၄။ လူ့ဇာတိခံယူခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၉၉)

“လူ့ဇာတိခံယူခြင်း” သည် ဘုရားသခင် လူ့ဇာတိတွင် ပေါ်ထွန်းခြင်း ဖြစ်သည်၊ သူ၏ ဖန်ဆင်းခံ လူသားမျိုးနွယ်အကြားတွင် လူ့ဇာတိပုံသဏ္ဌာန်ဖြင့် အလုပ်လုပ်၏။ ထို့ကြောင့် ဘုရားသခင်အဖို့ လူ့ဇာတိခံယူရန်မှာ ရှေးဦးစွာ သူသည် ဇာတိပကတိ ဖြစ်လာရမည်၊ သာမန်လူ့သဘာဝနှင့် ဇာတိကပတိ ဖြစ်လာရမည်၊ ဤအရာမှာ အခြေခံအကျဆုံးသော မရှိမဖြစ် လိုအပ်ချက်ဖြစ်သည်။ အမှန်တွင် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ သွယ်ဝိုက်သော အနက်အဓိပ္ပာယ်မှာ ဘုရားသခင်သည် လူ့ဇာတိထဲတွင် အသက်ရှင်၍ အလုပ်လုပ်ခြင်း၊ ဘုရားသခင်သည် သူ၏ အနှစ်သာရ၌ လူ့ဇာတိခံယူခြင်း၊ လူသားတစ်ယောက် ဖြစ်လာခြင်းပင်ဖြစ်သည်။ သူ၏ လူ့ဇာတိခံအသက်တာနှင့် အလုပ်ကို အဆင့်နှစ်ဆင့် ခွဲခြား၍ရသည်။ ပထမအဆင့်မှာ သူ၏ အမှုတော်ကို မထမ်းဆောင်ခင် နေထိုင်ရှင်သန်ခဲ့သော အသက်တာဖြစ်သည်။ သူသည် သာမန်လူသားမိသားစု၊ လုံး၀ သာမန်လူ့သဘာဝဖြင့် လူ့ဘဝ၏ သာမန်ကိုယ်ကျင့်တရားများ၊ ပညတ်တရားများကို လိုက်နာရင်း၊ (အစားအစာ၊ အဝတ်အထည်၊ နေထိုင်စရာ၊ အိပ်ခြင်းစသည့်) သာမန်လူသား လိုအပ်ချက်များ၊ သာမန် လူ့အားနည်းချက်များနှင့် သာမန် လူ့ခံစားမှုများနှင့် နေထိုင်သည်။ တစ်နည်းအားဖြင့်ဆိုရလျှင်၊ ဤပထမအဆင့် အတောအတွင်း သူသည် ဘုရား၏သဘောသဘာဝ မဟုတ်၊ လုံး၀ သာမန် လူ့သဘာဝ၌ သာမန်လူသား၏ လုပ်ဆောင်မှုများ အားလုံးတွင် ပါဝင်လုပ်ဆောင်ရင်း အသက်ရှင် နေထိုင်သည်။ ဒုတိယအဆင့်မှာ သူ၏ အမှုတော် စတင်ထမ်းဆောင်ပြီးနောက် အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ သူသည် သဘာဝလွန်ဖြစ်သည့် အပြင်ပန်းလက္ခဏာ ဘာမျှမပြဘဲ သာမန်လူ့ကိုယ်ထည်ဖြင့် သာမန် လူ့သဘာဝထဲတွင် ကျိန်းဝပ်နေသေးသည်။ သို့သော်လည်း သူသည် သူ၏အမှုတော်အတွက်သက်သက်သာ အသက်ရှင်ပြီး၊ ဤအချိန်အတောအတွင်း သူ၏သာမန်လူ့သဘာဝမှာ သူ၏ ဘုရားသဘောသဘာဝ၏ သာမန်အလုပ် ဆက်လက်တည်ရှိနိုင်ရန်အတွက် လုံးဝ တည်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် ထိုအချိန်သို့ရောက်သောအခါ သူ၏ သာမန်လူ့သဘာဝသည် အမှုတော်ဆောင်နိုင်စွမ်းရှိသည့် အနေအထားအထိ ရင့်ကျက်လာပြီ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် သာမန်လူ့သဘာဝနှင့် အကြွင်းမဲ့ဘုရားသဘောသဘာဝ နှစ်မျိုးစလုံး၏ အသက်တာလည်းဖြစ်သော သူ့အသက်တာ၏ ဒုတိယအဆင့်သည် သူ၏အမှုတော်ကို သူ၏သာမန်လူ့သဘာဝနှင့် ထမ်းဆောင်ရန် ဖြစ်သည်။ သူ့အသက်တာ၏ ပထမအဆင့် အတောအတွင်းတွင် သူသည် လုံး၀ သာမန်လူ့သဘာဝထဲ နေရခြင်း၏ အကြောင်းရင်းမှာ သူ၏လူ့သဘာဝသည် ဘုရားသဘောသဘာဝ အလုပ်၏ အလုံးစုံကို ထိန်းသိမ်းနိုင်ခြင်း မရှိသေး၊ မရင့်ကျက်သေး၍ ဖြစ်သည်၊ သူ၏လူ့သဘာဝ ရင့်ကျက်လာပြီး သူ၏အမှုတော်အား ထမ်းဆောင်နိုင်စွမ်း ရှိလာသည့် နောက်ပိုင်းတွင်မှ သူထမ်းဆောင်သင့်သည့် သူ၏အမှုတော်ကို စတင်ထမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ဇာတိပကတိအနေနှင့် သူသည် ကြီးထွား ရင့်ကျက်ရန် လိုအပ်သည့်အတွက် သူ့အသက်တာ၏ ပထမအဆင့်သည် သာမန်လူ့သဘာဝ အသက်တာပင်ဖြစ်ပြီး၊ ဒုတိယအဆင့်၌မူ သူ၏လူ့သဘာဝသည် သူ၏အလုပ်နှင့် အမှုတော်ကို ထမ်းဆောင်နိုင်စွမ်း ရှိသည့်အတွက် သူ၏အမှုတော်လုပ်ငန်းများ လုပ်နေသည့်အတောအတွင်း အသက်ရှင်သည့် လူ့ဇာတိခံဘုရားသခင်၏အသက်တာသည် လူ့သဘာဝနှင့် ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျား နှစ်မျိုးလုံး ပင်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံ ဘုရားသခင်သည် သူမွေးဖွားသည့် အချိန်မှစ၍ သဘာဝလွန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကိုပြပြီး သူ၏အမှုတော်ကို လေးနက်စွာ စတင်ခဲ့မည်ဆိုပါက၊ သူ့တွင် ခန္ဓာဆိုင်ရာ အနှစ်သာရရှိလိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် သူ၏လူ့သဘာဝသည် သူ၏ခန္ဓာဆိုင်ရာ အနှစ်သာရအတွက် တည်ရှိခြင်းဖြစ်သည်၊ လူ့သဘာဝ မရှိဘဲနှင့် လူ့ဇာတိ မရှိနိုင်၊ လူ့သဘာဝမရှိသော ပုဂ္ဂိုလ်တစ်ယောက်သည်လည်း လူသားတစ်ဦး မဟုတ်ပေ။ ဤနည်းအားဖြင့် ဘုရားသခင်၏ ဇာတိပကတိ၏ လူ့သဘာဝသည် ဘုရားသခင် ခံယူထားသော ဇာတိပကတိ၏ ပင်ကိုဂုဏ်ဒြပ်ဖြစ်သည်။ “ဘုရားသခင်သည် လူ့ဇာတိခံယူသောအခါ သူသည် အကြွင်းမဲ့ ဘုရား၏သဘောသဘာဝ ဖြစ်ပြီး၊ လူသားလုံးဝမဟုတ်” ဟု ဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင်ဖြစ်သည်၊ အကြောင်းမှာ ဤထွက်ဆိုချက်မျိုး လုံး၀မရှိဘဲ၊ လူ့ဇာတိခံယူခြင်း၏ အခြေခံသဘောတရားကို ချိုးဖောက်သောကြောင့် ဖြစ်သည်။ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် နောက်ပိုင်းတွင်ပင်လျှင်၊ သူ၏အလုပ်ကို ဆောင်ရွက်ချိန်၌ သူသည် သူ၏ ဘုရားသဘောသဘာဝထဲ၌ လူသားအပြင်ပန်းကိုယ်ထည်နှင့်အတူ နေထိုင်ဆဲပင်ဖြစ်သည်၊ ထိုအချိန်၌ပင် သူ၏လူ့သဘာဝသည် သူ၏ဘုရားသဘောသဘာဝကို သာမန်ဇာတိပကတိ၌ အလုပ်လုပ်စေသည့် ရည်ရွယ်ချက် တစ်ခုတည်းအတွက်သာ ဆောင်ရွက်ပေးသည်။ ထို့ကြောင့် အလုပ်ကို ဆောင်ရွက်သူမှာ သူ၏လူ့သဘာဝထဲတွင် ကိန်းဝပ်နေသည့် ဘုရား၏သဘောသဘာဝ ဖြစ်သည်။ လုပ်ဆောင်နေသည်မှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး သူ၏လူ့သဘာဝ မဟုတ်သော်ငြားလည်း ယင်းဘုရား၏သဘောသဘာဝကို သူ၏လူ့သဘာဝထဲ သိုဝှက်ထားသည်၊ အနှစ်သာရအားဖြင့် သူ၏အလုပ်ကို သူ၏ ဘုရား၏သဘောသဘာဝ လုံးလုံးလျားလျားက လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏လူ့သဘာဝက လုပ်ဆောင်ခြင်း မဟုတ်ပေ။ သို့သော်လည်း အလုပ်ကို ထမ်းရွက်သည်မှာကား သူ၏ဇာတိပကတိ ဖြစ်သည်။ သူသည် လူသားတစ်ဦးဖြစ်ပြီး ဘုရားသခင်လည်းဖြစ်သည်ဟု ပြောနိုင်သည်၊ အကြောင်းမှာ ဘုရားသခင်သည် လူ့ကိုယ်ထည်နှင့်၊ လူသားအနှစ်သာရသာမက ဘုရားသခင်၏ အနှစ်သာရပါ ရှိသည့် ဇာတိပကတိထဲတွင် နေထိုင်သည့် ဘုရားသခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူသည် ဘုရားသခင်၏ အနှစ်သာရနှင့် လူသားတစ်ယောက် ဖြစ်သည့်အတွက် ဖန်ဆင်းခံ မည်သည့်လူသားမဆို၏ အထက်၌ရှိပြီး၊ ဘုရားသခင်၏အလုပ်ကို ဆောင်ရွက်နိုင်သည့် မည်သည့်လူသားမဆို၏ အထက်၌လည်း ရှိသည်။ ထို့ကြောင့် သူကဲ့သို့ပင် လူ့ခန္ဓာအပြင်ပန်းကိုယ်ထည် ရှိကြသည့်သူများထဲတွင်၊ လူ့သဘာဝကို ပိုင်ဆိုင်ကြသည့်သူများထဲတွင်၊ သူတစ်ပါးတည်းသာလျှင် လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး အခြားသူအားလုံးမှာမူ ဖန်ဆင်းခံလူသားများသာ ဖြစ်သည်။ ထိုသူအားလုံးတို့တွင် လူ့သဘာဝရှိကြသော်လည်း ဖန်ဆင်းခံလူသားများ၌ လူ့သဘာဝမှလွဲ၍ ဘာမျှမရှိကြပေ၊ လူ့ဇာတိခံယူသော ဘုရားသခင်ကမူ ကွဲပြားခြားနားသည်၊ သူ၏ဇာတိပကတိ၌ သူသည် လူ့သဘာဝရှိရုံသာမက ပိုအရေးကြီးသည်မှာ ဘုရား၏သဘောသဘာဝ ရှိနေခြင်းဖြစ်သည်။ သူ၏လူ့သဘာဝကို သူ့ဇာတိပကတိ၏ အပြင်ပန်းသဏ္ဌာန်နှင့် သူ၏နေ့စဉ်အသက်တာတွင် မြင်နိုင်သော်ငြားလည်း သူ၏ဘုရားသဘောသဘာဝကိုမူ သိမြင်ရန် ခက်ခဲသည်။ သူ၏ ဘုရားသဘောသဘာဝသည် သူ၌ လူ့သဘာဝရှိမှသာ ဖော်ပြခြင်း ဖြစ်သည့်အတွက်နှင့် လူများစိတ်ကူးထားသမျှ သဘာဝလွန် မဟုတ်သည့်အတွက်၊ ၎င်းကိုမြင်နိုင်ရန်မှာ လူတို့အဖို့ အလွန်တရာပင် ခက်ခဲလှသည်။ ယနေ့ကာလတွင်ပင် လူ့ဇာတိခံယူသော ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရကို နားလည်နိုင်ရန်မှာ လူတို့အတွက် အခက်ခဲဆုံး ဖြစ်သည်။ ထိုအကြောင်းအရာကို ဤမျှရှည်လျားစွာ ငါပြောပြီးသော နောက်ပိုင်းတွင်ပင်၊ သင်တို့အများစုအတွက် ထိုအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုပင် ဖြစ်နေပေဦးမည်ဟု ငါမျှော်လင့်သည်။ အမှန်တွင်၊ ဤအရေးကိစ္စမှာ အလွန်ပင်ရိုးရှင်း၏၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာသည့်အတွက်၊ သူ၏ အနှစ်သာရသည် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ဤပေါင်းစပ်ခြင်းကို ဘုရားသခင်ကိုယ်တော်တိုင်ဟု၊ ကမ္ဘာပေါ်၌ရှိသော ဘုရားသခင် ကိုယ်တော်တိုင်ဟု ခေါ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၀)

ယေရှု ကမ္ဘာပေါ်တွင် နေထိုင်သွားခဲ့သော အသက်တာမှာ ဇာတိပကတိ၏ သာမန်အသက်တာ ဖြစ်သည်။ သူသည် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်။ သူ၏အလုပ်ကို ဆောင်ရွက်ခြင်းနှင့် သူ၏နှုတ်ကပတ်တော်ကို ပြောဆိုခြင်းအတွက်၊ သို့မဟုတ် နာမကျန်းသောသူများကို ကျန်းမာစေပြီး နတ်ဆိုးများကို နှင်ထုတ်ခြင်းအတွက်၊ ထိုကဲ့သို့ ထူးကဲလှသောအရာများကို ပြုလုပ်ခြင်းအတွက် သူ၏သြဇာအာဏာသည် များသောအားဖြင့် သူ၏အမှုတော်ကို စတင်ခြင်း မပြုမီအချိန်အထိ မိမိကိုယ်ကိုယ် ပြသခဲ့ခြင်း မရှိပေ။ သူ၏အမှုတော်ကို မထမ်းဆောင်ခင်၊ သူ၏အသက် နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်က သူ၏အသက်တာက သူသည် သာမန်ဇာတိပကတိပင် ဖြစ်ခဲ့ကြောင်း လုံလောက်သော သက်သေဖြစ်သည်။ ယင်းကြောင့်နှင့် သူ၏အမှုတော်ကို စတင်မထမ်းဆောင်ရသေးသည့် အတွက်တို့ကြောင့် လူများသည် သူ့အထဲတွင် ဘုရား၏ သဘောသဘာဝရှိသော အရာတစ်ခုမျှ မမြင်ခဲ့ကြ၊ သာမန်လူတစ်ယောက်ထက်ပို၍ ဘာတစ်ခုမျှ မမြင်ခဲ့ကြ၊ ၎င်းအချိန်တုန်းက လူအချို့တို့သည် သူ့ကို ယောသပ်၏သားဟု ယုံကြည်ခဲ့ကြသကဲ့သို့ သာမန် လူသားတစ်ယောက်ဟုသာ မြင်ခဲ့ကြသည်။ လူများက သူသည် သာမန်လူတစ်ယောက်၏သားဟု တွေးထင်ခဲ့ကြပြီး၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိပကတိ ဖြစ်သည်ဆိုခြင်းကို လုံးဝ မသိခဲ့ကြပေ၊ သူ၏အမှုတော်ကို ထမ်းဆောင်နေချိန် အတွင်းမှာပင်လျှင်၊ သူသည် အံဩဖွယ်ရာများစွာ ပြုလုပ်ခဲ့သော်ငြားလည်း၊ သူသည် သာမန်လူ့သဘာဝ အပြင်ပန်းကိုယ်ထည်နှင့် ခရစ်တော် ဖြစ်နေခဲ့သည့်အတွက်၊ လူအများစုသည် သူ့ကို ယောသပ်၏သားဖြစ်သည်ဟုသာ ပြောဆိုခဲ့ကြတုန်းဖြစ်၏။ သူ၏ သာမန်လူ့သဘာဝနှင့် သူ၏အလုပ်နှစ်ခုစလုံးသည် ပထမ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဖြည့်စွမ်းရန်၊ ဘုရားသခင်သည် ဇာတိပကတိထဲသို့ အလုံးစုံ ၀င်ရောက်လာခဲ့ကြောင်း၊ သာမန်လူသားတစ်ယောက် လုံးလုံးလျားလျား ဖြစ်လာကြောင်းကို သက်သေပြရန်၊ တည်ရှိခဲ့ခြင်း ဖြစ်သည်။ သူ၏အလုပ်ကို မစတင်ခင်က သူ၏သာမန်လူ့သဘာဝသည် သူသည် သာမန်ဇာတိပကတိ ဖြစ်ကြောင်း သက်သေပင်ဖြစ်ပြီး၊ နောက်ပိုင်း သူအလုပ်လုပ်လုပ်ခဲ့ခြင်းမှာလည်း သူသည် သာမန် ဇာတိပကတိသာ ဖြစ်ခဲ့ကြောင်း သက်သေပြသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ဇာတိပကတိ၌ သာမန် လူ့သဘာဝနှင့်ပင် နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို ဆောင်ရွက်ခဲ့ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေကာ နတ်ဆိုးများကို နှင်ထုတ်ခဲ့သောကြောင့် ဖြစ်သည်။ နိမိတ်လက္ခဏာများ သူပြုနိုင်ခဲ့ခြင်း၏ အကြောင်းရင်းမှာ သူ၏ဇာတိပကတိသည် ဘုရားသခင်၏ သြဇာအာဏာရှိပြီး၊ ဘုရားသခင်၏ဝိညာဉ်တော် ၀တ်ဆင်ထားသည့် ဇာတိပကတိ ဖြစ်သောကြောင့် ဖြစ်သည်။ ဤသြဇာအာဏာကို သူပိုင်ဆိုင်ထားခြင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်ကြောင့်ဖြစ်ပြီး၊ ထိုသို့ပိုင်ဆိုင်ခြင်းကြောင့် သူသည် ဇာတိပကတိ မဟုတ်ကြောင်းကို ဆိုလိုခြင်း မဟုတ်ပေ။ နာမကျန်းသောသူတို့ကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် သူ၏အမှုတော်တွင် ထမ်းဆောင်ရန်လိုအပ်သည့် အလုပ်ပင်ဖြစ်သည်၊ ၎င်းမှာ သူ၏လူ့သဘာဝထဲတွင် သိုဝှက်ထားသော ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်ပြီး၊ မည်သည့် နိမိတ်လက္ခဏာများကို သူပြသည်ဖြစ်စေ၊ သူ၏သြဇာအာဏာကို မည်ကဲ့သို့ပင်ပြသည်ဖြစ်စေ၊ သူသည် သာမန်လူ့သဘာဝထဲတွင် အသက်ရှင်ဆဲဖြစ်ပြီး၊ သာမန် ဇာတိပကတိ ဖြစ်နေဆဲဖြစ်သည်။ ကားတိုင်ပေါ်တွင် အသေခံပြီးနောက် ရှင်ပြန်ထမြောက်ခဲ့သည့် အချိန်အထိ၊ သူသည် သာမန် ဇာတိပကတိ၌ ကိန်းဝပ်ခဲ့သည်။ ကျေးဇူးတော်ကို အပ်နှင်းပေးခြင်း၊ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း အားလုံးတို့သည် သူ့အမှုတော်၏ အစိတ်အပိုင်းဖြစ်ပြီး၊ သူ၏သာမန် ဇာတိကပတိ၌ ဆောင်ရွက်ခဲ့သည့် အလုပ်အားလုံးပင်ဖြစ်သည်။ သူသည် ကားတိုင်သို့ မသွားခင်တွင် သူမည်သည့်အရာကို လုပ်နေခဲ့သည် ဖြစ်ပါစေ၊ သူ၏သာမန် လူ့ဇာတိပကတိနှင့် ဘယ်သောအခါမျှ မခွဲခွာခဲ့ပေ။ သူသည် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်၏ အလုပ်ကို ဆောင်ရွက်နေခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ခံယူထားသော လူ့ဇာတိဖြစ်သည့်အတွက်၊ သူသည် အစာစားပြီး အဝတ် ဝတ်ဆင်ခဲ့သည်၊ သာမန်လူသား၏ လိုအပ်ချက်များ ရှိခဲ့ပြီး၊ သာမန်လူသား၏ အသိဉာဏ်နှင့် သာမန်လူသား၏စိတ်တို့ ရှိခဲ့သည်။ ဤအရာအားလုံးမှာ သူသည် သာမန် လူသားတစ်ယောက် ဖြစ်ကြောင်း သက်သေဖြစ်ပြီး၊ ဘုရားသခင် ခံယူထားသည့် လူ့ဇာတိသည် သာမန်လူ့သဘာဝ ရှိသည့် ဇာတိပကတိ ဖြစ်ကြောင်းနှင့် သဘာဝလွန် မဟုတ်ကြောင်းကို သက်သေပြ၏။ သူ၏လုပ်ငန်းတာဝန်မှာ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန်၊ ပထမလူ့ဇာတိခံယူခြင်းက ပြုလုပ်ရမည့် အမှုတော် ဖြည့်စွမ်းရန်ပင် ဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်မှာ ရိုးရိုးပုံမှန်လူသား တစ်ယောက်သည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို ထမ်းဆောင်ခြင်း ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အလုပ်ကို လူ့သဘာဝနှင့် ထမ်းဆောင်ပြီး၊ ဤနည်းဖြင့် စာတန်ကို နှိမ်နှင်းခဲ့ခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်၊ ယင်းသည် ဘုရားသခင်သည် ဇာတိပကတိ ဖြစ်လာခြင်း ဖြစ်သည်၊ ဇာတိပကတိပြုသော အလုပ်မှာ ဇာတိပကတိ၌ ပြည့်မြောက်သော၊ ဇာတိပကတိအားဖြင့် ဖော်ပြသော ဝိညာဉ်တော်၏ အလုပ်ပင်ဖြစ်သည်။ ဘုရားသခင်၏ ဇာတိပကတိမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမျှ လူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်ကို ဖြည့်စွမ်းနိုင်ခြင်း မရှိပေ၊ ဆိုလိုသည်မှာ အခြားမည်သူတစ်ဦးမျှ မဟုတ်ဘဲ၊ ဘုရားသခင် ခံယူထားသော လူ့ဇာတိတစ်ခုတည်းသာ၊ ဤသာမန် လူ့သဘာဝ တစ်ခုတည်းသာ ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်သည်။ အကယ်၍ သူ၏ ပထမအကြိမ် ကြွလာခြင်းတွင် ဘုရားသခင်သည် အသက်နှစ်ဆယ့်ကိုးနှစ် မတိုင်ခင်တွင် သာမန် လူ့သဘာဝ မရှိခဲ့ပါက၊ အကယ်၍ သူမွေးဖွားပြီးသည်နှင့် ချက်ချင်းပင် နိမိတ်လက္ခဏာများ ပြုနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ သူစကားပြောတတ်သည်နှင့် ချက်ချင်းပင် ကောင်းကင် ဘာသာစကားကို ပြောနိုင်ခဲ့မည် ဆိုပါက၊ အကယ်၍ ကမ္ဘာပေါ်၌ ပထမဆုံးအကြိမ် သူ၏ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် သူသည် လောကီရေးရာ အားလုံးကို နားလည်သဘောပေါက်ကာ၊ လူပုဂ္ဂိုလ်တိုင်းစီ၏ အတွေးများနှင့် ရည်ရွယ်ချက်များကို ထိုးထွင်းသိမြင်နိုင်မည် ဆိုပါက၊ ထိုသို့သော လူတစ်ဦးသည် သာမန်လူသားတစ်ယောက်ဟု ခေါ်ဆိုခြင်းခံရနိုင်ခဲ့မည် မဟုတ်သည့်အပြင်၊ ထိုသို့သော ဇာတိပကတိမှာလည်း လူသားဇာတိပကတိဟု ခေါ်ဆိုခြင်း ခံနိုင်ခဲ့ရမည် မဟုတ်ပေ။ အကယ်၍ ခရစ်တော်သည် ဤအတိုင်းဖြစ်ခဲ့မည်ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်နှင့် အနှစ်သာရသည်လည်း ပျောက်ဆုံးသွားမည် ဖြစ်သည်။ သူ သာမန် လူ့သဘာဝ ပိုင်ဆိုင်ခြင်းမှာ သူသည် လူ့ဇာတိခံယူထားသော ဘုရားသခင်ဖြစ်ကြောင်းကို သက်သေပြသည်၊ သာမန်လူသားတစ်ဦး၏ ကြီးထွားမှုဖြစ်စဉ်ကို သူကြုံရသည်ဟူသည့် အချက်သည်လည်း သူသည် သာမန် ဇာတိပကတိ ဖြစ်ကြောင်းကို ဆက်လက် ထင်ရှားစေသည်၊ ထို့အပြင် သူ၏အလုပ်မှာ သူသည် ဘုရားသခင်၏ နှုတ်ကပတ်တော်၊ ဘုရားသခင်၏ ဝိညာဉ်တော်တို့ လူ့ဇာတိခံယူခြင်းဖြစ်ကြောင်းကို ဖော်ပြသည့် လုံလောက်သော သက်သေပင်ဖြစ်သည်။ သူ့အလုပ်၏ လိုအပ်ချက်များအရ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်သည်၊ တစ်နည်းဆိုရလျှင် အလုပ်၏ ဤအဆင့်မှာ ဇာတိပကတိ၌ လုပ်ဆောင်ရန် လိုအပ်ပြီး၊ သာမန် လူ့သဘာဝနှင့် လုပ်ဆောင်ရန် လိုအပ်သည်။ ဤအရာသည် “လူ့ဇာတိ ခံယူသော နှုတ်ကပတ်တော်” နှင့် “လူ့ဇာတိတွင် ပေါ်လာသော နှုတ်ကပတ်တော်” အတွက် ကြိုတင်လိုအပ်သည့်အချက်ဖြစ်ပြီး၊ ဘုရားသခင်၏ လူ့ဇာတိ ခံယူသည့် အကြိမ်နှစ်ကြိမ်စလုံး၏ နောက်ကွယ်မှ ဖြစ်ရပ်အမှန်ပင် ဖြစ်သည်။ လူတို့က ယေရှုသည် သူ၏အသက်တာ တစ်လျှောက်လုံးမှာ အံ့သြဖွယ်ရာများ ပြုလုပ်ခဲ့ပြီး၊ ကမ္ဘာပေါ်မှ သူ့အလုပ် ဆုံးခန်းတိုင်သည့် အချိန်အထိ သူသည် သာမန်လူ့သဘာဝ၏လက္ခဏာကို မပြသခဲ့၊ သူ့တွင် သာမန်လူသား၏ လိုအပ်ချက်များ၊ သို့မဟုတ် အားနည်းချက်များ၊ သို့မဟုတ် လူသား စိတ်ခံစားမှုများ မရှိ၊ ဘဝ၏ အခြေခံ လိုအပ်ချက်များလည်း လိုအပ်ခဲ့ခြင်း မရှိ၊ သို့မဟုတ် သာမန်လူသား အတွေးများကိုလည်း စဉ်းစားခဲ့ခြင်းမရှိ စသဖြင့် ယုံကြည်ကောင်း ယုံကြည်ကြလိမ့်မည်။ သူတို့သည် ယေရှုကို လူ့ထက်သာလွန်သော ဉာဏ်သာရှိရမည်၊ သာလွန်ထူးကဲသော လူ့သဘာဝ ရှိရမည်ဟုသာ မှတ်ထင်ကြသည်။ သူသည် ဘုရားသခင် ဖြစ်သည့်အတွက် သာမန်လူသားတို့ တွေးခေါ် နေထိုင်သည့်အတိုင်း သူမပြုသင့်ဟု သူတို့ယုံကြည်ကြပြီး၊ သာမန်လူသားတစ်ယောက်ကသာ၊ လူသားအစစ် တစ်ဦးကသာလျှင် သာမန်လူသားအတွေးအခေါ်များကို တွေးနိုင်ပြီး၊ သာမန် လူသားအသက်တာကို အသက်ရှင်နိုင်မည်ဟု ယုံကြည်ကြသည်။ ဤအရာအားလုံးသည် လူသား အတွေးအခေါ်နှင့် လူသား အယူအဆများဖြစ်ပြီး၊ ဤအယူအဆများသည် ဘုရားသခင် အလုပ်၏ မူလရည်ရွယ်ချက်များနှင့် ဆန့်ကျင်နေသည်။ သာမန်လူသား အတွေးအခေါ်သည် သာမန် လူသား ဆင်ခြင်ဉာဏ်နှင့် သာမန်လူ့သဘာဝကို ထောက်မသည်၊ သာမန် လူ့သဘာဝသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များကို ထောက်မပြီး၊ ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များသည်လည်း ဇာတိပကတိ၏ သာမန်အသက်တာကို အပြည့်အဝ ဖြစ်စေသည်။ ထိုကဲ့သို့သော ဇာတိပကတိထဲတွင် လုပ်ဆောင်ခြင်းအားဖြင့်သာ ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ အကယ်၍ လူ့ဇာတိခံသော ဘုရားသခင်သည် ဇာတိပကတိ၏ အပြင်ပန်း ကိုယ်ထည်ကိုသာ ပိုင်ဆိုင်ထားပြီး၊ သာမန်လူသား အတွေးများကို တွေးခေါ်ခြင်း မရှိခဲ့ပါက၊ လူ့သဘာဝ အစစ်အမှန်ကို မဆိုထားနှင့် ဤဇာတိပကတိသည် လူ၏ ဆင်ခြင်ဉာဏ်ကိုပင် ပိုင်ဆိုင်လိမ့်မည် မဟုတ်ပေ။ လူ့သဘာဝ မရှိသည့် ဤကဲ့သို့သော ဇာတိပကတိသည် လူ့ဇာတိခံယူသော ဘုရားသခင် ဆောင်ရွက်သင့်သည့် အမှုတော်ကို အဘယ်သို့ ဖြည့်စွမ်းနိုင်မည်နည်း။ သာမန်စိတ်သည် လူသားအသက်တာ၏ ကဏ္ဍအားလုံးကို ထိန်းထားပေးသည်၊ သာမန်စိတ် မရှိပါက လူသားတစ်ယောက် မဟုတ်ပေ။ တစ်နည်းဆိုရလျှင်၊ သာမန် အတွေးအခေါ်များ တွေးခေါ်ခြင်းမရှိသော လူပုဂ္ဂိုလ်တစ်ဦးသည် စိတ်မနှံ့သူတစ်ဦး ဖြစ်သည်။ ဘုရား၏သဘောသဘာဝသာရှိပြီး လူ့သဘာဝ မရှိသော ခရစ်တော် အားလည်း ဘုရားသခင် ခံယူထားသော လူ့ဇာတိဟု ပြော၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင် ခံယူထားသော လူ့ဇာတိသည် အဘယ်နည်းနှင့် သာမန် လူ့သဘာဝ မရှိနိုင်ရမည်နည်း။ ခရစ်တော်သည် သာမန်လူသားစိတ် မရှိဟု ပြောဆိုခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းပင် မဟုတ်ပေလော။ သာမန် လူသားများ ဆောင်ရွက်သည့် လုပ်ဆောင်မှုအားလုံးသည် သာမန်လူသားစိတ်၏ လုပ်ဆောင်ခြင်းအပေါ်တွင် မူတည်သည်။ ထိုအရာမရှိပါက လူသားများသည် မူမမှန်စွာ ပြုမူကြမည်ဖြစ်သည်၊ သူတို့သည် အဖြူနှင့် အမည်းကြား၊ အကောင်းနှင့် အဆိုးကြားမှ ကွဲပြားခြားနားချက်ကိုပင် ပြောနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့အပြင် သူတို့၌ ကိုယ်ကျင့်တရားများနှင့် လူ့ကျင့်ဝတ်တရားများလည်း ရှိလိမ့်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသားကဲ့သို့ မတွေးခေါ်ပါက၊ သူသည် စစ်မှန်သော ဇာတိပကတိ၊ သာမန်ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ပေ။ စဉ်းစားတွေးခေါ်ခြင်း မရှိသည့် ထိုကဲ့သို့သော ဇာတိပကတိသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ချေ။ ကမ္ဘာပေါ်တွင် လူသားများနှင့် အတူတကွ နေထိုင်ရန် မဆိုထားနှင့်၊ သူသည် ပုံမှန်ဇာတိပကတိ၏ လုပ်ဆောင်မှုများကိုပင် ပုံမှန်အားဖြင့် ဆောင်ရွက်နိုင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့်၊ ဘုရားသခင် လူ့ဇာတိခံယူရခြင်း၏ အရေးပါမှု၊ လူ့ဇာတိသို့ ဘုရားသခင်ကြွလာခြင်း၏ ပကတိ အနှစ်သာရသည် ပျောက်ဆုံး သွားခဲ့မည်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ လူ့သဘာဝသည် ဇာတိပကတိ၌ သာမန် ဘုရားသဘောသဘာဝ၏ အလုပ်ကို ထိန်းသိမ်းရန် တည်ရှိသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် သူ၏သာမန် လူ့သဘာဝနှင့် သူ၏ ခန္ဓာဆိုင်ရာ လုပ်ဆောင်မှုအားလုံးကို ထောက်မသည်။ သူ၏ သာမန် လူသားအတွေးအခေါ်သည် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်အားလုံးကို ထောက်မရန် တည်ရှိသည်ဟု ပြော၍ရသည်။ အကယ်၍ ထိုဇာတိခန္ဓာသည် သာမန် လူသားစိတ်ကို မပိုင်ဆိုင်ပါက၊ ဘုရားသခင် ထိုဇာတိပကတိတွင် လုပ်ဆောင်နိုင်မည် မဟုတ်ပေ၊ ထို့အပြင် ဇာတိပကတိ၌ သူလုပ်ဆောင်ရန် လိုအပ်သည့် အရာကိုလည်း ဘယ်သောအခါမျှ ပြီးမြောက်အောင် လုပ်နိုင်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန်လူသား စိတ်ကို ပိုင်ဆိုင်သော်ငြားလည်း၊ သူ၏အလုပ်သည် လူသားအတွေးအခေါ်နှင့် ရောနှောနေခြင်း မရှိပေ၊ စိတ်ရှိသော လူ့သဘာဝကို ပိုင်ဆိုင်ဖို့ လိုအပ်ချက်ဖြင့်၊ သူသည် လူ့သဘာဝထဲမှ အလုပ်ကို သာမန်လူသား အတွေးအခေါ်ကို အသုံးချခြင်းဖြင့် မဟုတ်ဘဲ သာမန်စိတ်နှင့် လုပ်ဆောင်သည်။ သူ့ဇာတိပကတိ၏ အတွေးအခေါ်များ မည်မျှပင် မြင့်မားနေပါစေ၊ သူ၏အလုပ်၌ ဆင်ခြင်တွေးခေါ်မှု သို့မဟုတ် အတွေးအခေါ်ဖြင့် စွန်းထင်းခြင်း မရှိပေ။ တစ်နည်းဆိုရလျှင်၊ သူ၏အလုပ်သည် သူ့ဇာတိပကတိ၏ စိတ်အားဖြင့် အကြံရလာခြင်း မဟုတ်ဘဲ၊ သူ၏ လူ့သဘာဝထဲရှိ ဘုရားသဘောသဘာဝ အလုပ်၏ တိုက်ရိုက် ဖော်ပြချက်ပင် ဖြစ်သည်။ သူ၏ အလုပ်အားလုံးသည် သူကျေပွန်အောင် ဆောင်ရွက်ရန် လိုအပ်သည့် အမှုတော်ပင်ဖြစ်ပြီး၊ ထိုအရာတစ်ခုကမျှ သူ၏ဦးနှောက်အားဖြင့် အကြံရလာခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် နာမကျန်းသူကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကားတိုင်တွင် အသေခံခြင်းတို့မှာ သူ၏ လူ့စိတ်မှ ထုတ်လုပ်သည့်အရာများ မဟုတ်ပေ၊ ၎င်းအရာများကို လူသားစိတ်ရှိသည့် မည်သည့် လူသားမျှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်မည် မဟုတ်ပေ။ ထိုနည်းတူစွာပင်၊ ယနေ့ကာလ၏ သိမ်းပိုက်ခြင်း အလုပ်သည် လူ့ဇာတိခံယူသော ဘုရားသခင်က ထမ်းဆောင်ရမည့် အမှုတော်ဖြစ်ပြီး၊ ၎င်းမှာ လူသားဆန္ဒမှဖြစ်လာသော အလုပ် မဟုတ်ပေ၊ ၎င်းသည် သူ၏ဘုရားသဘောသဘာဝက လုပ်ဆောင်သင့်သည့် အလုပ်ဖြစ်ပြီး၊ မည်သည့် ဇာတိပကတိ ဆန်သော လူသားကမျှ မစွမ်းဆောင်နိုင်သည့် အလုပ်ဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သာမန် လူသားစိတ်ကို ပိုင်ဆိုင်ရမည်၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ရမည်၊ အဘယ်ကြောင့်ဆိုသော် သူ၏အလုပ်ကို သူသည် လူ့သဘာဝ၌ သာမန်စိတ်နှင့် ထမ်းဆောင်ရမည် ဖြစ်သောကြောင့်ဖြစ်သည်။ ဤအရာသည် လူ့ဇာတိခံယူသော ဘုရားသခင်အလုပ်၏ အနှစ်သာရဖြစ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရ စင်စစ်လည်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၁)

ယေရှုသည် အလုပ်ကို မဆောင်ရွက်မီ သူသည် သူ၏သာမန်လူ့သဘာဝတွင်သာ နေထိုင်ခဲ့သည်။ သူသည် ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမပြောနိုင်ခဲ့၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်ကြောင်းကို မည်သူမျှမသိခဲ့ကြပေ၊ လူတို့က သူ့ကို လုံးလုံးလျားလျား သာမန်လူသားတစ်ယောက်အဖြစ်သာ သိရှိခဲ့ကြသည်။ သူ၏ လုံး၀ ရိုးရိုးသာမန်လူ့သဘာဝမှာ ဘုရားသခင်သည် ဇာတိပကတိထဲသို့ လူ့ဇာတိခံယူခဲ့ပြီးဖြစ်ကြောင်းနှင့် ကျေးဇူးတော်ခေတ်ဆိုသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်၏ခေတ် ဖြစ်ကြောင်း၊ ဝိညာဉ်တော်အလုပ်၏ ခေတ်မဟုတ်ကြောင်း သက်သေပင်ဖြစ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိထဲတွင် လုံးလုံး အကောင်အထည်ဖော်ခဲ့ကြောင်းနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူသည့်ခေတ်တွင် သူ၏ဇာတိပကတိသည် ဝိညာဉ်တော်၏အလုပ်အားလုံးကို ဆောင်ရွက်မည်ဖြစ်ကြောင်းတို့၏ သက်သေပင်ဖြစ်သည်။ သာမန် လူ့သဘာဝရှိသော ခရစ်တော်သည် ဝိညာဉ်တော်ကို အကောင်အထည်ဖော်သော ဇာတိပကတိဖြစ်ပြီး၊ သာမန် လူ့သဘာဝ၊ သာမန် အသိစိတ်နှင့် လူသားအတွေးအခေါ်တို့ ပိုင်ဆိုင်ထားသည်။ “အကောင်အထည်ဖော်ခံရခြင်း” ဆိုသည်မှာ ဘုရားသခင် လူသားဖြစ်လာခြင်း၊ ဝိညာဉ်တော် လူ့ဇာတိ ခံယူခြင်းကို ဆိုလိုသည်၊ ရှင်းရှင်းပြောရလျှင် ၎င်းမှာ ဘုရားသခင်ကိုယ်တိုင်က ဇာတိပကတိထဲတွင် သာမန် လူ့သဘာဝနှင့် ကိန်းဝပ်ပြီး၊ ၎င်းမှတစ်ဆင့် သူ၏ ဘုရားသဘောသဘာဝ အလုပ်ကို ဖော်ပြခြင်း ဖြစ်သည်၊ အကောင်အထည်ဖော်ခံရခြင်း သို့မဟုတ် လူ့ဇာတိခံယူခြင်း ဆိုသည်မှာ ဤအရာပင်ဖြစ်သည်။ သူ၏ ပထမအကြိမ် လူ့ဇာတိခံယူသည့် အတောအတွင်း သူ၏အလုပ်မှာ ရွေးနုတ်ရန် ဖြစ်သည့်အတွက် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် ဘုရားသခင်အတွက် လိုအပ်ခဲ့သည်။ လူသားမျိုးနွယ် တစ်ရပ်လုံးကို ရွေးနှတ်ရန် အလို့ငှာ သူသည် သနားကြင်နာတတ်ရန်နှင့် ခွင့်လွှတ်တတ်ရန် လိုအပ်ခဲ့သည်။ ကားစင်တင်ခြင်း မခံရမီ သူလုပ်ဆောင်ခဲ့သည့် အလုပ်မှာ နာမကျန်းသောသူကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်း ဖြစ်ပြီး၊ ထိုအရာမှာ လူသားကို အပြစ်တရားနှင့် မစင်ကြယ်ခြင်းမှ သူ၏ကယ်တင်ခြင်း အကြောင်းကို ကြိုတင်နိမိတ်ပြခဲ့ခြင်း ဖြစ်သည်။ ထိုခေတ်သည် ကျေးဇူးတော်ခေတ် ဖြစ်သည့်အတွက် နာမကျန်းသောသူများကို သူကျန်းမာအောင်လုပ်ပေးရန် လိုအပ်ခဲ့ပြီး ဤနည်းဖြင့် ထိုခေတ်တွင် ကျေးဇူးတော်ကို ကိုယ်စားပြုသည့် အရာများဖြစ်သော နိမိတ်လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြသခဲ့သည်၊ အကြောင်းမှာ ကျေးဇူးတော်ခေတ်သည် ယေရှု၌ထားရှိသည့် လူများ၏ ယုံကြည်ခြင်း၏ အမှတ်သညာအားလုံးဖြစ်သော ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနှင့် ရုပ်ဝတ္ထုပစ္စည်းများဖြင့် သင်္ကေတပြုထားသည့် ကျေးဇူးတော်ကို အပ်နှင်းခြင်း အပေါ်တွင် ဗဟိုပြုထားသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ နာမကျန်းသောသူကို ကုသပေးခြင်း၊ နတ်ဆိုးများကို နှင်ထုတ်ခြင်းနှင့် ကျေးဇူးတော်ကို အပ်နှင်းပေးခြင်းတို့သည် ကျေးဇူးတော်ခေတ်တွင် ယေရှု၏ ဇာတိပကတိက ပိုင်ဆိုင်သော ပင်ကိုစွမ်းရည်များပင် ဖြစ်သည်၊ ၎င်းတို့မှာ ဇာတိပကတိ၌ ဝိညာဉ်တော်က အကောင်အထည်ဖော်သော အလုပ်ဖြစ်သည်။ သို့သော် သူသည် ထိုသို့သော အလုပ်ကို လုပ်ဆောင်နေသည့်အချိန်တွင် ဇာတိပကတိ၌ ရှင်သန်ခဲ့ခြင်းဖြစ်သည်၊ ဇာတိပကတိကို ကျော်လွန်ခဲ့ခြင်း မရှိပေ။ မည်ကဲ့သို့သော အနာရောဂါငြိမ်းစေခြင်း အပြုအမူများကို သူထမ်းဆောင်ခဲ့သည်ဖြစ်စေ၊ သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ဆဲပင်ဖြစ်ပြီး၊ သာမန် လူသားဘဝကို ရှင်သန်ခဲ့ဆဲပင် ဖြစ်သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်ခေတ် အတောအတွင်း ဝိညာဉ်တော်၏ အလုပ်အားလုံးကို ဇာတိပကတိက ထမ်းဆောင်သည်ဟု ငါပြောရခြင်း၏ အကြောင်းရင်းမှာ မည်သည့်အလုပ်ကို သူလုပ်ဆောင်သည်ဖြစ်စေ၊ သူသည် ဇာတိပကတိ၌ လုပ်ဆောင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် သူ၏ အလုပ်ကြောင့် လူများသည် သူ၏ ဇာတိပကတိအား ခန္ဓာဆိုင်ရာ အနှစ်သာရများ အပြည့်အဝရှိသည်ဟု မမှတ်ယူခဲ့ကြပေ၊ အကြောင်းမှာ ဤဇာတိပကတိသည် အံ့သြဖွယ်သော အမှုများကို လုပ်ဆောင်နိုင်ပြီး၊ အချို့သော ထူးခြားသည့် အခိုက်အတန့်များတွင် ဇာတိပကတိကို ကျော်လွန်သောအရာများ လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ မှန်ပေသည်၊ ဤအဖြစ်အပျက်များ အားလုံးသည် ရက်လေးဆယ် အစမ်းသပ်ခံခြင်း သို့မဟုတ် တောင်ပေါ်တွင် သူ၏အဆင်းသဏ္ဌာန် ပြောင်းလဲခြင်းတို့ကဲ့သို့ သူ၏ အမှုတော်ကို သူစတင်ထမ်းဆောင်သည့် နောက်ပိုင်းမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယေရှုနှင့် ဆိုပါက၊ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံခဲ့ခြင်း မရှိဘဲ၊ တစ်စိတ်တစ်ဒေသသာ ပြည့်စုံခဲ့သည်။ သူ၏အလုပ်ကို မစတင်မီ ဇာတိပကတိ၌ နေထိုင်ခဲ့သော သူ၏အသက်တာသည် အရာအားလုံးနှင့် စပ်လျဉ်း၍ လုံး၀ သာမန်ပင်ဖြစ်သည်။ အလုပ်ကို သူစတင်ပြီးနောက်တွင် သူသည် သူ့ဇာတိပကတိ၏ အပြင်ပန်းကိုယ်ထည်ကိုသာ ထိန်းသိမ်းထားခဲ့သည်။ သူ၏ အလုပ်မှာ ဘုရားသဘောသဘာဝ၏ ဖော်ပြချက်တစ်ရပ် ဖြစ်သဖြင့်၊ ၎င်းသည် ဇာတိပကတိ၏ သာမန် လုပ်ဆောင်ချက်များကို ကျော်လွန်ခဲ့သည်။ စင်စစ်မှာကား ဘုရားသခင် ခံယူထားသော လူ့ဇာတိသည် အသွေးအသားရှိသော လူသားများနှင့် ကွဲပြားခြားနားသည်။ သူ၏ နေ့စဉ်အသက်တာတွင် သူသည် အခြားသူများကဲ့သို့ပင် အစားအစာ၊ အဝတ်အထည်၊ အိပ်စက်ခြင်းနှင့် နေရာထိုင်ခင်းတို့ လိုအပ်ခဲ့သည်၊ သာမန်လိုအပ်ချက်များ အားလုံးကိုလည်း လိုအပ်ခဲ့သည်၊ သာမန်သက်ရှိလူသား တစ်ဦးကဲ့သို့ ကျိုးကြောင်းဆင်ခြင်၊ တွေးခေါ်ခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ လူများသည် သူ့ကို သာမန်လူသား တစ်ယောက်အဖြစ် ထင်မှတ်နေခဲ့ကြဆဲပင် ဖြစ်သည်၊ သို့သော် သူ၏လုပ်ဆောင်ခဲ့သောအမှုက သဘာဝလွန်ဖြစ်သည်ဟု ထင်မှတ်နေကြဆဲဖြစ်သည်။ အမှန်အားဖြင့် သူမည်သည့်အရာပင် လုပ်ဆောင်ခဲ့သည် ဖြစ်ပါစေ၊ သူသည် ရိုးရိုး သာမန် လူ့သဘာဝထဲတွင် နေထိုင်ခဲ့သည်၊ ထို့မျှသာမကသေး၊ အလုပ်ကို သူထမ်းဆောင်ခဲ့သည့် အတိုင်းအတာအထိ သူ၏ ကျိုးကြောင်းဆင်ခြင်မှုသည် အထူးသဖြင့် သာမန်ဖြစ်နေခဲ့ပြီး၊ သူ၏ အတွေးအခေါ်များသည်လည်း အထူးသဖြင့် ရှင်းလင်းပြတ်သားနေခဲ့ကာ၊ အခြားမည်သည့် သာမန်လူသားထက်မဆို သာလွန်နေခဲ့သည်။ လူ့ဇာတိခံယူသော ဘုရားသခင်အတွက် ဤကဲ့သို့ တွေးတောရန်နှင့် ကျိုးကြောင်းဆင်ခြင်ရန် လိုအပ်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသဘောသဘာဝ၏အလုပ်ကို ဖော်ပြရန်အတွက် ဆင်ခြင်တုံတရား အလွန်ပင် သာမန်ဖြစ်ပြီး အတွေးများလည်း အလွန်ရှင်းသော ဇာတိပကတိတစ်ရပ် လိုသောကြောင့်ဖြစ်သည်၊ ဤနည်းလမ်းအားဖြင့်သာ သူ၏ ဇာတိပကတိသည် ဘုရားသဘောသဘာဝ၏ အလုပ်ကို ဖော်ပြနိုင်မည်ဖြစ်သည်။ ကမ္ဘာပေါ်တွင် နေထိုင်ခဲ့သည့် ယေရှု၏ နှစ်ပေါင်း သုံးဆယ့်သုံးနှစ်ခွဲ ကာလတစ်လျှောက်အတွင်း သူသည် သူ၏ သာမန် လူ့သဘာဝကို ထိန်းထားခဲ့သည်၊ သို့သော်လည်း သုံးနှစ်ခွဲ သာသာနာအတွင်း သူ၏အလုပ်ကြောင့် လူများက သူသည် အလွန်ပင် ထူးကဲသာလွန်ပြီး၊ ယခင်ကထက်ပင် ပို၍ သဘာ၀လွန်ဖြစ်ပေသည်ဟု တွေးထင်ခဲ့ကြသည်။ အမှန်တွင် ယေရှု၏ သာမန် လူ့သဘာဝသည် သူ၏အမှုတော်ကို သူမစတင်မီနှင့် စတင်ပြီး နောက်ပိုင်းတွင်ပါ မပြောင်းမလဲ ရှိနေခဲ့သည်၊ သူ၏ လူ့သဘာဝသည် တစ်လျှောက်လုံးတွင် အတူတူပင် ဖြစ်သည်၊ သို့သော် သူ၏အမှုတော်ကို သူမစတင်မီနှင့် စတင်ပြီး နောက်ပိုင်းကြား ကွဲပြားခြားနားမှုကြောင့် သူ၏ ဇာတိပကတိနှင့် ပတ်သက်၍ ကွဲပြားသော အမြင်နှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ လူများ မည်သို့ပင် တွေးထင်ပါလေစေ၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏မူလ သာမန်လူ့သဘာဝကို တစ်ချိန်လုံး ထိန်းထားခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူ့ဇာတိခံယူခဲ့သည့်အတွက် သူသည် သာမန် လူ့သဘာဝရှိသည့် ဇာတိပကတိ၌ နေထိုင်ခဲ့သည်။ သူသည် သူ၏အမှုတော်ကို ထမ်းဆောင်နေသည် ဖြစ်စေ၊ မထမ်းဆောင်နေသည် ဖြစ်စေ၊ လူ့သဘာဝသည် ဇာတိပကတိ၏ အခြေခံ အနှစ်သာရ ဖြစ်သည့် အတွက် သူ့ဇာတိပကတိ၏ သာမန် လူ့သဘာဝကို ဖျောက်ဖျက်ပစ်၍ မရနိုင်ပေ။ ယေရှုသည် သူ၏ အမှုတော်ကို မထမ်းဆောင်မီတွင် သူ၏ ဇာတိပကတိသည် သာမန်လူတို့၏ လုပ်ဆောင်မှုများကို ဆောင်ရွက်လျက် အကြွင်းမဲ့ သာမန်အဖြစ် နေသည်၊ သူသည် အဘယ်နည်းနှင့်မျှ သဘာဝလွန်ပုံ မရခဲ့ဘဲ၊ မည်သည့် အံ့သြဖွယ် နိမိတ်လက္ခဏာများကိုမျှလည်း မပြသခဲ့ပေ။ ထိုအချိန်တွင် သူ၏ ကြိုးစားအားထုတ်မှုသည် မည်သူထက်မဆို သာ၍ရိုးသားခဲ့ပြီး သာ၍ စိတ်ရင်းမှန်ခဲ့သော်ငြားလည်း၊ သူသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော သာမန်လူသားတစ်ယောက် သက်သက်သာ ဖြစ်သည်။ ဤသည်မှာ ကိုယ်တော်၏ လုံး၀ သာမန်လူ့သဘာဝမှ ၎င်းကိုယ်ကိုယ် ဖော်ပြခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို အကောင်အထည်မဖော်မီ သူသည် မည်သည့်အလုပ်ကိုမျှ လုံးဝမလုပ်ခဲ့သောကြောင့်၊ မည်သူကမျှ သူမည်သူမည်ဝါ ဖြစ်ကြောင်းကို မသိခဲ့ကြ၊ သူ၏ ဇာတိပကတိသည် အခြားသူအားလုံး၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသည်ဟုလည်း မည်သူကမျှ မပြောနိုင်ခဲ့ကြပေ၊ အကြောင်းမှာ သူသည် နိမိတ်လက္ခဏာ တစ်ခုလေးမျှပင် မလုပ်ဆောင်ခဲ့၊ ဘုရားသခင် ကိုယ်တိုင်၏အလုပ်ကို စိုးစဉ်းမျှပင် မလုပ်ဆောင်ခဲ့၍ ဖြစ်သည်။ သို့သော်လည်း၊ သူ၏ အမှုတော်ကို သူစတင် ထမ်းဆောင်ပြီးနောက်ပိုင်းတွင် သူသည် သာမန် လူ့သဘာဝ၏ အပြင်ပန်းကိုယ်ထည်ကို ဆက်ထိန်းသိမ်းထားပြီး သာမန်လူသား ဆင်ခြင်တုံတရားနှင့်ပင် ဆက်၍ နေထိုင်ခဲ့သည်၊ သို့သော် သူသည် ဘုရားသခင် ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်ရန်၊ ခရစ်တော်၏ အမှုတော်ကို အကောင်အထည်ဖော်ရန်နှင့် သေမျိုးဖြစ်သော အသွေးအသား ဇာတိပကတိနှင့် လူသားတို့ တတ်စွမ်းနိုင်စွမ်း မရှိသော အလုပ်ကို လုပ်ဆောင်ရန် စတင်ခဲ့ပြီး ဖြစ်သောကြောင့်၊ လူများမှာ သူ၌ သာမန် လူ့သဘာဝ မရှိ၊ လုံး၀ သာမန် ဇာတိပကတိ မဟုတ်ဘဲ မပြည့်စုံသော ဇာတိပကတိသာ ရှိသည်ဟု ထင်မှတ်ခဲ့ကြသည်။ သူလုပ်ဆောင်ခဲ့သော အလုပ်ကြောင့် လူများက သူသည် ဇာတိပကတိရှိ ဘုရားသခင်သာ ဖြစ်ပြီး သာမန်လူ့သဘာဝ မရှိဟု ဆိုခဲ့ကြသည်။ လူများက ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို သဘောပေါက်နားလည်နိုင်ခြင်း မရှိသည့်အတွက်၊ ဤအရာမှာ လွဲမှားသော နားလည်မှုပင် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင် ဖော်ပြခဲ့သည့် အမှုသည် သာမန် လူ့သဘာဝရှိသော ဇာတိပကတိ၌ ဖော်ပြခဲ့သည့် ဘုရားသဘောသဘာဝ၏ အလုပ်ဖြစ်သောကြောင့် လူတို့ ထိုသို့ နားလည်မှု လွဲကြခြင်းဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိကို ၀တ်ဆင်ထားပြီး၊ ဇာတိပကတိအထဲတွင် ကျိန်းဝပ်ခဲ့ကာ၊ သူ၏ လူ့သဘာဝထဲရှိ သူ၏အလုပ်သည် သူ၏လူ့သဘာဝ၏ သာမန် သဘောကို မှေးမှိန်စေခဲ့သည်။ ဤအကြောင်းကြောင့်ပင် လူများက ဘုရားသခင်သည် လူ့သဘာဝ မရှိဘဲ ဘုရားသဘောသဘာ၀သာ ရှိသည်ဟု ယုံကြည်ခဲ့ကြခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၂)

ပထမ လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးမြောက်အောင် မလုပ်ဆောင်ခဲ့ပေ၊ သူသည် ဘုရားသခင် ဇာတိပကတိ၌ လုပ်ဆောင်နိုင်ရန် လိုအပ်ခဲ့သည့် အလုပ်၏ ပထမအဆင့်ကိုသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူ့ဇာတိခံယူခြင်း၏ အလုပ်ကို ပြီးဆုံးစေရန် အလို့ငှာ၊ ဘုရားသခင်သည် ဇာတိပကတိသို့ နောက်တစ်ကြိမ် ပြန်ကြွလာခဲ့ပြီး၊ ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်သောသဘော အားလုံးကို အသက်ရှင်နေထိုင်သွားသည်၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လုံး၀ ပုံမှန် ရိုးရိုးဇာတိပကတိထဲတွင် ထင်ရှားပြသစေခြင်း ဖြစ်သည်၊ ဤနည်းအားဖြင့် သူမလုပ်ဆောင်ရသေးသည့် ဇာတိပကတိထဲမှ အလုပ်ကို အဆုံးသတ်သွား၏။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် အနှစ်သာရအားဖြင့် ပထမအကြိမ်နှင့် တူသော်လည်း၊ ပထမအကြိမ်ထက် သာ၍ပင် စစ်မှန်သည်၊ သာ၍ပင် ပုံမှန်ဖြစ်သည်။ အကျိုးဆက်အနေနှင့်၊ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ ခံစားရသော ဆင်းရဲဒုက္ခသည် ပထမအကြိမ်ထက် ပို၍ ကြီးမားသည်၊ သို့သော် ဤဆင်းရဲဒုက္ခသည် လူ့ဇာတိ၌ လုပ်ဆောင်သော သူ့အမှုတော်၏ ရလဒ်သာဖြစ်ပြီး၊ ၎င်းသည် ဖောက်ပြန်ပျက်စီးနေသော လူသားများ၏ ဆင်းရဲဒုက္ခနှင့် ကွဲပြားခြားနားသည်။ ၎င်းသည်လည်း သူ့ဇာတိပကတိ၏ သာမန်သဘောနှင့် စစ်မှန်မှုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူ၏ အမှုတော်ကို သူသည် လုံး၀သာမန်ဖြစ်ကာ စစ်မှန်သော ဇာတိပကတိ၌ ထမ်းဆောင်သည့်အတွက်၊ ဇာတိပကတိသည် အကြီးအကျယ် ခက်ခဲမှုကို ခံရပ်ရပေမည်။ သူ၏ဇာတိပကတိမှာ လက်တွေ့ကျပြီး သာမန်ဖြစ်လေလေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်ရာတွင် သူ ဆင်းရဲဒုက္ခခံစားရလေလေ ဖြစ်လိမ့်မည်။ ဘုရားသခင်၏အလုပ်ကို လုံးဝသဘာဝလွန် မဟုတ်သော၊ အလွန်သာမန်ဖြစ်သော ဇာတိပကတိ၌ ဖော်ပြသည်။ သူ၏ ဇာတိပကတိသည် သာမန်ဖြစ်ပြီး လူသားအား ကယ်တင်ခြင်း အလုပ်ကိုလည်း တာ၀န်ယူရမည် ဖြစ်သဖြင့်၊ သူသည် သဘာဝလွန် ဇာတိပကတိက ခံရမည့် ဆင်းရဲဒုက္ခထက် ပို၍ ကြီးမားသော အတိုင်းအတာကို ခံစားခဲ့ရသည်၊ ဤဆင်းရဲဒုက္ခ အားလုံးသည် သူ့ဇာတိပကတိ၏ စစ်မှန်မှုနှင့် သာမန်သဘောမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူတို့၏ အမှုတော်များကို ထမ်းဆောင်နေစဉ်အတွင်း ဇာတိပကတိ နှစ်ခု ကြုံတွေ့ခဲ့ရသည့် ဆင်းရဲဒုက္ခမှ လူ့ဇာတိခံယူသော ဇာတိပကတိ၏ အနှစ်သာရကို တွေ့မြင်နိုင်သည်။ ဇာတိပကတိသည် သာမန်ဖြစ်လေလေ၊ အလုပ်ကို ဆောင်ရွက်ချိန်တွင် သူသည် ကြံ့ကြံ့ခံရမည့် အခက်အခဲ ကြီးမားလေလေ ဖြစ်သည်၊ အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် စစ်မှန်လေလေ၊ လူများ၏ အယူအဆများ ပြင်းထန်လာလေလေ ဖြစ်ပြီး၊ သူ့အပေါ် ဘေးအန္တရာယ်များ ကျရောက်လာနိုင်လေလေ ဖြစ်သည်။ သို့သော်ငြားလည်း ဇာတိပကတိသည် စစ်မှန်လေလေ၊ ဇာတိပကတိသည် လိုအပ်ရာများနှင့် သာမန် သက်ရှိ လူသားတစ်ယောက်၏ အသိစိတ်အပြည့်အစုံတို့ကို ပိုင်ဆိုင်လေလေ ဖြစ်ပြီး၊ ဘုရားသခင်၏ အလုပ်ကို ဇာတိပကတိထဲ၌ သူသည် ဆောင်ရွက်နိုင်စွမ်း ရှိလေလေဖြစ်သည်။ ကားတိုင်ပေါ်တွင် သံမှို ရိုက်နှက်ခြင်း ခံခဲ့ရသည်မှာ ယေရှု၏ ဇာတိပကတိပင် ဖြစ်ပြီး၊ အပြစ်ဖြေရာယဇ်အနေနှင့် ပေးအပ်ခဲ့သော သူ၏ ဇာတိပကတိ ဖြစ်သည်၊ သူစာတန်ကို အနိုင်ယူပြီး လူသားကို လက်ဝါးကပ်တိုင်မှ အပြည့်အ၀ ကယ်တင်ခဲ့ခြင်းမှာလည်း သာမန်လူ့သဘာဝရှိသော ဇာတိပကတိ အားဖြင့်ပင် ဖြစ်သည်။ ထို့အပြင် ဒုတိယအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် သိမ်းပိုက်သော အလုပ်ကို ထမ်းဆောင်ပြီး စာတန်ကို အနိုင်ယူခြင်းမှာလည်း ပြီးပြည့်စုံသော ဇာတိပကတိ အနေနှင့်ပင် ဖြစ်သည်။ လုံး၀ သာမန်ဖြစ်ပြီး စစ်မှန်သော ဇာတိပကတိသာလျှင် သိမ်းပိုက်ခြင်း အလုပ်တစ်ခုလုံးကို ထမ်းဆောင်နိုင်မည်ဖြစ်ပြီး အစွမ်းထက်သော သက်သေခံချက်ပေးနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ သဘာဝလွန်သော အံ့သြဖွယ်ရာများနှင့် ထုတ်ဖော်ခြင်းများမှတစ်ဆင့် မဟုတ်ဘဲ၊ ဇာတိပကတိထဲရှိ ဘုရားသခင်၏ စစ်မှန်ခြင်းနှင့် သာမန်သဘောမှတစ်ဆင့်သာ လူသားအား သိမ်းပိုက်ခြင်းကို ထိထိရောက်ရောက် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်၏ အမှုတော်မှာ စကားပြောရန်ဖြစ်ပြီး၊ ဤနည်းဖြင့် လူသားကို သိမ်းပိုက်ပြီး စုံလင်စေရန် ဖြစ်သည်၊ တစ်နည်းဆိုရလျှင်၊ ဇာတိပကတိထဲတွင် ပြီးပြည့်မြောက်သော ဝိညာဉ်တော်၏ အလုပ်၊ ဇာတိပကတိ၏ တာဝန်မှာ စကားပြောရန်ဖြစ်ပြီး ဤနည်းအားဖြင့် လူသားကို လုံး၀သိမ်းပိုက်၊ ဖွင့်ပြကာ စုံလင်စေပြီး ပယ်ရှင်းရန်ပင် ဖြစ်သည်။ ထို့ကြောင့် သိမ်းပိုက်ခြင်း အလုပ်အားဖြင့် ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် အပြည့်အဝ ပြီးမြောက် အောင်မြင်မည် ဖြစ်သည်။ ကနဦး ရွေးနှုတ်ခြင်း အလုပ်သည် လူ့ဇာတိခံယူခြင်း အလုပ်၏ အစအဦးပိုင်းမျှသာ ဖြစ်သည်၊ သိမ်းပိုက်ခြင်း အလုပ်ကို လုပ်ဆောင်သည့် ဇာတိပကတိသည် လူ့ဇာတိခံယူခြင်း၏ အလုပ်တစ်ခုလုံးကို ပြီးပြည့်စုံစေ လိမ့်မည် ဖြစ်သည်။ လိင်သတ်မှတ်ချက်တွင်၊ တစ်ဦးသည် အမျိုးသားဖြစ်ပြီး၊ အခြားတစ်ဦးမှာ အမျိုးသမီး ဖြစ်သည်၊ ထို့ကြောင့် ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်သည် ပြီးပြည့်စုံသွားပြီ ဖြစ်ပြီး၊ ၎င်းသည် ဘုရားသခင်နှင့် ပတ်သက်သည့် လူသားများ၏ အယူအဆများကို ပပျောက်စေသည်၊ ဘုရားသခင်သည် အမျိုးသားရော၊ အမျိုးသမီးပါ နှစ်မျိုးစလုံးဖြစ်နိုင်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် အနှစ်သာရအားဖြင့် လိင်သတ်မှတ်ချက် မရှိပေ။ သူသည် ယောက်ျားနှင့် မိန်းမ နှစ်မျိုးစလုံးကို ဖန်ဆင်းခဲ့ပြီး၊ သူ့အတွက် လိင်သတ်မှတ်ချက် မရှိပေ။ အလုပ်၏ ဤအဆင့်တွင် ဘုရားသခင်သည် နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သောအမှုများကို မလုပ်ဆောင်သည်မှာ အလုပ်သည် နှုတ်ကပတ်တော်များအားဖြင့် ရလဒ်များကို ရရှိရန်အတွက် ဖြစ်သည်။ ထို့အပြင်၊ ဤသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အလုပ်မှာ ဤအကြိမ်တွင် နာမကျန်းသောသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်ဘဲ၊ စကားပြောခြင်းအားဖြင့် လူသားကို သိမ်းပိုက်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသခင် ခံယူထားသော ဤလူ့ဇာတိမှ ပိုင်ဆိုင်ထားသော ပင်ကိုစွမ်းရည်မှာ နှုတ်ကပတ်တော်များကို ပြောဆိုပြီး လူသားကို သိမ်းပိုက်ရန်ပင် ဖြစ်သည်၊ နာမကျန်းသူကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်မဟုတ်ပေ။ သာမန် လူ့သဘာဝထဲရှိ သူ၏အလုပ်သည် အံ့သြဖွယ်ရာများကို ပြုလုပ်ရန် မဟုတ်၊ နာမကျန်းသူတို့ကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန်လည်း မဟုတ်ဘဲ၊ စကားပြောရန် ဖြစ်သည်၊ ထို့ကြောင့် ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများအတွက် ပထမတစ်ကြိမ်ထက် ပို၍ သာမန်ဖြစ်သည်ဟု ထင်ရသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် မုသားမဟုတ်မှန်း သိမြင်ကြသော်လည်း၊ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ယေရှု လူ့ဇာတိခံယူခြင်းနှင့် ကွဲပြားခြားနားပြီး၊ သူတို့ နှစ်ဦးစလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သော်လည်း၊ သူတို့သည် လုံး၀တူညီနေခြင်းကား မဟုတ်ပေ။ ယေရှုသည် ပုံမှန် လူ့သဘာဝ၊ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သော်လည်း၊ နိမိတ်လက္ခဏာများ၊ အံ့သြဖွယ်ရာများစွာသည် သူနှင့်အတူရှိနေခဲ့သည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်တွင် လူသား၏မျက်လုံးများသည် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများ၊ နာမကျန်းသောသူများကို ကျန်းမာစေခြင်း၊ နတ်ဆိုးများကို မောင်းထုတ်ခြင်း၊ ပင်လယ်ပေါ်၌ လမ်းလျှောက်ခြင်း၊ ရက်လေးဆယ် အစာရှောင်ခြင်း အစရှိသည်တို့ကို မြင်တွေ့ရလိမ့်မည် မဟုတ်ပေ။...သူသည် ယေရှု လုပ်ဆောင်ခဲ့သည့် အလုပ်ကို မလုပ်ဆောင်ပေ၊ အကြောင်းမှာ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ယေရှု၏ ဇာတိပကတိနှင့် ကွဲပြားခြားနားသောကြောင့် မဟုတ်ဘဲ၊ သူ၏ အမှုတော်မှာ နာမကျန်းသောသူများကို ကျန်းမာစေရန်နှင့် နတ်ဆိုးများကို နှင်ထုတ်ရန် မဟုတ်သည့် အတွက်ကြောင့်ပင် ဖြစ်သည်။ သူသည် သူကိုယ်တိုင်၏ အလုပ်ကို မဖြိုဖျက်ပေ၊ သူကိုယ်တိုင်၏အလုပ်ကို မနှောင့်ယှက်ပေ။ သူသည် လူသားကို သူ၏ စစ်မှန်သော နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်သည့်အတွက်၊ လူသားကို အံ့သြဖွယ်ရာများနှင့် ချိုးနှိမ်ရန် မလိုအပ်တော့ပေ၊ ထို့ကြောင့် ဤအဆင့်သည် လူ့ဇာတိခံယူခြင်း အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ သင်ယနေ့ မြင်တွေ့ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်ပြီး၊ သူနှင့်ပတ်သက်ပြီး မည်သည့် သဘာဝလွန် အရာမျှ မရှိပေ။ သူသည် အခြားသူများကဲ့သို့ ဖျားနာသည်၊ အခြားသူများကဲ့သို့ပင် အစားအစာနှင့် အဝတ်အထည်ကို လိုအပ်သည်။ သူသည် အပြည့်အ၀ ဇာတိပကတိတစ်ရပ် ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ လူ့ဇာတိခံယူသော ဘုရားသခင်သည် သဘာဝလွန်သော နိမိတ် လက္ခဏာများနှင့် အံ့ဖွယ်သော အမှုများကို ပြုလုပ်ပြီး၊ နာမကျန်းသောသူတို့ကို ကျန်းမာစေသည်၊ နတ်ဆိုးများကို နှင်ထုတ်သည်၊ သို့မဟုတ် နှုတ်ကပတ်တော်တစ်ခွန်းတည်းနှင့် သေစေနိုင်စွမ်း ရှိသည်ဆိုပါက၊ သိမ်းပိုက်ခြင်း အလုပ်ကို မည်သို့ လုပ်ဆောင်နိုင်မည်နည်း။ တစ်ပါးအမျိုးသား တိုင်းပြည်များသို့ ထိုအလုပ်သည် မည်သို့မည်ပုံ ပျံ့နှံ့နိုင်မည်နည်း။ နာမကျန်းသောသူများကို ကျန်းမာစေခြင်းနှင့် နတ်ဆိုးများကို နှင်ထုတ်ခြင်းသည် ကျေးဇူးတော်ခေတ်၏ အလုပ်ဖြစ်ပြီး၊ ရွေးနုတ်ခြင်းအလုပ်၏ ပထမအဆင့်လည်း ဖြစ်သည်၊ ယခုတွင် ဘုရားသခင်သည် လက်ဝါးကပ်တိုင်အားဖြင့် လူသားကို ကယ်တင်ခဲ့ပြီး ဖြစ်သောကြောင့်၊ သူသည် ထိုအလုပ်ကို မလုပ်ဆောင်တော့ပေ။ အကယ်၍ နောက်ဆုံးသော ကာလတွင် နာမကျန်းသောသူကို ကျန်းမာစေပြီး၊ နတ်ဆိုးများကို နှင်ထုတ်ကာ၊ လူသားအတွက် ကားစင်တင်ခံမည့် ယေရှုနှင့် အတူတူပင်ဖြစ်သော “ဘုရားသခင်” တစ်ပါး ပေါ်ထွက်လာခဲ့မည် ဆိုပါက၊ သမ္မာကျမ်းစာထဲရှိ ဘုရားသခင်၏ ဖော်ပြချက်များနှင့် ထပ်တူထပ်မျှဖြစ်ပြီး လူသားအတွက် လက်ခံရန် လွယ်ကူသော်ငြားလည်း၊ ၎င်း၏ အနှစ်သာရအရ ဘုရားသခင်၏ ဝိညာဉ်တော်က ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိ ဖြစ်လိမ့်မည် မဟုတ်ဘဲ၊ နတ်ဆိုးက ယူတင်ဝတ်ဆင်ထားသော ဇာတိပကတိသာလျှင် ဖြစ်လိမ့်မည်။ အကြောင်းမှာ သူပြီးပြည့်စုံစေခဲ့ပြီးသော အရာကို မည်သည့်အခါမျှ ထပ်မလုပ်သည်မှာ ဘုရားသခင် အလုပ်၏ အခြေခံသဘောတရား ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရားသခင် ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၏ အလုပ်သည်လည်း ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသည်။ နောက်ဆုံးသော ကာလတွင်၊ ဘုရားသခင်သည် သိမ်းပိုက်ခြင်း အလုပ်ကို ရိုးရိုးပုံမှန် ဇာတိပကတိထဲတွင် အကောင်အထည်ဖော်သည်၊ သူသည် နာမကျန်းသူတို့ကို ကျန်းမာစေခြင်းမပြု၊ လူသားအတွက် ကားစင်တင်ခံရလိမ့်မည် မဟုတ်ဘဲ၊ ဇာတိပကတိ၌ ရိုးစင်းစွာနှင့် နှုတ်ကပတ်တော်များကို ပြောဆိုမည်ဖြစ်ပြီး၊ ဇာတိပကတိ၌ လူသားကို သိမ်းပိုက်မည် ဖြစ်သည်။ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင် ခံယူသော ဇာတိပကတိဖြစ်သည်၊ ထိုကဲ့သို့သော ဇာတိပကတိသာလျှင် ဘုရားသခင်၏ ဇာတိပကတိ၌ အလုပ်ကို ပြီးပြည့်စုံစေနိုင်မည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၃)

