ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်ဆဲပေ
၁
လူပုဂ္ဂိုလ်ဖြင့် လူသား ဆင်းရဲဒုက္ခကို တွေ့ကြုံကာ မထူးခြားသော လောက၏ ခါးသီးမှုနှင့် ချိုမြိန်မှုအားလုံးကို မြည်းစမ်းရင်း၊
လူသားမျိုးနွယ်ကြား လူ့ဇာတိခံ ဘုရားသခင် ကြွလာကာ နှိမ့်ချသည့် ကွယ်ဝှက်မှုဖြင့် အချိန်ကြာမြင့်စွာအမှုပြုလေပြီ။
မရေတွက်နိုင်သည့် နွေဦးများ၊ နွေကာလများ၊ ဆောင်းဦးရာသီများနှင့် ဆောင်းရာသီတို့ကို ဖြတ်သန်းရင်း၊ အသင်းတော်များကြား ကိုယ်တော် လျှောက်လှမ်းပေ။
ကျွန်ုပ်တို့ကို သန့်စင်ကာ စာတန်ထံမှ ကယ်တင်ဖို့ သမ္မာတရားကို သူ ဖော်ပြလေပြီ။
ယခု ခရစ်တော်နှင့် မျက်နှာချင်းဆိုင်လာရမှသာ ဘုရားသခင် သမ္မာတရား ဖြစ်သည်ကို ကျွန်ုပ်တို့ တွေ့မြင်ပေ။
ကျွန်ုပ်တို့၏ စိတ်နှလုံးများ ဘုရားသခင်အားဖြင့် နိုးထကာ၊ ကျွန်ုပ်တို့ မည်မျှ နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးသည်ကို တွေ့မြင်ရပေ။
ကယ်တင်ခံရဖို့ ကျွန်ုပ်တို့ ဤအခွင့်အရေးရသည်မှာ ဘုရားသခင်၏ သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကြောင့်ပေ။
ဘုရားသခင့် ကယ်တင်ခြင်း ကြီးမြတ်မှုကို ကျွန်ုပ်တို့ တွေ့ကြုံသည်။ ကျွန်ုပ်တို့၏ ချစ်ခြင်းနှင့် ချီးမွမ်းခြင်းတို့ဖြင့် ဘုရားသခင် အမှန်တကယ် ထိုက်တန်လှပေ။
၂
လူသားမျိုးနွယ်ထံ ကယ်တင်ခြင်း ဆောင်ကျဉ်းရန်၊ သွေး၊ ချွေးနှင့် မျက်ရည်တို့ ကျကာ ဆင်းရဲဒုက္ခမျိုးစုံ ကြုံရပေပြီ။
အတိတ်မြင်ကွင်းတို့ မေ့ပျောက်ဖို့ ခက်ခဲကာ၊ လူသားမျိုးနွယ်ကို ဘုရားသခင်၏ ချစ်ခြင်းက တိုင်းဆမရနိုင်ပေ။
အားနည်းသည့်အခါ၊ ကျွန်ုပ်ကို ဘုရားသခင် ထောက်ကန်ပေး။ ကျွန်ုပ်၏ နှလုံးသား ဆို့နင့်သည့်အခါ၊ ဘုရားနှုတ်ကပတ်တော်များက ကျွန်ုပ်ကို ဖြေသိမ့်မှုပေးသည်။
ကျွန်ုပ် မာနထောင်လွှားသည့်အခါ၊ ယနေ့ထိ ခြေတစ်လှမ်းချင်း ဦးဆောင်ရင်း ဘုရားသခင် ကျွန်ုပ်ကို ရိုက်နှက်ဆုံးမကာ ပဲ့ပြင်ပေ။
ကြိမ်ဖန်များစွာ ဘုန်းအာနုဘော်တော်ဖြစ်သော တရားစီရင်ခြင်းကို ကိုယ်တော် ယူဆောင်ခဲ့ကာ၊ ကိုယ်တော် ကျွန်ုပ်ကို ကြိမ်ဖန်များစွာ ပြုပြင်ကာ ကိုင်တွယ်ဖြေရှင်းခဲ့။
စစ်မှန်သော လူသားတစ်ဦး အသက်ရှင်သင့်သည့်အတိုင်း ကျွန်ုပ်တို့ အသက်ရှင်နိုင်ဖို့အလို့ငှာ ကျွန်ုပ်တို့ ဖောက်ပြန်ပျက်စီးခြင်းကို သန့်စင်ပေးရင်းလေ။
စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများစွာ ကျွန်ုပ်တို့ ကြုံရသော်လည်း၊ ကျွန်ုပ်တို့ကို အဖော်ပြုကာ ဦးဆောင်ရင်း၊ ဘုရားသခင် ကျွန်ုပ်တို့နှင့် ရှိပြီလေ။
ဘုရားသခင်နှင့်အတူ၊ စာတန်ကို ကျွန်ုပ်တို့ အောင်နိုင်ပြီ။ သူ၏ ကြီးမြတ်သော ကယ်တင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်မိ။
ယနေ့ ကျွန်ုပ်တို့ကို ဘုရားသခင် ချစ်ဆဲပင်။ ကိုယ်တော်၏ မျှော်လင့်ချက်များကို ကျွန်ုပ် အဘယ်ကြောင့် စိတ်ပျက်စေနိုင်မည်နည်း။
ကိုယ်တော်၏ တိုက်တွန်းအားပေးမှုများကို ကျွန်ုပ် စိတ်တွင် မှတ်ထားကာ ကိုယ်တော်၏ စိတ်နှလုံးကို ဖြေသိမ့်ဖို့ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရန် အကောင်းဆုံး ကျွန်ုပ် လုပ်ဆောင်မည်။
စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခကို လိုလိုလားလား သည်းခံရင်းနှင့် ဘုရားသခင်အတွက် ခိုင်မာကာ ထူးကဲသည့် သက်သေခံရင်းလေ။
ဘုရားသခင်ကို ချစ်ခြင်း လမ်းကြောင်းက တွင်းများ၊ ထောင်ချောက်များဖြင့် ပြည့်သော်လည်း၊ အပျက်သဘောဆောင်ခြင်းထဲ ကျွန်ုပ် လဲကျနိုင်သော်လည်း၊ ကျွန်ုပ် ပြန်ထရပ်ပေ။
မည်မျှကြီးမားသည့် အဟန့်အတား ကျွန်ုပ် ကြုံရနိုင်ပါစေ၊ ညည်းညူခြင်းနှင့် နောင်တရခြင်းများ မရှိဘဲ ဘုရားသခင်ကို ကျွန်ုပ် အမြဲချစ်မည်။