏ စိတ်သဘောထားများကို ပြောင်းလဲဖို့ ကြိုးပမ်းရန် လိုလားလျက်ရှိကြသဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များပြုသည့်အခါ သင်သည် မိမိကိုယ်ကို မည်သို့ သုံးသပ်ဆင်ခြင်သင့်သနည်း။ သင်၏ တောင်းဆိုချက်များသည် သမ္မာတရားနှင့် ကိုက်ညီသလော။ ဘုရားသခင်အပေါ် သင်၏ သဘောထားသည် မည်သည့်အရာ ဖြစ်သင့်သနည်း။ ဤမေးခွန်းများကို သင် ချင့်ချိန်စဉ်းစားဖူးသလော။ လူအချို့သည် အသင်းတော်အနည်းငယ်ကို ဦးဆောင်ပြီးနောက်တွင် ဘုရားအိမ်တော်က မိမိတို့မရှိဘဲ မဖြစ်နိုင်ကြောင်းနှင့် ၎င်းတို့သည် အထူးဆက်ဆံခံရထိုက်ကြောင်း တွေးလျက် မာနထောင်လွှားလာကြသည်။ လူတို့တွင် ဆိုးယုတ်သော သဘာဝရှိကြပြီး တစ်စုံတစ်ဦး၏ ရာထူးက ပိုမြင့်မားလေ၊ ဘုရားသခင်အပေါ် ၎င်း၏ တောင်းဆိုချက်များက ပိုကြီးမားလာလေဖြစ်သည်။ တစ်စုံတစ်ဦးက အယူဝါဒများကို သာ၍ နားလည်လေ၊ ၎င်း၏ တောင်းဆိုချက်များက သာ၍ ကွယ်ဝှက်ကာ စိတ်မချရလေ ဖြစ်သည်။ ထိုအရာများကို ၎င်းတို့ ထုတ်ဖော်၍ ပြောကောင်း ပြောမည် မဟုတ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများထဲတွင် သိုဝှက်ထားကြသည်။ ထိုအရာများကို အခြားသူတို့က အလွယ်တကူ မသိမြင်ကြသော်လည်း လူတစ်ဦးအတွင်းရှိ စောဒကတက်မှုများနှင့် အတိုက်အခံတို့က မည်သည့်အချိန်တွင် ပွင့်ထွက်လာမည်ကို မည်သူသိနိုင်သနည်း။ ယင်းမှာ သာ၍ပင် ပြဿနာဖြစ်မည့်သဘောဖြစ်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ပုန်ကန်ပြစ်မှားနိုင်ခြေရှိပေမည်။ အန္တိခရစ်များဖြစ်သည့် ဘာသာရေးခေါင်းဆောင်များနင့် ကျော်ကြားသူများသည် အဘယ်ကြောင့် သာ၍ အန္တရာယ်ကျရောက်နိုင်ခြေ ပိုများသနည်း။ တစ်စုံတစ်ဦး၏ ရာထူး သာ၍မြင့်မားလေ ၎င်း၏ ရည်မှန်းချက်များ သာ၍ ကြီးမားလေ ဖြစ်သည်။ တစ်စုံတစ်ဦးသည် အယူဝါဒများကို သာ၍ သိနားလည်လေ၊ ၎င်း၏ စိတ်သဘောထားက သာ၍ မာနထောင်လွှားလာလေ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားထက် အဆင့်အတန်းကို လိုက်စားခြင်းက အန္တရာယ်ရှိပေသည်။ ဘုရားသခင်သည် အလွန်များသည့် သမ္မာတရားများကို ဖော်ပြပြီးဖြစ်ကာ ဘာသာရေး အသိုင်းအဝိုင်းများတွင် ရှိသူများကို မဆိုထားနှင့်၊ သမ္မာတရားကို မချစ်သောသူအားလုံးသည် ဖော်ထုတ်ခံရကာ ဘုရားအိမ်တော်မှ နှင်ထုတ်ခံရပြီး ဖြစ်သည်။ ဘုရားသခင်က လူတို့ကို တရားစီရင်ရခြင်းနှင့် ရိုက်နှက်ဆုံးမရခြင်း၏ လိုအပ်မှုကို သင်တို့ မြင်သလော။ လူတို့သည် သမ္မာတရားကို အမှန်တကယ် နားလည်ပြီး အသက်ဝင်ရောက်မှုရှိကြသည့်အခါ မိမိတို့ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးမှု၏ လက်တွေ့အရှိတရားကို ၎င်းတို့ မြင်ကြလိမ့်မည် ဖြစ်ပြီး သမ္မာတရား မလိုက်စားခြင်းသည် ၎င်းတို့အတွက် အန္တရာယ်ရှိမည်ဟု ခံစားမိကြသည်။ ယခုအခါတွင် လူတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝကို လုံးဝ နားမလည်ကြသကဲ့သို့ အပေါ်ယံ သိနားလည်မှု အနည်းငယ် ရှိကြလျှင်ပင် ထိုအရာမှာ အယူဝါဒများနှင့်သာ သက်ဆိုင်ပြီး သမ္မာတရားကို ၎င်းတို့ မရရှိကြသေးချေ။ ထို့ကြောင့် ၎င်းတို့ အန္တရာယ်ကျရောက်နိုင်ခြေရှိသည်ကို ၎င်းတို့ မတွေးမိကြသကဲ့သို့ မိမိတို့အတွက် စိုးရိမ်ရမည်၊ သို့မဟုတ် ပူပန်ရမည်ဆိုသည်ကို မသိကြချေ။ အချို့သော ယုံကြည်သူအသစ်များသည် မည်သည့်အရာကိုမျှ ပြောဆိုကာ လုပ်ဆောင်ဝံ့ခြင်း မရှိကြသော်လည်း တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို တွေ့ကြုံပြီးသူများမှာ ကွဲပြားခြားနား၏။ ၎င်းတို့ စိတ်နှလုံးများသည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအချို့ ရှိကြပြီး အချို့သော အယူအဆများ ထားရှိကြလျှင်ပင် ထိုအယူအဆများကို ၎င်းတို့ ထုတ်မပြောဝံ့ကြသကဲ့သို့ “အို ဘုရားသခင်၊ ကိုယ်တော်ကို ကျွန်ုပ် ပုန်ကန်ပြစ်မှားမိပါပြီ”ဟူ အမြန် ပြောဆိုရန် သိကြသည်။ အချို့သော ယုံကြည်သူအသစ်များသည် “ဘုရားသခင် ဆင်းရဲဒုက္ခခံသလော။ မည်သည့်အရာကို ဆင်းရဲဒုက္ခခံသနည်း။ ကောင်းစွာ ဝတ်စားဆင်ယင်ခြင်း၊ နေရာတိုင်းတွင် လူတို့၏ ဧည့်ဝတ်ပြုခံရခြင်းတို့သည် ဆင်းရဲဒုက္ခခံခြင်း မဟုတ်ပါ။ သို့ရာတွင် ထိုအရာများကို ကျွန်ုပ် ဂရုမစိုက်ပါ။ ကျွန်ုပ်သည် လူတစ်ဦးကို ယုံကြည်ခြင်း မဟုတ်ဘဲ ဘုရားသခင်၏ ဝိညာဉ်တော်ကို ယုံကြည်ခြင်းဖြစ်သည်”ဟု ပြောလျက် စဉ်းပင်မစဉ်းစားဘဲ ပြစ်မှားစော်ကားသော စကားများကို ပြောချဝံ့ကြသည်။ ၎င်းတို့သည် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်ဝံ့ကြသည်။ ဤလူများသည် ထိုသို့သော ရဲတင်းမှု ရှိကြသည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့မှု လုံးဝ မရှိကြ၊ မည်သည့်အရာကိုမျှ မကြောက်ကြ၊ မည်သည့်အရာကိုမဆို ပြောဝံ့ကြပြီး အားလုံးက ဘီလူးသရဲစီးပြီး လူမဆန်သော သဘာဝများ ထားရှိကြသည်။ အထက်က တစ်စုံတစ်ဦးအပေါ် အတော်အတန် ကောင်းမွန်သည့် ထင်မြင်ချက်၊ သို့မဟုတ် သဘောထားတစ်ခုရှိလျှင် လူအချို့က “ဤလူသည် ဘုရားအိမ်တော်တွင် ကောင်းစွာ လက်ခံကြိုဆိုခြင်းခံရသည့် လူကြိုက်များပြီး မျက်နှာသာရသော လူတစ်ဦး ဖြစ်သည်”ဟု ဆိုကြသည်။ ဤလူစားမျိုးသည် သမ္မာတရားကို နားလည်သလော။ စိုးစဉ်းမျှ နားမလည်ပေ။ အမှုအရာများကို ၎င်းတို့ ရှုမြင်သည့်ပုံစံက ၎င်းတို့စိတ်နှလုံးထဲရှိသမျှတိုင်းသည် လောကနှင့် သက်ဆိုင်နေဆဲဖြစ်ကြောင်း လုံးဝ ပေါ်လွင်စေသည်။ ထိုအရာမှာ လုံးဝ လောကီဆန်သော ရှုထောင့်အမြင်နှင့် ခံစားမှုတစ်ခု ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သူ၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းသည် ဤလူများအပေါ် သက်ရောက်မှုတစ်ခုတလေ ရှိသလော။ ၎င်းတို့သည် သမ္မာတရားကို လုံးဝ လက်မခံကြသကဲ့သို့ အမှုအရာများကို ၎င်းတို့ ရှုမြင်ပုံနည်းလမ်းသည် မယုံကြည်သူများ၏ ရှုမြင်ပုံနည်းလမ်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းတို့သည် အမှန်တကယ်တွင် ယုံကြည်ခြင်းမရှိသူများ ဖြစ်ကြသည်။

ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုလုပ်ခြင်းသည် လူ့သဘာဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤသဘာဝကို သင်စိစစ်ရမည်ဖြစ်သည်။ ထိုအရာကို သင် မည်သို့ စိစစ်သင့်သနည်း။ ပထမဆုံး ခြေလှမ်းမှာ ဘုရားသခင်နှင့်စပ်လျဉ်း၍ လူတို့က မည်သည့် မလျော်ကန်သော တောင်းဆိုချက်များနှင့် မည်သည့် လွန်ကဲသော စိတ်ဆန္ဒများ ရှိကြကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းနေရန်ဖြစ်ပြီး ထိုအရာတစ်ခုစီတိုင်းကို သင် စိစစ်သင့်သည်။ လူတို့သည် အဘယ်ကြောင့် ထိုသို့သော တောင်းဆိုချက်ကို ပြုလုပ်ကြသနည်း။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ သင်သည် ထိုအရာကို ဤသို့ သာ၍ တာဝန်သိတတ်စွာ စိစစ်လေ၊ သင်၏ ကိုယ်ပိုင် သဘာဝအပေါ် သာ၍ သိနားလည်မှု ရှိလေဖြစ်လိမ့်မည်ဖြစ်ပြီး ထိုသိနားလည်မှုက သာ၍ အသေးစိတ်ကျလေ ဖြစ်လာလိမ့်မည်။ ထိုအရာကို သင်က အသေးစိတ် မစိစစ်ဘဲ ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်းကိုသာ နားလည်လျက် လူတို့အနေဖြင့် ဘုရားသခင်အပေါ် တောင်းဆိုချက်များ မပြုသင့်ကြောင်းသာ သိရှိပြီး ထိုမျှသာဖြစ်ပါက နောက်ဆုံးတွင် သင်သည် တိုးတက်မှုရှိလိမ့်မည် မဟုတ်သကဲ့သို့ ပြောင်းလဲမည်လည်း မဟုတ်ပေ။ လူအချို့က “ကျွန်ုပ်တို့သည် အလွန် တစ်ကိုယ်ကောင်းဆန်သောကြောင့် ဘုရားသခင်အပေါ် အလွန်များသည့် တောင်းဆိုမှုများ ရှိကြသည်။ ကျွန်ုပ်တို့ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း”ဟု ဆိုကြသည်။ လူတို့သည် သမ္မာတရားကို သိနားလည်ရမည်ဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို သိရှိရမည် ဖြစ်သည်မှာ ပြောစရာပင်မလို။ လူ၏ တစ်ကိုယ်ကောင်းဆန်ခြင်း၏ အနှစ်သာရကို အမှန်တကယ် သင် နားလည်သည့်အခါ သင်သည် မည်သည့်အရာ ချို့တဲ့သည်ကို သိရှိလိမ့်မည်။ လူတို့က ဤအရာကို နားမလည်နိုင်ကြပါက ထိတ်လန့်ဖွယ်ကောင်းနေပြီဖြစ်သည်။ စိစစ်ခြင်းမှတစ်ဆင့် သိသာသည့် လွန်ကဲသော၊ သို့မဟုတ် မလျော်ကန်သော တောင်းဆိုချက်များက သတိပြုမိရန် လွယ်ကူပြီး သင့်ကိုယ်သင် မုန်းတီးဖို့ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ သင်၏ တောင်းဆိုချက်များက ကျိုးကြောင်းဆီလျော်ပြီး မျှတသည်ဟု သင် ထင်ကောင်းထင်မည်ဖြစ်ကာ ထိုအရာများကို ကျိုးကြောင်းဆီလျော်သည်ဟု သင် ယူဆကာ ယင်းမှာ အမှုအရာများ ဖြစ်သင့်သည့်ပုံစံဖြစ်ကြောင်း တွေးထင်သောကြောင့်လည်းကောင်း၊ အခြားသူများက အလားတူ တောင်းဆိုချက်များ ပြုလုပ်ကြသောကြောင့်လည်းကောင်း သင်၏ တောင်းဆိုချက်များက လွန်ကဲခြင်းမရှိဘဲ ကျိုးကြောင်းဆီလျော်ပြီး သဘာဝကျသည်ဟု သင့်အဖို့ ထင်ကောင်းထင်ရနိုင်သည်။ ဤအရာက သင်သည် သမ္မာတရား မရှိသေးကြောင်း ပြသသည်။ ထို့ကြောင် သင်သည် ထိုတောင်းဆိုချက်များကို ရှင်းလင်းစွာ နားမလည်နိုင်ခြင်း ဖြစ်သည်။ ဥပမာတစ်ခုမှာ ဤသို့ဖြစ်၏။ ဘုရားသခင်နောက် နှစ်ပေါင်းများစွာ လိုက်ခဲ့ပြီး များစွာသော ဘဝမုန်တိုင်းနှင့် စိန်ခေါ်မှုတစ်လျှောက် ဆင်းရဲဒုက္ခအများအပြား ခံစားခဲ့ရသည့် လူတစ်ဦး ရှိသည်ဆိုပါစို့။ သူသည် အမြဲ ကောင်းစွာ ပြုမူနေထိုင်ပုံပေါ်ပြီး သူ၏ လူ့သဘာဝ၊ သူ၏ ဆင်းရဲဒုက္ခခံခြင်းနှင့် ဘုရားသခင်ကို သူ၏ ဆက်ကပ်ခြင်းတို့အရ အဆင်ပြေသည်ဟု ထင်ရသည်။ သူသည် အမှန်တကယ်တွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပေးဆပ်ရန် လိုလားလျက် အသိစိတ်ပင် ပိုင်ဆိုင်ခဲ့ကာ သူ၏ အလုပ်ကို ဆောင်ရွက်နေစဉ် ခြေလှမ်းကို သေချာစွာ လှမ်းရန် ပုံမှန်အားဖြင့် သိရှိခဲ့သည်။ နောက်ပိုင်းတွင် ဤလူသည် ရှင်းလင်းစွာနှင့် ကောင်းမွန်စွာ စကားပြောသော်လည်း အနည်းငယ်မျှ နာခံမှုမရှိကြောင်းကို ငါ သိရှိခဲ့သောကြောင့် သူ့ကို လူစားထိုးကာ အနာဂတ်တွင် သူ့ကို တစ်ဖန် အသုံးမပြုရန် အမိန့်ပေးခဲ့သည်။ သူသည် အသင်းတော်အတွက် နှစ်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ များစွာ ဆင်းရဲဒုက္ခခံခဲ့ရပြီးဖြစ်သည့်တိုင် နောက်ဆုံးတွင် အစားထိုးခံခဲ့ရသည်။ ထို့အပြင် ငါသည် သူ၏ လက်တွေ့ကျသော အခက်အခဲများထဲမှ အချို့ကို မဖြေရှင်းခဲ့ရသေးပေ။ ဤအခြေအနေမျိုးကို လူတို့က မည်သို့ တွေးထင်ကြမည်နည်း။ ပထမဦးစွာ လူများစွာသည် သူ့ကို ခုခံကာကွယ်ကာ “ယင်းမှာ အဆင်မပြေပါ။ သူသည် ဘုရားသခင်ကို ချစ်ကာ သူ့အတွက် အသုံးခံသောကြောင့် ဤအခြေအနေများတွင် ဘုရားသခင်သည် သူ့ကို