၁၉၁ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ကျွန်ုပ် စိတ်နှလုံးကို နိုးထစေသည်
၁ ကျွန်ုပ် ဘုရားသခင်ကို နှစ်များစွာ ယုံကြည်ခဲ့ပြီး၊ အစည်းအဝေးများကို မကြာခဏတက်ရောက်ကာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုသော်လည်း၊ မိမိကိုယ်ကိုယ် ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ နှင့် ဆန်းစစ်ဖို့ ဘုရားနှုတ်ကပတ်တော်၏ တရားစီရင်ခြင်းကို ကျွန်ုပ် ဘယ်သောအခါမျှ လက်မခံခဲ့ပေ။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးခြင်းကို အသိအမှတ်ပြုရုံသာ ပြုခဲ့ပြီး ကျွန်ုပ်၏ ကိုယ်ပိုင် သဘာဝ သို့မဟုတ် အနှစ်သာကို မသိခဲ့ပေ။ အယူဝါဒ အနည်းငယ် နားလည်ရင်းဖြင့်၊ ကျွန်ုပ် ဝါကြွားခဲ့ပြီး၊ ယင်းသည် စစ်မှန်မှုဖြစ်သည်ဟု တွေးထင်ခဲ့။ တစ်ကြိမ်တစ်ခါမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို တွေ့ကြုံခြင်း သို့မဟုတ် လက်တွေ့လုပ်ဆောင်ခြင်းမရှိဘဲ၊ ကျွန်ုပ်သည် အလုပ်လုပ်ကာ တရားဟောခဲ့သည်။ ပေါလုကဲ့သို့ပင်၊ ဂုဏ်သတင်းနှင့် အဆင့်အတန်းတို့အား မည်သို့ ရှာဖွေရမည်ဆိုသည်ကိုသာ ကျွန်ုပ် သိခဲ့။ အထင်ကြီးလေးစားခံရပြီး ကိုးကွယ်ခံရသည်ကို ကျွန်ုပ် ပျော်မွေ့ခဲ့ပြီး၊ စိတ်ထဲတွင် ကျွန်ုပ် အကြောက်တရားကင်းမဲ့ခဲ့သည်။ မိမိလုပ်ဆောင်လိုသည့်အရာကိုသာ မရမကလုပ်ဆောင်ခဲ့သော်လည်း၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ဘဝင်ခိုက်နေသူဖြစ်ခဲ့ကာ အသိစိတ်မဝင်နိုင်ခဲ့ပေ။
၂ ကျရှုံးမှုများနှင့် အဟန့်အတားများကို တွေ့ကြုံခြင်းအားဖြင့်သာ ကျွန်ုပ်၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးခြင်း၏ အမှန်တရားကို ကျွန်ုပ် ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို ရင်ဆိုင်ရင်း၊ ကျွန်ုပ် ငြင်းခုံရုံငြင်းခုံကာ မိမိကိုယ်ကိုယ် ကာကွယ်ခဲ့သည်။ သမ္မာတရားက လူတို့ အသက်တာများအတွက် အကျိုးရှိသည်ကို ကျွန်ုပ် ကောင်းကောင်း သိခဲ့သော်လည်း၊ ယင်းကို ကျွန်ုပ် လက်မခံ၊ မနာခံနိုင်ခဲ့ပေ။ သမ္မာတရား၏ အခြေခံသဘောတရားတစ်ခုတစ်လေမျှ မရှိဘဲ ကျွန်ုပ်၏ တာဝန်များကို ကျွန်ုပ် ဆောင်ရွက်ခဲ့ပြီး