၂၉ အနန္တတန်ခိုးရှင်ဘုရားသခင်သည် စာစောင်ကိုဖွင့်တော်မူ၏

အနန္တတန်ခိုးရှင် ဘုရား၊ တန်ခိုး ကြီးမားသော၊

အရာရာကိုအောင် နိုင်သော၊ လုံးဝစစ် မှန်သောဘုရား။

ဘုရားသခင် လက်တော်၌ ကြယ်ခုနှစ်လုံးကို ဆုပ်ကိုင်။

ဝိညာဉ် ခုနှစ်ပါးကို သူ သယ်ဆောင်တယ်၊

သူ၌ မျက်စိခုနှစ်လုံးရှိတယ်။

တံဆိပ်ခုနှစ်ချက်ခတ်သောစာစောင်ကို

ဖြည်၍ စာလိပ်ကိုဖွင့်တယ်။

သူသည် ဘေးဒဏ်ခုနစ်ပါးကိုအမိန့်ပေး

ကွပ်ကဲကာခွက်ခုနှစ်လုံးကိုစွဲကိုင်၊

မိုးကြိုးသံခုနှစ်ချက်ကိုမြည် ဟည်းစေပြီး

ရှေးအချိန်က တံပိုးခုနှစ်လုံးကိုမှုတ်ခဲ့တယ်။

သူဖန် ဆင်းထားတဲ့ သတ္တဝါ များစွာနှင့်

သူ ပြည့်စုံစေတဲ့ အားလုံးသောအရာများ

သူ့ကိုဂုဏ်အသရေတင်၍ ချီးမွမ်းပြီးတော့

သူ့ရဲ့ ပလ္လင်တော်ကို ချီးမြှောက်ကြတယ်

လူအပေါင်းတို့သည် နိုးကြားလျက်၊

ချုပ်တည်းခြင်းမရှိဘဲ ကြွေးကြော်၍ သီချင်းဆိုကာ

အနန္တတန်ခိုးရှင်၊ အကြွင်းမဲ့ စစ်မှန်သော၊

အသက်ရှင်သော၊ ကြွယ်ဝသော၊

ထာဝရကာလမှ ထာဝရကာလတိုင် ဘုန်းကြီး၍

စစ်မှန်သော ဘုရားသခင်အား

ချီးမွမ်းထောပနာပြုကြသင့်ပေသည်။


အနန္တတန်ခိုးရှင် ဘုရား၊

ကိုယ်တော်သည် အရာရာ ဖြစ်သည်

အရာအားလုံးကိုသူပြီးမြောက်စေခဲ့

ကိုယ်တော်၌ အရာအားလုံးဟာ ပြည့်စုံ။

အရာအားလုံးတောက်ပ၊ အရာအားလုံးလွတ်မြောက်၊

အရာအားလုံးခွန်အားပြည့်၊

အရာအားလုံးလွတ်မြောက်ခြင်းမှာရှိ။

ဖုံးကွယ်တဲ့ အရာမရှိ၊

လျှို့ဝှက်ချက်တွေ အားလုံးကိုယ်တော်သိမြင်။

အို အနန္တတန်ခိုးရှင် ဘုရား

ကိုယ်တော်ဟာရန်သူတို့ကိုစီရင်ခဲ့ပြီ။

ကိုယ်တော်ဟာအမျက်တော်၊ ဘုန်းအာနုဘော်ကိုဖော်ပြ။

ကိုယ်တော့်ဘုန်းတော်ကို ဖော်ပြခဲ့ပြီ၊

ဘာနှင့်မှ တုနှိုင်း၍မရပါ

ကိုယ်တော်ရဲ့ ဘုန်းအသရေ ထာဝရတည်မြဲလိမ့်မည်။

လူအပေါင်းတို့သည် နိုးကြားလျက်၊

ချုပ်တည်းခြင်းမရှိဘဲ ကြွေးကြော်၍ သီချင်းဆိုကာ

အနန္တတန်ခိုးရှင်၊ အကြွင်းမဲ့ စစ်မှန်သော၊

အသက်ရှင်သော၊ ကြွယ်ဝသော၊

ထာဝရကာလမှ ထာဝရကာလတိုင် ဘုန်းကြီး၍

စစ်မှန်သော ဘုရားသခင်အား

ချီးမွမ်းထောပနာပြုကြသင့်ပေသည်။

ဘုရားသခင်အား ချီးမွမ်းထောပနာပြုကြသင့်ပေသည်။


“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၃၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၂၈ ဘုရားသခင်၏သိုးတို့သည် သူ၏အသံကို ကြားကြ၏

နောက်တစ်ခုသို့- ၃၀ ဆန်းကြယ်မှုအားလုံးရှင်းလင်းသွားခဲ့ပြီ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၈၀၄ ဘုရားသခင်ကို သိကျွမ်းခြင်း အကျိုးရလဒ်

၁ဖန်ဆင်းရှင်ဟာ ပဟေဠိတစ်ပုဒ် မဟုတ်တော့တာ တစ်နေ့ သင်သိလာမယ် သိလာမယ်ဖန်ဆင်းရှင်ဟာ ဘယ်တော့မှ မပုန်းကွယ်၊မျက်နှာတော်လည်း ဘယ်တော့မှ သင့်ဆီက...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။