နောက်ဆုံးသောကာလတွင် တရားစီရင်ခြင်း

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၇၇)

လူသည် ရွေးနုတ်ခြင်း မခံရမီတွင်၊ စာတန်၏ အဆိပ်အများအပြားသည် သူ့အတွင်းတွင် အခိုင်အမာ တည်ထားနှင့်ပြီးဖြစ်သကဲ့သို့ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းကို နှစ်ထောင်ချီ ခံရပြီးနောက်တွင်၊ လူသည် သူ့အတွင်းတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် အခြေခိုင်သည့် သဘာဝ ရှိလေသည်။ သို့ဖြစ်ရာ လူသားသည် ရွေးနုတ်ခံရပြီးသည့်အချိန်တွင်၊ ယင်းသည် လူကို အဖိုးအခကြီးစွာ ပေးဝယ်ထားသည့် ရွေးနုတ်ခြင်း ကိစ္စတစ်ခုထက် ဘာမျှမပိုဘဲ၊ သူ့အတွင်းရှိ အဆိပ်သင့်သော သဘာဝမှာ သုတ်သင်ပယ်ရှင်းခြင်းကို မခံရသေးပေ။ အလွန် ညစ်ညမ်းလှသော လူသည် ဘုရားသခင်ကို အစေခံရန် မထိုက်တန်မီတွင် ပြောင်းလဲခြင်းကို ကြုံရမည် ဖြစ်သည်။ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့်ဆိုင်သည့် ဤအမှုအားဖြင့်၊ လူသည် သူကိုယ်တိုင်အတွင်းရှိ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသည့် အနှစ်သာရကို အပြည့်အဝ သိလာလိမ့်မည် ဖြစ်ပြီး၊ သူသည် လုံးဝ ပြောင်းလဲနိုင်လိမ့်မည် ဖြစ်ပြီး သန့်ရှင်းလာလိမ့်မည်။ ဤနည်းဖြင့်သာ လူသည် ဘုရားသခင်၏ ပလ္လင်တော် ရှေ့မှောက်သို့ ပြန်လာရန် ထိုက်တန်နိုင်ပေသည်။ ယနေ့ လုပ်ဆောင်သည့် အမှုအားလုံးသည် လူသားက သန့်ရှင်းစေခြင်းခံရနိုင်ကာ ပြောင်းလဲစေခြင်း ခံရနိုင်ဖို့အလို့ငှာ ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းမှတစ်ဆင့်အပြင်၊ စစ်ဆေးခြင်းမှတစ်ဆင့်လည်း လူသားသည် သူ၏ ဖောက်ပြန်ပျက်စီးခြင်းကို ဖယ်ရှားသန့်စင်နိုင်ပြီး ဖြူစင်စေခြင်း ခံရနိုင်ပေသည်။ အမှု၏ ဤအဆင့်ကို ကယ်တင်ခြင်း၏အမှုဟု ယူဆခြင်းထက်၊ ယင်းသည် သန့်ရှင်းစင်ကြယ်စေခြင်း၏ အမှုဟု ပြောရန်မှာ ပိုမို ဆီလျော်ပေမည်။ အမှန်တွင် ဤအဆင့်သည် သိမ်းပိုက်ခြင်းအဆင့် ဖြစ်သည့်အပြင် ကယ်တင်ခြင်းအမှုထဲက ဒုတိယ အဆင့်လည်း ဖြစ်သည်။ လူသည် ဘုရားသခင်၏ ရယူခံရခြင်း အဖြစ်သို့ ရောက်ရှိသည်မှာ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဖြစ်ပြီး လူသား၏ စိတ်နှလုံးအတွင်းရှိ မသန့်စင်မှုများ၊ အယူအဆများ၊ ကြံရွယ်ချက်များနှင့် တစ်ဦးချင်း ပြင်းပြသောဆန္ဒများ အားလုံး လုံးဝ ထုတ်ဖော်ပြခံရသည်မှာ စစ်ဆေးဖို့၊ တရားစီရင်ဖို့နှင့် ဖွင့်ဟဖို့ နှုတ်ကပတ်တော်ကို အသုံးပြုခြင်းမှတစ်ဆင့် ဖြစ်ပေသည်။ လူသားအားလုံးသည် သူ့အပြစ်များမှ ခွင့်လွှတ်ခြင်းနှင့် ရွေးနုတ်ခြင်းကို ခံရပြီးဖြစ်ကောင်း ဖြစ်နိုင်သည့်အတွက်၊ ဘုရားသခင်သည် လူ၏ ဒုစရိုက်ကျူးလွန်ခြင်းများကို မအောက်မေ့ခြင်းနှင့် လူသားကို သူ၏ ဒုစရိုက်ကျူးလွန်ခြင်းများနှင့်အညီ မဆက်ဆံခြင်းဟုသာ မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဇာတိ၏ ခန္ဓာဖြင့် အသက်ရှင်သည့် လူသားသည် အပြစ်မှ လွှတ်မြောက်ခြင်း မခံရသေးသည့်အခါ၊ သူသည် ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို မပြီးနိုင် မဆုံးနိုင် ထုတ်ဖော်ပြလျက်၊ အပြစ်ကိုသာ ဆက်လုပ်နိုင်သည်။ ဤအရာက အပြစ်ပြုခြင်းနှင့် ခွင့်လွှတ်ခြင်းနှင့်ဆိုင်သည့် အဆုံးမရှိသော သံသရာတစ်ခု ဖြစ်သည့် လူများ အသက်ရှင် နေထိုင်သည့် အသက်တာ ဖြစ်သည်။ လူသားမျိုးနွယ် အများစုသည် ညနေတွင် အပြစ်ဝန်ချရန်သာ နေ့ပိုင်းတွင် အပြစ်လုပ်ကြသည်။ ဤနည်းဖြင့် အပြစ်ဖြေရာယဇ်သည် လူအတွက် အစဉ်အမြဲ ထိရောက်သော်လည်း၊ ယင်းသည် လူကို အပြစ်မှ ကယ်တင်နိုင်လိမ့်မည် မဟုတ်ပေ။ လူသားသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိဆဲဖြစ်သည့်အတွက်၊ ကယ်တင်ခြင်း အမှု၏ ထက်ဝက်သာ ပြီးစီးသေးသည်။ ဥပမာအားဖြင့်၊ လူများက ၎င်းတို့သည် မောဘမှ ဆင်းသက်ခဲ့ကြသည်ကို သဘောပေါက်ကြသည့်အခါ၊ ၎င်းတို့သည် စောဒကတက်သည့် စကားများကို တင်လျှောက်ခဲ့ကြသည်၊ အသက်ကို လိုက်စားခြင်းအား ရပ်စဲခဲ့ကြပြီး၊ လုံးဝ အပျက်သဘောဆောင် လာခဲ့ကြသည်။ ဤအရာက လူသားမျိုးနွယ်သည် ဘုရားသခင်၏ အုပ်စိုးမှုအောက်တွင် အပြည့်အဝ မကျိုးနွံမနာခံနိုင်ဆဲ ဖြစ်သည်ကို ပြသသည် မဟုတ်လော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား အတိအကျ ဖြစ်သည် မဟုတ်လော။ သင်သည် ပြစ်တင်ဆုံးမခြင်းကို ခံရခြင်း မရှိခဲ့ချိန်တွင်၊ သင်၏ လက်များသည် အခြားသူများထက် ယေရှု၏ လက်များထက်ပင် သာ၍ မြင့်အောင် မြှောက်ထားခဲ့သည်။ ပြီးလျှင် သင်သည် ကျယ်လောင်သော အသံဖြင့်၊ “ဘုရားသခင်၏ ချစ်မြတ်နိုးသော သားဖြစ်ပါစေ။ ဘုရားသခင်၏ အကျွမ်းဝင်သူ ဖြစ်ပါစေ၊ ကျွန်ုပ်တို့သည် စာတန်ကို ပျပ်ဝပ်ဖို့ထက် အသေခံကြမည်။ စာတန်အိုကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးကို တော်လှန်ကြ။ အဆင်းနီသော နဂါးကြီးသည် တန်ခိုးအာဏာမှ လက်မှိုင်ချလျက် ကျဆင်းပါစေ။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ပြည့်စုံပါစေသော်။”ဟု အော်သည်။ သင်၏ အော်ဟစ်မှုများသည် အခြားသူများ အားလုံးထက် ပိုမို ကျယ်လောင်သည်။ သို့သော်လည်း ထို့နောက်တွင် ပြစ်တင်ဆုံးမခြင်း အချိန်ကာလ ရောက်လာခဲ့ပြီး နောက်တစ်ဖန် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ထုတ်ဖော်ပြခံရလေသည်။ ထိုအခါ ၎င်းတို့၏ ဟစ်အော်မှုများ ရပ်စဲသွားခဲ့ပြီး၊ ၎င်းတို့၏ စိတ်ဆုံးဖြတ်ချက် ကျရှုံးသွားခဲ့သည်။ ဤသည်မှာ လူ၏ ဖောက်ပြန်ပျက်စီးခြင်း ဖြစ်သည်။ အပြစ်ထက်ပို၍ နက်ရှိုင်းနေလျက်၊ ယင်းသည် စာတန်က အခိုင်အမာတည်ထားသည့်အရာတစ်ခု ဖြစ်ပြီး၊ လူသား၏ အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ခဲ့သည်။ လူသားအတွက် သူ၏ အပြစ်များကို သတိပြုမိလာရန်မှာ မလွယ်ကူချေ။ သူသည် သူကိုယ်တိုင်၏ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်ထားသော သဘာဝကို သတိမပြုမိနိုင်သကဲ့သို့၊ ဤရလဒ်ကို ရရှိဖို့အလို့ငှာ နှုတ်ကပတ်တော်၏ တရားစီရင်ခြင်းအပေါ် သူ မှီခိုရမည်ဖြစ်သည်။ ထိုသို့ဖြင့်သာ လူသည် ဤအချိန်မှစ၍ နောက်ပိုင်းတွင် တဖြည်းဖြည်း ပြောင်းလဲလာနိုင်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ့ဇာတိခံယူခြင်း၏ နက်နဲရာအချက် (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၇၈)

“တရားစီရင်ခြင်း” ဟူသော စကားလုံးကို ဖော်ပြသည်နှင့်၊ နေရာဒေသအားလုံးရှိလူများကို လမ်းပြဖို့ ယေဟောဝါ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များနှင့် ယေရှုက ဖာရိရှဲတို့ကို ပြစ်တင်မောင်းမဲဖို့ ပြောဆိုခဲ့သည့် နှုတ်ကပတ်တော်များကို သင်တို့ စဉ်းစားမိကောင်းစဉ်စားမိနိုင်သည်။ ၎င်းတို့၏ပြင်းထန်မှုများ အားလုံးရှိလင့်ကစား၊ ဤနှုတ်ကပတ်တော်များသည် လူသားအပေါ် ဘုရားသခင်၏ တရားစီရင်မှု မဟုတ်ပေ။ ယင်းတို့သည် မတူညီသော နောက်ခံအကြောင်းအရာများ ဖြစ်သည့်၊ မတူညီသော ပတ်ဝန်းကျင်များအတွင်း ဘုရားသခင် ပြောဆိုထားခဲ့သည့် နှုတ်ကပတ်တော်များသာ ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် နောက်ဆုံးသောကာလ၏ ခရစ်တော်က လူသားကို တရားစီရင်သည် နှင့်အမျှ သူပြောဆိုထားသော နှုတ်ကပတ်တော်များနှင့် မတူပေ။ နောက်ဆုံးသောကာလ ခရစ်တော်သည် လူသားကို သွန်သင်ရန်၊ လူသား၏အနှစ်သာရကို ဖော်ထုတ်ရန်နှင့် လူသား၏ အပြုအမူများနှင့် စကားလုံးများကို စိတ်ဖြာလေ့လာရန် အမျိုးမျိုးသော သမ္မာတရားများကို အသုံးပြု၏။ ဤနှုတ်ကပတ်တော်များသည် လူသား၏တာဝန်၊ လူသားသည် ဘုရားသခင်ကို မည်သို့နာခံသင့်ပုံ၊ လူသားသည် ဘုရားသခင်ကို မည်သို့သစ္စာရှိသင့်ပုံ၊ လူသားသည် သာမန်လူ့သဘာဝကို မည်သို့ အသက်ရှင်နေထိုင်သင့်ပုံအပြင်၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် စိတ်သဘောထား စသည်တို့ကဲ့သို့သော အမျိုးမျိုးသော သမ္မာတရားများ ပါဝင်သည်။ ဤနှုတ်ကပတ်တော်များ အားလုံးသည် လူသား၏အနှစ်သာရနှင့် သူ၏ဖောက်ပြန်ပျက်စီးနေသော စိတ်သဘောထားတို့ကို ဦးတည်ထားပေသည်။ အထူးသဖြင့်၊ ဘုရားသခင်ကို လူသားက မည်သို့ ပစ်ပယ်သည်ကို ဖော်ထုတ်ပြသည့် နှုတ်ကပတ်တော်များမှာ လူသားသည် စာတန်၏ပြယုဂ်နှင့် ဘုရားသခင်ကိုဆန့်ကျင်သည့်ရန်သူအင်အားတစ်ခု မည်သို့ဖြစ်သည်နှင့် စပ်လျဉ်း၍ ပြောဆိုထားပေသည်။ သူ၏တရားစီရင်ခြင်းအမှုကို ဆောင်ရွက်ရာတွင်၊ ဘုရားသခင်သည် လူသား၏သဘာဝကို စကားလုံးအနည်းငယ်မျှဖြင့် ရှင်းလင်းရုံမျှ ရှင်းလင်းစေသည် မဟုတ်။ သူသည် ရေရှည်နှင့်ပတ်သက်၍ ဖော်ထုတ်သည်၊ ကိုင်တွယ်ဖြေရှင်းပြီး၊ ပြုပြင်လေသည်။ ဤကွဲပြားခြားနားသော ဖော်ထုတ်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ပေးခြင်း နည်းစနစ်အားလုံးကို သာမန်စကားလုံးများဖြင့် အစားထိုး၍မရနိုင်ဘဲ၊ လူသားတွင် လုံးဝကင်းမဲ့နေသော သမ္မာတရားဖြင့် အစားထိုးနိုင်ပေသည်။ ဤသို့သော နည်းလမ်းများကိုသာ တရားစီရင်မှုဟု ခေါ်ဆိုနိုင်သည်။ ဤတရားစီရင်မှုမျိုးမှတစ်ဆင့်သာ လူသားသည် ချိုးနှိမ်ခံရနိုင်ပြီး၊ ဘုရားသခင်နှင့်ပတ်သက်၍ လုံးလုံးလျားလျား သိမ်းသွင်းစည်းရုံး ခံရနိုင်သည့်အပြင်၊ ဘုရားသခင်နှင့် ပတ်သက်သည့် စစ်မှန်သော အသိပညာကို ရရှိနိုင်ပေသည်။ တရားစီရင်ခြင်းအမှု က ဖြစ်ပေါ်စေသည့်အရာမှာ ဘုရားသခင်၏မျက်နှာအစစ်အမှန်နှင့် သူကိုယ်တိုင်၏ ပုန်ကန်မှုနှင့်ပတ်သက်သည့် အမှန်တရားကို လူသားက သိနားလည်ခြင်း ဖြစ်သည်။ တရားစီရင်ခြင်းအမှုသည် ဘုရားသခင်၏ အလို၊ ဘုရားသခင်အမှု၏ ရည်ရွယ်ချက်နှင့် လူသား နားမလည်နိုင်သော နက်နဲမှုများတို့နှင့် ပတ်သက်သည့် များပြားလှသော သိနားလည်မှုကို လူသားအား ရရှိခွင့်ပေးသည်။ ယင်းသည် လူသားကို သူ၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရနှင့် သူ၏ ဖောက်ပြန်ပျက်စီးမှု အရင်းအမြစ်များကို သတိပြုကာ သိရှိခွင့်ပေးသည့်အပြင် လူသား၏ အကျည်းတန်မှုကို သိရခွင့် ပေးလေသည်။ ဤအကျိုးသက်ရောက်မှုအားလုံးတို့ကို တရားစီရင်ခြင်း အမှုက ဖြစ်ပေါ်စေခြင်းဖြစ်သည်၊ အကြောင်းမှာ ဤအမှု၏ အနှစ်သာရသည် ဘုရားသခင်၌ ယုံကြည်ခြင်းရှိသူများ အားလုံးထံသို့ ဘုရားသခင်၏သမ္မာတရား၊ လမ်းခရီးနှင့် အသက်တို့ကို အမှန်တကယ် ဖွင့်ပြပေးသည့် အမှု ဖြစ်သောကြောင့် ဖြစ်သည်။ ဤအမှုသည် ဘုရားသခင် လုပ်ဆောင်သော တရားစီရင်ခြင်းအမှု ဖြစ်၏။ အကယ်၍ သင်သည် ဤသမ္မာတရားများကို အရေးကြီးသကဲ့သို့ မမှတ်ယူပါက၊ ယင်းတို့ကို မည်သို့ ရှောင်ရှားရမည်ကိုသာ သို့မဟုတ် ထိုအရာများ မပါဝင်သည့် အသစ်သော ထွက်ပေါက်တစ်ခုကို မည်သို့ ရှာဖွေရမည်ကိုသာ သင် တွေးတောပါက၊ သင်သည် အလွန်ဆိုးရွားသော အပြစ်သား တစ်ဦးဖြစ်သည်ဟု ငါပြော၏။ သင်သည် ဘုရားသခင်၌ ယုံကြည်မှု ရှိသော်လည်း၊ သမ္မာတရား သို့မဟုတ် ဘုရားသခင်၏ အလိုကို မရှာဖွေသကဲ့သို့၊ သင့်ကို ဘုရားသခင်နှင့် သာ၍ နီးကပ်စေသည့် လမ်းခရီးကိုလည်း မနှစ်သက်ပါက၊ သင်သည် တရားစီရင်မှုကို ရှောင်တိမ်းရန် ကြိုးစားနေသူ တစ်ဦးဖြစ်ပြီး၊ သင်သည် ဖြူသောပလ္လင်ကြီးမှ ထွက်ပြေးနေသော ရုပ်သေးရုပ်တစ်ရုပ်နှင့် သစ္စာဖောက်တစ်ဦး ဖြစ်သည်ဟု ငါပြောသည်။ ဘုရားသခင်သည် သူ၏ မျက်စိအောက်မှ လွှဲရှောင်သော ပုန်ကန်သူ မည်သူ့ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်။ ထိုသို့သောလူတို့သည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်ကိုပင် ရရှိကြလိမ့်မည်။ တရားစီရင်ခြင်းခံရဖို့ ဘုရားသခင်၏ ရှေ့မှောက်သို့ လာသည့်အပြင် သန့်စင်ခံရပြီးဖြစ်သောသူတို့သည် ဘုရားသခင်၏ နိုင်ငံတော်တွင် အစဉ်အမြဲ အသက်ရှင်ရလိမ့်မည်။ ဤသည်မှာ အနာဂတ်နှင့် သက်ဆိုင်သော အရာတစ်ခု ဖြစ်သည်မှာ မှန်ပေ၏။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၇၉)

တရားစီရင်ခြင်းအမှုသည် ဘုရားသခင်ကိုယ်တိုင်၏အမှု ဖြစ်၏။ ထို့ကြောင့် ယင်းအား ဘုရားသခင်ကိုယ်တော်တိုင် ဆောင်ရွက် ရမည်မှာ ဟုတ်ပေသည်။ သူ့အစား၊ လူသားက အစားထိုး၍ ဆောင်ရွက် မပေးနိုင်ပေ။ တရားစီရင်ခြင်းသည် လူသားမျိုးနွယ်ကို သိမ်းပိုက်ဖို့ သမ္မာတရားကို အသုံးပြုခြင်း ဖြစ်သည့်အတွက်၊ လူသားအလယ် ဤအမှုကို ဆောင်ရွက်ရန် ဘုရားသခင်သည် လူ့ဇာတိခံ ပုံသဏ္ဌာန်ဖြင့် ပေါ်ထွန်းဦးမည်မှာ မေးစရာမလိုချေ။ ဆိုလိုသည်မှာ နောက်ဆုံးသောကာလ ခရစ်တော်သည် ကမ္ဘာလောကအနှံ့ရှိ လူတို့ကို သွန်သင်ရန် သမ္မာတရားကို အသုံးပြုမည်ဖြစ်ပြီး၊ သမ္မာတရားအားလုံးကို သူတို့အား သိစေမည်။ ဤသည်မှာ ဘုရားသခင်၏ တရားစီရင်ခြင်း အမှုဖြစ်၏။ လူတို့က ဘုရားသခင်သည် တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ဖို့ လူ့ဇာတိခံယူသည်ကို ယုံကြည်ဖို့ အခက်တွေ့ကြသည့်အတွက်၊ များစွာသော သူတို့သည် ဘုရားသခင်၏ ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်းနှင့် ပတ်သက်၍ မကောင်းသော ခံစားချက်များရှိကြလေသည်။ သို့သော်လည်း ဘုရားသခင်၏ အမှုသည် လူသား၏ မျှော်လင့်ချက်များထက် မကြာခဏ ကျော်လွန်တတ်ပြီး လူသားစိတ်က လက်ခံရန် ခက်ခဲတတ်သည်ကို သင့်ကို ငါ ပြောရမည်။ လူတို့သည် ကမ္ဘာမြေကြီးပေါ်က လောက်ကောင်များသာ ဖြစ်သော်လည်း၊ ဘုရားသခင်မှာမူ စကြဝဠာကို ပြည့်စေသည့် အမြင့်ဆုံးသော သူဖြစ်သည့်အတွက် ဖြစ်သည်။ လူသား၏စိတ်သည် လောက်ကောင်များကိုသာ ပေါက်ပွားစေသည့် ညစ်ညမ်းသော ရေတွင်းတစ်ခုကဲ့သို့ ဖြစ်သည်၊ ဘုရားသခင်၏ အကြံအစည်များက ညွှန်ကြားသော အမှု၏ အဆင့်အသီးသီးမှာမူ ဘုရားသခင်၏ ဉာဏ်ပညာ၏ အကျိုးရလဒ် ဖြစ်ပေသည်။ လူတို့သည် ဘုရားသခင်ကို ဖက်ပြိုင်ရန် အမြဲ ကြိုးစားနေကြသည်၊ ယင်းတွင် နောက်ဆုံး၌ မည်သူ ဆုံးရှုံးမည်မှာ ပကတိအတိုင်း ရှင်းနေပြီဖြစ်သည်ဟု ငါပြောပေသည်။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ရွှေထက် သာ၍ တန်ဖိုးရှိသည်ဟု မထင်မှတ်ဖို့ သင်တို့ကို ငါ တိုက်တွန်း၏။ အခြားသူများသည် ဘုရားသခင်၏ တရားစီရင်ခြင်းကို လက်ခံနိုင်လျှင်၊ သင်သည် အဘယ်ကြောင့် လက်မခံနိုင်သနည်း။ သင်သည် အခြားသူများထက် မည်မျှ သာ၍ မြင့်မားစွာ ရပ်တည်သနည်း။ အခြားသူများသည် သမ္မာတရားရှေ့တွင် မိမိတို့၏ ဦးခေါင်းများကို ညွှတ်နိုင်ကြပါက၊ သင်သည်လည်း အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ ဘုရားသခင်၏ အမှုသည် ရပ်တန့်မရနိုင်သော အရှိန်အဟုန်တစ်ခု ရှိ၏။ သင် ပြုလုပ်ပြီးသော “ထောက်ပံ့မှု” ကြောင့်သာ သူသည် တရားစီရင်သည့် အမှုကို ထပ်လုပ်မည် မဟုတ်သကဲ့သို့၊ သင်သည် ထိုသို့သော အခွင့်ကောင်းတစ်ခုကို လွဲချော်စေခြင်းကြောင့် နောင်တစိတ်ဖြင့် မွှန်ထူသွားပေမည်။ သင်သည် ငါ၏နှုတ်ကပတ်တော်များကို မယုံကြည်ပါက၊ မိုးကောင်းကင်ရှိ ထိုဖြူသောပလ္လင်ကြီးက သင့်အပေါ် တရားစီရင်ချက်ချမည်ကိုသာ စောင့်လော့။ ဣသရေလလူ အားလုံးသည် ယေရှုကို ပစ်ပယ်ကာ ငြင်းပယ်ခဲ့ကြသော်လည်း၊ ယေရှု၏ လူသားမျိုးနွယ်ကို ရွေးနုတ်ခြင်း အမှန်တရားသည် စကြဝဠာတစ်လျှောက်လုံးနှင့် ကမ္ဘာမြေစွန်းများထိတိုင် တိုးချဲ့ဆဲ ဖြစ်ခဲ့သည်ကို သင်တို့ သိရမည်။ ဤသည်မှာ လွန်ခဲ့သော အချိန်များစွာက ဘုရားသခင်ပြုခဲ့သည့် လက်တွေ့အရှိတရား ဖြစ်သည် မဟုတ်လော။ အကယ်၍ သင်သည် ယေရှုက သင့်ကို ကောင်းကင်သို့ ဆောင်ယူမည်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါက၊ သင်သည် ခေါင်းမာသော သစ်ခြောက်တစ်ခုက ဖြစ်သည်ဟု ငါပြောသည်။ သမ္မာတရားကို သစ္စာစောင့်သိမှုမရှိသကဲ့သို့၊ ကောင်းချီးများကိုသာ ရှာဖွေသည့် သင်ကဲ့သို့သော အယောင်ဆောင် ယုံကြည်သူတစ်ဦးကို ယေရှုသည် အသိအမှတ်ပြုလိမ့်မည် မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့်၊ သူသည် နှစ်ထောင်သောင်းချီ လောင်ကျွမ်းဖို့ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ သင့်ကို ချပစ်ရာတွင် သနားကရုဏာ ပြမည်မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

အောက်ခြေမှတ်စု(များ)-

က။ သစ်ခြောက်တစ်ခု- “ကူညီ၍မရနိုင်တော့သော” ဟု ဆိုလိုသည့် တရုတ်ဥပစာစကားတစ်ရပ်။


ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၀)

မည်သည့်အရာက တရားစီရင်မှု ဖြစ်ပြီး မည်သည့်အရာက သမ္မာတရား ဖြစ်သည်ကို ယခု သင်နားလည်သလော။ သင်နားလည်ပါက၊ တရားစီရင်ခံရခြင်းအဖြစ်ကို ကျိုးနွံစွာ နာခံဖို့ သင့်ကို ငါ တိုက်တွန်း၏၊ သို့မဟုတ်ပါက သင်သည် ဘုရားသခင်၏ ချီးကျူးခံရမည့် သို့မဟုတ် သူ၏နိုင်ငံတော်ထဲသို့ သူ၏ ခေါ်ဆောင်ခြင်းကို ခံရမည့် အခွင့်အရေးကို မည်သည့်အခါတွင်မျှ ရလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကိုသာ လက်ခံသော်လည်း၊ မည်သည့်အခါမျှ သန့်စင်မခံရနိုင်သော သူတို့သည်၊ ဆိုလိုသည်မှာ တရားစီရင်ခြင်းအမှု အလယ်၌ ထွက်ပြေးသောသူများသည် ဘုရားသခင်၏ စက်ဆုပ်မှုနှင့် ငြင်းပယ်မှုကို ထာဝရ ခံကြရလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို သစ္စာဖောက်ခဲ့ပြီးဖြစ်ကာ ပုန်ကန်ခဲ့ကြပြီးဖြစ်သည့်အတွက်၊ ၎င်းတို့၏ အပြစ်များသည် ဖာရိရှဲတို့၏အပြစ်များထက် သာလွန်များပြားကာ၊ သာ၍ ဆိုးရွားလေသည်။ အစေခံခြင်းကို လုပ်ဆောင်ရန်ပင် မထိုက်တန်သည့် ထိုသို့သောလူများသည် သာ၍ ပြင်းထန်သော အပြစ်ဒဏ်၊ ထို့အပြင် ထာဝရတည်တံ့သည့် အပြစ်ဒဏ်တစ်ခုကို ရရှိမည်ဖြစ်သည်။ ဘုရားသခင်သည် သူ့ကို တစ်ချိန်က စကားဖြင့် သစ္စာစောင့်သိမှု ပြခဲ့ကြသော်လည်း၊ ထို့နောက် သစ္စာဖောက်သွားသော မည်သည့်သစ္စာဖောက်ကိုမျှ ချမ်းသာပေးလိမ့်မည် မဟုတ်ပေ။ ဤကဲ့သို့သော လူတို့သည် စိတ်၊ ဝိညာဉ်နှင့် ကိုယ်ခန္ဓာတို့၏ အပြစ်ဒဏ်ပေးခြင်းမှတစ်ဆင့် ဒဏ်ခတ်မှုကို ရရှိကြလိမ့်မည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်နေသဘောထား၏ တိကျစွာ ဖွင့်ပြခြင်းတစ်ခု ဖြစ်သည် မဟုတ်လော။ ဤသည်မှာ လူသားကို တရားစီရင်ခြင်းနှင့် ထုတ်ဖော်ခြင်းတို့တွင် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည် မဟုတ်လော။ ဘုရားသခင်သည် တရားစီရင်ရာ အချိန်ကာလအတောအတွင်းတွင် ဆိုးယုတ်သော လုပ်ဆောင်ချက်မျိုးစုံကို ဆောင်ရွက်သူအားလုံးကို ဆိုးယုတ်သော ဝိညာဉ်များ သောင်းကျန်းသည့် နေရာတစ်ခုဆီသို့ လွှဲအပ်ပြီး၊ ဤဆိုးယုတ်သော ဝိညာဉ်များကို ၎င်းတို့၏ အသွေးအသားခန္ဓာအား စိတ်ကြိုက်ဖျက်ဆီးခွင့် ပေးကာ၊ ထိုလူတို့၏ ခန္ဓာကိုယ်များသည် အလောင်းကောင်အပုပ်နံ့ ထုတ်လွှတ်လေသည်။ ယင်းမှာ ၎င်းတို့နှင့် သင့်တော်သော ဒဏ်ခတ်ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သစ္စာမရှိသော အယောင်ဆောင်ယုံကြည်သူများ၊ အယောင်ဆောင် တမန်တော်များနှင့် အယောင်ဆောင် အမှုတော်ဆောင်များ အယောက်စီ၏ အပြစ်များ တစ်ခုစီတိုင်းကို ၎င်းတို့၏ မှတ်တမ်းစာအုပ်များထဲတွင် ရေးမှတ်၏။ ထို့နောက် အချိန်ကျသောအခါတွင်၊ ၎င်းတို့အနေဖြင့် မည်သည့်အခါတွင်မျှ လူမဝင်စားနိုင်ဖို့နှင့် မည်သည့်အခါတွင်မျှ အလင်းကို တစ်ဖန် မမြင်နိုင်ကြဖို့အလို့ငှာ၊ သူသည် ညစ်ညမ်းသော ဝိညာဉ်များအား ၎င်းတို့၏ ခန္ဓာတစ်ခုလုံးကို စိတ်ကြိုက် ဖျက်ဆီးရမ်းကားစေခွင့် ပြုလျက်၊ ၎င်းတို့ကို ဤညစ်ညမ်းသော ဝိညာဉ်များအလယ်သို့ ပစ်လိုက်သည်။ ၎င်းတို့အားလုံးသည် ယုတ်မာသူတို့နှင့် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ပြီး ၎င်းတို့၏ ဖရိုဖရဲ ဖြစ်နေသော ဝရုန်းသုန်းကား လူအုပ်တွင် ပါဝင်ဖို့အလို့ငှာ၊ အချိန်တစ်ခုကြာ အစေခံခြင်း ပြုကြသော်လည်း၊ အဆုံးတိုင် သစ္စာစောင့်သိနေနိုင်စွမ်း မရှိကြသည့် သူတော်ကောင်းအယောင်ဆောင်များကို ဘုရားသခင်သည် ယုတ်မာသူတို့ အထဲတွင် ထည့်တွက်၏။ နောက်ဆုံးတွင် ဘုရားသခင်သည် ၎င်းတို့ကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ခရစ်တော်ကို မည်သည့်အခါတွင်မျှ သစ္စာမစောင့်သိခဲ့သည့် သို့မဟုတ် မိမိတို့၏ခွန်အားဖြင့် မည်သည့်အခါတွင်မျှ ကူညီပံ့ပိုးခြင်းမရှိသော သူတို့ကို ဘုရားသခင်သည် ဖယ်ထုတ်၍ ဂရုပြုခြင်းမရှိဘဲ၊ ခေတ်အပြောင်းအလဲတွင် ၎င်းတို့အားလုံးကို အမြစ်ဖြတ် ချေမှုန်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ရာလမ်းကိုရရှိရန် မဆိုထားနှင့်၊ ကမ္ဘာမြေပေါ်တွင်ပင် တည်ရှိတော့မည် မဟုတ်ပေ။ ဘုရားသခင်အပေါ် မည်သည့်အခါတွင်မျှ စိတ်ရင်းမမှန်ခဲ့ကြဘဲ၊ သူ့ကို ဝတ်ကျေတမ်းကျေ ဆက်ဆံရန် အခြေအနေဖြင့် တွန်းအားပေးခြင်းခံရသူတို့သည် ဘုရားသခင်၏လူတို့အတွက် အစေခံသောသူတို့အထဲတွင် ထည့်တွက်ခြင်းခံရကြ၏။ ထိုသို့သော လူများထဲမှ အရေအတွက် အနည်းငယ်သာ ရှင်ကျန်ရစ်မည် ဖြစ်သော်လည်း၊ အများစုသည် စံနှုန်းမပြည့်မီသော အစေခံမှု ပေးသည့် သူများနှင့်အတူ ပျက်စီးကြရလိမ့်မည်။ နောက်ဆုံးတွင်၊ ဘုရားသခင်နှင့် စိတ်သဘောတူညီသူများ၊ ဘုရားသခင်၏ လူများနှင့်သားများ၊ ပြီးလျှင် ယဇ်ပရောဟိတ်များအဖြစ် ဘုရားသခင်က ကြိုတင်ခွဲခန့် မှတ်သားထားသော သူများအားလုံးကို ဘုရားသခင်သည် သူ၏နိုင်ငံတော်ထဲသို့ ဆောင်ကြဉ်းလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်၏အမှု၏ အကျိုးရလဒ် ဖြစ်လိမ့်မည်။ ဘုရားသခင် ချမှတ်ထားသော အမျိုးအစားတစ်ခုတစ်လေထဲတွင် သတ်မှတ်ခြင်း မခံရနိုင်သောသူများကိုမူ မယုံကြည်သူများအထဲတွင် ထည့်တွက်ခြင်း ခံရလိမ့်မည်- ပြီးလျှင် ၎င်းတို့၏ရလဒ် အဘယ်အရာ ဖြစ်မည်ကို သင်တို့အနေဖြင့် ဧကန်မုချ စိတ်ကူးကြည့်နိုင်သည်။ ငါပြောသင့်သည့် အရာအားလုံးကို သင်တို့အား ငါပြောနှင့်ပြီး ဖြစ်သည်။ သင်တို့ရွေးချယ်သောလမ်းမှာ သင်တို့၏ ရွေးချယ်မှု ချည်းသက်သက်သာ ဖြစ်သည်။ သင်တို့နားလည်သင့်သည့်အရာမှာ ဤသို့ဖြစ်၏- ဘုရားသခင်၏အမှုသည် သူ့ကို မီအောင် မလိုက်နိုင်သောသူ မည်သူမဆိုကို လုံးဝ မစောင့်ဆိုင်းသကဲ့သို့၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် မည်သည့် လူသားကိုမျှ သနားညှာတာမှု မပြပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ခရစ်တော်သည် တရားစီရင်ခြင်း အမှုကို သမ္မာတရားဖြင့် ဆောင်ရွက်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၁)