ကြီးမားသည့် သနားကရုဏာနှင့် ကျေးဇူးတော် ပြသင့်သည်။ ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ပြီးဖြစ်သည့် သူကဲ့သို့သော တစ်စုံတစ်ဦးသည် ဖယ်ရှားခံရနိုင်လျှင် ကျွန်ုပ်တို့ကဲ့သို့သော ယုံကြည်သူအသစ်များသည် မည်သည့် မျှော်လင့်ချက် ရှိပါသနည်း”ဟု ဆိုလာကြမည်ဖြစ်သည်။ ဤနေရာတွင် နောက်ထပ်တစ်ဖန် လူတို့၏ တောင်းဆိုချက်များ ဖြစ်လာသည်။ ၎င်းတို့သည် ဘုရားသခင်က ထိုလူကို ကောင်းချီးပေးကာ ဆက်နေခွင့်ပေးလိမ့်မည်ဟု အမြဲ မျှော်လင့်နေစဉ်တွင် “ထိုလူသည် ဘုရားသခင်အတွက် ကောင်းစွာ တာဝန်ကျေပွန်ခဲ့လေပြီ။ ဘုရားသခင်က သူ့ကို စိတ်မပျက်စေသင့်ပါ”ဟု တွေးနေကြဆဲ ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်အပေါ် လူတို့ ပြုလုပ်ကြသည့် တောင်းဆိုချက်များစွာတို့သည် လူသား အယူအဆများနှင့် စိတ်ကူးများမှ ထွက်ပေါ်ပေသည်။ လူတို့ကြားတွင် အသိစိတ်၏ စံနှုန်းသည် မျှတပြီး ကျိုးကြောင်းဆီလျော်သဖြင့် ဘုရားသခင်က လူတို့ကို ပေးသင့်သည့်အရာနှင့် ဆက်ဆံသင့်သည့် ပုံစံကို ထိုစံနှုန်းအရ ၎င်းတို့က အကဲဖြတ်နေကြခြင်းဖြစ်သည်။ သို့သော် ဤအရာသည် သမ္မာတရားနှင့် အဘယ်သို့ ကိုက်ညီနိုင်မည်နည်း။ လူသားမျိုးနွယ်၏ တောင်းဆိုချက်မှန်သမျှက ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ငါ အဘယ်ကြောင့် ပြောသနည်း။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် အခြားလူများထံမှ လူတို့ တောင်းဆိုသည့် စံနှုန်းများ ဖြစ်ကြသောကြောင့်တည်း။ လူတို့သည် သမ္မာတရား ရှိသလော။ ၎င်းတို့သည် လူ၏ အနှစ်သာရကို ရိပ်စားမိနိုင်ကြသလော။ လူအချို့က ဘုရားသခင်ကို လူသားများ တောင်းဆိုသည့် စံနှုန်းအတိုင်း လိုက်နာရန် မျှော်လင့်လျက် ဘုရားသခင်အနေဖြင့် လူတို့အား အသိစိတ်၏ စံနှုန်းအတိုင်း ဆက်ဆံရန် တောင်းဆိုကြသည်။ ဤသည်မှာ သမ္မာတရားနှင့် မကိုက်ညီသကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိပေ။ လူတို့သည် အချို့သော သေးငယ်သည့် ကိစ္စရပ်များနှင့် ပတ်သက်လာသည့်အခါ သည်းညည်းခံနိုင်ကြသော်လည်း ၎င်းတို့၏ အဆုံးသတ်များ နောက်ဆုံးတွင် သတ်မှတ်ခြင်းခံရသည့်အခါ ခံနိုင်မည်မဟုတ်ပေ။ ၎င်းတို့၏ တောင်းဆိုချက်များ ထွက်လာလိမ့်မည်ဖြစ်ကာ စောဒကတက်ခြင်းနှင့် ရှုတ်ချခြင်း စကားများ ၎င်းတို့၏ နှုတ်များမှ အထိန်းအကွပ်မဲ့ စီးထွက်လာလိမ့်မည်ဖြစ်ပြီး မိမိတို့၏ စရိုက်အမှန်များကို ၎င်းတို့ စတင်ပြသကြလိမ့်မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်းတို့သည် မိမိတို့ကိုယ်ပိုင် သဘာဝများကို သိကြလိမ့်မည်။ လူတို့သည် ဘုရားသခင်အပေါ် လူသားအယူအဆများနှင့် ၎င်းတို့၏ ကိုယ်ပိုင် အလိုဆန္ဒအတိုင်း တောင်းဆိုချက်များ အမြဲပြုလုပ်နေကြပြီး ဤသို့သော တောင်းဆိုချက်မျိုးများစွာကို ပြုလုပ်လေ့ရှိကြသည်။ ပုံမှန်အားဖြင့် သင် သတိမပြုမိနိုင်သကဲ့သို့ တစ်စုံတစ်ရာအတွက် ရံဖန်ရံခါ ဆုတောင်းခြင်းသည် တောင်းဆိုချက်တစ်ခုအဖြစ် မှတ်ယူ၍မရဟု တွေးထင်နိုင်သော်လည်း အမှန်တွင် သေချာ စိစစ်ကြည့်ပါက လူတို့၏တောင်းဆိုချက်များစွာသည် ဆင်ခြင်တုံတရားကင်းမဲ့ကာ အဓိပ္ပာယ်မဲ့သည့်အပြင် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း ပြပေသည်။ ယခင်က ဤကိစ္စ၏ ဆိုးရွားမှုကို သတိမပြုမိခဲ့သော်လည်း အနာဂတ်တွင် တဖြည်းဖြည်း သင် သိရှိလာလိမ့်မည်ဖြစ်သည်။ ထို့နောက်တွင် သင်၏ ကိုယ်ပိုင် သဘာဝအပေါ် စစ်မှန်သော သိနားလည်မှု သင် ရှိလိမ့်မည် ဖြစ်သည်။ တဖြည်းဖြည်းနှင့် အတွေ့အကြုံက သင့်ကို သင်၏ သဘာဝနှင့်ဆိုင်သည့် အသိပညာနှင့် ချင့်ချိန်နိုင်စွမ်းတို့ကို ရရှိစေလိမ့်မည်ဖြစ်ပြီး သမ္မာတရားနှင့်ပတ်သက်သည့် မိတ်သဟာယနှင့် ပေါင်းစပ်လျက် ထိုအရာကို သင် ရှင်းလင်းစွာ သိရှိလာလိမ့်မည်။ ထို့နောက်တွင် သင်သည် ဤကဏ္ဍတွင် သမ္မာတရားထဲသို့ ဝင်ရောက်ပြီးဖြစ်လိမ့်မည်။ လူ၏ သဘာဝ အနှစ်သာရကို သင် အမှန်တကယ် ရှင်းလင်းစွာ သိနားလည်သည့်အခါ သင်၏ စိတ်သဘောထား ပြောင်းလဲလိမ့်မည်ဖြစ်ပြီး ထို့နောက်တွင် သင်သည် သမ္မာတရား ရှိလိမ့်မည်။

ဘုရားသခင်အပေါ် လူတို့က စဉ်ဆက်မပြတ် တောင်းဆိုမှုများ ပြုခြင်းထက် ကိုင်တွယ်ရန် သာ၍ ခက်ခဲသည့်အရာ မရှိပေ။ ဘုရားသခင်၏ လုပ်ဆောင်ချက်များက သင်၏ အတွေးနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် သင်၏ အတွေးနှင့်အညီ ဆောင်ရွက်ခြင်းမရှိသည်နှင့်တစ်ပြိုင်နက် သင်သည် အတိုက်အခံလုပ်ဖွယ်ရှိသည်။ ယင်းမှာ သဘာဝအားဖြင့် သင်သည် ဘုရားသခင်ကို အတိုက်အခံလုပ်တတ်ကြောင်း ပြသရန် လုံလောက်ပေသည်။ မိမိကိုယ်ကို မကြာခဏ သုံးသပ်ဆင်ခြင်ခြင်းနှင့် သမ္မာတရားအပေါ် သိနားလည်မှုတစ်ခုသို့ ရောက်ရှိခြင်းအားဖြင့်သာ ဤပြဿနာကို အသိအမှတ်ပြုခြင်းအား စွမ်းဆောင်ရရှိနိုင်ပြီး သမ္မာတရား လိုက်စားခြင်းအားဖြင့်သာ ဤပြဿနာကို အပြည့်အဝ ဖြေရှင်းနိုင်ပေသည်။ လူတို့သည် သမ္မာတရားကို နားမလည်သည့်အခါ ဘုရားသခင်အပေါ် တောင်းဆိုချက်များစွာ ပြုလုပ်ကြသည်၊ သမ္မာတရားကို အမှန်တကယ် နားလည်သည့်အခါတွင်မူ မည်သည့်တောင်းဆိုချက်မျှ မပြုကြချေ။ ဘုရားသခင်ကို ၎င်းတို့ ထိုမျှ စိတ်ကျေနပ်စေခြင်းမရှိကြကြောင်း၊ ဘုရားသခင်ကို ထိုမျှ နာခံခြင်းမရှိကြကြောင်းကိုသာ ၎င်းတို့ ခံစားကြသည်။ ဘုရားသခင်အပေါ် လူတို့က အမြဲ တောင်းဆိုမှုများပြုလုပ်ခြင်းက ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကို ထင်ဟပ်စေသည်။ သင်သည် သင့်ကိုယ်သင် မသိရှိနိုင်သကဲ့သို့ ဤကိစ္စရပ်နှင့်စပ်လျဉ်း၍ အမှန်တကယ် နောင်တရခြင်းမရှိပါက သင်သည် ဘုရားသခင်ကို ယုံကြည်ရာတွင် သင်၏ လမ်းကြောင်းပေါ်ရှိ ဖုံးကွယ်နေသည့် အန္တရာယ်များနှင့် ဘေးရန်ကို ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။ သင်သည် သာမန် အမှုအရာများကို အောင်မြင်ကျော်လွှားနိုင်သော်လည်း သင်၏ ကံကြမ္မာ၊ ရှေ့ရေးများနှင့် ခရီးပန်းတိုင်ကဲ့သို့သော အရေးကြီးသည့် ကိစ္စရပ်များပါဝင်သည့်အခါ ထိုအရာများကို သင် အောင်မြင်ကျော်လွှားကောင်း ကျော်လွှားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် သင်သည် သမ္မာတရား ကင်းမဲ့နေဆဲဖြစ်လျှင် သင်၏ လမ်းဟောင်းများပေါ် သင် ပြန်လဲကျသွားလိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့် ဖျက်ဆီးခံရသည့်သူများထဲမှတစ်ဦး ဖြစ်လာလိမ့်မည်။ လူများစွာတို့သည် ဤသို့ အမြဲ လိုက်လျှောက်ကာ ယုံကြည်ကြပြီး ဖြစ်သည်။ ဘုရားသခင်နောက်လိုက်သည့် အတောအတွင်းတွင် ၎င်းတို့သည် ကောင်းမွန်စွာ ပြုမူကြသော်လည်း ဤအရာက အနာဂတ်တွင် ဖြစ်ပျက်မည့်အရာကို မဆုံးဖြတ်ပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သင်သည် လူ၏ ပျော့ကွက်ကို၊ သို့မဟုတ် လူ့သဘာဝအတွင်းရှိ ဘုရားသခင်ကို ဆန့်ကျင်လာနိုင်သည့် အရာများကို သင် လုံးဝ သတိမပြုမိသောကြောင့်ဖြစ်ပြီး ထိုအရာများက သင့်ကို ကပ်ဘေးဆီသို့ မဆိုက်ရောက်စေမီတွင် သင်သည် ထိုအရာများကို မသိနားမလည်ဖြစ်နေသည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် သင့်သဘာဝ၏ ပြဿနာသည် ပြေလည်မသွားသောကြောင့် ထိုအရာက သင့်ကို ကပ်ဘေးအတွက် ပြင်ဆင်ပေးပြီး သင်၏ ခရီးအဆုံးသတ်ကာ ဘုရားသခင်၏ အမှုတော် ပြီးစီးသည့်အခါ သင်သည် ဘုရားသခင်ကို အဆန့်ကျင်ဆုံးသောအရာကို လုပ်ဆောင်ကာ သူ့ကို ပြစ်မှားစော်ကားသည့်အရာ ပြောလိမ့်မည်မှာ ဖြစ်နိုင်ပြီး ထိုသို့ဖြင့် သင်သည် ရှုတ်ချခံရကာ ဖယ်ရှားခံရလိမ့်မည်။ နောက်ဆုံး အခိုက်အတန့် အန္တရာယ်အများဆုံးသော အချိန်ကာလများတွင် ပေတရုက လွတ်မြောက်ရန် ကြိုးစားခဲ့သည်။ ထိုအချိန်တွင် ဘုရားသခင်၏ အလိုတော်ကို သူ နားမလည်ခဲ့သကဲ့သို့ အသက်ရှင်သန်ကာ အသင်းတော်များ၏ အလုပ်ကို လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။ နောက်ပိုင်းတွင် ယေရှုက သူ့ထံ ပေါ်လာခဲ့ပြီး “သင်သည် ကျွန်ုပ်ကို သင့်အတွက် နောက်ထပ်တစ်ဖန် ကားစင်တင်စေမည်လော”ဟု ဆိုခဲ့သည်။ ထို့နောက်တွင် ပေတရုသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ခဲ့ပြီး အမြန် နာခံခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ထံ၌ သူ၏ ကိုယ်ပိုင် တောင်းဆိုချက်များရှိပြီး သူက “ကျွန်ုပ် ယခု မသေချင်ပါ။ နာကျင်မှုကို ကြောက်ရွံ့ပါသည်။ ကိုယ်တော် ကျွန်ုပ်တို့အတွက် ကားစင်အတင်ခံပေးလို့ရမည်လော။ ကျွန်ုပ် ကားစင်တင်သတ်ခံရဖို့ ကိုယ်တော် အဘယ်ကြောင့် တောင်းဆိုပါသနည်း။ ကားစင်တင်သတ်ခြင်းမှ ကျွန်ုပ်ကို ချမ်းသာပေး၍ရပါသလော”ဟု ပြောခဲ့သည်ဆိုပါစို့။ ထိုသို့သော တောင်းဆိုချက်များကို သူ ပြုလုပ်ခဲ့ပါက သူလျှောက်ခဲ့သည့် လမ်းကြောင်းသည် အချည်းနှီး ဖြစ်သွားပေမည်။ သို့ရာတွင် ပေတရုသည် ဘုရားသခင်ကို အမြဲ နာခံခဲ့ပြီး သူ၏ အလိုတော်ကို ရှာဖွေခဲ့သည့်လူတစ်ဦးဖြစ်ကာ အဆုံးတွင် သူသည် ဘုရားသခင်၏ အလိုတော်ကို နားလည်ခဲ့ပြီး လုံးဝ ကျိုးနွံနာခံခဲ့သည်။ ပေတရုအနေဖြင့် ဘုရားသခင်၏ အလိုတော်ကို မရှာဖွေခဲ့ဘဲ မိမိကိုယ်ပိုင် အတွေးအခေါ်အတိုင်း ပြုမူဆောင်ရွက်ခဲ့ပါက မှားယွင်းသည့် လမ်းကြောင်းကို လျှောက်ခဲ့မိမည်ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ အလိုတော်ကို တိုက်ရိုက်နားလည်ရန် အစွမ်းအစများ ကင်းမဲ့ကြသော်လည်း သမ္မာတရားကို နားလည်သည့်နောက် မနာခံကြပါက ဘုရားသခင်ကို ၎င်းတို့ သစ္စာဖောက်နေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူတို့က ဘုရားသခင်အပေါ် တောင်းဆိုချက်များ အမြဲ ပြုခြင်းသည် ၎င်းတို့၏ သဘာဝနှင့် ဆက်နွှယ်ပေသည်။ တောင်းဆိုချက်များ ၎င်းတို့ ပြုလေ၊ ၎င်းတို့အနေဖြင့် ပုန်ကန်ကာ အတိုက်အခံ လုပ်လေဖြစ်ပြီး အယူအဆများ ရှိကြလေ ဖြစ်သည်။ တစ်စုံတစ်ဦးက ဘုရားသခင်အပေါ် တောင်းဆိုချက်များ ပြုလေ ၎င်းက သူ့ကို ပုန်ကန်ရန်၊ အတိုက်အခံလုပ်ပြီး ဆန့်ကျင်ရန်ပင် အလားအလာရှိလေ ဖြစ်သည်။ တစ်နေ့တွင် ဘုရားသခင်ကို ၎င်းသစ္စာဖောက်ကာ စွန့်ခွာကောင်း စွန့်ခွာပေမည်။ ဤပြဿနာကို သင် ဖြေရှင်းလိုပါက သမ္မာတရား၏ သွင်ပြင်လက္ခဏာ အတော်များများကို နားလည်ရန် လိုအပ်ပြီး ထိုအရာကို အပြည့်အဝ နားလည်ပြီး လုံးဝ ဖြေရှင်းရန်အလို့ငှာ လက်တွေ့ကျသည့် အတွေ့အကြုံအချို့လည်း ရှိရန် လိုအပ်ပေသည်။