ဤအဆင့်တွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် အခက်အခဲကို ကြံ့ကြံ့ခံနေသည် ဖြစ်စေ၊ သူ၏ အမှုတော်ကို ထမ်းဆောင်နေရသည် ဖြစ်စေ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ထိုကဲ့သို့ သူလုပ်ဆောင်ခြင်း ဖြစ်သည်၊ အကြောင်းမှာ ဤသည်ကား ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် နှစ်ကြိမ်တည်းသာ လူ့ဇာတိခံယူနိုင်သည်။ တတိယအကြိမ် မရှိနိုင်ပေ။ ပထမ လူ့ဇာတိခံယူခြင်းသည် အမျိုးသားဖြစ်ခဲ့ပြီး၊ ဒုတိယသည် အမျိုးသမီး ဖြစ်သည့်အတွက်ကြောင့်၊ ဘုရားသခင် ဇာတိပကတိ၏ ပုံရိပ်သည် လူသား၏ စိတ်တွင် ပြီးပြည့်စုံသွားပြီ ဖြစ်သည်၊ ထို့အပြင် လူ့ဇာတိခံယူခြင်း နှစ်ကြိမ်သည် ဇာတိပကတိထဲ၌ ဘုရားသခင်၏ အလုပ်ကို ပြီးဆုံးစေ ခဲ့ပြီးဖြစ်သည်။ ပထမအကြိမ် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် အလို့ငှါ ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်ခဲ့သည်။ ဤတစ်ကြိမ်တွင်လည်း သူသည် သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော်လည်း၊ ဤလူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာမူ ကွဲပြားခြားနားသည်၊ ယင်းသည် ပို၍နက်ရှိုင်းပြီး၊ သူ၏ အလုပ်သည် သာ၍ နက်နဲသော အဓိပ္ပာယ် ရှိသည်။ ဘုရားသခင် လူ့ဇာတိကို နောက်တစ်ကြိမ် ပြန်၍ခံယူရခြင်း၏ အကြောင်းရင်းမှာ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။ ဘုရားသခင်သည် သူ့အလုပ်၏ ဤအဆင့်ကို လုံး၀နိဂုံးချုပ်ပြီးသောအခါ၊ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်အလုံးစုံ၊ ဆိုလိုသည်မှာ၊ ဇာတိပကတိ၌ ဘုရားသခင်၏ အလုပ်သည် ပြီးပြည့်စုံလိမ့်မည် ဖြစ်ပြီး၊ ဇာတိပကတိထဲတွင် လုပ်ဆောင်ရမည့် အလုပ်ရှိတော့မည် မဟုတ်ပေ။ ဆိုလိုသည်မှာ၊ ယခုအချိန်မှစ၍ ဘုရားသခင်သည် သူ၏အလုပ်ကို ဆောင်ရွက်ရန် ဇာတိပကတိသို့ နောက်တစ်ဖန် ဘယ်သောအခါမျှ ပြန်ကြွလာတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ကို ကယ်တင်ရန်နှင့် စုံလင်စေရန်သာ ဘုရားသခင်သည် လူ့ဇာတိခံယူခြင်းအလုပ်ကို လုပ်ဆောင်ခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင်၊ သူ့အလုပ်အတွက်မှလွဲ၍ လူ့ဇာတိခံယူဖို့ ဆိုသည်မှာ ဘုရားသခင် လုပ်လေ့လုပ်ထရှိသည့် အရာတစ်ခု လုံးဝ မဟုတ်ပေ။ အလုပ်လုပ်ဆောင်ရန် ဇာတိပကတိထဲသို့ ကြွလာခြင်းအားဖြင့်၊ သူသည် စာတန်ကို ဘုရားသခင်မှာ ဇာတိပကတိ၊ သာမန် လူပုဂ္ဂိုလ်တစ်ဦး၊ ပုံမှန် လူပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်ငြားလည်း၊ သူသည် လောကအပေါ် ထူးကဲ အောင်မြင်စွာ အုပ်စိုးနိုင်ပြီး၊ စာတန်ကို နှိမ်နှင်းနိုင်ကာ၊ လူသားမျိုးနွယ်ကို ရွေးနုတ်ကယ်တင်ပြီး၊ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်ကြောင်း ပြခြင်းဖြစ်သည်။ စာတန်၏အလုပ်၏ပန်းတိုင်မှာ လူသားမျိုးနွယ်ကို ဖျက်စီးရန် ဖြစ်ပြီး၊ ဘုရားသခင်၏ ပန်းတိုင်မှာမူ လူသားမျိုးနွယ်ကို ကယ်တင်ရန် ဖြစ်သည်။ စာတန်သည် လူသားကို အောက်ခြေမဲ့သော တွင်းနက်ထဲတွင် ပိတ်လှောင်ပြီး၊ ဘုရားသခင်ကမူ လူသားကို ထိုတွင်းထဲမှ ကယ်နုတ်သည်။ စာတန်သည် လူသားအားလုံးကို သူ့အား ကိုးကွယ်စေသည်၊ ဘုရားသခင်ကမူ ၎င်းတို့အား သူ၏ အုပ်စိုးမှုကို ခံစေသည်၊ အကြောင်းမှာ သူသည် ဖန်ဆင်းခြင်း၏ သခင်ဖြစ်သောကြောင့် ဖြစ်သည်။ ဤအလုပ်အားလုံးသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း နှစ်ကြိမ်စလုံးမှတစ်ဆင့် ရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ ဇာတိပကတိသည် အနှစ်သာရအားဖြင့် ဘုရား၏သဘောသဘာဝနှင့် လူ့သဘာဝတို့ ပေါင်းစပ်ခြင်းပင်ဖြစ်ပြီး ပုံမှန် လူ့သဘာဝကို ပိုင်ဆိုင်သည်။ ထို့ကြောင့် ဘုရားသခင် ခံယူသော ဇာတိပကတိ မရှိပါက၊ ဘုရားသခင်သည် လူသားမျိုးနွယ်အား ကယ်တင်ရာတွင် ရလဒ်များကို ရရှိနိုင်မည် မဟုတ်ပေ၊ သူ့ဇာတိပကတိ၏ သာမန်လူ့သဘာဝ မရှိပါကလည်း၊ ဇာတိပကတိ၌ သူ၏ အလုပ်သည်လည်း ဤရလဒ်များကို ရနိုင်ဦးမည် မဟုတ်ပေ။ ဘုရားသခင် လူ့ဇာတိခံယူခြင်း၏ အနှစ်သာရမှာ သူသည် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ရမည်အတွက် ဖြစ်သည်၊ အကြောင်းမှာ ဤကဲ့သို့မဟုတ်ပါက လူ့ဇာတိခံယူရခြင်းတွင် ဘုရားသခင်၏ မူလရည်ရွယ်ချက်နှင့် ဆန့်ကျင်နေမည် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၄)

ယေရှု၏အလုပ်၌ လူ့ဇာတိခံယူခြင်း၏ အဓိပ္ပာယ်မှာ ပြီးပြည့်စုံခဲ့ခြင်းမရှိဟု ငါပြောရခြင်းမှာ အဘယ်ကြောင့်နည်း။ အကြောင်းမှာ နှုတ်ကပတ်တော်သည် ဇာတိပကတိ လုံးလုံးလျားလျား ဖြစ်မလာခဲ့သောကြောင့် ဖြစ်သည်။ ယေရှုပြုခဲ့သည့်အရာမှာ ဇာတိပကတိ၌ ဘုရားသခင်၏အလုပ်၏ တစ်ပိုင်းမျှသာ ဖြစ်သည်၊ သူသည် ရွေးနုတ်ခြင်း အလုပ်ကိုသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လူသားအား လုံး၀ ရယူပိုင်ဆိုင်ခြင်း အလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ ဤအကြောင်းကြောင့် ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် နောက်တစ်ကြိမ် လူ့ဇာတိခံယူခြင်းဖြစ်သည်။ အလုပ်၏ ဤအဆင့်ကိုလည်း သာမန်ဇာတိပကတိ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ လုံး၀ သာမန်ဖြစ်သော၊ လူ့သဘာဝမှာ စိုးစဉ်းမျှပင် ထူးကဲသာလွန်ခြင်း မရှိသော လူသားတစ်ဦးမှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အခြားတစ်နည်းနှင့် ဆိုရလျှင်၊ ဘုရားသခင်သည် လူသား လုံး၀ ဖြစ်သွားသည်၊ သူ၏ကိုယ်ပိုင်လက္ခဏာသည် ဘုရားသခင်၏ ကိုယ်ပိုင်လက္ခဏာ ဖြစ်ပြီး၊ အလုပ်ကို လုပ်ဆောင်နေသည့် လုံး၀သက်ရှိလူသား၊ လုံး၀ ဇာတိပကတိ ဖြစ်သည်။ လူ့မျက်စိသည် ကောင်းကင် ဘာသာစကားကို ပြောဆိုနိုင်သော ပကတိ သာမန်လူပုဂ္ဂိုလ် တစ်ဦး၊ စည်းဝေးခန်းမကြီးများတွင် ဘာသာရေး၏ အတွင်းကျသော သမ္မာတရားကို ထုတ်ဖော်ပြရန် မဆိုထားနှင့် အံ့သြဖွယ် နိမိတ်လက္ခဏာများ ဘာမျှမပြသူ၊ အံ့ဖွယ်ရာများ ဘာမျှ မလုပ်ဆောင်သော၊ လုံး၀ ထူးကဲသာလွန်ခြင်း မရှိသော ဇာတိခန္ဓာကို မြင်သည်။ ဒုတိယ အကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် လူများအတွက် ပထမ အကြိမ်နှင့် လုံးဝ မတူကွဲပြား နေသကဲ့သို့ ထင်ရသည်၊ ကွဲပြားလွန်းလှသည့်အတွက် သူတို့နှစ်ခုတွင် တူသောအရာ ဘာမျှ မရှိဟု ထင်မှတ်ရပြီး၊ ပထမ အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဤတစ်ကြိမ်တွင် မမြင်တွေ့နိုင်ပေ။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိ၏ အလုပ်သည် ပထမအကြိမ်၏ အလုပ်နှင့် ကွဲပြားခြားနားသော်လည်း၊ ထိုအချက်က သူတို့၏ အရင်းအမြစ်သည် တူညီသောအရာ တစ်ခုတည်းမဟုတ်ကြောင်း သက်သေမပြပေ။ သူတို့၏ အရင်းအမြစ်သည် တစ်ခုတည်း ဟုတ်၊ မဟုတ် ဆိုသည်မှာ သူတို့၏ အပြင်ပိုင်းကိုယ်ထည်များအပေါ်၌ မူတည်ခြင်း မရှိဘဲ၊ ဇာတိပကတိများမှ လုပ်ဆောင်ခဲ့သည့် အလုပ်၏ သဘာဝအပေါ်တွင်သာ မူတည်သည်။ သူ့အလုပ်၏ အဆင့်သုံးဆင့် အတောအတွင်း၊ ဘုရားသခင်သည် နှစ်ကြိမ် လူ့ဇာတိခံယူခဲ့ပြီး၊ နှစ်ကြိမ်စလုံးတွင် ဘုရားသခင်၏ လူ့ဇာတိခံယူသော အလုပ်သည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်ပေးသည်၊ အလုပ်သစ်တစ်ခုကို အစပြုပေးသည်၊ လူ့ဇာတိခံယူခြင်းများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ပြည့်စုံစေသည်။ အမှန်တကယ်အားဖြင့် ဇာတိပကတိနှစ်ပါးသည် အရင်းအမြစ် တစ်ခုတည်းမှ လာသည် ဆိုခြင်းကို လူသားမျက်လုံးများဖြင့် မြင်နိုင်ရန်မှာမူ မဖြစ်နိုင်ပေ။ ထိုသို့မြင်နိုင်ဖို့ဆိုသည်မှာ လူသားမျက်လုံးနှင့် လူသားစိတ်တို့၏ တတ်စွမ်းနိုင်သည်ထက် လွန်သည်ဆိုခြင်းကို ပြောရန်ပင် မလိုအပ်ပေ။ သို့သော် ၎င်းတို့၏ အနှစ်သာရ၌မူ ၎င်းတို့သည် အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ သူတို့၏ အလုပ်သည် ဝိညာဉ်တော်တစ်ပါးတည်းမှ အရင်းခံသောကြောင့် ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ပါးသည် တူညီသော အရင်းအမြစ်မှ ပေါ်ထွက်လာခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို သူတို့ မွေးဖွားခဲ့သည့် ခေတ်ကာလနှင့် နေရာဒေသများအားဖြင့် သို့မဟုတ် ထိုကဲ့သို့သော အခြားအကြောင်းရင်းများဖြင့် ဆုံးဖြတ်၍ မရဘဲ၊ သူတို့မှ ဖော်ပြသည့် ဘုရားသဘောသဘာဝ အလုပ်အားဖြင့်သာ ဆုံးဖြတ်၍ ရမည်ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် ယေရှုလုပ်ဆောင်ခဲ့သော အလုပ်နှင့်သက်ဆိုင်သော မည်သည့်အရာကိုမျှ ဆောင်ရွက်ခြင်းမရှိပေ၊ အကြောင်းမှာ ဘုရားသခင်၏ အလုပ်သည် လုပ်ရိုးလုပ်စဉ်များကို မလိုက်နာဘဲ၊ အကြိမ်တိုင်းတွင် ၎င်းသည် လမ်းကြောင်းအသစ်ကို ဖွင့်ပေးသောကြောင့် ဖြစ်သည်။ ဒုတိယအကြိမ် ခံယူသော ဇာတိပကတိသည် လူများ၏ စိတ်ထဲရှိသော ပထမ ဇာတိပကတိအပေါ် ထင်မြင်ချက်ကို နက်ရှိုင်းစေရန် သို့မဟုတ် ခိုင်ခံ့စေရန် မရည်ရွယ်ဘဲ၊ ဖြည့်စွက်ရန်နှင့် စုံလင်စေရန်၊ ဘုရားသခင်နှင့် ပတ်သက်သည့် လူသား၏ အသိပညာကို နက်ရှိုင်းစေရန်၊ လူတို့၏ နှလုံးသားများထဲ၌ တည်ရှိသော စည်းကမ်းများ အားလုံးကို ချိုးဖျက်ရန်နှင့် သူတို့၏ နှလုံးသားများထဲ၌ ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် မှားယွင်းသော ပုံရိပ်ကို သုတ်သင်ပယ်ရှင်းရန် ဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်၏အလုပ်၏ မည်သည့်သီးသန့်အဆင့် တစ်ဆင့်ကမျှ လူသားကို ကိုယ်တော်နှင့်ပတ်သက်သည့် စုံလင်သည့် အသိပညာကို မပေးနိုင်ဟု ပြော၍ရသည်၊ တစ်ဆင့်စီသည် အစိတ်အပိုင်း တစ်ခုကိုသာ ပေးပြီး၊ အလုံးစုံကို မပေးပေ။ ဘုရားသခင်သည် သူ၏ စိတ်သဘောထားကို အပြည့်အဝ ဖော်ပြခဲ့ပြီး ဖြစ်သော်လည်း၊ လူသား၏ နည်းပါးသော နားလည်နိုင်စွမ်းကြောင့် ဘုရားသခင်နှင့် ပတ်သက်သော သူ၏ အသိပညာမှာ မပြည့်မစုံဘဲ ရှိနေသည်။ လူ့ဘာသာ စကားကို အသုံးပြု၍ ဘုရားသခင်၏ စိတ်သဘောထား အလုံးစုံကို ဖော်ပြရန်မှာ မဖြစ်နိုင်ပေ၊ ထို့အပြင်၊ သူ့အလုပ်၏ အဆင့်တစ်ဆင့်တည်းက ဘုရားသခင်ကို အပြည့်အဝ အဘယ်သို့ ဖော်ပြနိုင်မည်နည်း။ သူ့သာမန် လူ့သဘာဝဖြင့် ကွယ်ဝှက်ထားသော ဇာတိပကတိဖြင့် သူအလုပ်လုပ်ပြီး သူ၏ ခန္ဓာကိုယ်ထည်အားဖြင့် မဟုတ်ဘဲ သူ၏ဘုရားသဘောသဘာဝ၏ ဖော်ပြမှုများအားဖြင့်သာ သူ့ကို သိကျွမ်းနိုင်သည်။ သူ၏ အမျိုးမျိုးသော အလုပ်အားဖြင့် လူသားက သူ့အားသိကျွမ်း လာနိုင်စေရန် ဘုရားသခင်သည် ဇာတိပကတိထဲသို့ ဆင်းကြွလာခြင်းဖြစ်ပြီး၊ သူ့အလုပ်၏ အဆင့်များသည် တစ်ဆင့်နှင့် တစ်ဆင့်လုံးဝ မတူပေ။ ဤနည်းလမ်းအားဖြင့်သာ လူသားသည် ရှုထောင့်တစ်ခုတည်းတွင်ပင် ပိတ်မိမနေဘဲ ဇာတိပကတိထဲရှိ ဘုရားသခင်၏အလုပ်နှင့် ပတ်သက်သည့် ပြည့်စုံသော အသိပညာကို ရရှိနိုင်မည်ဖြစ်သည်။ ခံယူသော ဇာတိပကတိ နှစ်ခု၏ အလုပ်သည် ကွဲပြားခြားနား သော်ငြားလည်း၊ ထိုဇာတိပကတိများ၏ အနှစ်သာရနှင့် သူတို့ အလုပ်၏ အရင်းအမြစ်မှာ ထပ်တူပင် ဖြစ်သည်၊ သူတို့သည် အလုပ်၏ မတူကွဲပြားသော အဆင့်နှစ်ဆင့်ကို ထမ်းဆောင်ရန် တည်ရှိပြီး၊ မတူကွဲပြားသော ခေတ်နှစ်ခေတ်တွင် ပေါ်ထွက်လာခြင်းသာ ဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ခံယူသော ဇာတိပကတိများသည် အနှစ်သာရချင်းတူပြီး အရင်းအမြစ်တူသည်၊ ဤအရာသည် မည်သူမျှ ငြင်းဆို၍ မရနိုင်သော သမ္မာတရားပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင် ကိန်းဝပ်သော ဇာတိပကတိ၏ အနှစ်သာရ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၅)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်ပြီး ခရစ်တော်သည် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဖုံးလွှမ်းထားသည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းဇာတိခန္ဓာမှာ အသွေးအသားတို့ဖြင့် တည်ဆောက်ထားသည့် မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ မတူညီပေ။ ဤသို့ကွဲပြားခြားနားရခြင်းမှာ ခရစ်တော်သည် အသွေးအသားဖြင့် တည်ဆောက်ထားခြင်း မဟုတ်ဘဲ ဝိညာဉ်တော်၏ လူ့ဇာတိခံယူခြင်း ဖြစ်သောကြောင့်ဖြစ်သည်။ သူ၌ သာမန်လူ့သဘာဝနှင့် ပြီးပြည့်စုံသော ဘုရားသဘောသဘာဝ နှစ်မျိုးလုံးရှိသည်။ သူ၏ ဘုရားသဘောသဘာဝကို မည်သည့်လူသားမျှ ပိုင်ဆိုင်ထားခြင်းမရှိ။ သူ၏ဘုရားသဘောသဘာဝအားဖြင့်လည်း ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ဆောင်နေသည့် အတောအတွင်း သာမန်လူ့သဘာဝအတိုင်း အသွေးအသားဖြင့် သာမန်လှုပ်ရှားမှု အားလုံးတို့ကို ဆက်လက် လုပ်ဆောင်နေသည်။ လူ့သဘာဝဖြစ်စေ သို့မဟုတ် ဘုရားသဘောသဘာဝ ဖြစ်စေ နှစ်မျိုးစလုံးသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်အတိုင်း နာခံလုပ်ဆောင်သည်။ ခရစ်တော်၏ဂုဏ်ဒြပ်မှာ ဝိညာဉ်တော်ဖြစ်သည်၊ ဆိုလိုသည်မှာ ဘုရားသဘောသဘာဝ ဖြစ်သည်။ ထို့ကြောင့် သူ၏ဂုဏ်ဒြပ်မှာ ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်၊ ယင်းဂုဏ်ဒြပ်မှာ သူ၏အလုပ်ကို နှောင့်ယှက်လိမ့်မည်မဟုတ်၊ သူ့အနေဖြင့် သူ၏အလုပ်ကို ဖျက်ဆီးမည့် မည်သည့်အမှုမျိုးကိုမျှ လုပ်ဆောင်လိမ့်မည် မဟုတ်၊ ထို့ပြင် သူ၏အလိုတော်ကို ဆန့်ကျင်ဖက်ပြုမည့် မည်သည့် စကားလုံးကိုမျှ သူမိန့်မြွက်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏ကိုယ်ပိုင်စီမံခန့်ခွဲမှုကို အနှောင့်အယှက် ဖြစ်စေသည့် မည်သည့်အလုပ်ကိုမဆို ဘယ်သောအခါမျှ လုံးဝ လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။ ဤသည်မှာ လူသားအားလုံး နားလည် သဘောပေါက်သင့်သည့်အရာ ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော် အလုပ်၏ အနှစ်သာရမှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်စီမံခန့်ခွဲမှု အဖို့အလို့ငှာ ဖြစ်သည်။ ထိုနည်းတူစွာ ခရစ်တော်၏ အလုပ်မှာ လူသားတို့ကို ကယ်တင်ရန်နှင့် ဘုရားသခင်၏ အလိုတော်အဖို့အလို့ငှာ ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိ ခံယူသောကြောင့် သူသည် သူ၏ဇာတိခန္ဓာအတွင်း သူ၏အနှစ်သာရကို ရုပ်အကောင်အထည်ပေါ်စေသဖြင့် သူ၏ဇာတိခန္ဓာသည် သူ၏အလုပ်ကို ဆောင်ရွက်ရန် လုံလောက်၏။ ထို့ကြောင့် လူ့ဇာတိခံယူသည့် အတောအတွင်း ဘုရားသခင့် ဝိညာဉ်တော်၏ အလုပ်အားလုံးကို ခရစ်တော်၏ အလုပ်ဖြင့် အစားထိုးလိုက်သည်၊ ထို့ပြင် လူ့ဇာတိ ခံယူသည့်အချိန် တစ်လျှောက်လုံးတွင် အလုပ်အားလုံး၏ အဓိက အချက်အချာ၌ ခရစ်တော်၏အလုပ် ရှိပေသည်။ ထိုအလုပ်သည် အခြားသော ခေတ်အဆက်ဆက်မှ မည်သည့်အလုပ်မျိုးနှင့်မျှ ရောယှက်နေ၍ မရပါ။ ဘုရားသခင်သည် လူ့ဇာတိခံယူသောကြောင့် သူ့ဇာတိခန္ဓာ၏ ကိုယ်ပိုင်လက္ခဏာနှင့်အညီ အလုပ်လုပ်သည်၊ လူ့ဇာတိကို သူခံယူသည့်အတွက် သူလုပ်သင့်လုပ်ထိုက်သောအလုပ်ကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်ပြီးစီးသည်။ ဘုရားသခင်၏ ဝိညာဉ်တော်ဖြစ်စေ သို့မဟုတ် ခရစ်တော်ပင်ဖြစ်စေ၊ နှစ်မျိုးစလုံးမှာ ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်ပြီး သူလုပ်သင့်လုပ်ထိုက်သော အလုပ်ကို သူလုပ်ဆောင်ပြီး သူဖော်ဆောင်သင့်သော အမှုတော်ကိုလည်း သူဖော်ဆောင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၆)

ဘုရားသခင်၏ ဂုဏ်ဒြပ်ကိုယ်၌က သြဇာအာဏာကို ဆုပ်ကိုင်ထားသည်၊ သို့သော် သူသည် မိမိထံမှလာသော သြဇာအာဏာအတိုင်း အပြည့်အဝ လိုက်နာဆောင်ရွက်နိုင်သည်။ ဝိညာဉ်တော်၏ အလုပ်ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာ၏ အလုပ်ဖြစ်စေ မည်သည့်အလုပ်မျှ အခြားသောအရာနှင့် ပဋိပက္ခမရှိပါ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဖန်ဆင်းခံ အရာအားလုံးအပေါ်ရှိ သြဇာအာဏာပင် ဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်ဒြပ်ပါသော ဇာတိခန္ဓာသည်လည်း သြဇာအာဏာ ပိုင်ဆိုင်သည်၊ သို့သော် ဇာတိခန္ဓာထဲရှိ ဘုရားသခင် သည်လည်း ကောင်းကင်ဘုံ၌ရှိသော ခမည်းတော်၏အလိုတော်ကို လိုက်နာသည့် အလုပ်အားလုံးကို ဆောင်ရွက်နိုင်သည်။ ဤအရာကို မည်သည့်လူသားတစ်ဦးတစ်ယောက်မျှ မကြိုးပမ်းနိုင် သို့မဟုတ် စိတ်ကူးမပေါက်နိုင်ကြ။ ဘုရားသခင် ကိုယ်တော်တိုင်က သြဇာအာဏာ ဖြစ်သည်၊ သို့သော် သူ၏ဇာတိခန္ဓာက သူ၏ သြဇာအာဏာအတိုင်း လိုက်နာဆောင်ရွက်နိုင်သည်။ ယင်းမှာ “ခရစ်တော်သည် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို နာခံသည်” ဟူသော စကား၏ အတွင်းကျသည့် အနက်အဓိပ္ပာယ်ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်ပြီး ကယ်တင်ခြင်းအလုပ်ကို ဆောင်ရွက်နိုင်သည်၊ ထိုနည်းတူ ဘုရားသခင်သည် လူသားဖြစ်လာနိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်ကိုယ်တော်တိုင်က သူ၏အလုပ်ကို လုပ်ဆောင်သည်၊ နှစ်ဦးနှစ်ဖက် ပဋိပက္ခသို့ ဦးတည်သော အလုပ်မျိုးကို လုပ်ရန်မဆိုထားနှင့် သူသည် မိမိအလုပ်အပေါ် အနှောင့်အယှက် မပြုသကဲ့သို့ ဝင်ရောက်မစွက်ဖက်ပေ၊ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်တော်က လုပ်ဆောင်သောအမှုနှင့် ဇာတိခန္ဓာက လုပ်ဆောင်သော အမှု၏ ဂုဏ်ဒြပ်မှာ ထပ်တူပင်ဖြစ်သောကြောင့်ဖြစ်သည်။ ဝိညာဉ်တော် ဖြစ်စေ သို့မဟုတ် ဇာတိခန္ဓာဖြစ်စေ နှစ်မျိုးစလုံးသည် တစ်ခုသော အလိုတော်ကို ဖြည့်စွက်ရန်နှင့် တူညီသော အလုပ်တစ်ခုတည်းကို စီမံခန့်ခွဲရန် လုပ်ဆောင်သည်။ ဝိညာဉ်တော်နှင့် ဇာတိခန္ဓာတို့၌ ကွဲပြားခြားနားသော အရည်အချင်းနှစ်မျိုး ရှိကြသော်လည်း၊ ၎င်းတို့၏ ဂုဏ်ဒြပ်တို့မှာမူ တူညီကြသည်၊ နှစ်မျိုးစလုံး၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ ကိုယ်ပိုင် လက္ခဏာရှိကြသည်။ ဘုရားသခင်ကိုယ်တော်တိုင်၌ မနာခံခြင်း၏ အရိပ်လက္ခဏာမရှိ၊ သူ၏ ဂုဏ်ဒြပ်မှာ ကောင်းမွန်သည်။ ဘုရားသခင်သည် လှပမှုနှင့် ကောင်းမွန်မှု အားလုံးတို့အပြင် ချစ်ခြင်းမေတ္တာ အားလုံးတို့၏ ဖော်ပြချက်ပင်ဖြစ်သည်။ ဇာတိခန္ဓာ၌ပင်လျှင် ဘုရားသခင်သည် ခမည်းတော် ဘုရားသခင်ကို မနာခံသည့် မည်သည့်အရာကိုမျှ မလုပ်ပါ။ မိမိဘဝကို စတေးရမည့်၊ ပေးဆပ်ရမည့် အခြေအနေမျိုး၌ပင်လျှင် သူသည် စိတ်နှလုံးအပြည့်အဝဖြင့် အလိုတော်ကို နာခံလိမ့်မည်ဖြစ်ပြီး အခြားသောအရာကို ရွေးချယ်လိမ့်မည်မဟုတ်ပါ။ ဘုရားသခင်၌ မိမိကိုယ်ကို မှန်သည်ဟုထင်ခြင်းနှင့် မိမိကိုယ်ကို အရေးပါသည်ဟု ထင်ခြင်းတို့၏ အရိပ်လက္ခဏာမရှိပါ၊ သို့မဟုတ် မာန်မာနကြီးမှုနှင့် စိတ်ကြီးဝင်မှုတို့၏ အရိပ်လက္ခဏာ မရှိပါ၊ ဘုရားသခင်၌ မရိုးဖြောင့်သော စိတ်သဘော လုံးဝမရှိပါ။ ဘုရားသခင်ကို မနာခံသည့်အရာ အားလုံးမှာ စာတန်ထံမှ လာသည်၊ စာတန်သည် ရုပ်ဆိုးအကျည်းတန်မှုနှင့် ဆိုးသွမ်းမိုက်မဲမှု အားလုံးတို့၏ အရင်းအမြစ်ဖြစ်သည်။ လူသား၌ စာတန်၌ရှိသည့် အရာများနှင့်တူညီသော အရည်အသွေးများ ရှိနေရခြင်းမှာ လူသားသည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်းနှင့် စီမံထုတ်လုပ်ခြင်းကို ခံခဲ့ရသောကြောင့်ဖြစ်သည်။ ခရစ်တော်သည် စာတန်၏ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရပါ၊ ထိုအကြောင်းကြောင့် သူ၌ ဘုရားသခင်၏ ပင်ကိုလက္ခဏာများသာလျှင် ရှိပြီး စာတန်၏ပင်ကိုလက္ခဏာ တစ်ခုမျှ မရှိပါ။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အသက်ရှင်နေစဉ်အတောအတွင်း သူ၏အလုပ်မှာ မည်မျှပင် ခက်ခဲကြမ်းတမ်းပါစေ၊ သို့မဟုတ် ဇာတိခန္ဓာမှာ မည်မျှပင် အားနည်းနေပါစေ ခမည်းတော်ဘုရားသခင်၏ အလိုတော်ကို မနာခံဘဲ စွန့်ပယ်ရန် မဆိုထားနှင့် သူ၏အလုပ်ကို အနှောင့်အယှက်ဖြစ်စေသော မည်သည့်အရာမျိုးကိုမျှ လုပ်လိမ့်မည် မဟုတ်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆန့်ကျင်ရမည်ထက် သူသည် ဇာတိခန္ဓာ၏ နာကျင်မှုများကိုသာ ခံစားပေလိမ့်မည်၊ ယင်းမှာ ယေရှုက သူ၏ဆုတောင်းပတ္ထနာထဲ၌ ပြောထားသကဲ့သို့ ဖြစ်သည်၊ “အကျွန်ုပ်အဘ၊ ဤခွက်သည် အကျွန်ုပ်ကိုလွန်သွားနိုင်လျှင် လွန်သွားပါစေသော်။ သို့သော်လည်း အကျွန်ုပ်အလိုရှိသည့်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော်အလိုရှိသည့်အတိုင်း ဖြစ်ပါစေသော်။” လူတို့က သူတို့၏ ကိုယ်ပိုင်ရွေးချယ်မှုများ ပြုလုပ်ကြသော်လည်း ခရစ်တော်က မပြုလုပ်ပါ။ သူ၌ ဘုရားသခင် ကိုယ်တော်တိုင်၏ ကိုယ်ပိုင်လက္ခဏာရှိသော်လည်း၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ရှာဖွေမြဲဖြစ်ပြီး ဇာတိခန္ဓာ၏ ရှုထောင့်မှ တစ်ဆင့် ခမည်းတော် ဘုရားသခင်က သူ့ကို တာဝန်ပေးစေခိုင်းထားသော အရာကို ဖြည့်ဆည်းလုပ်ဆောင်သည်။ ယင်းမှာ လူသားတို့ မကြိုးပမ်း မဆောင်ရွက်နိုင်သော အရာမျိုးဖြစ်သည်။ စာတန်ထံမှ လာသောအရာတွင် ဘုရားသခင်၏ဂုဏ်ဒြပ် မရှိနိုင်ပါ၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင် ပုန်ကန်သည့် သဘောသာရှိသည်။ ဘုရားသခင်၏ အလိုတော်ကို လိုလားစွာ နာခံရန်မဆိုထားနှင့်၊ ဘုရားသခင်ကို အပြည့်အဝပင် မနာခံနိုင်ပါ။ ခရစ်တော်မှလွဲ၍ လူသားအားလုံးတို့မှာ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်သည့်အရာကို လုပ်နိုင်ကြသည်၊ ဘုရားသခင် တာဝန်ပေး စေခိုင်းထားသည့် အလုပ်မျိုးကိုမူ မည်သူမျှ တိုက်ရိုက် မဆောင်ရွက်နိုင်ပါ၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုကို ၎င်းတို့ထမ်းဆောင်ရမည့် ကိုယ်ပိုင် တာဝန်ဝတ္တရားကဲ့သို့ မည်သူမျှ မမှတ်ယူနိုင်ပါ။ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ကျိုးနွံနာခံခြင်းမှာ ခရစ်တော်၏ ဂုဏ်ဒြပ်ဖြစ်သည်၊ ဘုရားသခင်ကို မနာခံဘဲ ဆန့်ကျင်ပုန်ကန်မှုမှာ စာတန်၏ ပင်ကိုလက္ခဏာဖြစ်သည်။ ဤစရိုက်နှစ်မျိုးမှာ တစ်ခုနှင့်တစ်ခု သဟဇာတ မဖြစ်နိုင်ပါ၊ ထို့ပြင် စာတန်၏ စရိုက်များရှိသည့် မည်သူကိုမဆို ခရစ်တော်ဟု ခေါ်၍မရပါ။ လူသားသည် ဘုရားသခင်၏နေရာတွင် ဘုရားအလုပ်ကို မလုပ်နိုင်ရသည့် အကြောင်းရင်းမှာ လူသား၌ ဘုရားသခင်၏ မည်သည့် ဂုဏ်ဒြပ်မျှ မရှိနေသောကြောင့်ဖြစ်သည်။ လူသားသည် သူ၏ကိုယ်ပိုင် အကျိုးအမြတ်များနှင့် သူ၏အနာဂတ်အလားအလာများ အတွက်သာ ဘုရားအတွက် အလုပ်လုပ်တတ်သည်၊ သို့သော် ခရစ်တော်မှာမူ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်ရန်အတွက် အလုပ်လုပ်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၇)

ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူသည် ဇာတိခန္ဓာထဲ၌ ရှိနေသော်လည်း၊ သူ၏ လူ့သဘာဝမှာ လူသားတစ်ယောက်၏ ခန္ဓာကိုယ် တည်ဆောက် ထားသကဲ့သို့နှင့် လုံးလုံးမတူညီပါ။ သူ့ထံ၌ ကိုယ်ပိုင် တစ်မူထူးခြားသော ဝိသေသလက္ခဏာရပ်ရှိပြီး ထိုအရာကိုလည်း သူ၏ ဘုရားသဘော သဘာဝက လွှမ်းမိုးထိန်းချုပ်ထားသည်။ သူ၏ဘုရားသဘောသဘာဝထဲ၌ အားနည်းမှု မရှိ၊ ခရစ်တော်၏ အားနည်းမှုမှာ သူ၏လူ့သဘာဝကို ရည်ညွှန်းခြင်းဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ ယင်းအားနည်းမှုက သူ၏ဘုရားသဘောသဘာဝကို ဘောင်ခတ်ထားသည်၊ သို့သော် ယင်းအကန့်အသတ်မှာ နယ်ပယ်အချို့နှင့် အချိန်အတိုင်းအတာအချို့ အတွင်း၌သာရှိပြီး အတိုင်းမသိ ကျယ်ပြန့်မနေပါ။ သူ၏ဘုရားသဘော သဘာဝ အလုပ်မျိုးကို ဆောင်ရွက်ရသည့်အခါ၌ လူ့သဘာဝကို ဂရုမထားဘဲ ဆောင်ရွက်ပြီးစီးသည်။ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက တစ်ခုလုံး စီမံညွှန်ကြားပေးသည်။ သူ့လူ့သဘာဝ၏ သာမန်ဘဝမှအပ လူ့သဘာဝ၏ လုပ်ဆောင်မှု အားလုံးတို့ကို သူ၏ဘုရားသဘောသဘာဝက လွှမ်းမိုးထားပြီး အကျိုးသက်ရောက်စေသည့်အပြင် စီမံညွှန်ကြားပေးသည်။ ခရစ်တော်၌ လူ့သဘာဝ ရှိနေလင့်ကစား၊ ထိုလူ့သဘာဝသည် သူ့ဘုရားသဘော သဘာဝ၏ အလုပ်ကို မနှောင့်ယှက်ချေ။ ဤသို့ဖြစ်ရခြင်းမှာ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘောသဘာဝက စီမံလမ်းညွှန်ပေးမှု ကြောင့်ပင်ဖြစ်သည်၊ သူ၏လူ့သဘာဝမှာ အခြားသူများ ရှေ့မှောက်၌ ရင့်ကျက်သည့်ပုံစံမျိုး မရှိသော်ငြားလည်း သူ့ဘုရားသဘောသဘာဝ၏ သာမန်အလုပ်ကို ထိခိုက်မှု မရှိပါ။ သူ၏လူ့သဘာဝမှာ ယိုယွင်းဖျက်ဆီးခြင်း မခံခဲ့ရဟု ငါပြောရာတွင်၊ ခရစ်တော်၏ လူ့သဘာဝကို သူ၏ဘုရားသဘော သဘာဝမှ တိုက်ရိုက် စီမံလမ်းညွှန်ပေးနိုင်ခြင်းနှင့် ခရစ်တော်သည် သာမန်လူသားထက် သာလွန်သည့် အသိတရားအား ပိုင်ဆိုင်ထားခြင်းကို ဆိုလိုသည်။ သူ၏ လူ့သဘာဝအနေဖြင့် အလုပ်ကို ဆောင်ရွက်ရာ၌ ဘုရားသဘောသဘာဝ၏ စီမံလမ်းညွှန်မှုကို ခံယူမှသာ အသင့်လျော်ဆုံး ဖြစ်ပါသည်၊ သူ၏လူ့သဘာဝမှာ ဘုရားသဘောသဘာဝ၏အလုပ်ကို အကောင်းဆုံး ဖော်ပြပေးနိုင်သကဲ့သို့ ယင်းသို့သော အလုပ်ကိုလည်း အကောင်းဆုံး ကျိုးနွံနာခံ လုပ်ဆောင်နိုင်သည်။ ဘုရားသခင်သည် အသွေးအသားဖြင့် အလုပ်လုပ်သည့် နေရာတွင်၊ အသွေးအသားရှိသည့် လူသားတစ်ဦးအနေဖြင့် ပြည့်စုံအောင် ဖြည့်ဆည်း လုပ်ဆောင်သင့်သည့် တာဝန်များကို ဆောင်ရွက်ရာ၌ သူသည် ဘယ်သောအခါမျှ မျက်ခြည် မပြတ်ပေ၊ သူသည် ကောင်းကင်ဘုံမှ ဘုရားသခင်ကို စစ်မှန်သည့် နှလုံးသားဖြင့် ကိုးကွယ်နိုင်ပါသည်။ သူ၌ ဘုရားဂုဏ်ဒြပ်ရှိသည်နည်းတူ သူ၏ကိုယ်ပိုင်လက္ခဏာမှာလည်း ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ သူသည် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်သာရှိသည့် ဖန်ဆင်းခံတစ်ဦးဖြစ်ရန် လောကသို့ ကြွဆင်းလာခဲ့ခြင်းသာ ဖြစ်သည်၊ ယခုအချိန်၌မူ ယခင်က သူ၌ မရှိခဲ့ဖူးသော လူ့သဘာဝကို ပိုင်ဆိုင်ထားပြီး ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူဝတ်ပြုကိုးကွယ်နိုင်သည်။ ဤသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်၏ ဖြစ်ခြင်းပင် ဖြစ်သည်နည်းတူ လူသားတို့ တုပ၍ မရနိုင်ပေ။ သူ၏ ကိုယ်ပိုင်လက္ခဏာမှာ ဘုရားကိုယ်တိုင်ပင် ဖြစ်သည်။ ဇာတိပကတိ၏ ရှုထောင့်မှနေ၍ သူသည် ဘုရားသခင်ကို ကိုးကွယ်သည်၊ ထို့ကြောင့် “ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို ဝတ်ပြုသည်” ဟူသည့် စကားမှာ မမှားပေ။ လူသားကို သူတောင်းဆိုသည်မှာ သူ၏ကိုယ်ပိုင်ဖြစ်ခြင်း အတိအကျပင် ဖြစ်သည်၊ လူသားကို ထိုအရာတို့အား မတောင်းဆိုမီကပင် သူသည် ထိုအရာအားလုံးကို စွမ်းဆောင်ရရှိပြီးသား ဖြစ်သည်။ သူကိုယ်တိုင် ထိုအရာများမှ လွတ်ကင်းသည့် အချိန်အတောတွင်း အခြားသောသူများကို ဘယ်သောအခါမျှ သူတောင်းဆိုလိမ့်မည် မဟုတ်ပါ၊ အကြောင်းမှာ ဤအရာအားလုံးက သူ၏ဖြစ်ခြင်းတွင် ပါဝင်သောကြောင့် ဖြစ်သည်။ ခရစ်တော်သည် သူ၏အလုပ်ကို မည်ကဲ့သို့ဆောင်ရွက်သည် ဖြစ်စေ၊ ဘုရားသခင်ကို မနာခံသည့် အပြုအမူမျိုးဖြင့် သူလုပ်လိမ့်မည် မဟုတ်ပါ။ လူသားများကို မည်သည့်အရာများပင် သူတောင်းဆိုလင့်ကစား၊ မည်သည့် တောင်းဆိုချက်ကမျှ လူသားက ကြိုးပမ်းအားထုတ်နိုင်မှုထက် မကျော်လွန်ပါ။ သူလုပ်ဆောင်သော အရာအားလုံးတို့မှာ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ခြင်းဖြစ်ပြီး သူ၏စီမံခန့်ခွဲမှုအတွက်သာ လုပ်ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ ဘုရားသဘောသဘာဝမှာ လူသားအားလုံးတို့ အထက်၌ရှိသည်၊ ထို့ကြောင့် သူသည် ဖန်ဆင်းခံ အရာအားလုံးအထဲ၌ သြဇာအာဏာ အမြင့်ဆုံး ဖြစ်သည်။ ယင်းသြဇာအာဏာမှာ သူ၏ဘုရားသဘောသဘာဝဖြစ်ပြီး ယင်းမှာ သူ၏ကိုယ်ပိုင်လက္ခဏာကို ဆုံးဖြတ်ပေးသည့် ဘုရားကိုယ်တိုင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်၏ သာမန်လူ့သဘာဝက မည်သို့ပင်ဖြစ်စေကာမူ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင် ဖြစ်သည်ကို ငြင်း၍မရပေ၊ မည်သည့်ရပ်တည်ချက် မှမဆို သူပြောဆိုသည်ဖြစ်စေ၊ ဘုရားသခင်၏ အလိုတော်ကို မည်ကဲ့သို့ပင် သူနာခံသည်ဖြစ်စေ၊ ခရစ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင် မဟုတ်ဟု မပြောနိုင်ပါ။ မိုက်မဲသူနှင့် အသိဉာဏ်နည်းသောသူတို့က ခရစ်တော်၏ သာမန်လူ့သဘာဝကို အပြစ်အနာအဆာ တစ်ခုကဲ့သို့ မကြာခဏ သဘောထားတတ်ကြသည်။ ခရစ်တော်သည် သူ၏ဘုရား သဘောသဘာဝကို မည်မျှပင်ဖော်ပြပြီး ဖွင့်ပြနေစေကာမူ လူသားတို့က သူသည် ခရစ်တော်ဖြစ်ကြောင်းကို အသိအမှတ် မပြုနိုင်ကြပါ။ ထို့ပြင် ခရစ်တော်သည် သူ၏နာခံခြင်းနှင့် နှိမ့်ချခြင်းတို့ကို သာ၍ဖော်ပြလေလေ၊ မိုက်မဲသူတို့က ခရစ်တော်ကို ပေါ့ပေါ့တန်တန် သဘောထားလေဖြစ်သည်။ သူ့ကို ပထုတ်ပြီး သူ့ကို အထင်သေးသည့် သဘောထားများ မွေးယူကြကာ ထို “ကြီးမြတ်သော လူသားများ” ၏ မြင့်မားသောပုံများကို စားပွဲပေါ်တွင် နေရာပေး၍ ဝတ်ပြု ကိုးကွယ်ကြသောသူ အချို့ပင်ရှိသည်။ လူသားတို့၏ ဘုရားသခင်ကို ဆန့်ကျင်မှုနှင့် မနာခံမှုတို့သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ဂုဏ်ဒြပ်မှာ ဘုရားသခင်၏ အလိုတော်ကို နာခံသည့် အချက်နှင့် ခရစ်တော်၏ သာမန် လူ့သဘာဝမှတစ်ဆင့် လာသည်၊ ဤနေရာ၌ လူသား၏ ဘုရားသခင်ကို ဆန့်ကျင်ခုခံမှုနှင့် မနာခံမှုတို့၏ အရင်းအမြစ်တို့ တည်ရှိသည်။ အကယ်၍ ခရစ်တော်၌ သူ၏လူ့သဘာဝ အသွင်လည်းမရှိ၊ ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း ဖန်ဆင်းခံတစ်ဦး၏ ရှုထောင့်မှနေ၍ မရှာဘဲ၊ ထိုအစား တန်ခိုးကြီးသော လူ့သဘာဝ ပိုင်ဆိုင်ထားမည်ဆိုပါက၊ မည်သည့် လူသားတစ်ဦး တစ်ယောက်၌မျှ မနာခံခြင်း ရှိမည်မဟုတ်ပါ။ လူသားသည် ကောင်းကင်ဘုံရှိ မျက်မြင်မတွေ့နိုင်သည့် ဘုရားသခင်ကိုသာ အမြဲတမ်း ယုံကြည်ရန် ဆန္ဒရှိနေသည့် အကြောင်းရင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်သည် လူ့သဘာဝ လုံးဝမရှိသည့်အပြင် ဖန်ဆင်းခံတစ်ဦး၏ စရိုက်မျိုး တစ်ခုမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားသည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို အကြီးမြတ်ဆုံးအနေဖြင့် အစဉ်အမြဲ သဘောထား တန်ဖိုးထားလေးစားသော်လည်း ခရစ်တော်ကိုမူကား မထီမဲ့မြင်ပြုသည့် သဘောထားမျိုး ရှိတတ်ကြသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၈)

ကမ္ဘာပေါ်၌ ခရစ်တော်သည် ဘုရားသခင်ကိုယ်တော်တိုင်ကိုယ်စား အလုပ်လုပ်နိုင်သော်ငြားလည်း၊ ဇာတိခန္ဓာနှင့် သူ၏ပုံသဏ္ဌာန်အား လူသားအားလုံးကို ပြသလိုသည့် ရည်ရွယ်ချက်ဖြင့် ကြွလာခြင်းမျိုး မဟုတ်ပါ။ လူသားအားလုံး သူ့ကို တွေ့မြင်စေဖို့အတွက် ကြွလာခြင်းမဟုတ်၊ လူသားတို့ကို လက်ဆွဲ၍ ဦးဆောင်ရန် သူကြွလာခြင်းဖြစ်သည်၊ ဤနည်းအားဖြင့် ခေတ်သစ်ထဲသို့ ဝင်ရောက်လာသည်။ ခရစ်တော် ဇာတိခန္ဓာ၏ လုပ်ငန်းဆောင်တာမှာ ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုအတွက်ဖြစ်သည်၊ ဆိုလိုသည်မှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အလုပ်အတွက်ဖြစ်ပြီး သူ့ဇာတိခန္ဓာ၏ ဂုဏ်ဒြပ်ကို လူသားအနေဖြင့် အပြည့်အဝ နားလည်သဘောပေါက်စေဖို့ လုပ်ဆောင်ပေးရန်အတွက် မဟုတ်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ ဇာတိခန္ဓာက ကြိုးပမ်းရယူနိုင်မှုထက် မကျော်လွန်ပါ။ သူမည်သို့ပင် အလုပ်လုပ်စေကာမူ၊ သာမန်လူ့သဘာဝနှင့်အတူ ဇာတိခန္ဓာမှတစ်ဆင့် အလုပ်လုပ်သည်၊ ထို့ပြင် ဘုရားသခင်၏ မျက်နှာအသွင်အပြင်ကို လူသားတို့အား အပြည့်အဝ မဖော်ပြပေ။ ထို့ထက်မက ဇာတိခန္ဓာနှင့် သူ၏လုပ်ဆောင်မှုမှာ လူသားတို့ စိတ်ကူးပေါက်ထားသကဲ့သို့ သဘာဝထက် ကျော်လွန်သော သို့မဟုတ် ကြိုတင်မခန့်မှန်းနိုင်သော အခြေအနေမျိုး လုံးဝမဟုတ်ပါ။ ခရစ်တော်သည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ကို ကိုယ်စားပြုပြီး၊ ဘုရားသခင် ကိုယ်တော်တိုင်အနေဖြင့် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို ကိုယ်တိုင်ဆောင်ရွက်သော်ငြားလည်း၊ ကောင်းကင်ဘုံရှိ ဘုရားသခင်၏ တည်ရှိမှုကို သူမငြင်းဆိုသကဲ့သို့ သူ၏ဆောင်ရွက်မှုများ ကိုလည်း အဖျားတပ်လျက် မကြွေးကြော်ခဲ့ပါ။ ထိုအစား သူ၏ဇာတိခန္ဓာထဲ၌ နှိမ့်ချစွာ သိုဝှက်နေသည်။ ခရစ်တော်မှလွဲ၍ မိမိကိုယ်မိမိ ခရစ်တော်ဖြစ်ကြောင်း အယောင်ဆောင်လျက် ကြွေးကြော်နေသူတို့၌ ခရစ်တော်၏ အရည်အချင်းမျိုး မတွေ့ရပါ။ ခရစ်တော်ယောင်ဆောင်သော ထိုသူများ၏ မာနထောင်လွှားမှုနှင့် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်မှုစသည့် စိတ်သဘောထားတို့ကို ယှဉ်တွဲပြ သည့်အခါ၊ မည်သည့်ဇာတိခန္ဓာ၏ လုပ်ဆောင်မှုပုံစံသည် ခရစ်တော် အစစ်အမှန်ဖြစ်သည်မှာ သိသာထင်ရှားလာပါသည်။ ၎င်းတို့မှာ အယောင်ဆောင်များဖြစ်လေလေ၊ ခရစ်တော်အယောင်ဆောင်များမှာ ကိုယ့်ကိုယ်ကိုယ် ကြွားဝါလေလေဖြစ်ပြီး လူသားတို့ကို လိမ်လည်လှည့်ဖြားရန် နိမိတ်လက္ခဏာများနှင့် အံ့သြဖွယ်ရာများကို ပို၍လုပ်ကိုင်လာနိုင်လေဖြစ်သည်။ ခရစ်တော်အယောင်ဆောင်များတွင် ဘုရားသခင်၏ အရည်အချင်းများ မရှိကြပါ၊ ခရစ်တော်သည် အခြားခရစ်တော် အယောင်အဆောင်များနှင့်ဆိုင်သည့် မည်သည့် လက္ခဏာနှင့်မျှ စွန်းထင်းနေခြင်း မရှိပါ။ ဇာတိခန္ဓာ၏အလုပ်ကို ပြီးပြည့်စုံစေရန်အတွက်သာလျှင် ဘုရားသခင်သည် လူ့ဇာတိခံယူခြင်း ဖြစ်ပြီး လူသားတို့က သူ့ကို မြင်နိုင်ခွင့် ရနိုင်ရန်အတွက် သက်သက်သာ မဟုတ်ပါ။ အမှန်အားဖြင့်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏အလုပ်အားဖြင့် အတည်ပြုစေပြီး သူဖွင့်ပြသောအရာသည် သူ၏ဂုဏ်ဒြပ်ကို မှန်ကန်ကြောင်း ထောက်ခံနိုင်ရန် ခွင့်ပြုသည်။ သူ၏ဂုဏ်ဒြပ်မှာ အခြေအမြစ် မရှိသည်မဟုတ်၊ သူ၏ကိုယ်ပိုင်လက္ခဏာကို သူ၏လက်ဖြင့် ဖမ်းဆုပ်ထားခြင်းမျိုးလည်း မဟုတ်ပါ၊ ဤအရာအားလုံးတို့ကို သူ၏အလုပ်နှင့် သူ၏ဂုဏ်ဒြပ်တို့အားဖြင့် သတ်မှတ်ခြင်း ဖြစ်သည်။ သူ၌ ဘုရားသခင်ကိုယ်တော်တိုင်၏ ဂုဏ်ဒြပ်ရှိပြီး ဘုရားသခင်ကိုယ်တော်တိုင်၏ အလုပ်ကို လုပ်ကိုင်နိုင်စွမ်း ရှိသော်ငြားလည်း အမှန်စင်စစ်တွင် သူသည် ဝိညာဉ်တော်နှင့် မတူဘဲလျက် ဇာတိခန္ဓာပင် ဖြစ်လျက်ရှိနေသည်။ ခရစ်တော်သည် ဝိညာဉ်တော်၏ စရိုက်များရှိသော ဘုရားသခင် မဟုတ်ပါ၊ သူသည် ဇာတိခန္ဓာဖြင့် ဖုံးအုပ်ထားသည့် ဘုရားသခင် ဖြစ်သည်။ ထို့ကြောင့် ခရစ်တော်သည် မည်မျှပင် သာမန်ဖြစ်ပြီး အားနည်းနေစေကာမူ၊ သူ့အနေဖြင့် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကို မည်သည့် နည်းနှင့်မဆို ရှာဖွေစေကာမူ၊ သူ၏ဘုရားသဘောသဘာဝကို မည်သို့မျှ မငြင်းနိုင်ပါ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၌ သာမန်လူ့သဘာဝနှင့် ထိုသဘာဝ၏ အားနည်းမှုများ တည်ရှိသည်သာမက၊ ယင်းအထဲ၌ ဘုရားသဘောသဘာဝ၏ အလွန်တရာ အံ့သြဖွယ်ရာနှင့် နက်နဲသော အရာများပါ တိုး၍တည်ရှိသည်၊ ထိုနည်းတူ ဇာတိခန္ဓာဖြင့်ပြုသော လုပ်ဆောင်မှုအားလုံးလည်း တည်ရှိသည်။ ထို့ကြောင့် လူ့သဘာဝနှင့် ဘုရားသဘောသဘာဝ နှစ်မျိုးစလုံးမှာ ခရစ်တော်အထဲ၌ အမှန်တကယ်နှင့် လက်တွေ့ကျကျ တည်ရှိနေသည်။ ယင်းမှာ အနှစ်သာရမဲ့ခြင်း သို့မဟုတ် သဘာဝလွန်ခြင်း လုံးဝမဟုတ်ပါ။ ခရစ်တော်သည် အမှုဆောင်ရန်ဟူသည့် အဓိကရည်ရွယ်ချက်ဖြင့် ကမ္ဘာပေါ်သို့ ကြွလာခြင်းဖြစ်သည်၊ ကမ္ဘာပေါ်၌ အမှုကို ထမ်းဆောင်ရန်အတွက် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ထားရန် အလွန်အရေးကြီးသည်၊ သို့မဟုတ်ပါက သူ့ဘုရားသဘောသဘာဝ၏ တန်ခိုးသည် မည်မျှပင်ကြီးမားသော်ငြားလည်း မူလလုပ်ငန်းဆောင်တာကို အကောင်းဆုံးအတွက် အသုံးပြုဖို့ မလုပ်ဆောင်နိုင်ပါ။ သူ၏လူ့သဘာဝမှာ အလွန်အရေးကြီးသော်လည်း၊ ယင်းမှာ သူ၏ဂုဏ်ဒြပ် မဟုတ်ပါ။ သူ၏ ဂုဏ်ဒြပ်မှာ ဘုရားသဘောသဘာဝဖြစ်သည်၊ ထို့ကြောင့် ကမ္ဘာပေါ်၌ သူ၏အမှုတော်ကို စတင်ထမ်းဆောင်သည့် အခိုက်အတန့်မှာ သူ၏ ဘုရားသဘောသဘာဝကို စတင်ဖော်ပြသည့် အခိုက်အတန့်ပင်ဖြစ်သည်။ သူ၏လူ့သဘာဝမှာ ဇာတိခန္ဓာ၏ သာမန်အသက်တာကို တည်တံ့စေရန် အတွက်သာ ဖြစ်သည်၊ သို့မှသာ သူ၏ဘုရားသဘောသဘာဝက ဇာတိခန္ဓာထဲ၌ သာမန်ကဲ့သို့ အလုပ်လုပ်သွားနိုင်မည်ဖြစ်သည်၊ သူ၏အလုပ် တစ်ခုလုံးအပေါ် စီမံညွှန်ကြားပေးသည့်အရာမှာ ဘုရားသဘောသဘာဝပင် ဖြစ်သည်။ သူ့အနေဖြင့် သူ၏လုပ်ငန်းကို အပြီးသတ်သောအခါ၊ သူ၏သာသနာကို ပြီးပြည့်စုံအောင် ဆောင်ရွက်ပြီး ဖြစ်မည်ဖြစ်သည်။ လူသားတို့အနေဖြင့် သိထားသင့်သည်မှာ ခရစ်တော်အလုပ်၏ အလုံးစုံကိုဖြစ်ပြီး သူ၏လုပ်ငန်းမှတစ်ဆင့် လူသားတို့ သူ့ကို ပိုမိုသိလာစေနိုင်ပါသည်။ သူ၏အလုပ်တစ်လျှောက် လူ့သဘာဝဖြင့် စွန်းထင်းမနေသော စိတ်သဘောထား သို့မဟုတ် လူသားအတွေးနှင့် လူသားအမူအကျင့်တို့၏ စွန်းထင်းခြင်းမခံရသော ဖြစ်ခြင်းဖြစ်သည့် သူ၏ ဘုရားသဘောသဘာဝကို အပြည့်အဝ ဖော်ပြပေးသည်။ အချိန်တန် သောအခါ သူ၏သာသနာအားလုံး အဆုံးသတ်ပိုင်း ရောက်လာသည့်အခါ၌၊ သူဖော်ပြသင့်သော စိတ်သဘောထားကို ပြည့်စုံစွာ ရှင်းရှင်းလင်းလင်း ဖော်ပြပြီးဖြစ်ပါလိမ့်မည်။ မည်သည့်လူသားကမျှ သူ၏အလုပ်အပေါ် လမ်းညွှန်မှု မပေးပါ၊ သူ့စိတ်သဘောထား၏ ဖော်ပြမှုမှာလည်း အတော်အတန် လွတ်လပ်ပြီး စိတ်အားဖြင့် ထိန်းချုပ်ထားခြင်းမဟုတ်၊ သို့မဟုတ် အတွေးအခေါ်မှတစ်ဆင့် စနစ်တကျလုပ်ဆောင်မှုလည်း မဟုတ်ဘဲ သဘာဝကျကျ ဖွင့်ပြခြင်းဖြစ်သည်။ ယင်းကို မည်သည့်လူသားမျှ မစွမ်းဆောင်နိုင်ပါ။ ပတ်ဝန်းကျင်က ပြင်းထန်လျှင်ပင်၊ သို့မဟုတ် အခြေအနေများက အခွင့်မပေးလျှင်ပင်၊ သူသည် မိမိ၏စိတ်သဘောထားကို သင့်လျော်သည့်အချိန်၌ ဖော်ပြနိုင်သည်။ ခရစ်တော်မဟုတ်သော အခြားသူများက ခရစ်တော်၏ စိတ်သဘောထားမရှိဘဲ ဖြစ်နေသည့် အချိန်တွင်၊ ခရစ်တော်တည်းဟူသော သူသည် ခရစ်တော်၏ဖြစ်ခြင်းကို ထုတ်ဖော်ပြသသည်။ ထို့ကြောင့် အားလုံးက ခရစ်တော်ကို ခုခံဆန့်ကျင်နေလျှင်ပင် သို့မဟုတ် သူနှင့်ပတ်သက်သည့် အယူအဆများ ရှိနေလျှင်ပင်၊ လူသားတို့ အယူအဆအရ မည်သူမျှ မငြင်းနိုင်သည့်အရာမှာ ခရစ်တော်ဖော်ပြသော စိတ်သဘောထားမှာ ဘုရားသခင်၏ စိတ်သဘောထား ဖြစ်ကြောင်းပင်ဖြစ်သည်။ စစ်မှန်သော နှလုံးသားဖြင့် ခရစ်တော်ကို မီအောင်လိုက်သူတိုင်း သို့မဟုတ် ရည်ရွယ်ချက်ဖြင့် ဘုရားသခင်ကို ရှာဖွေသူ အားလုံးအနေဖြင့် သူဖော်ပြသော ဘုရားသဘောသဘာဝကို အခြေခံလျက် သူသည် ခရစ်တော်ဖြစ်ကြောင်း ဝန်ခံကြပါလိမ့်မည်။ လူသားတို့၏ အယူအဆများနှင့် မကိုက်ညီသည့် ခရစ်တော်၏ လက္ခဏာများအပေါ် အခြေခံလျက် သူ့ကို မည်သည့်အခါမျှ ငြင်းပယ်မည် မဟုတ်ပါ။ လူသားတို့မှာ အလွန်တရာ မိုက်မဲလှသော်လည်း၊ လူသား၏လိုအင်မှာ အဘယ်အရာဖြစ်သည်နှင့် ဘုရားသခင်ထံမှ ဆင်းသက်လာသည့်အရာမှာ အဘယ်အရာဖြစ်သည် စသည်တို့ကို အားလုံးက အတိအကျ သိကြသည်။ လူအတော်များများသည် ၎င်းတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်အရ ခရစ်တော်အား ရည်ရွယ်ချက်ရှိရှိ ခုခံဆန့်ကျင်နေကြရုံမျှသာ ဖြစ်သည်။ ထိုအတွက် မဟုတ်ပါက၊ ခရစ်တော်၏ တည်ရှိနေမှုကို ငြင်းဆန်နိုင်မည့် အကြောင်းရင်းကို မည်သည့်လူသားတစ်စုံတစ်ဦးကမျှ ရှာတွေ့လိမ့်မည် မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် ခရစ်တော်ဖော်ပြသည့် ဘုရားသဘောသဘာဝမှာ အမှန်တကယ် တည်ရှိနေပြီး သူ၏လုပ်ဆောင်ချက်ကို လူတိုင်း၏ ပကတိမျက်စိဖြင့် မျက်မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၀၉)

ခရစ်တော်၏အလုပ်နှင့် ဖော်ပြမှုတို့က သူ၏ဂုဏ်ဒြပ်ကို သတ်မှတ်ပေးသည်။ ခရစ်တော်သည် မိမိအား တာဝန်ပေးစေခိုင်းထားသည့် အရာကို စစ်မှန်သော နှလုံးသားနှင့်အတူ ပြီးပြည့်စုံစေနိုင်သည်။ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သူကိုးကွယ်နိုင်သည့်အပြင် ခမည်းတော် ဘုရားသခင်၏ အလိုတော်ကိုလည်း စစ်မှန်သော နှလုံးသားဖြင့် ရှာဖွေနိုင်သည်။ ယင်းအချက်အားလုံးတို့ကို သူ၏ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်။ ထိုနည်းတူ သူ၏ပင်ကိုဖွင့်ပြခြင်းကိုလည်း သူ၏ ဂုဏ်ဒြပ်က သတ်မှတ်ပေးသည်၊ ယင်းကို ပင်ကိုဖွင့်ပြခြင်းဟု ခေါ်ဆိုရသည့် အကြောင်းရင်းမှာ သူ၏ဖော်ပြမှုသည် တုပလုပ်ဆောင်ခြင်းမျိုး မဟုတ်၊ သို့မဟုတ် လူသား၏ပညာဖြင့် ရနိုင်ကောင်းသည့် ရလဒ်မဟုတ်၊ သို့မဟုတ် နှစ်ပေါင်းများစွာ လူသားတို့ ပြုစုပျိုးထောင်လာခြင်း၏ ရလဒ်လည်း မဟုတ်သောကြောင့်ဖြစ်သည်။ ခရစ်တော်သည် ထိုအရာကို မသင်ယူခဲ့ပါ၊ သို့မဟုတ် ထိုအရာနှင့် သူ့ကိုယ်သူလည်း မဆင်မြန်းခဲ့ပါ၊ စင်စစ်အားဖြင့် ထိုအရာများမှာ သူ့အထဲ၌ မွေးရာပါဖြစ်သည်။ လူသားက သူ၏အလုပ်၊ သူ၏ဖွင့်ထုတ်ပြမှု၊ သူ၏လူ့သဘာဝနှင့် သူ့သာမန်လူ့သဘာဝ၏ အသက်တာတစ်ခုလုံးကို ငြင်းဆန်ကောင်း ငြင်းဆန်ပါလိမ့်မည်၊ သို့သော် ခရစ်တော်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို စစ်မှန်သော နှလုံးသားဖြင့် ဝတ်ပြုကိုးကွယ်သည့်အကြောင်း မည်သူမျှမငြင်းဆိုနိုင်ပါ။ ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးရန် သူကြွလာခဲ့သည့်အကြောင်းနှင့် ခရစ်တော်သည် ဟန်ဆောင်မှုကင်းလျက် ခမည်းတော် ဘုရားသခင်ကို ရှာဖွေနေကြောင်း စသည်တို့ကို မည်သူမျှ မငြင်းဆန်နိုင်ပါ။ ခရစ်တော်၏ ပုံသဏ္ဌာန်မှာ အာရုံခံစားမှုများကို စိတ်ကျေနပ်မှု မဖြစ်စေသော်ငြားလည်း၊ သူ၏ အကျယ်တဝင့် ဟောပြောချက်ထဲ၌ အံ့မခန်းဖွယ်အကြောင်းများ မပါသော်ငြားလည်း၊ ထို့ပြင် သူ့အလုပ်အကိုင်မှာ လူတို့တွေးထင်ထားသကဲ့သို့ ကမ္ဘာကို တုန်သွားစေလောက်သော သို့မဟုတ် ကောင်းကင်ဘုံကို လှုပ်ခါသွား စေလောက်သော အရာမျိုးလည်း မဟုတ်သော်ငြား၊ သူသည် ခရစ်တော်စင်စစ်ဖြစ်သည်၊ စစ်မှန်သော နှလုံးသားဖြင့် ကောင်းကင်ဘုံရှိ ခမည်းတော်၏ အလိုတော်ကို ဖြည့်ဆည်းပေးသူ၊ ကောင်းကင်ဘုံရှိ ခမည်းတော်ကို အပြည့်အဝ ကျိုးနွံနာခံသူဖြစ်ပြီး သေသည့်တိုင်အောင် နာခံသောသူဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ဂုဏ်ဒြပ်မှာ ခရစ်တော်၏ ဂုဏ်ဒြပ်ပင် ဖြစ်သောကြောင့်ဖြစ်သည်။ ဤသမ္မာတရားကို လူသားအနေဖြင့် ယုံကြည်နိုင်ရန် အင်မတန်ခက်ခဲပါသည်၊ သို့သော် ယင်းမှာ အမှန်တကယ် တည်ရှိနေသော အကြောင်းအရာဖြစ်သည်။ ခရစ်တော်၏ အမှုတော်သည် အကုန်အစင် ပြီးမြောက်သွားသောအခါ၌၊ သူ၏လုပ်ဆောင်မှုမှတစ်ဆင့် သူ၏စိတ်သဘောထားနှင့် သူ၏ဖြစ်ခြင်းမှာ ကောင်းကင်ဘုံမှ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဖြစ်ခြင်းအား ကိုယ်စားပြုသည်ကို လူများ တွေ့မြင်နိုင်မည် ဖြစ်သည်။ ထိုအချိန်၌ ခရစ်တော်၏ လုပ်ဆောင်မှုအားလုံး၏ အချုပ်က ခရစ်တော်သည် အမှန်စင်စစ် လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်သည် ဆိုခြင်းနှင့် လူသားကဲ့သို့ အသွေးအသားဖြင့် တည်ဆောက်ထားခြင်းမျိုး မဟုတ်ဆိုခြင်းကို သက်သေပြုနိုင်ပေမည်။ ကမ္ဘာပေါ်ရှိ ခရစ်တော်၏ လုပ်ဆောင်မှုအဆင့်တိုင်း၌ ၎င်းတို့ကို ကိုယ်စားပြုသော အဓိပ္ပာယ်ရှိသည်၊ သို့သော်လည်း အဆင့်တစ်ခုချင်းစီ၏ အမှန်တကယ်အလုပ်ကို တွေ့ကြုံ ခံစားရသူမှာ ခရစ်တော်အလုပ်၏ အဓိပ္ပာယ်ကို နားလည်သဘောပေါက်မှု မရှိနိုင်ပါ။ အထူးသဖြင့် ဤအရာသည် ဒုတိယကြိမ် လူ့ဇာတိခံယူခြင်း၌ ဘုရားသခင် ဆောင်ရွက်သော လုပ်ဆောင်မှုအဆင့် အချို့အတွက် အမှန်ကျသည်။ ခရစ်တော်၏ နှုတ်ကပတ်တော်များကို ကြားရရုံ သို့မဟုတ် မြင်ရရုံလောက်သာရှိပြီး သူ့ကို တစ်ခါမျှ မမြင်ဖူးသူ အများစုမှာ သူ့အလုပ်နှင့် ပတ်သက်၍ အယူအဆများ မရှိကြပါ၊ ခရစ်တော်ကို မြင်ဖူးပြီး သူ၏နှုတ်ကပတ်တော်များကို ကြားဖူးသည့်အပြင် သူ၏အလုပ်ကိုလည်း တွေ့ကြုံဖူးသူတို့မှာမူ ခရစ်တော်၏အလုပ်ကို လက်ခံနိုင်ရန် ခက်ခဲကြသည်။ ဤသည်မှာ ခရစ်တော်၏ ပုံပန်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် လူသားတို့ အကြိုက်မဟုတ်၍ပင် မဟုတ်ပါလား။ ခရစ်တော် ပြန်လည် တက်ကြွသွားပြီးနောက်မှ သူ၏အမှုကို လက်ခံသူတို့မှာမူ ယင်းအခက်အခဲမျိုး ရှိမည်မဟုတ်ပါ၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် ခရစ်တော်၏အလုပ်ကို လက်ခံရုံသာရှိပြီး ခရစ်တော်၏ သာမန် လူ့သဘာဝနှင့် မတွေ့ကြုံကြ၍ ဖြစ်သည်။ လူသားသည် ဘုရားသခင်နှင့် ပတ်သက်သည့် သူ၏အယူအဆများကို မဖျက်ထုတ်နိုင်ပါ၊ ထိုအစား ဘုရားသခင်ကို အလွန်ပြင်းထန်စွာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ ဤသို့ဖြစ်ရသည်မှာ လူသားသည် သူ၏ပုံပန်းသဏ္ဌာန်အပေါ်၌သာ အာရုံစိုက်ထားပြီး ခရစ်တော်၏အလုပ်နှင့် သူ၏နှုတ်ကပတ်တော်များအပေါ် အခြေခံ၍ သူ၏ဂုဏ်ဒြပ်ကို မသိမှတ် နားမလည်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ လူသားသည် ခရစ်တော်၏ ပုံပန်းသဏ္ဌာန်ကို လျစ်လျူရှုထားမည် သို့မဟုတ် ခရစ်တော်၏ လူ့သဘာဝကို ဆွေးနွေးရန် ရှောင်ဖယ်ပြီး၊ မည်သည့်လူသားမျှ မရရှိနိုင်သည့် သူ၏အလုပ်နှင့် နှုတ်ကပတ်တော်များဖြစ်သည့် ခရစ်တော်၏ ဘုရားသဘောသဘာဝ အကြောင်းကိုသာ ပြောဆိုမည်ဆိုပါက၊ လူသား၏ အယူအဆမှာ တစ်ဝက်ထိုးကျသွားနိုင်သည်၊ လူသား၏ အခက်အခဲများအားလုံးကို ဖြေရှင်းပြီးသား အခြေအနေထိပင် ထိုးကျသွားနိုင်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ခရစ်တော်၏ဂုဏ်ဒြပ်မှာ ကောင်းကင်ဘုံ၌ ရှိတော်မူသော ခမည်းတော်၏ အလိုတော်ကို ဆောင်ခြင်းဖြစ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၀)

လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ အနှစ်သာရကို ပိုင်ဆိုင်ရမည်ဖြစ်ပြီး၊ လူ့ဇာတိခံ ဘုရားသခင်ဖြစ်သော သူသည် ဘုရားသခင်၏ ဖော်ပြခြင်းကို ပိုင်ဆိုင်လိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့်အတွက် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အမှုကို သူ လုပ်ဆောင်မည်ဖြစ်ပြီး၊ ဘုရားသခင်သည် ဇာတိပကတိ ဖြစ်သွားသည့် အတွက်၊ သူ၏ဖြစ်ခြင်းကို ဖော်ပြမည်ဖြစ်ကာ လူသားထံ သမ္မာတရားကို ယူဆောင်လာနိုင်မည်၊ သူ့အပေါ် အသက်ကို အပ်နှင်းနိုင်မည်ဖြစ်ပြီး၊ သူ့အတွက် လမ်းခရီးကို ညွှန်ပြနိုင်မည်ဖြစ်သည်။ ဘုရားသခင်၏ အနှစ်သာရ မရှိသည့် ဇာတိပကတိသည် လူ့ဇာတိခံ ဘုရားသခင် တကယ် မဟုတ်ပေ။ ဤအရာနှင့် သက်ဆိုင်၍ သံသယဖြစ်ဖွယ် မရှိချေ။ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ်မဟုတ် ဆိုသည်ကို လူသားက စုံစမ်းရန် ရည်ရွယ်ပါက၊ သူဖော်ပြသော စိတ်နေသဘောထားနှင့် သူပြောဆိုသော နှုတ်ကပတ်တော်များမှ ဤအရာကို အတည်ပြုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်နှင့် မှန်ကန်သော လမ်းခရီး ဟုတ် မဟုတ် ဆိုသည်ကို အတည်ပြုရန်၊ သူ၏ အနှစ်သာရအရ ခွဲခြားရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိပကတိ ဟုတ် မဟုတ် ဆိုသည်ကို ဆုံးဖြတ်ရာတွင် သူ၏ အပြင်ပန်းသွင်ပြင်ထက် သူ၏အနှစ်သာရတွင် (သူ၏အမှု၊ သူ၏ မိန့်မြွက်ချက်များ၊ သူ၏စိတ်သဘောထားနှင့် အခြား ရှုထောင့်များစွာ) အဓိကအချက် တည်ရှိပေသည်။ အကယ်၍ လူတို့သည် သူ၏ အပြင်ပန်း သွင်ပြင်ကိုသာ စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးကာ အကျိုးဆက်အနေဖြင့် သူ၏ အနှစ်သာရကို သတိမမူမိပါက၊ ဤအရာက လူသည် မသိနားမလည်သကဲ့သို့ ပညာမဲ့ဖြစ်သည်ကို ပြပေသည်။ အပြင်ပန်း သွင်ပြင်သည် အနှစ်သာရကို အဆုံးအဖြတ်မပေးနိုင်ပေ။ ထို့ပြင်၊ ဘုရားသခင်၏အမှုသည် လူသား၏ အယူအဆများနှင့် မည်သည့်အခါတွင်မျှ ကိုက်ညီနိုင်မည် မဟုတ်ပေ။ ယေရှု၏ အပြင်ပန်းပုံသဏ္ဌာန်သည် လူ၏ အယူအဆများနှင့် ဆန့်ကျင်ခဲ့သည် မဟုတ်ပါလား။ ယေရှု၏ မျက်နှာနှင့် အဝတ်အစားက သူ၏ စစ်မှန်သော ပင်ကိုလက္ခဏာနှင့် ပတ်သက်သည့် မည်သည့် သဲလွန်စမျှ မပေးနိုင်သည် မဟုတ်လော။ အစောပိုင်း ဖာရိရှဲများသည် အတိအကျအားဖြင့် သူ၏ အပြင်ပန်းသွင်ပြင်ကိုသာ ကြည့်ရုံမျှခဲ့ကြပြီး သူ၏ နှုတ်မှ နှုတ်ကပတ်တော်များကို နှလုံးမသွင်းခဲ့ကြသောအချက် အတိအကျကြောင့် ယေရှုကို ဆန့်ကျင်ခဲ့ကြသည် မဟုတ်လော။ ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို ရှာဖွေကြသော ညီအစ်ကို မောင်နှမ အယောက်စီတိုင်းသည် သမိုင်း၏ အဖြစ်ဆိုးကို ထပ်ခါထပ်ခါ ဖြစ်စေမည်မဟုတ်သည်မှာ ငါ၏ မျှော်လင့်ချက် ဖြစ်သည်။ သင်တို့သည် ခေတ်သစ် ဖာရိရှဲများ ဖြစ်လာ၍ မဖြစ်သကဲ့သို့၊ ဘုရားသခင်ကို ကားတိုင်တွင် တစ်ဖန် သံမှိုရိုက်၍လည်း မဖြစ်ပေ။ သင်တို့သည် ဘုရားသခင်၏ ပြန်ကြွလာခြင်းကို မည်သို့ကြိုဆိုရမည်ကို သေသေချာချာ စဉ်းစားထားသင့်ပြီး သမ္မာတရားကို ကျိုးနွံနာခံသူတစ်ဦး မည်သို့ဖြစ်ရမည် ဆိုသည်နှင့် စပ်လျဉ်း၍ ရှင်းလင်းသော စိတ်ရှိရမည်။ ဤသည်မှာ ယေရှုက မိုးတိမ်စီးရင်း ပြန်ကြွလာသည်ကို စောင့်ဆိုင်းသူတိုင်း၏ တာဝန် ဖြစ်သည်။ ငါတို့သည် ငါတို့၏ဝိညာဉ်မျက်စိများကို ကြည်လင်သွားစေဖို့ ပွတ်သပ်ကြည့်သင့်ပြီး လွန်ကဲသည့် စိတ်ကူးယဉ် စကားလုံးများတွင် နွံနစ်မသွားသင့်ပေ။ ငါတို့သည် ဘုရားသခင်၏ လက်တွေ့ကျသည့် အမှုအကြောင်းကို စဉ်းစားသင့်ပြီး ဘုရားသခင်၏ လက်တွေ့ကျသည့် ရှုထောင့်ကို ကြည့်သင့်သည်။ သခင်ယေရှုက မိုးတိမ်စီးရင်း၊ သင်တို့အလယ် ရုတ်တရက် ကြွဆင်းကာ သူ့ကို မည်သည့်အခါတွင်မျှ မသိဖူး သို့မဟုတ် မမြင်ဖူးသကဲ့သို့၊ သူ၏ အလိုကို မည်သို့ ဆောင်ရွက်ရမည်ကို မသိသည့် သင်တို့ကို ခေါ်ဆောင်မည့် နေ့ရက်ကို အမြဲ တောင့်တရင်း၊ စိတ်ကူးယဉ်အိပ်မက်ထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားမနေနှင့် သို့မဟုတ် မိမိတို့ကိုယ်ကိုယ် နစ်မြုပ်မနေလေနှင့်။ သာ၍လက်တွေ့ကျသော ကိစ္စများနှင့်ပတ်သက်၍ စဉ်းစားရန် သာ၍ ကောင်းပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၁)

လူ့ဇာတိခံသည့် ဘုရားသခင်သည် သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ချိန်တွင်၊ ဤကာလအတွင်းတွင် သူ့နောက်လိုက်သော လူတစ်စုထံသို့သာ မိမိကိုယ်မိမိ ပြပြီး ဖန်ဆင်းခံ သတ္တဝါအားလုံးထံသို့ မပြပေ။ သူသည် သူ၏ အမှု အဆင့်တစ်ဆင့်ကို စုံလင်စေရန်သာ လူ့ဇာတိ ခံယူခဲ့ပြီး၊ သူ၏ ပုံသဏ္ဌာန်ကို လူသားထံပြရန်အတွက် မဟုတ်ပေ။ သို့သော်လည်း သူ၏အမှုကို သူကိုယ်တိုင် ဆောင်ရွက်ရမည် ဖြစ်သောကြောင့်၊ ဇာတိခန္ဓာဖြင့် ထိုသို့ လုပ်ဆောင်ရန် သူ့အတွက် လိုအပ်ပေသည်။ ဤအမှု အဆုံးသတ်သည့်အခါ၊ သူသည် လူ့လောကမှ ထွက်ခွာလိမ့်မည် ဖြစ်သည်။ လာမည့်အမှု၏ လမ်းကို အတားအဆီးဖြစ်စေမိမည် စိုးသည့်အတွက် သူသည် လူသားမျိုးနွယ်အလယ်တွင် ရေရှည် ရှိမနေနိုင်ပေ။ အကြောင်းမှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားမှတစ်ဆင့်သာ ပြသ၍ရနိုင်ပြီး သူ၏ လူ့ဇာတိခံ ခန္ဓာ၏ ပုံသဏ္ဌာန်က အစားထိုး၍ မရနိုင်သည့်အတွက် လူအမြောက်အများထံ သူ ထင်ရှားစေသည်မှာ သူ၏ဖြောင့်မတ်သော စိတ်သဘောထားနှင့် သူ၏လုပ်ဆောင်မှုများ အားလုံးဖြစ်ကာ၊ သူ လူ့ဇာတိနှစ်ကြိမ်ခံယူချိန်က ပုံသဏ္ဌာန်မဟုတ်ပေ။ သူ၏ ဇာတိခန္ဓာ ပုံသဏ္ဌာန်ကို လူအရေအတွက် အကန့်အသတ်တစ်ခု ဆီသို့သာ၊ လူ့ဇာတိ၌ သူအလုပ်လုပ်နေစဉ် သူ့နောက်ကိုလိုက်သော သူများထံသို့သာ ပြသလေသည်။ ဤသည်မှာ ယခု ဆောင်ရွက်နေသော အမှုကို လျှို့ဝှက်စွာလုပ်ဆောင်ရသည့် အကြောင်းရင်း ဖြစ်သည်။ ထိုနည်းတူ ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ခဲ့ချိန်တွင်၊ ဂျူးလူမျိုးများထံသာ မိမိကိုယ်ကိုယ် ပြသခဲ့ပြီး၊ အခြားမည်သည့် တိုင်းနိုင်ငံကိုမျှ မိမိကိုယ်မိမိ လူသိရှင်ကြား လုံးဝ မပြခဲ့ပေ။ ထို့ကြောင့် သူ၏အမှုကို လက်စသတ်ခဲ့ပြီးသည်နှင့်တစ်ပြိုင်နက် သူသည် လူ့လောကမှ ချက်ချင်းထွက်ခွာခဲ့ပြီး မနေထိုင်ခဲ့ပေ။ နောက်ပိုင်းတွင် လူသားထံ မိမိကိုယ်မိမိ ပြခဲ့သူမှာ ဤလူသား ပုံသဏ္ဌာန်ဖြစ်သည့် သူမဟုတ်ခဲ့ဘဲ၊ အမှုကို တိုက်ရိုက်ဆောင်ရွက်ခဲ့သော သန့်ရှင်းသောဝိညာဉ်တော် ဖြစ်လေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှု လုံးဝ ပြီးစီးသည်နှင့်တစ်ပြိုင်နက်၊ သေမျိုးဖြစ်သော လောကမှ သူထွက်ခွာလိမ့်မည်ဖြစ်ပြီး၊ လူ့ဇာတိ၌ သူ ရှိခဲ့ချိန် လုပ်ဆောင်ခဲ့သည့် အရာနှင့်တူညီသည့် မည်သည့်အမှုကိုမျှ သူ တစ်ဖန် လုံးဝ လုပ်ဆောင်လိမ့်မည်မဟုတ်ပေ။ ဤအရာပြီးသည့်နောက်တွင်၊ အမှုအားလုံးကို သန့်ရှင်းသောဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်လေသည်။ ဤကာလအတောအတွင်းတွင်၊ လူသားသည် သူ၏ အသွေးအသား ခန္ဓာ၏ ပုံသဏ္ဌာန်ကို မမြင်နိုင်ပေ။ သူသည် လူသားထံ မိမိကိုယ်မိမိ လုံးဝမပြဘဲ၊ ထာဝရ ကွယ်ဝှက်နေလေသည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုအတွက် အချိန်သည် အကန့်အသတ်ရှိ၏။ ယင်းကို တိကျသော ခေတ်၊ ကာလ၊ တိုင်းနိုင်ငံနှင့် တိကျသော လူများအလယ်တွင် ဆောင်ရွက်ပေသည်။ ဤအမှုသည် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းကာလ အတောအတွင်းက အမှုကိုသာ ကိုယ်စားပြုပြီး ထိုခေတ်အဖို့ သီးသန့်ဖြစ်ပေသည်။ ယင်းသည် သီးသန့် ခေတ်တစ်ခေတ်ထဲက ဘုရားသခင်၏ ဝိညာဉ်တော်၏အမှုကို ကိုယ်စားပြုပြီး သူ၏ အမှုအလုံးစုံကို ကိုယ်စားမပြုပေ။ ထို့ကြောင့်၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူအားလုံးထံ ပြသမည် မဟုတ်ပေ။ လူအမြောက်အများထံသို့ ပြသသည့်အရာမှာ သူ လူ့ဇာတိနှစ်ကြိမ် ခံယူတုန်းက သူ၏ပုံသဏ္ဌာန်ထက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းနှင့် သူ၏ စိတ်သဘောထားအလုံးစုံ ဖြစ်ပေသည်။ လူသားထံ ပြသသည်မှာ ပုံသဏ္ဌာန်တစ်ခုမဟုတ်သကဲ့သို့ ပုံသဏ္ဌာန်နှစ်ခု ပေါင်းစည်းခြင်းလည်း မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် သူ လုပ်ဆောင်ရမည့် အမှုကို လုပ်ဆောင်ရန်သာ ကြွလာပြီး လူတို့ထံ မိမိ၏ပုံသဏ္ဌာန်ကိုပြရန် မဟုတ်သည့်အတွက်၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ခန္ဓာသည် သူလုပ်ဆောင်ဖို့ လိုအပ်သည့်အမှုကို ပြီးဆုံးသည်နှင့် ကမ္ဘာပေါ်မှ ထွက်ခွာသင့်သည်မှာ အလွန် အရေးကြီးပေသည်။ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို ဘုရားသခင်က လူ့ဇာတိကိုနှစ်ကြိမ်ခံယူခြင်းဖြင့် ပြည့်စုံစေနှင့်ပြီး ဖြစ်သော်လည်း၊ ယခင်က သူ့ကို လုံးဝ မမြင်ဖူးသော မည်သည့် တိုင်းနိုင်ငံထံသို့မဆို မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြဦးမည် မဟုတ်ပေ။ ယေရှုသည် ဖြောင့်မတ်ခြင်းနေမင်းအဖြစ် မိမိကိုယ်မိမိ ဂျူးလူမျိုးများထံသို့ မည်သည့်အခါမျှ တစ်ဖန် ဖော်ပြလိမ့်မည် မဟုတ်သကဲ့သို့၊ သံလွင်တောင်ပေါ်သို့ တက်ကြွပြီး လူအားလုံးထံ ပေါ်လာလိမ့်မည်လည်း မဟုတ်ပေ။ ဂျူးလူမျိုးများက မြင်ရပြီးသမျှ အားလုံးမှာ ယုဒပြည်တွင် သူ၏ အချိန်ကာလအတောအတွင်း ယေရှု၏ပုံတူ ဖြစ်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ၏ လူ့ဇာတိခံယူခြင်းတွင် ယေရှု၏အမှုသည် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ထောင်က အဆုံးသတ်ခဲ့သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံလာသည့် ယေရှု၏ ပုံသဏ္ဌာန်သည် ဂျုးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်မျှဖြစ်ပြီး ယောဟန်မြင်ခဲ့သည့် လူသား၏ ပုံသဏ္ဌာန် မဟုတ်သည့်အတွက်၊ သူသည် ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်၌ မိမိကိုယ်ကိုယ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများထံသို့ ပြဖို့မဆိုလေနှင့်၊ ဂျူးလူမျိုးတစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် ယုဒပြည်သို့ပင် ပြန်လာလိမ့်မည် မဟုတ်ပေ။ သူ တစ်ဖန် ပြန်ကြွလာမည်ဟု သူ၏နောက်လိုက်များထံ ယေရှုကတိပေးခဲ့သော်လည်း၊ ဂျူးလူမျိုး တစ်ဦး၏ ပုံသဏ္ဌာန်ဖြင့် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတွင် ရှိကြသူများထံ မိမိကိုယ်မိမိ သက်သက်ပြလိမ့်မည် မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်တစ်ခုကို ဖွင့်ဖို့ဖြစ်သည်ကို သင်တို့သိသင့်သည်။ ဤအမှုသည် နှစ်အနည်းငယ်အထိ ကန့်သတ်ထားပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်၏ အမှုအားလုံးကို သူ မပြည့်စုံစေနိုင်ပေ။ ထိုနည်းတူစွာ၊ ဂျူးလူမျိုးတစ်ဦးအဖြစ် ယေရှု၏ပုံသဏ္ဌာန်သည် ယုဒပြည်တွင် သူ အမှုပြုခဲ့သည်နှင့်အမျှ ဘုရားသခင်၏ပုံသဏ္ဌာန်ကိုသာ ကိုယ်စားပြုနိုင်ပြီး ကားစင်တင်ခံရခြင်း အမှုကိုသာ သူ လုပ်ဆောင်နိုင်လေသည်။ ယေရှုသည် လူ့ဇာတိ၌ ရှိခဲ့သည့် အချိန်ကာလအတောအတွင်းတွင်၊ ခေတ်ကို အဆုံးသတ်သို့ ဆောင်ကြဉ်းခြင်း သို့မဟုတ် လူသားမျိုးနွယ်ကို ဖျက်ဆီးခြင်းအမှုအား သူ မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ကားစင်တင်ခံရပြီး၊ သူ၏အမှုကို အဆုံးသတ်ပြီးသည့်နောက်တွင် အထက်အရပ်သို့ တက်ကြွခဲ့ကာ လူသားထံမှ မိမိကိုယ်မိမိ ထာဝရ ဖုံးကွယ်ထားခဲ့သည်။ ထိုအချိန်မှစ၍ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ သစ္စာရှိသော ယုံကြည်သူများသည် သခင်ယေရှု၏ သရုပ်သကန်ကို မတွေ့မြင်နိုင်ခဲ့ကြဘဲ၊ နံရံပေါ်တွင် ကပ်ထားသော သူ၏ပုံတူကိုသာ တွေ့မြင်နိုင်ခဲ့ကြသည်။ ဤပုံတူသည် လူသားက ရေးဆွဲခဲ့သည့် ပုံတူတစ်ခုသာဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တိုင်က လူသားထံ ပြခဲ့သည့် ပုံသဏ္ဌာန်မဟုတ်ပေ။ ဘုရားသခင်သည် သူ လူ့ဇာတိနှစ်ကြိမ် ခံယူခဲ့ချိန်တုန်းက သူ၏ပုံသဏ္ဌာန်ဖြင့် လူအမြောက်အမြားထံသို့ မိမိကိုယ်မိမိ ပွင့်လင်းစွာ ပြသလိမ့်မည်မဟုတ်ပေ။ လူသားမျိုးနွယ် အလယ်တွင် သူလုပ်ဆောင်သော အမှုသည် သူ၏စိတ်သဘောထားကို ၎င်းတို့အား နားလည်ခွင့်ပေးရန် ဖြစ်သည်။ ဤအရာအားလုံးကို မတူညီသောခေတ်များ၏ အမှုအားဖြင့် လူသားထံသို့ ပြသလေသည်။ ယင်းကို ယေရှု၏ သရုပ်သကန်မှတစ်ဆင့် ဆိုသည်ထက်၊ သူ သိရှိစေပြီးဖြစ်သည့် သူ၏ စိတ်သဘောထားနှင့် သူ လုပ်ဆောင်ပြီးဖြစ်သည့် အမှုတို့မှတစ်ဆင့် ပြီးမြောက်စေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ပုံသဏ္ဌာန်ကို လူ့ဇာတိခံယူသော ပုံသဏ္ဌာန်မှတစ်ဆင့် မဟုတ်ဘဲ၊ ယင်းထက် ပုံသဏ္ဌာန်နှင့် သွင်ပြင်နှစ်ခုလုံးရှိသည့် လူ့ဇာတိခံယူသော ဘုရားသခင် လုပ်ဆောင်သည့် အမှုမှတစ်ဆင့် သိရှိစေခြင်း ဖြစ်ပေသည်။ ပြီးလျှင် သူ၏အမှုမှတစ်ဆင့် သူ၏ပုံသဏ္ဌာန်ကို ပြသခြင်းဖြစ်ပြီး၊ သူ၏စိတ်သဘောထားကို သိရှိစေခြင်း ဖြစ်ပေသည်။ ဤသည်မှာ လူ့ဇာတိ၌ သူလုပ်ဆောင်လိုသည့် အမှု၏ အရေးပါမှု ဖြစ်သည်။

ဘုရားသခင်၏ လူ့ဇာတိနှစ်ကြိမ်ခံယူခြင်း အမှု အဆုံးသတ်သို့ ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် သူ၏ပုံသဏ္ဌာန်ကို လူအမြောက်အမြားအား မြင်ခွင့်ပေးရင်း၊ တစ်ပါးအမျိုးသား တိုင်းနိုင်ငံများတစ်လျှာက် သူ၏ဖြောင့်မတ်သော စိတ်သဘောထားကို စတင်ပြသလိမ့်မည်ဖြစ်သည်။ သူသည် သူ၏စိတ်သဘောထားကို ပေါ်လွင်ထင်ရှားစေလိမ့်မည်ဖြစ်ပြီး၊ ဤနည်းလမ်းဖြင့် မတူညီသော လူအတန်းအစားများ၏ အဆုံးသတ်များကို ထင်ရှားစေလိမ့်မည်၊ ထိုသို့ဖြင့် ခေတ်ဟောင်းကို အဆုံးသို့ လုံးဝ ရောက်ရှိစေမည်ဖြစ်သည်။ လူ့ဇာတိ၌ သူ၏အမှုကို ကြီးမားသည့် တစ်ပြင်တစ်ခွင် တစ်လွှား မတိုးချဲ့ရသည့် အကြောင်းအရင်းမှာ (ယေရှုက ယုဒပြည်၌သာ အလုပ်လုပ်ခဲ့သကဲ့သို့၊ ယနေ့တွင် ငါသည် သင်တို့အလယ်တွင်သာ အလုပ်လုပ်သည်) လူ့ဇာတိ၌ သူ၏အမှုသည် နယ်နိမိတ်များနှင့် အကန့်အသတ်များ ရှိသောကြောင့်ဖြစ်သည်။ သူသည် ရိုးရိုးသာမန်လူ့ဇာတိပုံသဏ္ဌာန်ဖြင့် တိုတောင်းသော အမှုတစ်ခုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်နေ ပေသည်။ သူသည် ထာဝရနှင့်သက်ဆိုင်သည့် အမှု၊ သို့မဟုတ် တစ်ပါးအမျိုးသား တိုင်းနိုင်ငံများမှ လူများထံ ပေါ်ထွန်းခြင်းအမှုကို လုပ်ဆောင်ရန် ဤလူ့ဇာတိခံ ခန္ဓာကို အသုံးပြုနေခြင်းမဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် အမှုသည် နယ်ပယ်အရသာ (ယုဒပြည်၌သာ သို့မဟုတ် သင်တို့အလယ်တွင်သာ အမှုပြုခြင်းကဲ့သို့) ကန့်သတ်၍ ရနိုင်ပြီး၊ ဤနယ်နိမိတ်များ အတွင်း ဆောင်ရွက်သော အမှုအားဖြင့် ယင်း၏နယ်ပယ်ကို တိုးချဲ့၍ရနိုင်ပေသည်။ ဟုတ်ပေ၏၊ တိုးချဲ့ခြင်းအမှုကို သူ၏ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်ရမည် ဖြစ်ပြီး၊ ထို့နောက်တွင် သူ၏ လူ့ဇာတိခံ ခန္ဓာ၏ အမှု ဖြစ်တော့မည် မဟုတ်ပေ။ အကြောင်းမှာ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် နယ်နိမိတ်များရှိပြီး စကြဝဠာ၏ နေရာအားလုံးသို့ တိုးချဲ့ထားခြင်းမရှိပေ- ဤအရာကို ယင်းက မပြီးမြောက်နိုင်ပေ။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုမှတစ်ဆင့်၊ နောက်လာမည့်အမှုကို သူ၏ဝိညာဉ်တော်က ဆောင်ရွက်လေသည်။ ထို့ကြောင့် လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် အချို့ နယ်နိမိတ်များအတွင်းတွင် ဆောင်ရွက်သည့် အဖွင့် သဘောသဘာဝရှိသည့် အမှုဖြစ်သည်။ ဤအရာပြီးသည့်နောက်တွင် ဤအမှုနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်သည်မှာ သူ၏ဝိညာဉ်တော် ဖြစ်သည့်အပြင် သူသည် ကျယ်ပြန့်သော အတိုင်းအတာဖြင့် ထိုသို့ လုပ်ဆောင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၂)

ဤကမ္ဘာမြေပေါ် လုပ်ဆောင်ရန် ဘုရားသခင် ကြွလာသည့် အမှုမှာ ခေတ်ကို လမ်းပြရန်၊ ခေတ်သစ်ကို ဖွင့်ကာ ခေတ်ဟောင်းကို အဆုံးသတ်ရန်သာ ဖြစ်သည်။ သူသည် ကမ္ဘာပေါ်တွင် လူ့ဘဝ၏သက်တမ်းကို အသက်ရှင်နေထိုင်ရန်၊ လူ့လောက၏ ဘဝနှင့်သက်ဆိုင်သည့် ဝမ်းမြောက်မှုများနှင့် ဝမ်းနည်းမှုတို့ကို သူကိုယ်တိုင်တွေ့ကြုံခံစားရန်၊ သို့မဟုတ် သူ၏လက်ဖြင့် လူတစ်ဦးဦးကို စုံလင်စေရန် သို့မဟုတ် လူတစ်ဦးဦးကို သူ ကြီးထွားသည်နှင့်အမျှ ကိုယ်တိုင်ကိုယ်ကျ စောင့်ကြည့်ရန် ကြွလာခြင်း မဟုတ်ပေ။ ဤသည်မှာ သူ၏အလုပ်မဟုတ်ပေ။ သူ၏အလုပ်မှာ ခေတ်သစ်တစ်ခုကို စတင်ပြီး၊ ခေတ်ဟောင်းကို အဆုံးသတ်ရန်မျှသာ ဖြစ်သည်။ ဆိုလိုသည်မှာ၊ သူသည် လူကိုယ်တိုင် ခေတ်တစ်ခုကို စတင်မည်၊ လူကိုယ်တိုင် အခြားသောခေတ်ကို အဆုံးသတ်ပြီး သူ၏ အမှုကို လူကိုယ်တိုင် ဆောင်ရွက်ခြင်းအားဖြင့် စာတန်ကို အနိုင်ယူလိမ့်မည်ဖြစ်သည်။ လူကိုယ်တိုင် သူ၏အမှုကို ဆောင်ရွက်သည့်အချိန်တိုင်းတွင်၊ ယင်းမှာ စစ်မြေပြင်ပေါ် သူ ခြေချနေသည့်အလား ဖြစ်သည်။ ဦးစွာပထမ သူသည် လောကကို နှိမ်နှင်းပြီး လူ့ဇာတိ၌ ရှိစဉ်တွင် စာတန်ကို အောင်နိုင်သည်။ သူသည် ဘုန်းအသရေအားလုံးကို ပိုင်ဆိုင်ရယူပြီး၊ နှစ်ပေါင်းနှစ်ထောင်နှင့် ဆိုင်သည့် အမှုတစ်ခုလုံးပေါ်က ကန့်လန့်ကာကို မတင်သည်၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် ကမ္ဘာပေါ်တွင်ရှိသော လူအားလုံးက နင်းလျှောက်ရန် မှန်ကန်သောလမ်းကြောင်းရှိပြီး၊ အသက်ရှင်ဖို့ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်း အသက်တာတစ်ခု ရှိကြဖို့ ဖြစ်ပေသည်။ သို့သော် အဆုံးတွင် ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသားနှင့် မတူသည့်အတွက်၊ ဘုရားသခင်သည် ကမ္ဘာပေါ်တွင် လူသားနှင့် ကြာမြင့်စွာ အသက်မရှင်နိုင်ပေ။ သူသည် ပုံမှန်လူတစ်ဦး၏ သက်တမ်းကို အသက်မရှင်နိုင်ပေ၊ ဆိုလိုသည်မှာ သူ၏လူ့ဘဝကို အားဖြည့်ရန် ပုံမှန်လူတစ်ဦး၏ ပုံမှန် လူ့သဘာဝနှင့်သက်ဆိုင်သည့် အနည်းဆုံး အစိတ်အပိုင်းတစ်ခုသာ ရှိသည့်အတွက်၊ သာမန်လူတစ်ဦးအဖြစ် ကမ္ဘာပေါ်တွင် သူ မနေထိုင်နိုင်ပေ။ တစ်နည်းအားဖြင့် ဘုရားသခင်သည် ကမ္ဘာပေါ်တွင် မည်သို့ မိသားစုတစ်ခုကို စတင်ကာ အလုပ်တစ်ခု ရှိပြီး၊ ကလေးများကို ပြုစုပျိုးထောင်နိုင်မည်နည်း။ ဤသည်မှာ သူ့အဖို့ ဂုဏ်သရေပျက်ခြင်း ဖြစ်မည် မဟုတ်လော။ သူသည် သာမန်လူ့သဘာဝ အပ်နှင်းခံထားရသည်မှာ ပုံမှန်ပုံစံတစ်ခုဖြင့် အမှုကို လုပ်ဆောင်ခြင်း ရည်ရွယ်ချက်အတွက်သာ ဖြစ်ပြီး၊ ပုံမှန်လူတစ်ဦးကဲ့သို့ သူ့ကို မိသားစုတစ်ခုနှင့် အလုပ်တစ်ခု ရှိနိုင်စေဖို့ မဟုတ်ပေ။ သူ၏ ပုံမှန်အသိစိတ်၊ ပုံမှန်ဉာဏ်နှင့် သူ၏ ခန္ဓာနှင့်သက်ဆိုင်သည့် ပုံမှန်အစာစားခြင်းနှင့် ဝတ်စားခြင်းတို့သည် သာမန်လူ့သဘာဝတစ်ခု သူရှိသည်ကို သက်သေပြရန် လုံလောက်ပေသည်။ သူသည် ပုံမှန်လူ့သဘာဝဖြင့် ဖြည့်ဆည်းထားသည်ကို သက်သေပြရန်အလို့ငှာ မိသားစုတစ်ခု သို့မဟုတ် အလုပ်အကိုင်တစ်ခုရှိဖို့ သူ့အတွက် မလိုအပ်ပေ။ ဤသည်မှာ လုံးဝ လိုအပ်လိမ့်မည် မဟုတ်။ ကမ္ဘာပေါ်သို့ ဘုရားသခင်၏ ကြွလာခြင်းသည် နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူခြင်းဖြစ်သည်။ သူသည် လူသားကို သူ၏နှုတ်ကပတ်တော်အား တကယ်ကို နားလည်ခွင့်နှင့် သူ၏ နှုတ်ကပတ်တော်များကို မြင်ခွင့်ပေးနေသည်၊ ယင်းမှာ လူ့ဇာတိအားဖြင့် ဆောင်ရွက်သည့် အမှုကို လူအား တွေ့မြင်ခွင့်ပေးခြင်း ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ လူတို့အနေဖြင့် သူ၏လူ့ဇာတိကို အချို့နည်းလမ်းဖြင့် ဆက်ဆံဖို့အတွက် မဟုတ်ဘဲ၊ အဆုံးအထိ လူသားက နာခံဖို့အတွက်သာ ဖြစ်သည်၊ ယင်းမှာ သူ၏နှုတ်မှ ထုတ်ပြန်သည့် နှုတ်ကပတ်တော်အားလုံးကို နာခံရန်နှင့် သူလုပ်ဆောင်သည့် အမှုအားလုံးကို ကျိုးနွံနာခံရန် ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် အလုပ်လုပ်နေခြင်းမျှသာ ဖြစ်သည်။ သူသည် လူသားအား သူ၏ လူ့ဇာတိ၏ ကြီးမြတ်မှုနှင့် သန့်ရှင်းမှုတို့ကို ချီးမြှောက်ရန် တမင်တကာ တောင်းဆိုနေခြင်း မဟုတ်ဘဲ၊ ယင်းအစား သူ၏ အမှုနှင့် သက်ဆိုင်သည့် ဉာဏ်ပညာနှင့် သူစွဲကိုင်သည့် ဩဇာအာဏာ အားလုံးကို လူသားထံ ပြသနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် ထင်ရှားသော လူ့သဘာဝရှိသော်လည်း၊ သူသည် ကြေညာခြင်းများ မပြုသကဲ့သို့၊ သူလုပ်သင့်သည့် အမှုအပေါ်သာ အာရုံစိုက်လေသည်။ ဘုရားသခင်သည် လူ့ဇာတိကိုခံယူသော်လည်း၊ သူ၏ ပုံမှန်လူ့သဘာဝကို မကြေညာ သို့မဟုတ် သက်သေမခံဘဲ၊ ယင်းအစား သူ လုပ်ဆောင်ရန် ဆန္ဒရှိသည့် အမှုကို ် အဘယ်ကြောင့် သက်သက် ဆောင်ရွက်သည်ကို သင်တို့ သိသင့်ပါသည်။ ထို့ကြောင့် လူ့ဇာတိခံ ဘုရားသခင်ထံမှ သင်တို့ တွေ့မြင်နိုင်သမျှအားလုံးမှာ ဘုရားသဘာဝအားဖြင့် သူ ဖြစ်သည့်အရာ ဖြစ်ပေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် သူ တတ်စွမ်းသမျှ ဖြစ်သည့်အရာမှာ လူက အတုယူရန်အတွက် ဖြစ်သည်ဟု မည်သည့်အခါတွင်မျှ သူ ထုတ်ဖော်မပြောသောကြောင့် ဖြစ်သည်။ လူက လူများကို ဦးဆောင်သည့်အခါမှသာ သူ တတ်စွမ်းနိုင်သမျှကို သူ ပြောဆိုသည်၊ ၎င်းတို့၏လေးစားမှုနှင့် ကျိုးနွံနာခံခြင်းကို ရရှိဖို့ သာ၍ ကောင်းပြီး ထိုသို့ဖြင့် အခြားသူများကို ခေါင်းဆောင်မှု ရရှိဖို့ သာ၍ ကောင်းပေသည်။ ဆန့်ကျင်ဘက် အနေဖြင့် ဘုရားသခင်သည် သူ၏အမှု တစ်ခုတည်းမှတစ်ဆင့် (ယင်းမှာ လူက မရနိုင်သော အမှု ဖြစ်သည်) လူကို သိမ်းပိုက်လေသည်။ သူနှင့်ပတ်သက်၍ လူ၏ လေးစားခြင်းခံရဖို့ သို့မဟုတ် လူအား သူ့ကို မြတ်နိုးကြည်ညိုစေဖို့ အကြောင်းမရှိပေ။ သူလုပ်ဆောင်သမျှအားလုံးမှာ သူ့ကို ရိုသေလေးမြတ်သည့် ခံစားချက်တစ်ခု သို့မဟုတ် သူ၏ ဉာဏ်မမီနိုင်ခြင်း သဘောနှင့်သက်ဆိုင်သည့် အသိစိတ်တစ်ခုကို လူ့အထဲသို့ သွတ်သွင်းခြင်း ဖြစ်သည်။ ဘုရားသခင်သည် လူကို အထင်ကြီးစေခြင်းငှာ မလိုအပ်ပေ။ သူ လိုအပ်သမျှမှာ သင်တို့အနေဖြင့် သူ၏စိတ်သဘောထားကို မျက်မြင်ကြုံတွေ့ပြီးသည် နှင့်တစ်ပြိုင်နက် သူ့ကို ရိုသေလေးမြတ်ရန်သာ ဖြစ်သည်။ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် သူ၏ ကိုယ်ပိုင်အမှုဖြစ်သည်။ သူ၏ကိုယ်စား လူသားက မလုပ်ဆောင်နိုင်သကဲ့သို့၊ လူသားက မအောင်မြင်နိုင်ပေ။ ဘုရားသခင် ကိုယ်တိုင်သာ သူ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ လူသားကို ဘဝသစ်များဆီသို့ ဦးဆောင်ဖို့ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်သည်။ သူ လုပ်ဆောင်သည့်အမှုမှာ လူသားကို အသက်တာသစ်တစ်ခု ပိုင်ဆိုင်လာနိုင်စေဖို့နှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်နိုင်စေဖို့ ဖြစ်သည်။ အမှု၏ ကျန်သည့်အရာများကို အခြားသူများက လေးစားရသည့် ပုံမှန်လူ့သဘာဝရှိသောသူတို့ထံ လွှဲအပ်ထားပေသည်။ ထို့ကြောင့် ကျေးဇူးတော်ခေတ်တွင် အနှစ်နှစ်ထောင် အမှုကို လူ့ဇာတိ၌ရှိသည့် နှစ်ပေါင်း ၃၃ နှစ်ထဲမှ သုံးနှစ်ခွဲမျှအချိန်တွင် သူက ပြည့်စုံစေခဲ့သည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ကမ္ဘာမြေပေါ်သို့ ကြွလာချိန်တွင်၊ သူသည် အနှစ်နှစ်ထောင် သို့မဟုတ် ခေတ်တစ်ခုလုံး၏ အမှုကို အတိုတောင်းဆုံးသော နှစ်အနည်းငယ် သက်တမ်းအတွင်းတွင် အမြဲ ပြည့်စုံစေလေသည်။ သူသည် နှောင့်နှေးခြင်းမရှိသကဲ့သို့ တန့်နေခြင်း မရှိပေ။ သူသည် တိုတောင်းသောနှစ်အနည်းငယ်အတွင်း ပြည့်စုံစေဖို့ နှစ်ပေါင်းများစွာနှင့်သက်ဆိုင်သည့် အမှုကို သူက တကယ်ကို အကျဉ်းချုံးလုပ်ဆောင်လေသည်။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် လူကိုယ်တိုင် သူလုပ်ဆောင်သည့်အမှုသည် ထွက်မြောက်ရာလမ်းသစ်ကို ဖွင့်ခြင်းနှင့် ခေတ်သစ်တစ်ခုကို ဦးဆောင်ခြင်းအတွက် အပြည့်အဝ ဖြစ်သောကြောင့်တည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၂)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၃)

ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်သည့်အခါ၊ သူသည် တည်ဆောက်ခြင်း တစ်ခုခု သို့မဟုတ် လှုပ်ရှားမှုများတစ်ခုခုတွင် ပါဝင်ရန် ကြွလာခြင်းမဟုတ်ဘဲ သူ၏အမှုတော်ကို ဖြည့်ဆည်းရန် ကြွလာခြင်းဖြစ်သည်။ သူ လူ့ဇာတိခံယူသည့်အကြိမ်တိုင်းတွင်၊ ယင်းမှာ အမှု၏အဆင့်တစ်ခု ပြီးမြောက်ရန်နှင့် ခေတ်သစ်တစ်ခုကို စတင် ဖွင့်လှစ်ရန်သာ ဖြစ်သည်။ ယခုအခါ နိုင်ငံတော်အတွက် လေ့ကျင့်မှု ရှိသည်နှင့်အမျှ နိုင်ငံတော်ခေတ် ရောက်ရှိပြီဖြစ်သည်။ အမှု၏ ဤအဆင့်မှာ လူ၏အလုပ် မဟုတ်ပေ၊ ယင်းသည် လူသားကို သီးသန့် အတိုင်းအတာ တစ်ခုအထိ ပြုပြင်ရန် မဟုတ်ဘဲ၊ ဘုရားသခင်၏ အမှုအစိတ်အပိုင်းတစ်ခုကို စုံလင်စေရန်သာဖြစ်သည်။ သူလုပ်ဆောင်သောအရာမှာ လူ၏အလုပ် မဟုတ်၊ ယင်းသည် ကမ္ဘာမြေကြီးကို မစွန့်ခွာမီ လူကို အမှုပြုရာ၌ ရလဒ်တစ်ခုခုကို ရရှိရန် မဟုတ်ပေ။ ယင်းမှာ သူ၏အမှုတော်ကို ဖြည့်ဆည်းရန်နှင့် သူ လုပ်ဆောင်ရမည့်အမှုကို ပြီးစီးရန်ဖြစ်သည်၊ ယင်းသည် ကမ္ဘာမြေကြီးပေါ်က သူ၏အမှုအတွက် သင့်လျော်သော အစီအစဉ်များကို ပြုလုပ်ရန်ဖြစ်ပြီး၊ ထိုသို့ဖြင့် ဘုန်းထင်ရှားလာစေရန် ဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်၏အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကိုခံရသော လူတို့၏ အလုပ်နှင့် မတူပေ။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်၌ သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာသည့်အခါ၊ သူသည် သူ၏အမှုတော် ပြည့်စုံခြင်းကိုသာ သူပူပန်၏။ သူ၏အမှုတော်နှင့်မဆက်နွှယ်သည့် အခြားကိစ္စရပ် အားလုံးအတွက်မူ၊ သူသည် မသိကျိုးကျွန် ပြုသည်အထိ၊ မပါဝင်သလောက်ဖြစ်နီးပါး ဖြစ်လေသည်။ သူသည် သူ လုပ်ဆောင်သင့်သော အမှုကို လုပ်ဆောင်ရုံမျှ လုပ်ဆောင်ပြီး၊ လူ လုပ်ဆောင်သင့်သောအမှုနှင့်ပတ်သက်၍ သူသည် ပူပန်မှုမရှိဆုံးဖြစ်၏။ အခြားသောကိစ္စမှန်သမျှမှာ သူ၏ပိုင်နက်ပြင်ပ၌ ရှိသည့်အလား၊ သူပြုသောအမှုသည် သူရှိသည့် ခေတ်၊ သူ ဖြည့်ဆည်းသင့်သည့် အမှုတော်နှင့်သာ လုံးဝဥဿုံ သက်ဆိုင်လေသည်။ သူသည် လူသားမျိုးနွယ်ထဲမှ တစ်ဦးအဖြစ် အသက်ရှင်ခြင်းနှင့်ပတ်သက်သည့် ပို၍အခြေခံကျသော အသိဖြင့် မိမိကိုယ်ကိုယ် ဖြည့်ဆည်းခြင်း မရှိသကဲ့သို့၊ နောက်ထပ်လူမှုရေးရာကျွမ်းကျင်မှုများကို သင်ယူခြင်း၊ လူတို့နားလည်သော အခြားမည်သည့်အရာမဆိုဖြင့် မိမိကိုယ်ကိုယ် ပြင်ဆင်ခြင်းလည်း မရှိပေ။ လူသားတို့ ပိုင်ဆိုင်သင့်သောအရာ မှန်သမျှကို သူသည် စိတ်ဝင်စားခြင်း လုံးဝမရှိဘဲ၊ သူသည် သူ၏တာဝန်ဖြစ်သော အမှုကိုသာ လုပ်ဆောင်လေသည်။ ထို့ကြောင့် လူက မြင်သည့်အတိုင်း လူ့ဇာတိခံ ဘုရားသခင်သည် မပြည့်စုံလွန်း လှသည်မှာ လူသား ပိုင်ဆိုင်သင့်သည့် အမှုအရာများစွာကိုပင် သူက အလေးဂရုမပြုသည်သာမက၊ ထိုသို့သော ကိစ္စရပ်များကို သိနားလည်မှု မရှိပေ။ ဘဝနှင့်ပတ်သက်သည့် အသိပညာအပြင် တစ်ကိုယ်ရေ အပြုအမူနှင့် အခြားသူများနှင့် အပြန်အလှန်ဆက်ဆံရေးတို့ကို ထိန်းချုပ်သော စည်းမျဉ်းများကဲ့သို့သော အမှုအရာများသည် သူနှင့် ဆက်နွှယ်မှုမရှိဟု ထင်ရ၏။ သို့သော်လည်း သင်သည် လူ့ဇာတိခံယူသောဘုရားသခင်ထံမှ ပုံမှန်မဟုတ်ခြင်း၏ အရိပ်အမြွက် အနည်းငယ်ကိုမျှ သတိမပြုမိနိုင်ပေ။ ဆိုလိုသည်မှာ သူ၏လူ့သဘာဝသည် သူ့အား အမှန်နှင့်အမှားကို ခွဲခြားနိုင်စွမ်း ပေးရင်း၊ ပုံမှန်လူတစ်ဦးအဖြစ် သူ၏အသက်တာနှင့် သူ့ ဦးနှောက်၏ ပုံမှန်တွေးခေါ်ဆင်ခြင်ခြင်းကို ထိန်းသိမ်းခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူသည် လူ (ဖန်ဆင်းခံသတ္တဝါများ) တစ်ဦးတည်းက ပိုင်ဆိုင်သင့်သည့်အရာများ ဖြစ်သည့် အခြား မည်သည့်အရာမဆိုဖြင့် ဖြည့်ဆည်းထားခြင်းမရှိချေ။ ဘုရားသခင်သည် သူ၏ကိုယ်ပိုင်အမှုတော်ကို ဖြည့်ဆည်းဖို့သာ လူ့ဇာတိခံယူပေသည်။ သူ၏အမှုသည် ခေတ်ကာလတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏၊ လူတစ်ဦးတစ်ယောက် သို့မဟုတ် နေရာတစ်ခုတစ်လေမျှကိုသာ မဟုတ်ဘဲ၊ စကြဝဠာတစ်ခုလုံးကို ရည်ညွှန်းခြင်းဖြစ်၏။ ဤသည်မှာ သူ၏အမှုတော် ဦးတည်ချက်ဖြစ်ပြီး၊ သူအမှုပြုသော အခြေခံသဘောတရား ဖြစ်သည်။ ဤအရာကို မည်သူမျှ ပြောင်းလဲ၍ မရသကဲ့သို့၊ လူသားသည် ယင်း၌ ပါဝင်ပတ်သက်လာရန် မဖြစ်နိုင်ပေ။ ဘုရားသခင် လူ့ဇာတိခံယူသည့် အကြိမ်အသီးသီးတွင်၊ ထိုခေတ်၏အမှုကို သူနှင့်အတူ ဆောင်ကြဉ်းပြီး၊ လူက သူ့ကို သာ၍ ကောင်းစွာ နားလည်ကာ သူနှင့် ပတ်သက်၍ ထိုးထွင်းသိမြင်မှု ရရှိနိုင်စေရန်အလို့ငှာ လူနှင့်အတူ အနှစ်နှစ်ဆယ်၊ သုံးဆယ်၊ လေးဆယ် သို့မဟုတ် အနှစ်ခုနှစ်ဆယ်၊ ရှစ်ဆယ်ပင် နေထိုင်ခြင်းငှာ သူသည် ရည်ရွယ်ချက် မရှိပေ။ ယင်းကို မလိုအပ်ချေ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဘုရားသခင်၏ ပင်ကိုစိတ်သဘောထားနှင့် သက်ဆိုင်သည့် လူသား၏အသိကို မည်သို့မျှ နက်ရှိုင်းစေရန် ဖြစ်နိုင်လိမ့်မည် မဟုတ်၊ ယင်းအစား လူသား၏အယူအဆများကိုသာ တိုးစေမည်ဖြစ်ပြီး၊ လူသား၏ အယူအဆများနှင့် အတွေးများကို အသေစွဲထားလာရန်သာ ဖြစ်စေလိမ့်မည်။ ထို့ကြောင့် သင်တို့အားလုံးသည် လူ့ဇာတိခံ ဘုရားသခင်၏အမှုက အဘယ်အရာဖြစ်သည်ကို အတိအကျ နားလည်အပ်ပေသည်။ “ငါလာခဲ့သည်မှာ ပုံမှန်လူသားတစ်ဦး၏ အသက်တာကို တွေ့ကြုံရန်မဟုတ်။” ဟု သင်တို့အား ငါပြောခဲ့သော နှုတ်ကပတ်တော်များကို၊ သင်တို့အနေဖြင့် ဧကန်မုချ နားမလည်၍ မရပေ။ “ဘုရားသခင်သည် ပုံမှန်လူတစ်ဦး၏အသက်တာကို အသက်ရှင်ရန် ကမ္ဘာမြေသို့ ကြွလာခြင်းမဟုတ်။” ဟူသော နှုတ်ကပတ်တော်တို့ကို သင်တို့ မေ့လျော့ကြပြီလော။ လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ရည်ရွယ်ချက်ကို သင်တို့ နားမလည်ကြသကဲ့သို့၊ “ဘုရားသခင်သည် ဖန်ဆင်းခံတစ်ဦး၏ဘဝကို တွေ့ကြုံခံစားခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ် အဘယ်သို့ ကြွလာနိုင်မည်နည်း။” ဆိုခြင်း၏ အဓိပ္ပာယ်ကိုလည်း သင်တို့ မသိကြပေ။ ဘုရားသခင်သည် သူ၏ အမှုကို ပြည့်စုံစေဖို့ တစ်ခုတည်းဖြင့် ကမ္ဘာမြေပေါ်သို့ ကြွလာပြီး၊ ထို့ကြောင့် ကမ္ဘာမြေပေါ်က သူ၏အမှုသည် သက်တမ်းတိုခြင်းဖြစ်သည်။ ဘုရားသခင်၏ဝိညာဉ်တော်အနေဖြင့် သူ၏ဇာတိခန္ဓာအား အသင်းတော်ကို ဦးဆောင်မည့် သာလွန်သော လူသားတစ်ဦးအဖြစ်သို့ ပြုစုပျိုးထောင်ပေးစေခြင်းငှာ ရည်ရွယ်ချက်ဖြင့် ကမ္ဘာမြေကြီးပေါ်သို့ သူ ကြွလာခြင်းမဟုတ်ပေ။ ဘုရားသခင်သည် ကမ္ဘာမြေပေါ်သို့ ကြွလာသာအခါတွင်၊ ယင်းသည် နှုတ်ကပတ်တော်က လူ့ဇာတိ ခံယူလာခြင်းဖြစ်သည်။ သို့သော် လူသည် သူ၏အမှုကို မသိဘဲ၊ အမှုအရာများကို သူနှင့် အတင်းအကျပ် ပတ်သက်စပ်ဆိုင်စေကြ၏။ သို့သော် ဘုရားသခင်သည် “လူ့ဇာတိခံယူသော နှုတ်ကပတ်တော်” ဖြစ်ပြီး၊ ဘုရားသခင်၏အခန်းကဏ္ဍကို တဒင်္ဂ တာဝန်ယူရန် ဘုရားသခင်ဝိညာဉ်တော်၏ ပျိုးထောင်ခြင်းခံပြီးဖြစ်သည့် ဇာတိခန္ဓာ တစ်ခု မဟုတ်သည်ကို သင်တို့အားလုံး နားလည်သင့်သည်။ ဘုရားသခင်ကိုယ်တိုင်သည် ပျိုးထောင်ခြင်း၏ ရလဒ်မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော နှုတ်ကပတ်တော်ဖြစ်ကာ၊ ယနေ့တွင် သူသည် သင်တို့အားလုံးအလယ်၌ သူ၏အမှုကို တရားဝင် ဆောင်ရွက်နေပေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည် စစ်မှန်သော အမှန်တရားတစ်ခုဖြစ်သည်ကို သင်တို့အားလုံးသိကြပြီး၊ အသိအမှတ်ပြုကြသော်လည်း၊ သင်တို့သည် ယင်းကို နားလည်ကြသည့်အလား ပြုမူကြပေသည်။ လူ့ဇာတိခံ ဘုရားသခင်၏ အမှုမှသည် သူ၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုနှင့် အနှစ်သာရအထိ သင်တို့သည် ဤအရာများကို အနည်းငယ်မျှ သဘောမပေါက်နိုင်ကြသကဲ့သို့၊ မှတ်မိသရွေ့ နှုတ်ကပတ်တော်တို့ကို ရွှန်းရွှန်းဝေအောင် ရွတ်ဆိုပြခြင်းဖြင့် အခြားသူများနောက် လိုက်ကြ၏။ လူ့ဇာတိခံ ဘုရားသခင်ကို သင်စိတ်ကူးသည့်အတိုင်း ဖြစ်မည်ဟု သင် ယုံကြည်ပါသလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၄)

ဘုရားသခင်သည် ခေတ်ကို ဦးဆောင်ရန်နှင့် အမှုသစ်ကို စတင်လှုပ်ရှားစေရန် တစ်ခုတည်းဖြင့် လူ့ဇာတိခံယူလာပေသည်။ ဤအချက်ကို သင်တို့ နားလည်ရန် လိုအပ်သည်။ ဤသည်မှာ လူသား၏လုပ်ငန်းတာဝန်နှင့် များစွာကွာခြားပြီး၊ ထိုနှစ်ခုကို တစ်ချိန်တည်းတွင် ဖော်ပြရန် မဖြစ်နိုင်ချေ။ လူသားသည် အလုပ်ကို ဆောင်ရွက်ရန် အသုံးပြုခြင်း မခံရနိုင်မီတွင် အချိန်ကာလကြာမြင့်စွာ ပျိုးထောင်ခံရဖို့နှင့် စုံလင်စေခြင်းခံရဖို့ လိုအပ်ပြီး၊ လိုအပ်သည့် လူ့သဘာဝမျိုးသည် အထူးသဖြင့် အဆင့်အတန်းမြင့်သည့် အရာမျိုးတစ်ခု ဖြစ်၏။ လူသည် ပုံမှန် လူ့သဘာဝ၏ အသိစိတ်ကို ထိန်းနိုင်ရမည်သာမက၊ အခြားသူများနှင့် ဆက်နွှယ်ရာတွင် သူ၏အပြုအမူကို ထိန်းချုပ်သည့် အခြေခံသဘောတရားများနှင့် စည်းမျဉ်းများစွာကိုလည်း နောက်ထပ် နားလည်ရမည်ဖြစ်သည်၊ ထို့အပြင် သူသည် ဉာဏ်ပညာနှင့် လူ၏ကျင့်ဝတ်ဆိုင်ရာ အသိပညာအကြောင်းကို သာ၍ပင် လေ့လာသင်ခြင်းဆီသို့ စိတ်နှစ်မြှုပ်ထားရမည်ဖြစ်သည်။ ဤသည်မှာ လူသားအနေဖြင့် ဖြည့်ဆည်းထားသင့်သော အရာများဖြစ်၏။ သို့သော် ဘုရားသခင်၏ အမှုသည် လူသားကို ကိုယ်စားမပြုသကဲ့သို့၊ လူသား၏အမှုလည်း မဟုတ်သည့်အတွက် ဤသည်မှာ လူ့ဇာတိခံယူသော ဘုရားသခင် အတွက် မဟုတ်လှပေ။ ထို့ထက် ယင်းသည် သူ၏ ဖြစ်တည်ခြင်းနှင့်သက်ဆိုင်သည့် တိုက်ရိုက်ဖော်ပြချက်တစ်ခုနှင့် သူပြုသင့်သောအမှုနှင့် သက်ဆိုင်သည့် တိုက်ရိုက် အကောင်အထည် ဖော်မှုတစ်ခု ဖြစ်သည်။ (သဘာဝအားဖြင့် သူ၏အမှုကို သာမန်ကာလျှံကာနှင့် ကြုံရာကျပန်း မဟုတ်ဘဲ၊ သင့်လျော်သော အချိန်တွင် ဆောင်ရွက်ပြီး၊ သူ၏အမှုတော်ကို ဖြည့်ဆည်းဖို့ အချိန်ရောက်အခါတွင် အစပြုပေသည်။) သူသည် လူ၏အသက်တာ သို့တည်းမဟုတ် လူ၏အလုပ်တွင် ပါဝင်ပတ်သက်ခြင်းမရှိပေ၊ ဆိုလိုသည်မှာ သူ၏လူ့သဘာဝသည် ဤအရာတစ်ခုတစ်လေဖြင့် (ဤအရာက သူ၏အမှုကို ထိခိုက်စေခြင်းမရှိသော်လည်း) ဖြည့်ဆည်း ထားခြင်းမရှိပေ။ သူ့အတွက် ထိုသို့ လုပ်ဆောင်ဖို့ အချိန်ကျသည့်အခါတွင်၊ သူသည် သူ၏အမှုတော်ကို ဖြည့်ဆည်းရုံသာ ဖြစ်သည်။ သူ၏အဆင့်အတန်း မည်သည့်အရာဖြစ်သည်ဖြစ်စေ၊ သူသည် သူ လုပ်ဆောင်သင့်သော အမှုဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူနှင့် သက်ဆိုင်၍ လူက မည်သည့်အရာသိသည်ဖြစ်စေ၊ ပြီးလျှင် သူနှင့်သက်ဆိုင်သည့် လူသား၏ အယူအဆက မည်သည့်အရာ ဖြစ်ပါစေ၊ သူ၏အမှုသည် အလျှင်းထိခိုက်ခြင်းမရှိပေ။ ဥပမာအားဖြင့် ယေရှုသည် သူ၏အမှုကို ဆောင်ရွက်ခဲ့အချိန်တွင် သူသည် မည်သူဖြစ်သည်ကို အဘယ်သူမျှ တိတိကျကျ မသိရှိခဲ့သော်လည်း၊ သူသည် သူ၏အမှုဖြင့် ရှေ့သို့သာ ဆက်တိုးခဲ့၏။ ဤအရာထဲမှ မည်သည့်အရာကမျှ သူပြုသင့်သောအမှုကို ဆောင်ရွက်ရာ၌ မတားဆီးခဲ့ပေ။ ထို့ကြောင့် သူသည် သူ၏ ကိုယ်ပိုင် ပင်ကိုလက္ခဏာကို အစတွင် ဝန်မခံခဲ့ သို့မဟုတ် မကြေညာခဲ့သကဲ့သို့ လူကို သူ့နောက်သို့သာ လိုက်စေခဲ့၏။ ပင်ကိုအားဖြင့် ဤသည်မှာ ဘုရားသခင်၏နှိမ့်ချမှု ဖြစ်ခဲ့ရုံသာမက၊ ဘုရားသခင်က လူ့ဇာတိ၌ အမှုပြုခဲ့သော နည်းလမ်းလည်း ဖြစ်ခဲ့၏။ လူသားသည် ပကတိမျက်စိဖြင့် သူ့ကို မှတ်မိသိရှိနိုင်ခြင်း မရှိသည့်အတွက်၊ သူသည် ဤနည်းဖြင့်သာ အမှုကို ပြုနိုင်ခဲ့၏။ အကယ်၍ လူသည် သူ့အား မှတ်မိသိရှိခဲ့ပြီးဖြစ်လျှင်ပင်၊ သူ၏အမှုတွင် လူသားသည် ကူညီနိုင်ပြီး ဖြစ်မည်မဟုတ်ပေ။ ထို့အပြင်၊ သူသည် လူတို့အနေဖြင့် သူ၏ လူ့ဇာတိကို သိလာစေရန်အလို့ငှာ လူ့ဇာတိခံယူခဲ့ခြင်း မဟုတ်ပေ။ ယင်းမှာ သူ၏အမှုတော်ကို ဆောင်ရွက်ပြီး ဖြည့်ဆည်းရန် ဖြစ်ခဲ့သည်။ ဤအကြောင်းရင်းကြောင့်၊ သူ၏ ပင်ကိုလက္ခဏာကို လူသိရှင်ကြား ဖြစ်စေခြင်းအား သူအလေးမပေးခဲ့ခြင်း ဖြစ်သည်။ သူပြုသင့်သော အမှုအားလုံးကို ပြည့်စုံစေခဲ့ပြီးသည့်အချိန်တွင်၊ သူ၏ ပင်ကိုလက္ခဏာနှင့် အဆင့်အတန်းတစ်ခုလုံးသည် လူသားအဖို့ အလိုအလျောက် ရှင်းလင်းလာခဲ့၏။ လူ့ဇာတိခံ ဘုရားသခင်သည် နှုတ်ဆိတ်လျက်နေပြီး၊ မည်သည့်ထုတ်ဖော်ချက်ကိုမျှ လုံးဝ မပြုပေ။ သူသည် လူသားကို အရေးမစိုက်သကဲ့သို့၊ လူသားအနေဖြင့် သူ၏နောက်သို့လိုက်ရာတွင် မည်သို့ရှိသည်ကိုလည်း အရေးမစိုက်ဘဲ၊ သူ၏အမှုတော်ကို ဖြည့်ဆည်းခြင်းနှင့် သူပြုသင့်သော အမှုကို ဆောင်ရွက်ခြင်းဖြင့် ရှေ့သို့သာ ဆက်တိုး၏။ သူ၏အမှုတော် လမ်းကြောင်း၌ မည်သူမျှ မတားဆီးနိုင်ပေ။ သူ၏အမှုကို အဆုံးသတ်ရန် သူ့အတွက် အချိန်ကျလာသည့်အခါတွင်၊ ယင်းအမှုသည် သေချာပေါက် အဆုံးသတ်ရလိမ့်မည်ဖြစ်ပြီး၊ အဆုံးသို့ ရောက်ရှိလိမ့်မည်ဖြစ်ကာ၊ မည်သူကမျှ အခြားနည်းဖြင့် ဆုံးဖြတ် မပေးနိုင်ချေ။ သူ၏အမှုပြီးဆုံးရာတွင် လူသားထံမှ သူထွက်ခွာသည့် နောက်တွင်သာ လူသားသည် လုံးဝ မရှင်းလင်းသေးသော်လည်း၊ သူပြုသောအမှုကို နားလည်လိမ့်မည် ဖြစ်သည်။ သူ၏ အမှုကို ပထမဦးဆုံး ဆောင်ရွက်ခဲ့သည့် ရည်ရွယ်ချက်ကို အပြည့်အဝ နားလည်ဖို့ လူသားအတွက် အချိန်ကြာမြင့်ပေလိမ့်မည်။ တစ်နည်းအားဖြင့် လူ့ဇာတိခံ ဘုရားသခင်၏ ခေတ်နှင့်သက်ဆိုင်သည့် အမှုကို နှစ်ပိုင်းခွဲခြားထား၏။ တစ်ပိုင်းသည် ဘုရားသခင် ကိုယ်တိုင်၏ လူ့ဇာတိခံ ခန္ဓာ ပြုသည့်အမှုနှင့် လူ့ဇာတိခံယူသော ဘုရားသခင် ကိုယ်တိုင်၏ လူ့ဇာတိခံ ခန္ဓာက ပြောဆိုသည့် နှုတ်ကပတ်တော်များ ပါရှိ၏။ သူ၏ လူ့ဇာတိ အမှုတော် လုံးဝ ပြည့်စုံသည့်နှင့်တစ်ပြိုင်နက်၊ အမှု၏ အခြားအစိတ်အပိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ အသုံးပြုခြင်း ခံရသောသူများက လုပ်ဆောင်ရန် ကျန်ရှိလေသည်။ ဘုရားသခင်သည် လမ်းခရီးကို ဖွင့်ပေးနှင့်ပြီးဖြစ်သည့်အတွက်၊ လူသားအနေဖြင့် သူ၏အလုပ်ကို ကျေပွန်အောင် လုပ်ဆောင်သင့်သည်မှာ ဤအချိန် ဖြစ်ပြီး၊ ယင်းအား လူသား ကိုယ်တိုင် လျှောက်လှမ်းရန် လိုအပ်ပေသည်။ ဆိုလိုသည်မှာ လူ့ဇာတိခံ ဘုရားသခင်သည် အမှု၏အစိတ်အပိုင်းတစ်ခုကို ဆောင်ရွက်ပြီးနောက်၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသူများသည် ဤအမှုကို ဆက်ခံကြလိမ့်မည်ဖြစ်၏။ ထို့ကြောင့် လူသားသည် ဤအဆင့်၌ အဓိကအားဖြင့် လူ့ဇာတိခံ ဘုရားသခင် ဆောင်ရွက်ရမည့်အမှုက မည်သည့်အရာ ဖြစ်ပေါ်စေသည်ကို သိသင့်ပြီး၊ ဘုရားသခင် လူ့ဇာတိခံလာခြင်း၏ အရေးပါမှုက မည်သည့်အရာဖြစ်ပြီး သူပြုသင့်သာအမှုမှာ မည်သည့်အရာဖြစ်သည်တို့ကို အတိအကျ နားလည်ရမည်ဖြစ်ကာ လူသားအပေါ် ပြုသော တောင်းဆိုချက်များ အတိုင်း ဘုရားသခင်ကို တောင်းဆိုချက်များ မပြုရ။ ဤတွင် လူ၏အမှား၊ သူ၏အယူအဆနှင့် ထိုမျှမက သူ၏မနာခံခြင်းတို့ တည်ရှိပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၅)

ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူအား သိခွင့်ပေးခြင်း သို့တည်းမဟုတ် လူ့ဇာတိခံ ဘုရားသခင်၏ ဇာတိခန္ဓာနှင့် လူသား၏ ဇာတိပကတိကြားမှ ကွဲပြားခြားနားချက်များကို လူအား ခွဲခြားခွင့်ပေးဖို့ ရည်ရွယ်ချက်ဖြင့် လူ့ဇာတိခံယူခြင်း မဟုတ်သကဲ့သို့၊ လူ၏ ချင့်ချိန်နိုင်စွမ်းကို လေ့ကျင့်ပေးရန် လူ့ဇာတိခံယူခြင်းလည်းမဟုတ်၊ ပြီးလျှင် လူအား ဘုရားသခင်၏ လူ့ဇာတိခံ ခန္ဓာကို ကိုးကွယ်ခွင့်ပေးလျက်၊ ထိုသို့ဖြင့် ကြီးစွာသော ဘုန်းထင်ရှားခြင်း ရရှိရန်အလို့ငှာ ရည်ရွယ်ချက်ဖြင့် သာ၍ပင် ထိုသို့ သူ မလုပ်ဆောင်ပေ။ ဤအရာများထဲမှ မည်သည့်အရာမျှသည် လူ့ဇာတိခံယူရာ၌ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ပေ။ ဘုရားသခင်သည် လူသားကို ပြစ်တင်ရှုတ်ချရန် လူ့ဇာတိခံလာခြင်း မဟုတ်သကဲ့သို့၊ လူသားကို တမင်သက်သက် ထုတ်ဖော်ပြရန်လည်းကောင်း၊ လူသားအတွက် အမှုအရာများ ခက်ခဲစေရန်လည်းကောင်း လူ့ဇာတိခံလာခြင်း မဟုတ်ပေ။ ဤအရာများထဲမှ မည်သည့်အရာမျှ ဘုရားသခင်၏ မူလရည်ရွယ်ချက် မဟုတ်ချေ။ ဘုရားသခင် လူ့ဇာတိခံလာသည့်အကြိမ်တိုင်းတွင်၊ ယင်းသည် ရှောင်လွှဲ၍မရသည့် အမှုပုံစံတစ်ခု ဖြစ်သည်။ သူ၏ သာ၍ကြီးမားသော အမှုနှင့် သာ၍ကြီးမားသော စီမံခန့်ခွဲမှုအတွက် သူ လုပ်ဆောင်သည့်အတိုင်း သူ ပြုမူခြင်းဖြစ်ပြီး၊ လူသား စိတ်ကူးသော အကြောင်းပြချက်များအတွက် မဟုတ်ပေ။ ဘုရားသခင်သည် သူ၏ အမှုက လိုအပ်သည်နှင့်အမျှ ကမ္ဘာမြေပေါ်သို့ ကြွလာခြင်းသာဖြစ်ပြီး၊ လိုအပ်မှသာ ကြွလာခြင်း ဖြစ်သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင် လှည့်ပတ်ကြည့်ခြင်း သက်သက် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ၊ သူပြုသင့်သောအမှုကို ဆောင်ရွက်ရန် ကြွလာခြင်း ဖြစ်ပေသည်။ သို့မဟုတ်ပါက သူသည် ဤအမှုကို ဆောင်ရွက်ရန် ထိုမျှလေးလံသောဝန်တစ်ခုကို အဘယ့်ကြောင့် ခံယူပြီး၊ ထိုမျှကြီးမားသည့် စွန့်စားမှုတို့ကို အဘယ့်ကြောင့် လက်ခံမည်နည်း။ ဘုရားသခင်သည် လူ့ဇာတိ ခံယူရမည့် အချိန်တွင်သာ လူ့ဇာတိခံယူခြင်းဖြစ်ပြီး၊ အတုမဲ့ အရေးပါမှုအမြဲ ရှိလေသည်။ အကယ်၍ ယင်းသည် သူ့ကို လူတို့အား မြင့်ခွင့်ပေးခြင်းနှင့် ၎င်းတို့၏အမြင်များကို ကျယ်စေရန် အတွက်သာ ဖြစ်ခဲ့ပါက၊ သူသည် လူတို့အလယ် မည်သည့်အခါမျှ အလွန်ပေါ့တန်စွာ ကြွလာမည်မဟုတ်သည်မှာ လုံးဝ သေချာပေသည်။ သူသည် သူ၏စီမံခန့်ခွဲမှုနှင့် သာ၍ကြီးမားသော သူ၏အမှုအတွက်၊ ပြီးလျှင် သာ၍များသော လူသားမျိုးနွယ်ကို ရရှိနိုင်ရန်အလို့ငှာ ကမ္ဘာမြေသို့ ကြွလာခြင်း ဖြစ်သည်။ သူသည် ခေတ်ကို ကိုယ်စားပြုရန် ကြွလာ၏၊ စာတန်ကို အနိုင်ယူရန် ကြွလာပြီး၊ စာတန်ကို အနိုင်ယူရန်အလို့ငှာ သူသည် မိမိကိုယ်ကိုယ် လူ့ဇာတိဖြင့် ယူတင်ဝတ်ဆင်လေသည်။ ထိုမျှမက သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးကို ၎င်းတို့၏ အသက်တာများအား ရှင်သန်ရာ၌ လမ်းပြရန်အလို့ငှာ ကြွလာခြင်းဖြစ်သည်။ ဤအရာအားလုံးသည် သူ၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်ပြီး၊ ယင်းသည် စကြဝဠာ တစ်ခုလုံး၏အမှုနှင့် သက်ဆိုင်၏။ အကယ်၍ ဘုရားသခင်သည် သူ၏လူ့ဇာတိကို လူအား သိရှိလာခွင့်ပေးရန်နှင့် လူတို့၏ မျက်လုံးများကို ဖွင့်ပေးရန်မျှသာ လူ့ဇာတိခံယူလာခဲ့ပါက၊ သူသည် အဘယ်ကြောင့် တိုင်းနိုင်ငံအားလုံးသို့ ခရီးမသွားဘဲ နေမည်နည်း။ ဤသည်မှာ အလွန့်အလွန် လွယ်ကူသော ကိစ္စတစ်ခု ဖြစ်မည် မဟုတ်လော။ သို့သော် သူသည် ထိုသို့ မပြုခဲ့ပေ၊ ယင်းအစား အခြေချရန်နှင့် သူပြုသင့်သောအမှုကို စတင်ရန် သင့်လျော်သော နေရာတစ်ခုကို သူရွေးချယ်ခဲ့၏။ ဤလူ့ဇာတိတစ်ခုတည်းသည်သာ အတော် အရေးပါမှုရှိ၏။ သူသည် ခေတ်တစ်ခုလုံးကို ကိုယ်စားပြုသကဲ့သို့၊ ခေတ်တစ်ခုလုံး၏ အမှုကို ဆောင်ရွက်လေသည်။ သူသည် ယခင်ခေတ်ကို အဆုံးသတ်စေသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေး၏။ ဤအရာအားလုံးသည် ဘုရားသခင်၏စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သည့် အရေးကြီးသော ကိစ္စရပ်တစ်ခုဖြစ်ပြီး၊ ဤအရာအားလုံးသည် ဘုရားသခင်က ဆောင်ရွက်ဖို့ ကမ္ဘာမြေပေါ် ကြွလာသည့် အမှု၏ အဆင့်တစ်ခုနှင့်သက်ဆိုင်သည့် အရေးပါမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၆)

