ဘုရားသခင်ကိုယ်တော်တိုင်သည် သမ္မာတရားနှင့် အသက်ဖြစ်၏ကျူး
ဘုရားသခင် ကိုယ်တိုင်သည် အသက်ဖြစ်၏။ သမ္မာတရားလည်းဖြစ်၍ သူ၏အသက်နှင့် သမ္မာတရားတို့ အတူယှဉ်လျက် တည်ရှိကြ၏။ သမ္မာတရားကို ရရှိနိုင်စွမ်း မရှိသူများသည် မည်သည့်အခါမျှ အသက်ကို ရရှိလိမ့်မည် မဟုတ်။ သမ္မာတရား၏ လမ်းပြမှု၊ ပံ့ပိုးမှုနှင့် ထောက်ပံ့မှုမရှိလျှင် သင်သည် ကျမ်းဟောင်းတရားများ၊ အယူဝါဒများအပြင် သေခြင်းကိုသာ ရရှိလိမ့်မည် ဖြစ်သည်။ ဘုရားသခင်၏ အသက်သည် အစဉ်ရှိနေ၍ သူ၏သမ္မာတရားနှင့် အသက်တို့သည် အတူယှဉ်လျက်တည်ရှိ၏။ သင်သည် သမ္မာတရား၏ အရင်းအမြစ်ကို ရှာမတွေ့နိုင်ပါက သင်သည် အသက်၏အာဟာရကို ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် အသက်၏ ထောက်ပံ့မှုကို မရရှိနိုင်ပါက သင့်တွင် သမ္မာတရားရှိမည် မဟုတ်သည်မှာ သေချာသဖြင့် စိတ်ကူးယဉ်မှုများနှင့် အတွေးအခေါ်များမှလွဲ၍ သင်၏ခန္ဓာကိုယ် တစ်ခုလုံးသည် သင်၏နံစော်သော အသွေးအသားမှအပ မည်သည့်အရာမျှ ဖြစ်လိမ့်မည် မဟုတ်။ စာအုပ်တို့၏ စကားလုံးများသည် အသက်မဟုတ်ကြောင်းကို သိထားပါ။ သမိုင်းမှတ်တမ်းများကို သမ္မာတရားအဖြစ် တခမ်းတနား ဂုဏ်မပြုနိုင်ပါ။ ထို့အပြင် အတိတ်မှ အယူဝါဒများသည် ဘုရားသခင်က ပစ္စုပ္ပန်တွင်ပြောသော နှုတ်ကပတ်တော်များအဖြစ် ဆောင်ရွက်နိုင်ခြင်း မရှိပါ။ ဘုရားသခင် ကမ္ဘာမြေကြီးသို့ လာ၍ လူသားအကြား နေထိုင်သည့်အခါတွင် ဖော်ထုတ်သော အရာသည်သာ သမ္မာတရား၊ အသက်၊ ဘုရားသခင်၏ အလိုနှင့် သူ၏လက်ရှိ အမှုဆောင်နည်း ဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။