ဘုရားသခင်သည် ခေတ်တစ်ခုတစ်လေရှိ အမှုကို ထပ်မလုပ်ပေ။ နောက်ဆုံးသောကာလ ရောက်ရှိပြီး ဖြစ်သည့်အတွက်၊ သူသည် နောက်ဆုံးသော ကာလတွင် သူလုပ်ဆောင်သော အမှုကို လုပ်ဆောင်လိမ့်မည်ဖြစ်ပြီး၊ နောက်ဆုံးသော ကာလတွင် သူ၏ စိတ်သဘောထားဖြစ်သည့် အလုံးစုံသော စိတ်သဘောထားကို ထုတ်ဖော်ပြလိမ့်မည်။ နောက်ဆုံးသော ကာလနှင့်သက်ဆိုင်၍ ပြောဆိုရာတွင်၊ ဤအရာမှာ ယေရှုက သင်တို့သည် ကပ်ဘေးကို ဧကန်မုချ ကြုံရမည်ဖြစ်ပြီး၊ ငလျင်လှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့ကို ကြုံရလိမ့်မည်ဟု ပြောခဲ့သည့် သီးခြားခေတ် တစ်ခေတ်ကို ရည်ညွှန်းပေသည်၊ ယင်းက ဤသည်မှာ ခေတ်သစ် တစ်ခေတ်ဖြစ်ပြီး၊ အိုဟောင်းသော ကျေးဇူးတော်ခေတ် မဟုတ်တော့သည်ကို ပြသပေလိမ့်မည်။ အကယ်၍ လူများ ပြောသည့်အတိုင်း ဘုရားသခင်သည် မည်သည့်အခါမျှ မပြောင်းလဲ၊ သူ၏ စိတ်သဘောထားသည် အစဉ်အမြဲ သနားကြင်နာမှုနှင့် ချစ်ခြင်း ဖြစ်သည်၊ သူသည် လူသားကို ကိုယ်နှင့်အမျှ ချစ်ပြီး၊ လူတိုင်းကို ကယ်တင်ခြင်း ပေးကာ လူကို မည်သည့်အခါမျှ မမုန်းဟု ဆိုပါက၊ သူ၏အမှုသည် အဆုံးသို့ အစဉ် ရောက်နိုင်မည်လော။ ယေရှု ကြွလာခဲ့ပြီး အပြစ်သားအားလုံးအတွက် မိမိကိုယ်ကိုယ် စွန့်လွှတ်ရင်းနှင့် ယဇ်ပလ္လင်ထက်တွင် မိမိကိုယ်ကိုယ် ပူဇော်ရင်း၊ ကားတိုင်တွင် သံမှိုရိုက်ခံခဲ့ရချိန်တွင်၊ သူသည် ရွေးနုတ်ခြင်း အမှုကို ပြည့်စုံစေနှင့်ခဲ့ပြီးဖြစ်ကာ ကျေးဇူးတော်ခေတ်ကို အဆုံးသတ်စေခဲ့ပြီး ဖြစ်သည်။ သို့ဖြစ်ရာ ထိုခေတ်၏ အမှုကို နောက်ဆုံးသောကာလတွင် ထပ်လုပ်ခြင်း၏ ဆိုလိုချက်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ တူညီသောအရာကို လုပ်ဆောင်ခြင်းသည် ယေရှု၏ အမှုကို ငြင်းပယ်ခြင်း ဖြစ်မည် မဟုတ်လော။ ဤအဆင့်တွင် သူ ကြွလာခဲ့ချိန်တွင် ဘုရားသခင်သည် ကားစင်တင်ခံရခြင်းအမှုကို မလုပ်ဆောင်ခဲ့ဘဲ၊ ချစ်ခင်ကာ သနားကြင်နာနေမြဲဖြစ်ပါက၊ သူသည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ချစ်မြတ်နိုးတတ်ပြီး သနားကြင်နာတတ်သော ဘုရားသခင်သည် ခေတ်ကို အဆုံးသတ် နိုင်ပါမည်လော။ ခေတ်ကို အဆုံးသတ်ခြင်းနှင့်ဆိုင်သည့် သူ၏ နောက်ဆုံး အမှုတွင်၊ ဘုရားသခင်၏ စိတ်သဘောထားသည် လူအားလုံးကို လူသိရှင်ကြား တရားစီရင်ရန်နှင့် သူ့ကို စစ်မှန်ရိုးသားသည့် စိတ်နှလုံးဖြင့် ချစ်သောသူတို့ကို စုံလင်စေရန်အလို့ငှာ မဖြောင့်မတ်သည့် အရာအားလုံးကို သူ ထုတ်ဖော်ပြသည့် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့်သက်ဆိုင်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့သော စိတ်သဘောထားသည်သာလျှင် ခေတ်ကို အဆုံးသတ်စေနိုင်သည်။ နောက်ဆုံးသော ကာလသည် ရောက်ရှိနှင့်ပြီ ဖြစ်သည်။ ဖန်ဆင်းခြင်းထဲက အရာအားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရလိမ့်မည်ဖြစ်ပြီး၊ ၎င်းတို့၏ သဘာဝအပေါ် အခြေခံ၍ မတူကွဲပြားသော အမျိုးအစားများအဖြစ် ခွဲခြားခံရလိမ့်မည်။ ဤသည်မှာ ဘုရားသခင်က လူသားမျိုးနွယ်၏ အဆုံးသတ်နှင့် ၎င်းတို့၏ ပန်းတိုင်ကို ထုတ်ဖော်ပြသည့် အချိန် အခိုက်အတန့် ဖြစ်သည်။ အကယ်၍ လူတို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မကြုံကြရပါက၊ ၎င်းတို့၏ မနာခံမှုနှင့် မဖြောင့်မတ်မှုကို ဖော်ထုတ်ခြင်း နည်းလမ်းရှိလိမ့်မည် မဟုတ်ပေ။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်သာ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြ ခံရနိုင်ပေသည်။ လူသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ခံရသော အခါမှသာ သူ၏စရိုက်အမှန်ကို ပြသသည်။ မကောင်းမှု ပြုသူများကို မကောင်းသောသူများနှင့်အတူ၊ ကောင်းသောသူများကို ကောင်းသောသူများနှင့်အတူ ထားရှိလိမ့်မည်ဖြစ်ပြီး၊ လူသားမျိုးနွယ် အားလုံးသည် ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားခံရကြလိမ့်မည်။ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့်၊ မကောင်းသော သူများသည် အပြစ်ဒဏ်ပေးခံရပြီး ကောင်းသောသူများသည် ဆုလာဘ်များရရှိကာ လူအားလုံးတို့သည် ဘုရားသခင်၏ အုပ်စိုးခြင်းကို ခံကြရဖို့အလို့ငှာ၊ ဖန်ဆင်းခြင်း အားလုံး၏ အဆုံးသတ်သည် ထုတ်ဖော်ပြခံရလိမ့်မည်။ ဤအမှုအားလုံးကို ဖြောင့်မတ်သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ရရှိရပေမည်။ လူသား၏ ဖောက်ပြန်ပျက်စီးခြင်းသည် အမြင့်ဆုံးသို့ ရောက်ရှိပြီးဖြစ်ကာ သူ၏ မနာခံခြင်းသည် အလွန့်အလွန် ပြင်းထန်လာသောကြောင့်၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ အဓိကပါဝင်သော၊ နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည်သာ လူကို အပြည့်အဝ ပြောင်းလဲနိုင်ပြီး ပြည့်စုံစေနိုင်ပေသည်။ ဤစိတ်သဘောထားသည်သာ မကောင်းမှုကို ဖော်ထုတ်နိုင်ပြီး၊ ထိုသို့ဖြင့် မဖြောင့်မတ်သောသူအားလုံးကို ပြင်းထန်စွာ အပြစ်ပေးနိုင်သည်။ ထို့ကြောင့် ဤသို့သော စိတ်သဘောထားတစ်ခုသည် ခေတ်၏အရေးပါမှုနှင့် ပြည့်ဝပြီး၊ သူ့စိတ်သဘောထား၏ ထုတ်ဖော်ချက်နှင့် ဖော်ပြချက်သည် ခေတ်သစ် အသီးသီး၏ အမှုအတွက် ပေါ်လွင်ထင်ရှားလေသည်။ ယင်းမှာ ဘုရားသခင်သည် သူ၏စိတ်သဘောထားကို ထင်ရာမြင်ရာနှင့် အရေးပါမှုမရှိဘဲ ထုတ်ဖော်ပြသည် မဟုတ်ပေ။ အကယ်၍ နောက်ဆုံးသောကာလအတွင်း လူ၏အဆုံးသတ်ကို ထုတ်ဖော်ပြရာတွင် ဘုရားသခင်သည် လူသားကို ဖြောင့်မတ်သော တရားစီရင်မှု မခံရစေဘဲ၊ ယင်းထက် သည်းခံခြင်း၊ စိတ်ရှည်ခြင်းနှင့် ခွင့်လွှတ်ခြင်းတို့ကို သူ့အားပြသရင်းနှင့် ဖြောင့်မတ်သော တရားစီရင်မှု တစ်စက်မျှမရှိဘဲ သူ၏အပြစ်များ မည်မျှကြီးမားသည်ဖြစ်စေ လူသားကို အပြစ်လွှတ်ပေးရင်း၊ လူသားအပေါ် အဆုံးမဲ့ ကရုဏာနှင့် ချစ်ခြင်းမေတ္တာတို့ကို ချပေးသနားဆဲဖြစ်ပြီး သူ့အပေါ် ဆက်လက် ချစ်ခင်ပါက၊ ဘုရားသခင်၏ စီမံခန့်ခွဲမှုအားလုံးသည် မည်သည့်အချိန်တွင် အဆုံးသတ်ခြင်းသို့ ရောက်လိမ့်မည်နည်း။ ဤသို့သော စိတ်သဘောထားသည် လူတို့ကို လူသားမျိုးနွယ်၏ သင့်လျော်သော ပန်းတိုင်ထဲသို့ မည်သည့်အချိန်တွင်မှ ဦးဆောင်မည်နည်း။ ဥပမာအားဖြင့် အစဉ်အမြဲ ချစ်ခင်တတ်သော တရားသူကြီး၊ ကြင်နာသော မျက်နှာနှင့် နူးညံ့သော နှလုံးသားရှိသည့် တရားသူကြီးတစ်ဦးကို ကြည့်လော့။ သူသည် လူတို့ကို ၎င်းတို့ ကျူးလွန်ခဲ့သော ပြစ်မှုများ မည်သို့ပင်ရှိသည်ဖြစ်စေ ချစ်ပြီး ၎င်းတို့ မည်သူဖြစ်စေကာမူ သူသည် ၎င်းတို့ကို ချစ်ခင်ပြီး သည်းခံလေသည်။ ထိုသို့ဆိုပါက၊ သူသည် မျှတသော တရားစီရင်ချက်ကို မည်သည့်အခါတွင်မှ ချမှတ်နိုင်မည်နည်း။ နောက်ဆုံးသောကာလအတွင်းတွင် ဖြောင့်မတ်သော တရားစီရင်မှု သည်သာ လူသားကို ၎င်းတို့၏ အမျိုးအစားအလိုက် ခွဲခြားနိုင်ပြီး၊ လူကို နယ်ပယ်သစ်သို့ ဆောင်ယူနိုင်ပေသည်။ ဤနည်းဖြင့် ခေတ်တစ်ခုလုံးသည် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့နှင့်သက်ဆိုင်သည့် ဖြောင့်မတ်သော စိတ်သဘောထားမှတစ်ဆင့် အဆုံးသို့ ရောက်ရှိပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင့်အမှုတော်၏ ရူပါရုံ (၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၂)

အမှုနှင့်စပ်လျဉ်း၍ ပြောဆိုပါက လူ့ဇာတိထဲရှိ ဘုရားသခင်၏ အမှုသည် အရေးပါဆုံးဖြစ်ပြီး၊ အမှုကို နောက်ဆုံး အဆုံးသတ်ပေးသူမှာ လူ့ဇာတိခံ ဘုရားသခင် ဖြစ်ကာ ဝိညာဉ်တော် မဟုတ်ပေ။ ဘုရားသခင်သည် မသိလိုက်သည့်အချိန်အချို့တွင် ကမ္ဘာမြေပေါ်သို့ ကြွကောင်းကြွလာနိုင်ပြီး လူသားထံ ပေါ်ထွန်းကာ၊ ပြီးနောက် မည်သူ့ကိုမျှ အလွတ်မပေးဘဲ တစ်ယောက်ပြီး တစ်ယောက်ကို စစ်ဆေးလျက်၊ လူသားမျိုးနွယ် တစ်ရပ်လုံးကို ကိုယ်တိုင်ကိုယ်ကျ တရားစီရင်မည်ဟု အချို့က ယုံကြည်ကြသည်။ ဤနည်းဖြင့် တွေးထင်သူတို့သည် လူ့ဇာတိခံယူခြင်း အမှု၏ ဤအဆင့်ကို မသိကြပေ။ ဘုရားသခင်သည် လူကို တစ်ယောက်ပြီး တစ်ယောက် တရားမစီရင်သကဲ့သို့၊ တစ်ယောက်ပြီး တစ်ယောက် မစစ်ဆေးပေ။ ထိုသို့ပြုခြင်းသည် တရားစီရင်ခြင်းအမှု ဖြစ်မည် မဟုတ်ပေ။ လူသားမျိုးနွယ် အားလုံး၏ ဖောက်ပြန်ပျက်စီးမှုသည် အတူတူ ဖြစ်သည် မဟုတ်လော။ လူသားမျိုးနွယ် တစ်ရပ်လုံး၏ အနှစ်သာရသည် အတူတူ ဖြစ်သည် မဟုတ်လော။ တရားစီရင်ခြင်း ခံရသည်မှာ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော အနှစ်သာရ၊ စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းခံရသည့် လူသား၏အနှစ်သာရနှင့် လူသား၏ အပြစ်အားလုံးတို့ ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ အသေးအဖွဲဖြစ်ပြီး အရေးမပါသော အမှားတို့ကို တရားမစီရင်ပေ။ တရားစီရင်ခြင်း အမှုသည် ကိုယ်စားပြုသောအရာဖြစ်ပြီး၊ အထူးသဖြင့် လူတစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ခြင်း မဟုတ်ပေ။ ထို့ထက် ယင်းသည် လူသားမျိုးနွယ် တစ်ရပ်လုံးနှင့်ဆိုင်သည့် တရားစီရင်ခြင်းကို ကိုယ်စားပြုရန်အလို့ငှာ လူတစ်စုက တရားစီရင်ခြင်း ခံရသည့် အမှုဖြစ်သည်။ လူတစ်စုအပေါ်၌ မိမိ၏အမှုကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ခြင်းအားဖြင့် လူ့ဇာတိဖြင့် ဘုရားသခင်သည် လူသားတစ်မျိုးနွယ်လုံး၏အမှုကို ကိုယ်စားပြုရန် သူ၏အမှုကို အသုံးပြုသည်၊ ထို့နောက်တွင် ယင်းသည် တဖြည်းဖြည်း ပျံ့နှံ့လေသည်။ ဤသည်မှာ တရားစီရင်ခြင်းအမှု ပြုသည့်ပုံလည်း ဖြစ်သည်။ ဘုရားသခင်သည် လူတစ်မျိုး၊ သို့မဟုတ် လူတစ်စုကို တရားစီရင်သည် မဟုတ်ဘဲ၊ လူသားမျိုးနွယ်တစ်ရပ်လုံး၏ မဖြောင့်မတ်ခြင်း- ဥပမာအားဖြင့် ဘုရားသခင်ကို လူသား၏ဆန့်ကျင်မှု၊ သို့မဟုတ် လူသား၏ ဘုရားသခင်အပေါ် မကြောက်ရွံ့မှု၊ သို့မဟုတ် ဘုရားသခင်၏အမှုကို လူသား၏ နှောင့်ယှက်ခြင်း အစရှိသည်တို့ကို တရားစီရင်သည်။ တရားစီရင်ခံရသည့်အရာမှာ ဘုရားသခင်ကို ဆန့်ကျင်သည့် လူသားမျိုးနွယ်၏ အနှစ်သာရဖြစ်ပြီး၊ ဤအမှုသည် နောက်ဆုံးသောကာလ၏ သိမ်းပိုက်ခြင်းအမှုဖြစ်သည်။ လူသားက မျက်မြင်တွေ့ကြုံရသည့် လူ့ဇာတိခံ ဘုရားသခင်၏အမှုနှင့် နှုတ်ကပတ်တော်သည် လူသားတို့ အတိတ်ကာလများအတောအတွင်း စိတ်ကူးပေါက်ခဲ့သော နောက်ဆုံးသောကာလ အတောအတွင်း ပလ္လင်ဖြူကြီးရှေ့က တရားစီရင်ခြင်း အမှုဖြစ်သည်။ လူ့ဇာတိခံ ဘုရားသခင်က လတ်တလော လုပ်ဆောင်လျက်ရှိသော အမှုသည် ပလ္လင်ဖြူကြီးရှေ့ တရားစီရင်ခြင်း အတိအကျဖြစ်သည်။ မျက်မှောက်ခေတ် လူ့ဇာတိခံ ဘုရားသခင်သည် နောက်ဆုံးသောကာလအတွင်းတွင် လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ဆုံးဖြတ်သည့် ဘုရားသခင် ဖြစ်သည်။ ဤဇာတိခန္ဓာနှင့် သူ၏အမှု၊ သူ၏ နှုတ်ကပတ်တော်နှင့် သူ၏ စိတ်သဘောထား တစ်ခုလုံးတို့သည် ဘုရားသခင်၏ အလုံးစုံ ဖြစ်သည်။ သူ့အမှု၏ နယ်ပယ်သည် ကန့်သတ်ချက် ရှိပြီး၊ စကြဝဠာတစ်ခုလုံး တိုက်ရိုက် ပါဝင်ခြင်း မရှိသော်လည်း၊ တရားစီရင်ခြင်းအမှု၏ အနှစ်သာရမှာ လူသားမျိုးနွယ်တစ်ရပ်လုံးကို တိုက်ရိုက် တရားစီရင်ခြင်း ဖြစ်သည်- တရုတ်နိုင်ငံမှ ရွေးချယ်ခံရသော လူတို့အတွက်သာ မဟုတ်သကဲ့သို့၊ လူအရေအတွက် အနည်းငယ်အတွက်လည်း မဟုတ်ပေ။ လူ့ဇာတိ၌ ဘုရားသခင်၏ အမှုအတောတွင်းတွင်၊ ဤအမှု၏နယ်ပယ်သည် စကြဝဠာ တစ်ခွင်လုံး မပါဝင်သော်လည်း၊ စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပြီး၊ သူ၏ ဇာတိခန္ဓာနှင့်ဆိုင်သည့် အမှု နယ်ပယ်အတွင်းရှိ အမှုကို သူ အဆုံးသတ်ပြီးသည့်နောက်တွင် ယေရှု၏ ဧဝံဂေလိတရားသည် သူ၏ ရှင်ပြန်ထမြောက်ခြင်းနှင့် တက်ကြွခြင်းနောက်တွင် စကြဝဠာအနှံ့ ပျံ့နှံ့သွားသည့်နည်းတူ သူသည် ဤအမှုကို စကြဝဠာတစ်ခွင်လုံးသို့ ချက်ချင်း တိုးချဲ့လိမ့်မည်။ ဝိညာဉ်တော်၏ အမှုဖြစ်စေ၊ လူ့ဇာတိ၏အမှု ဖြစ်စေ၊ ယင်းသည် ကန့်သတ်ထားသော နယ်ပယ်တစ်ခုအတွင်း ဆောင်ရွက်သော အမှု ဖြစ်သည်၊ သို့သော် ယင်းအမှုသည် စကြဝဠာတစ်ခွင်လုံး၏အမှုကို ကိုယ်စားပြုပေသည်။ နောက်ဆုံးသောကာလအတွင်းတွင်၊ ဘုရားသခင်သည် သူ၏လူ့ဇာတိခံ ပင်ကိုလက္ခဏာဖြင့် ပေါ်ထွန်းခြင်းအားဖြင့် သူ၏အမှုကို ဆောင်ရွက်ပြီး၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် ဖြူသော ပလ္လင်ကြီးရှေ့တွင် လူသားကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ သူသည် ဝိညာဉ်တော်ဖြစ်စေ၊ လူ့ဇာတိ ဖြစ်စေ၊ တရားစီရင်သည့်အမှုကို ပြုသူသည် နောက်ဆုံးသောကာလအတွင်း လူသားမျိုးနွယ်ကို တရားစီရင်သည့် ဘုရားသခင် ဖြစ်သည်။ ဤအရာကို သူ၏အမှုအပေါ် အခြေခံ၍ သတ်မှတ်ထားခြင်း ဖြစ်ပြီး၊ သူ၏ အပြင်ပန်းသဏ္ဌာန်၊ သို့မဟုတ် အခြားသော အကြောင်းခံအချို့နှင့်အညီ သတ်မှတ်ထားခြင်း မဟုတ်ပေ။ လူသားသည် ဤနှုတ်ကပတ်တော်များနှင့်ပတ်သက်သည့် အယူအဆများ သိုထားသော်လည်း၊ လူ့ဇာတိခံ ဘုရားသခင်၏ လူသားမျိုးနွယ်တစ်ရပ်လုံးကို တရားစီရင်ခြင်းနှင့် သိမ်းပိုက်ခြင်း အမှန်တရားကို မည်သူမျှ မငြင်းနိုင်ပေ။ ယင်းနှင့်သက်ဆိုင်၍ လူသားက မည်သို့ တွေးထင်သည်ဖြစ်စေ၊ အမှန်တရားများသည် နောက်ဆုံး၌ အမှန်တရားများသာ ဖြစ်သည်။ မည်သူကမျှ၊ “အမှုကို ဘုရားသခင်က လုပ်ဆောင်သော်လည်း လူ့ဇာတိသည် ဘုရားသခင်မဟုတ်။” ဟု မပြောနိုင်ပေ။ ဤအမှုကို လူ့ဇာတိ၌ ရှိသည့် ဘုရားသခင်မှလွဲ၍ မည်သူမျှ မလုပ်ဆောင်နိုင်သည့်အတွက်၊ ဤသည်မှာ အဓိပ္ပာယ်မရှိသော စကားဖြစ်သည်။ ဤအမှုသည် ပြီးစီးနှင့်ပြီးဖြစ်သည့်အတွက်၊ ဤအမှုနောက်တွင် ဘုရားသခင်၏ လူသားကို တရားစီရင်ခြင်း အမှုသည် ဒုတိယအကြိမ် ပေါ်ထွက်လာလိမ့်မည် မဟုတ်ပေ။ သူ၏ဒုတိယအကြိမ် လူ့ဇာတိခံယူခြင်း၌ ဘုရားသခင်သည် အလုံးစုံသော စီမံခန့်ခွဲခြင်း အမှု အားလုံးကို အဆုံးသတ်နှင့်ပြီးဖြစ်ကာ၊ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် စတုတ္ထအဆင့် ရှိလိမ့်မည် မဟုတ်ပေ။ တရားစီရင်ခြင်းကို ခံရသူမှာ လူသား၊ ဇာတိခန္ဓာရှိပြီး၊ ဖောက်ပြန်ပျက်စီးပြီးဖြစ်သော လူသားဖြစ်ကာ၊ တိုက်ရိုက် တရားစီရင်ခြင်းခံရသည့်သူမှာ စာတန်၏ ဝိညာဉ် မဟုတ်သောကြောင့်၊ တရားစီရင်ခြင်းအမှုကို ဝိညာဉ်ရေးရာလောက၌ ဆောင်ရွက်သည် မဟုတ်ဘဲ၊ လူသားအလယ်တွင် လုပ်ဆောင်ခြင်း ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၃)

လူသား၏ ဇာတိပကတိ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်ခြင်း အမှုအတွက် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ထက် မည်သူမျှ သာ၍ မသင့်တော်သကဲ့သို့ သာ၍ အရည်အချင်းမပြည့်မီပေ။ အကယ်၍ တရားစီရင်မှုကို ဘုရားသခင်၏ ဝိညာဉ်တော်က တိုက်ရိုက် ဆောင်ရွက်ခဲ့မည်ဆိုပါက၊ အလုံးစုံခြုံငုံမိမည် မဟုတ်ပေ။ ထို့အပြင်၊ လူသားသည် ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်၏ စိတ်သဘောထားကို သာ၍ ရှင်းလင်းစွာ ရှုမြင်နိုင်ရန် မဆိုထားနှင့်၊ ဝိညာဉ်တော်သည် လူသားထံ မျက်နှာချင်းဆိုင် မလာနိုင်သည့်အတွက်၊ ထိုသို့သောအမှုကို လူသားအနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်ပြီး၊ ဤအရာကြောင့် အကျိုးသက်ရောက်မှုများကို ချက်ချင်းရရှိမည် မဟုတ်ပေ။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးမှုကို တရားစီရင်မှသာလျှင် စာတန်ကို အပြည့်အဝ အနိုင်ယူနိုင်ပေသည်။ လူသားကဲ့သို့ ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်သည့်နည်းတူ၊ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသား၏ ဖြောင့်မတ်မှုမရှိခြင်းကို တိုက်ရိုက် တရားစီရင်ဆုံးဖြတ်နိုင်သည်၊ ဤသည်မှာ သူ၏ရှိရင်းစွဲ သန့်ရှင်းမှုနှင့် သူ၏သာမန်ထက်ထူးခြားမှု၏ အမှတ်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်သည် သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကို ပိုင်ဆိုင်သောကြောင့် လူသားကို တရားစီရင်နိုင်သည့်အတွက်၊ သူသာလျှင် လူသားကို တရားစီရင်ရန် အရည်အချင်းပြည့်မီကာ တရားစီရင်နိုင်သည့် အနေအထားတွင်ရှိသည်။ သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းမရှိသော သူတို့သည် အခြားသူများကို တရားစီရင်ရန် မသင့်တော်ပေ။ အကယ်၍ ဤအမှုကို ဘုရားသခင်၏ ဝိညာဉ်တော်က လုပ်ဆောင်ခဲ့ပါက၊ ယင်းသည် စာတန်အပေါ် အောင်နိုင်ခြင်းဟု အဓိပ္ပာယ်ရမည် မဟုတ်ပေ။ ဝိညာဉ်တော်သည် သေမျိုးများထက် ပင်ကိုအားဖြင့် သာ၍ ချီးမြှောက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ပင်ကိုအားဖြင့် သန့်ရှင်းကာ လူ့ဇာတိအပေါ် အောင်နိုင်သည်။ အကယ်၍ ဝိညာဉ်တော်သည် ဤအမှုကို တိုက်ရိုက်လုပ်ဆောင်ခဲ့ပါက၊ သူ့အနေဖြင့် လူသား၏ မနာခံမှုအားလုံးကို တရားစီရင်နိုင်ခြင်း ရှိလိမ့်မည် မဟုတ်သကဲ့သို့၊ လူသား၏ မဖြောင့်မတ်မှု အားလုံးကို ထုတ်ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ တရားစီရင်ခြင်း အမှုကို လူသား၏ ဘုရားသခင်နှင့်ပတ်သက်သည့် အယူအဆများမှတစ်ဆင့်လည်း ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ လူသားသည် ဝိညာဉ်တော်နှင့်ပတ်သက်၍ မည်သည့် အယူအဆမျှ မရှိသည့်အတွက် ဖြစ်သည်၊ ထို့ကြောင့် ဝိညာဉ်တော်သည် ထိုသို့သော မဖြောင့်မတ်မှုကို လုံးဝ ဖွင့်ချရန်မဆိုထားနှင့်၊ လူသား၏ မဖြောင့်မတ်မှုကိုပင် သာ၍ကောင်းစွာ ထုတ်ဖော်ပြနိုင်စွမ်း မရှိပေ။ လူ့ဇာတိခံ ဘုရားသခင်သည် သူ့ကို မသိသောသူများ အားလုံး၏ ရန်သူ ဖြစ်သည်။ လူသား၏ အယူအဆများနှင့် သူ့ကိုဆန့်ကျင်မှုများအား တရားစီရင်ခြင်းမှတစ်ဆင့်၊ ဘုရားသခင်သည် လူသားမျိုးနွယ်၏ မနာခံမှုအားလုံးကို လှစ်ဟထုတ်ဖော်သည်။ လူ့ဇာတိ၌ သူ့အမှု၏ အကျိုးတရားများသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားများထက် ပို၍ သိသာထင်ရှားလေသည်။ ထို့ကြောင့် လူသားမျိုးနွယ် တစ်ရပ်လုံးကို တရားစီရင်ခြင်းအား ဝိညာဉ်တော်က တိုက်ရိုက်မဆောင်ရွက်ဘဲ၊ ယင်းသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုဖြစ်လေသည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်ကို လူသားက မြင်ကာ ထိတွေ့နိုင်ပြီး လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားကို လုံးဝ သိမ်းပိုက်နိုင်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်နှင့် သူ၏ဆက်ဆံရေးတွင်၊ လူသားသည် ဆန့်ကျင်မှုမှ နာခံမှုသို့၊ ညှဉ်းပန်းနှိပ်စက်မှုမှ လက်ခံမှုသို့၊ အယူအဆများမှ အသိပညာသို့၊ ပြီးလျှင် ငြင်းပယ်ခြင်းမှ ချစ်ခြင်းမေတ္တာသို့ တိုးတက်သွားသည်- ဤသည်တို့မှာ လူ့ဇာတိခံ ဘုရားသခင်၏ အမှုနှင့်ဆိုင်သည့် အကျိုးတရားများ ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်မှုကို လက်ခံခြင်းမှတစ်ဆင့်သာ ကယ်တင်ခြင်း ခံရသည်၊ ဘုရားသခင်၏ နှုတ်ထွက် စကားများမှတစ်ဆင့်သာ လူသားသည် ဘုရားသခင်ကို တဖြည်းဖြည်း သိလာသည်၊ လူသည် ဘုရားသခင်ကို သူ၏ ဆန့်ကျင်ခြင်း အတောအတွင်းတွင် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံရပြီး၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုကို လက်ခံခြင်း အတောအတွင်းတွင် အသက်အထောက်အပံ့ကို ဘုရားသခင်ထံမှ လူသားက ရရှိပေသည်။ ဤအမှုအားလုံးသည် လူ့ဇာတိ၌ရှိသည့် ဘုရားသခင်၏ အမှုဖြစ်ပြီး ဝိညာဉ်တော်အဖြစ် သူ၏ပင်ကိုလက္ခဏာ၌ ရှိသည့် ဘုရားသခင်၏ အမှု မဟုတ်ပေ။ လူ့ဇာတိခံ ဘုရားသခင် လုပ်ဆောင်သည့် အမှုသည် အကြီးမားဆုံးအမှုနှင့် အနက်နဲဆုံးသော အမှုဖြစ်ပြီး၊ ဘုရားသခင်အမှု၏ အဆင့်သုံးဆင့်ထဲမှ အရေးပါလှသော အပိုင်းများမှာ လူ့ဇာတိခံယူခြင်း အမှု၏ အဆင့်နှစ်ဆင့် ဖြစ်သည်။ လူသား၏ နက်နဲသော ဖောက်ပြန်ပျက်စီးမှုသည် လူ့ဇာတိခံ ဘုရားသခင်၏ အမှုအဖို့ ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ အထူးသဖြင့် နောက်ဆုံးသောကာလ၏ လူတို့အပေါ် ဆောင်ရွက်သည့် အမှုသည် အလွန်တရာ ခက်ခဲပြီး၊ ပတ်ဝန်းကျင်သည် ရန်လိုကာ လူတစ်မျိုးစီတိုင်း၏ အရည်အချင်းသည်လည်း အတော်အတန် ညံ့ဖျင်းလေသည်။ သို့ရာတွင် ဤအမှု၏အဆုံးတွင်၊ အပြစ်အနာအဆာများ မရှိဘဲ မှန်ကန်သည့် အကျိုးတရားကို ရရှိလိမ့်ဦးမည် ဖြစ်သည်။ ဤသည်မှာ လူ့ဇာတိ အမှု၏ အကျိုးတရား ဖြစ်ပြီး၊ ဤအကျိုးတရားသည် ဝိညာဉ်တော် အမှု၏ အကျိုးတရားထက် သာ၍ ဆွဲဆောင်နိုင်‌ပေသည်။ ဘုရားသခင် အမှု၏ အဆင့်သုံးဆင့်တို့ကို လူ့ဇာတိ၌ အဆုံးသတ်မည် ဖြစ်ပြီး၊ ယင်းတို့ကို လူ့ဇာတိခံ ဘုရားသခင်က နိဂုံးချုပ်ရမည် ဖြစ်သည်။ အရေးအကြီးဆုံးနှင့် အရေးအပါဆုံးအမှုကို လူ့ဇာတိဖြင့် လုပ်ဆောင်ပြီး၊ လူသား၏ ကယ်တင်ခြင်းကို လူ့ဇာတိ၌ရှိသည့် ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ရမည် ဖြစ်သည်။ လူ့ဇာတိ၌ရှိသည့် ဘုရားသခင်သည် လူသားနှင့် ဆက်နွှယ်မှု မရှိပုံပေါ်သည်ဟု လူသားမျိုးနွယ် တစ်ရပ်လုံးက ခံစားကြရသော်လည်း၊ အမှန်တွင် ဤလူ့ဇာတိသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ကံကြမ္မာ၊ တည်ရှိမှုတို့နှင့် သက်ဆိုင်လေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်သည် လူ့ဇာတိခံ ဘုရားသခင်၏ ကယ်တင်ခြင်းကို သာ၍လိုအပ်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၄)