ဘုရားသခင်၏ လူကိုကယ်တင်ခြင်းမှာ ဝိညာဉ်တော်နှင့် ဝိညာဉ်တော်၏ ကိုယ်ပိုင်လက္ခဏာဆိုင်ရာ နည်းလမ်းကို တိုက်ရိုက်အသုံးပြုပြီး လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပေ၊ အကြောင်းမှာ သူ၏ဝိညာဉ်တော်ကို လူသားသည် ထိတွေ့နိုင်ခြင်း၊ မြင်နိုင်ခြင်း မရှိသကဲ့သို့၊ လူသားသည် ချဉ်းကပ်နိုင်ခြင်း မရှိသောကြောင့်ဖြစ်သည်။ သူ့အနေဖြင့် ဝိညာဉ်တော်၏အမြင်ကို တိုက်ရိုက်အသုံးပြု၍ လူသားကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပါက လူသားသည် သူ၏ကယ်တင်ခြင်းကို လက်ခံရရှိနိုင်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် ဖန်ဆင်းခံထားရသော လူသားတစ်ဦး၏ ပြင်ပပုံသဏ္ဌာန်ကိုသာ မယူတင် မဝတ်ဆင်ခဲ့ပါက လူတို့သည် ဤကယ်တင်ခြင်းကို ရရှိနိုင်မည်မဟုတ်ပေ။ အကြောင်းမှာ မည်သူတစ်ဦးတစ်ယောက်ကမျှ ယေဟောဝါ၏ တိမ်တိုက်အနီးသို့ မသွားနိုင်ကြသကဲ့သို့ပင် လူသည် သူ့ကို ချဉ်းကပ်ခြင်း မပြုနိုင်သောကြောင့် ဖြစ်သည်။ ဖန်ဆင်းခံလူသားတစ်ဦး ဖြစ်လာခြင်း အားဖြင့်သာလျှင်၊ ဆိုလိုသည်မှာ သူ၏ နှုတ်ကပတ်တော်များကို သူခံယူတော့မည်ဖြစ်သော ဇာတိခန္ဓာအထဲသို့ ထည့်သွင်းခြင်းအားဖြင့် သာလျှင်၊ သူ့နောက်လိုက်သော သူအားလုံးထဲသို့ သူသည် နှုတ်ကပတ်တော်၏ အလုပ်ကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်မည်။ သို့မှသာလျှင် လူသည် သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ကြားနိုင်မြင်နိုင်မည်၊ သူ၏နှုတ်ကပတ်တော်ကို ရရှိနိုင်မည်ဖြစ်ပြီး ဤသို့အားဖြင့် အပြည့်အဝ ကယ်တင်ခြင်းကို ခံရနိုင်ပေမည်။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိကို မခံယူခဲ့ပါက အသွေးအသားရှိသော မည်သည့်လူသားကမျှ ယင်းသို့ ကြီးမြတ်သော ကယ်တင်ခြင်းကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့ မည်သည့်လူသားတစ်ဦး တစ်ယောက်ကမျှ ကယ်တင်ခြင်း ခံရမည်မဟုတ်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူအများကြားတွင် တိုက်ရိုက် အလုပ်လုပ်ခဲ့ပါက လူအားလုံးသည် ပြင်းစွာဒဏ်ပေးခံရလိမ့်မည်ဖြစ်သည်၊ သို့မဟုတ်ပါက ဘုရားသခင်နှင့် ထိတွေ့ဆက်ဆံရန် နည်းလမ်းမရှိသောကြောင့် သူတို့သည် စာတန်၏ ဖမ်းဆီးချုပ်ထားခြင်းကို အပြည့်အဝ ခံခဲ့ရလိမ့်မည်။ ပထမဆုံး လူ့ဇာတိခံယူခြင်းသည် လူသားကို အပြစ်မှရွေးနှုတ်ရန်ဖြစ်သည်၊ ယေရှု၏ ဇာတိခန္ဓာမှတစ်ဆင့် လူသားကို ရွေးနှုတ်ရန်ဖြစ်သည်၊ ဆိုလိုသည်မှာ သူသည် လက်ဝါးကပ်တိုင်မှ လူကို ကယ်တင်ခဲ့သည်၊ သို့သော်လည်း ဖောက်ပြန်ပျက်စီးနေသော စာတန်စိတ်သဘောထားသည် လူ့အတွင်းတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ ဒုတိယ လူ့ဇာတိခံယူခြင်းသည် အပြစ်ဖြေရာ ယဇ်အဖြစ် အစေခံရန် မဟုတ်တော့ဘဲ အပြစ်မှ ရွေးနှုတ်ခံထားရသူတို့ကို အပြည့်အဝ ကယ်တင်ရန် ဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းမှာ ခွင့်လွှတ်ခြင်း ခံရသူတို့ကို သူတို့၏အပြစ်များမှ ကယ်ဆယ်ပေးပြီး အလုံးစုံ သန့်ရှင်းစေ ရန်ဖြစ်ကာ၊ စိတ်သဘောထား၌ ပြောင်းလဲမှုကို ရရှိစေခြင်းဖြင့် စာတန်၏ အမိုက်အမှောင် လွှမ်းမိုးမှုမှ လွတ်မြောက်ပြီး ဘုရားသခင်၏ ပလ္လင်ရှေ့သို့ ပြန်လာစေရန်ဖြစ်သည်။ ဤနည်းအားဖြင့်သာ လူသားသည် လုံးလုံးလျားလျား သန့်ရှင်းစင်ကြယ်စေခြင်း ခံရနိုင်သည်။ ပညတ်တော်ခေတ် ပြီးဆုံးပြီးသည့်နောက်တွင် ကျေးဇူးတော်ခေတ်၏ အစနှင့်အတူ ဘုရားသခင်သည် ကယ်တင်ခြင်း အလုပ်ကို စတင်ခဲ့သည်၊ ထိုအလုပ်သည် ဘုရားသခင်က လူသားမျိုးနွယ်၏ ပုန်ကန်မှုအတွက် သူတို့ကို တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြင့် လူသားမျိုးနွယ်ကို အလုံးစုံ သန့်စင်စေမည့်အချိန်ဖြစ်သည့် နောက်ဆုံးသောကာလအထိ ဆက်လက်တည်ရှိသည်။ ထိုအခါမှသာလျှင် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်း အလုပ်ကို အဆုံးသတ်ပြီး အနားယူခြင်းထဲသို့ ဝင်ရောက်လိမ့်မည်။ သို့ဖြစ်ရာ အလုပ်အဆင့်သုံးဆင့်တွင် ဘုရားသခင်သည် နှစ်ကြိမ်သာလျှင် လူ့ဇာတိခံယူပြီး လူသားတို့ကြားတွင် သူ၏အလုပ်ကို ကိုယ်တိုင်ထမ်းဆောင်ခဲ့သည်။ ဤသို့ဖြစ်ရခြင်းမှာ အလုပ်အဆင့်သုံးဆင့်တွင် တစ်ဆင့်သည်သာလျှင် လူသားတို့ကို သူတို့၏အသက်တာများ၌ လမ်းပြရန်ဖြစ်ပြီး ကျန်နှစ်ဆင့်တွင်မူ ကယ်တင်ခြင်းအလုပ် ပါဝင်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူသည့်အခါမှသာလျှင် သူသည် လူသားနှင့်အတူ နေထိုင်နိုင်ပြီး ကမ္ဘာလောက၏ ဆင်းရဲဒုက္ခကို တွေ့ကြုံနိုင်ကာ ပုံမှန်ဇာတိခန္ဓာထဲတွင် အသက်ရှင်နိုင်သည်။ ဤနည်းလမ်းအားဖြင့်သာ လူတို့ကို ဖန်ဆင်းခံသတ္တဝါများအနေဖြင့် သူတို့လိုအပ်သည့် လက်တွေ့ကျသော နည်းလမ်းကို သူထောက်ပံ့ပေးနိုင်သည်။ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းအားဖြင့် လူသားသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ကြောင့်သာ အလုံးစုံသော ကယ်တင်ခြင်းကို ဘုရားသခင်ထံမှ ရရှိခြင်းဖြစ်ပြီး သူ၏ဆုတောင်းခြင်းများ အဖြေပေးခံရသည့်အနေဖြင့် ကောင်းကင်ဘုံမှ တိုက်ရိုက်ရရှိခြင်း မဟုတ်ပေ။ အကြောင်းမှာ ဇာတိပကတိဖြစ်သည့် လူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ချဉ်းကပ်ရန်မဆိုထားနှင့် ဘုရားသခင်၏ ဝိညာဉ်တော်ကို မြင်တွေ့ရန်ပင် မဖြစ်နိုင်သောကြောင့်ဖြစ်ပေသည်။ လူသားအနေဖြင့် ထိတွေ့ဆက်ဆံနိုင်သည့်အရာမှာ ဘုရားသခင်၏ လူ့ဇာတိခံယူထားသော ဇာတိခန္ဓာကိုသာဖြစ်ပြီး ဤနည်းအားဖြင့် သာလျှင် လူသားသည် နည်းလမ်းများအားလုံးနှင့် သမ္မာတရားအားလုံးကို နားလည်သဘောပေါက်နိုင်ကာ အလုံးစုံသော ကယ်တင်ခြင်းကို ရရှိနိုင်သည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းသည် လူသား၏ အပြစ်များကို ဖယ်ရှားရန်နှင့် လူသားကို အလုံးစုံ သန့်စင်စေရန် လုံလောက်လိမ့်မည်။ သို့ဖြစ်ရာ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့်အတူ လူ့ဇာတိတွင်ရှိသော ဘုရားသခင်၏အလုပ်တစ်ရပ်လုံးသည် အဆုံးပိုင်းသို့ ရောက်သွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့် ဆိုင်သော အရေးပါမှုသည် ပြည့်စုံသွားလိမ့်မည်။ ထို့နောက်တွင်မူ လူ့ဇာတိထဲရှိ ဘုရားသခင်၏အလုပ်သည် အလုံးစုံ အဆုံးသတ်ပြီး ဖြစ်ပေလိမ့်မည်။ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းပြီးနောက်တွင် သူသည် သူ၏အလုပ်အတွက် လူ့ဇာတိကို တတိယအကြိမ်ခံယူမည် မဟုတ်ပေ။ အကြောင်းမှာ သူ၏စီမံခန့်ခွဲမှုတစ်ရပ်လုံးသည် အဆုံးသတ်ပြီး ဖြစ်လိမ့်မည် ဖြစ်သောကြောင့်တည်း။ နောက်ဆုံးသော ကာလတွင် လူ့ဇာတိခံယူခြင်းသည် သူရွေးချယ်ထားသော လူတို့ကို အပြည့်အဝ ရယူပြီးဖြစ်လိမ့်မည် ဖြစ်ပြီး၊ နောက်ဆုံးသော ကာလရှိ လူအားလုံးတို့သည် သူတို့၏ အမျိုးအစားအလိုက် ခွဲခြားခြင်း ခံကြရပြီးဖြစ်ပေလိမ့်မည်။ သူသည် ကယ်တင်ခြင်းအလုပ်ကို ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သကဲ့သို့ မည်သည့်အလုပ်ကို လုပ်ဆောင်ရန် အတွက်မျှ လူ့ဇာတိထံသို့ ပြန်လာလိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၇)

ယခုမျက်မှောက်တွင် လူရရှိသော အရာဖြစ်သည့် လူ၏ ယနေ့ ဝိညာဥ်အသက်တာ၊ သူတို့၏ အသိဉာဏ်၊ ချစ်ခြင်းမေတ္တာ၊ သစ္စာရှိမှု၊ နာခံမှု သာမက သူတို့၏ မြင်တွေ့မှု စသည်တို့သည် နှုတ်ကပတ်တော်အားဖြင့် တရား စီရင်ခြင်းမှတစ်ဆင့် ရရှိသော ရလဒ်များ ဖြစ်သည်။ သင့်အနေဖြင့် သစ္စာရှိမှုကို ရနိုင်ခြင်း နှင့် ယနေ့ထက်တိုင် ရပ်တည် ကျန်ရှိခြင်းတို့သည် နှုတ်ကပတ်တော်အားဖြင့် ရရှိသည်။ ယခုအခါ လူသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အလုပ်မှာ အမှန်တကယ် အလွန်ထူးခြားသည်ကို မြင်သည်၊ ထို့ပြင် ထိုအထဲ၌ လူသားမရရှိနိုင်သောအရာ အများအပြား ရှိသည်။ ယင်းတို့မှာ နက်နဲရာအချက်များနှင့် အံ့သြဖွယ်ရာများ ဖြစ်သည်။ သို့ဖြစ်ရာ လူများစွာတို့သည် နာခံခဲ့ကြပြီးဖြစ်သည်။ အချို့သောသူများသည် သူတို့မွေးဖွားသည့် နေ့ရက်ကတည်းက မည်သည့်လူကိုမျှ မနာခံခဲ့ဖူးသော်လည်း၊ ယနေ့ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့မြင်သည့် အချိန်တွင်မူ သူတို့ထိုသို့ပြုမူသည်ကို သတိမမူမိဘဲ သူတို့သည် အပြည့်အဝ နာခံကြသည်၊ ထို့ပြင် သူတို့သည် လေ့လာဆန်းစစ်ရန်သော်လည်းကောင်း၊ သို့မဟုတ် တစ်စုံတစ်ရာ ပြောရန်သော်လည်းကောင်း မစွန့်စားကြပေ။ လူသားတို့သည် နှုတ်ကပတ်တော်အောက်သို့ ကျရောက်လျက်ရှိပြီး နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအောက်တွင် ဝမ်းလျားမှောက်လျက်သား ရှိနေသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူကို တိုက်ရိုက်စကားပြော ဆိုခဲ့မည်ဆိုလျှင် သူတို့အားလုံးသည် အသံကို နာခံကြလိမ့်မည်၊ ဖွင့်ပြခြင်း နှုတ်ကပတ်တော်များမပါဘဲနှင့် လဲကျကြလိမ့်မည်၊ ဒမာသက်မြို့သို့ သွားရာလမ်းတွင် ရှင်ပေါလုသည် အလင်းရောင်ထဲ၌ မြေကြီးပေါ် လဲကျသွားသကဲ့သို့ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ဤနည်းလမ်းဖြင့် အလုပ်ဆက်လုပ်ခဲ့မည်ဆိုပါက လူသည် နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးမှုကို မည်သည့်အခါမျှ သိနိုင်လိမ့်မည် မဟုတ်ဘဲ ကယ်တင်ခြင်းကိုလည်း ရရှိမည်မဟုတ်ပေ။ လူ့ဇာတိခံယူခြင်းမှ တစ်ဆင့်သာလျှင် သူသည် သူ၏နှုတ်ကပတ်တော်များကို လူအယောက်ချင်းစီတိုင်း၏ နားများဆီသို့ ကိုယ်တိုင်ကိုယ်ကျ ပို့ဆောင်နိုင်သည်၊ ထိုသို့အားဖြင့် နားရှိသော လူအားလုံးတို့သည် သူ၏နှုတ်ကပတ်တော်များကို ကြားနိုင်ပြီး သူ၏ တရားစီရင်ခြင်းအလုပ်ကို နှုတ်ကပတ်တော်အားဖြင့် ရရှိကြမည်။ ယင်းသည်သာလျှင် သူ၏နှုတ်ကပတ်တော်အားဖြင့် ရရှိသောရလဒ် ဖြစ်သည်၊ လူသားတို့ နာခံရန်အလို့ငှာ ခြောက်လှန့်ရန် ဝိညာဉ်တော်က ပေါ်ထွက်လာခြင်း မဟုတ်ပေ။ ယင်းသို့သော လက်တွေ့ကျပြီး ထူးခြားသော လုပ်ငန်းမှတစ်ဆင့်သာလျှင် နှစ်ပေါင်းများစွာတိုင်အောင် အတွင်းတွင် နက်ရှိုင်းစွာ ပုန်းကွယ်နေသော လူ၏ စိတ်သဘောထားဟောင်းများကို အပြည့်အဝ ဖော်ထုတ်နိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် လူသည် ယင်းကို အသိအမှတ်ပြုပြီး ပြောင်းလဲနိုင်ရန် ဖြစ်သည်။ ဤအရာအားလုံးသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ လက်တွေ့ကျသော အလုပ်ဖြစ်သည်၊ ထိုအလုပ်ထဲ၌ လက်တွေ့ကျသည့် နည်းဟန်ဖြင့် စကားပြောဆိုပြီး တရားစီရင်ခြင်းကို ဆောင်ရွက်လျက်၊ သူသည် လူအပေါ်တွင် တရားစီရင်ခြင်း၏ ရလဒ်များကို နှုတ်ကပတ်တော်အားဖြင့် စွမ်းဆောင်ရရှိသည်။ ယင်းသည် လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာနှင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်ဆိုင်သော အရေးပါမှုဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အခွင့်အာဏာကို သိအောင်လုပ်ရန်၊ နှုတ်ကပတ်တော်၏ အလုပ်အားဖြင့် ရရှိလာသော ရလဒ်များကို သိအောင်လုပ်ရန်နှင့် ဝိညာဉ်တော်သည် လူ့ဇာတိခံယူပြီး လူတို့ကို နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် သူ၏အခွင့်အာဏာအား ထင်ရှားစေသည်ကို သိအောင်လုပ်ရန်တို့အတွက် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူ၏ ဇာတိခန္ဓာသည် ရိုးရိုးသာမန်လူ့သဘာဝ၏ ပြင်ပသဏ္ဌာန်ဖြစ်သော်လည်း၊ ယင်းမှာ သူသည် အခွင့်အာဏာနှင့် ပြည့်ဝကြောင်း လူသားကိုပြသည့်၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်းနှင့် သူ၏ နှုတ်ကပတ်တော်များသည် ဘုရားသခင် ကိုယ်တော်တိုင်၏ ဖော်ပြချက် ဖြစ်သည် ဆိုခြင်းတို့ကို လူသားအားပြသည့် သူ၏နှုတ်ကပတ်တော်များ အားဖြင့် ရရှိသည့် ရလဒ်များဖြစ်သည်။ ဤနည်းလမ်းအားဖြင့် သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူသည် လူ့ဇာတိခံယူသော ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်ကြောင်း၊ သူ့ကို မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုနိုင်ကြောင်းနှင့် နှုတ်ကပတ်တော်အားဖြင့် သူ၏ တရားစီရင်ခြင်းကို မည်သူမျှ မကျော်လွှားနိုင်သည့်အပြင် မည်သည့် အမိုက်မှောင် အင်အားစုကမျှ သူ၏အခွင့်အာဏာကို မလွှမ်းမိုးနိုင် ကြောင်းကို လူသားအား သူပြသသည်။ သူသည် လူ့ဇာတိကိုခံယူသော နှုတ်ကပတ်တော်ဖြစ်သောကြောင့်၊ သူ၏အခွင့်အာဏာကြောင့်၊ ထို့ပြင် နှုတ်ကပတ်တော်အားဖြင့် သူ၏တရားစီရင်ခြင်းတို့ကြောင့် လူသည် သူ့ကို လုံးဝဥဿုံ နာခံသည်။ သူခံယူသော ဇာတိခန္ဓာအားဖြင့် ယူဆောင်လာသော အလုပ်သည် သူပိုင်ဆိုင်သော အခွင့်အာဏာ ဖြစ်သည်။ လူ့ဇာတိကို သူခံယူခဲ့သည့်အကြောင်းရင်းမှာ ဇာတိခန္ဓာ သည်လည်း အခွင့်အာဏာကို ပိုင်ဆိုင်နိုင်သောကြောင့်ဖြစ်သည်၊ ထို့ပြင် သူသည် လူသားတို့အကြားတွင် လက်တွေ့ကျသောနည်းဟန်အားဖြင့်၊ လူတို့အနေဖြင့် မြင်နိုင်ပြီး ထိတွေ့နိုင်သော နည်းလမ်းအားဖြင့် အလုပ်ကို အကောင်အထည် ဖော်နိုင်စွမ်းရှိသောကြောင့် ဖြစ်သည်။ ဤအလုပ်သည် အခွင့်အာဏာအလုံးစုံကို ပိုင်ဆိုင်သော ဘုရားသခင်၏ ဝိညာဉ်တော် အားဖြင့် တိုက်ရိုက်လုပ်ဆောင်သော အလုပ်ထက် ပိုမိုလက်တွေ့ကျပြီး ရလဒ်များသည်လည်း ပိုမိုထင်ရှားသည်။ ဤသို့ဖြစ်ရခြင်းမှာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် လက်တွေ့ကျသော နည်းလမ်းဖြင့် ပြောဆိုနိုင်ပြီး အလုပ်လုပ်နိုင်သောကြောင့် ဖြစ်သည်။ သူ့ဇာတိခန္ဓာ၏ ပြင်ပသဏ္ဌာန်သည် မည်သည့် အခွင့်အာဏာကိုမျှ ဆုပ်ကိုင်ထားခြင်း မရှိဘဲ လူ့အနေဖြင့် ချဉ်းကပ်နိုင်သည်၊ သို့သော်လည်း သူ၏ အနှစ်သာရကမူ အခွင့်အာဏာကို သယ်ဆောင်ထားသည်၊ သို့သော် သူ၏ အခွင့်အာဏာကို မည်သူမျှ မမြင်နိုင်ပေ။ သူသည် စကားပြော သောအခါနှင့် အလုပ်လုပ်သောအခါ လူသည် သူ့အခွင့်အာဏာ၏ တည်ရှိမှုကို သတိမပြုမိနိုင်ပေ။ ယင်းအချက်က လက်တွေ့ကျသော သဘာဝရှိသည့်အလုပ်ကို လုပ်ဆောင်ရာ၌ သူ့အတွက် လွယ်ကူချောမော စေသည်။ ထို့ပြင် လက်တွေ့ကျသော ယင်းအလုပ်အားလုံးသည် ရလဒ်များ ရရှိနိုင်သည်။ သူသည် အခွင့်အာဏာအား ဆုပ်ကိုင် ထားသည်ကို မည်သူကမျှ မသိသော်လည်း၊ သို့မဟုတ် သူကို ပုန်ကန်ပြစ်မှား၍ မရနိုင်သည်ကို မမြင်နိုင်သော်လည်း၊ သို့မဟုတ် သူ၏အမျက်ဒေါသကို မမြင်နိုင်သော်လည်း၊ သူ၏ဖုံးကွယ်ထားသော အခွင့်အာဏာ၊ သူ၏ဖုံးကွယ်ထားသော အမျက်ဒေါသနှင့် လူအများရှေ့တွင် သူပြောကြားသော နှုတ်ကပတ်တော်များမှတစ်ဆင့် သူသည် သူ့နှုတ်ကပတ်တော်၏ ရည်ရွယ်ထားသော ရလဒ်များကို ရရှိသည်။ တစ်နည်းဆိုရလျှင် သူ၏အသံနေအသံထားမှတစ်ဆင့်၊ သူ့ဟောပြောချက်၏ လေးနက်မှုနှင့် သူ့နှုတ်ကပတ်တော်များ၏ ဉာဏ်ပညာအလုံးစုံမှတစ်ဆင့် လူသည် လုံးဝဥဿုံ ယုံကြည်လက်ခံသည်။ ဤနည်းအားဖြင့် လူသည် အခွင့်အာဏာ ရှိပုံမရသော လူ့ဇာတိခံယူသည့် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နာခံ၏၊ ထိုသို့အားဖြင့် ဘုရားသခင်၏ ရည်မှန်းချက်ဖြစ်သော လူသားကို ကယ်တင်ခြင်းမှာ ပြည့်စုံသွားသည်။ ဤသည်မှာ သူ၏လူ့ဇာတိခံယူခြင်းဆိုင်ရာ အရေးပါမှု၏ အခြားသောရှုထောင့်ဖြစ်သည်၊ ယင်းမှာ သာ၍ လက်တွေ့ကျစွာ ပြောဆိုရန်နှင့် သူ့နှုတ်ကပတ်တော်များ၏ လက်တွေ့သဘောကို လူသားအပေါ်သို့ သက်ရောက်မှုရှိစေရန် ဖြစ်သည်၊ ထိုသို့အားဖြင့် ဘုရားသခင်၏ နှုတ်ကပတ်တော်ဆိုင်ရာ တန်ခိုးကို လူတို့မျက်မြင်တွေ့ရှိစေရန် ဖြစ်သည်။ ထို့ကြောင့် ဤအလုပ်ကို လူ့ဇာတိခံယူခြင်းမှတစ်ဆင့် မပြုလုပ်ခဲ့ပါက ရလဒ်အနည်းဆုံးကိုပင် ရမည်မဟုတ်ဘဲ အပြစ်သားများကို အပြည့်အဝ ကယ်တင်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့ပါက သူသည် လူသားအတွက် မမြင်တွေ့နိုင်၊ မထိတွေ့နိုင်သော ဝိညာဉ်တော်အဖြစ် ဆက်လက်ရှိနေခဲ့လိမ့်မည် ဖြစ်သည်။ လူသားသည် ဇာတိပကတိနှင့် ဖြစ်တည်သော ဖန်ဆင်းခံဖြစ်သဖြင့် လူသားနှင့် ဘုရားသခင်သည် မတူညီသော လောကများနှင့် သက်ဆိုင်ကြပြီး ကွဲပြားခြားနားသော သဘာဝများ ရှိကြသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိနှင့်ဖြစ်တည်သော လူသားနှင့် သဟဇာတမဖြစ်ပေ၊ ထို့ကြောင့် သူတို့အကြားတွင် မည်သည့်ဆက်ဆံရေးကိုမျှ တည်ဆောက်၍ မရနိုင်ပေ၊ လူသားသည် ဝိညာဉ်တစ်ပါးအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း မရှိသည်ကိုမူ ပြောစရာပင် မလိုချေ။ သို့ဖြစ်ရာ ဘုရားသခင်၏ ဝိညာဉ်တော်သည် သူ၏မူလအလုပ်ကို လုပ်ရန် ဖန်ဆင်းခံသတ္တဝါတစ်ဦး ဖြစ်လာရပေသည်။ ဘုရားသခင်သည် အမြင့်ဆုံးသောနေရာသို့ တက်ကြွသွားနိုင်သကဲ့သို့ လူသားတို့အကြားတွင် အလုပ်လုပ်ပြီး သူတို့အလယ်၌ နေထိုင်လျက် ဖန်ဆင်းခံ လူသားဖြစ်လာရန် သူ့ကိုယ်သူ နှိမ့်ချနိုင်သည်၊ သို့သော်လည်း လူသားကမူ အမြင့်ဆုံးသောနေရာသို့ မတက်နိုင်၊ ဝိညာဉ်လည်း မဖြစ်လာနိုင်ပေ၊ ထို့ပြင် သူသည် အနိမ့်ဆုံးသောနေရာသို့ သာ၍ပင် မဆင်းသက်နိုင်ပေ။ ဤအကြောင်းကြောင့်ပင် ဘုရားသခင်သည် သူ၏အလုပ်ကို လုပ်ဆောင်ရန် လူ့ဇာတိကို ခံယူရသည်။ ထိုနည်းတူပင် ပထမအကြိမ် လူ့ဇာတိခံယူစဉ်အတောအတွင်း လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသာလျှင် သူ၏လက်ဝါးကပ်တိုင်တွင် အသေခံခြင်းအားဖြင့် လူသားကို ရွေးနှုတ်နိုင်ခဲ့သည်၊ ဘုရားသခင်၏ ဝိညာဉ်တော်အတွက်မူ လူသားအတွက် အပြစ်ဖြေရာယဇ်အဖြစ် လက်ဝါးကပ်တိုင်တွင် အသေခံရန် လုံးဝဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် လူသားအတွက် အပြစ်ဖြေရာယဇ်အနေနှင့် အစေခံရန် တိုက်ရိုက် လူ့ဇာတိခံယူနိုင်၏၊ သို့သော်လည်း လူသားသည် ဘုရားသခင်က သူတို့အတွက် ပြင်ဆင်ထားပေးသော အပြစ်ဖြေရာယဇ်ကို ယူရန် ကောင်းကင်ဘုံသို့ တိုက်ရိုက် မတက်သွားနိုင်ပေ။ သို့ဖြစ်ရာ လူသားသည် အပြစ်ဖြေရာယဇ်ကို ရယူရန်ဝေးစွ သူသည် ကျဆုံးပြီးဖြစ်သည့်အပြင် ကောင်းကင်ဘုံသို့ မတက်သွားနိုင်သည့်အတွက် ဤကယ်တင်ခြင်းကို ရယူရန်အလို့ငှာ ကောင်းကင်ဘုံသို့ တက်စရာမလိုရန် လူသားအနေဖြင့် လုပ်နိုင်သမျှမှာ ကောင်းကင်နှင့် မြေကြီးအကြား အကြိမ်အနည်းငယ် ခေါက်တုံ့ခေါက်ပြန် သွားလာပေးရန် ဘုရားသခင်ကို တောင်းဆိုဖို့ပင် ဖြစ်ခဲ့လိမ့်မည်။ သို့ဖြစ်ရာ ယေရှုသည် လူသားတို့အကြားသို့ ကြွလာကာ လူသားအနေဖြင့် လုံးဝမစွမ်းဆောင်နိုင်သော အလုပ်ကို သူကိုယ်တိုင် လုပ်ရန် လိုအပ်ခဲ့သည်။ ဘုရားသခင် လူ့ဇာတိခံယူသည့်အခါတိုင်းသည် လုံးဝလိုအပ်သောကြောင့်သာ ဖြစ်သည်။ အကယ်၍ မည်သည့် အဆင့်ကိုမဆို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင် နိုင်ခဲ့မည် ဆိုပါလျှင် သူသည် လူ့ဇာတိခံယူခြင်း၏ အရှက်တကွဲ အကျိုးနည်းခြင်းကို ခံခဲ့လိမ့်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၈)

ဘုရားသခင် လူ့ဇာတိခံယူခဲ့သည့် အကြောင်းမှာ သူ့အမှု၏ အပြုခံအရာသည် စာတန်၏ဝိညာဉ်၊ သို့မဟုတ် အကောင်အထည် မရှိသော မည်သည့်အရာမျှမဟုတ်ဘဲ စာတန်၏ဖျက်ဆီးခြင်းကို ခံထားရသော ဇာတိခန္ဓာနှင့်လူ ဖြစ်သောကြောင့်ဖြစ်သည်။ လူ့ဇာတိ ခန္ဓာသည် ဖျက်ဆီးခြင်းကိုခံခဲ့ရသည့်အကြောင်းရင်း အတိအကျကြောင့် ဘုရားသခင်သည် ဇာတိခန္ဓာနှင့် လူသားကို သူ့အမှု၏ အပြုခံ အရာဖြစ်စေခဲ့ခြင်းပင် ဖြစ်တော့သည်၊ ထို့အပြင် လူသားသည် ဖျက်ဆီးခြင်းခံရသည့် အရာဖြစ်သဖြင့် ဘုရားသခင်သည် သူ့ ကယ်တင်ခြင်းအမှု၏ အဆင့်အားလုံးတောက်လျှောက်တွင် လူသားကို သူ့အမှု၏ တစ်ခုတည်းသော အပြုခံအရာဖြစ်စေခဲ့သည်။ လူသားသည် အသွေးနှင့်အသားနှင့် သေမျိုးဖြစ်ပြီး ဘုရားသခင်သည် လူသားကို ကယ်တင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန်အတွက် လူကဲ့သို့ တူညီသောပင်ကိုအရည်အချင်းများကို ပိုင်ဆိုင်သည့် လူ့ဇာတိကို ခံယူရပေမည်၊ သို့မှသာ သူ၏အမှုတွင် ပို၍ကောင်းသော အကျိုးသက်ရောက်မှုများကို ရနိုင်ပေလိမ့်မည်။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် လူ့ဇာတိခံယူရမည်၊ အကြောင်းမှာ လူသားသည် ဇာတိခန္ဓာနှင့်ဖြစ်ကာ အပြစ်ကို အောင်နိုင်ရန် သို့မဟုတ် ဇာတိပကတိမှ မိမိကိုယ်ကို ရုပ်သိမ်းရန် မစွမ်းသောအကြောင်းရင်း အတိအကျကြောင့်ဖြစ်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ အနှစ်သာရနှင့် သွင်ပြင်လက္ခဏာသည် လူသား၏အနှစ်သာရ၊ သွင်ပြင်လက္ခဏာတို့နှင့် ကြီးမားသော ကွာခြားမှုရှိသော်လည်း သူ၏အဆင်းသဏ္ဌာန်သည် လူနှင့်ဆင်တူပြီး၊ သာမန်လူတစ်ယောက်၏ အဆင်းသဏ္ဌာန် သူ့၌ရှိကာ၊ သာမန်လူတစ်ယောက်၏ ဘဝကိုနေထိုင်၍ သူ့ကိုမြင်သောသူများသည် သာမန်လူတစ်ယောက်နှင့် သူ၏ကွဲပြားမှုကို မသိနိုင်ပေ။ ဤသာမန်အဆင်းသဏ္ဌာန်နှင့် သာမန်လူ့သဘာဝတို့သည် သာမန်လူ့သဘာဝအကြားတွင် သူ၏ဘုရားသဘာဝအမှုကို လုပ်ဆောင်ရန် လုံလောက်ပါသည်။ သူ၏ဇာတိခန္ဓာသည် သူ့အား သာမန် လူ့သဘာဝတွင် သူ၏အမှုကို ဆောင်ရွက်နိုင်စေပြီး၊ လူတို့ကြားတွင် သူ၏ အမှုလုပ်ဆောင်ခြင်းကို ကူညီပေးသည်၊ ထို့အပြင် သူ၏ သာမန် လူ့သဘာဝသည် လူသားတို့အကြား ကယ်တင်ခြင်းအမှုကို ဆောင်ရွက် နိုင်ရန်လည်း အကူအညီပေးသည်။ သူ၏သာမန် လူ့သဘာဝသည် လူတို့ကြား များစွာသော ဗလောင်ဆူမှုကို ဖြစ်စေခဲ့သော်လည်း၊ ထိုဗလောင်ဆူမှုသည် သူ့အမှု၏ ပုံမှန်အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်ခြင်းမရှိပေ။ အကျဉ်းချုပ်ဆိုရသော် သူ့သာမန်ဇာတိခန္ဓာ၏ အမှုသည် လူသားအတွက် အကြီးမြတ်ဆုံးသော အကျိုးအမြတ်ကို ပေးသည်။ လူအများစုသည် သူ၏သာမန်လူ့သဘာဝကို လက်မခံ သော်လည်း၊ သူ၏အမှုသည် အကျိုးသက်ရောက်နိုင်ဆဲဖြစ်ပြီး၊ သူ၏သာမန်လူ့သဘာဝကြောင့် ဤအကျိုးသက်ရောက်မှုများကို ရရှိခြင်း ဖြစ်သည်။ ဤအတွက် ယုံမှားဖွယ်ရာမရှိ။ ဇာတိခန္ဓာရှိ သူ၏အမှု မှတစ်ဆင့် ဘုရားသခင်၏ သာမန်လူ့သဘာဝနှင့်ပတ်သက်၍ လူသားတို့ကြား၌ရှိနေသော အယူအဆများထက် လူသားတို့သည် ဆယ်ဆ၊ သို့မဟုတ် အဆတစ်ရာ ပိုသောအရာတို့ကို လက်ခံရရှိသည်၊ ထိုအယူအဆများအားလုံးသည်လည်း နောက်ဆုံး၌ ဘုရားသခင့် အမှုတော်၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်။ ထို့ပြင် သူ့အမှုကရရှိသော အကျိုးသက်ရောက်မှုများ၊ ဆိုလိုသည်မှာ ဘုရားသခင်နှင့်ပတ်သက်၍ လူ၏အသိပညာသည် ဘုရားသခင်နှင့် ပတ်သက်သော လူသား၏ အယူအဆများထက် သာလွန်များပြားသည်။ ဇာတိခန္ဓာနှင့် သူလုပ်ဆောင်ခဲ့သောအမှုတို့ကို စိတ်ကူးရန်၊ သို့မဟုတ် တိုင်းတာရန် နည်းလမ်းမရှိပေ၊ အကြောင်းမှာ သူ၏ဇာတိခန္ဓာသည် မည်သည့် လူသား၏ ဇာတိခန္ဓာနှင့်မျှ တူညီမှုမရှိခြင်းကြောင့်ဖြစ်သည်၊ အပြင်ဘက် ပုံပန်းသဏ္ဌာန်သည် ဆင်တူသော်လည်း၊ အနှစ်သာရခြင်း မတူညီပေ။ ဘုရားသခင်၏ ဇာတိခန္ဓာသည် လူတို့ကြားတွင် ဘုရားသခင်နှင့် ပတ်သက်သော အယူအဆများစွာကို ဖြစ်ပေါ်စေသည်၊ သို့ရာတွင် သူ၏ဇာတိခန္ဓာသည် လူသားကို အသိပညာများစွာ ရရှိလာစေရန်လည်း ခွင့်ပြုနိုင်ပြီး၊ ထိုသို့တူညီသော အပြင်ပန်းသဏ္ဌာန် ပိုင်ဆိုင်ထားသည့် မည်သည့်လူကိုမဆိုပင် သိမ်းပိုက်နိုင်သည်။ အကြောင်းမှာ သူသည် သာမန်လူသားတစ်ယောက်သာမဟုတ်ဘဲ၊ လူသား၏ အပြင်ပန်း သဏ္ဌာန်ရှိသော ဘုရားသခင်ဖြစ်ပြီး၊ မည်သူမျှ သူ့ကို အပြည့်အဝ သဘောပေါက်ခြင်း၊ သို့မဟုတ် နားလည်ခြင်း မရှိနိုင်သောကြောင့် ဖြစ်သည်။ မျက်စိဖြင့်မမြင်ရ၊ လက်ဆုပ်လက်ကိုင်လည်းမပြနိုင်သော ဘုရားသခင်ကို အားလုံးက ချစ်ပြီး ကြိုဆိုကြသည်။ အကယ်၍ ဘုရားသခင်သည် လူတို့မမြင်နိုင်သော ဝိညာဉ်တော်တစ်ပါးသာဖြစ်ပါက လူသားတို့အနေဖြင့် ဘုရားသခင်ကို ယုံကြည်ရန် အလွန်လွယ်ကူသည်။ လူသားသည် မိမိ၏စိတ်ကူးစိတ်သန်းကို ဇက်ကုန်လွှတ်နိုင်ပြီး၊ မိမိကိုယ်ကို ကျေနပ်စေရန်နှင့် ပျော်ရွှင်အောင်ပြုရန် မိမိနှစ်သက်သည့် မည်သည့်ပုံရိပ်ကိုမဆို ဘုရားသခင်၏ ပုံရိပ်အဖြစ် ရွေးချယ်နိုင်သည်။ ဤနည်းအားဖြင့် လူသားသည် မိမိ၏ကိုယ်ပိုင်ဘုရားသခင်က အကြိုက်နှစ်သက်ဆုံးအရာနှင့် မိမိကို ပြုလုပ်စေလိုဆုံး မည်သည့်အရာကိုမဆို သိက္ခာစောင့်စည်းမှု မရှိဘဲနှင့် ပြုလုပ်ကောင်း ပြုလုပ်လိမ့်မည်။ ထို့အပြင် လူသားသည် သူ့ထက်ပို၍ ဘုရားသခင်ကို ပို၍သစ္စာရှိသူ၊ ပို၍ဆပ်ကပ်နိုင်သူ တစ်ဦးမျှမရှိဟု ယုံကြည်ပြီး၊ အခြားသူအားလုံးသည် တစ်ပါးအမျိုးသား ခွေးများဖြစ်ပြီး၊ ဘုရားသခင် အပေါ် သစ္စာမရှိသောသူများဖြစ်သည်ဟု ယုံကြည်သည်။ ဤအရာသည် မိမိတို့၏ ဘုရားသခင်ကို ယုံကြည်မှုမှာ မရေမရာဖြစ်ပြီး အယူဝါဒအပေါ် အခြေခံထားသည့်သူများက ရှာဖွေသည့်အရာဟု ဆိုနိုင်သည်၊ သူတို့ရှာဖွေသောအရာသည် အားလုံးအတူတူသာဖြစ်ပြီး ကွာခြားမှု အနည်းငယ်သာရှိသည်။ သူတို့၏ စိတ်ကူးများထဲမှ ဘုရားသခင်၏ ပုံရိပ်များသည် မတူညီကြခြင်းသာဖြစ်ပြီး၊ သူတို့၏ အနှစ်သာရမှာမူ အကယ်စင်စစ် အတူတူပင်ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၁၉)

လူ့ဇာတိခံယူသော ဘုရားသခင်သည် ဇာတိခန္ဓာထဲသို့ ကြွလာသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ဖောက်ပြန်ပျက်စီးနေသော လူသား၏ လိုအပ်ချက်များကြောင့်ဖြစ်သည်။ ယင်းသည် လူ၏ လိုအပ်ချက်များကြောင့် ဖြစ်ပြီး၊ ဘုရားသခင်၏ လိုအပ်ချက် ကြောင့်မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ ပေးဆပ်မှုများနှင့် ဒုက္ခခံယူမှုအားလုံးသည် လူသားမျိုးနွယ်အတွက်ဖြစ်ပြီး၊ ဘုရားသခင် ကိုယ်တိုင်၏ အကျိုးအမြတ်အတွက် မဟုတ်ပေ။ ဘုရားသခင် အတွက် အကောင်းနှင့် အဆိုးများ၊ သို့မဟုတ် ဆုလာဘ်များ မရှိပါ၊ ဘုရားသခင်သည် အနာဂတ် အကျိုးအမြတ်အချို့ကို ရိတ်သိမ်းမည် မဟုတ်ဘဲ၊ မူလကတည်းက သူထံတွင် အကြွေးတင်ထားပြီးသည့် အရာတို့ကို ရိတ်သိမ်းမည်ဖြစ်သည်။ လူသားမျိုးနွယ်အတွက် သူပြုလုပ်သော၊ ပေးဆပ်သော အရာ အားလုံးသည် ကြီးစွာသော ဆုလာဘ်များကို ရရှိရန်အတွက် မဟုတ်ဘဲ၊ လူသားမျိုးနွယ်အတွက် သက်သက်သာလျှင်ဖြစ်သည်။ ဇာတိခန္ဓာ၌ ပြုသော ဘုရားသခင်၏ အမှုတွင် တွေးထင်မထားနိုင်သော အခက်အခဲ များစွာ ပါဝင်သော်လည်း ယင်းအမှု၏ နောက်ဆုံး၌ရရှိမည့် အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်က တိုက်ရိုက် လုပ်ဆောင်သော အမှု၏ အကျိုးသက်ရောက်မှုများထက် သာလွန် များပြားသည်။ ဇာတိခန္ဓာ၏ အမှုတွင် များစွာသော အခက်အခဲများ ပါဝင်သည်၊ ထို့အပြင် ဇာတိခန္ဓာသည် ဝိညာဉ်တော်နည်းတူ သြဇာအာဏာကို ပိုင်ဆိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်ကဲ့သို့ ကြီးမြတ်သည့် တူညီသော အဆင့်အတန်းကို မရရှိနိုင်၊ ဝိညာဉ်တော်ကဲ့သို့ တူညီသော သဘာဝလွန် လုပ်ဆောင်ချက်များကို မဆောင်ရွက်နိုင်ပေ။ သို့သော်လည်း ထူးခြားမှုမရှိသော ဤဇာတိခန္ဓာက လုပ်ဆောင်သောအမှု၏ အနှစ်သာရသည် ဝိညာဉ်တော်ဖြင့် တိုက်ရိုက်လုပ်ဆောင်သော အမှုထက်သာ၍ ကြီးမြတ်လှပြီး ဤဇာတိခန္ဓာ ကိုယ်တော်တိုင်သည် လူသားမျိုးနွယ်တစ်ခုလုံး၏ လိုအပ်ချက်များအတွက် အဖြေဖြစ်လေသည်။ ကယ်တင်ခြင်း ခံရမည့် သူများအားလုံးအတွက် ဝိညာဉ်တော်၏ အသုံးပြုနိုင်သော တန်ဖိုးသည် ဇာတိခန္ဓာထက် သာ၍ သေးငယ်သည်။ ဝိညာဉ်တော်၏ အမှုသည် စကြဝဠာ တစ်ခုလုံး၊ တောင်တန်းများ၊ မြစ်များ၊ ရေကန်များနှင့် သမုဒ္ဒရာတို့ အားလုံးအပေါ်၌ လွှမ်းခြုံနိုင်သော်လည်း ဇာတိခန္ဓာ၏ အမှုသည် သူနှင့် ထိတွေ့မှုရှိသော သူအားလုံးအတွက် ပို၍ထိရောက်စွာ ပတ်သက်အကျုံးဝင်လေသည်။ ထို့အပြင် ထိတွေ့နိုင်သော ပုံသဏ္ဌာန်ရှိသည့် ဘုရားသခင်၏ ဇာတိခန္ဓာကို လူသားအနေဖြင့် ပို၍နားလည်ကာ ပို၍ယုံကြည်နိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာကို ပို၍နက်ရှိုင်းစေ နိုင်ကာ၊ ဘုရားသခင်၏ လုပ်ဆောင်ချက်အမှန်များနှင့်ပတ်သက်၍ ပို၍လေးနက်သော ထင်မြင်ချက်များကို လူသားတို့ထံတွင် ချန်ထားခဲ့ နိုင်ပါသည်။ ဝိညာဉ်တော်၏ အမှုသည် နက်နဲမှုဖြင့် ဖုံးကွယ်နေပြီး၊ သေမျိုးဖြစ်သည့် လူသားတို့အတွက် နားလည်ရန်ခက်ခဲလှကာ၊ တွေ့မြင်နိုင်ရန် ပို၍ပင်ခက်ခဲသဖြင့် သူတို့သည် အနှစ်သာရမဲ့သော ထင်မြင်ချက်များအပေါ်တွင် မှီခိုခြင်းသာ ပြုနိုင်သည်။ သို့ရာတွင် ဇာတိခန္ဓာ၏ အမှုသည် သာမန်ဖြစ်ပြီး၊ အရှိတရားအပေါ်တွင် အခြေခံကာ ကြွယ်ဝသော ဉာဏ်ပညာရှိသည်၊ ထို့ပြင် လူသား၏ ခန္ဓာမျက်လုံးဖြင့် မြင်တွေ့နိုင်သည့် အချက်အလက်တစ်ခုဖြစ်သည်၊ လူသည် ဘုရားသခင့်အမှု၏ ဉာဏ်ပညာကို ကိုယ်တိုင် တွေ့ကြုံခံစားနိုင်ကာ များပြားလှသော သူ၏စိတ်ကူးစိတ်သန်းများကို အသုံးချရန် မလိုအပ်တော့ပေ။ ဤသည်မှာ ဇာတိခန္ဓာရှိသည့် ဘုရားသခင့်အမှု၏ တိကျမှန်ကန်မှုနှင့် စစ်မှန်သောတန်ဖိုးဖြစ်သည်။ ဝိညာဉ်တော်သည် လူတို့မမြင်နိုင်သော အရာများကိုသာ လုပ်နိုင်ပြီး လူတို့တွေးထင်ရန် ခက်ခဲသောအရာများ၊ ဥပမာ- ဝိညာဉ်တော်၏ ဉာဏ်အလင်းပေးခြင်း၊ ဝိညာဉ်တော်၏ လှုပ်ရှားခြင်းနှင့် ဝိညာဉ်တော်၏ လမ်းညွှန်ခြင်းတို့ကိုသာ ပြုနိုင်သည်၊ သို့ရာတွင် စိတ်နှလုံးရှိသော လူသားတို့အတွက် ဤအရာတို့မှာ ရှင်းလင်းသော အဓိပ္ပာယ်ကို မထောက်ပံ့ပေးနိုင်ချေ။ ယင်းတို့သည် စိတ်ထိခိုက်စေသော သို့မဟုတ် ကျယ်ပြန့်သော အဓိပ္ပာယ်ကိုသာ ပေးအပ်ပြီး နှုတ်ကပတ်တော်များဖြင့် ညွှန်ကြားချက်တစ်ခုကို မပေးအပ်နိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုမှာမူ အလွန်ပင်ကွာခြားသည်။ ထိုအမှု၌ နှုတ်ကပတ်တော်များ၏ တိကျမှန်ကန်သော လမ်းညွှန်မှုရှိပြီး၊ ရှင်းလင်းသော အလိုတော်နှင့် ရှင်းလင်းသော လိုအပ်သည့် ပန်းတိုင်တို့ရှိသည်။ သို့ဖြစ်၍ လူတို့သည် မှန်းဆချက်များကို ပြုလုပ်ရန်မဆိုထားနှင့်၊ စမ်းတဝါးဝါးပင် သွားလာနေစရာ၊ သို့မဟုတ် သူတို့အတွေးအထင်များကို အသုံးပြုစရာ မလိုတော့ပေ။ ဤသည်မှာ ဇာတိခန္ဓာနှင့်ဆိုင်သည့်အမှု၏ ကြည်လင်ပြတ်သားမှုဖြစ်ပြီး ထိုအမှုနှင့် ဝိညာဉ်တော်၏ အမှုတို့ ကြီးမားစွာကွာခြားမှုဖြစ်သည်။ ဝိညာဉ်တော်၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခု အတွက်သာ သင့်လျော်ပြီး၊ ဇာတိခန္ဓာ၏အမှုကို အစားမထိုးနိုင်ပေ။ ဇာတိခန္ဓာ၏အမှုသည် ဝိညာဉ်တော်၏အမှုထက် လူသားကို ပို၍တိကျပြီး လိုအပ်သော ပန်းတိုင်များ၊ ပို၍စစ်မှန်တန်ဖိုးရှိသော အသိပညာများပေးသည်။ ဖောက်ပြန်ပျက်စီးသော လူသားအတွက် အကြီးမားဆုံးသော တန်ဖိုးရှိသည့်အမှုမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ၊ လိုက်လျှောက်ရန် ရှင်းလင်းသော ပန်းတိုင်များကို ထောက်ပံ့ပေးသောအမှုဖြစ်ပြီး မြင်တွေ့နိုင်ကာ ထိတွေ့နိုင်သော အမှုဖြစ်သည်။ လက်တွေ့ကျသောအမှုနှင့် အချိန်မီလမ်းညွှန်မှုတို့ သည်သာလျှင် လူသား၏အကြိုက်များနှင့် သင့်လျော်ပြီး၊ စစ်မှန်သော အမှုသာလျှင် လူကို သူ၏ ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ ကယ်တင်နိုင်သည်။ ဤအရာကို လူ့ဇာတိခံယူသော ဘုရားသခင်အားဖြင့်သာလျှင် ရရှိနိုင်သည်၊ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် လူသား၏ ယခင်က ဖောက်ပြန်ပျက်စီး၍ စာရိတ္တပျက်ပြားသော စိတ်သဘောထားမှ လူသားကို ကယ်တင်နိုင် သည်။ ဝိညာဉ်တော်သည် ဘုရားသခင်၏ ရှိရင်းစွဲအနှစ်သာရ ဖြစ်သော်လည်း ဤသို့သောအမှုကို သူ၏ဇာတိခန္ဓာဖြင့်သာ လုပ်ဆောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် တစ်ဦးတည်းသာ အလုပ်လုပ်မည်ဆိုပါက၊ သူ၏အမှုသည် အကျိုးသက်ရောက်မှုရှိရန် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ယင်းမှာ ရှင်းလင်းသော အမှန်တရားဖြစ်သည်။ လူအများစုသည် ဤဇာတိခန္ဓာကြောင့် ဘုရားသခင်၏ ရန်သူများဖြစ်လာကြသော်လည်း ဘုရားသခင်သည် သူ၏အမှုကို အဆုံးသတ်သောအခါ သူ့ကိုဆန့်ကျင်သောသူများသည် သူ၏ရန်သူဖြစ်ခြင်းမှ ရပ်တန့်ရုံတင်မကဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူ၏သက်သေများ ဖြစ်လာလိမ့်မည်။ သူတို့သည် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရသော သက်သေများ၊ သူနှင့်သဟဇာတရှိပြီး သူနှင့်ခွဲ၍မရသော သက်သေများဖြစ်လာလိမ့်မည်။ ဘုရားသခင်သည် လူသားကို ဇာတိခန္ဓာဖြင့် လုပ်ဆောင်သော သူ့အမှု၏ အရေးကြီးမှုကို သိရှိစေပြီး၊ လူသားသည်လည်း သူ၏တည်ရှိမှု၌ ထိုဇာတိခန္ဓာ၏ အရေးပါပုံကို နားလည်လာကာ၊ လူ့အသက်တာကြီးထွားမှု၌ ဘုရားသခင်၏ စစ်မှန်သောတန်ဖိုးကို သိလာလိမ့်မည်၊ ထို့အပြင် ဤဇာတိခန္ဓာသည် လူသားတို့ခွဲခွာရန် မစွမ်းသာသော ဘဝ၏သက်စမ်းရေဖြစ်လာမည်ဟု သိလာလိမ့်မည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာသည် ဘုရားသခင်၏ သွင်ပြင်လက္ခဏာ၊ အနေအထားနှင့်တူညီရန် ဝေးကွာလှကာ လူသားအတွက် ဘုရားသခင်၏ အဆင့်အတန်းအစစ်နှင့် သဟဇာတဖြစ်ပုံ မပေါ်သော်လည်း၊ ဘုရားသခင်၏ ပုံရိပ်အစစ်၊ သို့မဟုတ် သွင်ပြင် လက္ခဏာအစစ်ကို မပိုင်ဆိုင်ထားသော ဤဇာတိခန္ဓာသည် ဘုရားသခင်၏ဝိညာဉ်တော်က တိုက်ရိုက်မလုပ်ဆောင်နိုင်သော အမှုကို လုပ်ဆောင်နိုင်သည်။ ယင်းသည် ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှင့်ဆိုင်သည့် စစ်မှန်သောအရေးပါမှုနှင့် တန်ဖိုးဖြစ်ပြီး၊ လူသားအနေဖြင့် အသိအမှတ်ပြုရန်နှင့် လက်ခံနိုင်ရန် မတတ်နိုင်သော အရေးပါမှုနှင့် တန်ဖိုးတို့ဖြစ်သည်။ လူသားအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်ကို ကြည်ညိုကြပြီး၊ ဘုရားသခင်၏ ဇာတိခန္ဓာကို အထင်သေးကြသော်လည်း၊ သူတို့မည်သို့ပင် ကြည့်ရှုတွေးထင်စေကာမူ ဇာတိခန္ဓာ၏ စစ်မှန်သော အရေးပါမှုနှင့် တန်ဖိုးသည် ဝိညာဉ်တော်၏ အရေးပါမှုနှင့် တန်ဖိုးထက် များစွာသာလွန်ပါသည်။ မှန်ပေ၏၊ ဤအရာသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်နှင့်သာ သက်ဆိုင်ပေသည်။ သမ္မာတရားကို ရှာဖွေကာ ဘုရားသခင်၏ ပေါ်ထွန်းမှုကို တောင့်တသောသူအားလုံးအတွက် ဝိညာဉ်တော်၏ အမှုသည် စိတ်ထိတွေ့မှု သို့မဟုတ် လှုံ့ဆော်အားပေးမှုနှင့် ရှင်းမပြနိုင်သော၊ တွေးထင်မထားနိုင်သော အံ့သြဖွယ်ခံစားချက်နှင့် ကြီးမြတ်သော၊ မြင့်မြတ်သော၊ နှစ်လိုဖွယ်ကောင်းသော ခံစားချက်တို့ကိုသာ ထောက်ပံ့ပေးနိုင်သည်၊ သို့သော်လည်း ထိုအရာသည် အားလုံးအတွက် ရယူရန်မဖြစ်နိုင်၊ မရရှိနိုင်သောအရာလည်း ဖြစ်သည်။ လူသားနှင့် ဘုရားသခင်၏ဝိညာဉ်တော်သည် သူတို့ကြားတွင် ကြီးမားသော အကွာအဝေးတစ်ခု ရှိဘိသည့်အလား တစ်ဦးနှင့်တစ်ဦး အဝေးမှသာ ကြည့်နိုင်ကြပြီး၊ လူသားနှင့် ဘုရားသခင်ကို မမြင်ရသော အပိုင်းအခြားတစ်ခုက ခွဲခြားထားသည့်နှယ် သူတို့သည် မည်သည့်အခါမျှ တူညီနိုင်ခြင်းမရှိပေ။ အမှန်တွင်မူ ယင်းသည် ဝိညာဉ်တော်က လူသားကိုပေးထားသော အထင်မှားစေသည့်အရာ တစ်ခုဖြစ်သည်၊ အကြောင်းမှာ ဝိညာဉ်တော်နှင့် လူသားသည် တစ်မျိုးတစ်စားတည်း မဟုတ်သောကြောင့်ဖြစ်ပြီး၊ ဝိညာဉ်တော်နှင့် လူသားသည် တူညီသော လောကကြီးထဲတွင် မည်သည့်အခါမျှ ယှဉ်တွဲနေထိုင်နိုင်မည် မဟုတ်သောကြောင့်ဖြစ်ကာ၊ ဝိညာဉ်တော်၌ လူနှင့်ဆိုင်သောအရာ ဘာမျှမရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူသားထံတွင် ဝိညာဉ်တော်လိုအပ်ချက် မရှိပေ၊ အကြောင်းမှာ ဝိညာဉ်တော်သည် လူသားတို့က အလိုအပ်ဆုံးသော အမှုကို တိုက်ရိုက်မဆောင်ရွက်နိုင် သောကြောင့်ဖြစ်သည်။ ဇာတိခန္ဓာ၏အမှုသည် လူသားတို့ကို လိုက်လျှောက်ရမည့် စစ်မှန်သော ရည်ရွယ်ချက်များ၊ ရှင်းလင်းသော နှုတ်ကပတ်တော်များနှင့် သူသည် စစ်မှန်ကာ ပုံမှန်ဖြစ်သည်ဟူသော ခံစားမှု၊ သူသည် နှိမ့်ချပြီး သာမန်ဖြစ်သည်ဟူသောခံစားမှု စသည်တို့ကို ပေးသည်။ လူသားသည် သူ့ကို ကြောက်ရွံ့ကောင်း ကြောက်ရွံ့ နိုင်သော်လည်း လူအများစုအတွက် သူသည် နားလည်ဆက်စပ်နိုင်ရန် လွယ်ကူသည်။ လူသားသည် ဘုရားသခင်၏ မျက်နှာကို မြင်တွေ့နိုင်သည်၊ သူ၏အသံကိုကြားနိုင်ပြီး သူ့ကို အဝေးမှကြည့်ရန် မလိုအပ်ပေ။ ဤဇာတိခန္ဓာသည် လူသားတို့နှင့် တူညီသော ကမ္ဘာလောကကြီးထဲတွင် ရှိနေသဖြင့် ဤဇာတိခန္ဓာသည် လူသားတို့အတွက် ချဉ်းကပ်နိုင်သည်ဟု ခံစားရပြီး၊ ဝေးကွာခြင်း၊ နားမလည်နိုင်ခြင်းမရှိဘဲ၊ မြင်နိုင် ထိတွေ့နိုင်ပေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၀)

ဇာတိခန္ဓာနှင့်နေထိုင်သူ အားလုံးအတွက် မိမိတို့၏ စိတ်သဘောထားကို ပြောင်းလဲခြင်းသည် လိုက်လျှောက်ရမည့် ပန်းတိုင်များကို လိုအပ်ပြီး၊ ဘုရားသခင်ကို သိခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် အမှန်များနှင့် ဘုရားသခင်၏ မျက်နှာတော်အမှန်အား မျက်မြင် တွေ့ခြင်းကို လိုအပ်သည်။ ဤနှစ်ခုစလုံးကို လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာမှသာ စွမ်းဆောင်နိုင်ပြီး၊ နှစ်ခုစလုံးကို သာမန်ဖြစ်သော စစ်မှန်သည့် ဇာတိခန္ဓာဖြင့်သာ ဖြစ်မြောက်စေ နိုင်သည်။ ဤသည်မှာ လူ့ဇာတိခံယူခြင်းကို လိုအပ်ရသည့် အကြောင်းရင်းနှင့် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်က လူ့ဇာတိခံယူခြင်းကို လိုအပ်ရခြင်း အကြောင်းရင်းဖြစ်သည်။ လူသားတို့သည် ဘုရားသခင်ကို သိရန်လိုအပ်သဖြင့်၊ မရေရာဘဲ သဘာဝထက်လွန်ကဲသော ဘုရားများ၏ ပုံရိပ်များကို သူတို့၏နှလုံးသားများမှ လွင့်ပျောက်သွားအောင် ပြုရမည်၊ ထို့ပြင် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပယ်ထုတ်ပစ်ရန် လိုအပ်သဖြင့် သူတို့သည် ပထမဆုံးအနေနှင့် သူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သိရမည်။ အကယ်၍ လူတို့၏နှလုံးသားများထဲမှ မရေရာသော ဘုရားများ၏ပုံရိပ်များကို ဖယ်ထုတ်ပစ်ရန်အတွက် လူသားကသာ လုပ်ဆောင်ပါက သူသည် သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိမည်မဟုတ်ပေ။ လူသားတို့၏နှလုံးသားများထဲရှိ မရေရာသော ဘုရားများ၏ပုံရိပ်များကို စကားလုံးများဖြင့်သာ မြင်သာအောင်ပြခြင်း၊ ဖယ်ရှားခြင်း၊ သို့မဟုတ် အပြည့်အဝ နှင်ထုတ်ခြင်း မပြုနိုင်ပေ။ ထိုသို့ပြုလျှင် လူတို့ထံတွင် နက်ရှိုင်းစွာ အမြစ်စွဲနေသော ဤအရာများကို ပပျောက်စေရန်မှာ နောက်ဆုံးအချိန်အထိ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကဲ့သို့ မရေမရာဖြစ်ပြီး သဘာဝလွန် အမှုအရာများကို လက်တွေ့ကျသော ဘုရားသခင်နှင့် ဘုရားသခင်၏ ပုံရိပ်စစ်တို့နှင့် အစားထိုးခြင်းနှင့် လူတို့က သူတို့ကို တဖြည်းဖြည်းသိအောင် ပြုလုပ်ခြင်းတို့ဖြင့်သာလျှင် သတ်မှတ်ထားသော အကျိုးသက်ရောက်မှုကို ရရှိနိုင်သည်။ လူတို့သည် ယခင်အတိတ်က သူတို့ရှာဖွေခဲ့သော ဘုရားသခင်သည် ရေရာမှုမရှိဘဲ သဘာဝလွန် ဖြစ်နေသည်ကို အသိအမှတ်ပြုသည်။ ဤအကျိုးဆက်ကို ရယူနိုင်သည့် အရာမှာ လူတစ်ဦးဦး၏ သင်ကြားမှုဖြစ်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်၏ တိုက်ရိုက်လမ်းညွှန်မှုကြောင့်ပင် မဟုတ်ဘဲ၊ လူ့ဇာတိခံယူသော ဘုရားသခင်သာဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် သူ၏အမှုကို တရားဝင်ဆောင်ရွက်သောအခါ လူသား၏ အယူအဆများသည် ဖော်ထုတ်လှန်ထားခြင်း ခံရသည်၊ အကြောင်းမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ သာမန်ဖြစ်ခြင်းနှင့် စစ်မှန်ခြင်းသည် လူသား၏စိတ်ကူးထဲမှ မရေရာသော၊ သဘာဝလွန်သည့် ဘုရားနှင့် ပကတိဆန့်ကျင်ဘက် ဖြစ်နေခြင်းကြောင့်တည်း။ လူသား၏ မူလအယူအဆများကို လူ့ဇာတိခံယူသော ဘုရားသခင်နှင့် သူတို့၏ ဆန့်ကျင်ကွဲလွဲမှုဖြင့်သာ ထုတ်ဖော်နိုင်သည်။ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် နှိုင်းယှဉ်ခြင်းမရှိဘဲ လူသား၏ အယူအဆများကို ထုတ်ဖော်နိုင်ခြင်းမရှိပေ၊ တစ်နည်းဆိုရသော် အမှန်တရားနှင့် နှိုင်းယှဉ်ပြခြင်းမရှိဘဲ မရေရာသော အရာများကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။ မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ လုပ်နိုင်စွမ်းမရှိပေ၊ ထို့အပြင် မည်သူမျှ ဤအမှုကို စကားလုံးများသုံး၍ ရှင်းရှင်းလင်းလင်း ပြောနိုင်စွမ်းမရှိပေ။ ဘုရားသခင်ကိုယ်တော်တိုင်သာလျှင် သူ၏ကိုယ်ပိုင် အမှုကို လုပ်ဆောင်နိုင်ပြီး သူ့ကိုယ်စား ဤအမှုကို မည်သူကမျှ လုပ်ဆောင်ပေးနိုင်ခြင်းမရှိပေ။ လူသား၏ ဘာသာစကားသည် မည်မျှပင် ကြွယ်ဝနေစေကာမူ လူသားသည် ဘုရားသခင်၏စစ်မှန်မှုနှင့် သာမန်ဖြစ်မှုအကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်စွမ်းမရှိပေ။ ဘုရားသခင်သည် လူသားတို့အလယ်တွင် ကိုယ်တိုင်အမှုပြုကာ သူ၏ပုံရိပ်နှင့် သူ၏ဖြစ်ခြင်းကို အပြည့်အဝ ပြသမှသာလျှင် လူသားသည် ဘုရားသခင်ကို ပို၍လက်တွေ့ကျကျသိကာ ပို၍ရှင်းလင်းစွာ တွေ့နိုင်မည်ဖြစ်သည်။ ဤရလဒ်ကို ဇာတိခန္ဓာရှိသည့် မည်သည့်လူကမျှ မရယူနိုင်ပေ။ ဘုရားသခင်၏ ဝိညာဉ်တော်သည်လည်း ဤရလဒ်ကို စွမ်းဆောင်နိုင်စွမ်း မရှိသည်မှာ အမှန်ပင်ဖြစ်သည်။ ဘုရားသခင်သည် ဖောက်ပြန်ပျက်စီးနေသော လူသားကို စာတန်၏ လွှမ်းမိုးမှုမှ ကယ်တင်နိုင်သော်လည်း၊ ဤအမှုကိုမူ ဘုရားသခင်၏ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိပေ၊ ထို့အစား ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်မှ ယူတင်ဝတ်ဆင်ထားသည့် ဇာတိခန္ဓာ၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ ဇာတိခန္ဓာကသာ လုပ်ဆောင် နိုင်သည်။ ဤဇာတိခန္ဓာသည် လူဖြစ်ပြီး ဘုရားလည်းဖြစ်သည်၊ သာမန်လူ့သဘာဝရှိသော လူသားတစ်ယောက်နှင့် ဘုရားသဘော သဘာဝ အပြည့်အဝရှိသော ဘုရားသခင်လည်းဖြစ်သည်။ ထို့ကြောင့် ဤဇာတိခန္ဓာသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်သော်လည်း၊ ဝိညာဉ်တော်နှင့် အလွန်ကွာခြားလှသော်လည်း၊ ဤဇာတိခန္ဓာသည် ဝိညာဉ်တော်ဖြစ်ပြီး ဇာတိခန္ဓာလည်းဖြစ်သော၊ လူသားတို့ကို ကယ်တင်သော၊ လူ့ဇာတိခံယူသည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ သူ့ကို မည်သို့ခေါ်သည်ဖြစ်စေ နောက်ဆုံး တွင်ကား လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်နေဆဲပင်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာနှင့် ခွဲခြား၍မရဘဲ ဇာတိခန္ဓာ၏ အမှုသည်လည်း ဘုရားသခင့်ဝိညာဉ်တော်၏ အမှုပင်ဖြစ်သောကြောင့် ဖြစ်လေသည်၊ ဤအမှုကို ဝိညာဉ်တော်၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ မလုပ်ဆောင်ဘဲ၊ ဇာတိခန္ဓာ၏ သွင်ပြင်လက္ခဏာကို အသုံးပြု၍ လုပ်ဆောင်ခြင်းမျှသာဖြစ်သည်။ ဝိညာဉ်တော်မှ တိုက်ရိုက် လုပ်ဆောင်ရန် လိုအပ်သည့် အလုပ်များသည် လူ့ဇာတိခံယူခြင်းကို မလိုအပ်ပေ၊ ထို့ပြင် ဇာတိခန္ဓာက လုပ်ဆောင်ရန်လိုအပ်သည့် အမှုကိုလည်း ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်နိုင်ခြင်း မရှိဘဲ၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှသာလျှင် လုပ်ဆောင်နိုင်သည်။ ယင်းသည် ဤအမှုတော်အတွက် လိုအပ်သည့်အရာ၊ ဖောက်ပြန် ပျက်စီးနေသော လူသားမျိုးနွယ်မှ လိုအပ်သည့်အရာဖြစ်သည်။ ဘုရားသခင့်အမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်တစ်ဆင့်ကို သာလျှင် ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းဖြစ်ပြီး ကျန်အဆင့် နှစ်ဆင့်ကိုမူ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်း မဟုတ်ဘဲ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ခြင်းဖြစ်သည်။ ဝိညာဉ်တော်က လုပ်ဆောင်သော ပညတ်တော်ခေတ်၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်း မပါဝင်သကဲ့သို့ ဘုရားသခင်နှင့်ပတ်သက်သော လူ၏အသိပညာ နှင့်လည်း မည်သည့်ဆက်စပ်ခြင်းမျှ မရှိပေ။ သို့ရာတွင် ကျေးဇူးတော်ခေတ်နှင့် နိုင်ငံတော်ခေတ်ထဲမှ ဘုရားသခင့်ဇာတိခန္ဓာ၏ အမှုတွင် လူသား၏ ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားနှင့် ဘုရားသခင်နှင့် ပတ်သက်သော လူ၏အသိပညာတို့ပါဝင်ကာ၊ ကယ်တင်ခြင်းအမှု၏ အရေးကြီး၍ အရေးပါလှသော အပိုင်းဖြစ်လေ သည်။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်ပြီး၊ လူ့ဇာတိခံယူသော ဘုရားသခင်၏ တိုက်ရိုက်လုပ်ဆောင်မှုကို ပို၍လိုအပ်သည်။ လူသားမျိုးနွယ်သည် လူ့ဇာတိခံယူသော ဘုရားသခင်မှ မိမိတို့ကို ထိန်းကျောင်းရန်၊ ပံ့ပိုးရန်၊ ရေလောင်းပေးရန်၊ ကျွေးမွေးရန်၊ တရားစီရင်ရန်နှင့် ပြစ်တင်ဆုံးမရန်တို့ကို လိုအပ်သည်၊ ထို့အပြင် လူသားသည် လူ့ဇာတိခံယူသော ဘုရားသခင်ထံမှ ပို၍များသော ကောင်းချီးနှင့် ပို၍ကြီးမားသော ရွေးနှုတ်ခြင်းတို့ကို လိုအပ်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သာလျှင် လူသား၏ ယုံကြည်စိတ်ချရသူ၊ လူသား၏သိုးထိန်း၊ လူသားအတွက် အမြဲရှိနေသော အကူအညီ ဖြစ်နိုင်ပြီး၊ ဤအရာအားလုံးသည် ယနေ့နှင့် ယခင်အတိတ်ကာလများမှ လူ့ဇာတိခံယူခြင်းကို လိုအပ်မှုဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၁)

လူသားသည် စာတန်၏ဖျက်ဆီးခြင်းကို ခံခဲ့ရပြီး၊ သူသည် ဘုရားသခင်၏ ဖန်ဆင်းမှုအားလုံးထဲ၌ အမြင့်ဆုံးအရာဖြစ်သဖြင့် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို လိုအပ်သည်။ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသူသည် လူသားဖြစ်ပြီး စာတန် မဟုတ်ပေ၊ ကယ်တင်ခြင်းခံရမည့်အရာမှာ လူသား၏ ဇာတိခန္ဓာနှင့် လူသား၏စိတ်ဝိညာဉ်ဖြစ်ပြီး နတ်ဆိုးမဟုတ်ပေ။ စာတန်သည် ဘုရားသခင်၏ သုတ်သင်ခြင်းကို ခံရမည့်အရာဖြစ်ပြီး၊ လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရမည့်အရာဖြစ်သည်၊ ထို့ပြင် လူသား၏ ဇာတိခန္ဓာကို စာတန်က ဖျက်ဆီးခဲ့ပြီးဖြစ်၍ ပထမဆုံး ကယ်တင်ရမည့်အရာမှာ လူသား၏ဇာတိခန္ဓာပင် ဖြစ်သည်။ လူ့ဇာတိခန္ဓာသည် အကြီးအကျယ် ဖျက်ဆီးခြင်းကို အများဆုံးခံခဲ့ရပြီး၊ ယင်းသည် ဘုရားသခင်ကို ဆန့်ကျင်သည့်အရာ ဖြစ်လာကာ ဘုရားသခင်၏တည်ရှိမှုကို ပို၍ပင် ပွင့်လင်းစွာ ဆန့်ကျင်၍ ငြင်းဆန်သည်။ ဤဖောက်ပြန်ပျက်စီးနေသော ဇာတိခန္ဓာသည် ပြောင်းလဲရန် အလွန်ပင်ခက်ခဲလှပြီး၊ ဇာတိခန္ဓာ၏ ဖောက်ပြန်ပျက်စီး နေသော စိတ်သဘောထားကို ကိုင်တွယ်ရန်၊ သို့မဟုတ် ပြောင်းလဲရန်လောက် ခက်ခဲသည့်အရာမရှိပေ။ စာတန်သည် လူ့ဇာတိခန္ဓာ ထဲသို့ နှောင့်ယှက်မှုများဖြင့် ဂြိုဟ်မွှေရန် ဝင်ရောက်လာပြီး၊ ဘုရားသခင်၏ အမှုကို နှောင့်ယှက်ရန် လူ့ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အစီအစဉ်ကို ထိခိုက်စေခဲ့သဖြင့် လူသားသည် ဘုရားသခင်၏ရန်သူ၊ စာတန်ဖြစ်သွားသည်။ လူသားသည် ကယ်တင်ခံရရန်အတွက် သူသည် ပထမဆုံးအနေဖြင့် သိမ်းပိုက်ခြင်းကို ခံရမည်။ ဤအကြောင်းကြောင့် ဘုရားသခင်သည် အခက်အခဲကို ပိုင်နိုင်စွာ ဖြေရှင်းကာ သူပြုလုပ်ရန် ရည်ရွယ်သော အမှုကိုပြုရန် လူ့ဇာတိခံယူပြီး စာတန်ကို တိုက်ပွဲဝင်ခြင်းဖြစ်သည်။ သူ၏ ရည်မှန်းချက်မှာ သူ့ကို ဆန့်ကျင်ပုန်ကန်သော စာတန်ကြောင့် ဖောက်ပြန်ပျက်စီးကာ ကျရှုံး၊ ပျက်သုဉ်းခဲ့ရသော လူသားမျိုးနွယ်ကို ကယ်တင်ရန်ဖြစ်သည်။ ဘုရားသခင်သည် လူသားကို သိမ်းပိုက်သည့် သူ၏အမှုအားဖြင့် စာတန်ကို အနိုင်ယူကာ တစ်ဆက်တည်းတွင် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်သည်။ ဤနည်းအားဖြင့် ယင်းမှာ တစ်ကြိမ်တည်းနှင့် ရည်ရွယ်ချက်နှစ်ခုကို ရရှိစေသည့် အလုပ်တစ်ခုဖြစ်သည်။ လူသားနှင့် ပို၍ကောင်းစွာ ဆက်သွယ်နိုင်ရန်နှင့် လူသားကို ပို၍အောင်မြင်စွာ သိမ်းပိုက်နိုင်ရန် သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်သည်၊ ဇာတိခန္ဓာနှင့် စကားပြောသည်၊ ဇာတိခန္ဓာနှင့် အမှုအားလုံးကို ပြုသည်။ ဘုရားသခင်အနေဖြင့် နောက်ဆုံးအကြိမ် လူ့ဇာတိခံယူချိန်၊ နောက်ဆုံးသောကာလ၏ သူ့အမှုကို ဇာတိခန္ဓာနှင့် နိဂုံးချုပ်ပေလိမ့်မည်။ သူသည် လူသားအားလုံးကို အမျိုးအစားအလိုက်ခွဲခြားပြီး၊ သူ၏စီမံခန့်ခွဲမှု တစ်ခုလုံးကို အဆုံးသတ်ကာ ဇာတိခန္ဓာ၌ရှိသည့် သူ့အမှုအားလုံး ကိုလည်း နိဂုံးချုပ်လိမ့်မည်။ ကမ္ဘာကြီးပေါ်မှ သူ၏အမှုအားလုံးသည် အဆုံးသို့ရောက်ချိန်တွင် သူသည် အပြည့်အဝ အောင်နိုင်မှုရလိမ့်မည်။ ဇာတိခန္ဓာနှင့် အလုပ်လုပ်ခြင်းဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်ကို အပြည့်အဝ အောင်နိုင်ကာ အပြည့်အဝ သိမ်းပိုက်ရယူပြီး ဖြစ်လိမ့်မည်။ ယင်းသည် ဘုရားသခင်၏ စီမံခန့်ခွဲမှုတစ်ခုလုံးမှာ အဆုံးသို့ ရောက်မည်ကို ဆိုလိုခြင်းမဟုတ်လော။ ဘုရားသခင်သည် သူ၏အမှုကို ဇာတိခန္ဓာဖြင့် အဆုံးသတ်သောအခါ စာတန်ကို သူသည် အပြည့်အဝအနိုင်ယူကာ အောင်နိုင်သဖြင့် စာတန်သည် လူသားတို့ကို ဖျက်ဆီးရန် နောက်ထပ်အခွင့်အရေး ရနိုင်တော့မည်မဟုတ်ပေ။ ဘုရားသခင်၏ ပထမလူ့ဇာတိခံယူခြင်း၏ အမှုသည် လူသား၏ အပြစ်များကို ခွင့်လွှတ်ခြင်းနှင့် ရွေးနှုတ်ခြင်းတို့ဖြစ်သည်။ ယခုတွင်မူ လူသားမျိုးနွယ်ကို သိမ်းပိုက်ခြင်းနှင့် အပြည့်အဝ ရယူခြင်းနှင့်ဆိုင်သည့် အမှုဖြစ်သည်၊ သို့မှသာ စာတန်သည် သူ၏အလုပ်ကို ထပ်လုပ်ရန် လမ်းမရှိတော့ဘဲ လုံးဝဆုံးရှုံးကာ ဘုရားသခင်သည် အပြည့်အဝ အနိုင်ယူပြီး ဖြစ်လိမ့်မည်ဖြစ်သည်။ ယင်းသည် ဇာတိခန္ဓာ၏အမှုဖြစ်ပြီး ဘုရားသခင်ကိုယ်တော်တိုင်မှ လုပ်ဆောင်သောအမှု ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၂)

