ဘုရားသခင်သည် များပြားသော ချစ်ခြင်းမေတ္တာကို ကျွန်ုပ်အား ပေးပြီ
၁
အို ဘုရားသခင်။ ကိုယ်တော်၏ တရားစီရင်ခြင်းက အလွန် စစ်မှန်ပြီး ဖြောင့်မတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ဖြင့် ပြည့်ပေ။
လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အမှန်တရားအကြောင်း သင်၏ ထုတ်ဖော်ပြခြင်းများက ကျွန်ုပ်ကို လုံးလုံးလျားလျား ဖော်ထုတ်ခံရစေသည်။
ကိုယ်တော်၏ ကောင်းချီးမင်္ဂလာကို ရရှိဖို့ရန်သာ နှစ်ကာလများစွာ ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် အသုံးခံခဲ့ပြီး ကိုယ့်ကိုယ်ကိုယ် အလုပ်များစေခဲ့ပုံတို့ကို ကျွန်ုပ် တွေးမိခဲ့သည်။
လူအုပ်မှ ထင်ပေါ်နိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းရင်းနှင့် အလုပ်လုပ်ရင်း ရှင်ပေါလုကို ကျွန်ုပ် အတုခိုးခဲ့သည်။
ကိုယ်တော်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များက ကျွန်ုပ် မည်မျှ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်စရာဖြစ်ခဲ့သည်ကို မြင်စေခဲ့သည်။
အရှက်ရလျက်နှင့် အနေခက်လျက်ဖြင့် မြေကြီးပေါ်သို့ ကျွန်ုပ်လဲကျ၊ ကိုယ်တော်၏ မျက်နှာတော်ကို ကျွန်ုပ် မျှော်ကြည့်ရန် မထိုက်လှပြီ။
ကြိမ်ဖန်များစွာ ကျွန်ုပ် လျှောက်ခဲ့သည့် လမ်းကြောင်းကို ကျွန်ုပ် ပြန်လှည့်ကြည့်မိခဲ့သည်။
ယခုအထိ ကျွန်ုပ်ကို လမ်းကြောင်း၏ခြေလှမ်းတိုင်းတွင် ရှေ့ဆောင်လမ်းပြရင်း၊ ကျွန်ုပ်ကို စောင့်ရှောက်ကာ ကွယ်ကာခဲ့သည်မှာ ကိုယ်တော် ဖြစ်ခဲ့ပေ။
ကျွန်ုပ်ကို ကယ်တင်ရန် ကိုယ်တော် မည်မျှ ဆုံးရှုံးနစ်နာခဲ့သည်ကို ကျွန်ုပ် မြင်ရသည်၊ ယင်းမှာ ကိုယ်တော်၏ ချစ်မေတ္တာသက်သက် ဖြစ်ပေ။
၂
အို ဘုရားသခင်။ ကိုယ်တော်၏ တရားစီရင်ခြင်းကို တွေ့ကြုံခြင်းအားဖြင့်၊ ကိုယ်တော်၏ စစ်မှန်သော ချစ်မေတ္တာကို ကျွန်ုပ် မြည်းစမ်းရပြီးဖြစ်သည်။
ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် သိဖို့နှင့် စစ်မှန်စွာ နောင်တရဖို့ အခွင့်ပေးသည်မှာ ကိုယ်တော်၏ တရားစီရင်ခြင်း ဖြစ်ပေ။
ကျွန်ုပ် ဖောက်ပြန်ပျက်စီးလွန်း၍ ကျွန်ုပ်ကို တရားစီရင်ပြီး သန့်စင်စေရန် ကိုယ်တော့်ကို ကျွန်ုပ် အကယ်ပင် လိုအပ်ပေ။
ကိုယ်တော်၏ တရားစီရင်ခြင်း မရှိပါဘဲ၊ အမှောင်ထဲတွင် ကျွန်ုပ် စမ်းတဝါးဝါးသာ ဖြစ်လိမ့်မည်။
ကျွန်ုပ်ကို အသက်၏ အလင်းလမ်းသို့ ပို့ဆောင်ခဲ့သည်မှာ ကိုယ်တော်၏ နှုတ်ကပတ်တော်များဖြစ်သည်။
ကိုယ်တော့်ကို ချစ်ခြင်းနှင့် ကိုယ်တော့်အတွက် အသက်ရှင်ခြင်းသည် အဓိပ္ပါယ်အရှိဆုံးသော ရှာဖွေလိုက်စားခြင်းဖြစ်သည်ဟု ကျွန်ုပ် ခံစားရသည်။
ကျွန်ုပ် လျှောက်ခဲ့သည့်လမ်းကို ကြိမ်ဖန်များစွာ ကျွန်တော် ပြန်ကြည့်မိသည်။
ကိုယ်တော်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့သည် ကိုယ်တော်၏ ကောင်းချီးမင်္ဂလာနှင့် စစ်မှန်သော မေတ္တာဖြစ်ပေ။
သမ္မာတရားကို ကျွန်ုပ် နားလည်ပြီး ကိုယ်တော့်အတွက် ပိုမိုသန့်စင်သော ချစ်ခြင်းမေတ္တာ ရရှိမည်။ ကျွန်ုပ် မည်မျှ ဒုက္ခဆင်းရဲခံစားရပါစေ၊ ကျွန်ုပ် လိုလားလျက် ရှိပါ၏။