ယနေ့ ဘုရားသခင်သည် သင်တို့ကို တရားစီရင်သည်၊ သင်တို့ကို ပြစ်တင်ဆုံးမပြီး ရှုတ်ချသည်၊ သို့သော် သင်တို့၏ ရှုတ်ချခံရခြင်း ဦးတည်ချက်မှာ သင့်အတွက် မိမိကိုယ်ကိုယ် သိရှိဖို့ ဖြစ်သည်ကို သင်သိရမည်။ သူ၏ရှုတ်ချ၊ ပြစ်တင်၊ တရားစီရင်၊ ဆုံးမခြင်းများသည်သင့်ကိုယ်သင်သိနိုင်ဖို့၊ သင်၏ စိတ်သဘောထား ပြောင်းလဲနိုင်ဖို့အလို့ငှာ၊ ထို့အပြင် သင်သည် သင်၏ တန်ဖိုးကို သိရှိပြီး၊ ဘုရားသခင်၏ လုပ်ရပ်အားလုံးသည် ဖြောင့်မတ်ပြီး သူ၏ စိတ်သဘောထားနှင့် သူ့အမှု၏ သတ်မှတ်ချက်များနှင့် အညီဖြစ်သည်၊ သူသည် လူသား၏ ကယ်တင်ခြင်းအတွက် သူ၏ အစီအစဉ်နှင့်အညီ အမှုပြုသကဲ့သို့၊ သူသည် လူကို ချစ်သည့်၊ ကယ်တင်သည့်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမသည့် ဖြောင့်မတ်သော ဘုရားသခင် ဖြစ်သည်ကို မြင်စေဖို့အလို့ငှာ၊ သူသည် ရှုတ်ချသည်၊ ကျိန်ဆိုသည်၊ တရားစီရင်ပြီး ပြစ်တင်ဆုံးမလေသည်။ အကယ်၍ သင်သည် နိမ့်ကျသော အဆင့်အတန်း ရှိကြောင်း၊ သင်သည် ဖောက်ပြန်ပျက်စီးကာ မနာခံတတ် ကြောင်းကိုသာလျှင် သင် သိသော်လည်း၊ ယနေ့ သင့်အထဲတွင် သူပြုသည့် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့မှတစ်ဆင့် ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကို ပေါ်လွင်ထင်ရှားစေရန် ဆန္ဒရှိသည်ကို သင် မသိပါက၊ သင်သည် ရှေ့ဆက်နိုင်စွမ်း ရှိဖို့ရန် မဆိုထားနှင့်၊ အတွေ့အကြုံ ရရှိဖို့နည်းလမ်းလည်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်သည် သတ်ဖြတ်ရန်၊ သို့မဟုတ် ဖျက်ဆီးရန် ကြွလာခြင်း မဟုတ်ဘဲ၊ တရားစီရင်ရန်၊ ကျိန်ဆိုရန်၊ ပြစ်တင်ဆုံးမရန်နှင့် ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်။ သူ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ် အဆုံးမသတ်မီ- လူ အတန်းအစား အသီးသီး၏ အဆုံးသတ်ကို သူ ထုတ်ဖော်မပြမီတွင်- ကမ္ဘာပေါ်ရှိ ဘုရားသခင်၏အမှုသည် ကယ်တင်ခြင်းအတွက် ဖြစ်လိမ့်မည်။ ယင်း၏ ရည်ရွယ်ချက်မှာ သူ့ကိုချစ်သော သူများကို စုံလင်စေရန်- လုံးလုံးလျားလျား ထိုသို့ဖြစ်စေရန်- သက်သက် ဖြစ်ပြီး၊ သူ၏အုပ်စိုးမှုအောက် ကျိုးနွံနာခံခြင်းအဖြစ်သို့ ဆောင်ကြဉ်းရန် ဖြစ်သည်။ ဘုရားသခင်က လူတို့ကို မည်သို့ ကယ်တင်သည်ဖြစ်စေ၊ ယင်းကို ၎င်းတို့အား ၎င်းတို့၏ အိုဟောင်းသော ဆိုးယုတ်သည့် သဘောသဘာဝမှ လွတ်မြောက်စေခြင်းအားဖြင့်သာ လုပ်ဆောင်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့အား အသက်ကို ရှာဖွေစေခြင်းဖြင့် သူက ၎င်းတို့ကို ကယ်တင်ခြင်း ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ထိုသို့ မလုပ်ဆောင်ကြပါက၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံနိုင်ကြလိမ့်မည် မဟုတ်ပေ။ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏ အမှုဖြစ်ပြီး၊ အသက်ကို ရှာဖွေခြင်းသည် ကယ်တင်ခြင်းကို လက်ခံရန်အလို့ငှာ လူသားက ဆောင်ရွက်ရမည့် အရာတစ်ခု ဖြစ်သည်။ လူ၏အမြင်တွင်၊ ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ဖြစ်ပြီး ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် ကျိန်ဆိုခြင်းတို့ မဖြစ်နိုင်ပေ။ ကယ်တင်ခြင်းသည် ချစ်ခြင်းမေတ္တာ၊ သနားကရုဏာ၊ ထို့အပြင် စိတ်သက်သာမှုပေးသည့် နှုတ်ကပတ်တော်များအပြင် ဘုရားသခင် အပ်နှင်းသည့် အကန့်အသတ်မဲ့ ကောင်းချီးမင်္ဂလာများ ပါဝင်ရမည် ဖြစ်သည်။ ဘုရားသခင်က လူကို ကယ်တင်သည့်အခါတွင် ၎င်းတို့အနေဖြင့် မိမိတို့၏ စိတ်နှလုံးများကို ဘုရားသခင်အား ပေးနိုင်ကြဖို့အလို့ငှာ၊ ၎င်းတို့ကို ကောင်းချီးမင်္ဂလာများနှင့် ကျေးဇူးတော်တို့ဖြင့် တို့ထိခြင်းအားဖြင့် ထိုသို့လုပ်ဆောင်သည်ဟု လူတို့က ယုံကြည်ကြသည်။ ယင်းမှာ လူအား သူ၏တို့ထိခြင်းသည် ၎င်းတို့အား သူ၏ ကယ်တင်ခြင်း ဖြစ်သည်ဟု ဆိုရပေမည်။ ဤကယ်တင်ခြင်းမျိုးကို အပေးအယူ ပြုလုပ်ခြင်းအားဖြင့် လုပ်ဆောင်ထားခြင်း ဖြစ်သည်။ ဘုရားသခင်က ၎င်းတို့ကို အဆတစ်ရာ ပေးသနားသောအခါမှသာ လူသည် ဘုရားသခင်၏ နာမရှေ့မှောက်သို့ ကျိုးနွံနာခံလာလိမ့်မည်ဖြစ်ပြီး သူ့အတွက် ကောင်းစွာကြိုးပမ်း လုပ်ဆောင်ကာ သူ့ထံ ဘုန်းအသရေ ဆောင်ကြဉ်းမည် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အတွက် ဘုရားသခင် ရည်ရွယ်သည့်အရာ မဟုတ်ပေ။ ဘုရားသည် ဖောက်ပြန်ပျက်စီးနေသော လူသားမျိုးနွယ်ကို ကယ်တင်ဖို့အလို့ငှာ ကမ္ဘာမြေပေါ်သို့ အမှုပြုရန်ကြွလာပြီဖြစ်သည်။ ဤအရာတွင် မုသားမပါပေ။ မုသား ပါရှိခဲ့ပါက၊ သူသည် သူ၏အမှုကို ပြုရန် ကိုယ်တိုင် သေချာပေါက် ကြွလာမည် မဟုတ်ပေ။ အတိတ်တွင် သူ၏ ကယ်တင်ခြင်းနည်းလမ်းတွင် အဆုံးစွန်သော ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာကို ပြသခြင်း ပါဝင်ခဲ့သည်မှာ သူသည် လူသားမျိုးနွယ် တစ်ရပ်လုံးအတွက် အလဲအလှယ်အနေဖြင့် သူ၏ အရာအားလုံးကို စာတန်အား ပေးအပ်ခဲ့သည်အထိ ဖြစ်သည်။ လက်ရှိသည် အတိတ်နှင့် မည်သို့မျှ မတူပေ။ ယနေ့ သင်တို့အပေါ် အပ်နှင်းသော ကယ်တင်ခြင်းသည် အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်း အတောအတွင်းဖြစ်သည့် နောက်ဆုံးသောကာလနှင့်ဆိုင်သည့် အချိန်ကာလတွင် ဖြစ်ပေါ်ပေသည်။ သင်တို့၏ ကယ်တင်ခြင်း နည်းလမ်းမှာ ချစ်ခြင်းမေတ္တာ၊ သို့မဟုတ် သနားခြင်းကရုဏာ မဟုတ်ဘဲ၊ လူသားအနေဖြင့် ပို၍စေ့စေ့စပ်စပ် ကယ်တင်ခံရနိုင်စေရန်အလို့ငှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် သင်တို့ရရှိသမျှအားလုံးသည် ပြစ်တင်ဆုံးမခြင်း၊ တရားစီရင်ခြင်းနှင့် မညှာမတာ ရိုက်နှက်ခြင်းတို့ ဖြစ်သော်လည်း၊ ဤအရာကို သိကြလော့- ဤသနားအကြင်နာမဲ့သော ရိုက်နှက်ခြင်းတွင် အပြစ်ဒဏ်ပေးခြင်း စိုးစဉ်းမျှ မပါပေ။ ငါ၏ နှုတ်ကပတ်တော်များ မည်မျှ ကြမ်းတမ်းသည်ဖြစ်စေ၊ သင်တို့အပေါ် ကျရောက်သည့်အရာမှာ သင်တို့အဖို့ လုံးဝ အကြင်နာမဲ့ပုံပေါ်သည့် နှုတ်ကပတ်တော် အနည်းငယ်သာ ဖြစ်ပြီး၊ ငါ မည်မျှ ဒေါသထွက်မည်ဖြစ်စေ၊ သင်တို့အပေါ်သို့ ကျရောက်သည်မှာ သွန်သင်ခြင်း နှုတ်ကပတ်တော်များ ဖြစ်နေဆဲဖြစ်သည်၊ ပြီးလျှင် ငါသည် သင်တို့ကို ထိခိုက်နစ်နာစေရန် သို့မဟုတ် သေခြင်းသို့ ရောက်စေရန် မရည်ရွယ်ပေ။ ဤသည်မှာ အမှန်တရားချည်းသာ မဟုတ်လော။ ယခုခေတ်တွင် ဖြောင့်မတ်သည့် တရားစီရင်မှုဖြစ်စေ၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းနှင့် ပြစ်တင်ဆုံးမခြင်းဖြစ်စေ အရာအားလုံးသည် ကယ်တင်ခြင်းအတွက် ဖြစ်သည်ကို သိမှတ်လော့။ ယနေ့ အသီးသီးကို အမျိုးအစားအလိုက် အုပ်စုခွဲခြားသည်ဖြစ်စေ၊ သို့မဟုတ် လူအမျိုးအစားများကို ချပြသည်ဖြစ်စေ၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုအားလုံးတို့၏ ရည်ရွယ်ချက်သည် ဘုရားသခင်ကို အမှန်တကယ် ချစ်ကြသူများကို ကယ်တင်ရန် ဖြစ်သည်။ ဖြောင့်မတ်သည့် တရားစီရင်ခြင်းကို လူသားအား သန့်စင်ရန် ဆောင်ကြဉ်းခြင်း ဖြစ်သည်၊ အကြင်နာကင်းမဲ့သည့် စစ်ဆေးခြင်းကို ၎င်းတို့အား သန့်ရှင်းစေရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ကြမ်းတမ်းသောစကားများ၊ သို့မဟုတ် ပြစ်တင်ဆုံးမခြင်းတို့ကို သန့်စင်စေရန် လုပ်ဆောင်ခြင်းဖြစ်ပြီး ကယ်တင်ခြင်းအတွက် ဖြစ်သည်။ ထို့ကြောင့် ယနေ့ကယ်တင်ခြင်း၏ နည်းစနစ်သည် အတိတ်၏ နည်းစနစ်နှင့် မတူပေ။ ယနေ့တွင် ဖြောင့်မတ်သည့် တရားစီရင်ခြင်းမှတစ်ဆင့် သင်တို့ထံသို့ ကယ်တင်ခြင်းကို ဆောင်ကြဉ်းခြင်း ဖြစ်ပြီး၊ ဤသည်မှာ သင်တို့ အသီးသီးကို အမျိုးအစားအလိုက် ခွဲခြားခြင်းအတွက် ကောင်းမွန်သော တန်ဆာပလာတစ်ခု ဖြစ်သည်။ ထို့အပြင်၊ ရက်စက်သော ပြစ်တင်ဆုံးမခြင်းသည် သင်တို့၏ အဆုံးစွန် ကယ်တင်ခြင်းအဖြစ် အသုံးတော်ခံပြီး- ထိုသို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရင်ဆိုင်ရာတွင် သင်တို့သည် အဘယ်ပြောစရာ ရှိသနည်း။ သင်တို့သည် ကယ်တင်ခြင်းကို အစမှ အဆုံးတိုင် အမြဲ မွေ့လျော်ခံစားကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့သည် လူ့ဇာတိခံ ဘုရားသခင်ကို မြင်ကြပြီး ဖြစ်သကဲ့သို့ သူ၏ အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် ဉာဏ်ပညာတို့ကို သဘောပေါက်ကြပြီး ဖြစ်သည်။ ထို့အပြင်၊ ထပ်တလဲလဲ ရိုက်နှက်ခြင်းနှင့် ဆုံးမပဲ့ပြင်ခြင်းကို သင်တို့ တွေ့ကြုံကြရပြီး ဖြစ်သည်။ သို့သော် သင်တို့သည် အမြင့်ဆုံးသော ကျေးဇူးတော်ကိုလည်း ရရှိကြပြီး ဖြစ်သည် မဟုတ်လော။ သင်တို့၏ ကောင်းချီးမင်္ဂလာများသည် အခြားမည်သူမဆို၏ ကောင်းချီးမင်္ဂလာများထက် ပို၍ ကြီးမားသည် မဟုတ်သလော။ သင်တို့၏ ကျေးဇူးတော်များသည် ရှောလမုန်မင်းကြီး စံစားခဲ့ရသည့် ဘုန်းအသရေနှင့် ကြွယ်ဝမှုများထက် ပို၍ အလျှံပယ်ဖြစ်သည် မဟုတ်လော။ စဉ်းစားကြည့်ကြလော့- ကြွလာရာတွင် ငါ၏ ရည်ရွယ်ချက်သည် သင်တို့ကို ကယ်တင်ဖို့ထက် ရှုတ်ချရန်နှင့် အပြစ်ပေးရန်ဖြစ်ပါက၊ သင်တို့၏နေ့ရက်များသည် အလွန် ကြာရှည်နိုင်ခဲ့မည်လော။ အသွေးအသား ရှိသည့် အပြစ်နှင့်ပြည့်သော သင်တို့သည် ယနေ့ထိတိုင် ရှင်သန်နိုင်ခဲ့မည်လော။ အကယ်၍ ငါ၏ ရည်မှန်းချက်သည် သင်တို့ကို အပြစ်ပေးရုံမျှ ပေးရန်သာဖြစ်ခဲ့ပါက၊ ငါသည် အဘယ့်ကြောင့် လူ့ဇာတိကိုခံယူပြီး ထိုသို့သော ကြီးမားသည့် လုပ်ငန်းတစ်ခုနှင့်ပတ်သက်၍ စတင်ခဲ့မည်နည်း။ သေမျိုးမျှသာဖြစ်သော သင်တို့အား အပြစ်ပေးခြင်းသည် စကားတစ်ခွန်းကို မြွက်ဆိုခြင်းမျှအားဖြင့် လုပ်ဆောင်နိုင်သည်မဟုတ်လော။ ငါသည် သင်တို့ကို တမင်သက်သက် ရှုတ်ချပြီးနောက် သင်တို့ကို ဖျက်ဆီးရန် လိုလိမ့်ဦးမည်လော။ ငါ၏ ဤနှုတ်ကပတ်တော်များကို သင်တို့ မယုံကြည်ကြသေးသလော။ ငါသည် ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာမှတစ်ဆင့်သာ လူကို ကယ်တင်နိုင်မည်လော။ သို့တည်းမဟုတ် လူကို ကယ်တင်ရန် ကားစင်တင်ခံရခြင်းကို ငါ အသုံးပြုနိုင်မည်လော။ ငါ၏ဖြောင့်မတ်သောစိတ်သဘောထားသည် လူကို လုံးဝ နာခံလာစေရန် ပို၍ ထောက်ကူသည် မဟုတ်လော။ ယင်းသည် လူကို သာ၍ ကယ်တင်နိုင်စွမ်း ရှိသည် မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၅)

ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ငါသည် နှုတ်ကပတ်တော်များကိုသာ ပြောဆိုနေပြီး လူသား၏ ခန္ဓာကို အပြစ်ပေးနေခြင်း မဟုတ်သည်နှင့်အမျှ၊ ထိုအရာအားလုံးကို လူ၏ ကယ်တင်ခြင်းအတွက်သာ မြွက်ဆိုထားခြင်း ဖြစ်သည်။ ဤနှုတ်ကပတ်တော်များသည် လူသားကား အလင်းထဲတွင် အသက်ရှင်စေသည်၊ အလင်းတည်ရှိသည်ကို သိစေသည်၊ အလင်း တန်ဖိုးရှိသည်ကို သိစေပြီး၊ ထို့ထက်ပင်မက ဤနှုတ်ကပတ်တော်များသည် ၎င်းတို့အဖို့ မည်သို့ အကျိုးပြုသည်ကို သိရှိစေသည့်အပြင်၊ ဘုရားသခင်သည် ကယ်တင်ခြင်း ဖြစ်သည်ကို သိစေသည်။ ငါသည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဆိုင်ရာ နှုတ်ကပတ်တော်များစွာကို မြွက်ဆိုပြီးဖြစ်သော်လည်း၊ ထိုအရာများက ကိုယ်စားပြုသည့်အရာကို သင်တို့ထံ ဧကန်အမှန် မလုပ်ဆောင်ရသေးပေ။ ငါသည် ငါ၏အမှုကို လုပ်ဆောင်ရန်နှင့် ငါ၏နှုတ်ကပတ်တော်များကို ပြောဆိုရန် ကြွလာပြီဖြစ်သည်၊ ငါ၏နှုတ်ကပတ်တော်များသည် ခက်ထန်ကောင်း ခက်ထန်နိုင်သော်လည်း၊ ယင်းတို့ကို သင်တို့၏ ဖောက်ပြန်ပျက်စီးမှုနှင့် သင်တို့၏ ပုန်ကန်မှုတို့ကို တရားစီရင်ရာတွင် ပြောဆိုထားခြင်းဖြစ်၏။ ဤအရာကို ငါ လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက်သည် စာတန်၏ အုပ်စိုးမှုမှ လူကို ကယ်တင်ရန်ဖြစ်နေဆဲ ဖြစ်သည်။ ငါသည် လူကို ကယ်တင်ရန် ငါ၏နှုတ်ကပတ်တော်များကို အသုံးပြုနေသည်။ ငါ၏ရည်ရွယ်ချက်မှာ လူကို ငါ၏နှုတ်ကပတ်တော်တို့ဖြင့် ထိခိုက် နစ်နာစေရန် မဟုတ်။ ငါ၏ နှုတ်ကပတ်တော်များသည် ငါ၏အမှု၌ ရလဒ်များ ရရှိဖို့အလို့ငှာ ခက်ထန်ပေသည်။ ထိုသို့သော အမှုမှတစ်ဆင့်သာ လူသည် မိမိတို့ကိုယ်ကိုယ် သိရှိလာနိုင်ပြီး ၎င်းတို့၏ ပုန်ကန်တတ်သည့် စိတ်နေသဘောထားမှ လွတ်မြောက်နိုင်ပေသည်။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အကြီးမားဆုံးသော အရေးပါမှုမှာ လူတို့ကို သမ္မာတရားအား နားလည်ပြီးနောက် လက်တွေ့လုပ်ဆောင်ခွင့်ပေးခြင်း၊ ၎င်းတို့၏ စိတ်နေသဘောထားတွင် ပြောင်းလဲမှုများ ရရှိခွင့်ပေးခြင်းနှင့် မိမိတို့ကိုယ်တိုင်နှင့် ဘုရားသခင်၏ အမှုနှင့်သက်ဆိုင်သည့် အသိပညာကို ရရှိခွင့်ပေးခြင်းတို့ ဖြစ်သည်။ နှုတ်ကပတ်တော်များကို ပြောဆိုခြင်းအားဖြင့် အမှုကို လုပ်ဆောင်ခြင်းသည်သာ ဘုရားသခင်နှင့် လူသားအကြား ဆက်သွယ်မှုကို ဖြစ်စေနိုင်ပြီး၊ နှုတ်ကပတ်တော်များသည်သာ သမ္မာတရားကို ရှင်းပြနိုင်သည်။ ဤနည်းလမ်းဖြင့် အလုပ်လုပ်ခြင်းသည် လူကို သိမ်းပိုက်ခြင်းနှင့်ဆိုင်သည့် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ နှုတ်ကပတ်တော်များ၏ မိန့်မြွက်ချက်မှလွဲ၍ အခြားမည်သည့်နည်းစနစ်ကမျှ သမ္မာတရား၊ ဘုရားသခင်၏အမှုနှင့်ပတ်သက်သော သာ၍ ရှင်းလင်းသည့် သိနားလည်မှုကို လူတို့ကို ပေးနိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူ့အမှု၏ နောက်ဆုံးအဆင့်တွင် လူတို့ကို ဘုရားသခင်ထံမှ စစ်မှန်သော လမ်းခရီးနှင့် အသက်ကို ရရှိခွင့်ပေးလျက်၊ ထိုသို့ဖြင့် သူ၏ အလိုကို ဖြည့်ဆည်းရင်း၊ ဘုရားသခင်သည် ၎င်းတို့ နားမလည်သေးသည့် သမ္မာတရားများနှင့် နက်နဲမှုများအားလုံးကို ဖွင့်ပြရန်အလို့ငှာ လူကို စကားပြောဆိုလေသည်။ လူသားအပေါ် ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ ဘုရားသခင်၏အလိုကို ၎င်းတို့အား ဖြည့်ဆည်းနိုင်စေရန်ဖြစ်ပြီး ယင်းကို ၎င်းတို့ထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ လုပ်ဆောင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လူသားနှင့်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အချိန်ကာလအတွင်းတွင်၊ သူသည် ၎င်းတို့အား အပြစ်ပေးခြင်းအမှုကို မလုပ်ဆောင်ပေ။ လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းနေစဉ်တွင်၊ ဘုရားသခင်သည် ဆိုးယုတ်သူများကိုလည်း အပြစ်မပေးသကဲ့သို့ ကောင်းသောသူများကို ဆုမချီးမြှင့်ဘဲ လူအမျိုးမျိုးတို့၏ ခရီးပန်းတိုင်များကိုလည်း ထုတ်ဖော်မပြပေ။ ထို့ထက်၊ သူ့အမှု၏ နောက်ဆုံးအဆင့် ပြီးစီးသည့်နောက်တွင်သာ ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုချီးမြှင့်ခြင်း အမှုကို သူလုပ်ဆောင်လိမ့်မည် ဖြစ်ပြီး၊ ထိုအခါမှသာ မတူကွဲပြားသော လူအမျိုးအစားအားလုံး၏ အဆုံးသတ်များကို သူထုတ်ဖော်ပြလိမ့်မည်။ အပြစ်ပေးခံရသူများသည် အမှန်တကယ် ကယ်တင်၍မရနိုင်သူများ ဖြစ်ကြလိမ့်မည် ဖြစ်သော်လည်း၊ ကယ်တင်ခြင်းခံရသူများသည် လူသားနှင့်ဆိုင်သည့် သူ၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိပြီးသူများ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်၏ ကယ်တင်ခြင်းအမှုကို ပြုနေစဉ်တွင် ကယ်တင်ခံရနိုင်သည့် လူတစ်ဦးစီတိုင်းသည် ဖြစ်နိုင်သမျှ ကယ်တင်ခံရလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင့်အမှု၏ ရည်ရွယ်ချက်မှာ လူကို ကယ်တင်ရန် ဖြစ်သည့်အတွက် ၎င်းတို့ထဲမှ မည်သူမျှ စွန့်ပစ်ခံရလိမ့်မည်မဟုတ်။ လူသားနှင့်ဆိုင်သည့် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတွင်း၊ ၎င်းတို့၏ စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခု မစွမ်းဆောင် မရရှိနိုင်ကြသူအားလုံး အပြင်— ဘုရားသခင်ထံ လုံးဝ ကျိုးနွံနာခံခြင်း မရှိနိုင်သူအားလုံးတို့သည်— အပြစ်ပေးခြင်း ခံရသူများ ဖြစ်လာကြလိမ့်မည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အလိုနှင့် ၎င်းတို့နှင့်ဆိုင်သည့် ဘုရားသခင်၏ သတ်မှတ်ချက်များကို သိနားလည်နိုင်ဖို့အလို့ငှာ၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို လက်တွေ့လုပ်ဆောင်ပြီး ၎င်းတို့၏ စိတ်သဘောထားတွင် ပြောင်းလဲမှုများ စွမ်းဆောင်ရရှိဖို့ မရှိမဖြစ် ထားရှိရမည့် လိုအပ်ချက်များ ရှိနိုင်ကြဖို့အလို့ငှာ၊ အမှု၏ ဤအဆင့်- နှုတ်ကပတ်တော်များနှင့်ဆိုင်သည့် အမှုသည်- လူသားတို့ နားမလည်သည့် နည်းလမ်းများနှင့် နက်နဲမှုများအားလုံးကို ၎င်းတို့အတွက် ဖွင့်ပြလိမ့်မည် ဖြစ်သည်။ ဘုရားသခင်သည် သူ၏အမှုကို ပြုရန် နှုတ်ကပတ်တော်များကိုသာ အသုံးပြုပြီး၊ အနည်းငယ် ပုန်ကန်တတ်ခြင်းအတွက် လူတို့ကို အပြစ်မပေးပေ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ယခုအချိန်သည် ကယ်တင်ခြင်းအမှု၏ အချိန်ကာလ ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ ပုန်ကန်လျက် ပြုမူသောသူ မည်သူမဆိုကို အပြစ်ပေးမည်ဆိုပါက၊ မည်သူမျှ ကယ်တင်ခံ ရရန် အခွင့်အရေးရှိကြမည် မဟုတ်ပေ။ အယောက်တိုင်းသည် အပြစ်ပေးခံရမည် ဖြစ်ပြီး မရဏနိုင်ငံသို့ ကျဆင်းကြရမည် ဖြစ်သည်။ လူကို တရားစီရင်သည့် နှုတ်ကပတ်တော်များ၏ ရည်ရွယ်ချက်မှာ ၎င်းတို့အား မိမိတို့ကိုယ်ကိုယ် သိရှိခွင့်ပေးရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခွင့် ပေးရန် ဖြစ်သည်။ ယင်းမှာ ထိုသို့သော တရားစီရင်ခြင်းဖြင့် ၎င်းတို့ကို အပြစ်ပေးရန် မဟုတ်ပေ။ နှုတ်ကပတ်တော်များ၏ အမှုနှင့်ဆိုင်သည့် အချိန်ကာလအတွင်းတွင်၊ များစွာသောလူတို့သည် ၎င်းတို့၏ ပုန်ကန်မှုနှင့် အာခံမှုအပြင် လူ့ဇာတိခံ ဘုရားသခင်အပေါ် ၎င်းတို့၏ မနာခံမှုကို ဖော်ထုတ်ကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဤလူအားလုံးကို အကျိုးဆက်အနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ဘဲ၊ ယင်းအစား ရိုးတွင်းခြင်ဆီအထိ ဖောက်ပြန်ပျက်စီးသော သူများနှင့် ကယ်တင်မခံရနိုင်သူများကိုသာ ဘေးဖယ်ထားလိမ့်မည်။ သူသည် ၎င်းတို့၏ ဇာတိခန္ဓာများကို စာတန်အား ပေးပစ်လိမ့်မည်ဖြစ်ပြီး အချို့အခြေအနေများတွင် ၎င်းတို့၏ဇာတိခန္ဓာကို အဆုံးသတ်ပစ်လိမ့်မည်။ ကျန်ရှိသောသူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို ဆက်လက် လိုက်လျှောက်ကာ ကြုံတွေ့ကြရလိမ့်မည်။ အကယ်၍ လိုက်လျှောက်နေစဉ်တွင် ဤလူများသည် ပြစ်တင်ဆုံးမခြင်းနှင့် ပြုပြင်ခြင်းတို့ကို လက်မခံနိုင်သေးသကဲ့သို့၊ ပို၍ပို၍ ဆုတ်ယုတ်လာကြပါက၊ ၎င်းတို့သည် ၎င်းတို့၏ ကယ်တင်ခြင်း အခွင့်အရေးကို ဆုံးရှုံးကြလိမ့်မည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအားဖြင့် သိမ်းပိုက်ခံရခြင်းကို ကျိုးနွံနာခံပြီးဖြစ်သည့် လူအသီးသီးသည် ကယ်တင်ခြင်းအတွက် လုံလောက်သော အခွင့်အရေးကို ရရှိကြလိမ့်မည်။ ဤလူများထဲမှ အသီးသီးနှင့်ဆိုင်သည့် ဘုရားသခင်၏ကယ်တင်ခြင်းသည် သူ၏အစွမ်းကုန် သက်ညှာမှုကို ပြသလိမ့်မည်။ တစ်နည်းအားဖြင့်၊ ၎င်းတို့သည် အစွမ်းကုန် သည်းခံပေးမှု ပြသခံရကြလိမ့်မည်။ လူတို့သည် လမ်းမှားကို ကျောခိုင်းနေကြသရွေ့၊ ပြီးလျှင် ၎င်းတို့ နောင်တရနိုင်သရွေ့၊ ဘုရားသခင်သည် သူ၏ကယ်တင်ခြင်းကိုရရှိရန် အခွင့်အရေးများအား ၎င်းတို့ကို ပေးလိမ့်မည်။ လူသားများက ဘုရားသခင်ကို ပထမဦးဆုံး ပုန်ကန်ကြချိန်တွင်၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် ဘုရားသခင် ဆန္ဒမရှိပေ။ ထို့ထက်၊ ၎င်းတို့ကို ကယ်တင်ရန် သူတတ်နိုင်သမျှအားလုံး လုပ်ဆောင်ခဲ့သည်။ အကယ်၍ တစ်စုံတစ်ဦးသည် ကယ်တင်ခြင်းအတွက် အမှန်တကယ် အခွင့်အရေး မရှိပါက၊ ဘုရားသခင်သည် ၎င်းတို့ကို ဘေးဖယ်ထားလိမ့်မည် ဖြစ်သည်။ လူအချို့ကို ဘုရားသခင်က အပြစ်ပေးရန် နှေးရသည့် အကြောင်းရင်းမှာ သူသည် ကယ်တင်၍ ရနိုင်သူတိုင်းကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။ သူသည် လူတို့ကို နှုတ်ကပတ်တော်များဖြင့်သာ တရားစီရင်သည်၊ အသိဉာဏ်ပွင့်လင်းစေပြီး၊ လမ်းပြကာ၊ ၎င်းတို့ကို သေခြင်းသို့ပို့ရန် လှံတံကို အသုံးမပြုပေ။ လူသားများထံ ကယ်တင်ခြင်း ဆောင်ကြဉ်းဖို့ နှုတ်ကပတ်တော်များကို အသုံးပြုခြင်းသည် အမှု၏ နောက်ဆုံးအဆင့်နှင့်ဆိုင်သော ရည်ရွယ်ချက်နှင့် အရေးပါမှု ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သင်တို့သည် အဆင့်အတန်းနှင့်ဆိုင်သော ကောင်းချီးမင်္ဂလာများကို ဘေးဖယ်ပြီး လူသားထံ ကယ်တင်ခြင်းကို ဆောင်ကြဉ်းဖို့ ဘုရားသခင်၏ အလိုကို နားလည်သင့်၏

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၆)