ဘုရားသခင်ကို လူတို့ နာခံနိုင်သည် မနာခံနိုင်သည်ကို တိုင်းတာရာတွင် အဓိကအရာမှာ ၎င်းတို့တွင် သူ့အပေါ် လွန်ကဲသော စိတ်ဆန္ဒများ၊ သို့မဟုတ် ဖုံးကွယ်ထားသည့် ရည်ရွယ်ချက်များ တစ်ခုတလေ ရှိမရှိဖြစ်သည်။ ဘုရားသခင်ကို လူတို့ အမြဲ တောင်းဆိုမှုများ ပြုလျှင် ယင်းက သူ့ကို ၎င်းတို့ မနာခံသည်ကို သက်သေပြ၏။ သင့်ထံ မည်သည့်အရာ ဖြစ်ပျက်ပါစေ သင်သည် ထိုအရာကို ဘုရားသခင်ထံမှ လက်မခံသကဲ့သို့ သမ္မာတရားကို မရှာဖွေဘဲ သင်ကိုယ်တိုင်အတွက် အမြဲ ငြင်းခုံပြီး သင်သာ မှန်ကန်သည်ဟု အမြဲခံစားနေလျှင်၊ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းတရားတို့ ဖြစ်သည်ကို သံသယပင် ထားနိုင်စွမ်းရှိလျှင် သင်သည် ဒုက္ခရောက်လိမ့်မည် ဖြစ်သည်။ ထိုသို့သော လူတို့သည် မာနအထောင်လွှားဆုံးနှင့် ဘုရားသခင်ကို အပုန်ကန်ဆုံးသော သူများ ဖြစ်ကြ၏။ ဘုရားသခင် အပေါ် အမြဲတောင်းဆိုမှုများ ပြုကြသည့် လူများသည် ဘုရားသခင်ကို အမှန်တကယ် မနာခံနိုင်ကြပေ။ သင်သည် ဘုရားသခင်အပေါ် တောင်းဆိုမှုများပြုလျှင် ဤအရာက သင်သည် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားနေသည်၊ သင်၏ ကိုယ်ပိုင် အလိုဆန္ဒကို သင်ရွေးချယ်နေပြီး သင်၏ ထိုအတိုင်း သင်ပြုမူနေသည်ကို သက်သေပြ၏။ ဤတွင် ဘုရားသခင်ကို သင်သစ္စာဖောက်နေပြီး နာခံမှု ကင်းမဲ့ပေသည်။ ဘုရားသခင်ကို တောင်းဆိုမှုများပြုခြင်းသည် သူ့ကိုယ်၌က ဆင်ခြင်တုံတရားမဲ့ခြင်း ဖြစ်သည်။ သူက ဘုရားသခင် ဖြစ်သည်ကို သင် အမှန်တကယ် ယုံကြည်လျှင် သူ့အပေါ် တောင်းဆိုမှုများကို သင် လုပ်ဝံ့လိမ့်မည်မဟုတ်သကဲ့သို့ ထိုတောင်းဆိုမှုများက ကျိုးကြောင်းဆီလျော်သည်ဟု သင် တွေးသည်ဖြစ်စေ၊ မတွေးသည်ဖြစ်စေ သူ့အပေါ် တောင်းဆိုမှုများ ပြုဖို့ သင် အရည်အချင်းပြည့်မီသည်ဟုလည်း ခံစားရလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်မှုရှိပြီး သူက ဘုရားသခင်ဖြစ်သည်ကို ယုံကြည်လျှင် သူ့ကိုသာ ကိုးကွယ်ပြီး နာခံလိမ့်မည်ဖြစ်ကာ အခြားရွေးချယ်စရာမရှိပေ။ ယနေ့ခေတ် လူတို့သည် မိမိတို့ကိုယ်ပိုင် ရွေးချယ်မှုများ ပြုကြသည်သာမက ဘုရားသခင်အား မိမိတို့ကိုယ်ပိုင် အလိုဆန္ဒအတိုင်း ဆောင်ရွက်ရန်ပင် တောင်းဆိုကြသည်။ ဘုရားသခင်ကို နာခံရန် ၎င်းတို့ မရွေးချယ်ကြသည်သာမက ၎င်းတို့ကို နာခံရန်ပင် ဘုရားသခင်ကို တောင်းဆိုကြသည်။ ဤသည်မှာ ဆင်ခြင်တုံတရား အလွန်ကင်းမဲ့ခြင်း မဟုတ်လော။ ထို့ကြောင့် လူတစ်ဦးတွင် စစ်မှန်သည့် ယုံကြည်ခြင်းနှင့် မည်မည်ရရဖြစ်သော ယုံကြည်မှု မရှိပါက ဘုရားသခင်၏ ချီးမွမ်းခြင်းကို ၎င်းတို့ မည်သည့်အခါမျှ မရရှိနိုင်ပေ။ ဘုရားသခင်ကို လူများက သာ၍နည်းပါးသော တောင်းဆိုမှုများ ပြုလုပ်နိုင်သည့်အခါ ၎င်းတို့တွင် စစ်မှန်သော ယုံကြည်ခြင်းနှင့် နာခံခြင်းတို့ သာ၍ ရှိပြီး ၎င်းတို့၏ ဆင်ခြင်တုံတရား အသိစိတ်သည် အတော်အတန် ပုံမှန်ဖြစ်ပေသည်။ လူတို့သည် ငြင်းခုံကျင့်ရှိလေလေ၊ ကျိုးကြောင်းပြချက်များ ရှိလေလေဖြစ်ကာ ၎င်းတို့ကို ကိုင်တွယ်ရ သာ၍ ခက်လေလေဖြစ်သည်မှာ မကြာခဏ ဖြစ်လေ့ရှိသည်။ ၎င်းတို့၌ တောင်းဆိုချက်များစွာ ရှိကြသည်သာမက အနည်းငယ် အလျှော့ပေးလျှင် ကမ်းတက်တတ်လေသည်။ ကဏ္ဍတစ်ခုတွင် စိတ်ကျေနပ်သည့်အခါ နောက်တစ်ခုတွင် တောင်းဆိုမှုများ ၎င်းတို့ ပြုကြလိမ့်မည်။ ၎င်းတို့သည် ကဏ္ဍအားလုံးတွင် စိတ်ကျေနပ်ရမည်ဖြစ်ပြီး ၎င်းတို့ စိတ်မကျေနပ်ပါက စတင် ညည်းညူကြပြီး အမှုအရာများကို မျှော်လင့်ချက်မဲ့သည့် အရာများအဖြစ် လျစ်လျူရှုပြီး မဆင်မခြင် ပြုမူကြလေသည်။ နောက်ပိုင်းတွင် ၎င်းတို့ ကျေးဇူးကြွေးတင်သကဲ့သို့ ခံစားရပြီး နောင်တရကြကာ ခါးသီးသော မျက်ရည်များဖြင့် ငိုကြွေးကြပြီး သေချင်ကြလေသည်။ ယင်းတွင် မည်သည့် အကျိုး ရှိသနည်း။ ၎င်းတို့သည် ကျိုးကြောင်းမဆီလျော်သည့်အပြင် မရပ်မနား စိတ်အနှောင့်အယှက် ဖြစ်ကြသည် မဟုတ်လော။ ဤပြဿနာတသီတတန်းကို အမြစ်မှ ဖြေရှင်းရမည်ဖြစ်သည်။ သင်သည် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားရှိပြီး မဖြေရှင်းပါက၊ ပြီးလျှင် ထိုအရာကို ဖြေရှင်းရန် သင် ဒုက္ခရောက်သည်အထိ၊ သို့မဟုတ် ဘေးဖြစ်စေသည်အထိ စောင့်ဆိုင်းပါက ဤဆုံးရှုံးမှုအတွက် သင် မည်သို့ ထေမိနိုင်သနည်း။ ဤသည်မှာ မြင်းက ကဆုန်စိုင်း ထွက်ပြေးနှင့်ပြီးနောက်မှ တင်းကုပ်တံခါးကို သော့ခတ်ပိတ်ခြင်းနှင့် အနည်းငယ်တူသည် မဟုတ်လော။ ထို့ကြောင့် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ပြဿနာကို လုံးဝ ဖြေရှင်းရန်၊ ထိုအရာ ပထမဆုံး ဖြစ်ပေါ်ချိန်တွင် ဖြေရှင်းရန် သမ္မာတရားကို သင် ရှာဖွေရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို နုစဉ် အခြေအနေတွင် သင် ဖြေရှင်းရမည်၊ ထိုသို့ဖြင့် သင်သည် အမှားတစ်ခုမျှ လုပ်မည်မဟုတ်သည်ကို သေချာစေပြီး နောင်ဒုက္ခများကို တားဆီးရမည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက အမြစ်တွယ်ပြီး လူတစ်ဦး၏ အတွေး၊ ရှုထောင့်အမြင် ဖြစ်လာပါက လူတစ်ဦးကို မကောင်းမှုပြုရန် ညွှန်ကြားနိုင်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့် မိမိကိုယ်ကို သုံးသပ်ခြင်းနှင့် သိမြင်ခြင်းတို့သည် အဓိကအားဖြင့် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ရှာဖွေတွေ့ရှိခြင်းနှင့် ယင်းတို့ကို ဖြေရှင်းဖို့ သမ္မာတရားကို အလျင်အမြန် ရှာဖွေခြင်းအကြောင်း ဖြစ်သည်။ သင်၏ သဘာဝတွင် မည်သည့်အရာများရှိသည်၊ မည်သည့်အရာကို သင် နှစ်သက်သည်၊ မည်သည့်အရာကို သင် လိုက်စားပြီး မည်သည့်အရာကို သင် ရရှိချင်သည်ဆိုသည်တို့ကို သင် သိရမည်။ ယင်းတို့က ဘုရားအလိုတော်နှင့် ကိုက်ညီခြင်း ရှိမရှိနှင့် ယင်းတို့ မည်သည့်နည်းဖြင့် မှားယွင်းသည်ဆိုသည်ကို မြင်ရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း ဤအရာများကို သင်စိစစ်ရမည်။ ဤအရာများကို သင် နားလည်သည်နှင့် သင်၏ မူမမှန်သော ဆင်ခြင်တုံတရားနှင့်ဆိုင်သော ပြဿနာ၊ ဆိုလိုသည်မှာ သင်၏ ကျိုးကြောင်းမဆီလျော်သကဲ့သို့ မရပ်မနား စိတ်အနှောင့်အယှက်ဖြစ်ခြင်း ပြဿနာကို သင် ဖြေရှင်းရမည်ဖြစ်သည်။ ဤသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား၏ ပြဿနာ ဖြစ်သည်သာမက ဆင်ခြင်တုံတရားမဲ့ခြင်းနှင့်လည်း သက်ဆိုင်ပေသည်။ အထူးသဖြင့် ၎င်းတို့၏ အကျိုးစီးပွားများနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် မိမိကိုယ်ကျိုးဖြင့် ထိန်းမနိုင်သိမ်းမရ ဖြစ်ကြသည့် လူများသည် ပုံမှန် ဆင်ခြင်တုံတရား မပိုင်ဆိုင်ကြပေ။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပြီး လူတို့၏ ပျော့ကွက်လည်း ဖြစ်သည်။ လူအချို့က ၎င်းတို့တွင် အစွမ်းအစတစ်ခုခုနှင့် ဆုကျေးဇူးအချို့ရှိသည်ဟု ခံစားရပြီး ခေါင်းဆောင်များဖြစ်ရန်နှင့် ထင်ပေါ်ရန် အမြဲ အလိုရှိကြသောကြောင့် ၎င်းတို့ကို အသုံးပြုရန် ဘုရားသခင်ကို အမြဲတောင်းဆိုကြသည်။ ဘုရားသခင်က ၎င်းတို့ကို အသုံးမပြုပါက “ဘုရားသခင်က ကျွန်ုပ်ကို အဘယ်သို့ မျက်နှာသာ မပေးနိုင်သနည်း။ ဘုရားသခင်၊ အရေးကြီးသည့်အရာတစ်ခုခုကို လုပ်ဆောင်ရန် ကိုယ်တော် ကျွန်ုပ်ကို အသုံးပြုပါက ကိုယ်တော့်အတွက် အသုံးခံရန် ကျွန်ုပ် ကတိပြုပါ၏” ဟု ဆိုကြသည်။ ဤရည်ရွယ်ချက်မျိုးသည် မှန်ကန်သလော။ ဘုရားသခင်အတွက် အသုံးခံရန်မှာ ကောင်းသည့်အရာတစ်ခု ဖြစ်သော်လည်း ဘုရားသခင်အတွက် အသုံးခံရန် ၎င်းတို့၏ လိုလားမှုနောက်ကွယ်တွင် ကြံရွယ်ချက်များရှိသည်။ ၎င်းတို့ ချစ်သည့်အရာမှာ အဆင့်အတန်းဖြစ်ပြီး ဤသည်မှာ ၎င်းတို့ အာရုံစိုက်သည့်အရာ ဖြစ်သည်။ လူတို့သည် အမှန်တကယ် နာခံနိုင်စွမ်းရှိသည့်အခါ ဘုရားသခင်က ၎င်းတို့ကို အသုံးပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ ဘုရားသခင်နောက်သို့ စိတ်နှလုံးအကြွင်းမဲ့ လိုက်နိုင်စွမ်းရှိကာ အဆင့်အတန်း ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘုရားသခင်အတွက် အသုံးခံနိုင်စွမ်းရှိကြသည့်အခါ ထိုအခါမှသာ ၎င်းတို့ကို ဆင်ခြင်တုံတရားပိုင်ဆိုင်ပြီး ဘုရားသခင်ကို နာခံသည်ဟု ယူဆနိုင်ပေသည်။ ဘုရားသခင်အတွက် အသုံးခံရန် လူတို့ လိုလားနေကြပြီး ထိုသို့သော လူတို့ကို ဘုရားသခင်က အသုံးပြုရန် လိုလားနေသည့်အချိန်တွင် ကောင်းမွန်သော်လည်း သမ္မာတရားဖြင့် ၎င်းတို့ မပြင်ဆင်ထားပါက ၎င်းတို့ကို ဘုရားသခင် အသုံးပြုရန် မဖြစ်နိုင်ပေ။ လူတို့သည် သမ္မာတရားအတွက် ကြိုးပမ်းပြီး ပူးပေါင်းလုပ်ဆောင်ရန် လိုလားနေပါက ပြင်ဆင်သည့် အဆင့်ရှိရမည်ဖြစ်သည်။ သမ္မာတရားကို လူတို့ နားလည်ကာ ဘုရားသခင်ကို အစစ်အမှန် နာခံနိုင်သည့်နောက်တွင်သာ ၎င်းတို့ကို ဘုရားသခင်က တရားဝင် အသုံးပြုနိုင်လိမ့်မည် ဖြစ်သည်။ ဤလေ့ကျင့်ခြင်း အဆင့်သည် မုချလိုအပ်ပေသည်။ ယနေ့ခေတ် ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးသည် ဤလေ့ကျင့်သည့် အဆင့်တွင် ရှိကြသည်။ ၎င်းတို့၌ အသက်အတွေ့အကြုံရှိကာ ကိစ္စရပ်များကို စည်းမျဉ်းဖြင့် ကိုင်တွယ်နိုင်သည့်နောက်တွင် ဘုရားသခင်၏ အသုံးပြုခြင်းခံရရန် သင့်တော်ကြလိမ့်မည်ဖြစ်သည်။

လူ့သဘာဝထဲရှိ အမှုအရာများသည် ကိုင်တွယ်ဖြေရှင်းရုံမျှဖြင့် ပြီးသွားသည့် အပြင်ပန်း အပြုအမူများ၊ လက်တွေ့လုပ်ဆောင်မှုများ၊ သို့မဟုတ် အတွေးများနှင့် စိတ်ကူးများကဲ့သို့ မဟုတ်ပေ။ ထိုအရာများကို နည်းနည်းချင်း ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ထိုအရာများသည် လူတို့အတွက် ခွဲခြားရန် မလွယ်ကူသကဲ့သို့ ခွဲခြားထားလျှင်ပင် ပြောင်းလဲရန် မလွယ်ပေ။ ထိုသို့လုပ်ဆောင်ခြင်းက လုံလုံလောက်လောက် နက်နဲသော သိနားလည်မှုတစ်ခု လိုအပ်သည်။ လူ၏ သဘာဝကို ငါတို့ အဘယ်ကြောင့် အမြဲ စိစစ်ကြသနည်း။ ယင်းမှာ မည်သည့်အရာ ဆိုလိုသည်ကို သင် နားမလည်သလော။ လူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ထုတ်ဖော်ပြမှုများသည် မည်သည့်နေရာမှ လာသနည်း။ အားလုံးက ၎င်းတို့၏ သဘာဝအတွင်းမှ လာပြီး အားလုံးကို ၎င်းတို့၏ သဘာဝက စိုးမိုးထားသည်။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ တစ်ခုတိုင်း၊ အတွေးနှင့် စိတ်ကူးတိုင်း၊ ရည်ရွယ်ချက်တိုင်းသည် လူ၏ သဘာဝနှင့် အားလုံး ဆက်နွှယ်ပေသည်။ ထို့ကြောင့် လူ၏ သဘာဝကို တိုက်ရိုက် ဖော်ထုတ်ခြင်းအားဖြင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို အလွယ်တကူ ဖြေရှင်းနိုင်ပေသည်။ လူတို့၏ သဘာဝကို ပြောင်းလဲရန် မလွယ်ကူသော်လည်း မိမိတို့ ထုတ်ဖော်ပြသည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ၎င်းတို့ သိမြင်ကာ ရိပ်စားနိုင်ကြပါက၊ ပြီးလျှင် ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရား