အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)
ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၃)
ဤအချိန်ကာလအတွင်းတွင် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ဆက်နွှယ်သည့် အမှုအရာများစွာအကြောင်း ငါတို့ ပြောဆိုပြီးဖြစ်ကာ၊ လတ်တလောတွင် ဤအရာနှင့်ဆက်နွှယ်ပြီး အလွန်အရေးကြီးသည့် အကြောင်းအရာ တစ်ခုကို ငါတို့ ပြောခဲ့သည်။ အကြောင်းအရာမှာ မည်သည့်အရာဖြစ်သနည်း။ (ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။) ငါပြောခဲ့သည့် အချက်များနှင့် ခေါင်းစဉ်က အယောက်တိုင်းအပေါ် သိသာသည့် ထင်မြင်ချက်တစ်ခု ပေးခဲ့ပုံရသည်။ ပြီးခဲ့သည့်အခေါက်က လူသားမျိုးနွယ်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်၏ လက္ခဏာသွင်ပြင် အနည်းငယ်နှင့် လူသားမျိုးနွယ်အတွက် ဘုရားသခင် ပြင်ဆင်ထားပြီးဖြစ်သည့် လူတို့အတွက် အသက်ရှင်ဖို့ အာဟာရအမျိုးအစား များစွာအကြောင်းကို ငါတို့ ပြောခဲ့ကြသည်။ အမှန်တွင် ဘုရားသခင် လုပ်ဆောင်ခဲ့သည့်အရာသည် လူတို့၏ ရှင်သန်ခြင်းအတွက် ပတ်ဝန်းကျင်တစ်ခု ပြင်ဆင်ပေးခြင်းအထိ ကန့်သတ် မထားသကဲ့သို့၊ ၎င်းတို့၏ နေ့စဉ်အာဟာရကို ပြင်ဆင်ပေးခြင်း အထိသာ ကန့်သတ်ထားခြင်းလည်း မဟုတ်ပေ။ ယင်းထက် လူတို့၏ ရှင်သန်ခြင်းနှင့် လူသားမျိုးနွယ်၏ အသက်တာများ အတွက် အမျိုးမျိုးသော ရှုထောင့်များနှင့် လက္ခဏာသွင်ပြင်များစွာ ပါဝင်သော နက်နဲပြီး လိုအပ်သည့် အမှုများစွာ ပြည့်စုံစေခြင်း ပါရှိလေသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်သည်။ ဘုရားသခင်၏ ဤလုပ်ဆောင်ချက်များသည် လူတို့၏ ရှင်သန်ခြင်းနှင့် ၎င်းတို့၏ နေ့စဉ်အာဟာရအတွက် ပတ်ဝန်းကျင်တစ်ခု ပြင်ဆင် ပေးခြင်းတွင်သာ ကန့်သတ်မထားပေ- ယင်းတို့သည် ထို့ထက်ပို၍ များစွာ ကျယ်ပြန့်သည့် နယ်ပယ်တစ်ခုရှိသည်။ ဤအမှုနှစ်မျိုးမှအပ၊ လူသားအတွက် အသက်ရှင်ဖို့ လိုအပ်သည့် ရှင်သန်ခြင်းအတွက် ပတ်ဝန်းကျင်များနှင့် အခြေအနေ များစွာကိုလည်း သူ ပြင်ဆင်ပေးလေသည်။ ဤသည်မှာ ယနေ့ ငါတို့ဆွေးနွေးမည့် အကြောင်းအရာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်လည်း ဆက်နွှယ်မှု ရှိသည်။ သို့မဟုတ်ပါက ယင်းအကြောင်းကို ဤနေရာတွင် ပြောဆိုခြင်းသည် အဓိပ္ပာယ်မရှိဖြစ်ပေမည်။ လူတို့သည် ဘုရားသခင်ကို သိချင်သော်လည်း၊ စကားလုံးတစ်လုံးအဖြစ် “ဘုရားသခင်” နှင့်သက်ဆိုင်သည့် တိုက်ရိုက် သိမြင်နားလည်မှု တစ်ခုသာ ရှိပါက၊ သို့မဟုတ် ဘုရားသခင်၏ အရာအားလုံးနှင့် ဖြစ်ခြင်း၏ အမျိုးမျိုးသော လက္ခဏာသွင်ပြင်များနှင့်ဆိုင်သည့် တိုက်ရိုက် သိနားလည်မှုတစ်ခုသာ ရှိပါက၊ ယင်းမှာ စစ်မှန်သည့် သိနားလည်မှု မဟုတ်ပေ။ သို့ဆိုလျှင် ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိပညာဆီသို့ သွားသည့် လမ်းကြောင်းမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းမှာ သူ၏လုပ်ဆောင်ချက်များ မှတစ်ဆင့် သူ့ကို သိကျွမ်းလာခြင်းနှင့် သူ၏လက္ခဏာသွင်ပြင် များစွာအားလုံးဖြင့် သူ့ကို သိကျွမ်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့်ဆိုင်သည့် အကြောင်းအရာ အပေါ် ငါတို့ နောက်ထပ် မိတ်သဟာယ ပြုရမည်ဖြစ်သည်။
အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ကတည်းက၊ ထိုအရာအားလုံးသည် စနစ်ကျသည့် နည်းလမ်းနှင့် သူ ပြဋ္ဌာန်းထားသည့် နိယာမများနှင့်အညီ လည်ပတ်နေကြပြီး ဆက်လက် တိုးတက်နေကြပြီးဖြစ်သည်။ သူ၏ အကြည့်အောက်တွင်၊ သူ၏ အုပ်စိုးမှုအောက်တွင်၊ လူသားမျိုးနွယ်သည် ရှင်သန်ပြီးဖြစ်ကာ တစ်လျှောက်လုံးတွင် အရာခပ်သိမ်းသည် စနစ်ကျသည့် နည်းလမ်းဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး ဖြစ်သည်။ ဤနိယာမများကို ပြောင်းလဲနိုင်သည့်အရာ သို့မဟုတ် ဖျက်ဆီးနိုင်သည့်အရာ မည်သည့်အရာမျှ မရှိပေ။ သတ္တဝါအားလုံး ပွားများနိုင်သည်မှာ ဘုရားသခင်၏ အုပ်စိုးမှုကြောင့် ဖြစ်ပြီး သတ္တဝါအားလုံး ရှင်သန်နိုင်သည်မှာ သူ၏ အုပ်စိုးမှုနှင့် စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် သတ္တဝါအားလုံး ဖြစ်တည်လာသည်၊ ရှင်သန်သည်၊ ပျောက်ကွယ်ကာ အစီအစဉ်တကျပုံစံဖြင့် ပြန်ဝင်စား ကြလေသည်။ နွေဦးရာသီ ရောက်သည့်အခါတွင်၊ ဖွဲဖွဲရွာနေသည့် မိုးက လတ်ဆတ်သည့် ရာသီနှင့်ဆိုင်သော ခံစားချက်ကို ဆောင်ကြဉ်းလာပြီး ကမ္ဘာမြေကို စွတ်စိုစေသည်။ မြေပြင်သည် စတင်ပျော့ပျောင်းလာကာ မြက်ပင်များက မြေဆီလွှာကို ဖြတ်သန်းထိုးတက်ကာ အညှောင့်စထွက်စဉ်တွင်၊ သစ်ပင်များက တဖြည်းဖြည်း အစိမ်းရောင် သန်းလာကြသည်။ ဤသက်ရှိအရာ အားလုံးက ကမ္ဘာမြေကြီးဆီသို့ လတ်ဆတ်သည့် ရှင်သန်တက်ကြွမှု ဆောင်ကြဉ်းလာသည်။ ဤသည်မှာ သတ္တဝါအားလုံး ဖြစ်တည်လာပြီး ရှင်သန်လာနေချိန်ကဲ့သို့ပင် ဖြစ်သည်။ တိရစ္ဆာန်မျိုးစုံသည် နွေဦး၏ နွေးထွေးမှုကို ခံစားပြီး နှစ်သစ်တစ်ခုကို စတင်ရန် ၎င်းတို့၏ တွင်းများထဲမှ ထွက်လာကြသည်။ သက်ရှိသတ္တဝါ အားလုံးသည် နွေရာသီအတွင်းတွင် နေပူစာလှုံကြပြီး ရာသီဥတုက သယ်ဆောင် လာသည့် နွေးထွေးမှုကို နှစ်သက်ခံစားကြသည်။ ၎င်းတို့ လျင်မြန်စွာ ကြီးထွားကြသည်။ သစ်ပင်များ၊ မြက်ပင်များနှင့် အပင်အမျိုးအစား အားလုံးသည် အလွန် လျင်မြန်သည့်နှုန်းဖြင့် ကြီးထွားနေကြသည်မှာ နောက်ဆုံးတွင် ဖူးပွင့်ကာ အသီးသီးကြသည်အထိ ဖြစ်သည်။ လူသားတို့ အပါအဝင် သက်ရှိသတ္တဝါအားလုံးသည် နွေရာသီအတွင်းတွင် အလွန်အလုပ်များကြသည်။ ဆောင်းဦးရာသီတွင်၊ မိုးသည် ဆောင်းဦးရာသီ၏ အေးမြမှုကို သယ်ဆောင်လာပြီး သက်ရှိသတ္တဝါ အမျိုးအစားအားလုံးသည် ရိတ်သိမ်းခြင်း ရာသီ ရောက်ရှိခြင်းကို စတင်ခံစားကြရသည်။ အရာအားလုံးသည် အသီးသီးကြပြီး၊ ဆောင်းရာသီအတွက် ပြင်ဆင်ရာတွင် အစားအစာရှိရန်အလို့ငှာ လူသားတို့သည် ဤအသီးအနှံ အမျိုးအစား အမျိုးမျိုးကို စတင်ရိတ်သိမ်း ကြသည်။ ဆောင်းရာသီတွင် အရာအားလုံးသည် အေးမြသည့်ရာသီ စတင်လာသည်နှင့်အမျှ ဆိတ်ငြိမ်မှုနှင့် ငြိမ်သက်မှုတို့တွင် တဖြည်းဖြည်း စတင်နေသားကျ လာကြပြီး၊ လူတို့သည်လည်း ဤရာသီ အတောအတွင်းတွင် အနားယူကြလေသည်။ တစ်ရာသီမှ တစ်ရာသီ၊ နွေဦးရာသီမှ နွေရာသီ၊ ဆောင်းဦးရာသီ၊ ဆောင်းရာသီသို့၊ ကူးပြောင်းခြင်း- ဤပြောင်းလဲမှုများသည် ဘုရားသခင် တည်ထောင်ခဲ့သည့် နိယာမများအတိုင်း အားလုံး ဖြစ်ပေါ်ကြခြင်း ဖြစ်သည်။ သူသည် ဤနိယာမများကို အသုံးပြုလျက် အရာခပ်သိမ်းနှင့် လူသားမျိုးနွယ်ကို ဦးဆောင်ပြီး ခြားနားသည့်အပူချိန်များနှင့် ရာသီဥတုများရှိသည့် ရှင်သန်ခြင်းအတွက် ပတ်ဝန်းကျင်တစ်ခုကို ပြင်ဆင်ရင်း၊ လူသားမျိုးနွယ်အတွက် ထူးကဲဆန်းစုံပြီး စိတ်ဝင်စားဖွယ်ကောင်းသော ဘဝလမ်းခရီး တစ်ခုကို ဖန်တီးခဲ့သည်။ ထို့ကြောင့် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်မျိုးအတွင်းတွင်၊ လူသားများသည် စနစ်ကျသည့်နည်းလမ်းတစ်ခုဖြင့် ရှင်သန်ကာ တိုးပွားနိုင်လေသည်။ လူသားများက ဤနိယာမများကို မပြောင်းလဲနိုင်သကဲ့သို့၊ မည်သည့် လူ သို့မဟုတ် သတ္တဝါကမျှ ယင်းတို့ကို မချိုးဖောက်နိုင်ပေ။ မရေတွက်နိုင်သော ပြောင်းလဲမှုများ ဖြစ်ပွားပြီးဖြစ်သော်လည်း- ပင်လယ်များက ကွင်းပြင်များ ဖြစ်လာစဉ် ကွင်းပြင်များက ပင်လယ်များဖြစ်လာကာ- ဤနိယာမများက ဆက်လက် တည်ရှိနေသည်။ ဘုရားသခင် တည်ရှိသောကြောင့်၊ ပြီးလျှင် သူ၏အုပ်စိုးမှုနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ထိုနိယာမများ တည်ရှိပေသည်။ ဤစနစ်ကျသည့် ပိုမိုကြီးမားသည့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်သော ပတ်ဝန်းကျင်မျိုးဖြင့်၊ လူတို့၏ ဘဝများသည် ဤနိယာမများနှင့် စည်းမျဉ်းများအတွင်းတွင် ရှေ့ဆက်လေသည်။ ဤနိယာမများအောက်တွင် လူတို့၏ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ဖြစ်ပေါ်စေပြီး လူတို့၏ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်သည် ထိုနိယာမများ အောက်တွင် ရှင်သန်ကြပြီး ဖြစ်သည်။ လူတို့သည် ရှင်သန်ခြင်းအတွက် ဤစနစ်ကျသည့် ပတ်ဝန်းကျင်အပြင်၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက်အတွက် ဘုရားသခင် ဖန်ဆင်းခဲ့သည့် များစွာသော အရာအားလုံးကို မွေ့လျော်ကြပြီး ဖြစ်သည်။ ဤနိယာမအမျိုးအစားများသည် ပင်ကိုအားဖြင့် ဖြစ်သည်ဟု ခံစားကြပြီး ယင်းတို့ကို အထင်သေးစွာ အလေးမမှုကြသော်လည်း၊ ၎င်းတို့သည် ဤနိယာမများကို ဘုရားသခင်က စီစဉ်ညွှန်ကြားနေသည်၊ ဤနိယာမများအပေါ် ဘုရားသခင် အုပ်စိုးနေသည်ဆိုသည်ကို မခံစားနိုင်ကြသော်လည်း၊ မည်သို့ပင်ဖြစ်စေကာမူ ဘုရားသခင်သည် ဤမပြောင်းလဲသည့်အမှုတွင် အမြဲ ပါဝင်ပတ်သက်ပေသည်။ ဤမပြောင်းလဲသည့် အမှုတွင် သူ၏ရည်ရွယ်ချက်သည် လူသားမျိုးနွယ်၏ ရှင်သန်ခြင်းနှင့် လူသားမျိုးနွယ်က ဆက်လက်ရှင်သန်နိုင်ဖို့အလို့ငှာ ဖြစ်ပေသည်။
လူသားမျိုးနွယ်အားလုံးကို ပြုစုပျိုးထောင်ရန်အလို့ငှာ ဘုရားသခင်သည် အရာခပ်သိမ်းအတွက် နယ်နိမိတ်များ ချမှတ်သည်
ယနေ့ အရာခပ်သိမ်းအပေါ် ဘုရားသခင် ဖြစ်ပေါ်စေပြီး ဖြစ်သည့် ဤနိယာမ အမျိုးအစားများက လူသားမျိုးနွယ် အားလုံးအား မည်သို့ ပြုစုပျိုးထောင်ပုံနှင့်ဆိုင်သည့် အကြောင်းအရာကို ငါ ပြောမည် ဖြစ်သည်။ ဤသည်မှာ တော်တော်ကြီးမားသည့် အကြောင်းအရာ ဖြစ်၏၊ ထို့ကြောင့် သင်တို့အတွက် ယင်းတို့ကို ရှင်းရှင်းလင်းလင်း အသေးစိတ် ချပြနိုင်ရန်အလို့ငှာ ယင်းကို အပိုင်းအချို့အဖြစ်သို့ ခွဲလိုက်ပြီး တစ်ခုချင်းဆွေးနွေးနိုင်သည်။ ဤနည်းဖြင့် သင်တို့အတွက် သဘောပေါက်ဖို့ သာ၍ လွယ်ကူလိမ့်မည်ဖြစ်ပြီး၊ တဖြည်းဖြည်း သင်တို့ နားလည်နိုင်ပေသည်။
ပထမပိုင်း- မြေပြင်အနေအထား တစ်မျိုးစီအတွက် ဘုရားသခင်က နယ်နိမိတ်များ သတ်မှတ်သည်
သို့ဆိုလျှင် ပထမဆုံး အပိုင်းဖြင့် စလိုက်ကြစို့။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် တောင်များ၊ လွင်ပြင်များ၊ ကန္တာရများ၊ တောင်ကုန်းများ၊ မြစ်များနှင့် အင်းအိုင်များအတွက် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေပေါ်တွင် တောင်များ၊ လွင်ပြင်များ၊ ကန္တာရများနှင့် တောင်ကုန်းများအပြင် ရေအစုအဝေးများအမျိုးမျိုး ရှိသည်။ ဤအရာများသည် မတူညီသည့် မြေပြင်အနေအထားများ ဖြစ်သည် မဟုတ်လော။ ထိုအရာများကြားတွင်၊ ဘုရားသခင်သည် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ နယ်နိမိတ်များ ရေးဆွဲခြင်းနှင့်ပတ်သက်၍ ငါတို့ ပြောသည့်အခါတွင်၊ ယင်းမှာ တောင်များက မိမိတို့၏ အကန့်အသတ်ဘောင်များ ရှိသည်၊ လွင်ပြင်များက မိမိတို့၏ ကိုယ်ပိုင် အကန့်အသတ်ဘောင်များ ရှိသည်၊ ကန္တာရများက နယ်နိမိတ် တချို့ရှိပြီး တောင်ကုန်းများက ပုံသေ နယ်ပယ်တစ်ခု ရှိသည်ဟု ဆိုလိုပေသည်။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေအစုအဝေးများနှင့်ဆိုင်သည့် ပုံသေပမာဏ တစ်ခုလည်း ရှိလေသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် အရာရာတိုင်းကို ရှင်းလင်းလင်းလင်း ခွဲခြားခဲ့သည်။ သတ်မှတ်ထားသည့် မည်သည့် တောင်မဆို၏အချင်းဝက်က ကီလိုမီတာ မည်မျှရှိသင့်ပြီး ယင်း၏အတိုင်းအတာက မည်သည့်အရာ ဖြစ်သည် ဆိုသည်တို့ကို ဘုရားသခင် တွက်ချက်ထားပြီး ဖြစ်သည်။ သတ်မှတ်ထားသည့် မည်သည့် လွင်ပြင်မဆို၏ အချင်းဝက်က ကီလိုမီတာ မည်မျှရှိသင့်ပြီး၊ ယင်း၏အတိုင်းအတာက မည်သည့်အရာဖြစ်သည်ကိုလည်း သူ တွက်ချက်ပြီးဖြစ်သည်။ အရာခပ်သိမ်းကို ဖန်ဆင်းနေချိန်တွင်၊ ကန္တာရများ၏ နယ်နိမိတ်များအပြင်၊ တောင်ကုန်းများ၏ အပိုင်းအခြားနှင့် ယင်းတို့၏ အချိုးအစားများ၊ ပြီးလျှင် အဘယ်အရာဖြင့် ၎င်းတို့ကို နယ်သတ်မှတ်ထားသည် စသည်တို့ကိုလည်း သူ တွက်ချက်ခဲ့သည်- ဤအရာ အားလုံးကို သူက ချမှတ်ထားခဲ့ခြင်းဖြစ်သည်။ မြစ်များနှင့် အင်းအိုင်များ၏ အပိုင်းအခြားကို ၎င်းတို့အား ဖန်ဆင်းခြင်း လုပ်ဆောင်ချက်အတွင်းတွင် သူ တွက်ချက်ခဲ့သည်- ၎င်းတို့အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် နယ်နိမိတ်များ ရှိကြသည်။ သို့ဆိုလျှင် “နယ်နိမိတ်များ” ဟု ငါတို့ ပြောဆိုသည့်အခါတွင် အဘယ်အရာကို ဆိုလိုသနည်း။ အရာခပ်သိမ်းအတွက် နိယာမများကို တည်ထောင်ခြင်းအားဖြင့် ဘုရားသခင်က အရာခပ်သိမ်းအပေါ် မည်သို့ အုပ်စိုးကြောင်းကို ငါတို့ ခုတင် ဆွေးနွေးခဲ့ကြသည်။ ဆိုလိုသည်မှာ တောင်များ၏ အပိုင်းအခြားနှင့် နယ်နိမိတ်များသည် ကမ္ဘာ၏လည်ပတ်မှုကြောင့် သို့မဟုတ် အချိန်ကုန်လွန်မှုကြောင့် တိုးချဲ့သွားလိမ့်မည်မဟုတ်၊ သို့မဟုတ် လျော့သွားလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် ပုံသေဖြစ်၏၊ မပြောင်းလဲကြသကဲ့သို့ ၎င်းတို့၏ မပြောင်းလဲနိုင်ခြင်းကို ချမှတ်သူမှာ ဘုရားသခင် ဖြစ်သည်။ လွင်ပြင်များ၏ ဧရိယာများ အတွက်မူ၊ ၎င်းတို့၏ အပိုင်းအခြားက အဘယ်အရာ ဖြစ်သည်၊ ၎င်းတို့ကို အဘယ်အရာနှင့် နယ်သတ်မှတ်ထားသည်- ဤအရာကို ဘုရားသခင်က ချမှတ်ထားပြီးဖြစ်သည်။ ၎င်းတို့သည် နယ်နိမိတ်များ ရှိကြပြီး၊ ယင်းမှာ မြေကြီး၏ တောင်ပူစာတစ်ခုသည် လွင်ပြင်တစ်ခု၏ မြေပြင်မှ ကြုံရာကျပန်း ပေါ်ထွက်လာဖို့ မဖြစ်နိုင်သကဲ့သို့ ဖြစ်သည်။ လွင်ပြင်သည် ရုတ်တရက် တောင်အဖြစ် ပြောင်းမသွားနိုင်ပေ- ဤသည် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ယခုတင် ငါတို့ ပြောခဲ့သည့် နိယာမများနှင့် နယ်နိမိတ်များ၏ အဓိပ္ပာယ် ဖြစ်သည်။ ကန္တာရအတွက်မူ၊ သဲကန္တာရ၏ တိကျသည့် အသုံးဝင်မှုများ သို့မဟုတ် အခြားမြေအနေအထား အမျိုးအစား သို့မဟုတ် ပထဝီဝင်ဆိုင်ရာ နေရာကို ဤနေရာ၌ ငါတို့ ပြောမည်မဟုတ်ဘဲ၊ ၎င်းတို့၏ နယ်နိမိတ်များကိုသာ ပြောမည် ဖြစ်သည်။ ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ကန္တာရ၏ အကန့်အသတ်များသည်လည်း ကျယ်လာလိမ့်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ယင်းအား သူ၏နိယာမ၊ သူ၏အကန့်အသတ်များကို ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ သူ၏နေရာက မည်မျှကြီးမားပြီး၊ သူ၏ အသုံးဝင်မှုက အဘယ်အရာဖြစ်သည်၊ အဘယ်အရာနှင့် နယ်သတ်မှတ်ထားပြီး၊ အဘယ်အရပ်၌ ရှိသည်- ဤအရာကို ဘုရားသခင်က ချမှတ်ထားနှင့်ပြီး ဖြစ်သည်။ ယင်းသည် သူ၏အကန့်အသတ်များကို ကျော်လွန်မည် မဟုတ်၊ သို့မဟုတ် ယင်း၏အနေအထားကို ပြောင်းမည်မဟုတ်သကဲ့သို့ ယင်း၏ နယ်မြေသည် ထင်ရာမြင်ရာ ချဲ့ထွင်လိမ့်မည်မဟုတ်ပေ။ မြစ်များနှင့် အင်းအိုင်များကဲ့သို့ ရေများ၏ စီးဆင်းမှုများသည် စနစ်တကျဖြစ်ပြီး အဆက်မပြတ် ဖြစ်သော်လည်း၊ ၎င်းတို့၏ အပိုင်းအခြား သို့မဟုတ် ၎င်းတို့၏ နယ်နိမိတ်များကို ကျော်လွန်၍ မည်သည့်အခါမျှ လှုပ်ရှားကြလိမ့်မည်မဟုတ်ပေ။ ၎င်းတို့အားလုံးသည် စနစ်ကျသည့် ပုံစံတစ်ခုတွင် ၎င်းတို့ စီးဆင်းရမည့် လမ်းကြောင်းတစ်ခုဖြင့် စီးဆင်းကြလေသည်။ ထို့ကြောင့် ဘုရားသခင်၏ အုပ်စိုးမှု နိယာမများအောက်တွင် မည်သည့် မြစ်များ သို့မဟုတ် အင်းအိုင်များကမျှ အကြောင်းမဲ့ ခြောက်သွေ့သွားလိမ့်မည်မဟုတ် သို့မဟုတ် ကမ္ဘာမြေ၏ လည်ပတ်ခြင်း သို့မဟုတ် အချိန်ကုန်လွန်ခြင်းကြောင့် ၎င်း၏ စီးဆင်းရာ ဦးတည်ချက် သို့မဟုတ် ပမာဏကို အကြောင်းမဲ့ ပြောင်းလဲလိမ့်မည် မဟုတ်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်၏ လက်အတွင်းတွင် ရှိသည်။ ဆိုလိုသည်မှာ ဤလူသားမျိုးနွယ်အလယ် ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည် ၎င်းတို့၏ သတ်မှတ်ထားသည့် နေရာများ၊ ဧရိယာများနှင့် အကန့်အသတ်များ ရှိကြသည်။ ယင်းမှာ၊ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ယင်းတို့၏ နယ်နိမိတ်များကို ထူထောင်ခဲ့ပြီး၊ ယင်းတို့သည် အကြောင်းမဲ့ မပြင်နိုင်၊ အသစ်မလဲနိုင်သကဲ့သို့ မပြောင်းလဲနိုင်ပေ။ “အကြောင်းမဲ့” ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းသည် ၎င်းတို့သည် ရာသီဥတု၊ အပူချိန် သို့မဟုတ် ကမ္ဘာ၏လည်ပတ်မှုနှုန်းတို့ကြောင့် ၎င်းတို့၏မူလနဂိုပုံစံကို ကြုံရာကျပန်း ရွှေ့ခြင်း၊ ချဲ့ခြင်း သို့မဟုတ် ပြောင်းလဲခြင်း ဖြစ်မည်မဟုတ်ဟု ဆိုလိုသည်။ ဥပမာအားဖြင့်၊ တောင်တစ်လုံးသည် အမြင့်တစ်ခု ရှိသည်၊ အောက်ခြေက သူ့နေရာနှင့်သူရှိသည်၊ သူ၏ ပင်လယ်ရေမျက်နှာပြင်အမြင့် တစ်ခုရှိပြီး အပင်ပမာဏတစ်ခု ရှိလေသည်။ ဤအရာအားလုံးကို ဘုရားသခင် စီစဉ်ထားပြီး၊ တွက်ချက်ခဲ့ခြင်းဖြစ်ကာ ယင်းသည် အကြောင်းမဲ့ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ လွင်ပြင်များ အတွက်မူ လူအများစုသည် လွင်ပြင်များတွင် နေထိုင်ကြပြီး မည်သည့် ရာသီဥတု ပြောင်းလဲမှုကမျှ ၎င်းတို့၏ နယ်ပယ် သို့မဟုတ် ၎င်းတို့တည်ရှိမှု၏ တန်ဖိုးကို သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမြေအနေအထား အမျိုးမျိုးနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များအတွင်း ပါရှိသည့် အရာများသည်ပင် အကြောင်းမဲ့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ဥပမာအားဖြင့်၊ ကန္တာရ၏ ပေါင်းစပ်ဖွဲ့စည်းမှု၊ မြေအောက်က တွင်းထွက်ပစ္စည်း အမျိုးအစားများ၊ ကန္တာရတစ်ခုတွင် ပါဝင်သည့် သဲပမာဏနှင့် သဲ၏အရောင်၊ ကန္တာရ၏ သိပ်သည်းမှု- ဤအရာများသည် အကြောင်းမဲ့ ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ ၎င်းတို့ အကြောင်းမဲ့ ပြောင်းလဲလိမ့်မည် မဟုတ်သည်မှာ အဘယ်ကြောင့်နည်း။ ယင်းမှာ ဘုရားသခင်၏ အုပ်စိုးမှုနှင့် သူ၏ စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဤမတူညီသော မြေပြင်အနေအထားများနှင့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်အားလုံးအတွင်းတွင်၊ ဘုရားသခင်သည် စီစဉ်ထားကာ စနစ်တကျရှိသည့် နည်းလမ်းတစ်ရပ်ဖြင့် အရာရာတိုင်းကို စီမံခန့်ခွဲနေသည်။ ထို့ကြောင့် ဤပထဝီဆိုင်ရာ ပတ်ဝန်းကျင်တို့သည် ဘုရားသခင်၏ ဖန်ဆင်းခြင်း ခံရပြီးနောက်တွင် နှစ်ပေါင်း ထောင်သောင်းချီပင် တည်ရှိနေကြဆဲဖြစ်ကာ ၎င်းတို့၏ လုပ်ငန်းဆောင်တာများကို ထမ်းဆောင်နေကြဆဲ ဖြစ်သည်။ မီးတောင်များ ပေါက်ကွဲသည့်အချိန်နှင့် ငလျင်များ ဖြစ်ပွားသည့် အချိန်ကာလများ တချို့ရှိပြီး၊ ကြီးမားသည့် ကုန်းမြေရွေ့ပြောင်းမှုများ ရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့် မြေအနေအထားမျိုးကိုမျှ ယင်း၏ နဂို လုပ်ငန်းဆောင်တာများကို လုံးဝ ဆုံးရှုံးခွင့်ပေးမည်မဟုတ်ပေ။ ဤအရာအားလုံး- လူသားမျိုးနွယ်က တွေ့မြင်ပြီး မွေ့လျော်ခံစားရသည့် ဤအရာအားလုံး- ကမ္ဘာမြေပေါ်တွင် စနစ်ကျသည့်ပုံစံတစ်ခုဖြင့် ရှင်သန်နိုင်သည်မှာ ဤနိယာမများအပေါ် ဘုရားသခင်၏ ဤစီမံခန့်ခွဲမှု၊ သူ၏ အုပ်စိုးမှုနှင့် ထိန်းချုပ်မှုတို့ကြောင့်သာ ဖြစ်ပေသည်။ သို့ဆိုလျှင် ဘုရားသခင်သည် ကမ္ဘာမြေပေါ် တည်ရှိသည့် ဤမြေအနေအထား အမျိုးမျိုးအားလုံးကို အဘယ်ကြောင့် ဤနည်းလမ်းဖြင့် စီမံခန့်ခွဲသနည်း။ သူ၏ ရည်ရွယ်ချက်မှာ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတွင် ရှင်သန်သည့် သက်ရှိသတ္တဝါများ အားလုံးသည် တည်ငြိမ်သည့် ပတ်ဝန်းကျင်တစ်ခုကို ရရှိကြဖို့အလို့ငှာနှင့် ထိုတည်ငြိမ်သည့် ပတ်ဝန်းကျင်တစ်ခုအတွင်းတွင် ၎င်းတို့ ဆက်လက် အသက်ရှင်ကာ တိုးပွားနိုင်ကြဖို့အလို့ငှာ ဖြစ်သည်။ ရွှေ့ပြောင်းနိုင်သည့် အရာများနှင့် မရွှေ့ပြောင်းနိုင်သည့် အရာများ၊ မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူသည့်အရာများနှင့် မရှူသည့်အရာများ— ဤအရာများအားလုံးသည် လူသားမျိုးနွယ်၏ ရှင်သန်ရေးအတွက် တစ်မူထူးခြားသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြလေသည်။ ဤသို့သော ပတ်ဝန်းကျင်မျိုးသည်သာ လူသားများ၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်နိုင်ပြီး ဤသို့သော ပတ်ဝန်းကျင်မျိုးကသာ လူသားများကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ငြိမ်းချမ်းစွာ ဆက်လက် ရှင်သန်စေနိုင်ပေသည်။
ယခုတင် ငါပြောပြီးသည့် အကြောင်းအရာသည် အတော် ကြီးမားသည့် အကြောင်းအရာဖြစ်သည်၊ ထို့ကြောင့် ယင်းသည် သင်တို့၏ အသက်တာများမှ အတော်အတန် ခြားနားပုံ ပေါ်ကောင်းပေါ်နိုင်သည်၊ သို့သော် သင်တို့အားလုံး နားလည်နိုင်သည်ဟု ငါ ယုံကြည်သည်။ ဆိုလိုသည်မှာ အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုထဲက ဘုရားသခင်၏နိယာမများသည် အလွန် အရေးကြီးသည်- ဧကန်အမှန် အလွန်အရေးကြီး၏။ ဤနိယာမများအောက်တွင် သက်ရှိအားလုံး၏ ကြီးထွားခြင်းအတွက် မရှိမဖြစ်လိုအပ်ချက်မှာ အဘယ်အရာနည်း။ ယင်းမှာ ဘုရားသခင်၏ အုပ်စိုးမှုကြောင့် ဖြစ်သည်။ အရာခပ်သိမ်းက သူ၏ အုပ်စိုးမှုအတွင်းတွင် ၎င်းတို့၏ကိုယ်ပိုင် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ကြသည်မှာ သူ၏ အုပ်စိုးမှုကြောင့် ဖြစ်သည်။ ဥပမာအားဖြင့်၊ တောင်များက သစ်တောများကို ပျိုးထောင်ပေးပြီး၊ သစ်တောများက ထိုတောင်များအတွင်း နေထိုင်ကြသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်မျိုးစုံကို တစ်ပြန်တစ်လှည့် ပျိုးထောင်ပြီး စောင့်ရှောက်လေသည်။ လွင်ပြင်များသည် လူသားတို့အတွက် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်အပြင် ငှက်များနှင့် သားရဲအမျိုးမျိုးတို့အတွက် ပြင်ဆင်ထားသည့် စင်မြင့်တစ်ခု ဖြစ်သည်။ လွင်ပြင်များသည် လူသားမျိုးနွယ် အများစုကို ပြန့်ပြူးသည့် မြေပေါ်တွင် နေထိုင်ခွင့်ပေးပြီး လူများ၏ဘဝများ၌ သက်သာလွယ်ကူမှု ပေးလေသည်။ ပြီးလျှင် လွင်ပြင်များတွင် မြက်ခင်းပြင်များလည်း ပါဝင်သည်- အလွန်ကြီးမားသည့် မြက်ခင်းပြင်များ ဖြစ်သည်။ မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီး၏ ကြမ်းပြင် အတွက် အပင်အဖုံးအကာတစ်ခု ပေးလေသည်။ ၎င်းတို့သည် မြေဆီလွှာကို ကာကွယ်ပေးပြီး မြက်ခင်းပြင်များပေါ် အသက်ရှင်သည့် ကျွဲနွား၊ သိုးများနှင့် မြင်းများကို ပြုစုစောင့်ရှောက်သည်။ ကန္တာရသည်လည်း သူ၏ကိုယ်ပိုင် လုပ်ငန်းဆောင်တာကို ဆောင်ရွက်သည်။ ယင်းသည် လူသားများအတွက် နေထိုင်ရန် နေရာတစ်ခု မဟုတ်ပေ။ ယင်း၏ အခန်းကဏ္ဍမှာ စိုစွတ်သည့် ရာသီဥတုများကို ပိုမိုခြောက်သွေ့စေရန်ဖြစ်သည်။ မြစ်များနှင့် အင်းအိုင်တို့၏ စီးဆင်းမှုသည် လူတို့၏ သောက်သုံးရေကို သက်သာလွယ်ကူသည့် နည်းလမ်းဖြင့် ဆောင်ကြဉ်းပေးသည်။ ၎င်းတို့စီးဆင်းသည့်အရပ်တိုင်းတွင် လူများသည် သောက်ရန် ရေရှိလိမ့်မည် ဖြစ်ပြီး အရာခပ်သိမ်း၏ ရေလိုအပ်မှုများကို ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။ ဤသည်တို့မှာ မြေအနေအထား အမျိုးမျိုးအတွက် ဘုရားသခင် ရေးဆွဲထားသည့် နယ်နိမိတ်များ ဖြစ်သည်။
ဒုတိယပိုင်း- သက်ရှိပုံစံ တစ်ခုချင်းစီအတွက် ဘုရားသခင်က နယ်နိမိတ်များ သတ်မှတ်သည်
ဘုရားသခင် ရေးဆွဲထားသည့် ဤနယ်နိမိတ်များကြောင့် မြေအနေအထားအမျိုးမျိုးသည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များကို ဖြစ်ပေါ်စေပြီး၊ ရှင်သန်မှုအတွက် ဖြစ်သည့် ဤပတ်ဝန်းကျင်များသည် ငှက်များနှင့် သားရဲတိရစ္ဆာန် အမျိုးမျိုးတို့အတွက် အဆင်ပြေပြီးဖြစ်ကာ၊ ယင်းတို့ကို ရှင်သန်ဖို့ နေရာလည်း ပေးထားပြီး ဖြစ်သည်။ ဤအရာမှ သက်ရှိသတ္တဝါ အမျိုးမျိုး၏ ရှင်သန်မှု ပတ်ဝန်းကျင်များအတွက် နယ်နိမိတ်များ ဖြစ်ပေါ်ပြီးဖြစ်သည်။ ဤသည်မှာ နောက်တွင် ငါတို့ ဆွေးနွေးပြောဆိုမည့် ဒုတိယအပိုင်း ဖြစ်သည်။ ပထမဦးဆုံးအနေဖြင့်၊ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများက မည်သည့်နေရာတွင် အသက်ရှင်နေထိုင် ကြသနည်း။ သစ်တောများနှင့် သစ်ပင်အုပ်များတွင် နေကြသလော။ ဤအရာများသည် ၎င်းတို့၏ နေအိမ်များ ဖြစ်သည်။ ထို့ကြောင့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးအတွက် နယ်နိမိတ်စည်းများ ထူထောင်ခြင်းအပြင်၊ ဘုရားသခင်သည် အမျိုးမျိုးသော ငှက်များနှင့် သားရဲတိရစ္ဆာန်များ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်များ အားလုံးအတွက်လည်း နယ်နိမိတ်စည်းများ ရေးဆွဲခဲ့ပြီး၊ နိယာမများကို ထူထောင်ခဲ့သည်။ အမျိုးမျိုးသော ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြားက မတူညီမှုများကြောင့်နှင့် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ တည်ရှိမှုကြောင့်၊ မတူညီသည့် ငှက်အမျိုးအစားများနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးများ၊ ပိုးမွှားများနှင့် အပင်တို့သည် ရှင်သန်မှုအတွက် မတူညီသည့် ပတ်ဝန်းကျင်များ ရှိကြလေသည်။ ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ပိုးမွှားများသည် အပင် အမျိုးမျိုး ကြားတွင် နေထိုင်ကြသည်၊ ငါးများက ရေထဲတွင်နေပြီး အပင်များက မြေပေါ်တွင် ပေါက်ကြသည်။ ကုန်းမြေတွင် တောင်များ၊ လွင်ပြင်များနှင့် တောင်ကုန်းများကဲ့သို့သော နယ်မြေ အမျိုးမျိုးပါဝင်သည်။ ငှက်များနှင့် သားရဲ တိရစ္ဆာန်တို့သည် ၎င်းတို့၏ သတ်မှတ်ထားသည့် နေအိမ် ရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ဟိုဟိုသည်သည် မည်သည့်လမ်းကိုမဆို လှည့်လည်သွားလာတော့မည် မဟုတ်ပေ။ ၎င်းတို့၏ နေအိမ်များသည် တောများနှင့် တောင်များဖြစ်သည်။ အကယ်၍ တစ်နေ့တွင် ၎င်းတို့၏ နေအိမ်များ ဖျက်ဆီးခံရပါက၊ ဤစနစ်ကျမှုသည် ပရမ်းပတာ ဖြစ်သွားပေလိမ့်မည်။ စနစ်ကျမှုက ပရမ်းပတာ ဖြစ်သွားသည် နှင့်တစ်ပြိုင်နက် အကျိုးဆက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ပထမဦးဆုံး ထိခိုက်မည့်သူများမှာ မည်သူတို့ ဖြစ်သနည်း။ လူသားမျိုးနွယ် ဖြစ်သည်။ ဘုရားသခင် ထူထောင်ပြီးဖြစ်သည့် ဤနိယာမများနှင့် အကန့်အသတ်များ အတွင်းတွင်၊ တစ်မူထူးခြားသည့်ဖြစ်ရပ် တစ်ခုတစ်လေကို သင်တို့ တွေ့ဖူးသလော။ ဥပမာအားဖြင့်၊ ဆင်များက သဲကန္တာရထဲတွင် လမ်းလျှောက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော အရာ တစ်ခုတစ်လေကို သင်တို့ တွေ့ဖူးသလော။ ဆင်များသည် တောထဲတွင်နေထိုင်ပြီး ယင်းမှာ ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ထားခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် ဖြစ်သောကြောင့်၊ ဤအရာ အမှန်တကယ် ဖြစ်ပျက်ခဲ့ပါက၊ အလွန်ထူးဆန်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေမည်။ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်နှင့် ၎င်းတို့၏ ကိုယ်ပိုင် သတ်မှတ်ထားသည့် နေအိမ် ရှိလေသည်၊ ထို့ကြောင့် ဆင်သည် အဘယ်ကြောင့် ဟိုဟိုသည်သည် ပြေးလွှားနေမည်နည်း။ ခြင်္သေ့ သို့မဟုတ် ကျားများက သမုဒ္ဒရာကမ်းစပ်နားတွင် လမ်းလျှောက်နေ ကြသည်ကို တစ်ဦးတစ်လေက မြင်ဖူးသလော။ သင် မမြင်ဖူးပါချေ။ ခြင်္သေ့နှင့် ကျားတို့၏ နေအိမ်သည် သစ်တောများနှင့် တောင်များဖြစ်သည်။ သမုဒ္ဒရာထဲက ဝေလငါးများ သို့မဟုတ် ငါးမန်းများက သဲကန္တာရကို ဖြတ်ကူးခတ်နေကြသည်ကို တစ်ဦးတစ်လေက မြင်ဖူးပါသလော။ သင် မမြင်ဖူးပါပေ။ ဝေလငါးများနှင့် ငါးမန်းများသည် သမုဒ္ဒရာထဲတွင် ၎င်းတို့၏ နေအိမ်ကို ပြုလုပ်ကြပေသည်။ လူသားများ၏ ရှင်သန်မှု ပတ်ဝန်းကျင်တွင် ဝက်ဝံညိုများနှင့်အတူ နေထိုင်သည့်လူများ ရှိသလော။ ၎င်းတို့ နေအိမ်များ၏ အတွင်းအပြင်တွင် ဒေါင်းများ သို့မဟုတ် အခြားငှက်များ အမြဲတမ်းဝန်းရံသည့် လူများ ရှိသလော။ လင်းယုန်များ သို့မဟုတ် တောငန်းများက မျောက်များနှင့် ဆော့ကစားနေကြသည်ကို တစ်ဦးတစ်ယောက်က မြင်ဖူးပါသလော။ (မမြင်ဖူးပါ။) ဤအရာများအားလုံးက တစ်မူထူးဆန်းသည့် ဖြစ်ရပ်များ ဖြစ်ကြပေမည်။ သင်တို့၏ နားတွင် တစ်မူထူးခြားပုံပေါ်သည့် ဤအရာများကို ငါပြောဆိုရသည့် အကြောင်းရင်းမှာ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာခပ်သိမ်းသည်- တစ်နေရာထဲတွင် ၎င်းတို့ ပုံသေသတ်မှတ်ခံရသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့၏ နှာခေါင်းပေါက်များမှတစ်ဆင့် အသက်ရှူနိုင်သည်ဖြစ်စေ၊ အသက်မရှူနိုင်သည်ဖြစ်စေ- ရှင်သန်မှုအတွက် မိမိတို့၏ ကိုယ်ပိုင် နိယာမများရှိသည်ကို သင်တို့အား နားလည်စေရန်ဖြစ်သည်။ ဤသက်ရှိသတ္တဝါများကို ဘုရားသခင် မဖန်ဆင်းမီ အချိန်ကြာမြင့်စွာကတည်းက၊ ဘုရားသခင်သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် နေအိမ်နှင့် ၎င်းတို့၏ ကိုယ်ပိုင်ပတ်ဝန်းကျင်ကို ၎င်းတို့အတွက် ပြင်ဆင်နှင့်ခဲ့ပြီး ဖြစ်သည်။ ဤသက်ရှိသတ္တဝါများသည် ရှင်သန်မှုအတွက် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် ပတ်ဝန်းကျင်၊ ၎င်းတို့၏ ကိုယ်ပိုင်အစားအစာနှင့် ၎င်းတို့၏ သတ်မှတ်ထားသည့် ကိုယ်ပိုင် နေအိမ်များရှိကြပြီး၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သော သတ်မှတ်ထားသည့် ကိုယ်ပိုင်နေရာများ၊ ၎င်းတို့၏ ရှင်သန်မှုအတွက် သင့်တော်သည့် အပူချိန်များရှိသည့် နေရာများ ရှိခဲ့ကြသည်။ ထိုသို့ဖြင့် ၎င်းတို့သည် မည်သည့်လမ်းကိုမဆို ဟိုဟိုသည်သည် လှည့်လည်သွားလာခြင်း သို့မဟုတ် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ထိခိုက်ခြင်း သို့မဟုတ် လူတို့၏ ဘဝများကို သက်ရောက်စေခြင်းတို့ ပြုမည်မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်က ရှင်သန်မှုအတွက် အကောင်းဆုံးသော ပတ်ဝန်းကျင်ကို လူသားမျိုးနွယ်အတွက် ထောက်ပံ့ပေးရင်း၊ အရာအားလုံးကို စီမံခန့်ခွဲသည့်ပုံ ဖြစ်သည်။ အရာခပ်သိမ်း အတွင်းရှိ သက်ရှိသတ္တဝါအသီးသီးသည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်များ အတွင်းတွင် ၎င်းတို့၏ကိုယ်ပိုင် အသက်ကို အားဖြည့်ပေးသည့် အစားအစာ ရှိကြသည်။ ထိုအစားအစာများနှင့်အတူ၊ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ဇာတိပတ်ဝန်းကျင်ဖြင့် ဆက်သွယ်မှု ရှိပေသည်။ ထိုပတ်ဝန်းကျင်မျိုးတွင်၊ ၎င်းတို့သည် ဘုရားသခင်က သူတို့အတွက် ချမှတ်ခဲ့သည့် နိယာမများနှင့်အညီ ဆက်လက် ရှင်သန်၊ တိုးပွားကာ ရှေ့ဆက်ကြလေသည်။ ဤနိယာမ အမျိုးအစားများကြောင့်၊ ဘုရားသခင်၏ ကြိုတင်ပြဌာန်းခြင်းကြောင့်၊ အရာခပ်သိမ်းသည် လူသားမျိုးနွယ်နှင့် သဟဇာတဖြစ်ခြင်းဖြင့် ရှင်သန်ပြီး လူသားမျိုးနွယ်သည် အရာခပ်သိမ်းနှင့်အတူ အပြန်အလှန် မှီခိုခြင်းဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လေသည်။
တတိယပိုင်း- ဘုရားသခင်သည် လူသားမျိုးနွယ်ကို ပြုစုပျိုးထောင်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ကို တည်တံ့စေသည်
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ပြီး ယင်းတို့အတွက် နယ်နိမိတ်များကို ထူထောင်ခဲ့သည်။ ယင်းတို့အလယ်တွင် သူသည် သက်ရှိအမျိုးအစားအားလုံးကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထိုအတောအတွင်းတွင်၊ သူသည် လူသားမျိုးနွယ်အတွက် မတူညီသည့် ရှင်သန်မှု နည်းလမ်းများကိုလည်း ပြင်ဆင်ခဲ့သည်၊ ထို့ကြောင့် လူသားများသည် ရှင်သန်ရန် နည်းလမ်း တစ်ခုတည်းသာ ရှိခြင်း မဟုတ်သည်သာမက၊ ရှင်သန်မှုအတွက် ပတ်ဝန်းကျင် အမျိုးအစားတစ်ခုသာ ၎င်းတို့ရှိခြင်း မဟုတ်ကြသည်ကိုလည်း သင် မြင်နိုင်ပေသည်။ လူသားမျိုးနွယ်၏ ဘဝကို အသွေးအသားနှင့် ဆက်လက်ရှင်သန်ခွင့်ပေးခြင်းအတွက် အရေးကြီးသည့်အရာ ဖြစ်သော၊ လူသားများအတွက် အစားအစာနှင့် ရေအရင်းအမြစ် အမျိုးအစား အမျိုးမျိုးကို ဘုရားသခင် ပြင်ဆင်လျက်ရှိသည့်အကြောင်းကို ယခင်က ငါတို့ ပြောဆိုဆွေးနွေးခဲ့ကြသည်။ သို့သော် ဤလူသားမျိုးနွယ်ထဲတွင် လူအားလုံးက အစေ့အဆန်များဖြင့်သာ အသက်ရှင်နေသည် မဟုတ်ပေ။ လူတို့သည် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် မြေပြင်အနေအထားများကြောင့် မတူညီသည့် ရှင်သန်မှု နည်းလမ်းများ ရှိကြသည်။ ဤရှင်သန်မှု နည်းလမ်းများ အားလုံးကို ဘုရားသခင် ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် လူသားအားလုံးသည် လယ်စိုက်ပျိုးရေးတွင် ပါဝင်ပတ်သက်ကြသည် မဟုတ်ပေ။ ဆိုလိုသည်မှာ လူသားအားလုံးက ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းမှ ၎င်းတို့၏ အစားအစာကို ရရှိခြင်း မဟုတ်ပေ။ ဤသည်မှာ ငါတို့ ပြောဆိုဆွေးနွေးမည့် တတိယအပိုင်း ဖြစ်သည်။ လူသားမျိုးနွယ်၏ မတူကွဲပြားသည့် ဘဝနေထိုင်မှု ပုံစံအမျိုးမျိုးကြောင့် နယ်နိမိတ်များ ဖြစ်ပေါ်လာသည်။ သို့ဆိုလျှင် လူသားများသည် အခြား မည်သည့် ဘဝနေထိုင်မှုပုံစံ အမျိုးအစားများ ရှိကြသနည်း။ ခြားနားသော အစားအစာ အရင်းအမြစ်များအရ၊ အခြား မည်သည့်လူအမျိုးအစားများ ရှိသနည်း။ အဓိက အမျိုးအစားအချို့ ရှိသည်။
ပထမဆုံးက အမဲလိုက်သည့် ဘဝနေထိုင်မှုပုံစံ ဖြစ်သည်။ ယင်းက မည်သည့်အရာဖြစ်သည်ကို အယောက်တိုင်း သိသည်။ အမဲလိုက်ခြင်းဖြင့် အသက်မွေးသည့်သူများသည် အဘယ်အရာကို စားသနည်း။ (တောကောင်သား ဖြစ်ပါသည်။) သူတို့သည် တောထဲက ငှက်များနှင့် သားရဲတိရစ္ဆာန်တို့ကို စားကြသည်။ “တောကောင်သား” သည် ခေတ်စကားလုံး ဖြစ်၏။ မုဆိုးများက ယင်းကို တောကောင်သား အနေဖြင့် မတွေးပေ။ အစားအစာအဖြစ်၊ ၎င်းတို့၏နေ့စဉ် အာဟာရအဖြစ် တွေးသည်။ ဥပမာအားဖြင့်၊ ၎င်းတို့ သမင်တစ်ကောင် ရသည်။ ဤသမင်ကို ၎င်းတို့ ရသည့်အခါတွင် လယ်သမားက မြေကြီးမှ ကောက်ပဲသီးနှံတို့ကို ရသကဲ့သို့ပင် ဖြစ်သည်။ လယ်သမား တစ်ဦးသည် မြေကြီးမှ အစားအစာကိုရပြီး ဤအစားအစာကို သူမြင်သည့်အခါတွင် ပျော်ရွှင်ပြီး စိတ်အေးသက်သာ ခံစားရသည်။ စားစရာ ကောက်ပဲသီးနှံများဖြင့် မိသားစုသည် ဆာလောင်လိမ့်မည် မဟုတ်ပေ။ သူ၏ စိတ်နှလုံးသည် ပူပန်သောက ကင်းကာ စိတ်ကျေနပ်မှု ခံစားရသည်။ မုဆိုးတစ်ဦးသည်လည်း သူဖမ်းမိသည့်အကောင်ကို ကြည့်သည့်အခါတွင်၊ သူ့အနေဖြင့် အစားအစာနှင့်ပတ်သက်၍ နောက်ထပ် စိုးရိမ်ဖို့ မလိုသောကြောင့်၊ စိတ်အေးသက်သာ ခံစားရကာ စိတ်ကျေနပ်မှု ရရှိလေသည်။ နောက်တစ်ခါ စားဖို့ တစ်စုံတစ်ရာရှိပြီး၊ ဆာလောင်ဖို့ မလိုအပ်ပေ။ ဤသည်မှာ အသက်မွေးမှုအတွက် အမဲလိုက်သူ တစ်ဦးဖြစ်သည်။ အမဲလိုက်ခြင်းဖြင့် အသက်ရှင်သူ အများစုသည် တောင်ပေါ် သစ်တောများထဲတွင် နေထိုင်ကြသည်။ ၎င်းတို့ လယ်မစိုက်ကြပေ။ ထိုနေရာတွင် စိုက်ပျိုးနိုင်သည့်မြေကို ရှာတွေ့ရန် မလွယ်ပေ၊ ထို့ကြောင့် ၎င်းတို့သည် သက်ရှိအမျိုးမျိုး၊ သားကောင် အမျိုးအစား အမျိုးမျိုးတို့အပေါ်တွင် ရှင်သန်ကြသည်။ ဤသည်မှာ သာမန်လူသားတို့မှ ကွဲပြားသည့် ပထမ ဘဝနေမှုပုံစံမျိုး ဖြစ်သည်။