ဘုရားသခင်သည် သူနှင့်သက်ဆိုင်သည့် အသိပညာကို လူသားက ရရှိကောင်း ရရှိစေနိုင်ဖို့အလို့ငှာ၊ ပြီးလျှင် သူ၏သက်သေခံချက်အတွက် တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းအမှုကို လုပ်ဆောင်သည်။ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သည့် ဘုရားသခင်၏တရားစီရင်မှုမရှိပါက၊ လူသားသည် မည်သည့် ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံသည့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သိကျွမ်းဖို့ ဖြစ်နိုင်မည် မဟုတ်သကဲ့သို့ လူသည် ဘုရားသခင်နှင့် သက်ဆိုင်သည့် သူ၏ အိုဟောင်းသော အသိပညာကို အသစ်တစ်ခုအဖြစ်သို့ ပြောင်းလဲနိုင်မည်လည်း မဟုတ်ပေ။ သူ၏သက်သေခံချက်အတွက်၊ ပြီးလျှင် သူ၏ စီမံခန့်ခွဲမှုအတွက်၊ သူ၏အလုံးစုံကို အများသိရှိအောင် သူပြုလုပ်သည်၊ ထိုသို့ဖြင့် သူ၏လူသိရှင်ကြား ပေါ်ထွန်းခြင်းမှတစ်ဆင့် လူသားကို ဘုရားသခင်နှင့် သက်ဆိုင်သည့် အသိဉာဏ်အား ရရှိနိုင်စေသည်၊ သူ၏စိတ်သဘောထား၌ ပြောင်းလဲနိုင်စေပြီး၊ ဘုရားသခင်အဖို့ ထူးကဲလှသော သက်သေခံချက်ကို သက်သေခံနိုင်စေလေသည်။ လူသား၏ စိတ်သဘောထား ပြောင်းလဲမှုကို များစွာသော ဘုရားသခင်၏ အမှုအမျိုးမျိုးမှတစ်ဆင့် စွမ်းဆောင်ရရှိပေသည်။ သူ၏စိတ်သဘောထား၌ ထိုသို့သော ပြောင်းလဲမှုများ မရှိဘဲနှင့်၊ လူသားသည် ဘုရားသခင်ကို သက်သေခံနိုင်မည် မဟုတ်သကဲ့သို့၊ ဘုရားသခင်၏ စိတ်နှလုံးနှင့် ညီညွတ်နိုင်မည် မဟုတ်ပေ။ လူသား၏စိတ်သဘောထား ပြောင်းလဲမှုက လူသားသည် စာတန်၏ ကျေးကျွန်ဘဝနှင့် အမှောင်၏ လွှမ်းမိုးမှုအောက်မှ မိမိကိုယ်ကိုယ် လွတ်မြောက်စေပြီးဖြစ်သကဲ့သို့၊ ဘုရားသခင်၏ အမှုနှင့် သက်ဆိုင်သည့် စံပုံစံနှင့် နမူနာတစ်ခု၊ ဘုရားသခင်၏သက်သေနှင့်၊ ဘုရားသခင်၏စိတ်နှလုံးနှင့် ညီညွတ်သော သူတစ်ဦး ဧကန်အမှန် ဖြစ်လာသည်ကို ညွှန်ပြပေသည်။ ယနေ့တွင်၊ လူ့ဇာတိခံ ဘုရားသခင်သည် ကမ္ဘာမြေပေါ်တွင် သူ၏အမှုကို လုပ်ဆောင်ရန် ကြွလာပြီးဖြစ်ကာ လူသားအနေဖြင့် သူနှင့်သက်ဆိုင်သည့် အသိပညာ၊ သူ့ကို နာခံခြင်း၊ သူ့ကို သက်သေခံခြင်းတို့ကို ရရှိရန်၊ သူ၏ လက်တွေ့ကျပြီး ပုံမှန်ဖြစ်သော အမှုကိုသိရှိရန်၊ လူသား၏ အယူအဆများနှင့် မကိုက်ညီသော သူ၏နှုတ်ကပတ်တော်များနှင့် အမှုအားလုံးကို နာခံရန်နှင့် လူသားကိုကယ်တင်ရန် သူပြုသော အမှုအားလုံးအပြင် လူသားကိုသိမ်းပိုက်ရန် သူပြီးမြောက်သော လုပ်ဆောင်ချက်များ အားလုံးကို သက်သေခံရန် သူတောင်းဆို လေသည်။ ဘုရားသခင်ကို သက်သေခံသောသူတို့သည် ဘုရားသခင်နှင့် သက်ဆိုင်သော အသိပညာ ရှိရမည်။ ဤသို့သော သက်သေခံချက်မျိုးသည်သာ တိကျပြီး စစ်မှန်ကာ ဤသို့သော သက်သေခံချက်ကသာ စာတန်ကို အရှက်ရစေနိုင်သည်။ ဘုရားသခင်သည် သူ၏တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့် ပြုပြင်ခြင်းတို့ကို ကြုံခြင်းမှတစ်ဆင့်၊ သူ့အား သိကျွမ်းလာသူများကို သူ့ကို သက်သေခံရန် အသုံးပြုသည်။ သူသည် စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်း ခံရပြီးသူတို့ကို သူ့ကို သက်သေခံရန် အသုံးပြုသည်၊ ထိုနည်းတူ မိမိတို့၏စိတ်သဘောထား ပြောင်းလဲပြီးသူများနှင့် ထိုသို့ဖြင့် သူ၏ကောင်းချီးမင်္ဂလာများကို ရရှိပြီးသူများအား သူ့ကို သက်သေခံရန် အသုံးပြုလေသည်။ ဘုရားသခင်သည် လူသားက နှုတ်အားဖြင့် သူ့အားချီးမွမ်းရန် မလိုအပ်သကဲ့သို့၊ သူ၏ ကယ်တင်ခြင်းမခံရသေးသည့် စာတန်အမျိုး၏ ချီးမွမ်းခြင်းနှင့် သက်သေခံခြင်းတို့ကိုလည်း သူမလိုအပ်ပေ။ ဘုရားသခင်ကို သိကျွမ်းသောသူတို့သာ သူ့ကို သက်သေခံရန် အရည်အချင်းပြည့်မီပြီး၊ ၎င်းတို့၏စိတ်သဘောထား၌ အသွင်ပြောင်းလဲပြီးသူများသာ ဘုရားသခင်အဖို့ သက်သေခံရန် အရည်အချင်းပြည့်မီလေသည်။ ဘုရားသခင်သည် သူ၏နာမအပေါ် အရှက်ရစေရန် လူသားအား တမင်တကာ ခွင့်ပြုလိမ့်မည် မဟုတ်ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကိုသိသောသူများသာလျှင် ဘုရားသခင်ကို သက်သေခံနိုင်ကြသည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၇)

လူသားကို ဘုရားသခင်၏ စုံလင်အောင် ပြုခြင်းသည် မည်သည့်အရာအားဖြင့် ပြီးမြောက်အောင်မြင်သနည်း။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားအားဖြင့် ပြီးမြောက်အောင်မြင်ခြင်း ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားတွင် အဓိကအားဖြင့် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းတို့ ပါဝင်ပြီး၊ ဘုရားသခင်သည် လူသားကို အဓိကအားဖြင့် တရားစီရင်ခြင်းမှတစ်ဆင့် စုံလင်စေသည်။ လူအချို့က နားမလည်ဘဲ၊ ဘုရားသခင်သည် အဘယ်ကြောင့် တရားစီရင်ခြင်းနှင့် ကျိန်ဆဲခြင်းအားဖြင့်သာ လူသားကို စုံလင်စေနိုင်သနည်းဟု မေးမြန်းကြ၏။ ၎င်းတို့က “အကယ်၍ ဘုရားသခင်သည် လူသားကို ကျိန်ဆဲမည်ဆိုလျှင်၊ လူသားသည် သေဆုံးသွားမည် မဟုတ်သလော။ အကယ်၍ ဘုရားသခင်သည် လူသားကို တရားစီရင်မည်ဆိုလျှင် လူသားသည် ပြစ်ဒဏ်ချမှတ်ခံရမည် မဟုတ်သလော။ ဤသို့ဆိုသော် သူ့ကို အဘယ်သို့ စုံလင်အောင်ပြုနိုင်ဦးမည်နည်း” ဟု ပြောကြသည်။ ထိုသို့သော စကားများသည် ဘုရားသခင်၏အမှုကို မသိသောလူများက ပြောသော စကားများ ဖြစ်သည်။ ဘုရားသခင်ကျိန်ဆဲသည့်အရာမှာ လူသား၏ နာခံမှုမရှိခြင်းကို ဖြစ်ပြီး၊ သူတရားစီရင်သည့်အရာမှာ လူသား၏ အပြစ်များကို ဖြစ်သည်။ ဘုရားသခင်သည် မညှာမတာ၊ ပြင်းပြင်းထန်ထန် ပြောဆိုသော်လည်း သူသည် ဤခက်ထန်သော နှုတ်ကပတ်တော်များအားဖြင့် လူ၏နာမ်နှင့်ဆိုင်သောအရာကို ဖော်ထုတ်လျက် လူသားအတွင်းမှ အရာအားလုံးကို ထုတ်ဖော်လေ၏၊ သို့ရာတွင် ယင်းကဲ့သို့သော တရားစီရင်မှုအားဖြင့် သူသည် လူသားအား လူ့ဇာတိဆိုင်ရာ အနှစ်သာရ၏ နက်နဲသိမ်မွေ့သော အသိပညာကို ပေးသောကြောင့် လူသားသည် ဘုရားသခင်၏ရှေ့မှောက်တွင် ကျိုးနွံနာခံခြင်းဖြစ်သည်။ လူသား၏ ဇာတိပကတိသည် အပြစ်ဖြစ်ပြီး စာတန်နှင့်သက်ဆိုင်သည်၊ ယင်းသည် နာခံမှုမရှိ၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းကို ခံရသည့်အရာဖြစ်သည်။ ထို့ကြောင့် လူသားအား သူ့ကိုယ်သူ သိစေရန် သူ့အပေါ်တွင် ဘုရားသခင်၏ တရားစီရင်ခြင်း နှုတ်ကပတ်တော်များ ကျရောက်ရမည်ဖြစ်ကာ စစ်ဆေးခြင်း အမျိုးအစားတိုင်းကို အသုံးပြုရမည်ဖြစ်သည်။ ထိုအခါမှသာလျှင် ဘုရားသခင်၏အမှုသည် ထိရောက်မှုရှိနိုင်မည်ဖြစ်သည်။

ဘုရားသခင်သည် လူသား၏ဇာတိပကတိကို ပြစ်ဒဏ်ချမှတ်နှင့်ပြီး ဖြစ်ကြောင်း ဘုရားသခင်ပြောသော နှုတ်ကပတ်တော်များမှ သိနိုင်သည်။ ထိုသို့ဆိုသော် ဤနှုတ်ကပတ်တော်များမှာ ကျိန်ဆဲသည့် နှုတ်ကပတ်တော်များ ဖြစ်နေသလော။ ဘုရားသခင်ပြောသည့် နှုတ်ကပတ်တော်များသည် လူသား၏ စရိုက်အမှန်ကို ထုတ်ဖော်ပြီး၊ ယင်းကဲ့သို့ ထုတ်ဖော်ခြင်းအားဖြင့် သူသည် တရားစီရင်ခြင်းခံရ၏။ ထို့ပြင် သူသည် ဘုရားသခင်၏ အလိုတော်ကို မဖြည့်ဆည်းနိုင်ကြောင်း မြင်သည့်အခါ သူ၏အတွင်း၌ သောကနှင့် နောင်တကို ခံစားရ၏။ သူသည် ဘုရားသခင်အပေါ် အလွန်အကြွေးတင်နေပြီး ဘုရားသခင်၏အလိုတော်ကို ဖြည့်စွမ်းနိုင်ခြင်းမရှိဟု ခံစားရ၏။ သန့်ရှင်းသော ဝိညာဉ်တော်သည် သင့်ကို အတွင်းမှ ဆုံးမပဲ့ပြင်သော အချိန်များရှိပြီး ဤဆုံးမပဲ့ပြင်ခြင်းသည် ဘုရားသခင်၏တရားစီရင်ခြင်းမှ လာခြင်းဖြစ်သည်။ ဘုရားသခင်သည် သင့်ကို အပြစ်တင်ဝေဖန်ပြီး သင့်ထံမှ သူ၏မျက်နှာတော်ကို ဝှက်ထားသောအချိန်များ၊ သင့်ကို သူဂရုမပြုဘဲ သင့်အထဲ၌ သူအလုပ်မလုပ်သည့်အချိန်များ၊ သင့်ကို စစ်ဆေးရန်အတွက် အသံမထွက်ဘဲ ပြစ်တင်ဆုံးမနေသောအချိန်များ ရှိသည်။ လူသားအတွင်း၌ ဘုရားသခင်၏အမှုမှာ အဓိကအားဖြင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားကို ထင်ရှားပေါ်လွင်စေရန် ဖြစ်သည်။ လူသားသည် အဆုံး၌ ဘုရားသခင်အတွက် မည်သည့်သက်သေကိုခံသနည်း။ ဘုရားသခင်သည် ဖြောင့်မတ်သည့် ဘုရားသခင်ဖြစ်ကြောင်း၊ သူ၏ စိတ်သဘောထားသည် ဖြောင့်မတ်ခြင်း၊ အမျက်ဒေါသ၊ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ဖြစ်ကြောင်း လူသားက သက်သေခံ၏။ လူသားသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သက်သေခံသည်။ ဘုရားသခင်သည် လူသားကို စုံလင်စေရန်အတွက် သူ၏တရားစီရင်ခြင်းကို အသုံးပြုသည်၊ သူသည် လူသားကို ချစ်ခဲ့ပြီး ကယ်တင်ခဲ့သည်၊ သို့သော် သူ၏ချစ်ခြင်းမေတ္တာထဲတွင် မည်မျှပါဝင်သနည်း။ တရားစီရင်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်ဒေါသနှင့် ကျိန်ဆဲမှုတို့ ပါဝင်သည်။ ဘုရားသခင်သည် လူသားကို ယခင်က ကျိန်ဆဲခဲ့သော်လည်း၊ သူသည် လူသားကို အနက်ဆုံးသောတွင်းထဲသို့ လုံးလုံးလျားလျား မပစ်ချခဲ့ဘဲ၊ ယင်းနည်းလမ်းကို အသုံးပြု၍ လူသား၏ ယုံကြည်ခြင်းကို သူစစ်ဆေးခဲ့သည်။ သူသည် လူသားကို မကွပ်မျက် ခဲ့သော်လည်း၊ လူသားကို စုံလင်အောင်ပြုရန် လုပ်ဆောင်ခဲ့သည်။ လူ့ဇာတိ၏အနှစ်သာရမှာ စာတန်၏အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်က ထိုသို့ပင် အတိအကျပြောခဲ့သည်- သို့သော် ဘုရားသခင် လုပ်ဆောင်ခဲ့သော ဖြစ်ရပ်များသည် သူ၏ နှုတ်ကပတ်တော်များနှင့်အညီ ပြီးမြောက်ခဲ့ခြင်း မဟုတ်ပေ။ သင်သူ့ကို ချစ်လာကောင်း ချစ်လာစေရန်နှင့် ဇာတိပကတိ၏ အနှစ်သာရကို သင်သိကောင်း သိနိုင်စေရန် သူသည် သင့်ကို ကျိန်ဆဲခြင်းဖြစ်သည်။ သင်နိုးကြားကောင်း နိုးကြားလာစေရန်၊ သင့်အထဲမှ အားနည်းချက်များကို သင်သိစေရန်နှင့် လူသား၏ အကြွင်းမဲ့ မထိုက်တန်မှုကို သင်သိစေရန် သင့်ကို သူပြစ်တင်ဆုံးမခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် ဘုရားသခင်၏ ကျိန်ဆိုခြင်းများ၊ တရားစီရင်ခြင်းများ အပြင်၊ သူ၏ဘုန်းအာနုဘော်နှင့် အမျက်ဒေါသ အားလုံးတို့သည် လူသားကို စုံလင်စေရန်အတွက်ဖြစ်သည်။ ယနေ့ ဘုရားသခင် လုပ်ဆောင်သည့် အရာများ အားလုံးနှင့် သင်တို့အတွင်း၌ သူထင်ရှားပေါ်လွင်စေသည့် ဖြောင့်မတ်သော စိတ်သဘောထား အားလုံးသည် လူသားကို စုံလင်စေရန် ဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့ပင်ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၈)

လူသား၏ ရှေးရိုးစွဲအယူအဆများထဲတွင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ၏ကျေးဇူးတော်၊ သနားကရုဏာနှင့် လူသား၏ အားနည်းချက်ကို ညှာတာမှုဖြစ်သည်ဟု လူသားက ယုံကြည်သည်။ ဤအရာများသည် ဘုရားသခင်၏ ချစ်မေတ္တာဖြစ်သော်လည်း၊ ၎င်းတို့သည် တစ်ဖက်သတ်ဖြစ်လွန်း၍ လူသားကို ဘုရားသခင် စုံလင်အောင် ပြုလုပ်သည့် အဓိကနည်းလမ်းများ မဟုတ်ပေ။ အချို့သော လူတို့သည် နာမကျန်းဖြစ်ခြင်းကြောင့် ဘုရားသခင်ကို စတင်ယုံကြည် လာကြသည်။ ဤနာမကျန်းဖြစ်ခြင်းမှာ သင့်အတွက် ဘုရားသခင်၏ ကျေးဇူးတော် ဖြစ်သည်။ ထိုအရာမရှိဘဲ သင်သည် ဘုရားသခင်ကို ယုံကြည်လာမည် မဟုတ်ပေ၊ ထို့ပြင် သင်သည် ဘုရားသခင်ကို မယုံကြည်ခဲ့ပါက၊ ဤအထိ ရောက်လာခဲ့လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် ဤကျေးဇူးတော်ပင်လျှင် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ ယေရှုကို ယုံကြည်သည့် အချိန်တွင် လူတို့သည် သမ္မာတရားကို နားမလည်ခဲ့သောကြောင့် ဘုရားသခင်မချစ်မနှစ်သက်သည့် အရာများစွာကို ပြုလုပ်ခဲ့ကြသည်၊ သို့သော် ဘုရားသခင်၌ ချစ်ခြင်းမေတ္တာနှင့် သနားကရုဏာရှိပြီး သူသည် လူသားကို ယခုအချိန်အထိ ခေါ်ဆောင်လာခဲ့သည်၊ ထို့အပြင် လူသားသည် မည်သည့်အရာကိုမျှ နားမလည်သော်လည်း၊ ဘုရားသခင်သည် လူသားကို သူ့နောက်သို့လိုက်ရန် ခွင့်ပြုဆဲဖြစ်သည်၊ ထိုမျှမက လူသားကို ယနေ့တိုင်အောင် ဦးဆောင်လမ်းပြနေခဲ့သည်။ ဤသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ မဟုတ်သလော။ ဘုရားသခင်၏ စိတ်သဘောထားထဲ၌ ပေါ်လွင်သည့်အရာသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်သည်။ ဤသည်မှာ အပြည့်အဝမှန်ကန်၏။ အသင်းတော်ကို တည်ဆောက်ခြင်းက အထွတ်အထိပ်သို့ ရောက်သောအခါ၊ ဘုရားသခင်သည် အစေခံသူများနှင့် ဆိုင်သည့် အမှု၏အဆင့်ကို လုပ်ဆောင်ပြီး လူသားကို အနက်ဆုံးသော တွင်းထဲသို့ ပစ်ချလေ၏။ အစေခံသူများ၏ ခေတ်ကာလမှ နှုတ်ကပတ်တော်များသည် ကျိန်ဆဲချက်များသာဖြစ်ခဲ့သည်။ သင်၏ လူ့ဇာတိကို ကျိန်ဆဲခြင်းများ၊ သင်၏ ဖောက်ပြန်ပျက်စီး၍ စာတန်နှင့်ဆိုင်သည့် စိတ်သဘောထားကို ကျိန်ဆဲခြင်းများနှင့် ဘုရားသခင်၏အလိုတော်ကို မဖြည့်ဆည်းနိုင်သည့် သင်နှင့် ပတ်သက်သော အရာများကို ကျိန်ဆဲခြင်းများ ဖြစ်ကြသည်။ ထိုအဆင့်တွင် ဘုရားသခင်ပြုလုပ်ခဲ့သည့် အမှုသည် ဘုန်းအာနုဘော်အဖြစ် ပေါ်လွင်ခဲ့ပြီးနောက် များမကြာမီ ဘုရားသခင်သည် ပြစ်တင်ဆုံးမခြင်း အမှု၏ အဆင့်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်၊ ထို့နောက်တွင် သေခြင်းတရား၏ စမ်းသပ်မှု ရောက်ရှိလာခဲ့သည်။ ယင်းကဲ့သို့အမှုထဲတွင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသ၊ ဘုန်းအာနုဘော်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို မြင်တွေ့ခဲ့သည့်အပြင် ဘုရားသခင်၏ ကျေးဇူးတော်၊ သူ၏ချစ်ခြင်းမေတ္တာနှင့် သူ၏ သနားကရုဏာတို့ကိုလည်း မြင်တွေ့ခဲ့သည်။ ဘုရားသခင်ပြုခဲ့သမျှနှင့် သူ၏စိတ်သဘောထားအဖြစ် ပေါ်လွင်စေသမျှမှာ လူသားအပေါ်ထားသည့် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာပင်ဖြစ်ပြီး ဘုရားသခင်ပြုခဲ့သမျှမှာ လူသား၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်သာ ဖြစ်ခဲ့သည်။ လူသားကို စုံလင်စေရန်အလို့ငှာ ထိုသို့ သူလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။ ဤအရာကို ဘုရားသခင်မလုပ်ဆောင်ခဲ့ပါက၊ လူသားသည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာနိုင်ကြမည် မဟုတ်ဘဲ၊ ဘုရားသခင်၏ စစ်မှန်သည့် သဘောသဘာဝကိုလည်း လုံးဝသိလိမ့်မည်မဟုတ်ပေ။ လူသားအနေဖြင့် အတွင်း၌ ဘုရားသခင်ကို တဖြည်းဖြည်း သိလာစေရန်အလို့ငှာ ဘုရားသခင်ကို ကနဦး သူစတင်ယုံကြည်သည့် အချိန်မှစပြီး ယနေ့ထိတိုင် ဘုရားသခင်သည် လူသား၏ ဝိညာဉ်ရင့်ကျက်မှုနှင့်အညီ သူ့ကို တဖြည်းဖြည်း ထောက်ပံ့ ပေးခဲ့လေသည်။ မျက်မှောက်ကာလသို့ ရောက်ရှိလာမှသာလျှင် လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းမှာ မည်မျှ အံ့သြဖွယ်ကောင်းသည်ကို နားလည်သဘောပေါက်ခြင်းဖြစ်သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏ အဆင့်မှာ ဖန်ဆင်းခြင်း အချိန်မှ ယနေ့ထိတိုင် ကျိန်ဆဲခြင်းအမှု၏ ပထမဦးဆုံး ဖြစ်ရပ်ဖြစ်ခဲ့သည်။ လူသားသည် အနက်ဆုံးသောတွင်းထဲသို့ ကျိန်ဆဲခြင်းကို ခံခဲ့ရသည်။ အကယ်၍ ဘုရားသခင်အနေဖြင့် ထိုသို့မပြုလုပ်ခဲ့ပါက၊ ယနေ့တွင် လူသား၌ ဘုရားသခင်နှင့်ပတ်သက်၍ မှန်ကန်သော အသိပညာရှိလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်၏ ကျိန်ဆဲခြင်းအားဖြင့်သာ လူသားသည် ဘုရားသခင်၏ စိတ်သဘောထားကို တရားဝင် ကြုံခဲ့ရခြင်း ဖြစ်သည်။ လူသားသည် အစေခံသူများ၏ စမ်းသပ်ခံရခြင်းအားဖြင့် ထုတ်ဖော်ခြင်းကို ခံခဲ့ရသည်။ လူသားအနေဖြင့် သူ၏သစ္စာရှိမှုသည် လက်ခံနိုင်ဖွယ် မရှိကြောင်း၊ သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ နုနယ်လွန်းကြောင်း၊ ဘုရားသခင်၏ အလိုတော်ကို သူမဖြည့်ဆည်းပေးနိုင်ကြောင်းနှင့် ဘုရားသခင်ကို သူကျေနပ်အားရစေသည်ဟူ၍ တစ်ချိန်လုံး ပြောဆိုနေခြင်းမှာ စကားလုံးများသာဖြစ်ကြောင်း သူတွေ့မြင်ခဲ့သည်။ အစေခံသူများနှင့်ဆိုင်သည့် အမှု၏အဆင့်တွင် ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ ယခုပြန်ပြောင်းကြည့်သောအခါ ဘုရားသခင့်အမှု၏ ထိုအဆင့်သည် အံ့သြဖွယ်ကောင်းခဲ့ပေသည်။ ယင်းသည် လူသားအတွက် ကြီးမားသည့် အလှည့်အပြောင်းကို ယူဆောင်လာပေးခဲ့ပြီး သူ၏အသက်တာ စိတ်သဘောထား၌ ကြီးမားသည့် ပြောင်းလဲမှုကို ဖြစ်စေခဲ့သည်။ အစေခံသူများ၏ အချိန်ကာလမတိုင်မီတွင် လူသားသည် အသက်ကို လိုက်စားခြင်းအကြောင်း၊ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သည့်အရာကိုဆိုလိုကြောင်း၊ သို့မဟုတ် ဘုရားသခင့်အမှု၏ ဉာဏ်ပညာအကြောင်းတို့ကို နားလည်ခဲ့ခြင်း မရှိသည့်အပြင် ဘုရားသခင်၏အမှုသည် လူသားကို စစ်ဆေးနိုင်ကြောင်းကိုလည်း သူနားမလည်ခဲ့ပေ။ အစေခံသူများ၏ အချိန်ကာလမှစ၍ ယနေ့ထိတိုင် လူသားသည် ဘုရားသခင်၏အမှုမှာ မည်မျှအံ့သြဖွယ်ကောင်းကြောင်း မြင်တွေ့ရသည်- ထိုအမှုသည် လူသားအတွက် ဉာဏ်မမီနိုင်အောင် နက်နဲ၏။ လူသားသည် ဘုရားသခင် အမှုပြုပုံကို သူ၏ဉာဏ်ကို အသုံးပြု၍ မစဉ်းစားနိုင်ပေ၊ ထို့ပြင် သူ၏ဝိညာဉ်ရင့်ကျက်မှုမှာ မည်မျှနုနယ်ကြောင်းနှင့် သူ့ထံ၌ မနာခံမှု အလွန်များပြားနေကြောင်းကိုလည်း သူမြင်တွေ့ရသည်။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သောအခါ ယင်းသည် အကျိုးသက်ရောက်မှု တစ်ခုရရှိရန် ဖြစ်ပြီး လူသားကို သူ မကွပ်မျက်ခဲ့ပေ။ ဘုရားသခင်သည် လူသားကို ကျိန်ဆဲခဲ့သော်လည်း၊ သူသည် နှုတ်ကပတ်တော်အားဖြင့်သာ ကျိန်ဆဲခဲ့ခြင်းဖြစ်ပြီး သူ၏ကျိန်ဆဲခြင်းများသည် လူသားအပေါ် အမှန်တကယ် မကျရောက်ခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင် ကျိန်ဆဲခဲ့သည်မှာ လူသား၏ မနာခံခြင်းကို ဖြစ်သောကြောင့်ဖြစ်၏၊ ထို့ကြောင့် သူ၏ကျိန်ဆဲခြင်း နှုတ်ကပတ်တော်များမှာလည်း လူသားကို စုံလင်အောင်ပြုရန်ဖြစ်ခဲ့သည်။ ဘုရားသခင်သည် လူသားကို တရားစီရင်သည်ဖြစ်စေ၊ ကျိန်ဆဲသည်ဖြစ်စေ နှစ်ခုစလုံးသည် လူသားကိုစုံလင်စေ၏။ လူသားအတွင်း၌ မသန့်ရှင်းသောအရာကို စုံလင်စေရန် ထိုနှစ်ခုစလုံးကို ပြုခဲ့ခြင်းဖြစ်သည်။ ဤနည်းအားဖြင့် လူသားသည် စစ်ဆေးခြင်းခံခဲ့ရပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ နှင့် အမှုအားဖြင့် လူသားအတွင်း၌ ချို့တဲ့နေသောအရာသည် စုံလင်စေခြင်းကို ခံခဲ့ရသည်။ ပြင်းထန်သော နှုတ်ကပတ်တော်များဖြစ်စေ၊ တရားစီရင်မှုဖြစ်စေ၊ ပြစ်တင်ဆုံးမမှုဖြစ်စေ ဘုရားသခင့်အမှု၏ အဆင့်တိုင်းသည် လူသားကို စုံလင်စေရန်ဖြစ်ပြီး လုံးဝသင့်လျော်မှုရှိသည်။ ဘုရားသခင်သည် ဤကဲ့သို့သော အမှုကို ခေတ်ကာလအဆက်ဆက်တွင် မည်သည့်အခါမျှ မလုပ်ဆောင်ခဲ့ဖူးပေ။ သူ၏ဉာဏ်ပညာကို သင်တို့ အသိအမှတ်ပြုစေရန် ယနေ့ သူသည် သင်တို့အတွင်း၌ အမှုပြုခြင်း ဖြစ်သည်။ သင်တို့သည် မိမိတို့၏အတွင်း၌ နာကျင်မှုအချို့ကို ခံစားခဲ့ပြီး သော်လည်း၊ သင်တို့၏စိတ်နှလုံးသည် တည်ကြည်မှုကို ခံစားရပြီး ငြိမ်သက်ခြင်း ရှိနေသည်။ သင်တို့အနေဖြင့် ဘုရားသခင့်အမှု၏ ဤအဆင့်ကို မွေ့လျော်ခံစားနိုင်ခြင်းမှာ သင်တို့၏ ကောင်းချီးမင်္ဂလာပင်ဖြစ်သည်။ အနာဂတ်တွင် သင်တို့အနေဖြင့် မည်သည့်အရာကို ရရှိနိုင်မည်ဖြစ်စေ ယနေ့တွင် သင်တို့အတွင်း၌ ဘုရားသခင်၏အမှုနှင့်ပတ်သက်၍ သင်တို့မြင်ရသမျှမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သည်။ လူသားသည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် စစ်ဆေးခြင်းတို့ကို မကြုံတွေ့ရပါက၊ သူ၏လုပ်ဆောင်မှုများနှင့် စိတ်အားထက်သန်မှုသည် အပေါ်ယံအဆင့်တွင် အမြဲရှိနေမည်ဖြစ်ပြီး သူ၏စိတ်သဘောထားသည်လည်း အမြဲမပြောင်းမလဲ တည်ရှိနေမည် ဖြစ်သည်။ ဤအရာအား ဘုရား၏ ရယူမှုကို ခံထားရခြင်းအဖြစ် မှတ်ယူ၍ ရသလော။ ယနေ့တွင် လူသားအတွင်း၌ မာနထောင်လွှားမှုနှင့် စိတ်ကြီးဝင်မှုတို့ များစွာရှိနေသေးသော်လည်း၊ လူသား၏ စိတ်သဘောထားကမူ ယခင်ကထက် များစွာတည်ငြိမ်၏။ ဘုရားသခင်က သင့်အား ရိုက်နှက်ဆုံးမခြင်းမှာ သင့်ကို ကယ်တင်ရန် ဖြစ်၏၊ ထို့ပြင် သင့်အနေဖြင့် ထိုအချိန်တွင် နာကျင်မှုအနည်းငယ် ခံစားရနိုင်သော်လည်း၊ သင့်စိတ်သဘောထားထဲ၌ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် နေ့ရက် ရောက်ရှိလာလိမ့်မည်။ ထိုအချိန်တွင် သင်သည် ပြန်ပြောင်းတွေးကြည့်ပြီး ဘုရားသခင်၏အမှုသည် မည်မျှအမြော်အမြင် ရှိကြောင်းကို မြင်လိမ့်မည်ဖြစ်ကာ၊ ထိုအချိန်၌ ဘုရားသခင်၏ အလိုတော်ကို သင်အမှန်တကယ်နားလည်လိမ့်မည်။ ယနေ့တွင် ဘုရားသခင်၏အလိုတော်ကို နားလည်သည်ဟု ပြောဆိုကြသော လူအချို့ရှိသည်၊ သို့သော် ယင်းမှာ သိပ်လက်တွေ့မကျလှပေ။ စင်စစ်အားဖြင့် ၎င်းတို့သည် မုသားများကို ပြောနေကြခြင်းဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ အလိုတော်မှာ လူသားကို ကယ်တင်ရန်လော၊ သို့မဟုတ် ကျိန်ဆဲရန်လောဆိုသည်ကို လက်ရှိတွင် ၎င်းတို့နားမလည်ကြသေးခြင်းကြောင့် ဖြစ်သည်။ ယခုအချိန်တွင် သင်သည် ထိုအရာကို သင်ရှင်းလင်းစွာ မမြင်ကောင်း မမြင်နိုင်သေးသော်လည်း၊ လူ့ဘဝကို သင်သိလာပြီး သင့်ဇာတိခန္ဓာသည် ချစ်ခင်ကြင်နာသော ဘုရားသခင်၏ကမ္ဘာထဲ၌ နေထိုင်ရစေရန်၊ သင့်ဝိညာဉ်သည် လွတ်မြောက်မှုကို ရရှိပြီး သင့်အသက်တာသည် ပျော်ရွှင်ခြင်းနှင့် ပြည့်စုံကာ ဘုရားသခင်နှင့် သင်အမြဲနီးကပ်ကာ ဘုရားသခင်ကို သင်အစဉ်မျှော်ကြည့်စေရန် ဘုရားသခင် ဘုန်းတန်ခိုး ရရှိသည့်နေ့ရက် ရောက်လာသည်ကို သင်မြင်ရသောနေ့ရက် ရောက်လာမည်ဖြစ်ပြီး၊ ဘုရားသခင်ကို ချစ်ခြင်းမှာ မည်မျှ အဓိပ္ပာယ်ရှိကြောင်း သင်တွေ့မြင်ရလိမ့်မည်။ ထိုအချိန်တွင် ဘုရားသခင်၏ ယနေ့ကာလအမှုသည် မည်မျှတန်ဖိုးရှိကြောင်းကို သင်အမှန်တကယ် သိရှိလာလိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ နာကျင်သည့်စမ်းသပ်မှုများကို တွေ့ကြုံခြင်းဖြင့်သာ ဘုရားသခင်၏နှစ်လိုဖွယ်ကောင်းခြင်းကို သိနိုင်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၈၉)