ဘုရားသခင့်အမှုနှင့်ဆိုင်သည့် အဆင့်သုံးဆင့်၏ ကနဦးအမှုကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ပြီး ဇာတိခန္ဓာက လုပ်ဆောင်ခြင်း မဟုတ်ပေ။ ဘုရားသခင်အမှုနှင့်ဆိုင်သည့် အဆင့်သုံးဆင့်၏ နောက်ဆုံးအမှုကိုမူ လူ့ဇာတိခံယူသော ဘုရားသခင်က လုပ်ဆောင်ပြီး ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမဟုတ်ပေ။ အလယ်အဆင့်၏ ရွေးနှုတ်ခြင်းအမှုကိုလည်း ဇာတိခန္ဓာရှိသည့် ဘုရားသခင်က လုပ်ဆောင်သည်။ စီမံခန့်ခွဲမှု အမှုအလုံးစုံတစ်လျှောက်တွင် အရေး အကြီးဆုံးအမှုမှာ စာတန်၏လွှမ်းမိုးမှုမှ လူသားကိုကယ်တင်ရန် ဖြစ်သည်။ အဓိကအမှုမှာ ဖောက်ပြန်ပျက်စီးနေသော လူသားကို လုံးဝသိမ်းပိုက်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် သိမ်းပိုက်ခြင်းခံရသော လူသား၏နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မူလရိုသေလေးမြတ်မှုကို နဂိုအတိုင်း ပြန်ဖြစ်စေကာ၊ လူသားကို သူ၏ပုံမှန်အသက်တာ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ ဖန်ဆင်းခံသတ္တဝါ၏ ပုံမှန်အသက်တာကို ရယူခွင့်ပေးမည်ဖြစ်သည်။ ဤအမှုသည်အရေးပါလှပြီး၊ စီမံခန့်ခွဲမှုအမှု၏ ဗဟိုချက်ဖြစ်သည်။ ကယ်တင်ခြင်းအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် ပညတ်တော်ခေတ်နှင့် သက်ဆိုင်သော ပထမအဆင့်သည် စီမံခန့်ခွဲမှု အမှု၏ဗဟိုချက်နှင့် အလွန်ကွာဝေးလှသည်၊ ထိုအဆင့်သည် ကယ်တင်ခြင်းအမှု၏အသွင် အနည်းငယ်သာရှိပြီး စာတန်၏အုပ်စိုးမှုမှ လူသားကိုကယ်တင်သည့် ဘုရားသခင်၏ အမှုအစမဟုတ်ပေ။ အမှု၏ပထမအဆင့်ကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခဲ့သည်။ အကြောင်းမှာ ပညတ်တော်အောက်တွင် လူသားသည် ပညတ်တော်ကို လိုက်နာရန်သာ သိရှိကြပြီး သမ္မာတရားများများစားစား မရှိကြပေ၊ ထို့ပြင် ပညတ်တော်ခေတ်၏အမှုသည် စာတန်၏အုပ်စိုးမှုမှ လူသားကို ကယ်တင်သည့်အမှုနှင့်ပတ်သက်ရန် မဆိုထားနှင့်၊ ထိုအမှု၌ လူသား၏ စိတ်သဘောထား ပြောင်းလဲခြင်းများပါဝင်မှု မရှိသလောက်ဖြစ် သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် လူသား၏ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်မပတ်သက်သော အလွန်ရိုးရှင်းသည့် ထိုအမှုအဆင့်ကို လုပ်ဆောင်ပြီးစီးခဲ့သည်။ ဤအမှုအဆင့်သည် စီမံခန့်ခွဲမှုဗဟိုချက်နှင့် ပတ်သက်မှု အလွန်နည်းပြီး၊ လူသားကိုကယ်တင်ရန် တရားဝင်အမှုနှင့် ဆက်စပ်မှု ကြီးကြီးမားမား မရှိသဖြင့် ဘုရားသခင်အနေနှင့် သူ၏အမှုကို ကိုယ်တိုင်လုပ်ဆောင်ရန် လူ့ဇာတိခံယူဖို့ မလိုအပ်ခဲ့ပေ။ ဝိညာဉ်တော်မှလုပ်ဆောင်သော အမှုသည် သွယ်ဝိုက်ပြီး၊ နားလည်ရန်ခက်ခဲလွန်းလှသည်၊ ထို့ပြင် ယင်းသည် လူသားအတွက် အလွန်အမင်း ထိန့်လန့်ဖွယ်ကောင်းပြီး ချဉ်းကပ်ရန် ခက်ခဲသည်၊ ဝိညာဉ်တော်သည် ကယ်တင်ခြင်းအမှုကို တိုက်ရိုက် လုပ်ဆောင်ရန် မသင့်တော်ပေ၊ လူသားထံ အသက်ကို တိုက်ရိုက် ထောက်ပံ့ပေးရန်လည်း မသင့်တော်ပေ။ လူသားအတွက် အသင့်တော်ဆုံးမှာ ဝိညာဉ်တော်၏အမှုကို လူသားနှင့် နီးစပ်သည့် ချဉ်းကပ်နည်းသို့ အသွင်ပြောင်းလိုက်ခြင်းဖြစ်သည်၊ ဆိုလိုသည်မှာ လူသားအတွက် အသင့်လျော်ဆုံးအရာမှာ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် ရိုးရိုးသာမန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် ပေတည်း။ ယင်းသို့ပြုရန် ဝိညာဉ်တော်၏ အမှုကိုအစားထိုးခြင်းငှာ ဘုရားသခင်သည် လူ့ဇာတိခံယူရန်လိုအပ်သည်၊ ဘုရားသခင်အနေဖြင့် အမှုပြုရန် ထိုထက်ပို၍ သင့်တော်သော နည်းလမ်းမရှိတော့ပေ။ ဤအမှု၏ အဆင့်သုံးဆင့်အတွင်းတွင် အဆင့်နှစ်ဆင့်ကို ဇာတိခန္ဓာနှင့် လုပ်ဆောင်ပြီး၊ ဤအဆင့်နှစ်ဆင့်သည် စီမံခန့်ခွဲမှု အမှု၏ အဓိကသော့ချက်အဆင့်များ ဖြစ်သည်။ လူ့ဇာတိခံယူမှုနှစ်ခုသည် အချင်းချင်း လိုက်ဖက်ညီကာ အချင်းချင်း စုံလင်စေသည်။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုဆိုင်ရာ ပထမအဆင့်သည် ဒုတိယအဆင့်အတွက် အခြေခံအုတ်မြစ်ကိုခင်းပေးသည်၊ ဘုရားသခင်၏ လူ့ဇာတိခံယူမှု နှစ်ခုသည် တစ်လုံးတစ်ဝတည်းဖြစ်ပြီး၊ အချင်းချင်း သဟဇာတမဖြစ်ခြင်းမရှိဟု ဆိုနိုင်သည်။ ဘုရားသခင့်အမှု၏ ဤအဆင့် နှစ်ဆင့်ကို ဘုရားသခင်သည် သူ၏လူ့ဇာတိခံယူမှု သွင်ပြင်လက္ခဏာနှင့် လုပ်ဆောင်ခဲ့သည်၊ အကြောင်းမှာ ထိုအဆင့်တို့သည် စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံးအတွက် အလွန်အရေးကြီးသောကြောင့်တည်း။ ဘုရားသခင်၏ လူ့ဇာတိခံယူမှုနှစ်ခုဆိုင်ရာ လုပ်ဆောင်ချက် မပါဝင်ပါက စီမံခန့်ခွဲခြင်း အမှုအလုံးစုံသည် ရပ်တန့်သွားနိုင်ပြီး၊ လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုသည် အနှစ်မဲ့သည့် စကားကဲ့သို့ ဘာမှမဟုတ်သည့်အရာ ဖြစ်သွားမည်ဟု ပြောနိုင်လောက်သည်။ ဤအမှု အရေးကြီး၊ မကြီးသည် လူသားမျိုးနွယ်၏ လိုအပ်ချက်များအပေါ် အခြေခံပြီး၊ လူသားမျိုးနွယ်၏ စာရိတ္တပျက်ပြားခြင်းဆိုင်ရာ အရှိတရား၊ စာတန်၏ မနာခံမှုက မည်မျှပြင်းထန်သည်နှင့် အမှုကို စာတန်၏ နှောင့်ယှက်ခြင်းတို့အပေါ်တွင် အခြေခံနေသည်။ ဤအမှုကို လုပ်ဆောင်နိုင်သည့် သင့်တော်သောသူကို အလုပ်လုပ်သူမှ ထမ်းဆောင်သည့် အမှု၏သဘာဝနှင့် အမှု၏ အရေးပါမှုတို့အပေါ်တွင် အခြေခံပြီး ဆုံးဖြတ်သည်။ ဤအမှု၏အရေးကြီးမှုနှင့် ပတ်သက်လာလျှင်၊ မည်သည့်အမှုပြုနည်းကို ရွေးချယ်မည်ဆိုခြင်းနှင့်စပ်လျဉ်း၍၊ ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်က လုပ်ဆောင်သောအမှု၊ သို့မဟုတ် လူသားမှတစ်ဆင့် လုပ်ဆောင်သောအမှု အစရှိသည်တို့ထဲမှ ပထမဆုံး ဖယ်ထုတ်ရမည်မှာ လူသားမှတစ်ဆင့် လုပ်ဆောင်သော အမှုဖြစ်သည်၊ ထို့အပြင် အမှု၏သဘာဝအပေါ်နှင့် ဝိညာဉ်တော်အမှု၏ သဘာဝနှင့် ဇာတိခန္ဓာအမှု၏ သဘာဝတို့အပေါ် အခြေခံကြည့်ပါက ဇာတိခန္ဓာနှင့် တိုက်ရိုက်လုပ်ဆောင်သော အမှုသည် ဝိညာဉ်တော်မှ တိုက်ရိုက်လုပ်ဆောင်သော အမှုထက် လူသားအတွက် ပို၍အကျိုးရှိပြီး၊ အကျိုးပြုမှုများ ပို၍ပေးနိုင်သည်ဟု နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချ လိုက်သည်။ ဤသည်မှာ အမှုကို ဝိညာဉ်တော်ဖြင့် လုပ်ဆောင်မည်၊ သို့မဟုတ် ဇာတိခန္ဓာဖြင့် လုပ်ဆောင်မည်ကို ဆုံးဖြတ်ချိန်တွင် ဘုရားသခင်၏အတွေးဖြစ်သည်။ အမှု၏အဆင့် တစ်ခုစီအတွက် အရေးပါမှုနှင့် အခြေခံတို့ရှိသည်။ ၎င်းတို့သည် အခြေအမြစ်မရှိသော တွေးထင်ခြင်းများမဟုတ်သလို ထင်ရာမြင်ရာ လုပ်ဆောင်ခြင်းလည်း မဟုတ်ပေ၊ ထိုအထဲတွင် တိကျသေချာသော ဉာဏ်ပညာတစ်ခု ပါဝင်ပေသည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံးနှင့်ဆိုင်သည့် နောက်ကွယ်မှ သမ္မာတရားဖြစ်သည်။ အထူးသဖြင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် လူသားတို့ကြားတွင် ကိုယ်တိုင်ကိုယ်ကျ အလုပ် လုပ်ဆောင်သောကြောင့် ထိုကဲ့သို့သော ကြီးမားသည့် အမှုထဲတွင် ဘုရားသခင်၏ အကြံအစည်တော်သည် ထိုထက်ပို၍ပင် ရှိပါသေးသည်။ ထို့ကြောင့် ဘုရားသခင်၏ ဉာဏ်ပညာနှင့် သူ၏ဖြစ်ခြင်း အလုံးစုံတို့သည် လုပ်ဆောင်မှုအတွင်းရှိ သူ၏လုပ်ရပ်တိုင်း၊ အတွေးတိုင်းနှင့် အကြံဉာဏ်တိုင်းတို့တွင် ထင်ဟပ်နေသည်၊ ယင်းသည် ပိုခိုင်လုံ၍ စနစ်ကျနသော ဘုရားသခင်၏ ဖြစ်ခြင်းတည်း။ ဤအရေးကြီးသော အတွေးအထင်များနှင့် အကြံဉာဏ်များသည် လူသားတို့အတွက် စဉ်းစားရန်ခက်ခဲလှပြီး၊ ယုံကြည်ရန်ခက်ခဲလှသည့်အပြင် သိမြင်ရန် ခက်ခဲလှသည်။ လူသားက လုပ်ဆောင်သောအမှုသည် လူသားတို့ အတွက် စိတ်ကျေနပ်မှု မြင့်မားစွာရရှိစေသည့် ယေဘုယျနိယာမနှင့် အညီဖြစ်သည်။ သို့သော်လည်း ဘုရားသခင်၏အမှုနှင့် နှိုင်းယှဉ်လျှင် ကွာဟချက်သည် ဧကန်အမှန်ပင် အလွန်ကြီးမားနေသည်၊ ဘုရားသခင် ၏ လုပ်ဆောင်ချက်များသည် ကြီးမြတ်ပြီး၊ ဘုရားသခင်၏အမှုသည် ခမ်းနားကြီးကျယ်သော အတိုင်းအတာရှိသော်လည်း ထိုအရာတို့ နောက်ကွယ်တွင် လူသားတို့ မတွေးထင်ထားနိုင်သော၊ သေးငယ်၍ တိကျသော အစီအစဉ်များနှင့် အကြံအစည်များ ရှိလေသည်။ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် စည်းမျဉ်းများအတိုင်း မဟုတ်ရုံ သာမကဘဲ လူ့ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်း ပြောဆိုခြင်း မပြုနိုင်သည့်အရာများစွာ ပါဝင်သည်၊ ထို့ပြင် ယင်းတို့သည် လူသားတို့ မမြင်နိုင်သော အရာများဖြစ်သည်။ ဝိညာဉ်တော်၏အမှုဖြစ်စေ၊ သို့မဟုတ် လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုဖြစ်စေ တစ်ခုစီတွင် ဘုရားသခင်၏ အမှုနှင့်စပ်ဆိုင်သည့် အစီအစဉ်များပါဝင်သည်။ ဘုရားသခင်သည် အခြေအမြစ်မရှိဘဲ မလုပ်ဆောင်ပေ၊ ထို့ပြင် အရေးမပါသော အမှုကိုလည်း မလုပ်ဆောင်ပေ။ ဝိညာဉ်တော်သည် တိုက်ရိုက်အလုပ်လုပ်ဆောင်သောအခါ သူ၏ပန်းတိုင်များ ရှိသော ကြောင့်ဖြစ်ပြီး၊ အမှုပြုရန် သူလူ့ဇာတိခံယူချိန်တွင် (တစ်နည်းအားဖြင့် သူ၏ပြင်ပသဏ္ဌာန်ကို အသွင်ပြောင်းချိန်တွင်) သူ့ထံ၌ရည်ရွယ်ချက်များ ပို၍ပင်ရှိနေပေသည်။ သို့မဟုတ်ပါက သူသည် မိမိ၏ သွင်ပြင် လက္ခဏာကို အဘယ်ကြောင့် လိုလိုလားလား ပြောင်းလဲမည်နည်း။ သို့မဟုတ်ပါက သူသည် နှိပ်စက်ညှဉ်း ပန်းခံရသည့်၊ နိမ့်ကျသည်ဟု သတ်မှတ်ခြင်းခံရသော လူတစ်ယောက်အဖြစ် လိုလိုလားလား ခံယူခဲ့ခြင်းမှာ အဘယ်ကြောင့်ဖြစ်မည်နည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၃)

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ အမှုတော်သည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ် ပေးမည့်သူမှာ လူ့ဇာတိခံယူသည့် ဘုရားသခင်ဖြစ်ကာ ဝိညာဉ်တော် မဟုတ်ပေ။ ဘုရားသခင်သည် တစ်ခါတစ်ရံတွင် ကမ္ဘာကြီးပေါ်သို့ ကြွရောက်လာကာ လူတို့ရှေ့တွင်ပေါ်ထွန်းပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်တရားစီရင်ကာ၊ မည်သူ့ကိုမျှ အလွှတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးမည်ဟု အချို့တို့က ယုံကြည်ကြသည်။ ဤသို့ထင်မြင်ကြသူတို့သည် လူ့ဇာတိခံယူသည့် အမှု၏ ဤအဆင့်ကို မသိကြ။ ဘုရားသခင်သည် တစ်ယောက်ပြီး တစ်ယောက်ကို တရားစီရင်ခြင်းမပြု၊ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးခြင်းမပြု၊ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်လိမ့်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူပင်ဖြစ်သည် မဟုတ်လော။ လူသား၏ အနှစ်သာရသည် အားလုံးအတူတူပင်ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်းကို ခံရမည့်အရာမှာ လူသား၏ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်က ဖျက်ဆီးခဲ့သော လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ သေးငယ်၍ မထင်ရှားသောအမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုခြင်းသာဖြစ်ပြီး၊ လူတစ်ဦးတစ်ယောက်အတွက် အထူး လုပ်ဆောင်သည်မဟုတ်ပေ။ စင်စစ်အားဖြင့် လူသားမျိုးနွယ်အားလုံးကို တရားစီရင်ခြင်းကို ကိုယ်စားပြုရန် လူအုပ်စုတစ်စုက တရားစီရင်ခြင်း ခံရမည့် အမှုဖြစ်သည်။ လူတစ်အုပ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ဆောင်ရွက်ခြင်းအားဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ နောက်တွင် ယင်းသည် တဖြည်းဖြည်းပျံ့နှံ့သွားလိမ့်မည်။ တရားစီရင်ခြင်းအမှုသည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဘုရားသခင် သည် လူသားတစ်မျိုး၊ သို့မဟုတ် လူတစ်အုပ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ ဖြောင့်မတ်မှု မရှိခြင်း၊ ဥပမာအားဖြင့် ဘုရားသခင်အပေါ် လူသား၏ဆန့်ကျင်မှု၊ သို့တည်းမဟုတ် လူသား၏ ဘုရားသခင်ကိုမရိုသေမှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားတို့ မျက်မြင်တွေ့မြင်ရသည့် လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ ယခင်အတိတ်ကာလများက တွေးထင်ခဲ့သော နောက်ဆုံးသောကာလအတွင်းမှ ဖြူသော ပလ္လင်ကြီးရှေ့တွင် တရားစီရင်ဆုံးဖြတ်မည့် အမှုဖြစ်သည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်က လက်ရှိလုပ်ဆောင်လျက်ရှိသော အမှုသည် ဖြူသောပလ္လင်ကြီးရှေ့တွင် တရားဆုံးဖြတ်နေခြင်း အတိအကျပင်ဖြစ်သည်။ ယနေ့ လူ့ဇာတိခံယူသည့် ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင်ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ နှုတ်ကပတ်တော်နှင့် စိတ်သဘောထားအလုံးစုံတို့သည် ဘုရားသခင်၏ အလုံးစုံဖြစ်မှုဖြစ်သည်။ သူ့အမှု၏ အတိုင်းအတာသည် ကန့်သတ်ချက်ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက်ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသား တစ်မျိုးနွယ်လုံးကို တိုက်ရိုက်တရားစီရင်ခြင်းဖြစ်သည်၊ တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အလို့ငှာသာ မဟုတ်သကဲ့သို့ လူနည်းစု အလို့ငှာလည်း မဟုတ်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုအတောတွင်းတွင် ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခုလုံးမပါဝင်သော်လည်း စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်၊ သူ့ဇာတိခန္ဓာဖြင့် အမှုလုပ်ဆောင်သည့် နယ်ပယ်အတွင်းမှ အမှုကို သူအဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ကြွမြန်းခြင်းပြီးသည့်နောက် စကြဝဠာအနှံ့အပြားသို့ ယေရှု၏ဧဝံဂေလိတရား ပျံ့နှံ့သွားသည့်နည်းတူ သူသည် သူ၏အမှုကို စကြဝဠာတစ်ခုလုံးသို့ ချက်ချင်းချဲ့ထွင်လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ ဇာတိခန္ဓာ၏အမှုဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်အတွင်း လုပ်ဆောင်သော အမှုဖြစ်သည်၊ သို့သော်လည်း ယင်းအမှုသည် စကြဝဠာတစ်ခုလုံး၏အမှုကို ကိုယ်စားပြုသည်။ နောက်ဆုံးသောကာလအတွင်းတွင် ဘုရားသခင် သည် သူ၏လူ့ဇာတိခံယူသည့် သွင်ပြင်လက္ခဏာကို အသုံးပြု၍ သူ၏အမှုကိုလုပ်ဆောင်ရန် ပေါ်ထွန်းလာကာ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားတို့ကို တရားစီရင်သည့် ဘုရားသခင်ဖြစ်သည်။ ဝိညာဉ်တော်ဖြစ်စေ၊ ဇာတိခန္ဓာ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်ကို တရားစီရင်သည့်သူဖြစ်သည်။ ယင်းကို သူ၏အမှုအပေါ် အခြေခံ၍သတ်မှတ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အချက်အလက်အချို့တို့ဖြင့် သတ်မှတ်ခြင်း မဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်၍ အယူအဆများရှိသော်လည်း၊ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ လူသားမျိုးနွယ်အားလုံးကို တရားစီရင်မှုနှင့် သိမ်းပိုက်မှု အစရှိသည့် အချက်တို့ကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းကို လူသားက မည်သို့ပင်သဘောရစေကာမူ အချက်အလက်များသည် နောက်ဆုံး၌ အချက်အလက်များသာ ဖြစ်သည်။ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း ဇာတိခန္ဓာသည် ဘုရားသခင်မဟုတ်” ဟု မည်သူမျှ မပြောနိုင်ပေ။ ယင်းမှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်၊ အကြောင်းမှာ ဤအမှုကို ဇာတိခန္ဓာရှိသော ဘုရားသခင်မှလွဲ၍ မည်သူမျှဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့်တည်း။ ဤအမှုကို ပြည့်စုံအောင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဤအမှုနောက်တွင် ဘုရားသခင်၏ လူသားကို တရားစီရင်သည့် အမှုသည် ဒုတိယအကြိမ်ပေါ်ပေါက်လာလိမ့်မည် မဟုတ်ပေ၊ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းတွင် ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲမှုအမှု အားလုံးကို အဆုံးသတ်ခဲ့ပြီးဖြစ်ကာ ဘုရားသခင်၏ အမှုတွင် စတုတ္ထအဆင့် ရှိလာမည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်းကို ခံရသည့် သူသည် ဇာတိခန္ဓာနှင့် ဖြစ်တည်သော လူသား၊ ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသော လူသားဖြစ်ပြီး၊ တိုက်ရိုက် တရားစီရင်ခြင်း ခံရသည့်သူမှာ စာတန်၏ ဝိညာဉ်မဟုတ်ပေ၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ လူသားတို့အကြားတွင် လုပ်ဆောင်ခြင်းဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၄)

လူသား၏ ဇာတိခန္ဓာဖောက်ပြန်ပျက်စီးမှုကို တရားစီရင်သည့် အမှုအတွက် ဇာတိခန္ဓာရှိသည့် ဘုရားသခင်ထက် ပို၍သင့်တော်ပြီး အရည်အချင်း ရှိသောသူ မရှိပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက်ဆောင်ရွက်မည်ဆိုလျှင် အလုံးစုံကို ခြုံငုံနိုင်မည်မဟုတ်ပေ။ ထို့အပြင် ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲပေမည်၊ အကြောင်းမှာ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်နေသဘောထားကို သာ၍ရှင်းလင်းစွာ တွေ့မြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားနှင့် မျက်နှာချင်းဆိုင်၍ပင် မရနိုင်သဖြင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းမရှိနိုင်ပေ။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝအောင်နိုင်လိမ့်မည်ဖြစ်သည်။ သာမန် လူ့သဘာဝကို ပိုင်ဆိုင်ထားသော လူသားနှင့်တူညီသူတစ်ဦးအနေဖြင့် ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက်တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ယင်းသည် သူ၏ရှိရင်းစွဲ သန့်ရှင်းမြင့်မြတ်မှု၏ လက္ခဏာဖြစ်ပြီး၊ သူ၏သာမန်ထက်ထူးခြားမှု ဖြစ်သည်။ ဘုရားသခင်သာလျှင် လူသားကို တရားစီရင်နိုင်သည့် အခြေအနေတွင်ရှိပြီး၊ ထိုအရည်အချင်းနှင့် ပြည့်မီသည်၊ အကြောင်းမှာ သူသည် သမ္မာတရားနှင့် ဖြောင့်မတ်မှုကို ပိုင်ဆိုင်သဖြင့် လူသားကို တရားစီရင်နိုင်လေသည်။ သမ္မာတရားနှင့် ဖြောင့်မတ်မှုမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် သင့်တော်မှုမရှိပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဖြစ်လိမ့်မည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းမြင့်မြတ်ကာ ဇာတိခန္ဓာအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် လူသား၏ မဖြောင့်မတ်မှုအားလုံးကို ဖော်ထုတ်နိုင်ခြင်းလည်း ရှိလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်သည့် အမှုကို လူသား၏ ဘုရားသခင်အပေါ်ထားသော အယူအဆများမှတစ်ဆင့်လည်း လုပ်ဆောင်ခြင်းဖြစ်ပြီး၊ လူသား၌ ဝိညာဉ်တော်နှင့်ပတ်သက်၍ အယူအဆများ လုံးဝမရှိသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် လူသား၏ မဖြောင့်မတ်မှုကို သာ၍ကောင်းမွန်စွာ ထုတ်ဖော်ပြသနိုင်စွမ်း မရှိပေ၊ ထိုသို့သော မဖြောင့်မတ်မှုကို အပြည့်အဝ ဖွင့်ချရန် ပို၍ပင်မစွမ်းသာပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ့ကိုမသိသောသူများ အားလုံး၏ ရန်သူဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများကို တရားစီရင်ခြင်းအားဖြင့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ ဇာတိခန္ဓာထဲရှိ သူ့အမှု၏ အကျိုးသက်ရောက်မှုများသည် ဝိညာဉ်တော်၏ အမှုအားဖြင့်ရလာသော အကျိုးသက်ရောက်မှုများထက် ပို၍သိသာထင်ရှားလေသည်။ သို့ဖြစ်၍ လူသားတစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းကို ဝိညာဉ်တော်က တိုက်ရိုက်လုပ်ဆောင်ခြင်းမရှိပေ၊ ယင်းသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုဖြစ်လေသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်ကို လူသားသည် မြင်တွေ့၍ ကိုင်တွယ်နိုင်ပြီး ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားကို အပြည့်အဝ သိမ်းပိုက်နိုင်သည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်နှင့် ဆက်ဆံရေးတွင် လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဥ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆမှ အသိပညာသို့၊ ငြင်းဆန်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်ပြောင်းလဲသွားသည်။ ဤသည်တို့မှာ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုတော်နှင့်ဆိုင်သည့် အကျိုးသက်ရောက်မှုများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်း အားဖြင့်သာ ကယ်တင်ခြင်းခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားတော်များဖြင့် ဘုရားသခင်ကို တဖြည်းဖြည်း သူသိလာသည်၊ ဘုရားသခင်ကို ဆန့်ကျင်နေစဉ်အတွင်း သူ၏သိမ်းပိုက်ခြင်းခံရ၍၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံသည့်ကာလအတွင်းတွင် အသက်အထောက်အပံ့ကို လူသားအနေဖြင့် လက်ခံရရှိသည်။ ဤအမှုအားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်သွင်ပြင်လက္ခဏာအားဖြင့် ဘုရားသခင် လုပ်ဆောင်ခြင်း မဟုတ်ပေ။ လူ့ဇာတိခံယူသော ဘုရားသခင်လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှု၊ ထူးခြားမှုအရှိဆုံး အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်မှ အရေးပါလှသော အပိုင်းမှာ လူ့ဇာတိခံယူသော အမှု၏ အဆင့်နှစ်ဆင့်ဖြစ်သည်။ လူသား၏ ကြီးမားသော ဖောက်ပြန် ပျက်စီးမှုသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ အမှုအတွက် အကြီးမားဆုံးသော အတားအဆီးဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလမှ လူတို့အပေါ်လုပ်ဆောင်သည့် အမှုသည် အလွန်ခက်ခဲသည်၊ ထို့ပြင် ပတ်ဝန်းကျင်သည် ရိုင်းစိုင်းခက်ထန်ကာ လူတစ်မျိုးစီ၏ အစွမ်းအစသည်လည်း အင်မတန် ညံ့ဖျင်းသည်။ သို့ရာတွင် ဤအမှု၏အဆုံး၌ အမှားအယွင်းများမရှိဘဲ သင့်လျော်သော အကျိုးသက်ရောက်မှုကို ရရှိဆဲဖြစ်မည်၊ ယင်းသည် ဇာတိခန္ဓာအမှု၏ အကျိုးသက်ရောက်မှုဖြစ်ပြီး၊ ဤအကျိုးသက်ရောက်မှုသည် ဝိညာဉ်တော်၏အမှုဖြင့် ရရှိမည့် အကျိုးသက်ရောက်မှုထက်ပို၍ ကျေနပ်ဖွယ်ကောင်းပေသည်။ ဘုရားသခင်၏ အမှုဆိုင်ရာ အဆင့်သုံးဆင့်တို့ကို ဇာတိခန္ဓာဖြင့် အဆုံးသတ်ပေးမည်ဖြစ်ပြီး၊ လူ့ဇာတိခံယူသည့် ဘုရားသခင်မှ နိဂုံးချုပ်ပေးရမည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို ဇာတိခန္ဓာဖြင့် လုပ်ဆောင် ပြီး၊ လူသားအား ကယ်တင်ခြင်းကို ဇာတိခန္ဓာရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရမည်။ လူသားမျိုးနွယ် အားလုံးက ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် လူသားနှင့်မဆိုင်ဟု ခံစားကြသော်လည်း၊ လက်တွေ့တွင်မူ ဤဇာတိခန္ဓာသည် လူသား တစ်မျိုးနွယ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၅)

ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားမျိုးနွယ်အားလုံး အတွက်ဖြစ်ပြီး လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထားလေသည်။ ယင်းသည် ဇာတိခန္ဓာထဲရှိ သူ၏အမူဖြစ်သော်လည်း ထိုအမှုကို လူသားမျိုးနွယ်အားလုံးအတွက် ရည်ရွယ်ထားဆဲဖြစ်သည်၊ သူသည် လူသားမျိုးနွယ်အားလုံး၏ ဘုရားသခင်ဖြစ်ပြီး ဖန်ဆင်းထားသော အရာများနှင့် မဖန်ဆင်းထားသောအရာများ အားလုံး၏ ဘုရားသခင် ဖြစ်သည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ကန့်သတ်ထားသော နယ်ပယ်အတွင်းတွင်ရှိပြီး၊ ဤအမှု၏ အပြုခံအရာသည်လည်း ကန့်သတ်မှုရှိသော်ငြားလည်း၊ သူ၏အမှုကိုလုပ်ဆောင်ရန် လူ့ဇာတိခံယူ ချိန်တိုင်းတွင် သူသည် အကြီးမားဆုံးသော ကိုယ်စားလှယ် ဖြစ်မည့် သူ့အမှု၏ အပြုခံအရာတစ်ခုကို ရွေးချယ်သည်၊ ဘုရားသခင်သည် အမှုလုပ်ဆောင်ရန် သာမန်ဖြစ်ပြီး မထူးခြားသော လူတစ်အုပ်စုကို မရွေးချယ်ပေ၊ ထို့အစား ဇာတိခန္ဓာဖြင့် ဆောင်ရွက်ရသော သူ့အမှုအတွက် ကိုယ်စားလှယ်များအဖြစ် စွမ်းဆောင်နိုင်သော လူတစ်စုကို သူ့အမှု၏ အပြုခံအရာအဖြစ် ရွေးချယ်သည်။ ဤလူအုပ်စုကို ရွေးချယ်ရခြင်းမှာ ဇာတိခန္ဓာဖြင့် လုပ်ဆောင်ရသော သူ့အမှု၏ နယ်ပယ်သည် အကန့်အသတ်ရှိသောကြောင့်ဖြစ်ပြီး၊ ဤလူတစ်စုကို လူ့ဇာတိခံယူသည့် သူ့ဇာတိခန္ဓာအတွက် အထူးသဖြင့် ပြင်ဆင်ထားကာ၊ ဇာတိခန္ဓာထဲရှိ သူ၏အမှုအတွက် အထူးရွေးချယ်ထားခြင်းဖြစ်သည်။ သူ၏အမှုအတွက် အပြုခံအရာများကို ဘုရားသခင် ရွေးချယ်ခြင်းသည် အခြေအမြစ်မဲ့မဟုတ်ဘဲ၊ စည်းမျဉ်းနှင့်အညီဖြစ်သည်၊ အမှု၏ အပြုခံအရာသည် ဇာတိခန္ဓာနှင့် ဘုရားသခင်၏အမှုကို အကျိုးပြုပေးပြီး လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိရပေမည်။ ဥပမာအားဖြင့် ယုဒလူမျိုးများသည် ယေရှု၏ကိုယ်တော်တိုင် ရွေးနှုတ်ခြင်းကို လက်ခံခြင်းအရာ၌ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်ခဲ့ကြပြီး၊ တရုတ်လူမျိုးများသည် လူ့ဇာတိခံယူသည့် ဘုရားသခင်၏ ကိုယ်တော်တိုင် သိမ်းပိုက်မှုကို လက်ခံခြင်းအရာ၌ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုနိုင်စွမ်းရှိသည်။ ယုဒ လူမျိုးများ၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို ကိုယ်စားပြုခြင်း အတွက် အခြေခံရှိသကဲ့သို့၊ ဘုရားသခင်၏ ကိုယ်တော်တိုင်သိမ်းပိုက်ခြင်းကို လက်ခံခြင်းအရာ၌ တရုတ်လူမျိုးများ၏ လူသားတစ်မျိုးနွယ်လုံးကို ကိုယ်စားပြုခြင်းသည်လည်း အခြေအမြစ်ရှိပေသည်။ ရွေးနှုတ်ခြင်း အမှု၏ အရေးပါမှုကို ယုဒလူမျိုးများအကြားတွင် ပြုလုပ်ခဲ့သော ရွေးနှုတ်ခြင်းအမှုထက် ပို၍ထုတ်ဖော်ပြနိုင်သည့်အရာ မရှိသကဲ့သို့ သိမ်းပိုက်ခြင်းအမှု၏ နှံ့စပ်မှုနှင့် အောင်မြင်မှုကို တရုတ်လူမျိုးများ အကြားတွင်ပြုသော သိမ်းပိုက်ခြင်းအမှုထက် ပို၍ထုတ်ဖော်ပြနိုင် သည့်အရာ မရှိပေ။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်တို့သည် လူနည်းစုတစ်စုကိုသာ ရည်ညွှန်းသည့် ပုံပေါက်သော်လည်း၊ အမှန်စင်စစ် ဤလူနည်းစုထဲတွင် လုပ်ဆောင်သော သူ၏အမှုသည် စကြဝဠာတစ်ခုလုံး၏ အမှုဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်သည် လူသားတစ်မျိုးနွယ်လုံးအတွက် ရည်ရွယ်ထား သည်။ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် အဆုံးသို့ရောက်ရှိချိန်တွင် သူ့နောက်သို့ လိုက်သောသူများသည် သူတို့ကြားတွင် ပြုတော်မူခဲ့ သောအမှုကို စတင်ဖြန့်ဝေလိမ့်မည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင့်အမှု၏ အကောင်းဆုံးသောအရာမှာ တိကျမှန်ကန်သော နှုတ်ကပတ်တော်များ နှင့် တိုက်တွန်းနှိုးဆော်မှုများ၊ သူ့နောက်သို့ လိုက်သော လူသားမျိုးနွယ်အတွက် သူ၏တိကျမှန်ကန်သောအလိုတော် စသည် တို့ကို ဘုရားသခင်အနေဖြင့် ချန်ရစ်ထားနိုင်ခြင်းဖြစ်သည်၊ ထိုသို့အားဖြင့် ထိုအရာပြီးနောက်တွင် သူ၏နောက်လိုက်များသည် ဇာတိခန္ဓာထဲရှိ သူ၏အမှုအားလုံးနှင့် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် သူ၏ အလိုတော်တို့အား ဤလမ်းကို လက်ခံသောသူတို့ထံ ပို၍တိကျ မှန်ကန်စွာနှင့် ပို၍ရုပ်လုံးပေါ်စွာ လက်ဆင့်ကမ်းပေးနိုင်မည်ဖြစ်သည်။ လူတို့ကြားမှ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုသည်သာလျှင် ဘုရားသခင်၏ဖြစ်ခြင်းနှင့် လူသားတို့နှင့် အတူတကွနေထိုင်ခြင်း အစရှိသည့် အချက်တို့ကို စစ်မှန်စွာ အထမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဤအမှုသည်သာလျှင် ဘုရားသခင်၏ မျက်နှာတော်ကိုကြည့်ရန်၊ ဘုရားသခင်၏ အမှုတော်ကို တွေ့ကြုံရရန်နှင့် ဘုရားသခင်၏ ကိုယ်ပိုင်နှုတ်ကပတ်တော်တို့ကို ကြားရန်ဖြစ်သည့် လူသား၏ စိတ်ဆန္ဒကို ဖြည့်ဆည်းနိုင်ပေမည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် ယေဟောဝါ၏ကျောပြင်သာ လူသားမျိုးနွယ်ထံသို့ ပေါ်လာသည့်ခေတ်ကို အဆုံးသတ်ပေးသည်၊ ထို့အပြင် မရေရာသော ဘုရားသခင်အပေါ် လူသားမျိုးနွယ်တို့ ယုံကြည်ကြသည့်ခေတ်ကိုလည်း နိဂုံးချုပ်ပေးသည်။ အထူးသဖြင့် နောက်ဆုံးလူ့ဇာတိခံယူသည့် ဘုရားသခင်သည် ပို၍စစ်မှန်သော၊ ပို၍လက်တွေ့ကျသော၊ ပို၍သာယာသော ခေတ်တစ်ခေတ်ထဲသို့ လူသားမျိုးနွယ်အားလုံးကို ပို့ဆောင်ပေးသည်။ သူသည် ပညတ်တော်နှင့် အယူဝါဒခေတ်ကို အဆုံးသတ်ရုံသာမကဘဲ ပို၍အရေးကြီးသည်မှာ စစ်မှန်ပြီး သာမန်ဖြစ်သော၊ ဖြောင့်မတ်ပြီး သန့်ရှင်းမြင့်မြတ်သော၊ စီမံခန့်ခွဲမှု အစီအစဉ်၏ အမှုကိုဖွင့်လှစ်ပြီး လူသားမျိုးနွယ်၏ လျှို့ဝှက် ဆန်းကြယ်မှုများနှင့် ပန်းတိုင်ကို ပြသသော၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး စီမံခန့်ခွဲမှုအမှုကို အဆုံးသတ်ပေးသော၊ နှစ်ထောင် ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ဘုရားသခင်တစ်ပါးကို လူသားမျိုးနွယ်အား သူထုတ်ဖော်ပြသည်။ မရေရာသောခေတ်ကို သူသည် လုံးဝအဆုံးသတ်ကာ၊ လူသားမျိုးနွယ်တစ်ရပ်လုံးမှ ဘုရားသခင်၏ မျက်နှာတော်ကို ရှာဖွေရန်ဆန္ဒရှိသော်လည်း ထိုသို့မလုပ်ဆောင်နိုင်သောခေတ်ကို နိဂုံးချုပ်၍၊ လူသားမျိုးနွယ် တစ်ရပ်လုံး စာတန်ကို အစေခံသည့်ခေတ်ကို သူသည်ကုန်ဆုံးစေပြီး၊ လူသားတစ်မျိုးနွယ်လုံးကို လုံးဝအသစ်ဖြစ်သော ခေတ်ဆီသို့ ဦးဆောင်သွားသည်။ ဤအရာအားလုံးသည် ဘုရားသခင်၏ ဝိညာဉ်တော်မဟုတ်ဘဲ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုဆိုင်ရာ ရလဒ်ဖြစ်သည်။ ဘုရားသခင်သည် သူ၏ဇာတိခန္ဓာနှင့် အမှုဆောင် သောအခါ သူ၏နောက်လိုက်များသည် ရှိပုံပေါ်သလို မရှိပုံလည်း ပေါ်သည့် ထိုအရာများနောက်သို့ လိုက်လံရှာဖွေခြင်းနှင့် စမ်းတဝါးဝါးသွားလာခြင်းတို့ကို မပြုကြတော့ပေ၊ ထို့ပြင် သူတို့သည် မရေရာသော ဘုရားသခင်၏ အလိုတော်ကို ခန့်မှန်းခြင်းကိုလည်း ရပ်တန့်ကြသည်။ ဘုရားသခင်သည် ဇာတိခန္ဓာနှင့် သူ၏အမှုကို ဖြန့်ဝေသောအခါ သူ့နောက်သို့လိုက်သူများသည် ဇာတိခန္ဓာဖြင့် သူလုပ်ဆောင်ခဲ့သော အမှုကို ဘာသာတရားများနှင့် ဂိုဏ်းဂဏများ အားလုံးထံသို့ လက်ဆင့်ကမ်းပေးကြလိမ့်မည်၊ ထို့ပြင် သူတို့သည် လူသားတစ်မျိုးနွယ်လုံး၏ နားထဲသို့ ဘုရားသခင်၏ နှုတ်ကပတ်တော် အားလုံးကို ပြောဆိုကြလိမ့်မည်။ သူ၏ဧဝံဂေလိတရားကို လက်ခံ ရရှိသော သူတို့က ကြားနာခဲ့သော အရာအားလုံးသည် သူ့အမှု၏ စစ်မှန်သော အချက်များဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူသားက ကိုယ်တိုင် တွေ့မြင်ကြားသိရသောအရာများ ဖြစ်လိမ့်မည်ဖြစ်၍၊ မှန်ကန်မှုများ ဖြစ်ကာ ကောလာဟလများ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဤအချက်များ သည် ဘုရားသခင်က သူ၏အမှုကို ဖြန့်ဝေနေသည့် သက်သေများဖြစ်ပြီး၊ သူ၏အမှုကို ဖြန့်ကျက်ရာတွင် သူအသုံးပြုသော တန်ဆာပလာများ လည်းဖြစ်သည်။ ဤအချက်များမရှိပါက သူ၏ဧဝံဂေလိတရားသည် နိုင်ငံအားလုံးနှင့် နေရာအားလုံးသို့ ပျံ့နှံ့လိမ့်မည် မဟုတ်ပေ၊ ဤအချက်အလက်များ မရှိဘဲ လူသားတို့၏ ထင်မြင်ချက်များသာရှိပါက ဘုရားသခင်သည် စကြဝဠာတစ်ခုလုံးကို သိမ်းပိုက်ခြင်းအမှုကို မည်သည့်အခါမျှ ဆောင်ရွက်နိုင်မည် မဟုတ်ပေ။ လူသားအတွက် ဝိညာဉ်တော်သည် ကိုယ်ထည်မရှိ၊ တွေ့မြင်နိုင်ခြင်းမရှိပေ၊ ထို့ပြင် ဝိညာဉ်တော်၏အမှုသည် လူသားအတွက် ဘုရားသခင့်အမှု၏ အချက်အလက်များ၊ သို့မဟုတ် အထောက်အထားတို့ကို ဆက်လက်ချန် ထားနိုင်စွမ်းမရှိပေ။ လူသားသည် ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို မည်သည့်အခါမျှ တွေ့နိုင်မည်မဟုတ်ဘဲ၊ မတည်ရှိသည့် မရေရာသော ဘုရားသခင်ကိုသာ အမြဲတမ်း ယုံကြည်နေလိမ့်မည်။ လူသားသည် ဘုရားသခင်၏ မျက်နှာတော်ကို မည်သည့်အခါမျှ တွေ့ရမည် မဟုတ်သကဲ့သို့ ဘုရားသခင်ကိုယ်တိုင်ကိုယ်ကျ ပြောကြားသော နှုတ်ကပတ်တော်များကိုလည်း မည်သည့်အခါမျှ ကြားသိရမည် မဟုတ်ပေ။ လူသားတို့၏ တွေးထင်မှုများသည် အမှန်စင်စစ် အလဟဿဖြစ်ပြီး ဘုရားသခင်၏ မျက်နှာတော် အစစ်အမှန်ကို အစားမထိုးနိုင်ပေ၊ ဘုရားသခင်၏ ရှိရင်းစွဲ စိတ်သဘောထားနှင့် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုကို လူသား သည် တူအောင်မတုနိုင်ပါ။ လူသားတို့အကြားတွင် ကိုယ်တိုင်ကိုယ်ကျ အမှုဆောင်သည့် လူ့ဇာတိခံယူသော ဘုရားသခင်မှသာလျှင် ကောင်းကင်ဘုံမှ မမြင်ရသော ဘုရားသခင်နှင့် သူ၏အမှုကို ကမ္ဘာကြီးပေါ်သို့ ယူဆောင်လာနိုင်မည်ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်သည် လူသားတို့ထံ ပေါ်ထွန်းလာပြီး၊ လူသားသည် ဘုရားသခင်ကိုတွေ့မြင်ကာ၊ ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို သိရှိလာသည့် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်၊ လူ့ဇာတိ မခံယူသော ဘုရားသခင်မှ ဤအရာကို မစွမ်းဆောင်နိုင်ပါ။ ဤအဆင့်အထိ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ခဲ့ရာတွင် သူ၏အမှုသည် အမြင့်ဆုံးရလဒ်ကို ရရှိခဲ့ပြီးဖြစ်ကာ၊ လုံးလုံး အောင်မြင်ခဲ့ပြီဖြစ်သည်။ ဇာတိခန္ဓာထဲရှိ ဘုရားသခင်၏ ကိုယ်ပိုင် အမှုသည် သူ၏အလုံးစုံစီမံခန့်ခွဲခြင်း အမှု၏ ကိုးဆယ်ရာခိုင်နှုန်းကို ပြီးမြောက်စေခဲ့ပြီဖြစ်သည်။ ဤဇာတိခန္ဓာသည် သူ၏အမှုအားလုံး အတွက် ပို၍ကောင်းသော အစတစ်ခုနှင့် သူ၏အမှုအားလုံးအတွက် အနှစ်ချုပ်တစ်ခုကို ထောက်ပံ့ပေးကာ သူ၏အမှုအားလုံးကို ထုတ်ပြန် ကြေညာခဲ့ပြီး သူ့အမှုအားလုံးအတွက် နှံ့စပ်သော နောက်ဆုံး အားဖြည့်မှုတို့ကို လုပ်ဆောင်ခဲ့သည်။ ယခုမှစကာ ဘုရားသခင့်အမှု၏ စတုတ္ထအဆင့်ကို လုပ်ဆောင်မည့် လူ့ဇာတိခံယူသော နောက်ထပ် ဘုရားသခင်ရှိလိမ့်မည် မဟုတ်ပေ၊ ထို့ပြင် တတိယမြောက် လူ့ဇာတိခံယူသော ဘုရားသခင်၏ အံဖွယ်သောအမှုဆိုသည်မှာလည်း ရှိမည်မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၆)

လူ့ဇာတိခံဘုရားသခင်၏ အမှုအဆင့်တစ်ခုစီသည် ခေတ်တစ်ခေတ်လုံးမှ သူ၏ အမှုကို ကိုယ်စားပြုပြီး၊ လူသား၏ အလုပ်ကဲ့သို့ ကာလတစ်ခုကိုသာ ကိုယ်စားမပြုပေ။ ထို့ကြောင့် ဘုရားသခင်၏ နောက်ဆုံး လူ့ဇာတိခံယူခြင်းအမှု၏ အဆုံးမှာ သူ့အမှုသည် လုံးဝအဆုံးသတ် သွားခြင်းကို ဆိုလိုခြင်းမဟုတ်ပေ၊ အကြောင်းမှာ ဇာတိခန္ဓာထဲရှိ သူ၏အမှုသည် ခေတ်တစ်ခေတ်လုံးကို ကိုယ်စားပြုပြီး၊ ဇာတိခန္ဓာနှင့် အမှုဆောင်ခဲ့သော ကာလကိုသာ ကိုယ်စားပြုခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ ယင်းမှာ ဘုရားသခင်သည် ဇာတိခန္ဓာထဲတွင် ရှိနေသည့် အချိန်အတွင်း ခေတ်တစ်ခေတ်လုံးအတွက် သူ၏အမှုကို ပြီးမြောက် စေခြင်းဖြစ်ပြီး၊ ထို့နောက်တွင် ထိုအမှုသည် နေရာအားလုံးသို့ ပျံ့နှံ့ သွားသည်။ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုတော်ကို ပြီးမြောက်အောင်ဆောင်ရွက်ပြီးနောက်တွင် သူ့နောက်လိုက်သူများ ထံသို့ သူ၏အနာဂတ်အမှုကို တာဝန်ပေးစေခိုင်းလိမ့်မည်။ ဤနည်းအားဖြင့် ခေတ်တစ်ခေတ်လုံးမှ သူ၏အမှုကို အပျက်အစီးမရှိ ဆက်လက် ဆောင်ရွက်နိုင်လိမ့်မည်။ လူ့ဇာတိခံယူသည့် ခေတ်တစ်ခေတ်လုံး၏ အမှုသည် စကြဝဠာတစ်ခုလုံးသို့ ပျံ့နှံ့ပြီးသည့်အခါမှသာ လုံးလုံးလျားလျားပြီးစီးပြီဟု မှတ်ယူခြင်း ခံရမည်။ လူ့ဇာတိခံယူသော ဘုရားသခင်၏အမှုသည် ခေတ်သစ်တစ်ခေတ်ကို စတင်ပေးပြီး၊ သူ၏အမှုကို ဆက်လက် လုပ်ဆောင်သူများသည် သူ၏အသုံးပြုခြင်းကို ခံရသောသူများဖြစ်သည်။ လူသားလုပ်ဆောင်သော အလုပ်အားလုံးသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်အတွင်းတွင်သာရှိပြီး၊ ဤနယ်ပယ်အပြင်သို့ ကျော်သွားနိုင်စွမ်းမရှိပေ။ အကယ်၍ လူ့ဇာတိခံယူသော ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ရန် မကြွလာခဲ့လျှင် လူသားသည် ခေတ်ဟောင်းကို အဆုံးသတ်နိုင်စွမ်း မရှိသကဲ့သို့၊ ခေတ်သစ်ကို ဖွင့်လှစ်ပေးနိုင်စွမ်းလည်း မရှိပေ။ လူသားလုပ်ဆောင်သော အလုပ်သည် လူသားတို့လုပ်နိုင်သည့် တာဝန်ပမာဏအတွင်းတွင် သာရှိပြီး ဘုရားသခင်၏အမှုကို ကိုယ်စားမပြုပေ။ လူ့ဇာတိခံယူသော ဘုရားသခင်သာလျှင် သူလုပ်သင့်သောအမှုကို လာရောက်ကာ ပြီးမြောက်အောင် လုပ်ဆောင်နိုင်ပြီး၊ သူမှလွဲ၍ သူ့ကိုယ်စား မည်သူကမျှ ဤအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ငါပြောသော အကြောင်းသည် လူ့ဇာတိခံယူခြင်း အမှုနှင့် ပတ်သက်သည်မှာ မှန်ပေသည်။ ဤလူ့ဇာတိခံယူသော ဘုရားသခင်သည် ပထမဦးစွာ လူတို့၏ အယူအဆများနှင့် မကိုက်ညီသည့် အဆင့်တစ်ခုကို လုပ်ဆောင်ပြီးနောက်တွင် လူသားတို့ အယူအဆများနှင့် မကိုက်ညီသည့် အမှုများစွာကို လုပ်လေသည်။ ဤအမှု၏ ရည်ရွယ်ချက်မှာ လူသားကို သိမ်းပိုက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ဘုရားသခင်သည် လူသား၏အယူအဆများနှင့် မကိုက်ညီသည့် ပို၍များသောအမှုတို့ကို လုပ်ဆောင်သည့်အပြင် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းသည်လည်း လူသားတို့၏ အယူအဆများနှင့် ညီညွတ်ခြင်းမရှိသဖြင့် လူသားသည် ဘုရားသခင်နှင့်ပတ်သက်သော ပို၍အကဲဖြတ်သည့် အမြင်များ ရှိလာကြသည်။ ဘုရားသခင်သည် သူနှင့်ပတ်သက်သော အယူအဆများ အသင်္ချေများလှစွာရှိသည့် လူသားတို့ကြားတွင် သိမ်းပိုက်ခြင်းအမှုကို လုပ်နေခြင်းသာဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို မည်သို့ ဆက်ဆံသည်ဖြစ်စေ၊ ဘုရားသခင်၏အမှုတော် ပြည့်စုံသွားသည်နှင့် တစ်ပြိုင်နက်တွင် လူသားအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် ဝန်ခံလာကြလိမ့်မည်။ ဤအမှု၏ စစ်မှန်သော အချက်သည် တရုတ်လူမျိုးများကြားတွင်သာ ထင်ဟပ်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး သိမ်းပိုက်ခြင်းခံရမည့်ပုံကို ကိုယ်စားပြုခြင်း ဖြစ်သည်။ ဤလူတို့အပေါ်တွင်ရရှိသော အကျိုးသက်ရောက်မှုများသည် လူသားမျိုးနွယ်တစ်ရပ်လုံးအပေါ်တွင်ရရှိမည့် အကျိုးသက်ရောက်မှုများ၏ ရှေ့ပြေးနိမိတ်ဖြစ်ပြီး၊ အနာဂတ်တွင် သူပြုမည့်အမှု၏ အကျိုးသက်ရောက်မှုများသည် ဤလူတို့အပေါ်ရသည့် အကျိုးသက်ရောက်မှုများထက် တိုး၍ပင် သာလွန်များပြားလိမ့်မည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏အမှုတွင် ကြီးမားသော ခမ်းကြီးနားကြီးဖြစ်မှု မပါဝင်သကဲ့သို့ မထင်ပေါ်ခြင်းဖြင့် ဖုံးလွှမ်းထားခြင်းလည်း မရှိပေ။ ယင်းသည် စစ်မှန်ပြီး မှန်ကန်ကာ တစ်နှင့်တစ်ပေါင်းလျှင် နှစ်ဖြစ်သကဲ့သို့ မှန်ကန်သည့် အမှုဖြစ်သည်။ မည်သူ့ကိုမျှ လျှို့ဝှက်ထားခြင်းမရှိသလို မည်သူ့ကိုမျှ လှည့်စားထားခြင်း မရှိပေ။ လူတို့တွေ့မြင်သည့်အရာမှာ စစ်မှန်၍ မှန်ကန်သော အရာများဖြစ်ပြီး၊ လူတို့ရရှိသောအရာမှာ စစ်မှန်သော သမ္မာတရားနှင့် အသိပညာဖြစ်သည်။ အလုပ်ပြီးဆုံးချိန်တွင် လူသားသည် ဘုရားသခင်နှင့် ပတ်သက်သော အသိပညာအသစ် တစ်ခုကို ရရှိကာ ဘုရားသခင်ကို အမှန်တကယ်ရှာဖွေသော သူတို့သည် ဘုရားသခင်နှင့် ပတ်သက်သော မည်သည့်အယူအဆချက်များမျှ ရှိတော့မည်မဟုတ်ပေ။ ဤသည်မှာ တရုတ်လူမျိုးတို့အပေါ်ရှိ သူ့အမှု၏ အကျိုးသက်ရောက်မှု မျှသာ မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်သည့် သူ့အမှု၏ အကျိုးသက်ရောက်မှုကို ကိုယ်စားပြုခြင်းလည်း ဖြစ်သည်၊ အကြောင်းမှာ လူသားတစ်မျိုးနွယ်လုံး ကို သိမ်းပိုက်သည့်အလုပ်တွင် ဤဇာတိခန္ဓာ၊ ဤဇာတိခန္ဓာ၏အမှု၊ ထို့ပြင် ဤဇာတိခန္ဓာနှင့် စပ်ဆိုင်သည့် အရာအားလုံးထက် ပို၍အကျိုးပြုနိုင်သည့်အရာ မရှိသောကြောင့်တည်း။ ယင်းတို့သည် ယနေ့ ဘုရားသခင်၏အမှုကို အကျိုးပြုသကဲ့သို့ အနာဂတ်ရှိ သူ၏အမှုတော်ကိုလည်း အကျိုးပြုသည်။ ဤဇာတိခန္ဓာသည် လူသားတစ်မျိုးနွယ်လုံးကို သိမ်းပိုက်ပြီး၊ လူသားတစ်မျိုးနွယ်လုံးကို ရယူမည်။ လူသားတစ်မျိုးနွယ်လုံးမှ ဘုရားသခင်ကိုမြင်တွေ့ရန်၊ နာခံရန်နှင့် သိရှိရန်အတွက် ထိုအမှုထက် ပို၍ကောင်းသော အမှုမရှိတော့ပေ။ လူသားတို့ လုပ်ဆောင်သော အမှုသည် ကန့်သတ်နယ်ပယ်တစ်ခုကိုသာ ကိုယ်စားပြုပြီး၊ ဘုရားသခင်သည် သူ၏အမှုကို လုပ်ဆောင်ချိန်တွင်မူ လူတစ်ဦးတည်း ကိုသာ စကားပြောခြင်း မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံးနှင့် သူ၏ နှုတ်ကပတ်တော်တို့ကို လက်ခံသောသူအားလုံးတို့ကို စကားပြောသည်။ သူဖော်ပြသောအဆုံးသည် လူသားအားလုံး၏ အဆုံးသတ်ဖြစ်ပြီး လူသားတစ်ဦးတည်း၏ အဆုံးသတ်သာမဟုတ်ပေ။ ဘုရားသခင်သည် လူတစ်ဦးဦးကို အထူးမျက်နှာသာပေးခြင်း၊ သို့မဟုတ် တစ်ဦးဦးကို မတရားညှဉ်းဆဲခြင်းမရှိဘဲ၊ သူသည် လူသားတစ်မျိုးနွယ်လုံးထံ စကားပြောကာ လူသားတစ်မျိုးနွယ်လုံး အတွက် အမှုဆောင်သည်။ သို့ဖြစ်၍ ဤလူ့ဇာတိခံယူသည့် ဘုရားသခင်သည် လူသား တစ်မျိုးနွယ်လုံးကို အမျိုးအစားအလိုက် ခွဲခြားခြင်း၊ လူသား တစ်မျိုးနွယ်လုံးကို တရားစီရင်ခြင်းနှင့် လူသားတစ်မျိုးနွယ်လုံးအတွက် သင့်လျော်သော ပန်းတိုင်တစ်ခုကို စီစဉ်ပေးခြင်းတို့ကို ဆောင်ရွက် ထားခဲ့ပြီးဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို တရုတ်နိုင်ငံတွင်သာ လုပ်ဆောင်လင့်ကစား၊ စင်စစ်အားဖြင့် သူသည် စကြဝဠာ တစ်ခုလုံး၏အမှုကို ဖြေရှင်းခဲ့ပြီးဖြစ်လေသည်။ ဘုရားသခင်သည် မိန့်မြွက်ခြင်းများနှင့် စီစဉ်မှုများကို အဆင့်အလိုက် မလုပ်ဆောင်မီ လူသားတစ်မျိုးနွယ်လုံးကြားတွင် သူ၏အမှုပျံ့နှံ့ရန် မစောင့်ဆိုင်းနိုင်ပေ။ သို့ပြုခြင်းသည် အလွန်နောက်ကျလွန်းမည် မဟုတ်လော။ ယခုအခါတွင် သူသည် အနာဂတ်အမှုကို ကြိုတင်၍ ပြီးမြောက်အောင် အပြည့်အဝ လုပ်ဆောင်နိုင်ပြီဖြစ်သည်။ အကြောင်းမှာ အလုပ်လုပ်ဆောင်နေသူသည် ဇာတိခန္ဓာရှိသည့် ဘုရားသခင် ဖြစ်သောကြောင့်ဖြစ်သည်၊ သူသည် အကန့်အသတ်ရှိသော နယ်ပယ် တစ်ခုအတွင်းတွင် အကန့်အသတ် မဲ့သောအမှုကို လုပ်ဆောင်နေပြီး၊ ထို့နောက်တွင် လူသားတို့ လုပ်ဆောင်သင့်သောတာဝန်ကို လုပ်ဆောင်ရန် သူစေခိုင်းလိမ့်မည်၊ ဤသည်မှာ သူ့အမှု၏ စည်းမျဉ်းတည်း။ သူသည် လူသားနှင့် တစ်ခဏသာ အတူနေနိုင်ပြီး ခေတ်တစ်ခုလုံး၏အမှု နိဂုံးချုပ်သွားချိန် တိုင်အောင် လူသားကို အဖော်ပြုနိုင်မည်မဟုတ်ပေ။ သူသည် ဘုရားသခင်ဖြစ်သောကြောင့် သူ၏အနာဂတ်အမှုကို ကြိုတင်၍ သူဟောကြားလေသည်။ ထို့နောက်တွင် ဘုရားသခင်သည် လူသားမျိုးနွယ်တစ်ခုလုံးကို သူ၏နှုတ်ကပတ်တော်များဖြင့် အမျိုးအစားအလိုက် အဆင့်အတန်း ခွဲခြားကာ လူသားမျိုးနွယ်သည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ သူ၏ တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်သည့် အမှုအတွင်းသို့ ဝင်ရောက်ရမည်။ မည်သူမျှ ရှောင်ပြေးနိုင်ခြင်းမရှိ၊ လူတိုင်းသည် ထိုသို့ပင် လက်တွေ့လုပ်ဆောင်ရမည်။ ထို့ကြောင့် အနာဂတ်တွင် ခေတ်ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များက လမ်းညွှန်ပြီး ဝိညာဉ်တော်က လမ်းညွှန်မည် မဟုတ်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၇)

လူသား၏ ဇာတိခန္ဓာကို စာတန်မှ ဖျက်ဆီးခဲ့ပြီး၊ အဆုံးစွန်မျက်ကွယ်စေခဲ့ကာ ကြီးစွာဒုက္ခပေးခဲ့သည်။ ဘုရားသခင်သည် ဇာတိခန္ဓာထဲ၌ ကိုယ်တိုင် ကိုယ်ကျ အမှုလုပ်ဆောင်ခဲ့ရခြင်း၏ အခြေခံအကျဆုံး အကြောင်းရင်းမှာ သူ၏ကယ်တင်ခြင်းကို ခံရသည့်အရာသည် ဇာတိခန္ဓာရှိသော လူသားဖြစ်သောကြောင့်နှင့် စာတန်သည်လည်း လူသား၏ဇာတိခန္ဓာကို အသုံးပြုကာ ဘုရားသခင်၏ အမှုကို နှောင့်ယှက်သောကြောင့်ဖြစ်သည်။ စာတန်နှင့် တိုက်ပွဲသည် အမှန်စင်စစ် လူသားကို သိမ်းပိုက်သည့် အမှုဖြစ်ပြီး၊ တစ်ချိန်တည်းတွင် လူသားသည် ဘုရားသခင်၏ ကယ်တင်ခြင်းကို ခံရသည့်အရာလည်းဖြစ်သည်။ ဤနည်းဖြင့် လူ့ဇာတိခံယူထားသော ဘုရားသခင်၏ အမှုသည် မုချလိုအပ်သော အရာဖြစ်သည်။ စာတန်သည် လူသား၏ဇာတိခန္ဓာကို ဖျက်ဆီးခဲ့သည်၊ ဤသို့ဖြင့် လူသားသည် စာတန်၏ ပြယုဂ်တစ်ခုဖြစ်လာပြီး ဘုရားသခင်က အနိုင်ယူရမည့် အရာတစ်ခု ဖြစ်လာသည်။ ဤနည်းဖြင့် စာတန်နှင့် တိုက်ပွဲဝင်သည့်အမှုနှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း အမှုသည် ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားကာ စာတန်နှင့် တိုက်ပွဲဝင်ရန် အတွက် ဘုရားသခင်သည် လူသားတစ်ဦး ဖြစ်လာရခြင်းဖြစ်သည်။ ဤသည်မှာ အဆုံးစွန် လက်တွေ့ကျမှု၏ အမှုပင်တည်း။ ဘုရားသခင်သည် ဇာတိခန္ဓာဖြင့် အလုပ်လုပ်နေသည့်အခါ သူသည် စာတန်နှင့် ဇာတိခန္ဓာအားဖြင့် အမှန်တကယ် တိုက်ပွဲဝင်နေခြင်း ဖြစ်သည်။ သူသည် ဇာတိခန္ဓာနှင့် အလုပ်လုပ်စဉ်တွင် သူသည် ဝိညာဉ်ရေးရာနယ်ပယ်၌ သူ၏အမှုကို လုပ်နေခြင်းဖြစ်ပြီး၊ ဝိညာဉ်ရေးရာနယ်ပယ်မှ သူ၏အမှုတစ်ခုလုံးကို ကမ္ဘာပေါ်တွင် စစ်မှန်လာစေရန် လုပ်ဆောင်သည်။ သိမ်းပိုက်ခြင်းခံရသောသူသည် သူ့ကိုမနာခံသော လူသားဖြစ်ပြီး၊ အနိုင်ယူခြင်းခံရမည့်သူသည် သူနှင့် ရန်ဘက်ဖြစ်သော စာတန်၏ပြယုဂ် (ဤသည်မှာလည်း လူသားပင်ဖြစ်၏) ဖြစ်သည်၊ ထို့ပြင် နောက်ဆုံး၌ ကယ်တင်ခြင်း ခံရမည့်သူမှာလည်း လူသားပင်ဖြစ်သည်။ ဤနည်းအားဖြင့် ဖန်ဆင်းခံတစ်ဦး၏ အပြင်ပန်းသဏ္ဌာန်ရှိသည့် လူသားတစ်ဦးဖြစ်လာရန် သူ့အတွက် ပို၍ပင် လိုအပ်လာသည်၊ သို့မှသာ ဘုရားသခင်သည် စာတန်နှင့် စစ်မှန်သောတိုက်ပွဲကို ပြုနိုင်ကာ သူ့ကို မနာခံသော၊ သူကဲ့သို့ အပြင်ပန်းသဏ္ဌာန်ကို ပိုင်ဆိုင်ထားသော လူသားကို သိမ်းပိုက်၍၊ သူ့ကဲ့သို့ အပြင်ပန်းသဏ္ဌာန်ရှိပြီး စာတန်၏ အန္တရာယ်ပြုမှုကို ခံခဲ့ရသော လူသားတို့ကို ကယ်တင်နိုင်ပေမည်။ သူ၏ရန်သူမှာ လူသားဖြစ်သည်၊ သူသိမ်းပိုက်မည့်အရာမှာ လူသားဖြစ်ပြီး၊ သူ၏ကယ်တင်ခြင်းကို ခံရမည့်အရာမှာ သူဖန်ဆင်းခဲ့သော လူသားဖြစ်သည်။ ထို့ကြောင့် သူသည် လူသားဖြစ်လာရမည် ဖြစ်ပြီး ဤနည်းအားဖြင့် သူ၏အမှုသည်ပို၍ လွယ်ကူသွားသည်။ သူသည် စာတန်ကို ချေမှုန်းကာ လူသားမျိုးနွယ်ကို သိမ်းပိုက်နိုင်သည်၊ ထို့အပြင် လူသားမျိုးနွယ်ကိုလည်း ကယ်တင်နိုင်သည်။ သူ၏ဇာတိခန္ဓာသည် သာမန်ဖြစ်ပြီး စစ်မှန်မှု ရှိသော်လည်း သူသည် အများနှင့်တူသော ဇာတိခန္ဓာမဟုတ်ပေ။ သူသည် လူသား၏ ဇာတိခန္ဓာသာ မဟုတ်ဘဲ၊ လူ့သဘောနှင့် ဘုရားသဘော နှစ်မျိုးလုံးပါဝင်သည့် ဇာတိခန္ဓာဖြစ်သည်။ ယင်းသည် လူသားနှင့် သူ၏ကွာဟချက်ဖြစ်ပြီး ဘုရားသခင်၏ သွင်ပြင်လက္ခဏာဆိုင်ရာ အမှတ်အသားဖြစ်သည်။ ဤသို့သော ဇာတိခန္ဓာသာလျှင် သူလုပ်လိုသောအမှုကို ပြုနိုင်ပြီး၊ ဇာတိခန္ဓာရှိသည့် ဘုရားသခင်၏ အမှုတော်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်ကာ လူသားတို့ကြားမှ သူ၏အမှုကို အပြည့်အဝ ပြီးမြောက်စေနိုင်သည်။ အကယ်၍ ထိုသို့မဟုတ်ပါက လူသားတို့အကြားရှိ သူ၏အမှုသည် အမြဲတမ်းပင် အလဟဿဖြစ်ပြီး အနာအဆာများ ရှိနေပေလိမ့်မည်။ ဘုရားသခင်သည် စာတန်၏ဝိညာဉ်နှင့် တိုက်ပွဲဆင်နွှဲကာ အောင်နိုင်မှုကို ရရှိနိုင် သော်လည်း ဖောက်ပြန်ပျက်စီးနေသော လူသား၏ သဘာ၀ဟောင်းကို မည်သို့မျှ ဖြေရှင်းပစ်နိုင်မည် မဟုတ်ပေ၊ ထို့ပြင် သူ့ကိုမနာခံသော သူများနှင့် ဆန့်ကျင်သောသူများသည် ဘယ်သောအခါမျှ သူ့အုပ်စိုးမှုအောက်တွင် စစ်မှန်စွာ ဝန်ခံလာကြမည်လည်း မဟုတ်ပေ၊ တစ်နည်းဆိုရသော် ဘုရားသခင်သည် လူသားမျိုးနွယ်ကို မည်သည့်အခါမျှ သိမ်းပိုက်နိုင်လိမ့်မည် မဟုတ်သကဲ့သို့ လူသား တစ်မျိုးနွယ်လုံးကို မည်သည့်အခါမျှ ရယူနိုင်လိမ့်မည်မဟုတ်ပေ။ အကယ်၍ ကမ္ဘာကြီးပေါ်မှ သူ၏အမှုကို မဖြေရှင်းနိုင်လျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုကို မည်သည့်အခါမျှ အဆုံးသတ်နိုင်မည် မဟုတ်ဘဲ၊ လူသားတစ်မျိုးနွယ်လုံး သည် ချမ်းသာခြင်းသို့ ဝင်ရောက်နိုင်တော့မည် မဟုတ်ပေ။ အကယ်၍ ဘုရားသခင်သည် သူ၏ဖန်ဆင်းခြင်းအားလုံးနှင့်အတူ ချမ်းသာခြင်းသို့ ဝင်ရောက်နိုင်ခြင်း မရှိပါက ထိုသို့သော စီမံခန့်ခွဲမှု အမှုထဲတွင် ရလဒ်တစ်ခုမျှ ရှိမည်မဟုတ်ပေ၊ ထို့ပြင် ဘုရားသခင်၏ ဘုန်းတော်သည်လည်း တစ်ဆက်တည်းတွင်ပင် ပျောက်ဆုံးသွား ပေလိမ့်မည်။ သူ၏ဇာတိခန္ဓာ၌ သြဇာအာဏာ မရှိသော်လည်း သူလုပ်ဆောင်သောအမှုသည် အကျိုးသက်ရောက်မှု ရရှိပေလိမ့်မည်။ ဤသည်မှာ ရှောင်လွှဲမရနိုင်သော သူ့အမှု၏ ဦးတည်ရာဖြစ်သည်။ သူ၏ဇာတိခန္ဓာသည် သြဇာအာဏာကို ပိုင်ဆိုင်သည်ဖြစ်စေ၊ မပိုင်ဆိုင်သည်ဖြစ်စေ၊ သူသည် ဘုရားသခင်ကိုယ်တော်တိုင်၏အမှုကို လုပ်နိုင်စွမ်းရှိသရွေ့ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်သည်။ ဤဇာတိခန္ဓာသည် မည်မျှပင် ရိုးရိုးသာမန်ဖြစ်နေပါစေ၊ သူသည် သူပြုသင့်သောအမှုကို လုပ်ဆောင်နိုင်သည်၊ အကြောင်းမှာ ဤဇာတိခန္ဓာသည် ဘုရားသခင် ဖြစ်ပြီး၊ လူသားတစ်ဦးသက်သက်သာ မဟုတ်သောကြောင့်တည်း။ ဤဇာတိခန္ဓာသည် လူတို့မလုပ်နိုင်သည့် အမှုကို ပြုနိုင်ခြင်းမှာ သူ၏အတွင်းမှ အနှစ်သာရသည် မည်သည့်လူသားနှင့်မျှ မတူခြင်းကြောင့်ဖြစ်သည်၊ ထို့ပြင် လူသားတို့ကို သူကယ်တင်နိုင်ခြင်း၏ အကြောင်းရင်းမှာ သူ၏သွင်ပြင်လက္ခဏာသည် လူသားတို့၏ သွင်ပြင်လက္ခဏာနှင့် ကွာခြားခြင်းကြောင့် ဖြစ်သည်။ ဤဇာတိခန္ဓာသည် လူသားမျိုးနွယ်အတွက် အလွန်အရေးကြီးသည်၊ အကြောင်းမှာ သူသည် လူသားဖြစ်သည့်အပြင် ဘုရားသခင်လည်း သာ၍ဖြစ်သောကြောင့် ဖြစ်သည်၊ ထို့အပြင် သူ့အနေဖြင့် ဇာတိခန္ဓာရှိသော မည်သည့်သာမန်လူသားကမျှ မပြုလုပ်နိုင်သည့် အမှုကိုလုပ်ဆောင်နိုင်ပြီး ကမ္ဘာကြီးပေါ်တွင် သူနှင့်အတူနေထိုင်သော ဖောက်ပြန်ပျက်စီးနေသည့် လူသားကို ကယ်တင်နိုင်ခြင်းကြောင့် ဖြစ်သည်။ သူသည် လူသားနှင့် ပုံစံတူသော်လည်း လူ့ဇာတိခံယူသည့် ဘုရားသခင်သည် တန်ဖိုးရှိသည့် မည်သည့်လူသားထက်မဆို လူသားမျိုးနွယ်အတွက် ပို၍အရေးကြီးသည်၊ အကြောင်းမှာ ဘုရားသခင်၏ဝိညာဉ်တော် မလုပ်ဆောင်နိုင်သော အမှုကို သူလုပ်ဆောင်နိုင်သောကြောင့်ဖြစ်ပြီး၊ ဘုရားသခင်ကိုယ်တော်တိုင်ကို ဘုရားသခင်၏ ဝိညာဉ်တော်ထက် ပို၍သက်သေခံနိုင်စွမ်းရှိကာ၊ ဘုရားသခင်၏ဝိညာဉ်တော်ထက် လူသားမျိုးနွယ်ကို အပြည့်အဝ ရယူနိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။ ရလဒ်အနေဖြင့် ဤဇာတိခန္ဓာသည် ရိုးရိုးသာမန်ဖြစ်သော်လည်း လူသားမျိုးနွယ်အတွက် သူ၏ထောက်ပံ့ ကူညီမှုနှင့် လူသားမျိုးနွယ်တည်ရှိမှုအတွက် သူ၏အရေးပါမှုတို့သည် သူ့ကို လွန်ကဲစွာ တန်ဖိုးရှိစေပြီး၊ ဤဇာတိခန္ဓာ၏ စစ်မှန်သောတန်ဖိုးနှင့် အရေးပါမှုကို မည်သည့်လူသားကမျှ တိုင်းတာ၍ မရနိုင်ပေ။ ဤဇာတိခန္ဓာသည် စာတန်ကို တိုက်ရိုက် မဖျက်ဆီးနိုင်သော်လည်း သူ့အနေဖြင့် လူသားကို သိမ်းပိုက်ရန်၊ စာတန်ကို ချေမှုန်းရန်၊ သူ့အုပ်စိုးမှုအောက်တွင် စာတန်ကို အပြည့်အဝနာခံလာအောင်ပြုရန် သူ၏အမှုကို အသုံးပြုနိုင်သည်။ ဘုရားသခင်သည် လူ့ဇာတိခံယူ ခဲ့သောကြောင့် သူသည် စာတန်ကို နှိမ်နင်းနိုင်ကာ လူသားမျိုးနွယ်ကို ကယ်တင်နိုင်ခြင်းဖြစ်သည်။ သူသည် စာတန်ကို တိုက်ရိုက်မဖျက်ဆီးပေ၊ သို့သော် စာတန်က ဖျက်ဆီးခဲ့သော လူသားတို့ကို သိမ်းပိုက်ရန်အတွက် အမှုဆောင်ရန် လူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကိုခံနိုင်ပြီး ဖောက်ပြန်ပျက်စီးနေသော လူတို့ကို ပို၍ကယ်တင်နိုင်ပေသည်။ လူ့ဇာတိခံယူသည့် ဘုရားသခင်၏ စာတန်ကို နှိမ်နင်းခြင်းသည် ဘုရားသခင်၏ ဝိညာဉ်တော်က စာတန်ကို တိုက်ရိုက်ဖျက်ဆီးသည်ထက် ပို၍ကြီးမားသော သက်သေကိုခံနိုင်ကာ ပို၍ဆွဲဆောင်မှုရှိသည်။ ဇာတိခန္ဓာရှိသည့် ဘုရားသခင်သည် ဖန်ဆင်းရှင်ကို သိခြင်းအရာ၌ လူသားတို့ကို ပို၍ကောင်းစွာ ကူညီနိုင်ပြီး၊ ဖန်ဆင်းခံများအကြားတွင် မိမိကိုယ်ကိုအတွက် ပို၍ကောင်းသော သက်သေကို ခံနိုင်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို ပို၍လိုအပ်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၈)