ဒုတိယအမျိုးအစားက တိရစ္ဆာန်ထိန်းကျောင်းသူတစ်ဦး၏ ဘဝပုံစံ ဖြစ်သည်။ အသက်မွေးမှုတစ်ခုအတွက် တိရစ္ဆာန်များ ထိန်းကျောင်းသည့်လူများသည် လယ်မြေကိုလည်း စိုက်ပျိုးကြသလော။ (မစိုက်ပျိုးကြပါ။) သို့ဆိုလျှင် ၎င်းတို့ မည်သည့်အရာ လုပ်ကိုင်ကြသနည်း။ ၎င်းတို့ အဘယ်သို့ အသက်ရှင်ကြသနည်း။ (အများအားဖြင့်၊ ၎င်းတို့သည် အသက်မွေးဝမ်းကျောင်းအတွက် ကျွဲနွားများနှင့် သိုးများကို ထိန်းကျောင်းကြပြီး ဆောင်းရာသီ၌ ၎င်းတို့၏ ခြံမွေးတိရစ္ဆာန်များကို သတ်ဖြတ်ပြီး စားသောက်ကြပါ၏။ ၎င်းတို့၏ အဓိကအစားအစာမှာ အမဲသားနှင့် သိုးသားဖြစ်ပြီး နွားနို့လက်ဖက်ရည်ကို သောက်ကြပါသည်။ တိရစ္ဆာန် ထိန်းကျောင်းသူများမှာ လေးရာသီလုံး အလုပ်များ ကြသော်လည်း၊ ၎င်းတို့ ကောင်းကောင်းစား ကြပါသည်။ ၎င်းတို့တွင် နွားနို့၊ နို့ထွက်ပစ္စည်းများနှင့် အသားတို့ အများအပြားရှိကြပါသည်။) အသက်မွေးဝမ်းကျောင်းအတွက် တိရစ္ဆာန်များကို ထိန်းကျောင်းသူများသည် အဓိကအားဖြင့် အမဲသားနှင့် သိုးသားကို စားကြသည်၊ သိုးနို့နှင့် နွားနို့ကို သောက်ကြပြီး၊ ၎င်းတို့ ဆံပင်ကို လေတိုက်ပြီး ၎င်းတို့၏မျက်နှာကို နေရောင်ကျရောက်လျက် ကွင်းပြင်ထဲတွင် ၎င်းတို့၏တိရစ္ဆာန်များကို ထိန်းကျောင်းရန် ကျွဲများနှင့် မြင်းများကို စီးကြသည်။ ၎င်းတို့သည် ခေတ်ပေါ်လူနေမှုဘဝ၏ ဖိအားများ ရင်မဆိုင်ရပေ။ ၎င်းတို့သည် ကျယ်ပြန့်သည့် အပြာရောင် ကောင်းကင်များနှင့် မြက်ဖုံးသော လွင်ပြင်များကို တစ်နေ့လုံး ငေးစိုက်ကြည့်ကြသည်။ တိရစ္ဆာန်အုပ်ကျောင်းခြင်းနှင့် ပတ်သက်၍ အသက်မွေးဝမ်းကြောင်းသော လူအများစုသည် မြက်ခင်းပြင်များပေါ်တွင် နေကြပြီး၊ မျိုးဆက်များစွာကြာ ၎င်းတို့၏ ရေကြည်ရာ မြက်နုရာ လှည့်လည်သွားလာသည့် ဘဝနေမှုပုံစံကို ဆက်လက် နေထိုင်နိုင်ကြပြီး ဖြစ်သည်။ မြက်ခင်းပြင်များပေါ်က ဘဝသည် အနည်းငယ် အထီးကျန်သော်လည်း၊ အလွန် ပျော်ရွှင်ဖွယ်ကောင်းသည့် ဘဝတစ်ခုလည်း ဖြစ်သည်။ ယင်းသည် ဆိုးဝါးသည့် ဘဝနေမှုပုံစံတစ်ခု မဟုတ်ပေ။
တတိယအမျိုးအစားမှာ ငါးဖမ်းခြင်း ဘဝနေထိုင်မှုပုံစံ ဖြစ်သည်။ လူသားမျိုးနွယ်ထဲမှ လူနည်းစုသည် သမုဒ္ဒရာအနား သို့မဟုတ် သေးငယ်သည့် ကျွန်းများပေါ်တွင် နေထိုင်ကြလေသည်။ ၎င်းတို့သည် သမုဒ္ဒရာကို မျက်နှာမူလျက်၊ ရေများက ပတ်လည်ဝိုင်းထားလေသည်။ ဤလူအများသည် အသက်မွေး ဝမ်းကျောင်းအတွက် ငါးဖမ်းသည်။ အသက်မွေးဝမ်းကျောင်း အတွက် ငါးဖမ်းသည့် ဤလူများအတွက် အစားအစာ အရင်းအမြစ်မှာ အဘယ်အရာနည်း။ ၎င်းတို့၏ အစားအစာ အရင်းအမြစ်များတွင် ငါးမျိုးစုံ၊ ပင်လယ်စာနှင့် အခြားသော ပင်လယ်၏ ထုတ်ကုန်ပစ္စည်းများ ပါဝင်သည်။ အသက်မွေးဝမ်းကျောင်း အတွက် ငါးဖမ်းသည့်လူတို့သည် မြေကို ထွန်ယက်စိုက်ပျိုးခြင်း မပြုကြဘဲ၊ ထိုအစား နေ့စဉ် ငါးဖမ်းခြင်းဖြင့် အချိန်ကုန်ဆုံးကြသည်။ ၎င်းတို့၏ အဓိက အစားအစာတွင် ငါးအမျိုးမျိုးနှင့် ပင်လယ် ထုတ်ကုန်များ ပါဝင်သည်။ ၎င်းတို့သည် ဤအရာများကို ဆန်၊ ဂျုံမှုန့်နှင့် နေ့စဉ် လိုအပ်သည့်အရာများဖြင့် ရံဖန်ရံခါ လဲလှယ်ကြသည်။ ဤသည်မှာ ရေအနီးတွင်နေထိုင်ကြသည့် လူများက အသက်ရှင်နေထိုင်သည့် မတူညီကွဲပြားသော ဘဝနေမှုပုံစံတစ်ခု ဖြစ်သည်။ ရေအနီးတွင်နေထိုင်လျက်၊ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ အစာအတွက် မှီခိုအားထားကြပြီး ငါးဖမ်းခြင်းမှ ၎င်းတို့၏ အသက်မွေးမှု ပြုကြသည်။ ငါးဖမ်းခြင်းသည် ၎င်းတို့ကို အစားအစာ အရင်းအမြစ်တစ်ခု ပေးသည်သာမက၊ အသက်မွေးဝမ်းကျောင်းအဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ပေသည်။
မြေကို ထွန်ယက်စိုက်ပျိုးခြင်းမှအပ၊ လူသားမျိုးနွယ်သည် အများဆုံးအနေဖြင့် အထက်တွင် ဖော်ပြခဲ့သော ဘဝနေမှု ပုံစံသုံးခုအတိုင်း အသက်ရှင်ကြလေသည်။ သို့သော် လူအများစုသည် အသက်မွေးမှုတစ်ခုအတွက် လယ်လုပ် ကြသော်လည်း၊ လူအနည်းစုကသာ တိရစ္ဆာန်များ ထိန်းကျောင်းခြင်း၊ ငါးဖမ်းခြင်းနှင့် အမဲလိုက်ခြင်းတို့ဖြင့် အသက်မွေးကြလေသည်။ ပြီးလျှင် လယ်စိုက်ခြင်းဖြင့် အသက်မွေးသော လူများသည် အဘယ်အရာ လိုအပ်ကြသနည်း။ ၎င်းတို့ လိုအပ်သည်မှာ မြေဖြစ်သည်။ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်၊ ၎င်းတို့သည် မြေကြီးထဲတွင် ကောက်ပဲသီးနှံများ စိုက်ပျိုးခြင်းဖြင့် အသက်ရှင်ကြပြီး၊ ၎င်းတို့က ဟင်းသီးဟင်းရွက်ကို စိုက်ပျိုးသည်ဖြစ်စေ၊ သစ်သီးများ သို့မဟုတ် အစေ့အဆန်များကို စိုက်ပျိုးသည်ဖြစ်စေ၊ ၎င်းတို့၏ အစာနှင့် နေ့စဉ်လိုအပ်ချက်များကို ၎င်းတို့ ရရှိသည်မှာ မြေကြီးမှဖြစ်ပေသည်။
ဤမတူညီသည့် လူ့ဘဝနေထိုင်မှုပုံစံများကို ကျောထောက် နောက်ခံပြုထားသည့် အခြေခံ သတ်မှတ်ချက်များမှာ မည်သည့်အရာများ ဖြစ်သနည်း။ ၎င်းတို့ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ကို အခြေခံအဆင့်ဖြင့် ထိန်းသိမ်းဖို့ လုံးဝ မလိုအပ်သလော။ ဆိုလိုသည်မှာ အမဲလိုက်ခြင်းဖြင့် အသက်မွေးသူများက တောတောင် သစ်တောများ သို့မဟုတ် ငှက်များနှင့် သားရဲတိရစ္ဆာန်များကို ဆုံးရှုံးရပါက၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းက ကုန်ဆုံးသွားပေမည်။ ဤလူမျိုးစုများနှင့် ဤသို့သောလူစားမျိုးများ သွားသင့်သည့် လမ်းကြောင်းသည် မရေမရာဖြစ်လာမည်ဖြစ်ပြီး၊ ၎င်းတို့ ပျောက်ပင်ပျောက်ကွယ်သွားပေမည်။ ပြီးလျှင် မိမိတို့၏ အသက်မွေးမှုအတွက် တိရစ္ဆာန် ထိန်းကျောင်းသူများကော အဘယ်သို့နည်း။ အဘယ်အရာကို ၎င်းတို့ အားထားကြသနည်း။ ၎င်းတို့အမှန်တကယ် မှီခိုကြသည်မှာ ၎င်းတို့၏ ခြံမွေး တိရစ္ဆာန်များ မဟုတ်ဘဲ ၎င်းတို့၏ ခြံမွေးတိရစ္ဆာန်များ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်- မြက်ခင်းပြင်ဖြစ်သည်။ မြက်ခင်းပြင်များ မရှိလျှင် တိရစ္ဆာန်ထိန်းကျောင်းသူများက ၎င်းတို့၏ ခြံမွေးတိရစ္ဆာန်များကို မည်သည့်နေရာတွင် လွှတ်ထားမည်နည်း။ ကျွဲနွားများနှင့် သိုးများက အဘယ်အရာကို စားကြမည်နည်း။ ခြံမွေးတိရစ္ဆာန်များမရှိဘဲနှင့်၊ ရေကြည်ရာ မြက်နုရာ လှည့်လည်နေထိုင်သည့် ဤလူမျိုးများသည် အသက်မွေးဝမ်းကျောင်းစရာ ရှိမည် မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအတွက် အရင်းအမြစ်မရှိဘဲနှင့်၊ ဤလူများသည် အဘယ်အရပ်သို့ သွားကြမည်နည်း။ ၎င်းတို့အတွက် ဆက်လက်ရှင်သန်ရပ်တည်ဖို့ အလွန် ခက်ခဲလာပေမည်။ ၎င်းတို့ အနာဂတ်ရှိမည် မဟုတ်ပေ။ ရေအရင်းအမြစ်များမရှိပါက၊ မြစ်များနှင့် အင်းအိုင်များ လုံးဝ ခန်းခြောက်သွားပါက၊ အသက်ရှင်ရန် ရေအပေါ် မှီခိုအားထားရသည့် ငါးများအားလုံး ရှိပါဦးမည်လော။ ရှိတော့မည်မဟုတ်ပေ။ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် ရေနှင့် ငါးများအပေါ် အမှီပြုရသည့် ဤလူများသည် ဆက်ပြီး ရှင်သန်နိုင်ပါ့မည်လော။ ၎င်းတို့ အစားအစာ မရှိတော့သည့်အခါတွင်၊ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း အတွက် အရင်းအမြစ်မရှိတော့သည့်အခါတွင်၊ ဤလူများသည် ဆက်လက်ရှင်သန်နိုင်မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သတ်မှတ်ထားသည့် မည်သည့် လူမျိုးစုမဆိုသည် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်း သို့မဟုတ် ရှင်သန်မှုနှင့်ပတ်သက်သည့် ပြဿနာတစ်ခု ကြံရပါက၊ ထိုလူမျိုးစုသည် ရှေ့ဆက်တော့မည် မဟုတ်သကဲ့သို့ ကမ္ဘာ့ မြေမျက်နှာပြင်မှ ပျောက်ကွယ် သွားနိုင်ပြီး မျိုးသုဉ်းသွားနိုင်ပေသည်။ ပြီးလျှင် အသက်မွေးဝမ်းကျောင်းအတွက် လယ်စိုက်ပျိုးသူများသည် ၎င်းတို့၏ မြေများကို ဆုံးရှုံးသွားပါက၊ အပင်မျိုးစုံကို ၎င်းတို့ မစိုက်ပျိုးနိုင်ဘဲ၊ ထိုအပင်များမှ အစားအစာများ မရရှိနိုင်ပါက၊ ရလဒ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ အစားအစာမရှိဘဲနှင့်၊ လူများသည် ဆာလောင်ပြီး သေဆုံးကုန်ကြမည် မဟုတ်လော။ လူတို့သည် ဆာလောင်ပြီး သေကြေကုန်လျှင်၊ လူသားမျိုးနွယ် ပျောက်ကွယ်သွားမည် မဟုတ်လော။ ထို့ကြောင့် ဤသည်မှာ ပတ်ဝန်းကျင်အမျိုးမျိုးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ပတ်ဝန်းကျင် အမျိုးမျိုး၊ ဂေဟစနစ်များနှင့် ယင်းတို့အတွင်းရှိ မတူကွဲပြားသည့် သက်ရှိသတ္တဝါများအားလုံးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၌ ရည်ရွယ်ချက် တစ်ခုသာရှိသည်- ယင်းမှာ လူပေါင်းစုံကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များတွင် ရှင်သန်နေထိုင်ကြသည့် လူများကို စောင့်ရှောက်ရန်ဖြစ်သည်။
အကယ်၍ ဖန်ဆင်းခြင်း အရာခပ်သိမ်းသည် ၎င်းတို့၏ ကိုယ်ပိုင် နိယာမများ ဆုံးရှုံးခဲ့လျှင်၊ ၎င်းတို့သည် တည်ရှိတော့မည် မဟုတ်ပေ။ အကယ်၍ အရာခပ်သိမ်း၏ နိယာမများသည် ဆုံးရှုံးသွားပါက၊ အရာခပ်သိမ်းထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားမျိုးနွယ်သည်လည်း ရှင်သန်မှုအတွက် ၎င်းတို့ မှီခိုရသည့် ၎င်းတို့၏ပတ်ဝန်းကျင်ကို ဆုံးရှုံးသွားမည် ဖြစ်သည်။ လူသားမျိုးနွယ်သည် ဤအရာအားလုံး ဆုံးရှုံးသွားပါက၊ ၎င်းတို့ ရှင်သန်နေကြပြီးသည့်အတိုင်း မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ရှင်သန်ကာ ပွားများဖို့ ဆက်လက် လုပ်ဆောင်နိုင်ကြမည် မဟုတ်ပေ။ ယခုအချိန်ထိ လူသားများ ရှင်သန်ပြီးဖြစ်သည့် အကြောင်းရင်းမှာ ဘုရားသခင်သည် ၎င်းတို့ကို ပြုစုစောင့်ရှောက်ရန်၊ မတူညီသော နည်းလမ်းများဖြင့် လူသားမျိုးနွယ်ကို ပြုစုစောင့်ရှောက်ရန် ဖန်ဆင်းခြင်း အရာခပ်သိမ်းအား ထောက်ပံ့ပေးထားပြီး ဖြစ်သောကြောင့် ဖြစ်သည်။ လူသားမျိုးနွယ်သည် ယခုအချိန်ထိ၊ မျက်မှောက်ခေတ် အထိ ရှင်သန်ပြီးဖြစ်သည်မှာ ဘုရားသခင်သည် လူသားမျိုးနွယ်ကို မတူညီသည့် နည်းလမ်းများဖြင့် ပြုစုစောင့်ရှောက် သောကြောင့်သာ ဖြစ်သည်။ သင့်လျော်ပြီး သဘာဝ နိယာမများက ကောင်းမွန်သည့် အစီအစဉ်ဖြင့် ရှိကြသည့် ရှင်သန်မှုအတွက် သတ်မှတ်ထားသော ပတ်ဝန်းကျင်တစ်ခုဖြင့်၊ ကမ္ဘာမြေ၏ မတူညီသော လူအမျိုးအစားအားလုံး၊ မတူညီသော လူမျိုးစုအားလုံးသည် သူတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်းထားသည့် နယ်မြေများအတွင်းတွင် ရှင်သန်နိုင်ကြလေသည်။ ယင်းတို့ကို ချမှတ်ထားသည်မှာ ဘုရားသခင် ဖြစ်သောကြောင့်၊ ဤနယ်မြေများ သို့မဟုတ် နယ်နိမိတ်များကို မည်သူမျှ ကျော်မသွားနိုင်ပေ။ ဘုရားသခင်သည် နယ်နိမိတ်များကို ဤနည်းလမ်းဖြင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤသည်မှာ လူသားမျိုးနွယ်အားလုံးအတွက် အလွန်အရေးကြီးသည့်- အမှန်တကယ် အလွန်အရေးကြီးသည့်- ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် သက်ရှိသတ္တဝါ အမျိုးအစား အသီးသီးအတွက် အပိုင်းအခြားတစ်ခုကို ချမှတ်ခဲ့ပြီး လူသားအမျိုးအစား အသီးသီးအတွက် ရှင်သန်မှု နည်းလမ်းများကို သတ်မှတ်ခဲ့သည်။ သူသည် ကမ္ဘာမြေကြီးပေါ်ရှိ မတူကွဲပြားသော လူအမျိုးအစားများနှင့် မတူကွဲပြားသော လူမျိုးစုများကိုလည်း ပိုင်းခြားခဲ့ပြီး ၎င်းတို့အတွက် အပိုင်းအခြားတစ်ခုကို ထူထောင်ခဲ့သည်။ ဤသည်မှာ နောက်ထပ် ငါတို့ ဆွေးနွေးမည့် အရာဖြစ်သည်။
စတုတ္ထပိုင်း- ဘုရားသခင်သည် မတူညီသော လူမျိုးများကြားတွင် နယ်နိမိတ်များ ရေးဆွဲသည်
စတုတ္တအနေဖြင့်၊ ဘုရားသခင်သည် မတူကွဲပြားသည့် လူမျိုးစုများကြားတွင် နယ်နိမိတ်များ ရေးဆွဲခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် လူဖြူ၊ လူမည်း၊ လူညို၊ လူဝါတို့ရှိကြသည်။ ဤသည်တို့သည် မတူကွဲပြားသည့် လူအမျိုးအစားများဖြစ်သည်။ ဘုရားသခင်သည် ဤကွဲပြားသည့် လူအမျိုးအစားတို့၏ ဘဝများအတွက် နယ်ပယ်ကိုလည်း သတ်မှတ်ခဲ့ပြီး၊ ယင်းကို သတိမမူမိဘဲ၊ လူတို့သည် ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှင်သန်မှုအတွက် သင့်တော်သော ၎င်းတို့၏ ပတ်ဝန်းကျင်အတွင်းတွင် နေထိုင်ကြလေသည်။ ဤအရာ၏ အပြင်သို့ မည်သူမျှ မထွက်နိုင်ပေ။ ဥပမာအားဖြင့် လူဖြူများကို စဉ်းစားကြည့်ကြစို့။ ၎င်းတို့၏ အများစု နေထိုင်သည့် ပထဝီမြေ အပိုင်းအခြားမှာ မည်သည့်အရာ ဖြစ်သနည်း။ အများစုသည် ဥရောပနှင့် အမေရိကတွင် နေထိုင်ကြသည်။ လူမည်းများ အဓိကနေထိုင်သည့် ပထဝီမြေအပိုင်းအခြားမှာ အာဖရိက ဖြစ်သည်။ လူညိုများမှာ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအို ကဲ့သို့သော အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းရှိ နိုင်ငံများတွင် အဓိကအားဖြင့် နေထိုင်ကြသည်။ လူဝါများသည် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ကဲ့သို့ နိုင်ငံများဖြစ်သည့် အာရှတွင် အဓိက နေထိုင်ကြသည်။ ဤကွဲပြားသည့် လူမျိုးများသည် ကမ္ဘာလောက၏ ကွဲပြားသည့် အစိတ်အပိုင်းများ တစ်လျှောက် ပျံ့နှံ့စေရန်အလို့ငှာ၊ ဘုရားသခင်သည် ဤမတူညီသည့် လူမျိုးစု အမျိုးအစား အားလုံးကို သင့်လျော်စွာ ဖြန့်ခဲ့သည်။ ကမ္ဘာ၏ ဤမတူညီသည့် အစိတ်အပိုင်းများတွင်၊ ဘုရားသခင်သည် မတူကွဲပြားသည့် လူသားမျိုးနွယ်စု အသီးသီးအတွက် သင့်တော်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် တစ်ခုကို ကြာမြင့်စွာသော အချိန်ကတည်းက ပြင်ဆင်ခဲ့သည်။ ဤရှင်သန်မှုဆိုင်ရာ ပတ်ဝန်းကျင်များ အတွင်းတွင်၊ ဘုရားသခင်သည် ၎င်းတို့အတွက် ခြားနားသော အရောင်များနှင့် ဖွဲ့စည်းပုံတို့ ရှိသည့် မြေကြီးများကို ပြင်ဆင်ခဲ့သည်။ တစ်နည်းအားဖြင့် လူဖြူများ၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများသည် လူမည်းတို့၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့်အရာများနှင့် မတူညီကြ သကဲ့သို့၊ အခြားလူမျိုးစုများ၏ ကိုယ်ခန္ဓာများကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများမှလည်း ၎င်းတို့ ကွာခြားပေသည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ထိုလူမျိုးစုအတွက် ရှင်သန်မှု ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်နှင့်ခဲ့ပြီးဖြစ်သည်။ ထိုသို့လုပ်ဆောင်ရာတွင် သူ၏ ရည်ရွယ်ချက်မှာ ထိုလူအမျိုးအစား စတင်တိုးပွားပြီး အရေအတွက် တိုးလာသည့်အခါတွင်၊ ၎င်းတို့ကို ပိုင်းအခြား တစ်ခုခုအတွင်းတွင် ပြင်ဆင်သတ်မှတ်ပေးနိုင်ဖို့ ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို မဖန်ဆင်းမီတွင်၊ ထိုအရာအားလုံးကို သူ စဉ်းစားထားနှင့်ပြီးဖြစ်သည်- လူဖြူများအတွက် ၎င်းတို့ကို ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်ခွင့်ပြုရန် ဥရောပနှင့် အမေရိကကို သူ သီးသန့်ထားခဲ့သည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းနေခဲ့ချိန်တွင် သူသည် အစီအစဉ်တစ်ခု ရှိနှင့်ပြီးဖြစ်သည်၊ ထိုကုန်းမြေအပိုင်းထဲတွင် သူထားရှိသည့်အရာကို ထားရှိခြင်းနှင့် ထိုကုန်းမြေအပိုင်းတွင် သူ ပြုစုပျိုးထောင်သည့်အရာကို ပြုစုပျိုးထောင်ခြင်းတွင် ရည်မှန်းချက် တစ်ခုနှင့် ရည်ရွယ်ချက် တစ်ခု ရှိနှင့်ခဲ့ပြီးဖြစ်သည်။ ဥပမာအားဖြင့် ဘုရားသခင်သည် မည်သည့်တောင်များ၊ လွင်ပြင်များ မည်မျှ၊ ရေအရင်းအမြစ်များ မည်မျှ၊ မည်သည့်ငှက်နှင့် သားရဲတိရစ္ဆာန် အမျိုးအစားများ၊ မည်သည့်ငါးများနှင့် မည်သည့်အပင်များ ထိုကုန်းမြေပေါ်တွင် ရှိရမည်ဆိုသည်ကို အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ သတ်မှတ်ထားသည့် လူသား အမျိုးအစား တစ်ခုအတွက်၊ သတ်မှတ်ထားသည့် လူမျိုးစု တစ်ခုအတွက်၊ ရှင်သန်မှု ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်သည့်အခါတွင်၊ ဘုရားသခင်သည် ရှုထောင့်ပေါင်းစုံမှ ကိစ္စရပ်များစွာကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ခဲ့သည်။ ပထဝီဆိုင်ရာ ပတ်ဝန်းကျင်၊ မြေကြီး၏ ဖွဲ့စည်းပုံ၊ မတူကွဲပြားသော ငှက်များနှင့် သားရဲတိရစ္ဆာန် မျိုးစေ့များ၊ မတူကွဲပြားသော ငါးအမျိုးအစားများ၏ အရွယ်အစား၊ ငါး၏ ကိုယ်များကို ဖွဲ့စည်းထားသည့် အစိတ်အပိုင်းများ၊ ရေအရည်အသွေး ကွဲပြားမှုများအပြင်၊ မတူကွဲပြားသည့် အပင်အမျိုးအစား အားလုံး...