ယခု လုပ်ဆောင်နေသော အမှုမှာ လူတို့အား ၎င်းတို့၏ ဘိုးဘေးဘီဘင်ဟောင်းဖြစ်သော စာတန်ကို စွန့်လွှတ်စေရန် ဖြစ်သည်။ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်မှု အလုံးစုံသည် လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးတတ်သော စိတ်သဘောထားကို ဖော်ထုတ်ရန်နှင့် အသက်တာ၏ အနှစ်သာရကို လူတို့နားလည်စေရန် ရည်ရွယ်သည်။ ထပ်တလဲလဲဖြစ်သော ဤတရားစီရင်မှုများသည် လူတို့၏ စိတ်နှလုံးများကို ထိုးဖောက်သည်။ ၎င်းတို့သည် ထိုအရာများ အားလုံးကို လက်လွှတ်နိုင်ကာ၊ ထိုသို့ဖြင့် အသက်တာကို သိနိုင်ဖို့၊ ညစ်ညူးသော ဤကမ္ဘာကြီးအကြောင်း သိနိုင်ဖို့၊ ဘုရားသခင်၏ ဉာဏ်ပညာနှင့် အနန္တတန်ခိုးအကြောင်းကို သိနိုင်ဖို့နှင့် စာတန်၏ဖျက်ဆီးခြင်း ခံထားရသော လူသားမျိုးနွယ်အကြောင်းကိုလည်း သိနိုင်ဖို့အလို့ငှာ၊ တရားစီရင်မှု တစ်ခုချင်းစီသည် ၎င်းတို့၏ ကံကြမ္မာနှင့် တိုက်ရိုက်ဆက်နွှယ်ပြီး ၎င်းတို့၏ စိတ်နှလုံးကို ထိခိုက်စေရန် ရည်ရွယ်သည်။ လူသားသည် ဤကဲ့သို့သော ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်မှုမျိုးကို သာ၍ လက်ခံရရှိလေလေ၊ လူသား၏ စိတ်နှလုံးအား ပို၍ ထိခိုက်ဒဏ်ရာရစေနိုင်လေဖြစ်ပြီး သူ၏ဝိညာဉ်ကို ပို၍ နိုးထစေနိုင်လေဖြစ်သည်။ အလွန့်အလွန် ဖောက်ပြန်ပျက်စီးနေပြီး နက်နဲစွာ အလှည့်ဖြားခံရဆုံးသော ဤလူတို့၏ ဝိညာဉ်များကို နိုးထပေးရန်မှာ ဤတရားစီရင်မှုမျိုး၏ ရည်မှန်းချက် ပန်းတိုင် ဖြစ်သည်။ လူသား၌ ဝိညာဉ်မရှိ၊ ဆိုလိုသည်မှာ သူ၏ဝိညာဉ်သည် ကြာမြင့်သော အချိန်ကတည်းက သေဆုံးခဲ့ပြီး သူသည် ကောင်းကင်ဘုံ ရှိကြောင်းကို မသိ၊ ဘုရားသခင် တစ်ပါးရှိကြောင်းကို မသိပေ၊ ထို့ပြင် သေခြင်းတရား၏ ချောက်နက်ကြီးထဲတွင် သူရုန်းကန်နေမှန်း သူ သေချာပေါက် မသိပေ။ သူသည် ဤကမ္ဘာကြီးပေါ်ရှိ ဤဆိုးယုတ်သော ငရဲထဲတွင် အသက်ရှင်နေကြောင်း သူ မည်သို့သိနိုင်မည်နည်း။ သူ၏ပုပ်စပ်သော ဤအလောင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးခြင်းမှတစ်ဆင့် သေမင်း၏ မရဏနိုင်ငံထဲသို့ ကျရောက်ပြီးဖြစ်ကြောင်း သူ မည်သို့များ သိနိုင်မည်နည်း။ ကမ္ဘာမြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် ကြာမြင့်သော အချိန်ကတည်းက ပြုပြင်၍ မရနိုင်လောက်အောင် လူသားမျိုးနွယ်၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပြီးသည်ကို သူ မည်သို့ သိနိုင်မည်နည်း။ ပြီးလျှင် ဖန်ဆင်းရှင်သည် မြေကြီးပေါ်သို့ ယနေ့ကြွလာကာ သူကယ်တင်နိုင်မည့် ဖောက်ပြန်ပျက်စီးသော လူတစ်စုကို ရှာဖွေနေကြောင်းကို သူ မည်သို့သိနိုင်မည်နည်း။ လူသားသည် ဖြစ်နိုင်သမျှသော စစ်ဆေးခြင်းနှင့် တရားစီရင်မှု အားလုံးကို ကြုံရသည့်နောက်တွင်ပင်၊ သူ၏ လေးလံထုံထိုင်းသော အသိစိတ်သည် နိုးကြားရုံမျှသာရှိနေဆဲဖြစ်ပြီး စင်စစ်တွင် တုံ့ပြန်ခြင်း မရှိသလောက် ဖြစ်နေသည်။ လူသားမျိုးနွယ်သည် အလွန် ကျဆင်းယိုယွင်းနေပါတကား။ ဤ တရားစီရင်မှုမျိုးသည် မိုးကောင်းကင်မှ ကျလာသော ရက်စက်ကြမ်းတမ်းသည့် မိုးသီးသဖွယ်ဖြစ်သော်လည်း ၎င်းသည် လူသားတို့အတွက် အကြီးမားဆုံးသော အကျိုးကျေးဇူးဖြစ်သည်။ လူတို့ကို ဤသို့တရားမစီရင်ပါက၊ ရလဒ်ရှိမည် မဟုတ်ဘဲ လူတို့ကို ဒုက္ခဆင်းရဲ ချောက်နက်ထဲမှ ကယ်တင်ရန် လုံးဝဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ ဤအမှုကြောင့်သာ မဟုတ်လျှင် လူတို့၏ စိတ်နှလုံးများသည် ရှေးမဆွကတည်းက သေဆုံးခဲ့ပြီး ၎င်းတို့၏ ဝိညာဉ်များသည် စာတန်၏ နင်းခြေမှုကို ရှေးမဆွကတည်းက ခံခဲ့ရသောကြောင့်၊ လူတို့သည် သေမင်း၏ မရဏနိုင်ငံမှ လွတ်ရန် အလွန်ခက်ခဲမည် ဖြစ်သည်။ ဆုတ်ယုတ်ခြင်း၏ အနက်ဆုံးအတိုင်းအတာအထိ နစ်မြုပ်ပြီးဖြစ်သော သင်တို့ကို ကယ်တင်ခြင်းသည် သင်တို့ကို အစွမ်းကုန် ခေါ်ထုတ်ခြင်းနှင့် သင်တို့ကို အစွမ်းကုန် တရားစီရင်ခြင်းတို့လိုအပ်သည်၊ သို့မှသာလျှင် သင်တို့၏ အေးခဲနေသော စိတ်နှလုံးကို နိုးထစေနိုင်လိမ့်မည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်စေခြင်းခံရပြီးသူများသာလျှင် အဓိပ္ပာယ်ရှိသော အသက်တာဖြင့် အသက်ရှင်နိုင်သည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၀)

ဘုရားသခင်သည် အားလုံးထဲမှ ခေတ်နောက်အကျန်ဆုံးနှင့် အညစ်ညူးဆုံးသော နေရာတွင် လူ့ဇာတိခံလာခဲ့ပြီး ဘုရားသခင်သည် သူ၏ သန့်ရှင်းပြီး ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံကို ရှင်းရှင်းလင်းလင်း ပြသနိုင်သည်မှာ ဤနည်းဖြင့်သာ ဖြစ်သည်။ ပြီးလျှင် မည်သည့်အရာမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား ပြသခံရသနည်း။ ယင်းသည် လူသား၏ အပြစ်များကို သူ တရားစီရင်သည့်အချိန်၊ စာတန်ကို သူ တရားစီရင်သည့်အချိန်၊ အပြစ်ကို သူ စက်ဆုပ်သည့်အချိန်နှင့် သူ့ကို ဆန့်ကျင်ပြီး ပုန်ကန်သည့် ရန်သူများကို စက်ဆုပ်ရွံရှာသည့်အခါတွင် ပြသခံရပေသည်။ ယနေ့ ငါ ပြောဆိုသော နှုတ်ကပတ်တော်များသည် လူတို့၏ အပြစ်များကို တရားစီရင်ဖို့၊ လူတို့၏ မဖြောင့်မတ်ခြင်းကို တရားစီရင်ဖို့၊ လူသား၏ မနာခံမှုကို ကျိန်ဆဲဖို့ ဖြစ်ပေသည်။ ဘုရားသခင်၏ အလိုတော်နှင့် ကွဲလွဲသည့် အရာအားလုံးဖြစ်သော လူသား၏ ကောက်ကျစ်မှုနှင့် လှည့်စားမှု၊ လူသား၏ စကားများနှင့် လုပ်ရပ်များသည် တရားစီရင်ခြင်း ခံရမည် ဖြစ်ပြီး လူသား၏ မနာခံမှုအားလုံးကို အပြစ်အဖြစ် စွတ်စွဲရှုတ်ချခံရပေမည်။ သူ၏နှုတ်ကပတ်တော်များသည် တရားစီရင်ခြင်း၏ နိယာမများကို ဗဟိုပြုသည်။ သူသည် လူသား၏ မဖြောင့်မတ်မှုအား တရားစီရင်ခြင်း၊ လူသား၏ ပုန်ကန်မှုအား ကျိန်ဆဲခြင်းနှင့် လူသား၏ အကျည်းတန် မျက်နှာများအား ဖော်ထုတ်ခြင်းတို့ကို သူ၏ ကိုယ်ပိုင် ဖြောင့်မတ်သော စိတ်သဘောထား ထင်ရှားစေဖို့ရန် အသုံးပြုလေသည်။ သန့်ရှင်းခြင်းသည် သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကိုယ်စားပြုခြင်းတစ်ခု ဖြစ်ပြီး အမှန်တွင် ဘုရားသခင်၏ သန့်ရှင်းခြင်းသည် အကယ်စင်စစ် သူ၏ ဖြောင့်မတ်သော စိတ်သဘောထား ဖြစ်ပေသည်။ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် ယနေ့ နှုတ်ကပတ်တော်များ၏ ဆက်စပ်သည့် အကြောင်းအရာဖြစ်သည်- စကားပြောဖို့နှင့် တရားစီရင်ဖို့၊ ပြီးလျှင် သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ဖို့ ၎င်းတို့ကို ငါအသုံးပြု၏။ ဤအရာတစ်ခုတည်းသာ စစ်မှန်သော အမှုဖြစ်ပြီး၊ ဤအရာတစ်ခုတည်းသာ ဘုရားသခင်၏ သန့်ရှင်းခြင်းကို အပြည့်အဝ ထွန်းလင်းစေသည်။ သင့်အထဲတွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အရိပ်အယောင် မရှိပါက၊ သင့်ကို ဘုရားသခင် တရားစီရင်မည် မဟုတ်သကဲ့သို့၊ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားကိုလည်း သင့်ကို ပြလိမ့်မည်မဟုတ်။ သင်သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ရှိသည့်အတွက်၊ ဘုရားသခင်သည် သင့်ကို သက်ညှာမည် မဟုတ်ပေ၊ ထို့အပြင် သူ၏ သန့်ရှင်းခြင်း ပြသခံရသည်မှာ ဤအရာမှတဆင့် ဖြစ်သည်။ ဘုရားသခင်သည် လူသား၏ ညစ်ညူးခြင်းနှင့် ပုန်ကန်ခြင်းတို့ အလွန်ကြီးမားသည်ကို တွေ့သော်လည်း၊ သင့်ကို စကားမပြော သို့မဟုတ် သင့်ကို တရားမစီရင်သကဲ့သို့ သင်၏ မဖြောင့်မတ်မှုအတွက် သင့်ကို ပြစ်တင်ဆုံးမခြင်း မပြုပါက၊ သူသည် အပြစ်ကို မုန်းတီးမှု ရှိလိမ့်မည် မဟုတ်သောကြောင့် သူသည် ဘုရားသခင်မဟုတ်သည်ကို ဤအရာက သက်သေပြ ပေလိမ့်မည်။ သူသည် လူသားတမျှ ညစ်ညူးသောသူသာ ဖြစ်ပေလိမ့်မည်။ ယနေ့၊ သင့်ကို ငါ တရားစီရင်သည်မှာ သင်၏ အညစ်အကြေးကြောင့် ဖြစ်ပြီး၊ သင့်ကို ငါ ပြစ်တင်ဆုံးမသည်မှာ သင်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ပုန်ကန်မှုကြောင့် ဖြစ်သည်။ ငါသည် သင့်အား ငါ၏ တန်ခိုးအာဏာကို ကြွားလုံးထုတ်နေခြင်း မဟုတ်သကဲ့သို့ သင့်ကို တမင်သက်သက် ဖိနှိပ်နေခြင်းလည်း မဟုတ်ပေ။ ဤအညစ်အကြေး နယ်မြေထဲတွင် မွေးဖွားခဲ့ကြသည့် သင်တို့သည် အညစ်အကြေးများဖြင့် အလွန်အကြီးအကျယ် ညစ်ညမ်းပြီးဖြစ်သောကြောင့် ဤအရာများကို ငါပြုခြင်း ဖြစ်ပေသည်။ သင်တို့သည် ညစ်ပတ်သောနေရာများတွင်နေသော ဝက်များကဲ့သို့ သင်တို့၏ သမာဓိနှင့် လူသားသဘာဝတို့ကို လုံးဝဆုံးရှုံးပြီးဖြစ်သည်။ ဤသည်မှာ သင်တို့ တရားစီရင်ခံရပြီး သင်တို့အပေါ် ငါ၏ အမျက်ဒေါသ ပွင့်ထွက်စေသည့်သင်တို့၏ ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုကြောင့်ဖြစ်သည်။ ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်ကြောင်းနှင့် ဘုရားသခင်သည် သန့်ရှင်းသော ဘုရားဖြစ်ကြောင်းတို့ကို သင် မြင်နိုင်ခဲ့သည်မှာ ဤနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းကြောင့် အတိအကျ ဖြစ်ပေသည်။ သင်တို့ကို သူ တရားစီရင်ပြီး သင်တို့အပေါ်သို့ သူ၏ အမျက်ဒေါသကို ပွင့်ထွက်စေသည်မှာ သူ၏ သန့်ရှင်းခြင်းနှင့် သူ၏ ဖြောင့်မတ်ခြင်းတို့ကြောင့် အတိအကျ ဖြစ်ပေသည်။ သူ၏ ဖြောင့်မတ်သောစိတ်သဘောထားကို ထုတ်ဖော်ပြသည်မှာ လူသားမျိုးနွယ်၏ ပုန်ကန်မှုကို သူမြင်သောကြောင့်သက်သက်ပင်ဖြစ်သည်။ လူသားမျိုးနွယ်၏ အညစ်အကြေးနှင့် ဖောက်ပြန်ပျက်စီးမှုသည် သူ၏ သန့်ရှင်းမှုကို ဖော်ပြစေသည်။ ဤသည်မှာ သူသည် သန့်ရှင်းပြီး သန့်ပြန့်သော်လည်း၊ အညစ်အကြေး နယ်မြေထဲတွင် အသက်ရှင်သည့် ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်ကြောင်းကို ပြသရန် လုံလောက်ပေသည်။ လူတစ်ဦးသည် အခြားသူများနှင့်အတူ ဒုစရိုက်နွံထဲတွင် ပျော်မွေ့နေပြီး၊ သူနှင့်ပတ်သက်၍ သန့်ရှင်းသည့်အရာ ဘာမျှမရှိသကဲ့သို့၊ သူသည် ဖြောင့်မတ်သော စိတ်သဘောထားမရှိပါက၊ သူသည် လူသား၏ မတရားမှုကို တရားစီရင်ဖို့ရန် အရည်အချင်းမပြည့်မီသကဲ့သို့၊ လူသားနှင့်ဆိုင်သော တရားစီရင်ခြင်းကို ဆောင်ရွက်ဖို့ မသင့်တော်ပေ။ တစ်ဦးနှင့်တစ်ဦး တန်းတူညီမျှ ညစ်ပတ်ပေနေသော လူတို့သည် ၎င်းတို့နှင့် ထပ်တူထပ်မျှဖြစ်သော သူတို့ကို တရားစီရင်ဖို့ရန် အဘယ်သို့ အရည်အချင်း ရှိနိုင်မည်နည်း။ သန့်ရှင်းသော ဘုရားသခင် ကိုယ်တိုင်သာ ညစ်ပတ်ပေရေသော လူသားမျိုးနွယ်တစ်ခုလုံးကို တရားစီရင်နိုင်ပေသည်။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ တရားစီရင်နိုင်မည်နည်း။ လူသား၏ အပြစ်များကို လူသားက အဘယ်သို့ မြင်နိုင်မည်နည်း၊ ပြီးလျှင် ဤအပြစ်များကို ရှုတ်ချဖို့ရန် လူသားသည် အဘယ်သို့ အရည်အချင်းရှိနိုင်မည်နည်း။ ဘုရားသခင်သည် လူသား၏ အပြစ်များကို တရားစီရင်ဖို့ အရည်အချင်း မရှိပါက၊ သူသည် အဘယ်သို့ ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင် ဖြစ်နိုင်မည်နည်း။ ဘုရားသခင်သည် လူတို့အား တရားစီရင်ရန် ပြောဆိုသည်မှာ လူတို့က ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖွင့်ပြသောကြောင့်ဖြစ်ပြီး ထိုအခါမှသာ လူတို့က သူသည် သန့်ရှင်းသောဘုရားသခင်တစ်ပါးဖြစ်သည်ကို မြင်နိုင်ကြသည်။ သူသည် လူသားကို ၎င်း၏ အပြစ်များအတွက် တရားစီရင်ပြီး ပြစ်တင်ဆုံးမသကဲ့သို့၊ လူသား၏ အပြစ်များကို တစ်ချိန်လုံး ဖော်ထုတ်စဉ်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှ ဤတရားစီရင်ခြင်းမှ မလွတ်မြောက်နိုင်ချေ။ ညစ်ညူးသောအရာ အားလုံးသည် သူ၏ တရားစီရင်ခြင်းခံရပြီး၊ ထို့ကြောင့်သာလျှင် သူ၏ စိတ်သဘောထားက ဖြောင့်မတ်သည်ဟုဖွင့်ပြသည်။ ထိုသို့မဟုတ်ပါက၊ သင်တို့သည် နာမည်နှင့် အမှန်တရား နှစ်ခုလုံးတွင် အဖြည့်ခံများဖြစ်သည်ဟု အဘယ်သို့ ပြောနိုင်မည်နည်း။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၁)

ဣသရေလ၌လုပ်ဆောင်ခဲ့သော အမှုနှင့် ယနေ့ အမှုတို့ကြား ကြီးမားသော ကွဲပြားခြားနားမှုတစ်ခု ရှိ၏။ ယေဟောဝါသည် ဣသရေလအမျိုးသားတို့၏ အသက်တာများကို လမ်းပြခဲ့ပြီး ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ များစွာ သိပ်မရှိခဲ့ပေ၊ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် လူတို့သည် လောကနှင့်သက်ဆိုင်၍ သိနားလည်မှု အလွန်နည်းပါးခဲ့ပြီး၊ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ အနည်းငယ်သာ ရှိခဲ့သောကြောင့် ဖြစ်သည်။ ထိုအချိန်က ဣသရေလ အမျိုးသားတို့သည် ယေဟောဝါကို လုံးဝ နာခံခဲ့ကြသည်။ ယဇ်ပလ္လင်များကို တည်ဆောက်ဖို့ ၎င်းတို့ကို ပြောခဲ့သည့် အချိန်တွင်၊ ယဇ်ပလ္လင်များကို ၎င်းတို့ အလျင်အမြန် တည်ဆောက်ခဲ့ကြသည်။ ယဇ်ပရောဟိတ်များ၏ ဝတ်လုံများကို ဝတ်ဆင်ဖို့ ၎င်းတို့ကို ပြောသည့်အချိန်တွင်၊ ၎င်းတို့ နာခံခဲ့ကြသည်။ ထိုနေ့ရက်ကာလများတွင်၊ ယေဟောဝါသည် သိုးထိန်း၏ လမ်းပြမှုနောက်လိုက်ရင်းနှင့် စားကျက်တွင် မြက်ကိုစားနေသည့် သိုးများနှင့်အတူရှိလျက် သိုးစုတစ်စုကို ထိန်းကျောင်းနေသည့် သိုးထိန်းတစ်ဦးအလား ဖြစ်ခဲ့သည်။ ယေဟောဝါသည် ၎င်းတို့ စားပုံ၊ ဝတ်ပုံ၊ နေထိုင်ပုံနှင့် ခရီးသွားပုံတို့တွင် ၎င်းတို့ကို ဦးဆောင်ရင်း ၎င်းတို့၏ အသက်တာများကို လမ်းပြခဲ့သည်။ ထိုအချိန်က လူသားမျိုးနွယ်သည် မွေးကင်းစဖြစ်ခဲ့သည့်အတွက် ယင်းမှာ ဘုရားသခင်၏ စိတ်သဘောထားကို ပေါ်လွင်စေသည့်အချိန် မဟုတ်ခဲ့ပေ။ ပုန်ကန်တတ်ပြီး ရန်မူလိုသူ အနည်းငယ်ရှိခဲ့သည်၊ လူသားမျိုးနွယ်ကြားတွင် ညစ်ညူးမှုများစွာ မရှိခဲ့၊ ထို့ကြောင့် လူတို့သည် ဘုရားသခင်၏ စိတ်သဘောထားအဖို့ အဖြည့်ခံအဖြစ် မပြုမူနိုင်ခဲ့ကြချေ။ ဘုရားသခင်၏ သန့်ရှင်းခြင်း ပေါ်လွင်သည်မှာ ညစ်ညူးမှု နယ်မြေမှလာသော လူတို့မှတဆင့် ဖြစ်သည်။ ယနေ့၊ သူသည် ညစ်ညူးမှု နယ်မြေနှင့်ဆိုင်သော ဤလူတို့၌ ပြသသည့် ညစ်ညူးမှုကို အသုံးပြုပြီး တရားစီရင်၏၊ တရားစီရင်မှုအလယ်၌ သူ၏ဖြစ်ခြင်းသည် ဤသို့ ထုတ်ဖော်ပြ ခံရသည်။ အဘယ်ကြောင့် သူ တရားစီရင်သနည်း။ သူသည် အပြစ်ကို စက်ဆုပ်သောကြောင့် တရားစီရင်ခြင်း နှုတ်ကပတ်တော်များကို ပြောဆိုနိုင်ခြင်းဖြစ်သည်။ သူသည် လူသားမျိုးနွယ်၏ ပုန်ကန်မှုကို မစက်ဆုပ်ပါက၊ အဘယ်ကြောင့် အမျက်ဒေါသ အလွန် ထွက်နိုင်ရမည်နည်း။ သူ၏အတွင်းတွင် စက်ဆုပ်မှု၊ ရွံရှာမှု မရှိပါက၊ လူတို့၏ ပုန်ကန်မှုကို သူ အရေးမစိုက်ပါက၊ သူသည် လူသားကဲ့သို့ ညစ်ညူးသောသူ ဖြစ်သည်ကို ယင်းက သက်သေပြပေလိမ့်မည်။ လူသားကို သူ တရားစီရင်ပြီး ပြစ်တင်ဆုံးမနိုင်သည်မှာ ညစ်ညူးခြင်းကို သူ စက်ဆုပ်သောကြောင့်ဖြစ်ပြီး၊ သူ စက်ဆုပ်သည့်အရာသည် သူ့ထံတွင် မရှိပေ။ သူ့အထဲတွင် ဆန့်ကျင်ခြင်းနှင့် ပုန်ကန်ခြင်းတို့ ရှိပါကလည်း၊ ရန်လိုပြီး ပုန်ကန်တတ်သောသူတို့ကို သူ စက်ဆုပ်လိမ့်မည်မဟုတ်။ နောက်ဆုံးသော ကာလ၏ အမှုကို ဣသရေလ၌ သူ ဆောင်ရွက်ခဲ့ပါက၊ ယင်းမှာ အဓိပ္ပါယ်ရှိလိမ့်မည် မဟုတ်ပေ။ အဘယ်ကြောင့် နောက်ဆုံးသောကာလ အမှုကို အားလုံးထဲတွင် အမှောင်ဆုံးနှင့် ခေတ်အနောက်ကျဆုံးသော နေရာဖြစ်သည့် တရုတ်ပြည်၌ လုပ်ဆောင်နေသနည်း။ ယင်းမှာ သူ၏ သန့်ရှင်းခြင်းနှင့် ဖြောင့်မတ်ခြင်းတို့ကို ပြသဖို့အလို့ငှာ ဖြစ်ပေသည်။ အတိုချုပ်အနေဖြင့်၊ နေရာက ပိုမှောင်လေ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရှင်းရှင်းလင်းလင်း ပိုပြသနိုင်လေ ဖြစ်သည်။ အမှန်တွင်၊ ဤအရာအားလုံးသည် ဘုရားသခင်၏ အမှုအတွက်အလို့ငှာ ဖြစ်ပေသည်။ ဘုရားသခင်သည် သင်တို့အလယ်၌ ရပ်ဖို့ရန်၊ ကောင်းကင်မှ ဆင်းကြွလာပြီးဖြစ်သည်၊ သင်တို့၏ ညစ်ညူးမှုနှင့် ပုန်ကန်မှုတို့အားဖြင့် ထင်ရှားလာပြီး ဖြစ်သည်ကို ယနေ့တွင်သာ သင်တို့ နားလည်ကြခြင်းဖြစ်ပြီး၊ ယခုတွင်သာ ဘုရားသခင်ကို သင်တို့ သိကြခြင်း ဖြစ်သည်။ ဤသည်မှာ အကြီးမားဆုံးသော ချီးမြှောက်မှု မဟုတ်လော။ အမှန်တွင်၊ သင်တို့သည် အရွေးချယ်ခံရသည့် တရုတ်ပြည်ထဲက လူစုတစ်စု ဖြစ်သည်။ သင်တို့ အရွေးချယ်ခံရပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို မွေ့လျော်ကြပြီးဖြစ်သောကြောင့်၊ ပြီးလျှင် ဤကဲ့သို့ ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ဖို့ သင်တို့ မထိုက်တန်သောကြောင့်၊ ဤအရာအားလုံးသည် သင်တို့ကို အထွတ်အထိပ် ချီးမြှောက်ခြင်းဖြစ်သည်ကို ဤအရာက သက်သေပြ လေသည်။ ဘုရားသခင်သည် သင်တို့ထံ ပေါ်ထွန်းပြီးဖြစ်ကာ သူ၏ သန့်ရှင်းသော စိတ်သဘောထားကို အလုံးစုံ သင်တို့အား ပြသလေပြီ၊ ပြီးလျှင် ထိုအရာအားလုံးကို သင်တို့အား သူပေးပြီးဖြစ်ကာ သင်တို့ မွေ့လျော်ဖို့ ဖြစ်နိုင်သည့် ကောင်းချီးမင်္ဂလာအားလုံးကို သင်တို့အား မွေ့လျော်စေလေပြီ။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို သင်တို့ မြည်းစမ်းပြီး ဖြစ်သည်သာမက၊ ၎င်းအပြင် ဘုရားသခင်၏ ကယ်တင်ခြင်း၊ ဘုရားသခင်၏ ရွေးနုတ်ခြင်းနှင့် ဘုရားသခင်၏ အကန့်အသတ်မဲ့၊ အဆုံးမရှိ ချစ်ခြင်းမေတ္တာကို သင်တို့ မြည်းစမ်းပြီးလေပြီ။ အားလုံးထဲတွင် အညစ်ညူးဆုံးဖြစ်သည့် သင်တို့သည် ထိုသို့သော ကြီးမားသည့် ကျေးဇူးတော်ကို မွေ့လျော်ကြလေပြီ- သင်တို့သည် ကောင်းချီးခံစားရသည် မဟုတ်လော။ ဤသည်မှာ ဘုရားသခင်က သင်တို့ကို ချီမနေခြင်း မဟုတ်လော။ အသင် လူတို့သည် အားလုံးထဲတွင် အနိမ့်ကျဆုံးသော အဆင့်အတန်းများ ရှိကြ၏၊ သင်တို့သည် ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မွေ့လျော်ရန် ပင်ကိုအားဖြင့် မထိုက်တန်ကြချေ၊ သို့တိုင် ဘုရားသခင်သည် သင့်ကို ချီမခြင်းဖြင့် ခြွင်းချက်တစ်ခု ပြုလုပ်ပြီးဖြစ်သည်။ သင် မရှက်ဘူးလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်နိုင်စွမ်း မရှိပါက၊ နောက်ဆုံးတွင် မိမိကိုယ်ကိုယ် အရှက်ရလိမ့်မည်ဖြစ်ပြီး မိမိကိုယ်ကိုယ် အပြစ်ပေးလိမ့်မည်။ ယနေ့တွင်၊ သင်သည် ဆုံးမပဲ့ပြင်ခြင်း မခံရသကဲ့သို့ အပြစ်ပေးမခံရပေ။ သင်၏ ဇာတိပကတိသည် လုံခြုံပြီး အကောင်းပကတိဖြစ်၏- သို့သော် နောက်ဆုံးတွင် ဤနှုတ်ကပတ်တော်များက သင့်ကို အရှက်ရ စေလိမ့်မည်။ ယနေ့ထိ၊ မည်သူကိုမျှ ငါသည် ပွင့်ပွင့်လင်းလင်း ပြစ်တင်ဆုံးမခြင်း မပြုသေး။ ငါ၏ နှုတ်ကပတ်တော်များသည် ပြင်းထန်ကောင်း ပြင်းထန်နိုင်သည်၊ သို့သော် လူတို့အပေါ် ငါ အဘယ်သို့ ပြုမူသနည်း။ ၎င်းတို့ကို ငါ နှစ်သိမ့်ပြီး တိုက်တွန်းကာ သတိပေး၏။ ငါသည် သင်တို့ကို ကယ်တင်ဖို့ထက် မည်သည့် အကြောင်းရင်းအတွက်မျှ ငါ မလုပ်ဆောင်ပေ။ ငါ၏ အလိုကို အမှန်တကယ် သင်တို့ နားမလည်သလော။ ငါပြောသည့်အရာကို သင်တို့နားလည်သင့်ပြီး ယင်းအားဖြင့် လှုံ့ဆော်ခံရသင့်၏။ ယခုအချိန်တွင်သာ နားလည်သောသူ များစွာ ရှိပေသည်။ ဤသည်မှာ အဖြည့်ခံဖြစ်ခြင်း၏ ကောင်းချီးမင်္ဂလာ မဟုတ်လော။ အဖြည့်ခံဖြစ်ခြင်းသည် ကောင်းချီး အခံစားရဆုံးသောအရာ မဟုတ်လော။ နောက်ဆုံးတွင်၊ ဧဝံဂေလိတရားကို ဖြန့်ဝေဖို့ သင်တို့သွားသည့်အခါ၊ “ကျွန်ုပ်တို့သည် သာမန် အဖြည့်ခံများ ဖြစ်ကြသည်” ဟု သင်တို့ ပြောလိမ့်မည်။ ၎င်းတို့က “သင်တို့က သာမန် အဖြည့်ခံများဖြစ်သည် ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း” ဟု သင်တို့ကို မေးကြလိမ့်မည်။ ပြီးလျှင် သင်က “ကျွန်ုပ်တို့သည် ဘုရားသခင်၏ အမှုအဖို့နှင့် သူ၏ ကြီးမားသော တန်ခိုးအာဏာအဖို့ အဖြည့်ခံဖြစ်သည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အလုံးစုံသည် ကျွန်ုပ်တို့၏ ပုန်ကန်မှုအားဖြင့် ဖော်ပြခံရသည်။ ကျွန်ုပ်တို့သည် နောက်ဆုံးသောကာလ ဘုရားအမှုတော်၏ အသုံးတော်ခံအရာများ ဖြစ်ကြသည်၊ သူ့ အမှုတော်နှင့် တွဲဆက်ထားသော အရာများ ဖြစ်ကြပြီး ယင်း၏ တန်ဆာပလာများလည်း ဖြစ်ကြသည်” ဟု ပြောကြလိမ့်မည်။ ယင်းကို ၎င်းတို့ ကြားသည့်အခါ၊ စိတ်ဝင်စားကြလိမ့်မည်။ ထို့နောက်၊ သင်က၊ “ကျွန်ုပ်တို့သည် စကြဝဠာတစ်ခုလုံးနှင့်ဆိုင်သော ဘုရားသခင်၏ အမှု ပြီးပြည့်စုံခြင်းနှင့် လူသားမျိုးနွယ်အားလုံးကို သူ၏ သိမ်းပိုက်ခြင်း အတွက် နမူနာများနှင့် စံပုံစံများ ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် သန့်ရှင်းသည်ဖြစ်စေ၊ ညစ်ညူးသည်ဖြစ်စေ၊ အချုပ်အားဖြင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်ကို မြင်တွေ့ပြီးဖြစ်သည့်အတွက် သင်တို့ထက် သာ၍ ကောင်းချီး ခံစားရဆဲဖြစ်ပြီး ကျွန်ုပ်တို့ကို သူ၏ သိမ်းပိုက်ခြင်း အခွင့်အလမ်းမှတစ်ဆင့်၊ ဘုရားသခင်၏ ကြီးမြတ်သော တန်ခိုးကို ပြသပေသည်။ သူ၏ ဖြောင့်မတ်သော စိတ်သဘောထားက အစပျိုးလိုက်သည်မှာ ကျွန်ုပ်တို့ ညစ်ညူးပြီး ဖောက်ပြန်ပျက်စီးသောကြောင့် ဖြစ်၏။ ထို့ကြောင့် သင်တို့သည် ဘုရားသခင်၏ နောက်ဆုံးသောကာလ အမှုကို ဤသို့ သက်သေခံနိုင်စွမ်း ရှိကြသလော။ သင်တို့သည် အရည်အချင်း မပြည့်မီကြပေ။ ဤသည်မှာ ကျွန်ုပ်တို့ကို ဘုရားသခင် ချီးမြှောက်ခြင်းမှလွဲ၍ ဘာမျှမဟုတ်ပေ။ ကျွန်ုပ်တို့သည် စိတ်ကြီးမဝင်သော်လည်း၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကတိတော်တစ်ခုကို မမွေ့လျော်နိုင်သကဲ့သို့၊ မည်သူမျှ ထိုသို့သော ကြီးမြတ်သည့် ကောင်းချီးမင်္ဂလာတစ်ခုကို မမွေ့လျော်နိုင်သည့် အတွက် ဘုရားသခင်ကို ကျွန်ုပ်တို့ ဝင့်ကြွားစွာ ချီးမွမ်းနိုင်၏။ ဘုရားသခင်၏ စီမံခန့်ခွဲမှုအတွင်း အလွန်ညစ်ညူးသူများဖြစ်သည့် ကျွန်ုပ်တို့သည် အဖြည့်ခံများအဖြစ် အလုပ်လုပ်နိုင်ကြသည့်အတွက် ကျွန်ုပ်တို့ အလွန် ကျေးဇူးတင်ရှိကြသည်” ဟု ပြောလိမ့်မည်။ ၎င်းတို့က၊ “နမူနာများနှင့် စံပုံစံများဆိုသည်မှာ အဘယ်နည်း” ဟု မေးကြသည့်အခါ၊ သင်က “ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ထဲမှ အပုန်ကန်ဆုံးနှင့် အညစ်ညူးဆုံးဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အကြီးကျယ်ဆုံး ဖျက်ဆီးခြင်း ခံရကြပြီးဖြစ်ကာ၊ ဇာတိပကတိနှင့်သက်ဆိုင်၍ ခေတ်အနောက်ကျဆုံးနှင့် အနိမ့်ကျဆုံး ဖြစ်သည်။ ကျွန်ုပ်တို့သည် စာတန်၏ အသုံးပြုခြင်း ခံရသူများ၏ ဂန္တဝင် ပုံသက်သေများ ဖြစ်သည်။ ယနေ့တွင်၊ ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် ပထမဆုံး သိမ်းပိုက်ခံမည့်သူများအဖြစ် ဘုရားသခင်၏ ရွေးချယ်ခြင်း ခံရပြီးဖြစ်ကာ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကို ကျွန်ုပ်တို့ ရှုမြင်ရပြီး ဖြစ်သကဲ့သို့ သူ၏ ကတိကို အမွေခံရပြီးဖြစ်သည်။ ကျွန်ုပ်တို့သည် လူတို့ကို ထပ်ပြီး သိမ်းပိုက်ဖို့ အသုံးပြုခံနေရခြင်းဖြစ်သည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လူသားမျိုးနွယ်ကြားတွင် သိမ်းပိုက်ခံရသူများ၏ နမူနာများနှင့် စံပုံစံများ ဖြစ်ကြပေသည်” ဟု ပြောလိမ့်မည်။ ဤစကားများထက် ပိုမိုကောင်းမွန်သည့် သက်သေခံချက် မရှိသကဲ့သို့၊ ဤသည်မှာ သင်၏ အကောင်းဆုံးသော အတွေ့အကြုံ ဖြစ်ပေသည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအမှု ဒုတိယအဆင့်၏ အကျိုးတရားများကို ရရှိပုံ

