၂၆၅ ဘုရားသခင်၏ တရားစီရင်ခြင်းသည် ချစ်ခြင်းမေတ္တာ ဖြစ်သည်
၁
နောက်ဆုံးတွင် လူသည် မည်သည့်သက်သေခံသနည်း။ ဘုရားသည် ဖြောင့်မတ်သည်ဟု၎င်း၊ သူသည်အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်း ဖြစ်ကြောင်းကို သူတို့ သည် သက်သေခံကြ ၏။ ဘုရား၏ ဖြောင့်မတ်ခြင်းကို လူသည် သက်သေခံ၏။ ဘုရားသည် လူကိုစုံလင်စေရန် တရားစီရင်ခြင်းကို အသုံးပြုသည်။ သူသည် လူကို ချစ်ကာ ကယ်တင်လေပြီ။ သို့သော် သူ၏ ချစ်ခြင်းမေတ္တာတွင် တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ ကျိန်ခြင်းများနှင့် အမျက်ဒေါသ မည်မျှ ပါရှိသနည်း။ သူ့ကို သင်ချစ်ကာ ဇာတိ၏ အနှစ်သာရကို သင်သိနိုင်ဖို့အလို့ငှာ သူသည် သင့်ကို ကျိန်ဆဲသည်။ သင့်ကိုနှိုးထစေရန်နှင့် သင်၏ မထိုက်တန်မှုကို သိစေဖို့ သင့်ကို သူသည်အပြစ်တင်ကာ ဆုံးမ ၏။ ထို့ကြောင့် ဘုရား၏ တရားစီရင်မှု၊ ဘုန်းအာနုဘော်နှင့် ကျိန်ခြင်း၊ သင်၌ ပြုသည့် ဖြောင့်မတ်ခြင်း၊ သူပြုသမျှ အားလုံးသည် သင့်ကိုစုံလင်စေဖို့ဖြစ် သည်။ ဤသည်ကား သင့်၌ တွေ့ရသော ဘုရား၏မေတ္တာပင်။
၂
ဘုရားသည် အတိတ်တွင် လူကိုကျိန်ဆိုကောင်း ကျိန်နိုင်သော်လည်း၊ သူတို့သည် အဆုံးမဲ့တွင်းထဲသို့ ပစ်ချခြင်းမခံခဲ့ရ၊ သေခြင်းသို့မရောက်စေပဲ သူတို့၏ ယုံကြည်ခြင်း စစ်ဆေးခံခဲ့ရ သည်။ ဘုရား၏ ရည်ရွယ်ချက်သည် သူတို့ကို စုံလင်စေဖို့ပင်။ ဇာတိ၏အနှစ်သာရသည် စာတန်ဖြစ် သည်။ ဘုရားက ဤအရာကို ပြောဆိုသည့်အခါ ဧကန်စင်စစ် သူမှန်ပေ၏။ သို့တိုင် သူ၏နှုတ်ကပတ်တော်များ ဆိုခဲ့သည့်အတိုင်း ဘုရားဆောင်ရွက်သည့် လုပ်ရပ်များ မပြီးမြောက်သေးပေ။ သူ့ကို သင်ချစ်ကာ ဇာတိ၏ အနှစ်သာရကို သင်သိနိုင်ဖို့အလို့ငှာ သူသည် သင့်ကို ကျိန်ဆဲ သည်။ သင့်ကို နှိုးထစေရန် နှင့် သင်၏ မထိုက်တန်မှုကို သိစေဖို့ သင့်ကို သူသည်အပြစ်တင်ကာ ဆုံးမ ၏။ ထို့ကြောင့် ဘုရား၏ တရားစီရင်မှု၊ ဘုန်းအာနုဘော်နှင့် ကျိန်ခြင်း၊ သင်၌ ပြသည့် ဖြောင့်မတ်ခြင်း၊ သူပြုသမျှ အားလုံးသည် သင့်ကိုစုံလင်စေဖို့ဖြစ် သည်။ ဤသည်ကား သင့်၌ တွေ့ရသော ဘုရား၏မေတ္တာပင်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သည် နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။