ဘုရားသခင်သည် လူသားတို့အလယ် သူ၏အမှုကို လုပ်ဆောင်ရန်၊ လူသားထံ မိမိကိုယ်ကိုယ် ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြရန်နှင့် လူသားအား သူ့ကို ရှုမြင်ခွင့်ပေးရန် ကမ္ဘာမြေသို့ ကြွလာပြီးဖြစ်သည်။ ဤသည်မှာ သေးငယ်သည့် ကိစ္စတစ်ရပ် ဖြစ်ပါသလော။ ယင်းသည် အမှန်တကယ် မရိုးရှင်းပေ။ ယင်းမှာ- လူသားအနေဖြင့် သူ့ကို ကြည်ညိုနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် စစ်မှန်ပြီး မရေရာ သို့မဟုတ် အနှစ်သာရမရှိသောအရာ မဟုတ်သကဲ့သို့၊ ဘုရားသခင်သည် မြင့်မားသော်လည်း နှိမ့်ချလည်းနှိမ့်ချသူဖြစ်သည်ကို နားလည်နိုင်ဖို့အလို့ငှာ ဘုရားသခင် ကြွလာလေပြီဖြစ်သည်- ဟူသော လူသား စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ ယင်းသည် ထိုမျှလွယ်ကူနိုင်မည်လော။ ယင်းမှာ အတိအကျအားဖြင့် စာတန်သည် လူသား၏ ဇာတိပကတိကို ဖောက်ပြန်ပျက်စီးစေပြီးဖြစ်ကာ လူသားသည် ဘုရားသခင်က ကယ်တင်ရန် ရည်ရွယ်သည့်သူတစ်ဦး ဖြစ်သောကြောင့်၊ ဘုရားသခင်သည် စာတန်နှင့် တိုက်ပွဲဆင်နွှဲဖို့နှင့် လူကို ကိုယ်တိုင်ကိုယ်ကျ ထိန်းကျောင်းဖို့ရန် လူ့ဇာတိခံယူရမည်ဖြစ်သောကြောင့် ဖြစ်ပေသည်။ ဤအရာသည်သာ သူ၏အမှုကို အကျိုးပြုပေသည်။ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိခန္ဓာနှစ်ခုသည် စာတန်ကို အနိုင်ယူဖို့ရန်အလို့ငှာနှင့် လူကို သာ၍ ကောင်းမွန်စွာ ကယ်တင်ဖို့အလို့ငှာ တည်ရှိပြီးဖြစ်ပေသည်။ ယင်းမှာ ဘုရားသခင်၏ ဝိညာဉ်ဖြစ်စေ၊ ဘုရားသခင်၏ လူ့ဇာတိခံယူသော ဇာတိခန္ဓာဖြစ်စေ- စာတန်နှင့်တိုက်ပွဲဆင်နွှဲသူမှာ ဘုရားသခင်သာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။ တိုတိုပြောရလျှင်၊ စာတန်နှင့် တိုက်ပွဲဆင်နွှဲနေသောသူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသားဖြစ်နိုင်ဖို့ မဆိုထားနှင့်၊ ကောင်းကင်တမန်များပင် မဖြစ်နိုင်ပေ။ ကောင်းကင်တမန်များသည် ဤတိုက်ပွဲကို တိုက်ရန် တန်ခိုးမဲ့ကြသကဲ့သို့၊ လူသားသည် သာ၍ပင် မစွမ်းဆောင်နိုင်ပေ။ ထို့သို့ဖြင့်၊ ဘုရားသခင်သည် လူသား၏ အသက်တာ၌ အမှုပြုရန်အဆန္ဒရှိပါက၊ လူသားကို ကယ်တင်ရန် ကမ္ဘာမြေပေါ်သို့ ကိုယ်တိုင်ကိုယ်ကျ ကြွလာရန် ဆန္ဒရှိပါက၊ သူသည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ ခံယူရမည်ဖြစ်သည်- ဆိုလိုသည်မှာ သူသည် ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိ အသွင်ဆောင်ရမည်ဖြစ်ပြီး၊ သူ၏ရှိရင်းစွဲ ပင်ကိုလက္ခဏာနှင့် သူလုပ်ဆောင်ရမည့် အမှုနှင့်အတူ၊ လူသားအလယ် ကြွလာကာ လူကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ရမည် ဖြစ်၏။ သို့မဟုတ်ပါက ဤအမှုကို ဆောင်ရွက်သူသည် ဘုရားသခင်၏ဝိညာဉ် သို့မဟုတ် လူသားဖြစ်ခဲ့ပါက၊ ဤတိုက်ပွဲမှ မည်သည့်အရာမျှ အစဉ်ဖြစ်လာမည် မဟုတ်သကဲ့သို့၊ ယင်းသည် လုံးဝ ပြီးဆုံးမည် မဟုတ်ပေ။ ဘုရားသခင်သည် စာတန်ကို ကိုယ်တိုင်ကိုယ်ကျ ဆန့်ကျင်တိုက်ပွဲဝင်ရန် လူသားအလယ် လူ့ဇာတိခံလာသည့်အခါမှသာ၊ လူသားသည် ကယ်တင်ခြင်း အခွင့်အလမ်းတစ်ခု ရှိပေသည်။ ထို့အပြင် ထိုအခါမှသာ စာတန်သည် အရှက်ရပြီး၊ အသုံးချဖို့ မည်သည့်အခွင့်အရေးမျှ သို့မဟုတ် အကောင်အထည်ဖော်ရန် မည်သည့် အစီအစဉ်မျှ မရှိဘဲ ကျန်ရစ်လိမ့်မည်။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သော အမှုသည် လူသား အသက်တာအတွက်ဖြစ်ပြီး လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲဖို့အလို့ငှာ ဖြစ်သည့်အတွက်၊ လူ့ဇာတိခံ ဘုရားသခင် ဆောင်ရွက်သည့်အမှုကို ဘုရားသခင်၏ ဝိညာဉ်က မစွမ်းဆောင်နိုင်သကဲ့သို့၊ ဇာတိဆန်သူ မည်သည့်လူသားအတွက်မျှ ဘုရားသခင် ကိုယ်စား ထိုအရာကို လုပ်ဆောင်ရန် သာ၍ပင် ဖြစ်နိုင်မည်မဟုတ်ပေ။ လူသည် ဤတိုက်ပွဲတွင် ပါဝင်ရမည်ဆိုပါက၊ သူသည် ဆိုးဆိုးရွားရွား ကစဉ့်ကလျားဖြစ်လျက် ထွက်ပြေးမိမည်သာ ဖြစ်ပြီး၊ သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ပြောင်းလဲခြင်းငှာ တကယ့်ကို တတ်စွမ်းနိုင်မည်မဟုတ်ပေ။ သူသည် လူသားကို လက်ဝါးကပ်တိုင်မှ ကယ်တင်ခြင်းငှာ သို့မဟုတ် ပုန်ကန်တတ်သည့် လူသားမျိုးနွယ်အားလုံးကို သိမ်းပိုက်ခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်ဘဲ၊ အခြေခံသဘောတရားများထက် မပိုသည့် အမှုဟောင်းအနည်းငယ်ကိုသာ သို့မဟုတ်ပါက စာတန်၏ရှုံးနိမ့်ခြင်းနှင့် မသက်ဆိုင်သည့် အမှုကိုသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် အဘယ်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခံမည်နည်း။ စာတန် အနိုင်ယူဖို့ မဆိုထားနှင့် လူသားမျိုးနွယ်ကို မရရှိနိုင်သည့်အမှု၏ အရေးပါမှုမှာ အဘယ်နည်း။ ထို့ကြောင့် စာတန်နှင့်တိုက်ပွဲသည် ဘုရားသခင် ကိုယ်တိုင်သာ ဆောင်ရွက်နိုင်ပြီး၊ လူသားအတွက် ထိုအရာကို လုပ်ဆောင်ရန် သက်သက်ဖြစ်နိုင်မည် မဟုတ်ပေ။ လူသားသည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းခြင်းနှင့် ဆင်ဆင်တူသော အမှုကို မလုပ်နိုင်သကဲ့သို့ စာတန်နှင့် တိုက်ပွဲဝင်သည့် အမှုကိုလည်း မဆောင်ရွက်နိုင်သည့်အတွက်၊ လူသား၏တာဝန်မှာ နာခံရန်နှင့် လိုက်နာရန်ဖြစ်၏။ လူသည် ဘုရားသခင်ကိုယ်တိုင်၏ ဦးဆောင်မှုအောက်တွင်၊ ဖန်ဆင်းရှင်ကို စိတ်ကျေနပ်စေရုံကျေနပ်စေနိုင်၏၊ ယင်းမှတစ်ဆင့် စာတန်သည် အနိုင်ယူခြင်းခံရလေသည်။ ဤအရာသည် လူသား လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲအသစ်တစ်ခု စတင်သည့်အခါတိုင်းတွင်၊ ဆိုလိုသည်မှာ ခေတ်သစ်တစ်ခု၏ အမှုစတင်သည့် အခါတိုင်းတွင်၊ ဤအမှုကို ဘုရားသခင်ကိုယ်တိုင် ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ပေသည်၊ ယင်းမှတစ်ဆင့် သူသည် ခေတ်တစ်ခေတ်လုံးကို ဦးဆောင်ပြီး လူသားမျိုးနွယ်တစ်ခုလုံးအတွက် လမ်းကြောင်းသစ်တစ်ခုကို ဖွင့်ပေးလေသည်။ ခေတ်သစ်အသီးသီး၏ အစသည် စာတန်နှင့်တိုက်ပွဲအသစ် စတင်ခြင်းဖြစ်၏၊ ယင်းမှ တစ်ဆင့် လူသားသည် သာ၍သစ်လွင်သည့်၊ သာ၍လှပသော လောကနှင့် ဘုရားသခင်ကိုယ်တိုင် ဦးဆောင်သည့် ခေတ်သစ်သို့ ဝင်ရောက်ပေသည်။ လူသားသည် အရာခပ်သိမ်း၏ ဆရာသခင် ဖြစ်သော်လည်း၊ ရယူခံရပြီးသူများသည် စာတန်နှင့်တိုက်ပွဲအားလုံး၏ အသီးအပွင့်များ ဖြစ်လာကြလိမ့်မည်။ စာတန်သည် အရာခပ်သိမ်းကို ဖောက်ပြန်ပျက်စီးစေသူ ဖြစ်ပြီး၊ တိုက်ပွဲအားလုံးအဆုံးတွင် ရှုံးနိမ့်သူဖြစ်ကာ ဤတိုက်ပွဲများ နောက်တွင် အပြစ်ပေးခံရမည့်သူ ဖြစ်ပေသည်။ ဘုရားသခင်၊ လူသားနှင့် စာတန်တို့ထဲတွင် စာတန်သည်သာ မုန်းတီးရွံရှာခံရပြီး ငြင်းပယ်ခံရမည့်သူဖြစ်၏။ စာတန်၏ ရယူခြင်းခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ပြန်လည်ရယူခြင်း မခံရသူများသည် ထိုစဉ်အတောအတွင်းတွင် စာတန်၏ ကိုယ်စား အပြစ်ပေးခြင်းကို ရရှိမည့်သူများ ဖြစ်လာပေသည်။ ဤသုံးဦးထဲမှ၊ ဘုရားသခင် တစ်ပါးတည်းသာ အရာခပ်သိမ်း၏ ကိုးကွယ်မှုကို ခံရသင့်ပေသည်။ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံခဲ့ရသော်လည်း၊ ဘုရားသခင်၏ ပြန်လည် ရယူခြင်းခံရသူများနှင့် ဘုရားသခင်၏လမ်းခရီး နောက်လိုက် လျှောက်သူများသည် ထိုစဉ်အတောအတွင်းတွင် ဘုရားသခင်၏ကတိကို ရရှိကာ ဘုရားသခင်အတွက် ဆိုးယုတ်သူများကို တရားစီရင်မည့်သူများ ဖြစ်လာကြ၏။ ဘုရားသခင်သည် ဧကန်မုချ အောင်နိုင်လိမ့်မည်ဖြစ်ပြီး၊ စာတန်သည် ဧကန်မုချ ရှုံးနိမ့်လိမ့်မည်ဖြစ်သော်လည်း၊ လူသားအလယ်တွင် အနိုင်ရမည့်သူများနှင့် ရှုံးနိမ့်မည့်သူများ ရှိလေသည်။ အနိုင်ရသူများသည် အောင်မြင်သူများနှင့် သက်ဆိုင်လိမ့်မည်ပြီး၊ ရှုံးနိမ့်သူများမှာ အရှုံးသမားများနှင့် သက်ဆိုင်လိမ့်မည်။ ဤသည်မှာ အမျိုးအစားအလိုက် အသီးသီးကို အတန်းစားခွဲခြားခြင်း ဖြစ်သည်၊ ယင်းမှာ ဘုရားသခင်၏အမှုအားလုံး၏ နောက်ဆုံး အဆုံးသတ် ဖြစ်သည်။ ယင်းသည် ဘုရားသခင်၏ အမှုအားလုံး၏ ရည်မှန်းချက်လည်းဖြစ်ပြီး၊ မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအစီအစဉ်၏ အဓိကအမှုနှင့်သက်ဆိုင်သည့် အချက်အချာမှာ လူသား၏ ကယ်တင်ခြင်းအပေါ် အာရုံစူးစိုက်ထားကာ ဘုရားသခင်သည် အဓိကအားဖြင့် ဤအချက်အချာအတွက်၊ ဤအမှုအတွက်နှင့် စာတန်ကို ရှုံးနိမ့်စေဖို့အလို့ငှာ လူ့ဇာတိ ခံယူလာခြင်းဖြစ်၏။ ဘုရားသခင် ပထမအကြိမ် လူ့ဇာတိခံယူခဲ့ခြင်းသည်လည်း စာတန်ကို ရှုံးနိမ့်စေဖို့အလို့ငှာဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်၏ ရွေးနုတ်ခြင်း အမှုဖြစ်သည့် ပထမဆုံး တိုက်ပွဲနှင့်ဆိုင်သည့် အမှုကို ပြည့်စုံစေဖို့အလို့ငှာ ကိုယ်တိုင်ကိုယ်ကျ လူ့ဇာတိခံလာခဲ့ပြီး ကားတိုင်ထက်တွင် ကိုယ်တိုင်ကိုယ်ကျ သံမှိုရိုက်နှက်ခံခဲ့ပေသည်။ အလားတူပင်၊ အမှု၏ ဤအဆင့်သည်လည်း လူသားအလယ် သူ၏အမှုကို လုပ်ဆောင်ရန်၊ သူ၏နှုတ်ကပတ်တော်ကို ကိုယ်တိုင်ကိုယ်ကျ ပြောဆိုရန်နှင့် လူသားအား သူ့ကို မြင်တွေ့ခွင့်ပေးရန် လူ့ဇာတိခံယူသော ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းဖြစ်သည်။ ဟုတ်ပေ၏၊ ထိုအမှုများ ဆောင်ရွက်နေစဉ် တစ်လျှောက် သူသည် အခြားအမှုတစ်ချို့ကိုလည်း လုပ်ဆောင်သည်မှာ ရှောင်လွှဲ၍မရသော်လည်း၊ သူ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်း၏ အဓိက အကြောင်းရင်းမှာ စာတန်ကို အနိုင်ယူဖို့၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို သိမ်းပိုက်ဖို့နှင့် ဤလူတို့ကို ရယူဖို့အလို့ငှာ ဖြစ်ပေသည်။ ထို့ကြောင့်၊ ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုသည် အမှန်တကယ် မရိုးရှင်းပေ။ သူ၏ ရည်ရွယ်ချက်မှာ လူသားကို ဘုရားသခင်သည် စိတ်နှိမ့်ချကာ ကွယ်ဝှက်ပြီး၊ ဘုရားသခင်သည် စစ်မှန်သည်ဆိုသည်ကို ပြသဖို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ ယင်းမှာ ဤအမှုကို ဆောင်ရွက်ရန်အတွက်သာ ဖြစ်ခဲ့မည်ဆိုပါက၊ လူ့ဇာတိ ခံယူလာရန် လိုအပ်ခဲ့မည် မဟုတ်ပေ။ ဘုရားသခင်သည် လူ့ဇာတိမခံယူခဲ့လျှင်ပင်၊ သူသည် သူ၏စိတ်နှိမ့်ချခြင်းနှင့် ကွယ်ဝှက်ခြင်း၊ သူ၏ကြီးမြတ်ခြင်းနှင့် သန့်ရှင်းခြင်းတို့ကို လူသားထံ တိုက်ရိုက် ထုတ်ဖော်ပြနိုင်ခဲ့ပေမည်၊ သို့ရာတွင် ထိုသို့သော အရာများသည် လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းအမှုနှင့် မည်သို့မျှ သက်ဆိုင်ခြင်း မရှိပေ။ ၎င်းတို့သည် စာတန်ကို အနိုင်ယူနိုင်ဖို့မဆိုထားနှင့်၊ လူသားကို ကယ်တင်ခြင်းငှာ သို့မဟုတ် ပြည့်စုံစေခြင်းငှာ မတတ်စွမ်းနိုင်ပေ။ စာတန်ကို ရှုံးနိမ့်စေခြင်းတွင် ဝိညာဉ်တော်က ဝိညာဉ်တစ်ပါးနှင့် တိုက်ပွဲဆင်နွှဲခြင်းသာပါဝင်ပါက၊ ထိုသို့သောအမှုသည် သာ၍ လက်တွေ့ကျသည့် တန်ဖိုး သာ၍ပင် လျော့နည်းပေမည်။ ယင်းသည် လူသားကို ရယူခြင်းငှာ တတ်စွမ်းနိုင်မည် မဟုတ်သကဲ့သို့၊ လူသား၏ကံကြမ္မာနှင့် အလားအလာများကို ဖျက်ဆီးလိမ့်မည်။ ထို့သို့ဖြင့်၊ ယနေ့ ဘုရားသခင်၏အမှုသည် လေးနက်သည့် အဓိပ္ပာယ်ရှိ၏။ ယင်းမှာ လူသားအနေဖြင့် သူ့ကို တွေ့နိုင်ဖို့အလို့ငှာ၊ သို့မဟုတ် လူသား၏အမြင်များ ပွင့်နိုင်ဖို့အလို့ငှာ သို့မဟုတ် တို့ထိခံရကာ အားပေးခံရသည့် ခံစားချက်အသိစိတ်အနည်းငယ်ကို သူ့အား ပေးရန်အလို့ငှာသာ မဟုတ်ပေ။ ထိုသို့သော အမှုသည် အရေးပါမှု မရှိပေ။ သင်သည် ဤအသိပညာမျိုးကိုသာ ပြောနိုင်ပါက၊ ယင်းသည် သင့်အနေဖြင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်းနှင့်သက်ဆိုင်သည့် မှန်ကန်သော အဓိပ္ပာယ်အား မသိရှိသည်ကို သက်သေပြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၂၉)

ဘုရားသခင်လုပ်ဆောင်ခဲ့သည့် အမှုအဆင့်အသီးသီးတို့၌ ၎င်းတို့၏ကိုယ်ပိုင် လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ထိုစဉ်အချိန်က ယေရှုကြွလာခဲ့သောအခါ၊ သူသည် အမျိုးသားတစ်ဦး ဖြစ်ခဲ့သည်၊ ယခုတစ်ကြိမ် ဘုရားသခင်ကြွလာသောအခါမူ သူသည် အမျိုးသမီးတစ်ဦးဖြစ်သည်။ ဤအရာမှ ဘုရားသခင်သည် အမျိုးသားနှင့် အမျိုးသမီးနှစ်ဦးလုံးကို သူ၏အမှုအတွက် ဖန်ဆင်းခဲ့သည်ဆိုခြင်းကို သင်မြင်နိုင်သည်၊ ထို့ပြင် သူ့ထံတွင် ကျားမခွဲခြားခြင်း မရှိပေ။ သူ၏ဝိညာဉ်တော် ကြွလာသည့်အခါတွင် သူ့အနေဖြင့် သူနှစ်သက်သည့် မည်သည့်ဇာတိခန္ဓာကိုမဆို ခံယူနိုင်ပြီး သူ့ကို ကိုယ်စားပြုနိုင်သည့် ဇာတိခန္ဓာကို ခံယူနိုင်ပေသည်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ဘုရားသခင်ခံယူသော ဇာတိခန္ဓာဖြစ်နေသရွေ့၊ ယင်းသည် ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည်။ အကယ်၍ ယေရှုကြွလာခဲ့သည့် အချိန်တွင် သူ့အနေဖြင့် အမျိုးသမီးအသွင်နှင့် ပေါ်လာခဲ့ပါလျှင်၊ တစ်နည်းအားဖြင့် အကယ်၍ သားယောက်ျားမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ပဋိသန္ဓေတည်သော သမီးမိန်းကလေးဖြစ်ခဲ့လျှင် အမှု၏ထိုအဆင့်သည် ထပ်တူညီစွာ ပြီးပြည့်စုံခဲ့မည်ပင် ဖြစ်သည်။ အကယ်၍ ထိုကဲ့သို့သာ ဖြစ်ခဲ့မည်ဆိုပါက၊ အမှု၏ ယခုလက်ရှိအဆင့်ကို အမျိုးသားက ပြီးမြောက်အောင် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ အမှုသည်လည်း ထပ်တူညီစွာပင် ပြီးမြောက်လာမည်ဖြစ်သည်။ အဆင့်အသီးသီးတွင် လုပ်ဆောင်ခဲ့သော အမှုသည် ညီတူညီမျှပင် အရေးပါသည်။ မည်သည့်အဆင့်၏ အမှုကမျှ ထပ်ကျော့မပြန်သကဲ့သို့ အခြားအဆင့်တစ်ခုနှင့်လည်း ကွဲပြားဆန့်ကျင်ခြင်း မရှိချေ။ ထိုအချိန်က ယေရှုသည် သူ၏အမှုကို လုပ်ဆောင်ရာ၌ တစ်ပါးတည်းသောသားတော်ဟူ၍ ခေါ်ဝေါ်သမုတ်ခြင်းကို ခံခဲ့ရသည်၊ ထို့ပြင် “သား” ဆိုသည့်အရာမှာ အမျိုးသားကို ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။ သို့ဖြစ်လျှင် ဤအဆင့်တွင် အဘယ်ကြောင့် တစ်ပါးတည်းသောသားတော်သည် ဖော်ပြခြင်းမခံရသနည်း။ အဘယ်ကြောင့်ဆိုသော် အမှု၏လိုအပ်မှုများသည် ယခုအခါတွင် ယေရှုကဲ့သို့ မဟုတ်ဘဲ ကျားမပြောင်းလဲရန် လိုအပ်လာသောကြောင့်ဖြစ်သည်။ ဘုရားသခင်အတွက်မူ ကျားမကွဲပြားခြင်း မရှိပေ။ သူသည် သူ၏စိတ်ဆန္ဒရှိသည့်အတိုင်း သူ၏အမှုကို လုပ်ဆောင်သည်၊ ထို့ပြင် သူ၏အမှုကို လုပ်ဆောင်ရာတွင် သူသည် မည်သည့်ချုပ်နှောင်ကန့်သတ်မှုကိုမျှ မခံရဘဲ အထူးသဖြင့် လွတ်လပ်ပေသည်။ မည်သို့ပင်ဖြစ်စေကာမူ အမှု၏အဆင့်တိုင်းတွင် ၎င်းတို့၏ကိုယ်ပိုင်လက်တွေ့ကျသော ရည်ရွယ်ချက်ရှိသည်။ ဘုရားသခင်သည် နှစ်ကြိမ်နှစ်ခါ လူ့ဇာတိခံယူခဲ့သည်၊ ထို့ကြောင့် နောက်ဆုံးသောကာလတွင် သူ၏လူ့ဇာတိခံယူခြင်းသည် နောက်ဆုံးအကြိမ်ဖြစ်သည်မှာ ပြောစရာပင် မလိုပေ။ သူသည် သူ၏ဆောင်ရွက်ချက်များကို ထုတ်ဖော်ရန် ကြွလာခဲ့သည်။ အကယ်၍ ဤအဆင့်တွင် သူသည် လူသားတို့ မျက်မြင်တွေ့ရန်အလို့ငှာ အမှုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ရန်အတွက် လူ့ဇာတိကို မခံယူခဲ့လျှင် လူသားတို့သည် သူတို့၏ အယူအဆများအတိုင်း ဘုရားသခင်သည် လူယောက်ျားသာဖြစ်သည်၊ လူမိန်းမ မဟုတ်ဟူသော အယူအဆကို ထာဝစဉ် လက်ကိုင်ထားမည်သာ ဖြစ်သည်။ ဤအရာများမတိုင်မီတွင် လူသားမျိုးနွယ်အားလုံးသည် ဘုရားသခင်မှာ အမျိုးသားသာလျှင် ဖြစ်နိုင်သည်၊ အမျိုးသမီးကို ဘုရားသခင်ဟု ခေါ်ဆို၍ မရနိုင်ဟူ၍ ယုံကြည်ထားကြသည်၊ အကြောင်းမှာ လူသားမျိုးနွယ်အားလုံးသည် ယောက်ျားများမှာ မိန်းမများအပေါ်တွင် အုပ်စိုးရသော အာဏာရှိသည်ဟု မှတ်ယူကြ၍ပင် ဖြစ်သည်။ ယောက်ျားများမှလွဲ၍ မည်သည့်အမျိုးသမီးမျှ အုပ်စိုးခြင်း အခွင့်အာဏာကို မခံယူထိုက်ဟူ၍ သူတို့ထင်မြင်ယူဆထားကြသည်။ ထိုမျှသာမက ယောက်ျားသည် မိန်းမတို့၏ ဦးခေါင်းဖြစ်ပြီး မိန်းမများသည် ယောက်ျားများကို နာခံရမည်ဖြစ်ကာ သူတို့ထက် သာလွန်နေ၍မရဟူ၍ပင် သူတို့ပြောကြသည်။ အတိတ်ကာလများက ယောက်ျားသည် မိန်းမ၏ဦးခေါင်းဖြစ်ရမည်ဟု ပြောခဲ့သောအချိန်တွင် ထိုစကားသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် ဧဝကို ရည်ညွှန်းပြောခဲ့ခြင်းဖြစ်ပြီး ကမ္ဘာဦးအစက ယေဟောဝါဖန်ဆင်းခဲ့သည့် လူယောက်ျားနှင့် လူမိန်းမကို ပြောခြင်းမဟုတ်ပေ။ မှန်ပေသည်၊ အမျိုးသားများသည် သူ၏မိသားစုကို ကျွေးမွေးထောက်ပံ့ရသကဲ့သို့ပင် အမျိုးသမီးများသည်လည်း သူတို့၏ အမျိုးသားများကို နာခံ၍ ချစ်ခင်ကြင်နာရမည် ဖြစ်သည်။ ဤအရာတို့မှာ လူသားမျိုးနွယ်က ကမ္ဘာကြီးပေါ်ရှိ သူတို့၏အသက်တာများတွင် လိုက်နာရမည့် ယေဟောဝါချမှတ်ထားသော စီရင်ထုံးဖွဲ့ချက်များနှင့် ဥပဒေသများပင်ဖြစ်သည်။ ယေဟောဝါသည် လူမိန်းမကို “ကိုယ့်ခင်ပွန်း၏ အလိုသို့လိုက်၍ သူ၏အုပ်စိုးခြင်းကိုလည်း ခံရမည်” ဟုပြောခဲ့သည်။ ထိုကဲ့သို့ သူပြောဆိုခဲ့သည်မှာ လူသားမျိုးနွယ်သည် (လူယောက်ျားနှင့် လူမိန်းမနှစ်ဦးလုံးကို ဆိုလိုသည်) ယေဟောဝါ၏ အုပ်စိုးမှုအောက်တွင် သာမန်အသက်တာဖြင့် အသက်ရှင်နိုင်ရန်ဖြစ်ပြီး ထိုသို့အားဖြင့် လူသားမျိုးနွယ်၏ အသက်တာများသည် ဖွဲ့စည်းတည်ဆောက်မှု ရှိနေရန်နှင့် သူတို့၏ သင့်လျော်ကောင်းမွန်သည့် စနစ်ကျနမှုမှ မကျဆင်းသွားရန်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါသည် ယောက်ျားနှင့် မိန်းမတို့ မည်သို့လုပ်ဆောင်ရမည်ဆိုသည်နှင့်ပတ်သက်၍ သင့်လျော်သည့် စည်းမျဉ်းဥပဒေများကို ချမှတ်ပေးခဲ့သည်၊ သို့သော်လည်း ဤအရာသည် လောကကမ္ဘာပေါ်တွင် အသက်ရှင်နေထိုင်ကြသည့် ဖန်ဆင်းခံသတ္တဝါများအတွက်သာဖြစ်ပြီး ဘုရားသခင်ခံယူသော ဇာတိခန္ဓာနှင့် သက်ဆိုင်ခြင်း လုံးဝမရှိချေ။ ဘုရားသခင်သည် သူဖန်ဆင်းထားသော အရာများနှင့် အဘယ်ကဲ့သို့ တူညီနေနိုင်မည်နည်း။ သူ၏နှုတ်ကပတ်တော်များသည် သူဖန်ဆင်းခဲ့သည့် လူသတ္တဝါများကိုသာ ရည်ညွှန်းထားခြင်းဖြစ်သည်၊ လူသားမျိုးနွယ်တို့အနေဖြင့် ပုံမှန်အသက်တာများကို ရှင်သန်နေထိုင်နိုင်ရန်အလို့ငှာ ယောက်ျားမိန်းမတို့အတွက် စည်းမျဉ်းများကို ဘုရားသခင်ထူထောင်ပေးခဲ့ခြင်းဖြစ်သည်။ အစအဦး၌ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့သောအခါ၊ သူသည် လူနှစ်မျိုးကို ဖန်ဆင်းခဲ့သည်၊ ထိုနှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသမီးပင်ဖြစ်သည်၊ ထို့ကြောင့် သူခံယူသည့် ဇာတိခန္ဓာများလည်း အမျိုးသားနှင့် အမျိုးသမီးဟူ၍ ကွဲပြားသည်။ သူ့အနေဖြင့် သူ၏အမှုကို အာဒံနှင့် ဧဝတို့ကိုပြောခဲ့သည့် သူ၏နှုတ်ကပတ်တော်များအပေါ်တွင်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပေ။ နှစ်ကြိမ်နှစ်ခါ လူ့ဇာတိကိုခံယူခြင်းသည် လူသားမျိုးနွယ်ကို ရှေးဦးစွာ သူဖန်ဆင်းခဲ့စဉ်အချိန်က သူ၏အတွေးနှင့်အညီပင် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော်၊ ဘုရားသခင်သည် သူ၏နှစ်ကြိမ်လူ့ဇာတိခံယူသည့်အမှုကို အမျိုးသားနှင့် အမျိုးသမီးတို့အပေါ် အခြေခံ၍ ထိုသူတို့ ဖောက်ပြန်ဖျက်ဆီးခြင်း မခံရမီ ပြီးပြည့်စုံအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ အကယ်၍သာ လူသားမျိုးနွယ်အနေဖြင့် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရပြီးသော အာဒံနှင့် ဧဝတို့ကို ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်များကိုယူ၍ ယင်းတို့ကို ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှုအပေါ်၌ အသုံးချမည်ဆိုလျှင် ယေရှုသည်လည်း သူလုပ်ထိုက်သည့်အတိုင်း သူ၏ဇနီးမယားကို ချစ်ခဲ့ရလိမ့်မည် မဟုတ်လော။ ဤနည်းအားဖြင့်ဆိုလျှင် ဘုရားသခင်သည် ဘုရားသခင် ဖြစ်ပါဦးမည်လော။ ထိုကဲ့သို့ဖြစ်သည်ဆိုလျှင်လည်း သူ့အနေဖြင့် သူ၏အမှုကို ပြီးမြောက်အောင် လုပ်ဆောင်၍ ရနိုင်ပါဦးမည်လော။ အကယ်၍သာ ဘုရားသခင်ခံယူသော ဇာတိခန္ဓာသည် အမျိုးသမီးဖြစ်နေသည်မှာ မှားယွင်းသည်ဆိုလျှင် ဘုရားသခင်က လူမိန်းမကို ဖန်ဆင်းခဲ့ခြင်းမှာ အကြီးမားဆုံးသော မဟာအမှားကြီး ဖြစ်နေခဲ့လိမ့်မည် မဟုတ်လော။ လူသားတို့အနေဖြင့် ဘုရားသခင်သည် လူမိန်းမအသွင်ဖြင့် လူ့ဇာတိကိုခံယူခြင်းမှာ မှားယွင်းသည်ဟု ယုံကြည်နေဆဲဖြစ်လျှင် ထိမ်းမြားစုံဖက်ခြင်းကို မပြုခဲ့ဘဲ သူ၏ဇနီးမယားကို ချစ်၍မရနိုင်ခဲ့သော ယေရှုသည်လည်း ယခုလက်ရှိ လူ့ဇာတိခံယူခြင်းကဲ့သို့ပင် မှားယွင်းနေမည် မဟုတ်လော။ သင့်အနေဖြင့် ဧဝအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ လက်ရှိအချိန်တွင်ရှိသည့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း အမှန်တရားကို တိုင်းထွာသည့်အတွက် ကျေးဇူးတော်ကာလတွင် လူ့ဇာတိခံယူခဲ့သည့် သခင်ယေရှုကို အာဒံအား ယေဟောဝါပြောခဲ့သည့် နှုတ်ကပတ်တော်ကိုယူ၍ သင်သည် ဝေဖန်မည်ပင်ဖြစ်သည်။ ယင်းတို့မှာ တစ်ခုတည်းဖြစ်ပြီး တူညီကြသည် မဟုတ်လော။ သင့်အနေဖြင့် သခင်ယေရှုအား မြွေ၏လှည့်ဖြားမှုကို မခံရသည့် လူယောက်ျားကို အကြောင်းပြု၍ တိုင်းတာသည်ဆိုလျှင် သင့်အနေဖြင့် ယနေ့ကာလ လူ့ဇာတိကိုခံယူခြင်း၏ အမှန်တရားကိုမြွေ၏လှည့်ဖြားမှုကို ခံခဲ့ရသည့် လူမိန်းမကို အကြောင်းပြု၍ တိုင်းတာဆုံးဖြတ်ရမည်မဟုတ်။ ထိုသို့လုပ်ဆောင်လျှင် ထိုအရာသည် တရားလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်ကို ထိုနည်းလမ်းဖြင့် တိုင်းတာခြင်းက သင်၌ ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း သက်သေပြသည်။ ယေဟောဝါသည် နှစ်ကြိမ်တိုင်တိုင် လူ့ဇာတိကို ခံယူစဉ်တွင် သူ့ဇာတိခန္ဓာ၏ မိန်းမဖြစ်ခြင်း၊ ယောက်ျားဖြစ်ခြင်းတို့သည် မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် ယောက်ျား၊ မိန်းမတို့နှင့်သာ သက်ဆိုင်သည်။ မြွေ၏လှည့်ဖြားခြင်းကို မခံရသည့် လူယောက်ျားနှင့် မိန်းမတို့နှင့်အညီ နှစ်ကြိမ်တိုင် သူလူ့ဇာတိခံယူခဲ့ခြင်းဖြစ်သည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံနှင့် တူညီနေသည်ဟု မထင်နှင့်။ လူယောက်ျားဖြစ်ခြင်းနှစ်ခုတို့သည် လုံးဝပတ်သက်ခြင်း မရှိသကဲ့သို့ ထိုသူနှစ်ဦးသည် လုံးဝခြားနားသည့် သဘာဝဗီဇနှစ်ခုရှိသည့် အမျိုးသားများဖြစ်ကြသည်။ ယေရှု၏ လူယောက်ျားဖြစ်ခြင်းမှာ သူသည် အမျိုးသမီးများအားလုံး၏ ဦးခေါင်းဖြစ်သော်လည်း အမျိုးသားများအားလုံး၏ ဦးခေါင်းမဟုတ်သည်ကို သက်သေပြခြင်းမျိုး မဟုတ်သည်မှာ သေချာသည် မဟုတ်လော။ သူသည် ယုဒလူမျိုးအားလုံးတို့၏ (အမျိုးသား၊ အမျိုးသမီး အားလုံးအပါအဝင်) ရှင်ဘုရင်မဟုတ်လော။ သူသည် ဘုရားသခင်ကိုယ်တော်တိုင်ဖြစ်တော်မူသည်၊ သူသည် မိန်းမအပေါင်းတို့၏ ဦးခေါင်းသာလျှင်မဟုတ်ဘဲ ယောက်ျားသားများ အားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ သူသည် ဖန်ဆင်းခံသတ္တဝါများအားလုံးတို့၏ အရှင်သခင် ဖြစ်သကဲ့သို့ ထိုအရာများအားလုံးတို့၏ ဦးခေါင်းလည်းဖြစ်သည်။ ယေရှု၏ ယောက်ျားဖြစ်မှုသည် မိန်းမအားလုံးတို့၏ ဦးခေါင်းဖြစ်ခြင်း၏ အမှတ်အသားဖြစ်ကြောင်း သင်အဘယ်ကဲ့သို့ သတ်မှတ်နိုင်သနည်း။ ထိုအရာသည် ဘုရားသခင်ကို ပြစ်မှားခြင်းပင် ဖြစ်မည်မဟုတ်လော။ ယေရှုသည် ဖောက်ပြန်ဖျက်ဆီးခြင်း မခံရသည့် လူယောက်ျားတစ်ဦးပင် ဖြစ်သည်။ သူသည် ဘုရားသခင်ဖြစ်သည်၊ သူသည် ခရစ်တော်ဖြစ်ကာ၊ သူသည် အရှင်သခင်ဖြစ်သည်။ ထိုသူသည် မည်ကဲ့သို့သောနည်းဖြင့် ဖောက်ပြန်ဖျက်ဆီးခြင်း ခံရသည့် အာဒံနှင့် တူနိုင်ပါမည်နည်း။ ယေရှုသည် ဘုရားသခင်၏ အသန့်ရှင်းဆုံးသော ဝိညာဉ်တော်မှ ဝတ်ဆင်ထားသည့် ဇာတိခန္ဓာပင်ဖြစ်သည်။ သူသည် အာဒံ၏ လူယောက်ျားဖြစ်မှုကို ပိုင်ဆိုင်ထားသည့် ဘုရားသခင်ဖြစ်သည်ဟု သင့်အနေဖြင့် အဘယ်ကဲ့သို့ ပြောနိုင်သနည်း။ ထိုသို့ဆိုပါက၊ ဘုရားသခင်၏ လုပ်ဆောင်မှု အားလုံးသည် မှားယွင်းနေလိမ့်မည် မဟုတ်လော။ ယေဟောဝါသည် မြွေ၏လှည့်ဖြားခြင်းကို ခံခဲ့ရသည့် အာဒံ၏ယောက်ျားဖြစ်မှုနှင့် ဖွဲ့စည်းထားသော ယေရှု၏အထဲသို့ ပေါင်းစပ်နိုင်ခဲ့ပါမည်လော။ လက်ရှိကာလ၏ လူ့ဇာတိခံယူခြင်းသည် ယေရှုနှင့် လိင်အမျိုးအစားကွဲပြားသော်လည်း သဘောသဘာဝအရ ယေရှုနှင့်တူညီသည့် လူ့ဇာတိခံယူသော ဘုရားသခင်အမှု၏ အခြားသော သာဓကတစ်ခုပင် မဟုတ်လော။ မိန်းမသည် မြွေ၏လှည့်ဖြားခြင်းကို ပထမဦးဆုံး ခံခဲ့ရသည့်သူဖြစ်သောကြောင့် လူ့ဇာတိခံယူသော ဘုရားသခင်သည် အမျိုးသမီး မဖြစ်နိုင်ပါဟု သင့်အနေဖြင့် ပြောရဲသေးသလော။ မိန်းမသည် မသန့်ရှင်းဆုံးသောအရာနှင့် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်း အရင်းအမြစ်ဖြစ်သည့်အတွက် ဘုရားသခင်သည် အမျိုးသမီးအဖြစ် လူ့ဇာတိခံယူရန် လုံးဝမဖြစ်နိုင်ဟု သင်ပြောရဲသေးသလော။ “မိန်းမတို့သည် ယောက်ျားများကို အမြဲတမ်းနာခံရမည်ဖြစ်ပြီး သူတို့သည် ဘုရားသခင်ကို တိုက်ရိုက်ကိုယ်စားပြုခြင်း၊ သို့မဟုတ် ထင်ရှားဖော်ပြခြင်းမျိုး မည်သည့်အခါမျှ မလုပ်ရ” ဟု သင်သည် ဆက်လက်၍ ပြောဝံ့သေးသလော။ ယခင်က သင်သည် နားမလည်ဘဲ ရှိနေခဲ့သည်၊ ယခုတွင်မူ သင်သည် ဘုရားသခင်၏ လုပ်ဆောင်မှုများကို ပြစ်မှားနိုင်မည်လော၊ အထူးသဖြင့် ဘုရားသခင် ခံယူသော ဇာတိခန္ဓာကို ပြစ်မှားနိုင်မည်လော။ အကယ်၍ သင်သည် ဤအချက်ကို မရှင်းလင်းပါက၊ သင်၏လျှာကို ထိန်းချုပ်လျှင် သာ၍ကောင်းပေမည်၊ သို့မဟုတ်ပါက သင်၏မိုက်မဲမှုနှင့် မသိနားမလည်မှုသည် ထုတ်ဖော်ခြင်းခံရကာ သင်၏ ရုပ်ဆိုးအကျည်းတန်မှုသည်လည်း ဖော်ထုတ်ခြင်းခံရလိမ့်မည်ဟု စိုးရိမ်စရာရှိ၏။ သင်သည် အရာအားလုံးကို နားလည်နေသည်ဟု သင့်ကိုယ်သင် ထင်မှတ်မထားနှင့်။ သင်မြင်တွေ့ခဲ့ရသည့် အရာအားလုံးနှင့် သင်တွေ့ကြုံခဲ့ရသည့် အရာများအားလုံးတို့သည် သင့်အနေဖြင့် ငါ့စီမံခန့်ခွဲမှု အစီအစဉ်၏ တစ်ထောင်ပုံ တစ်ပုံကိုမျှ နားလည်နိုင်ရန်အလို့ငှာ လုံလောက်မှုမရှိဟု ငါပြောသည်။ ထို့ကြောင့် သင်သည် အဘယ်ကြောင့် မာန်တက်စွာ လုပ်ဆောင်နေသနည်း။ သင်၏ အနည်းငယ်မျှသော အရည်အချင်းနှင့် သေးနုပ်သော အသိပညာတို့သည် ယေရှုက သူ၏အမှုတွင် အသုံးပြုရန်အတွက်မူ တစ်စက္ကန့်စာခန့်မျှပင် လုံလောက်မှုရှိမည် မဟုတ်ပေ။ သင်၌ အမှန်တကယ်တွင် အတွေ့အကြုံ မည်မျှရှိသနည်း။ သင့်ဘဝတစ်လျှောက်လုံးတွင် သင်မြင်တွေ့ခဲ့ရသည့် အရာများ၊ သင်ကြားခဲ့ရသည့် အရာများအားလုံးနှင့် သင်စဉ်းစားတွေးခေါ်ခဲ့သည့် အရာများသည် တစ်ခဏအတွင်း ငါလုပ်ဆောင်သည့် အရာများထက် နည်းနေသေးသည်။ သင့်အနေဖြင့် ဝေဖန်ခြင်းနှင့် အပြစ်ရှာခြင်းမပြုလျှင် အကောင်းဆုံးဖြစ်မည်။ သင့်အနေဖြင့် သင့်စိတ်ကြိုက် မာနထောင်လွှားနိုင်သည်၊ သို့သော် သင်သည် ပုရွက်ဆိတ်ထက် သေးငယ်သည့် ဖန်ဆင်းခံသတ္တဝါပင် ဖြစ်သည်။ သင်၏ဝမ်းဗိုက်ထဲတွင် ရှိသမျှသော အရာများအားလုံးသည် ပုရွက်ဆိတ်တစ်ကောင်၏ ဗိုက်ထဲတွင်ရှိသည့် အရာထက်ပင် နည်းနေသေးသည်။ သင်၌ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့ ရှိသည်ဆိုရုံနှင့် သင်သည် လွန်လွန်ကဲကဲ လက်ဟန်ခြေဟန်ပြပြီး၊ ကြီးကျယ်သည့် စကားများကို ပြောဆိုခွင့်ရှိသည်ဟု ထင်မှတ်မနေနှင့်။ သင်၏ အတွေ့အကြုံနှင့် ဝါရင့်ခြင်းတို့သည် ငါမြွက်ဆိုထားသည့် နှုတ်ကပတ်တော်များ၏ ထုတ်ကုန်ပင်ဖြစ်သည် မဟုတ်လော။ သင်၏လုပ်ဆောင်မှုနှင့် ကြိုးစားအားထုတ်မှုတို့ကြောင့် ထိုအရာတို့ကို သင်ရရှိသည်ဟု ထင်မှတ်နေသလော။ ယနေ့ ငါလူ့ဇာတိခံယူခဲ့ကြောင်းကို သင်တွေ့မြင်သည်၊ ထိုအရာတစ်ခုတည်းကြောင့်ပင် သင်၌ အယူအဆများစွာ ရှိနေသည်၊ ယင်းမှထွက်လာသည့် အယူအဆများမှာ အဆုံးမရှိပေ။ ငါ၏ လူ့ဇာတိခံယူခြင်းကြောင့်သာ မဟုတ်လျှင် သင့်အနေဖြင့် သာမန်ထက် လွန်ကဲသော အရည်အချင်းများ ရှိနေစေကာမူ၊ သင်၌ အယူအဆများစွာ ရှိနေမည်မဟုတ်ပေ၊ ထိုအရာများမှ သင်၏အယူအဆများ ထွက်ပေါ်လာသည် မဟုတ်လော။ အကယ်၍ ယေရှုသည် ထိုပထမအကြိမ်တွင် လူ့ဇာတိမခံယူခဲ့လျှင် သင့်အနေဖြင့် လူ့ဇာတိခံယူခြင်းကို သိပင်သိနိုင်မည်လော။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ဝေဖန်ရန်အတွက် ကြိုးစားနေသည့် ရိုင်းစိုင်းသောစိတ်များ သင်၌ရှိနေခြင်းမှာ ထိုပထမအကြိမ် လူ့ဇာတိခံယူခြင်းက သင့်ကို အသိပညာများ ပေးခဲ့သောကြောင့် မဟုတ်လော။ အဘယ်ကြောင့်နှင့် သင်သည် နာခံမှုရှိသော နောက်လိုက်ဖြစ်ရမည့်အစား၊ ထိုအရာများကို လေ့လာဖို့ရန်အတွက် ကြိုးစားနေရသနည်း။ သင့်အနေဖြင့် ဤရေစီးကြောင်းထဲသို့ ဝင်ရောက်လာပြီး လူ့ဇာတိခံယူသော ဘုရားသခင်၏ ရှေ့တော်သို့ လာသောအခါတွင်၊ သူ့ကိုသုတေသနပြုဖို့ရန် သူသည်သင့်ကို အခွင့်ပေးမည်လော။ သင့်အနေဖြင့် သင့်မိသားစု၏ရာဇဝင်ကို သုတေသနပြုနိုင်သည်၊ သို့သော်လည်း သင့်အနေဖြင့် ဘုရားသခင်၏ “မိသားစုရာဇဝင်” ကို သုတေသနပြုရန် ကြိုးစားမည်ဆိုလျှင်၊ ယနေ့ကာလ၏ ဘုရားသခင်သည် ထိုကဲ့သို့သော လေ့လာမှုကိုပြုရန် သင့်ကို ခွင့်ပြုမည်လော။ သင်သည် မျက်ကန်းနေသည် မဟုတ်လော။ သင်သည် မိမိကိုယ်မိမိ အထင်အမြင်သေးခံရအောင် လုပ်ဆောင်နေသည် မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၀)

ယေရှုနှင့် ငါသည် ဝိညာဉ်တော် တစ်ပါးတည်းမှလာသည်။ ငါတို့နှစ်ဦးသည် ဇာတိခန္ဓာအားဖြင့် ဆက်စပ်မှုမရှိသော်လည်း ငါတို့၏ဝိညာဉ်များမှာမူ တစ်လုံးတစ်ဝတည်းပင်ဖြစ်သည်။ ငါတို့လုပ်ဆောင်သည့် အကြောင်းအရာနှင့် ငါတို့လုပ်ဆောင်သော အမှုသည် တူညီမှုမရှိသော်လည်း ငါတို့၏ အနှစ်သာရသည် အတူတူပင်ဖြစ်သည်။ ငါတို့၏ ဇာတိခန္ဓာတို့သည် ခြားနားသော ပုံသဏ္ဌာန်များကို ဆောင်သော်လည်း ထိုအရာသည် ခေတ်ကာလ၏ အပြောင်းအလဲနှင့် ငါတို့အမှု၏ တောင်းဆိုမှုတို့ မတူညီခြင်းကြောင့်ဖြစ်သည်။ ငါတို့၏ အမှုတော်များသည် တူညီမှုမရှိပေ၊ ထို့ကြောင့် ငါတို့ဖော်ဆောင်လာသော အမှုနှင့် လူသားကို ငါတို့ထုတ်ဖော်ပြသသော စိတ်သဘောထားသည်လည်း ခြားနားလေသည်။ ထိုအကြောင်းကြောင့် ယနေ့ လူသားများမြင်သောအရာနှင့် နားလည်သောအရာသည် အတိတ်ကကဲ့သို့ မဟုတ်တော့ချေ၊ ယင်းသို့ဖြစ်ရခြင်းမှာ ခေတ်ကာလ အပြောင်းအလဲကြောင့်ဖြစ်သည်။ သူတို့၏ လိင်အမျိုးအစားနှင့် သူတို့ဇာတိခန္ဓာများ၏ ပုံသဏ္ဌာန်သည် ကွဲပြားလျက်ရှိကာ သူတို့သည် မိသားစုတစ်ခုတည်းတွင် သာမက၊ အချိန်ကာလတစ်ခုတည်းတွင် မွေးဖွားလာခြင်း မဟုတ်လင့်ကစား သူတို့၏ဝိညာဉ်များသည် တစ်ပါးတည်းပင်ဖြစ်သည်။ သူတို့၏ဇာတိခန္ဓာများသည် မျိုးရိုး၊ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအရ မည်သည့်သွေးသားတော်စပ်မှုမျိုးမျှ မရှိလင့်ကစား သူတို့သည် မတူညီသော အချိန်ကာလနှစ်ခုအတွင်း ဘုရားသခင်ခံယူထားသော ဇာတိခန္ဓာများ ဖြစ်သည်ဆိုသည့် အချက်ကိုမူ ငြင်းပယ်၍မရပေ။ သူတို့သည် တူညီသောသွေးသားမျိုးရိုးမှ မဟုတ်သည့်အပြင် လူတို့၏ဘုံဘာသာစကား တစ်ခုတည်းကို အတူမပြောသော်လည်း (တစ်ဦးသည် ယုဒလူမျိုးတို့၏ ဘာသာစကားကိုပြောသည့် အမျိုးသားဖြစ်ပြီး၊ နောက်တစ်ဦးသည် တရုတ်ဘာသာစကားကိုသာ ပြောသည့် အမျိုးသမီးဖြစ်သည်) သူတို့သည် ဘုရားသခင် ခံယူထားသည့် ဇာတိခန္ဓာများဖြစ်သည် ဆိုသည့်အချက်မှာ ငြင်းမရနိုင်သည့် အမှန်တရားပင်ဖြစ်သည်။ ဤအကြောင်းရင်းများကြောင့် သူတို့သည် မတူညီသည့် နိုင်ငံများတွင်နေထိုင်ပြီး သူတို့တစ်ဦးစီ လုပ်သင့်လုပ်ထိုက်သည့် အမှုကို မတူကွဲပြားသည့် အချိန်အပိုင်းအခြားတို့တွင် လုပ်ဆောင်ခြင်းဖြစ်သည်။ သူတို့၏ဝိညာဉ်သည် အတူတူပင်ဖြစ်ပြီး၊ သူတို့သည် တူညီသော အနှစ်သာရတို့ကို ပိုင်ဆိုင်ကြသော်ငြားလည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ပန်းသဏ္ဌာန်တို့အကြားတွင် တူညီမှုများဟူ၍ ဘာဆိုဘာမျှ မရှိပေ။ သူတို့၌ တူညီသော လူ့သဘာဝသာ ရှိကြသည်၊ သို့သော်လည်း သူတို့ဇာတိခန္ဓာများ၏ အပြင်ရုပ်သဏ္ဌာန်ပိုင်းဆိုင်ရာနှင့် သူတို့မွေးဖွားလာသည့် အခြေအနေများအရဆိုပါက သူတို့သည် တစ်ဦးနှင့်တစ်ဦး မတူညီကြပေ။ ထိုအရာများသည် သူတို့၏ သက်ဆိုင်ရာအမှု၊ သို့မဟုတ် သူတို့အပေါ်ထားရှိသော လူသား၏သိခြင်းအပေါ် အကျိုးသက်ရောက်မှုမရှိပေ၊ အကြောင်းမှာ နောက်ဆုံးပိတ်ခြုံငုံဆန်းစစ်သော် သူတို့သည် တူညီသော ဝိညာဉ်တော်ပင်ဖြစ်ပြီး မည်သည့်အရာကမျှ သူတို့ကို ခွဲခြား၍မရနိုင်သောကြောင့် ဖြစ်သည်။ သူတို့သည် သွေးသားအရ ဆက်စပ်မှုမရှိသော်လည်း သူတို့၏ဖြစ်တည်မှု တစ်ခုလုံးသည် သူတို့၏ဝိညာဉ်တော်များ၏ စောင့်ရှောက်မှုအောက်တွင် ရှိနေပြီး၊ ထိုအရာသည် သူတို့ကို မတူညီသောအချိန်ကာလများတွင် မတူညီသောအမှုကို ခွဲခန့်ပေးပြီး၊ သူတို့၏ ဇာတိခန္ဓာများကိုလည်း မတူညီသော မျိုးရိုးများသို့ ခွဲခန့်ပေးသည်။ ယေဟောဝါ၏ ဝိညာဉ်တော်သည် ယေရှုဝိညာဉ်တော်၏ ဖခင်မဟုတ်သကဲ့သို့၊ ယေရှု၏ ဝိညာဉ်တော်သည်လည်း ယေဟောဝါဝိညာဉ်တော်၏ သားမဟုတ်ပေ၊ သူတို့သည် တစ်လုံးတစ်ဝတည်းပင် ဖြစ်ကြပြီး တူညီသောဝိညာဉ်တော်ပင် ဖြစ်သည်။ ထိုနည်းတူစွာပင် ယနေ့ကာလ၏ လူ့ဇာတိခံယူသော ဘုရားသခင်နှင့် ယေရှုသည် သွေးသားအားဖြင့် ဆက်စပ်မှုမရှိသော်လည်း၊ သူတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်ကြသည်။ အကြောင်းမှာ သူတို့၏ ဝိညာဉ်များသည်လည်း တစ်ပါးတည်း ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် သနားခြင်းနှင့် ချစ်ခင်ကြင်နာခြင်းအမှုကို လုပ်ဆောင်နိုင်သကဲ့သို့ လူသားတို့အပေါ် ဖြောင့်မတ်သော တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း အမှုကိုလည်း လုပ်ဆောင်နိုင်ပြီးလျှင်၊ လူသားများအပေါ် ကျိန်ဆဲသောအမှုကိုလည်း ပြုနိုင်သည်၊ အဆုံးတွင် သူသည် ကမ္ဘာလောကကြီးကို ဖျက်ဆီးခြင်းနှင့် ဆိုးယုတ်သောသူများကို အပြစ်ဒဏ်ခတ်ခြင်း အမှုကို လုပ်ဆောင်နိုင်သည်။ ထိုအရာများအားလုံးကို သူကိုယ်တိုင်လုပ်ဆောင်သည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်၏ အတိုင်းအဆမဲ့တန်ခိုးပင် မဟုတ်သလော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံယူခြင်းနှစ်ကြိမ်သည် လူ့ဇာတိခံယူခြင်း၏ ရည်ရွယ်ချက်ကို ပြည့်စုံစေသည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၁)

ဘုရားသခင်သည် စကြဝဠာတစ်ခွင်လုံးနှင့် အထက်လောကတွင် အကြီးမြတ်ဆုံးဖြစ်ရာ၊ သူသည် သူ၏ လူ့ဇာတိ ပုံသဏ္ဌာန်ကို အသုံးပြုပြီး မိမိကိုယ်ကိုယ် အပြည့်အဝ ရှင်းပြနိုင်မည်လော။ ဘုရားသခင်သည် သူ၏ အမှု အဆင့်တစ်ခုကို လုပ်ဆောင်ရန် ဤလူ့ဇာတိဖြင့် မိမိကိုယ်ကိုယ် ယူတင်ဝတ်ဆင်လေသည်။ ဤလူ့ဇာတိ ပုံသဏ္ဌာန်တွင် အထူး အရေးပါမှုမရှိပေ၊ ခေတ်များ ကုန်လွန်ခြင်းနှင့် မည်သည့် ဆက်နွှယ်မှုမျှ မရှိသကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။ ယေရှုသည် သူ၏ပုံသဏ္ဌာန်ကို ကျန်ရှိနေစေဖို့ အဘယ်ကြောင့် ခွင့်မပြုခဲ့သနည်း။ သူသည် နောက်မျိုးဆက်များထံ လက်ဆင့်ကမ်းနိုင်ဖို့အလို့ငှာ လူသားအား သူ၏ပုံသဏ္ဌာန်ကို အဘယ်ကြောင့် ခြယ်မှုန်းခွင့် မပေးခဲ့သနည်း။ သူ၏ ပုံသဏ္ဌာန်က ဘုရားသခင်၏ ပုံသဏ္ဌာန်ဖြစ်သည်ကို လူတို့ အသိအမှတ်ပြုရန် အဘယ်ကြောင့် သူ ခွင့်မပြုခဲ့သနည်း။ လူသား၏ ပုံသဏ္ဌာန်ကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သော်လည်း၊ လူသား၏ သွင်ပြင်သည် မြင့်မြတ်သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို ကိုယ်စားပြုရန် ဖြစ်နိုင်ပါမည်လော။ ဘုရားသခင် လူ့ဇာတိခံလာချိန်တွင်၊ သူသည် ကောင်းကင်ဘုံမှနေ၍ သီးသန့် လူ့ဇာတိတစ်ခုထဲသို့ ကြွဆင်းရုံ မျှသာဖြစ်သည်။ လူ့ဇာတိထဲသို့ ကြွဆင်းသည်မှာ သူ၏ဝိညာဉ်တော် ဖြစ်ပြီး ယင်းမှတစ်ဆင့် သူသည် ဝိညာဉ်တော်၏ အလုပ်ကို လုပ်ဆောင် သည်။ လူ့ဇာတိတွင် ဖော်ပြသည်မှာ ဝိညာဉ်တော်ဖြစ်ပြီး လူ့ဇာတိဖြင့် သူ၏အမှုကို လုပ်ဆောင်သည်မှာ ဝိညာဉ်တော်ဖြစ်သည်။ လူ့ဇာတိ၌ လုပ်ဆောင်သည့် အမှုသည် ဝိညာဉ်တော်ကို အပြည့်အဝ ကိုယ်စားပြုပြီး၊ လူ့ဇာတိသည် အမှုအတွက်ဖြစ်သော်လည်း၊ လူ့ဇာတိ၏ ပုံသဏ္ဌာန်သည် ဘုရားသခင် ကိုယ်တိုင်၏ စစ်မှန်သည့် ပုံသဏ္ဌာန်အတွက် အစားထိုးတစ်ခု ဖြစ်သည်ဟု မဆိုလိုပေ။ ဤသည်မှာ ဘုရားသခင် လူ့ဇာတိခံလာသည့် ရည်ရွယ်ချက် သို့မဟုတ် အရေးပါမှု မဟုတ်ပေ။ လူတို့အနေဖြင့် သူ၏ လုပ်ဆောင်ချက်များကို မြင်နိုင်ဖို့၊ သူ၏ စိတ်သဘောထားကို နားလည်နိုင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို ကြားရဖို့နှင့် သူ့အမှု၏ အံ့ဖွယ်ဖြစ်ခြင်းကို သိရှိနိုင်ဖို့အလို့ငှာ၊ လူ့ဇာတိ၌ သူ၏ အမှုကို သာ၍ ကောင်းစွာ စွမ်းဆောင်ရရှိဖို့၊ ဝိညာဉ်တော်က သူ၏ အမှုပြုခြင်းနှင့် သင့်တော်သည့် တည်မှီဖို့ နေရာတစ်ခုကို ရှာတွေ့နိုင်ဖို့အလို့ငှာ သူသည် လူ့ဇာတိခံလာခြင်း ဖြစ်ပေသည်။ သူ၏ နာမသည် သူ၏စိတ်သဘောထားကို ကိုယ်စားပြု၏၊ သူ့အမှုသည် သူ၏ ပင်ကိုလက္ခဏာကို ကိုယ်စားပြုသည်၊ သို့ရာတွင် သူ၏ လူ့ဇာတိ၌ ပေါ်ထွန်းခြင်းက သူ၏ပုံသဏ္ဌာန်ကို ကိုယ်စားပြုသည်ဟု သူ တစ်ခါမျှ မပြောခဲ့ပေ။ ယင်းသည် လူသား၏ အယူအဆတစ်ခုမျှသာဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိခံယူခြင်း၏ အရေးပါလှသည့် ကဏ္ဍများမှာ သူ၏နာမ၊ သူ၏အမှု၊ သူ၏စိတ်သဘောထားနှင့် သူ၏လိင်ဖြစ်မှုတို့ ဖြစ်သည်။ ဤအရာများကို ဤခေတ် သူ၏စီမံခန့်ခွဲမှုအား ကိုယ်စားပြုရန် အသုံးပြုလေသည်။ လူ့ဇာတိ၌ သူ၏ ပေါ်ထွန်းခြင်းသည် ထိုအချိန်က သူ၏ အမှုအတွက်မျှသာ ဖြစ်လျက်၊ သူ၏စီမံခန့်ခွဲမှုနှင့် ဆက်နွှယ်မှုမရှိပေ။ သို့သော် လူ့ဇာတိခံယူသည့် ဘုရားသခင်အတွက် သီးခြား သွင်ပြင်မရှိရန်မှာ မဖြစ်နိုင်ပေ၊ ထို့ကြောင့် သူ၏သွင်ပြင်ကို သတ်မှတ်ရန် သင့်တော်သည့် မိသားစုကို သူရွေးချယ်သည်။ ဘုရားသခင်၏ သွင်ပြင်သည် အရေးပါမှုကို ကိုယ်စားပြုမှုများ ရှိခဲ့မည်ဆိုပါက၊ သူနှင့် မျက်နှာ အသွင်အပြင်များ တူသည့် လူများသည်လည်း ဘုရားသခင်ကို ကိုယ်စားပြုကြပေမည်။ ယင်းသည် ကမ်းကုန်သည့် အမှားကြီးတစ်ခု ဖြစ်မည်မဟုတ်လော။ ယေရှု၏ ပုံတူပန်းချီသည် လူက သူ့ကို ကိုးကွယ်ရန်အလို့ငှာ ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က၊ သန့်ရှင်းသော ဝိညာဉ်တော်သည် အထူး လမ်းညွှန်မှုများ မပေးခဲ့ပေ၊ ထို့ကြောင့် လူသည် ထိုပုံတူပန်းချီကို ယနေ့တိုင် လက်ဆင့်ကမ်းခဲ့သည်။ အမှန်တွင်၊ ဘုရားသခင်၏ မူလ ရည်ရွယ်ချက်အရ၊ လူသားသည် ဤအရာကို မပြုလုပ်ခဲ့သင့်ပေ။ ယေရှု၏ ပုံတူပန်းချီကို ယနေ့တိုင် ကျန်ရှိနေစေခဲ့သည်မှာ လူသား၏ စိတ်အားထက်သန်မှုသာ ဖြစ်သည်။ ဘုရားသခင်သည် ဝိညာဉ်တော် ဖြစ်ပြီး၊ သူ၏ ပုံသဏ္ဌာန််က နောက်ဆုံးစိစစ်ချက်တွင် မည်သည့်အရာ ဖြစ်သည်ကို လူသားသည် ဘယ်သောအခါမျှ ခြုံငုံမိနိုင်စွမ်းရှိမည် မဟုတ်ပေ။ သူ၏ပုံသဏ္ဌာန်ကို သူ၏စိတ်သဘောထားကသာ ကိုယ်စားပြုနိုင်သည်။ သူ၏နှာခေါင်း၊ သူ၏ပါးစပ်၊ သူ၏မျက်လုံးများ နှင့် သူ၏ဆံပင်တို့နှင့်သက်ဆိုင်သည့် သွင်ပြင်အတွက်မူ၊ ဤအရာများသည် သင်၏ ခြုံငုံမိနိုင်စွမ်းကို ကျော်လွန်ပေသည်။ ယောဟန်ထံသို့ ဗျာဒိတ် ရောက်ရှိလာချိန်တွင်၊ လူသား၏ ပုံသဏ္ဌာန်ကို သူရှုမြင်ခဲ့ရသည်— ခံတွင်းတော်ထဲမှ ထက်သော သန်လျက်ထွက်၏၊ မျက်စိတော်သည်လည်း မီးလျှံကဲ့သို့ဖြစ်၏၊ ခေါင်းတော်နှင့် ဆံပင်တော်သည် သိုးမွေးကဲ့သို့ ဖြူ၏၊ ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူပြီး၊ ရင်ဘတ်၌ ရွှေခါးပန်းကို စည်းလျက်ဖြစ်၏။ ယောဟန်၏ စကားများသည် အလွန့်အလွန် ထင်ရှားသော်လည်း၊ သူဖော်ပြခဲ့သည့် ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဖန်ဆင်းခံတစ်ဦး၏ ပုံသဏ္ဌာန် မဟုတ်ပေ။ သူမြင်ခဲ့သည်မှာ ရူပါရုံတစ်ခုသာ ဖြစ်ပြီး၊ ရုပ်ဝတ္ထု လောကမှ လူတစ်ဦး၏ ပုံသဏ္ဌာန်မဟုတ်ပေ။ ယောဟန်က ရူပါရုံတစ်ခု မြင်တွေ့ခဲ့ပြီးဖြစ်သော်လည်း၊ ဘုရားသခင်၏ စစ်မှန်သော သွင်ပြင်ကို မျက်မြင်မတွေ့ခဲ့ရသေးပေ။ အဖန်ဆင်းခံတစ်ဦး ပုံသဏ္ဌာန်တစ်ခုဖြစ်လျက်၊ လူ့ဇာတိခံ ဘုရားသခင်၏ ပုံသဏ္ဌာန်မှာ ဘုရားသခင် စိတ်သဘောထားကို အလုံးစုံဖြင့် ကိုယ်စားမပြုနိုင်စွမ်း မရှိပေ။ ယေဟောဝါသည် လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ချိန်တွင်၊ သူ၏ပုံသဏ္ဌာန်နှင့်အညီ လုပ်ဆောင်ခဲ့ပြီး၊ လူယောက်ျားနှင့် လူမိန်းမကို ဖန်ဆင်းခဲ့သည်ဟု သူပြောခဲ့သည်။ ထိုအချိန်က၊ သူသည် လူယောက်ျားနှင့် လူမိန်းမကို ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခဲ့သည်ဟု ပြောခဲ့သည်။ လူယောက်ျား၏ ပုံသဏ္ဌာန်သည် ဘုရားသခင်၏ ပုံသဏ္ဌာန်နှင့် ဆင်တူသော်လည်း၊ ဤသည်ကို လူယောက်ျား၏သွင်ပြင်သည် ဘုရားသခင်၏ ပုံသဏ္ဌာန် ဖြစ်သည်ဟု ဆိုသည့်အဓိပ္ပာယ်အဖြစ် ဖန်တီး၍မရပေ။ ဘုရားသခင်သည် မြင့်မြတ်လွန်း၊ ကြီးမြတ်လွန်း၊ အံ့ဖွယ်ကောင်း လွန်းပြီး နားလည်၍မရနိုင်သည့်အတွက် ဘုရားသခင်၏ ပုံသဏ္ဌာန်ကို အပြည့်အဝ စံနမူနာပြုဖို့ လူသားမျိုးနွယ်၏ ဘာသာစကားကို သင် အသုံးမပြုနိုင်ပေ။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၂)