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၂)

အသင်လူတို့အပေါ် ပြုသော သိမ်းပိုက်ခြင်းအမှုသည် အနက်ရှိုင်းဆုံးသော အရေးပါမှုနှင့် သက်ဆိုင်ပေသည်- တစ်ဖက်၌ ဤအမှု၏ ရည်ရွယ်ချက်မှာ လူတစ်စုကို စုံလင်စေဖို့၊ ဆိုလိုသည်မှာ- အဦးသီးသော အသီးများဟု အဓိပ္ပါယ်ရသည့် စုံလင်စေခြင်းခံရသည့် ပထမ လူတစ်စုအဖြစ်- အောင်မြင်သောသူများ ဖြစ်လာနိုင်ကြဖို့အလို့ငှာ ၎င်းတို့ကို စုံလင်စေဖို့ ဖြစ်သည်။ အခြားတစ်ဖက်တွင်၊ ယင်းသည် ဖန်ဆင်းခံသတ္တဝါများအား ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားခွင့်ပေးဖို့၊ ဘုရားသခင်၏ ပြည့်ဝကာ အကြီးမြတ်ဆုံးသော ကယ်တင်ခြင်းကို ရရှိခွင့်ပေးဖို့၊ လူသားကို ကရုဏာနှင့် မေတ္တာသာမက၊ သာ၍ အရေးကြီးသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို မွေ့လျော်ခံစားခွင့်ပေးဖို့ဖြစ်သည်။ ကမ္ဘာလောကကို ဖန်ဆင်းခြင်းမှ ယခုအချိန်ထိ၊ သူ၏အမှု၌ ဘုရားသခင် လုပ်ဆောင်ပြီးသမျှအားလုံးသည် လူသားအတွက် မည်သည့်မုန်းတီးခြင်းမျှ မရှိဘဲ၊ ချစ်ခြင်းမေတ္တာ ဖြစ်သည်။ သင်တွေ့မြင်ပြီးဖြစ်သည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းပင် သာ၍မှန်ကန်ပြီး သာ၍စစ်မှန်သော ချစ်ခြင်းမေတ္တာ၊ လူ့ဘဝ၏ မှန်သောလမ်းကြောင်းပေါ်သို့ လူတို့ကို ဦးဆောင်လမ်းပြသော ချစ်ခြင်းမေတ္တာ ဖြစ်ပေသည်။ နောက်ထပ်တစ်ဖက်တွင်၊ ယင်းသည် စာတန်၏ရှေ့တွင် သက်သေခံဖို့ ဖြစ်ပေသည်။ ပြီးလျှင်နောက်တစ်ဖက်၌၊ ယင်းသည် အနာဂတ် ဧဝံဂေလိတရားအလုပ်ကို ဖြန့်ဝေခြင်းအတွက် အုတ်မြစ်တစ်ခု ချရန်ဖြစ်သည်။ လူတို့သည် မည်သို့ အသက်ရှင်ရမည်ကို မသိကြသည့်အပြင် လမ်းပြမှုမရှိဘဲ သင်သည် အနှစ်မဲ့သော အသက်တာများကိုသာ အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး သင်၏ အသက်တာသည် တန်ဖိုး သို့မဟုတ် အဓိပ္ပာယ် ကင်းမဲ့လိမ့်မည်ဖြစ်ကာ၊ ပုံမှန်လူတစ်ဦးဖြစ်ခြင်းငှာ သင် လုံးဝ တတ်စွမ်းနိုင်လိမ့်မည် မဟုတ်သည့်အတွက်၊ လူတို့အနေဖြင့် သာမန်လူများအဖြစ် အသက်ရှင်နိုင်ကြဖို့အလို့ငှာ၊ သူလုပ်ဆောင်ပြီးသမျှ အမှုအားလုံးသည် လူတို့ကို လူ့အသက်တာ၏ မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ ဤသည်မှာ လူသားကို သိမ်းပိုက်ခြင်း၏ အနက်ရှိုင်းဆုံးသော အရေးပါမှုဖြစ်သည်။ သင်တို့အားလုံးသည် မောဘ၏ သားစဉ်မြေးဆက်များ ဖြစ်ကြ၏။ သင်တို့၌ သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်သည့်အခါတွင်၊ ယင်းသည် ကြီးမားသော ကယ်တင်ခြင်း ဖြစ်ပေသည်။ သင်တို့အားလုံးသည် အပြစ်တရားနှင့် ကာမဂုဏ်လွန်ကျူးသော နယ်မြေတစ်ခုတွင် အသက်ရှင်ကြပြီး၊ သင်တို့အားလုံးသည် ကာမဂုဏ်လွန်ကျူးကာ အပြစ်နှင့်ပြည့်သော သူများဖြစ်ကြလေသည်။ ယနေ့တွင်၊ သင်တို့သည် ဘုရားသခင်ကို မကြည့်နိုင်သည်သာမက၊ သာ၍အရေးကြီးသည်မှာ၊ သင်တို့သည် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းတို့ကို ရရှိပြီးဖြစ်သည်၊ အမှန်တကယ် နက်နဲသော ကယ်တင်ခြင်းကို သင်တို့ ရရှိပြီးဖြစ်သည်၊ ဆိုလိုသည်မှာ၊ သင်တို့သည် ဘုရားသခင်၏ အကြီးမြတ်ဆုံးသော ချစ်ခြင်းမေတ္တာကို ရရှိပြီးဖြစ်ပေသည်။ သူ လုပ်ဆောင်သမျှအားလုံးတွင်၊ ဘုရားသခင်သည် သင်တို့အပေါ် အမှန်တကယ် ချစ်ခင်ပေသည်။ သူသည် မကောင်းသော ရည်ရွယ်ချက် လုံးဝ မရှိပေ။ သင်တို့အနေဖြင့် မိမိတို့ကိုယ်ကိုယ် ဆန်းစစ်ပြီး ဤကြီးမားလှသော ကယ်တင်ခြင်းကို ရရှိဖို့အလို့ငှာ၊ သင်တို့၏ အပြစ်များကြောင့် သင်တို့ကို သူ တရားစီရင်ခြင်း ဖြစ်သည်။ ဤအရာအားလုံးကို လူသားအား စုံလင်စေခြင်းတည်းဟူသော ရည်ရွယ်ချက်အတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ အစမှ အဆုံးတိုင်၊ ဘုရားသခင်သည် လူသားကိုကယ်တင်ဖို့ အစွမ်းကုန် လုပ်ဆောင်နေခဲ့ပြီးဖြစ်ကာ၊ သူ၏ လက်များဖြင့် ဖန်ဆင်းခဲ့သော လူသားများကို လုံးဝ ဖျက်ဆီးရန် ဆန္ဒမရှိပေ။ ယနေ့တွင်၊ သူသည် သင်တို့အလယ် အမှုပြုရန် ကြွလာပြီးဖြစ်ကာ၊ ဤကယ်တင်ခြင်းသည် ယခင်ကထက် သာ၍ပင် ကြီးမားသည် မဟုတ်လော။ သူသည် သင်တို့ကို မုန်းခဲ့ပါက၊ သင်တို့ကို သူကိုယ်တိုင် လမ်းပြရန် ထိုမျှအရေးပါမှု အတိုင်းအတာရှိသော အမှုကို လုပ်ဆောင်လိမ့်ဦးမည်လော။ သူသည် အဘယ်ကြောင့် ထိုသို့ ဆင်းရဲဒုက္ခခံရမည်နည်း။ ဘုရားသခင်သည် သင်တို့ကို မမုန်းပေ သို့မဟုတ် သင်တို့အပေါ် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျှ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် အစစ်မှန်ဆုံး ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို သင်တို့သိသင့်သည်။ လူတို့ကို တရားစီရင်ခြင်းမှတစ်ဆင့် သူ ကယ်တင်ရသည်မှာ လူတို့ မနာခံသောကြောင့်သာ ဖြစ်ပေသည်။ ဤအတွက်သာ မဟုတ်ပါက၊ ၎င်းတို့ကို ကယ်တင်ခြင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ သင်တို့သည် မည်သို့အသက်ရှင်ရမည်ကို မသိသကဲ့သို့၊ မည်သို့အသက်ရှင်ရမည်ကို သတိပင် မမူမိသောကြောင့်၊ ပြီးလျှင် သင်တို့သည် ကာမဂုဏ် လွန်ကျူးကာ အပြစ်နှင့်ပြည့်သော ဤနယ်မြေတွင် အသက်ရှင်ပြီး၊ သင်တို့ကိုယ်တိုင်သည် ကာမဂုဏ်လွန်ကျူးကာ ညစ်ညူးသော နတ်ဆိုးများဖြစ်ကြသောကြောင့်၊ ဘုရားသခင်သည် သင်တို့ကို သာ၍ အကျင့်ပျက်လာခွင့် မပေးရက်ပေ၊ စာတန်၏ သဘောရှိ နင်းခြေခြင်းကို ခံရလျက်၊ ဤညစ်ညူးသောနယ်မြေ၌ ယခု သင်တို့ အသက်ရှင်သည့်အတိုင်း၊ အသက်ရှင်နေကြသည်ကို မကြည့်ရက်သကဲ့သို့၊ မရဏနိုင်ငံထဲသို့ သင်တို့ကို ကျဆင်းခွင့် မပေးရက်နိုင်ပေ။ ဘုရားသခင်သည် ဤလူစုကိုသာ ရရှိချင်ပြီး သင်တို့ကို လုံးလုံးလျားလျား ကယ်တင်ချင်၏။ ဤသည်မှာ သင်တို့အပေါ် သိမ်းပိုက်ခြင်းအမှုကို လုပ်ဆောင်ခြင်း၏ အဓိက ရည်ရွယ်ချက် ဖြစ်သည်- ယင်းမှာ ကယ်တင်ခြင်းအတွက်သာ ဖြစ်သည်။ သင့်အပေါ်၌ ပြုထားသမျှ အားလုံးသည် ချစ်ခြင်းမေတ္တာနှင့် ကယ်တင်ခြင်း ဖြစ်သည်ကို သင်မမြင်နိုင်လျှင်၊ ယင်းသည် လူကို ညှဉ်းဆဲဖို့ နည်းစနစ်တစ်ခု၊ နည်းလမ်းတစ်ခုသာဖြစ်ပြီး ယုံကြည်စိတ်ချ၍မရသော အရာတစ်ခု ဖြစ်သည်ဟု သင်ထင်ပါက၊ သင်သည် နာကျင်မှုနှင့် အခက်အခဲများကိုခံရန် သင်၏လောကသို့ ပြန်သွားပါက သာ၍ကောင်းပေမည်။ အကယ်၍ သင်သည် ဤရေစီးကြောင်း၌ ရှိရန်နှင့် ဤတရားစီရင်ခြင်းနှင့် ဤအလွန်ကြီးမားသော ကယ်တင်ခြင်းကို မွေ့လျော်ရန်၊ ဤကောင်းချီးမင်္ဂလာများအားလုံး၊ လူ့လောကတွင် မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်သည့် ကောင်းချီးမင်္ဂလာများကို မွေ့လျော်ရန်နှင့် ဤချစ်ခြင်းမေတ္တာကို မွေ့လျော်ခံစားရန် လိုလားလျက်ရှိပါက၊ ကောင်းကောင်း နေလော့။ သင့်အနေဖြင့် စုံလင်စေခြင်းခံရနိုင်ဖို့အလို့ငှာ၊ သိမ်းပိုက်ခြင်းအမှုကို လက်ခံရန် ဤရေစီးကြောင်း၌ နေလော့။ ယနေ့တွင်၊ သင်သည် ဘုရားသခင်၏ တရားစီရင်ခြင်းကြောင့် နာကျင်မှုနှင့် စစ်ဆေးမှု အနည်းငယ်ကို ခံစားကောင်း ခံစားရနိုင်သော်လည်း၊ ဤနာကျင်မှုကို ခံစားခြင်းတွင် တန်ဖိုးနှင့်အဓိပ္ပာယ် ရှိလေသည်။ လူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်ခြင်းအားဖြင့် စစ်ဆေးခံရကာ ရက်စက်စွာ ဖော်ထုတ်ခံရသော်လည်း- ရည်မှန်းချက်မှာ ၎င်းတို့အပြစ်များအတွက် ၎င်းတို့ကို အပြစ်ပေးခြင်း၊ ၎င်းတို့၏ ဇာတိပကတိကို အပြစ်ပေးခြင်း ဖြစ်ပြီး- ဤအမှုထဲက မည်သည့်အရာမျှသည် ၎င်းတို့၏ ဇာတိပကတိကို ပျက်စီးခြင်းသို့ စီရင်ဖို့ မရည်ရွယ်ထားပေ။ နှုတ်ကပတ်တော်၏ ပြင်းထန်သော ထုတ်ဖော်ပြမှုများအားလုံးသည် သင့်ကို မှန်သောလမ်းကြောင်းပေါ်သို့ ဦးဆောင်ရန် ရည်ရွယ်ချက်အတွက် ဖြစ်ပေသည်။ သင်တို့သည် ဤအမှုနှင့် သက်ဆိုင်၍ အလွန်များစွာ ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံပြီးဖြစ်ကာ၊ ယင်းသည် သိသာထင်ရှားစွာ သင်တို့ကို ဆိုးယုတ်သော လမ်းကြောင်းတစ်ခုပေါ်သို့ မဆိုက်ရောက်စေခဲ့လေပြီတကား။ ထိုအရာအားလုံးသည် သင့်ကို ပုံမှန် လူ့သဘာဝအား အသက်ရှင်နေထိုင်စေဖို့ ဖြစ်ပြီး၊ ထိုအရာအားလုံးကို သင်၏ပုံမှန်လူ့သဘာဝဖြင့် ရရှိနိုင်ပေသည်။ ဘုရားသခင်၏ အမှုအဆင့်တိုင်းသည် သင်၏လိုအပ်ချက်များအပေါ် အခြေပြုပြီး၊ သင်၏ အားနည်းချက်များအရ ဖြစ်ကာ သင်၏ တကယ့် ဝိညာဉ်ရင့်ကျက်မှုအရ ဖြစ်ပြီး၊ မခံနိုင်သောဝန်ကို သင်တို့အပေါ်၌ မထားရှိပေ။ ဤအရာသည် ယနေ့ သင့်အဖို့ မရှင်းလင်းသကဲ့သို့၊ ငါသည် သင့်အပေါ်၌ ခက်ထန်လျက်ရှိသည့်အလား သင် ခံစားရကာ၊ စင်စစ် သင့်ကို ငါ နေ့စဉ် ပြစ်တင်ဆုံးမကာ၊ တရားစီရင်ပြီး အပြစ်တင်သည့်အကြောင်းရင်းမှာ သင့်ကို ငါ မုန်းသောကြောင့် ဖြစ်သည်ဟု သင် အမြဲ ယုံကြည်ပေသည်။ သို့သော် သင် ခံစားရသည်မှာ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း ဖြစ်သော်လည်း၊ ဤသည်မှာ အမှန်တွင် သင့်အတွက် ချစ်ခြင်းမေတ္တာဖြစ်ပြီး၊ အကြီးမားဆုံးသော ကွယ်ကာမှု ဖြစ်သည်။ ဤအမှု၏ သာ၍ နက်ရှိုင်းသော အဓိပ္ပာယ်ကို သင် သဘောမပေါက်နိုင်ပါက၊ သင့်အနေဖြင့် ဆက်လက် တွေ့ကြုံခံစားဖို့ ဖြစ်နိုင်မည်မဟုတ်ပေ။ ဤကယ်တင်ခြင်းသည် သင့်ကို ကိုယ်စိတ်ချမ်းသာခြင်း ဆောင်ကြဉ်းပေးသင့်ပေသည်။ အသိစိတ် ဝင်လာဖို့ မငြင်းနှင့်။ ဤအထိ ရောက်ရှိပြီးဖြစ်သဖြင့်၊ သိမ်းပိုက်ခြင်းအမှု၏ အရေးပါမှုသည် သင့်အဖို့ သိသာထင်ရှားသင့်သကဲ့သို့၊ ယင်းနှင့်ပတ်သက်၍ ထင်မြင်ချက်များကို တစ်နည်းနည်းဖြင့် သင် မစွဲကိုင်သင့်တော့ပေ။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၃)

နောက်ဆုံးသောကာလအတွင်း ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၏အမှု အတောအတွင်း- ဆိုလိုသည်မှာ သန့်စင်စေခြင်း၏ နောက်ဆုံးသောအမှု အတောအတွင်း- အခိုင်အမာ ရပ်တည်နိုင်သူများသည် ဘုရားသခင်နှင့် အတူ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြမည့် သူများဖြစ်သည်။ ထိုသို့ဖြင့် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သော သူအားလုံးသည် ဘုရားသခင်၏ နောက်ဆုံး သန့်စင်စေခြင်း အမှုကို ကြုံပြီးနောက်တွင်၊ စာတန်၏ လွှမ်းမိုးခြင်းမှ ချိုးဖောက် လွတ်မြောက်ပြီးဖြစ်လိမ့်မည်ဖြစ်ကာ၊ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီး ဖြစ်ကြလိမ့်မည်။ နောက်ဆုံး၌ ဘုရားသခင်၏ ရယူခြင်းကို ခံရပြီးဖြစ်လိမ့်မည် ဖြစ်သော ဤလူသားများသည် နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ကြလိမ့်မည်။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှု၏ ရည်ရွယ်ချက်မှာ အနှစ်သာရအားဖြင့် လူသားမျိုးနွယ်ကို သန့်ရှင်းစေရန်နှင့် ၎င်းတို့၏ နောက်ဆုံးသော ငြိမ်သက်ခြင်း ချမ်းသာအတွက် ဖြစ်သည်။ ထိုသို့သော သန့်ရှင်းစေခြင်း မရှိဘဲနှင့်၊ လူသားမျိုးနွယ်ထဲမှ တစ်ဦးမျှသည် မတူညီသော အမျိုးအစားအလိုက် ခွဲခြားခံရနိုင်မည် မဟုတ်ပေ၊ သို့မဟုတ် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်နိုင်ကြမည် မဟုတ်ပေ။ ဤအမှုသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်ရန် လူသားမျိုးနွယ်၏ တစ်ခုတည်းသော လမ်းကြောင်းဖြစ်သည်။ ဘုရားသခင်၏ သန့်စင်စေခြင်းအမှုသည်သာ လူသားများကို ၎င်းတို့၏ မဖြောင့်မတ်ခြင်းမှ သန့်စင်စေလိမ့်မည်ဖြစ်ပြီး သူ၏ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်း အမှုသည်သာလျှင် လူသားမျိုးနွယ်ထဲမှ မနာခံသော ထိုလူစုများကို ဖော်ထုတ်လိမ့်မည်၊ ထိုသို့ဖြင့် ကယ်တင်ခံရနိုင်သူတို့ကို ကယ်တင်မခံရနိုင်သူတို့မှ ခွဲခြားပြီး ကျန်ရှိမည့်သူများကို မကျန်ရှိမည့်သူများမှ ခွဲခြားထားလိမ့်မည်ဖြစ်သည်။ ဤအမှု အဆုံးသတ်သောအခါတွင်၊ ကျန်ရှိခွင့် ပေးထားသောလူများ အားလုံး သန့်စင်စေခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ကမ္ဘာမြေပေါ်တွင် သာ၍ နှစ်သက်ဖွယ်ဖြစ်သော ဒုတိယ လူ့ဘဝကို ၎င်းတို့ မွေ့လျော်မည့် သာ၍ မြင့်မားသော လူ့သဘာဝ၏ အခြေအနေထဲသို့ ဝင်ရောက်ကြလိမ့်မည်။ တစ်နည်းအားဖြင့် ၎င်းတို့သည် ၎င်းတို့၏ လူသား အနားယူရာနေ့ကို စတင်ကြလိမ့်မည် ဖြစ်ပြီး၊ ဘုရားသခင်နှင့်အတူ ယှဉ်တွဲနေထိုင်ကြလိမ့်မည်။ ကျန်ရှိခွင့် မရကြသူတို့ ပြစ်တင်ဆုံးမခံရကာ တရားစီရင်ခံကြရ ပြီးနောက်တွင်၊ ၎င်းတို့၏ စရိုက်အမှန်သည် လုံးဝ ဖော်ထုတ်ခံရလိမ့်မည်၊ ယင်းနောက်တွင် ၎င်းတို့အားလုံးသည် စာတန်ကဲ့သို့ ဖျက်ဆီးခြင်းကိုခံကြရမည်ဖြစ်ပြီး ကမ္ဘာမြေကြီးပေါ်တွင် ရှင်သန်ခွင့်ရှိတော့မည် မဟုတ်ပေ။ အနာဂတ် လူသားမျိုးနွယ်တွင် ဤလူစားမျိုးထဲမှ မည်သူမျှ ပါဝင်တော့မည် မဟုတ်ပေ။ ထိုသို့သော လူများသည် အဆုံးစွန် ငြိမ်သက်ခြင်း ချမ်းသာခြင်းနှင့်ဆိုင်သည့် ပြည်ထဲသို့ ဝင်ရောက်ရန် မသင့်တော်ကြသကဲ့သို့၊ ၎င်းတို့သည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ ဖြစ်ကြပြီး ဆိုးယုတ်ကာ၊ မဖြောင့်မတ်သောလူများ ဖြစ်ကြသည့်အတွက်၊ ဘုရားသခင်နှင့် လူသားမျိုးနွယ်တို့ မျှဝေခံစားကြမည့် အနားယူရာ နေ့ရက်၌ အတူပါဝင်ရန်လည်း မသင့်တော်ကြပေ။ ၎င်းတို့သည် တစ်ကြိမ် ရွေးနုတ်ခြင်း ခံခဲ့ရပြီး၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကိုလည်း ခံခဲ့ကြရသည်။ ၎င်းတို့သည် ဘုရားသခင်ထံလည်း တစ်ချိန်က အစေခံခဲ့ကြသည်။ သို့သော် နောက်ဆုံးနေ့ရက် ရောက်လာသောအခါ၊ ၎င်းတို့၏ ဆိုးယုတ်မှုကြောင့်နှင့်၊ ၎င်းတို့၏ မနာခံခြင်းနှင့် ရွေးနုတ်ခံရရန် မတတ်စွမ်းနိုင်ခြင်း၏ အကျိုးဆက်အနေဖြင့်၊ ပယ်ထုတ်ခံရကာ ဖျက်ဆီးခံရလိမ့်ဦးမည် ဖြစ်သည်။ ၎င်းတို့သည် အနာဂတ် ကမ္ဘာလောကတွင် မည်သည့်အခါတွင်မျှ တစ်ဖန် ဖြစ်တည်လာလိမ့်မည် မဟုတ်သကဲ့သို့၊ အနာဂတ် လူသားမျိုးနွယ်စု အလယ်တွင် အသက်ရှင်ကြတော့မည် မဟုတ်ပေ။ လူသားမျိုးနွယ်ထဲမှ သန့်ရှင်းသူတို့ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဝင်ရောက်သည်နှင့်တစ်ပြိုင်နက်၊ လူသေ၏ ဝိညာဉ်များဖြစ်စေ၊ အသွေးအသားဖြင့် အသက်ရှင်ဆဲ လူများဖြစ်စေ မကောင်းမှုပြုသောသူ အားလုံးနှင့်၊ ကယ်တင်ခြင်းမခံရသေးသောသူ အားလုံးသည် ဖျက်ဆီးခြင်းခံကြ ရလိမ့်မည်။ ဤမကောင်းမှုပြုသည့် ဝိညာဉ်များနှင့် လူသားများ၊ သို့မဟုတ် ဖြောင့်မတ်သည့်လူများနှင့် ဖြောင့်မတ်ခြင်းကိုပြုသော သူများ၏ ဝိညာဉ်များသည် ၎င်းတို့ မည်သည့်ခေတ်တွင် ရှိသည်ကို ပဓာနမထားဘဲ၊ မကောင်းမှုပြုသူ အားလုံးသည် နောက်ဆုံးတွင် ဖျက်ဆီးခံရလိမ့်မည် ဖြစ်ပြီး၊ ဖြောင့်မတ်သောသူ အားလုံးသည် ရှင်ကျန်ရစ်ကြလိမ့်မည်။ လူတစ်ဦး သို့မဟုတ် ဝိညာဉ်တစ်ခုအနေဖြင့် ကယ်တင်ခြင်းရမည်၊ မရမည်ကို နောက်ဆုံးသောခေတ်၏ အမှုအရ လုံးလုံး မဆုံးဖြတ်ပေ။ ယင်းထက် ၎င်းတို့သည် ဘုရားသခင်အပေါ် ဆန့်ကျင်ခဲ့ခြင်း ရှိမရှိ၊ သို့မဟုတ် မနာခံခဲ့ခြင်း ရှိမရှိ ဆိုသည့်အရာအားဖြင့် ဆုံးဖြတ်ပေသည်။ အကယ်၍ ယခင်ခေတ်က မကောင်းမှု ကျူးလွန်ပြီး ကယ်တင်ခြင်း မရနိုင်ခဲ့သည့် လူများသည် အပြစ်ပေးခြင်းနှင့်ဆိုင်သည့် ပစ်မှတ်များ သေချာပေါက် ဖြစ်ကြလိမ့်မည် ဖြစ်ပြီး၊ မကောင်းမှုကို ကျူးလွန်ပြီး ကယ်တင်မခံရနိုင်သည့် လက်ရှိခေတ်ကာလထဲ ရှိသူများသည်လည်း သေချာပေါက် အပြစ်ဒဏ်ပေးခြင်းအတွက် ပစ်မှတ်များ ဖြစ်ကြလိမ့်မည်။ လူသားများကို ကောင်းမှုနှင့် မကောင်းမှုအပေါ်တွင် အခြေခံ၍ ခွဲခြားသည်၊ ၎င်းတို့ အသက်ရှင်သည့် ခေတ်ကိုအခြေခံ၍ ခွဲခြားခြင်း မဟုတ်ပေ။ ထိုသို့ အမျိုးအစား ခွဲခြားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့သည် ချက်ချင်း အပြစ်ပေးခြင်း သို့မဟုတ် ဆုလာဘ်ပေးခြင်း ခံရမည်မဟုတ်ပေ။ ယင်းထက် ဘုရားသခင်သည် နောက်ဆုံးကာလတွင် သူ၏သိမ်းပိုက်ခြင်းအမှုကို ဆောင်ရွက်ပြီးစီးသည့်နောက်တွင်သာ သူ၏ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းအမှုကို ဆောင်ရွက်လိမ့်မည်။ အမှန်တကယ်အားဖြင့်၊ သူသည် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် သူ၏ကယ်တင်ခြင်း အမှုကို စတင်လုပ်ဆောင်နေခဲ့ကတည်းက၊ ကောင်းသောသူနှင့် ဆိုးယုတ်သောသူများအဖြစ်သို့ လူသားများကို ခွဲခြားနေခဲ့ပြီးဖြစ်သည်။ သူ၏အမှု အဆုံးသတ်သို့ ရောက်လာသည့်နောက်တွင်သာ သူသည် ဖြောင့်မတ်သူများကို ဆုလာဘ်ပေးလိမ့်မည် ဖြစ်ပြီး ဆိုးယုတ်သောသူတို့ကို အပြစ်ပေးလိမ့်မည်သာ ဖြစ်သည်။ သူသည် သူ၏ အမှု ပြီးပြည့်စုံသည်နှင့် ၎င်းတို့ကို အတန်းအစားထဲသို့ ခွဲခြားပြီးနောက် ချက်ချင်း ဆိုးယုတ်သူများကို အပြစ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ချီးမြှင့်ခြင်း အလုပ်ကို စတင်မည် မဟုတ်ပေ။ ထိုအစား သူ့အမှုသည် တစ်လုံးတစ်ဝတည်း ပြီးဆုံးသည့်အခါတွင်၊ ဤအလုပ်ကို လုပ်ဆောင်ပြီး ဖြစ်လိမ့်မည်။ မကောင်းသောသူများကို အပြစ်ဒဏ်ပေးခြင်းနှင့် ကောင်းသောသူများကို ဆုလာဘ်ပေးခြင်းဟူသည့် ဘုရားသခင်၏ အဆုံးစွန် အမှုနောက်ကွယ်က ရည်ရွယ်ချက် တစ်ခုလုံးမှာ သူသည် သန့်ရှင်းသော လူသားမျိုးနွယ် သက်သက်ကို ထာဝရ ငြိမ်သက်ခြင်း ချမ်းသာထဲသို့ ဆောင်ယူသွားနိုင်ဖို့အလို့ငှာ လူသားများ အားလုံးကို လုံးလုံးလျားလျား သန့်စင်စေရန် ဖြစ်သည်။ သူ့အမှု၏ ဤအဆင့်သည် အရေးကြီးဆုံး ဖြစ်သည်။ ယင်းသည် သူ၏ စီမံခန့်ခွဲခြင်း အမှုတစ်ခုလုံး၏ နောက်ဆုံးအဆင့် ဖြစ်သည်။ အကယ်၍သာ ဘုရားသခင်သည် ဆိုးယုတ်သူများကို မဖျက်ဆီးဘဲ၊ ယင်းအစား ၎င်းတို့ကို ကျန်ရှိခွင့်ပေးပါက၊ လူသားတိုင်းသည် ငြိမ်သက်ခြင်း ချမ်းသာထဲသို့ မဝင်ရောက်နိုင်သေးဘဲ ရှိမည်ဖြစ်သကဲ့သို့၊ ဘုရားသခင်သည် လူသားမျိုးနွယ် အားလုံးကို ပိုမိုကောင်းမွန်သော နယ်ပယ်တစ်ခုထဲသို့ ခေါ်ဆောင်သွားနိုင်မည် မဟုတ်ပေ။ ထိုသို့သော အမှုသည် ပြီးပြည့်စုံမည် မဟုတ်။ သူ၏အမှု ပြီးစီးသည့်အခါတွင် လူသားမျိုးနွယ် တစ်ခုလုံးသည် လုံးဝ သန့်ရှင်းကြလိမ့်မည်။ ဤနည်းဖြင့်သာ ဘုရားသခင်သည် ငြိမ်သက်ခြင်း ချမ်းသာ၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်လိမ့်မည် ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်နှင့် လူသားသည် ငြိမ်သက်ခြင်းချမ်းသာထဲသို့ အတူတကွ ဝင်ရောက်ကြလိမ့်မည်

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၄)

ငါ၏ခြေလှမ်းများသည် စကြဝဠာအနှံ့နှင့် ကမ္ဘာမြေ အဆုံးထိ နင်းလျှောက်၏၊ ငါ၏မျက်လုံးများသည် လူတစ်ဦးစီတိုင်းကို စဉ်ဆက်မပြတ် ဆန်းစစ်နေကြပြီး ထိုမျှမက စကြဝဠာကို တပေါင်းတစည်းတည်း ငါစောင့်ကြည့်သည်။ ငါ၏နှုတ်ကပတ်တော်များသည် စကြဝဠာ၏ နေရာတိုင်းတွင် အမှန်တကယ် အမှုပြုလျက်ရှိသည်။ ငါ့ကို အစေခံခြင်းအမှု မပေးဘဲနေဝံ့သူ မည်သူမဆို၊ ငါ့အပေါ် သစ္စာမစောင့်သိဘဲ နေဝံ့သူ မည်သူမဆို၊ ငါ့နာမကို အကဲဖြတ်ဝေဖန်ဝံ့သူ မည်သူမဆိုနှင့်၊ ငါ၏သားများကို ပုတ်ခတ်ဝေဖန်ပြီး အသရေဖျက်ဝံ့သူ မည်သူမဆို- ထိုသို့ အမှန်တကယ် လုပ်ဆောင်နိုင်စွမ်း ရှိသူတို့သည် ပြင်းထန်သော တရားစီရင်ခြင်းကို ကြုံကြရမည်။ ငါ၏ တရားစီရင်ခြင်းသည် အလုံးစုံ ကျရောက်လိမ့်မည်၊ ဆိုလိုသည်မှာ ယခုအချိန်သည် တရားစီရင်ခြင်းခေတ် ဖြစ်ကာ ငါ၏တရားစီရင်ခြင်းသည် စကြဝဠာ လောက တစ်လျှောက်လုံး တိုးချဲ့သည်ကို ဂရုတစ်စိုက် စောင့်ကြည့်လေ့လာခြင်းမှတစ်ဆင့် သင် တွေ့ရှိရလိမ့်မည် ဖြစ်သည်။ ဟုတ်ပေ၏၊ ငါ၏ အိမ်သည် ကင်းလွတ်လိမ့်မည် မဟုတ်။ ၎င်းတို့၏ အတွေးများ၊ စကားများနှင့် အပြုအမူများ ငါ၏ အလိုနှင့် မကိုက်ညီသူတို့ထံ တရားစီရင်ခြင်း လာလိမ့်မည်။ ဤအရာကို နားလည်လော့။ ငါ၏ တရားစီရင်ခြင်းသည် လူတစ်စု သို့မဟုတ် အမှုအရာများကိုသာ ဦးတည်သည်မဟုတ်ဘဲ၊ စကြဝဠာ လောက တစ်ခုလုံးကို ဦးတည်ပေသည်။ ဤအရာကို သင် နားလည်လာပြီလော။ ငါနှင့်ပတ်သက်၍ စိတ်ထဲက သင်၏ အတွေးများတွင် ကွဲလွဲမှုရှိပါက၊ သင်သည် အတွင်းကျကျ ချက်ချင်း တရားစီရင်ခံရလိမ့်မည်။