ရှာဖွေနိုင်ကြပါက ၎င်းတို့၏ စိတ်သဘောထားများကို တဖြည်းဖြည်း ၎င်းတို့ ဖြေရှင်းနိုင်ကြပေသည်။ လူတစ်ဦးသည် မိမိ၏ အသက်စိတ်သဘောထားတွင် ပြောင်းလဲမှုတစ်ခု စွမ်းဆောင်ရရှိပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ထဲတွင် ဘုရားသခင်ကို အတိုက်အခံလုပ်သည့်အရာများ နည်းသည်ထက် နည်းပါးသွားလိမ့်မည်။ လူ၏သဘာဝကို စိစစ်ခြင်း၏ ရည်ရွယ်ချက်မှာ ၎င်းတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် ဖြစ်သည်။ ဤရည်မှန်းချက်ကို သင် သဘောမပေါက်သေးသကဲ့သို့ သင်၏ သဘာဝကို စိစစ်ပြီး သိနားလည်ရုံမျှဖြင့် ဘုရားသခင်ကို သင် နာခံကာ သင်၏ ဆင်ခြင်တုံတရားကို ပြန်ရရှိနိုင်သည်ဟု တွေးထင်သည်။ သင် လုပ်ဆောင်သမျှမှာ စည်းမျဉ်းများကို ကြောင်းကျိုးမမြင်ဘဲ ကျင့်သုံးခြင်းသာ ဖြစ်သည်။ လူတို့၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းတို့အား ငါ တကယ်ကို မဖော်ထုတ်ခြင်းသည် အဘယ်ကြောင့်နည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော သဘာဝကိုလည်း ငါ အဘယ်ကြောင့် စိစစ်ရမည်နည်း။ ၎င်းတို့၏ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်းနှင့် မာနထောင်လွှားခြင်းတို့ကိုသာ ငါ ဖော်ထုတ်ပါက ပြဿနာ ပြေလည်သွားလိမ့်မည် မဟုတ်။ သို့ရာတွင် ၎င်းတို့၏ သဘာဝကို ငါ စိစစ်ပါက ဤအရာက ခြုံငုံမိသည့် သွင်ပြင်လက္ခဏာများမှာ အလွန် ကျယ်ပြန့်ပြီး ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအားလုံး ပါဝင်ပေသည်။ ထိုအရာမှာ မိမိကိုယ်ကို မှန်ကန်သည်ဟု မှတ်ယူခြင်း၊ မိမိကိုယ်ကို ကြီးကျယ်ခြင်းနှင့် မာနထောင်လွှားခြင်းတို့နှင့်သက်ဆိုင်သည့် နည်းကျဉ်းသော အအတိုင်းအတာထက်ပိုသည်။ သဘာဝသည် ဤအရာထက် များစွာ ပိုမိုပါဝင်သည်။ ထို့ကြောင့် လူတို့က မိမိတို့၏ လွန်ကဲသော စိတ်ဆန္ဒများတွင်၊ ဆိုလိုသည်မှာ ဘုရားသခင်အပေါ် ၎င်းတို့၏ အမျိုးမျိုးသော တောင်းဆိုချက်များအားလုံးတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ မည်မျှ ထုတ်ဖော်ပြနေကြသည်ကိုသာ သတိပြုနိုင်မည်ဆိုလျှင် ကောင်းပေမည်။ လူတို့အနေဖြင့် မိမိတို့ကိုယ်ပိုင် သဘာဝ အနှစ်သာရကို နားလည်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့က မိမိတို့ကိုယ်ကို စက်ဆုပ်ကာ ငြင်းပယ်နိုင်ကြသည်။ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် ၎င်းတို့အတွက် လွယ်ကူလိမ့်မည်ဖြစ်ပြီး လမ်းကြောင်းတစ်ခု ရှိကြလိမ့်မည်။ သို့မဟုတ်ပါက သင်တို့သည် ဖြစ်ကြောင်းရင်းမြစ်ကို လုံးဝ ဖော်ထုတ်မိကြလိမ့်မည်မဟုတ်သကဲ့သို့ ဤသည်မှာ မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း၊ မာနထောင်လွှားခြင်း၊ သို့မဟုတ် မာန၊ သို့မဟုတ် သစ္စာစောင့်သိမှု လုံးဝ မရှိခြင်းသာ ဖြစ်သည်ဟု ပြောကြလိမ့်မည်။ ထိုသို့သော အပေါ်ယံ အကြောင်းအရာများအကြောင်း ပြောဆိုခြင်းသည် သင်၏ ပြဿနာကို ဖြေရှင်းပေးနိုင်သလော။ လူ၏ သဘာဝကို ဆွေးနွေးရန် လိုအပ်ချက်တစ်ခုတလေ ရှိသလော။ အစအဦးတွင် အာဒံနှင့် ဧဝတို့၏ သဘာဝမှာ အဘယ်နည်း။ ၎င်းတို့အတွင်းတွင် ပွင့်လင်းသော ပုန်ကန်မှုကို မဆိုထားနှင့် တမင်ရည်ရွယ်သော အတိုက်အခံလုပ်ခြင်း မရှိပေ။ ဘုရားသခင်ကို နာခံခြင်းက မည်သည့်အရာဖြစ်သည်ကို မဆိုထားနှင့်၊ ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းက မည်သည့်အရာဖြစ်သည်ကိုပင် ၎င်းတို့ မသိခဲ့ကြချေ။ စာတန်က ဖြန့်ဖြူးသည့် မည်သည့်အရာကိုမဆို ၎င်းတို့ စိတ်နှလုံးထဲတွင် လက်ခံခဲ့ကြသည်။ ယခုတွင် စာတန်သည် လူတို့က ဘုရားသခင်ကို အရာခပ်သိမ်းတွင် ပုန်ကန်ကာ အတိုက်အခံလုပ်နိုင်ပြီး သူ့ကို ဆန့်ကျင်ရန် နည်းမျိုးစုံ ကြံဆနိုင်သည့်အတိုင်းအတာတစ်ခုအထိ လူသားမျိုးနွယ်ကို ဖောက်ပြန်ပျက်စီးစေပြီး ဖြစ်သည်။ လူ၏ သဘာဝက စာတန်နှင့် အတူတူပင်ဖြစ်သည်မှာ သိသာပေသည်။ လူ၏ သဘာဝက စာတန်၏ သဘာဝဖြစ်သည်ဟု ငါ အဘယ်ကြောင့် ဆိုသနည်း။ စာတန်သည် ဘုရားသခင်ကို အတိုက်အခံလုပ်သူဖြစ်ပြီး လူတို့တွင် ဆိုးယုတ်သော သဘာဝများရှိကြသောကြောင့် ၎င်းတို့သည် စာတန်နှင့် သက်ဆိုင်ကြ၏။ လူတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်ရန် အမှုအရာများကို တမင်တကာ မလုပ်ကောင်း မလုပ်ဆောင်နိုင်သော်လည်း ၎င်းတို့၏ ဆိုးယုတ်သော သဘာဝကြောင့် ၎င်းတို့၏ အတွေးများအားလုံးသည် ဘုရားသခင်အပေါ် အတိုက်အခံလုပ်တတ်ကြလေသည်။ လူတို့သည် မည်သည့်အရာကိုမျှ လုံးဝ မလုပ်ဆောင်လျှင်ပင် လူ၏အတွင်းပိုင်း အနှစ်သာရသည် ဘုရားသခင်ကို အတိုက်အခံ လုပ်သည့် တစ်စုံတစ်ရာအဖြစ်သို့ ပြောင်းလဲပြီးဖြစ်သောကြောင့် ၎င်းတို့သည် ဘုရားသခင်ကို အတိုက်အခံလုပ်နေကြဆဲ ဖြစ်သည်။ ထို့ကြောင့် မျက်မှောက်ခေတ်လူသည် အသစ်ဖန်ဆင်းခံထားရသည့်လူနှင့် ကွဲပြားခြားနားသည်။ ယခင်က လူတို့အတွင်းတွင် အတိုက်အခံလုပ်ခြင်း၊ သို့မဟုတ် သစ္စာဖောက်ဖျက်ခြင်း မရှိခဲ့၊ ၎င်းတို့သည် အသက်နှင့်ပြည့်ခဲ့ကြပြီး မည်သည့် ဆိုးယုတ်သော သဘာဝမျှ၏ စိုးမိုးခြင်းမခံခဲ့ရပေ။ လူတို့အတွင်းတွင် ဆိုးယုတ်သော သဘာဝ၏ အုပ်စိုးမှု၊ သို့မဟုတ် နှောင့်ယှက်မှုမရှိပါက မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ ဘုရားသခင်ကို အတိုက်အခံ လုပ်ခြင်းအဖြစ် ယူဆ၍ မရနိုင်ပေ။