ကျွန်ုပ်၏ စိတ်န္ဒများအပေါ်သာ အဓိက ပြုမူခဲ့သည်။ အဟန့်အတား အနည်းငယ်ကို ကျွန်ုပ် ကြုံရသည့်အခါတိုင်းတွင်၊ ကျွန်ုပ် အပျက်သဘောဆောင်ပြီး အားနည်းလာကာ မိမိကိုယ်ကိုယ် ဘောင်ခတ်လေသည်။ ကျွန်ုပ် မည်မျှ နုံချာကာ သနားဖွယ်ဖြစ်ခဲ့သည်ကို ယခု ကျွန်ုပ် မြင်ရသည်။ ကျွန်ုပ်သည် သမ္မာတရား စစ်မှန်မှုကို မပိုင်ဆိုင်ခဲ့ပေ။ မိမိကိုယ်ကိုယ် သိကျွမ်းခြင်းမရှိသော်လည်း၊ ကျွန်ုပ်သည် မိမိကိုယ်ကိုယ် ကြွားဝါခဲ့သည်မှာ အလွန် ရှက်ဖွယ်ကောင်းခဲ့သည်။ အမှန်တရားများနှင့် ရင်ဆိုင်ရလျက်၊ ကျွန်ုပ် အရှက်ကွဲခဲ့ပြီး၊ ကျွန်ုပ်၏ မာနကြီးသော ဦးခေါင်းကို နှိမ့်ချခဲ့ရသည်။
၃ ဘုရားသခင်၏ တရားစီရင်ခြင်း၊ စမ်းသပ်မှုများနှင့် ဖော်ထုတ်မှုတို့ကို တွေ့ကြုံသည့်နောက်၊ ယခု ကျွန်ုပ် မိမိကိုယ်ကိုယ် သိရှိသည်။ ကျွန်ုပ်၏ စိတ်သဘောထားသည် အလွန် မာနထောင်လွှားကာ စိတ်ကြီးဝင်ပြီး၊ ဘုရားသခင်ကို ကျွန်ုပ် လုံးဝ မကြောက်ရွံ့ပါ သို့မဟုတ် ကျိုးနွံနာခံခြင်း မရှိပါ။ ထိုအစား၊ ကျွန်ုပ်သည် ဘုရားသခင်ကို လိမ်လည်လှည့်စားကာ ခုခံသည့် သူတော်ကောင်းယောင်ဆောင်သူတစ်ဦး ဖြစ်သည်။ ကျွန်ုပ် မုန်းဖွယ်ကောင်းလိုက်လေခြင်း။ ကျွန်ုပ် မည်မျှ အပြေးအလွှားသွားကာ အလုပ်လုပ်သည်ဖြစ်စေ၊ ကျွန်ုပ်၏ စိတ်သဘောထား မပြောင်းလဲသေးပါက၊ ကျွန်ုပ်သည် စာတန်နှင့် သက်ဆိုင်ဆဲ ဖြစ်သည်။ ဤယုံကြည်ခဲ့သည့် နှစ်များအားလုံးနောက်တွင် သမ္မာတရား သို့မဟုတ် အသက်ကို မရရှိခြင်းက ကြီးစွာသော အရှက်ရမှုတစ်ခုဖြစ်သည်။ သမ္မာတရားကို မလိုက်စားခြင်းသည် အချိန်ကို ဖြုန်းတီးပစ်ခြင်း ဖြစ်သည်ကို ကျွန်ုပ် နောက်ဆုံးတွင် နားလည်ရပေပြီ။ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကြောင့်သာ ကျွန်ုပ် အမှန်တကယ် နောင်တရနိုင်ပေသည်။ ကျွန်ုပ်၏ ဆိုးယုတ်သော စိတ်သဘောထားကို သန့်စင်ခံရနိုင်စေဖို့နှင့် ဘုရားသခင်ကို ဘုန်းထင်ရှားစေရန် လူသားပုံသဏ္ဍာန်အတိုင်း ကျွန်ုပ် အသက်ရှင်နေထိုင်နိုင်စေဖို့အလို့ငှာ ကျွန်ုပ်ကို သာ၍ပင် ဘုရားသခင်က တရားစီရင်ဖို့၊ ပြစ်တင်ဆုံးမဖို့၊ စမ်းသပ်ပြီး စစ်ဆေးဖို့ရန် ကျွန်ုပ် ဆန္ဒရှိပါသည်။