ငါ၏တရားစီရင်ခြင်းသည် ပုံသဏ္ဌာန်အမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် လာ၏။ ဤအရာကို သိကြလော့။ ငါသည် စကြဝဠာ လောက၏ အတုမဲ့ဖြစ်ပြီး ဉာဏ်ပညာရှိသော ဘုရားသခင်ဖြစ်သည်။ ငါ၏တန်ခိုး လက်လှမ်းမမီသော အရာဟူ၍ မရှိ။ ငါ၏တရားစီရင်ခြင်း အားလုံးတို့ကို သင်တို့ထံ ထုတ်ဖော်ပြထားသည်။ သင်တို့၏ အတွေးများ ထဲတွင် ငါနှင့်ပတ်သက်၍ သဘောကွဲလွဲမှု ရှိပါက၊ သတိပေးချက်တစ်ခုအဖြစ် သင့်ကို ငါ ဉာဏ်အလင်းပေးမည်။ သင်တို့နားမထောင်လျှင် သင်တို့ကို ချက်ချင်း ငါစွန့်ပစ်မည် (ဤတွင် ငါ၏နာမကို သံသယရှိခြင်းအား ငါ ရည်ညွှန်းနေခြင်း မဟုတ်ဘဲ၊ သွေးသား ကာမဂုဏ်ခံစားမှုများနှင့် ဆက်နွှယ်သည့် အပြင်ပိုင်း အပြုအမူများကို ရည်ညွှန်းနေခြင်းဖြစ်သည်)။ ငါ့အပေါ် သင်တို့၏ အတွေးများသည် အာခံမှုရှိပါက၊ သင်သည် ငါ့ကိုညည်းညူပါက၊ စာတန်၏ စိတ်ကူးများကို ထပ်တလဲလဲ သင် လက်ခံပါက၊ ပြီးလျှင် အသက်၏ ခံစားမှုများနောက် သင် မလိုက်ပါက၊ သင်၏ ဝိညာဉ်သည် အမှောင်ထဲတွင် ရှိလိမ့်မည်ဖြစ်ပြီး သင်၏ ဇာတိပကတိသည် နာကျင်မှုကို ခံစားရလိမ့်မည်။ သင်သည် ငါနှင့် သာ၍နီးကပ်စွာ နေရမည်။ သင်၏ ပုံမှန်အခြေအနေများကို တစ်ရက်၊ နှစ်ရက်မျှဖြင့် ပြန်လည်ရရှိဖို့ မဖြစ်နိုင်သကဲ့သို့ သင်၏အသက်တာသည် သိသိသာသာ အလွန် နောက်ကျကျန်ရစ်လိမ့်မည်။ အပြောအဆို၌ ကိုယ်ကျင့်တရားပျက်သော သူတို့အတွက်မူ၊ သင်တို့၏နှုတ်နှင့် လျှာတို့ကို ငါသည် ပဲ့ပြင်ဆုံးမမည်ဖြစ်ပြီး၊ သင်တို့၏လျှာများကို ကိုင်တွယ်ဖြေရှင်းခြင်း ခံစေမည်။ လုပ်ဆောင်ချက်တွင် ထိန်းမနိုင်သိမ်းမရ အကျင့်ပျက်သောသူများတို့၊ သင်တို့၏ စိတ်ဝိညာဉ်များ၌ သင်တို့ကို ငါသတိပေး၏၊ ပြီးလျှင် နားမထောင်သော သူတို့ကို ငါ ပြင်းထန်စွာ ပြစ်တင်ဆုံးမမည်။ မနာခံမှုကို စကားဖြင့်ဖြစ်စေ လုပ်ဆောင်ချက်ဖြင့်ဖြစ်စေ ပြသသောသူများဖြစ်လျက်၊ ငါ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်အကဲဖြတ်၍ အာခံသူများ၊ ငါသည် ၎င်းတို့ကို ပျက်စီးစေပြီး အမြင့်မားဆုံး ကောင်းချီးမင်္ဂလာများကို ဆုံးရှုံးစေလျက်၊ ၎င်းတို့ကို လုံးဝ ပယ်ထုတ်ကာ စွန့်ပစ်မည်။ ဤသူတို့သည် ရွေးကောက်ခံရပြီးနောက် ပယ်ထုတ်ခံရမည့် သူများဖြစ်သည်။ မိမိတို့၏ ရူပါရုံများ မရှင်းမလင်းဖြစ်လျက် အသိမဲ့သောသူများ၊ ငါသည် ၎င်းတို့ကို အသိဉာဏ် ပွင့်လင်းစေပြီး ကယ်တင်လိမ့်ဦးမည်။ သို့သော် အမှန်တရားကို နားလည်သော်လည်း လက်တွေ့ မလုပ်ဆောင်သော သူများသည် အသိမဲ့သည်ဖြစ်စေ၊ အသိမမဲ့သည်ဖြစ်စေ အထက်တွင် ဆိုခဲ့ပြီးဖြစ်သော စည်းမျဉ်းများအတိုင်း စီမံခြင်းခံရလိမ့်မည်။ အစကတည်းက လမ်းလွဲသော ရည်ရွယ်ချက်များ ရှိသည့် လူတို့အတွက်မူ၊ ငါသည် ၎င်းတို့ကို စစ်မှန်မှုအား ထာဝရ သဘောမပေါက်နိုင်ဘဲ ဖြစ်စေမည်ဖြစ်ပြီး၊ နောက်ဆုံးတွင် တဖြည်းဖြည်း တစ်ယောက်ပြီးတစ်ယောက် ပယ်ထုတ် ခံရကြလိမ့်မည်။ (ငါသည် အမှုအရာများကို အလောတကြီး မပြုဘဲ စနစ်ကျသည့် ပုံစံဖြင့် ပြုသည့်အတွက်) ငါ၏ စီမံခန့်ခွဲမှုဖြင့် ယခု ၎င်းတို့ ကျန်ရှိသော်လည်း၊ တစ်ယောက်မျှ ကျန်ရှိလိမ့်မည်မဟုတ်။

ငါ၏တရားစီရင်ခြင်းကို လုံးဝ ထုတ်ဖော်ပြထား၏။ ယင်းသည် မိမိတို့၏ သင့်တော်သည့် နေရာများကို ယူရမည့် လူအမျိုးမျိုးကို ရည်ရွယ်သည်။ ၎င်းတို့ ချိုးဖောက်ထားသော စည်းမျဉ်းများအတိုင်း ငါသည် လူတို့ကို စီမံအုပ်ချုပ်ကာ တရားစီရင်မည်။ ဤအမည်တွင် မပါရှိသကဲ့သို့ နောက်ဆုံးသောကာလ၏ ခရစ်တော်ကို လက်မခံသော သူများအတွက်မူ၊ စည်းမျဉ်းတစ်ခုသာ သက်ဆိုင်သည်- ငါ့ကို အာခံသောသူ မည်သူမဆို၏ စိတ်ဝိညာဉ်များ၊ အသက်ဝိညာဉ်များနှင့် ခန္ဓာတို့ကို ငါသည် ချက်ချင်း ယူပြီး မရဏနိုင်ငံထဲသို့ ပစ်ချမည်။ ငါ့ကို အာမခံသောသူ မည်သူမဆို၊ ငါသည် ဒုတိယတရားစီရင်ခြင်း ဆောင်ရွက်ခြင်းမပြုမီ သင်တို့ ရင့်ကျက်ဖို့ရန်အတွက် စောင့်ဆိုင်းပေးမည်။ ငါ၏နှုတ်ကပတ်တော်များသည် အရာရာကို လုံးဝ ရှင်းလင်းပြတ်သားမှုဖြင့် ရှင်းပြပြီး မည်သည့်အရာမျှ မကွယ်ဝှက်ထားပေ။ သင်တို့သည် ၎င်းတို့ကို စိတ်ထဲ၌ အချိန်တိုင်း ထိန်းသိမ်းနိုင်ဖို့သာ ငါမျှော်လင့်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၆၇)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၅)

နောက်ဆုံးသောကာလသည် ခပ်သိမ်းသောအရာကို သိမ်းပိုက်ခြင်းအားဖြင့် အမျိုးအစားအလိုက် သတ်မှတ်ခံရမည့်အချိန် ဖြစ်သည်။ သိမ်းပိုက်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်၊ တစ်နည်းအားဖြင့်ဆိုလျှင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အပြစ်များကို စီရင်ခြင်းသည် နောက်ဆုံးသောကာလ၏ အလုပ်ဖြစ်သည်။ ထိုသို့မဟုတ်လျှင် လူများကို မည်သို့ အမျိုးအစား သတ်မှတ်နိုင်မည်နည်း။ သင်တို့အကြား လုပ်ဆောင်လျက်ရှိသော အမျိုးအစားသတ်မှတ်ခြင်း အမှုသည် စကြဝဠာတစ်ခွင်လုံး၌ ဤကဲ့သို့သောအလုပ်၏ အစဖြစ်သည်။ ဤနောက်တွင်ကား တိုင်းပြည်များအားလုံးနှင့် လူမျိုးအားလုံးသည်လည်း သိမ်းပိုက်ခြင်းအလုပ်ကို ခံစားရကြလိမ့်မည်။ ဤသည်မှာ ဖန်ဆင်းရာထဲ၌ရှိသော ပုဂ္ဂိုလ်တိုင်း တရားစီရင်ခံရဖို့ တရားစီရင်ရာပလ္လင်ရှေ့၌ ကျိုးနွံကြပြီး အမျိုးအစားအလိုက် သတ်မှတ်ခံရမည်ကို ဆိုလိုသည်။ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤပြစ်တင်ဆုံးမခြင်း နှင့် တရားစီရင်ခြင်းကို ကြုံရခြင်းမှ မလွတ်မြောက်နိုင်သကဲ့သို့ အဘယ်ပုဂ္ဂိုလ်နှင့် အဘယ်အရာမျှ ဤအမျိုးအစားအလိုက် သတ်မှတ်ခြင်းကို မလွတ်မြောက်နိုင်ပေ၊ အယောက်တိုင်း အမျိုးအစားသတ်မှတ်ခံရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်းတို့အတွက် အဆုံးသတ်နီးလာပြီး၊ ကောင်းကင်နှင့်မြေကြီးအားလုံးတို့သည် သူတို့၏နိဂုံးသို့ ရောက်ရှိပြီ ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လူသားသည် လူ၏တည်ရှိမှု၏နောက်ဆုံးသောကာလများမှ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ထို့ကြောင့် သင်တို့၏ မနာခံမှုလုပ်ရပ်များသည် မည်မျှကြာကြာ ဆက်လက် ရှိနေနိုင်မည်နည်း။ သင်တို့၏ နောက်ဆုံးသောကာလ ရောက်အံ့ဆဲဆဲ ဖြစ်သည်ကို သင်တို့ မမြင်သလော။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေပြီး သူပေါ်ထွန်းလာဖို့ တောင့်တသူတို့အနေဖြင့် ဘုရားသခင်၏ ဖြောင့်မတ်ခြင်း ပေါ်ထွန်းသည့် နေ့ရက်ကို မည်သို့ မမြင်နိုင်သနည်း။ ကောင်းမြတ်မှုအတွက် နောက်ဆုံးဆုလာဘ်ကို သူတို့ မည်သို့ မရရှိဘဲ နေနိုင်သနည်း။ သင်သည် ကောင်းသောအမှုကို ပြုသောသူတစ်ဦးလော၊ သို့မဟုတ် ဆိုးယုတ်သောအမှုကို ပြုသောသူတစ်ဦးလော။ သင်သည် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက် နာခံသောသူတစ်ဦးလော၊ သို့မဟုတ် ဖြောင့်မတ်သော တရားစီရင်ခြင်းကို လက်ခံပြီးနောက်တွင် ကျိန်ဆိုခြင်း ခံရသောသူလော။ သင်သည် အလင်း၌ တရားစီရင်ရာ ပလ္လင်တော်ရှေ့တွင် အသက်ရှင်သလော သို့မဟုတ် မှောင်မိုက်မှုအလယ် မရဏနိုင်ငံ၌ သင် အသက်ရှင်သလော။ သင်၏နိဂုံးက ဆုလာဘ်ရသောသူတစ်ဦး သို့မဟုတ် ပြစ်ဒဏ်ပေးခြင်းခံရသူတစ်ဦးဟု အရှင်းလင်းဆုံး သိထားသူကား သင်ကိုယ်တိုင်ပင် မဟုတ်သလော။ ဘုရားသခင်ဖြောင့်မတ်သည်ဟု အရှင်းလင်းဆုံးသိပြီး အနက်ရှိုင်းဆုံး နားလည်သဘောပေါက်သောသူကား သင်ပင် မဟုတ်လော။ ထို့ကြောင့် အမှန်တကယ်အားဖြင့်၊ သင်၏အမူအကျင့်နှင့် သင်၏စိတ်နှလုံးတို့ကား အဘယ်သို့နည်း။ သင့်ကို ယနေ့ ငါသိမ်းပိုက်သည်နှင့်အညီ၊ သင်၏ အပြုအမူက ဆိုးညစ်သည် သို့မဟုတ် ကောင်းမြတ်သည်ဟု သင့်အတွက် ငါရှင်းလင်းဖော်ပြရန် အမှန်တကယ်ပင် လိုအပ်သလော။ ငါ့အတွက် အဘယ်မျှလောက် သင်စွန့်လွှတ်ခဲ့ပြီးသနည်း။ ငါ့ကို အဘယ်မျှလောက် နက်နက်ရှိုင်းရှိုင်း သင်ကိုးကွယ်သနည်း။ သင် ငါ့အပေါ် အဘယ်သို့ပြုမူသည်ကို သင်ကိုယ်တိုင် အရှင်းလင်းဆုံးသိသည် မဟုတ်လော။ အဆုံး၌ သင်မည်သို့ အဆုံးသတ်လိမ့်မည်ကို မည်သူမဆိုထက် သင်ပို၍ကောင်းကောင်း သိသင့်သည်။ ငါအမှန်ဆိုသည်ကား ငါသာ လူသားမျိုးနွယ်ကို ဖန်ဆင်းခဲ့ပြီး သင့်ကို ဖန်ဆင်းခဲ့သည်၊ သို့သော် သင်တို့ကို ငါ စာတန်လက်သို့ မအပ်ခဲ့သလို သင်တို့ ငါ့ကို ပုန်ကန်ခြင်း သို့မဟုတ် အတိုက်အခံခြင်းအတွက် ငါ၏ ပြစ်ဒဏ်ပေးခြင်းခံရရန်လည်း ငါ ရည်ရွယ်ချက်ရှိရှိ သင်တို့ကို မလုပ်ခဲ့ပေ။ သင်တို့ စိတ်နှလုံးများ အလွန်အမင်း မာကြောပြီး သင်တို့ အမူအကျင့်က အလွန်အမင်း စက်ဆုပ်ရွံ့ရှာဖွယ်ကောင်းသောကြောင့် ဤဘေးဒုက္ခ ဝေဒနာအားလုံး ဖြစ်ကြသည် မဟုတ်လော။ ထို့ကြောင့် သင်တို့ကြုံတွေ့မည့် အဆုံးသတ်ကို သင်တို့ကိုယ်တိုင် ဆုံးဖြတ်သည် မဟုတ်လော။ သင်တို့ မည်သို့ အဆုံးသတ်မည်ကို မည်သူမဆိုထက် သင်တို့စိတ်နှလုံးများထဲ၌ သင်တို့ပိုသိကြသည် မဟုတ်လော။ လူတို့ကို ငါ သိမ်းပိုက်သည့် အကြောင်းရင်းမှာ သူတို့ကို ဖော်ထုတ်ရန်နှင့် သင်အား ကယ်တင်ခြင်းကို ပိုမိုကောင်းမွန်စွာ ယူဆောင်လာရန် ဖြစ်သည်။ သင့်အား ဆိုးယုတ်သောအရာကို လုပ်စေဖို့ သို့မဟုတ် ပျက်စီးခြင်းငရဲထဲသို့ သင့်ကို တမင်တကာ လျှောက်စေဖို့ မဟုတ်ပေ။ အချိန်ကျရောက်လာသောအခါ သင်၏ များစွာသော ဒုက္ခဝေဒနာ၊ သင်၏ ငိုကြွေးခြင်းနှင့် အံကြိတ်ခြင်းအားလုံး— ထိုအရာအားလုံးသည် သင်၏ အပြစ်များကြောင့် ဖြစ်လိမ့်မည် မဟုတ်လော။ ထို့ကြောင့် သင်ကိုယ်တိုင်၏ ကောင်းမြတ်ခြင်း သို့မဟုတ် သင်ကိုယ်တိုင်၏ ဆိုးယုတ်ခြင်းက သင့်အပေါ် အကောင်းဆုံးသော တရားစီရင်ခြင်း မဟုတ်လော။ ယင်းသည် သင်၏ နိဂုံး ဖြစ်မည့်အရာအတွက် အကောင်းဆုံးသက်သေအထောက်အထား မဟုတ်လော။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၁)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၆)

စကြဝဠာ တစ်ခွင်လုံးကို လှုပ်ခါလျက်၊ တစ်ဖြောင်းဖြောင်း မြည်ဟည်းသော အသံတစ်သံ ပေါ်ထွက်၏။ ယင်းသည် အလွန်ကျယ်လောင်လွန်းသဖြင့် လူတို့သည် လမ်းကြောင်းမှ အချိန်မီ မရှောင်နိုင်အောင် ဖြစ်လေသည်။ အချို့သည် အသတ်ခံကြရသည်၊ အချို့သည် ဖျက်ဆီးခြင်းကို ခံကြရပြီး အချို့မှာ တရားစီရင်ခြင်းခံကြရလေသည်။ ယင်းသည် အမှန်တကယ် မည်သူမျှ မမြင်ဖူးသော မြင်ကွင်းတစ်ခု ဖြစ်သည်။ သေချာစွာ နားထောင်လော့- မိုးခြိမ်းသံများနှင့်အတူ ငိုကြွေးသံများ လိုက်ပါလာပြီး ဤအသံသည် မရဏနိုင်ငံမှလာသည်၊ ငရဲမှ လာခြင်း ဖြစ်သည်။ ယင်းမှာ ငါ၏ တရားစီရင်ခြင်းကို ခံရသည့် ဆန့်ကျင်ပုန်ကန်သော ထိုသားများ၏ ခါးသီးသောအသံ ဖြစ်သည်။ ငါပြောသော အရာကို နားမထောင်သေးသော သူများနှင့် ငါ၏ နှုတ်ကပတ်တော်များကို လက်တွေ့မလုပ်ဆောင်သေးသော သူများသည် ပြင်းထန်စွာ တရားစီရင်ခြင်းကို ခံကြရပြီး ငါ၏အမျက်ဒေါသ၏ ကျိန်ခြင်းကို ခံကြရပြီးဖြစ်သည်။ ငါ၏ အသံသည် တရားစီရင်ခြင်းနှင့် အမျက်ဒေါသ ဖြစ်သည်။ ငါသည် ဖြောင့်မတ်သော ဘုရားသခင်ကိုယ်တိုင်ဖြစ်ပြီး အမျက်ဒေါသကို ပိုင်ဆိုင်သောကြောင့်၊ မည်သူ့ကိုမျှ နူးညံ့သိမ်မွေ့စွာ ငါမဆက်ဆံသကဲ့သို့ မည်သူ့ကိုမျှ မသက်ညှာပေ။ ငါသည် တောက်လောင်ခြင်း၊ သန့်စင်စေခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပိုင်ဆိုင်၏။ ငါ့အထဲတွင်၊ မည်သည့်အရာမျှ ကွယ်ဝှက်မထား သို့မဟုတ် စိတ်ခံစားမှုနှင့် ဆိုင်သောအရာ မရှိဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် အရာရာသည် ပွင့်လင်းသည်၊ ဖြောင့်မတ်ပြီး၊ သမာသမတ်ကျလေသည်။ ငါ၏ သားဦးများသည် တိုင်းနိုင်ငံအပေါင်းနှင့် လူမျိုးအပေါင်းတို့အား အုပ်စိုးလျက်၊ ငါနှင့်အတူ ပလ္လင်ပေါ်တွင် ရှိနှင့်ကြပြီး ဖြစ်သောကြောင့်၊ မတရားသကဲ့သို့ မဖြောင့်မတ်သော လူများသည် တရားစီရင်ခြင်း ယခု စတင် ခံရလျက်ရှိသည်။ ငါသည် တစ်စုံတစ်ခုကိုမျှ မလွတ်စေဘဲ ၎င်းတို့ကို အလျှင်း ထုတ်ဖော်လျက်၊ တစ်ယောက်ပြီး တစ်ယောက် ၎င်းတို့ကို စုံစမ်းစစ်ဆေးမည်။ အကြောင်းမူကား ငါ၏ တရားစီရင်ခြင်းကို အပြည့်အဝ ထုတ်ဖော်ကာ ဖွင့်ပြပြီးဖြစ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ငါသည် မည်သည့်အရာကိုမျှ လုံးဝ ထိန်ချန်ခြင်း မရှိလေပြီ။ ငါ၏ အလိုနှင့် မကိုက်ညီသော အရာတိုင်းကို ငါလွှင့်ပစ်မည်ဖြစ်ပြီး၊ အနက်ဆုံးသောတွင်းထဲတွင် ထာဝရ ကာလပတ်လုံး ပျက်စီးဆုံးရှုံးစေမည်။ ထိုနေရာတွင် ယင်းကို ငါ ထာဝရ လောင်ကျွမ်းစေမည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း ဖြစ်ပြီး၊ ဤသည်မှာ ငါ၏ တည်ကြည်မှု ဖြစ်သည်။ ဤ အရာကို မည်သူမျှ မပြောင်းလဲနိုင်ဘဲ၊ အားလုံး ငါ၏ ကွပ်ကဲမှု အောက်တွင်ရှိရမည်။

လူအများစုသည် စကားများက စကားများသာဖြစ်ပြီး အမှန်တရားများက အမှန်တရားများသာဖြစ်သည်ဟု တွေးထင်ရင်း၊ ငါ၏ မိန့်မြွက်ချက်များကို လျစ်လျူရှုကြ၏။ ၎င်းတို့သည် မျက်ကန်းများပေတည်း။ ငါသည် သစ္စာရှိသော ဘုရားသခင် ကိုယ်တိုင်ဖြစ်သည်ကို ၎င်းတို့ မသိကြသလော။ ငါ၏ နှုတ်ကပတ်တော်များနှင့် အမှန်တရားများသည် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်ကြ၏။ ဤသည်မှာ စစ်မှန်သော ကိစ္စရပ်ဖြစ်သည် မဟုတ်လော။ လူတို့သည် ငါ၏ နှုတ်ကပတ်တော်များကို တကယ်ပင် သဘောမပေါက်ကြဘဲ၊ ဉာဏ်အလင်းရပြီးသောသူများသာ စစ်မှန်စွာ နားလည်နိုင်ကြသည်။ ဤသည်မှာ အမှန်တရားတစ်ခု ဖြစ်သည်။ ငါ၏နှုတ်ကပတ်တော်များကို လူတို့ မြင်သည်နှင့်တစ်ပြိုင်နက်၊ အလွန်အမင်း အထိတ်တလန့်ဖြစ်ကာ ပုန်းရှောင်ဖို့ နေရာအနှံ့ သုတ်သုတ်ပြာပြာပြေးကြ၏။ ဤသည်မှာ ငါ၏ တရားစီရင်ခြင်း ကျရောက်သည့်အခါ သာ၍ပင် ဖြစ်လေသည်။ အရာခပ်သိမ်းကို ငါဖန်ဆင်းခဲ့သည့် အချိန်၊ ကမ္ဘာလောကကို ငါဖျက်ဆီးသည့် အချိန်နှင့် သားဦးများကို ငါ စုံလင်စေသည့်အချိန်တွင်- ဤအရာအားလုံးသည် ငါ၏ နှုတ်မှ နှုတ်ကပတ်တော် တစ်လုံးတည်းအားဖြင့် ဖြစ်မြောက်ပေသည်။ ဤသည်မှာ ငါ၏ နှုတ်ကပတ်တော်ကိုယ်၌က သြဇာအာဏာ ဖြစ်သောကြောင့်ဖြစ်သည်။ ယင်းသည် တရားစီရင်ခြင်း ဖြစ်ပေသည်။ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်သည် တရားစီရင်ခြင်းနှင့် ဘုန်းအာနုဘော် ဖြစ်သည်ဟု ဆိုနိုင်၏။ ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခုဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များ၏ ရှုထောင့်တစ်ခုဖြစ်သည်။ ယင်းမှာ လူတို့အား ငါတရားစီရင်သည့် နည်းလမ်း တစ်ခုသာ ဖြစ်သည်။ ငါ၏ အမြင်တွင်၊ လူအားလုံး၊ အရေးကိစ္စများအားလုံးနှင့် အမှုအရာအားလုံး အပါအဝင် အရာရာတိုင်းသည် ငါ၏ လက်ထဲတွင်ရှိပြီး ငါ၏ တရားစီရင်မှုအောက်တွင် ရှိကြ၏။ မည်သူမျှ၊ မည်သည့်အရာမျှ ရိုင်းစိုင်းစွာ သို့မဟုတ် တမင်တကာ မပြုမူဝံ့သကဲ့သို့၊ အရာခပ်သိမ်းသည် ငါမိန့်မြွက်သော နှုတ်ကပတ်တော်များနှင့်အညီ ဖြစ်မြောက်ရမည် ဖြစ်သည်။ လူသား၏ အယူအဆများ အတွင်းမှနေ၍၊ ငါ၏ဖြစ်ခြင်းတည်းဟူသော ဇာတိအဖြစ်တော်၏ နှုတ်ကပတ်တော်များကို အယောက်တိုင်း ယုံကြည်ကြသည်။ ငါ၏ဝိညာဉ်တော်က ဖွင့်ဟသည့်အခါ၊ အယောက်တိုင်းက သံသယရှိကြသည်။ လူတို့သည် ငါ၏အရာခပ်သိမ်း တတ်စွမ်းနိုင်ခြင်းနှင့် သက်ဆိုင်သော အသိပညာ အနည်းငယ်မျှ မရှိကြသကဲ့သို့၊ ငါ့ကို အပြစ်တင် စွပ်စွဲမှုများပင် ပြုကြ၏။ ယခု သင့်ကို ငါပြော၏၊ ငါ၏ နှုတ်ကပတ်တော်များကို သံသယရှိပြီး ငါ၏ နှုတ်ကပတ်တော်များကို စော်ကားသော သူမည်သူမဆိုသည် ဖျက်ဆီးခံရမည့် သူများဖြစ်ကြသည်။ ၎င်းတို့သည် ထာဝရ ပြစ်ဒဏ်ခတ်ခြင်းကို ရာသက်ပန်ခံစားရမည့် သားများ ဖြစ်ကြသည်။ ဤသည်မှာ ငါ အမှုပြုသည့်ပုံဖြစ်သောကြောင့် သားဦးများ ဖြစ်ကြသူ အလွန်နည်းပါးသည်ကို ဤအရာမှ မြင်နိုင်ပေသည်။ ယခင်က ငါဆိုဖူးသည့်အတိုင်း၊ တစ်စက်မျှ အားမထုတ်ရဘဲ အရာရာကို ငါ ပြီးမြောက်စေ၏၊ ငါ၏ နှုတ်ကပတ်တော်များကိုသာ ငါအသုံးပြု၏။ ထို့နောက်၊ ဤသည်မှာ ငါ၏ အရာခပ်သိမ်းတတ်စွမ်းနိုင်ခြင်းတန်ခိုး တည်သောနေရာ ဖြစ်သည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင်၊ မည်သူမျှ ငါပြောသည့်အရာ၏ အရင်းအမြစ်နှင့် ရည်ရွယ်ချက်ကို ရှာမတွေ့နိုင်ပေ။ လူတို့သည် ဤအရာကို စွမ်းဆောင်နိုင်ကြခြင်း မရှိကြဘဲ၊ ၎င်းတို့သည် ငါ၏ မိသားစုကို ဖြောင့်မတ်ခြင်းနှင့် ငြိမ်သက်ခြင်းတို့ကို ရှိစေ၍၊ ထာဝရ အသက်ရှင်စေပြီး၊ ထာဝရ မြဲမြံစေကာ မဆုတ်မနစ်ဖြစ်စေလျက်၊ ၎င်းတို့သည် ငါ၏ ဦးဆောင်မှုနောက်လိုက်စဉ်သာ ပြုမူဆောင်ရွက်နိုင်ကြပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားအတိုင်း ငါ၏ အလိုနှင့်အညီသာ အရာရာကို လုပ်ဆောင်နိုင်ကြလေသည်။

ငါ၏ တရားစီရင်ခြင်းသည် အယောက်တိုင်းထံသို့ ရောက်လာသည်၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များသည် အယောက်တိုင်းကို တို့ထိပြီး ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ၏ ဇာတိအဖြစ်တော်ကို အယောက်တိုင်းထံ ထုတ်ဖော်ပြထားသည်။ ဤသည်မှာ ငါ၏ ဝိညာဉ်တော်၏ ကြီးသောအမှု အတွက် အချိန်ဖြစ်သည် (ဤအချိန်တွင် ကောင်းချီးခံစားရမည့် သူများနှင့် ဘေးဥပဒ်ကြုံရမည့် သူများကို တစ်ဦးနှင့်တစ်ဦး ခွဲခြားထားပေသည်)။ ငါ၏ နှုတ်ကပတ်တော်များကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းချီး ခံစားရမည့် သူများနှင့် ဘေးဥပဒ် ကြုံရမည့်သူများကို ငါခွဲခြားပြီး ဖြစ်သည်။ ဤအရာသည် လုံးဝ ရှင်းလင်းပြတ်သားပြီး တစ်ချက်ကြည့်ရုံဖြင့် အားလုံးကို ငါမြင်နိုင်၏။ (ငါ၏ လူသားသဘာဝနှင့် စပ်လျဉ်း၍ ဤအရာကို ငါဆိုနေခြင်းဖြစ်သည်၊ ထို့ကြောင့် ဤနှုတ်ကပတ်တော်များသည် ငါ၏ ကြိုတင်ပြဌာန်းထားခြင်းနှင့် ရွေးကောက်ခြင်းတို့အား ကွဲလွဲဆန့်ကျင်ခြင်း မရှိပေ။) မသန့်ရှင်းသော နေရာများနှင့် အဓမ္မအမှုနှင့် ပြည့်သော တိုင်းပြည်များအားလုံး မတည်ရှိတော့ဘဲ ငါ၏ နှုတ်ကပတ်တော်များ၏ အကျိုးဆက်အဖြစ် ဗလာနတ္ထိအဖြစ်သို့ မီးရှို့ဖျက်ဆီးခြင်းကို ခံရဖို့အလို့ငှာ၊ ငါသည် နေရာတိုင်းကို စောင့်ကြည့်ကာ သန့်ရှင်းစင်ကြယ်စေရင်း တောင်များ၊ မြစ်များနှင့် အရာအားလုံးကြား၊ စကြဝဠာ အာကာသဟင်းလင်းပြင်များအနှံ့ လှည့်လည်သွားလာ၏။ ငါ့အတွက်၊ အရာခပ်သိမ်းသည် လွယ်ကူ၏။ အကယ်၍ ယခုအချိန်သည် ကမ္ဘာမြေကြီး၏ ပျက်စီးခြင်းအတွက် ငါကြိုတင်စီရင် ထားသော အချိန်ဖြစ်ခဲ့ပါက၊ နှုတ်ကပတ်တော် တစ်လုံးကို မိန့်မြွက်ခြင်းဖြင့် ကမ္ဘာမြေကြီးကို ငါဝါးမျိုနိုင်ပေသည်။ သို့ရာတွင်၊ ယခု အချိန်မကျသေးပေ။ ငါ၏ အစီအစဉ် အနှောင့်အယှက် မဖြစ်စေရန်နှင့် ငါ၏ စီမံခန့်ခွဲမှုကို အနှောင့်အယှက်မခံရဖို့အလို့ငှာ ဤအမှုကို ငါမပြုမီ အရာခပ်သိမ်းသည် အဆင့်သင့်ရှိရမည် ဖြစ်သည်။ ဤအရာကို မည်သို့ အကျိုးသင့် အကြောင်းသင့် ပြုရမည်ကို ငါသိသည်- ငါ၌ ငါ၏ ဉာဏ်ပညာ ရှိပြီး ငါ၌ ငါ၏ ကိုယ်ပိုင် အစီအစဉ်များ ရှိ၏။ လူတို့သည် လက်ချောင်း တစ်ချောင်းကိုမျှ မရွှေ့ရ။ ငါ၏ လက်၌ အသေသတ်ခြင်းကို မခံရရန် သတိပြုလော့။ ဤအရာ၌ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို ထည့်သွင်းစဉ်းစားနှင့်ပြီးဖြစ်သည်။ ဤအရာမှ၊ နှစ်ဖက်ရှိသည့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များအပြင် ၎င်းတို့ နောက်ကွယ်ရှိ အခြေခံသဘောတရားများ၏ ပြင်းထန်မှုကို မြင်နိုင်ပေသည်- တစ်ဘက်တွင် ငါသည် ငါ၏ အလိုနှင့်မကိုက်ညီသောသူနှင့် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို အသေသတ်သော်ငြားလည်း၊ အခြားတစ်ဘက်တွင် ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ချိုးဖောက်သော သူအားလုံးကို ငါ၏ အမျက်ဒေါသဖြင့် ကျိန်ဆဲပေသည်။ ဤရှုထောင့်နှစ်ခုသည် မရှိမဖြစ်ဖြစ်သကဲ့သို့၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များ၏ နောက်ကွယ်က စီရင်ဆုံးဖြတ်ခွင့် အာဏာရှိသော အခြေခံ သဘောတရားများ ဖြစ်သည်။ လူတစ်ဦး မည်မျှ သစ္စာရှိနိုင်သည်ကို ပဓာနမထားဘဲ၊ အယောက်တိုင်းသည် စိတ်ခံစားချက် မပါဘဲ ဤအခြေခံသဘောတရား နှစ်ခုအရ ကိုင်တွယ်ခြင်းခံရပေသည်။ ဤသည်မှာ ငါ၏ ဖြောင့်မတ်ခြင်း၊ ငါ၏ဘုန်းအာနုဘော်နှင့် မြေကြီးနှင့်သက်ဆိုင်သော အရာအားလုံး၊ လောကနှင့်သက်ဆိုင်သော အရာအားလုံးနှင့် ငါ၏ အလိုနှင့်မကိုက်ညီသော အရာအားလုံးကို မီးရှို့ဖျက်ဆီးမည့် ငါ၏ အမျက်ဒေါသတို့ကို ပြသရန်အတွက် လုံလောက်ပေသည်။ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ဝှက်ထားလျက်ရှိနေသော နက်နဲမှုများရှိပြီး၊ ငါ၏ နှုတ်ကပတ်တော်များထဲတွင် ထုတ်ဖော်ပြထားသည့် နက်နဲမှုများလည်း ရှိ၏။ ထို့ကြောင့်၊ လူသား၏အယူအဆများအရနှင့် လူသားစိတ်ထဲတွင် ငါ၏ နှုတ်ကပတ်တော်များသည် အစဉ် နားမလည်နိုင်စရာဖြစ်ပြီး၊ ငါ၏ စိတ်နှလုံးသည် အစဉ် ဉာဏ်မမီနိုင်ဖွယ်ဖြစ်သည်။ ဆိုလိုသည်မှာ လူသားများကို ၎င်းတို့၏ အယူအဆများနှင့် အတွေးတို့မှ ငါ မောင်းထုတ်ရမည် ဖြစ်သည်။ ဤသည်မှာ ငါ၏ စီမံခန့်ခွဲမှု အစီအစဉ်၏ အရေးကြီးဆုံးသော ကိစ္စ ဖြစ်သည်။ ငါ၏ သားဦးများကို ရယူရန်နှင့် ငါ ပြုလိုသော အရာများကို ဖြစ်မြောက်စေရန် ဤနည်းဖြင့် ငါ လုပ်ဆောင်ရမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၀၃)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၇)