ထိုအရာအားလုံးကို ဘုရားသခင်သည် အချိန်ကြာမြင့်စွာကတည်းက ပြင်ဆင်ခဲ့ပြီး ဖြစ်သည်။ ထိုပတ်ဝန်းကျင်မျိုးသည် လူဖြူများအတွက် ဘုရားသခင် ဖန်ဆင်းပြီး ပြင်ဆင်ခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင် တစ်ခုဖြစ်ပြီး ယင်းသည် ပင်ကိုအားဖြင့် ၎င်းတို့နှင့် သက်ဆိုင်ပေသည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင် ထိုအထဲ၌ အတွေးများစွာ ထားရှိခဲ့ပြီး အစီအစဉ် တစ်ခုဖြင့် ဆောင်ရွက်ခဲ့သည်ကို သင်တို့ မြင်ပြီလော။ (မြင်ပါသည်။ လူအမျိုးအစား အမျိုးမျိုးအတွက် ဘုရားသခင်၏ စဉ်းစားဆင်ခြင်မှုများက အလွန် စဉ်းစဉ်းစားစား ရှိသည်ကို ကျွန်ုပ်တို့ တွေ့ရပြီး ဖြစ်ပါသည်။ မတူကွဲပြားသည့် လူသား အမျိုးအစားများအတွက် သူ ဖန်ဆင်းခဲ့သည့် ရှင်သန်မှု ပတ်ဝန်းကျင်အတွက်၊ သူသည် မည်သည့် ငှက်များ၊ သားရဲတိရစ္ဆာန်များနှင့် ငါးအမျိုးအစားများကို ပြင်ဆင်မည်၊ တောင်များ မည်မျှနှင့် မြေပြန့်လွင်ပြင်များ မည်မျှ ပြင်ဆင်မည်ဆိုသည်ကို အဆုံးစွန် ထောက်ထားမှုနှင့် တိကျမှုတို့ဖြင့် သူ ထည့်သွင်းစဉ်းစားခဲ့ပါသည်။) ဥပမာ လူဖြူများကို ကြည့်လော့။ မည်သည့်အစားအစာများကို လူဖြူများက အဓိက စားသုံးကြသနည်း။ လူဖြူများ စားသုံးသည့် အစားအစာများက အာရှသားများ စားသုံးသည့်အစားအစာနှင့် အလွန် ကွဲပြားသည်။ လူဖြူများ စားသည့် အဓိက အစားအစာများက များသောအားဖြင့် အသား၊ ဥများ၊ နွားနို့နှင့် ကြက်ဘဲအသားတို့ ပါဝင်သည်။ ပေါင်မုန့်နှင့် ထမင်းကဲ့သို့သော ဂျုံစပါးတို့သည် ယေဘုယျအားဖြင့် ပန်းကန်၏ ဘေးတွင်ထားသည့် ဖြည့်စွက် အစားအစာများ ဖြစ်သည်။ ဟင်းသီးဟင်းရွက်သုပ်ကို စားသည့်အခါတွင်ပင်၊ အမဲကင် သို့မဟုတ် ကြက်ကင် အပိုင်းအစ အနည်းငယ်ကို ထည့်တတ်ကြပြီး၊ ဂျုံပါဝင်သည့် အစားအစာများကို စားသည့်အခါတွင်ပင်၊ ဒိန်ခဲ၊ ဥများ သို့မဟုတ် အသားတို့ကို ဖြည့်စွက်တတ်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ အဓိက အစားအစာများသည် ဂျုံပါဝင်သည့် အစားအစာများ သို့မဟုတ် ထမင်းများ မဟုတ်ဟု ဆိုရပေမည်။ ၎င်းတို့သည် အလွန်များသည့် အသားနှင့် ဒိန်ခဲများ ပမာဏကို စားကြသည်။ ၎င်းတို့ စားသုံးသည့် အစားအစာများက ကယ်လိုရီ အလွန်မြင့်မားသည့်သောကြောင့် ရေခဲရေကို ၎င်းတို့ မကြာခဏ သောက်ကြသည်။ ထို့ကြောင့် လူဖြူများသည် သူမတူထူးကဲစွာ သန်စွမ်းကြသည်။ ယင်းမှာ ၎င်းတို့၏ အသက်မွေးမှု အရင်းအမြစ်နှင့် ၎င်းတို့အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် ရှင်သန်ခြင်း ပတ်ဝန်းကျင် ဖြစ်သည်၊ ယင်းက အခြားလူမျိုးစုများ၏ ဘဝနေထိုင်မှုပုံစံမှ ကွဲပြားသည့် ဤဘဝပုံစံကို ရှိခွင့်ပေးလေသည်။ ဤဘဝပုံစံတွင် မှန်ခြင်း၊ မှားခြင်း မရှိပေ- ယင်းသည် မွေးရာပါ၊ ဘုရားသခင် ခွဲခန့်မှတ်သားထားခြင်း ဖြစ်ပြီး၊ ယင်းသည် ဘုရားသခင်၏ လမ်းညွှန်စေစားချက်များနှင့် သူ၏စီမံခန့်ခွဲမှုများမှ ထွက်ပေါ် လာပေသည်။ ဤလူမျိုးစုက ၎င်းတို့၏ အသက်မွေးမှုအတွက် ဤဘဝပုံစံနှင့် ဤအရင်းအမြစ်များ ရှိသည်မှာ ၎င်းတို့၏ မျိုးနွယ်စုကြောင့်နှင့် ဘုရားသခင်က ၎င်းတို့အတွက် ပြင်ဆင် ပေးထားသည့် ရှင်သန်မှု ပတ်ဝန်းကျင်ကြောင့် ဖြစ်သည်။ သင့်အနေဖြင့် လူဖြူများအတွက် ဘုရားသခင် ပြင်ဆင် ပေးထားသည့် ရှင်သန်မှု ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်မှ ၎င်းတို့ ရရှိသည့် နေ့စဉ် အာဟာရသည် ကြွယ်ဝကာ ပေါများသည်ဟု ဆိုနိုင်ပေသည်။
ဘုရားသခင်သည် အခြား လူမျိုးနွယ်စုများအတွက်လည်း ရှင်သန်မှုအတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကို ပြင်ဆင်ပေးခဲ့သည်။ လူမည်းများလည်း ရှိသည်- လူမည်းများသည် မည်သည့်နေရာတွင် တည်ရှိကြသနည်း။ ၎င်းတို့သည် အဓိကအားဖြင့် အာဖရိက အလယ်ပိုင်းနှင့် တောင်ပိုင်းများတွင် တည်ရှိကြသည်။ အသက်ရှင်ခြင်းအတွက် ဘုရားသခင်သည် ထိုပတ်ဝန်းကျင်မျိုးတွင် ၎င်းတို့အတွက် အဘယ်အရာကို ပြင်ဆင်ခဲ့သနည်း။ အပူပိုင်း မုတ်သုံသစ်တောများ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်မျိုးစုံ၊ ကန္တာရများနှင့် လူတို့နှင့်အတူ ရှင်သန်သည့် အပင်မျိုးစုံတို့ ဖြစ်သည်။ ၎င်းတို့သည် ရေ၊ ၎င်းတို့၏ အသက်မွေးမှုများနှင့် အစားအစာတို့အတွက် အရင်းအမြစ်များ ရှိသည်။ ဘုရားသခင်သည် ၎င်းတို့အပေါ် မတရား မပြုလုပ်ပေ။ သူတို့ မည်သည့်အရာကို လုပ်ဆောင်ဖူးသည် ဖြစ်စေ၊ ၎င်းတို့၏ ရှင်သန်မှုက ပြဿနာ တစ်ခု မဖြစ်ဖူးပေ။ ၎င်းတို့သည်လည်း ကမ္ဘာလောက၏ တစ်စိတ်တစ်ဒေသတွင် နေရာ တစ်ခုခုနှင့် နယ်ပယ် တစ်ခုခုကို နေရာ ယူထားကြသည်။
ယခုတွင် လူဝါများ အကြောင်းကို ပြောကြစို့။ လူဝါများသည် အဓိကအားဖြင့် အရှေ့အရပ်တွင် နေထိုင်ကြသည်။ အရှေ့အရပ်နှင့် အနောက်အရပ်တို့၏ ပတ်ဝန်းကျင်များနှင့် ပထဝီဝင်ဆိုင်ရာ အနေအထားများတွင် မည်သည့်ကွာခြားချက်များ ရှိသနည်း။ အရှေ့အရပ်တွင် ကုန်းမြေအများစုသည် သီးနှံဖြစ်ထွန်းပြီး၊ ဝတ္ထုပစ္စည်းများနှင့် သတ္တုသိုက်များ ကြွယ်ဝသည်။ ဆိုလိုသည်မှာ မြေပေါ်နှင့် မြေအောက် အရင်းအမြစ်မျိုးစုံ ပေါများပေသည်။ ဤလူစုအတွက်၊ ဤလူမျိုးနွယ်စုအတွက်၊ ကိုက်ညီသည့် မြေဆီလွှာ၊ ရာသီဥတုနှင့် ၎င်းတို့အတွက် သင့်တော်သည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အမျိုးမျိုးတို့ကိုလည်း ဘုရားသခင် ပြင်ဆင်ပေးခဲ့သည်။ ထိုပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အနောက်အရပ်ရှိ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင် အကြားတွင် ကြီးမားသည့် ကွာခြားမှုများ ရှိသော်လည်း၊ လူများ လိုအပ်သည့် အစားအစာ၊ အသက်မွေးမှုများနှင့် ရှင်သန်မှုအတွက် အရင်းအမြစ်များကိုလည်း ဘုရားသခင်က ပြင်ဆင်ထားခဲ့သည်။ ယင်းသည် အနောက်အရပ်တွင် လူဖြူများ၌ ရှိသည့်အရာနှင့် ကွဲပြားသည့် ရှင်သန်မှု ပတ်ဝန်းကျင်တစ်ခုသာ ဖြစ်သည်။ သို့သော် သင်တို့ကို ပြောပြရန်လိုသည့် အရာတစ်ခုမှာ အဘယ်အရာနည်း။ အရှေ့တိုင်း မျိုးနွယ်စု၏ လူအရေအတွက်သည် အတော်အတန် များပြားသည်၊ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေ၏ ထိုအပိုင်းတွင် အနောက်တိုင်းအရပ်နှင့် မတူညီသည့် အစိတ်အပိုင်း များစွာ ဖြည့်စွက်ခဲ့ပေသည်။ ထိုနေရာတွင် သူသည် မတူညီသည့် မြေပြင် ရှုခင်းများစွာနှင့် အလျှံပယ် ဖြစ်သော ဝတ္ထုပစ္စည်း မျိုးစုံကို ဖြည့်စွက်ခဲ့သည်။ သဘာဝ အရင်းအမြစ်များ အလွန် ပေါကြွယ်ဝလေသည်။ မြေပြင် အနေအထားသည်လည်း အမျိုးမျိုး ရှိပြီး ကွဲပြားသည်၊ အရှေ့တိုင်းလူမျိုးနွယ်စု၏ များပြားလှသည့် လူအရေအတွက်ကို ပြုစုစောင့်ရှောက်ဖို့ရာ လုံလောက်ပေသည်။ အရှေ့တိုင်းကို အနောက်တိုင်းမှ ခွဲခြားသည့်အရာမှာ အရှေ့အရပ်တွင်- တောင်ဘက်မှ မြောက်ဘက်၊ အရှေ့ဘက်မှ အနောက်ဘက်- ရာသီဥတုသည် အနောက်တိုင်းထက် သာ၍ကောင်းမွန်ပေသည်။ ရာသီဥတု လေးခုသည် ရှင်းလင်းစွာ ကွဲပြား၏၊ အပူချိန်များက သင့်မြတ်သည်၊ သဘာဝ အရင်းအမြစ်များက ပေါကြွယ်ဝပြီး၊ သဘာဝရှုခင်းနှင့် မြေပြင် အနေအထား အမျိုးအစားများသည် အနောက်တိုင်းထက် သာ၍ ကောင်းမွန်လေသည်။ ဘုရားသခင်သည် အဘယ်ကြောင့် ဤအရာကို လုပ်ဆောင် ခဲ့သနည်း။ ဘုရားသခင်သည် လူဖြူများနှင့် လူဝါများကြားတွင် အလွန် အကျိုးအကြောင်းသင့်သည့် ဟန်ချက်ညီမှု တစ်ခုကို ဖန်ဆင်းခဲ့သည်။ ဤအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူဖြူများ၏ အစားအစာ၊ ၎င်းတို့ အသုံးပြုသည့် အရာများနှင့် ၎င်းတို့ မွေ့လျော်ခံစားဖို့အတွက် ပေးထားသည့် အရာများ၏ လက္ခဏာ သွင်ပြင်အားလုံးသည် လူဝါများ မွေ့လျော်နိုင်သည့် အရာများထက် သာလွန် ကောင်းမွန်လေသည်။ သို့သော် ဘုရားသခင်သည် မည်သည့်လူမျိုးနွယ်စုကိုမျှ ဘက်မလိုက်ပေ။ ဘုရားသခင်သည် လူဝါများကို ရှင်သန်မှုအတွက် သာ၍ လှပပြီး သာ၍ ကောင်းမွန်သည့် ပတ်ဝန်းကျင် တစ်ခုကို ပေးခဲ့သည်။ ဤသည်မှာ ဟန်ချက်ညီမှုဖြစ်သည်။
ဘုရားသခင်သည် မည်သည့်လူအမျိုးအစားက ကမ္ဘာလောက၏ မည်သည့်အပိုင်းတွင် နေထိုင်သင့်သည်ကို ကြိုတင်ခွဲခန့်ထားပြီး ဖြစ်သည်။ လူသားတို့က ဤကန့်သတ်ချက်များကို ကျော်လွန်၍ သွားနိုင်သလော။ (သူတို့မသွားနိုင်ပါ။) အံ့သြဖွယ်ကောင်းသည့် အရာတစ်ခု ပါတကား။ မတူညီသည့်ခေတ်များ သို့မဟုတ် ထူးခြားသော အချိန်ကာလများအတောအတွင်းတွင် စစ်ပွဲများ သို့မဟုတ် ပိုင်နက်ကျူးလွန်မှုများ ရှိလျှင်ပင်၊ ဤစစ်ပွဲများနှင့် ပိုင်နက်ကျူးလွန်မှုများက လူမျိုးနွယ်စု အသီးသီးအတွက် ဘုရားသခင် ခွဲခန့်မှတ်သားထားပြီးဖြစ်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များကို လုံးဝ မဖျက်ဆီးနိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာလောက၏ အစိတ်အပိုင်း တစ်ခုခုတွင် လူအမျိုးအစား တစ်ခုခုကို ချမှတ်ထားပြီးဖြစ်ကာ ၎င်းတို့သည် ထိုအကန့်အသတ်များကို ကျော်လွန်မသွားနိုင်ကြပေ။ လူများက ၎င်းတို့၏ ပိုင်နက်ကို ပြောင်းလဲရန် သို့မဟုတ် ချဲ့ထွင်ရန် အချို့သော ရည်မှန်းချက်မျိုး ရှိလျှင်ပင်၊ ဘုရားသခင်၏ ခွင့်ပြုချက် မရှိဘဲနှင့်၊ ဤသည်မှာ ၎င်းတို့အတွက် စွမ်းဆောင်ရရှိဖို့ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ယင်းမှာ အောင်မြင်ဖို့ အလွန် ခက်ခဲလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့်၊ လူဖြူများသည် ၎င်းတို့၏ ပိုင်နက်မြေကို ချဲ့ထွင်လိုခဲ့ကြပြီး အချို့သော အခြားနိုင်ငံများကို ကိုလိုနီနိုင်ငံ အဖြစ် သိမ်းပိုက် အုပ်ချုပ်ခဲ့ကြသည်။ ဂျာမနီက နိုင်ငံအချို့ကို ကျူးကျော်ခဲ့ပြီး၊ ဗြိတိန်က အိန္ဒိယကို တစ်ကြိမ် သိမ်းပိုက်ခဲ့သည်။ ရလဒ်က မည်သည့်အရာ ဖြစ်ခဲ့သနည်း။ အဆုံးတွင် ၎င်းတို့ ကျရှုံးခဲ့ကြသည်။ ၎င်းတို့၏ ရှုံးနိမ့်မှုမှ အဘယ်အရာကို ငါတို့ မြင်ရသနည်း။ ဘုရားသခင် ခွဲခန့်မှတ်သား ထားပြီးသည့်အရာကို ဖျက်ဆီးပစ်ရန် ခွင့်မပြုထားခြင်း ဖြစ်သည်။ ထို့ကြောင့် ဗြိတိန်၏ နယ်မြေချဲ့ထွင်မှုတွင် မည်မျှ ကြီးမားသည့် အရှိန်အဟုန်ကို သင် မြင်ရသည်ဖြစ်စေ၊ နောက်ဆုံးတွင် ၎င်းတို့သည် အိန္ဒိယနှင့် သက်ဆိုင်သည့် နယ်မြေကို စွန့်ခွာရင်း၊ ဆုတ်ခွာခဲ့ရဆဲဖြစ်သည်။ ဘုရားသခင်သည် ခွင့်မပြုခဲ့သောကြောင့်၊ ထိုနယ်မြေတွင် နေထိုင်ကြသူများသည် ဗြိတိသျှလူမျိုး မဟုတ်ဘဲ၊ အိန္ဒိယလူမျိုးများ ဖြစ်နေဆဲ ဖြစ်သည်။ သမိုင်း သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုခဲ့သူ အချို့က ဤအရာနှင့်ပတ်သက်သည့် သုတေသနစာတမ်းများ ထောက်ပံ့ပေးထားပြီး ဖြစ်သည်။ အချို့သော မျိုးနွယ်စုကို သိမ်းပိုက်မရနိုင်ခဲ့သောကြောင့် သို့မဟုတ် အခြားလူသား အကြောင်းပြချက် အချို့ကြောင့် ဖြစ်နိုင်သည်ဟု ဆိုရင်း၊ ဗြိတိန် အဘယ်ကြောင့် ရှုံးနှိမ့်ခဲ့ရသည် ဆိုသည်အတွက် အကြောင်းရင်းများ ၎င်းတို့ ပေးကြလေသည်...။ ဤသည်တို့မှာ တကယ့် အကြောင်းရင်းများ မဟုတ်ပေ။ တကယ့် အကြောင်းရင်းမှာ ဘုရားသခင်ကြောင့် ဖြစ်သည်- ယင်းကို သူ ခွင့်မပြုခဲ့ပေ။ ဘုရားသခင်သည် လူမျိုးစု တစ်စုကို နယ်မြ တစ်စိတ်တစ်ဒေတွင် နေထိုင်ခွင့်ပေးပြီး ထိုနေရာတွင် ၎င်းတို့ကို အခြေချစေသည်၊ ပြီးလျှင် ဘုရားသခင်သည် ၎င်းတို့ကို ထိုနယ်မြေမှ ရွှေ့ပြောင်းခွင့်မပြုပါက၊ မည်သည့်အခါတွင်မျှ ရွှေ့ပြောင်းနိုင်လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ၎င်းတို့အတွက် သတ်မှတ်ထားသည့် နယ်မြေ တစ်ခု ခွဲဝေပေးပါက၊ ၎င်းတို့သည် ထိုဒေသအတွင်း၌ နေထိုင်ကြလိမ့်မည်။ လူသားမျိုးနွယ်သည် ဤသတ်မှတ်ထားသည့် နယ်မြေမှ ရုန်းထွက်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကိုယ် လွတ်မြောက်စေခြင်း မပြုလုပ်နိုင်ပေ။ ဤသည်မှာ သေချာသည်။ နယ်ချဲ့သူများ၏ အင်အားစုများ မည်မျှပင်ကြီးမားသည် ဖြစ်စေ သို့မဟုတ် နယ်ချဲ့ခံရသည့်သူများက မည်မျှ အားနည်းသည် ဖြစ်စေ၊ နောက်ဆုံးတွင် နယ်ချဲ့သူတို့၏ အောင်မြင်မှုက ဘုရားသခင် ဆုံးဖြတ်ဖို့အတွက် ဖြစ်ပေသည်။ ယင်းကို သူက ခွဲခန့်မှတ်သားထားနှင့်ပြီးဖြစ်ကာ မည်သူမျှ မပြောင်းလဲနိုင်ပေ။
အထက်က ဖော်ပြထားသည်မှာ ဘုရားသခင်က လူမျိုးနွယ်စု အမျိုးမျိုးကို ဖြန့်ထားပုံ ဖြစ်သည်။ မျိုးနွယ်စုများကို ဖြန့်ဖို့ ဘုရားသခင်သည် အဘယ်အရာကို လုပ်ဆောင်ပြီးဖြစ်သနည်း။ ပထမဦးစွာ၊ သူသည် လူတို့အတွက် မတူညီသည့် နေရာများကို ခွဲဝေပေးရင်း၊ ကြီးများသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့သည်၊ ယင်းနောက်တွင် ထိုနေရာများ၌ မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ခဲ့ကြသည်။ ဤအရာကို သတ်မှတ်ထားပြီးဖြစ်သည်- ၎င်းတို့၏ ရှင်သန်မှုအတွက် သတ်မှတ်ထားသည့် နယ်မြေကို သတ်မှတ်ထားပြီး ဖြစ်သည်။ ပြီးလျှင် ၎င်းတို့၏ ဘဝများ၊ ၎င်းတို့ စားသည့်အရာ၊ ၎င်းတို့ သောက်သည့်အရာ၊ ၎င်းတို့၏ အသက်မွေးမှုများ- ထိုအရာအားလုံးကို အချိန်ကြာမြင့်စွာက ဘုရားသခင် သတ်မှတ်ထားခဲ့သည်။ ပြီးလျှင် အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် မတူညီသည့် လူအမျိုးအစားများ အတွက် မတူညီသည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်- မတူညီသည့် မြေကြီးဖွဲ့စည်းပုံများ၊ မတူညီသည့် ရာသီဥတုများ၊ မတူညီသည့် အပင်များနှင့် မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ ရှိကြသည်။ မတူညီသည့် နေရာများသည် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်များပင် ရှိသည်၊ မတူညီသည့် ရေများက ၎င်းတို့၏ သီးသန့် ငါးအမျိုးအစားများနှင့် ရေထွက်ပစ္စည်းများ ရှိကြသည်။ ပိုးမွှားအမျိုးအစားများကိုပင်လျှင် ဘုရားသခင်က ပိုင်းခြားသတ်မှတ်ပေသည်။ ဥပမာအားဖြင့် အမေရိကတိုက်တွင် ကြီးပြင်းသည့်အရာများ အားလုံးသည် အလွန် ကြီးမား၊ အလွန် မြင့်မားပြီး၊ အလွန် ကျန်းမာသန်စွမ်းသည်။ တောင်တန်း သစ်တောထဲတွင် ရှိသည့် သစ်ပင်များ၏ အမြစ်များ အားလုံးသည် အလွန် တိမ်သော်လည်း၊ သစ်ပင်က အလွန် မြင့်မားစွာ ကြီးထွားလေသည်။ မီတာ တစ်ရာ သို့မဟုတ် မီတာ တစ်ရာကျော် အမြင့်များအထိပင် ရောက်ရှိနိုင်ကြသော်လည်း၊ အာရှတွင် ရှိသည့် သစ်တောများထဲက သစ်ပင်များသည် အများအားဖြင့် သိပ်မမြင့်ကြပေ။ ဥပမာအားဖြင့် ရှားစောင်းလက်ပပ်ပင်များကို ကြည့်လော့။ ဂျပန်တွင် ယင်းအပင်များသည် အလွန်သေးသွယ်ပြီး၊ အလွန်ပါးသော်လည်း၊ အမေရိကန် ပြည်ထောင်စုတွင် ရှိသည့် ရှားစောင်းလက်ပပ်ပင်များမှာ အလွန်ကြီးမားလေသည်။ ဤတွင် ခြားနားမှု တစ်ခု ရှိ၏။ ယင်းသည် နာမည် တစ်ခုတည်းနှင့် အပင်အမျိုးအစား တစ်ခုတည်း ဖြစ်သော်လည်း၊ အမေရိကတိုက်တွင် ယင်းသည် အထူးသဖြင့် ကြီးမားစွာ ပေါက်လေသည်။ ဤသွင်ပြင်လက္ခဏာ အမျိုးမျိုးထဲက ခြားနားမှုများကို လူတို့က မမြင် သို့မဟုတ် သတိမမူမိနိုင်သော်လည်း၊ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ သူသည် ယင်းတို့ကို အသေးစိတ် ချပြခဲ့ပြီး မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ မတူညီသည့် မြေမျက်နှာသွင်ပြင်များနှင့် မတူညီသည့် လူမျိုးနွယ်စုများအတွက် မတူညီသည့် သက်ရှိများကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် မတူညီသည့် လူအမျိုးအစားများကို ဖန်ဆင်းခဲ့ပြီး၊ ၎င်းတို့အသီးသီး လိုအပ်သည့်အရာနှင့် ၎င်းတို့၏ ဘဝနေထိုင်မှုပုံစံများက မည်သည့်အရာဖြစ်သည်ကို သူ သိရှိသောကြောင့် ဖြစ်သည်။
ဘုရားသခင်သည် အရာခပ်သိမ်းကို အုပ်စိုးပြီး အရာခပ်သိမ်းအတွက် ပံ့ပိုးပေးသည်၊ သူသည် အရာခပ်သိမ်း၏ ဘုရားဖြစ်သည်