ယခုတစ်ကြိမ်တွင်မူ ဘုရားသခင်သည် ဝိညာဏခန္ဓာကိုယ်အားဖြင့် မဟုတ်ဘဲ အလွန်သာမညကျသော ခန္ဓာကိုယ်အားဖြင့် အမှုပြုရန် ကြွလာသည်။ ထို့ပြင် ယင်းမှာ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူသည့် ခန္ဓာကိုယ်ဖြစ်ရုံသာမက၊ ဇာတိအသွေးအသားသို့ ဘုရားသခင်ပြန်ကြွလာသည့် ခန္ဓာကိုယ်လည်း ဖြစ်သည်။ ယင်းမှာ အလွန်သာမညကျသော ဇာတိခန္ဓာဖြစ်သည်။ သူ့အား အခြားသူတို့အနက် ပေါ်လွင်ထင်ရှားစေသည့် အရာတစ်ခုကိုမျှ သင်မမြင်နိုင်သော်လည်း၊ ယခင်က မကြားသိခဲ့ရသည့် သမ္မာတရားများကို သူ့ထံမှ သင်ရရှိနိုင်သည်။ ဤအရေးမပါသော ဇာတိခန္ဓာသည် ဘုရားသခင်ထံမှ သမ္မာတရား၏ နှုတ်ကပတ်တော်များအားလုံးကို သရုပ်ထင်စေသည့်အရာ၊ နောက်ဆုံးသော ကာလတွင် ဘုရားသခင်၏အမှုကို ထမ်းဆောင်သောအရာနှင့်၊ လူသားက နားလည်ရန်အတွက် ဘုရားသခင်၏ စိတ်သဘောထားတစ်ရပ်လုံးကို ဖော်ပြသောအရာလည်း ဖြစ်သည်။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကိုမြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို သိနားလည်ဖို့ ဆန္ဒကြီးစွာ မရှိသလော။ သင်သည် လူသားမျိုးနွယ်၏ ခရီးဆုံးပန်းတိုင်ကို မြင်ရဖို့ ဆန္ဒကြီးစွာ မရှိသလော။ သူသည် မည်သည့်လူသားကမျှ သင့်ကို ပြောပြနိုင်စွမ်းမရှိခဲ့သည့် ဤလျှို့ဝှက်ချက်များ အားလုံးကို သင့်အားပြောပြမည်ဖြစ်ပြီး၊ သင်နားမလည်သည့် သမ္မာတရားများကိုလည်း သင့်အား သူပြောမည်ဖြစ်သည်။ သူသည် နိုင်ငံတော်အတွင်းဝင်ရောက်ရာ သင်၏ တံခါးဝဖြစ်ပြီး ခေတ်သစ်ထဲသို့ ဝင်ရောက်ရာ သင်၏လမ်းပြရှင်ဖြစ်သည်။ ထိုကဲ့သို့သော သာမန်ဇာတိခန္ဓာသည် ဉာဏ်မမီနိုင်သည့် များစွာသော နက်နဲရာများကို ဆုပ်ကိုင်ထားသည်။ သူ၏လုပ်ဆောင်ချက်များမှာ သင့်အတွက် နားမလည်နိုင်စရာ ဖြစ်နိုင်သော်လည်း၊ သူလုပ်ဆောင်သည့် အမှု၏ ပန်းတိုင်တစ်ခုလုံးမှာ သူသည် လူတို့ယုံကြည်သကဲ့သို့ ရိုးရိုးဇာတိခန္ဓာ မဟုတ်သည်ကို သင့်အား မြင်ခွင့်ပေးရန်အတွက် လုံလောက်သည်။ အကြောင်းမှာ သူသည် ဘုရားသခင်၏အလိုတော်နှင့် နောက်ဆုံးသောကာလ၌ လူသားမျိုးနွယ်ထံ ဘုရားသခင်ပြသသည့် ဂရုစိုက်မှုကို ကိုယ်စားပြုလေသည်။ သင်သည် ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေပုံရသည့် သူ၏ နှုတ်ကပတ်တော်များကို မကြားနိုင် သို့မဟုတ် ဟုန်းဟုန်းတောက်နေသော မီးလျှံများနှင့်တူသည့် သူ၏မျက်လုံးများကို မမြင်နိုင်သော်လည်း၊ ထို့ပြင် သင်သည် သူ၏သံလှံတံ၏ ဆုံးမပဲ့ပြင်မှုကို မခံစားရနိုင်သော်ငြားလည်း၊ သင်သည် သူ၏နှုတ်ကပတ်တော်များမှနေ၍ ဘုရားသခင်သည် အမျက်ဒေါသ ထွက်သည်ကို ကြားနိုင်ပြီး ဘုရားသခင်သည် လူသားတို့အပေါ် သနားခြင်းကရုဏာကို ပြနေကြောင်း သိနိုင်သည်။ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့် သူ၏ဉာဏ်ပညာကို မြင်တွေ့နိုင်သည့်အပြင် လူသားမျိုးနွယ် တစ်ရပ်လုံး အတွက် ဘုရားသခင်၏ အရေးတယူရှိမှုကို နားလည်သဘောပေါက် နိုင်သည်။ နောက်ဆုံးသောကာလတွင် ဘုရားသခင်၏အမှုသည် မြေကြီးပေါ်ရှိ လူသားများကြားတွင် နေထိုင်လျက်ရှိသော ကောင်းကင်ဘုံရှိ ဘုရားသခင်ကို လူသားအား မြင်တွေ့ခွင့်ပေးရန်၊ ထို့ပြင် လူသားအနေဖြင့် ဘုရားသခင်အား သိရှိရန်၊ နာခံရန်၊ ကြောက်ရွံ့ရန်နှင့် ချစ်ရန်အတွက် ထောက်ကူပေးဖို့ဖြစ်သည်။ ဤအကြောင်းကြောင့် သူသည် ဒုတိယအကြိမ် လူ့ဇာတိကို ခံယူရန် ပြန်ကြွဆင်းလာခဲ့ခြင်းပင် ဖြစ်သည်။ သည်ကနေ့တွင် လူသားက မြင်ရသည်မှာ လူသားနှင့်တူညီသော ဘုရားသခင်၊ နှာခေါင်းတစ်ခုနှင့် မျက်လုံးနှစ်လုံးပါသည့် ဘုရားသခင်၊ ထို့ပြင် ထူးခြားမှုမရှိသော ဘုရားသခင်ဖြစ်သော်လည်း၊ နောက်ဆုံးတွင် ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်နှင့် မြေကြီးသည် ကြီးမားသော အပြောင်းအလဲကို ကြုံရမည်ဖြစ်ကြောင်း၊ ဤလူသားသာ မတည်ရှိခဲ့လျှင် ကောင်းကင်သည် မှောင်မည်းလာကာ၊ မြေကြီးသည် ပရမ်းပတာ အခြေအနေထဲ ကျရောက်သွားမည်ဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မွတ်သိပ်ခြင်းနှင့် ကပ်ဆိုးများအလယ်တွင် နေထိုင်ရမည်ဖြစ်ကြောင်း ဘုရားသခင်က သင်တို့ကို ပြသမည်ဖြစ်သည်။ နောက်ဆုံးသောကာလတွင် လူ့ဇာတိခံယူသော ဘုရားသခင်သည် သင်တို့ကို ကယ်တင်ရန် ကြွမလာခဲ့လျှင် ဘုရားသခင်သည် လူသားမျိုးနွယ် တစ်ရပ်လုံးကို လွန်ခဲ့သောအချိန်ကပင် ငရဲပြည်၌ ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း သင်တို့ကို သူပြသမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ သင်တို့သည် အဓိကအပြစ်သားများ အစဉ်အမြဲ ဖြစ်ကြမည်ဖြစ်ပြီး၊ အလောင်းကောင်များ အမြဲတမ်း ဖြစ်ကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိခဲ့လျှင်၊ လူသားမျိုးနွယ် တစ်ရပ်လုံးသည် မရှောင်လွှဲနိုင်သော ဘေးဒုက္ခကို ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ဆုံးသောကာလတွင် လူသားမျိုးနွယ်အပေါ် ဘုရားသခင် စီရင်ချမှတ်မှတ်မည့် ပို၍ပင် ပြင်းထန်သော အပြစ်ဒဏ်ပေးခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်ကြောင်း တွေ့ရှိရမည်ကို သင်တို့သိသင့်သည်။ ဤသာမန်ဇာတိခန္ဓာသာ မမွေးဖွားခဲ့ပါက၊ သင်တို့အားလုံးသည် အသက်မရှင်နိုင်ဘဲ ရှင်ခြင်းအတွက် တောင်းဆိုပြီး၊ အသက်မသေနိုင်ဘဲ သေခြင်းအတွက် ဆုတောင်းရမည့် အခြေအနေတစ်ခု၌ ရောက်ရှိကြမည်ဖြစ်သည်။ ဤဇာတိခန္ဓာသာ မတည်ရှိလျှင် သင်တို့သည် ယနေ့တွင် သမ္မာတရားကို ရယူနိုင်ကြမည် မဟုတ်သည့်အပြင်၊ ဘုရားသခင်၏ ပလ္လင်တော်ရှေ့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ထို့ထက် သင်တို့သည် သင်တို့၏ ကြီးလေးသော အပြစ်များကြောင့် ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်းကို ခံကြရမည်။ သင်တို့သိခဲ့ပါ၏လော၊ ယင်းမှာ ဇာတိခန္ဓာသို့ ဘုရားသခင်၏ပြန်လာခြင်း မရှိခဲ့လျှင်၊ မည်သူ၌မျှ ကယ်တင်ခြင်း၌ မည်သူမျှ အခွင့်အလမ်း ရှိခဲ့မည်မဟုတ်ပေ၊ ထို့ပြင် ဤဇာတိခန္ဓာ၏ ကြွလာခြင်း မရှိခဲ့လျှင်၊ ဘုရားသခင်သည် ခေတ်ဟောင်းကို လွန်ခဲ့သောအချိန်ကပင် အဆုံးသတ်ခဲ့ပြီး ဖြစ်လိမ့်မည်။ သို့ဖြစ်လျှင် သင်တို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းကို ငြင်းပယ်နိုင်သေးသလော။ သင်တို့သည် ဤသာမညလူသားထံမှ အလွန်များပြားသော အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဖြစ်ရာ သင်တို့သည် သူ့ကို အဘယ်ကြောင့် ဝမ်းပန်းတသာ လက်မခံကြသနည်း။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၃)

ဘုရားသခင်၏အမှုမှာ သင်သဘောမပေါက်နိုင်သော အရာတစ်ခု ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ရွေးချယ်မှု မှန်မမှန်ကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့၊ ဘုရားသခင်၏အမှု အောင်မြင်နိုင်မည် မအောင်မြင် နိုင်မည်ကို မသိနိုင်ပါက၊ သင်၏ကံတရားကို စမ်းသပ်ပြီး ဤသာမည လူသားက သင့်အတွက် ကြီးမားသောအကူအညီ ဖြစ်နိုင်မဖြစ်နိုင်မည်နှင့်၊ ဘုရားသခင်က ကြီးမားသောအမှုကို အမှန်ပင် လုပ်ဆောင်ပြီးပြီလော ဟူသည်ကို အဘယ်ကြောင့် မစမ်းသပ်သနည်း။ သို့သော်လည်း နောဧခေတ်တုန်းက လူများသည် သောက်စားနေခဲ့ကြပြီး လက်ထပ်ကြလျက်၊ ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်ခဲ့သည့် အတိုင်းအတာထိ အိမ်ထောင်ပြုခဲ့ကြသောကြောင့် သူသည် လူသားမျိုးနွယ်ကို ဖျက်ဆီးရန် ကြီးစွာသောရေလွှမ်းမိုးမှုကို စေလွှတ်လျက် လူရှစ်ဦးရှိသည့် နောဧမိသားစု၊ ငှက်များနှင့် သားရဲမျိုးစုံတို့ကိုသာ ချမ်းသာပေးခဲ့သည်ကို သင့်အား ငါပြောပြရမည်။ သို့သော်လည်း နောက်ဆုံးသောကာလတွင် ဘုရားသခင် ချမ်းသာပေးခဲ့သူအားလုံးတို့မှာ သူ့အပေါ် အဆုံးထိ သစ္စာရှိနေခဲ့သောသူတို့ပင်ဖြစ်သည်။ ခေတ်နှစ်ခေတ်စလုံးသည် ဘုရားသခင်အနေနှင့် မြင်တွေ့ရန် မခံမရပ်နိုင်သည့် အကြီးအကျယ် ဖောက်ပြန်ပျက်စီးခြင်း ကာလများဖြစ်ခဲ့ပြီး နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်က ဘုရားသခင်သည် သူတို့၏သခင်ဖြစ်သည်ကို ငြင်းဆိုခဲ့သည်အထိပင် အလွန် ဖောက်ပြန်ပျက်စီးလာခဲ့သော်လည်း၊ ဘုရားသခင်သည် နောဧခေတ်တုန်းက လူတို့ကိုသာ ဖျက်ဆီးခဲ့လေသည်။ ခေတ်နှစ်ခေတ်စလုံးတွင် လူသားမျိုးနွယ်သည် ဘုရားသခင်အား ကြီးစွာသော ထိခိုက်နာကျင်မှု ပေးခဲ့စေကာမူ ဘုရားသခင်သည် ယခုထိ နောက်ဆုံးသောကာလ၌ရှိသော လူများကို ဆက်လက်၍ သည်းခံခဲ့ပြီဖြစ်သည်။ ဤသည်မှာ အဘယ့်ကြောင့်နည်း။ သင်တို့သည် အဘယ်ကြောင့်နည်းဟူသည်ကို မည်သည့်အခါမျှ မစဉ်းစားဖူးသလော။ သင်တို့ အမှန်တယ် မသိပါက၊ သင်တို့ကို ငါပြောရမည်။ ဘုရားသခင်က နောက်ဆုံးသောကာလတွင် လူတို့ကို ကျေးဇူးတော် ပေးအပ်နိုင်သည့် အကြောင်းရင်းက သူတို့သည် နောဧခေတ်ကလူတို့ထက် လျော့၍ ဖောက်ပြန်ပျက်စီးသောကြောင့်၊ သို့မဟုတ် နောက်ဆုံးသောကာလ၌ စက်မှုနည်းပညာသည် လွန်စွာတိုးတက်နေသဖြင့် ဘုရားသခင်က သူတို့ကို ဖျက်ဆီးရန် ကိုယ့်ကိုကိုယ် မစေခိုင်းနိုင်ခြင်းမျိုး ဖြစ်ဖို့ဝေးစွ၊ သူတို့သည် ဘုရားသခင်အား နောင်တရခြင်းကို ပြခဲ့ကြပြီးသောကြောင့်လည်း မဟုတ်ပါ။ ထို့ထက် ယင်းမှာ ဘုရားသခင်သည် နောက်ဆုံးသောကာလတွင် လူအုပ်စုတစ်စုထဲ၌ အမှုပြုရန် ရှိသောကြောင့်ဖြစ်ပြီး ဘုရားသခင်သည် ဤအမှုကို မိမိကိုယ်တိုင် လူ့ဇာတိခံယူခြင်းအားဖြင့် လုပ်ဆောင်လိုသောကြောင့် ဖြစ်သည်။ ထိုမျှမက ဘုရားသခင်သည် ဤအုပ်စုထဲကတစ်ချို့ကို သူ့ကယ်တင်ခြင်းအတွက် ရည်စူးထားသူများနှင့် သူ့စီမံခန့်ခွဲမှုအစီအစဉ်၏ အသီးအပွင့်ဖြစ်လာရန် ရွေးချယ်ပြီးလျှင် ဤလူတို့ကို နောက်တစ်ခေတ်ထဲသို့ ခေါ်ဆောင်သွားလိုသည်။ သို့ဖြစ်၍ မည်သို့ပင်ဖြစ်စေ ဘုရားသခင်ပေးဆပ်ခဲ့သည့် ဤတန်ဖိုးသည် နောက်ဆုံးသောကာလ၌ သူ၏ လူဇာတိခံယူထားသော ဇာတိခန္ဓာက ပြုလုပ်မည့်အမှုအား ပြင်ဆင်ရန်အတွက်ချည်းသာ ဖြစ်နေခဲ့သည်။ ယနေ့ သင်တို့ရောက်ရှိလာခဲ့သည် အဖြစ်မှာ ဤဇာတိခန္ဓာကြောင့်ပင် ဖြစ်သည်။ သင်တို့၌ အသက်ရှင်နေထိုင်ဖို့ အခွင့်အရေးရှိခြင်းမှာ ဘုရားသခင်က ဇာတိခန္ဓာ၌ ရှိနေသောကြောင့် ဖြစ်သည်။ ဤကံကောင်းခြင်းအလုံးစုံကို ဤသာမညလူသားအတွက်ကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။ ဤအရာသာမက အဆုံးတွင် လူမျိုးတိုင်းသည် ဤသာမညလူသားကို ဝတ်ပြုကိုးကွယ်ကြမည် ဖြစ်သကဲ့သို့၊ ဤမထင်ရှားသော လူသားကို ကျေးဇူးတင်ပြီး နာခံကြမည်ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ကယ်တင်ပြီးပြီဖြစ်သည့် သူယူဆောင်ခဲ့သော သမ္မာတရား၊ အသက်နှင့် လမ်းခရီးတို့ပင် ဖြစ်ပြီး၊ လူသားနှင့် ဘုရားသခင်ကြားက ပဋိပက္ခကို ပြေလည်စေခဲ့ကာ သူတို့ကြားက အကွာအဝေးကို တိုစေပြီးလျှင် ဘုရားသခင်နှင့် လူသား၏ သဘောထားများကြား၌ ဆက်သွယ်ချက်တစ်ခုကို လမ်းဖွင့်ပေးခဲ့သည်။ ဘုရားသခင်အတွက် သာ၍ပင်ကြီးမားသော ဘုန်းအသရေကို ရယူပြီးခဲ့သူမှာလည်း သူပင်ဖြစ်သည်။ ဤကဲ့သို့သော သာမညလူသားသည် သင်၏ယုံကြည်စိတ်ချမှုနှင့် ကြည်ညိုလေးစားမှုတို့နှင့် မထိုက်တန်သလော။ ထိုကဲ့သို့သော သာမညဇာတိခန္ဓာသည် ခရစ်တော်ဟု ခေါ်ဆိုခြင်းခံရရန် မသင့်တော်သလော။ ထိုကဲ့သို့သော သာမညလူသားသည် လူများကြား၌ ဘုရားသခင်၏ထုတ်ဖော်ချက် ဖြစ်မလာနိုင်သလော။ လူသားမျိုးနွယ်ကို ဘေးဒုက္ခမှ ချမ်းသာပေးခဲ့သည့် ထိုလူသားသည် သင်၏ချစ်ခြင်းမေတ္တာနှင့် သူ့အားဖက်တွယ်ထားရန် သင်၏ဆန္ဒတို့နှင့် မထိုက်တန်သလော။ သင်တို့သည် သူ၏နှုတ်မှ ဖော်ပြခဲ့သည့် သမ္မာတရားများကို ငြင်းပယ်ကာ၊ သင်တို့အလယ်၌ သူ၏တည်ရှိမှုကို စက်ဆုပ်ပါက၊ အဆုံး၌ သင်တို့ ဘာဖြစ်သွားမည်နည်း။

နောက်ဆုံးသောကာလရှိ ဘုရားသခင်၏ အမှုအားလုံးကို ဤသာမညလူသားအားဖြင့် လုပ်ဆောင်လျက်ရှိသည်။ သူသည် အရာခပ်သိမ်းကို သင့်အပေါ် အပ်နှင်းမည်ဖြစ်ပြီး၊ ထို့ထက်ပို၍ သင်နှင့်ပတ်သက်သော အရာခပ်သိမ်းကို သူက ဆုံးဖြတ်နိုင်မည်ဖြစ်သည်။ ထိုကဲ့သို့သောလူသားသည် ထုတ်ဖော်ရန် မထိုက်တန်လောက်အောင် အလွန်ရိုးစင်းသည့် လူသားဖြစ်သည်ဟု သင်တို့သူ့ကို ယုံကြည်သည့်အတိုင်း ဖြစ်နိုင်သလော။ သူ၏သမ္မာတရားက သင်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့အတွက် မလုံလောက်သလော။ သူ၏လုပ်ဆောင်ချက်များကို မျက်မြင်တွေ့ရခြင်းက သင့်တို့ကို အကြွင်းမဲ့ လက်ခံယုံကြည်စေဖို့ မလုံလောက်သလော။ သို့မဟုတ် သင်တို့ကို သူခေါ်ဆောင်သွားသည့် လမ်းကြောင်းကို သင်တို့အနေနှင့် လိုက်လျှောက်ရန် မထိုက်တန်သလော။ အဆုံးစွန်အနေဖြင့် သင်တို့အား သူ့ကို စက်ဆုပ်ရွံမုန်းပြီး သူ့ကို ဖယ်ထုတ်ကာ ရှောင်ဖယ်စေသည်မှာ မည်သည့်အရာနည်း။ သမ္မာတရားကို ဖော်ပြသည်မှာ ဤသူပင်ဖြစ်သည်၊ သမ္မာတရားကို ထောက်ပံ့ပေးသည်မှာ ဤသူပင်ဖြစ်သည်၊ ထို့ပြင် သင်တို့လိုက်လျှောက်ရန် လမ်းကြောင်းတစ်ခု ပေးသည်မှာ ဤသူပင် ဖြစ်သည်။ သင်တို့သည် ဤသမ္မာတရားများထဲ၌ ဘုရားသခင့်အမှု၏ သဲလွန်စများကို ရှာမတွေ့နိုင်သေးသည်မှာ ဖြစ်နိုင်သလော။ ယေရှု၏အမှု မပါရှိလျှင်၊ လူသားမျိုးနွယ်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာနိုင်ခဲ့မည်မဟုတ်၊ မည်သို့ဆိုစေ မျက်မှောက်ကာလ၏ လူ့ဇာတိခံယူမှု မရှိလျှင်လည်း၊ လက်ဝါးကပ်တိုင်မှ ဆင်းလာသူတို့က ဘုရားသခင်၏ သဘောကျနှစ်သက်မှုကို မည်သည့်အခါမျှ ရရှိနိုင်မည် မဟုတ်သကဲ့သို့၊ ခေတ်သစ်ထဲသို့လည်း ဝင်ရောက်နိုင်မည် မဟုတ်ပေ။ ဤသာမညလူသား၏ ကြွဆင်းလာခြင်း မရှိလျှင်၊ သင်တို့တွင် ဘုရားသခင်၏ မျက်နှာတော်အစစ်အမှန်ကို မြင်တွေ့ရန် မည်သည့်အခါမျှ အခွင့်အလမ်းရရှိမည် မဟုတ်သကဲ့သို့၊ မြင်တွေ့ဖို့လည်း အရည်အချင်း ပြည့်မီမည် မဟုတ်ပေ၊ အကြောင်းမှာ သင်တို့အားလုံးသည် လွန်ခဲ့သော အချိန်ကပင် ဖျက်ဆီးခြင်းခံသင့်ခဲ့သည့် အရာများပင် ဖြစ်ကြပေသည်။ ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူမှု၏ ကြွလာခြင်းကြောင့်သာ ဘုရားသခင်သည် သင်တို့ကို ခွင့်လွှတ်ခဲ့ပြီဖြစ်ကာ သနားကရုဏာကို ပြသခဲ့ပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ သင်တို့အား ငါချန်ထား ပေးရမည့် စကားမှာ ဤအရာသာလျှင်ဖြစ်သည်- လူ့ဇာတိခံယူသော ဘုရားသခင်ဖြစ်သည့် ဤသာမညလူသားမှာ သင်တို့အတွက် မရှိမဖြစ် အရေးပါသူပင် ဖြစ်သည်။ ဤသည်မှာ လူသားများကြား၌ ဘုရားသခင် ပြုခဲ့ပြီးဖြစ်သည့် ကြီးမားသောအမှုပင် ဖြစ်ပေ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သင်သိခဲ့သလော ဘုရားသခင်သည် လူသားများကြား၌ ကြီးမားသောအမှုကို ပြုခဲ့ပြီးပြီ” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၄)

လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်ဘာသိသင့်သနည်း။ လက်တွေ့ကျသောဘုရားသခင် ဆိုသည်မှာ ဝိညာဉ်တော်၊ ပုဂ္ဂိုလ်တော်နှင့် နှုတ်ကပတ်တော်တို့ ပေါင်းစပ်ထားသည့်သူ ဖြစ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အနက်အမှန် ဖြစ်သည်။ အကယ်၍ သင်သည် ပုဂ္ဂိုလ်တော်ကိုသာ သိပြီး၊ သူ၏ အလေ့အကျင့်များနှင့် ပင်ကိုအရည်အသွေး တို့ကိုသာ သိပြီး၊ ဝိညာဉ်တော်၏ အလုပ်ကိုမသိလျှင် သို့မဟုတ် လူ့ဇာတိတွင် ဝိညာဉ်တော် အဘယ်အလုပ် လုပ်သည်ကို သင်မသိလျှင်၊ ဝိညာဉ်တော်နှင့် နှုတ်ကပတ်တော်ကိုသာ သင်အာရုံစိုက်ပြီး လက်တွေ့ကျသော ဘုရားသခင်၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်းကို မသိဘဲ ဝိညာဉ်တော် ရှေ့တွင်သာ သင်ဆုတောင်းလျှင် ယင်းမှာ လက်တွေ့ကျသော ဘုရားသခင်ကို သင်မသိကြောင်း သက်သေပင်ဖြစ်ပါသည်။ လက်တွေ့ကျသော ဘုရားသခင်အကြောင်း သိခြင်းတွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များကို သိခြင်းနှင့် တွေ့ကြုံခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်းများနှင့် ဥပဒေသများကို နားလည်ခြင်း၊ လူ့ဇာတိထဲတွင် ဘုရားသခင်၏ ဝိညာဉ်တော် မည်ကဲ့သို့ အလုပ်လုပ်ပုံကို နားလည်ခြင်းတို့ ပါဝင်သည်။ ထို့ကြောင့် ဘုရားသခင်၏ လူ့ဇာတိထဲတွင် ပြုလုပ်သည့် အမှုအရာတိုင်းကို ဝိညာဉ်တော်က စီမံခန့်ခွဲကြောင်းနှင့် ကိုယ်တော်မိန့်တော်မူသော စကားတို့မှာ ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်ကြောင်းတို့ကို သိရမည် ဖြစ်ကြောင်းလည်း ပါဝင်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အကြောင်း သင်သိလိုပါက လူ့သဘာဝအားဖြင့်ဖြစ်စေ၊ ဘုရားသခင်၏ သဘောသဘာဝ အားဖြင့်ဖြစ်စေ ဘုရားသခင် မည်သို့ အလုပ်လုပ်သည် ဆိုသည်ကို ရှေးဦးစွာ သင်သိရမည်ဖြစ်ပြီး၊ ထို့ကြောင့်ပင် လူသားများအားလုံး ဆက်ဆံရသည့် ဝိညာဉ်တော်၏ ဖော်ပြချက်များကို ဤအချက်က အလေးထားခြင်း ဖြစ်သည်။

ဝိညာဉ်တော်၏ ဖော်ပြချက်များတွင် မည်သည့်အရာများ ပါဝင်သနည်း။ ဘုရားသခင်သည် တစ်ခါတစ်ရံ လူ့သဘာဝအားဖြင့် အလုပ်လုပ်ပြီး တစ်ခါတစ်ရံ ဘုရား၏ သဘောသဘာဝအားဖြင့် အလုပ်လုပ်သည်။ သို့သော် ယေဘုယျအားဖြင့် ထိုနှစ်ချက်စလုံးတွင် ဝိညာဉ်တော်မှာ အချက်အချာဖြစ်သည်။ လူသားတို့အထဲတွင်ရှိသော မည်သည့် ဝိညာဉ်မဆိုသည် ၎င်းတို့၏ အပြင်ပန်း ဖော်ပြခြင်းဖြစ်သည်။ ဝိညာဉ်တော်သည် ပုံမှန်အားဖြင့် အလုပ်လုပ်သည်။ သို့သော် ဝိညာဉ်တော်အားဖြင့် ကိုယ်တော်၏ ဦးတည်ချက် နှစ်ပိုင်းရှိသည်။ တစ်ပိုင်းမှာ လူ့သဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်ပြီး အခြားတစ်ပိုင်းမှာ ဘုရား၏ သဘောသဘာဝ အားဖြင့် ကိုယ်တော်၏ အလုပ်ဖြစ်သည်။ သင်သည် ဤအချက်ကို ရှင်းလင်းစွာ သိသင့်သည်။ ဝိညာဉ်တော်၏ အလုပ်မှာ အခြေအနေများအလိုက် ကွဲပြားသည်။ ကိုယ်တော်၏ လူသားအလုပ်ကို လိုအပ်လာသောအခါ ဝိညာဉ်တော်က ဤလူသားအလုပ်ကို ညွှန်ပြပြီး၊ ကိုယ်တော်၏ ဘုရားသဘောသဘာဝနှင့် ဆိုင်သော အလုပ်က လိုအပ်လာသောအခါ ထိုအမှုကို တိုက်ရိုက် လုပ်ဆောင်ရန် ဘုရား၏ သဘောသဘာဝက ပေါ်လာသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် လူ့ဇာတိအထဲတွင် အလုပ်လုပ်ပြီး လူ့ဇာတိအထဲတွင် ပေါ်လာသောကြောင့် သူသည် လူ့သဘာဝအားဖြင့် လည်းကောင်း၊ ဘုရား၏ သဘောသဘာဝ အားဖြင့်လည်းကောင်း နှစ်မျိုးလုံးအားဖြင့် အလုပ်လုပ်သည်။ လူသားတို့၏ သွေးသားလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် လည်းကောင်း၊ လူသားနှင့် ကိုယ်တော်ကြား ဆက်ဆံရေးကို လွယ်ကူချောမောစေရန် အတွက်လည်းကောင်း၊ ဘုရားသခင်၏ လက်တွေ့အရှိတရားနှင့် သာမန်ဖြစ်မှုတို့ကို ၎င်းတို့ရှုမြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းကြွလာကာ၊ လူသားတို့ အကြားတွင် ရှိပြီး၊ လူသားတို့နှင့်အတူ နေထိုင်ကာ၊ လူသားတို့နှင့် ဆက်ဆံသည်ကို ၎င်းတို့ တွေ့မြင်ခွင့်ကို ပေးရန်အတွက် လည်းကောင်း၊ လူ့သဘောသဘာဝရှိ ကိုယ်တော်၏အလုပ်ကို ဝိညာဉ်တော်က လမ်းညွှန်ပေးသည်။ ကိုယ်တော်၏ ဘုရား သဘောသဘာဝရှိ အလုပ်သည် လူသားတို့အတွက် အသက်ကို ထောက်ပံ့ပေးရန်၊ လူသားတို့၏ စိတ်သဘောထားများကို ပြောင်းလဲ၍ လူ့ဇာတိထဲ၌ ဝိညာဉ်တော်၏ ပေါ်ပေါက်လာမှုကို အမှန်အတိုင်း ရှုမြင်ဖို့ အခွင့်ပေးခြင်းအားဖြင့် အပြုသဘော ဆောင်သည့်ဘက်မှ လူသားတို့ကို အရာရာအတွက် လမ်းညွှန်ပေးရန် ဖြစ်သည်။ အဓိကမှာ လူသားတို့၏ အသက်တာ၌ ကြီးထွားမှုသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် နှုတ်ကပတ်တော်များမှ တစ်ဆင့် တိုက်ရိုက် စွမ်းဆောင်ရရှိ နိုင်သည်။ လူများသည် ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို လက်ခံမှသာ ၎င်းတို့သည် မိမိတို့၏ စိတ်သဘောထား ပြောင်းလဲခြင်းများကို စွမ်းဆောင်ရရှိ နိုင်ပါလိမ့်မည်။ ထိုအခါမှသာ ၎င်းတို့၏ ဝိညာဉ်ထဲတွင် ဆန္ဒပြည့်ဝနိုင်ပါသည်။ ဘုရားသခင်၏ ထိန်းကျောင်းမှု၊ ပံ့ပိုးမှုနှင့် လူ့သဘာဝထဲရှိ ထောက်ပံ့မှုများအတွင်းသို့ လူ့သဘာဝရှိ အလုပ်ကို ပေါင်းစပ်မှသာလျှင် ဘုရားသခင်၏ အမှုတော်၏ ရလဒ်ကို အပြည့်အဝ ရရှိနိုင်ပါသည်။ ယနေ့ပြောသည့် လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်မှာ လူ့သဘာဝ အားဖြင့်ရော ဘုရား၏ သဘောသဘာဝ အားဖြင့်ပါ အလုပ်လုပ်သည်။ လက်တွေ့ကျသော ဘုရားသခင် ပေါ်လာခြင်းဖြင့် ကိုယ်တော်၏ ပုံမှန် လူသားအလုပ်နှင့် အသက်တာ၊ ကိုယ်တော်၏ ပြီးပြည့်စုံသည့် ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်တို့ကို ရရှိအောင်မြင်သည်။ ကိုယ်တော်၏ လူ့သဘာဝနှင့် ဘုရား၏ သဘောသဘာဝတို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းထားပြီး၊ ထိုနှစ်ခုလုံး ၏ အလုပ်မှာ နှုတ်ကပတ်တော်အားဖြင့် ပြီးမြောက်သည်။ လူ့သဘာဝတွင် ဖြစ်စေ၊ ဘုရား၏ သဘောသဘာဝတွင် ဖြစ်စေ ကိုယ်တော်သည် နှုတ်ကပတ်တော်များကို မြွက်ဆိုသည်။ ဘုရားသခင်သည် လူ့သဘာဝ ထဲတွင် အလုပ်လုပ်သောအခါ လူသားမျိုးနွယ်၏ ဘာသာစကားကို ပြောသည်။ သို့မှသာ လူသားတို့ စိတ်ဝင်စားပြီး နားလည်ကြပါလိမ့်မည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်တို့ကို ရိုးရှင်းစွာ ပြောထားပြီး၊ နားလည်ရလွယ်သည့်အတွက် ယင်းတို့ကို လူအားလုံးတို့ထံ ထောက်ပံ့ပေးနိုင်သည်။ ဤလူများသည် အသိပညာ ကြွယ်ဝသည်ဖြစ်စေ၊ ပညာရေးအားနည်းသည် ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို သူတို့အားလုံး လက်ခံရရှိနိုင်ကြသည်။ ဘုရား၏ သဘောသဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကို နှုတ်ကပတ်တော်များမှ တစ်ဆင့် ဆောင်ရွက်သည်။ ထိုအလုပ်မှာ ထောက်ပံ့ခြင်းနှင့် ပြည့်ဝသည်။ အသက်နှင့် ပြည့်ဝသည်။ ထိုအလုပ်၌ လူသားတို့ အကြံဉာဏ်များဖြင့် စွန်းထင်းခြင်းမရှိ။ လူသားတို့ နှစ်သက်မှုများ မပါဝင်။ ထို့ပြင် လူသားတို့၏ အကန့်အသတ်များ မပါရှိ။ သာမန် လူ့သဘာဝ၏ ဘောင်အတိုင်းအတာ အပြင်ဘက်တွင် ရှိ၏။ ထိုအလုပ်ကို လူ့ဇာတိထဲ၌လည်း ဆောင်ရွက်သည်။ သို့သော် ၎င်းသည် ဝိညာဉ်တော်၏ တိုက်ရိုက် ဖော်ပြချက် ဖြစ်သည်။ အကယ်၍ လူသားတို့သည် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်ကိုသာလျှင် လက်ခံပါက၊ ၎င်းတို့သည် အချို့သော နယ်ပယ်အတွင်းတွင် မိမိကိုယ်မိမိ ကန့်သတ်ထားလိမ့်မည် ဖြစ်ပါသည်။ ထို့ကြောင့် ၎င်းတို့တွင် အနည်းငယ် ပြောင်းလဲသွားဖို့ရာ ရေရှည် ကိုင်တွယ်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းတို့ လိုပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် သို့မဟုတ် သန့်ရှင်းသော ဝိညာဉ်တော်၏ မျက်မှောက်တော် မပါလျှင် သူတို့သည် လမ်းဟောင်းများကိုသာ အမြဲတမ်း ခိုကိုးနေပါလိမ့်မည်။ ဘုရားသဘောသဘာဝ၏ အလုပ်ဖြင့်သာ ဤရောဂါများနှင့် ချို့တဲ့ခြင်းတို့ကို ပြုပြင်နိုင်ပါလိမ့်မည်။ ထိုအခါမှသာ လူသားများ ပြီးပြည့်စုံနိုင်ပါသည်။ ကိုင်တွယ်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို အားဖြည့်ခြင်းအစား၊ အပြုသဘောဆောင်သည့် အထောက်အပံ့သာ လိုပါသည်။ ချို့ယွင်းချက်များ ကို ပြန်လည်ပြုပြင်ရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အခြေအနေတိုင်းကို ဖော်ပြရန် နှုတ်ကပတ်တော်ကို အသုံးပြုခြင်း၊ လူသားတို့၏ အသက်တာများ၊ လူသားတို့၏ ဖွင့်ဟချက်တိုင်း၊ လူသားတို့၏ အပြုအမူတိုင်းကို လမ်းညွှန်ရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်း၊ လူသားတို့၏ ကြံရွယ်ချက်များ ရည်ရွယ်ချက်များကို ဖော်ထုတ်ပြသရန် နှုတ်ကပတ်တော်များကို အသုံးပြုခြင်းတို့ လိုအပ်သည်။ ဤသည်မှာ လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်အစစ်အမှန် ဖြစ်သည်။ ထို့ကြောင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် သင့်သဘောထားတွင် သင်သည် ကိုယ်တော်၏ လူ့သဘာဝ ရှေ့မှောက်တွင် အညံ့ခံပြီး ကိုယ်တော့်ကို အသိအမှတ်ပြု လက်ခံသင့်သည်။ ထို့အပြင် ဘုရား၏ သဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် နှုတ်ကပတ်တော်များ ကိုလည်း လက်ခံကာ နာခံသင့်သည်။ ဘုရားသခင်၏ လူ့ဇာတိ၌ ပေါ်လာမှု ဆိုသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော် အားလုံးတို့သည် ကိုယ်တော်၏ ပုံမှန်လူ့သဘာဝနှင့် ကိုယ်တော် ခံယူသော ဇာတိခန္ဓာမှတစ်ဆင့် လုပ်ဆောင်သည်ဟု ဆိုလိုသည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ကိုယ်တော်၏ လူသားအလုပ်ကို လမ်းညွှန်ပြီး လူ့ဇာတိထဲရှိ ဘုရားသဘောသဘာဝ၏ အလုပ်ကို လုပ်ဆောင်သည်။ လူ့ဇာတိကို ခံယူသော ဘုရားသခင်ထံတွင် လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အကြွင်းမဲ့ဖြစ်သော အလုပ်၊ ဤနှစ်မျိုးလုံးကို သင်တွေ့နိုင်သည်။ ဤသည်မှာ လက်တွေ့ကျသော လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့်ဆိုင်သည့် တကယ့် လက်တွေ့ကျသော အရေးပါမှုဖြစ်ပါသည်။ ဤအချက်ကို သင်ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက၊ ဘုရားသခင်၏ အမျိုးမျိုးသော ကဏ္ဍအားလုံးတို့နှင့် သင်ဆက်သွယ်နိုင်ပါ လိမ့်မည်။ ဘုရား၏ သဘောသဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အကောင်းဆုံး အလွန်အကျွံရှုမြင်ခြင်းနှင့် လူ့သဘာဝထဲရှိ ကိုယ်တော်၏ အလုပ်ပေါ်တွင် အထင်အမြင် အလွန်သေးခြင်းတို့ကို သင်ရပ်တန့်လိမ့်မည် ဖြစ်ပြီး၊ အစွန်းမရောက်ဘဲ လမ်းမလွဲသွားဘဲ နေမည်ဖြစ်သည်။ ယေဘုယျအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ အနက်အဓိပ္ပာယ်မှာ ဝိညာဉ်တော်က လမ်းညွှန်ပေးသော ကိုယ်တော်၏ လူ့သဘာဝ အလုပ်နှင့် ဘုရား၏ သဘောသဘာဝ အလုပ်တို့ကို သူ၏ လူ့ဇာတိမှတစ်ဆင့် ဖော်ပြခြင်းဖြစ်သည်။ ထို့ကြောင့် လူသားများက ကိုယ်တော်သည် ထင်ရှားကြောင်း၊ အသက်ရှိကြောင်းနှင့် စစ်မှန်ကြောင်း၊ အမှန်တကယ်ဖြစ်ကြောင်း မြင်တွေ့ရမည် ဖြစ်ပါသည်။

လူ့သဘာဝထဲရှိ ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်တွင် တိုးတက်ပြောင်းလဲ ဖြစ်ပေါ်မှု အဆင့်များရှိသည်။ လူ့သဘာဝကို ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းဖြင့် ဝိညာဉ်တော်၏ လမ်းညွှန်မှုကို သူ၏ လူ့သဘာဝမှ လက်ခံရရှိနိုင်ရန် ကိုယ်တော်လုပ်ဆောင်သည်။ ထို့နောက်တွင် ကိုယ်တော်၏ လူ့သဘာဝသည် အသင်းတော်များကို ပံ့ပိုးခြင်းနှင့် ဦးဆောင်လမ်းပြခြင်းတို့ကို လုပ်ဆောင်နိုင်၏။ ယင်းမှာ ဘုရားသခင်၏ ပုံမှန်အလုပ်၏ ဖော်ပြချက်တစ်ခု ဖြစ်သည်။ ထို့ကြောင့် လူ့သဘာဝထဲရှိ ဘုရားသခင် အလုပ်၏ စည်းမျဉ်းဥပဒေသများကို သင်ရှင်းရှင်းလင်းလင်း မြင်နိုင်မှ၊ လူ့သဘာဝထဲရှိ ဘုရားသခင်၏ အလုပ်အကြောင်းနှင့် ပတ်သက်သည့် အယူအဆများရှိရန် သင်၌အလားအလာ မရှိမည်ဖြစ်သည်။ အခြား မည်သည့်အရာကိုမျှ အမှုထားရန်မလို၊ ဘုရားသခင်၏ ဝိညာဉ်တော်မှာ မမှားယွင်းနိုင်။ ကိုယ်တော်သည် အမှားအယွင်းမရှိ မှန်ကန်ပါ၏။ ကိုယ်တော်သည် မည်သည့်အရာကိုမျှ မမှန်မကန် လုပ်မည်မဟုတ်။ ဘုရား၏ သဘောသဘာဝနှင့် ဆိုင်သော အလုပ်သည် လူ့သဘာဝ၏ စွက်ဖက်ချက်မပါသော ဘုရားသခင် အလိုတော်၏ တိုက်ရိုက် ဖော်ပြ မှုဖြစ်သည်။ ပြီးပြည့်စုံအောင် မပြုလုပ်ထားဘဲ ဝိညာဉ်တော်မှ တိုက်ရိုက်လာခြင်းဖြစ်သည်။ ကိုယ်တော်သည် ဘုရား၏ သဘောသဘာဝ၌ အလုပ်လုပ်နိုင်ခြင်းမှာ ကိုယ်တော်၏ ပုံမှန် လူ့သဘာဝ ကြောင့်ဖြစ်သည်။ သဘာဝလွန်ဖြစ်ရပ် စိုးစဉ်းမျှပင် မဟုတ်ပါချေ။ သာမန်လူသား တစ်ယောက်က လုပ်ဆောင်ထားသည့်ပုံရသည်။ ဘုရားသခင်သည် ကောင်းကင်ဘုံမှ မြေကြီးပေါ် ကြွလာသည့် အဓိက အကြောင်းရင်းမှာ လူ့ဇာတိမှတစ်ဆင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖော်ပြရန်နှင့် လူ့ဇာတိကို အသုံးပြုခြင်းအားဖြင့် ဘုရားသခင် ဝိညာဉ်တော်၏ အလုပ်ကို ပြီးပြည့်စုံစေရန် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၅)

ယနေ့တွင် လက်တွေ့ကျသော ဘုရားသခင်အကြောင်း လူသားတို့၏ အသိပညာမှာ တစ်ဖက်သတ်ဆန်လွန်းပြီး၊ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုကို သူတို့၏ နားလည်မှုမှာလည်း အင်မတန် သေးနုပ်လှသည်။ ဘုရားသခင်၏ လူ့ဇာတိနှင့် ပတ်သက်လာလျှင်၊ ကိုယ်တော်၏ အလုပ်နှင့် နှုတ်ကပတ်တော်များ မှတစ်ဆင့် ဘုရားသခင်၏ ဝိညာဉ်တော်သည် ထိုသို့သော ကြွယ်ဝမှု များစွာပါဝင်သည်ကို လူများ မြင်တွေ့ရသည်။ သို့သော်လည်း၊ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သက်သေခံချက်သည် ဘုရားသခင်၏ ဝိညာဉ်တော်မှ အခြေခံအားဖြင့် လာပါသည်။ လူ့ဇာတိ၌ ဘုရားသခင် မည်သည့် အလုပ်ကို လုပ်သည်၊ မည်သည့် စည်းမျဉ်း ဥပဒေသများနှင့် လုပ်သည်၊ လူ့သဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည်၊ ဘုရားသခင်၏ သဘောသဘာဝ၌ မည်သည့်အရာကို လုပ်ဆောင်သည် စသည်တို့ ဖြစ်သည်။ လူတို့သည် ဤအကြောင်းကို သိနားလည်ရမည်။ ယနေ့တွင် ဤပုဂ္ဂိုလ်တော်ကို သင်ကိုးကွယ် နိုင်သော်လည်း၊ အမှန်စင်စစ်တွင် ဝိညာဉ်တော်ကို သင်ကိုးကွယ်နေခြင်း ဖြစ်ပါသည်။ ဘုရားသခင် လူ့ဇာတိခံယူခြင်းအကြောင်း လူသားတို့ အနည်းဆုံး ဤအချက်ကို သိသင့်သည်။ လူ့ဇာတိကို ခံယူသော ဝိညာဉ်တော်၏ အနှစ်သာရကိုသိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်နှင့် လူ့ဇာတိထဲရှိ လူသားအလုပ်တို့ကို သိခြင်း၊ လူ့ဇာတိထဲရှိ ဝိညာဉ်တော်၏ နှုတ်ကပတ်တော်များနှင့် ဖွင့်ဆိုချက်များ အားလုံးကို လက်ခံခြင်းနှင့် လူ့ဇာတိကို ဘုရားသခင်၏ ဝိညာဉ်တော်မှ လမ်းညွှန်ပုံနှင့် လူ့ဇာတိထဲတွင် ကိုယ်တော်၏ တန်ခိုးတော်ကို ပြသပုံတို့ကို တွေ့မြင်ခြင်းတို့ ဖြစ်ပါသည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိမှတစ်ဆင့် လူသားတို့သည် ကောင်းကင်ဘုံရှိ ဝိညာဉ်တော်ကို သိလာကြသည်။ လူသားတို့ အကြားရှိ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်၏ ပေါ်ထွန်းလာမှုသည် လူတို့၏ အယူအဆများထဲရှိ မရေရာသော ဘုရားသခင် ကိုယ်တော်တိုင်ကို ပပျောက်စေသည်။ လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို လူသားတို့ ကိုးကွယ်ခြင်းသည် ဘုရားသခင်အပေါ် ၎င်းတို့၏ နာခံမှုကို တိုးပွားစေသည်။ လူ့ဇာတိရှိ ဘုရားသခင် ဝိညာဉ်တော်၏ ဘုရားသဘောသဘာဝနှင့် သက်ဆိုင်သော အလုပ်၊ လူ့ဇာတိထဲရှိ လူသားအလုပ်တို့ မှတစ်ဆင့် လူသားတို့သည် ဗျာဒိတ်တော်နှင့် ဖြည့်တင်းပေးမှုကို ရရှိပြီး မိမိအသက်စိတ်သဘောထား ပြောင်းလဲခြင်းကို ရရှိသည်။ ဤသည်သာလျှင် ဝိညာဉ်တော် လူ့ဇာတိထဲ ကြွလာခြင်း၏ အနက်အဓိပ္ပာယ်အမှန် ဖြစ်သည်။ ယင်းမှာအဓိကအားဖြင့် လူတို့သည် ဘုရားသခင်နှင့် ထိတွေ့၍၊ ဘုရားသခင်ကို ကိုးစားပြီး ဘုရားသခင်အကြောင်း အသိပညာတို့ကို ကြိုးပမ်းရရှိရန် ဖြစ်သည်။

အဓိကအချက်အားဖြင့် လက်တွေ့ကျသော ဘုရားသခင်အပေါ် လူသားတို့ မည်သည့် သဘောထား ထားသင့်သနည်း။ လူ့ဇာတိ ခံယူခြင်းအကြောင်း၊ လူ့ဇာတိ၌ နှုတ်ကပတ်တော် ပေါ်ထွန်းလာခြင်း အကြောင်း၊ လူ့ဇာတိထဲ ဘုရားသခင်၏ ပေါ်ထွန်းလာခြင်း၊ လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များအကြောင်း သင်ဘာသိသနည်း။ ယနေ့အခါတွင် အဘယ်အကြောင်းကို အဓိက ပြောကြသနည်း။ လူ့ဇာတိခံယူခြင်း၊ နှုတ်ကပတ်တော် လူ့ဇာတိသို့ ရောက်လာခြင်းနှင့် လူ့ဇာတိ၌ ဘုရားသခင်၏ ပေါ်ထွန်းခြင်း၊ ဤအကြောင်းအရာများ အားလုံးကို နားလည်ရမည်။ သင်တို့၏ ဝိညာဉ်အသက်တာနှင့် ခေတ်တို့ကို အခြေခံ၍ သင်တို့ဘဝ အတွေ့အကြုံများ အတောအတွင်း ဤအကြောင်းအရာများကို သင်တို့ တဖြည်းဖြည်း နားလည်လာရမည်။ ယင်းတို့အကြောင်း ရှင်းလင်းသည့် အသိပညာ ရှိရမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူသားတို့တွေ့ကြုံရသည့် ဖြစ်စဉ်မှာ လူ့ဇာတိ၌ ဘုရားသခင်၏ နှုတ်ကပတ်တော် ပေါ်ထွန်းမှုကို သူတို့သိကြသည့် ဖြစ်စဉ်အတိုင်းပင် ဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လူတို့အနေဖြင့် ကြုံတွေ့ခံစားရလေလေ၊ ဘုရားသခင်၏ ဝိညာဉ်တော်ကို သူတို့ ပိုမိုသိလာလေလေ ဖြစ်သည်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ခံစားခြင်းမှတစ်ဆင့် ဝိညာဉ်တော်အလုပ်၏ စည်းမျဉ်း ဥပဒေသများ ကို လူတို့သည် နားလည်သဘောပေါက် လာနိုင်မည်ဖြစ်ပြီး လက်တွေ့ကျသော ဘုရားသခင် ကိုယ်တော်တိုင်ကို သိလာမည် ဖြစ်ပါသည်။ အမှန်တကယ်တွင် ဘုရားသခင်သည် လူတို့ကို စုံလင်အောင်ပြုလုပ်၍ ၎င်းတို့ကို ရယူသောအခါတွင် ၎င်းတို့ကို လက်တွေ့ကျသော ဘုရားသခင်၏ ဆောင်ရွက်ချက်များကို သိစေခြင်းဖြစ်သည်။ လူ့ဇာတိခံယူခြင်း၏ အမှန်တကယ် အရေးပါမှုနှင့် လူသားတို့ရှေ့မှောက်တွင် ဘုရားသခင်၏ ဝိညာဉ်တော် အမှန်တကယ် ပေါ်ထွန်းလာကြောင်း ပြသဖို့ရန်အတွက် လက်တွေ့ကျသော ဘုရားသခင်၏ အလုပ်ကို သူအသုံးပြုနေခြင်းဖြစ်သည်။ လူသားတို့ကို ဘုရားသခင် ရယူပြီးနောက် ၎င်းတို့ကို ဘုရားသခင်က စုံလင်အောင်ပြုပြီးသောအခါ၊ လက်တွေ့ကျသော ဘုရားသခင်၏ ဖော်ထုတ်ပြသမှုများက ၎င်းတို့ကို သိမ်းပိုက်သွားသည်၊ လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များက ၎င်းတို့ကို ပြောင်းလဲစေပြီး၊ ၎င်းတို့အထဲတွင် ကိုယ်တော်၏ အသက်ကိုပေးသည်။ ကိုယ်တော်၏ ဖြစ်ခြင်းနှင့် (ကိုယ်တော်၏ လူ့သဘာဝဖြစ်ခြင်းဖြစ်စေ၊ သို့မဟုတ် ဘုရားသဘာဝဖြစ်ခြင်းဖြစ်စေ) ၎င်းတို့ကို ဖြည့်ပေးသည်၊ ကိုယ်တော့် နှုတ်ကပတ်တော်တို့၏ အနှစ်သာရဖြင့် ၎င်းတို့ကို ပြည့်စေပြီး၊ လူသားတို့ကို ကိုယ်တော်၏ နှုတ်ကပတ်တော်အား လက်တွေ့ကျင့်သုံး သွားစေသည်။ ဘုရားသခင်သည် လူသားတို့ကို ရယူသည့်အခါ၊ လူသားတို့၏ ချို့တဲ့မှုများကို ကိုင်တွယ်ဆုံးမဖို့ရန်၊ ၎င်းတို့၏ ပုန်ကန်တတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် တရားစီရင်ဖို့ရန်၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် မိန့်မြွက်ချက်များကို ကိုယ်တော် အသုံးပြုပါသည်၊ ယင်းသို့ပြုခြင်းဖြင့် သူတို့လိုအပ်သည်များကို ရရှိစေပြီး၊ ဘုရားသခင်သည် လူသားတို့ အကြားတွင် ကြွလာကြောင်း ပြသပါသည်။ အရေးအကြီးဆုံးမှာ၊ လက်တွေ့ကျသော ဘုရားသခင်၏ ပြီးမြောက်သော အလုပ်သည် စာတန်၏ လွှမ်းမိုးမှုမှ လူအယောက်စီတိုင်းကို ကယ်တင်ခြင်းဖြစ်ပြီး၊ ၎င်းတို့ကို ညစ်ညူးသော နယ်မြေမှ အဝေးသို့ ခေါ်ဆောင်၍ ဖောက်ပြန်တတ်သော စိတ်သဘောထားတို့ကို လွင့်ပြယ်စေခြင်းဖြစ်သည်။ လက်တွေ့ကျသော ဘုရားသခင်၏ ရယူခြင်း ခံရမှုနှင့်ဆိုင်သည့် အလေးနက်ဆုံးသော အရေးပါမှုသည် လက်တွေ့ကျသော ဘုရားသခင်ကို စံပြအဖြစ်၊ နမူနာအဖြစ် ယူနိုင်၍ ပုံမှန်လူ့သဘာဝကို နေထိုင်သွားနိုင်ခြင်းဖြစ်သည်၊ နှုတ်ကပတ်တော်များ နှင့် လက်တွေ့ကျသော ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း လက်တွေ့ကျင့်ကြံနေထိုင်နိုင်ပြီး သွေဖည်ခြင်း၊ သို့မဟုတ် ခွဲသွေခြင်း အနည်းငယ်မျှ မရှိဘဲ၊ ကိုယ်တော်ပြောသမျှကို လက်တွေ့ကျင့်ကြံခြင်းနှင့် ကိုယ်တော်တောင်းဆိုသမျှကို ရယူအောင်နိုင်ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် ဘုရားသခင်၏ ရယူခြင်း ခံရပါလိမ့်မည်။ သင်သည် ဘုရားသခင်၏ ရယူခြင်းကို ခံရသောအခါ၊ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ်ကိုသာ သင်ပိုင်ဆိုင်ရုံမျှ မကတော့ပါ၊ အဓိကအားဖြင့် လက်တွေ့ကျသော ဘုရားသခင်၏ လိုအပ်ချက်များ အတိုင်း သင်နေထိုင်နိုင်ပါလိမ့်မည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ အလုပ် ရှိရုံမျှဖြင့် သင့်တွင် အသက်တာရှိပြီဟု မဆိုလိုပါ။ အဓိကကျသော အချက်မှာ ဘုရားသခင်က သင့်ကို ရယူနိုင်ခြင်း ရှိ၊ မရှိနှင့် သက်ဆိုင်သည့် လက်တွေ့ကျသော ဘုရားသခင်၏ သင်နှင့်ပတ်သက်သော လိုအပ်ချက်များ အတိုင်း လုပ်ဆောင်မှု ရှိ၊ မရှိ ဖြစ်သည်။ ဤအချက်များမှာ လက်တွေ့ကျသော ဘုရားသခင်၏ လူ့ဇာတိရှိ အလုပ်၏ အကြီးမြတ်ဆုံးသော အဓိပ္ပာယ်များပင် ဖြစ်ပါသည်။ စစ်မှန်စွာ၊ အမှန်တကယ် လူ့ဇာတိတွင် ပေါ်ထွန်းခြင်းနှင့် ထင်ရှားပြီး၊ အသက်ရှိကာ လူသားတို့ မြင်တွေ့နိုင်ခြင်းဖြင့်၊ လူ့ဇာတိထဲတွင် ဝိညာဉ်တော်၏ အလုပ်ကို ဧကန်အမှန် လုပ်ဆောင်ခြင်းအားဖြင့်၊ လူများကို လူ့ဇာတိထဲ၌ စံနမူနာအဖြစ် လုပ်ဆောင်ခြင်းအားဖြင့်၊ လူအုပ်စုတစ်စုကို ဘုရားသခင် ရယူသည်ဟု ပြော၍ရသည်။ လူ့ဇာတိထဲသို့ ဘုရားသခင် ရောက်ရှိလာခြင်းသည် အဓိကအားဖြင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်မှုများကို လူသားတို့ တွေ့မြင်နိုင်စေရန်၊ ပုံပန်းသဏ္ဌာန် မရှိသည့် ဝိညာဉ်တော်ကို လူ့ဇာတိထဲ၌ အကောင်အထည် ပေါ်စေရန်ဖြစ်ပြီး၊ ကိုယ်တော့်ကို လူသားများ မြင်တွေ့ခွင့်နှင့် ထိကိုင်ခွင့်ကို ပေးရန်ဖြစ်သည်။ ဤနည်းအားဖြင့် ကိုယ်တော်က ပြီးပြည့်စုံအောင် လုပ်ပေးခြင်းခံရသော ၎င်းတို့သည် ကိုယ်တော်နှင့်သာ နေ၍၊ ၎င်းတို့သည် ကိုယ်တော်အားဖြင့် ရယူခြင်းခံရကာ၊ ကိုယ်တော့်နှလုံးသားနှင့် ညီနိုင်ပါလိမ့်မည်။ အကယ်၍ ဘုရားသခင်သည် ကောင်းကင်ဘုံတွင်သာ စကားပြောပါက၊ မြေကြီးပေါ်သို့ အမှန်တကယ် ကြွလာခြင်း မရှိခဲ့ပါက၊ ဘုရားသခင်ကို လူများသိခြင်းငှာ မတတ်နိုင်ဘဲ ရှိပါလိမ့်မည်။ သူတို့သည် အနှစ်မဲ့သော သီအိုရီကိုသာ အသုံးပြု၍ ဘုရားသခင်၏ လုပ်ဆောင်ချက်များကို ဟောပြောနိုင်ပါ လိမ့်မည်။ လက်တွေ့အဖြစ် ဘုရားသခင်၏ နှုတ်ကပတ်တော်များ ရှိမည်မဟုတ်ပေ။ အဓိကအားဖြင့် ဘုရားသခင် ရယူအောင်နိုင်သည့် သူများအတွက် စံပြအဖြစ် နမူနာအဖြစ် လုပ်ဆောင်ရန် ဘုရားသခင် မြေကြီးပေါ်သို့ ကြွလာခဲ့ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့်သာ ဘုရားသခင်ကို လူသားတို့ ဧကန်အမှန် သိလာနိုင်သည်၊ ဘုရားသခင်ကို တို့ထိနိုင်ပြီး၊ ကိုယ်တော်ကို မြင်နိုင်သည်။ ထိုအခါမှသာ ဘုရားသခင်သည် သူတို့ကို စစ်မှန်စွာ ရရှိအောင်နိုင်လာပါသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လက်တွေ့ကျသော ဘုရားသခင်ဆိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင် ဖြစ်သည်ကို သင်သိသင့်သည်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၆)

လူ့ဇာတိခံ ဘုရားသခင်၏ အမှု၌ အစိတ်အပိုင်း နှစ်ခုပါဝင်သည်။ သူလူ့ဇာတိကိုခံယူခဲ့သည့် ပထမအကြိမ်တွင် လူတို့သည် သူ့ကိုမယုံကြည်ခဲ့ကြ၊ မသိရှိခဲ့ကြဘဲ ယေရှုကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲရိုက်နှက်ခဲ့ကြ၏။ ဒုတိယ အကြိမ်တွင်လည်း လူတို့ သူ့ကို မယုံကြည်ခဲ့ကြ၊ သာ၍ပင် မသိရှိခဲ့ကြဘဲ၊ တစ်ဖန် ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် သံမှိုစွဲခဲ့ကြပြန်၏။ လူသားသည် ဘုရားသခင်၏ ရန်သူဖြစ်သည် မဟုတ်လော။ လူသားသည် သူ့ကို မသိလျှင်၊ အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ သူသည် အဘယ်သို့ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်း ရှိနိုင်မည်နည်း။ ဘုရားသခင်ကို ချစ်၏၊ ဘုရားသခင်ကို အစေခံ၏၊ ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေ၏ဟူသော ပြောဆိုချက်များ အားလုံးတို့သည် လှည့်ဖြားသော မုသားများ ဖြစ်သည် မဟုတ်လော။ သင်သည် ဤသဘာဝမကျ၊ လက်တွေ့မကျသော အရာများထံ သင့်ဘဝကို ပေးအပ်မြှုပ်နှံထားလျှင် သင်အချည်းနှီး ကြိုးပမ်းအားထုတ်သည် မဟုတ်လော။ ဘုရားသခင် အဘယ်သူ ဖြစ်သည်ကိုပင်လျှင် သင်မသိချိန် သင်သည် မည်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်နိုင်မည်နည်း။ ထိုကဲ့သို့ လိုက်စားခြင်းသည် မရေမရာနှင့် စိတ်ကူးသက်သက်ဖြစ်သည် မဟုတ်လော။ လှည့်ဖြားသောအရာ မဟုတ်လော။ လူတစ်ဦးသည် အဘယ်သို့ ဘုရားသခင်၏ အကျွမ်းဝင်သူ တစ်ဦး ဖြစ်နိုင်သနည်း။ ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ သင်သည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သလော။ ဝိညာဉ်သည် အဘယ်မျှ ကြီးမြတ်ကာ အဆင့်မြင့်သည်ကို သင်မြင်နိုင်သလော။ မမြင်နိုင်သော၊ လက်ဆုပ်လက်ကိုင်ပြ၍မရနိုင်သော ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ဖို့- ယင်းမှာ စမ်းတဝါးဝါး နှင့် စိတ်ကူးသက်သက် ဖြစ်သည် မဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ လက်တွေ့ကျသော အရေးပါမှုမှာ မည်သည့်အရာနည်း။ အားလုံးက လှည့်ဖြားသော မုသားများဖြစ်သည် မဟုတ်လော။ သင် လိုက်စားသောအရာမှာ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ဖို့ရန်ဖြစ်သည်၊ သို့သော် သင်သည် ဘုရားသခင်ကို မသိသလို၊ မမြင်နိုင်၊ လက်ဆုပ်လက်ကိုင် မပြနိုင်သော၊ သင်၏ ကိုယ်ပိုင်ယူဆချက်များ၏ ရလဒ်တစ်ခု ဖြစ်သည့် မတည်ရှိသော “အရာခပ်သိမ်းတို့၏ ဘုရားသခင်ကို” လိုက်စားသည့်အတွက် အမှန်တွင် သင်သည် စာတန်၏ ခိုင်းဖတ်ဖြစ်လေသည်။ အကြမ်းဖျင်း ပြောရလျှင်၊ ထိုကဲ့သို့သော “ဘုရားသခင်” တစ်ပါးသည် စာတန်ဖြစ်ပြီး၊ လက်တွေ့ကျကျ ပြောရလျှင် ၎င်းမှာ သင်ကိုယ်တိုင်ဖြစ်၏။ သင်သည် သင်ကိုယ်တိုင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ကြိုးပမ်းသော်လည်း၊ ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ သင်ကြိုးစားသည် ဟုဆိုသေး၏- ယင်းမှာ ဘုရားသခင်ကို ပြစ်မှားခြင်းမဟုတ်လော။ ထိုကဲ့သို့ လိုက်စားခြင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိမခံယူခဲ့ပါက၊ ဘုရားသခင်၏ အနှစ်သာရသည် လူသားအတွက် မမြင်နိုင်၊ ထိတွေ့၍မရသော အသက်၏ ဝိညာဉ်၊ သဏ္ဌာန်မဲ့ပြီး ပုံဆောင်မဲ့၊ ရုပ်ခန္ဓာမဲ့အမျိုးအစား၊ ချဉ်းကပ်၍မရနိုင်၊ နားလည်၍မရနိုင်သော အရာတစ်ခုသာ ဖြစ်သည်။ လူသားသည် ဤကဲ့သို့ အကောင်အထည်မရှိ၊ အံ့သြဖွယ်၊ နားမလည်နိုင်ဖွယ်ဖြစ်သော ဝိညာဉ်တော်၏ အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ရယ်ဖွယ်တစ်ခု မဟုတ်လော။ ထိုသို့ အဓိပ္ပာယ်မရှိသော တွေးခေါ် မျှော်မြင်မှုသည် ယုတ္တိမတန်သလို လက်တွေ့လည်းမကျပေ။ အဖန်ဆင်းခံလူသားသည် ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပင်ကိုအားဖြင့် ကွဲပြားခြားနားသော အမျိုးအစားတစ်ရပ် ဖြစ်သောကြောင့်၊ ၎င်းတို့နှစ်ဦးသည် အဘယ်သို့ အကျွမ်းဝင်နိုင်ကြမည်နည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ၌ ဖြစ်ပေါ်မလာခဲ့လျှင်၊ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိမခံဘဲ အဖန်ဆင်းခံ တစ်ဦးဖြစ်လာခြင်းအားဖြင့် မိမိကိုယ်ကိုယ် မနှိမ့်ချခဲ့ပါလျှင်၊ အဖန်ဆင်းခံလူသားသည် သူ၏ အကျွမ်းဝင်သူတစ်ဦးဖြစ်ဖို့ရန် အရည်အချင်းလည်းမရှိ၊ အစွမ်းအစလည်း ရှိမည်မဟုတ်ပေ၊ ထို့အပြင် ၎င်းတို့၏ ဝိညာဉ်များ ကောင်းကင်နိုင်ငံထဲသို့ ဝင်ရောက်ပြီးနောက်တွင် ဘုရားသခင်၏အကျွမ်းဝင်သူများဖြစ်ဖို့ရန် အခွင့်အလမ်း ရရှိနိုင်သည့် ဘုရားတရားကိုင်းရှိုင်းသော ယုံကြည်သူများမှအပ၊ လူများစုသည် ဘုရားသခင်၏ ဝိညာဉ်၏ အကျွမ်းဝင်သူများ ဖြစ်လာကြဖို့ရန် တတ်စွမ်းနိုင်ကြလိမ့်မည် မဟုတ်ပါ။ ထို့ပြင် အကယ်၍ လူများသည် လူ့ဇာတိခံဘုရားသခင်၏ လမ်းညွှန်မှုအောက်မှ ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူများဖြစ်လာရန် ဆန္ဒရှိလျှင်၊ ၎င်းတို့သည် အံ့အားသင့်ဖွယ် ကောင်းစွာ မိုက်မဲသည့် လူမဟုတ်သူများ ဖြစ်သည် မဟုတ်လော။ လူများသည် မမြင်ရသောဘုရားကို လိုက်စားရသည်မှာ လွယ်ကူလွန်းလှသည့်အတွက်၊ မမြင်ရသော ဘုရားသခင်တစ်ပါးအား “သစ္စာရှိမှု” ကို လိုက်စားရုံသာ လိုက်စားပြီး မြင်ရသောဘုရားသခင်ကို အနည်းငယ်မျှ အလေးမထားပေ။ လူများသည် ၎င်းတို့နှစ်သက်သည့်အတိုင်း ဤအရာကို လုပ်ဆောင်နိုင်သော်လည်း၊ မြင်ရသော ဘုရားသခင်ကို လိုက်စားခြင်းမှာ လွယ်ကူလှသည် မဟုတ်ပေ။ မရေမရာ နှင့် စိတ်ကူးသက်သက်ဖြစ်သောအရာတို့သည် လူမှတွေးထင်ကြသည့် အရာအားလုံး ဖြစ်သောကြောင့် မရေရာသော ဘုရားသခင်တစ်ပါးကို ရှာဖွေသောသူသည် ဘုရားသခင်ကို ရရှိဖို့ရန် လုံးဝမတတ်စွမ်းနိုင်ပေ၊ ထို့အပြင် လူသားမှလည်း ရရှိနိုင်စွမ်း မရှိပေ။ သင်တို့အကြားတွင် ရောက်လာခဲ့သည့် ဘုရားသခင်သည် သင်တို့ လက်လှမ်း မမီနိုင်အောင် အလွန်မြင့်မားပြီး အဆင့်မြင့်သော ဘုရားသခင် ဖြစ်လျှင် သင်တို့သည် မည်သို့ သူ၏အလိုတော်ကို ရှာနိုင်မည်နည်း။ သင်တို့သည် မည်သို့ သူ့ကိုသိကျွမ်းပြီး နားလည်သဘောပေါက် ကြမည်နည်း။ သူသည် သူ၏အမှုကိုသာ လုပ်ဆောင်ပြီး လူသားနှင့် သာမန် အဆက်အသွယ် မရှိလျှင်၊ သို့မဟုတ် သာမန်လူ့သဘာဝကို ပိုင်ဆိုင်ခြင်းမရှိဘဲ၊ သေမျိုးသာသာဖြစ်သောသူတို့ ချဉ်းကပ် မရနိုင်သောသူ ဖြစ်လျှင်၊ သူသည် သင်တို့အတွက် အလုပ်များစွာပင် လုပ်ခဲ့သော်လည်း၊ သင်တို့သည် သူနှင့်အတူ အဆက်အသွယ် မရှိသလို သူ့ကို မမြင်နိုင်ခဲ့ကြလျှင်၊ သင်တို့သည် သူ့ကို အဘယ်သို့သိနိုင်ကြမည်နည်း။ သာမန်လူ့သဘာဝကို ပိုင်ဆိုင်သော ဤဇာတိပကတိအတွက်သာ မဟုတ်ခဲ့လျှင်၊ လူသားသည် ဘုရားသခင်ကို သိဖို့ နည်းလမ်းရှိလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်၏ လူ့ဇာတိခံခြင်းကြောင့်သာ လူသားသည် ဇာတိပကတိ၌ ရှိသော ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ရာ အရည်အချင်းရှိခြင်းဖြစ်သည်။ လူသားသည် သူနှင့် အဆက်အသွယ် ရှိလာသောကြောင့်၊ လူသားသည် သူနှင့်အတူတကွ အသက်ရှင်ပြီး၊ သူ၏အပေါင်းအသင်းအဖြစ် ဆက်ရှိကာ၊ သူ့ကို တဖြည်းဖြည်း သိလာသောကြောင့် ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်လာခြင်းဖြစ်သည်။ ထိုသို့မဟုတ်ခဲ့ပါလျှင်၊ လူသား၏ လိုက်စားမှုသည် အချည်းနှီးဖြစ်လိမ့်မည် မဟုတ်လော။ လူသားက ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်သည်မှာ ဘုရားသခင်၏ အမှုကြောင့် အားလုံးမဟုတ်ဘဲ၊ လူ့ဇာတိခံ ဘုရားသခင်၏ လက်တွေ့ကျမှုနှင့် သာမန်ဖြစ်ခြင်းကြောင့်ဟု ဆိုလိုခြင်း ဖြစ်သည်။ လူသားသည် မိမိတာဝန်ကို ထမ်းဆောင်ဖို့ အခွင့်အလမ်းရရှိပြီး စစ်မှန်သောဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရန် အခွင့်အလမ်း ရရှိသည်မှာ ဘုရားသခင်က လူ့ဇာတိခံယူ သောကြောင့်သာလျှင် ဖြစ်သည်။ ဤသည်မှာ လက်တွေ့အကျဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံး သမ္မာတရားဖြစ်သည် မဟုတ်လော။ ယခု သင်သည် ကောင်းကင်ဘုံက ဘုရားသခင်၏ အကျွမ်းဝင်သူဖြစ်ဖို့ ဆန္ဒရှိသေး သလော။ ဘုရားသခင်သည် မိမိကိုယ်ကိုယ် အဆင့်တစ်ခုအထိ နှိမ့်ချသောအခါမှသာ၊ ဆိုလိုသည်မှာ ဘုရားသခင်သည် လူ့ဇာတိခံယူ သောအခါမှသာ၊ လူသားသည် သူ၏အကျွမ်းဝင်သူနှင့် ယုံကြည်စိတ်ချရသူ ဖြစ်နိုင်ပေသည်။ ဘုရားသခင်သည် ဝိညာဉ်တော်နှင့် စပ်ဆိုင်၏- လူများသည် အလွန်ကြီးမြင့်ပြီး ခက်ခဲနက်နဲလှသော ဤဝိညာဉ်တော်နှင့် အကျွမ်းဝင်သူများဖြစ်ရန် အဘယ်သို့ အရည်အချင်း ရှိသနည်း။ ဘုရားသခင်၏ ဝိညာဉ်တော်သည် လူ့ဇာတိထဲသို့ ဆင်းသက်ပြီး လူသားကဲ့သို့ တူညီသော အပြင်ပန်းနှင့်အတူ ဖန်ဆင်းခံတစ်ဦး ဖြစ်လာသည့်အခါမှသာ လူများသည် သူ၏ အလိုတော်ကို နားလည်နိုင်ပြီး သူ၏ရယူခြင်းကို အမှန်တကယ် ခံရနိုင်မည်ဖြစ်သည်။ သူသည် လူ့ဇာတိဖြင့် ပြောဆိုလုပ်ကိုင်ပြီး၊ လူသားမျိုးနွယ်၏ ဝမ်းမြောက်ခြင်းများ၊ ဝမ်းနည်းခြင်းများနှင့် ဒုက္ခဆင်းရဲများကို မျှဝေခံစားပေးသည်၊ လူသားမျိုးနွယ်နေသည့် ကမ္ဘာတွင်ပင် အသက်ရှင်ပြီး၊ လူသားမျိုးနွယ်ကို အကာအကွယ်ပေးကာ ၎င်းတို့ကို လမ်းညွှန်ပေးသည်၊ ဤအရာမှတစ်ဆင့် သူသည် လူသားကို သန့်စင်စေကာ သူ၏ ကယ်တင်ခြင်းနှင့် ကောင်းချီးမင်္ဂလာတို့ကို ရရှိရန် လူသားကို ခွင့်ပြုလေသည်။ ဤအရာတို့ကို ရရှိခဲ့ပြီးနောက် လူများသည် ဘုရားသခင်၏အလိုတော်ကို အမှန်တကယ် နားလည်သဘောပေါက်ပြီး၊ ထိုအခါမှသာ သူသည် ဘုရားသခင်၏ အကျွမ်းဝင်သူတစ်ဦး ဖြစ်နိုင်ပေသည်။ ဤအရာသည်သာ လက်တွေ့ကျသောအရာဖြစ်သည်။ အကယ်၍ ဘုရားသခင်သည် လူများအဖို့ မမြင်နိုင်၊ မထိတွေ့နိုင်လျှင်၊ လူများသည် သူနှင့် အကျွမ်းဝင်သူ အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ အနှစ်မဲ့သောအယူဝါဒ မဟုတ်လော။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၇)