ဇိအုန်။ ဝမ်းမြောက်လော့။ ဇိအုန်။ ရွှင်လန်းစွာ သီချင်းဆိုလော့။ ငါသည် အောင်ခြင်းဖြင့် ပြန်လာပြီ၊ ငါသည် အောင်မြင်လျက် ပြန်လာပြီ။ လူအပေါင်းတို့။ အစဉ်အလိုက် အလျင်အမြန် စီတန်းကြလော့။ ဖန်ဆင်းခြင်း အရာခပ်သိမ်းတို့၊ ငါ၏ ဇာတိအဖြစ်သည် စကြဝဠာ တစ်ခုလုံးကို မျက်နှာမူပြီး၊ ကမ္ဘာမြေကြီး၏ အရှေ့အရပ်၌ ပေါ်ထွန်းသည့်အတွက် ယခု လာ၍ရပ်နားကြလော့။ မည်သူသည် ကိုးကွယ်ခြင်းဖြင့် ဒူးမထောက်ဝံ့သနည်း။ ငါ့ကို စစ်မှန်သော ဘုရားသခင်ဟု အဘယ်သူ မခေါ်ဝံ့သနည်း။ မည်သူသည် ကြောက်ရွံ့မှုဖြင့် မော်မကြည့်ဘဲနေဝံ့သနည်း။ မည်သူသည် မချီးမွမ်းဘဲ နေဝံ့သနည်း။ မည်သူသည် ဝမ်းမြောက်ပျော်ရွှင်ခြင်းမရှိဘဲ နေဝံ့သနည်း။ ငါ၏ လူတို့သည် ငါ၏ အသံကို ကြားကြလိမ့်မည်ဖြစ်ပြီး၊ ငါ၏ သားများသည် ငါ၏ နိုင်ငံတော်အတွင်း ရှင်သန်ကြလိမ့်မည်။ တောင်များ၊ မြစ်များနှင့် အရာခပ်သိမ်းသည် အဆုံးမဲ့ သြဘာပေးကာ၊ မရပ်မနား ခုန်ပေါက်ကြလိမ့်မည်။ ဤအချိန်တွင် မည်သူမျှ နောက်ပြန်ဆုတ်ဝံ့ကြမည် မဟုတ်သကဲ့သို့၊ မည်သူမျှ ထ၍ ခုခံခြင်းပြုဝံ့ကြမည် မဟုတ်ပေ။ ဤသည်မှာ ငါ၏ အံ့သြဖွယ် လုပ်ဆောင်ချက် ဖြစ်ပြီး၊ ထို့ထက်ပို၍ ငါ၏ ကြီးမားသော တန်ခိုးအာဏာ ဖြစ်သည်။ ငါသည် အရာခပ်သိမ်းအား ၎င်း၏ စိတ်နှလုံးထဲတွင် ငါ့ကို ကြောက်ရွံ့စေမည်ဖြစ်ကာ၊ ဤမျှမက ခပ်သိမ်းသော အရာတို့ကို ငါ့အား ချီးမွမ်းစေမည်။ ဤသည်မှာ ငါ၏ အနှစ်ခြောက်ထောင် စီမံခန့်ခွဲမှု အစီအစဉ်၏ အဆုံးစွန်ရည်မှန်းချက် ဖြစ်ပြီး၊ ငါ ချမှတ်ထားသည့်အရာ ဖြစ်သည်။ လူတစ်ဦးတစ်ယောက် ဖြစ်စေ၊ အရာဝတ္ထုတစ်ခုဖြစ်စေ၊ အဖြစ်အပျက် တစ်ခုဖြစ်စေ၊ ငါ့အား ထ၍ မခုခံဝံ၊ မဆန့်ကျင်ဝံ့ပေ။ ငါ၏ လူအားလုံးသည် (တစ်နည်းအားဖြင့်၊ နောက်ပိုင်းတွင် ငါ ဖန်ဆင်းမည့် ကမ္ဘာလောကဖြစ်သည့်) ငါ၏ တောင်သို့ စီးဆင်းကြလိမ့်မည် ဖြစ်ပြီး၊ ငါသည် ဘုန်းအာနုဘော်နှင့် တရားစီရင်ခြင်း ရှိကာ သြဇာအာဏာ ရှိသောကြောင့် ၎င်းတို့သည် ငါ့ရှေ့တွင် ကျိုးနွံနာခံကြလိမ့်မည်။ (ဤသည်မှာ ငါ့အနေဖြင့် ကိုယ်ခန္ဓာထဲ၌ ရှိသောအချိန်ကို ရည်ညွှန်းခြင်း ဖြစ်၏။ ငါသည် ဇာတိပကတိ၌လည်း သြဇာအာဏာ ရှိ၏၊ သို့သော် အချိန်နှင့် နေရာ၏ ကန့်သတ်ချက်များကို ဇာတိပကတိ၌ ကျော်လွန်နိုင်ခြင်း မရှိသောကြောင့်၊ ငါသည် ပြည့်စုံသော ဘုန်းအသရေကို ရရှိထားပြီဟု မဆိုနိုင်ချေ။ ငါသည် ဇာတိပကတိ၌ သားဦးများကို ရရှိသော်လည်း၊ ဘုန်းအသရေကို ငါရရှိထားပြီဟု မဆိုနိုင်ပေ။ ဇိအုန်သို့ ငါ ပြန်ကြွပြီး၊ ငါ၏ ပုံပန်းကို ပြောင်းလဲသည့်အခါမှသာ၊ ငါသည် သြဇာအာဏာ ရှိသည်- ဆိုလိုသည်မှာ ဘုန်းအသရေကို ငါရပြီဟု ဆိုကောင်းဆိုနိုင်ပေသည်။) ငါ့အတွက် မည်သည့်အရာမျှ ခက်ခဲလိမ့်မည်မဟုတ်။ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များအားဖြင့် အရာခပ်သိမ်း ဖျက်ဆီးခြင်း ခံရလိမ့်မည်ဖြစ်ပြီး၊ ငါ၏ နှုတ်မှ နှုတ်ကပတ်တော်များ အားဖြင့် အရာခပ်သိမ်း ဖြစ်တည်လာကာ၊ စုံလင်စေခြင်း ခံရကြလိမ့်မည်။ ယင်းမှာ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာ ဖြစ်သည်။ ငါသည် တန်ခိုးနှင့် ပြည့်ဝပြီး၊ သြဇာအာဏာဖြင့် ပြည့်နှက်ခြင်းကြောင့်၊ မည်သူမျှ ငါ့ကို မတားဆီးဝံ့ချေ။ ငါသည် အရာရာအပေါ် အောင်နိုင်နှင့်ပြီး ဖြစ်ကာ၊ အဓမ္မလူအပေါင်းတို့ အားလုံးအပေါ် အောင်မြင်ခြင်း ရရှိနှင့်ပြီးဖြစ်သည်။ ဇိအုန်သို့ ငါနှင့်အတူ ပြန်ရန် ငါ၏ သားဦးများကို ငါသည် ခေါ်ဆောင်လာလျက်ရှိ၏။ ငါသည် ဇိအုန်သို့ တစ်ကိုယ်တည်း ပြန်နေခြင်းမဟုတ်။ ထို့ကြောင့် အားလုံးသည် ငါ၏ သားဦးများကို မြင်ကြမည်ဖြစ်ပြီး၊ ထို့ကြောင့် ငါ့အား ကြောက်ရွံ့သည့် စိတ်နှလုံးတစ်ခု ဖြစ်ပေါ်ကြလိမ့်မည်။ ဤသည်မှာ သားဦးများကို ရရှိခြင်းအတွက် ငါ၏ ရည်မှန်းချက် ဖြစ်ပြီး၊ ဤသည်မှာ ကမ္ဘာလောကကြီး ဖန်ဆင်းခြင်းအချိန်ကတည်းက ငါ၏ အစီအစဉ် ဖြစ်ခဲ့ပေသည်။

အရာခပ်သိမ်းတို့ အဆင်သင့်ရှိသည့်အချိန်သည် ငါ့အနေဖြင့် ဇိအုန်သို့ ပြန်မည့် နေ့ရက်ဖြစ်လိမ့်မည်ဖြစ်ပြီး၊ လူအပေါင်းတို့က ဤနေ့ရက်ကို အထိမ်းအမှတ်အဖြစ် ကျင်းပကြလိမ့်မည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ မြေကြီးပေါ်ရှိ အရာခပ်သိမ်းသည် တိတ်ဆိတ်နေကြလိမ့်မည် ဖြစ်ပြီး ကမ္ဘာမြေပေါ်ရှိ အရာခပ်သိမ်း ငြိမ်းချမ်း နေကြလိမ့်မည် ဖြစ်သည်။ ဇိအုန်သို့ ငါ ပြန်သည့်အခါ၊ အရာခပ်သိမ်းတို့သည် ၎င်းတို့၏ မူရင်း သွင်ပြင် ပြန်ဆောင်ကြလိမ့်မည်။ ထိုအခါတွင် ငါသည် ဇိအုန်၌ ငါ၏ အမှုကို စတင်လုပ်ဆောင်မည်။ ငါသည် မတရားသော သူတို့ကို အပြစ်ပေး၍၊ တရားသောသူတို့ကို ဆုလာဘ်ပေးမည် ဖြစ်ပြီး၊ ငါ၏ ဖြောင့်မတ်ခြင်းတရားကို တည်စေကာ၊ တရားစီရင်ခြင်းကို ငါ ဆောင်ရွက်မည်။ အရာရာကို ပြီးမြောက်အောင်မြင်စေရန် ငါ၏ နှုတ်ကပတ်တော်များကို ငါအသုံးပြုမည်ဖြစ်ပြီး၊ အယောက်တိုင်းနှင့် အရာခပ်သိမ်းတို့အား ငါ၏ ပြစ်တင်ဆုံးမတတ်သော လက်နှင့် တွေ့ကြုံစေကာ၊ လူအပေါင်းတို့အား ငါ၏ ပြည့်ဝသော ဘုန်းအသရေ၊ ငါ၏ ပြည့်ဝသော ဉာဏ်ပညာနှင့် ငါ၏ ပြည့်ဝသော ကြွယ်ဝလျှံပယ်ခြင်းကို ငါမြင်စေမည်။ အရာခပ်သိမ်းသည် ငါ့အထဲ၌ ပြီးမြောက်ကြသည့်အတွက် မည်သူမျှ တရားစီရင်ခြင်း၌ ပုန်ကန်ဝံ့မည် မဟုတ်သကဲ့သို့၊ ခပ်သိမ်းသောအရာတို့သည် ငါနှင့်အတူ ထင်ရှားကြသည့်အတွက် ဤတွင် လူအယောက်တိုင်းသည် ငါ၏ ပြည့်ဝသော ဂုဏ်အသရေကို မြင်ရလိမ့်မည် ဖြစ်ကာ၊ ငါ၏ ပြည့်ဝသော အောင်မြင်ခြင်းကို မြည်းစမ်း ကြရလိမ့်မည်။ ဤအရာမှ ငါ၏ ကြီးမြတ်သော တန်ခိုးနှင့် ငါ၏ သြဇာအာဏာတို့ကို မြင်ရဖို့ ဖြစ်နိုင်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားဝံ့လိမ့်မည် မဟုတ်သကဲ့သို့၊ ငါ့အား မည်သူမျှ တားဆီးဝံ့လိမ့်မည် မဟုတ်။ ငါ့အထဲတွင် အရာခပ်သိမ်း ဖွင့်ဟခြင်း ခံရလိမ့်မည်။ မည်သူသည် တစ်စုံတစ်ရာကို ကွယ်ဝှက်ဝံ့လိမ့်မည်နည်း။ ငါသည် ထိုသူအား သက်ညှာမည် မဟုတ်သည်မှာ သေချာ၏။ ထိုသို့သော လူယုတ်များသည် ငါ၏ ပြင်းထန်သော အပြစ်ပေးခြင်းကို ခံရကြမည် ဖြစ်ပြီး၊ ထိုသို့သော လူဖျင်းသည် ငါ၏ မြင်ကွင်းမှ ဖယ်ရှားခြင်းကို ခံရမည်။ ငါသည် စိတ်ခံစားချက် မရှိဘဲ၊ ဘုန်းအာနုဘော်ရှိပြီး၊ ပုန်ကန်ပြစ်မှား၍ မရနိုင်သော ဘုရားသခင်ကိုယ်တော်တိုင် ဖြစ်သည့်အတွက်၊ ၎င်းတို့ကို သက်ညှာခြင်း အနည်းငယ်မျှ မရှိသကဲ့သို့၊ ၎င်းတို့၏ ခံစားချက်များအပေါ် လုံးဝ ညှာတာခြင်း မရှိဘဲ၊ ၎င်းတို့အား သံလှံတံဖြင့် အုပ်စိုးမည် ဖြစ်ပြီး ၎င်းတို့အား တရားစီရင်ရန်အတွက် ငါ၏ သြဇာအာဏာကို အသုံးပြုမည်။ ငါ၏ လှံတံသည် ငါ့အား ပုန်ကန်ပြစ်မှားသောသူ အားလုံးကို အဆုံးစီရင်မည် ဖြစ်သည့်အတွက်၊ ၎င်းတို့အနေဖြင့် “အကြောင်းတရား သို့မဟုတ် အကြောင်းရင်း မရှိဘဲ” ငါ၏အဆုံးစီရင်ခြင်းနှင့် အမြစ်ဖြတ်သုတ်သင်မှုကို ခံလာရမည် စိုးရ၍ အားလုံးသည် ဤအရာကို နားလည်ကာ မြင်သင့်၏။ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာ အမိန့်များကို ၎င်းတို့ သိ မသိဆိုသည်ကို ငါ ဂရုမစိုက်။ ငါ၏ ဇာတိအဖြစ်သည် မည်သူ၏ ပုန်ကန်ပြစ်မှားမှုကိုမျှ သည်းမခံနိုင်သည်နှင့်အမျှ ယင်းသည် ငါ့အဖို့ အရေးပါလိမ့်မည်မဟုတ်ပေ။ ဤသည်မှာ ငါသည် ခြင်္သေ့တစ်ကောင် ဖြစ်သည်ဟု ဆိုကြသည့် အကြောင်းအရင်း ဖြစ်သည်၊ ငါ ထိသော မည်သူ့ကိုမဆို၊ ငါ အဆုံးစီရင်သည်။ ယင်းကြောင့် ငါသည် သနားကရုဏာ ပြည့်စုံပြီး မေတ္တာကျေးဇူးတော်ရှိသော ဘုရားသခင် ဖြစ်သည်ဟု ပြောဆိုခြင်းသည် ယခု ငါ့အား ပြစ်မှားစော်ကားခြင်းဖြစ်သည်ဟု ဆိုရသည့်အကြောင်းရင်း ဖြစ်သည်။ အနှစ်သာရအားဖြင့် ငါသည် သိုးသငယ် တစ်ကောင် မဟုတ်၊ ခြင်္သေ့တစ်ကောင် ဖြစ်သည်။ ငါ့အား မည်သူမျှ ပုန်ကန်ပြစ်မှားခြင်း မပြုဝံ့ပေ။ ငါ့ကို ပုန်ကန်ပြစ်မှားသောသူ မည်သူ့ကိုမဆို ငါသည် သက်ညှာခြင်း မရှိဘဲ သေခြင်းဖြင့် ချက်ချင်း အပြစ်ပေးမည်။ ဤအရာသည် ငါ၏ စိတ်သဘောထားကို ပြသရန် လုံလောက်၏။ ထို့ကြောင့် နောက်ဆုံးသော ခေတ်၌ မြောက်များစွာသော လူအုပ်ကြီးတစ်စု စွန့်ခွာလိမ့်မည် ဖြစ်ပြီး၊ ဤသည်မှာ လူတို့အတွက် ခံနိုင်ရန် ခက်ခဲလိမ့်မည် ဖြစ်သော်လည်း၊ ငါ့အတွက်မူ ငါသည် စိုးရိမ်သောကကင်းပြီး ပျော်ရွှင်ကာ၊ ဤအရာကို ခက်ခဲသော အလုပ်တစ်ခုအဖြစ် ငါလုံးဝ မမြင်ပေ။ ယင်းမှာ ငါ၏ စိတ်သဘောထား ဖြစ်သည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အစအဦး၌ ခရစ်တော်၏ မိန့်မြွက်ချက်များ၊ အခန်း (၁၂၀)

ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ  ကောက်နုတ်ချက် (၉၈)

နိုင်ငံတော်တွင် ဖန်ဆင်းခြင်းနှင့်သက်ဆိုင်သည့် အသင်္ချေများလှသော အရာများသည် စတင်နိုးထလာကြပြီး၊ ၎င်းတို့၏ အသက်စွမ်းအားကို ပြန်လည်ရရှိကြသည်။ ကမ္ဘာမြေကြီး၏ အခြေအနေပြောင်းလဲခြင်းများကြောင့်၊ ကုန်းမြေတစ်ခုနှင့် နောက်တစ်ခုကြားရှိ နယ်နိမိတ်များသည်လည်း စတင် ရွေ့လျားလာကြသည်။ ကုန်းမြေသည် ကုန်းမြေမှ ပိုင်းခြားသွားပြီး၊ ကုန်းမြေနှင့် ကုန်းမြေသည် ပေါင်းစည်းသောအခါ၊ ယင်းမှာ ငါသည် တိုင်းနိုင်ငံများကို တစ်စစီဖြစ်အောင် ချေမှုန်းပစ်မည့် အချိန်လည်းဖြစ်သည်ဟု ယခင်က ငါသည် ပရောဖက်ပြုခဲ့ဖူးသည်။ ဤအချိန်တွင် ငါသည် ဖန်ဆင်းခံ လောကတစ်ခုလုံးကို အသစ်ပြုပြင်ပြီး စကြဝဠာတစ်ခုလုံးကို ပြန်လည် ပိုင်းကန့်မည် ဖြစ်သည်၊ ထိုသို့ဖြင့် စကြဝဠာကို အစီအစဉ်တကျ ဖြစ်စေမည် ဖြစ်ပြီး၊ ဟောင်းသောအရာကို ပြောင်းလဲကာ အသစ် ဖြစ်စေမည်။ ဤသည်မှာ ငါ၏အစီအစဉ် ဖြစ်ပြီး ဤအရာများမှာ ငါ၏အမှုများပင် ဖြစ်သည်။ ကမ္ဘာကြီး၏ တိုင်းနိုင်ငံများနှင့် လူမျိုးအားလုံးသည် ငါ၏ပလ္လင်ရှေ့မှောက်သို့ ပြန်လာသောအခါ၊ လူ့လောကသည် ငါ၏ကျေးဇူးကြောင့် တုနှိုင်းမဲ့သော ကြွယ်ဝမှုနှင့် ပြည့်လျှံနေစေရန် ငါသည် ကောင်းကင်ဘုံ၏ ကြွယ်ဝမှုအားလုံးကို ယူငင်လျက် ယင်းအရာများကို လူ့လောကအပေါ်သို့ အပ်နှင်းပေးမည်။ သို့သော်လည်း လောကဟောင်း ဆက်လက် တည်ရှိနေသရွေ့၊ ငါ၏ဒေါသကို ၎င်း၏တိုင်းနိုင်ငံများအပေါ်သို့ ငါစေလွှတ်မည်ဖြစ်ပြီး၊ ငါ၏ စီမံအုပ်ချုပ်ရေးဆိုင်ရာအမိန့်များကို စကြဝဠာတစ်လျှောက်တွင် ပွင့်လင်းစွာ ထုတ်ပြန် ကြေညာမည် ဖြစ်ကာ၊ ၎င်းတို့ကို ချိုးဖောက်သည့် မည်သူမဆို ပြစ်တင်ဆုံးမခြင်း ခံရမည်ဖြစ်သည်။

ငါသည် ပြောကြားရန် စကြဝဠာဆီသို့ ငါ၏မျက်နှာကို လှည့်လေသောအခါ၊ လူသားမျိုးနွယ်အားလုံးသည် ငါ၏အသံကို ကြားပြီးနောက် စကြဝဠာတစ်လျှောက်တွင် ငါပြုထားသည့်အမှုအားလုံးကို မြင်လေသည်။ ငါ၏အလိုကို ဆန့်ကျင်သောသူတို့သည်၊ ဆိုလိုသည်မှာ ငါ့ကို လူသား၏လုပ်ဆောင်ချက်များဖြင့် ဆန့်ကျင်သောသူများသည်၊ ငါ၏ပြစ်တင်ဆုံးမမှု ခံရလိမ့်မည် ဖြစ်သည်။ ငါသည် ကောင်းကင်တစ်ခွင်ရှိ မြောက်မြားလှစွာသော ကြယ်များကို ယူငင်လျက် ၎င်းတို့ကို အသစ်ပြုလုပ်မည် ဖြစ်ပြီး၊ ငါ့ကျေးဇူးကြောင့် နေနှင့်လသည်လည်း အသစ်ပြုလုပ်ခြင်း ခံရလိမ့်မည် ဖြစ်ပြီး၊ မိုးကောင်းကင်သည် ယခင်ကဲ့သို့ ရှိတော့မည်မဟုတ်ဘဲ၊ ကမ္ဘာမြေကြီးပေါ်ရှိ အသင်္ချေများလှသော အရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရလိမ့်မည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ခပ်သိမ်းသောအရာတို့သည် ပြီးပြည့်စုံသွားကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ တိုင်းနိုင်ငံများသည် ထာဝရ ပျောက်ကွယ်သွားပြီး အားလုံးသည် ငါ့ကို ဝတ်ပြုကိုးကွယ်သော နိုင်ငံတော်တစ်ခု ဖြစ်လာကာ၊ ကမ္ဘာမြေကြီး၏ တိုင်းနိုင်ငံများ အားလုံးသည် ဖျက်ဆီးခံရ၍ မတည်ရှိတော့စေရန်၊ စကြဝဠာအတွင်းရှိ တိုင်းနိုင်ငံများစွာတို့သည် အသစ်တဖန် ပိုင်းကန့်ခံရလိမ့်မည် ဖြစ်ပြီး၊ ငါ၏နိုင်ငံတော်ဖြင့် အစားထိုးခြင်း ခံရပေလိမ့်မည်။ စကြဝဠာအတွင်းရှိ လူသားများတွင် မာရ်နတ်နှင့် ဆိုင်သောသူ အားလုံးတို့သည် ရှင်းလင်းသုတ်သင်ခြင်းကို ခံရလိမ့်မည် ဖြစ်ပြီး၊ စာတန်ကို ဝတ်ပြုကိုးကွယ်သောသူ အားလုံးတို့သည် ငါ၏လောင်မြိုက်သောမီးဖြင့် ချိုးနှိမ်ခြင်းကို ခံရလိမ့်မည်။ ဆိုလိုသည်မှာ ယခုတွင် စမ်းချောင်း အတွင်း၌ရှိသော သူများမှလွဲ၍၊ ကျန်သောသူ အားလုံးတို့သည် ပြာအဖြစ်သို့ ပြောင်းလဲခြင်း ခံရလိမ့်မည်။ လူများစွာတို့ကို ငါပြစ်တင်ဆုံးမသောအခါ၊ ဘာသာရေးလောက၌ ရှိသော သူတို့သည် အမျိုးမျိုးသော အတိုင်းအတာအထိ ငါ၏နိုင်ငံတော်သို့ ပြန်လာကြမည် ဖြစ်ပြီး ငါ့အမှုများ၏ သိမ်းပိုက်ခြင်းကို ခံကြရလိမ့်မည်၊ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သန့်ရှင်းသောသူ ဖြူသောမိုးတိမ်ကိုစီးလျက် ပေါ်ထွန်းလာခြင်းကို မြင်ခဲ့ပြီးဖြစ်လိမ့်မည် ဖြစ်သောကြောင့်ပင်တည်း။ လူအားလုံးသည် မိမိတို့၏ တူရာအမျိုးအစားအလိုက် သီးခြားခွဲထားခံရမည် ဖြစ်ပြီး၊ သူတို့၏ လုပ်ဆောင်ချက်များအလိုက် ပြစ်တင်ဆုံးမခြင်းများကို ခံကြရမည်။ ငါနှင့်ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသော သူများအားလုံးတို့သည် ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည် ဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ ၎င်းတို့၏အပြုအမူများတွင် ငါနှင့်ဆက်နွှယ်မှု မရှိသည့်သူများကမူ၊ ၎င်းတို့ စွမ်းဆောင်ခဲ့ပြီးဖြစ်သည့်ပုံကြောင့် ကမ္ဘာမြေကြီးပေါ်၌ ငါ၏သားများနှင့် ငါ့လူများ၏ အုပ်စိုးမှုအောက်တွင် ဆက်လက် ရှိနေကြလိမ့်မည်။ ငါသည် လူအသင်္ချေထံသို့နှင့် တိုင်းနိုင်ငံအသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည် ဖြစ်ပြီး၊ ငါ၏ကြီးမြတ်သောအမှုတော် ပြည့်စုံသွားခြင်းကို ကြွေးကြော်လျက် လူသားမျိုးနွယ်အားလုံး သူတို့ကိုယ်တိုင်၏မျက်စိများနှင့် မြင်နိုင်ကြစေရန်အလို့ငှာ ကမ္ဘာမြေကြီးအပေါ်တွင် ငါကိုယ်တော်တိုင်၏အသံနှင့် အသံပြုမည်။

ငါ၏အသံသည် ပိုမိုနက်လာသည်နှင့်အမျှ၊ ငါသည် စကြဝဠာ၏ အခြေအနေကိုလည်း အကဲခတ် ကြည့်ရှုသည်။ ငါ၏နှုတ်ကပတ်တော်များအားဖြင့် ဖန်ဆင်းခံလောကရှိ အသင်္ချေ များလှသောအရာများသည် အသစ်ပြုလုပ်ခြင်းကို ခံရမည်။ ကောင်းကင်သည် ပြောင်းလဲပြီး၊ ကမ္ဘာမြေကြီးသည်လည်း ပြောင်းလဲသည်။ လူသားသည် ၎င်း၏ မူလပုံစံအတိုင်း ဖော်ထုတ်ခံရပြီး၊ လူတစ်ဉီးချင်းစီသည် ၎င်းတို့၏ အမျိုးအစားအလိုက် ဖြည်းဖြည်းချင်း သီးခြားခွဲထုတ်ခံရကာ သတိမပြုမိဘဲ၊ ၎င်းတို့မိသားစုများ၏ ရင်ခွင်အတွင်းသို့ ပြန်လည် ရောက်ရှိသွားကြသည်။ ယင်းသည် ငါ့အား ကြီးစွာ ကျေနပ်စေမည်။ ငါသည် အနှောင့်အယှက်မှ ကင်းလွတ်ပြီး၊ ငါ၏ ကြီးမြတ်သောအမှုသည် မသိမသာ ပြီးမြောက်ကာ၊ ဖန်ဆင်းခံ လောက၏ အသင်္ချေများလှသောအရာများသည် ပြောင်းလဲခြင်း ခံကြရသည်။ ဤကမ္ဘာလောကကြီးကို ငါဖန်ဆင်းခဲ့သောအခါ၊ ပုံသဏ္ဌာန်ရှိသောအရာအားလုံးကို ၎င်းတို့၏အမျိုးအစားနှင့် အတူထားလျက်၊ အရာခပ်သိမ်းတို့ကို အမျိုးအစားအလိုက် ငါသည် ပုံသွင်းခဲ့သည်။ ငါ့စီမံခန့်ခွဲမှုအစီအစဉ်၏နိဂုံး နီးကပ်လာသည်နှင့်အမျှ၊ ငါသည် ဖန်ဆင်းခံလောက၏ ယခင်အခြေအနေကို ပြန်လည်ဖြစ်ပေါ်စေမည်၊ အရာခပ်သိမ်းသည် ငါ့အစီအစဉ်၏ အလယ်သို့ ပြန်လာကြစေရန်၊ အရာခပ်သိမ်းကို သာလွန်ထူးကဲစွာ ပြောင်းလဲလျက်၊ ငါသည် အရာခပ်သိမ်းကို ယင်းတို့၏ မူလ အခြေအနေအတိုင်း ပြန်လည်ဖြစ်ပေါ်စေမည်။ အချိန်ကျလေပြီ။ ငါ၏အစီအစဉ်၏ နောက်ဆုံးအဆင့်သည် ပြီးမြောက် အောင်မြင်လုနီးပြီ ဖြစ်သည်။ အို၊ ညစ်ညမ်းသော လောကဟောင်း။ သင်သည် ငါ့နှုတ်ကပတ်တော်များအောက်တွင် ဧကန်အမှန်ပင် ကျဆင်းလိမ့်မည်။ ငါ၏အစီအစဉ်အားဖြင့် သင်သည် ဗလာနတ္ထိ အဖြစ်သို့ ဧကန်အမှန်ပင် ရောက်သွားမည် ဖြစ်သည်။ အိုး၊ ဖန်ဆင်းခံလောက၏ အသင်္ချေများလှသောအရာများတို့။ သင်တို့အားလုံးသည် ငါ့နှုတ်ကပတ်တော်များအတွင်းတွင် အသစ်သောအသက်ကို ရကြလိမ့်မည်၊ သင်တို့၏ အချုပ်အခြာ အာဏာပိုင်သောသခင် သင်တို့ ရလိမ့်မည်။ အိုး၊ သန့်စင်၍ အပြစ်အနာအဆာမဲ့သော လောကသစ်ကြီး။ သင်သည် ငါ့ဘုန်းတော်အတွင်းတွင် ဧကန်အမှန်ပင် နိုးထလိမ့်မည်။ အိုး၊ ဇိအုန်တောင်။ တိတ်ဆိတ်၍မနေတော့နှင့်။ ငါသည် အောင်မြင်ခြင်းနှင့် ပြန်ကြွလာပြီ။ ဖန်ဆင်းခံများ၏အလယ်မှ၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို ငါသည် စေ့စေ့စပ်စပ် ကြည့်ရှု၏။ ကမ္ဘာမြေကြီးပေါ်တွင် လူသားမျိုးနွယ်သည် အသစ်သော အသက်ကို စတင်ခဲ့ပြီး၊ မျှော်လင့်ခြင်းအသစ်ကို ရရှိခဲ့လေပြီ။ အိုး၊ ငါ၏လူများတို့။ သင်တို့သည် ငါ၏ အလင်းရောင်အတွင်း၌ မည်သို့ ပြန်လည်မရှင်သန်နိုင်ရသနည်း။ သင်တို့သည် ငါ၏လမ်းပြပို့ဆောင်မှု အောက်၌ ရွှင်လန်းခြင်းဖြင့် မကခုန်ဘဲ အဘယ်သို့နေနိုင်သနည်း။ ကုန်းမြေတို့သည် ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် အော်ဟစ်ကြ၏၊ ရေတို့သည် အားရရွှင်လန်းသော ရယ်မောခြင်းနှင့် ရုန့်ကြမ်း ကျယ်လောင်နေကြပါတကား။ အိုး၊ ရှင်ပြန်ထမြောက်သော ဣသရေလ။ သင်သည် ငါ၏ ကြိုတင် ခွဲခန့်မှတ်သားခြင်းများကြောင့် ဂုဏ်မယူဘဲ အဘယ်သို့ နေနိုင်ရသနည်း။ မည်သူသည် ငိုကြွေးခဲ့ပြီးသနည်း။ မည်သူသည် ငိုကြွေးမြည်တမ်းခဲ့သနည်း။ ဟောင်းနွမ်းသော ဣသရေလပြည်သည် မတည်ရှိတော့ဘဲ၊ ယနေ့ကာလ၏ ဣသရေလပြည်သည် ထမြောက်လေပြီ၊ လောကကြီးတွင် ၎င်းသည် မားမားမတ်မတ်နှင့် မြင့်မြင့်မားမားရှိကာ လူသားမျိုးနွယ်အားလုံးတို့၏ နှလုံးသားများထဲတွင် တည်လျက်ရှိသည်။ ယနေ့ကာလ၏ ဣသရေလပြည်သည် ငါ၏လူများမှတစ်ဆင့် ဖြစ်တည်ရာရင်းမြစ်ကို ဧကန်အမှန်ပင် ရရှိလိမ့်မည်။ အိုး၊ မုန်းတီးဖွယ် အဲဂုတ္တု။ သင်သည် ငါအား ဆန့်ကျင်၍နေသေးသလော။ သင်သည် ငါ၏သနားကရုဏာကို အခွင့်ကောင်းယူလျက် ငါ၏ပြစ်တင်ဆုံးမခြင်းမှ လွတ်မြောက်ရန် မည်သို့ ကြိုးစားနိုင်သနည်း။ သင်သည် ငါ၏ပြစ်တင်ဆုံးမခြင်း အတွင်း၌ မည်သို့ ရှိမနေနိုင်သနည်း။ ငါချစ်သောသူ အားလုံးသည် ဧကန်အမှန် ထာဝစဉ် အသက်ရှင်ကြလိမ့်မည် ဖြစ်ပြီး၊ ငါ့အား ဆန့်ကျင်သောသူတို့မူကား ဧကန်အမှန်ပင် ငါ၏ ပြစ်တင်ဆုံးမခြင်းကို ထာဝစဉ်ခံကြရပေလိမ့်မည်။ အကြောင်းမူကား ငါသည် အပြစ်ရှိသည်ဟု ယုံလွယ်သော ဘုရားသခင်ဖြစ်ပြီး ငါသည် လူအားလုံးကို သူတို့ပြုခဲ့သော အရာများအတွက် ပေါ့တန်စွာ ချမ်းသာပေးလိမ့်မည် မဟုတ်။ ငါသည် ကမ္ဘာမြေကြီးတစ်ခုလုံးကို စောင့်ကြည့်မည်ဖြစ်ပြီး၊ လောကကြီး၏ အရှေ့အရပ်တွင် ဖြောင့်မတ်ခြင်း၊ ဘုန်းအာနုဘော်၊ အမျက်တော်၊ ပြစ်တင်ဆုံးမခြင်းတို့နှင့် ပေါ်လာလျက်၊ လူသားမျိုးနွယ် အသင်္ချေထံသို့ ငါ့ကိုယ်ငါ ထုတ်ဖော်ပြမည်။

—နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စကြဝဠာတစ်ခုလုံးအတွက် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၊ အခန်း (၂၆)

အရှေ့သို့- ဘုရားသခင်၏ ပေါ်ထွန်းခြင်း နှင့် အမှုတော်

နောက်တစ်ခုသို့- လူ့ဇာတိခံယူခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။