ဤအရာများထဲမှ အချို့ကို ပြောဆိုပြီးသည့်နောက်တွင်၊ ယခုတွင် ငါတို့ ဆွေးနွေးခဲ့သည့် အဓိက အကြောင်းအရာနှင့်ပတ်သက်သည့် တစ်စုံတစ်ရာကို လေ့လာကြပြီး ဖြစ်သည်ဟု သင်တို့ ခံစားရသလော။ ယင်းကို သင်တို့ စတင် နားလည်နေကြသည်ဟု ခံစားရသလော။ သာ၍ ကျယ်ပြန်သည့် အကြောင်းအရာများအတွင်း ဤသွင်ပြင်လက္ခဏာများ အကြောင်း ပြောဆိုဖို့ ငါ ရွေးချယ်ရသည့် အကြောင်းရင်းနှင့်ဆိုင်သည့် အကြမ်းဖျင်း စိတ်ကူးတစ်ခု ယခု သင်တို့ ရှိသင့်သည်ဟု ငါ ယုံကြည်သည်။ မှန်သလော။ ထိုအရာများထဲမှ မည်မျှကို သင်တို့ နားလည်သည်နှင့် ပတ်သက်၍ အနည်းငယ် သင်တို့ ပြောကောင်း ပြောနိုင်ပေမည်။ (လူသားမျိုးနွယ် အားလုံးသည် အရာခပ်သိမ်းအတွက် ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများအားဖြင့် ပြုစုစောင့်ရှောက် ခံရပြီး ဖြစ်သည်။ ဘုရားသခင်သည် ဤနိယာမများကို ပိုင်းခြားသတ်မှတ်သည့်အချိန်တွင်၊ သူသည် မတူညီသည့် မျိုးနွယ်စုများကို ပတ်ဝန်းကျင်များ၊ မတူညီသည့် ဘဝနေထိုင်မှု ပုံစံများ၊ မတူညီသည့် အစားအစာများ၊ မတူညီသည့် ရာသီဥတုများနှင့် အပူချိန်များကို ပံ့ပိုးခဲ့ပါသည်။ ဤသည်မှာ လူသားမျိုးနွယ် အားလုံးသည် ကမ္ဘာမြေတွင် အခြေချနိုင်ပြီး ရှင်သန်နိုင်ရန်အလို့ငှာ ဖြစ်ပါသည်။ ဤအရာမှ လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ဘုရားသခင်၏ အစီအစဉ်များသည် အလွန် တိကျသည်ကို ကျွန်ုပ်တွေ့မြင်နိုင်ပြီး၊ သူ၏ဉာဏ်ပညာ၊ စုံလင်မှုနှင့် ကျွန်ုပ်တို့ လူသားများအတွက် သူ၏ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်ပါသည်။) (ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများနှင့် နယ်ပယ်များကို မည်သည့်လူ၊ အဖြစ်အပျက် သို့မဟုတ် အမှုအရာကမျှ ပြောင်းလဲ၍မရနိုင်ပါ။ အားလုံးသည် သူ၏ အုပ်စိုးမှုအောက်တွင် ရှိပါသည်။) အရာခပ်သိမ်း၏ ကြီးထွားမှုအတွက် ဘုရားသခင် သတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်ရာတွင်၊ လူသားမျိုးနွယ်အားလုံးသည် အမျိုးအစား အစုံအလင်ဖြင့် ဘုရားသခင်၏ ထောက်ပံ့မှုနှင့် ပြုစုစောင့်ရှောက်မှု ခံရကြသည် မဟုတ်လော။ ဤနိယာမများသည် ဖျက်ဆီးခံခဲ့ရပါက သို့မဟုတ် ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ဤနိယာမများကို မထူထောင်ခဲ့ပါက၊ လူသားမျိုးနွယ်၏ ရှေ့ရေးက မည်သည့်အရာ ဖြစ်မည်နည်း။ လူသားများသည် ရှင်သန်မှုအတွက် ၎င်းတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးသည့်နောက်တွင်၊ အစားအစာ အရင်းအမြစ် တစ်ခုတစ်လေ ၎င်းတို့ ရှိပါဦးမည်လော။ အစားအစာ အရင်းအမြစ်သည် ပြဿနာ တစ်ခု ဖြစ်လာနိုင်သည်။ လူများသည် ၎င်းတို့၏ အစားအစာ အရင်းအမြစ် ဆုံးရှုံးသွားပါက၊ ဆိုလိုသည်မှာ ၎င်းတို့သည် စားစရာ မည်သည့်အရာမျှ မရရှိနိုင်ပါက၊ ရက်ပေါင်းမည်မျှ ၎င်းတို့ ရှေ့ဆက်နိုင်မည်နည်း။ တစ်လပင် ခံဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ တကယ့် ရှင်သန်မှုသည် ပြဿနာ တစ်ခု ဖြစ်လာပေမည်။ ထို့ကြောင့် လူတို့၏ ရှင်သန်မှုအတွက်၊ ၎င်းတို့၏ ဆက်လက် တည်ရှိခြင်း၊ မျိုးပွားခြင်းနှင့် အသက်ရှင်နေနိုင်မှုတို့အတွက် ဘုရားသခင် လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန် အရေးကြီး၏။ သူ၏ ဖန်ဆင်းခြင်း အရာများထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် အရာတစ်ခုချင်းစီတိုင်းသည် လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ပြဿနာ တစ်ခု ဖြစ်လာပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှု ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှု တည်ရှိဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူ ပြုစုပျိုးထောင်သည့် လူသားမျိုးနွယ် အားလုံး၏ ရှင်သန်မှုနှင့် ယှဉ်တွဲ တည်ရှိသည်၊ ထို့ကြောင့် ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် မည်သည့် ပြင်ဆင်မှုများကို ပြုလုပ်ပြီး လူသားတို့အတွက် မည်သည့်အရာကို သူလုပ်ဆောင်သည် ဖြစ်စေ၊ ဤအရာများ အားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အလွန် အရေးကြီးပေသည်။ အရာခပ်သိမ်းအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် သွေဖည်သွားခဲ့မည် ဆိုပါက၊ ဤနိယာမများသည် ပျက်ပြားသွားခဲ့မည် သို့မဟုတ် နှောင့်ယှက်ခံခဲ့ရမည် ဆိုပါက၊ အရာအားလုံးသည် ဆက်လက် တည်ရှိနိုင်မည် မဟုတ်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်သည် ဆက်လက် တည်ရှိမည် မဟုတ်သကဲ့သို့၊ ၎င်းတို့၏ နေ့စဉ် အာဟာရ ဖြစ်စေ လူသားမျိုးနွယ်ကိုယ်၌ ဖြစ်စေ တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအကြောင့်၊ လူသားမျိုးနွယ်၏ ကယ်တင်ခြင်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက် တည်ရှိမည် မဟုတ်ပေ။
ငါတို့ ဆွေးနွေးပြီးသည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူတစ်ဦးချင်းစီတိုင်း၏ ရှင်သန်မှုနှင့် အတွင်းကျကျ ဆက်နွှယ်ပေသည်။ သင်တို့က၊ “ကိုယ်တော် ပြောနေသည့် အကြောင်းအရာသည် အလွန် ကြီးမားလှသည်၊ ယင်းမှာ ကျွန်ုပ်တို့ မမြင်နိုင်သည့် အရာတစ်ခု ဖြစ်သည်။” ဟု ပြောကောင်း ပြောကြမည်ဖြစ်ပြီး၊ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်နှင့် မည်သို့မျှ မဆိုင်ပါ” ဟု ပြောမည့် လူများ ရှိကောင်း ရှိပေမည်။ သို့သော် သင်သည် အရာခပ်သိမ်း၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ရှင်သန်နေသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်စိုးမှုအောက်ရှိ အရာအားလုံးထဲမှ တစ်ဦး ဖြစ်သည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရနိုင်သကဲ့သို့၊ မည်သည့် လူတစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုမှ မိမိကိုယ်ကိုယ် ခွဲထွက်၍မရပေ။ သူ၏အုပ်စိုးမှုနှင့် သူ၏ပံ့ပိုးမှုတို့ကို ဆုံးရှုံးခြင်းသည် လူတို့၏အသက်များ၊ လူတို့၏ အသွေးအသား ဘဝများ ပျောက်ကွယ်သွားမည်ကို ဆိုလိုပေမည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ရှင်သန်မှု ပတ်ဝန်းကျင်များအား ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးနွယ်စုနှင့် သက်ဆိုင်သည်ဖြစ်စေ သို့မဟုတ် အနောက်အရပ်ဖြစ်စေ၊ အရှေ့အရပ်ဖြစ်စေ၊ မည်သည့် ကုန်းမြေတစ်စတွင် သင် နေထိုင်သည်ဖြစ်စေ- သင်သည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ဖြစ်သော ပတ်ဝန်းကျင်မှ မိမိကိုယ်ကိုယ် ခွဲထွက်၍မရသကဲ့သို့၊ လူသားတို့အတွက် သူ ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ပြုစုပျိုးထောင်ပေးခြင်းနှင့် ပံ့ပိုးခြင်း ပတ်ဝန်းကျင်မှ မိမိကိုယ်ကိုယ် သင် ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း မည်သည့်အရာဖြစ်စေ၊ အသက်ရှင်သန်ရန် မည်သည့်အရာကို သင်မှီခိုသည်ဖြစ်စေ၊ ပြီးလျှင် အသွေးအသားဖြင့် သင့်ဘဝကို အားဖြည့်ရန် မည်သည့်အရာကို သင် မှီခိုသည်ဖြစ်စေ သင်သည် ဘုရားသခင်၏ အုပ်စိုးမှုနှင့် သူ၏စီမံခန့်ခွဲမှုမှ မိမိကိုယ်ကိုယ် ခွဲထွက်၍ မရနိုင်ပေ။ လူအချို့က၊ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ။ အသက်ရှင်ခြင်းအတွက် ကောက်ပဲသီးနှံ မစိုက်ပါ။ ကျွန်ုပ်၏ အစားအစာအတွက် ကောင်းကင်ဘုံကို ကျွန်ုပ် အမှီမပြုပါ၊ ထို့ကြောင့် ကျွန်ုပ်၏ ရှင်သန်မှုသည် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက်ဖြစ်သော ပတ်ဝန်းကျင်အတွင်းတွင် ဖြစ်နေခြင်း မဟုတ်ပါ။ ထိုပတ်ဝန်းကျင်မျိုးမှ မည်သည့်အရာကိုမျှ ကျွန်ုပ်ကို ပေးမထားပါ” ဟု ဆိုကြသည်။ ယင်းမှာ မှန်သလော။ သင်က အသက်ရှင်ခြင်းအတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု ဆိုသော်လည်း၊ အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများကို သင် မစားသလော။ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများကို မစားသလော။ သင် စားသည့်အရာတိုင်း၊ သင် လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထူထောင်ခဲ့သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ပြီးလျှင် လူသားမျိုးနွယ် လိုအပ်သည့် အရာရာတိုင်း၏ အရင်းအမြစ်သည် ရှင်သန်မှုအတွက် သင်တို့၏ ပတ်ဝန်းကျင်များ အလုံးစုံ ပါဝင်သည့် ဘုရားသခင်ဖန်ဆင်းခဲ့သော အရာအားလုံးမှ ခွဲခြား၍မရပေ။ သင် သောက်သုံးသည့်ရေ၊ သင် ဝတ်သည့် အဝတ်အစားနှင့် သင် အသုံးပြုသည့် အရာများ အားလုံး- ဤအရာများထဲမှ မည်သည့်အရာသည် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် မပါဝင်သနည်း။ လူအချို့က၊ “ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများမှ မရရှိသည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်သည် ထိုပစ္စည်းများထဲမှ တစ်ခု ဖြစ်သည်။ ယင်းသည် ဓါတုပစ္စည်း တစ်ခု၊ လူလုပ်ထားသည့် အရာတစ်ခု ဖြစ်သည်”ဟု ဆိုကြသည်။ ယင်းမှာ မှန်ပါ၏လော။ ပလတ်စတစ်သည် ဧကန်အမှန် လူလုပ်ထားသည့် အရာဖြစ်ပြီး၊ ဓါတုပစ္စည်း တစ်ခု ဖြစ်သည်၊ သို့သော် ပလတ်စတစ်၏ မူလ ပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ မူလ ပါဝင်ပစ္စည်းများသည် ဘုရားသခင် ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရရှိခဲ့ပေသည်။ သင် မြင်ကာ နှစ်သက်ခံစားသည့် အရာများ၊ သင် အသုံးပြုသည့် အရာတစ်ခုစီတိုင်း၊ ထိုအရာအားလုံးကို ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာများမှ ရရှိပေသည်။ ဆိုလိုသည်မှာ လူတစ်ဦးသည် မည်သည့် မျိုးနွယ်စုနှင့် သက်ဆိုင်သည် ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းမှု ဖြစ်စေ၊ သို့မဟုတ် ရှင်သန်မှုအတွက် မည်သည့် ပတ်ဝန်းကျင် အမျိုးအစားတွင် ၎င်းတို့ နေထိုင်သည် ဖြစ်စေ၊ ၎င်းတို့သည် မိမိတို့ကိုယ်ကိုယ် ဘုရားသခင်၏ ပံ့ပိုးပေးသည့်အရာမှ ခွဲထွက်၍မရနိုင်ပေ။ သို့ဆိုလျှင် ယနေ့ ငါတို့ ဆွေးနွေးပြီးသည့် ဤအရာများသည် “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏။” ဟူသည့် ခေါင်းစဉ်နှင့် ဆက်နွှယ်သလော။ ယနေ့ ငါတို့ ဆွေးနွေးပြီးသည့် အရာများသည် ဤသာ၍ကြီးမားသည့် အကြောင်းအရာအောက်မှာ အကျုံးဝင်သလော။ (အကျုံးဝင်ပါသည်။) ယနေ့ ငါပြောဆိုပြီးသည့် အရာအချို့က အနည်းငယ် ယေဘုယျဆန်ပြီး ဆွေးနွေးရန် ခက်ခဲကောင်း ခက်ခဲပေမည်။ သို့သော် ယခု သင်တို့သည် ယင်းနှင့် သက်ဆိုင်သည့် သာ၍ ကောင်းမွန်သော သိနားလည်မှု တစ်ခု ရှိသည်မှာ သေချာသလောက် ဖြစ်သည်ဟု ငါ ထင်သည်။
မိတ်သဟာယပြုရာတွင် ဤပြီးခဲ့သည့် အခေါက် အနည်းငယ်တွင်၊ ငါတို့ မိတ်သဟာယပြုပြီးသည့် အကြောင်းအရာများ၏ အပိုင်းအခြားသည် အတော်အတန် ကျယ်ပြန့်သကဲ့သို့၊ ယင်းတို့၏ နယ်ပယ်သည် အတော်အတန် ကျယ်ပြန့်သည်၊ ထို့ကြောင့် သင်တို့အတွက် အားလုံးကို ခံယူရန် အနည်းငယ် အားထုတ်ရပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဤအကြောင်းအရာများသည် ဘုရားသခင်၌ လူတို့၏ ယုံကြည်မှုတွင် ယခင်က မကိုင်တွယ် မဖြေရှင်းဖူးသော အရာများ ဖြစ်သောကြောင့် ဖြစ်သည်။ လူအချို့သည် ဤအရာများကို နက်နဲမှု တစ်ခုအဖြစ် ကြားကြပြီး အချို့လူများက ပုံပြင်တစ်ပုဒ်အနေနှင့် ကြားကြသည်- မည်သည့် ရှုထောင့်သည် မှန်သနည်း။ မည်သည့်ရှုထောင့်မှ ဤအရာအားလုံးကို သင်တို့ကြားသနည်း။ (ဘုရားသခင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို မည်သို့ စနစ်တကျ စီစဉ်သည်ဆိုသည်နှင့်၊ အရာခပ်သိမ်းသည် နိယာမများ ရှိသည်ဆိုသည်တို့ကို ကျွန်ုပ်တို့ တွေ့မြင်ကြပြီးဖြစ်ကာ၊ ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်၏ ကယ်တင်ခြင်းအတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ စေ့စပ်သည့် စီစဉ်မှုများကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) မိတ်သဟာယပြုခြင်းဖြင့် ဤအချိန်များမှ တစ်ဆင့်၊ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှု နယ်ပယ်မှာ မည်မျှဝေးဝေး တိုးချဲ့သည်ကို သင်တို့မြင်ပြီလော။ (လူသားမျိုးနွယ် အားလုံးကို ကျော်လွန်သည်၊ အရာခပ်သိမ်းကို ကျော်လွန်ပါသည်။) ဘုရားသခင်သည် လူမျိုးနွယ်စု တစ်စု၏ ဘုရားသခင်လော။ သူက လူအမျိုးအစား တစ်ခု၏ ဘုရားလော။ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခု၏ ဘုရားလော။ (မဟုတ်ပါ။) ထိုသို့မဟုတ်သည့်အတွက် ဘုရားသခင်နှင့်ဆိုင်သည့် သင်တို့၏ အသိပညာအရ၊ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အစိတ်အပိုင်း တစ်ခု၏ ဘုရားသာ ဖြစ်ပါက၊ သို့မဟုတ် သူသည် သင် တစ်ဦးတည်း၏ ဘုရား ဖြစ်ပါက၊ ဤရှုထောင့်သည် မှန်ကန်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီမံခန့်ခွဲပြီး အုပ်စိုးသည့်အတွက်၊ လူတို့သည် အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှု၌ ထုတ်ဖော်ပြထားသည့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏ဉာဏ်ပညာနှင့် သူ၏အနန္တတန်ခိုးတို့ကို မြင်တွေ့သင့်ပေသည်။ ဤသည်မှာ လူတို့ သိရမည့်အရာ တစ်ခု ဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းကို စီမံသည်၊ အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး၊ လူသားမျိုးနွယ်အားလုံးကို အုပ်စိုးသည်ဟု သင်ဆိုသော်လည်း၊ လူသားမျိုးနွယ်အပေါ် သူ၏ အုပ်စိုးမှုနှင့်ဆိုင်သည့် သိနားလည်ခြင်း သို့မဟုတ် ထိုးထွင်းသိမြင်ခြင်း မရှိပါက၊ အရာခပ်သိမ်းအပေါ် သူ အုပ်စိုးသည်ကို သင် အမှန်တကယ် အသိအမှတ်ပြုနိုင်ပါသလော။ သင့်အနေဖြင့်၊ “ငါ၏ဘဝကို ဘုရားသခင်က လုံးဝ အုပ်စိုးသည်ကို ငါ သိသောကြောင့် ငါ အသိအမှတ်ပြုနိုင်သည်။”ဟု သင်၏ စိတ်နှလုံးတွင် တွေးကောင်းတွေးနိုင်သည်။ သို့သော် ဘုရားသခင်သည် အမှန်တကယ် ထိုမျှ သေးငယ်သလော။ မသေးငယ်ပေ။ သင်သည် သင့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သင့်အထဲက သူ၏အမှုကိုသာ မြင်ပြီး၊ ဤအရာများမှသာ သူ၏အုပ်စိုးမှုကို သင်မြင်ပေသည်။ ယင်းမှာ အလွန် သေးငယ်သည့် နယ်ပယ် တစ်ခု ဖြစ်ပြီး၊ ဘုရားသခင်နှင့်ဆိုင်သည့် စစ်မှန်သည့် အသိပညာအတွက် သင်၏ မျှော်လင့်ချက်များအပေါ် ထိခိုက်နစ်နာစေသည့် သက်ရောက်မှု ရှိလေသည်။ ယင်းက အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အုပ်စိုးမှုနှင့်သက်ဆိုင်သည့် သင်၏ စစ်မှန်သည့် အသိပညာကိုလည်း ကန့်သတ်သည်။ သင်သည် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်၏အသိကို သင့်အတွက် ဘုရားသခင် ပံ့ပိုးပေးသည့်အရာနှင့် သင့်အတွက် သူ၏ ကယ်တင်ခြင်း နယ်ပယ်အထိသာ ကန့်သတ်ထားပါက၊ သူသည် အရာရာတိုင်းအပေါ် အုပ်စိုးသည်၊ အရာခပ်သိမ်းအပေါ် အုပ်စိုးပြီး လူသားအားလုံးအပေါ် အုပ်စိုးသည်ကို မည်သည့်အခါတွင်မျှ သင် သတိပြုမိနိုင်မည် မဟုတ်ပေ။ ဤအရာများအားလုံးကို သင် သတိမပြုမိနိုင်သည့်အခါ၊ ဘုရားသခင်သည် သင်၏ ကံကြမ္မာအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကို သင် အမှန်တကယ် သတိပြုနိုင်မည်လော။ သတိမပြုနိုင်ပေ။ သင်၏ စိတ်နှလုံးတွင် ထိုရှုထောင့်ကို သင် မည်သည့်အခါတွင်မျှ သတိပြုမိနိုင်လိမ့်မည် မဟုတ်ပေ- ထိုသို့သော မြင့်မားသည့် သိနားလည်မှု အဆင့်တစ်ခုကို သင် မည်သည့်အခါတွင်မျှ ရောက်ရှိနိုင်လိမ့်မည် မဟုတ်။ ငါ ပြောနေသည့်အရာကို သင်နားလည်သည် မဟုတ်လော။ အမှန်တကယ်တွင် သင်သည် ဤခေါင်းစဉ်များ၊ ငါပြောဆိုနေသည့် ဤအကြောင်းအရာကို မည်သည့်အတိုင်းအတာအထိ နားလည်နိုင်သည်ကို ငါသိသည်၊ သို့ဆိုလျှင် အဘယ်ကြောင့် ငါသည် ထိုအကြောင်းကို ပြောမြဲပြောနေရသနည်း။ ယင်းမှာ အဘယ်ကြောင့်ဆိုသော် ဤအကြောင်းအရာများသည် ဘုရားသခင်၏ နောက်လိုက် တစ်ဦးချင်းစီတိုင်း၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံလိုသည့် လူတစ်ဦးချင်းစီတိုင်းက နားလည်ရမည့် အရာများ ဖြစ်သောကြောင့် ဖြစ်သည်- ဤအကြောင်းအရာများကို သိနားလည်ဖို့ မုချ လိုအပ်သည်။ ဤအခိုက်အတန့်တွင် ယင်းတို့ကို သင် နားမလည်သော်လည်း၊ တစ်နေ့နေ့တွင် သင်၏ အသက်နှင့် သမ္မာတရားအပေါ် သင်၏ အတွေ့အကြုံသည် အဆင့် တစ်ခုကို ရောက်ရှိသွားချိန်၊ သင်၏ အသက် စိတ်သဘောထားထဲက ပြောင်းလဲမှုသည် အဆင့် တစ်ခုကို ရောက်ရှိသွားပြီး၊ ဝိညာဉ်ရင့်ကျက်မှု အတိုင်းအတာ တစ်ခုခုကို သင် ရရှိသည့်အချိန်၊ ထိုအခါမှသာ မိတ်သဟာယ၌ ငါ သင့်ကို ဆက်သွယ်ပြောဆိုနေသည့် ဤအကြောင်းအရာများသည် ဘုရားသခင်နှင့်သက်ဆိုင်သည့် အသိပညာအား သင်၏ လိုက်စားမှုကို အမှန်တကယ် ပံ့ပိုးပေးကာ ဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် အုတ်မြစ် တစ်ခုချရန်၊ အရာခပ်သိမ်းအပေါ် ဘုရားသခင် အုပ်စိုးသည်ဆိုသည့် သင်၏ အနာဂတ် သိနားလည်မှုနှင့် ဘုရားသခင် ကိုယ်တိုင်နှင့်ဆိုင်သည့် သင်၏ သိနားလည်မှုအတွက် သင့်ကို ပြင်ဆင်ရန် ဖြစ်ပေသည်။