သဘာဝသည် မည်သည့်အရာ ဖြစ်ပါသနည်း။ သဘာဝသည် လူ၏ အနှစ်သာရဖြစ်၏။ စိတ်သဘောထားများသည် မိမိ၏ သဘာဝမှ ထုတ်ဖော်ပြခြင်းခံရသည့် အရာများဖြစ်ပြီး စိတ်သဘောထားထဲရှိ အပြောင်းအလဲတစ်ခုမှာ မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သန့်စင်စေခြင်း ခံရကာ သမ္မာတရားနှင့် အစားထိုးခံရပြီးဖြစ်ကြောင်းကို ဆိုလိုပေသည်။ ထို့ကြောင့် ထုတ်ဖော်ပြခံရသည့်အရာမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်ဘဲ ပုံမှန်လူ့သဘာဝ၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေသည့်နောက်တွင် လူသည် စာတန်၏ ပြယုဂ်တစ်ခုနှင့် ဘုရားသခင်ကို အတိုက်အခံလုပ်ပြီး သူ့ကို လုံးဝ သစ္စာဖောက်နိုင်စွမ်းရှိသည့် ဆိုးယုတ်သော အရာတစ်မျိုး ဖြစ်လာခဲ့သည်။ ဘုရားသခင်သည် အဘယ်ကြောင့် လူတို့အား မိမိတို့၏ စိတ်သဘောထားများကို ပြောင်းလဲရန် တောင်းဆိုပါသနည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် နောက်ဆုံးတွင် သူ့ကို သိကျွမ်းခြင်းနှင့်ဆိုင်သည့် ထပ်ဆင့် စစ်မှန်မှုများစွာနှင့် သမ္မာတရား၏ သွင်ပြင်လက္ခဏာများ အားလုံး၏ စစ်မှန်မှုများပိုင်ဆိုင်သည့် လူသားများကို ဖန်တီးလျက် လူတို့ကို စုံလင်စေကာ ရရှိလိုသောကြောင့်တည်း။ ဤကဲ့သို့သော လူများသည် ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီကြသည်။ အတိတ်ကာလတွင် လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိခဲ့ကြပြီး တစ်စုံတစ်ရာကို ၎င်းတို့ လုပ်ဆောင်ခဲ့ချိန်တိုင်းတွင် အမှားတစ်ခု ပြုမိခဲ့ကြသော်လည်း၊ သို့မဟုတ် အတိုက်အခံလုပ်ခြင်းတစ်ခု ပြမိခဲ့ကြသော်လည်း ယခုတွင် လူတို့သည် သမ္မာတရားအချို့ကို သိနားလည်ကြကာ ဘုရားသခင်၏ အလိုတော်နှင့် ကိုက်ညီသည့်အရာများစွာကို လုပ်ဆောင်နိုင်ကြသည်။ သို့ရာတွင် ဤသည်မှာ လူတို့က ဘုရားသခင်ကို သစ္စာမဖောက်ကြဟု မဆိုလိုပေ။ လူတို့က ဤအရာကို လုပ်ဆောင်နိုင်ကြဆဲဖြစ်သည်။ ၎င်းတို့၏ သဘာဝမှ ပွင့်ထွက်လာသည့်အရာ၏ တစ်စိတ်တစ်ပိုင်းကို ပြောင်းလဲ၍ရနိုင်ပြီး ပြောင်းလဲနိုင်သည့် အစိတ်အပိုင်းသည် လူတို့က သမ္မာတရားနှင့်အညီ လက်တွေ့လုပ်ဆောင်နိုင်သည့် အပိုင်းဖြစ်သည်။ သို့ရာတွင် သင်သည် ယခုတွင် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရုံဖြင့် သင်၏ သဘာဝ ပြောင်းလဲပြီးဖြစ်သည်ဟု မဆိုလိုပေ။ ထိုအရာမှာ လူတို့က ဘုရားသခင်နှင့်ပတ်သက်၍ အယူအဆများနှင့် တောင်းဆိုချက်များ အမြဲ ထားရှိတတ်လေ့ရှိကာ ယခုတွင် ကဏ္ဍများစွာ၌ ယင်းတို့ကို မထားရှိကြတော့သည့်ပုံကဲ့သို့ ဖြစ်သည်။ သို့ရာတွင် အချို့သော ကိစ္စရပ်များတွင် ၎င်းတို့သည် အယူအဆများ၊ သို့မဟုတ် တောင်းဆိုချက်များ ရှိနိုင်ကြဆဲဖြစ်ပြီး ဘုရားသခင်ကို သစ္စာဖောက်နိုင်ကြဆဲဖြစ်သည်။ သင်က “ဘုရားသခင် လုပ်ဆောင်သည့် မည်သည့်အရာကိုမဆို ကျွန်ုပ် ကျွန်ုပ် ကျိုးနွံနာခံနိုင်ပြီး စောဒကတက်ခြင်းနှင့် တောင်းဆိုချက်များ မရှိဘဲ ကိစ္စရပ်များစွာတွင် နာခံနိုင်ပါသည်”ဟု ဆိုကောင်းဆိုမည်။ သို့ရာတွင် သင်သည် အချို့သော ကိစ္စများတွင် ဘုရားသခင်ကို သစ္စာဖောက်နိုင်ဆဲ ဖြစ်သည်။ သင်သည် ဘုရားသခင်ကို တမင်တကာ သစ္စာမဖောက်သော်လည်း သူ၏ အလိုတော်ကို နားမလည်သည့်အချိန်တွင် သင် ဆန့်ကျင်နိုင်ဆဲ ဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲနိုင်သည့် အပိုင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအရာမှာ သင်သည် ဘုရားသခင်၏ အလိုတော်ကို နားလည်သည့်အခါ နာခံနိုင်ပြီး သမ္မာတရားကို နားလည်သည့်အခါ လက်တွေ့လုပ်ဆောင်နိုင်သည်ဟု ဆိုခြင်းသာ ဖြစ်သည်။ သင်သည် အချို့သော ကိစ္စများတွင် သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကိုဖြစ်စေ နားမလည်ပါက ဖောက်ပြန်ပျက်စီးခြင်းကို ထုတ်ဖော်ပြနိုင်သည့် ဖြစ်နိုင်ခြေရှိနေဆဲ ဖြစ်သည်။ သင်သည် သမ္မာတရားကို နားလည်သော်လည်း အချို့သောအရာများ၏ ဘောင်ခတ်မှုခံရသောကြောင့် လက်တွေ့လုပ်ဆောင်ခြင်း မရှိပါက ဤသည်မှာ သစ္စာဖောက်ဖျက်ခြင်းဖြစ်ပြီး ဤသည်မှာ သင်၏ အနှစ်သာရရှိ တစ်စုံတစ်ရာဖြစ်သည်။ သင်၏ စိတ်သဘောထား မည်မျှပြောင်းလဲနိုင်သည်ဆိုသည့်အရာအတွက် အကန့်အသတ် မရှိသည်မှာ အမှန်ဖြစ်၏။ သမ္မာတရားများကို သင် ရရှိလေ ဘုရားသခင်အပေါ် သင်၏ သိကျွမ်းခြင်းသည် သာ၍ နက်ရှိုင်းလာလေ ဖြစ်သည်၊ သူ့ကို သင် အတိုက်အခံလုပ်ကာ သစ္စာဖောက်မှု လျော့လေဖြစ်လိမ့်မည်။ မိမိ၏ စိတ်သဘောထားကို ပြောင်းလဲရန် ကြိုးစားခြင်းသည် သမ္မာတရားကို လိုက်စားခြင်းအားဖြင့် အဓိက စွမ်းဆောင်ရရှိပြီး မိမိကိုယ်ပိုင် သဘာဝ အနှစ်သာရကို သိနားလည်ခြင်းကို သမ္မာတရားအား သိနားလည်ခြင်းမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ အကြင်သူသည် သမ္မာတရားကို အမှန်တကယ် ရရှိသည့်အခါ ၎င်း၏ ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်။

၁၉၉၉ ခုနှစ်၊ ဆောင်းရာသီ

အရှေ့သို့- လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို သင်သိသလော

နောက်တစ်ခုသို့- ခရစ်တော်၏ အနှစ်သာရသည် ချစ်ခြင်းမေတ္တာဖြစ်သည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။