ဘုရားသခင် ပလ္လင်ထက်တွင်စိုးစံသည်
အပိုဒ် ၁
နောက်ဆုံးသောကာလတွင် နှုတ်ကပတ်တော်များ မြွက်ဆိုသည့် လူဇာတိခံ ဘုရားသခင်ကို ချီးမွမ်းကြလော့။
နိုင်ငံတော်ခေတ်နှင့်အတူ သူပြန်လာပြီဟု သီဆိုကြလော့။
ဘုရားသခင် ရွေးချယ်ထားသူများ သူ့မျက်မှောက်တွင် ချီးမြှောက်ခြင်းခံရကာ။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လျက် ကျွန်ုပ်တို့ အားလုံး ပျပ်ဝပ်ကြပေ။
ပြန်ဆိုပိုဒ်အကြို ၁
ယခု ဘုရားသခင် ခမ်းနားသော ပလ္လင်ထက်တွင် စိုးစံသည်တကား။
သူ တင့်တယ်ခမ်းနားပြီး လှပလိုက်လေခြင်း။
ပြန်ဆိုအပိုဒ်
အနန္တတန်ခိုးရှင်၊ ယခုကော ယခင်ပါ တစ်ပါးတည်း၊ ကမ္ဘာမြေထက်တွင် ရှင်ဘုရင်ကဲ့သို့ အုပ်စိုးသည်။
အမှောင်ကမ္ဘာမြေကို အလင်းပေးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များက၊ စစ်မှန်သောအလင်းပင်။
ဘုရားသခင်ရှေ့ ခပ်သိမ်းသောလူတို့ ကျိုးနွံနာခံကြမည်၊ သူ၏ ပြန်အလာကို ကြိုဆိုကြမည်။
ကိုယ်တော်ကို ချီးမွမ်းသီချင်းများ မိုးကောင်းကင်ထိ ရောက်ရှိလျက်၊ ဘုရားသခင် ပလ္လင်ထက်တွင် စိုးစံသည်။
အပိုဒ် ၂
ဘုရားသခင်၏ နှုတ်ကပတ်တော် ကျွန်ုပ်တို့အပေါ် အသက်စမ်းရေကို နှင်းအပ်။
ကိုယ်တော်နှင့် မျက်နှာချင်းဆိုင်လျက်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ စားသောက်ကြကာ၊
နောက်ဆုံးတွင် စားသောက်ပွဲကို ကျွန်ုပ်တို့ တက်ရောက်နေ။
ပျက်စီးသောလောကမှ ဘုရားသခင် ကျွန်ုပ်တို့ကို သီးသန့်ဖယ်ထားပေ။
ပြန်ဆိုပိုဒ်အကြို ၂
ထိုသို့ လောကီအနှောင်အဖွဲ့များ ကျွန်ုပ်တို့ မိမိကိုယ်ကို ဖယ်ရှားကာ၊
နိုင်ငံတော်၏ လေ့ကျင့်မှုထဲ ဝင်ရောက်ကြပေ။
သံပြိုင်
အနန္တတန်ခိုးရှင်၊ ယခုကော ယခင်ပါ တစ်ပါးတည်း၊ ကမ္ဘာမြေထက်တွင် ရှင်ဘုရင်ကဲ့သို့ အုပ်စိုးသည်။
အမှောင်ကမ္ဘာမြေကို အလင်းပေးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စစ်မှန်သောအလင်းပင်။
ဘုရားသခင်ရှေ့ ခပ်သိမ်းသောလူတို့ ကျိုးနွံနာခံကြမည်၊ သူ၏ ပြန်အလာကို ကြိုဆိုကြမည်။
ကိုယ်တော်ကို ချီးမွမ်းသီချင်းများ မိုးကောင်းကင်ထိ ရောက်ရှိလျက်၊ ဘုရားသခင် ပလ္လင်ထက်တွင် စိုးစံသည်။
အပိုဒ် ၃
တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်ထဲတွင် စတင်ပြီဖြစ်ကာ၊
ဘုရားသခင်၏ သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်လျက်သာ။
ကိုယ်တော့် နှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းက
လူသစ်များအဖြစ် သန့်စင်ပေးပြီး ပြောင်းလဲပေး။
ပြန်ဆိုပိုဒ်အကြို ၃
အနန္တတန်ခိုးရှင်ဘုရား ကျွန်ုပ်တို့မျက်ရည်များကို သုတ်ပေးသောကြောင့်
နိုင်ငံတော်၏ အသက်တာကို ကျွန်ုပ်တို့ ထာဝစဉ် မွေ့လျော်ကြသည်။
သံပြိုင်
အနန္တတန်ခိုးရှင်၊ ယခုကော ယခင်ပါ တစ်ပါးတည်း၊ ကမ္ဘာမြေထက်တွင် ရှင်ဘုရင်ကဲ့သို့ အုပ်စိုးသည်။
အမှောင်ကမ္ဘာမြေကို အလင်းပေးလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ စစ်မှန်သောအလင်းပင်။
ဘုရားသခင်ရှေ့ ခပ်သိမ်းသောလူတို့ ကျိုးနွံနာခံကြမည်၊ သူ၏ ပြန်အလာကို ကြိုဆိုကြမည်။
ကိုယ်တော်ကို ချီးမွမ်းသီချင်းများ မိုးကောင်းကင်ထိ ရောက်ရှိလျက်၊ ဘုရားသခင် ပလ္လင်ထက်တွင် စိုးစံသည်။
အပိုဒ် ၄
ဘုရားသခင်သည် သူ၏အမှုတွင် ဉာဏ်ပညာရှိ၍ အနန္တတန်ခိုးရှိကာ၊
အဆင်းနီသော နဂါးကြီးကို အစေခံရန် အသုံးချလျက်ပင်။
သူ၏ အနန္တတန်ခိုးကို ယခု ကျွန်ုပ်တို့အား ဘုရားနှုတ်ကပတ်တော်များက ပြသလျက်၊
သိမ်းပိုက်ကာ အောင်မြင်သောသူများအဖွဲ့ကို ပေါ်ထွက်စေသည်။
ပြန်ဆိုပိုဒ်အကြို ၄
ဆင်းရဲဒုက္ခများကြားတွင် သက်သေရပ်တည်ရန် ဘုရားသခင် ကျွန်ုပ်တို့ကို လမ်းပြသည်။
ဘုရားသခင်သည် စာတန်ကို အနိုင်ယူပြီး ဘုန်းကြီးခြင်းအလုံးစုံကို ရယူလေပြီ။