လူတို့၏ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် သိနားလည်မှု မည်ရွေ့မည်မျှရှိပါစေ၊ ယင်းမှာ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင် ကိုင်စွဲထားသည့် နေရာ အတိုင်းအတာလည်း ဖြစ်ပေသည်။ ၎င်းတို့ စိတ်နှလုံးများတွင် ဘုရားသခင်နှင့်ဆိုင်သည့် အသိ မည်ရွေ့မည်မျှ ကြီးမားပါစေ၊ ယင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ဘုရားသခင် မည်မျှကြီးမြတ်သည်ဆိုသည့်အရာ ဖြစ်၏။ သင် သိသည့် ဘုရားက အနှစ်မဲ့ပြီး မရေမရာ ဖြစ်ပါက၊ သင် ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး မရေမရာဖြစ်ပေသည်။ သင် သိသည့် ဘုရားသည် သင်၏ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်တာ၏ နယ်ပယ်ထိ ကန့်သတ်ထားခြင်း ခံရပြီး စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်နှင့် ဘာမျှသက်ဆိုင်မှု မရှိပေ။ ထို့ကြောင့် ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အရာအားလုံး တတ်စွမ်းနိုင်ခြင်းကို သိခြင်း၊ ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပင်ကိုလက္ခဏာကို သိခြင်း၊ သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကြားတွင် သူ ထင်ရှားစေပြီးဖြစ်သည့် လုပ်ရပ်များကို သိခြင်း- ဤအရာများသည် ဘုရားသခင်နှင့်ဆိုင်သည့် အသိပညာကို လိုက်စားသည့် လူတစ်ဦးစီတိုင်းအဖို့ အလွန် အရေးကြီးပေသည်။ ယင်းတို့သည် လူများအနေဖြင့် သမ္မာတရား စစ်မှန်မှုသို့ ဝင်ရောက်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် တိုက်ရိုက် ဆက်စပ်မှုရှိသည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သည့် သင်၏သိနားလည်မှုကို စကားလုံးများ သက်သက်အဖြစ်သာ ကန့်သတ်ထားပါက၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအထိသာ၊ သင် ခန့်မှန်းသည့်အရာကို ဘုရားသခင်၏ ကျေးဇူးတော်ဖြစ်ဖို့အထိ သို့မဟုတ် ဘုရားသခင်အဖို့ သင်၏ နည်းပါးသော သက်သေခံချက်များ အထိသာ ယင်းကို ကန့်သတ်ထားပါက၊ သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင်ကိုယ်တိုင် လုံးဝ မဟုတ်ဟု ငါပြော၏။ ထိုမျှမက သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး၊ စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် စစ်မှန်သည့် ဘုရားသခင်သည် အရာရာတိုင်းအပေါ် အုပ်စိုးသည့်၊ အရာရာတိုင်းအလယ်တွင် လျှောက်လှမ်းသည့်၊ အရာရာတိုင်းကို စီမံသည့်သူ ဖြစ်သည်။ သူသည် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာနှင့် အရာရာတိုင်း၏ ကံကြမ္မာကို မိမိလက်တွင် ကိုင်စွဲထားသူ ဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူအစိတ်အပိုင်း အနည်းငယ်မျှအထိသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ ယင်းတို့သည် လတ်တလော၌ သူ့နောက်ကို လိုက်နေသည့်လူများ အထိသာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာခပ်သိမ်းထဲတွင်၊ အရာခပ်သိမ်း၏ ရှင်သန်မှုနှင့် အရာခပ်သိမ်း၏ ပြောင်းလဲခြင်း နိယာမများထဲတွင် သိသာထင်ရှားလေသည်။ သင်သည် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဘုရားသခင်၏လုပ်ဆောင်ချက် တစ်ခုတစ်လေကို မမြင်နိုင်ပါက သို့မဟုတ် သတိမပြုမိနိုင်ပါက၊ သင်သည် သူ၏ မည်သည့် လုပ်ဆောင်ချက်များကိုမျှ သက်သေမခံနိုင်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေမခံနိုင်ပါက၊ သင်သည် သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကိုသာ ဆက်လက် ပြောဆိုပါက၊ သင်၏ကိုယ်ပိုင် စိတ်ကူးများအထိ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်း ပိတ်လှောင်ထားသည့် ထိုဘုရား၊ ထိုဘုရားမျိုးကို သင် ဆက်လက်ပြောဆိုပါက၊ ဘုရားသခင်သည် သင်၏ယုံကြည်ခြင်းကို မည်သည့်အခါတွင်မျှ ချီးမွမ်းလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင်၊ သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့ မွေ့လျော်သည်၊ ဘုရားသခင်၏ ပဲ့ပြင်ဆုံးမမှုနှင့် သူ၏ ပြစ်တင်ဆုံးမခြင်းကို သင် မည်သို့ လက်ခံသည်ဆိုသည်နှင့်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးမင်္ဂလာများကို သင် မည်သို့ မွေ့လျော်ခံစားသည် ဆိုသည်တို့အရသာ သင် ထိုသို့သက်သေခံပါက၊ ယင်းမှာ ဘယ်မှာမှ လုံလောက်ရန် မနီးစပ်သကဲ့သို့ သူ့ကို စိတ်ကျေနပ်စေရန်ပင် မနီးစပ်ပေ။ သင်သည် ဘုရားသခင်၏ အလိုနှင့်ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် ဘုရားသခင်အတွက် သက်သေခံလိုပါက၊ စစ်မှန်သည့် ဘုရားသခင် ကိုယ်တိုင်အတွက် သက်သေခံလိုပါက၊ သင်သည် ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သူ၏ လုပ်ဆောင်ချက်များမှ မြင်ရမည် ဖြစ်သည်။ သင်သည် ဘုရားသခင်၏ ဩဇာအာဏာကို အရာခပ်သိမ်းအပေါ် သူ၏အုပ်စိုးမှုမှ တွေ့မြင်ရမည်ဖြစ်ပြီး လူသားမျိုးနွယ် အားလုံးအတွက် သူ မည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင် မြင်ရမည်။ သင်သည် သင်၏ နေ့စဉ် အာဟာရနှင့် ဘဝ၌ သင်၏လိုအပ်ချက်များက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး ဘုရားသခင်သည် လူသားမျိုးနွယ်အားလုံးနှင့်ဆိုင်သည့် ပံ့ပိုးမှုအတွက် သူ၏ ဖန်ဆင်းခြင်း အရာအားလုံးကို ဆောင်ယူပြီးဖြစ်သည်ဆိုသည်နှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းအားဖြင့် လူသားမျိုးနွယ် အားလုံးကို သူဦးဆောင်နေသည် ဆိုသည့်အမှန်တရားကို သင်မတွေ့မြင်နိုင်ပါက၊ သင်သည် ဘုရားသခင်အတွက် မည်သည့်အခါတွင်မျှ သက်သေခံနိုင်လိမ့်မည် မဟုတ်ပေ။ ဤအရာအားလုံးကို ပြောဆိုရာတွင် ငါ၏ရည်ရွယ်ချက်မှာ မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သင်တို့သည် ဤအရာကို ပေါ့ပေါ့တန်တန် သဘောမထားဖို့အလို့ငှာ၊ ငါ ပြောဆိုပြီးဖြစ်သည့် ဤအကြောင်းအရာများသည် သင်တို့၏ ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာ အသက်ဝင်ရောက်ခြင်းနှင့် ဆီလျော်မှု မရှိဟု မှားယွင်းစွာ မယုံကြည်ကြဖို့အလို့ငှာနှင့်၊ သင်တို့အနေဖြင့် ဤအကြောင်းအရာများကို အသိပညာ သို့မဟုတ် အယူဝါဒ အမျိုးအစား တစ်ခုမျှ အဖြစ် သဘောမထားကြစေဖို့အလို့ငှာ ဖြစ်သည်။ သင်သည် ထိုသဘောထားမျိုးဖြင့် ငါ ပြောဆိုနေသည့်အရာကို နားထောင်ပါက၊ အမှုအရာ တစ်ခုကိုမျှ ရရှိလိမ့်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်ကို သိရန်ဖြစ်သော ဤကြီးမားသည့် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည် ဖြစ်သည်။
ဤအရာများ အားလုံးအကြောင်းကို ပြောဆိုရာတွင် ငါ၏ ရည်မှန်းချက်မှာ အဘယ်အရာနည်း။ ငါ၏ရည်မှန်းချက်မှာ ဘုရားသခင်ကို လူများသိစေရန်၊ ဘုရားသခင်၏ လက်တွေ့ကျသည့် လုပ်ဆောင်ချက်များကို လူတို့အား နားလည်စေရန် ဖြစ်သည်။ သင်သည် ဘုရားသခင်ကို သိနားလည်ပြီး သူ၏ လုပ်ဆောင်ချက်များကို သိရှိသည်နှင့်တစ်ပြိုင်နက်၊ ထိုအခါမှသာ သင်သည် သူ့ကို သိကျွမ်းရန် အခွင့်အရေး သို့မဟုတ် ဖြစ်နိုင်ချေ ရှိလိမ့်မည် ဖြစ်သည်။ ဥပမာအားဖြင့် သင်သည် လူတစ်ဦးကို သိနားလည်လိုပါက၊ ၎င်းတို့ကို မည်သို့ နားလည်လာမည်နည်း။ ယင်းမှာ ၎င်းတို့၏ အပြင်ပန်းသွင်ပြင်ကို ကြည့်ခြင်းမှတစ်ဆင့်လော။ ၎င်းတို့ ဝတ်သည့်အရာနှင့် ဝတ်ပုံစားပုံကို ကြည့်ခြင်းမှတစ်ဆင့် ဖြစ်သလော။ ယင်းမှာ ၎င်းတို့ လမ်းလျှောက်ပုံကို ကြည့်ခြင်းမှတစ်ဆင့်လော။ ယင်းမှာ ၎င်းတို့၏ အသိပညာ အတိုင်းအတာကို ကြည့်ခြင်းမှတစ်ဆင့်လော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူတစ်ဦးကို သင်တို့ မည်ကဲ့သို့ သိနားလည်ကြသနည်း။ သင်တို့သည် လူတစ်ဦး၏ အပြောအဆို၊ အပြုအမူ၊ ၎င်းတို့၏ အတွေးများ၊ ၎င်းတို့ကိုယ်တိုင်နှင့် ပတ်သက်၍ ၎င်းတို့ဖော်ပြကာ ထုတ်ဖော်ပြသည့်အရာများပေါ် အခြေခံ၍ အကဲဖြတ်မှုများ ပြုကြသည်။ ဤသည်မှာ လူတစ်ဦးကို သင်တို့ ပေါင်းသင်းခြင်းအားဖြင့် သိကျွမ်းအောင် ကြိုးစားပုံ၊ လူတစ်ဦးကို သင်တို့ နားလည်ပုံ ဖြစ်သည်။ ထိုနည်းတူ သင်တို့သည် ဘုရားသခင်ကို သိကျွမ်းလိုပါက၊ သူ၏ လက်တွေ့ကျသည့်ဘက်၊ သူ၏ စစ်မှန်သည့်ဘက်ကို နားလည်လိုပါက၊ သူ၏ လုပ်ဆောင်ချက်များမှတစ်ဆင့်နှင့် သူ လုပ်ဆောင်သည့် လက်တွေ့ကျသော အရာတစ်ခုတိုင်းမှတစ်ဆင့် သူ့ကို သင်တို့ သိရမည်။ ဤသည်မှာ အကောင်းဆုံး နည်းလမ်းဖြစ်ပြီး၊ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။
ဘုရားသခင်သည် လူသားမျိုးနွယ် ရှင်သန်မှုအတွက် တည်ငြိမ်သည့်ပတ်ဝန်းကျင်ကို ပေးရန် အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေသည်
ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များကို အရာခပ်သိမ်း အလယ်နှင့် သူအုပ်စိုးသည့် အရာခပ်သိမ်း အလယ်တွင် ထင်ရှားစေပြီး အရာခပ်သိမ်း၏ နိယာမများကို ထိန်းချုပ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်း၏နိယာမများကို မည်သို့ အုပ်စိုးသည်ဆိုသည့်အပြင် ထိုနိယာမများ အောက်တွင် လူသားမျိုးနွယ် အားလုံးကို မည်သို့ ထောက်ပံ့ကာ ပြုစုပျိုးထောင်သည်ဆိုသည့် အကြောင်းကို ခုလေးတင် ငါတို့ ပြောဆိုခဲ့ကြသည်။ ဤသည်မှာ ရှုထောင့်တစ်ခု ဖြစ်သည်။ ဆက်လက်၍ အရာရာတိုင်းကို ထိန်းချုပ်မှု ရှိဖို့ရန် ဘုရားသခင် အသုံးပြုသော နည်းလမ်းတစ်ခု ဖြစ်သည့် နောက်ထပ် ရှုထောင့်တစ်ခုနှင့်ပတ်သက်၍ ငါတို့ ပြောကြမည်။ အရာခပ်သိမ်းကို ဖန်ဆင်းပြီးနောက်တွင် ယင်းတို့ကြားရှိ ဆက်နွှယ်မှုများကို ဘုရားသခင် မည်သို့ ဟန်ချက်ညီစေသည်ကို ငါ ပြောနေခြင်း ဖြစ်သည်။ ဤသည်မှာလည်း သင်တို့အတွက် အတော်အတန် ကြီးမားသည့် အကြောင်းအရာ တစ်ခုဖြစ်သည်။ အရာအားလုံးကြားရှိ ဆက်နွှယ်မှုများကို ဟန်ချက်ညီစေခြင်း- ဤသည်မှာ လူများ ပြီးမြောက်နိုင်သည့် အရာတစ်ခုလော။ မဟုတ်ပါ၊ လူများက ထိုသို့သော စွမ်းဆောင်မှု တစ်ခုကို မတတ်စွမ်းနိုင်ပေ။ လူများက ဖျက်ဆီးခြင်းသာ တတ်စွမ်းနိုင်သည်။ အရာအားလုံးကြားက ဆက်နွှယ်မှုများကို ဟန်ချက်ညီအောင် ၎င်းတို့ မလုပ်နိုင်ပေ။ ၎င်းတို့သည် ထိုအရာများကို မစီမံနိုင်သကဲ့သို့၊ ထိုသို့သော ကြီးမားသည့် ဩဇာအာဏာ သို့မဟုတ် တန်ခိုးသည် လူသားမျိုးနွယ်၏ ဖမ်းဆုပ်နိုင်မှုကို ကျော်လွန်ပေသည်။ ဘုရားသခင် ကိုယ်တိုင်သာ ဤအရာမျိုးကို လုပ်ဆောင်ရန် တန်ခိုးရှိသည်။ သို့သော် ထိုသို့သော အရာတစ်ခုကို လုပ်ဆောင်ရာတွင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်အရာ ဖြစ်သနည်း- ယင်းသည် မည်သည့် အရာအတွက် ဖြစ်သနည်း။ ဤသည်မှာလည်း လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် နီးကပ်စွာ ဆက်နွှယ်ပေသည်။ ဘုရားသခင် လုပ်ဆောင်လိုသည့် အရာ တစ်ခုစီတိုင်းသည် လိုအပ်၏ သူ လုပ်ကောင်း လုပ်နိုင်သည့်အရာ သို့မဟုတ် မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိပေ။ သူ့အတွက် လူသားမျိုးနွယ်၏ ရှင်သန်မှုကို ကာကွယ်ရန်နှင့် လူတို့အား ရှင်သန်မှုအတွက် သင့်လျော်သော ပတ်ဝန်းကျင် တစ်ခုကို ပေးရန်အလို့ငှာ သူ လုပ်ဆောင်ရမည့် မရှိမဖြစ်၊ အလွန် အရေးပါသည့် အရာအချို့ ရှိလေသည်။
“ဘုရားသခင်သည် အရာအားလုံးကို ဟန်ချက်ညီစေသည်” ဟူသည့် စကားစု၏ တိုက်ရိုက် အဓိပ္ပာယ်မှ၊ ယင်းမှာ အလွန် ကျယ်ပြန့်သည့် အကြောင်းအရာ တစ်ခု ဖြစ်ပုံရလေသည်။ ပထမဦးစွာ ယင်းက “အရာအားလုံးကို ဟန်ချက်ညီစေခြင်း” သည်လည်း အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်နိုင်ခြင်းအား ရည်ညွှန်းသည်ဟူသည့် အယူအဆကို လူတို့အား ပေးလေသည်။ “ဟန်ချက်ညီစေသည်” ဟူသည့် ဤစကားလုံးက အဘယ်အရာကို ဆိုလိုသနည်း။ ပထမဦးစွာ “ဟန်ချက်ညီစေသည်” ဟူသည်မှာ တစ်စုံတစ်ခုကို ဟန်ချက်ပျက်ခွင့် မပေးခြင်းကို ရည်ညွှန်းသည်။ ယင်းက ပစ္စည်းများကို ချိန်တွယ်ရန် ချိန်ခွင်များကို အသုံးပြုခြင်းနှင့် တူသည်။ ချိန်ခွင်များကို ဟန်ချက်ညီစေရန်အလို့ငှာ၊ တစ်ဖက်စီ၏ အလေးချိန်က တူညီရမည် ဖြစ်သည်။ ဘုရားသခင်သည် မတူကွဲပြားသော အမှုအရာ အမျိုးအစား များစွာ ဖန်ဆင်းခဲ့သည်- မိမိတို့ နေရာတွင် တည်ရှိသည့် အရာများ၊ ရွေ့လျားသည့် အရာများ၊ အသက်ရှင်နေသည့် အရာများ၊ အသက်ရှူနေသည့် အရာများအပြင်၊ အသက်မရှူသည့် အရာများ ဖြစ်သည်။ ၎င်းတို့ အချင်းချင်း အားဖြည့်ပေးသကဲ့သို့၊ အချင်းချင်း ထိန်းချုပ်ကြသည့် အပြန်အလှန် မှီခိုခြင်း၊ အပြန်အလှန် ဆက်သွယ်ခြင်းနှင့်ဆိုင်သည့် ဆက်နွှယ်မှုတစ်ခု စွမ်းဆောင်ရရှိဖို့ ဤအရာများ အားလုံးအတွက် လွယ်ကူပါသလော။ ဤအရာအားလုံးတွင် အခြေခံသဘောတရားများ သေချာပေါက် ရှိသည်၊ သို့သော် ယင်းတို့သည် အလွန် ရှုပ်ထွေးသည် မဟုတ်လော။ ယင်းမှာ ဘုရားသခင်အတွက် မခက်ခဲပေ၊ သို့သော် လူများအတွက် ယင်းသည် လေ့လာရန် အလွန် ရှုပ်ထွေးသည့် အရာတစ်ခု ဖြစ်သည်။ “ဟန်ချက်ညီစေသည်” ဆိုသည့် စကားလုံးသည် အလွန် ရိုးရှင်းသည့် စကား တစ်လုံးဖြစ်ပေသည်။ သို့သော် လူများက ယင်းကို လေ့လာခဲ့မည်ဆိုပါက၊ ပြီးလျှင် လူများက မိမိတို့ကိုယ်ကိုယ် ဟန်ချက်ညီမှု ဖန်တီးရန် လိုအပ်ခဲ့ပါက၊ ယင်းနှင့်ပတ်သက်၍- လူသား ဇီဝဗေဒပညာရှင်များ၊ နက္ခဗေဒပညာရှင်များ၊ ရူပဗေဒပညာရှင်များ၊ ဓာတုဗေဒ ပညာရှင်များနှင့် သမိုင်းပညာရှင်များပင်လျှင်- ပညာတတ် မျိုးစုံက အလုပ်လုပ်လျှင်ပင်၊ ထိုသုတေသန၏ နောက်ဆုံးရလဒ်က မည်သည့်အရာ ဖြစ်မည်နည်း။ ယင်း၏ ရလဒ်က မည်သည့်အရာမျှဖြစ်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ ဖန်ဆင်းခြင်းသည် အလွန် မယုံနိုင်ဖွယ်ရာဖြစ်ပြီး လူသားမျိုးနွယ်သည် ယင်း၏လျှို့ဝှက်ချက်များကို မည်သည့်အခါတွင်မျှ ဖော်ထုတ်လိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားသခင် ဖန်ဆင်းခဲ့ချိန်တွင်၊ ၎င်းတို့ကြားတွင် အခြေခံသဘောတရားများကို သူ ထူထောင်ခဲ့သည်၊ အပြန်အလှန် ကန့်သတ်ချက်၊ ဖြည့်စွမ်းပေးခြင်းနှင့် အာဟာရတို့အတွက် မတူညီသည့် ရှင်သန်မှု နည်းလမ်းများကို သူ ထူထောင်ခဲ့သည်။ ဤနည်းစနစ် အမျိုးမျိုးသည် အလွန် ရှုပ်ထွေးပြီး၊ ယင်းတို့သည် သေချာပေါက် မရိုးရှင်းပေ သို့မဟုတ် ဦးတည်ချက် တစ်ခုတည်း မဟုတ်ပေ။ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ ထိန်းချုပ်မှု နောက်ကွယ်ရှိ အခြေခံသဘောတရားများကို အတည်ပြုရန် သို့မဟုတ် လေ့လာရန် လူများသည် ၎င်းတို့၏ဉာဏ်များ၊ ၎င်းတို့ ရရှိပြီးဖြစ်သော အသိပညာနှင့် ၎င်းတို့ လေ့လာပြီးဖြစ်သည့် ဖြစ်ရပ်များကို အသုံးပြုသည့်အခါ၊ ဤအရာများသည် ရှာဖွေတွေ့ရှိရန် အလွန့်အလွန် ခက်ခဲပြီး ရလဒ် တစ်ခုတစ်လေကို ရရှိရန်လည်း အလွန် ခက်ခဲလေသည်။ ရလဒ် တစ်ခုတစ်လေ ရရှိဖို့ လူများအတွက် အလွန် ခက်ခဲသည်။ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာခပ်သိမ်းကို စိုးမိုးရန် လူသား အတွေးနှင့် အသိပညာကို အမှီပြုနေချိန်တွင်၊ ၎င်းတို့၏ ဟန်ချက်ကို ထိန်းထားရန် လူတို့အတွက် အလွန် ခက်ခဲလေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏ ရှင်သန်မှု အခြေခံ သဘောတရားများကို လူတို့ မသိကြပါက၊ ဤဟန်ချက်ညီမှုမျိုးကို မည်သို့ ကာကွယ်ရမည်ကို ၎င်းတို့သိကြလိမ့်မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူတို့သည် အရာခပ်သိမ်းကို စီမံပြီး စိုးမိုးရမည်ဆိုပါက၊ ဤဟန်ချက်ညီမှုကို ဖျက်ဆီးမိဖို့ အလားအလာ အလွန်များပေမည်။ ဟန်ချက်ညီမှု ပျက်စီးသွားသည်နှင့်တစ်ပြိုင်နက်၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ ပတ်ဝန်းကျင်သည်လည်း ပျက်စီးသွားမည် ဖြစ်ပြီး၊ ထိုအရာ ဖြစ်ပျက်သည့်အခါတွင် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် ကပ်ဆိုက်သောကာလ တစ်ခုက လိုက်လာမည် ဖြစ်သည်။ ယင်းက ကပ်ဘေးတစ်ခု ဆောင်ကြဉ်းပေမည်။ လူသားမျိုးနွယ်သည် ကပ်ဘေးအလယ်တွင် အသက်ရှင်နေရပါက၊ ၎င်းတို့၏ အနာဂတ်သည် မည်သည့်အရာ ဖြစ်မည်နည်း။ ရလဒ်သည် အကဲဖြတ်ဖို့ အလွန် ခက်ခဲမည်ဖြစ်ပြီး သေချာမှုဖြင့် ကြိုတင်မှန်းဆရန် ဖြစ်နိုင်မည် မဟုတ်ပေ။
