သန့်ရှင်းသောဝိညာဉ်တော်သည် စုံလင်အောင်ပြုခံရရန် တောင့်တသူများအပေါ် သာ၍အမှုပြု၏ကျူး
၁ ဤအရာသည် အလုပ်၏ နောက်တဆင့်ဖြစ်သည့် စကြဝဠာတစ်ခွင်လုံးတွင် ပြုလုပ်သည့် သာ၍ကြီးမားသည့်အလုပ်ဖြစ်သည်။ ထို့ကြောင့် သင်သည် အသက်တာ၏ စိတ်ဘောထားပြောင်းလဲမှု နောက်သို့ လိုက်ရမည်ဖြစ်သည်။ ယင်းအားဖြင့် သင်သည် နောက်နောင်တွင် ဘုရားသခင်၏အလုပ်အားဖြင့် ဘုန်းတော်ထင်ရှားသော ဘုရားသခင်၏သက်သေစစ်မှန်စွာဖြစ်လာရန်နှင့် အနာဂတ်အလုပ်များအတွက် နမူနာဖြစ်လာရန်ဖြစ်သည်။ ယနေ့ လိုက်နေခြင်းသည် အနာဂတ်အလုပ်အတွက် အခြေခံအုတ်မြစ်များ ချနေခြင်းဖြစ်သည်။ သူ၏သက်သေဖြစ်လာရန်အတွက် သင့်ကို ဘုရားသခင် အသုံးပြုရန်ဖြစ်သည်။ ဤအရာသည် သင်လိုက်နေသောအရာ ဖြစ်ပါက သန့်ရှင်းသောဝိညာဉ်တော် ရှိနေခြင်းကို သင်ရရှိမည် ဖြစ်သည်။ သင်လိုက် နေသောအရာ မြင့်မားလေလေ၊ သင်သည် စုံလင်ခြင်းခံရရန် သာ၍ဖြစ်နိုင်လေလေ ဖြစ်သည်။ သင်သည် သမ္မာတရားနောက် လိုက်လျှောက်လေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သာ၍အလုပ်လုပ်လေလေ ဖြစ်မည်။ လိုက်လျှောက်မှုအတွက် သင်၏အားအင်ပိုမိုကြီးမားလေလေ၊ သာ၍ ရရှိလေလေ ဖြစ်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် လူ၏အတွင်းအနေအထားပေါ် မူတည်၍ စုံလင်စေသည်။ သင်၏စိတ်နှလုံးသည် ဦးတည်ချက် တစ်ခုတည်းကို လိုက်လျှောက်ရန်သာ အာရုံစူးစိုက်မှုရှိပါက ဘုရားသခင်သည် သင့်အား ဧကန်မုချစုံလင်စေမည်ဖြစ်သည်။ ဤသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်ဦးဆောင်သည့် လမ်းကြောင်းသည် လူတို့၏ရှာဖွေခြင်းအားဖြင့် ရရှိသည်။
၂ ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရကာ ဘုရားသခင်ရယူသောအရာ ဖြစ်ရန် တောင့်တလေလေ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အထဲ၌ အလုပ်လုပ်လေလေ ဖြစ်သည်။ သင်သည် ရှာဖွေမှုမရှိ၊ အဖျက်သဘောဆောင်ကာ နောက်ကြောင်းပြန် လှည့်လေလေ၊ သန့်ရှင်းသောဝိညာဉ်သည် အလုပ်လုပ်ရန် အခွင့်အလမ်း နည်းပါးလေလေဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အား တဖြည်းဖြည်းနှင့်စွန့်ခွာသွားလိမ့်မည်။ သင်သည် ဘုရားသခင်အားဖြင့် စုံလင်ခြင်းကိုခံရလိုသလော။ သင်သည် ဘုရားသခင်၏ရယူခြင်းကို ခံရလိုသလော။ သင်သည် ဘုရားသခင်၏အသုံးပြုခြင်းကို ခံရလိုသလော။ သင်တို့သည် မိမိတို့ ပြုလုပ်သည့် အရာအားလုံးတွင် ဘုရားသခင်အားဖြင့် စုံလင်ခြင်းခံရရန်၊ ဘုရားသခင်၏ရယူခြင်းခံရရန်နှင့် ဘုရားသခင်၏အသုံးပြုခြင်းကိုခံရန်အတွက် လုပ်ဆောင်သင့်သည်။ သင်တို့၏အထဲတွင် ဘုရားသခင်၏ ပြုလုပ်ချက်များကို စကြဝဠာတစ်ခုလုံးအား တွေ့မြင်ခွင့်ပေးသင့်သည်။ အရာအားလုံးထဲတွင် သင်တို့သည် ၎င်းတို့၏အရှင်သခင်ဖြစ်သည်။ ရှိနေသောအရာအားလုံးထဲတွင် ဘုရားသခင်အား သင်တို့သည် သင်တို့ကြောင့် သက်သေခံချက်နှင့် ဘုန်းတော်ထင်ရှားခြင်းများကို ခံစားခွင့်ပေးမည်။ သင်တို့သည် ကောင်းချီးမင်္ဂလာအခံစားရဆုံး မျိုးဆက်ဖြစ်ကြောင်းကို ဤအရာမှ ပြသနေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စိတ်သဘောထားပြောင်းလဲသွားသောသူများသည် ဘုရားသခင့် နှုတ်ကပတ်တော်များ၏ စစ်မှန်မှုထဲသို့ ဝင်ရောက်ခဲ့ပြီးသောသူများဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။