နိုင်ငံတော်တစ်ဝှမ်းလုံး ဝမ်းမြောက်ကြကျူး
၁ တစ်နေ့ စကြဝဠာတစ်ဝှမ်းလုံး ဘုရားသခင်ထံ ပြန်လာသောအခါ အာကာသ အနှံ့အပြားမှ ဘုရားသခင်အမှု၏ ဗဟိုချက်သည် ဘုရားသခင်၏ မိန့်မြွက်ချက် နောက်ကို လိုက်လာမည်၊ အခြားတစ်နေရာရာတွင်တော့ ဘုရားသခင်၏ ဖွင့်ဆိုချက်များကို ရရှိဖို့ အချို့လူများက ဖုန်းခေါ်ကြမည်၊ အချို့ လူများက လေယာဉ်ပျံ စီးနင်းကြမည်၊ အချို့က လှေကိုစီးပြီး ပင်လယ်ကို ဖြတ်ကူးကြမည်၊ အချို့သည် လေဆာကို အသုံးပြုကြမည်။ လူတိုင်းသည် ချစ်ခင်ကြင်နာ ကြလိမ့်မည်၊ တမ်းတခြင်းနှင့် ပြည့်ကြလိမ့်မည်၊ လူတိုင်းသည် ဘုရားသခင် အနားကို ချဉ်းကပ်လာကြမည်။ ပြီးလျှင် ဘုရားသခင်ထံ စုရုံးလာကြမည်။ ပြီးလျှင် အားလုံးသည် ဘုရားသခင်ကို ၀တ်ပြုကြမည်။ ထိုအရာများ အားလုံးသည် ဘုရားသခင်၏ လုပ်ဆောင်ချက်များ ဖြစ်မည်။ ဤအရာကို သတိရပါ။ ဘုရားသခင်သည် အခြား တစ်နေရာရာ၌ နောက်တစ်ကြိမ် မည်သည့်အခါမျှ စတင်တော့မည် မဟုတ်ပေ။ ဘုရားသခင်သည် ဤအချက်အား ပြည့်စုံစေမည် ဖြစ်သည်၊ စကြဝဠာ တစ်လျှောက်လုံး၌ ရှိသော လူများကို သူ့ရှေ့မှောက်သို့ ပြန်လာစေမည်။ ပြီးလျှင် ကမ္ဘာကြီးပေါ်၌ ဘုရားသခင်ကို ကိုးကွယ်စေမည်။ အခြားနေရာများ၌ ရှိသော သူ၏ အမှုသည် ရပ်တန့်သွားမည်ဖြစ်ပြီး လူများသည် မှန်ကန်သော လမ်းခရီးကို ရှာဖွေရန် တွန်းအားပေးခြင်း ခံရမည်။
၂ ဘာသာရေး အသိုင်းအဝိုင်းကြီး တစ်ခုလုံးသည် ပြင်းထန်သော ငတ်မွတ် ခေါင်းပါးခြင်းဒဏ်ကို ခံနေရပြီး ယနေ့ကာလ၏ ဘုရားသခင် တစ်ပါးတည်းသာလျှင် အသက်စမ်းရေတွင်း ဖြစ်ကာ လူများကို ဝမ်းမြောက်ခြင်းများ ထောက်ပံ့ပေးနေပြီး ရေမပြတ်သော စမ်းရေတွင်းကိုလည်း ပိုင်ဆိုင်ထားသည်။ လူများသည် သူ့ထံလာပြီး သူ့ကို မှီခိုကြလိမ့်မည်။ နိုင်ငံတော်တစ်ဝှမ်းလုံး ၀မ်းမြောက်သည့် အချိန်သည် ဘုရားသခင် ဘုန်းတော်၏နေ့ရက် ဖြစ်သည်။ သင်တို့ထံလာပြီး ဘုရားသခင်၏ သတင်းကောင်းများကို ခံယူသောသူတိုင်းသည် ဘုရားသခင်၏ ကောင်းချီးပေးခြင်းကို ခံရမည်။ ဤတိုင်းနိုင်ငံများနှင့် ဤလူများသည် ဘုရားသခင်၏ ကောင်းချီးနှင့် ဂရုစိုက်ခြင်းကို ခံရလိမ့်မည်။ အနာဂတ်၏ ဦးတည်ချက်များက ဤအရာများ ဖြစ်လိမ့်မည်။ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ရရှိသူများသည် လောက၌ လျှောက်လမ်းဖို့ လမ်းကို ရရှိလိမ့်မည်။ စီးပွားရေးသမားများဖြစ်စေ၊ သို့မဟုတ် သိပ္ပံပညာရှင်များဖြစ်စေ၊ သို့မဟုတ် ပညာသင်ကြားပေးသူများဖြစ်စေ၊ သို့မဟုတ် စက်ရုံအလုပ်ရုံ ပိုင်ရှင်များဖြစ်စေ ဘုရားသခင်၏ နှုတ်ကပတ်တော်များ မရှိသောသူသည် ခြေလှမ်းတစ်လှမ်း လှမ်းဖို့ပင် အခက်အခဲများ ဖြစ်မည်ဖြစ်ပြီး မှန်ကန်သော လမ်းခရီးကို ရှာဖွေဖို့ တွန်းအားပေးခြင်းခံရမည်။ ""သမ္မာတရားနှင့်အတူဆိုပါက လောကတစ်ခွင်လုံးကို လျှောက်လှမ်းနိုင်မည်ဖြစ်ပြီး သမ္မာတရား မပါဘူးဆိုလျှင် မည်သည့်နေရာကိုမျှ ရောက်မည်မဟုတ် ဟူသည့်အရာမှာ ထိုအရာကို ဆိုလိုခြင်း ဖြစ်သည်။"" အမှန်တရားများမှာ ဤသို့ဖြစ်သည်။
၃ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မရေမတွက်နိုင်သော အိမ်တိုင်းအိမ်တိုင်းစီ ပျံ့နှံ့သွားလိမ့်မည်။ လူတိုင်းက သိလာမည်၊ ထို့နောက်မှ သူ့အမှုသည် စကြဝဠာတစ်ခွင်လုံးကို ပျံ့နှံ့သွားပါလိမ့်မည်။ ပြောရမည်ဆိုလျှင် အကယ်၍ ဘုရားသခင်၏ အမှုသည် စကြဝဠာတစ်ခွင်လုံးကို ပျံ့နှံ့စေဖို့ရန်ဆိုလျှင် သူ၏ နှုတ်ကပတ်တော်များ သည်လည်း ပျံ့နှံ့ရမည် ဖြစ်သည်။ ဘုရားသခင်၏ ဘုန်းတော်နေ့ရက် ရောက်လာသောအခါတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် တန်ခိုးနှင့် အာဏာများကို ပြသလာပါမည်။ ရှေးအတီတေမှစပြီး ယနေ့တိုင်မြွက်ကြားခဲ့သော ဘုရားသခင်၏ နှုတ်ကပတ်တော် အခွန်းတိုင်းသည် ပြည့်စုံပြီး အမှန်တကယ် ဖြစ်လာပါမည်။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဘုန်းတော်သည် ကမ္ဘာပေါ်တွင် ထင်ရှားမည်ဖြစ်ပြီး ပြောရမည်ဆိုလျှင် သူ၏ နှုတ်ကပတ်တော်များသည် ကမ္ဘာကြီးကို အုပ်စိုးလိမ့်မည် ဖြစ်သည်။ ဆိုးသွမ်းသောသူ အားလုံးသည် ဘုရားသခင်၏ နှုတ်ထဲက နှုတ်ကပတ်တော်များ၏ ပြစ်တင်ဆုံးမခြင်းကိုခံရမည်၊ ဖြောင့်မတ်သောသူများ အားလုံးသည်လည်း ဘုရားသခင်၏နှုတ်ထဲက နှုတ်ကပတ်တော်များအားဖြင့် ကောင်းချီးပေးခံရမည် ဖြစ်သကဲ့သို့ အရာအားလုံးသည် ဘုရားသခင်၏ နှုတ်ထဲက နှုတ်ကပတ်တော်များအားဖြင့် တည်ထောင်ခြင်းကို ခံရပြီး၊ ပြီးမြောက်အောင် ပြုခြင်းခံရမည်။ နိမိတ်လက္ခဏာနှင့် အံ့ဖွယ်အမှုများကို ပြသမည်မဟုတ်ဘဲ အရာအားလုံးသည် သူ၏နှုတ်ကပတ်တော်များအားဖြင့် ပြီးပြည့်စုံမည်ဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် ဤအချက်အလက်များကို ဖန်တီးပေးမည်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နှစ်တစ်ထောင်နိုင်ငံတော် ရောက်ရှိလာခဲ့ပြီ” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။