ဤကမ္ဘာမြေကို ဘုရားသခင် ကြွလာသည့်အချိန်တွင်၊ သူသည် ဘုရားသဘာဝ အတွင်း၌သာ သူ၏အမှုကို လုပ်ဆောင်လေသည်၊ ယင်းမှာ ကောင်းကင်ဘုံ၌ရှိသည့် ဝိညာဉ်တော်က လူ့ဇာတိခံ ဘုရားသခင်ကို ပေးအပ်ထားသည့်အရာ ဖြစ်သည်။ သူကြွလာသည့်အခါ၊ သူသည် ကွဲပြားခြားနားသော နည်းလမ်းများနှင့် မတူညီသော ရှုထောင့်အမြင်များမှ သူ၏မိန့်မြွက်ချက်များကို ဖွင့်ဟရန် တိုင်းပြည်အနှံ့ စကားပြော၏။ သူသည် လူသားကိုထောက်ပံ့ခြင်းနှင့် သွန်သင်ခြင်းတို့ကို သူ၏ရည်မှန်းချက်ပန်းတိုင်များနှင့် အမှုပြုခြင်း အခြေခံသဘောတရားများအဖြစ် အဓိကမှတ်ယူပြီး လူလူချင်း ဆက်ဆံရေးများ သို့မဟုတ် လူတို့ဘဝများ၏ အသေးစိတ် အကြောင်းအရာများကဲ့သို့သော အမှုအရာများကို စိတ်မဝင်စားပေ။ သူ၏အဓိကအမှုတော်မှာ ဝိညာဉ်တော်အတွက် စကားပြောပေးရန် ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိခန္ဓာ၌ ထင်သာမြင်သာ ပေါ်ထွန်းသောအခါတွင်၊ သူသည် လူသား၏အသက်တာအတွက်သာ ထောက်ပံ့ပေးပြီး သမ္မာတရားကို ထုတ်ပြန်ပေသည်။ သူသည် လူသား၏ အလုပ်၌ ပါဝင်ပတ်သက်ခြင်း မရှိချေ၊ ဆိုလိုသည်မှာ သူသည် လူသားမျိုးနွယ်၏ အလုပ်၌ မပါဝင်ပေ။ လူသားများသည် ဘုရား၏အလုပ်ကို မလုပ်နိုင်ကြသကဲ့သို့၊ ဘုရားသခင်သည် လူသားအလုပ်၌ မပါဝင်ပေ။ ဘုရားသခင်သည် သူ၏အမှုကို ဆောင်ရွက်ရန် ဤကမ္ဘာမြေသို့ ကြွလာခဲ့ကတည်းကစ၍ နှစ်များအားလုံးတွင် သူသည် လူတို့မှတစ်ဆင့် ထိုအမှုကို အမြဲ လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤလူတို့ကို လူ့ဇာတိခံ ဘုရားသခင်ဟု ယူဆ၍မရနိုင်ပေ- ဘုရားသခင်၏ အသုံးပြုခြင်းခံရသူများအဖြစ်သာ ယူဆ၍ ရနိုင်ပေသည်။ ထိုအချိန် အတောအတွင်းတွင်၊ ယနေ့၏ ဘုရားသခင်သည် ဝိညာဉ်တော်၏ အသံကို စေလွှတ်ပြီး ဝိညာဉ်တော် ကိုယ်စား အလုပ်လုပ်ရင်း၊ ဘုရားသဘောသဘာဝ၏ ရှုထောင့်မှ တိုက်ရိုက်စကားပြောနိုင်၏။ ထိုနည်းတူ၊ ခေတ်ကာလများ တစ်လျှောက် ဘုရားသခင် အသုံးပြုခဲ့သော သူအပေါင်းတို့သည် ဇာတိခန္ခာအတွင်း၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း၏ သာဓကများ ဖြစ်သည်- ထို့ကြောင့် ၎င်းတို့ကို ဘုရားသခင်ဟု အဘယ့်ကြောင့် ခေါ်ဝေါ်၍ မရသနည်း။ သို့သော် ယနေ့၏ ဘုရားသခင်သည်လည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက် အလုပ်လုပ်ခြင်းဖြစ်သကဲ့သို့၊ ယေရှုမှာလည်း လူ့ဇာတိ၌ ဘုရားသခင်၏ ဝိညာဉ်တော် အလုပ်လုပ်ခြင်း ဖြစ်ခဲ့ပေသည်။ ၎င်းတို့နှစ်ဦးလုံးကို ဘုရားသခင်ဟု ခေါ်ဝေါ်သည်။ သို့ဆိုလျှင် ခြားနားချက်မှာ အဘယ်နည်း။ ခေတ်ကာလများတစ်လျှောက် ဘုရားသခင်အသုံးပြုခဲ့သော လူအပေါင်းတို့သည် ပုံမှန် အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားတို့ကို တတ်စွမ်းနိုင်ကြခဲ့သည်။ လူ၏ အမူအကျင့်နှင့်သက်ဆိုင်သည့် အခြေခံသဘောတရားများကို ၎င်းတို့အားလုံး နားလည်ထားကြသည်။ ၎င်းတို့သည် ပုံမှန်လူသား အတွေးအခေါ်များကို ရှိခဲ့ကြပြီးဖြစ်ကာ ပုံမှန်လူတို့ ပိုင်ဆိုင်ထားသင့်သည့် အရာများအားလုံးကို ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။ ၎င်းတို့အများစုသည် ထူးခြားသော ပါရမီနှင့် မွေးရာပါ ဉာဏ်ရည်ဉာဏ်သွေးတို့ ရှိကြ၏။ ဤလူတို့အပေါ် အလုပ်လုပ်ရာတွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဘုရား ပေးထားသည့် ဆုကျေးဇူးများဖြစ်သော ၎င်းတို့၏ ပါရမီများကို ထိန်းချုပ် အသုံးပြုလေသည်။ ဘုရားသခင်၏ အမှုတော်၌ ၎င်းတို့၏ အားသာချက်များကို အသုံးပြုရင်း၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ၎င်းတို့၏ပါရမီများကို လုပ်ဆောင်စေသည်။ သို့သော် ဘုရားသခင်၏ အနှစ်သာရသည် လူသား၏ ရည်ရွယ်ချက်များနှင့် ရောနှောခြင်းမရှိဘဲ၊ စိတ်ကူးများ သို့မဟုတ် အတွေးအခေါ် ကင်းမဲ့သကဲ့သို့ ပုံမှန်လူသားများ ပိုင်ဆိုင်ထားသည့် အရာပင် မရှိပေ။ ဆိုလိုသည်မှာ၊ သူသည် လူ့အမူအကျင့်၏ အခြေခံသဘောတရားများနှင့်ပင် အကျွမ်းတဝင်မရှိပေ။ ဤသည်မှာ ယနေ့၏ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာချိန်တွင် ဖြစ်သည့်ပုံစံ ဖြစ်သည်။ သူ၏အမှုနှင့် သူ၏ နှုတ်ကပတ်တော်များသည် လူသားရည်ရွယ်ချက်များ သို့မဟုတ် လူသားအကြံအစည်နှင့် ရောနှောခြင်းမရှိပေ၊ သို့သော် ၎င်းတို့သည် ဝိညာဉ်တော်၏ ရည်ရွယ်ချက်များ၏ တိုက်ရိုက် သရုပ်သကန်တစ်ခု ဖြစ်ပြီး သူသည် ဘုရားသခင်၏ကိုယ်စား တိုက်ရိုက် အလုပ်လုပ်လေသည်။ ဤသည်မှာ ဝိညာဉ်တော်သည် တိုက်ရိုက် စကားပြောသည်ဟု အဓိပ္ပာယ်ရသည်၊ ဆိုလိုသည်မှာ ဘုရားသဘာဝသည် လူသား၏ ရည်ရွယ်ချက်များ တစ်စက်လေးမျှပင် ရောစပ်ခြင်းမရှိဘဲ အမှုကို တိုက်ရိုက်ပြုပေသည်။ တစ်နည်းအားဖြင့်၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘောသဘာဝကို တိုက်ရိုက် သရုပ်ထင်စေသည်၊ လူ့အတွေး သို့မဟုတ် စိတ်ကူးများ မရှိသကဲ့သို့ လူ့အမူအကျင့်၏ အခြေခံသဘောတရားများကို သိနားလည်ခြင်း မရှိပေ။ ဘုရားသဘောသဘာဝသာ အမှုပြုခဲ့မည်ဆိုပါက၊ (ဆိုလိုသည်မှာ ဘုရားသခင် ကိုယ်တော်တိုင်သာ အမှုပြုခဲ့မည်ဆိုလျှင်) ကမ္ဘာမြေပေါ်၌ ဘုရားသခင်၏အမှုကို ဆောင်ရွက်ရန် မည်သို့မျှ ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေသို့ ကြွလာသောအခါတွင်၊ ဘုရားသဘောသဘာဝ၌ ဘုရားသခင်ပြုသောအမှုနှင့် ပူးပေါင်းလျက်၊ လူ့သဘာဝအတွင်း အလုပ်လုပ်ဖို့ရန် သူအသုံးပြုသည့် လူအရေအတွက် အနည်းငယ် ရှိရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ သူသည် မိမိ၏ ဘုရားနှင့်ဆိုင်သောအမှုကို ထိန်းသိမ်းရန် လူသားအလုပ်ကို အသုံးပြုခြင်းဖြစ်သည်။ သို့မဟုတ်ပါက၊ လူသားအတွက် ဘုရားသဘောသဘာဝ၏ အမှု၌ တိုက်ရိုက်ပါဝင်ရန် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ ယေရှုနှင့် သူ၏တပည့်တော်များ ဖြစ်ခဲ့သည့် ပုံစံဖြစ်သည်။ ကမ္ဘာလောက၌ သူရှိခဲ့သည့်အချိန် အတောအတွင်းတွင် ယေရှုသည် ပညတ်တရားဟောင်းများကို ဖျက်ပယ်ခဲ့ပြီး ပညတ်တော်အသစ်များကို ချမှတ်ခဲ့သည်။ များစွာသော နှုတ်ကပတ်တော်များကိုလည်း သူပြောဆိုခဲ့၏။ ဤအမှုအားလုံးကို ဘုရားသဘောသဘာဝထဲ၌ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ပေတရု၊ ပေါလုနှင့် ယောဟန်ကဲ့သို့သော အခြားသောသူ အားလုံးသည် ၎င်းတို့၏ နောက်ဆက်တွဲအလုပ်ကို ယေရှု၏ နှုတ်ကပတ်တော်များ၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ထားခဲ့ကြသည်။ တစ်နည်းအားဖြင့်ဆိုလျှင်၊ ဘုရားသခင်သည် ကျေးဇူးတော်ခေတ်၏ အစကို ဖွင့်လှစ်ပေးရင်း၊ သူ၏အမှုကို ယင်းခေတ်ထဲတွင် စတင်ခဲ့သည်။ ဆိုလိုသည်မှာ၊ သူသည် ခေတ်ဟောင်းကို ပယ်ဖျက်ပြီး၊ “ဘုရားသခင်သည် အစအဦးနှင့် နောက်ဆုံးဖြစ်တော်မူသည်။” ဟူသော နှုတ်ကပတ်တော်များကိုလည်း ပြည့်စုံစေရင်း၊ ခေတ်ကာလသစ်ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့်၊ လူသားသည် ဘုရားနှင့်ဆိုင်သော အမှု၏ အခြေခံအုတ်မြစ်အပေါ်တွင် လူ့အလုပ်ကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယေရှုသည် သူပြောရန် လိုအပ်သည့်အရာအားလုံးကို ပြောဆိုခဲ့ပြီး ကမ္ဘာမြေပေါ်၌ သူ၏အမှုကို လက်စသတ်ပြီးသည်နှင့် တစ်ပြိုင်နက်၊ လူသားကို စွန့်ခွာခဲ့သည်။ ဤအရာပြီးနောက်တွင်၊ အလုပ်လုပ်ရာတွင် လူအားလုံးတို့သည် သူ၏ နှုတ်ကပတ်တော်များထဲတွင် ဖော်ပြထားသည့် အခြေခံသဘောတရားများအတိုင်း လုပ်ဆောင်ခဲ့ကြပြီး သူမြွက်ဆိုခဲ့သည့် သမ္မာတရားများနှင့်အညီ လက်တွေ့လုပ်ဆောင်ခဲ့ကြသည်။ ဤလူအားလုံးသည် ယေရှုအတွက် အလုပ်လုပ်ခဲ့ကြသည်။ အကယ်၍ ယေရှုတစ်ဦးတည်းသာ အမှုကို လုပ်ဆောင်နေခဲ့ပါက၊ နှုတ်ကပတ်တော်များ မည်မျှ သူပြောဆိုခဲ့သည် ဖြစ်စေ၊ လူတို့သည် သူ၏ နှုတ်ကပတ်တော်များနှင့် ထိတွေ့ရန် နည်းလမ်းရှိခဲ့မည်မဟုတ်ပေ၊ အဘယ့်ကြောင့်ဆိုသော် သူသည် ဘုရားသဘောသဘာဝထဲ၌ အလုပ်လုပ်နေခဲ့ခြင်းဖြစ်ကာ ဘုရားသဘောသဘာဝနှင့်သက်ဆိုင်သည့် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနိုင်ခဲ့ပြီး၊ သူ၏ နှုတ်ကပတ်တော်များကို ပုံမှန်လူတို့ နားလည်နိုင်သည့်အဆင့်အထိ အမှုအရာတို့ကို သူရှင်းပြနိုင်ခဲ့မည် မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် သူ့နောက်တွင် ရောက်လာခဲ့ကြသည့် တမန်တော်များနှင့် ပရောဖက်တို့ကို သူ၏အမှုကို ဖြည့်စွက်စေဖို့ လိုအပ်ခဲ့ပေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က သူ၏အမှုကို လုပ်ဆောင်ပုံ၏ အခြေခံသဘောတရား ဖြစ်သည်- ဘုရားသဘောသဘာဝ၏ အမှုကို ပြည့်စုံစေရန်အလို့ငှာ စကားပြောဆိုဖို့နှင့် အမှုပြုဖို့ လူ့ဇာတိခံခန္ဓာကို အသုံးပြုခြင်း၊ ထို့နောက် သူ၏အမှုကို ဖြည့်စွက်ရန် ဘုရားသခင်ကိုယ်တိုင်၏ စိတ်နှလုံးနှင့် ညီညွတ်သော လူအနည်းငယ် သို့မဟုတ် သာ၍များကောင်း များလိမ့်မည်ဖြစ်သည့် လူတို့ကို အသုံးပြုခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဘုရားသခင် ရွေးချယ်ထားသော လူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားထဲသို့ ဝင်ရောက်နိုင်ကြဖို့အလို့ငှာ၊ လူ့သဘာဝ၌ ထိန်းကျောင်းခြင်းနှင့် ရေလောင်းပေးခြင်းအလုပ်ကို လုပ်ဆောင်ရန် ဘုရားသခင်သည် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော လူတို့ကို အသုံးပြုပေသည်။

အကယ်၍ ဇာတိခန္ဓာထဲသို့ သူကြွလာချိန်တွင်၊ ဘုရားသခင်သည် ဘုရားသဘောသဘာဝ၏ အမှုကိုသာ လုပ်ဆောင်ခဲ့ပြီး သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ဖို့ သူ၏ စိတ်နှလုံးနှင့်ညီညွတ်သော လူများမရှိပါက၊ လူသားသည် ဘုရားသခင်၏အလိုကို နားလည်နိုင်စွမ်းရှိမည် မဟုတ်ပေ၊ သို့မဟုတ် ဘုရားသခင်နှင့် ထိတွေ့နိုင်စွမ်းရှိမည် မဟုတ်ပေ။ လူသား၏ ဦးနှောက်ဖြစ်သည့်၊ သူ၏ သိမြင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များက စိတ်ကူးနိုင်စွမ်းရှိသည့် အဆင့်ကို ရရှိနိုင်ဖို့အလို့ငှာ၊ ဘုရားသခင်သည် သူ၏အမှုကို ပြည့်စုံစေရန်၊ အသင်းတော်များကို ကြည့်ရှုစောင့်ရှောက်ပြီး၊ ထိန်းကျောင်းပေးဖို့ရန် သူ၏စိတ်နှလုံးနှင့် ညီညွတ်သော သာမန်လူတို့ကို အသုံးပြုရမည်ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် သူ၏ဘုရားသဘောသဘာဝ အတွင်း၌ သူပြုသောအမှုကို ဖွင့်ပြနိုင်ရန်ဖို့အလို့ငှာ၊ လူတို့က ထိုအရာကို သဘောပေါက်ကာ နားလည်ဖို့အလို့ငှာ “အနက်ပြန်ရန်”- ဘုရားနှင့်ဆိုင်သော ဘာသာစကားကို လူ့ဘာသာစကား အဖြစ်သို့ ပြောင်းလဲပေးဖို့ရန်- သူ၏စိတ်နှလုံးနှင့်ညီညွတ်သည့် အနည်းငယ်သော လူတို့ကို အသုံးပြုလေသည်။ အကယ်၍ ဘုရားသခင်သည် ထိုသို့မလုပ်ဆောင်ခဲ့ပါက၊ အမှန်တကယ်တွင်၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်သောလူတို့မှာ သေးငယ်သည့် လူနည်းစုဖြစ်ပြီး လူသား၏သဘောပေါက်နိုင်စွမ်းမှာ အားနည်းသောကြောင့်၊ မည်သူမျှ ဘုရားသခင်၏ ဘုရားသဘောသဘာဝဘာသာစကားကို နားလည်ကြမည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ဘုရားသခင်က လူ့ဇာတိခန္ဓာ၌ အလုပ်လုပ်သည့်အခါတွင်၊ ဤနည်းလမ်းကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။ ဘုရားသဘောသဘာဝ၏အမှုတစ်ခုတည်းသာရှိခဲ့ပါက၊ လူသားသည် ဘုရားသခင်၏ ဘာသာစကားကို နားမလည်သောကြောင့်၊ ဘုရားသခင်ကို သိဖို့ရန် သို့မဟုတ် ထိတွေ့ဖို့ရန် လူသားအတွက် မည်သို့မျှ ဖြစ်နိုင်မည် မဟုတ်ပေ။ လူသားသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ရှင်းလင်းပေးသူများ ဖြစ်သည့် ဘုရားသခင်၏ စိတ်နှလုံးနှင့်ညီညွတ်သောသူတို့၏ ဆောင်ကြဉ်းပေးမှုမှ တစ်ဆင့်သာ ဤဘာသာစကားကို နားလည်နိုင်သည်။ သို့သော် လူ့သဘာဝအတွင်း၌ ထိုသို့သော လူများသာ အလုပ်လုပ်နေခဲ့မည်ဆိုပါက၊ ယင်းက လူသား၏ ပုံမှန်အသက်တာကိုသာ ထိန်းသိမ်းနိုင်ခဲ့ပေမည်။ လူသား၏ စိတ်သဘောထားကို ပြောင်းလဲပေးနိုင်ခဲ့မည် မဟုတ်ပေ။ ဘုရားသခင်၏အမှုသည် အသစ်သောအစပြုခြင်းတစ်ခု ရှိနိုင်ခဲ့မည် မဟုတ်။ မပြောင်းလဲသည့် သီချင်းဟောင်းများ၊ မပြောင်းလဲသည့် ရိုးအီနေပြီဖြစ်သော အသုံးအနှုန်းဟောင်းများသာ ရှိမည်ဖြစ်သည်။ မိမိ၏ လူ့ဇာတိခံယူခြင်း ကာလအတွင်းတွင် ပြောရန်လိုအပ်သော အရာအားလုံးကို ပြောဆိုပြီး လုပ်ဆောင်ရန်လိုအပ်သော အရာအားလုံးကို လုပ်ဆောင်သော လူ့ဇာတိခံ ဘုရားသခင်၏ ဆောင်ကြဉ်းပေးမှုမှ တစ်ဆင့်သာ၊ လူတို့သည် လူ့ဇာတိခံယူခြင်း ကာလနောက်တွင် ကိုယ်တော်၏ နှုတ်ကပတ်တော်များအတိုင်း အလုပ်လုပ်ပြီး တွေ့ကြုံခံစားကြပေသည်၊ ထို့သို့ဖြင့်သာ ၎င်းတို့၏ အသက်စိတ်သဘောထား ပြောင်းလဲနိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ဖြင့်သာ အချိန်ကာလများနှင့်အတူ စီးဆင်းနိုင်ကြမည်ဖြစ်သည်။ ဘုရားသဘာဝအတွင်း အလုပ်လုပ်သောသူသည် ဘုရားသခင်ကို ကိုယ်စားပြုသော်လည်း၊ လူ့သဘာဝအတွင်း အလုပ်လုပ်သော သူတို့သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူများဖြစ်သည်။ ဆိုလိုသည်မှာ၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့နှင့် သိသိသာသာ ကွာခြားပေသည်။ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသဘာဝ၏အမှုကို လုပ်ဆောင်နိုင်ပြီး၊ ဘုရားသခင်၏ အသုံးပြုခြင်းခံရသော လူတို့မှာမူ မလုပ်ဆောင်နိုင်ကြပေ။ ခေတ်ကာလအသီးသီး၏ အစတွင် ဘုရားသခင်၏ဝိညာဉ်တော်သည် လူသားကို အသစ်သော အစပြုခြင်းထဲသို့ ခေါ်ဆောင်ဖို့ရန် ကိုယ်တိုင်ကိုယ်ကျ စကားပြောပြီး ခေတ်သစ်ကို အစပြုလေသည်။ သူသည် စကားပြောခြင်း ပြီးဆုံးသောအခါ၊ ဤအရာက သူ၏ဘုရားသဘာဝအတွင်းရှိ ဘုရားသခင်၏အမှု ပြီးမြောက်သည်ကို ညွှန်ပြပေသည်။ ထို့နောက်တွင်၊ လူအားလုံးသည် မိမိတို့၏ အသက်တာ အတွေ့အကြုံများထဲသို့ ဝင်ရောက်ရန် ဘုရားသခင်၏ အသုံးပြုခြင်း ခံရသောသူတို့၏ ဦးဆောင်မှုနောက်ကို လိုက်ကြလေသည်။ ထိုနည်းတူစွာ၊ ဤသည်မှာ ဘုရားသခင်က လူသားကို ခေတ်သစ်ထဲသို့ ခေါ်ဆောင်ပြီး လူတို့အား အသစ်သော အစပြုခြင်းတစ်ခုကို ပေးသည့်အဆင့်လည်း ဖြစ်သည်- ထိုအချိန်တွင် လူ့ဇာတိ၌ ဘုရားသခင်၏အမှု အဆုံးသတ်လေသည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၈)

ဘုရားသခင်သည် သူ၏ပုံမှန်လူ့သဘာဝကို စုံလင်စေဖို့ မြေကြီးပေါ်သို့ ကြွလာခြင်းမဟုတ်သကဲ့သို့၊ ပုံမှန်လူ့သဘာဝ၏ အလုပ်ကို လုပ်ဆောင်ရန် ကြွလာခြင်းလည်း မဟုတ်ပေ။ ဘုရားသဘောသဘာဝ၏ အမှုကို သာမန်လူ့သဘာဝ၌ လုပ်ဆောင်ရန်သာ ကြွလာပေသည်။ ပုံမှန် လူ့သဘာဝနှင့် သက်ဆိုင်သည့် ဘုရားသခင် ပြောဆိုသောအရာသည် လူတို့ စိတ်ကူးသကဲ့သို့ မဟုတ်ပေ။ လူသားက “ပုံမှန်လူ့သဘာဝ” ကို ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများရှိခြင်းအဖြစ် အနက်ဖွင့်၏၊ ထိုအရာများက လူတစ်ဦးသည် ပုံမှန်လူတစ်ဦးဖြစ်သည်ကို သက်သေပြပေသည်။ သို့သော် ဘုရားသခင်က ယင်းကို ဤနည်းလမ်းဖြင့် မရှုမြင်ပေ။ သူက ပုံမှန်လူ့သဘာဝကို ပုံမှန်လူသား အတွေးများ၊ ပုံမှန် လူသားဘဝများရှိခြင်းနှင့် သာမန်လူတို့မှ မွေးဖွားခြင်းအဖြစ် ရှုမြင်သည်။ သို့သော် သူ၏ပုံမှန်အခြေအနေသည် လူသားက ပုံမှန်အခြေအနေနှင့် ပတ်သက်၍ ပြောဆိုသည့် ပုံစံဖြင့် ဇနီးမယားတစ်ဦး သို့မဟုတ် လင်ယောက်ျားတစ်ဦး သို့မဟုတ် သားသမီးများ ရှိခြင်းတို့ မပါဝင်ပေ။ ဆိုလိုသည်မှာ၊ လူသားအဖို့ ဘုရားသခင် ပြောဆိုသည့် ပုံမှန်လူ့သဘာဝမှာ ပုံမှန်လူတစ်ဦး၏ အပြင်ပန်းသာရှိကာ ပုံမှန်လူတစ်ဦး၏ ပုံပန်းသဏ္ဌာန် ရှိခဲ့သော်လည်း၊ အနှစ်သာရအားဖြင့် ပုံမှန်လူတစ်ဦး ပိုင်ဆိုင်သင့်သည့် အရာအားလုံးကို လုံးလုံးလျားလျား မပိုင်ဆိုင်ခဲ့သော ယေရှုကဲ့သို့ပင် စိတ်ခံစားမှု ကင်းမဲ့လုနီးနီးဖြစ်ကာ သွေးသားလိုအပ်ချက်များ ကင်းမဲ့သည့်ပုံပေါက်လျက်၊ လူ့သဘာဝကင်းမဲ့ခြင်းဟု လူသားက ယူဆမည့်အရာ ဖြစ်ပေသည်။ ဤအရာမှ၊ လူ့ဇာတိခံဘုရားသခင်၏ အနှစ်သာရသည် ပုံမှန်လူ့သဘာဝ တစ်ခုလုံးကို ခြုံငုံမိခြင်းမရှိဘဲ၊ ပုံမှန်လူသားဘဝများ၏ လုပ်ရိုးလုပ်စဉ်များကို ထောက်ပံ့ပေးရန်နှင့် ပုံမှန်လူသား အသိဉာဏ်စွမ်းအားများကို အားဖြည့်ပေးရန်အလို့ငှာ လူတို့ ပိုင်ဆိုင်သင့်သည့် အရာများ၏ အစိတ်အပိုင်းတစ်ခုကိုသာ ခြုံငုံမိသည်ကို တွေ့မြင်နိုင်သည်။ သို့သော် ဤအရာများသည် လူသားက ပုံမှန်လူ့သဘာဝဟု ယူဆကြသည့် အရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ထိုအရာများသည် လူ့ဇာတိခံ ဘုရားသခင် ပိုင်ဆိုင်သင့်သည့် အရာများ ဖြစ်ကြသည်။ သို့သော်၊ လူ့ဇာတိခံ ဘုရားသခင်သည် ဇနီးတစ်ဦး၊ သားနှင့်သမီးများ၊ မိသားစုတစ်ခု ရှိမှသာ ပုံမှန်လူ့သဘာဝ ပိုင်ဆိုင်သည်ဟု ဆိုနိုင်သည်ဟူ၍ ခံယူထားသောသူများ ရှိပေသည်။ ဤအရာများမရှိဘဲနှင့်၊ သူသည် ပုံမှန်လူတစ်ဦး မဟုတ်ဟု ၎င်းတို့က ဆိုကြ၏။ သို့ဆိုလျှင်၊ “ဘုရားသခင်တွင် ဇနီးမယားတစ်ဦး ရှိသလော။ ဘုရားသခင်အတွက် လင်ယောက်ျားတစ်ဦး ရှိဖို့ရန် ဖြစ်နိုင်သလော။ ဘုရားသခင်တွင် ကလေးများ ရှိနိုင်သလော။” ဟု သင့်ကို ငါမေးသည်။ ဤအရာများသည် အတွေးမှားများ ဖြစ်သည်မဟုတ်လော။ သို့သော် လူ့ဇာတိခံ ဘုရားသခင်သည် ကျောက်ဆောင်များကြားက အက်ကြောင်းတစ်ခုမှ ထွက်ပေါ်မလာနိုင်ပေ၊ သို့မဟုတ် ကောင်းကင်မှ ဆင်းကျမလာနိုင်ပေ။ သူသည် ပုံမှန်လူသားမိသားစု တစ်ခုထဲတွင်သာ ဖွားမြင်နိုင်ပေသည်။ ထိုအကြောင်းကြောင့် သူသည် မိဘများနှင့် နှမများရှိခြင်း ဖြစ်သည်။ ဤအရာများသည် လူ့ဇာတိခံဘုရားသခင်၏ ပုံမှန်လူ့သဘာဝက ရှိသင့်သည့် အရာများဖြစ်သည်။ ယေရှုနှင့် ပတ်သက်၍လည်း ထိုသို့ပင် ဖြစ်ခဲ့ပေသည်။ ယေရှုသည် ဖခင်၊ မိခင်နှင့် ညီအစ်ကိုမောင်နှမများ ရှိခဲ့ပြီး၊ ဤအရာအားလုံးသည် ပုံမှန်ဖြစ်ခဲ့သည်။ သို့သော်၊ အကယ်၍ သူသည် ဇနီးတစ်ဦးနှင့် သားသမီးများရှိခဲ့ပါက၊ သူပိုင်ဆိုင်သည့်အရာသည် လူ့ဇာတိခံ ဘုရားသခင် ပိုင်ဆိုင်ဖို့ရန် ဘုရားသခင် ရည်ရွယ်ခဲ့သည့် သာမန်လူ့သဘာဝ ဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။ ဤသို့ဖြစ်ခဲ့ပါက၊ သူသည် ဘုရားသဘောသဘာဝ၏ကိုယ်စား အမှုပြုနိုင်ခဲ့မည် မဟုတ်ပေ။ သူသည် ဘုရားသဘာဝနှင့်သက်ဆိုင်သော အမှုကို လုပ်ဆောင်နိုင်ခဲ့သည်မှာ၊ သူသည် ဇနီး သို့မဟုတ် ကလေးများ မရှိခဲ့သော်လည်း၊ ပုံမှန်မိသားစုထဲသို့ ပုံမှန်လူများမှ မွေးဖွားခဲ့သောကြောင့် အတိအကျ ဖြစ်ပေသည်။ ဤအရာကို ဤထက်ရှင်းလင်းရမည် ဆိုပါက၊ ပုံမှန်လူတစ်ဦးဟု ဘုရားသခင် ယူဆသည့်အရာမှာ ပုံမှန်မိသားစုထဲတွင် မွေးဖွားသော လူတစ်ဦး ဖြစ်သည်။ ထိုသို့သော လူတစ်ဦးသည်သာ ဘုရားသဘောသဘာဝ အမှုကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်မီသည်။ အခြားတစ်ဖက်တွင်၊ လူတစ်ဦးသည် ဇနီး၊ ကလေးများ သို့မဟုတ် လင်ယောက်ျားရှိပါက၊ ထိုသူသည် လူသားတို့ လိုအပ်သည့် သာမန်လူ့သဘာဝသာ ပိုင်ဆိုင်မည်ဖြစ်သော်လည်း၊ ဘုရားသခင်လိုအပ်သည့် သာမန်လူ့သဘာဝကို ပိုင်ဆိုင်မည် မဟုတ်သောကြောင့်၊ ထိုသူသည် ဘုရားသဘောသဘာဝ အမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဘုရားသခင် ယူဆထားသည့်အရာနှင့် လူတို့နားလည်သော အရာတို့သည် မကြာခဏ ကြီးမားစွာ ကွဲပြားနေတတ်သည်၊ အမျိုးအစား တခြားစီ ဖြစ်တတ်ပေသည်။ ဘုရားသခင်၏အမှု၏ ဤအဆင့်တွင်၊ လူတို့၏ အယူအဆများနှင့် ဆန့်ကျင်ပြီး ကြီးကြီးမားမား ကွဲပြားခြားနားသော အရာများစွာရှိ၏။ ဘုရားသခင်၏အမှု၏ ဤအဆင့်သည် လူသားမျိုးနွယ်က အရံအခန်းကဏ္ဍတွင် ပံ့ပိုးဆောင်ရွက်လျက်၊ ဘုရားသဘောသဘာဝက လက်တွေ့လုပ်ဆောင်ခြင်း လုံးလုံးလျားလျား ပါဝင်သည်ဟု ဆိုနိုင်ပေသည်။ ဘုရားသခင်သည် လူသားကို လက်ခံဆောင်ရွက်ခွင့် ပြုခြင်းထက် သူ၏အမှုကို သူကိုယ်တိုင် ဆောင်ရွက်ရန် ကမ္ဘာမြေသို့ ကြွလာသောကြောင့်၊ သူသည် သူ၏ အမှုကို ဆောင်ရွက်ရန် မိမိကိုယ်ကိုယ် ဇာတိပကတိ၌ (မပြည့်စုံသည့်၊ ပုံမှန်လူတစ်ဦးထဲသို့) လူ့ဇာတိခံပေသည်။ သူသည် လူသားမျိုးနွယ်ကို ခေတ်သစ်တစ်ခု ပေးအပ်ဖို့၊ သူ့အမှုထဲက နောက်တစ်ဆင့်ကို လူသားမျိုးနွယ်အား ပြောပြဖို့ရန်နှင့် သူ၏နှုတ်ကပတ်တော်များထဲ၌ ဖော်ပြထားသည့် လမ်းကြောင်းနှင့်အညီ လက်တွေ့လုပ်ဆောင်ကြဖို့ လူတို့ကို တောင်းဆိုရန် ဤလူ့ဇာတိခံယူခြင်းကို အသုံးပြုလေသည်။ ထိုသို့ဖြင့် လူ့ဇာတိ၌ ဘုရားသခင်၏အမှု အဆုံးသတ်၏၊ သူသည် ပုံမှန် လူ့သဘာဝ၏ ခန္ဓာတွင် နေထိုင်ခြင်းမရှိတော့ဘဲ၊ ယင်းထက် သူ့အမှု၏ နောက်ထပ် အစိတ်အပိုင်းနှင့်ပတ်သက်၍ ဆက်လက် ဆောင်ရွက်ရန် လူသားထံမှ အဝေးသို့ ရွှေ့ရင်း၊ လူသားမျိုးနွယ်ကို စွန့်ခွာတော့မည်ဖြစ်သည်။ ထို့နောက်၊ သူ၏စိတ်နှလုံးနှင့် ညီ်ညွတ်သော လူတို့ကို အသုံးပြုရင်း၊ သူသည် ကမ္ဘာမြေပေါ်တွင် သူ၏ အမှုကို ဤလူစုအလယ်တွင် ဆက်လက် လုပ်ဆောင်သော်လည်း၊ ၎င်းတို့၏ လူ့သဘာဝထဲ၌ လုပ်ဆောင်ခြင်း ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၃၉)

ဘုရားသခင်၌ လုပ်ဆောင်ရမည့် အခြားအမှုများစွာ ရှိသောကြောင့် လူ့ဇာတိခံဘုရားသခင်သည် လူသားနှင့်အတူ ထာဝရ မနေနိုင်ပေ။ သူသည် ဇာတိခန္ဓာနှင့် ချည်နှောင်ခြင်းမခံနိုင်ပေ။ ယင်းအမှုကို လူ့ဇာတိပုံသဏ္ဌာန်ဖြင့် လုပ်ဆောင်သော်လည်း၊ သူလုပ်ရမည့် အမှုကို လုပ်ဆောင်ရန် ဇာတိပကတိကို သူချွတ်ချရမည် ဖြစ်သည်။ ဘုရားသခင် ကမ္ဘာမြေသို့ ကြွလာသောအချိန်တွင်၊ သူသည် သာမန်လူတစ်ဦးက သေဆုံး၍ လူသားမျိုးနွယ်ကို မစွန့်ခွာမီ ရရှိသင့်သည့် ပုံသဏ္ဌာန်သို့ ရောက်ရှိသည်အထိ မစောင့်ဆိုင်းပေ။ သူ၏ဇာတိပကတိသည် မည်မျှ အိုမင်းသည်ဖြစ်စေ၊ သူ၏အမှု ပြီးစီးသောအခါတွင်၊ သူသွားကာ လူသားကို စွန့်ခွာလေသည်။ သူ့အတွက် အသက်အရွယ်ဆိုသည်မှာ မရှိပေ၊ သူသည် သူ၏ နေ့ရက်များကို လူ့သက်တမ်းအတိုင်း သူမရေတွက်ပေ။ ယင်းအစား၊ သူသည် သူ၏အမှု အဆင့်များနှင့်အညီ လူ့ဇာတိ၌ သူ၏ဘဝကို အဆုံးသတ်လေသည်။ ဘုရားသခင်အနေဖြင့် ဇာတိပကတိထဲသို့ ကြွလာရာတွင် အတိုင်းအတာတစ်ခုအထိ အသက်အရွယ်ကြီးရင့်ရမည်၊ လူကြီးအဖြစ်သို့ ကြီးထွားရမည်၊ အသက်အရွယ် အိုမင်းခြင်းသို့ ရောက်ကာ ထိုခန္ဓာ ယိုယွင်းသောအခါမှသာ စွန့်ခွာရမည်ဟု ခံစားရသူများ ရှိကောင်းရှိနိုင်သည်။ ဤသည်မှာ လူသား၏ စိတ်ကူးစိတ်သန်းဖြစ်သည်။ ဘုရားသခင်သည် ထို့သို့ အမှုမပြုပေ။ သူလုပ်ရမည့်အလုပ်ကို လုပ်ဆောင်ဖို့ရန်သာ လူ့ဇာတိအဖြစ်သို့ သူကြွလာခဲ့ခြင်းဖြစ်ပြီး မိဘများ၌ မွေးဖွားခြင်း၊ ကြီးထွားလာခြင်း၊ မိသားစုတစ်ခု ဖွဲ့စည်းကာ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု စတင်ခြင်း၊ ကလေးများရှိခြင်းနှင့် ပြုစုပျိုးထောင်ခြင်း သို့မဟုတ် ဘဝ၏အနိမ့်၊ အမြင့်တို့ကို တွေ့ကြုံခံစားရခြင်း- ပုံမှန်လူသားတစ်ဦး၏ လှုပ်ရှားသွားလာမှု အားလုံးဖြစ်သည့် ပုံမှန်လူ့ဘဝတစ်ခုကို အသက်ရှင်ရန် မဟုတ်ပေ။ ဘုရားသခင် ကမ္ဘာမြေသို့ကြွလာချိန်တွင်၊ ဤသည်မှာ ဘုရားသခင်၏ ဝိညာဉ်တော်က ဇာတိပကတိကို ဝတ်ဆင်ခြင်း၊ လူ့ဇာတိအဖြစ်သို့ ကြွလာခြင်း ဖြစ်သော်လည်း၊ ဘုရားသခင်သည် ပုံမှန်လူတစ်ဦး၏ ဘဝကို အသက်မရှင်ပေ။ သူသည် သူ၏ စီမံခနခွဲမှုအစီအစဉ်ထဲက အစိတ်အပိုင်းတစ်ခုကို ပြီးမြောက်စေဖို့ရန်သာ ကြွလာခြင်း ဖြစ်သည်။ ယင်းနောက် လူသားမျိုးနွယ်ကို သူစွန့်ခွာလိမ့်မည်။ လူ့ဇာတိ အတွင်းသို့ သူကြွလာချိန်တွင်၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ဇာတိပကတိ၏ ပုံမှန်လူ့သဘာဝကို မစုံလင်စေပေ။ ယင်းထက်၊ ဘုရားသခင် ကြိုတင်သတ်မှတ်ထားပြီးဖြစ်သည့် အချိန်တွင်၊ ဘုရားသဘောသဘာဝသည် တိုက်ရိုက် သွားရောက် လုပ်ဆောင်လေသည်။ ထို့နောက်၊ သူ လုပ်ဆောင်ဖို့ လိုအပ်သည့်အရာ အားလုံးကို လုပ်ဆောင်ကာ သူ၏အမှုတော်ကို အပြည့်အဝ ပြည့်စုံစေပြီးနောက်တွင်၊ ဤအဆင့်ထဲက ဘုရားသခင်၏ ဝိညာဉ်တော်၏ အလုပ် ပြီးစီးလေသည်၊ ထိုအချိန်တွင် သူ၏ ဇာတိပကတိဆန်သောခန္ဓာက ၎င်း၏သက်တမ်းရှည်ကို အသက်ရှင် နေထိုင်သွားနိုင်သည်ဖြစ်စေ မနေထိုင်သွားနိုင်သည်ဖြစ်စေ၊ လူ့ဇာတိခံ ဘုရားသခင်၏ ဘဝလည်း အဆုံးသတ်လေသည်။ ဆိုလိုသည်မှာ၊ ဇာတိပကတိဆန်သောခန္ဓာက ဘဝ၏ မည်သည့်အဆင့်ကို ရောက်သည်ဖြစ်စေ၊ ကမ္ဘာမြေပေါ်၌ မည်မျှကြာကြာ အသက်ရှင်သည်ဖြစ်စေ၊ အရာအားလုံးကို ဝိညာဉ်တော်၏ အလုပ်က ဆုံးဖြတ်သည်ဟု ဆိုလိုသည်။ ယင်းသည် လူသားက ပုံမှန် လူ့သဘာဝအဖြစ် ယူဆသည့်အရာနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ ယေရှုကို ဥပမာတစ်ခုအဖြစ် ကြည့်လော့။ သူသည် သုံးဆယ့်သုံးနှစ်ခွဲကြာ လူ့ဇာတိ၌ အသက်ရှင်ခဲ့၏။ လူသားခန္ဓာတစ်ခု၏ သက်တမ်းအရ၊ သူသည် ထိုအသက်အရွယ်တွင် မကွယ်လွန်သင့်သေးသကဲ့သို့၊ မစွန့်ခွာသင့်သေးပေ။ သို့သော် ယင်းမှာ ဘုရားသခင်၏ဝိညာဉ်တော်နှင့် မသက်ဆိုင်ခဲ့ပေ။ သူ၏ အမှုသည် ပြီးစီးပြီဖြစ်သည့်အတွက်၊ ထိုအချိန်တွင် ခန္ဓာကိုယ်သည် ဝိညာဉ်တော်နှင့်အတူ ပျောက်ကွယ်ရင်း ယူဆောင်သွားခြင်း ခံခဲ့ရလေသည်။ ဤသည်မှာ လူ့ဇာတိ၌ ဘုရားသခင် အမှုပြုသည့် အခြေခံသဘောတရား ဖြစ်သည်။ ထို့ကြောင့်၊ အတိအကျပြောရလျှင်၊ လူ့ဇာတိခံ ဘုရားသခင်၏ လူ့သဘာဝသည် အဓိက အရေးကြီးသည့် အရာ မဟုတ်ပေ။ ထပ်လောင်းပြောရလျှင်၊ ပုံမှန်လူသားတစ်ဦး၏ ဘဝကို ရှင်သန်ဖို့ရန် သူ ကမ္ဘာမြေပေါ်သို့ ကြွလာခြင်းမဟုတ်ပေ။ သူသည် ပုံမှန်လူသားဘဝကို ပထမဦးဆုံး တည်ဆောက်ပြီးနောက် စတင်အလုပ်လုပ်ခြင်း မဟုတ်ပေ။ ယင်းထက်၊ သူ့အနေဖြင့် ပုံမှန်လူသားမိသားစုတစ်ခုထဲတွင် ဖွားမြင်သရွေ့၊ သူသည် ဘုရားသဘောသဘာဝ၏ အမှု၊ လူသား၏ ရည်ရွယ်ချက်များဖြင့် စွန်းထင်းခြင်းမရှိ၊ ဇာတိပကတိမဆန်သည့်၊ လူ့အဖွဲ့အစည်း၏ နည်းလမ်းများကို ဧကန်အမှန် မခံယူ သို့မဟုတ် လူသား၏ အတွေးများ သို့မဟုတ် အယူအဆများ မပါဝင်သည့်အပြင် ရှင်သန်မှုအတွက် လူသား၏ အတွေးအခေါ်များ မပါဝင်သည့်အမှုကို သူ လုပ်ဆောင်နိုင်လေသည်။ ဤသည်မှာ လူ့ဇာတိခံ ဘုရားသခင်က လုပ်ဆောင်ရန် ရည်ရွယ်ထားသည့် အမှုဖြစ်ပြီး သူ၏ လူ့ဇာတိခံယူခြင်းနှင့် သက်ဆိုင်သော လက်တွေ့ကျသည့် အရေးပါမှုလည်း ဖြစ်သည်။ ဘုရားသခင်သည် အခြားအရေးမပါသည့် ဖြစ်စဉ်များကို ကြုံရခြင်းမရှိဘဲ၊ လူ့ဇာတိ၌ ပြီးမြောက်ရန်လိုအပ်သည့် အမှု၏ အဆင့်တစ်ခုကို အဓိက လုပ်ဆောင်ဖို့ရန် ဇာတိပကတိ၌ ကြွလာခြင်းဖြစ်ပြီး၊ ပုံမှန်လူတစ်ဦး၏ အတွေ့အကြုံများအတွက်မူ၊ ထိုအရာများ သူ၌ မရှိပေ။ ဘုရားသခင်၏ လူ့ဇာတိခံ ဇာတိပကတိမှ လုပ်ဆောင်ရန် လိုအပ်သည့် အမှုသည် ပုံမှန်လူသား အတွေ့အကြုံများ မပါဝင်ပေ။ ထို့ကြောင့် ဘုရားသခင်သည် လူ့ဇာတိ၌ သူပြီးမြောက်စေရန် လိုအပ်သည့် အမှုကို ပြီးမြောက်စေခြင်းအလို့ငှာ လူ့ဇာတိအထဲ၌ ကြွလာပေသည်။ ကျန်သောအရာတို့သည် သူနှင့် ပတ်သက်ခြင်း မရှိပေ။ သူသည် အရေးမပါသော ဖြစ်စဉ်များစွာကို ဖြတ်သန်းမသွားပေ။ သူ၏အမှု ပြီးမြောက်သည်နှင့်တစ်ပြိုင်နက်၊ သူ၏ လူ့ဇာတိခံယူခြင်း၏ အရေးပါမှုလည်း အဆုံးသတ်၏။ ဤအဆင့်ကို ပြီးစီးစေခြင်းဆိုသည်မှာ လူ့ဇာတိ၌ သူလုပ်ဆောင်ရန်လိုအပ်သည့်အမှု ပြီးဆုံးပြီဖြစ်ကာ သူ၏ လူ့ဇာတိနှင့်သက်ဆိုင်သည့် အမှု ပြည့်စုံပြီဟု ဆိုလိုပေသည်။ သို့သော် သူသည် လူ့ဇာတိ၌ အကန့်အသတ်မရှိ အလုပ်ဆက်လုပ်မနေနိုင်ပေ။ သူ့အနေဖြင့် လူ့ဇာတိ အပြင်ဘက် တစ်နေရာဖြစ်သည့် နောက်တစ်နေရာသို့ အမှုပြုဖို့ရန် ပြောင်းရွှေ့ရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ သူ၏အမှုကို အပြည့်အဝ ဆောင်ရွက်နိုင်ပြီး၊ သာ၍ ကြီးမားသော အကျိုးဆီသို့ ရှေ့ဆက်နိုင်ပေသည်။ ဘုရားသခင်သည် သူ၏မူလအစီအစဉ်အတိုင်း အမှုပြု၏။ သူသည် သူလုပ်ဆောင်ရန် လိုအပ်သည့်အမှုနှင့် သူအပြီးသတ်ရမည့်အမှုကို သူ ကောင်းစွာ သိရှိလေသည်။ ဘုရားသခင်သည် သူကြိုတင် သတ်မှတ်နှင့်ပြီးဖြစ်သည့် လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းရန် တစ်ဦးစီတိုင်းကို ဦးဆောင်လမ်းပြသည်။ မည်သူမျှ ဤအရာကို မလွတ်မြောက်နိုင်။ ဘုရားသခင်၏ ဝိညာဉ်တော်၏ လမ်းပြမှုကို လိုက်လျှောက်သော သူတို့သာ ငြိမ်သက်ခြင်းချမ်းသာထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။ နောက်ပိုင်းအလုပ်တွင်၊ လူသားကို လမ်းပြရန် လူ့ဇာတိ၌ ဘုရားသခင် စကားပြောခြင်းဖြစ်မည် မဟုတ်ဘဲ၊ ထိတွေ့နိုင်သော သဏ္ဌာန်ဖြင့် ဝိညာဉ်တော်က လူသား အသက်တာကို လမ်းပြပေးခြင်း ဖြစ်ကောင်းဖြစ်နေနိုင်မည်။ ထိုအခါမှသာ လူသားသည် ဘုရားသခင်ကို ခိုင်ခိုင်မာမာ ထိတွေ့နိုင်မည်၊ ဘုရားသခင်အပေါ် ကြည်ရှုနိုင်မည်ဖြစ်ပြီး၊ လက်တွေ့ကျသော ဘုရားသခင်၏ စုံလင်စေခြင်းကို ခံလာရဖို့အလို့ငှာ၊ ဘုရားသခင် တောင်းဆိုသည့် လက်တွေ့အရှိတရားထဲသို့ သာ၍ ကောင်းစွာ ဝင်ရောက်နိုင်လိမ့်မည် ဖြစ်သည်။ ဤသည်မှာ ပြီးမြောက်စေရန် ဘုရားသခင် ရည်ရွယ်ထားသော အမှုဖြစ်ပြီး၊ ကြာမြင့်စွာကတည်းက သူစီစဉ်ခဲ့သည့် အရာဖြစ်သည်။ ဤအရာမှ၊ သင်တို့ လျှောက်ရမည့် လမ်းကြောင်းကို သင်တို့အားလုံး တွေ့မြင်သင့်ကြ၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “လူ့ဇာတိခံ ဘုရားသခင်နှင့် ဘုရားသခင် အသုံးပြုသောလူတို့ကြား ပဓာနကျသည့် ကွာခြားချက်” မှ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ကောက်နုတ်ချက် (၁၄၀)

လူ့ဇာတိခံယူသော ဘုရားသခင်ကို ခရစ်တော်ဟုခေါ်သည်၊ ထို့ကြောင့် လူတို့ကို သမ္မာတရား ပေးနိုင်သော ခရစ်တော်ကို ဘုရားသခင်ဟု ခေါ်၏။ သူသည် ဘုရားသခင်၏ အနှစ်သာရ ပိုင်ဆိုင်ပြီး၊ သူ၏ အမှုတွင် လူသားက မရရှိနိုင်သည့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ဉာဏ်ပညာတို့ ပိုင်ဆိုင်သည့်အတွက်၊ ဤအရာနှင့်ပတ်သက်၍ လွန်ကဲသောအရာတစ်ခုမျှ မရှိပေ။ မိမိတို့ကိုယ်ကိုယ် ခရစ်တော်ဟု ခေါ်သော်လည်း၊ ဘုရားသခင်၏အမှုကို မလုပ်ဆောင်နိုင်သော သူတို့သည် လူလိမ်များ ဖြစ်၏။ ခရစ်တော်သည် ကမ္ဘာမြေကြီးပေါ်ရှိ ဘုရားသခင်၏ သရုပ်သကန်ဖြစ်ရုံသာမက၊ ဘုရားသခင်က လူသားအလယ် သူ၏အမှုကို ဆောင်ရွက်ပြီး၊ ပြည့်စုံစေသည်နှင့်အမျှ သူခံယူသော အထူးလူ့ဇာတိလည်း ဖြစ်၏။ ဤဇာတိခန္ဓာကို မည်သည့်လူသားမဆိုက အစားထိုး၍ မရနိုင်ဘဲ၊ ကမ္ဘာမြေပေါ်တွင် ဘုရားသခင်၏အမှုကို ပြည့်စုံလုံလောက်စွာ တာဝန်ယူ ထမ်းဆောင်နိုင်ပြီး ဘုရားသခင်၏ စိတ်သဘောထားကို ဖော်ပြနိုင်ကာ၊ ဘုရားသခင်ကို ကောင်းစွာ ကိုယ်စားပြုနိုင်သကဲ့သို့၊ လူသားကို အသက်ဖြင့် ထောက်ပံ့ပေးနိုင်သော ဇာတိခန္ဓာ တစ်ခုဖြစ်၏။ ၎င်းတို့သည် ခရစ်တော်ဖြစ်သည်ဟု အခိုင်အမာ ဆိုကြသော်လည်း၊ ခရစ်တော်၏ အနှစ်သာရထဲမှ မည်သည့်အရာမျှ မပိုင်ဆိုင်ကြသည့်အတွက်၊ အနှေးနှင့်အမြန်၊ ခရစ်တော်၏ အယောင်ကိုဆောင်သော သူအားလုံးတို့သည် ကျရှုံးကြလိမ့်မည်။ ထို့ကြောင့် ခရစ်တော်၏ စစ်မှန်မှုကို လူသားက သတ်မှတ်၍ မရနိုင်ဘဲ၊ ဘုရားသခင် ကိုယ်တိုင်က တာဝန်ယူကာ ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု ငါပြောရပေသည်။ ဤပုံစံဖြင့် သင်သည် အသက်၏ လမ်းခရီးကို အမှန်တကယ် ရှာဖွေလိုပါက၊ လူသားကို သူ အသက်၏ လမ်းခရီး အပ်နှင်းသည်မှာ ကမ္ဘာမြေကြီးပေါ်သို့ ‌ကြွလာခြင်းအားဖြင့် ဖြစ်သည်ကို ပထမဦးစွာ သင် အသိအမှတ် ပြုရမည်ဖြစ်ပြီး၊ လူသားကို အသက်၏ လမ်းခရီး အပ်နှင်းရန် ကမ္ဘာမြေသို့ သူ ကြွလာသည်မှာ နောက်ဆုံးသော ကာလအတွင်းတွင် ဖြစ်သည်ကို သင် အသိအမှတ် ပြုရမည်ဖြစ်သည်။ ဤသည်မှာ အတိတ်တွင် မဟုတ်။ ယနေ့ ဖြစ်ပျက်နေခြင်း ဖြစ်၏။

နောက်ဆုံးသောကာလ၏ ခရစ်တော်သည် အသက် ယူဆောင်လာပြီး၊ အဓွန့်ရှည်စွာ တည်တံ့ကာ ထာဝရတည်ရှိသော သမ္မာတရား၏ လမ်းခရီးကို ယူဆောင်လာ၏။ ဤသမ္မာတရားသည် လူသားက အသက်ရရှိသည့် လမ်းကြောင်းဖြစ်ပြီး၊ လူသားက ဘုရားသခင်ကို သိမည့် တစ်ခုတည်းသော လမ်းကြောင်းနှင့် ဘုရားသခင်၏ လက်ခံခြင်းခံရမည့် တစ်ခုတည်းသော လမ်းကြောင်းဖြစ်၏။ နောက်ဆုံးသောကာလ၏ ခရစ်တော်ပေးသည့် အသက်၏လမ်းခရီးကို သင်မရှာဖွေပါက၊ သင်သည် သမိုင်း၏ ရုပ်သေးရုပ်ရော အကျဉ်းသားပါ ဖြစ်သည့်အတွက်၊ ယေရှု၏ လက်ခံမှုကို မည်သည့်အခါမျှ သင် ရရှိမည်မဟုတ်သကဲ့သို့၊ ကောင်းကင်နိုင်ငံတော်၏ တံခါးကိုဝင်ရန် မည်သည့်အခါမျှ အရည်အချင်းမီမည် မဟုတ်ပေ။ စည်းမျဉ်းစည်းကမ်းများ၊ ကျမ်းဟောင်းတရားများ၏ ထိန်းချုပ်မှုခံရပြီး၊ သမိုင်း၏ ချုပ်နှောင်မှုခံရသူများသည် မည်သည့်အခါတွင်မျှ အသက်ကို ရရှိနိုင်လိမ့်မည် မဟုတ်သကဲ့သို့၊ အသက်၏ ထာဝရလမ်းခရီးကို ရရှိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ထိုသူတို့အားလုံးသည် ပလ္လင်မှ စီးဆင်းသည့် အသက်ရေ ဖြစ်မည့်အစား နှစ်ပေါင်းထောင်ပေါင်းများစွာ တစ်နေရာတည်းတွင် ရှိနေသော နောက်ကျိသည့် ရေများ ဖြစ်ကြသောကြောင့် ဖြစ်၏။ အသက်ရေဖြင့် ထောက်ပံ့မှု မခံရသောသူတို့သည် လူသေကောင်များ၊ စာတန်၏ ကစားစရာများနှင့် ငရဲ၏သားများအဖြစ် ထာဝရရှိနေကြလိမ့်မည်။ သို့ဖြစ်ပါက ၎င်းတို့သည် ဘုရားသခင်ကို မည်သို့ ရှုမြင်နိုင်မည်နည်း။ သင်သည် အတိတ်ကို ဖက်တွယ်ရန်သာ ကြိုးစားပါက၊ တည်ငြိမ်စွာ ရပ်နေခြင်းဖြင့် အမှုအရာများကို ၎င်းတို့ရှိနေသည့်အတိုင်း ထိန်းသိမ်းရန်သာ ကြိုးစားပြီး၊ ပိုနေမြဲ ကျားနေ‌မြဲ အခြေအနေကို ပြောင်းလဲရန်နှင့် သမိုင်းကို စွန့်ပစ်ရန် မကြိုးစားပါက၊ သင်သည် ဘုရားသခင်ကို အမြဲဆန့်ကျင်နေမည် မဟုတ်လော။ ဘုရားသခင် အမှု၏ အဆင့်များသည်- တလိပ်လိပ်တက်နေသော လှိုင်းတံပိုးများနှင့် မြည်ဟည်းနေသော မိုးချုန်းသံကဲ့သို့- ကြီးမားကျယ်ပြန့်ကာ တန်ခိုးကြီးသော်လည်း၊ သင်သည် ပျက်စီးခြင်းကို မလှုပ်မယှက် စောင့်ဆိုင်းရင်း၊ သင်၏မိုက်မဲမှုကို ဖက်တွယ်ရင်းနှင့် မည်သည့်အရာမျှ မလုပ်ဆောင်ဘဲနေရင်း ထိုင်နေသည်။ ဤနည်းဖြင့်၊ သိုးသငယ်၏ ခြေလှမ်းနောက် လိုက်သူတစ်ဦးအဖြစ် သင့်ကို မည်သို့ယူဆ၍ရနိုင်မည်နည်း။ သင် ဖက်တွယ်ထားသော ဘုရားသခင်သည် အစဉ်အသစ်ဖြစ်ကာ၊ မည်သည့်အခါမျှ အိုဟောင်းခြင်းမရှိသည့် ဘုရားသခင်အဖြစ် သင် မည်သို့ မှန်ကန်ကြောင်းပြနိုင်မည်နည်း။ သင်၏ အဝါရောင် သန်းနေသော စာအုပ်များ၏ စကားလုံးများသည် သင့်ကို ခေတ်သစ်တစ်လျှောက် မည်သို့ သယ်ဆောင်သွားနိုင်မည်နည်း။ ဘုရားသခင့်အမှု၏ အဆင့်များကို ရှာဖွေရန် ယင်းတို့သည် သင့်ကို မည်သို့ဦးဆောင်နိုင်မည်နည်း။ ပြီးလျှင် ၎င်းတို့သည် သင့်ကို ကောင်းကင်သို့ မည်သို့ခေါ်ဆောင်သွားနိုင်မည်နည်း။ သင်၏ လက်ထဲတွင် သင်ကိုင်စွဲသည့်အရာမှာ သင့်ကို ယာယီဖြေသိမ့်မှုသာ ပေးနိုင်သည့် ကျမ်းဟောင်းတရားများသာဖြစ်သည်၊ အသက် ပေးနိုင်စွမ်းရှိသည့် သမ္မာတရားများ မဟုတ်ပေ။ သင်ဖတ်သည့် သမ္မာကျမ်းများမှာ သင်၏နှုတ်ကိုသာ ကြွယ်ဝစေနိုင်ပြီး၊ သင့်ကို စုံလင်စေခြင်းဆီသို့ ဦးဆောင်လမ်းပြပေးနိုင်သော လမ်းကြောင်းများဖြစ်ဖို့ မဆိုထားနှင့်၊ လူ့အသက်တာကို သိရှိရန် သင့်ကို ကူညီနိုင်သည့် ဉာဏ်ပညာနှင့်ဆိုင်သော စကားများပင် မဟုတ်ပေ။ ဤကွာဟချက်သည် သင့်ကို ပြန်လည်သုံးသပ်ရန် အကြောင်းတရား မပေးပါသလော။ ယင်းသည် အတွင်းတွင် ပါရှိသည့် နက်နဲမှုများကို သင့်အား နားလည်စေပါသလော။ သင်သည် ဘုရားသခင်ကို သင့်ဘာသာ တွေ့ဆုံရန် မိမိကိုယ်ကိုယ် ကောင်းကင်ဘုံသို့ ပို့ဆောင်နိုင်သလော။ ဘုရားသခင်၏ ကြွလာခြင်းမရှိဘဲနှင့်၊ သင်သည် ဘုရားသခင်နှင့် မိသားစုပျော်ရွှင်မှုကို မွေ့လျော်ခံစားရန် သင့်ကိုယ်သင် ကောင်းကင်ဘုံထဲသို့ ခေါ်ဆောင်သွားနိုင်သလော။ သင်သည် ယခု စိတ်ကူးယဉ် နေသေးသလော။ သို့ဆိုပါက စိတ်ကူးယဉ်ခြင်းကို ရပ်တန့်ပြီး၊ ယခု မည်သူအမှုပြုနေသည်ကို ကြည့်ရန်- နောက်ဆုံးသောကာလတွင် လူသားကို ကယ်တင်ခြင်းအမှုအား ယခု မည်သူ ဆောင်ရွက်နေသည်ကို မြင်ရန် ကြည့်ဖို့- ငါအကြံပြု၏။ သင် ထိုသို့မလုပ်ဆောင်ပါက၊ သမ္မာတရားကို မည်သည့်အခါတွင်မျှ သင် ရရှိလိမ့်မည်မဟုတ်သကဲ့သို့၊ အသက်ကို မည်သည့်အခါတွင်မျှ ရရှိလိမ့်မည် မဟုတ်ပေ။

ခရစ်တော်ပြောဆိုခဲ့သည့် သမ္မာတရားကို အားကိုးခြင်းမရှိဘဲ အသက်ရရှိလိုသူတို့သည် ကမ္ဘာမြေပေါ်တွင် အဓိပ္ပာယ်မရှိဆုံးသော လူများဖြစ်ပြီး၊ ခရစ်တော်ယူဆောင်လာသည့် အသက်၏လမ်းခရီးကို လက်မခံသောသူတို့သည် စိတ်ကူးယဉ်အိပ်မက်ထဲတွင် ပျောက်ဆုံးကြပေသည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော်ကို လက်မခံသူများသည် ဘုရားသခင်၏ စက်ဆုပ်ရွံရှာမှုကို ထာဝရခံရမည်ဖြစ်သည်ဟု ငါဆို၏။ ခရစ်တော်သည် နောက်ဆုံးသော ကာလအတွင်းတွင် နိုင်ငံတော်သို့ လူသားဝင်ရောက်ရန် တံခါးပေါက်ဖြစ်ပြီး၊ သူ့ကို ရှောင်ကွင်းသွားနိုင်သူ မည်သူမျှမရှိပေ။ ခရစ်တော်ကို အမှီမပြုလျှင် မည်သူမျှ ဘုရားသခင်၏ စုံလင်စေခြင်းကို မခံရနိုင်ပေ။ သင်သည် ဘုရားသခင်ကို ယုံကြည်သောကြောင့်၊ သူ၏နှုတ်ကပတ်တော်များကို လက်ခံရမည်ဖြစ်ပြီး သူ၏လမ်းခရီးကို နာခံရမည်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်စွမ်းမရှိဘဲနှင့် အသက်၏ထောက်ပံ့မှုကို လက်ခံနိုင်စွမ်းမရှိဘဲ၊ ကောင်းချီးမင်္ဂလာ ရရှိရေးကိုသာ သင် စဉ်းစား၍မရပေ။ သူ့ကို စစ်မှန်စွာ ယုံကြည်သူအားလုံးသည် အသက်ဖြင့် ထောက်ပံ့ခံရဖို့အလို့ငှာ၊ ခရစ်တော်သည် နောက်ဆုံးသောကာလအတွင်း ကြွလာခြင်း ဖြစ်သည်။ သူ၏အမှုသည် ခေတ်အဟောင်းကို အဆုံးသတ်ခြင်းနှင့် ခေတ်သစ်တစ်ခုထဲသို့ ဝင်ရောက်ခြင်းအတွက် ဖြစ်ပြီး၊ သူ၏ အမှုသည် ခေတ်အသစ်ထဲသို့ ဝင်ရောက်မည့်သူအားလုံး လျှောက်ရမည့် လမ်းကြောင်းဖြစ်၏။ သင်သည် သူ့ကို အသိအမှတ်ပြုနိုင်စွမ်း မရှိဘဲ၊ ယင်းအစား သူ့ကို ပြစ်တင်ရှုတ်ချပါက၊ ပြစ်မှားစော်ကားပါက၊ သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခြင်းပင် ပြုပါက၊ သင်သည် ထာဝရလောင်ကျွမ်းခံရဖို့ သေချာပြီး၊ ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ ဝင်ရောက်ရလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ ဤခရစ်တော်ကိုယ်တော်တိုင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ ဖော်ပြချက်၊ ဘုရားသခင်၏ ဖော်ပြချက်၊ ဘုရားသခင်က ကမ္ဘာမြေကြီးတွင် သူ၏အမှုကို ဆောင်ရွက်ရန် တာဝန်ပေး စေခိုင်းထားသူ ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် နောက်ဆုံးသောကာလ ခရစ်တော် လုပ်ဆောင်ခဲ့သည့် အရာအားလုံးကို သင်လက်မခံနိုင်ပါက၊ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသည်ဟု ငါပြောရပေသည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်မှားစော်ကားသူတို့ ခံရမည့် ပြစ်ဒဏ်ခတ်ခြင်းမှာ အားလုံးအဖို့ ပကတိအတိုင်း ရှင်းနေပြီးဖြစ်သည်။ သင်သည် နောက်ဆုံးသောကာလ ခရစ်တော်ကို ဆန့်ကျင်ပါက၊ နောက်ဆုံးသော ကာလ ခရစ်တော်ကို သင် ပစ်ပယ်ပါက၊ သင်၏ ကိုယ်စား အကျိုးဆက်များကို ခံစားပေးမည့်သူ တစ်ဦးမျှရှိလိမ့်မည်မဟုတ်ဟုလည်း ငါသင့်ကို ပြော၏။ ထို့အပြင် ယနေ့မှစ၍ သင်သည် ဘုရားသခင်၏ လက်ခံမှုကိုရရှိရန် နောက်ထပ်အခွင့်အရေး ရှိမည် မဟုတ်ပေ။ သင်သည် မိမိကိုယ်ကိုယ် ရွေးနုတ်ရန် ကြိုးစားလျှင်ပင်၊ ဘုရားသခင်၏မျက်နှာကို မည်သည့်အခါတွင်မျှ တစ်ဖန် မြင်ရလိမ့်မည် မဟုတ်။ အဘယ်ကြောင့်ဆိုသော် သင်ဆန့်ကျင်သည်မှာ လူသားတစ်ဦးမဟုတ်၊ သင် ပစ်ပယ်သည်မှာ မဆိုစလောက်သတ္တဝါတစ်ဦးဦး မဟုတ်ဘဲ ခရစ်တော်ဖြစ်သောကြောင့် ဖြစ်၏။ ဤအရာ၏ အကျိုးဆက်များသည် မည်သည်တို့ ဖြစ်လိမ့်မည်ကို သင်သိပါသလော။ သင်သည် သေးငယ်သည့် အမှားတစ်ခု ပြုမိပြီးဖြစ်လိမ့်မည်မဟုတ်ဘဲ၊ အလွန်စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော ပြစ်မှုတစ်ရပ် ကျူးလွန်မိပြီး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ သင့်ကို အသက် ဆောင်ကြဉ်းပေးနိုင်ပြီး၊ သမ္မာတရားမှလွဲ၍ မည်သည့်အရာကမျှ သင့်ကို ပြန်လည်မွေးဖွားမပေးနိုင်သကဲ့သို့၊ ဘုရားသခင်၏မျက်နှာကို တစ်ဖန် ရှုမြင်ခွင့် မပေးနိုင်သည့်အတွက်၊ သမ္မာတရား ရှေ့မှောက်တွင် ကြမ်းကြုတ်သည့် တုန့်ပြန်မှုများမပြုရန် သို့မဟုတ် အရေးမထားသည့် ဝေဖန်မှုများ မလုပ်ရန် အယောက်တိုင်းကို ငါအကြံပြု၏။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “နောက်ဆုံးသော ကာလ၏ ခရစ်တော်သည်သာ လူသားအား ထာဝရအသက်၏ လမ်းခရီးကို ပေးနိုင်သည်” မှ

အရှေ့သို့- ၃။ နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း

နောက်တစ်ခုသို့- ၅။ ဘုရားသခင်၏ အမှုတော်ကို သိရှိခြင်း

ဘုရားသခင်၌ မည်သည့်ယုံကြည်မှုမျိုးသည် သူ၏ ချီးမွမ်းခြင်းကို ခံရနိုင်သည်ကို သင်သိပါသလား။ ကျွန်ုပ်တို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်းကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။ အဖြေများကို ရရှိဖို့ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် အားမနာပါနှင့်။
Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
Viber မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

အခန်း ၁၈

ဘုရားသခင်၏နှုတ်ကပတ်တော်အားလုံးတွင် သူ့စိတ်သဘောထား၏ တစ်စိတ်တစ်ပိုင်း ပါဝင်သည်။ ဘုရားသခင်၏ စိတ်သဘောထားကို နှုတ်ကပတ်တော်များဖြင့်...

သတိပေးချက် သုံးချက်

ဘုရားသခင်အား ယုံကြည်သူတစ်ဦးအနေဖြင့် အခြားအရာ အားလုံးထက် ဘုရားသခင်ကိုသာ သစ္စာစောင့်သိကာ အရာအားလုံးတွင် သူ၏ အလိုတော်ကိုလိုက်နာသင့်ပေသည်။...

လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း

လူသားသည် ယနေ့အမှုနှင့် အနာဂတ်အမှုတို့ကို အနည်းအကျဉ်းသာ နားလည်၏၊ သို့ရာတွင် သူသည် လူသားမျိုးနွယ် ဝင်ရောက်မည့် ပန်းတိုင်ကို နားမလည်ပေ။...

သင်သည် ဘုရားသခင်ကို ယုံကြည်သူစစ်စစ်တစ်ယောက် ဖြစ်သလော

ဘုရားသခင်ကို သင် ယုံကြည်ခြင်း လမ်းကြောင်းကို တစ်နှစ်၊ သို့မဟုတ် နှစ်နှစ်ကျော်ကြာ လျှောက်လှမ်းပြီးဖြစ်ကောင်း ဖြစ်နိုင်သကဲ့သို့၊ သင့်ဘဝတွင်...

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ အနန္တတန်ခိုးရှင် ဘုရားသခင်၏ နှုတ်ကပတ်တော် လက်ရွေးစင်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နောက်ဆုံးသော ကာလ ခရစ်တော်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်း၏ အခြေခံမူ ၁၇၀ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်