ဘုရားကို ယုံကြည်ခြင်းမှာ သူ့ကို သိကျွမ်းရန် ကြိုးစားခြင်းတည်းကျူး
၁ တစ်နည်းအားဖြင့် ပြောရလျှင် သင်သည် မည်သည့်အရာကို ရှာဖွေနေပါစေ ထိုအရာများသည် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံစေရန်ဖြစ်သည်။ ထိုအရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ထိတွေ့ခံစားနိုင်ရန်အလို့ငှာ ဖြစ်သည်။ ဘုရားသခင်ကို နှစ်လိုစေရန်ဖြစ်သည်။ ဘုရားသခင်၏ နှစ်သက်ဖွယ်ရာ အရာများကို ရှာဖွေတွေ့ရှိရန်ဖြစ်သည်။ ပုန်ကန်ထကြွတတ်သည့် မိမိတို့၏ စိတ်သဘောထားများကို ခဝါချနိုင်ကာ လိုက်လျှောက် အသက်ရှင်ရမည့်လမ်းကို ရှာဖွေနိုင်ရန်ဖြစ်သည်။ မိမိတို့အတွင်းမှ ပုံမှန်အခြေအနေကို လက်ခံရရှိနိုင်ရန်ဖြစ်သည်။ ဘုရားသခင်၏ အလိုတော်နှင့် လုံးလုံး လျားလျား ကိုက်ညီနိုင်ရန်ဖြစ်သည်။ မှန်ကန်သည့်သူ ဖြစ်လာရန်ဖြစ်သည်။ လုပ်ဆောင်သည့် အရာတိုင်းသည် မှန်ကန်သည့် အကြောင်းအရာအပေါ် အခြေခံကာလုပ်ဆောင်ရန်ဖြစ်သည်။ ဤအရာများအားလုံးကို ကြုံတွေ့ နေရခြင်းသည် ဘုရားသခင်ကို သိရှိလာရန်နှင့် အသက်တာတွင် တိုးပွားမှုရှိနေရန်ဖြစ်သည်။
၂ သင်ကြုံတွေ့ နေရသော အရာများသည် ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်နေသော်လည်း၊ သင်တွေ့ကြုံနေရသော အရာများသည် စစ်မှန်သည့် အဖြစ်အပျက်များ၊ လူများ၊ အကြောင်းအရာများနှင့် သင်၏ဘေးတွင် ဖြစ်ပျက် နေသော အရာများ ဖြစ်နေပါသော်လည်း၊ အဆုံးတွင်မူ ထိုအရာများသည် ဘုရားသခင်ကို သိရန်နှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံမှုရရှိစေရန် ဖြစ်သည်။
ဘုရားကိုသိခြင်းနှင့် ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရရှိခြင်းသည် ခရီးဆုံး ပန်းတိုင်ဖြစ်သည်။ ဘုရားသခင်အားဖြင့် ပြီးပြည့်စုံခြင်းကို ရှာဖွေခြင်းဖြစ်စေ၊ ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်စေ၊ ခြုံငုံကြည့်လျှင် ဤအရာများသည် အဆုံးတွင်မူ ဘုရားသခင်ကို သိရှိရန်အတွက်ပင် ဖြစ်သည်။ ဘုရားသခင် သင့်အထဲတွင် လုပ်ဆောင်နေသည့် အရာများသည် အချည်းနှီးမဟုတ်၊ အဆုံးတွင် ဘုရားသခင်၏ လက်တွေ့သဘောကို သိရှိလာကာ၊ ဘုရားသခင်၏ ကောင်းမြတ်ကြောင်းကို သိရှိလာရန် ဖြစ်သည်။ ထို့အပြင် ဘုရားသခင်၏ နှိမ့်ချမှုနှင့် သိုဝှက်မှု၊ သင့်အထဲတွင် ဘုရားသခင် လုပ်ဆောင်နေသည့် အရာများကိုလည်း သိရှိလာရန်ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လိုက်လျှောက်အသက်ရှင်မှုကို အာရုံစူးစိုက်မှုရှိသူများသာ ပြီးပြည့်စုံမှုရရှိနိုင်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။