ဘုရား၏အမှုသည် အစဉ်သစ်ပြီး လုံးဝမဟောင်းပါကျူး
၁ ထိုအချိန်တွင် ယေရှုက ယေဟောဝါ၏အမှုမှာ ကျေးဇူးတော်ခေတ်ထဲ၌ နောက်ကျကျန်ခဲ့သည်ဟု ပြောခဲ့သည်၊ ယနေ့အချိန်တွင် ယေရှု၏အမှုသည် နောက်ကျကျန်ခဲ့သည်ဟု ငါပြောသကဲ့သို့ပင်ဖြစ်၏။ အကယ်၍ ပညတ်တော်ခေတ်သာရှိခဲ့ပြီး ကျေးဇူးတော်ခေတ်မရှိခဲ့ပါလျှင် ယေရှုသည် လက်ဝါးကပ်တိုင်ပေါ်၌ ကွပ်မျက်ခံရနိုင်မည်မဟုတ်ဘဲ၊ လူသားမျိုးနွယ်အားလုံးကိုလည်း ရွေးနုတ်ပေးနိုင်လိမ့်မည် မဟုတ်ပေ၊ အကယ်၍ ပညတ်တော်ခေတ်တစ်ခုတည်းသာ ရှိခဲ့ပါလျှင် လူသားမျိုးနွယ်သည် ယနေ့တိုင်အောင် တိုးတက်ဖွံ့ဖြိုးမှု ရှိနိုင်ပါမည်လော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လျက်ရှိသည်၊ သမိုင်းသည်ပင် ဘုရားသခင့်အမှု၏ သဘာဝနိယာမတရားပင် မဟုတ်ပေလော။ ဤသည်က စကြဝဠာတစ်ခုလုံးအတွင်းရှိ လူသားတို့အတွက် သူ့စီမံချက်၏ ပုံဖော်ချက်ပင် မဟုတ်ပေလော။ သမိုင်းကြောင်းက ရှေ့သို့ တိုးတက်လာခဲ့သည်၊ ထိုကဲ့သို့ပင် ဘုရားသခင်၏အမှုနှင့် ဘုရားသခင်၏အလိုတော်သည်လည်း စဉ်ဆက်မပြတ်ပင် ပြောင်းလဲလျက်ရှိသည်။ ဘုရားသခင်အတွက် အမှု၏အဆင့်တစ်ခုကို နှစ်ပေါင်းခြောက်ထောင်ခန့်ကြာမြင့်စွာ ထိန်းသိမ်းရန်မှာ လက်တွေ့ကျနိုင်မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်မှာ ထာဝစဉ်အသစ်ဖြစ်နေပြီး မည်သည့်အခါမျှ ဟောင်းနွမ်းသွားခြင်း မရှိသည်ကို လူသားအားလုံး သိရှိသောကြောင့်ပင် ဖြစ်သည်။ လက်ဝါးကပ်တိုင်တွင် အသက်စွန့်ခြင်းကဲ့သို့ အလားတူအမှုမျိုးအတွက် လက်ဝါးကပ်တိုင်ပေါ်တွင် တစ်ကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်ထက်ပို၍ သံမှိုစွဲနှက်ခံရရန် အမှန်တကယ် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။ ယင်းက ယုတ္တိမတန်သော လူသားတစ်ဦး၏ အတွေးအမြင်သာ ဖြစ်ပေသည်။
၂ ဘုရားသခင်သည် တူညီသောအမှုကို တည်တံ့စေမည်မဟုတ်၊ ငါနေ့စဉ် သင်တို့အား ပြောသော နှုတ်ကပတ်တော်အသစ်များနှင့် အလုပ်အသစ်များကဲ့သို့ပင် သူ၏အမှုမှာ အစဉ်သဖြင့် ပြောင်းလဲနေပြီး ထာဝစဉ်သစ်လွင်နေ၏။ ယင်းက ငါလုပ်ဆောင်သော အမှုတာဝန်ဖြစ်သည်၊ ထိုအရာများ၏ သော့ချက်မှာ “အသစ်” နှင့် “အံသြဖွယ်ရာ” တို့၌ တည်ရှိသည်။ “ထာဝရဘုရားသည် ပြောင်းလဲခြင်းကင်းမဲ့ပြီး ဘုရားသခင်သည် ဘုရားသခင်သာ အစဉ်သဖြင့် ဖြစ်နေလိမ့်မည်”၊ ဤစကားပုံသည် အလွန်ပင် မှန်ကန်ပေသည်။ ဘုရားသခင်၏ အနှစ်သာရသည် ပြောင်းလဲခြင်းမရှိ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်သည်၊ ဘုရားသခင်သည် မည်သည့်အခါမျှ စာတန်မဖြစ်လာနိုင်ပါ၊ သို့ရာတွင် ယင်းတို့က ဘုရားသခင်၏အမှုမှာ သူ၏အနှစ်သာရကဲ့သို့ တည်မြဲလျက် ပြောင်းလဲခြင်းမရှိဟု သက်သေပြခြင်း မဟုတ်ပေ။ ဘုရားသခင်က ထိုအရာများဖြစ်သည်ဟု သင်ကြေငြာခဲ့သည်၊ သို့ရာတွင် ဘုရားသခင်က ထာဝရသစ်လွင်နေပြီး မည်သည့်အခါမျှ ဟောင်းနွမ်းခြင်း မရှိသည်ကို သင်မည်သို့ရှင်းပြနိုင်မည်နည်း။ ဘုရားသခင်၏အမှုမှာ အစဉ်မပြတ် ပျံ့နှံ့နေပြီး အမြဲတမ်း ပြောင်းလဲနေသဖြင့် ဘုရားသခင်၏အလိုတော်ကို လူသားတို့အား သိရှိအောင် စဉ်ဆက်မပြတ် သိသာထင်ရှားစေ၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “မိမိ၏ အယူအဆများထဲတွင် ဘုရားသခင်ကို ဘောင်ခတ်ထားသော လူသားမှာ ဘုရားသခင်၏ ဗျာဒိတ်တော်များကို အဘယ်သို့ လက်ခံရရှိနိုင်မည်နည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။