၄၇၇ သင့်အပြုအမူ၏ အခြေခံအဖြစ် ဘုရား၏ နှုတ်ကပတ်တော်များကို သဘောထားလော့ကျူး
၁ ငါမျှော်လင့်သည်မှာ သင်တို့အနေဖြင့် ငါ ခံစားပြီးဖြစ်သည့် နာကျင်မှုများကို အလဟဿဖြစ်ခွင့် ပေးနိုင်ကြမည် မဟုတ်သကဲ့သို့၊ ထို့ထက် ငါလုပ်ဆောင်ပြီးဖြစ်သည့် စဉ်းစဉ်းစားစား စောင့်ရှောက်မှုကို သင်တို့ နားလည်နိုင်ကာ၊ ငါ၏နှုတ်ကပတ်တော်များကို လူသားတစ်ဦးအနေနှင့် သင်တို့ ပြုမူပုံ၏ အခြေခံအုတ်မြစ်အဖြစ် သဘောထားနိုင်ကြလိမ့်မည်ဟုသာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များသည် သင်တို့ နားထောင်လိုသည့် စကားမျိုး ဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ ၎င်းတို့အား လက်ခံရခြင်း၌ သင်တို့ မွေ့လျော်သည်ဖြစ်စေ မမွေ့လျော်သည်ဖြစ်စေ၊ သို့မဟုတ် ကသိကအောက်ဖြစ်ခြင်းဖြင့်သာ ၎င်းတို့ကို သင်တို့ လက်ခံနိုင်သည်ဖြစ်စေ၊ ထိုနှုတ်ကပတ်တော်တို့ကို သင်တို့ အလေးအနက် သဘောထားရမည်။ သို့မဟုတ်ပါက သင်တို့၏ သာမန်ကာလျှံကာဖြစ်ပြီး အရေးမစိုက်သော စိတ်သဘောထားများနှင့် ပြောဆိုပြုမူပုံတို့သည် ငါ့ကို အပြင်းအထန် စိတ်မချမ်းမြေ့ဖြစ်စေမည်ဖြစ်ပြီး၊ ဧကန်အမှန် ငါ့ကို စက်ဆုပ်ရွံရှာစေလိမ့်မည်။
၂ သင်တို့အားလုံးသည် ငါ၏ နှုတ်ကပတ်တော်များကို အဖန်တလဲလဲ-အကြိမ်ထောင်ချီ- ဖတ်ရှုနိုင်ပြီး ၎င်းတို့ကို အလွတ်ကျက်မှတ်၍ပင် သိရှိလာနိုင်မည်ဟု ငါလွန်စွာ မျှော်လင့်သည်။ ဤနည်းဖြင့်သာ သင်တို့သည် သင်တို့နှင့်ဆိုင်သော ငါ၏မျှော်လင့်ချက်များကို ပျက်ကွက်နိုင်မည် မဟုတ်ချေ။ သို့ရာတွင် ယခုအခါ သင်တို့ တစ်ဦးတစ်ယောက်မျှ ဤသို့ အသက်ရှင်ခြင်း မရှိကြပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သင်တို့အားလုံးသည် ကိုယ်ကျင့်တရားပျက်သော ဘဝတစ်ခု၊ သင်တို့ အားရကျေနပ်သည်အထိ စားသောက်သည့် ဘဝတစ်ခုတွင် နစ်မြုပ်ကြပြီး၊ သင်တို့ထဲမှ မည်သူမျှ သင်တို့၏ စိတ်နှလုံးနှင့် စိတ်ဝိညာဉ်ကို ကြွယ်ဝချမ်းသာစေဖို့ ငါ၏နှုတ်ကပတ်တော်များကို အသုံးမပြုကြပေ။ ဤအကြောင်းကြောင့် လူသားမျိုးနွယ်၏ စစ်မှန်သော စရိုက်နှင့်ပတ်သက်၍ ကောက်ချက်တစ်ခု ချလိုက်ပြီဖြစ်သည်- လူသားသည် ငါ့ကို အချိန်မရွေး သစ္စာဖောက်နိုင်ပြီး မည်သူမျှ ငါ၏ နှုတ်ကပတ်တော်များကို အကြွင်းမဲ့ သစ္စာမရှိနိုင်ပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အလွန်ကြီးလေးသော ပြဿနာတစ်ခု- သစ္စာဖောက်ခြင်း (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်