ဘုရားသခင်ကို ချစ်ဖို့ အခွင့်အရေးကို မြတ်နိုးပါ
၁
အချိန် အလွန်လျင်မြန်စွာ ကုန်ဆုံးသွား၊ အချိန်၏ ရှည်လျားသော မြစ်ထဲသို့ ပျောက်ကွယ်သွားပေ။
ရုတ်တရက် ကျွန်ုပ် နောက်ပြန်လှည့်ကြည့်ကာ အတိတ်ကို သတိရမိသော်လည်း၊ သက်ပြင်းများသာ ကျန်ရစ်ပေ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို အလွန် ကျွန်ုပ် ပျော်မွေ့လေပြီ၊ ကိုယ်တော့်ကို ဘယ်သောအခါမျှ ကျွန်ုပ် ပြန်မပေးဆပ်ခဲ့သလို အတွင်းတွင် အင်မတန် အပြစ်ရှိခြင်းကို ကျွန်ုပ် ခံစားရ။
ဘုရားသခင်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမှာ နှုတ်ခမ်းထက်က စကားလုံးများသာ၊ သို့သော ကျွန်ုပ်၏ စိတ်နှလုံးသာ တစ်ကိုယ်ကောင်း ဆန္ဒများဖြင့် ပြည့်ပေ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ အဓိဋ္ဌာန်မှာ စမ်းသပ်မှုများ၏ စစ်ဆေးမှုကို မခံနိုင်။
ကြိမ်ဖန်များစွာ၊ ကျွန်ုပ် ခက်ထန်ကာ ပုန်ကန်လိုပေ၊ ကျွန်ုပ်၏ လမ်းများကို ပြုပြင်ဖို့ ကျွန်ုပ် ကြိမ်ဖန်များစွာ ငြင်းဆိုလေပြီ။
ဘုရားသခင်၏ ရှေ့မှောက် ကျွန်ုပ် ရပ်သော်လည်း ကျွန်ုပ်၏ စိတ်နှလုံးက သူ့ထံမှ ဝေးကွာပေ။
ကိုယ်တော့်ထံ ကျွန်ုပ်၏ စစ်မှန်သော စိတ်နှလုံးကို လုံးဝ မဆက်ကပ်မိခဲ့၊ ကိုယ်တော့်အတွက် ဝန်တစ်ခုတစ်လေကိုမျှ ကျွန်ုပ် မထမ်းရွက်ခဲ့ပေ။
ဘုရားသခင်ထံမှ သူ၏ ကောင်းချီးမင်္ဂလာများအား လိမ်ယူဖို့သာ ကျွန်ုပ် ဆန္ဒရှိရင်း၊ ကျွန်ုပ် မရိုးသားဘဲ အနှစ်မဲ့သော စကားများကို ပြောမိပေ။
ကုန်လွန်သွားသော အချိန်က သည်းမခံနိုင်လောက်သည့် သတိရစရာများနှင့် ပြည့်ပေ။
၂
ကြိမ်ဖန်များစွာ ကျွန်ုပ် တရားစီရင်ခံရကာ ပြစ်တင်ဆုံးမခံရ၊ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများစွာကို ကျွန်ုပ် ဖြန်သန်းဖူးပေပြီ။
ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ ကျွန်ုပ်နှင့်အတူ အမြဲရှိပေ၊ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်ကို ဉာဏ်အလင်းပေး၊ လမ်းပြကာ ဦးဆောင်ပေ။
ကျွန်ုပ်၏ မာကျောပြီး၊ ခံစားချက်မဲ့သည့် စိတ်နှလုံးက နောက်ဆုံးတွင် စတင်နိုးထကာ ပြန်လှည့် သည်။
လမ်းတစ်လျှောက်လုံး၊ ယနေ့ထိ ဘုရားသခင်နောက်လိုက်ရင်း၊ ဤသည်မှာ ဘုရားသခင်၏ မေတ္တာနှင့် ဂရုစိုက်ခြင်း ဖြစ်ပေ။
ဘုရားသခင်၏ သနားကရုဏာနှင့် ကယ်တင်ခြင်းမရှိဘဲ၊ ယနေ့ထိ ကျွန်ုပ် မည်သို့ အခက်အခဲများလွန်မြောက်မည်နည်း။
အလွန်နောက်ကျစွာ နိုးထပြီး တန်ဖိုးရှိသည့် အချိန်များစွာ ဆုံးရှုံးခဲ့သည်ကို ကျွန်ုပ် မုန်းမိသည်။
ကျွန်ုပ်ကို ကယ်တင်ဖို့ အင်မတန် အပင်ပန်းခံသော အဖိုးအခတစ်ခုကို ဘုရားသခင် ပေးလေပြီ။
ဘုရားသခင်၏ ချစ်ခြင်းနှင့် ကယ်တင်ခြင်းနှင့် ရင်ဆိုင်ရလျက်၊ ကျွန်ုပ် အဘယ်သို့ တစ်ဖန် ပုန်ကန်နိုင်မည်နည်း။
သမ္မာတရားကို လိုက်စားခြင်း၊ ဘုရားသခင်ကို ချစ်ခြင်းနှင့် စိတ်ကျေနပ်စေခြင်းဖြင့်သာ လူသည် နောင်တမရှိပဲ အသက်ရှင်နိုင်။
ကြီးမားသော စမ်းသပ်မှုများနှင့် ဆင်းရဲဒုက္ခများကို ခံစားရသည့်အခါတွင်ပင်၊ ဘုရားသခင်ကို ပြန်ပေးဆပ်ဖို့ ကျွန်ုပ်၏ တာဝန်ကို ကျွန်ုပ် ဖြည့်ဆည်းဆဲ ဖြစ်လိမ့်မည်။
ကျွန်ုပ်၏ နောက်ဆုံး နေ့ရက်များကို ် မြတ်နိုးကာ ကျွန်ုပ်၏ ဖြူစင်သော ချစ်ခြင်းမေတ္တာကို ဘုရားသခင်ထံ ဆက်ကပ်မည်။