သို့ဆိုလျှင် အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ဘုရားသခင်သည် မည်သို့ ဟန်ချက်ညီစေသနည်း။ ပထမဦးစွာ ကမ္ဘာလောကတွင် တစ်နှစ်ပတ်လုံး ရေခဲနှင့် နှင်းများဖုံးနေသည့် နေရာအချို့ရှိစဉ်တွင်၊ အချို့နေရာများတွင်မူ လေးရာသီလုံးက နွေဦးရာသီကဲ့သို့ဖြစ်ကာ၊ မည်သည့်အခါတွင်မျှ ဆောင်းရာသီ ရောက်မလာသကဲ့သို့၊ ဤကဲ့သို့သော နေရာများတွင် ရေခဲအကွက် သို့မဟုတ် နှင်းပွင့်တစ်ဖတ်မျှကဲ့သို့သောအရာကို များများစားစား သင် လုံးဝ တွေ့မြင်ရမည် မဟုတ်ပေ။ ဤတွင် ငါတို့သည် ပိုကြီးမားသည့် ရာသီဥတု အကြောင်းကို ပြောနေခြင်းဖြစ်ပြီး ဤဥပမာသည် ဘုရားသခင်က အရာခပ်သိမ်းကြားရှိ ဆက်နွှယ်မှုများကို ထိန်းညှိသည့် နည်းလမ်းများထဲမှ တစ်ခုဖြစ်သည်။ ဒုတိယနည်းလမ်းမှာ ဤသို့ဖြစ်သည်- တောင်စဉ် တစ်ခုကို အပင်မျိုးစုံက မြေပြင်ကို ဖုံးလွှမ်းလျက်၊ စိမ်းစိုသည့် သဘာဝပေါက်ပင်များက ဖုံးထားပြီး၊ တောအုပ်တန်းများက အလွန် အုပ်ဆိုင်းသည်မှာ ယင်းတောအုပ်များထဲသို့ သင် လမ်းလျှောက်သည့်အခါ၊ အပေါ်က နေကိုပင် မမြင်နိုင်ပေ။ သို့သော် အခြား တောင်စဉ်တောင်တန်းများကို ကြည့်ခြင်းအားဖြင့်၊ မြက်ပင်ရွက်ချွန်း တစ်ပင်မျှပင် ပေါက်နေခြင်းမရှိ၊ သီးနှံမဖြစ်ထွန်းသည့် မြေတစ်လွာပြီး တစ်လွှာသာ ထပ်လျက်၊ တောင်ကြမ်းကြီးများ ဖြစ်သည်။ အပြင်ပန်းမှ ကြည့်ပါက၊ အမျိုးအစား နှစ်ခုလုံးသည် အခြေခံအားဖြင့် တောင်တန်းများ ဖြစ်ပေါ်စေဖို့ ကြီးမားသည့် မြေကြီး အစုအပုံများ တစ်ခုပေါ် တစ်ခုဆင့်ထားခြင်း ဖြစ်ပေသည်၊ သို့သော် တစ်ခုသည် အုပ်ဆိုင်းနေသည့် သစ်တောဖြင့် ဖုံးလွှမ်းထားစဉ်တွင် အခြားတစ်ခုက မြက်ပင်ရွက်ချွန်း တစ်ပင်မျှပင်မရှိဘဲ၊ ဖြစ်ထွန်းမှု ကင်းမဲ့လေသည်။ ဤသည်မှာ အရာခပ်သိမ်းတို့ကြား ဆက်နွှယ်မှုများကို ဘုရားသခင် ဟန်ချက်ညီစေသည့် ဒုတိယ နည်းလမ်းဖြစ်သည်။ တတိယနည်းလမ်းမှာ ဤသို့ဖြစ်၏- လမ်းခရီးတစ်ခုကို ကြည့်ရာတွင်၊ သင်သည် အဆုံးမရှိသည့် မြက်ခင်းပြင်များ၊ လှုပ်ယမ်းနေသည့် မြက်ခင်းစိမ်းကွင်းပြင်ကို မြင်ကောင်း မြင်ရပေမည်။ အခြားလမ်းတစ်ခုကို ကြည့်ရာတွင်၊ သဲပြင်ကို လေတိုက်သံ တရွှီးရွှီး အလယ်တွင် ရေ အရင်းအမြစ် တစ်ခုတစ်လေကို မဆိုထားနှင့် သက်ရှိ တစ်ကောင်တစ်မြည်းမျှပင် မရှိဘဲ၊ မျက်စိတစ်ဆုံး မြင်နိုင်သရွေ့ ဝေးလံသည့် ကျတ်တီးမြေဖြစ်သည့် ကန္တာရကို မြင်ကောင်းမြင်ရပေမည်။ စတုတ္ထနည်းလမ်းမှာ ဤသို့ဖြစ်၏- လမ်းတစ်ခုကို ကြည့်ရာတွင်၊ အရာရာတိုင်းသည် ကြီးမားသည့် ရေ အစုအဝေးဖြစ်သည့် ပင်လယ်အောက် နစ်မြုပ်နေစဉ်တွင်၊ အခြားတစ်လမ်းကို ကြည့်ရာတွင်၊ လတ်ဆတ်သည့် စမ်းရေ တစ်ပေါက်ကိုပင် ရှာတွေ့ရန် သင် ဝန်ပိရလေသည်။ ပဉ္စမနည်းလမ်းမှာ ဤသို့ဖြစ်၏- ဤနေရာရှိ ကုန်းမြေ တစ်ခုတွင် ခပ်ဖွဲဖွဲမိုးက မကြာခဏ ရွာတတ်ပြီး မြူထခြင်း၊ ရာသီဥတုက မြူဆိုင်းကာ စိုထိုင်းသော်လည်း၊ ထိုနေရာရှိ ကုန်းမြေတွင် အရှိန်ပြင်းသည့် နေက ကောင်းကင်တွင် မကြာခဏ တွဲခိုနေပြီး မိုးစက် တစ်ပေါက် ကျချိန် ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ အဖြစ်အပျက် တစ်ခု ဖြစ်သည်။ ဆဌမမြောက် နည်းလမ်းမှာ ဤသို့ဖြစ်သည်- တစ်နေရာတွင်၊ လေထု ပါးလွှာပြီး လူက အသက်ရှူရန် ခက်ခဲသည့် ကုန်းပြင်မြင့် တစ်ခု ရှိသော်လည်း၊ အခြားနေရာတွင်မူ ရွှေ့ပြောင်းနေထိုင်သည့် ငှက်အမျိုးအစား အမျိုးမျိုးတို့အတွက် ကျက်စားရာများ အဖြစ် အသုံးတော်ခံသည့် ရွံ့ဗွက်အိုင်များနှင့် ကုန်းမြေနိမ့်များ ရှိလေသည်။ ဤသည်တို့မှာ မတူညီသည့် ရာသီဥတု အမျိုးအစားများ ဖြစ်သည်၊ သို့မဟုတ် ယင်းတို့သည် မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များနှင့် ကိုက်ညီသည့် ရာသီဥတုများ သို့မဟုတ် ပတ်ဝန်းကျင်များ ဖြစ်သည်။ ယင်းမှာ လူတို့ ရှင်သန်သည့် ပတ်ဝန်းကျင်များ၏ လေ၊ အပူချိန်နှင့် စိုထိုင်းဆတို့တွင် ဟန်ချက်ညီမှု တစ်ခု ရရှိဖို့အလို့ငှာ၊ ဘုရားသခင်သည် ရာသီဥတုမှ ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အထိ၊ ပြီးလျှင် မြေကြီး၏ မတူညီသော အစိတ်အပိုင်းများမှသည် ရေ အရင်းအမြစ်များ ပမာဏအထိ၊ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင်အားဖြင့် ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ အခြေခံကျသော ပတ်ဝန်ကျင်များကို ဟန်ချက်ညီစေခြင်းသာ ဖြစ်သည်ဟု ဆိုရပေမည်။ ဤအလွန်ခြားနားသော ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များကြောင့်၊ လူများသည် တည်ငြိမ်သည့်လေထု ရှိကြပြီး၊ မတူကွဲပြားသည့် ရာသီများ၏ အပူချိန်နှင့် စိုထိုင်းဆတို့သည် တည်ငြိမ်နေမြဲ ဖြစ်ပေသည်။ ဤအရာက ၎င်းတို့အမြဲ အသက်ရှင်ကြပြီး ဖြစ်သည့်အတိုင်းပင် လူတို့အား ထိုသို့သော ပတ်ဝန်းကျင်မျိုးတွင် ဆက်လက် အသက်ရှင်ခွင့် ပေးလေသည်။ ပထမဦးစွာ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင်သည် ဟန်ချက်ညီ ရပေမည်။ ဤအရာကို မတူညီသည့် ပထဝီမြေဆိုင်ရာ တည်နေရာများနှင့် ဖွဲ့စည်းမှုများအပြင်၊ ဘုရားသခင် အလိုရှိပြီး လူသားမျိုးနွယ် လိုအပ်သည့် ဟန်ချက်ညီမှုကို ရရှိရန်အလို့ငှာ၊ အချင်းချင်း ကန့်သတ်ကာ ထိန်းချုပ်ခွင့်ပေးသည့် မတူညီသော ရာသီဥတုများကြား ပြောင်းလဲမှုများကို အသုံးချခြင်းမှတစ်ဆင့် လုပ်ဆောင်ထားပေသည်။ ဤသည်မှာ ကြီးမားကျယ်ပြန့်သည့် ပတ်ဝန်းကျင် ရှုထောင့်မှ ပြောဆိုခြင်း ဖြစ်သည်။
ယခုတွင် သဘာဝပေါက်ပင်များ ကဲ့သို့သော သာ၍ အနုစိတ်သည့် အသေးစိတ် အချက်အလက်များနှင့်ပတ်သက်၍ ငါတို့ ပြောဆိုမည် ဖြစ်သည်။ ယင်းတို့၏ ဟန်ချက်ညီမှုကို မည်သို့ ရရှိသနည်း။ ယင်းမှာ ရှင်သန်မှုအတွက် ဟန်ချက်ညီသည့် ပတ်ဝန်းကျင် အတွင်းတွင် သဘာဝပေါက်ပင်များသည် မည်သို့ ဆက်လက် ရှင်သန်နိုင်ကြသနည်းဟု ဆိုရမည် ဖြစ်သည်။ အဖြေမှာ ရှင်သန်မှုအတွက် ၎င်းတို့၏ ပတ်ဝန်းကျင်ကို ကာကွယ်ရန် အပင်အမျိုးအစား အမျိုးမျိုး၏ သက်တမ်း၊ ကြီးထွားမှုနှုန်းနှင့် မျိုးပွားမှုနှုန်းများကို စီမံခြင်းအားဖြင့် ဖြစ်သည်။ မြက်ပင်ငယ်လေးများကို ဥပမာအဖြစ် ယူကြစို့- နွေဦးရာသီ အညွန့်များ၊ နွေရာသီ အပွင့်များနှင့် ဆောင်းဦးရာသီ အသီးများ ရှိကြသည်။ အသီးက မြေပေါ်ကိုကျသည်။ နောက်နှစ်တွင် အသီးမှ အစေ့က အညှောက်ပေါက်ပြီး တူညီသည့် နိယာမအတိုင်း ဆက်လက် ဖြစ်ပေါ်သည်။ မြက်ပင်၏ သက်တမ်းက အလွန် တိုသည်။ မြေပေါ်ကျသည့် အစေ့တိုင်းက အမြစ်ပေါက်ပြီး အညှောက်ထွက်သည်၊ ဖူးပွင့်ပြီး အသီးများ သီးကာ၊ ဖြစ်စဉ်တစ်ခုလုံးက- နွေဦးရာသီ၊ နွေရာသီနှင့် ဆောင်းဦးရာသီ- ရာသီသုံးခု နောက်မှသာ ပြီးပြည့်စုံလေသည်။ သစ်ပင် မျိုးစုံတို့သည်လည်း ၎င်းတို့၏ ကိုယ်ပိုင် သက်တမ်းများနှင့် အစို့အညှောက်ထွက်ခြင်း၊ အသီးသီးခြင်းတို့အတွက် မတူညီသည့် ကာလများ ရှိကြသည်။ အချို့အပင်များက နှစ် ၃၀ မှ အနှစ် ၅၀ ကြာပြီးနောက် သေဆုံးကြသည်- ဤသည်မှာ ၎င်းတို့၏ သက်တမ်း ဖြစ်၏။ သို့သော် ၎င်းတို့၏အသီးများမှာ မြေသို့ ကျပြီးနောက်၊ ယင်းက အမြစ်များနှင့် အညှောက်များပေါက်၊ ပန်းများ ပွင့်ကာ အသီးသီးပြီး၊ နောက်ထပ် အနှစ် ၃၀ မှ ၅၀ အထိ ရှင်သန်ကြလေသည်။ ယင်းမှာ ၎င်း၏ ပြန်လည် ဖြစ်ပေါ်မှုနှုန်း ဖြစ်သည်။ သစ်ပင်အိုက သေပြီး သစ်ပင်ငယ်တစ်ပင် ပေါက်လာသည်။ ဤသည်မှာ သစ်တောထဲတွင် သစ်ပင်များ ပေါက်နေသည်ကို သင်အမြဲမြင်ရသည့် အကြောင်းရင်း ဖြစ်သည်။ သို့သော် ၎င်းတို့တွင်လည်း ၎င်းတို့၏ ပုံမှန်စက်ဝန်းနှင့် မွေးဖွားခြင်း၊ သေဆုံးခြင်း ဖြစ်စဉ်များရှိသည်။ အချို့သစ်ပင်များက နှစ်တစ်ထောင်ကျော်အထိ အသက်ရှင်နိုင်ပြီး၊ အချို့မှာ အနှစ် ၃၀၀၀ အထိပင် အသက်ရှင်နိုင်လေသည်။ ယေဘုယျအားဖြင့် ပြောရလျှင်၊ ယင်းသည် မည်သည့် အပင်အမျိုးအစား ဖြစ်ပါစေ၊ ၎င်းတို့၏သက်တမ်း မည်မျှ ရှည်ကြာသည်ဖြစ်စေ၊ ဘုရားသခင်သည် ၎င်းက မည်မျှ ကြာကြာ ရှင်သန်သည်၊ ၎င်း၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် မြန်နှုန်းနှင့် ကြိမ်ရေနှုန်း၊ ပြီးလျှင် ၎င်းက ထုတ်လုပ်သည့် အပင်ပေါက် ပမာဏတို့အပေါ် အခြေခံ၍ စီမံလေသည်။ ဤအရာက မြက်ပင်များမှ သစ်ပင်များအထိ အပင်များကို ဟန်ချက်ညီသည့် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင် အတွင်းတွင် ဆက်လက် ရှင်သန်ကာ ကြီးထွားနိုင်ရန် အခွင့်ပေးလေသည်။ ထို့ကြောင့် ကမ္ဘာမြေကြီးပေါ်က သစ်တော တစ်ခုကို သင် ကြည့်သည့်အခါတွင်၊ ထိုသစ်တောအတွင်း ပေါက်ရောက်သည့် အရာတိုင်း၊ မြက်ပင်များနှင့် သစ်ပင်များ နှစ်ခုလုံးသည် ၎င်းတို့၏ကိုယ်ပိုင် နိယာမများနှင့်အညီ ဆက်လက် မျိုးပွားကာ ကြီးထွားနေကြလေသည်။ ၎င်းတို့သည် နောက်ထပ် လူသားမျိုးနွယ်၏ အားထုတ်မှု သို့မဟုတ် အကူအညီ မလိုအပ်ကြပေ။ ၎င်းတို့သည် ရှင်သန်မှုအတွက် ၎င်းတို့၏ ကိုယ်ပိုင် ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ကြသည်မှာ ဤဟန်ချက်ညီမှုမျိုး ၎င်းတို့ ရှိခြင်းကြောင့်သာ ဖြစ်သည်။ ကမ္ဘာလောက၏ သစ်တောများနှင့် မြက်ခင်းပြင်များသည် ကမ္ဘာမြေကြီးပေါ်တွင် ဆက်လက် ရှင်သန်နိုင်ကြသည်မှာ ရှင်သန်မှုအတွက် သင့်လျော်သည့် ပတ်ဝန်းကျင် တစ်ခု ၎င်းတို့ ရှိကြသောကြောင့်သာ ဖြစ်သည်။ ၎င်းတို့၏ တည်ရှိခြင်းသည် လူများ၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်အပြင်၊ သစ်တောများနှင့် မြက်ခင်းပြင်များတွင် ကျက်စားသည့် သက်ရှိမျိုးစုံ- ငှက်များ၊ သားရဲတိရစ္ဆာန်များ၊ ပိုးမွှားများနှင့် အနုစိတ် သက်ရှိ မျိုးစုံတို့၏ မျိုးဆက် တစ်ဆက်ပြီး တစ်ဆက်ကို ပြုစုပျိုးထောင်ပေးလေသည်။
ဘုရားသခင်သည် တိရစ္ဆာန် မျိုးစုံကြား ဟန်ချက်ညီမှုကိုလည်း ထိန်းချုပ်သည်။ ဤဟန်ချက်ညီမှုကို သူ မည်သို့ ထိန်းချုပ်သနည်း။ ယင်းသည် အပင်များနှင့် ဆင်တူသည်— သူသည် ၎င်းတို့၏ မျိုးပွားနိုင်စွမ်း၊ မျိုးပွားသည့် အရေအတွက်နှင့် မျိုးပွားခြင်း ကြိမ်ရေနှုန်းနှင့် တိရစ္ဆာန် လောကတွင် ၎င်းတို့ ဆောင်ရွက်သည့် အခန်းကဏ္ဍတို့ကို အခြေခံ၍ ၎င်းတို့၏ ဟန်ချက်ညီမှုကို စီမံကာ ၎င်းတို့၏ အရေအတွက်ကို ပိုင်းခြားသတ်မှတ်လေသည်။ ဥပမာအားဖြင့် ခြင်္သေ့များက မြင်းကျားများကို စားသည်၊ သို့ဆိုလျှင် ခြင်္သေ့၏ အရေအတွက်က မြင်းကျားများ၏ အရေအတွက်ကို ကျော်လွန် သွားပါက၊ မြင်းကျားများ၏ ကံကြမ္မာက မည်သို့ ဖြစ်မည်နည်း။ ၎င်းတို့ မျိုးသုဉ်း လာပေမည်။ ပြီးလျှင် မြင်းကျားများသည် ခြင်္သေ့များထက် များစွာ သာ၍ နည်းပါးသည့် သားပေါက်များကို ပေါက်ဖွားပါက၊ ၎င်းတို့၏ ကံကြမ္မာက မည်သည့်အရာ ဖြစ်မည်နည်း။ ၎င်းတို့သည်လည်း မျိုးသုဉ်း လာမည် ဖြစ်သည်။ ထို့ကြောင့် မြင်းကျားများ အရေအတွက်သည် ခြင်္သေ့များ၏ အရေအတွက်ထက် အလွန် များရပေမည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် မြင်းကျားများက မိမိတို့ကိုယ်ကိုယ်အတွက်သာ တည်ရှိခြင်း မဟုတ်ဘဲ၊ ခြင်္သေ့များအတွက်လည်း တည်ရှိကြသောကြောင့် ဖြစ်သည်။ ယင်းကို ဤသို့လည်း ပြောနိုင်သည်- မြင်းကျားတိုင်းသည် မြင်းကျားများ တစ်အုပ်လုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း၊ ခြင်္သေ့၏ပါးစပ်အတွက်လည်း အစာ ဖြစ်ပေသည်။ ခြင်္သေ့၏ မျိုးပွားမှုနှုန်းသည် မြင်းကျားများထက် လုံးဝ ပိုလွန်၍ မရပေ၊ ထို့ကြောင့် ၎င်းတို့၏ အရေအတွက်သည် မြင်းကျားများ၏ အရေအတွက်ထက် ပိုများ၍ မရပေ။ ဤနည်းဖြင့်သာ ခြင်္သေ့များ၏ အစားအစာ အရင်းအမြစ်ကို အာမခံနိုင်ပေသည်။ ထို့ကြောင့် ခြင်္သေ့များသည် မြင်းကျား၏ သဘာဝရန်သူ ဖြစ်သော်လည်း၊ နေရာတစ်ခုတည်း အတွင်းတွင် မျိုးစိတ်နှစ်ခုက အေးအေးလူလူ အနားယူ နေကြသည်ကို လူများက မကြခဏ တွေ့ကြရပေသည်။ ခြင်္သေ့များက ၎င်းတို့ကို အမဲလိုက်ခြင်းနှင့် စားသောက်ခြင်းကြောင့်၊ မြင်းကျားများသည် မည်သည့်အခါတွင်မျှ အရေအတွက် လျော့ကျသွားလိမ့်မည် သို့မဟုတ် မျိုးသုဉ်း သွားလိမ့်မည် မဟုတ်သကဲ့သို့၊ ခြင်္သေ့များသည် “ဘုရင်” အဖြစ် ၎င်းတို့၏ အဆင့်အတန်းကြောင့် ၎င်းတို့၏ အရေအတွက်သည် မည်သည့်အခါတွင်မျှ တိုးပွားလိမ့်မည် မဟုတ်ပေ။ ဤဟန်ချက်ညီမှုသည် အချိန်ကြာမြင့်စွာက ဘုရားသခင် ထူထောင်ခဲ့သည့် အရာတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ တိရစ္ဆာန်များသည် ဤဟန်ချက်ညီမှုမျိုးကို ရရှိနိုင်ကြဖို့အလို့ငှာ ဘုရားသခင်သည် တိရစ္ဆာန်များ အားလုံးကြားတွင် ဟန်ချက်ညီမှု နိယာမများကို ထူထောင်ခဲ့ပြီး၊ ဤသည်မှာ လူများ မကြာခဏ မြင်လေ့ရှိသည့် အရာတစ်ခု ဖြစ်သည်။ ခြင်္သေ့များသည် မြင်းကျားများ၏ တစ်ခုတည်းသော သဘာဝ ရန်သူများ ဖြစ်သလော။ မဟုတ်ပေ၊ မိကျောင်းများလည်း မြင်းကျားများကို စားကြသည်။ မြင်းကျားသည် အလွန် အကူအညီမဲ့သည့် တိရစ္ဆာန် အမျိုးအစား တစ်မျိုး ဖြစ်ပုံရသည်။ သူတို့၌ ခြင်္သေ့၏ ရက်စက်ခြင်းမျိုး မရှိကြသကဲ့သို့၊ ဤကြောက်မက်ဖွယ် ရန်သူဖြစ်သည့် ခြင်္သေ့ တစ်ကောင်နှင့် ရင်ဆိုင် ရသည့်အခါတွင် ၎င်းတို့ လုပ်နိုင်သမျှမှာ ပြေးဖို့သာ ဖြစ်သည်။ ပြန်လည် ခုခံဖို့ပင် စွမ်းအား မဲ့ကြသည်။ ၎င်းတို့သည် ခြင်္သေ့ကို လွတ်အောင် မပြေးနိုင်ကြသည့်အခါတွင်၊ မိမိတို့ကိုယ်ကိုယ် သူ့အား စားခွင့်ပေးရုံသာ တတ်နိုင်ကြသည်။ ဤအရာကို တိရစ္ဆာန် လောကတွင် မကြာခဏ တွေ့မြင်နိုင်သည်။ ဤအရာမျိုးကို သင်တို့ မြင်တွေ့ရသည့်အခါတွင်၊ မည်သည့် ခံစားချက်များနှင့် အတွေးများ ရှိကြသနည်း။ မြင်းကျားအတွက် ဝမ်းနည်းမိသလော။ ခြင်္သေ့ကို စက်ဆုပ်မိသလော။ မြင်းကျားက အလွန်လှပသည်ဟု ထင်ရသည်။ သို့သော် ခြင်္သေ့များက ၎င်းတို့ကို အမြဲ လောဘတကြီးနှင့် ကြည့်နေကြသည်။ ပြီးလျှင် မြင်းကျားများသည် မိုက်မဲစွာဖြင့် ဝေးဝေး မပြေးကြချေ။ ၎င်းတို့ကို ခြင်္သေ့က သစ်ပင် တစ်ပင်အောက် အေးမြသည့် အရိပ်ထဲတွင် စောင့်ဆိုင်းနေသည်ကို ၎င်းတို့မြင်ရသည်။ ယင်းက ၎င်းတို့ကို အချိန်မရွေး လာပြီး စားသောက်နိုင်သည်။ ဤအရာကို ၎င်းတို့၏ စိတ်နှလုံးတွင် သိသော်လည်း၊ ထိုကုန်းမြေတစ်စကို ၎င်းတို့ စွန့်ခွာလိမ့်ဦးမည် မဟုတ်ပေ။ ဤသည်မှာ အံ့ဖွယ် အရာတစ်ခု၊ ဘုရားသခင်၏ ခွဲခန့်မှတ်သား ထားခြင်းနှင့် သူ၏ စည်းမျဉ်းကို သိသာထင်ရှားစေသည့် အံ့ဖွယ် အရာတစ်ခု ဖြစ်သည်။ သင်က မြင်းကျားအတွက် ဝမ်းနည်းမိသော်လည်း၊ သူ့ကို မကယ်တင်နိုင်သကဲ့သို့၊ ခြင်္သေ့ကို သင် စက်ဆုပ်သော်လည်း၊ ယင်းကို သင် ဇီဝိန်မချုပ်စေနိုင်ပေ။ မြင်းကျားသည် ခြင်္သေ့အတွက် ဘုရားသခင် ပြင်ဆင်ထားသည့် အစားအစာ ဖြစ်သော်လည်း၊ ခြင်္သေ့က မည်မျှ များစွာ စားသောက်သည် ဖြစ်စေ၊ မြင်းကျားများသည် ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပေ။ ခြင်္သေ့များ မွေးဖွားသည့် သားပေါက် အရေအတွက်သည် အလွန် နည်းပါးပြီး အလွန် နှေးကွေးစွာ ၎င်းတို့ သားပေါက်ကြသည်၊ ထို့ကြောင့် မြင်းကျား မည်မျှ များစွာ ၎င်းတို့ စားကြသည် ဖြစ်စေ၊ ၎င်းတို့၏ အရေအတွက်သည် မြင်းကျားများ၏ အရေအတွက်ထက် မည်သည့်အခါတွင်မျှ ကျော်လွန်လိမ့်မည် မဟုတ်ပေ။ ဤအရာတွင်၊ ဟန်ချက်ညီမှု ရှိလေသည်။
ဤဟန်ချက်ညီမှုမျိုးကို ထိန်းသိမ်းရာတွင် ဘုရားသခင်၏ ရည်မှန်းချက် ပန်းတိုင်မှာ အဘယ်နည်း။ ဤသည်မှာ လူများ၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်အပြင် လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် ပတ်သက်ရပေသည်။ မြင်းကျားများ သို့မဟုတ် ခြင်္သေ့၏ အလားတူ မည်သည့် သားကောင်မဆို— သမင် သို့မဟုတ် အခြား တိရစ္ဆာန်များသည်— အလွန်နှေးကွေးစွာ မျိုးပွားပြီး ခြင်္သေ့၏ အရေအတွက်က သိသိသာသာ တိုးပွားပါက၊ လူသားများက မည်သည့် အန္တရာယ်မျိုးကို ရင်ဆိုင်ရမည်နည်း။ ခြင်္သေ့များက ၎င်းတို့၏ သားကောင်ကို စားသည်မှာ သာမန်ဖြစ်ရပ် တစ်ခု ဖြစ်သော်လည်း၊ ခြင်္သေ့က လူတစ်ဦးကို စားသည်မှာ အဖြစ်ဆိုးတစ်ခု ဖြစ်သည်။ ဤအဖြစ်ဆိုးက ဘုရားသခင် ခွဲခန့်မှတ်သားထားသည့် အရာတစ်ခု မဟုတ်ပေ၊ ယင်းမှာ လူသားမျိုးနွယ်အပေါ် သူ ကျရောက်စေသည့် အရာတစ်ခု ဖြစ်ဖို့မဆိုထားနှင့်၊ သူ၏ စည်းမျဉ်းအောက်တွင်ပင် မဖြစ်ပွားပေ။ ယင်းထက် ထိုအရာသည် လူများက မိမိတို့ကိုယ်ကိုယ်အပေါ် ကျရောက်စေသည့် အရာတစ်ခု ဖြစ်သည်။ ထို့ကြောင့် ဘုရားသခင် မြင်သည့်အတိုင်း၊ အရာအားလုံးကြားက ဟန်ချက်ညီမှုသည် လူသားမျိုးနွယ်၏ ရှင်သန်မှုအတွက် အလွန်အရေးပါပေသည်။ အပင်များဖြစ်စေ သို့မဟုတ် တိရစ္ဆာန်များဖြစ်စေ၊ မည်သည့်အရာကမျှ ယင်း၏ သင့်တော်သည့် ဟန်ချက်ညီမှုကို ဆုံးရှုံး၍မရပေ။ အပင်များ၊ တိရစ္ဆာန်များ၊ တောင်တန်းများနှင့် အင်းအိုင်များ— ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် ပုံမှန် ဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင် တစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်သည်။ လူတို့သည် ဤဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး— ဟန်ချက်ညီသည့် ပတ်ဝန်းကျင် တစ်ခု- ရှိသည့်အခါမှသာ ၎င်းတို့၏ ရှင်သန်မှုက လုံခြုံစိတ်ချ ရပေသည်။ သစ်ပင်များ သို့မဟုတ် မြက်ပင်များသည် မျိုးပွားဖို့ အားနည်းသည့် စွမ်းရည် တစ်ခု ရှိပါက၊ သို့မဟုတ် ၎င်းတို့၏ မျိုးပွားမှု နှုန်းက အလွန် နှေးကွေးပါက၊ မြေကြီးက သူ၏ အစိုဓာတ်ကို ဆုံးရှုံးမည် မဟုတ်လော။ မြေကြီးက ၎င်း၏ အစိုဓာတ်ကို ဆုံးရှုံးပါက၊ ကောင်းမွန်ပါဦးမည်လော။ မြေကြီးသည် ၎င်း၏ သီးပင်စားပင်များနှင့် ၎င်း၏ အစိုဓာတ်ကို ဆုံးရှုံးပါက၊ ယင်းသည် အလွန် လျင်မြန်စွာ တိုက်စားခံရမည် ဖြစ်ပြီး၊ ၎င်း၏နေရာတွင် သဲများ ဖြစ်လာပေမည်။ မြေကြီးက ယိုယွင်းလာသည့်အခါတွင်၊ လူများ၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်သည်လည်း ဖျက်ဆီး ခံရပေမည်။ ဤပျက်စီးမှုနှင့်အတူ ကပ်ဘေးများစွာ ပါရှိလာပေမည်။ ဤဂေဟစနစ်ဆိုင်ရာ ဟန်ချက်ညီမှု မရှိဘဲနှင့်၊ ဤဂေဟစနစ်ဆိုင်ရာ ပတ်ဝန်းကျင်မျိုး မရှိဘဲနှင့်၊ လူတို့သည် အရာအားလုံးကြားက ဟန်ချက်မညီမှုများကြောင့် ကပ်ဘေးများကို မကြာခဏ ခံစားကြရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဖားများ၏ ဂေဟစနစ် ပတ်ဝန်းကျင် ပျက်ဆီးခြင်းသို့ ဆိုက်ရောက်စေသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဟန်ချက်မညီမျှမှုတစ်ခု ရှိသည့်အခါ၊ ဖားများသည် အတူတကွ စုဝေးကြသည်၊ ၎င်းတို့၏ အရေအတွက်က သိသိသာသာ တိုးပွားလာပြီး၊ မြို့များရှိ လမ်းများပေါ်တွင် ဖြတ်ကူးနေသည့် အရေအတွက် များပြားသည့် ဖားများကိုပင် လူတို့ တွေ့မြင်ကြရသည်။ အရေအတွက် များပြားသည့် ဖားများက လူတို့၏ ရှင်သန်မှုအတွက် ပတ်ဝန်းကျင်ကို နေရာယူကြပါက၊ ယင်းကို မည်သို့ ခေါ်ဆိုမည်နည်း။ ကပ်ဘေးတစ်ခု ဖြစ်သည်။ ယင်းကို အဘယ်ကြောင့် ကပ်ဘေးတစ်ခုဟု ခေါ်ဆိုရမည်နည်း။ လူသားမျိုးနွယ်အတွက် အကျိုးရှိသည့် ဤသေးငယ်သည့် တိရစ္ဆာန်များသည် ၎င်းတို့အတွက် သင့်တော်သည့် နေရာတွင် ဆက်လက် တည်ရှိကြသည့်အခါ လူများအတွက် အသုံးဝင်သည်။ ၎င်းတို့သည် လူများ၏ ရှင်သန်မှုအတွက် ဖြစ်သော ပတ်ဝန်းကျင်၏ ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးသည်။ သို့သော် ၎င်းတို့သည် ကပ်ဘေးတစ်ခု ဖြစ်လာပါက၊ လူများ၏ဘဝ စနစ်ကျမှုကို ၎င်းတို့ ထိခိုက်ကြလိမ့်မည် ဖြစ်သည်။ ဖားများက ၎င်းတို့ ကိုယ်ခန္ဓာများပေါ်တွင် ၎င်းတို့နှင့်အတူ ယူဆောင်လာသည့် အရာအားလုံးနှင့် ပစ္စည်းများ အားလုံးသည် လူများ၏ ဘဝ အရည်အသွေးကို ထိခိုက်စေနိုင်သည်။ ၎င်းတို့သည် လူတို့၏ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါများပင် တိုက်ခိုက်ခံရစေနိုင်သည်- ဤသည်မှာ ကပ်ဘေး အမျိုးအစားများထဲမှ တစ်ခု ဖြစ်သည်။ လူသားများ မကြာခဏ တွေ့ကြုံရသည့် နောက်ထပ် ကပ်ဘေးတစ်မျိုးမှာ ကျိုင်းကောင်များ အရေအတွက်များစွာ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဤသည်မှာ ကပ်ဘေးတစ်ခု ဖြစ်သည် မဟုတ်လော။ ဟုတ်ပါသည်၊ ယင်းသည် ကြောက်စရာကောင်းသည့် ကပ်ဘေးတစ်ခု ဖြစ်သည်။ လူများက မည်မျှ တတ်စွမ်းနိုင်သည်မှာ အရေးမကြီးပေ— လူများက လေယာဉ်ပျံများ၊ အမြှောက်များနှင့် အဏုမြူဗုံးများ ပြုလုပ်နိုင်သည်— ကျိုင်းကောင်များ ကျူးကျော်လာသည့်အခါတွင်၊ လူသားမျိုးနွယ်သည် မည်သည့် ဖြေရှင်းချက် ရှိကြသနည်း။ ကျိုင်းကောင်များအပေါ် အမြှောက်များကို အသုံးပြုနိုင်သလော။ ယင်းတို့ကို စက်သေနတ်များဖြင့် ပစ်၍ရသလော။ မရပေ။ ထို့နောက် ယင်းတို့ကို မောင်းထုတ်ရန် ပိုးသတ်ဆေးများ ဖြန်း၍ရသလော။ ယင်းသည်လည်း လွယ်ကူသည့် အလုပ်မဟုတ်ပေ။ ဤကျိုင်းကောင်လေးများက မည်သည့်အရာကို လုပ်ဆောင်ဖို့ လာကြသနည်း။ ၎င်းတို့သည် အထူးသဖြင့် ကောက်ပဲသီးနှံများနှင့် အစေ့အဆန်များကို စားကြသည်။ ကျိုင်းကောင်များ သွားသည့် နေရာတိုင်းတွင်၊ ကောက်ပဲသီးနှံများက လုံးဝ ပျက်ပြုန်းကုန်သည်။ ကျိုင်းကောင်များ ကျူးကျော်ဝင်ရောက်သည့် အချိန်များတွင်၊ တစ်နှစ်ပတ်လုံးအတွက် လယ်သမားများ မှီခိုအားထားသည့် အစားအစာ အားလုံးသည် မျက်စိတစ်မှိတ် အတွင်း ကျိုင်းကောင်များ၏ လုံးဝ စားသုံးခြင်း ခံလိုက်ရနိုင်ပေသည်။ လူသားများအတွက်၊ ကျိုင်းကောင်များ ရောက်ရှိလာခြင်းသည် ဒေါသထွက်စရာ ဖြစ်သည်သာမက- ကပ်ဘေးတစ်ခု ဖြစ်သည်။ ထို့ကြောင့် များပြားသည့် ကျိုင်းကောင် အရေအတွက် ထွက်ပေါ်ခြင်းသည် ကပ်ဘေးတစ်မျိုး ဖြစ်သည်ကို ငါတို့ သိကြသော်လည်း၊ ကြွက်များရော အဘယ်သို့နည်း။ ကြွက်များကို စားမည့် ငှက်များ မရှိပါက၊ ၎င်းတို့သည် အလွန်လျင်မြန်စွာ ပွားများကြလိမ့်မည်၊ သင် စိတ်ကူးနိုင်သည် ထက်ပင် အလွန် မြန်ဆန်စွာ ပွားများကြလိမ့်မည် ဖြစ်သည်။ ကြွက်များသည် အဟန့်အတား မရှိ ပျံ့နှံ့ပါက၊ လူသားများသည် ကောင်းမွန်သည့် ဘဝများကို နေထိုင်နိုင်ကြမည်လော။ လူသားများသည် မည်သည့် အခြေအနေမျိုးနှင့် ရင်ဆိုင် ရမည်နည်း။ (ကပ်ရောဂါ တစ်ခုနှင့် ရင်ဆိုင် ရပါမည်။) သို့သော် ကပ်ရောဂါသည် တစ်ခုတည်းသော အကျိုးဆက် ဖြစ်မည်ဟု သင် ထင်သလော။ ကြွက်များသည် မည်သည့်အရာကိုမဆို ဝါးနိုင်ပြီး သစ်သားများကိုပင် ကိုက်ဖြတ်ကြလိမ့်မည်။ အိမ်တစ်အိမ်တွင် ကြွက်နှစ်ကောင်သာ ရှိပါက၊ ထိုအိမ်တွင် နေထိုင်ကြသူတိုင်း စိတ်အနှောင့်အယှက် ဖြစ်ရလိမ့်မည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဆီများကို ခိုးပြီး စားသည်၊ ပြီးလျှင် တစ်ခါတစ်ရံတွင် ၎င်းတို့သည် ပေါင်မုန့် သို့မဟုတ် သီးနှံအစားအစာများကို စားကြသည်။ ၎င်းတို့ မစားသည့်အရာများကို ဝါးသာဝါးကြပြီး လုံးဝ ရှုပ်ပွသွားစေသည်။ အဝတ်များ၊ ဖိနပ်များ၊ ပရိဘောဂများကို ၎င်းတို့ ဝါးကြသည်— အရာရာတိုင်းကို ဝါးကြသည်။ တစ်ခါတစ်ရံတွင် ၎င်းတို့သည် ကြောင်အိမ်ပေါ် တက်ကြလိမ့်မည်— ကြွက်များ တက်နင်းပြီးနောက်တွင် ဤပန်းကန်များကို သုံး၍ ရနိုင်ပါသေးသလော။ ယင်းတို့ကို သင် ပိုးသတ်လျှင်ပင် စိတ်အေးသက်သာ ခံစားရလိမ့်မည် မဟုတ်ပေ၊ ထို့ကြောင့် ယင်းတို့ကို သင် လွှင့်သာ လွှင့်ပစ်လိုက်လေသည်။ ဤသည်တို့မှာ လူများထံ ကြွက်များ သယ်ဆောင်လာသည့် အနှောင့်အယှက်များ ဖြစ်သည်။ ကြွက်များသည် သေးငယ်သော သတ္တဝါလေးများ ဖြစ်သော်လည်း၊ လူများသည် ၎င်းတို့ကို မကိုင်တွယ် မဖြေရှင်း နိုင်ကြသကဲ့သို့၊ ထိုအစား ၎င်းတို့၏ ထိခိုက်ပျက်စီးမှုများကိုသာ သည်းညည်းခံကြရသည်။ ကြွက်တစ်အုပ်ကြီးကို မဆိုထားနှင့်၊ နှစ်ကောင်တည်းကပင် ဆိုးရွားပြင်းထန်သော နှောင့်ယှက်ဖျက်ဆီးခြင်းကို ဖြစ်ပေါ်စေရန် လုံလောက်လေသည်။ ၎င်းတို့၏ အရေအတွက်များသည် အလွန်များပြားပြီး ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ပါက၊ အကျိုးဆက်များက မတွေးဝံ့စရာ ဖြစ်ပေမည်။ ပုရွက်ဆိတ်လောက် သေးငယ်သော သတ္တဝါများသည်ပင် ကပ်ဘေး အန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်။ ထိုသို့ဖြစ်ပျက်ခဲ့မည်ဆိုပါ၊ လူသားမျိုးနွယ်ကို ၎င်းတို့ လုပ်ဆောင်မည့် ထိခိုက်ပျက်စီးမှုကိုလည်း လျစ်လျူရှု၍ မရပေ။ ပုရွက်ဆိတ်တို့သည် အိမ်များကို အလွန်များစွာ ထိခိုက်မှု ပေးနိုင်သည်မှာ အိမ်များ ပြိုကျသွားတတ်ပေသည်။ ၎င်းတို့၏ ခွန်အားကို လျစ်လျူရှု၍ မရပေ။ မတူကွဲပြားသည့် ငှက်အမျိုးအစားများသည် ကပ်ဘေးတစ်ခုကို ဖန်တီးပါက၊ ယင်းသည် ထိတ်လန့်စရာဖြစ်မည် မဟုတ်လော။ (ဖြစ်ပါသည်။) တစ်နည်းပြောရလျှင်၊ တိရစ္ဆာန်များ သို့မဟုတ် သက်ရှိများ ရှိသည့်နေရာတိုင်းတွင်၊ ၎င်းတို့ မည်သည့်အမျိုးအစား ဖြစ်သည် ဖြစ်စေ၊ ၎င်းတို့၏ ဟန်ချက်ညီမှု ဆုံးရှုံးသွားပါက၊ ၎င်းတို့ ကြီးထွားလာလိမ့်မည်၊ မျိုးပွားလိမ့်မည် ဖြစ်ပြီး၊ ပုံမှန်မဟုတ်သည့် အတိုင်းအတာ၊ သာမန်မဟုတ်သည့် အတိုင်းအတာအတွင်းတွင် ရှင်သန်ကြလိမ့်မည် ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်ထံ မတွေးဝံ့စရာ အကျိုးဆက်များ ယူဆောင်လာမည် ဖြစ်သည်။ ယင်းက လူတို့၏ ရှင်သန်မှုနှင့် ဘဝများကို သက်ရောက်မည် သာမက၊ လူတို့က လုံးဝ ပျက်သုဉ်းခြင်းနှင့် မျိုးသုဉ်းမှု ကံအကြောင်းတရားကို ခံစားကြရသည့်အဆင့်ထိပင် လူသားမျိုးနွယ်ထံ ကပ်ဘေးလည်း ယူဆောင်လာမည် ဖြစ်သည်။
ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင် ယင်းတို့ကို ဟန်ချက်ညီစေရန်၊ တောင်များနှင့် အင်းအိုင်များ၊ အပင်များနှင့် တိရစ္ဆာန်မျိုးစုံ၊ ငှက်များနှင့် ပိုးမွှားများ၏ အသက်ရှင်သန်မှု အခြေအနေများကို ဟန်ချက်ညီစေရန် နည်းစနစ် မျိုးစုံကို အသုံးပြုခဲ့သည်။ သူ၏ ရည်မှန်းချက် ပန်းတိုင်မှာ သူထူထောင်ခဲ့သည့် နိယာမများအောက်တွင် သက်ရှိသတ္တဝါ မျိုးစုံကို ရှင်သန်နေထိုင်ပြီး ပွားများခွင့်ပေးရန် ဖြစ်သည်။ ဖန်ဆင်းခြင်း အရာများထဲမှ မည်သည့်အရာမျှ ဤနိယာမများ၏ အပြင်ဘက်သို့ သွား၍ မရနိုင်သကဲ့သို့၊ ဤနိယာမများကို ချိုးဖောက်၍ မရနိုင်ပေ။ ဤအခြေခံ ပတ်ဝန်းကျင် အမျိုးအစား အတွင်းတွင်သာ လူသားများသည် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဘေးကင်းစွာနှင့် ပွားများစွာ ရှင်သန်နိုင်ပေသည်။ မည်သည့် သက်ရှိသတ္တဝါမဆိုသည် ဘုရားသခင် ထူထောင်ထားသည့် အရေအတွက် သို့မဟုတ် နယ်ပယ်ကို ကျော်သွားပါက၊ သို့မဟုတ် သူ ချမှတ်သည့် ကြီးထွားမှုနှုန်း၊ မျိုးပွားမှု အကြိမ်ရေ သို့မဟုတ် အရေအတွက်ကို ကျော်လွန်ပါက၊ လူသားမျိုးနွယ်၏ ရှင်သန်မှု အတွက် ပတ်ဝန်းကျင်သည် ပျက်စီးမှု အဆင့်အမျိုးမျိုးကို ခံစားရပါပေမည်။ ပြီးလျှင် တစ်ချိန်တည်းတွင်၊ လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ခြိမ်းခြောက် ခံရပေမည်။ သက်ရှိသတ္တဝါ အမျိုးအစား တစ်ခုက အရေအတွက် အလွန်များလျှင်၊ လူများ၏ အစားအစာကို လုယက်လိမ့်မည်၊ လူများ၏ ရေ အရင်းအမြစ်များကို ဖျက်ဆီးလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့၏ မွေးရပ်မြေများကို ဖျက်ဆီးကြလိမ့်မည်။ ထိုသို့ဖြင့် လူသားမျိုးနွယ်၏ မျိုးပွားမှု သို့မဟုတ် ရှင်သန်မှု အခြေအနေသည် ချက်ချင်း ထိခိုက်ခံရပေမည်။ ဥပမာအားဖြင့်၊ ရေသည် အရာအားလုံးအတွက် အလွန် အရေးကြီး၏။ ကြွက်များ၊ ပုရွက်ဆိတ်များ၊ ကျိုင်းကောင်များနှင့် ဖားများ သို့မဟုတ် အခြားတိရစ္ဆာန်အမျိုးအစားတစ်ခုတစ်လေသည် အလွန်များပါက၊ ရေကို ပိုသောက်ကြလိမ့်မည် ဖြစ်သည်။ ၎င်းတို့ သောက်သုံးသည့် ရေပမာဏ တိုးပွားလာသည်နှင့်အမျှ၊ သတ်မှတ်ထားသည့် သောက်ရေ အရင်းအမြစ် နယ်ပယ်နှင့် ရေ ပါဝင်သည့်နေရာများအတွင်းရှိ လူများ၏ သောက်သုံးရေနှင့် ရေ အရင်းအမြစ်များ လျော့ကျလိမ့်မည် ဖြစ်ပြီး၊ ၎င်းတို့သည် ရေ ပြတ်လပ်မှုများကို တွေ့ကြုံကြရလိမ့်မည်။ တိရစ္ဆာန်မျိုးစုံ၏ အရေအတွက် တိုးမြင့်လာခြင်းကြောင့်၊ လူများ၏ သောက်သုံးရေသည် ဖျက်ဆီးခံရပါက၊ ညစ်ညမ်းသွားပါက၊ သို့မဟုတ် ပြတ်တောက်သွားပါက၊ ရှင်သန်မှုအတွက် ထိုခက်ခဲကြမ်းတမ်းသည့် ပတ်ဝန်းကျင်မျိုး အောက်တွင် လူသားမျိုးနွယ်၏ ရှင်သန်မှုသည် ဆိုးရွားစွာ ခြိမ်းခြောက်ခံရလိမ့်ည် ဖြစ်သည်။ သက်ရှိသတ္တဝါများ၏ အမျိုးအစားတစ်မျိုးသာ သို့မဟုတ် အမျိုးအစား အချို့သည် ၎င်းတို့၏သင့်တော်သည့် အရေအတွက်ကို ကျော်လွန်သွားပါက၊ ရှင်သန်မှုအတွက် လူသားမျိုးနွယ်၏ နေရာအတွင်းရှိ လေ၊ အပူချိန်၊ အစိုဓာတ်နှင့် လေထု ဖွဲ့စည်းမှုပင်လျှင် အဆိပ်သင့်လိမ့်မည်ဖြစ်ပြီး အဆင့်အမျိုးမျိုးအထိ ဖျက်ဆီးခံရလိမ့်မည်။ ဤအခြေအနေများအောက်တွင်၊ လူသားတို့၏ ရှင်သန်မှုနှင့် ကံကြမ္မာသည် ဤဂေဟစနစ်ဆိုင်ရာ အကြောင်းရင်းများက ဖြစ်ပေါ်စေသည့် ခြိမ်းခြောက်မှုများကိုလည်း ခံရလိမ့်မည် ဖြစ်သည်။ ထို့ကြောင့် ဤဟန်ချက်ညီမှုများ ဆုံးရှုံးသွားပါက၊ လူတို့ အသက်ရှူသည့်လေသည် ပျက်စီးလိမ့်မည်၊ ၎င်းတို့သောက်သည့်ရေ ညစ်ညမ်းလိမ့်မည် ဖြစ်ကာ၊ ၎င်းတို့လိုအပ်သည့် အပူချိန်သည်လည်း ပြောင်းလဲသွားလိမ့်မည် ဖြစ်ကာ၊ အဆင့်အမျိုးမျိုးထိ ထိခိုက်ခံရပေလိမ့်မည်။ ထိုအရာဖြစ်ပါက လူသားမျိုးနွယ်နှင့် ပင်ကိုအားဖြင့် သက်ဆိုင်သည့် ရှင်သန်မှုအတွက် ပတ်ဝန်းကျင်များသည် အလွန် ကြီးမားသည့် ထိခိုက်မှုများနှင့် စိန်ခေါ်မှုများကို ခံရလိမ့်မည် ဖြစ်သည်။ လူသားတို့၏ ရှင်သန်မှုအတွက် အခြေခံ ပတ်ဝန်းကျင် ဖျက်ဆီးခံရပြီးဖြစ်သည့် ဤဖြစ်ရပ်မျိုးတွင်၊ လူသားမျိုးနွယ်၏ ကံကြမ္မာနှင့် ရှေ့ရေးသည် မည်သည့်အရာ ဖြစ်မည်နည်း။ ဤသည်မှာ အလွန် အရေးကြီးသည့် ပြဿနာ တစ်ခု ဖြစ်သည်။ လူသားမျိုးနွယ်အတွက် ဖန်ဆင်းခြင်း အရာအသီးသီးသည် မည်သည့် အကြောင်းရင်းအတွက် တည်ရှိရသည်၊ သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အမျိုးအစားတိုင်းက မည်သည့် အခန်းကဏ္ဍ ရှိကြသည်၊ အမှုအရာ အသီးသီးက လူသားမျိုးနွယ်အပေါ် မည်သည့် သက်ရောက်မှုမျိုးရှိပြီး၊ မည်သည့် အဆင့်ထိ ယင်းက လူသားမျိုးနွယ်အတွက် အကျိုးပြုသည်ကို ဘုရားသခင် သိသည့်အတွက်ကြောင့်၊ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် ဤအရာ အားလုံးအတွက် အစီအစဉ် တစ်ခုရှိပြီး သူ ဖန်ဆင်းခဲ့သည့် အမှုအရာ အားလုံး၏ သွင်ပြင်လက္ခဏာ တစ်ခုစီတိုင်းကို သူ စီမံသောကြောင့်၊ ယင်းမှာ သူ လုပ်ဆောင်သည့် အမှုအရာ တစ်ခုစီတိုင်းသည် လူသားမျိုးနွယ်အတွက် အလွန် အရေးကြီးရသည့် အကြောင်းရင်း ဖြစ်သည်။ ထို့ကြောင့် ယခုမှစ၍၊ ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာအားလုံးထဲတွင် ဂေဟစနစ်ဆိုင်ရာ ဖြစ်ရပ်အချို့ သို့မဟုတ် ဘုရားသခင်၏ ဖန်ဆင်းခြင်း အရာများထဲတွင် သဘာဝနိယာမ အချို့ အလုပ်လုပ်သည်ကို သင် သတိပြုမိသည့်အခါတိုင်းတွင်၊ ဘုရားသခင် ဖန်ဆင်းခဲ့သည့် အရာ တစ်ခုစီတိုင်း၏ လိုအပ်မှုနှင့်ပတ်သက်၍ သင်သည် သံသယဖြစ်လိမ့်မည် မဟုတ်တော့ပေ။ အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုများနှင့် လူသားမျိုးနွယ်အတွက် သူ၏ ထောက်ပံ့ခြင်း နည်းလမ်း အမျိုးမျိုးတို့ကို ထင်ရာမြင်ရာ ဝေဖန်အကဲဖြတ်မှုများ ပြုလုပ်ရန် မသိနားမလည်သည့် စကားများကို သင် အသုံးပြုတော့မည် မဟုတ်ပေ။ သူ၏ ဖန်ဆင်းခြင်း အရာအားလုံးအတွက် ဘုရားသခင်၏ နိယာမများနှင့်ပတ်သက်၍ ထင်ရာမြင်ရာ ကောက်ချက်ချခြင်းများလည်း သင် ပြုလိမ့်မည် မဟုတ်။ ဤသည်မှာ မှန်သည် မဟုတ်လော။
ယခုတင် ငါတို့ ပြောဆိုနေကြပြီးဖြစ်သည့် ဤအရာအားလုံးသည် မည်သည့်အရာ ဖြစ်သနည်း။ ယင်းနှင့်ပတ်သက်၍ ခဏ စဉ်းစားကြည့်ကြလော့။ ဘုရားသခင်သည် သူ လုပ်ဆောင်သည့်အရာ တစ်ခုစီတိုင်းတွင် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက် ရှိသည်။ သူ၏ ရည်ရွယ်ချက်သည် လူသားများအဖို့ နားမလည်နိုင်စရာ ဖြစ်သော်လည်း၊ လူသားမျိုးနွယ်၏ ရှင်သန်မှုနှင့် အမြဲ ခွဲခြားမရနိုင်အောင်၊ အင်အားကြီးမားစွာ ဆက်နွှယ်လေသည်။ ယင်းသည် လုံးဝ မရှိမဖြစ် ဖြစ်ပေသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် အချည်းနှီး ဖြစ်သည့်အရာကို မည်သည့်အခါတွင်မျှ မလုပ်ဆောင်သောကြောင့် ဖြစ်သည်။ သူ လုပ်ဆောင်သည့်အရာ တစ်ခုတိုင်း နောက်ကွယ်ရှိ အခြေခံသဘောတရားများသည် သူ၏အစီအစဉ်နှင့် သူ၏ဉာဏ်ပညာတို့ဖြင့် စိမ့်ဝင်ပျံ့နှံ့လေသည်။ ထိုအစီအစဉ်၏ နောက်ကွယ်ရှိ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်သည် လူသားမျိုးနွယ်ကို ကာကွယ်ခြင်းအတွက်၊ ကပ်ဘေး၊ အခြားသက်ရှိသတ္တဝါများ၏ ကျူးကျော်ဝင်ရောက်မှုများနှင့် ဘုရားသခင်၏ မည်သည့် ဖန်ဆင်းခြင်းအရာမဆိုက လူသားများအဖို့ ဖြစ်ပေါ်စေသည့် မည်သည့် အန္တရာယ်မျိုးကိုမဆို ရှောင်လွှဲရန် လူသားမျိုးနွယ်အား ကူညီဖို့ ဖြစ်သည်။ သို့ဆိုလျှင် ဤအကြောင်းအရာအတွင်း ငါတို့ မြင်ရပြီးဖြစ်သည့် ဘုရားသခင်၏ လုပ်ဆောင်ချက်များသည် လူသားမျိုးနွယ်အတွက် ဘုရားသခင် ထောက်ပံ့ပေးသည့် အခြားနည်းလမ်းအား ဖြစ်စေသည်ဟု ဆို၍ရနိုင်မည်လော။ ဤလုပ်ဆောင်ချက်များမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်ကို ကျွေးမွေးကာ ထိန်းကျောင်းနေသည်ဟု ငါတို့ ဆိုနိုင်မည်လော။ (ဆိုနိုင်ပါသည်။) ဤအကြောင်းအရာနှင့် ငါတို့ မိတ်သဟာယ၏ ခေါင်းစဉ်- “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ကြားတွင် ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခု ရှိသလော။ (ရှိပါသည်။) အလွန် ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခုရှိပြီး ဤအကြောင်းအရာသည် ယင်း၏ ရှုထောင့်တစ်ခု ဖြစ်သည်။ ဤအကြောင်းအရာများ အကြောင်းကို မပြောဆိုမီတွင်၊ လူများသည် ဘုရားသခင်၊ ဘုရားသခင်ကိုယ်တိုင်နှင့် သူ၏ လုပ်ဆောင်ချက်များနှင့် သက်ဆိုင်သည့် မရေရာသည့် စိတ်ကူးစိတ်သန်း အချို့သာ ရှိခဲ့ကြသည်- ၎င်းတို့သည် မှန်ကန်သည့် သိနားလည်မှု ကင်းမဲ့ခဲ့ကြသည်။ သို့သော် သူ၏လုပ်ဆောင်ချက်များနှင့် သူ လုပ်ဆောင်ပြီးသည့် အရာများနှင့်ပတ်သက်၍ လူများကို ပြောဆိုသည့်အခါတွင် ၎င်းတို့သည် ဘုရားသခင် လုပ်ဆောင်သည့်အရာ၏ အခြေခံသဘောတရားများကို သိနားလည်ကာ သဘောပေါက်နိုင်ကြပြီး၊ ယင်းတို့နှင့် သက်ဆိုင်သည့် သိနားလည်မှုကို ၎င်းတို့ ရရှိနိုင်ကာ ယင်းတို့အား လက်လှမ်းမီလာနိုင်ကြသည်။ ဖန်ဆင်းခြင်းနှင့် အရာခပ်သိမ်းအပေါ် အုပ်စိုးခြင်းကဲ့သို့၊ မည်သည့်အရာကိုမဆို သူ လုပ်ဆောင်သည့် အခါတိုင်းတွင်၊ ဘုရားသခင်၏ စိတ်နှလုံးထဲ၌ အလွန် ရှုပ်ထွေးသည့် သီအိုရီများ၊ အခြေခံသဘောတရားများနှင့် စည်းမျဉ်းများ မျိုးစုံရှိသော်လည်း၊ ယင်းတို့၏ အစိတ်အပိုင်းတစ်ခုကို မိတ်သဟာယတွင် သင့်တို့အား လေ့လာသင်ယူခွင့်ပေးခြင်းမျှဖြင့် ဤသည်တို့မှာ ဘုရားသခင်၏ လုပ်ဆောင်ချက်များဖြစ်ပြီး စစ်မှန်နိုင်သလောက် စစ်မှန်သည်ကို သင်တို့၏ စိတ်နှလုံးများတွင် သိနားလည်မှု ရရှိရန် သင်တို့အတွက် ဖြစ်နိုင်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဘုရားသခင်နှင့်သက်ဆိုင်သည့် သင်တို့၏ လတ်တလော နားလည်မှုသည် ယခင်ကနှင့် မည်သို့ကွာခြားသနည်း။ ယင်း၏ အနှစ်သာရတွင် ကွာခြားပေသည်။ ယခင်က သင်တို့၏ သိနားလည်မှုသည် အလွန်ပေါ့တန်ခဲ့၊ အလွန်ဝေဝါးခဲ့သော်လည်း၊ ယခုတွင် သင်တို့၏သိနားလည်မှုသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် ကိုက်ညီဖို့၊ ဘုရားသခင်၏ အရာအားလုံးနှင့်ဖြစ်ခြင်းနှင့် ကိုက်ညီဖို့၊ ခိုင်မာသည့် အထောက်အထား အများအပြား ပါရှိလေသည်။ ထို့ကြောင့် ငါ ပြောဆိုပြီးသည့်အရာအားလုံးသည် သင်တို့၏ ဘုရားသခင်နှင့် သက်ဆိုင်သည့် သိနားလည်မှုအတွက် အံ့ဩလောက်စရာ အသိပညာတိုးစေသော အချက်အလက် ဖြစ်ပေသည်။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်