ဘုရားသခင်၏နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်တစ်ခုကသာ လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းတစ်ခုကို ပေးသည်
၁ သမ္မာတရားကို လိုက်စားခြင်းဖြင့်သာ သင်၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုများကို ရရှိနိုင်သည်- ဤသည်မှာ သင် နားလည်ရမည့် အရာတစ်ခုဖြစ်ပြီး စေ့စေ့စပ်စပ် နားလည်ရမည့် အရာတစ်ခု ဖြစ်သည်။ သမ္မာတရားကို လုံလောက်သည့် နားလည်မှု သင်၌ မရှိလျှင်၊ သင် အလွယ်တကူ ချွတ်ချော်ပြီး ပျောက်ဆုံးလိမ့်မည်။ အသက်တာတွင် သင် ကြီးထွားလိုလျှင်၊ အရာအားလုံးတွင် သမ္မာတရား ရှာဖွေရမည်။ မည်သည့် ပြဿနာ ဖြစ်ပေါ်နိုင်ပါစေ၊ ယင်းကို သမ္မာတရားနှင့် ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် သင် ရင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် ယင်းကို အပြည့်အဝ မဖြူစင်သည့် နည်းလမ်းတစ်ခုဖြင့် သင် ရင်ဆိုင်လျှင်၊ သမ္မာတရားကို သင် ဆန့်ကျင်နေခြင်း ဖြစ်သည့်အတွက် ဖြစ်သည်။ သင် လုပ်ဆောင်သည့် အရာတိုင်း၏ တန်ဖိုးကို သင် အမြဲစဉ်းစားဆင်ခြင်ရမည်။ အဓိပ္ပါယ်ရှိသည့် အရာများကို သင် လုပ်ဆောင်နိုင်သော်လည်း၊ အဓိပ္ပါယ်မရှိသည့်အရာများကို သင် မလုပ်ဆောင်ရ။ သင် လုပ်လျှင်လည်းရ၍၊ မလုပ်လျှင်လည်းရသည့်အရာ အရာများနှင့် စပ်လျဉ်း၍၊ ၎င်းတို့ကို လက်လွှတ်နိုင်လျှင်၊ လက်လွှတ်လော့။ သို့တည်းမဟုတ် အချိန်အတန်ကြာ ဤအရာများကို သင်လုပ်ဆောင်ပြီးနောက်ပိုင်းတွင် ၎င်းတို့ကို လက်လွှတ်သင့်သည်ကို သင် တွေ့ရလျှင်၊ မြန်ဆန်သည့် ဆုံးဖြတ်ချက်ကိုချကာ ၎င်းတို့ကို အလျင်အမြန် လက်လွှတ်လော့။ ဤသည်မှာ တစ်ခုခု လုပ်ဆောင်နေသည့်အချိန်တွင်၊ သင် လိုက်လျှောက်သင်သည့် အခြေခံသဘောတရား ဖြစ်သည်။
၂ ဝင်ရောက်မှုကို ရှာဖွေစဉ်တွင်၊ ကိစ္စရပ်တိုင်းကို လေ့လာဆန်းစစ်ရမည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးဝ ကိုက်ညီသည့် နည်းလမ်းတစ်ခုဖြင့် မည်သို့ လုပ်ဆောင်ရမည်ကို သိဖို့ရန်အလို့ငှာ ကိစ္စရပ်အားလုံးကို ဘုရားသခင်၏ နှုတ်ကပတ်တော်၊ သမ္မာတရားတို့နှင့်အညီ လုံးလုံးလျားလျား ချင့်ချိန်စဉ်းစားရမည်။ ထိုအခါ သင်၏ ကိုယ်ပိုင်အလိုဆန္ဒ ထွက်ပေါ်လာသည့် အရာများကို စွန့်ပစ်နိုင်သည်။ အမှုအရာများကို ဘုရားသခင်၏ အလိုတော်နှင့်အညီ မည်သို့ လုပ်ဆောင်ရမည်ကို သင် သိလိမ့်မည်ဖြစ်ပြီး၊ ထို့နောက် ၎င်းတို့ကို သွား၍ လုပ်ဆောင်လိမ့်မည်၊ အရာရာတိုင်းက သူ့အလိုလို ဖြစ်ပျက်နေသကဲ့သို့ ခံစားရလိမ့်မည်ဖြစ်ပြီး အလွန့်အလွန် လွယ်ကူပုံရလိမ့်မည်။ သမ္မာတရားရှိသည့် လူတို့သည် အမှုအရာများကို ဤနည်းဖြင့် လုပ်ဆောင်ကြလေသည်။ ထို့နောက် သင်၏ စိတ်သဘောထားကို ပြောင်းလဲပြီးဖြစ်သည်ကို အခြားသူတို့အား သင် အမှန်တကယ် ပြသနိုင်ပြီး၊ ကောင်းသည့် လုပ်ရပ်အချို့ကို သင် သေချာပေါက် လုပ်ဆောင်ပြီးဖြစ်ကြောင်း၊ အခြေခံသဘောတရားနှင့်အညီ အမှုအရာများကို သင်လုပ်ဆောင်ကြောင်းနှင့် အရာအားလုံးကို သင် မှန်မှန်ကန်ကန် လုပ်ကြောင်းကို ၎င်းတို့ မြင်ကြလိမ့်မည်။ ဤသည်မှာ သမ္မာတရားကို နားလည်ပြီး လူသားပုံသဏ္ဌာန် အမှန်ရှိသည့် သူတစ်ဦးဖြစ်သည်။ ထိုအတိုင်းပင်၊ လူတို့တွင် ဘုရားသခင်၏ နှုတ်ကပတ်တော်က ရလဒ်များ ခံစားရပြီးဖြစ်သည်။
ခရစ်တော်၏ပြောဆိုချက် မှတ်တမ်းများ စာအုပ်ထဲရှိ “သင်သည် သမ္မာတရားအား ကြိုးစားလိုက်လျှောက်ခြင်းအားဖြင့်သာ သင်၏စိတ်နေသဘောထား၌ ပြောင်းလဲမှုများကို ရရှိနိုင်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။